"ကိုကျော်လေး ထ..ထ၊ အတန်းချိန်နောက်ကျတော့မယ်။"
တွေ့သမျှစာအုပ်အကုန် လွယ်အိတ်ထဲ ထိုးထည့်နေရင်းမှ မြတ်ဘုန်းက ပြည့်ဖြိုးကျော်ကို နှိုးလေသည်။
သို့သော်လည်း ဘောလုံးဘောင်းဘီ တစ်ထည်တည်းဖြင့် ခွေခေါက်ကာ အိပ်နေရှာသည့် ပြည့်ဖြိုးကျော်သည် အခုအချိန်အထိ အိမ်မက်ကမ္ဘာထဲမှ ထ,မလာသေးပေ။ ဒါကို မြတ်ဘုန်းကလည်း ဆက်မနှိုးတော့ပဲ...
"အကိုကြီး...ကိုကျော်လေးကို နိုးဦးဗျာ။ ကျွန်တော် နောက်ကျနေလို့။"
ဧည့်ခန်းမှာ လက်ဖက်ရည်ထည့်နေသော အဝန်းကို ပြောကာ ချက်ချင်းပဲ ပြေးထွက်သွားသည့် မြတ်ဘုန်းကြောင့် အဝန်းသည်...
"သိမ့်သိမ့်ကို ဖုန်းဆက်ဦးမှ.." ဟု ခပ်ကျယ်ကျယ်အော်လိုက်လေသည်။
"ထ,ပြီဗျို့..."
ချက်ချင်းပဲ အိပ်ရာကနေထ,လာသည့် ကျော်လေးသည် မျက်နှာသစ်ဖို့ရန်အတွက် ဆပ်ပြာခြင်းယူလာသည့်တိုင် မျက်လုံးနှစ်ဖက်က မှိတ်ထားဆဲပင်။ မျက်စိမှိတ်ပြီး အဆောင်ထဲကနေ ထွက်သွားသည်က ကျောက်စည်အရောက် တန်းလို့။
ဘုန်း !!!
"ဟေ့ကောင်..."
ကြီးမားသည့် ကျောက်ဆောင်နှင့် တိုက်မိသည်မဟုတ်ပဲ မီးတောင်တစ်ခုနှင့်တိုက်မိသည့်နှယ် အသံသည် ပေါက်ကွဲအားက ပြင်းထန်လွန်း၏။
"တောင်းပန်ပါတယ် ကိုသက်...ကျွန်တော် မမြင်လိုက်လို့ပါ။"
"စောက်လုံးကို မှိတ်ပြီး လမ်းမလျှောက်နဲ့လို့ ဘယ်လောက်ပြောပြောနော် မင်း..."
မျက်နှာသစ်ပြီးကာစ နုဖက်အုအက်နေသည်နှင့်မလိုက်အောင် ဟောက်စားလုပ်နေရှာသည့် ကိုသက်ကို ပြည့်ဖြိုးကျော်ကြောက်ပါသည်။ ထို့ကြောင့် ဘာမှခွန်းတုန့်မပြန်ရဲပဲ ကုတ်ချောင်းချောင်းနဲ့ပဲ ကိုသက်ရှေ့ကနေ ထွက်ခဲ့လိုက်သည်။
"အချိုးကို မပြေဘူး...."
ပြည့်ဖြိုးကျော်က ရေစည်နားကို ရောက်နေပြီဖြစ်သော်လည်း ထုံးစံအတိုင်း သက်လျာ၏ ဒေါသစိတ်တို့က ပြေလျော့မသွားသေးပေ။
"ငါ့အတွက်ရော..."
လက်ဖက်ရည်သောက်ဖို့ရန်အတွက် ခွက်ကလေးကိုင်သည်ဆိုရုံမျှရှိသေးသည်။ မတတ်နိုင် ခွက်ကို စားပွဲခုံမှာ ပြန်ချလိုက်ပြီး အိတ်ထဲရှိ လက်ဖက်ရည်အား ခွက်အလွတ်ထဲသို့ ပြောင်းလဲထည့်လိုက်ပြီး ကိုသက်ရှေ့သို့ ချပေးလိုက်ရသည်။
"မင်းက တကယ်ချင်းပြည်ဘက်သွားမယ်ပေါ့။"
"အင်း။ အဲ့လိုပဲ လုပ်မလားလို့။ အကိုကြီးနဲ့မတွေ့ရတာ ကြာပြီလေ။ ရောက်လည်းမရောက်ဖူးဘူး ဆိုတော့ အတွေ့အကြုံအသစ်များရမလားလို့.."
"မသိပါဘူးကွာ။ ဟိုကောင်ကတော့ ချင်းပြည်မှာပျော်နေလိုက်တာများ ငါ့ကိုမပြောနဲ့ မင်းဆီကိုတောင်ရောက်မလာဘူး။ ဒီကောင် ငါတို့နဲ့ဝေးရာမှာ အေးချမ်းနေတယ်နဲ့တူတယ်..."
ပြောရင်းမှ သက်လျာသည် လက်ဖက်ခွက်ကို ယူသောက်ရင်း ပြုံးမိသွားသည်။
"အရင်ကဆို ကြည်သာလုပ်ပေးတာပဲ သောက်လာတာနော် မင်း..."
"ဟုတ်ပါ့ဗျာ..အခုမှ ကျွန်တော်က ပြန်လုပ်ပေးနေရတယ်။ အကိုကြိီးမရှိတာ မပိုင်ပါဘူးဗျာ။"
"မင်း သူ့ဆီကို စာရေးဖြစ်ရဲ့လား ။"
"ကျွန်တော်ကရေးပါတယ်။ ဒါပေမယ့် အကိုကြီးဆီက ပြန်စာကတော့ ကြာလှမှတစ်ခေါက်ရောက်တာ။ စာထဲမှာလည်း ကျွန်တော့်ကို သူ့ဆီလာလည်စေခြင်းကြောင်းတွေပဲ ထပ်နေတာ။"
ပိုင်နိုင်စွာနှင့် အထက်စီးဆန်စွာပြုံးရင်း အဝန်းသည် လက်ဖက်ခွက်ကို တစ်ကျိုက် မော့ချလေသည်။ ထိုအခါမှာ သက်လျာသည် အိတ်ကပ်ထဲမှ စီးကရက်နှင့် မီးခြစ်ကို ယူပြီး ဆေးလိပ်မီးညှိသည်။
ဆေးလိပ်အငွေ့တို့အား အဝရှူသွင်းလိုက်ပြီး မှုတ်ထုတ်လိုက်သည်က ပုံပန်းကျနစွာနှင့်ပင်။
"ငါ့ဆီကိုတော့ မင်းနဲ့အဆင်ပြေအောင်နေဖို့ပဲ မှာတယ်။"
စိတ်ပျက်တာမျိုး မဟုတ်ပဲ စိတ်မကောင်းဖြစ်မိသည်ဆိုရုံနှင့်တင် သက်လျာမျက်နှာဟာ နွမ်းလျလျ။
"ကိုသက်လည်း လိုက်ခဲ့ပါလား။"
"မအားတာကိုကွာ..အားမှတော့ မင်းတောင်ခေါ်စရာမလိုဘူး။ အသက်ကြီးလာတော့ အားလပ်ချိန်က တကယ်ပဲရှားလာတယ်။"
သက်လျာ၏ ပါးစပ်ကသာ အချိန်ရှားသည်ဟု ပြောနေသည်။ တကယ်တမ်း လက်တွေ့မှာတော့ ဇိမ်ကျကျနဲ့ထိုင်ပြီး စီးကရက်ဖွာနေသည်။
"ဟိုရောက်ရင် ဘာပြောပေးရဦးမလဲ။ ကျွန်တော်က မနက်ဖြန် သွားမှာ။"
"အိမ်မပြန်တော့ဘူးလား မင်းက..."
"ဟင့်အင်း။ အိမ်ကို ပြောခဲ့ပြီးသားလေ။ အကွေးကလည်း သူ့သူငယ်ချင်းတွေနဲ့သူ အားတယ်ကိုမရှိတော့ ကျွန်တော်လည်း အိမ်မှာတစ်ယောက်တည်း ပျင်းတာနဲ့ အကိုကြီးဆီပဲ အစောသွားလိုက်တော့မလို့။"
"အင်း...အထွေအထူးတော့မရှိပါဘူး။ သိပ်ပျော်မနေနဲ့လို့တော့ ပြောပေး။ မင်းရောနော်...ငါမပါပဲ သိပ်ပျော်မနေကြနဲ့။"
"ဟုတ်ကဲ့ပါဗျာ...."
တယ်လည်း စိတ်ပုတ်လှတဲ့ ကိုသက်၏ အပြောကို အဝန်းကတော့ တီးတိန်ဆေးရုံဝန်းထဲ ရောက်ရောက်ခြင်းမှာပဲ မေ့လျော့သွားတော့သည်။
ဂျူတီဂုတ်ဝတ်ထားဆဲဖြစ်သည့် အကိုကြီး၏ ပုံသည် နွမ်းလျနေသော်လည်း ကြည့်လို့ကောင်းဆဲပင်။
"လာလေ အဝန်း..."
ဆေးရုံတံခါးမှာ ရပ်နေသူထံ လျှောက်လာပြီး အဝန်းလက်ထဲရှိ အထုတ်တို့ကို လွှဲပြောင်းယူပေးသည်က အရင်ကအတိုင်း နည်းနည်းလေးမှမပြောင်းလဲသည့် ကြည်သာ့ အကျင့်တွေပင်။
"ရာသီဥတု အပြောင်းအလဲကြောင့် အနွေးထည်ထူထူဝတ်သင့်တာကိုကွာ.."
ပြောနေဆိုနေရင်းနဲ့ပဲ သူ့အခန်းထဲရှိ ခြုံစောင်ကို ယူလာပေးပြီး အဝန်း၏ ကိုယ်ပေါ်မှာ လွှမ်းခြုံပေးလေသည်။
"ကော်ဖီ ပူပူလေးဖျော်လိုက်ဦးမယ်နော်..."
စောင်ခြုံထဲမှ အဝန်းသည် ကြည်သာအပြောကို ခေါင်းသာငြိမ့်ပြလိုက်သည်။ အဝန်း တကယ်ပဲ အေးနေသည်။ မန္တလေး အပူချိန်နှင့် ချင်းပြည်နယ်ရာသီဥတုက ငရဲပြည်နှင့် လူ့ဘုံအလားပဲ ကွာခြားလို့နေသည်ကို သူကိုယ်တွေ့ ခံစားလိုက်ရသည်။
အေးလိုက်သည်မှ ရင်ထဲအသည်းထဲကပင် လိုက်ခနဲ....
"ဦးဦးဒေါက်တာ...."
အသံကြောင့် အဝန်းသည် တံခါးပေါက်ဆီသို့ကြည့်လိုက်တော့ ကလေးမလေး တစ်ဦးကို တွေ့လိုက်ရသည်။
"ဝင်ခဲ့လေ ချစ်ခြင်း..."
"ဟုတ်ကဲ့..."
ကလေးမလေးက အိမ်ထဲကို ဝင်လာလေသည်။ ပြီးနောက်တွင် အဝန်းနှင့်မျက်နှာခြင်းဆိုင်တွင် ဝင်ထိုင်လေသည်။
"ဧည့်သည် ရောက်နေတာလားဟင်။ သမီး ဘာကူညီပေးရမလဲ..."
"မလိုပါဘူးဗျာ...ဒါနဲ့ ချစ်ခြင်းက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."
ကော်ဖီအပူကို ယူသောက်နေရင်းမှ အဝန်းသည် ကြည်သာနှင့် ထိုကလေးမလေးကို အကဲခတ်နေမိသည်။
"ဖေဖေက ဆိတ်သားပေးခိုင်းလို့ လာပေးတာ။"
လက်ထဲမှာကိုင်ဆောင်ထားသည့် အထုတ်ကလေးကို စားပွဲပေါ်တင်ပေးသည့်အခါ အဝန်းမြင်လိုက်ရသည်က ကလေးမလေး၏ လက်ဖမိုးမှ အဖုအပိန့်တွေက..မဟုတ်မှလွဲရော...
"ဒုက္ခရှာလို့ သမီးရယ်။ ဦးဦးက စျေးမှာ ဝယ်စားလို့ရတာပဲကို။ နောက်ဆို ခရီးကဝေးတယ် အပင်ပန်းခံပြီး လာမပေးနဲ့။ သမီးတို့ဆီကို ဦးဦးလာလည်ပါ့မယ်။"
"ပြောတာပါပဲ ဦးဦးဒေါက်တာက၊ ပြီးရင် လာတာလဲ မဟုတ်ဘူး။ သမီးနဲ့ ဖေဖေ့မှာ မျှော်လိုက်ရတာ ပြောမနေနဲ့။"
နှာခေါင်းချုံ့ပြီး မျက်ချည်မျက်စတွေနှင့် ပြောလာသည့် ကလေးမလေးရယ် အကိုကြီးက ပခုံးတွေလှုပ်သည်အထိ ရယ်ပြီး...
"အဲ့ဒီတုန်းက အရေးကြီးလူနာရောက်လာလို့ပါကွ။" ဟု ပြောသည်။
"ဒါဆို ဆက်ဆက်လာရမယ်နော်.."
ပြောပြီး လက်မထောင်ပြသည့် ချစ်ခြင်းကို ကြည်သာ့ဘက်ကလည်း လက်မထောင်ပြရင်း...
"ကတိပါကွာ..."
"သမီးရေ အိမ်ပြန်ရအောင်..."
ကလေးမလေး၏ အဖေဖြစ်မည်ထင်၏။ ထိုသူသည် အထဲမဝင်တော့ပဲ အပြင်မှပင်လှမ်းအော်လေသည်။ ဘာရယ်မဟုတ် အဝန်းကြည့်မိလိုက်တော့ ထိုသူသည်...
"သု ခ မောင်...."
ထိုနာမသည် တိုးတိတ်စွာနှင့်ပင် အဝန်း၏နှုတ်ဖျားမှ ထွက်သွားလေသည်။
"အိမ်ထဲ ဝင်ဦးလေ အကိုကြီး..."
"မဝင်တော့ဘူး ကြည်သာ။ မင်းအားမှပဲ ငါတို့ဘက်ကိုလာခဲ့ကွာ...အခုတော့ သမီးကို သွေးသွင်းလိုက်ဦးမယ်။ မင်းက duty offတယ်ဆို.."
"ဟုတ်တယ်။ ဧည့်သည်ရောက်နေလို့လေ။"
"အေးအေး...လာ သမီး၊ သွားရအောင်။"
"ဟင့်အင်း သမီးက ဦးဒေါက်တာနဲ့ပဲ ကုချင်တာ။ ဟိုဆရာဝန်က ဥိီးဒေါက်တာလိုလည်း မချောဘူး။ အဲ့ကျ အပ်က နာတယ်..."
ခုံပေါ်မှာ ထိုင်လျက်ကပင် ပြောလေတဲ့ ဒီကလေးမ၏ စကားကြောင့် အဝန်းတင်မဟုတ်ပဲ ကြည်သာကိုယ်တိုင်လည်း ရယ်မောလေသည်။ ခဏကြာမှ ကြည်သာသည် ရယ်ရှိန်ကို သတ်ကာ..
"အဲ့လိုလည်း မဟုတ်ဘူးလေ သမီးရဲ့။ "
"ဟင့်အင်း ဟင့်အင်း..."
ကလေးမလေးက အတင်းငြင်းဆန်တော့ အကိုကြီးက အဝန်းကို တစ်ချက်ကြည့်လာသည်။
ဒီအကြည့်ကြောင့်ပဲ အဝန်းတွေးမိသည်က...'အကိုကြီးက ငါ့ကိုထားခဲ့ပြီး ဒီကလေးမလေးနောက် ပါသွားမှာတော့ မဟုတ်ပါဘူးနော်'။ ကလေးဆန်တယ်ပဲ ပြောပြောပါ။ အဝန်း ဘယ်လိုမှ မနေနိုင်ပဲ..
"ကျွန်တော်က အခုမှရောက်တာနော် အကိုကြီး" ဟု ထုတ်ပြောမိသွားသည်။
တစ်ဖက်က ကလေးအဖေ ဘယ်လိုထင်သည်လဲဆိုတာကို မတွေးတော့ပဲ စိတ်ထဲရှိသမျှ ပြောချပြီးကာမှ တိုးကပ်လာသည့် ခြေသံကြောင့် တစ်ဖက်သားအပေါ်မှာ အားနာစိတ်ကလေး ဝင်သွားသည်။
သို့သော်လည်း နောက်ကျသွားပြီဖြစ်၏။
"သမီး သွားရအောင်။ ဦးမှာက ဧည့်သည်ရှိနေတာကို မဆိုးရဘူးလေ..."
"ဟင့်အင်း မသွားဘူးလို့၊ ဦးဒေါက်တာနဲ့မှ..."
"ဖေပြောနေတယ် ချစ်ခြင်းတည်တံ့မောင်"
"ဟင့် အီိးးး...ဖေဖေ ချစ်ခြင်းကို မလိုချင်တော့ဘူးလား။ ဖေဖေ မချစ်တော့ဘူး မဟုတ်လား...ချစ်ခြင်းကိုစိတ်မရှည်တော့ဘူး အီးးးဟီးးးး..."
ထိုအပြောမှာ အဖေဖြစ်သူက အတော်လေး ပြာယာခတ်သွားလေသည်။ သမီးဖြစ်သူ၏ ရှေ့ကို ဒူးထောက်လို့ ထိုင်ချပြီး..
"မဟုတ်ပါဘူး သမီးရယ်၊ ဖေဖေတောင်းပန်ပါတယ်။ ဖေဖေ သမီးကို ချစ်ပါတယ်ကွယ်။ "
ထိုသို့ တဖွဖွပြောရင်း အတန်ကြာသည်အထိ သမီးနဲ့အပြိုင် မျက်ရည်ကျနေသည့် အဖေဖြစ်သူရယ်ကြောင့် အဝန်းမှာ ကော်ဖီပင် ဆက်မသောက်နိုင်ပဲ ငိုင်စင်းနေရသည်။
"လာ သမီး၊ ဖေဖေတို့ သွားရအောင်နော်.."
"ဟုတ်ကဲ့ ဟင့်!!!"
ကလေးမလေးသည် ရှိုက်ငင်နေလျက်ကပင် သူ့အဖေ ပွေ့ချီိပြီးခေါ်ဆောင်ရာသို့ ပါသွားလေသည်။ ထိုသားအဖ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် အဝန်းသည်..
"မပြောနဲ့နော် အကိုကြီး...အဲ့ဒီလူက ကိုသုခမောင်လို့။"
"အဝန်းက သိလို့လား။"
"ကျစ်..ဒီဉာဏ်နဲ့ ဒီပါးစပ်ကို..."
သူ့ကိုယ်သူ ကျိမ်းဝါးနေသည့် အဝန်းကြောင့် ကြည်သာသည် နားမလည်နိုင်ပဲ..
"ဘာဖြစ်လို့လဲ.." ဟု ထုတ်မေးလိုက်ရသည်။
"ကျစ်..အကိုကြီး တစ်ခါပြဖူးတယ်လေ။ ဓာတ်ပုံလေ.."
"ကိုယ်တောင်မေ့နေပြီ၊ အဝန်းက မှတ်ဉာဏ်အရမ်းကောင်းတာပဲ။"
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဗျာ။ ကလေးမလေး နာမည်ကြောင့် သေချာသွားတာ။ ချစ်ခြင်းတည်တံ့မောင်တဲ့...ဒီလူ တကယ်မလွယ်ဘူးပဲ။ ကိုကိုသာသိရင် ရင်ဘက်စည်တီးပြီး ငိုမှာသိလား။ ဘယ်နှယ့်ဗျာ...တခြားမိန်းမနဲ့ရတဲ့ ကလေးကိုမှ အချစ်ဦးယောကျာ်းလေးရဲ့ နာမည်ပါအောင် မှည့်ပေးတယ်လို့...."
"အဲ့လို မဟုတ်ဘူး အဝန်းရ။ တကယ်တော့ ပြောရရင် ရှည်တယ်။ နောက်မှပဲ အေးဆေးပြောကြတာပေါ့ကွာ။ ကဲ အခုတော့ မင်းအတွက် စားဖို့ချက်လိုက်ဦးမယ်။ စာဖတ်ချင် ဖတ်နေ..."
"မဖတ်ချင်သေးဘူး။ အကိုကြီးရဲ့ဖလင်လိပ်တွေရော..."
"အခန်းထဲက စာကြည့်စားပွဲပေါ်မှာ ဗူးလေးနဲ့ထည့်ထားတယ်။"
ပြောနေရင်းမှပဲ အစောက ကလေးမလေးယူလာပေးသည့် အထုပ်အမည်းလေးကို ဆွဲကိုင်ကာ မီးဖိုဘက်သို့ ဝင်သွားပြီဖြစ်သည့် ကြည်သာ့ကို အဝန်းဘာမှဆက်မမေးတော့ပဲ စောင်ခြုံထဲမှာပဲ ကွေးနေလိုက်တော့သည်။
ကွေးနေရင်းနှင့် ကြာလာတော့ လွမ်းလာသည်မို့ ခြုံစောင်ကို ဖယ်ခွာရင်း ဖလင်လိပ်ဆီသို့ အာရုံပို့လိုက်မိသည်။
ဖလင်တွေကို ယူကြည့်ရင်းမှ ပုပ္ပါးမှာရှိခဲ့သည့် အမှတ်တရတို့က တနင့်တပိုး...
အပေါ်စီးမှနေ၍ ရိုက်ထားပါသော ဒီဖလင်ချပ်လေးကို မှိန်ပြပြနေရောင်ကို အားကိုးလို့ ကြည့်မိသည်။ တကယ်ဆို နေရောင်မရှိလျှင်တောင်မှ ဒီပုံရိပ်လွှာတို့ကို သူမြင်နိုင်ပါသည်။ မြင်နိုင်သည့် စွမ်းပကား သူ့မှာ ရှိသည်၊ အဘယ်ကြောင့်ဆိုသော် အတိတ်ပုံရိပ်လွှာတို့က သူ့ရဲ့ဦးနှောက်၊ ထိုမျှမက သူ့နှလုံးသားထဲ အထိပါ အမြဲထင်ဟပ်ပေါ်လွင်နေသော ကြောင့်ပင်။
မျောက်တွေကို အကြောင်းပြုပြီး သူဝင်ရောက်ခဲ့ဖူးသည့် သော့်ရင်ခွင်က ချင်းတောင်၏ အေးစက်စက်ရာသီဥတု ဒဏ်မှ သူ့အားနွေးထွေစေမလားလို့ သူတွေးနေမိသည်။ နွေးထွေးလွန်းတဲ့ ဒီရင်ခွင်ကနေ သူ့အတွက် အေးချမ်းလှသည့်အချစ်တွေနှင့် ကြင်နာပေးခဲ့ဖူးသူကို သူကိုယ်တိုင်ပဲ အဝေးကို ရောက်စေခဲ့သည်။
အခုထိ သူ့အား သစ္စာမပျက် ချစ်နေသူကို သူ့ဘာကြောင့်များ ဒီလောက်ထိ ရက်စက်မိသလဲ သူကိုယ်တိုင်ပင်မတွေးတတ်တော့ပေ။
"အဝန်းရေ ထမင်းစားမယ်ဟေ့..."
တောင်စဥ်ရေမရနဲ့ အတိတ်တွေကို ပြန်လွမ်းပြီး နာကျင်နေသည်က ဘယ်လောက်အထိကြာသွားသလဲ သူမသိတော့။ အခုအချိန်မှာ သူသည် အရာရာကို ပြီးဆုံးသွားချင်သည့် စိတ်တွေဖြစ်ပေါ်လို့နေလေသည်။
ဒီနာကျင်ကြေကွဲနေသည့် ခံစားချက်တို့သည် သူ့ထံပါးမှာ ဘယ်သောအခါများမှ အဆုံးသတ်မည်ကိုတွေးရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ စာကြည့်စားပွဲ ကနေ ထ,လာခဲ့လိုက်သည်။
"ထိုင် အဝန်း..."
ထမင်းခူးနေသူသည် သူ့အား ကြည်လင်စွာပင်ပြုံးပြလေသည်။ တကယ်ပဲ ဒီအပြုံးတွေက သူ့ဒဏ်ရာတွေကို သက်သာစေပါသည်။
"မနက်ဖြန်တော့ ငါလည်း ခွင့်ရက်ယူလိုက်မယ်။ ဒီအနီးအနားကို လိုက်ပို့ပေးမယ်လေ။ မင်းရော...စေတနာ့ဝန်ထမ်း လုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား။"
"အင်း..လုပ်မယ်။ ဒီတိုင်းလည်း အချိန်တွေကုန်သွားမှာပဲလေ။ အလုပ်တစ်ခုခု လုပ်နေလိုက်တာက ကောင်းပါတယ်။"
"အင်း တွေးတာကောင်းတယ်။ ဒါလေး စားကြည့်..."
ကြည်လင်နေသည့် အပြုံးတို့နှင့် တစ်မျိုးပြီးတစ်မျိူး မရိုးနိုင်အောင် အနားကနေလိုလေသေးမရှိ ဂရုစိုက်ပေးသူကြောင့် ထမင်းတော်တော်များများ စားဖြစ်ခဲ့သည်။
ထမင်းစားပြီးတော့ အိမ်ထဲမှာပဲ ဟိုဟိုဒီဒီလျှောက်ကြည့်နေရင်းမှ သတိရသွားသည်က ညနေက ကိစ္စပင်။ ဘာရယ်မဟုတ် သူ့စိတ်ထဲရှိသည်ကို အတည်ပြုလိုက်ချင်သည်။
ထို့ကြောင့် ပန်းကန်ဆေးနေသူထံသို့ လျှောက်သွားလိုက်ပြိီး...
"ညနေက ကလေးမလေးကလေ အကိုကြီး။ သူ့ကိုကြည့်ရတာ တစ်ခုခုများ..."
တစ်ဖက်သားကို မသေချာပဲနှင့် အရမ်းပြောဖို့ရန် မသင့်သည်မို့ စကားစကြည့်လိုက်တော့ အကိုကြီးက ရေစင်အောင် ဆေးပြီး လက်ကို အဝတ်တစ်ခုနှင့် သုတ်နေသည်။ ပြီးမှပဲ အဝန်းဘက်သို့ကြည့်ကာ...
"ဟုတ်တယ် အဝန်း။ ချစ်ခြင်းက ကံဆိုးပါတယ်ကွာ။ ချစ်ခြင်းအမေက ချစ်ခြင်းကို ဒီဆေးရုံမှာပဲ လာမွေးတာလေ။ အဲ့ဒီတုန်းက သွေးအရေးပေါ်လိုအပ်နေတော့ သွေးမစစ်ပဲ သွင်းလိုက်ရာကနေ မိခင်မှာ HIV ကူးစက်သွားတယ်။
ကလေးမွေးပြီး တစ်လ လောက်ကြာတော့ မိခင်က အသက်ဆုံးရှုံးသွားတယ်တဲ့။ အဲ့ဒီမိခင်နဲ့ ဆက်ဆံတဲ့ ဖခင်ကလည်း ပိုးကူးစက်သွားတယ်ပေါ့ကွာ။ ဖခင်ကတော့ ချစ်ခြင်းလေး ၆လသမီးအရွယ်မှာ ဆုံးတယ် ပြောတာပဲ။ "
"ဒါဆို ကိုသုခ ကလေးမဟုတ်ဘူးပေါ့။"
"မဟုတ်ဘူး..ဒါပေမယ့် မွေးလူနာအတွက် သွေးမစစ်ပဲ အရေးပေါ်သွေးသွင်းပေးလိုက်တဲ့ စေတနာ့ဝန်ထမ်းက အကိုကြီးသုခ ဖြစ်နေတာ။"
"ဗျာ...."
"အင်း အဲ့တာကြောင့်ပဲ အကိုကြီးက ကလေးတစ်ယောက်အဖေဖြစ်သွားရတာပဲ။ ဆေးထိုးအပ်ပြန်ကိုင်ဖို့ကို လုံးဝစိတ်မကူးတော့ပဲ ချစ်ခြင်းလေးနဲ့ သူ့ဘဝကို ဒီချင်းတောင်တန်းပေါ်မှာ မြှုပ်နှံလိုက်တာ။ "
"ဒီကိစ္စကို ကိုကို့ကို ပြောပြသင့်တယ်ထင်တယ်..."
"အကိုကြိီးက အပြောမခံဘူး။ ကိုကို့ဘဝလေး ပျော်နေတာကို သူ,မဖျက်စီးချင်ဘူးတဲ့။"
"ကိုသုခက ကိုကို့ကို ချစ်နေလျက်နဲ့...."
အဝန်းမှာ သုခ၏ အဖြစ်အပျက်တို့ကို နားထောင်ပြီး ဆက်ပြောဖို့ရန်အတွက် စကားတို့ပျောက်ဆုံးသွားရသည်။
တကယ်ဆို ငယ်စဥ်ကတည်းက သံယောဇဥ်တွယ်လာကြသည့် လူနှစ်ယောက်။ ကျန်ခဲသည့်သူက'ကိုကိုကပဲ ချစ်တာပါ' လို့ပြောပြီး နောက်ထပ် အချစ်သစ်နှင့် တွေ့ဆုံသွားသည်။
ထွက်သွားသူကလည်း ဘယ်လောက်တောင်မှလဲဆိုတော့ နာမည်ကိုတောင်....
'ချစ်ခြင်းတည်တံ့မောင်' ဟု ကင်ပွန်းတပ်ပေးထားသည်။
ဤနာမည်ကြားရုံနဲ့တင် ကိုကိုတစ်ယောက် အရူးတစ်ပိုင်းဖြစ်သွားမှာကို အဝန်းခန့်မှန်းလို့ရပါသည်။ အချစ်သစ်ဘယ်လောက်ပဲ ချစ်ချစ်ပါ အချစ်ဦးကို ဘယ်မှီနိုင်ပါ့မလဲ။ အချစ်ဦးဆိုတဲ့သူက သူ့အပေါ်အခုထိ ချစ်နေဆဲဆိုတာကို ကိုကိုသာသိသွားလျှင်....
ဒီလိုသာဆို သူ့ဘက်က ခံစားချက်တွေကို သော်သာ အမှန်အတိုင်းသိသွားလျှင် အခုလိုမျိုး အဝေးမှာ သော် နေပါ့မလားလို့ သူတွေးမိသွားသည်။
သို့သော်လည်း ထိုအတွေးတို့ကို မောင်းထုတ်လိုက်ပြီး...
"ချစ်ခြင်းတည်တံ့မောင်" ဆိုသည့် နာမည်ကို ရေရွတ်မိသည်။
ကိုသုခပေးထားသည့် ဒီနာမည်လေးကို အဝန်းသဘောကျမိသည်။ 'ချစ်ခြင်းတည်တံ့မောင်'တဲ့။ သုခမောင်ဆိုသည့် ကိုသုခ၏ ချစ်ခြင်းတို့က တည်တံ့ကိုကိုဆိုသော ကိုကို့အပေါ်တွင် အမြဲတည်တံ့နေခဲ့သည်ကို ကိုကို့အား သိစေချင်သည်။
*ဖလင်ချပ်ဆိုတာလေးကို နမူနာပြမယ်နော်...
_________________
Zawgyi...
"ကိုေက်ာ္ေလး ထ..ထ၊ အတန္းခ်ိန္ေနာက္က်ေတာ့မယ္။"
ေတြ႕သမွ်စာအုပ္အကုန္ လြယ္အိတ္ထဲ ထိုးထည့္ေနရင္းမွ ျမတ္ဘုန္းက ျပည့္ၿဖိဳးေက်ာ္ကို ႏႈိးေလသည္။
သို႔ေသာ္လည္း ေဘာလုံးေဘာင္းဘီ တစ္ထည္တည္းျဖင့္ ေခြေခါက္ကာ အိပ္ေနရွာသည့္ ျပည့္ၿဖိဳးေက်ာ္သည္ အခုအခ်ိန္အထိ အိမ္မက္ကမာၻထဲမွ ထ,မလာေသးေပ။ ဒါကို ျမတ္ဘုန္းကလည္း ဆက္မႏႈိးေတာ့ပဲ...
"အကိုႀကီး...ကိုေက်ာ္ေလးကို ႏိုးဦးဗ်ာ။ ကြၽန္ေတာ္ ေနာက္က်ေနလို႔။"
ဧည့္ခန္းမွာ လက္ဖက္ရည္ထည့္ေနေသာ အဝန္းကို ေျပာကာ ခ်က္ခ်င္းပဲ ေျပးထြက္သြားသည့္ ျမတ္ဘုန္းေၾကာင့္ အဝန္းသည္...
"သိမ့္သိမ့္ကို ဖုန္းဆက္ဦးမွ.." ဟု ခပ္က်ယ္က်ယ္ေအာ္လိုက္ေလသည္။
"ထ,ၿပီဗ်ိဳ႕..."
ခ်က္ခ်င္းပဲ အိပ္ရာကေနထ,လာသည့္ ေက်ာ္ေလးသည္ မ်က္ႏွာသစ္ဖို႔ရန္အတြက္ ဆပ္ျပာျခင္းယူလာသည့္တိုင္ မ်က္လုံးႏွစ္ဖက္က မွိတ္ထားဆဲပင္။ မ်က္စိမွိတ္ၿပီး အေဆာင္ထဲကေန ထြက္သြားသည္က ေက်ာက္စည္အေရာက္ တန္းလို႔။
ဘုန္း !!!
"ေဟ့ေကာင္..."
ႀကီးမားသည့္ ေက်ာက္ေဆာင္ႏွင့္ တိုက္မိသည္မဟုတ္ပဲ မီးေတာင္တစ္ခုႏွင့္တိုက္မိသည့္ႏွယ္ အသံသည္ ေပါက္ကြဲအားက ျပင္းထန္လြန္း၏။
"ေတာင္းပန္ပါတယ္ ကိုသက္...ကြၽန္ေတာ္ မျမင္လိုက္လို႔ပါ။"
"ေစာက္လုံးကို မွိတ္ၿပီး လမ္းမေလွ်ာက္နဲ႔လို႔ ဘယ္ေလာက္ေျပာေျပာေနာ္ မင္း..."
မ်က္ႏွာသစ္ၿပီးကာစ ႏုဖက္အုအက္ေနသည္ႏွင့္မလိုက္ေအာင္ ေဟာက္စားလုပ္ေနရွာသည့္ ကိုသက္ကို ျပည့္ၿဖိဳးေက်ာ္ေၾကာက္ပါသည္။ ထို႔ေၾကာင့္ ဘာမွခြန္းတုန္႔မျပန္ရဲပဲ ကုတ္ေခ်ာင္းေခ်ာင္းနဲ႔ပဲ ကိုသက္ေရွ႕ကေန ထြက္ခဲ့လိုက္သည္။
"အခ်ိဳးကို မေျပဘူး...."
ျပည့္ၿဖိဳးေက်ာ္က ေရစည္နားကို ေရာက္ေနၿပီျဖစ္ေသာ္လည္း ထုံးစံအတိုင္း သက္လ်ာ၏ ေဒါသစိတ္တို႔က ေျပေလ်ာ့မသြားေသးေပ။
"ငါ့အတြက္ေရာ..."
လက္ဖက္ရည္ေသာက္ဖို႔ရန္အတြက္ ခြက္ကေလးကိုင္သည္ဆို႐ုံမွ်ရွိေသးသည္။ မတတ္ႏိုင္ ခြက္ကို စားပြဲခုံမွာ ျပန္ခ်လိုက္ၿပီး အိတ္ထဲရွိ လက္ဖက္ရည္အား ခြက္အလြတ္ထဲသို႔ ေျပာင္းလဲထည့္လိုက္ၿပီး ကိုသက္ေရွ႕သို႔ ခ်ေပးလိုက္ရသည္။
"မင္းက တကယ္ခ်င္းျပည္ဘက္သြားမယ္ေပါ့။"
"အင္း။ အဲ့လိုပဲ လုပ္မလားလို႔။ အကိုႀကီးနဲ႔မေတြ႕ရတာ ၾကာၿပီေလ။ ေရာက္လည္းမေရာက္ဖူးဘူး ဆိုေတာ့ အေတြ႕အႀကဳံအသစ္မ်ားရမလားလို႔.."
"မသိပါဘူးကြာ။ ဟိုေကာင္ကေတာ့ ခ်င္းျပည္မွာေပ်ာ္ေနလိုက္တာမ်ား ငါ့ကိုမေျပာနဲ႔ မင္းဆီကိုေတာင္ေရာက္မလာဘူး။ ဒီေကာင္ ငါတို႔နဲ႔ေဝးရာမွာ ေအးခ်မ္းေနတယ္နဲ႔တူတယ္..."
ေျပာရင္းမွ သက္လ်ာသည္ လက္ဖက္ခြက္ကို ယူေသာက္ရင္း ၿပဳံးမိသြားသည္။
"အရင္ကဆို ၾကည္သာလုပ္ေပးတာပဲ ေသာက္လာတာေနာ္ မင္း..."
"ဟုတ္ပါ့ဗ်ာ..အခုမွ ကြၽန္ေတာ္က ျပန္လုပ္ေပးေနရတယ္။ အကိုႀကိီးမရွိတာ မပိုင္ပါဘူးဗ်ာ။"
"မင္း သူ႔ဆီကို စာေရးျဖစ္ရဲ႕လား ။"
"ကြၽန္ေတာ္ကေရးပါတယ္။ ဒါေပမယ့္ အကိုႀကီးဆီက ျပန္စာကေတာ့ ၾကာလွမွတစ္ေခါက္ေရာက္တာ။ စာထဲမွာလည္း ကြၽန္ေတာ့္ကို သူ႔ဆီလာလည္ေစျခင္းေၾကာင္းေတြပဲ ထပ္ေနတာ။"
ပိုင္ႏိုင္စြာႏွင့္ အထက္စီးဆန္စြာၿပဳံးရင္း အဝန္းသည္ လက္ဖက္ခြက္ကို တစ္က်ိဳက္ ေမာ့ခ်ေလသည္။ ထိုအခါမွာ သက္လ်ာသည္ အိတ္ကပ္ထဲမွ စီးကရက္ႏွင့္ မီးျခစ္ကို ယူၿပီး ေဆးလိပ္မီးညႇိသည္။
ေဆးလိပ္အေငြ႕တို႔အား အဝရႉသြင္းလိုက္ၿပီး မႈတ္ထုတ္လိုက္သည္က ပုံပန္းက်နစြာႏွင့္ပင္။
"ငါ့ဆီကိုေတာ့ မင္းနဲ႔အဆင္ေျပေအာင္ေနဖို႔ပဲ မွာတယ္။"
စိတ္ပ်က္တာမ်ိဳး မဟုတ္ပဲ စိတ္မေကာင္းျဖစ္မိသည္ဆို႐ုံႏွင့္တင္ သက္လ်ာမ်က္ႏွာဟာ ႏြမ္းလ်လ်။
"ကိုသက္လည္း လိုက္ခဲ့ပါလား။"
"မအားတာကိုကြာ..အားမွေတာ့ မင္းေတာင္ေခၚစရာမလိုဘူး။ အသက္ႀကီးလာေတာ့ အားလပ္ခ်ိန္က တကယ္ပဲရွားလာတယ္။"
သက္လ်ာ၏ ပါးစပ္ကသာ အခ်ိန္ရွားသည္ဟု ေျပာေနသည္။ တကယ္တမ္း လက္ေတြ႕မွာေတာ့ ဇိမ္က်က်နဲ႔ထိုင္ၿပီး စီးကရက္ဖြာေနသည္။
"ဟိုေရာက္ရင္ ဘာေျပာေပးရဦးမလဲ။ ကြၽန္ေတာ္က မနက္ျဖန္ သြားမွာ။"
"အိမ္မျပန္ေတာ့ဘူးလား မင္းက..."
"ဟင့္အင္း။ အိမ္ကို ေျပာခဲ့ၿပီးသားေလ။ အေကြးကလည္း သူ႔သူငယ္ခ်င္းေတြနဲ႔သူ အားတယ္ကိုမရွိေတာ့ ကြၽန္ေတာ္လည္း အိမ္မွာတစ္ေယာက္တည္း ပ်င္းတာနဲ႔ အကိုႀကီးဆီပဲ အေစာသြားလိုက္ေတာ့မလို႔။"
"အင္း...အေထြအထူးေတာ့မရွိပါဘူး။ သိပ္ေပ်ာ္မေနနဲ႔လို႔ေတာ့ ေျပာေပး။ မင္းေရာေနာ္...ငါမပါပဲ သိပ္ေပ်ာ္မေနၾကနဲ႔။"
"ဟုတ္ကဲ့ပါဗ်ာ...."
တယ္လည္း စိတ္ပုတ္လွတဲ့ ကိုသက္၏ အေျပာကို အဝန္းကေတာ့ တီးတိန္ေဆး႐ုံဝန္းထဲ ေရာက္ေရာက္ျခင္းမွာပဲ ေမ့ေလ်ာ့သြားေတာ့သည္။
ဂ်ဴတီဂုတ္ဝတ္ထားဆဲျဖစ္သည့္ အကိုႀကီး၏ ပုံသည္ ႏြမ္းလ်ေနေသာ္လည္း ၾကည့္လို႔ေကာင္းဆဲပင္။
"လာေလ အဝန္း..."
ေဆး႐ုံတံခါးမွာ ရပ္ေနသူထံ ေလွ်ာက္လာၿပီး အဝန္းလက္ထဲရွိ အထုတ္တို႔ကို လႊဲေျပာင္းယူေပးသည္က အရင္ကအတိုင္း နည္းနည္းေလးမွမေျပာင္းလဲသည့္ ၾကည္သာ့ အက်င့္ေတြပင္။
"ရာသီဥတု အေျပာင္းအလဲေၾကာင့္ အေႏြးထည္ထူထူဝတ္သင့္တာကိုကြာ.."
ေျပာေနဆိုေနရင္းနဲ႔ပဲ သူ႔အခန္းထဲရွိ ၿခဳံေစာင္ကို ယူလာေပးၿပီး အဝန္း၏ ကိုယ္ေပၚမွာ လႊမ္းၿခဳံေပးေလသည္။
"ေကာ္ဖီ ပူပူေလးေဖ်ာ္လိုက္ဦးမယ္ေနာ္..."
ေစာင္ၿခဳံထဲမွ အဝန္းသည္ ၾကည္သာအေျပာကို ေခါင္းသာၿငိမ့္ျပလိုက္သည္။ အဝန္း တကယ္ပဲ ေအးေနသည္။ မႏၲေလး အပူခ်ိန္ႏွင့္ ခ်င္းျပည္နယ္ရာသီဥတုက ငရဲျပည္ႏွင့္ လူ႔ဘုံအလားပဲ ကြာျခားလို႔ေနသည္ကို သူကိုယ္ေတြ႕ ခံစားလိုက္ရသည္။
ေအးလိုက္သည္မွ ရင္ထဲအသည္းထဲကပင္ လိုက္ခနဲ....
"ဦးဦးေဒါက္တာ...."
အသံေၾကာင့္ အဝန္းသည္ တံခါးေပါက္ဆီသို႔ၾကည့္လိုက္ေတာ့ ကေလးမေလး တစ္ဦးကို ေတြ႕လိုက္ရသည္။
"ဝင္ခဲ့ေလ ခ်စ္ျခင္း..."
"ဟုတ္ကဲ့..."
ကေလးမေလးက အိမ္ထဲကို ဝင္လာေလသည္။ ၿပီးေနာက္တြင္ အဝန္းႏွင့္မ်က္ႏွာျခင္းဆိုင္တြင္ ဝင္ထိုင္ေလသည္။
"ဧည့္သည္ ေရာက္ေနတာလားဟင္။ သမီး ဘာကူညီေပးရမလဲ..."
"မလိုပါဘူးဗ်ာ...ဒါနဲ႔ ခ်စ္ျခင္းက ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ..."
ေကာ္ဖီအပူကို ယူေသာက္ေနရင္းမွ အဝန္းသည္ ၾကည္သာႏွင့္ ထိုကေလးမေလးကို အကဲခတ္ေနမိသည္။
"ေဖေဖက ဆိတ္သားေပးခိုင္းလို႔ လာေပးတာ။"
လက္ထဲမွာကိုင္ေဆာင္ထားသည့္ အထုတ္ကေလးကို စားပြဲေပၚတင္ေပးသည့္အခါ အဝန္းျမင္လိုက္ရသည္က ကေလးမေလး၏ လက္ဖမိုးမွ အဖုအပိန္႔ေတြက..မဟုတ္မွလြဲေရာ...
"ဒုကၡရွာလို႔ သမီးရယ္။ ဦးဦးက ေစ်းမွာ ဝယ္စားလို႔ရတာပဲကို။ ေနာက္ဆို ခရီးကေဝးတယ္ အပင္ပန္းခံၿပီး လာမေပးနဲ႔။ သမီးတို႔ဆီကို ဦးဦးလာလည္ပါ့မယ္။"
"ေျပာတာပါပဲ ဦးဦးေဒါက္တာက၊ ၿပီးရင္ လာတာလဲ မဟုတ္ဘူး။ သမီးနဲ႔ ေဖေဖ့မွာ ေမွ်ာ္လိုက္ရတာ ေျပာမေနနဲ႔။"
ႏွာေခါင္းခ်ဳံ႕ၿပီး မ်က္ခ်ည္မ်က္စေတြႏွင့္ ေျပာလာသည့္ ကေလးမေလးရယ္ အကိုႀကီးက ပခုံးေတြလႈပ္သည္အထိ ရယ္ၿပီး...
"အဲ့ဒီတုန္းက အေရးႀကီးလူနာေရာက္လာလို႔ပါကြ။" ဟု ေျပာသည္။
"ဒါဆို ဆက္ဆက္လာရမယ္ေနာ္.."
ေျပာၿပီး လက္မေထာင္ျပသည့္ ခ်စ္ျခင္းကို ၾကည္သာ့ဘက္ကလည္း လက္မေထာင္ျပရင္း...
"ကတိပါကြာ..."
"သမီးေရ အိမ္ျပန္ရေအာင္..."
ကေလးမေလး၏ အေဖျဖစ္မည္ထင္၏။ ထိုသူသည္ အထဲမဝင္ေတာ့ပဲ အျပင္မွပင္လွမ္းေအာ္ေလသည္။ ဘာရယ္မဟုတ္ အဝန္းၾကည့္မိလိုက္ေတာ့ ထိုသူသည္...
"သု ခ ေမာင္...."
ထိုနာမသည္ တိုးတိတ္စြာႏွင့္ပင္ အဝန္း၏ႏႈတ္ဖ်ားမွ ထြက္သြားေလသည္။
"အိမ္ထဲ ဝင္ဦးေလ အကိုႀကီး..."
"မဝင္ေတာ့ဘူး ၾကည္သာ။ မင္းအားမွပဲ ငါတို႔ဘက္ကိုလာခဲ့ကြာ...အခုေတာ့ သမီးကို ေသြးသြင္းလိုက္ဦးမယ္။ မင္းက duty offတယ္ဆို.."
"ဟုတ္တယ္။ ဧည့္သည္ေရာက္ေနလို႔ေလ။"
"ေအးေအး...လာ သမီး၊ သြားရေအာင္။"
"ဟင့္အင္း သမီးက ဦးေဒါက္တာနဲ႔ပဲ ကုခ်င္တာ။ ဟိုဆရာဝန္က ဥိီးေဒါက္တာလိုလည္း မေခ်ာဘူး။ အဲ့က် အပ္က နာတယ္..."
ခုံေပၚမွာ ထိုင္လ်က္ကပင္ ေျပာေလတဲ့ ဒီကေလးမ၏ စကားေၾကာင့္ အဝန္းတင္မဟုတ္ပဲ ၾကည္သာကိုယ္တိုင္လည္း ရယ္ေမာေလသည္။ ခဏၾကာမွ ၾကည္သာသည္ ရယ္ရွိန္ကို သတ္ကာ..
"အဲ့လိုလည္း မဟုတ္ဘူးေလ သမီးရဲ႕။ "
"ဟင့္အင္း ဟင့္အင္း..."
ကေလးမေလးက အတင္းျငင္းဆန္ေတာ့ အကိုႀကီးက အဝန္းကို တစ္ခ်က္ၾကည့္လာသည္။
ဒီအၾကည့္ေၾကာင့္ပဲ အဝန္းေတြးမိသည္က...'အကိုႀကီးက ငါ့ကိုထားခဲ့ၿပီး ဒီကေလးမေလးေနာက္ ပါသြားမွာေတာ့ မဟုတ္ပါဘူးေနာ္'။ ကေလးဆန္တယ္ပဲ ေျပာေျပာပါ။ အဝန္း ဘယ္လိုမွ မေနႏိုင္ပဲ..
"ကြၽန္ေတာ္က အခုမွေရာက္တာေနာ္ အကိုႀကီး" ဟု ထုတ္ေျပာမိသြားသည္။
တစ္ဖက္က ကေလးအေဖ ဘယ္လိုထင္သည္လဲဆိုတာကို မေတြးေတာ့ပဲ စိတ္ထဲရွိသမွ် ေျပာခ်ၿပီးကာမွ တိုးကပ္လာသည့္ ေျခသံေၾကာင့္ တစ္ဖက္သားအေပၚမွာ အားနာစိတ္ကေလး ဝင္သြားသည္။
သို႔ေသာ္လည္း ေနာက္က်သြားၿပီျဖစ္၏။
"သမီး သြားရေအာင္။ ဦးမွာက ဧည့္သည္ရွိေနတာကို မဆိုးရဘူးေလ..."
"ဟင့္အင္း မသြားဘူးလို႔၊ ဦးေဒါက္တာနဲ႔မွ..."
"ေဖေျပာေနတယ္ ခ်စ္ျခင္းတည္တံ့ေမာင္"
"ဟင့္ အီိးးး...ေဖေဖ ခ်စ္ျခင္းကို မလိုခ်င္ေတာ့ဘူးလား။ ေဖေဖ မခ်စ္ေတာ့ဘူး မဟုတ္လား...ခ်စ္ျခင္းကိုစိတ္မရွည္ေတာ့ဘူး အီးးးဟီးးးး..."
ထိုအေျပာမွာ အေဖျဖစ္သူက အေတာ္ေလး ျပာယာခတ္သြားေလသည္။ သမီးျဖစ္သူ၏ ေရွ႕ကို ဒူးေထာက္လို႔ ထိုင္ခ်ၿပီး..
"မဟုတ္ပါဘူး သမီးရယ္၊ ေဖေဖေတာင္းပန္ပါတယ္။ ေဖေဖ သမီးကို ခ်စ္ပါတယ္ကြယ္။ "
ထိုသို႔ တဖြဖြေျပာရင္း အတန္ၾကာသည္အထိ သမီးနဲ႔အၿပိဳင္ မ်က္ရည္က်ေနသည့္ အေဖျဖစ္သူရယ္ေၾကာင့္ အဝန္းမွာ ေကာ္ဖီပင္ ဆက္မေသာက္ႏိုင္ပဲ ငိုင္စင္းေနရသည္။
"လာ သမီး၊ ေဖေဖတို႔ သြားရေအာင္ေနာ္.."
"ဟုတ္ကဲ့ ဟင့္!!!"
ကေလးမေလးသည္ ရႈိက္ငင္ေနလ်က္ကပင္ သူ႔အေဖ ေပြ႕ခ်ီိၿပီးေခၚေဆာင္ရာသို႔ ပါသြားေလသည္။ ထိုသားအဖ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္ႏွင့္ အဝန္းသည္..
"မေျပာနဲ႔ေနာ္ အကိုႀကီး...အဲ့ဒီလူက ကိုသုခေမာင္လို႔။"
"အဝန္းက သိလို႔လား။"
"က်စ္..ဒီဉာဏ္နဲ႔ ဒီပါးစပ္ကို..."
သူ႔ကိုယ္သူ က်ိမ္းဝါးေနသည့္ အဝန္းေၾကာင့္ ၾကည္သာသည္ နားမလည္ႏိုင္ပဲ..
"ဘာျဖစ္လို႔လဲ.." ဟု ထုတ္ေမးလိုက္ရသည္။
"က်စ္..အကိုႀကီး တစ္ခါျပဖူးတယ္ေလ။ ဓာတ္ပုံေလ.."
"ကိုယ္ေတာင္ေမ့ေနၿပီ၊ အဝန္းက မွတ္ဉာဏ္အရမ္းေကာင္းတာပဲ။"
"အဲ့ေလာက္ႀကီးလည္း မဟုတ္ပါဘူးဗ်ာ။ ကေလးမေလး နာမည္ေၾကာင့္ ေသခ်ာသြားတာ။ ခ်စ္ျခင္းတည္တံ့ေမာင္တဲ့...ဒီလူ တကယ္မလြယ္ဘူးပဲ။ ကိုကိုသာသိရင္ ရင္ဘက္စည္တီးၿပီး ငိုမွာသိလား။ ဘယ္ႏွယ့္ဗ်ာ...တျခားမိန္းမနဲ႔ရတဲ့ ကေလးကိုမွ အခ်စ္ဦးေယာက်ာ္းေလးရဲ႕ နာမည္ပါေအာင္ မွည့္ေပးတယ္လို႔...."
"အဲ့လို မဟုတ္ဘူး အဝန္းရ။ တကယ္ေတာ့ ေျပာရရင္ ရွည္တယ္။ ေနာက္မွပဲ ေအးေဆးေျပာၾကတာေပါ့ကြာ။ ကဲ အခုေတာ့ မင္းအတြက္ စားဖို႔ခ်က္လိုက္ဦးမယ္။ စာဖတ္ခ်င္ ဖတ္ေန..."
"မဖတ္ခ်င္ေသးဘူး။ အကိုႀကီးရဲ႕ဖလင္လိပ္ေတြေရာ..."
"အခန္းထဲက စာၾကည့္စားပြဲေပၚမွာ ဗူးေလးနဲ႔ထည့္ထားတယ္။"
ေျပာေနရင္းမွပဲ အေစာက ကေလးမေလးယူလာေပးသည့္ အထုပ္အမည္းေလးကို ဆြဲကိုင္ကာ မီးဖိုဘက္သို႔ ဝင္သြားၿပီျဖစ္သည့္ ၾကည္သာ့ကို အဝန္းဘာမွဆက္မေမးေတာ့ပဲ ေစာင္ၿခဳံထဲမွာပဲ ေကြးေနလိုက္ေတာ့သည္။
ေကြးေနရင္းႏွင့္ ၾကာလာေတာ့ လြမ္းလာသည္မို႔ ၿခဳံေစာင္ကို ဖယ္ခြာရင္း ဖလင္လိပ္ဆီသို႔ အာ႐ုံပို႔လိုက္မိသည္။
ဖလင္ေတြကို ယူၾကည့္ရင္းမွ ပုပၸါးမွာရွိခဲ့သည့္ အမွတ္တရတို႔က တနင့္တပိုး...
အေပၚစီးမွေန၍ ႐ိုက္ထားပါေသာ ဒီဖလင္ခ်ပ္ေလးကို မွိန္ျပျပေနေရာင္ကို အားကိုးလို႔ ၾကည့္မိသည္။ တကယ္ဆို ေနေရာင္မရွိလွ်င္ေတာင္မွ ဒီပုံရိပ္လႊာတို႔ကို သူျမင္ႏိုင္ပါသည္။ ျမင္ႏိုင္သည့္ စြမ္းပကား သူ႔မွာ ရွိသည္၊ အဘယ္ေၾကာင့္ဆိုေသာ္ အတိတ္ပုံရိပ္လႊာတို႔က သူ႔ရဲ႕ဦးေႏွာက္၊ ထိုမွ်မက သူ႔ႏွလုံးသားထဲ အထိပါ အၿမဲထင္ဟပ္ေပၚလြင္ေနေသာ ေၾကာင့္ပင္။
ေမ်ာက္ေတြကို အေၾကာင္းျပဳၿပီး သူဝင္ေရာက္ခဲ့ဖူးသည့္ ေသာ့္ရင္ခြင္က ခ်င္းေတာင္၏ ေအးစက္စက္ရာသီဥတု ဒဏ္မွ သူ႔အားေႏြးေထြေစမလားလို႔ သူေတြးေနမိသည္။ ေႏြးေထြးလြန္းတဲ့ ဒီရင္ခြင္ကေန သူ႔အတြက္ ေအးခ်မ္းလွသည့္အခ်စ္ေတြႏွင့္ ၾကင္နာေပးခဲ့ဖူးသူကို သူကိုယ္တိုင္ပဲ အေဝးကို ေရာက္ေစခဲ့သည္။
အခုထိ သူ႔အား သစၥာမပ်က္ ခ်စ္ေနသူကို သူ႔ဘာေၾကာင့္မ်ား ဒီေလာက္ထိ ရက္စက္မိသလဲ သူကိုယ္တိုင္ပင္မေတြးတတ္ေတာ့ေပ။
"အဝန္းေရ ထမင္းစားမယ္ေဟ့..."
ေတာင္စဥ္ေရမရနဲ႔ အတိတ္ေတြကို ျပန္လြမ္းၿပီး နာက်င္ေနသည္က ဘယ္ေလာက္အထိၾကာသြားသလဲ သူမသိေတာ့။ အခုအခ်ိန္မွာ သူသည္ အရာရာကို ၿပီးဆုံးသြားခ်င္သည့္ စိတ္ေတြျဖစ္ေပၚလို႔ေနေလသည္။
ဒီနာက်င္ေၾကကြဲေနသည့္ ခံစားခ်က္တို႔သည္ သူ႔ထံပါးမွာ ဘယ္ေသာအခါမ်ားမွ အဆုံးသတ္မည္ကိုေတြးရင္း သက္ျပင္းအရွည္ႀကီးတစ္ခ်က္ခ်ကာ စာၾကည့္စားပြဲ ကေန ထ,လာခဲ့လိုက္သည္။
"ထိုင္ အဝန္း..."
ထမင္းခူးေနသူသည္ သူ႔အား ၾကည္လင္စြာပင္ၿပဳံးျပေလသည္။ တကယ္ပဲ ဒီအၿပဳံးေတြက သူ႔ဒဏ္ရာေတြကို သက္သာေစပါသည္။
"မနက္ျဖန္ေတာ့ ငါလည္း ခြင့္ရက္ယူလိုက္မယ္။ ဒီအနီးအနားကို လိုက္ပို႔ေပးမယ္ေလ။ မင္းေရာ...ေစတနာ့ဝန္ထမ္း လုပ္ဖို႔ ဆုံးျဖတ္ၿပီးၿပီလား။"
"အင္း..လုပ္မယ္။ ဒီတိုင္းလည္း အခ်ိန္ေတြကုန္သြားမွာပဲေလ။ အလုပ္တစ္ခုခု လုပ္ေနလိုက္တာက ေကာင္းပါတယ္။"
"အင္း ေတြးတာေကာင္းတယ္။ ဒါေလး စားၾကည့္..."
ၾကည္လင္ေနသည့္ အၿပဳံးတို႔ႏွင့္ တစ္မ်ိဳးၿပီးတစ္မ်ိဴး မ႐ိုးႏိုင္ေအာင္ အနားကေနလိုေလေသးမရွိ ဂ႐ုစိုက္ေပးသူေၾကာင့္ ထမင္းေတာ္ေတာ္မ်ားမ်ား စားျဖစ္ခဲ့သည္။
ထမင္းစားၿပီးေတာ့ အိမ္ထဲမွာပဲ ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ေနရင္းမွ သတိရသြားသည္က ညေနက ကိစၥပင္။ ဘာရယ္မဟုတ္ သူ႔စိတ္ထဲရွိသည္ကို အတည္ျပဳလိုက္ခ်င္သည္။
ထို႔ေၾကာင့္ ပန္းကန္ေဆးေနသူထံသို႔ ေလွ်ာက္သြားလိုက္ၿပိီး...
"ညေနက ကေလးမေလးကေလ အကိုႀကီး။ သူ႔ကိုၾကည့္ရတာ တစ္ခုခုမ်ား..."
တစ္ဖက္သားကို မေသခ်ာပဲႏွင့္ အရမ္းေျပာဖို႔ရန္ မသင့္သည္မို႔ စကားစၾကည့္လိုက္ေတာ့ အကိုႀကီးက ေရစင္ေအာင္ ေဆးၿပီး လက္ကို အဝတ္တစ္ခုႏွင့္ သုတ္ေနသည္။ ၿပီးမွပဲ အဝန္းဘက္သို႔ၾကည့္ကာ...
"ဟုတ္တယ္ အဝန္း။ ခ်စ္ျခင္းက ကံဆိုးပါတယ္ကြာ။ ခ်စ္ျခင္းအေမက ခ်စ္ျခင္းကို ဒီေဆး႐ုံမွာပဲ လာေမြးတာေလ။ အဲ့ဒီတုန္းက ေသြးအေရးေပၚလိုအပ္ေနေတာ့ ေသြးမစစ္ပဲ သြင္းလိုက္ရာကေန မိခင္မွာ HIV ကူးစက္သြားတယ္။
ကေလးေမြးၿပီး တစ္လ ေလာက္ၾကာေတာ့ မိခင္က အသက္ဆုံးရႈံးသြားတယ္တဲ့။ အဲ့ဒီမိခင္နဲ႔ ဆက္ဆံတဲ့ ဖခင္ကလည္း ပိုးကူးစက္သြားတယ္ေပါ့ကြာ။ ဖခင္ကေတာ့ ခ်စ္ျခင္းေလး ၆လသမီးအ႐ြယ္မွာ ဆုံးတယ္ ေျပာတာပဲ။ "
"ဒါဆို ကိုသုခ ကေလးမဟုတ္ဘူးေပါ့။"
"မဟုတ္ဘူး..ဒါေပမယ့္ ေမြးလူနာအတြက္ ေသြးမစစ္ပဲ အေရးေပၚေသြးသြင္းေပးလိုက္တဲ့ ေစတနာ့ဝန္ထမ္းက အကိုႀကီးသုခ ျဖစ္ေနတာ။"
"ဗ်ာ...."
"အင္း အဲ့တာေၾကာင့္ပဲ အကိုႀကီးက ကေလးတစ္ေယာက္အေဖျဖစ္သြားရတာပဲ။ ေဆးထိုးအပ္ျပန္ကိုင္ဖို႔ကို လုံးဝစိတ္မကူးေတာ့ပဲ ခ်စ္ျခင္းေလးနဲ႔ သူ႔ဘဝကို ဒီခ်င္းေတာင္တန္းေပၚမွာ ျမႇဳပ္ႏွံလိုက္တာ။ "
"ဒီကိစၥကို ကိုကို႔ကို ေျပာျပသင့္တယ္ထင္တယ္..."
"အကိုႀကိီးက အေျပာမခံဘူး။ ကိုကို႔ဘဝေလး ေပ်ာ္ေနတာကို သူ,မဖ်က္စီးခ်င္ဘူးတဲ့။"
"ကိုသုခက ကိုကို႔ကို ခ်စ္ေနလ်က္နဲ႔...."
အဝန္းမွာ သုခ၏ အျဖစ္အပ်က္တို႔ကို နားေထာင္ၿပီး ဆက္ေျပာဖို႔ရန္အတြက္ စကားတို႔ေပ်ာက္ဆုံးသြားရသည္။
တကယ္ဆို ငယ္စဥ္ကတည္းက သံေယာဇဥ္တြယ္လာၾကသည့္ လူႏွစ္ေယာက္။ က်န္ခဲသည့္သူက'ကိုကိုကပဲ ခ်စ္တာပါ' လို႔ေျပာၿပီး ေနာက္ထပ္ အခ်စ္သစ္ႏွင့္ ေတြ႕ဆုံသြားသည္။
ထြက္သြားသူကလည္း ဘယ္ေလာက္ေတာင္မွလဲဆိုေတာ့ နာမည္ကိုေတာင္....
'ခ်စ္ျခင္းတည္တံ့ေမာင္' ဟု ကင္ပြန္းတပ္ေပးထားသည္။
ဤနာမည္ၾကား႐ုံနဲ႔တင္ ကိုကိုတစ္ေယာက္ အ႐ူးတစ္ပိုင္းျဖစ္သြားမွာကို အဝန္းခန္႔မွန္းလို႔ရပါသည္။ အခ်စ္သစ္ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ပါ အခ်စ္ဦးကို ဘယ္မွီႏိုင္ပါ့မလဲ။ အခ်စ္ဦးဆိုတဲ့သူက သူ႔အေပၚအခုထိ ခ်စ္ေနဆဲဆိုတာကို ကိုကိုသာသိသြားလွ်င္....
ဒီလိုသာဆို သူ႔ဘက္က ခံစားခ်က္ေတြကို ေသာ္သာ အမွန္အတိုင္းသိသြားလွ်င္ အခုလိုမ်ိဳး အေဝးမွာ ေသာ္ ေနပါ့မလားလို႔ သူေတြးမိသြားသည္။
သို႔ေသာ္လည္း ထိုအေတြးတို႔ကို ေမာင္းထုတ္လိုက္ၿပီး...
"ခ်စ္ျခင္းတည္တံ့ေမာင္" ဆိုသည့္ နာမည္ကို ေရ႐ြတ္မိသည္။
ကိုသုခေပးထားသည့္ ဒီနာမည္ေလးကို အဝန္းသေဘာက်မိသည္။ 'ခ်စ္ျခင္းတည္တံ့ေမာင္'တဲ့။ သုခေမာင္ဆိုသည့္ ကိုသုခ၏ ခ်စ္ျခင္းတို႔က တည္တံ့ကိုကိုဆိုေသာ ကိုကို႔အေပၚတြင္ အၿမဲတည္တံ့ေနခဲ့သည္ကို ကိုကို႔အား သိေစခ်င္သည္။
*ဖလင္ခ်ပ္ဆိုတာေလးကို နမူနာျပမယ္ေနာ္...