မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

276K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(41)

3.5K 532 13
By ShweLoon365

(Unicode)

လှိုဏ်ဂူသည် ခြောက်သွေ့အေးမြသော်လည်း အပြင်ဘက်တွင်မူ မိုးကအုံ့မှိုင်းနေလေ၏။ မိုးဖွဲလေးများက ပြင်းထန်စွာကျဆင်းလာကာ မိုးရေများက တောင်ပေါ် သစ်တောများကို ဖြတ်သန်းစီးဆင်းကြပြီး အလွန်မြင့်သော သစ်ပင်ကြီးများသည် ဘယ်ဘယ်ညာညာ ရွေ့လျားနေကြသည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏စကားကိုကြားသောအခါတွင် အနည်းငယ် ထိတ်လန့်သွားကာ
"ငါလည်း လိုက်မယ်"

ရှုဟန်ယွီသည် မိန်းမပျိုလေးကို သတို့သမီးပုံစံ ပွေ့ချီလိုက်သည်။

"အင်း၊ ထျန်းထျန်း နည်းနည်းတော့ သည်းခံလိုက်နော် ကိုယ်တို့ မကြာခင် ပြန်လာမှာပါ"
ရှုဟန်ယွီက တိရိစ္ဆာန်အရေခွံနှင့် တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားတဲ့ မိန်းမပျိုလေးရဲ့မျက်နှာကို ပွတ်သပ်ပြီး ပြောလိုက်သည်။

ရှုကျင်ထျန်းသည် ထိုအချိန်မှပင် သတိဝင်လာခဲ့သည်။ ရှုဟန်ယွီက အမြဲလေးနက်နေခဲ့သည်။ ရှုဟန်ယွီက သူ့ကို အမြဲဂရုစိုက်ပြီး သူ့ကို မိုးရေမစိုစေချင်ခဲ့ပေ။

ဒါပေမယ့် မြွေကြီး အစာရှာသွားတိုင်း သူဟာ လိပ်ပြာသန့်သန့်နဲ့ အိမ်မှာစောင့်နေခဲ့သည်။ တကယ်မသင့်တော်တာပဲ! ထို့ကြောင့် ရှုကျင်ထျန်းက ခေါင်းညိတ်သဘောတူသည်။

ရှုဟန်ယွီသည် မိန်းမပျိုလေးကို မိုးရေစိုခြင်းမှကာကွယ်ရန် လူသားအသွင်ဖြင့် သယ်ဆောင်ပြီး သူ၏ဝိညာဉ်သားရဲမြွေအသွင်သို့ မပြောင်းခဲ့ပေ။

ဒါပေမယ့် မိုးရေထဲမှာ သားကောင်ရှာရခက်ခဲသည်။ ရှုဟန်ယွီနှင့် ရှုကျင်ထျန်းသည် နေရာတိုင်းကို ရှာဖွေခဲ့သည်။ မိုးရေထဲတွင် အမဲလိုက်နေသော အသားစားသော သားရဲတစ်ကောင်ကို မတွေ့ရှိမီ အချိန်တော်တော်ယူခဲ့ရသည်။

အရွယ်အစားကြီးသော သားကောင်ကြောင့် ရှုဟန်ယွီသည် ရှုကျင်ထျန်းကို ရစ်ပတ်ထားရင်း ဝိညာဉ်မြွေအဖြစ်သို့ ပြောင်းလဲရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ရှုကျင်ထျန်းသည် တိရိစ္ဆာန်အရေခွံဖြင့်ပတ်ထားသော်လည်း ရှုဟန်ယွီက သူ့ကို ဂရုမစိုက်နိုင်သောကြောင့် မိုးရေများတဖြည်းဖြည်း စိုရွှဲလာသည်။ မိုးဆက်တိုက်ရွာပြီးတဲ့နောက်မှာ အပူချိန်က တော်တော်လျော့ကျသွားသည်။ ဂူထဲသို့ ပြန်ရောက်သောအခါ ရှုကျင်ထျန်းမှာ အအေးဒဏ်ကြောင့် တုန်ယင်နေပြီ။

ရှုကျင်ထျန်းသည် လှိုဏ်ဂူသို့ ပြန်ရောက်သည်နှင့် တဆတ်ဆတ်တုန်ယင်နေပြီး တိရိစ္ဆာန်အရေခွံများကို အခြောက်လှန်းရန် အသုံးပြုသည့် သစ်သားစင်ပေါ်တွင် ချိတ်ဆွဲထားသည်။

“မိုးတွေ အရမ်းရွာနေတာပဲ...မိုးရွာနေတာ ရက်တော်တော်ကြာနေပြီ။ ဘယ်တော့မှပြီးမှာလဲ"

ရှုကျင်ထျန်းသည် အကုန်လုံးကိုချွတ်လိုက်ပြီး ခြေထောက်များကို ဆေးကြောရန် စုဆောင်းထားသော မိုးရေကို အသုံးပြုလိုက်သည်။ ထို့နောက် စိုစွတ်နေသော အဝတ်အစားများကို သစ်သားစင်ပေါ်တွင် ချိတ်ဆွဲကာ အိပ်ယာထဲသို့ မြန်မြန်ဆန်ဆန် တိုးဝင်လိုက်သည်။

တိရိစ္ဆာန်အရေခွံစောင်၏ အတွင်းပိုင်းသည် ပျော့ပျောင်းပြီး အရေပြားပေါ်တွင် ကပ်ထားသည့်အခါ အလွန်သက်တောင့်သက်သာခံစားရသည်။ ရှုကျင်ထျန်းသည် သူ့ကိုယ်သူ စောင်ထဲတွင် အတင်းအကြပ် ထုပ်ပိုးထားပြီး ခေါင်းကိုအပြင်သို့ ထုတ်ထားလိုက်သည်။ သူ၏အနက်ရောင် ဆံပင်တစ်ဝက်ခန့်ကမူ စိုစွတ်နေ၏။ အနည်းငယ်ပိုရှည်လာသောကြောင့် ယခင်ကဲ့သို့ တိုကပ်မနေတော့ဘဲ အနည်းငယ် ကောက်ကွေးနေ၏။ ထိုအရာကပင် သူ၏လှပမှုကို ပိုမိုမြှင့်တင်ပေးလေ၏။

ရှုဟန်ယွီသည် သားကောင်၏လည်ပင်းရှိ အပေါက်ငယ်တစ်ခုကို ကိုက်လိုက်ရာ သားကောင်၏ စိုစွတ်နေသောအမွေးများသည် ချက်ချင်းပင် သွေးနီရောင်ပြောင်းသွားလေ၏။

“မကြာပါဘူး။ ထျန်းထျန်း အခုတော့ ထင်းမရှိသေးဘူး။ အဲ့ဒါကြောင့် သွေးနည်းနည်းသောက်လိုက်နော်...မင်း အသားစားရင် စားကောင်းမှာမဟုတ်ဘူး။ ရာသီဥတုကောင်းရင် မင်းကြိုက်သလိုစားလို့ရပြီနော်”
ရှုဟန်ယွီသည် အိပ်ယာဘေးသို့ လမ်းလျှောက်လာကာ ညင်သာစွာပြောလိုက်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏လုပ်ရပ်ကို မြင်သောအခါ ထိုအရာများသည် ကောင်းမွန်မည်မဟုတ်ကြောင်း အလိုလိုခံစားမိပြီး  သူ၏ပင်ကိုယ်စိတ်က မျှော်လင့်ထားသည့်အတိုင်း ချက်ချင်းဖြစ်လာသည်။ ရှုဟန်ယွီက သွေးစွန်းနေသော သားကောင်ကို မြှောက်ကိုင်ထားပြီး အိပ်ယာဘေးသို့ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် ရှုကျင်ထျန်းမှာ သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ၏ ဆိုးရွားသော အတွေ့အကြုံများကြောင့် ယခုအခါတွင်  မြှားတံကိုထိတ်လန့်နေသော ငှက်တစ်ကောင်လို တုန်လှုပ်သွားကာ နောက်ပြန်ဆုတ်သွားပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။

“မဟုတ်ဘူး၊ ငါမစားဘူး။ ဟန်ယွီ၊ မင်းဘာသာပဲစား!"

ရှုဟန်ယွီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ သူ့မျက်နှာက ဆိုးဝါးသွားသည်။ မိန်းမပျိုလေးသည် ဤမျှလောက် ငတ်မွတ်နေချိန်တွင်ပင် ဇီဇာကြောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ တကယ်ကို မနာခံတတ်ဘူးပဲ။

“မဟုတ်ဘူး မင်းက အခုပိန်နေပြီ။ မင်း ဆက်ပြီး ဗိုက်ဆာနေလို့မဖြစ်ဘူး။ ဒါက လတ်ဆတ်တယ်။ သောက်လိုက်”
သူမသိလိုက်ချိန်မှာပဲ ရှုဟန်ယွီ၏အသံသည် ပို၍အေးစက်လာသည်။ မိန်းမပျိုလေးက ဇီဇာကြောင်သည်ဖြစ်စေ ဇီဇာမကြောင်သည်ဖြစ်စေ သူ့ကျန်းမာရေးကိုသူဂရုမစိုက်ပေ။

ရှုဟန်ယွီသည် ကုတင်ဘေးတွင်ထိုင်လိုက်သည်။ ထို့နောက် သားကောင်ကိုမြှောက်ကာ လက်တစ်ဖက်က မိန်းမပျိုလေး၏လက်မောင်းကို ဆုပ်ကိုင်ပြီး သူ့တစ်ကိုယ်လုံးကို ဆွဲခေါ်လိုက်သည်။

သို့သော် အမျိုးသားနဲ့ အမျိုးသမီးကြားက ခွန်အားကွာဟမှုက အလွန်ကြီးမားသည်။ ရှုဟန်ယွီသည် အနည်းငယ် ဒေါသထွက်နေခဲ့ပြီး သူ၏ခွန်အားမှာ  ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ ရှုကျင်ထျန်း၏လက်ကို အတင်းဆွဲလိုက်သောအခါ သူ့လက်မောင်းမှာ အဆစ်လွဲလုမတတ် ခံစားလိုက်ရသည်။

"အာ့!"
ရှုကျင်ထျန်းက နာကျင်စွာအော်လိုက်ပြီး ရှုဟန်ယွီကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ မြွေကြီးက သူ့ကို ကြမ်းကြမ်းတမ်းတမ်း လုပ်နေခဲ့ပြီ။

ခန္ဓာကိုယ်ရှိနာကျင်မှုကို ခံနိုင်ရည်ရှိသော်လည်း ရှုဟန်ယွီ၏ ရုတ်တရက်ပြောင်းလဲသွားသော သဘောထားကြောင့် အံ့အားသင့်သွားကာ သူ့ခန္ဓာကိုယ်မှာ တောင့်တင်းနေလေသည်။ သူ့ရှေ့က မြွေကြီးက သူနှင့်တွေ့ဆုံးဖူးသည့် သားရဲပုံစံအတိုင်းဖြစ်နေသည်။ ထိုသားရဲကဲ့သို့ပင် ကြမ်းတမ်းနေပုံက သူနှင့်အကျွမ်းတဝင်မရှိလှ။

တမင်တကာဖိနှိပ်မှုနှင့် ရှုဟန်ယွီ၏ စိတ်လွင့်နေမှုကြောင့် တဖြည်းဖြည်း မေ့လျော့သွားသော မှတ်ဉာဏ်များကို ဖြည်းညှင်းစွာ ပြန်လည်သတိရလာသည်။ သူ့ကို သွေးသောက်ခိုင်းပြီး အသားစိမ်းကို ကြမ်းကြမ်းတမ်းတမ်း ကျွေးသည်ကို ပြန်လည်သတိရမိပြီး အဲဒီလူက အတင်းအကျပ်...ထိုမှတ်ဥာဏ်များကိုတွေးရင်း ရှုကျင်ထျန်းမှာ မတုန်လှုပ်ဘဲမနေနိုင်တော့ချေ။

ရှုကျင်ထျန်း၏ဦးခေါင်းတစ်ခုလုံး အုံခဲလာပြီး ကမ္ဘာကြီးသည် ပရမ်းပတာအဖြစ်သို့ ပြောင်းလဲသွားသလိုပင်။ ရှုကျင်ထျန်းမှာ အလွန်ထိတ်လန့်သွားပြီး
“မဟုတ်ဘူး! မစားဘူး...ငါမစားဘူး။ မလုပ်ပါနဲ့…”

ရှုကျင်ထျန်း၏ ပြင်းထန်သော တုံ့ပြန်မှုသည် ရှုဟန်ယွီကို ထိတ်လန့်စေခဲ့သည်။ သူက တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သူ့လက်ထဲက သားကောင်ကို ပစ်ချပြီး မိန်းမပျိုလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

ရှုဟန်ယွီက မိန်းမပျိုလေးကို ပွေ့ဖက်လိုက်ပြီး ပူပန်သောကရောက်စွာမေးလိုက်သည်။
"ထျန်းထျန်း? ထျန်းထျန်း ဘာဖြစ်တာလဲ"

ရှုကျင်ထျန်းက သူ့ခေါင်းသူ ပွေ့ဖက်လိုက်ပြီး ဘောလုံးလေးလိုကွေးနေလိုက်သည်။ သူ့ခေါင်းတစ်ခုလုံး ပွန်းပဲ့နေသလို နာကျင်မှုကို ခံစားနေရသည်။
“ငါမစားဘူး၊ ငါမစားဘူး၊ မစားဘူး…”

"မကြောက်ပါနဲ့ ထျန်းထျန်း...ကိုယ် ဒီမှာ ရှိတယ်လေ။ ကိုယ် မင်းကို ကာကွယ်ပေးမှာပါ!"
ရှုဟန်ယွီ၏ နှလုံးသားမှာ သောကမီးများဖြင့် ပူလောင်နေပြီး တစ်ခုခု ဆုံးရှုံးသွားသလိုပင်။ သူသည် မိန်းမပျိုလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး အိပ်မက်ဆိုးမက်နေသည့် ကလေးအား ချော့ပေးသကဲ့သို့ ထပ်ခါတလဲလဲ လှုပ်ယမ်းကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းထားခဲ့သည်။

ရှုကျင်ထျန်းသည် သူ့စိတ်ထဲတွင် အသိစိတ်ပျောက်ဆုံးသွားသော်လည်း အန္တရာယ် လျော့နည်းသွားကြောင်း ရိပ်မိသွားကာ အနည်းငယ် တည်ငြိမ်စပြုလာသည်။

သူ့ခန္ဓာကိုယ်က တုန်ယင်နေသေးသော်လည်း ရှုကျင်ထျန်းက တတွတ်တွတ်ပြောနေပြန်၏။
"ငါမစားဘူး မစားဘူး! …ဒါပေမယ့် သူက...သူက ငါ့ကို အတင်းစားခိုင်းတယ်။ သူထည့်တယ်၊ အများကြီးထိုးထည့်တယ်၊ အထဲမှာ... ငါ့ကို အသက်ရှုကြပ်ပြီး သေလုနီးပါးဖြစ်အောင်လုပ်နေတယ်!"

ရှုကျင်ထျန်း၏မျက်နှာသည် သွေးရောင်ကင်းမဲ့နေပြီး အမြဲတမ်းလိုလို နှင်းဆီရောင်နီရဲ နေသည့် နှုတ်ခမ်းပါးများကပင် ဖျော့တော့နေသည်။ မျက်လုံးတစ်စုံက ဦးတည်ရာမရှိပွင့်လာပြီး အသက်ရှုသံတွေက မတည်မငြိမ်ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော မှတ်ဉာဏ်ထဲတွင် နစ်မြုပ်နေသကဲ့သို့ပင်။

ရှုဟန်ယွီ၏ နှလုံးသားသည် ရုတ်တရက် ဆွဲစုတ်ခံလိုက်ရသလို နာကျင်လာသည်။ ရှုဟန်ယွီသည် မိန်းမပျိုလေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်ထဲတွင်ပွေ့ဖက်ထားပြီး ပြေလည်ရာပြေလည်ကြောင်း ညင်သာစွာ နမ်းလိုက်သည်။

"ကောင်းပြီ ထျန်းထျန်း မစားချင်ရင် မစားရဘူးနော်...မကြောက်ပါနဲ့ကွာ!"
ရှုဟန်ယွီ၏လက်သည် ရှုကျင်ထျန်း၏နောက်ကျောကို ညင်သာစွာ ပွတ်သပ်နှစ်သိမ့်ပေးနေသည်။

ရှုဟန်ယွီ၏အသံသည် သားချော့တေးကဲ့သို့ဖြစ်နေပြီး ထပ်ခါထပ်ခါပြောရင်း သူ့ကိုနှစ်သိမ့်ပေးနေ၏။

ရှုကျင်ထျန်းမှာ တဖြည်းဖြည်း ငြိမ်သက်လာပြီး သူ့ခေါင်းကလည်း သိပ်မနာကျင်တော့သော်လည်း  နာကျင်ကိုက်ခဲမှုကြောင့် အာရုံမစုစည်းနိုင်သေးပေ။

ရှုကျင်ထျန်းသည် သူ့ခန္ဓာကိုယ်ကို အနည်းငယ်ပျော့ပျောင်းစေပြီး ရှုဟန်ယွီ၏ရင်ခွင်ထဲတွင် လှဲနေရာမှ မသိစိတ်က
"မြွေကြီး၊ မြွေကြီး၊ အရမ်းကြောက်စရာကောင်းတယ်။ မသွားပါနဲ့၊ငါ...ငါလည်း မသွားဘူး...ဘယ်တော့မှ မသွားတော့ဘူး။ မြွေကြီး…”

ရှုဟန်ယွီသည် ရှုကျင်ထျန်းကို ညင်သာစွာ လှုပ်ခါနေရင်း ထိုစကားကို ကြားသောအခါ ခေတ္တရပ်သွားကာ သူ့လက်မောင်းကို တင်းကြပ်လိုက်သည်။

"ကောင်းပြီ! ကိုယ် ထွက်သွားမှာ မဟုတ်ပါဘူး၊ ပြီးတော့ ထျန်းထျန်းလည်း ဘယ်တော့မှ ထွက်သွားလို့ရမှာ မဟုတ်ဘူး။ ကိုယ် မင်းကို ဒီလိုမျိုး အန္တရာယ်ရှိအောင် မထားတော့ဘူးနော်...ဒါကြောင့် မကြောက်ပါနဲ့ ထျန်းထျန်း…”

"အမ်း..."
ရှုကျင်ထျန်းသည် သက်သာရာရသွားသလိုမျိုး သူ့မျက်ခွံတွေက တဖြည်းဖြည်း ပိုလေးလံလာ၏။ ရှုဟန်ယွီ၏ ပုခက်နှင့်တူသော ခပ်လှုပ်လှုပ်ပွေ့ဖက်မှုတွင် မကြာမီပင် သူ အိပ်ပျော်သွားလေတော့သည်။

ရှုကျင်ထျန်း အိပ်ပျော်သွားပြီးနောက် မူလကရေကဲ့သို့ တည်ငြိမ်နေပြီး နူးညံ့သိမ်မွေ့သောလူသည် ရုတ်တရက် ရက်စက်ကြမ်းကြုတ်လာပြီး မြစိမ်းရောင်မျက်ဝန်းအိမ်ကမူ အနီရောင်တောက်ပလာသည်။ ထိုလူသား၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရုတ်ခြည်းဆိုသလို ပြင်းထန်သောလူသတ်ငွေ့များ ဝန်းရံလာ၏။

ရှုဟန်ယွီ၏ ညာလက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အရိုးများ တဆတ်ဆတ် တုန်နေသည်။
"ရန်ဇီ၊ ငါ့ရဲ့ ထျန်းထျန်းကို နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ...ဒီအတွက် မင်း ငါ့ကို ပြန်ပေးဆပ်ရလိမ့်မယ်!"

ရှုဟန်ယွီက သူ့ဇနီးလေးကို ငုံ့ကြည့်လိုက်သည်။ သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသူလေးက အနည်းငယ်မျှပင် အကာအကွယ်မရှိပေ။ သူ့အသက်ရှုသံက ဘယ်လောက်တောင် အားနည်းနေလဲဆိုတာတောင် မကြားနိုင်တော့လောက်အောင် ကျိုးပဲ့ပျက်စီးနေသလိုပင်။

ထျန်းထျန်းဟာ သူနဲ့အတူရှိတုန်းက အမြဲတမ်း ခြိမ်းခြောက်တဲ့ အမူအရာတွေလုပ်ပြပြီး ပြုစုပျိုးထောင်ရလည်း အလွန်ကောင်းမွန်သည်။ ထိုခြေသလုံးအိမ်တိုင်သားရဲသည် ဤမျှလောက်ပြင်းထန်သော စိတ်ဒဏ်ရာကို ချန်ထားခဲ့လိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ သူ၏ အလွန်လိမ္မာကောင်းမွန်သော ထျန်းထျန်းလေးဟာ ပြောင်းလဲသွားခဲ့ပြီ။

ရှုဟန်ယွီသည် ကြမ်းပြင်ပေါ်ရှိ သားကောင်ကို ငုံ့ကြည့်ပြီးနောက် မိန်းမပျိုလေး၏ပါးစပ်ထဲသို့ ဂရုတစိုက်မသယ်ဆောင်မီ လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်သည်။ သူသည် ရှုကျင်ထျန်း၏ ဖြူဖျော့နေသောနှုတ်ခမ်းများကို အသာအယာဖွင့်ဟကာ ဖြည်းညှင်းစွာ တိုက်ကျွေးလိုက်သည်။

"ထျန်းထျန်း၊ နည်းနည်းလောက် သောက်လိုက်နော်"
ရှုဟန်ယွီသည် မိန်းမပျိုလေး နိုးနေစဥ်ကကဲ့သို့ပင် နူးညံ့သိမ်မွေ့စွာ ချော့မော့လိုက်သည်။

အိပ်နေသော ရှုကျင်ထျန်းသည် မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်ပြီး မထိန်းနိုင်တာကြောင့် သူ့ပါးစပ်သို့ သွေးများမျိုချလိုက်မိသည်။

သူ့ကိုအစာကျွေးပြီးနောက် ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ သွေးစွန်းနေသောနှုတ်ခမ်းကို အရသာခံကာ နမ်းလိုက်သည်။ ထျန်းထျန်းက သွေးစိမ်းတွေကို အရမ်းမုန်းတာမို့ သူမသိရင်ပိုကောင်းမယ်။ သူသည် အနာဂတ်တွင် ဇီဇာကြောင်ခြင်း၏ ချို့ယွင်းချက်ကို ဖြည်းဖြည်းချင်း ပြောင်းလဲနိုင်လိမ့်မည်။ သူတို့ရှေ့မှာ ရှည်လျားတဲ့ အနာဂတ်တွေ ရှိနေတုန်းပဲလေ...

ရှုဟန်ယွီသည် ရှုကျင်ထျန်းကို အိပ်ယာပေါ်တွင် ညင်သာစွာလှဲချကာ စောင်ခြုံပေးပြီး သူ့ပါးပြင်ကို အသာအယာ နမ်းလိုက်သည်။

"ထျန်းထျန်း ကိုယ် အပြင်ခဏသွားမလို့...ကိုယ် မကြာခင်ပြန်လာခဲ့ပါ့မယ်"

မိုးရွာသောနေ့သည် ပျံသန်းနေတတ်သော သားရဲအားလုံးအတွက် အကြီးမားဆုံး အတားအဆီးဖြစ်ပြီး သန်မာသော သားရဲတစ်ကောင်ပင်လျှင် အလားတူ ဒဏ်ခံရမည်ဖြစ်သည်။ အထူးသဖြင့် ထိုသူသည် သူ၏ထျန်းထျန်းကို အရှက်ရစေခဲ့သည်။ ရှုဟန်ယွီသည် အခြားသားရဲတစ်ကောင်က သူ့ဇနီးလေးအား မက်မောခြင်းအတွက် သည်းမခံနိုင်တော့ပေ။

ရှုဟန်ယွီသည် ထိုသားရဲကို တစ်ခဏတာပင် သည်းမခံနိုင်တော့ချေ။

အပေါက်ဝသို့ရောက်သောအခါ ရှုဟန်ယွီသည် ခေတ္တရပ်ကာ တွေးတောလိုက်သည်။ ထို့နောက် သွယ်လျသောစပျစ်နွယ်ပင်တစ်ပင်ကိုယူကာ မိန်းမပျိုလေး၏လည်ပင်းတွင် ချည်ထားလိုက်သည်။

ဟိုအရင် ထျန်းထျန်း လမ်းလျှောက်ထွက်ခဲ့တဲ့ နောက်ဆုံးအချိန်က ဒီလိုမိုးရာသီမှာပဲ!

ကျန်ခဲ့သော သားရဲရနံ့သည် မိုးမုန်တိုင်းကြောင့် မျောပါသွားသော်လည်း ၎င်း၏မူလရနံ့အနည်းငယ်ကမူ ကျန်ရှိနေသေးသည်။ ရှုဟန်ယွီသည် ထိုရနံ့လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းရင်း မကြာမီတွင် သူဖယ်ရှားပစ်လိုသော သားရဲကိုတွေ့ရှိခဲ့သည်။

သားရဲနှစ်ကောင်သည် ရန်လိုမှုအပြည့်ဖြင့် အချင်းချင်းထိပ်တိုက်တွေ့ကြလေ၏။

မိုးရွာသွန်းမှုအောက်တွင် ရန်ဇီ၏အမွေးများသည်  စိုစွတ်ပြီး သူ့ခန္ဓာကိုယ်တွင် ကပ်နေသော်လည်း ထိုအရာကပင် ၎င်း၏ ပိုမိုခိုင်ခံ့သောအရိုးစုနှင့် အချိုးကျသောကြွက်သားများကို ထင်ရှားစေပြီး ပို၍စွမ်းအားရှိနေသကဲ့သို့ပင်။

ဤသူသည် သူ၏မိန်းမငယ်ကို လုယူခဲ့သူဖြစ်သည်။ မိန်းမငယ်လေးသည် သူ၏အပိုင်သာ။ ထို့ကြောင့် တဖန်ပြန်လည်သိမ်းယူရမည်။ သူတစ်ချိန်က နေ့ရောညပါ ထိတွေ့ဆက်ဆံခဲ့ဖူးသော ချစ်စရာအမျိုးသမီးကို ပြန်သတိရကာ ရန်ဇီက သူ့ကိုယ်သူ တိတ်တဆိတ် ကတိပေးလိုက်သည်။

ရှုဟန်ယွီ၏မျက်လုံးများသည် ရေအေးများဖြင့် စိုစွတ်နေသော အမွေးအမျှင်နှင့် သားရဲကောင်ကို အလောင်းတစ်ခုကဲ့သို့ ကြည့်နေ၏။

ရန်ဇီသည် ရှုဟန်ယွီ၏မထီမဲ့မြင်ပြုသော အကြည့်ကြောင့် ဒေါသထွက်သွားသည်။ သူသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ရူးသွပ်နေသော ဟစ်အော်သံကိုထုတ်လွှင့်လိုက်ပြီး သူ့ရှေ့မှ ဝိညာဉ်သားရဲမြွေကို ပြင်းပြင်းထန်ထန် ခုန်အုပ်လိုက်သည်။

သို့သော် ရှုဟန်ယွီသည် သူ့ပြိုင်ဘက်ကို အရေးမစိုက်သလို မလှုပ်မရှား။ မာနကြီးသောသားရဲက သူ့ကို ထိလိုက်သောအခါတွင် သူ့အသွင်အပြင် ရုတ်တရက် လှုပ်ရှားသွားပြီး တစ်ဖက်သား၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးကို ရယူလိုက်သည်။

လိုက်လျောညီထွေရှိသော မြွေတစ်ကောင်၏ ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်ပြီး ပြိုင်ဘက်၏အောက်ကျောကို ချက်ချင်းကိုက်လိုက်သည်။

ရန်ဇီသည် ဒေါသတကြီး အော်ဟစ်ကာ အဝေးသို့ဆုတ်ခွာလိုက်ပြီး ကိုက်ထားသော အသားစတစ်စကို ထွက်လာလေ၏။

ဤဝိညာဉ်သားရဲမြွေသည် ပို၍ပင်အားကောင်းပုံပေါ်သည်။ ဒါမှမဟုတ် သူ့ရဲ့ အကောင်းဆုံးပုံစံက သူတို့တွေ့ခဲ့တဲ့ နောက်ဆုံးအကြိမ်ကဟာ မဟုတ်ဘူးလား။

သို့သော်လည်း ကိစ္စမရှိ။ ဒီနေ့အတွက် သူ ပြင်ဆင်ခဲ့တာ ကြာပြီ။ ရန်ဇီက လှောင်ပြောင်ကာ ပြေးသွားလိုက်သည်။ သူ၏ ကြီးမားလှသော အတောင်ပံများသည် ပြင်းထန်စွာထွက်ပေါ်လာပြီး မီတာအနည်းငယ်အထိ ပျံတက်သွားကာ ဝိညာဉ်သားရဲမြွေ၏ ပြင်းထန်သောတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ခဲ့သည်။

ရှုဟန်ယွီသည် သူ၏ပြေးလွှားနေသော ရန်သူကို လျင်မြန်စွာ လိုက်ရှာလိုက်သည်။ ရှည်လျားလွန်းလှသော မြွေတစ်ကောင်၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် လွင့်မျောဝေ့ဝဲနေပြီး ကျောက်တုံးများကိုပင် မရေမတွက်နိုင်အောင် ကျိုးပဲ့မှုများ ဖြစ်ပေါ်လာစေသည်။

ရန်ဇီ၏ စူးရှထက်မြက်သောမျက်ဝန်းများက ကျိုးပဲ့နေသော ကျောက်တုံးအမြောက်အမြားကို မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ ရှုဟန်ယွီသာ သူ့အိမ်တံခါးဆီ လာဝံ့ပါက သူ့တိုက်ပွဲမှာ အသာစီးရဖို့ ဆုံးရှုံးသွားလိမ့်မည်။

နာကျင်မှုကိုမခံစားနိုင်သလို ရှုဟန်ယွီ၏ခန္ဓာကိုယ်သည် လျင်မြန်စွာရွေ့လျားနေပြီး ရန်ဇီကို ချက်ခြင်း ဖမ်းမိသွားသည်။

ရန်ဇီမှာ အံ့အားသင့်သွားသည်။ ဤဝိညာဥ်သားရဲမြွေသည် သူ့နောက်သို့လိုက်လာရန် အရာအားလုံးကို အန္တရာယ်ပြုမည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။ ဤကဲ့သို့ဆိုလျှင် သူ နောက်တစ်ကြိမ် ရှုံးနိမ့်သွားလိမ့်မည်။ ရန်ဇီသည် ရှက်ရွံ့လာပြီး နောက်တစ်ကြိမ် သူရဲဘောကြောင်မနေနိုင်တော့ပေ။

သားရဲနှစ်ကောင်တို့သည် အနီးကပ်တိုက်ခိုက်ကြပြီး မိုးရေထဲတွင် ဖုန်မှုန့်များနှင့်ကျောက်ခဲများ လွင့်ပျံထွက်လာကြသည်။ လွင့်ပျံလာသော ကျောက်တုံးများသည် မာကြောချွန်ထက်နေပြီး အချို့ကအနီရောင်များပင်။ သို့သော် မိုးရေ၏ဆေးကြောမှုအောက်တွင် ထိုအနီရောင်များသည် မြေပြင်ပေါ်သို့ကျမီအထိ ပျောက်ကွယ်သွားခဲ့သည်။

ရှုဟန်ယွီ၏ပြီးပြည့်စုံသော မြွေခန္ဓာကိုယ်သည် ရန်ဇီ၏ သန်မာသောသားရဲပုံစံကို တဖြည်းဖြည်း ရစ်ပတ်ထားခဲ့သည်။ အခွင့်အရေးကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက် ပြိုင်ဘက်ကို အသက်ရှုကြပ်သည်အထိ ရစ်ပတ်လိုက်သည်။

ရန်ဇီသည် ဝိညာဉ်သားရဲမြွေ၏ ရည်ရွယ်ချက်ကို နားလည်လိုက်ပြီး လွှတ်မပေးဘဲ တွယ်ကပ်နေသော ဤမြွေကောင်ကို ပြတ်ပြတ်သားသား တွန်းထုတ်ကာ ပိတ်မိနေသော သားရဲကဲ့သို့ပင် ထက်ထက်သန်သန် ရုန်းကန်လိုက်သည်။

မသိသည့်အချိန်တစ်ခုတွင် နှစ်ယောက်သားရှိနေသည့်မြေပြင်သည် အနီရောင်သွေးများနှင့် ရွှဲနစ်နေသည်။ မိုးရေများ အားပျော့သွားသည်နှင့်အမျှ သွေးများသည် ပိုမိုကျယ်ပြန့်လာကာ ကျိုးပဲ့နေသော ကျောက်တုံးများဖြင့် ဖုံးလွှမ်းနေသော မြေကွက်လပ်တစ်ခုလုံး သွေးများဖြင့်ပျံ့နှံ့နေ၏။

မြေပြင်ပေါ်၌ သွေးများတိုးလာသည်နှင့်အမျှ ရှုဟန်ယွီသည် တဖြည်းဖြည်းခွန်အားများ ဆုံးရှုံးသွားကာ သူ့ပုံစံသည် ချက်ချင်းပင် ပျော့ညံ့လာသည်။ ရန်ဇီသည် ပြီးပြည့်စုံသောအချိန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး ဝိညာဉ်သားရဲမြွေ၏ ဖိနှိပ်မှုမှ လွတ်မြောက်ကာ ရုန်းကန်နိုင်သည်။ သို့သော် သူနောက်မဆုတ်ဘဲ ဝိညာဉ်ရေးမြွေကို ပြင်းပြင်းထန်ထန် ကန်ထုတ်ပြီး လှဲချမည့်အစား သွေးစွန်းနေသော ပါးစပ်ကြီးကို ဖွင့်ကာ မြွေ၏လည်ပင်းကို တစ်ချက်ကိုက်ရန် ကြံရွယ်လ်ုက်သည်။

ရှုဟန်ယွီသည် သူ့ခန္ဓာကိုယ်ကို တင်းကြပ်လိုက်ပြီး သူ့အပေါ်က သားရဲကို စိုက်ကြည့်နေပေမယ့် ရှောင်ထွက်မသွားခဲ့ပေ။ အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေသော အစွယ်များသည် ရှုဟန်ယွီကိုထိလိုက်သည်နှင့် ရှုဟန်ယွီသည် ရုတ်တရက် လှုပ်ရှားသွားသည်။ သူ၏ပျော့ပျောင်းသောမြွေခန္ဓာကိုယ်သည် မီတာဝက်ခန့်အကွာတွင် ထူးထူးခြားခြား ရွေ့လျားသွားပြီး သူ၏မြွေခေါင်းသည် လျှပ်စီးကြောင်းကဲ့သို့ လွင့်ပျံလာသည်။ ချက်ချင်းပင် သူသည် နောက်မဆုတ်သေးသော သားရဲ၏ ခေါင်းကို ကိုက်လိုက်သည်။

သူ၏ ချွန်ထက်သည့်သွားများသည် အသားထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ၎င်း၏အပေါ်ပိုင်းအစွယ်များသည် သားရဲ၏ဒေါသတကြီး စိုက်ကြည့်နေသော မျက်လုံးများတွင် အခိုင်အမာ နစ်မြုပ်ထားလိုက်သည်။

"အာဝူး..."

ရန်ဇီက ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့မျက်နှာကလည်း သွေးတွေနဲ့ ဖုံးလွှမ်းနေပြီ။ သူ၏ ညာဘက်မျက်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အပေါက်ကြီးတစ်ခုပင် ရှိနေသည်။ အကယ်၍ သူသာ လျင်မြန်မှုမရှိခဲ့လျှင် မြွေ၏သွားများသည် သူ့ဦးနှောက်ထဲသို့ နစ်မြုပ်သွားပေလိမ့်မည်။

ရလဒ်ကို သတ်မှတ်ထားပြီးပြီ။ အကယ်၍ သူသာ ထွက်မသွားခဲ့လျှင် သေဖွယ်ရာသာရှိတော့သည်။

ရန်ဇီက ညည်းညူသံသဲ့သဲ့ထွက်လာပြီး သူ့တောင်ပံတွေကိုဖွင့်ကာ အရှိန်ပြင်းပြင်းနဲ့ အဝေးကိုပြေးဖို့ သူ၏စွမ်းအင်အားလုံးကို စုစည်းလိုက်သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့်သာမက မိုးရေများကြောင့်လည်း ရန်ဇီ၏ပျံသန်းမှုလမ်းကြောင်းသည် တဖြေးဖြေးနှင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ အကယ်၍ အောက်ရှိဝိညာဉ်သားရဲမြွေသည် သူ့ကို လိုက်ဖမ်းမည်ဆိုပါက ထိုသူသည် သူ့ကိုလိုက်လံရှာဖွေရာတွင် သေချာပေါက် အောင်မြင်မည်ဖြစ်သည်။

သို့သော် ရှုဟန်ယွီသည် ဝမ်းနည်းစွာထွက်ပြေးသွားသော သားရဲကို အေးစက်စွာကြည့်ရုံမျှသာဖြစ်ပြီး လိုက်မရှာနိုင်ပေ။ ထိုသားရဲ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အချိန်၌ သူ၏ မတ်မတ်ရပ်ထားသော ကိုယ်ခန္ဓာအပေါ်ပိုင်းသည် 'ဘုန်း'ဟူသောအသံနှင့်အတူ သွေးအိုင်ထဲသို့ လဲကျသွားတော့သည်...

~~~~~~

6/2/2022(2:35PM)

(Zawgyi)

လွိုဏ္ဂူသည္ ေျခာက္ေသြ႕ေအးျမေသာ္လည္း အျပင္ဘက္တြင္မူ မိုးကအုံ႕မွိုင္းေနေလ၏။ မိုးဖြဲေလးမ်ားက ျပင္းထန္စြာက်ဆင္းလာကာ မိုးေရမ်ားက ေတာင္ေပၚ သစ္ေတာမ်ားကို ျဖတ္သန္းစီးဆင္းၾကၿပီး အလြန္ျမင့္ေသာ သစ္ပင္ႀကီးမ်ားသည္ ဘယ္ဘယ္ညာညာ ေ႐ြ႕လ်ားေနၾကသည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏စကားကိုၾကားေသာအခါတြင္ အနည္းငယ္ ထိတ္လန႔္သြားကာ
"ငါလည္း လိုက္မယ္"

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို သတို႔သမီးပုံစံ ေပြ႕ခ်ီလိုက္သည္။

"အင္း၊ ထ်န္းထ်န္း နည္းနည္းေတာ့ သည္းခံလိုက္ေနာ္ ကိုယ္တို႔ မၾကာခင္ ျပန္လာမွာပါ"
ရႈဟန္ယြီက တိရိစ္ဆာန္အေရခြံႏွင့္ တင္းတင္းက်ပ္က်ပ္ ထုပ္ပိုးထားတဲ့ မိန္းမပ်ိဳေလးရဲ႕မ်က္ႏွာကို ပြတ္သပ္ၿပီး ေျပာလိုက္သည္။

ရႈက်င္ထ်န္းသည္ ထိုအခ်ိန္မွပင္ သတိဝင္လာခဲ့သည္။ ရႈဟန္ယြီက အၿမဲေလးနက္ေနခဲ့သည္။ ရႈဟန္ယြီက သူ႕ကို အၿမဲဂ႐ုစိုက္ၿပီး သူ႕ကို မိုးေရမစိုေစခ်င္ခဲ့ေပ။

ဒါေပမယ့္ ေႁမြႀကီး အစာရွာသြားတိုင္း သူဟာ လိပ္ျပာသန႔္သန႔္နဲ႕ အိမ္မွာေစာင့္ေနခဲ့သည္။ တကယ္မသင့္ေတာ္တာပဲ! ထို႔ေၾကာင့္ ရႈက်င္ထ်န္းက ေခါင္းညိတ္သေဘာတူသည္။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို မိုးေရစိုျခင္းမွကာကြယ္ရန္ လူသားအသြင္ျဖင့္ သယ္ေဆာင္ၿပီး သူ၏ဝိညာဥ္သားရဲေႁမြအသြင္သို႔ မေျပာင္းခဲ့ေပ။

ဒါေပမယ့္ မိုးေရထဲမွာ သားေကာင္ရွာရခက္ခဲသည္။ ရႈဟန္ယြီႏွင့္ ရႈက်င္ထ်န္းသည္ ေနရာတိုင္းကို ရွာေဖြခဲ့သည္။ မိုးေရထဲတြင္ အမဲလိုက္ေနေသာ အသားစားေသာ သားရဲတစ္ေကာင္ကို မေတြ႕ရွိမီ အခ်ိန္ေတာ္ေတာ္ယူခဲ့ရသည္။

အ႐ြယ္အစားႀကီးေသာ သားေကာင္ေၾကာင့္ ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို ရစ္ပတ္ထားရင္း ဝိညာဥ္ေႁမြအျဖစ္သို႔ ေျပာင္းလဲရန္မွတပါး အျခားေ႐ြးခ်ယ္စရာမရွိေတာ့ေပ။

ရႈက်င္ထ်န္းသည္ တိရိစ္ဆာန္အေရခြံျဖင့္ပတ္ထားေသာ္လည္း ရႈဟန္ယြီက သူ႕ကို ဂ႐ုမစိုက္နိုင္ေသာေၾကာင့္ မိုးေရမ်ားတျဖည္းျဖည္း စို႐ႊဲလာသည္။ မိုးဆက္တိုက္႐ြာၿပီးတဲ့ေနာက္မွာ အပူခ်ိန္က ေတာ္ေတာ္ေလ်ာ့က်သြားသည္။ ဂူထဲသို႔ ျပန္ေရာက္ေသာအခါ ရႈက်င္ထ်န္းမွာ အေအးဒဏ္ေၾကာင့္ တုန္ယင္ေနၿပီ။

ရႈက်င္ထ်န္းသည္ လွိုဏ္ဂူသို႔ ျပန္ေရာက္သည္ႏွင့္ တဆတ္ဆတ္တုန္ယင္ေနၿပီး တိရိစ္ဆာန္အေရခြံမ်ားကို အေျခာက္လွန္းရန္ အသုံးျပဳသည့္ သစ္သားစင္ေပၚတြင္ ခ်ိတ္ဆြဲထားသည္။

မိုးေတြ အရမ္း႐ြာေနတာပဲ...မိုး႐ြာေနတာ ရက္ေတာ္ေတာ္ၾကာေနၿပီ။ ဘယ္ေတာ့မွၿပီးမွာလဲ"

ရႈက်င္ထ်န္းသည္ အကုန္လုံးကိုခြၽတ္လိုက္ၿပီး ေျခေထာက္မ်ားကို ေဆးေၾကာရန္ စုေဆာင္းထားေသာ မိုးေရကို အသုံးျပဳလိုက္သည္။ ထို႔ေနာက္ စိုစြတ္ေနေသာ အဝတ္အစားမ်ားကို သစ္သားစင္ေပၚတြင္ ခ်ိတ္ဆြဲကာ အိပ္ယာထဲသို႔ ျမန္ျမန္ဆန္ဆန္ တိုးဝင္လိုက္သည္။

တိရိစ္ဆာန္အေရခြံေစာင္၏ အတြင္းပိုင္းသည္ ေပ်ာ့ေပ်ာင္းၿပီး အေရျပားေပၚတြင္ ကပ္ထားသည့္အခါ အလြန္သက္ေတာင့္သက္သာခံစားရသည္။ ရႈက်င္ထ်န္းသည္ သူ႕ကိုယ္သူ ေစာင္ထဲတြင္ အတင္းအၾကပ္ ထုပ္ပိုးထားၿပီး ေခါင္းကိုအျပင္သို႔ ထုတ္ထားလိုက္သည္။ သူ၏အနက္ေရာင္ ဆံပင္တစ္ဝက္ခန႔္ကမူ စိုစြတ္ေန၏။ အနည္းငယ္ပိုရွည္လာေသာေၾကာင့္ ယခင္ကဲ့သို႔ တိုကပ္မေနေတာ့ဘဲ အနည္းငယ္ ေကာက္ေကြးေန၏။ ထိုအရာကပင္ သူ၏လွပမႈကို ပိုမိုျမႇင့္တင္ေပးေလ၏။

ရႈဟန္ယြီသည္ သားေကာင္၏လည္ပင္းရွိ အေပါက္ငယ္တစ္ခုကို ကိုက္လိုက္ရာ သားေကာင္၏ စိုစြတ္ေနေသာအေမြးမ်ားသည္ ခ်က္ခ်င္းပင္ ေသြးနီေရာင္ေျပာင္းသြားေလ၏။

မၾကာပါဘူး။ ထ်န္းထ်န္း အခုေတာ့ ထင္းမရွိေသးဘူး။ အဲ့ဒါေၾကာင့္ ေသြးနည္းနည္းေသာက္လိုက္ေနာ္...မင္း အသားစားရင္ စားေကာင္းမွာမဟုတ္ဘူး။ ရာသီဥတုေကာင္းရင္ မင္းႀကိဳက္သလိုစားလို႔ရၿပီေနာ္
ရႈဟန္ယြီသည္ အိပ္ယာေဘးသို႔ လမ္းေလွ်ာက္လာကာ ညင္သာစြာေျပာလိုက္သည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏လုပ္ရပ္ကို ျမင္ေသာအခါ ထိုအရာမ်ားသည္ ေကာင္းမြန္မည္မဟုတ္ေၾကာင္း အလိုလိုခံစားမိၿပီး  သူ၏ပင္ကိုယ္စိတ္က ေမွ်ာ္လင့္ထားသည့္အတိုင္း ခ်က္ခ်င္းျဖစ္လာသည္။ ရႈဟန္ယြီက ေသြးစြန္းေနေသာ သားေကာင္ကို ျမႇောက္ကိုင္ထားၿပီး အိပ္ယာေဘးသို႔ ေလွ်ာက္လာသည္ကို ျမင္လိုက္ရသျဖင့္ ရႈက်င္ထ်န္းမွာ သူ႕တစ္ကိုယ္လုံး ေအးစက္သြားသလို ခံစားလိုက္ရသည္။ သူ၏ ဆိုး႐ြားေသာ အေတြ႕အႀကဳံမ်ားေၾကာင့္ ယခုအခါတြင္  ျမႇားတံကိုထိတ္လန႔္ေနေသာ ငွက္တစ္ေကာင္လို တုန္လႈပ္သြားကာ ေနာက္ျပန္ဆုတ္သြားၿပီး ေခါင္းကို အဆက္မျပတ္ ခါယမ္းလိုက္သည္။

မဟုတ္ဘူး၊ ငါမစားဘူး။ ဟန္ယြီ၊ မင္းဘာသာပဲစား!"

ရႈဟန္ယြီ၏ မ်က္ခုံးမ်ား အနည္းငယ္ တြန့္ခ်ိဳးသြားကာ သူ႕မ်က္ႏွာက ဆိုးဝါးသြားသည္။ မိန္းမပ်ိဳေလးသည္ ဤမွ်ေလာက္ ငတ္မြတ္ေနခ်ိန္တြင္ပင္ ဇီဇာေၾကာင္လိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားေပ။ တကယ္ကို မနာခံတတ္ဘူးပဲ။

မဟုတ္ဘူး မင္းက အခုပိန္ေနၿပီ။ မင္း ဆက္ၿပီး ဗိုက္ဆာေနလို႔မျဖစ္ဘူး။ ဒါက လတ္ဆတ္တယ္။ ေသာက္လိုက္
သူမသိလိုက္ခ်ိန္မွာပဲ ရႈဟန္ယြီ၏အသံသည္ ပို၍ေအးစက္လာသည္။ မိန္းမပ်ိဳေလးက ဇီဇာေၾကာင္သည္ျဖစ္ေစ ဇီဇာမေၾကာင္သည္ျဖစ္ေစ သူ႕က်န္းမာေရးကိုသူဂ႐ုမစိုက္ေပ။

ရႈဟန္ယြီသည္ ကုတင္ေဘးတြင္ထိုင္လိုက္သည္။ ထို႔ေနာက္ သားေကာင္ကိုျမႇောက္ကာ လက္တစ္ဖက္က မိန္းမပ်ိဳေလး၏လက္ေမာင္းကို ဆုပ္ကိုင္ၿပီး သူ႕တစ္ကိုယ္လုံးကို ဆြဲေခၚလိုက္သည္။

သို႔ေသာ္ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးၾကားက ခြန္အားကြာဟမႈက အလြန္ႀကီးမားသည္။ ရႈဟန္ယြီသည္ အနည္းငယ္ ေဒါသထြက္ေနခဲ့ၿပီး သူ၏ခြန္အားမွာ  ထိန္းမနိုင္သိမ္းမရ ျဖစ္ေနသည္။ ရႈက်င္ထ်န္း၏လက္ကို အတင္းဆြဲလိုက္ေသာအခါ သူ႕လက္ေမာင္းမွာ အဆစ္လြဲလုမတတ္ ခံစားလိုက္ရသည္။

"အာ့!"
ရႈက်င္ထ်န္းက နာက်င္စြာေအာ္လိုက္ၿပီး ရႈဟန္ယြီကို မယုံၾကည္နိုင္စြာ ၾကည့္လိုက္သည္။ ေႁမြႀကီးက သူ႕ကို ၾကမ္းၾကမ္းတမ္းတမ္း လုပ္ေနခဲ့ၿပီ။

ခႏၶာကိုယ္ရွိနာက်င္မႈကို ခံနိုင္ရည္ရွိေသာ္လည္း ရႈဟန္ယြီ၏ ႐ုတ္တရက္ေျပာင္းလဲသြားေသာ သေဘာထားေၾကာင့္ အံ့အားသင့္သြားကာ သူ႕ခႏၶာကိုယ္မွာ ေတာင့္တင္းေနေလသည္။ သူ႕ေရွ႕က ေႁမြႀကီးက သူႏွင့္ေတြ႕ဆုံးဖူးသည့္ သားရဲပုံစံအတိုင္းျဖစ္ေနသည္။ ထိုသားရဲကဲ့သို႔ပင္ ၾကမ္းတမ္းေနပုံက သူႏွင့္အကြၽမ္းတဝင္မရွိလွ။

တမင္တကာဖိႏွိပ္မႈႏွင့္ ရႈဟန္ယြီ၏ စိတ္လြင့္ေနမႈေၾကာင့္ တျဖည္းျဖည္း ေမ့ေလ်ာ့သြားေသာ မွတ္ဉာဏ္မ်ားကို ျဖည္းညွင္းစြာ ျပန္လည္သတိရလာသည္။ သူ႕ကို ေသြးေသာက္ခိုင္းၿပီး အသားစိမ္းကို ၾကမ္းၾကမ္းတမ္းတမ္း ေကြၽးသည္ကို ျပန္လည္သတိရမိၿပီး အဲဒီလူက အတင္းအက်ပ္...ထိုမွတ္ဥာဏ္မ်ားကိုေတြးရင္း ရႈက်င္ထ်န္းမွာ မတုန္လႈပ္ဘဲမေနနိုင္ေတာ့ေခ်။

ရႈက်င္ထ်န္း၏ဦးေခါင္းတစ္ခုလုံး အုံခဲလာၿပီး ကမၻာႀကီးသည္ ပရမ္းပတာအျဖစ္သို႔ ေျပာင္းလဲသြားသလိုပင္။ ရႈက်င္ထ်န္းမွာ အလြန္ထိတ္လန႔္သြားၿပီး
မဟုတ္ဘူး! မစားဘူး...ငါမစားဘူး။ မလုပ္ပါနဲ႕

ရႈက်င္ထ်န္း၏ ျပင္းထန္ေသာ တုံ႕ျပန္မႈသည္ ရႈဟန္ယြီကို ထိတ္လန႔္ေစခဲ့သည္။ သူက တျခားဘာကိုမွ ဂ႐ုမစိုက္နိုင္ေတာ့ဘဲ သူ႕လက္ထဲက သားေကာင္ကို ပစ္ခ်ၿပီး မိန္းမပ်ိဳေလးကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားလိုက္သည္။

ရႈဟန္ယြီက မိန္းမပ်ိဳေလးကို ေပြ႕ဖက္လိုက္ၿပီး ပူပန္ေသာကေရာက္စြာေမးလိုက္သည္။
"ထ်န္းထ်န္း? ထ်န္းထ်န္း ဘာျဖစ္တာလဲ"

ရႈက်င္ထ်န္းက သူ႕ေခါင္းသူ ေပြ႕ဖက္လိုက္ၿပီး ေဘာလုံးေလးလိုေကြးေနလိုက္သည္။ သူ႕ေခါင္းတစ္ခုလုံး ပြန္းပဲ့ေနသလို နာက်င္မႈကို ခံစားေနရသည္။
ငါမစားဘူး၊ ငါမစားဘူး၊ မစားဘူး

"မေၾကာက္ပါနဲ႕ ထ်န္းထ်န္း...ကိုယ္ ဒီမွာ ရွိတယ္ေလ။ ကိုယ္ မင္းကို ကာကြယ္ေပးမွာပါ!"
ရႈဟန္ယြီ၏ ႏွလုံးသားမွာ ေသာကမီးမ်ားျဖင့္ ပူေလာင္ေနၿပီး တစ္ခုခု ဆုံးရႈံးသြားသလိုပင္။ သူသည္ မိန္းမပ်ိဳေလးကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားၿပီး အိပ္မက္ဆိုးမက္ေနသည့္ ကေလးအား ေခ်ာ့ေပးသကဲ့သို႔ ထပ္ခါတလဲလဲ လႈပ္ယမ္းကာ သူ႕ရင္ခြင္ထဲသို႔ ဆြဲသြင္းထားခဲ့သည္။

ရႈက်င္ထ်န္းသည္ သူ႕စိတ္ထဲတြင္ အသိစိတ္ေပ်ာက္ဆုံးသြားေသာ္လည္း အႏၱရာယ္ ေလ်ာ့နည္းသြားေၾကာင္း ရိပ္မိသြားကာ အနည္းငယ္ တည္ၿငိမ္စျပဳလာသည္။

သူ႕ခႏၶာကိုယ္က တုန္ယင္ေနေသးေသာ္လည္း ရႈက်င္ထ်န္းက တတြတ္တြတ္ေျပာေနျပန္၏။
"ငါမစားဘူး မစားဘူး! ဒါေပမယ့္ သူက...သူက ငါ့ကို အတင္းစားခိုင္းတယ္။ သူထည့္တယ္၊ အမ်ားႀကီးထိုးထည့္တယ္၊ အထဲမွာ... ငါ့ကို အသက္ရႈၾကပ္ၿပီး ေသလုနီးပါးျဖစ္ေအာင္လုပ္ေနတယ္!"

ရႈက်င္ထ်န္း၏မ်က္ႏွာသည္ ေသြးေရာင္ကင္းမဲ့ေနၿပီး အၿမဲတမ္းလိုလို ႏွင္းဆီေရာင္နီရဲ ေနသည့္ ႏႈတ္ခမ္းပါးမ်ားကပင္ ေဖ်ာ့ေတာ့ေနသည္။ မ်က္လုံးတစ္စုံက ဦးတည္ရာမရွိပြင့္လာၿပီး အသက္ရႈသံေတြက မတည္မၿငိမ္ျဖစ္ေနၿပီး ေၾကာက္မက္ဖြယ္ေကာင္းေသာ မွတ္ဉာဏ္ထဲတြင္ နစ္ျမဳပ္ေနသကဲ့သို႔ပင္။

ရႈဟန္ယြီ၏ ႏွလုံးသားသည္ ႐ုတ္တရက္ ဆြဲစုတ္ခံလိုက္ရသလို နာက်င္လာသည္။ ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး၏ ခႏၶာကိုယ္တစ္ခုလုံးကို သူ႕ရင္ခြင္ထဲတြင္ေပြ႕ဖက္ထားၿပီး ေျပလည္ရာေျပလည္ေၾကာင္း ညင္သာစြာ နမ္းလိုက္သည္။

"ေကာင္းၿပီ ထ်န္းထ်န္း မစားခ်င္ရင္ မစားရဘူးေနာ္...မေၾကာက္ပါနဲ႕ကြာ!"
ရႈဟန္ယြီ၏လက္သည္ ရႈက်င္ထ်န္း၏ေနာက္ေက်ာကို ညင္သာစြာ ပြတ္သပ္ႏွစ္သိမ့္ေပးေနသည္။

ရႈဟန္ယြီ၏အသံသည္ သားေခ်ာ့ေတးကဲ့သို႔ျဖစ္ေနၿပီး ထပ္ခါထပ္ခါေျပာရင္း သူ႕ကိုႏွစ္သိမ့္ေပးေန၏။

ရႈက်င္ထ်န္းမွာ တျဖည္းျဖည္း ၿငိမ္သက္လာၿပီး သူ႕ေခါင္းကလည္း သိပ္မနာက်င္ေတာ့ေသာ္လည္း  နာက်င္ကိုက္ခဲမႈေၾကာင့္ အာ႐ုံမစုစည္းနိုင္ေသးေပ။

ရႈက်င္ထ်န္းသည္ သူ႕ခႏၶာကိုယ္ကို အနည္းငယ္ေပ်ာ့ေပ်ာင္းေစၿပီး ရႈဟန္ယြီ၏ရင္ခြင္ထဲတြင္ လွဲေနရာမွ မသိစိတ္က
"ေႁမြႀကီး၊ ေႁမြႀကီး၊ အရမ္းေၾကာက္စရာေကာင္းတယ္။ မသြားပါနဲ႕၊ငါ...ငါလည္း မသြားဘူး...ဘယ္ေတာ့မွ မသြားေတာ့ဘူး။ ေႁမြႀကီး

ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို ညင္သာစြာ လႈပ္ခါေနရင္း ထိုစကားကို ၾကားေသာအခါ ေခတၱရပ္သြားကာ သူ႕လက္ေမာင္းကို တင္းၾကပ္လိုက္သည္။

"ေကာင္းၿပီ! ကိုယ္ ထြက္သြားမွာ မဟုတ္ပါဘူး၊ ၿပီးေတာ့ ထ်န္းထ်န္းလည္း ဘယ္ေတာ့မွ ထြက္သြားလို႔ရမွာ မဟုတ္ဘူး။ ကိုယ္ မင္းကို ဒီလိုမ်ိဳး အႏၱရာယ္ရွိေအာင္ မထားေတာ့ဘူးေနာ္...ဒါေၾကာင့္ မေၾကာက္ပါနဲ႕ ထ်န္းထ်န္း

"အမ္း..."
ရႈက်င္ထ်န္းသည္ သက္သာရာရသြားသလိုမ်ိဳး သူ႕မ်က္ခြံေတြက တျဖည္းျဖည္း ပိုေလးလံလာ၏။ ရႈဟန္ယြီ၏ ပုခက္ႏွင့္တူေသာ ခပ္လႈပ္လႈပ္ေပြ႕ဖက္မႈတြင္ မၾကာမီပင္ သူ အိပ္ေပ်ာ္သြားေလေတာ့သည္။

ရႈက်င္ထ်န္း အိပ္ေပ်ာ္သြားၿပီးေနာက္ မူလကေရကဲ့သို႔ တည္ၿငိမ္ေနၿပီး ႏူးညံ့သိမ္ေမြ႕ေသာလူသည္ ႐ုတ္တရက္ ရက္စက္ၾကမ္းၾကဳတ္လာၿပီး ျမစိမ္းေရာင္မ်က္ဝန္းအိမ္ကမူ အနီေရာင္ေတာက္ပလာသည္။ ထိုလူသား၏ခႏၶာကိုယ္တစ္ဝိုက္တြင္ ႐ုတ္ျခည္းဆိုသလို ျပင္းထန္ေသာလူသတ္ေငြ႕မ်ား ဝန္းရံလာ၏။

ရႈဟန္ယြီ၏ ညာလက္သီးကို တင္းတင္းဆုပ္လိုက္ၿပီး အရိုးမ်ား တဆတ္ဆတ္ တုန္ေနသည္။
"ရန္ဇီ၊ ငါ့ရဲ႕ ထ်န္းထ်န္းကို နာက်င္ေအာင္ လုပ္ရဲတယ္ေပါ့ေလ...ဒီအတြက္ မင္း ငါ့ကို ျပန္ေပးဆပ္ရလိမ့္မယ္!"

ရႈဟန္ယြီက သူ႕ဇနီးေလးကို ငုံ႕ၾကည့္လိုက္သည္။ သူ႕ရင္ခြင္ထဲတြင္ ၿငိမ္သက္စြာ လဲေလ်ာင္းေနသူေလးက အနည္းငယ္မွ်ပင္ အကာအကြယ္မရွိေပ။ သူ႕အသက္ရႈသံက ဘယ္ေလာက္ေတာင္ အားနည္းေနလဲဆိုတာေတာင္ မၾကားနိုင္ေတာ့ေလာက္ေအာင္ က်ိဳးပဲ့ပ်က္စီးေနသလိုပင္။

ထ်န္းထ်န္းဟာ သူနဲ႕အတူရွိတုန္းက အၿမဲတမ္း ၿခိမ္းေျခာက္တဲ့ အမူအရာေတြလုပ္ျပၿပီး ျပဳစုပ်ိဳးေထာင္ရလည္း အလြန္ေကာင္းမြန္သည္။ ထိုေျခသလုံးအိမ္တိုင္သားရဲသည္ ဤမွ်ေလာက္ျပင္းထန္ေသာ စိတ္ဒဏ္ရာကို ခ်န္ထားခဲ့လိမ့္မည္ဟု သူဘယ္တုန္းကမွ စိတ္ကူးမယဥ္ခဲ့ဖူးေပ။ သူ၏ အလြန္လိမၼာေကာင္းမြန္ေသာ ထ်န္းထ်န္းေလးဟာ ေျပာင္းလဲသြားခဲ့ၿပီ။

ရႈဟန္ယြီသည္ ၾကမ္းျပင္ေပၚရွိ သားေကာင္ကို ငုံ႕ၾကည့္ၿပီးေနာက္ မိန္းမပ်ိဳေလး၏ပါးစပ္ထဲသို႔ ဂ႐ုတစိုက္မသယ္ေဆာင္မီ လက္တစ္ဖက္ျဖင့္ ေကာက္ယူလိုက္သည္။ သူသည္ ရႈက်င္ထ်န္း၏ ျဖဴေဖ်ာ့ေနေသာႏႈတ္ခမ္းမ်ားကို အသာအယာဖြင့္ဟကာ ျဖည္းညွင္းစြာ တိုက္ေကြၽးလိုက္သည္။

"ထ်န္းထ်န္း၊ နည္းနည္းေလာက္ ေသာက္လိုက္ေနာ္"
ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး နိုးေနစဥ္ကကဲ့သို႔ပင္ ႏူးညံ့သိမ္ေမြ႕စြာ ေခ်ာ့ေမာ့လိုက္သည္။

အိပ္ေနေသာ ရႈက်င္ထ်န္းသည္ မ်က္ေမွာင္ၾကဳတ္ကာ ညည္းတြားလိုက္ၿပီး မထိန္းနိုင္တာေၾကာင့္ သူ႕ပါးစပ္သို႔ ေသြးမ်ားမ်ိဳခ်လိဳက္မိသည္။

သူ႕ကိုအစာေကြၽးၿပီးေနာက္ ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏ ေသြးစြန္းေနေသာႏႈတ္ခမ္းကို အရသာခံကာ နမ္းလိုက္သည္။ ထ်န္းထ်န္းက ေသြးစိမ္းေတြကို အရမ္းမုန္းတာမို႔ သူမသိရင္ပိုေကာင္းမယ္။ သူသည္ အနာဂတ္တြင္ ဇီဇာေၾကာင္ျခင္း၏ ခ်ိဳ႕ယြင္းခ်က္ကို ျဖည္းျဖည္းခ်င္း ေျပာင္းလဲနိုင္လိမ့္မည္။ သူတို႔ေရွ႕မွာ ရွည္လ်ားတဲ့ အနာဂတ္ေတြ ရွိေနတုန္းပဲေလ...

ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို အိပ္ယာေပၚတြင္ ညင္သာစြာလွဲခ်ကာ ေစာင္ၿခဳံေပးၿပီး သူ႕ပါးျပင္ကို အသာအယာ နမ္းလိုက္သည္။

"ထ်န္းထ်န္း ကိုယ္ အျပင္ခဏသြားမလို႔...ကိုယ္ မၾကာခင္ျပန္လာခဲ့ပါ့မယ္"

မိုး႐ြာေသာေန႕သည္ ပ်ံသန္းေနတတ္ေသာ သားရဲအားလုံးအတြက္ အႀကီးမားဆုံး အတားအဆီးျဖစ္ၿပီး သန္မာေသာ သားရဲတစ္ေကာင္ပင္လွ်င္ အလားတူ ဒဏ္ခံရမည္ျဖစ္သည္။ အထူးသျဖင့္ ထိုသူသည္ သူ၏ထ်န္းထ်န္းကို အရွက္ရေစခဲ့သည္။ ရႈဟန္ယြီသည္ အျခားသားရဲတစ္ေကာင္က သူ႕ဇနီးေလးအား မက္ေမာျခင္းအတြက္ သည္းမခံနိုင္ေတာ့ေပ။

ရႈဟန္ယြီသည္ ထိုသားရဲကို တစ္ခဏတာပင္ သည္းမခံနိုင္ေတာ့ေခ်။

အေပါက္ဝသို႔ေရာက္ေသာအခါ ရႈဟန္ယြီသည္ ေခတၱရပ္ကာ ေတြးေတာလိုက္သည္။ ထို႔ေနာက္ သြယ္လ်ေသာစပ်စ္ႏြယ္ပင္တစ္ပင္ကိုယူကာ မိန္းမပ်ိဳေလး၏လည္ပင္းတြင္ ခ်ည္ထားလိုက္သည္။

ဟိုအရင္ ထ်န္းထ်န္း လမ္းေလွ်ာက္ထြက္ခဲ့တဲ့ ေနာက္ဆုံးအခ်ိန္က ဒီလိုမိုးရာသီမွာပဲ!

က်န္ခဲ့ေသာ သားရဲရနံ႕သည္ မိုးမုန္တိုင္းေၾကာင့္ ေမ်ာပါသြားေသာ္လည္း ၎၏မူလရနံ႕အနည္းငယ္ကမူ က်န္ရွိေနေသးသည္။ ရႈဟန္ယြီသည္ ထိုရနံ႕လမ္းအတိုင္း ဆက္လက္ေလွ်ာက္လွမ္းရင္း မၾကာမီတြင္ သူဖယ္ရွားပစ္လိုေသာ သားရဲကိုေတြ႕ရွိခဲ့သည္။

သားရဲႏွစ္ေကာင္သည္ ရန္လိုမႈအျပည့္ျဖင့္ အခ်င္းခ်င္းထိပ္တိုက္ေတြ႕ၾကေလ၏။

မိုး႐ြာသြန္းမႈေအာက္တြင္ ရန္ဇီ၏အေမြးမ်ားသည္  စိုစြတ္ၿပီး သူ႕ခႏၶာကိုယ္တြင္ ကပ္ေနေသာ္လည္း ထိုအရာကပင္ ၎၏ ပိုမိုခိုင္ခံ့ေသာအရိုးစုႏွင့္ အခ်ိဳးက်ေသာႂကြက္သားမ်ားကို ထင္ရွားေစၿပီး ပို၍စြမ္းအားရွိေနသကဲ့သို႔ပင္။

ဤသူသည္ သူ၏မိန္းမငယ္ကို လုယူခဲ့သူျဖစ္သည္။ မိန္းမငယ္ေလးသည္ သူ၏အပိုင္သာ။ ထို႔ေၾကာင့္ တဖန္ျပန္လည္သိမ္းယူရမည္။ သူတစ္ခ်ိန္က ေန႕ေရာညပါ ထိေတြ႕ဆက္ဆံခဲ့ဖူးေသာ ခ်စ္စရာအမ်ိဳးသမီးကို ျပန္သတိရကာ ရန္ဇီက သူ႕ကိုယ္သူ တိတ္တဆိတ္ ကတိေပးလိုက္သည္။

ရႈဟန္ယြီ၏မ်က္လုံးမ်ားသည္ ေရေအးမ်ားျဖင့္ စိုစြတ္ေနေသာ အေမြးအမွ်င္ႏွင့္ သားရဲေကာင္ကို အေလာင္းတစ္ခုကဲ့သို႔ ၾကည့္ေန၏။

ရန္ဇီသည္ ရႈဟန္ယြီ၏မထီမဲ့ျမင္ျပဳေသာ အၾကည့္ေၾကာင့္ ေဒါသထြက္သြားသည္။ သူသည္ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္ကာ ႐ူးသြပ္ေနေသာ ဟစ္ေအာ္သံကိုထုတ္လႊင့္လိုက္ၿပီး သူ႕ေရွ႕မွ ဝိညာဥ္သားရဲေႁမြကို ျပင္းျပင္းထန္ထန္ ခုန္အုပ္လိုက္သည္။

သို႔ေသာ္ ရႈဟန္ယြီသည္ သူ႕ၿပိဳင္ဘက္ကို အေရးမစိုက္သလို မလႈပ္မရွား။ မာနႀကီးေသာသားရဲက သူ႕ကို ထိလိုက္ေသာအခါတြင္ သူ႕အသြင္အျပင္ ႐ုတ္တရက္ လႈပ္ရွားသြားၿပီး တစ္ဖက္သား၏ တိုက္ခိုက္မႈကို ေရွာင္ရွားကာ ျပန္လည္တိုက္ခိုက္ရန္ အခြင့္အေရးကို ရယူလိုက္သည္။

လိုက္ေလ်ာညီေထြရွိေသာ ေႁမြတစ္ေကာင္၏ ခႏၶာကိုယ္သည္ လွ်ပ္စီးေၾကာင္းကဲ့သို႔ လ်င္ျမန္ၿပီး ၿပိဳင္ဘက္၏ေအာက္ေက်ာကို ခ်က္ခ်င္းကိုက္လိုက္သည္။

ရန္ဇီသည္ ေဒါသတႀကီး ေအာ္ဟစ္ကာ အေဝးသို႔ဆုတ္ခြာလိုက္ၿပီး ကိုက္ထားေသာ အသားစတစ္စကို ထြက္လာေလ၏။

ဤဝိညာဥ္သားရဲေႁမြသည္ ပို၍ပင္အားေကာင္းပုံေပၚသည္။ ဒါမွမဟုတ္ သူ႕ရဲ႕ အေကာင္းဆုံးပုံစံက သူတို႔ေတြ႕ခဲ့တဲ့ ေနာက္ဆုံးအႀကိမ္ကဟာ မဟုတ္ဘူးလား။

သို႔ေသာ္လည္း ကိစၥမရွိ။ ဒီေန႕အတြက္ သူ ျပင္ဆင္ခဲ့တာ ၾကာၿပီ။ ရန္ဇီက ေလွာင္ေျပာင္ကာ ေျပးသြားလိုက္သည္။ သူ၏ ႀကီးမားလွေသာ အေတာင္ပံမ်ားသည္ ျပင္းထန္စြာထြက္ေပၚလာၿပီး မီတာအနည္းငယ္အထိ ပ်ံတက္သြားကာ ဝိညာဥ္သားရဲေႁမြ၏ ျပင္းထန္ေသာတိုက္ခိုက္မႈမ်ားကို ေရွာင္ရွားနိုင္ခဲ့သည္။

ရႈဟန္ယြီသည္ သူ၏ေျပးလႊားေနေသာ ရန္သူကို လ်င္ျမန္စြာ လိုက္ရွာလိုက္သည္။ ရွည္လ်ားလြန္းလွေသာ ေႁမြတစ္ေကာင္၏ခႏၶာကိုယ္သည္ ေျမျပင္ေပၚတြင္ လြင့္ေမ်ာေဝ့ဝဲေနၿပီး ေက်ာက္တုံးမ်ားကိုပင္ မေရမတြက္နိုင္ေအာင္ က်ိဳးပဲ့မႈမ်ား ျဖစ္ေပၚလာေစသည္။

ရန္ဇီ၏ စူးရွထက္ျမက္ေသာမ်က္ဝန္းမ်ားက က်ိဳးပဲ့ေနေသာ ေက်ာက္တုံးအေျမာက္အျမားကို ေျမျပင္ေပၚတြင္ ဖုံးလႊမ္းေနသည္ကို ေတြ႕လိုက္ရသည္။ ရႈဟန္ယြီသာ သူ႕အိမ္တံခါးဆီ လာဝံ့ပါက သူ႕တိုက္ပြဲမွာ အသာစီးရဖို႔ ဆုံးရႈံးသြားလိမ့္မည္။

နာက်င္မႈကိုမခံစားနိုင္သလို ရႈဟန္ယြီ၏ခႏၶာကိုယ္သည္ လ်င္ျမန္စြာေ႐ြ႕လ်ားေနၿပီး ရန္ဇီကို ခ်က္ျခင္း ဖမ္းမိသြားသည္။

ရန္ဇီမွာ အံ့အားသင့္သြားသည္။ ဤဝိညာဥ္သားရဲေႁမြသည္ သူ႕ေနာက္သို႔လိုက္လာရန္ အရာအားလုံးကို အႏၱရာယ္ျပဳမည္ဟု ဘယ္ေသာအခါမွ မေမွ်ာ္လင့္ထားေပ။ ဤကဲ့သို႔ဆိုလွ်င္ သူ ေနာက္တစ္ႀကိမ္ ရႈံးနိမ့္သြားလိမ့္မည္။ ရန္ဇီသည္ ရွက္႐ြံ႕လာၿပီး ေနာက္တစ္ႀကိမ္ သူရဲေဘာေၾကာင္မေနနိုင္ေတာ့ေပ။

သားရဲႏွစ္ေကာင္တို႔သည္ အနီးကပ္တိုက္ခိုက္ၾကၿပီး မိုးေရထဲတြင္ ဖုန္မႈန႔္မ်ားႏွင့္ေက်ာက္ခဲမ်ား လြင့္ပ်ံထြက္လာၾကသည္။ လြင့္ပ်ံလာေသာ ေက်ာက္တုံးမ်ားသည္ မာေၾကာခြၽန္ထက္ေနၿပီး အခ်ိဳ႕ကအနီေရာင္မ်ားပင္။ သို႔ေသာ္ မိုးေရ၏ေဆးေၾကာမႈေအာက္တြင္ ထိုအနီေရာင္မ်ားသည္ ေျမျပင္ေပၚသို႔က်မီအထိ ေပ်ာက္ကြယ္သြားခဲ့သည္။

ရႈဟန္ယြီ၏ၿပီးျပည့္စုံေသာ ေႁမြခႏၶာကိုယ္သည္ ရန္ဇီ၏ သန္မာေသာသားရဲပုံစံကို တျဖည္းျဖည္း ရစ္ပတ္ထားခဲ့သည္။ အခြင့္အေရးကို ရွာေတြ႕သည္ႏွင့္တစ္ၿပိဳင္နက္ ၿပိဳင္ဘက္ကို အသက္ရႈၾကပ္သည္အထိ ရစ္ပတ္လိုက္သည္။

ရန္ဇီသည္ ဝိညာဥ္သားရဲေႁမြ၏ ရည္႐ြယ္ခ်က္ကို နားလည္လိုက္ၿပီး လႊတ္မေပးဘဲ တြယ္ကပ္ေနေသာ ဤေႁမြေကာင္ကို ျပတ္ျပတ္သားသား တြန္းထုတ္ကာ ပိတ္မိေနေသာ သားရဲကဲ့သို႔ပင္ ထက္ထက္သန္သန္ ႐ုန္းကန္လိုက္သည္။

မသိသည့္အခ်ိန္တစ္ခုတြင္ ႏွစ္ေယာက္သားရွိေနသည့္ေျမျပင္သည္ အနီေရာင္ေသြးမ်ားႏွင့္ ႐ႊဲနစ္ေနသည္။ မိုးေရမ်ား အားေပ်ာ့သြားသည္ႏွင့္အမွ် ေသြးမ်ားသည္ ပိုမိုက်ယ္ျပန့္လာကာ က်ိဳးပဲ့ေနေသာ ေက်ာက္တုံးမ်ားျဖင့္ ဖုံးလႊမ္းေနေသာ ေျမကြက္လပ္တစ္ခုလုံး ေသြးမ်ားျဖင့္ပ်ံ့ႏွံ႕ေန၏။

ေျမျပင္ေပၚ၌ ေသြးမ်ားတိုးလာသည္ႏွင့္အမွ် ရႈဟန္ယြီသည္ တျဖည္းျဖည္းခြန္အားမ်ား ဆုံးရႈံးသြားကာ သူ႕ပုံစံသည္ ခ်က္ခ်င္းပင္ ေပ်ာ့ညံ့လာသည္။ ရန္ဇီသည္ ၿပီးျပည့္စုံေသာအခ်ိန္ကိုရွာေဖြေတြ႕ရွိခဲ့ၿပီး ဝိညာဥ္သားရဲေႁမြ၏ ဖိႏွိပ္မႈမွ လြတ္ေျမာက္ကာ ႐ုန္းကန္နိုင္သည္။ သို႔ေသာ္ သူေနာက္မဆုတ္ဘဲ ဝိညာဥ္ေရးေႁမြကို ျပင္းျပင္းထန္ထန္ ကန္ထုတ္ၿပီး လွဲခ်မည့္အစား ေသြးစြန္းေနေသာ ပါးစပ္ႀကီးကို ဖြင့္ကာ ေႁမြ၏လည္ပင္းကို တစ္ခ်က္ကိုက္ရန္ ကြံရွယ်လ်ဳက်သည်။

ရႈဟန္ယြီသည္ သူ႕ခႏၶာကိုယ္ကို တင္းၾကပ္လိုက္ၿပီး သူ႕အေပၚက သားရဲကို စိုက္ၾကည့္ေနေပမယ့္ ေရွာင္ထြက္မသြားခဲ့ေပ။ ေအးစက္ေသာအလင္းေရာင္ျဖင့္ ေတာက္ပေနေသာ အစြယ္မ်ားသည္ ရႈဟန္ယြီကိုထိလိုက္သည္ႏွင့္ ရႈဟန္ယြီသည္ ႐ုတ္တရက္ လႈပ္ရွားသြားသည္။ သူ၏ေပ်ာ့ေပ်ာင္းေသာေႁမြခႏၶာကိုယ္သည္ မီတာဝက္ခန႔္အကြာတြင္ ထူးထူးျခားျခား ေ႐ြ႕လ်ားသြားၿပီး သူ၏ေႁမြေခါင္းသည္ လွ်ပ္စီးေၾကာင္းကဲ့သို႔ လြင့္ပ်ံလာသည္။ ခ်က္ခ်င္းပင္ သူသည္ ေနာက္မဆုတ္ေသးေသာ သားရဲ၏ ေခါင္းကို ကိုက္လိုက္သည္။

သူ၏ ခြၽန္ထက္သည့္သြားမ်ားသည္ အသားထဲသို႔ ထိုးေဖာက္ဝင္ေရာက္ကာ ၎၏အေပၚပိုင္းအစြယ္မ်ားသည္ သားရဲ၏ေဒါသတႀကီး စိုက္ၾကည့္ေနေသာ မ်က္လုံးမ်ားတြင္ အခိုင္အမာ နစ္ျမဳပ္ထားလိုက္သည္။

"အာဝူး..."

ရန္ဇီက ျပင္းျပင္းထန္ထန္ ေအာ္ဟစ္လိုက္သည္။ တစ္ခ်ိန္တည္းမွာပဲ သူ႕မ်က္ႏွာကလည္း ေသြးေတြနဲ႕ ဖုံးလႊမ္းေနၿပီ။ သူ၏ ညာဘက္မ်က္လုံးတြင္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အေပါက္ႀကီးတစ္ခုပင္ ရွိေနသည္။ အကယ္၍ သူသာ လ်င္ျမန္မႈမရွိခဲ့လွ်င္ ေႁမြ၏သြားမ်ားသည္ သူ႕ဦးႏွောက္ထဲသို႔ နစ္ျမဳပ္သြားေပလိမ့္မည္။

ရလဒ္ကို သတ္မွတ္ထားၿပီးၿပီ။ အကယ္၍ သူသာ ထြက္မသြားခဲ့လွ်င္ ေသဖြယ္ရာသာရွိေတာ့သည္။

ရန္ဇီက ညည္းၫူသံသဲ့သဲ့ထြက္လာၿပီး သူ႕ေတာင္ပံေတြကိုဖြင့္ကာ အရွိန္ျပင္းျပင္းနဲ႕ အေဝးကိုေျပးဖို႔ သူ၏စြမ္းအင္အားလုံးကို စုစည္းလိုက္သည္။ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္သာမက မိုးေရမ်ားေၾကာင့္လည္း ရန္ဇီ၏ပ်ံသန္းမႈလမ္းေၾကာင္းသည္ တေျဖးေျဖးႏွင့္ နိမ့္လိုက္ျမင့္လိုက္ျဖစ္ေနသည္။ အကယ္၍ ေအာက္ရွိဝိညာဥ္သားရဲေႁမြသည္ သူ႕ကို လိုက္ဖမ္းမည္ဆိုပါက ထိုသူသည္ သူ႕ကိုလိုက္လံရွာေဖြရာတြင္ ေသခ်ာေပါက္ ေအာင္ျမင္မည္ျဖစ္သည္။

သို႔ေသာ္ ရႈဟန္ယြီသည္ ဝမ္းနည္းစြာထြက္ေျပးသြားေသာ သားရဲကို ေအးစက္စြာၾကည့္႐ုံမွ်သာျဖစ္ၿပီး လိုက္မရွာနိုင္ေပ။ ထိုသားရဲ သူ႕ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည့္အခ်ိန္၌ သူ၏ မတ္မတ္ရပ္ထားေသာ ကိုယ္ခႏၶာအေပၚပိုင္းသည္ 'ဘုန္း'ဟူေသာအသံႏွင့္အတူ ေသြးအိုင္ထဲသို႔ လဲက်သြားေတာ့သည္...

~~~~~~

6/2/2022(2:35PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...