Application For Divorce [ 离婚...
By Leuruna
1.5M 201K 9.7K
Myanmar translation of light novel "Application for Divorce" Original Author - 云间 [Yun Jian] Novel status - c... More
Description
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆
၄၇
၄၈
၄၉
၅၀
၅၁
၅၂
၅၃
၅၄ (side couple)
၅၅ (side couple)
၅၆ (side couple)
၅၇ (side couple)
၅၈ (side couple)
၅၉ (side couple)
၆၀ (side couple)
၆၁ (side couple)
၆၂ (side couple)
၆၃ (side couple)
၆၄ (side couple)
၆၅ (side couple)
၆၆ (side couple)
၆၇
၆၈
၆၉
၇၀
၇၁
၇၂
၇၃
၇၄
၇၅
၇၆
၇၇
၇၈
၇၉
၈၀
၈၁
၈၂
၈၃
၈၄
၈၅
၈၆
၈၇
၈၈
၈၉
၉၀
၉၁
၉၂
၉၃
၉၄
၉၅
၉၆
၉၇
၉၈
၉၉
၁၀၀
၁၀၂
၁၀၃
၁၀၄
Extra 1
Extra 2
Extra 3
၁၀၁
16.2K 1.9K 86
By Leuruna
Warning : Sexual content alert!
Unicode
ချန်းကျင်းမသိခဲ့သော အမှန်တရားတစ်ခု
လုထောင်ကသာ မူးမနေခဲ့လျှင် သို့မဟုတ် လက်ရှိအခြေအနေကသာ ပုံမှန်အတိုင်း ထူးမခြားနား ဖြစ်နေခဲ့မည်ဆိုလျှင် ချန်းကျင်းအနေဖြင့် ၎င်းစကားမျိုးကို ပြောရဲလိမ့်မည် မဟုတ်ပါချေ။ စပြောမိချင်းတွင် သူသည် အနည်းငယ် စိုးထိတ်နေခဲ့မိ၍ နောက်ပိုင်းတွင်မူ တဖြည်းဖြည်း နောင်တရသွားမိလေ၏။ သို့သော် တစ်ဆက်တည်းပင် ကိုယ့်ကိုယ်ကို အားပေးဖို့ သတ္တိများလည်း ပေါ်လာခဲ့ရသည်။
၎င်းက ဤအတိုင်း မေးရုံမျှသာ! အကယ်၍ အငြင်းခံရမည်ဆိုလျှင်တောင် အဆင်ပြေပါ၏။ ဘာမျှမလုပ်ဘဲ မကြိုးစားခဲ့သည်ထက်စာရင်တော့ တော်သေးသည် မဟုတ်ရပါလား။
လုထောင်က သူ့အား စိုက်ကြည့်လာ၍ တစ်ခဏမျှကြာပြီးနောက် စကားဆို၏။
"အဆင်မပြေဘူး"
ထိုအခါ ချန်းကျင်းက ခပ်ဖွဖွ မျက်မှောင်ကြုတ်မိသည်။
"ကျွန်တော့်ကိုယ်ဝန်ကြောင့်လား? ဒါပေမဲ့ ဆရာဝန်ကပြောတာ အခုကာလက အဆင်ပြေပြီတဲ့လေ"
၎င်းနောက် သူသည် သတ္တိရှိရှိနှင့် ခပ်မတ်မတ်ပြန်ထိုင်လိုက်ကာ လုထောင်၏လက်ဖဝါးပြင်ကို ပွတ်သပ်လာရင်း ညုတုတုဆို၏။
"ကျွန်တော်..လိုချင်နေပြီ"
မျက်ဝန်းများအတွင်း၌ကား ရေခိုးရေငွေ့များ အပြည့်။ ထို့အပြင် သူ၏ပုံစံမှာ ရိုကျိုးသည့် ဇနီးသည်တစ်ယောက်ပမာ တူနေကာ အထူးသဖြင့် ဆွဲဆောင်နေသည့်ဘက်သို့ ပိုရောက်လေသည်။ ထိုအခါ လုထောင်သည်လည်း မနေနိုင်ပါဘဲ တစ်ဖက်လူ၏ထောင်မတ်မတ် ပစ္စည်းလေးကို ဆုပ်ကိုင်လာမိ၍ အကြိမ်အနည်းငယ်မျှ ခပ်ဖွဖွ ပွတ်သပ်လာခဲ့ပေ၏။ ၎င်းလှုံ့ဆော်မှု၏အကျိုးဆက်က ချန်းကျင်းအား ကြောင်ကလေးတစ်ကောင်နှယ် ညုတုတု ညည်းလာစေခြင်းပင်။ ထို့အပြင် ချန်းကျင်း၏နီစွေးစွေး နှုတ်ခမ်းအလွှာလေးကလည်း မျက်စိရှေ့တွင် တိုက်ရိုက်ကျရောက်နေသောကြောင့် လုထောင်သည် အဆုံး၌ သူ၏နှုတ်ခမ်းကို ဖွင့်ဟလာခဲ့လေတော့၏။
တမဟုတ်ချင်းပင် နှစ်ဦးသားမှာ လောင်စာဆီလောင်းထည့်ခံလိုက်ရသည့်နှယ် အလိုဆန္ဒမီးပွားများ တဖွားဖွားတောက်လျက်။ ချန်းကျင်းသည် မျက်ဝန်းအစုံမှိတ်ကာ ခင်ပွန်းဖြစ်သူဆီမှ အနမ်းများကိုသာ အဆတ်မပြတ် တောင်းဆိုနေခဲ့မိသည်။ ထိုအချိန် အောက်ဘက်ရှိ သူ၏ခြေထောက်များကမူ တစ်ဖက်လူစိတ်ကြိုက်ဆော့ကစားပေးနိုင်ရန်အတွက် ခပ်ဟဟ ပြန့်ကားသွားရပေ၏။
တီဗွီထက်မှ ပုံရိပ်များက သူတို့နှစ်ဦးထက်ပို၍ ပြင်းထန်နေသည့်တိုင် သူတို့ကို အနှောင့်အယှက်ပေးနိုင်သည်အထိတော့ မစွမ်းနိုင်ခဲ့ပါချေ။ သို့နှင့် ချန်းကျင်းအား အိပ်ရာဆီသို့ ပွေ့ခေါ်သွားချိန်တွင် လုထောင်သည် တီဗွီကို ပိတ်လိုက်ရာ အသံများအားလုံးမှာလည်း ငြိမ်ကျသွားရတော့သည်။
ချန်းကျင်း၏ရေချိုးဝတ်ရုံကြိုးက ပြေသွားပြီဖြစ်သဖြင့် ဗလာဟင်းလင်းဖြစ်နေသော ခပ်ဖွေးဖွေးကိုယ်ထည်လေးက အထင်းသား။ ထို့အပြင် ခြေတံများကလည်း သွယ်လျနေဆဲဖြစ်ကာ ပြောင်းလဲသွားသည်ဟူ၍ ဝမ်းဗိုက်တစ်နေရာမှ ခပ်ဖောင်းဖောင်းပုံစံလေးသာ ဖြစ်ရသည်ပင်။ လေးလကျော်သွားပြီး ဤနောက်ပိုင်းတွင် ဗိုက်ဖောင်းသည့်နှုန်းကလည်း မြန်လာပုံပေါ်ပါ၏။ နေ့တိုင်းတွင် မနေ့ကအရွယ်အစားထက်ပို၍ အနည်းငယ် ကြီးလာသကဲ့သို့ ခံစားရလေသည်။ ယခုအခိုက်တွင်လည်း ချန်းကျင်းသည် ပက်လက်အနေထားဖြင့် လဲလျောင်းနေခြင်းဖြစ်သည့်တိုင် သူ၏ဝမ်းဗိုက်တွင်ကား ခပ်မို့မို့အခုံးလေးတစ်ခု ဖြစ်တည်နေဆဲ။ သို့သော် ၎င်းပုံစံက ကြည့်ရဆိုးမနေပါဘဲ တစ်နည်းတစ်ဖုံအားဖြင့် လှပနေရပြန်သည်။
ချန်းကျင်းသည် ခြေချောင်းများကို အောက်ဘက်ရှိအိပ်ရာခင်းနှင့် မသိစိတ်အလျောက် ပွတ်သပ်နေရင်းကပင် လုထောင်အား မော့ကြည့်ကာ တိုးဖွဖွ တောင်းဆိုစကားပြုလာ၏။
"ဒီနေ့တော့...မီးမပိတ်လို့ ရမလားဟင်?"
"ကိုယ်မပိတ်ပါဘူး"
ချန်းကျင်းက ထပ်မံ၍ တစ်ဆင့်တက်လာခဲ့ပြန်၏။
"ဒါဆို...အရှေ့ကနေရော နေပေးလို့ရမလား?"
"အင်း"
ချန်းကျင်းသည်ကား ပျော်ရွှင်လွန်းပါသဖြင့် ခုန်ထလုမတတ်ပင်။ တစ်ဖက်လူက ဘာမျှမစဉ်းစားနိုင်သည်အထိ မူးနေခြင်းကြောင့် ဤကဲ့သို့ လွယ်ကူနေရသလားတော့ မပြောတတ်ပါချေ။ မည်သို့ပင်ဆိုစေကာမူ လုထောင်က သူ၏အိပ်မက်နှစ်ခုစလုံးကို ချက်ချင်း သဘောတူလိုက်သည် မဟုတ်ရပါလား။ သူ့အနေဖြင့် ဘယ်လိုလုပ်ပြီးများ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါလိမ့်မည်နည်း။
ထို့ကြောင့် ချန်းကျင်းသည် သူ၏လက်နှစ်ဖက်စလုံးကို တမဟုတ်ချင်း ခင်ပွန်းဖြစ်သူဆီသို့ ဆန့်ထုတ်လိုက်ကာ ဤသို့ ဆိုလာခဲ့ပေတော့သည်။
"ဒါလင်...ကျွန်တော့်ကိုနမ်း"
ထိုအခါ လုထောင်ကလည်း ကိုယ်ကိုကိုင်းကာ သူ့အား နမ်းရှိုက်လာခဲ့ပါ၏။ ၎င်းနောက် သူက အမေးဆိုသည်။
"ဒါက ဘယ်သူ့ကို ခေါ်တာလဲ?"
"ကျွန်တော့်ရဲ့ဒါလင်၊ ကျွန်တော့်ရဲ့ခင်ပွန်း လုထောင်ကိုလေ...."
ချန်းကျင်းက သူ၏ခြေထောက်နှစ်ဖက်စလုံးအား လုထောင်၏ခါးထက်တွင် တွယ်ချိတ်လိုက်ရင်း ဆက်ဆို၏။
"ဒါလင်က ဘယ်သူမှန်း ကျွန်တော် ကောင်းကောင်းသိပါတယ်"
သူ၏စကားကြောင့် တစ်ဖက်ကိုယ်ထည်မှာ တစ်ခဏမျှ ခပ်တောင့်တောင့်။ သို့သော် ၎င်းနောက် ချက်ချင်းပင် လုထောင်၏ကိုယ်ထည်က သူ၏အောက်ပိုင်းကိုယ်ထည်ပေါ်သို့ ဖိကပ်လာခဲ့လေသည်။ လုထောင်သည်လည်း မာနေပြီပင်။ ထို့ကြောင့် ချန်းကျင်းသည် ပို၍ စိတ်လှုပ်ရှားလာမိကာ တစ်ဖက်လူ၏လက်မောင်းများကို မနေနိုင်စွာ ပွတ်သပ်လာမိရင်း ၎င်းနောက် လုထောင်၏ခါးနှင့်ဝမ်းဗိုက်ကြွက်သားနေရာများကို ပွတ်သပ်လာကာ တစ်ဖက်လူ၏ခါးပတ်ကို ဖြည်ရန် ကြိုးစားသည်။ သို့သော် ထိုအချိန်တွင် လုထောင်က သူ၏လက်ကောက်ဝတ်အား ဖျတ်ခနဲ ဖမ်းဆုပ်လိုက်ကာ ဟန့်တားလာခဲ့လေ၏။
ချန်းကျင်းက ဇဝေဇဝါနှင့် အမေးဆိုသည်။
"ဘာဖြစ်လို့လဲ?"
လုထောင်သည်ကား ပြန်ဖြေမလာခဲ့ပါချေ။ ထိုအစား သူသည် ချန်းကျင်း၏နှုတ်ခမ်းသားများကိုသာ တိုက်ရိုက်နမ်းရှိုက်လာကာ ၎င်းနောက် ချန်းကျင်း၏မေးစေ့၊ ထိုမှတစ်ဆင့် တစ်ဖက်လူ၏ညှပ်ရိုးနှင့် နောက်ဆုံး ခပ်မာမာ ရင်သားနေရာများဆီသို့ အနမ်းခြွေလာပေတော့၏။ ၎င်းအကျိုးဆက်ကြောင့် ချန်းကျင်း၏စိတ်အစဉ်မှာလည်း သာယာမှုများဖြင့် တမဟုတ်ချင်း ရောပြွန်းသွားရလေပြီ။ ချန်းကျင်းအနေဖြင့် အနည်းငယ် ရှက်ရွံ့နေခဲ့မိသည့်တိုင် တစ်ဆက်တည်းမှာပင် စိတ်လည်းလှုပ်ရှားနေမိသေး၏။ ထို့ကြောင့် သူသည် လုထောင်၏ခံတွင်းထဲသို့ ပိုမိုရောက်ရှိစေရန်အလို့ငှါ ရင်ဘတ်တစ်နေရာကို မသိစိတ်အလျောက် တွန်းထိုးနေမိ၍ ကျေနပ်မှုအပြည့်ဖြင့်လည်း ညည်းနေမိသေးလေသည်။
ချန်းကျင်း၏နို့သီးများက အတော်လေး ပန်းရောင်သန်းနေပြီဖြစ်ကာ ကြည့်ရသည်မှာလည်း လှပ၏။ ထို့အပြင် ယခုအချိန်က ကိုယ်ဝန်ဆောင်ကာလ ဖြစ်နေသောကြောင့်လားတော့ မပြောတတ်ပါချေ။ သူသည် အရင်ကထက် ပို၍ ခံစားလွယ်တတ်လာကာ အနည်းငယ်လည်း ဆတ်ဆတ်ထိမခံ ဖြစ်လာရ၏။ ဤကဲ့သို့ ရင်သားတစ်နေရာအား အလျက်ခံနေရင်းဖြင့်ပင် သူ၏စိတ်ထဲ၌ သာယာမှုပေါင်းစုံက မခံမရပ်နိုင်အောင်အထိ ခုန်ပေါက်နေရလေပြီ။ ၎င်းက သူ၏ခံစားလွယ်သောနေရာများအား အလျက်ခံနေရခြင်းကြောင့်လည်း ဖြစ်နိုင်သလို ထိုသို့မဟုတ်ပါဘဲ လျက်နေသည့်လူကိုက သူချစ်ရသည့် အမျိုးသားဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်ပါ၏။ မည်သို့ပင်ဆိုစေကာမူ အချိန်တစ်ခုကြာမျှ စုပ်ယူခံရပြီးနောက်တွင် ချန်းကျင်းသည် အဆုံးစွန်ထိ စိတ်လှုပ်ရှားလာမိ၍ အောက်ပိုင်းတစ်နေရာမှ အရည်များစိမ့်ထွက်လာသည့်အဆင့်ထိ ရောက်ရှိသွားရပေတော့သည်။ ၎င်းက ထုတ်လွှတ်မိတော့မည့်နီးနီးပင်။
"တော်..တော်တော့။ ကျွန်တော်က ဒါလင့်ကို လိုချင်တာ"
ချန်းကျင်းသည် ပြောရင်းဆိုရင်း အားမလိုအားမရဟန်ဖြင့် လုထောင်၏လက်တစ်ဖက်ကို ဆွဲယူကာ သူ၏အောက်ပိုင်းတစ်နေရာသို့ ထိတွေ့လာစေသည်။ ၎င်းနေရာသည်ကား မကြာသေးမီအတွင်း သူကိုယ်တိုင်သေချာ သန့်ရှင်းထားကာ ချောဆီသုတ်လိမ်းထားသော နေရာလေးလည်း ဖြစ်၏။ ဤအခိုက်တွင် ချောဆီအကုန်လုံးကလည်း အပေါက်ဝ၌ ကပ်ငြိနေပြီဖြစ်သဖြင့် အတွင်းမှ အရည်နည်းနည်းမျှ စိမ့်ထွက်လာရုံနှင့်ပင် အိပ်ရာခင်းကို စိုရွှဲသွားစေလိမ့်လေမည်။
လုထောင်သည် ဦးစွာပထမ သူ၏လက်ချောင်းထိပ်ဖျားဖြင့် ၎င်းအပေါက်ဝနေရာအား ထိတွေ့ကြည့်လာခဲ့သည်။ ထို့နောက်တွင် အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် သူက စကားဆိုလာ၏။
"အရမ်းစိုနေပြီလား?"
ထိုအခါ ချန်းကျင်းက တိုးဖွဖွ အဖြေပြန်ပြုသည်။
"ကျွန်တော် လိုချင်နေပြီလို့..ပြောသားပဲ"
တစ်ဆက်တည်းပင် သူသည် လုထောင်၏အောက်ပိုင်းနေရာထံသို့ ရမ္မက်ဆန်စွာ စိုက်ကြည့်လာခဲ့ပေ၏။ အကယ်၍ ယခုလက်ရှိ အကြင်သူကသာ စရိုက်ကွဲနှင့်ဖြစ်နေခဲ့မည်ဆိုလျှင် ချန်းကျင်းအနေဖြင့် ယခုထက်ပို၍ အရှက်မဲ့သော စကားလုံးများကို ပြောဆိုမိမှာပင်။ သို့သော် မူလလုထောင်နှင့်မူ သူသည် ထိုကဲ့သို့ မလုပ်နိုင်ခဲ့။
ထိုအချိန်တွင် တစ်ဖက်မှ လုထောင်သည်လည်း သူ၏ဘောင်းဘီဇစ်ကို ဖြုတ်ကာ ထူထဲရှည်လျားသည့် ပစ္စည်းကြီးကို ဖော်ဟပြလာခဲ့လေသည်။ လုထောင်က သူ၏အကျႌများအား မချွတ်မှန်း ချန်းကျင်းသတိထားခဲ့မိသည့်တိုင် ယခုလက်ရှိတွင် သူသည် ၎င်းအကြောင်းကို ဂရုမစိုက်နိုင်ခဲ့ပါချေ။ တစ်ဖက်လူက ဘာကြောင့်အကျႌမချွတ်ရသလဲ ဆိုသည့်အကြောင်းကိုပင် သူသည် လေးလေးနက်နက် မတွေးမိခဲ့။
လက်ရှိသူ၏ခန္ဓာကိုယ်တစ်ခုလုံးက အလိုရမ္မက်များဖြင့် ဖုံးလွှမ်းနေလေပြီ။ လွန်စွာမှ ဆာလောင်မွတ်သိပ်နေမိကာ အတွေးထဲရှိသည့်အရာဟူ၍ လုထောင်က သူ၏ကိုယ်ထည်အား တမဟုတ်ချင်း ကျူးကျော်လာကာ အတွင်းသားများထဲတွင် အပြည့်ဖြည့်ထားပေးစေချင်သော ဆန္ဒသာ ရှိရလိမ့်ပေမည်။
ပူပြင်းသော အသားချောင်း၏ထိပ်ပိုင်းက သူ၏အပေါက်ဝလေးအား ထိတွေ့လာကာ အကြိမ်အနည်းငယ်မျှ ပွတ်သပ်ပြီးနောက် အတွင်းသို့ တိုးဝင်လာခဲ့ပါ၏။ သို့သော် လုထောင်က လွန်စွာမှ ကြီးမားနေသည့်အတွက် ဝင်ရောက်သည့်အကြိမ်တိုင်းသည်ကား လုံးလုံး မလွယ်ကူရပါချေ။ အထူးသဖြင့် ယခုကဲ့သို့ နှစ်လကျော်မျှနီးပါး ကင်းကွာပြီးသော အချိန်မျိုးတွင် ပို၍ပင် ခက်ခဲရသေးသည်။
ချန်းကျင်းမှာ လွန်စွာမှ နာကျင်လွန်းသဖြင့် ပင့်သက်ရှိုက်သံများပင် ထုတ်လွှင့်မိတော့၏။ သို့သော် လုထောင်၏ပစ္စည်းက နည်းနည်းလေးမျှ ပျော့ပျောင်းမလာခဲ့ပါပေ။ ၎င်းဖြစ်စဉ်အတွင်း သူသည် မသိစိတ်အလျောက် အပါက်ဝအား ကျုံ့လိုက်မိသည့်တိုင် တစ်ဖက်ပစ္စည်းက ထွက်သွားမည်ကိုတော့ လက်မခံနိုင်ခဲ့။
သူက ကပျာကယာ ဆိုသည်။
"မဟုတ်ဘူး။ ကျွန်တော် ရတယ်..."
သို့နှင့် ချန်းကျင်းသည် အသက်ဝဝရှုကာ သူ၏ခန္ဓာကိုယ်ကို ပြေလျော့အောင် ကြိုးစား၏။ ဤသို့ဖြင့် အကြိမ်အနည်းငယ်မျှ အံကြိတ်သည်းခံပြီးနောက်ဆုံးတွင် သူ၏အတွင်းသားများက တစ်ဖက်လူ၏ပစ္စည်းကို ချောမွေ့စွာ စုပ်ယူသွားနိုင်ခဲ့လေသည်။
ဝိုင်ရနံ့သင်းသင်းသည်ကား လုထောင်၏နှုတ်ခမ်းလွှာထက်၌ စွဲရစ်နေဆဲ။ ၎င်းနှုတ်ခမ်းလွှာများနှင့် အနမ်းခြွေမိသောအခါ ချန်းကျင်းသည် မိမိပါ အကြင်သူနှင့်အတူ မူးသွားတော့မည့်နှယ် ခံစားလိုက်ရသည်။ မူလအစက ခက်ခဲခဲ့သည့်တိုင် နောက်ပိုင်းတွင်မူ ချန်းကျင်းအနေဖြင့် တစ်ဖက်လူ၏လည်တိုင်အား တွယ်ချိတ်ကာ ခါးကိုဖြောင့်ဖြောင့်ထားရင်း တင်ပါးဆုံများကို မိမိဘာသာ အထက်အောက်လှုပ်ရှားလာနိုင်သည်အထိ အဆင်ပြေခဲ့ရလေတော့၏။
ပါးလွှာသော အကာလေးကလည်း မရှိတော့သဖြင့် ဤအခေါက်သည်ကား အမှန်တကယ်ကို နှစ်ဦးသား ဆက်ဆံနေသည်နှင့် တူရပေသည်။ ချန်းကျင်းမှာ အဆုံးစွန်ထိ ရောက်လုနီးနီး ကျေနပ်ပျော်ရွှင်နေမိပြီပင်။ သူ့အနေဖြင့် စိတ်ကြွစေရန် အခြားမည်သည့်လှုံ့ဆော်မှုမျှ မလိုအပ်ပါချေ။ ဤအတိုင်းပင် သူ၏ကိုယ်ထည်တစ်ခုလုံးက စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ရီနေရပေပြီ။
ချန်းကျင်းက ရုတ်တရက် အမေးဆို၏။
"ကွန်ဒုံးမဝတ်တာက ပိုကောင်းတယ် မဟုတ်လား?"
လုထောင်က သူ၏ပုခုံးသားထက်သို့ ခပ်ဖွဖွ အနမ်းခြွေကာ "အင်း" ဟု လေသံဖွဖွလေးဖြင့် မသဲမကွဲ ပြန်ဖြေလေသည်။
"ဒါဆို အရင်က ကွန်ဒုံးဝတ်ခဲ့မိတာအတွက် နောင်တမရဘူးလား?"
အတွင်းသားများထဲရှိ ပစ္စည်းကြီးသည်ကား သံချောင်းကဲ့သို့ မာတောင့်နေကာ ချန်းကျင်းအား တစ်စစီ ထိုးဖောက်ချင်သည့်နှယ် အားအင်အပြည့်။ ထို့အပြင် အထင်းသားပေါ်နေသည့် အပြာရောင် သွေးကြောအပြိုင်းများကလည်း ကာယကံရှင်ဖြစ်သူက မည်မျှအထိ သာယာနေကြောင်းကို ဖော်ညွှန်းပြနေသေးသည်။ ၎င်းအခြင်းအရာများကြောင့် တစ်ဖက်မှ ချန်းကျင်းမှာ အတော်လေးကို ကျေနပ်ပျော်ရွှင်နေမိပြီ ဖြစ်၏။ ယခုအချိန်တွင် လုထောင်အနေဖြင့် သူ၏သားအိမ်လမ်းကြောင်းအထိ တစ်ခါမျှ မကျူးကျော်ခဲ့ဖူးကာ လိင်ဆက်ဆံတိုင်း ကွန်ဒုံးဝတ်ခဲ့မိသည်အတွက် ကျိန်းသေပေါက် နောင်တရနေမိမှာပင်။
"ကိုယ် ကွန်ဒုံးမဝတ်ဘဲ လုပ်တာ နှစ်ခါရှိခဲ့ဖူးတယ်"
လုထောင်က ဤသို့ ရုတ်တရက်ဆိုလာသောအခါ ချန်းကျင်းမှာ တစ်ခဏမျှ ကြောင်သွားရပေ၏။
"နှစ်ခါ!? ဘယ်တုန်းကလဲ"
ထို့နောက် ချန်းကျင်းက အနည်းငယ် မျက်နှာပူစွာဖြင့် စကားဆက်သည်။
"မဟုတ်မှလွဲရော ခင်ဗျား သတိပြန်လည်လာတုန်းကလား?"
၎င်းစကားလုံးများအား ကြားသောအခါ လုထောင်၏မျက်နှာသည် ရုတ်ချည်း တောင့်တင်းသွားရပါ၏။ ထို့အပြင် ခါး၏လှုပ်ရှားမှုအရှိန်ကလည်း ပို၍ပြင်းထန်လာလေသည်။ သို့သော် မျက်နှာပျက်ယွင်းမှုက တစ်ခဏတာသာ။
မကြာမီအတွင်းပင် လုထောင်သည် ပုံမှန်အတိုင်း စကားပြန်ဆိုလာ၏။
"ပထမဆုံးအကြိမ်က မျိုးနွယ်စုကမ္ဘာရဲ့ စူးစမ်းလေ့လာရေးစခန်းမှာ ကိုယ်ရှိခဲ့တုန်းက"
ချန်းကျင်းမှာ ပို၍ပင် အံ့အားသင့်သွားရပေတော့သည်။
"အဲ့ဒီတုန်းကလား? နေပါဦး..တကယ်ပဲ အဲ့ဒီညက လုပ်ဖြစ်ခဲ့လို့လား?"
လုထောင်ပြောသည့်နေရာသည်ကား တစ်ခါက ချန်ကျင်းကိုယ်တိုင် စစ်တပ်နှင့်လိုက်ပါရန် ခွင့်လျှောက်ခဲ့ဖူးသော အခြေစိုက်စခန်းတစ်ခု ဖြစ်ရပေ၏။ ထိုအခါက လျှောက်လွှာအတည်ပြုခံရပြီးနောက်တွင် သူသည် သယ်ယူပို့ဆောင်ရေး အာကာသယာဉ်ငယ်များ၏အကူအညီဖြင့် ၎င်းစခန်းသို့ ရောက်ရှိသွားခဲ့ခြင်းပင်။ ၎င်းကဲ့သို့ လုထောင်သာ သူ့ကို ရုတ်တရက်မြင်လိုက်ရပါက တစ်ဖက်လူအနေဖြင့် အံ့အားသင့်သွားလိမ့်လေမလားဟူသော အတွေးလေးဖြင့် ချန်းကျင်းသည် စိတ်လှုပ်ရှားနေခဲ့မိသည့်တိုင် တစ်ဖက်နေရာ၌ မတော်တဆမှုများ ဖြစ်နေလိမ့်မည်ဟုတော့ တစ်ခါမျှ မတွေးခဲ့မိပါချေ။
လုထောင်သည်ကား သူရောက်ရှိလာမှုအပေါ် သေးသေးလေးမျှ မအံ့ဩခဲ့။ ထိုအစား ဒေါသပင်ထွက်သွားခဲ့သေးလေသည်။
သူ့အနေဖြင့် ချန်းကျင်းကို မဆူမငေါက်ခဲ့သည့်တိုင် မျက်နှာကိုမူ တစ်ချိန်လုံး အေးစက်စက်ပုံစံ ထားခဲ့၏။ ချန်းကျင်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လုံးလုံးမကျေနပ်ကြောင်းက အသိအသာ။ ထို့အပြင် သူသည် ချန်းကျင်းအား ၎င်းတပ်စခန်းနေရာက အပျော်လာလည်ရသည့်နေရာမဟုတ်သည့်အတွက် ချန်းကျင်းအနေဖြင့် လာစရာမလိုအပ်ကြောင်း မျက်နှာထားတင်းတင်းဖြင့် သတိပေးခဲ့ပြီးနောက် မနက်ဖြန်ချက်ချင်းပင် ပြန်ပို့ရန် စီစဉ်ပေးခဲ့လေသည်။
ထိုအချိန်က ချန်းကျင်းသည် မိမိကိုယ်ကို ရေအေးဖြင့်အလောင်းခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည့်တိုင် သူ့အတွက်တော့ ၎င်းကဲ့သို့ အေးစက်စက်ဆက်ဆံခံရသည်က ရိုးနေပြီဖြစ်သဖြင့် အထူးတဆန်းတော့ မဟုတ်လှပါချေ။ ထို့ကြောင့် ထိုနေ့ညတွင် လုထောင်ကိုဆွဲဆောင်မည်ဟူသည့် သူ၏ဆုံးဖြတ်ချက်မှာလည်း မူလအတိုင်း ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲ ဖြစ်ရလေတော့၏။
သို့နှင့် ရေချိုးသန့်ရှင်းပြီးနောက်တွင် အသင့်ယူလာသော ချောဆီကို သုတ်လိမ်းလိုက်၍ လုထောင်၏အိပ်ရာထက်၌ ကိုယ်တုံးလုံးလဲလျောင်းကာ တစ်ဖက်လူဝင်လာမည့်အချိန်အား စောင့်ဆိုင်းနေခဲ့ပေသည်။
သို့သော် နောက်နေ့မနက်ခင်းတွင် သူမှတ်မိနိုင်သည့်အရာဟူ၍ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည့် သူ၏ခန္ဓာကိုယ်သာ ဖြစ်ရလေ၏။ ၎င်းသက်သေက မနေ့ညတွင် သူအောင်မြင်ခဲ့သည့် သဘောမျိုးဖြစ်နိုင်သည် မဟုတ်ပါလား။
"အင်း"
လုထောင်က သူ၏နှုတ်ခမ်းအား ခပ်ဖွဖွကိုက်လာခဲ့၏။ ထို့အပြင် သူ၏မျက်ဝန်းများအတွင်းတွင်လည်း အပြုံးရိပ်အချို့က ကိန်းအောင်းလျက်သား။
"အဲ့ဒီတုန်းက သုံးချီလုပ်ဖြစ်ခဲ့တာ"
ချန်းကျင်းမှာ အတော်လေးကို အံ့အားတသင့်။ တစ်ဆက်တည်းပင် သူသည် စိတ်ပျက်လက်ပျက် ဖြစ်သွားမိလေသည်။
"ကျွန်တော် လုံးဝကို မသိခဲ့ဘူး! ကျိန်းသေပေါက် အဲ့ဒီချောဆီကြောင့်ပဲနေမှာ..တကယ်ပါပဲ အဲ့ဒါကို မသုံးခဲ့ဘဲနေလိုက်ရမှာ"
ထို့နောက် သူသည် ထူးဆန့်သည့်ခံစားချက်တစ်ခုကို ရုတ်တရက် အမှတ်ရမိသွားကာ ဤသို့ အမေးထပ်ဆိုမိ၏။
"ဒါဆို အဲ့ဒီတုန်းက ကျွန်တော့်သားအိမ်လမ်းကြောင်းထဲထိ ရောက်ခဲ့လား?"
၎င်းစကားတစ်ခွန်းက လုထောင်၏ရမ္မက်အဟုန်အား ပို၍ အရှိန်မြှင့်ပေးလိုက်သလားတော့ မပြောတတ်ပါချေ။ သူ၏အတွင်းသားများထဲရှိ ပစ္စည်းကြီးမှာ ပိုမို မာတောင့်လာ၍ ကြီးမားလာရလေပြီ။ ထို့ကြောင့် ချန်းကျင်းအနေဖြင့် အသိစိတ်လွတ်စွာ အော်ညည်းရုံသာ တတ်နိုင်ခဲ့ပေ၏။ ထိုအချိန်တွင် တစ်ဖက်မှ သူ၏ကိုယ်ထက်ရှိ ရေချိုးဝတ်ရုံကြိုးမှာလည်း လုထောင်၏ကျေးဇူးကြောင့် အပြီးတိုင် ပြေကျသွားရပြီဖြစ်သည်။ ထိုအခါ လုထောင်သည် သူ၏ခါးနှင့် တင်ပါးနေရာများကို ဆုပ်ကိုင်လာကာ ရုတ်တရက်ဆန်လှသော အမြန်နှုန်းဖြင့် သူ၏ကိုယ်လုံးလေးအား မှောက်လျက်အနေအထားပြောင်းပစ်ကာ အနောက်မှတစ်ဆင့် ကျူးကျော်လာခဲ့ပေတော့၏။
"ဟင့်အင်း...။ အဲ့ဒီလိုပုံ မလုပ်နဲ့"
ချန်းကျင်းသည်ကား လုံးလုံးကို မကျေနပ်ပါချေ။ သို့သော် လုထောင်က ပစ္စည်းတစ်ခုလုံးအား သူ၏အတွင်းသားများထဲသို့ တင်းကြပ်အောင် ထိုးသွင်းလာချိန်တွင် သူ့အနေဖြင့် ငြင်းဆန်နိုင်စွမ်းမရှိသည်အထိ ပျော့ပျောင်းသွားရပေတော့၏။
အကြောင်းမှာ ၎င်းက လွန်စွာမှကို ခံစား၍ကောင်းနေသောကြောင့်ပင်။
အမှန်အတိုင်းဆိုရလျှင် အနောက်ဘက်မှကျူးကျော်သည့်ပုံစံက အခြားပုံစံများထက်ပိုကာ ခံစား၍ကောင်း၏။ ၎င်းအနေအထားဖြင့်ဆိုပါက တစ်ဖက်လူသည် ပို၍နက်နက်နဲနဲ တိုးဝင်နိုင်မည်ဖြစ်ကာ ခံစားလွယ်သောနေရာများအားလုံးကိုလည်း ပွတ်သပ်သွားနိုင်သဖြင့် အသွင်းအထုတ်အမှုများတွင် အတော်လေး အဆင်ပြေရသည်။ သို့သည့်တိုင် ၎င်းအနေအထားကို သဘောမကျခဲ့ရသည့် အကြောင်းအရင်းက သူ့အနေဖြင့် ခင်ပွန်းဖြစ်သူ၏မျက်နှာကို မမြင်နိုင်သောကြောင့်သာ။
ခါးဘေးပတ်လည်ကို ဖိကိုင်ထားသည့် လက်ချောင်းများသည်ကား တဖြည်းဖြည်းနှင့် နောက်ကျောဘက်သို့ ရောက်ရှိသွားရလေပြီ။ ထို့နောက် ၎င်းလက်ချောင်းများက နောက်ကျောတစ်နေရာအား ထပ်ခါတလဲလဲ ပွတ်သပ်နေသောအခါ တစ်ဖက်လူက သူ၏တက်တူးနေရာကို ပွတ်သပ်နေခြင်းဖြစ်ကြောင်း ချန်းကျင်း နားလည်သွားရပေ၏။ သို့နှင့် တစ်ဆက်တည်းပင် ၎င်းတက်တူးက မည်သည့်စကားလုံးများကို ရေးထိုးထားကြောင်း အမှတ်ရသွားရာ သူသည် အဆုံးစွန်ထိ ရှက်ရွံသွားမိလေတော့သည်။
တစ်ခဏမျှကြာပြီးနောက်တွင် လုထောင်က သူ၏နားသံသီးတစ်ဖက်အား ကိုက်လာကာ တိုးဖွဖွဆိုလေ၏။
"အထန်ကောင်လေး ဟုတ်လား။ ပြောပါဦး ဘယ်သူ့ရဲ့ကောင်လေးလဲ?"
သူ၏ပစ္စည်းသည်ကား တစ်ဖက်လူ၏အတွင်းသားများထဲတွင် တင်းမာနေဆဲ။
"ခင်..ခင်ဗျားရဲ့ "
"ကိုယ်က ဘယ်သူလဲ?"
၎င်းမေးခွန်းက ချန်းကျင်းအား အတော်လေးကို ပြောစရာစကားပျောက်ရှသွားစေခဲ့သည်ပင်။ တစ်ခဏမျှကြာပြီးနောက်မှ သူက ဤသို့ ပြတ်တိုပြတ်တောင်း ပြန်ဖြေ၏။
"ခင်ဗျားက လုထောင်...ကျွန်တော့်ရဲ့ဒါလင်..ကျွန်တော်ချစ်ရတဲ့လူ...အား...ပြီးတော့မှာထင်...."
သူ၏အဖြေအားကြားသောအခါ လုထောင်၏လှုပ်ရှားမှုများမှာ ရုတ်ချည်းရပ်တန့်သွားရ၏။ ထို့နောက် သူသည် ချန်းကျင်း၏မေးစေ့အား ဆုပ်ကိုင်လိုက်ကာ သူနှင့်မျက်နှာချင်းဆိုင်စေလာခဲ့သည်။ ချန်းကျင်း၏မျက်နှာပေါက်သည်ကား လွန်စွာမှ လှပ၏။ သူ့တွင် မျက်လုံးလှလှလေးများရှိရုံမက နီစွေးစွေးနှုတ်ခမ်းဖူးတစ်စုံနှင့် နှင်းတမျှဖြူဖွေးသော အသားအရေလည်း ရှိသေးသည်။ မည်သည့်ဘက်ကပင် ကြည့်ပါစေ ဆွဲဆောင်မှုရှိနေရသည်ချည်းပင်။
လုထောင်သည် သူ့ကို အသေအချာ စိုက်ကြည့်လာရင်း လည်ဇလုပ်အား တစ်ချက်မျှ ရွေ့လျားလိုက်ကာ ဤသို့ ဆိုလာခဲ့ပါ၏။
"မင်းချစ်တဲ့လူက အမြဲတမ်း ကိုယ်ပဲဖြစ်ရမှာ!"
အခိုင်အမာပြောဆိုနေသည့် အကြင်သူ၏လေသံအတွင်း၌ မိမိကိုယ်ကိုယုံကြည်မှု ကင်းမဲ့နေသည့် အငွေ့အသက်အချို့ကလည်း အနည်းငယ် စွန်းထင်းလျက်။ ချန်းကျင်းအတွက်မူ ၎င်းက အတော်လေးကို ကြားရခဲသည့် စကားတစ်ခွန်းပါပင်။
သူကဆိုသည်။
"အမြဲတမ်း ခင်ဗျားပါပဲ...စတွေ့ကတည်းက ခင်ဗျားကို ချစ်ခဲ့မိတာ။ အဲ့ဒီနောက် ကျွန်တော့်အပေါ် အေးစက်စက်ဖြစ်နေလည်း ချစ်ခဲ့တာပဲ။ အတိတ်မေ့တုန်းကလည်း ချစ်ခဲ့တယ်..အဲ့ဒီနောက်မှာလည်း ခင်ဗျားကို ချစ်နေတုန်းပဲ"
သူ့အပေါ် လွန်စွာမှ ကောင်းပေးခဲ့သည့် စရိုက်ကွဲလုထောင်ပင်ဖြစ်စေ မူလလုထောင်ဖြစ်စေ နှစ်ယောက်စလုံးက သူချစ်ရသည့် လူတစ်ဦးတည်းသာ။ "တစ်ဖက်လူက လုထောင် ဖြစ်သည်" ဟူသော အခြေခံလိုအပ်ချက်တစ်ခုတည်းနှင့်ပင် အရာအားလုံးက လုံလောက်ခဲ့ပါ၏။
သူ၏အဖြေအားကြားသောအခါ လုထောင်၏နှုတ်ခမ်းထောင့်စွန်းများမှာ ခပ်ဖွဖွ ကွေးညွတ်သွားရလေသည်။ ထို့နောက်တွင် သူသည် ချန်းကျင်း၏နှုတ်ခမ်းအစုံကို ငုံထွေးလာခဲ့ကာ တစ်ဖက်လူ၏ကိုယ်ထည်အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်လာခဲ့ပေတော့၏။
သို့နှင့် အဆုံးသတ်တွင် ချန်းကျင်းသည်လည်း တစ်ဖက်လူနှင့်အတူတူ ပြီးမြောက်ခြင်းအမှုသို့ ရောက်ရှိသွားရလေသည်။ ထို့နေ့ညက သူသည် လုထောင်နှင့် သုံးကြိမ်တိုင်တိုင် လုံးထွေးခဲ့မိဟန်ပင်။ နောက်ဆုံးအချီပြီးချိန်တွင် သူ့ထံ၌ လှုပ်ရှားရန်ပင် အားအင်မကျန်တော့သောကြောင့် တစ်ဖက်လူ၏ရင်ခွင်အတွင်း ချက်ချင်းအိပ်ပျော်သွားခဲ့ရပေတော့၏။
နောက်နေ့မနက် နိုးလာသောအခါတွင် ချန်းကျင်းသည် သူ၏မျက်လုံးများကို ပွတ်သပ်ပြီးနောက် ဖွင့်ကြည့်လိုက်ရာ ခင်ပွန်းဖြစ်သူ၏ချောမောသော မျက်နှာပြင်က သူ့မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာရပေသည်။ တစ်ဆက်တည်းပင် သူ၏ပါးပြင်ထက်၌ အပြုံးပွင့်လေးတစ်ခုကလည်း ဖြစ်တည်လာရ၏။ ထို့နောက် ခိုးကြောင်ခိုးဝှက်ဖြင့် လုထောင်၏မျက်နှာကို ငေးကြည့်နေခဲ့မိသည်မှာ တစ်ဖက်လူ၏အသက်ရှုနှုန်းများက အနည်းငယ် မူမမှန်ဖြစ်နေကြောင်း သတိမထားမိခင်အထိ။
သို့ဖြစ်၍ ချန်းကျင်းသည် တမဟုတ်ချင်းပင် လဲလျောင်းနေရာမှ ထထိုင်လိုက်မိ၍ သူ့ကိုယ်ပေါ်မှ စောင်ကိုလည်း ဖယ်လိုက်မိရာ ၎င်းစောင်၌ သွေးရောင်များစွန်းထင်းနေကြောင်းကို တွေ့လိုက်ရလေသည်။ ၎င်းသွေးများ၏ မူလဇစ်မြစ်က လုထောင်၏ဝမ်းဗိုက်တစ်နေရာထံမှ ထွက်ပေါ်လာခြင်းဖြစ်ကာ သူ၏ရှပ်အကျႌကိုဖောက်၍ စောင်ကိုပါ အရောင်စွန်းသွားစေခြင်းပင်။ မသိလျှင် ၎င်းအခြင်းအရာတစ်ခုလုံးသည်ကား ရွှန်းရွှန်းနီသော ပန်းပွင့်ကြီးတစ်ပွင့် ပွင့်လန်းနေသည့်နှယ်။
Warning : Sexual content alert!
Zawgyi
"အဆင်​မ​ပြေဘူး"
"ကိုယ်​မပိတ်​ပါဘူး"
"အင်း"
"ဘာဖြစ်​လို့လဲ?"
"အရမ်းစို​နေပြီလား?"
သူက ကပျာကယာ ဆိုသည်​။
"မဟုတ်​ဘူး။ ကျွန်​​တော်​ ရတယ်​..."
"နှစ်​ခါ!? ဘယ်​တုန်းကလဲ"
"အင်း"
"ဟင့်​အင်း...။ အဲ့ဒီလိုပုံ မလုပ်​နဲ့"
"ခင်​..ခင်​​ဗျားရဲ့ "
"ကိုယ်​က ဘယ်​သူလဲ?"
သူကဆိုသည်​။
Continue Reading
You'll Also Like
181K 21K 66
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.9M 229K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
1.8M 183K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
651K 29.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...