Unicode
ဟီရမှ ထွက်ခွာခြင်း
_________________
သုဒြာသည် ဘရဏသူရှိရာနန်းဆောင်သို့ သူမ၏အခြွေရံသင်းပင်းများခြံရံ၍ အခစားဝင်ရောက်ခါနီးတွင် နန်းဆောင်အတွင်းမှထွက်လာသော သုန္ဒရီနှင့်တည့်တည့်တိုးလေစည်။
သုဒြာကိုမြင်သည်နှင့် သုန္ဒရီက ဂါရဝပြုကာ
" ခေါင်ဖုရား..."
ဟု တရိုတသေနှုတ်ဆက်သည်။
"တပ်မှူးသုန္ဒရီ..ဘာအကြောင်းထူးကိစ္စများ ရှိလို့ပါလဲ"
" ကျွန်ုပ် မွေးရပ်ဇာတိကို ခေတ္တပြန်မယ့်အကြောင်း သုရှင်ကို လာရောက်ခွင့်ပန်တာပါ"
"မွေးရပ်ဇာတိ?"
ထိုစာလုံးသည် သုဒြာ၏သည်းပွတ်နှလုံးကို မရည်ရွယ်ပါဘဲ လှုပ်ခါသွားစေ၏။
မွေးရပ်ဇာတိဟူသောအသံကား သုဒြာမကြားရသည်မှာ အလွန်တရာကြာမြင့်နေလေပြီ။ သူမ၏မွေးရပ်ဇာတိဖြစ်သော မန္တာမျိုးနွယ်စုတို့၏အရပ်ဒေသသို့ မရောက်ဖြစ်သည်မှာလည်း ပြောစရာတောင်မလိုတော့ပေ။ ဘရဏသူနှင့်လက်ဆက်ပြီးကတည်းက ထိုကိုမရောက်ရှိတော့သည်ဖြစ်ရာ ခုနစ်နှစ်မျှ ကြာညောင်းနေပြီဖြစ်သည်။
သူမ မွေးရပ်ကို တမင်တကာပြန်မသွားခြင်းမဟုတ်ပါ။ မိဖုရားရာထူးတည်းဟူသည့် သံခြေချင်းက သူမကို နန်းတွင်းထဲတွင် သော့ခတ်ထိန်းသိမ်းထားသည် မဟုတ်ပါလား။
တစ်ခါတစ်ရံ သူမ၏ဖခမည်းတော် နန်းတော်တွင်းလာ၍ မိသားစုနှင့် သူမတွေ့ရသည်။ ထိုအချိန်များတွင် မွေးရပ်မြေ၏ပြောင်းလဲနေပုံကို မိသားစုက တခမ်းတနားပြောပြကာ သူမကိုစိတ်လှုပ်ရှားစေသည်။
အို..သို့ပေမဲ့ သူများပြောလို့ပြန်ကြားရတာနဲ့၊ ကိုယ်တိုင် ထိတွေ့မြင်တွေ့ရတာနဲ့က ဘယ်တူပါ့မလဲလေ။
အခုလောက်ဆိုလျှင် မွေးရပ်မြေဟာ မည်မျှတောင်ပြောင်းလဲမလဲ သုဒြာမျက်စိနှင့်ကိုယ်တိုင်တွေ့လိုသည်။ ထိိုသို့သွားလိုသည်။ ထိုသို့ရောက်လျှင် သုဒြာ၏စိတ်နှလုံးသည် ငယ်ဘဝ၏အမှတ်တရများကြောင့် ဆွတ်ပျံ့ကြည်နူးသွားနိုင်သည်။
သုန္ဒရီ: "အဖလည်း ဆုံးပါးသွားပြီဆိုတော့ အဖရယ်၊ အမိရယ်၊ ကျွန်ုပ်ရယ် သုံးဦးအတူတူနေထိုင်ဖူးတဲ့နေရာဆီ နောက်တစ်ကြိမ်လောက်ဖြစ်ဖြစ် ပြန်သွားကြည့်မိချင်ပါတယ်။ မရောက်တာလည်း ကြာပြီဆိုတော့လေ"
ထိုစကားဆိုရင်း အရောင်လက်နေသော သုန္ဒရီ့၏မျက်ဝန်းများကို သူမကိုယ်ချင်းစာနိုင်သည်။
" ဇာတိမြေက အမှတ်တရကောင်းတွေကြောင့် ပိုပြီးလှပနေတော့မှာပဲ"
" ဟုတ်ပါတယ် ခေါင်ဖုရား။ ဇာတိမြေမှာ ဆွေမျိုးတွေလည်းရှိပါသေးတယ်။ ဒါ့အပြင် ငယ်သူငယ်ချင်းတွေလည်း ရှိပါတယ်။ ငယ်သူငယ်ချင်းတွေနဲ့ အနေဝေးပေမဲ့ ပြန်တွေ့တာနဲ့ အရင်လိုခင်မင်ရင်းနှီးမှုကိုခံစားရတယ်။ သူတို့တွေရဲ့အနားရောက်ပြီဆိုတာနဲ့ ကျွန်ုပ်က တပ်မှူးဆိုတဲ့အဖြစ်ကိုတောင် မေ့ပျောက်မိပါတယ်။ ဇာတိမှာဆိုရင် ကျွန်ုပ်က သာမန်ကျေးတောသူလိုပါပဲ"
ထိုစကားကိုကြားမှ သုဒြာသည် သူမ၏မွေးရပ်မြေမှဘဝသည် နန်းတွင်းထဲမှဘဝနှင့် သိပ်၍မကွာခြားကြောင်း ခံစားမိသည်။
မွေးရပ်မြေမှာလည်း ဟောသည်လိုပဲ။ ဘယ်သွားသွား အလွတ်မပေးဘဲ အနောက်ကတကောက်ကောက်လိုက်နေသည့် ရံရွေတော်တစ်သိုက်က သူမ၏တောင်ပံတွေကို ခဏခဏခေါက်ထည့်သိမ်းနေသည်။ လူတိုင်းက သူမပြုလုပ်ရမည့်တာဝန်ကို သတ်မှတ်ပေးထားသည်။ သူမက ရွှေချည်ငွေချည်ထိုးရသည်ကို နှစ်သက်ပြီး လက်ဝတ်ရတနာများကြည့်ရှုရခြင်းကို သဘောကျကြောင်း ပတ်ဝန်းကျင်က ပြောပြဖူးသည်။ သူမက နုနယ်သဖြင့် ကိုယ့်ကိုယ်ကိုထိန်းသိမ်းမစောင့်ရှောက်နိုင်ဘဲ ရံရွေတော်များလ်ိုအပ်ကြောင်း ခမည်းတော်က ဆိုဖူးသည်။
ငယ်စဉ်ကတော့ ရံရွေတော်တွေကို တစ်ပတ်ရိုက်ပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လျှောက်,လျှောက်သွားဖူးသည်။ သို့သော်ငြား အိမ်သို့ပြန်ရောက်သည်နှင့် "သူမပျောက်ရကောင်းလား" ဟူသော အကြောင်းပြချက်ဖြင့် ညိုမည်းစွဲအောင် အရိုက်ခံထားရသော ရံရွေတော်များကြောင့် သူမ၏အပျော်မှာ ကြာကြာမခံရပါချေ။
ထို့ကြောင့် သူမ ထိုအကျင့်ကို စွန့်လွှတ်ခဲ့ရသည်။
သူငယ်ချင်းဟာတော့ မရှိတာဖြင့် ကြာနေပြီပဲ။
ကျောင်းတော်တုန်းက သူငယ်ချင်းများနှင့်လည်း လက်ထပ်ပွဲပြီးကတည်း အလုံးစုံအဆက်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
" ဒါနဲ့ တပ်မှူးက တစ်ယောက်တည်းသွားမှာလား"
သုဒြာ တအံ့တဩမေးမိခြင်းဖြစ်သည်။
" ဟုတ်ပါတယ် ခေါင်ဖုရား။ အဖ,မရှိတော့ တစ်ယောက်တည်းပဲပေါ့"
မိန်းကလေးတစ်ဦးတည်းသွားလျှင် အန္တရာယ်ရှိသည် ဟူသောစကားက တပ်မှူးသုန္ဒရီအပေါ် မသက်ရောက်၍လား မသိပါချေ။
သုဒြာ နာနာကျင်ကျင်ပြုံးလိုက်မိပြီး မျက်လွှာအသာချသွားသည်။
" ပျော်ဖို့ကောင်းမှာပဲ"
" ရှင်"
သုဒြာ ဖျော့တော့စွာပြုံးရင်း ခေါင်းခါပြသည်။ ထို့နောက် တခြားသောစကားတစ်ခွန်းကို ဖာထေးဆိုသည်။
" ဇာတိမြေမှာ ကောင်းကောင်းပျော်ခဲ့ပါ"
သုန္ဒရီ တောက်တောက်ပပပြုံးရယ်သွားသည်။
" မှန်ပါ့။ ဒါဆို ကျွန်ုပ်သွားလိုက်ပါဦးမယ် ခေါင်ဖုရား"
သုဒြာခေါင်းညိတ်ပြလိုက်လျှင် သုန္ဒရီ သူမအရှေ့မှထွက်ခွာသွားသည်။
သုဒြာ နန်းဆောင်တွင်းဝင်ရန်ပြင်သည်။ အနောက်မှ ရံရွေတော်များက လိုက်လာမည့်ဟန်ပြင်သဖြင့် သုဒြာအနောက်သို့ ဆတ်ခနဲလှည့်လိုက်သည်။
သုဒြာ၏အမူအရာကြောင့် ရံရွေတော်တို့တုံ့ဆိုင်းသွားသည်။
" ကျွန်ုပ်ရဲ့ခင်ပွန်းသည်နဲ့ တွေ့မလို့ကိုတောင် လိုက်ခဲ့ဦးမလို့လား"
သုဒြာ၏ခပ်တင်းတင်းစကားကြောင့် ရံရွေတော်တို့မလိုက်ဝံ့တော့ဘဲ အပြင်ဘက်၌ကျန်ရစ်ခဲ့သည်။
***************************
လွန်ခဲ့သောနှစ်ပတ်ကျော်ခန့်က ဥတ္တရနှင့်ပန်သျှားပြည်တို့ ပူးပေါင်းတိုက်ခိုက်သဖြင့် ဆူလခေါင်းဆောင်ကျရှုံးကာ ဆူလနယ်မြေသည် ဥတ္တရပြည့်ရှင်မင်း၏လက်အောက်သို့ ကျရောက်လာခဲ့တော့သည်။
ထိုတွင် ယုဂန်မနှစ်မခြိုက်ဖြစ်ရသော၊ မကျေမချမ်းဖြစ်ရသော ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဤသည်မှာ ဆူလလူမျိုးတို့၏အလုပ်အကိုင်နှင့် စားဝတ်နေရေးအပေါ် စီမံခန့်ခွဲမှုပင်။
ဆူလနယ်မြေကို သိမ်းပိုက်မိပြီးသည်နှင့် အုပ်ချုပ်သူလူတန်းစားအဖွဲ့သည် မှောင်ခိုလမ်းကြောင်းများကို ဦးစွာဖျက်စီးပစ်ကာ မှောင်ခိုရောင်းဝယ်ရေးကို အလုံးစုံချေမှုန်းပစ်လေတော့သည်။
ဤသည်မှာ လုပ်သင့်လုပ်ထိုက်သော၊ ကောင်းသောလုပ်ရပ်ဖြစ်သော်လည်း မှောင်ခိုလုပ်ငန်း၏ အောက်ခြေအလုပ်သမားများဖြစ်သည့် များစွာသောဆူလလူမျိုးများကို အလုပ်လက်မဲ့ဖြစ်သွားစေသည်။
မှောင်ခိုလုပ်ငန်း၏အထက်ပိုင်းမှ ကျွမ်းကျင်လိမ္မာသောလူအချို့ကမူ ငွေထုပ်ပိုက်ကာ ထွက်ပြေးသွားကြလေပြီ။
သို့ပါ၍ မှောင်ခိုလုပ်ငန်းကို အမှန်တကယ်ပြုလုပ်သော၊ အမြတ်ကိုအကုန်သိမ်းကြုံးယူသော လူတချို့က လွတ်မြောက်ကာ ဆင်းရဲတွင်းနက်သောကြောင့် ရွေးချယ်စရာမရှိခဲ့သည့် အောက်ဆုံးအဆင့်အလုပ်သမားများကသာ ငရဲခန်းကို ခံစားရတော့သည်။
ထို့အပြင် ဆူလကိုသိမ်းပိုက်သောစစ်ပွဲအတွင်း စစ်ဒဏ်သင့်၍ များစွာပျက်ဆီးဆုံးရှုံးခဲ့ရသည်ဖြစ်လေရာ ဆူလနယ်မြေသည် အကျိုးအပဲ့များ၊ မီးလောင်ရာများ၊ စုတ်ပြတ်ပြိုကျနေသောအိမ်များနှင့် ပြည့်နှက်နေလေသည်။
ဤသို့စစ်ဒဏ် အတော်လေးသင့်သွားသည့်ကိစ္စမှာ နယ်မြေသာသိမ်းလိုပြီး၊ ဆူလလူမျိုးများ မည်သို့ဖြစ်ဖြစ် စိတ်မဝင်စားသော မန္တာမျိုးနွယ်စုကြောင့်ဟုလည်း ဆိုနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ စစ်ဒဏ်သင့်ပါကလည်း နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်ပြုပြင်ပေးရမည်ဖြစ်သည်။ သို့ရာတွင် အခုကမူ ပြုပြင်မှု မရောက်ရှိလာပေ။
ယုဂန်သည် ဆူလလူမျိုးများအတွက် ထောက်ပံ့မှုတစ်စုံတစ်ရာကို နေ့စဉ်နေ့တိုင်းလိုလို တောင်းခံထားသော်လည်း "လုပ်ပေးပါ့မည်" ဟူသောစကားမှအပ အမှန်တကယ်ဆောင်ရွက်မှုကို ယခုထက်တိုင်မတွေ့ရသေးပေ။
ထိုအစား ပြည်သူများကြားထဲတွင် ဆူလလူမျိုးများသည် အများပြည်သူဒုက္ခရောက်စေသော မှောင်ခိုပစ္စည်းထုတ်လုပ်သဖြင့် ထိုသို့ဒုက္ခရောက်ရကြောင်း၊ သူတို့၏ လောဘတစ်ခုတည်းသာ ကြည့်သဖြင့် အတုံ့အလှည့်အနေနှင့် ဤသို့ဖြစ်ရကြောင်း စကားများပျံ့နှံ့နေသည်။
တကယ်က ယခုဒုက္ခရောက်နေသော ဆူလလူမျိုးအများစုသည် ရေပမာပြည့်လျှံလှသော စီးပွားဥစ္စာလိုလား၍ မှောင်ခိုပစ္စည်းပြုလုပ်နေခြင်းမဟုတ်၊ ထမင်းတစ်နပ်စားရရန်အတွက် အလုပ်ဟူသည် ဒီတစ်လုပ်သာရှိသောကြောင့် ပြုလုပ်ခဲ့ရမှန်း ဆူလနယ်မြေကို စနည်းနာခဲ့သည့်ယုဂန်သာ သိရှိလေသည်။
သို့သော်လည်း သူသည်ကား တစ်ဦးတည်း။ မှတ်ချက်ပေါင်းစုံနှင့်ပြည်သူများသည်ကား ဟီရတစ်မြို့လုံးသာဖြစ်လေသည်။
ထို့ကြောင့် ဆူလလူမျိုးများအပေါ် စာနာခြင်းထက် နှာခေါင်းရှုံ့ခြင်းနှင့်၊ ဝဋ်ခံရသည် ဟူသောစကားလုံးများကသာ ကြီးစိုးနေလေသည်။
ဆူလလူမျိုးအများစုသည် အိမ်မရှိ၊ သန့်စင်သောရေမရှိ၊
စားစရာဟူ၍လည်း ရှားပါးကာ ထိုအတိုင်းဆက်သွားလျှင် အငတ်ဘေးသို့ဦးတည်ရတော့မည်ဖြစ်သည်။ ငတ်၍ သေသောသူ များလာလိမ့်မည်။ ရောဂါဆန်းများက ထူပြောလာပေလိမ့်မည်။ အငတ်ဘေးဆက်လျှင် လူတို့၏ဆာလောင်သောဝမ်းဗိုက်က ခိုးဝှက်ခြင်း၊ ဓားပြတိုက်ခြင်းတို့ကို ဖြစ်ပေါ်စေလိမ့်မည်။
ဆူလနယ်မြေအတွင်း အချင်းချင်းခိုးဝှက်စရာ စားစရာမနည်းပါးလွန်းသောကြောင့် တခြားနယ်မြေများသို့ခြေဆန့်ကာ ခိုးဝှက်လုယူခြင်းက ဖြစ်ပွားပေလိမ့်မည်။
ထိုအခါတွင် ဆူလလူမျိုးတို့၏အပြစ် ထပ်ဖြစ်ပြန်ဦးမည်။
ယုဂန်သည် ထိုအကြောင်းကိုတွေးမိလျှင် ရင်လေးလှသဖြင့် မယ်တော်ကြီးပဉ္စမာယာနှင့် သွားရောက်တွေ့ဆုံသည်။
ဘုရင်ဖြစ်သူ ဘရဏသူကို သွားရောက်မတွေ့ဆုံခြင်းမှာ တွေ့လည်း ထူးမည်မဟုတ်သောကြောင့်ပင်။ ဘရဏသူသည် မှောင်ခိုရောင်းဝယ်ရေးပျက်စီးရန်သာ အာရုံစိုက်နေပြီး သူ့၏ပြစ်ချက်တစ်ခုမှာ တစ်စုံတစ်ရာကို အာရုံစိုက်လျှင် တခြားတာဝန်ကို မထမ်းနိုင်ဘဲ လျော့တိလျော့ရဲဖြစ်ခြင်းဖြစ်သည်။
ထို့ကြောင့် ဤအရေးသည် မည်မျှပင်ကိစ္စများစေကာမူ တာဝန်တိုင်း၌ ထောင့်စေ့သောမယ်တော်ကြီးရှင်းမှ ပြီးမည့်အရေးဖြစ်သည်။
ထိုသို့သောစိတ်နှင့်သွားခဲ့သော်လည်း မယ်တော်ကြီးသည် ဆူလတို့ကို ထင်သလောက်ထောက်ပံ့၍မပေးနိုင်ကြာင်း ချက်ကျလက်ကျ ရှင်းပြသည်။ ယုဂန်သည် ထိုပြဿနာကိုဖြေရှင်းရန် နည်းလမ်းအထွေထွေနှင့် ဆွေးနွေးသော်လည်း မယ်တော်ကြီးက လက်မခံပါချေ။ မယ်တော်ကြီးက ဆူလလူမျိုးတို့ကိုထောက်ပံ့ရေးထက် တိုင်းပြည်ကိုအကျိုးရစေမည့် ပြုပြင်ရေးတို့ကို ဆက်လက်တည်ဆောက်ရန်သာ အလေးသာနေသည်။
မယ်တော်ကြီး၏လမ်းစဉ်သည် တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် များစွာသောလူတို့၏တိုးတက်ရေးကို ရှေးရှုသော်လည်း
ငရဲခန်းမှလူအနည်းစုကို လျစ်လျူရှုနေသည်။
မြင်သာအောင်ဆိုပါက ဆာလောင်နေသူကို ထမင်းကြမ်းတစ်ခဲကျွေးမည့်အစား စံအိမ်တော်ပေါ်မှသခင်မလေးကို စားစရာအဖွယ်ဖွယ်ချက်ပြုတ်ပေးနေသလိုပါပင်။ ဆာလောင်သူကို ပေးကမ်းပါက အကျိုးမရှိဘဲ သခင်မလေးကို ဖားယားခြင်းက အကျိုးရှိမည်ဟူသော ထင်မြင်ချက်သာဖြစ်သည်။
ယုဂန်နှင့် မယ်တော်ကြီးသည် အမြင်တို့ကွဲလွဲကြ၏။ နောက်ဆုံးတွင် ယုဂန်သည် မျက်နှာတစ်ခုလုံး တည်တံ့သွားကာ ခပ်မာမာစကားတစ်ခွန်းကို ဆိုလာသည်။
"အင်အားကြီးတဲ့သူက တရားမျှတမှုကိုခြယ်လှယ်နိုင်တယ်လို့ မယ်တော်ကြီးပြောခဲ့ဖူးပါတယ်။"
သူ၏စကားကြောင့် ပဉ္စမာယာ သူ့ကိုရဲစူးစွာစိုက်ကြည့်သည်။
ယုဂန်သည်လည်း သူမကို မမှိတ်မသုန်ကြည့်နေ၏။ ယုဂန်၏ နက်မှောင်သောမျက်ဝန်းတို့က ရွှန်းစို၍ရဲတင်းနေသည်။
"တရားမျှတမှုကိုရဖို့ မေတ္တာတရားက သုံးစားမရဘူးဆိုရင် ဘာလို့များ ကျွန်တော်က ဘာလို့များ စေ့စပ်ညှိနှိုင်းရဦးမှာလဲ။ ကျွန်တော်သာ အင်အားကြီးမယ်ဆိုရင် ကျွန်တော်လိုချင်တဲ့အရာကို ရနိုင်ပြီမဟုတ်ပါလား"
ထိုစကားကို ဆိုပြီးသည်နှင့် ယုဂန်ထိုင်ရာမှ ဝုန်းခနဲထ,သည်။ သူသည် ပဉ္စမာယာကို မျက်တောင်စင်း၍ ခပ်မှုန်မှုန်ကြည့်ကာ
" ခွင့်ပြုပါဦး မယ်တော်ကြီး"
ဟုခပ်ပြတ်ပြတ်ဆိုပြီး ထိုနေရာမှ လှည့်ထွက်သွားသည်။
ထွက်သွားသော ယုဂန်၏ကျောပြင်ကို ပဉ္စမာယာမျက်စိမလွှဲဘဲ စိုက်ကြည့်နေသည်။
သူမ၏မြင်ကွင်းထဲမှ ယုဂန်ပျောက်ကွယ်သွားလျှင် သူမသည် အနီးနားရှိ လူယုံတော်ကို ခေါ်၍ပြောသည်။
" အရုဏနဲ့ ယုဂန်နိုင်ကို မပြတ်စောင့်ကြည့်နေပါ"
လူယုံတော်သည် အမိန့်စကားကို ခေါင်းညိတ်၍နာခံ၏။
**************************
ယုဂန်သည် ပြတင်းပေါက်၏ခန်းစီးအကွယ်တွင် ရပ်၍ အပြင်ဘက်ကို လှမ်းကြည့်နေ၏။
သူ၏စံအိမ် ခပ်လှမ်းလှမ်းတွင် လှည်းနှင့်အတူ ရပ်စောင့်နေသော မြင်းလှည်းသမားတစ်ဦးကိုတွေ့ရသည်။ ထိုမြင်းလှည်းသမားသည် မပုလွန်း၊ မရှည်လွန်း။ မပိန်လွန်း၊ မဝလွန်း။ ရုပ်ရည်ဟာလည်း မချောလွန်း၊ ရုပ်မဆိုးလွန်းဘဲ ကြည့်လိုက်ရုံနှင့် ထူးခြားမှန်းသိသာသည့် အစိတ်အပိုင်း (ဥပမာ မျက်လုံးပြူးခြင်း၊ နှာခေါင်းကြီးခြင်း၊ နားကားခြင်း၊ အများနှင့်လွန်စွာကွဲလွဲသော သို့မဟုတ် တစ်ချက်ကြည့်ရုံနှင့်တင် မှတ်မိနိုင်သော ရုပ်ရည်မျိုး) စသည်တို့လည်း မရှိချေ။ ဝတ်ဆင်ထားသည်မှာ အရောင်မှိန်သောအဝတ်အစားများသာဖြစ်ပြီး ခြုံငုံပြောရပါက ဖြတ်ခနဲကြည့်ရုံနှင့် မမှတ်မိနိုင်သော၊ လူအုပ်နှင့် ရောထွေးပျောက်ကွယ်နိုင်သော အလွန့်အလွန်သာမန်ပုံစံ ဖြစ်သည့်လူ ဖြစ်သည်။
နောက်ယောင်ခံလိုက်ဖို့ လိုအပ်သည့်ဂုဏ်သတ္တိများနှင့် ပြည့်စုံလှပေသည်။
"စောရံ"
ယုဂန်သည် ထိုလူကိုလှမ်းကြည့်နေရင်းနှင့် စောရံကိုလှမ်းခေါ်သည်။
" ဗျာ သခင်လေး"
" ဒီညနေ ငါ့ရဲ့အဝတ်အထည်သိုလှောင်ရုံကို ပြာဖြစ်တဲ့အထိ မီးရှို့ခိုင်းထားပါ။ မတော်တဆလောင်တဲ့မီးပုံစံမျိုး ပြုလုပ်ခိုင်း။ ရှို့မီးမှန်း မင်းနဲ့မီးရှို့တဲ့သူကလွဲပြီး ဘယ်သူမှ မသိစေနဲ့"
ထိုစကားကြောင့် စောရံအံ့ဩသွားသော်လည်း မေးခွန်းပြန်မထုတ်ဘဲ ခေါင်းညိတ်သည်။
" ဟုတ်ကဲ့ သခင်လေး"
" ပြီးတာနဲ့ သိုလှောင်ရုံကိုပို့မယ့်အထည်တွေ အားလုံးကို လှည်းနဲ့တင်ပြီး စံအိမ်ကိုပို့ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ "
ယုဂန်သည် အပြင်ဘက်ကိုလှမ်းကြည့်ရင်း ရှေ့ဆက်လုပ်ဆောင်ရမည့်အရာများကို ခေါင်းထဲ၌ အစီအစဉ်ချမှတ်နေလေသည်။
**************************
မှောင်ရီပျိုးနေပြီဖြစ်သော ညနေစောင်းတစ်ခုတွင် အရုဏနှင့် ဘရဏသူသည် သေရည်အတူသောက်ကာ စကားစမြည်ပြောဆိုဖြစ်ကြ၏။
ထိုစကားဝိုင်းကို ဦးဆောင်နေသူက မင်းကြီးဘရဏသူဖြစ်ပြီး သူသည် အကြောင်းအရာအတိအကျမရှိဘဲ အလျဉ်းသင့်သလို ရောက်တတ်ရာရာစကားများ ပြောဆိုရယ်မောနေခြင်းဖြစ်သည်။ ဘုရင်တစ်ပါးနှင့် မင်းသားတစ်ပါး တွေ့ဆုံခြင်းဆိုသည်ထက် အစ်ကိုကြီးနှင့် နှုတ်ဆိတ်သောညီငယ်တစ်ဦး တရင်းတနှီးဆုံကြိုက်ကြခြင်းနှင့် သာ၍တူသော စကားဝိုင်းဖြစ်သည်။
သို့ရာတွင် အရုဏသည် အဓိပ္ပါယ်မရှိဘဲစကားများများစားစားပြောခြင်းကို နှစ်သက်ပုံမရပါချေ။ သူက ဘရဏသူပြောနေသော စကားနှင့် ဆန့်ကျင့်ဘက်ခေါင်းစဉ်ရှိသည့် အကြောင်းအရာကို ဆိုင်းမဆင့်ဘုံမဆင့်ပြောချတော့သည်။
"မန္တာမျိုးနွယ်စု၊ ဆူလမျိုးနွယ်စုနဲ့ပတ်သက်ပြီး ဖြစ်စေချင်သည်များကို ကျွန်ုပ် နှစ်နှစ်ကာကာတောင်းဆိုခဲ့ပြီးပါပြီ။ ခုထက်ထိ အဲ့ဒီ့တောင်းဆိုမှု အမှန်တကယ်ဖြစ်တည်လာတာကို မမြင်ရသေးပါဘူး...အစ်ကိုတော်"
သေရည်တန်ခိုးကြောင့် အတန်ငယ်ရီဝေချင်နေပြီဖြစ်သည့် ဘရဏသူက တစ်ချက်ရယ်သည်။
" ငါ့ညီ,မလဲ သည်ကိစ္စကို အတော်လေး အခဲမကျေပုံ ရသဗျ။ ငါလည်း ဆောင်ရွက်ဖို့ကြိုးစားတာပါပဲ။ ငါဟာ ဘယ်လောက်ပဲ ဘုရင်ဖြစ်ပါစေ၊ ဒီကိစ္စငါတစ်ယောက်တည်း ဆောင်ရွက်လို့ရတဲ့အရာလည်း မဟုတ်ဘူး"
" အစ်ကိုတော် ကြိုးစားကြည့်ရင် ရနိုင်မယ့်အရာပါ"
" ကိုင်း...တယ် ခက်တာပဲ။ ငါဆောင်ရွက်ချင်ရင်တောင် မယ်တော်ကြီးက ရှေ့ကနေ ကာဆီးနေတာ။ မင်းက မင်းအမြင်နဲ့ဆိုပေမဲ့ တစ်ဖက်မှာလည်း သူတို့အမြင်ရှိတယ်။ မင်းပြောသလို လွယ်လွယ်မဖြစ်နိုင်တဲ့အကြောင်းရင်းကလေ ပြောရမယ်ဆိုရင် သိပ်များ...."
" ဆင်ခြေကို မလိုလားပါဘူး"
အရုဏ၏ပြတ်သောစကားကြောင့် ဘရဏသူ၏စကားရပ်တန့်သွားသည်။
ထို့အတူ အရုဏ၏အသံမှာ မာကြောပြီးဩဇာညောင်းနေသည်ဖြစ်ရာ ဘုရင်နှင့်မင်းသားဟူသည့် ဂုဏ်အင်ကွာခြားမှုစည်းကို စော်ကားလိုက်သည့်နှယ်။ ထို့ကြောင့် ဘရဏသူ မျက်နှာတစ်ချက်ပျက်သွားသည်။
" အစ်ကိုတော်က အနည်းငယ်လောက်တောင် အားထုတ်ပြီး ဆောင်ရွက်မနေဘူးဆိုတာ ကျွန်ုပ်တွေ့မြင်နေရပါတယ်။ အစ်ကိုတော် ကျွန်ုပ်တောင်းဆိုချက်ကို မဆောင်ရွက်ပေးနိုင်ရင် တခြားနည်းလမ်းကိုရွေးချယ်ရမယ့်အကြောင်း အဲ့ကတည်းကအကုန်ပြောခဲ့ပါတယ်"
" တခြားနည်းလမ်း? ငါ့ခွင့်ပြုချက်မယူဘဲ တခြားနည်းလမ်းနဲ့ဆောင်ရွက်မယ်လို့ ပြောနေတာပါလား"
ဘရဏသူ အသံကျယ်၍မာထန်သွားသည်။ အရုဏ မြစိမ်းရောင်မျက်ဝန်းများဟာတော့ ခံစားချက်ကင်းမဲ့လွန်းသည်။
ဘရဏသူသည် ထောင်းခနဲဒေါသထွက်သွားဟန်ဖြင့် မျက်နှာတစ်ပြင်လုံး သစ်သီးမှည့်ပမာ နီမြန်းသွား၏။
သူ သေရည်တစ်ခွက်မော့သောက်သည်။ ထို့နောက် စိတ်လျှော့လိုက်ဟန်ဖြင့် တည်တည်ငြိမ်ငြိမ်ဆိုလာသည်။
"အရုဏ...ငါတို့ကညီအစ်ကိုတွေပဲ။ ငါတို့ကြားမှာ အစွန်းရောက်ပြိး သွေးကွဲမှာ ငါမလိုလားဘူး။ ညှိညှိနှိုင်းနှိုင်းလုပ်ကြရအောင်"
" အခွင့်အရေးပေးခဲ့ပြီးပါပြီ။ အစ်ကိုတော့်ကို အစ်ကိုကြီးတစ်ယောက်အနေနဲ့ ချစ်ခင်လေးစားပေမဲ့ ဘုရင်တစ်ပါးအနေနဲ့တော့ ထပ်ပြီး မယုံကြည်နိုင်တော့ပါဘူး"
ထိုစကားကြောင့် ဘရဏသူ၏မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားသည်။
အရုဏကမူ ထိုင်ခုံမှ အေးစက်သောမျက်နှာထားနှင့် ထ,ကာ
" ယခုအချိန်ထိ ချီးမြှောက်ခဲ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်"
ဟုဆိုပြီး တံခါးဝဆီသို့ တည့်တည့်မတ်မတ်၊ ခိုင်ခိုင်မာမာခြေလှမ်းသွားသည်။
ဘရဏသူသည် အရုဏ၏ခြေလှမ်းနှင့် မျက်နှာထားကို သိသည့်အတွက် ထိုင်ရာမှ ဝုန်းခနဲထ,၍
"အရုဏ"
ဟု ရင်ခေါင်းသံကြီးဖြင့် ကျယ်လောင်တင်းမာစွာ အော်တော့သည်။
တံခါးဝရှေ့ရောက်နေသော အရုဏရပ်တန့်သွားသည်။ သို့ရာတွင် အနောက်သို့လှည့်မကြည့်။
ဘရဏသူသည် မျက်လုံးတို့ပြူးကျယ်ကာ သေရည်ခွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ မထင်မှတ်ထားသူက သစ္စာဖောက်သွားသဖြင့် ဘရဏသူသည် အံ့အားသင့်ခြင်းအပြင် ဒေါသလည်းပြင်းစွာထွက်နေလေသည်။
အရုဏ ယခုလိုစကားအကုန်ပြောရဲခြင်းမှာ သူ့ထံတွင် ကြံစည်ထားသောအရာရှိပြီး ဖြစ်ရမည်။ သို့ဆိုလျှင် သူ့ကို အရင်ကတည်းက ကြိတ်၍သစ္စာဖောက်နေခဲ့ခြင်း မဟုတ်ပါလား။
သူအယုံကြည်ရဆုံးညီတော်က သူ့ကိုစွန့်ခွာရန် တိတ်တဆိတ်ကြိုးပမ်းနေခဲ့သည်။
ဤအတွေးက သူ့ဒေါသနှင့်မာနကို မီးတောက်လောင်စေသည်။
သို့ပေမဲ့လည်း သူ၏ညီတော်မဟုတ်ပါပေလား။ သူ ထီးနန်းရအောင် ကူညီပေးသူထဲတွင်လည်း အရုဏက တစ်ဦးအပါအဝင်မဟုတ်ပါလား။ သူ့အနေနှင့် အရုဏကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးအပ်နိုင်ပါသေးသည်။
" ဒီအခန်းထဲကနေ ခြေတစ်လှမ်းအပြင်ကျွံတာနဲ့ မင်းက ငါ့ရဲ့ဆန့်ကျင်ဘက်လူ ဖြစ်သွားပြီ...အရုဏ"
ယခုအချိန် အရုဏပြန်လှည့်လာလျှင် ပြောခဲ့သမျှစကားအားလုံးကိုမေ့ကာ သူ,ခွင့်လွှတ်ပေးမည်ဟု ရည်ရွယ်ထားသည်။
အရုဏ တံခါးဝတွင် အတန်ကြာရပ်တန့်နေသည်။ သူ့စကားကြောင့် အရုဏတွေဝေနေပြီဟု သူထင်မှတ်သည်။
ထို့ကြောင့် ဘရဏသူ၏ စိတ်ထဲ၌ ဝမ်းသာမှု ခပ်မျဉ်းမျဉ်း ဖြတ်ပြေးသွားသည်။
သို့ရာတွင်...
အရုဏ အနောက်သို့ပြန်မလှည့်လာပါ။ အရုဏ သူ၏ညာခြေထောက်ကိုကြွသည်။
ထို့နောက်တွင် ခြေကိုရှေ့သို့ဆန့်တန်းပြီး တံခါးအပြင်သို့ တုံ့ဆိုင်းခြင်းမရှိ ထွက်ခွာသွားသည်။
ဘရဏသူ၏ ဦးရေပြားတို့ကျိန်းစက်သွား၏။ ဒေါသမီး ဟုန်းခနဲထ,တောက်သဖြင့် သူ၏နဖူးကြောများ ထောင်တက် သွားသည်။
"ရဲမက်တွေ မင်းသားအရုဏကို တားကြစမ်း!!"
အဆောင်တွင်းမှ မင်းကြီးဘရဏသူ၏ ဒေါသတကြီးအော်ငေါက်သံက ဂူအတွင်းရှိ ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်သံအလား။
ထိုအသံကိုကြားသည်နှင့် အရုဏသည် လမ်းကိုမြန်ဆန်စွာလျှောက်နေရင်း သူ၏အင်္ကျီလက်ထဲ၌ ဖွက်ကိုင်လာသော သတ္တုချောင်းကို ထုတ်၍ခလုတ်နှိပ်လိုက်သည်။ ထိုအခါ သတ္တုချောင်းသည် ထိပ်နှစ်ဖက်၌ ထက်ရှသည့်ဓားသွားပါသော သတ္တုချောင်းရှည်အဖြစ် ဆန့်တန်းသွားလေသည်။
နန်းဆောင်အနားရှိ ရဲမက်များသည် မင်းကြီးဘရဏသူ၏အမိန့်အရ အရုဏကို တားဆီးရန်၊ ဖမ်းဆီးရန်အလို့ငှါအပြေးရောက်ရှိလာကြသည်။
ထိုအခါ အရုဏသည် သူ၏လက်နက်ကို လေအလျင်၌ လည်သည့် စကြာပမာ တမွတ်မွတ်လည်အောင် လှည့်၍ ဖမ်းဆီးရန် ကြိုးစားသောရဲမက်များကို ခုခံလေသည်။
အရုဏသည် တန်ပြန်တိုက်စစ်မပြု၊ ဖမ်းဆီးရန်ကြိုးစားနေသော ရဲမက်များကို ခဏတာလဲကျသွားရန်သာ ခုခံပြီး ထိုနေရာမှ အလျင်အမြန်ဖောက်ထွက်ပြေးလာတော့သည်။
များစွာသောရဲမက်တို့သည် ရက္ခမင်းသားအမည်တွင်သူ၏ ထိုးထွင်းခုခံမှုကို မတားဆီးနိုင်ကြပါချေ။ အရုဏသည် ထိုသူတို့ကြားထဲမှ အလျင်အမြန်ပင်လွတ်မြောက်လာကာ တစ်နေရာသို့ ဦးတည်ထွက်ပြေးလေသည်။
ရဲမက်တို့သည်လည်း အနောက်မှ လိုက်ကြ၏။
အရုဏ၏ဦးတည်ရာမှာ တစ်နေရာတွင်ရပ်ထားခဲ့သော သူ၏မြင်းထံဖြစ်သည်။
အရုဏသည် ထိုနေရာသို့ရောက်ခါနီးသည်နှင့် ဝစီမှုတ်လိုက်၏။ သခင်၏ဝစီသံကိုကြားသော် ခပ်ဝေးဝေးတွင် ရပ်စောင့်နေသည့်မြင်းက အရုဏထံသို့ အလျင်အမြန်ပြေးလာလေသည်။
အရုဏသည် ပြေးနေသောမြင်း၏ဘေးသို့ ရအောင်ကပ်၍ ပြေးနေရင်းနှင့်ပင် မြင်းပေါ်သို့ လွှားခနဲခုန်တက်သွားသည်။
ထို့နောက် မြင်းကိုဇက်ကုန်ဖွင့်ကာ ဆင်ကျုံးဆီ တည့်တည့်နှင်၏။
ထိုအချိန်ထိ ရဲမက်တို့သည် အလျှော့မပေးဘဲ လိုက်နေဆဲဖြစ်ကာ ရဲမက်အကူများပင် ထပ်မံရောက်ရှိလာလေပြီ။ ထိုထပ်မံရောက်ရှိလာသော ရဲမက်များက အရုဏ၏လမ်းရှေ့တည့်တည့်၌ ဝင်ရောက်တားဆီးကာရံသည်။
အရုဏ မြင်း၏အရှိန်ကို မလျှော့။ သူသည် မြင်းဇက်ကြိုးကို ကျစ်ကျစ်လစ်လစ်ဆုပ်ကိုင်ထားကာ သူ၏မျက်လုံးတို့က အရှေ့တည့်တည့်တူရူဆီ စူးစူးရှရှကြည့်နေသည်။
မြင်းသည် ပိတ်ကာနေသောရဲမက်တို့ရှေ့ ရောက်၏။ ထို့နောက် မတုံ့မဆိုင်းဘဲ ထ်ိုရဲမက်တို့အပေါ်မှ ခုန်ပျံကျော်လွှားသွားသည်။
ဤသို့နှင့် အရုဏသည် အကာအရံတစ်ခုကို ထပ်မံကျော်ဖြတ်နိုင်ခဲ့ပြီး ဆင်ကျုံးဆီသို့ ရောက်ရန်နီးလာလေပြီ။
ဆင်ကျုံးနားသို့ရောက်သည်နှင့် အရုဏရောက်လာမှန်းသိသော ဆင်ကျောက်ခဲက နှာမောင်းကိုချီ၍ ကျယ်လောင်စွာ တဝူးဝူးအော်ဟစ်၏။
အရုဏသည် သူ၏သတ္တုချောင်းကို အသုံးပြု၍ ကျောက်ခဲ၏ခြေထောက်တွင် ခတ်ထားသောထူးကို ခုတ်ဖြတ်လိုက်သည်။ ထူးသည် သံခြေချင်းဖြစ်သော်လည်း အရုဏ၏ဓားမှာ ထက်ရှလွန်းသောကြောင့် တိခနဲပြတ်တောက်သွားလေသည်။
အရုဏ မြင်းပေါ်မှနေ၍ ဆင်ပေါ်သို့ပြောင်းတက်၏။
အရုဏကိုဂုတ်ပေါ်သို့တင်ပြီးသည်နှင့် ဆင်ကျောက်ခဲသည် တောထဲသို့ဦးတည်ကာ အသော့အနှင်ပြေးလေတော့သည်။
ဖမ်းဆီးရန် လိုက်လာကြသော ရဲမက်များကိုလည်း ဆင်ကျောက်ခဲက တက်နင်းမည့်ဟန်၊ နှာမောင်းဖြင့်ရိုက်ချမည့်ဟန် စသည်ဖြင့်ခြောက်လှန့်သဖြင့် ရဲမက်အချို့ အနားမကပ်ဝံ့၊ ဆက်မလိုက်ဝံ့ကြတော့ချေ။
ခြေလျင်ရဲမက်တို့ ကျန်ရစ်ခဲ့သော်လည်း ထိုအစား ဆင်စီးအမတ်နှစ်ဦးက အနောက်မှလိုက်ပါလာလေသည်။
ထိုဆင်နှစ်ကောင်အနက် တစ်ကောင်မှာ အသွားလျင်သောကြောင့် ဆင်ကျောက်ခဲအနားသို့ ယှဉ်ကပ်လာနိုင်သည်။
ထိုဆင်က ကျောက်ခဲ၏ကိုယ်ကို ဘေးမှတွန်းတိုက်သည်။
ပြေးနေသောဆင်နှစ်ကောင်သည် သူတို့၏ကြီးမားသောကိုယ်ခန္ဓာကြီးနှင့် အချင်းချင်းတွန်းတိုက်နေသကဲ့သို့ ဆင်၏သခင်နှစ်ဦးသည်လည်း ပြင်းထန်သောတိုက်ခိုက်ခြင်း ပြုနေရသည်ဖြစ်သည်။
တစ်ဖက်မှ ဆင်စီးအမတ်သည် မင်းသားအရုဏကို အရှင် လက်ရဖမ်းဆီးရမည်ဖြစ်သဖြင့် အရုဏ၏ချက်ကောင်းနေရာများကို မတိုက်ခိုက်ချေ။ အရုဏသည်လည်း ထိုသို့စွမ်းရည်ပြည့်ဝသော ဆင်စီးအမတ်ကို မသေစေချင်သဖြင့် သူ၏လက်နက်ကိုပင်ထုတ်မသုံးဘဲ ခုခံရုံသာပြု၏။
သို့သော်လည်း ကံအကြောင်းမလှပလေရာ ကျောက်ခဲ၏တွန်းထိုးမှုကြောင့် ထိုဆင်ခမျာ တောတွင်းတစ်နေရာရှိ ချောက်ထဲသို့ပြုတ်ကျသွားလေသည်။ ဆင်နှင့်အတူ ဆင်စီးအမတ်လည်း ပါသွားလေတော့သည်။
ကျန်သော တိုက်ဆင်တစ်ကောင်ဟာတော့ မျက်ခြည်ပြတ်သွားသည်ဖြစ်သဖြင့် အရုဏသည် ကျောက်ခဲနှင့်အတူ ဟီရမှလွတ်မြောက်လာခဲ့တော့သည်။
****************************
ရဲမက်အယောက်၅၀ ခန့်သည် အမတ်မင်းယုဂန်နိုင်ကို ပုန်ကန်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးရန်အလို့ငှါ သဇင်မြိုင်နန်း စံအိမ်ရှေ့တွင် ဝိုင်းရံကြ၏။
သူတို့သည် စံအိမ်တံခါးကို ရိုက်ချိုးပစ်ကာ အိမ်တွင်းသို့ ခက်ထန်ကြမ်းတမ်းစွာဝင်ရောက်လာသည်။
သို့သော်....
စံအိမ်ထဲတွင် သက်ရှိဟူ၍ ပိုးဟပ်တစ်ကောင်တောင် မတွေ့ရတော့ချေ။
အစေခံများလည်း မရှိ။ လူလည်းမရှိ။ သာမန်အသုံးအဆောင်ပစ္စည်းများမှအပ တန်ဖိုးကြီးပစ္စည်းများလည်းမရှိ။ အမတ်မင်းယုဂန်နိုင်လည်း မရှိ။
ထိုအစား သိုလှောင်ရုံအသစ်သို့ပို့ဆောင်ရမည့် အဝတ်အထည်များသာ အိမ်တွင်ကျန်ရစ်သည်။
ယခုအချိန်တွင် ထိုသူတို့ရှာဖွေနေသည့် အမတ်မင်းယုဂန်နိုင်ဟာတော့ ဟီရမြို့တော်၏အပြင်တစ်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
ယုဂန်နိုင်သည် အဝတ်အထည် သယ်,ဟန်ဆောင်ကာ သူ,ခိုးလိုက်ခဲ့သော ကုန်စည်တင်လှည်းကို နောက်ဆုံးအကြိမ်လှည့်ကြည့်လိုက်သည်။
ထို့နောက် သူ၏ရင်ဘတ်တွင်လွယ်ထားသော အိတ်ထဲမှ ဆပ်သွားဖူး၏ခေါင်းကို လက်ညှိုးဖြင့်ပွတ်ရင်း သက်ပြင်းချမိသည်။
နောင်တရ၍ သက်ပြင်းချမိခြင်းတော့မဟုတ်ပါ။ သူ့ဘဝ၏အလှည့်အပြောင်းတစ်ခုကို သက်ပြင်းဖြင့်ကြိုဆိုမိခြင်းသာ ဖြစ်လိမ့်မည်။
သူသည် ဤလမ်းစဉ်ကိုရွေးပြီးကတည်းက အရာအားလုံးကို အစီအစဉ်ချမှတ်ခဲ့ပြီးဖြစ်သည်။ စွန့်လွှတ်ရမည့်အရာများကိုလည်း ရေစက်ချပြီးဖြစ်သည်။ သူ၏အစေခံများကို အိမ်ရှိ ကြိုက်ရာအဖိုးအတန်ပစ္စည်းများ ရွေးချယ်၍ယူဆောင်သွားစေကာ နေရပ်သို့ပြန်လွှတ်လိုက်သည်။ ပြန်လွှတ်ရာတွင်လည်း အပြင်လူမရိပ်မိအောင် တစ်ခါလွှတ်လျှင် နှစ်ယောက်ခန့်သာ လွှတ်သည်။ အစေခံများဟာလည်း ကျေးဇူးတင်စကားဆို၍၊ တချို့ကလည်း ငိုယို၍ ထွက်ခွာသွားကြသည်။
သူပြန်လွှတ်လို့ မရသည်က စောရံနှင့်ကြောင်သာ ဖြစ်သည်။
စောရံဟာတော့ သူ့ကိုမိသားစုဝင်ဟု သတ်မှတ်ထားသူဖြစ်သဖြင့် သူသွားရာ တကောက်ကောက်လိုက်မည့်သူဖြစ်သည်။ ဆပ်သွားဖူးကတော့ သံယောဇဉ်ကလေးမို့ မထားခဲ့နိုင်၍ ကောက်ချီလာခြင်းသာ။
ခရီးအတွက် ရွှေစငွေစ နိုင်သလောက်ထည့်လာသော်ငြား သူထားခဲ့ရသမျှ ပစ္စည်းဥစ္စာနှင့်နှိုင်းယှဉ်ရလျှင် အလွန်တရာနည်းပါးလှသည်။
သူကြွယ်ကလေးယုဂန်နိုင်ဟူသော ဂုဏ်ဒြပ်ကတော့ အခုချိန်မှစပြီး စုန်းစုန်းမြုပ်ပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နောက်ဆုတ်မရသောလမ်းကို စတင်ခဲ့ပြီးပြီ။ ရှေ့ဆက်ရမည့်ကိစ္စကို ဆက်လက်ဆောင်ရွက်ရန်သာ ကျန်သည်။
ယုဂန်သည် ပစ္စည်းပစ္စယများထည့်လာသော လိုတရအိတ်ကို မြင်းပေါ်တင်၍ ထိုမြင်းကိုစီးကာ ခရီးဆက်သည်။
စောရံသည်လည်း အနောက်မှ မြင်းတစ်ကောင်စီး၍လိုက်ပါလာသည်။
ညနေစောင်းဟာတော့ ညချမ်းအခါသို့ ဝင်ရောက်လာပြီဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံး ပို၍ပို၍မှောင်ရီဝိုးဝါးလာသည်။
***********************************
ထိုညက အမိန့်ကြေညာစာတမ်းတစ်စောင် ချက်ချင်းထွက်ရှိလာသည်။
မင်းသားအရုဏ၏ ရာထူး၊ အဆောင်အယောင်၊ ဂုဏ်ဒြပ်နှင့် ချီးမြှောက်ထားသောဘွဲ့များကို ဖယ်ရှားလိုက်ကြောင်း။ ပုန်ကန်သူ အဖြစ်သတ်မှတ်လိုက်ကြောင်း။
အမတ်ယုဂန်နိုင်ကို ရာထူးမှပယ်ရှားကာ သူ၏လုပ်ငန်းများနှင့် စည်းစိမ်ဥစ္စာကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကြောင်း၊ ပုန်ကန်သူအဖြစ် သတ်မှတ်ကြောင်း စသည်။
ထိုအကြောင်းကိုကြားလျှင် နန္ဒနှင့်သုဒီပါသည် တစ်ညလုံးမအိပ်နိုင်ဘဲ မျောက်မှိုင်မှိုင်ကြ၏။
ပီယံမိတ်ကမူ ကောင်းကင်ပေါ်မှ လကိုမော့ကြည့်ရင်း လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလေသည်။ ထိုအခါ စိမ်းပြာသော လက်အကြောများက သူ၏တံတောင်ဆစ်အထိ ရုန်းကြွနေကာ သူ၏စိတ်ဓာတ်ခိုင်မာမှုကို ပြသနေသည့်အလား။
ပီယံ၏မျက်တောင်ရှည်များခြံရံသော မျက်ဝန်းဟာလည်း ခါတိုင်းလို ကြည်ရွှင်နူးညံ့မနေဘဲ စူးရဲကြမ်းရှနေလေသည်။
******************************
10.2.2022
(Thursday )
.
.
.
Zawgyi
ဟီရမွ ထြက္ခြာျခင္း
_________________
သုျဒာသည္ ဘရဏသူရွိရာနန္းေဆာင္သို႔ သူမ၏အေႁခြရံသင္းပင္းမ်ားၿခံရံ၍ အခစားဝင္ေရာက္ခါနီးတြင္ နန္းေဆာင္အတြင္းမွထြက္လာေသာ သုႏၵရီႏွင့္တည့္တည့္တိုးေလစည္။
သုျဒာကိုျမင္သည္ႏွင့္ သုႏၵရီက ဂါရဝျပဳကာ
" ေခါင္ဖုရား..."
ဟု တ႐ိုတေသႏႈတ္ဆက္သည္။
"တပ္မႉးသုႏၵရီ..ဘာအေၾကာင္းထူးကိစၥမ်ား ရွိလို႔ပါလဲ"
" ကြၽန္ုပ္ ေမြးရပ္ဇာတိကို ေခတၱျပန္မယ့္အေၾကာင္း သုရွင္ကို လာေရာက္ခြင့္ပန္တာပါ"
"ေမြးရပ္ဇာတိ?"
ထိုစာလုံးသည္ သုျဒာ၏သည္းပြတ္ႏွလုံးကို မရည္႐ြယ္ပါဘဲ လႈပ္ခါသြားေစ၏။
ေမြးရပ္ဇာတိဟူေသာအသံကား သုျဒာမၾကားရသည္မွာ အလြန္တရာၾကာျမင့္ေနေလၿပီ။ သူမ၏ေမြးရပ္ဇာတိျဖစ္ေသာ မႏၲာမ်ိဳးႏြယ္စုတို႔၏အရပ္ေဒသသို႔ မေရာက္ျဖစ္သည္မွာလည္း ေျပာစရာေတာင္မလိုေတာ့ေပ။ ဘရဏသူႏွင့္လက္ဆက္ၿပီးကတည္းက ထိုကိုမေရာက္ရွိေတာ့သည္ျဖစ္ရာ ခုနစ္ႏွစ္မွ် ၾကာေညာင္းေနၿပီျဖစ္သည္။
သူမ ေမြးရပ္ကို တမင္တကာျပန္မသြားျခင္းမဟုတ္ပါ။ မိဖုရားရာထူးတည္းဟူသည့္ သံေျခခ်င္းက သူမကို နန္းတြင္းထဲတြင္ ေသာ့ခတ္ထိန္းသိမ္းထားသည္ မဟုတ္ပါလား။
တစ္ခါတစ္ရံ သူမ၏ဖခမည္းေတာ္ နန္းေတာ္တြင္းလာ၍ မိသားစုႏွင့္ သူမေတြ႕ရသည္။ ထိုအခ်ိန္မ်ားတြင္ ေမြးရပ္ေျမ၏ေျပာင္းလဲေနပုံကို မိသားစုက တခမ္းတနားေျပာျပကာ သူမကိုစိတ္လႈပ္ရွားေစသည္။
အို..သို႔ေပမဲ့ သူမ်ားေျပာလို႔ျပန္ၾကားရတာနဲ႔၊ ကိုယ္တိုင္ ထိေတြ႕ျမင္ေတြ႕ရတာနဲ႔က ဘယ္တူပါ့မလဲေလ။
အခုေလာက္ဆိုလွ်င္ ေမြးရပ္ေျမဟာ မည္မွ်ေတာင္ေျပာင္းလဲမလဲ သုျဒာမ်က္စိႏွင့္ကိုယ္တိုင္ေတြ႕လိုသည္။ ထိိုသို႔သြားလိုသည္။ ထိုသို႔ေရာက္လွ်င္ သုျဒာ၏စိတ္ႏွလုံးသည္ ငယ္ဘဝ၏အမွတ္တရမ်ားေၾကာင့္ ဆြတ္ပ်ံ႕ၾကည္ႏူးသြားႏိုင္သည္။
သုႏၵရီ: "အဖလည္း ဆုံးပါးသြားၿပီဆိုေတာ့ အဖရယ္၊ အမိရယ္၊ ကြၽန္ုပ္ရယ္ သုံးဦးအတူတူေနထိုင္ဖူးတဲ့ေနရာဆီ ေနာက္တစ္ႀကိမ္ေလာက္ျဖစ္ျဖစ္ ျပန္သြားၾကည့္မိခ်င္ပါတယ္။ မေရာက္တာလည္း ၾကာၿပီဆိုေတာ့ေလ"
ထိုစကားဆိုရင္း အေရာင္လက္ေနေသာ သုႏၵရီ႕၏မ်က္ဝန္းမ်ားကို သူမကိုယ္ခ်င္းစာႏိုင္သည္။
" ဇာတိေျမက အမွတ္တရေကာင္းေတြေၾကာင့္ ပိုၿပီးလွပေနေတာ့မွာပဲ"
" ဟုတ္ပါတယ္ ေခါင္ဖုရား။ ဇာတိေျမမွာ ေဆြမ်ိဳးေတြလည္းရွိပါေသးတယ္။ ဒါ့အျပင္ ငယ္သူငယ္ခ်င္းေတြလည္း ရွိပါတယ္။ ငယ္သူငယ္ခ်င္းေတြနဲ႔ အေနေဝးေပမဲ့ ျပန္ေတြ႕တာနဲ႔ အရင္လိုခင္မင္ရင္းႏွီးမႈကိုခံစားရတယ္။ သူတို႔ေတြရဲ႕အနားေရာက္ၿပီဆိုတာနဲ႔ ကြၽန္ုပ္က တပ္မႉးဆိုတဲ့အျဖစ္ကိုေတာင္ ေမ့ေပ်ာက္မိပါတယ္။ ဇာတိမွာဆိုရင္ ကြၽန္ုပ္က သာမန္ေက်းေတာသူလိုပါပဲ"
ထိုစကားကိုၾကားမွ သုျဒာသည္ သူမ၏ေမြးရပ္ေျမမွဘဝသည္ နန္းတြင္းထဲမွဘဝႏွင့္ သိပ္၍မကြာျခားေၾကာင္း ခံစားမိသည္။
ေမြးရပ္ေျမမွာလည္း ေဟာသည္လိုပဲ။ ဘယ္သြားသြား အလြတ္မေပးဘဲ အေနာက္ကတေကာက္ေကာက္လိုက္ေနသည့္ ရံေ႐ြေတာ္တစ္သိုက္က သူမ၏ေတာင္ပံေတြကို ခဏခဏေခါက္ထည့္သိမ္းေနသည္။ လူတိုင္းက သူမျပဳလုပ္ရမည့္တာဝန္ကို သတ္မွတ္ေပးထားသည္။ သူမက ေ႐ႊခ်ည္ေငြခ်ည္ထိုးရသည္ကို ႏွစ္သက္ၿပီး လက္ဝတ္ရတနာမ်ားၾကည့္ရႈရျခင္းကို သေဘာက်ေၾကာင္း ပတ္ဝန္းက်င္က ေျပာျပဖူးသည္။ သူမက ႏုနယ္သျဖင့္ ကိုယ့္ကိုယ္ကိုထိန္းသိမ္းမေစာင့္ေရွာက္ႏိုင္ဘဲ ရံေ႐ြေတာ္မ်ားလ္ိုအပ္ေၾကာင္း ခမည္းေတာ္က ဆိုဖူးသည္။
ငယ္စဥ္ကေတာ့ ရံေ႐ြေတာ္ေတြကို တစ္ပတ္႐ိုက္ၿပီး တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ေလွ်ာက္,ေလွ်ာက္သြားဖူးသည္။ သို႔ေသာ္ျငား အိမ္သို႔ျပန္ေရာက္သည္ႏွင့္ "သူမေပ်ာက္ရေကာင္းလား" ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ညိဳမည္းစြဲေအာင္ အ႐ိုက္ခံထားရေသာ ရံေ႐ြေတာ္မ်ားေၾကာင့္ သူမ၏အေပ်ာ္မွာ ၾကာၾကာမခံရပါေခ်။
ထို႔ေၾကာင့္ သူမ ထိုအက်င့္ကို စြန႔္လႊတ္ခဲ့ရသည္။
သူငယ္ခ်င္းဟာေတာ့ မရွိတာျဖင့္ ၾကာေနၿပီပဲ။
ေက်ာင္းေတာ္တုန္းက သူငယ္ခ်င္းမ်ားႏွင့္လည္း လက္ထပ္ပြဲၿပီးကတည္း အလုံးစုံအဆက္ျပတ္ေတာက္သြားခဲ့ျခင္းျဖစ္သည္။
" ဒါနဲ႔ တပ္မႉးက တစ္ေယာက္တည္းသြားမွာလား"
သုျဒာ တအံ့တဩေမးမိျခင္းျဖစ္သည္။
" ဟုတ္ပါတယ္ ေခါင္ဖုရား။ အဖ,မရွိေတာ့ တစ္ေယာက္တည္းပဲေပါ့"
မိန္းကေလးတစ္ဦးတည္းသြားလွ်င္ အႏၲရာယ္ရွိသည္ ဟူေသာစကားက တပ္မႉးသုႏၵရီအေပၚ မသက္ေရာက္၍လား မသိပါေခ်။
သုျဒာ နာနာက်င္က်င္ၿပဳံးလိုက္မိၿပီး မ်က္လႊာအသာခ်သြားသည္။
" ေပ်ာ္ဖို႔ေကာင္းမွာပဲ"
" ရွင္"
သုျဒာ ေဖ်ာ့ေတာ့စြာၿပဳံးရင္း ေခါင္းခါျပသည္။ ထို႔ေနာက္ တျခားေသာစကားတစ္ခြန္းကို ဖာေထးဆိုသည္။
" ဇာတိေျမမွာ ေကာင္းေကာင္းေပ်ာ္ခဲ့ပါ"
သုႏၵရီ ေတာက္ေတာက္ပပၿပဳံးရယ္သြားသည္။
" မွန္ပါ့။ ဒါဆို ကြၽန္ုပ္သြားလိုက္ပါဦးမယ္ ေခါင္ဖုရား"
သုျဒာေခါင္းညိတ္ျပလိုက္လွ်င္ သုႏၵရီ သူမအေရွ႕မွထြက္ခြာသြားသည္။
သုျဒာ နန္းေဆာင္တြင္းဝင္ရန္ျပင္သည္။ အေနာက္မွ ရံေ႐ြေတာ္မ်ားက လိုက္လာမည့္ဟန္ျပင္သျဖင့္ သုျဒာအေနာက္သို႔ ဆတ္ခနဲလွည့္လိုက္သည္။
သုျဒာ၏အမူအရာေၾကာင့္ ရံေ႐ြေတာ္တို႔တုံ႔ဆိုင္းသြားသည္။
" ကြၽန္ုပ္ရဲ႕ခင္ပြန္းသည္နဲ႔ ေတြ႕မလို႔ကိုေတာင္ လိုက္ခဲ့ဦးမလို႔လား"
သုျဒာ၏ခပ္တင္းတင္းစကားေၾကာင့္ ရံေ႐ြေတာ္တို႔မလိုက္ဝံ့ေတာ့ဘဲ အျပင္ဘက္၌က်န္ရစ္ခဲ့သည္။
***************************
လြန္ခဲ့ေသာႏွစ္ပတ္ေက်ာ္ခန႔္က ဥတၱရႏွင့္ပန္သွ်ားျပည္တို႔ ပူးေပါင္းတိုက္ခိုက္သျဖင့္ ဆူလေခါင္းေဆာင္က်ရႈံးကာ ဆူလနယ္ေျမသည္ ဥတၱရျပည့္ရွင္မင္း၏လက္ေအာက္သို႔ က်ေရာက္လာခဲ့ေတာ့သည္။
ထိုတြင္ ယုဂန္မႏွစ္မၿခိဳက္ျဖစ္ရေသာ၊ မေက်မခ်မ္းျဖစ္ရေသာ ျပႆနာတစ္ခု ေပၚေပါက္လာခဲ့သည္။
ဤသည္မွာ ဆူလလူမ်ိဳးတို႔၏အလုပ္အကိုင္ႏွင့္ စားဝတ္ေနေရးအေပၚ စီမံခန႔္ခြဲမႈပင္။
ဆူလနယ္ေျမကို သိမ္းပိုက္မိၿပီးသည္ႏွင့္ အုပ္ခ်ဳပ္သူလူတန္းစားအဖြဲ႕သည္ ေမွာင္ခိုလမ္းေၾကာင္းမ်ားကို ဦးစြာဖ်က္စီးပစ္ကာ ေမွာင္ခိုေရာင္းဝယ္ေရးကို အလုံးစုံေခ်မႈန္းပစ္ေလေတာ့သည္။
ဤသည္မွာ လုပ္သင့္လုပ္ထိုက္ေသာ၊ ေကာင္းေသာလုပ္ရပ္ျဖစ္ေသာ္လည္း ေမွာင္ခိုလုပ္ငန္း၏ ေအာက္ေျခအလုပ္သမားမ်ားျဖစ္သည့္ မ်ားစြာေသာဆူလလူမ်ိဳးမ်ားကို အလုပ္လက္မဲ့ျဖစ္သြားေစသည္။
ေမွာင္ခိုလုပ္ငန္း၏အထက္ပိုင္းမွ ကြၽမ္းက်င္လိမၼာေသာလူအခ်ိဳ႕ကမူ ေငြထုပ္ပိုက္ကာ ထြက္ေျပးသြားၾကေလၿပီ။
သို႔ပါ၍ ေမွာင္ခိုလုပ္ငန္းကို အမွန္တကယ္ျပဳလုပ္ေသာ၊ အျမတ္ကိုအကုန္သိမ္းႀကဳံးယူေသာ လူတခ်ိဳ႕က လြတ္ေျမာက္ကာ ဆင္းရဲတြင္းနက္ေသာေၾကာင့္ ေ႐ြးခ်ယ္စရာမရွိခဲ့သည့္ ေအာက္ဆုံးအဆင့္အလုပ္သမားမ်ားကသာ ငရဲခန္းကို ခံစားရေတာ့သည္။
ထို႔အျပင္ ဆူလကိုသိမ္းပိုက္ေသာစစ္ပြဲအတြင္း စစ္ဒဏ္သင့္၍ မ်ားစြာပ်က္ဆီးဆုံးရႈံးခဲ့ရသည္ျဖစ္ေလရာ ဆူလနယ္ေျမသည္ အက်ိဳးအပဲ့မ်ား၊ မီးေလာင္ရာမ်ား၊ စုတ္ျပတ္ၿပိဳက်ေနေသာအိမ္မ်ားႏွင့္ ျပည့္ႏွက္ေနေလသည္။
ဤသို႔စစ္ဒဏ္ အေတာ္ေလးသင့္သြားသည့္ကိစၥမွာ နယ္ေျမသာသိမ္းလိုၿပီး၊ ဆူလလူမ်ိဳးမ်ား မည္သို႔ျဖစ္ျဖစ္ စိတ္မဝင္စားေသာ မႏၲာမ်ိဳးႏြယ္စုေၾကာင့္ဟုလည္း ဆိုႏိုင္သည္။
မည္သို႔ပင္ဆိုေစကာမူ စစ္ဒဏ္သင့္ပါကလည္း နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ျပန္လည္ျပဳျပင္ေပးရမည္ျဖစ္သည္။ သို႔ရာတြင္ အခုကမူ ျပဳျပင္မႈ မေရာက္ရွိလာေပ။
ယုဂန္သည္ ဆူလလူမ်ိဳးမ်ားအတြက္ ေထာက္ပံ့မႈတစ္စုံတစ္ရာကို ေန႔စဥ္ေန႔တိုင္းလိုလို ေတာင္းခံထားေသာ္လည္း "လုပ္ေပးပါ့မည္" ဟူေသာစကားမွအပ အမွန္တကယ္ေဆာင္႐ြက္မႈကို ယခုထက္တိုင္မေတြ႕ရေသးေပ။
ထိုအစား ျပည္သူမ်ားၾကားထဲတြင္ ဆူလလူမ်ိဳးမ်ားသည္ အမ်ားျပည္သူဒုကၡေရာက္ေစေသာ ေမွာင္ခိုပစၥည္းထုတ္လုပ္သျဖင့္ ထိုသို႔ဒုကၡေရာက္ရေၾကာင္း၊ သူတို႔၏ ေလာဘတစ္ခုတည္းသာ ၾကည့္သျဖင့္ အတုံ႔အလွည့္အေနႏွင့္ ဤသို႔ျဖစ္ရေၾကာင္း စကားမ်ားပ်ံ႕ႏွံ႔ေနသည္။
တကယ္က ယခုဒုကၡေရာက္ေနေသာ ဆူလလူမ်ိဳးအမ်ားစုသည္ ေရပမာျပည့္လွ်ံလွေသာ စီးပြားဥစၥာလိုလား၍ ေမွာင္ခိုပစၥည္းျပဳလုပ္ေနျခင္းမဟုတ္၊ ထမင္းတစ္နပ္စားရရန္အတြက္ အလုပ္ဟူသည္ ဒီတစ္လုပ္သာရွိေသာေၾကာင့္ ျပဳလုပ္ခဲ့ရမွန္း ဆူလနယ္ေျမကို စနည္းနာခဲ့သည့္ယုဂန္သာ သိရွိေလသည္။
သို႔ေသာ္လည္း သူသည္ကား တစ္ဦးတည္း။ မွတ္ခ်က္ေပါင္းစုံႏွင့္ျပည္သူမ်ားသည္ကား ဟီရတစ္ၿမိဳ႕လုံးသာျဖစ္ေလသည္။
ထို႔ေၾကာင့္ ဆူလလူမ်ိဳးမ်ားအေပၚ စာနာျခင္းထက္ ႏွာေခါင္းရႈံ႕ျခင္းႏွင့္၊ ဝဋ္ခံရသည္ ဟူေသာစကားလုံးမ်ားကသာ ႀကီးစိုးေနေလသည္။
ဆူလလူမ်ိဳးအမ်ားစုသည္ အိမ္မရွိ၊ သန႔္စင္ေသာေရမရွိ၊
စားစရာဟူ၍လည္း ရွားပါးကာ ထိုအတိုင္းဆက္သြားလွ်င္ အငတ္ေဘးသို႔ဦးတည္ရေတာ့မည္ျဖစ္သည္။ ငတ္၍ ေသေသာသူ မ်ားလာလိမ့္မည္။ ေရာဂါဆန္းမ်ားက ထူေျပာလာေပလိမ့္မည္။ အငတ္ေဘးဆက္လွ်င္ လူတို႔၏ဆာေလာင္ေသာဝမ္းဗိုက္က ခိုးဝွက္ျခင္း၊ ဓားျပတိုက္ျခင္းတို႔ကို ျဖစ္ေပၚေစလိမ့္မည္။
ဆူလနယ္ေျမအတြင္း အခ်င္းခ်င္းခိုးဝွက္စရာ စားစရာမနည္းပါးလြန္းေသာေၾကာင့္ တျခားနယ္ေျမမ်ားသို႔ေျခဆန႔္ကာ ခိုးဝွက္လုယူျခင္းက ျဖစ္ပြားေပလိမ့္မည္။
ထိုအခါတြင္ ဆူလလူမ်ိဳးတို႔၏အျပစ္ ထပ္ျဖစ္ျပန္ဦးမည္။
ယုဂန္သည္ ထိုအေၾကာင္းကိုေတြးမိလွ်င္ ရင္ေလးလွသျဖင့္ မယ္ေတာ္ႀကီးပၪၥမာယာႏွင့္ သြားေရာက္ေတြ႕ဆုံသည္။
ဘုရင္ျဖစ္သူ ဘရဏသူကို သြားေရာက္မေတြ႕ဆုံျခင္းမွာ ေတြ႕လည္း ထူးမည္မဟုတ္ေသာေၾကာင့္ပင္။ ဘရဏသူသည္ ေမွာင္ခိုေရာင္းဝယ္ေရးပ်က္စီးရန္သာ အာ႐ုံစိုက္ေနၿပီး သူ႔၏ျပစ္ခ်က္တစ္ခုမွာ တစ္စုံတစ္ရာကို အာ႐ုံစိုက္လွ်င္ တျခားတာဝန္ကို မထမ္းႏိုင္ဘဲ ေလ်ာ့တိေလ်ာ့ရဲျဖစ္ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ဤအေရးသည္ မည္မွ်ပင္ကိစၥမ်ားေစကာမူ တာဝန္တိုင္း၌ ေထာင့္ေစ့ေသာမယ္ေတာ္ႀကီးရွင္းမွ ၿပီးမည့္အေရးျဖစ္သည္။
ထိုသို႔ေသာစိတ္ႏွင့္သြားခဲ့ေသာ္လည္း မယ္ေတာ္ႀကီးသည္ ဆူလတို႔ကို ထင္သေလာက္ေထာက္ပံ့၍မေပးႏိုင္ၾကာင္း ခ်က္က်လက္က် ရွင္းျပသည္။ ယုဂန္သည္ ထိုျပႆနာကိုေျဖရွင္းရန္ နည္းလမ္းအေထြေထြႏွင့္ ေဆြးေႏြးေသာ္လည္း မယ္ေတာ္ႀကီးက လက္မခံပါေခ်။ မယ္ေတာ္ႀကီးက ဆူလလူမ်ိဳးတို႔ကိုေထာက္ပံ့ေရးထက္ တိုင္းျပည္ကိုအက်ိဳးရေစမည့္ ျပဳျပင္ေရးတို႔ကို ဆက္လက္တည္ေဆာက္ရန္သာ အေလးသာေနသည္။
မယ္ေတာ္ႀကီး၏လမ္းစဥ္သည္ တိုင္းျပည္ဖြံ႕ၿဖိဳးေရးႏွင့္ မ်ားစြာေသာလူတို႔၏တိုးတက္ေရးကို ေရွးရႈေသာ္လည္း
ငရဲခန္းမွလူအနည္းစုကို လ်စ္လ်ဴရႈေနသည္။
ျမင္သာေအာင္ဆိုပါက ဆာေလာင္ေနသူကို ထမင္းၾကမ္းတစ္ခဲေကြၽးမည့္အစား စံအိမ္ေတာ္ေပၚမွသခင္မေလးကို စားစရာအဖြယ္ဖြယ္ခ်က္ျပဳတ္ေပးေနသလိုပါပင္။ ဆာေလာင္သူကို ေပးကမ္းပါက အက်ိဳးမရွိဘဲ သခင္မေလးကို ဖားယားျခင္းက အက်ိဳးရွိမည္ဟူေသာ ထင္ျမင္ခ်က္သာျဖစ္သည္။
ယုဂန္ႏွင့္ မယ္ေတာ္ႀကီးသည္ အျမင္တို႔ကြဲလြဲၾက၏။ ေနာက္ဆုံးတြင္ ယုဂန္သည္ မ်က္ႏွာတစ္ခုလုံး တည္တံ့သြားကာ ခပ္မာမာစကားတစ္ခြန္းကို ဆိုလာသည္။
"အင္အားႀကီးတဲ့သူက တရားမွ်တမႈကိုျခယ္လွယ္ႏိုင္တယ္လို႔ မယ္ေတာ္ႀကီးေျပာခဲ့ဖူးပါတယ္။"
သူ၏စကားေၾကာင့္ ပၪၥမာယာ သူ႔ကိုရဲစူးစြာစိုက္ၾကည့္သည္။
ယုဂန္သည္လည္း သူမကို မမွိတ္မသုန္ၾကည့္ေန၏။ ယုဂန္၏ နက္ေမွာင္ေသာမ်က္ဝန္းတို႔က ႐ႊန္းစို၍ရဲတင္းေနသည္။
"တရားမွ်တမႈကိုရဖို႔ ေမတၱာတရားက သုံးစားမရဘူးဆိုရင္ ဘာလို႔မ်ား ကြၽန္ေတာ္က ဘာလို႔မ်ား ေစ့စပ္ညႇိႏႈိင္းရဦးမွာလဲ။ ကြၽန္ေတာ္သာ အင္အားႀကီးမယ္ဆိုရင္ ကြၽန္ေတာ္လိုခ်င္တဲ့အရာကို ရႏိုင္ၿပီမဟုတ္ပါလား"
ထိုစကားကို ဆိုၿပီးသည္ႏွင့္ ယုဂန္ထိုင္ရာမွ ဝုန္းခနဲထ,သည္။ သူသည္ ပၪၥမာယာကို မ်က္ေတာင္စင္း၍ ခပ္မႈန္မႈန္ၾကည့္ကာ
" ခြင့္ျပဳပါဦး မယ္ေတာ္ႀကီး"
ဟုခပ္ျပတ္ျပတ္ဆိုၿပီး ထိုေနရာမွ လွည့္ထြက္သြားသည္။
ထြက္သြားေသာ ယုဂန္၏ေက်ာျပင္ကို ပၪၥမာယာမ်က္စိမလႊဲဘဲ စိုက္ၾကည့္ေနသည္။
သူမ၏ျမင္ကြင္းထဲမွ ယုဂန္ေပ်ာက္ကြယ္သြားလွ်င္ သူမသည္ အနီးနားရွိ လူယုံေတာ္ကို ေခၚ၍ေျပာသည္။
" အ႐ုဏနဲ႔ ယုဂန္ႏိုင္ကို မျပတ္ေစာင့္ၾကည့္ေနပါ"
လူယုံေတာ္သည္ အမိန႔္စကားကို ေခါင္းညိတ္၍နာခံ၏။
**************************
ယုဂန္သည္ ျပတင္းေပါက္၏ခန္းစီးအကြယ္တြင္ ရပ္၍ အျပင္ဘက္ကို လွမ္းၾကည့္ေန၏။
သူ၏စံအိမ္ ခပ္လွမ္းလွမ္းတြင္ လွည္းႏွင့္အတူ ရပ္ေစာင့္ေနေသာ ျမင္းလွည္းသမားတစ္ဦးကိုေတြ႕ရသည္။ ထိုျမင္းလွည္းသမားသည္ မပုလြန္း၊ မရွည္လြန္း။ မပိန္လြန္း၊ မဝလြန္း။ ႐ုပ္ရည္ဟာလည္း မေခ်ာလြန္း၊ ႐ုပ္မဆိုးလြန္းဘဲ ၾကည့္လိုက္႐ုံႏွင့္ ထူးျခားမွန္းသိသာသည့္ အစိတ္အပိုင္း (ဥပမာ မ်က္လုံးျပဴးျခင္း၊ ႏွာေခါင္းႀကီးျခင္း၊ နားကားျခင္း၊ အမ်ားႏွင့္လြန္စြာကြဲလြဲေသာ သို႔မဟုတ္ တစ္ခ်က္ၾကည့္႐ုံႏွင့္တင္ မွတ္မိႏိုင္ေသာ ႐ုပ္ရည္မ်ိဳး) စသည္တို႔လည္း မရွိေခ်။ ဝတ္ဆင္ထားသည္မွာ အေရာင္မွိန္ေသာအဝတ္အစားမ်ားသာျဖစ္ၿပီး ၿခဳံငုံေျပာရပါက ျဖတ္ခနဲၾကည့္႐ုံႏွင့္ မမွတ္မိႏိုင္ေသာ၊ လူအုပ္ႏွင့္ ေရာေထြးေပ်ာက္ကြယ္ႏိုင္ေသာ အလြန႔္အလြန္သာမန္ပုံစံ ျဖစ္သည့္လူ ျဖစ္သည္။
ေနာက္ေယာင္ခံလိုက္ဖို႔ လိုအပ္သည့္ဂုဏ္သတၱိမ်ားႏွင့္ ျပည့္စုံလွေပသည္။
"ေစာရံ"
ယုဂန္သည္ ထိုလူကိုလွမ္းၾကည့္ေနရင္းႏွင့္ ေစာရံကိုလွမ္းေခၚသည္။
" ဗ်ာ သခင္ေလး"
" ဒီညေန ငါ့ရဲ႕အဝတ္အထည္သိုေလွာင္႐ုံကို ျပာျဖစ္တဲ့အထိ မီးရႈိ႕ခိုင္းထားပါ။ မေတာ္တဆေလာင္တဲ့မီးပုံစံမ်ိဳး ျပဳလုပ္ခိုင္း။ ရႈိ႕မီးမွန္း မင္းနဲ႔မီးရႈိ႕တဲ့သူကလြဲၿပီး ဘယ္သူမွ မသိေစနဲ႔"
ထိုစကားေၾကာင့္ ေစာရံအံ့ဩသြားေသာ္လည္း ေမးခြန္းျပန္မထုတ္ဘဲ ေခါင္းညိတ္သည္။
" ဟုတ္ကဲ့ သခင္ေလး"
" ၿပီးတာနဲ႔ သိုေလွာင္႐ုံကိုပို႔မယ့္အထည္ေတြ အားလုံးကို လွည္းနဲ႔တင္ၿပီး စံအိမ္ကိုပို႔ခိုင္းလိုက္ပါ"
"ဟုတ္ကဲ့ "
ယုဂန္သည္ အျပင္ဘက္ကိုလွမ္းၾကည့္ရင္း ေရွ႕ဆက္လုပ္ေဆာင္ရမည့္အရာမ်ားကို ေခါင္းထဲ၌ အစီအစဥ္ခ်မွတ္ေနေလသည္။
**************************
ေမွာင္ရီပ်ိဳးေနၿပီျဖစ္ေသာ ညေနေစာင္းတစ္ခုတြင္ အ႐ုဏႏွင့္ ဘရဏသူသည္ ေသရည္အတူေသာက္ကာ စကားစျမည္ေျပာဆိုျဖစ္ၾက၏။
ထိုစကားဝိုင္းကို ဦးေဆာင္ေနသူက မင္းႀကီးဘရဏသူျဖစ္ၿပီး သူသည္ အေၾကာင္းအရာအတိအက်မရွိဘဲ အလ်ဥ္းသင့္သလို ေရာက္တတ္ရာရာစကားမ်ား ေျပာဆိုရယ္ေမာေနျခင္းျဖစ္သည္။ ဘုရင္တစ္ပါးႏွင့္ မင္းသားတစ္ပါး ေတြ႕ဆုံျခင္းဆိုသည္ထက္ အစ္ကိုႀကီးႏွင့္ ႏႈတ္ဆိတ္ေသာညီငယ္တစ္ဦး တရင္းတႏွီးဆုံႀကိဳက္ၾကျခင္းႏွင့္ သာ၍တူေသာ စကားဝိုင္းျဖစ္သည္။
သို႔ရာတြင္ အ႐ုဏသည္ အဓိပၸါယ္မရွိဘဲစကားမ်ားမ်ားစားစားေျပာျခင္းကို ႏွစ္သက္ပုံမရပါေခ်။ သူက ဘရဏသူေျပာေနေသာ စကားႏွင့္ ဆန႔္က်င့္ဘက္ေခါင္းစဥ္ရွိသည့္ အေၾကာင္းအရာကို ဆိုင္းမဆင့္ဘုံမဆင့္ေျပာခ်ေတာ့သည္။
"မႏၲာမ်ိဳးႏြယ္စု၊ ဆူလမ်ိဳးႏြယ္စုနဲ႔ပတ္သက္ၿပီး ျဖစ္ေစခ်င္သည္မ်ားကို ကြၽန္ုပ္ ႏွစ္ႏွစ္ကာကာေတာင္းဆိုခဲ့ၿပီးပါၿပီ။ ခုထက္ထိ အဲ့ဒီ့ေတာင္းဆိုမႈ အမွန္တကယ္ျဖစ္တည္လာတာကို မျမင္ရေသးပါဘူး...အစ္ကိုေတာ္"
ေသရည္တန္ခိုးေၾကာင့္ အတန္ငယ္ရီေဝခ်င္ေနၿပီျဖစ္သည့္ ဘရဏသူက တစ္ခ်က္ရယ္သည္။
" ငါ့ညီ,မလဲ သည္ကိစၥကို အေတာ္ေလး အခဲမေက်ပုံ ရသဗ်။ ငါလည္း ေဆာင္႐ြက္ဖို႔ႀကိဳးစားတာပါပဲ။ ငါဟာ ဘယ္ေလာက္ပဲ ဘုရင္ျဖစ္ပါေစ၊ ဒီကိစၥငါတစ္ေယာက္တည္း ေဆာင္႐ြက္လို႔ရတဲ့အရာလည္း မဟုတ္ဘူး"
" အစ္ကိုေတာ္ ႀကိဳးစားၾကည့္ရင္ ရႏိုင္မယ့္အရာပါ"
" ကိုင္း...တယ္ ခက္တာပဲ။ ငါေဆာင္႐ြက္ခ်င္ရင္ေတာင္ မယ္ေတာ္ႀကီးက ေရွ႕ကေန ကာဆီးေနတာ။ မင္းက မင္းအျမင္နဲ႔ဆိုေပမဲ့ တစ္ဖက္မွာလည္း သူတို႔အျမင္ရွိတယ္။ မင္းေျပာသလို လြယ္လြယ္မျဖစ္ႏိုင္တဲ့အေၾကာင္းရင္းကေလ ေျပာရမယ္ဆိုရင္ သိပ္မ်ား...."
" ဆင္ေျခကို မလိုလားပါဘူး"
အ႐ုဏ၏ျပတ္ေသာစကားေၾကာင့္ ဘရဏသူ၏စကားရပ္တန႔္သြားသည္။
ထို႔အတူ အ႐ုဏ၏အသံမွာ မာေၾကာၿပီးဩဇာေညာင္းေနသည္ျဖစ္ရာ ဘုရင္ႏွင့္မင္းသားဟူသည့္ ဂုဏ္အင္ကြာျခားမႈစည္းကို ေစာ္ကားလိုက္သည့္ႏွယ္။ ထို႔ေၾကာင့္ ဘရဏသူ မ်က္ႏွာတစ္ခ်က္ပ်က္သြားသည္။
" အစ္ကိုေတာ္က အနည္းငယ္ေလာက္ေတာင္ အားထုတ္ၿပီး ေဆာင္႐ြက္မေနဘူးဆိုတာ ကြၽန္ုပ္ေတြ႕ျမင္ေနရပါတယ္။ အစ္ကိုေတာ္ ကြၽန္ုပ္ေတာင္းဆိုခ်က္ကို မေဆာင္႐ြက္ေပးႏိုင္ရင္ တျခားနည္းလမ္းကိုေ႐ြးခ်ယ္ရမယ့္အေၾကာင္း အဲ့ကတည္းကအကုန္ေျပာခဲ့ပါတယ္"
" တျခားနည္းလမ္း? ငါ့ခြင့္ျပဳခ်က္မယူဘဲ တျခားနည္းလမ္းနဲ႔ေဆာင္႐ြက္မယ္လို႔ ေျပာေနတာပါလား"
ဘရဏသူ အသံက်ယ္၍မာထန္သြားသည္။ အ႐ုဏ ျမစိမ္းေရာင္မ်က္ဝန္းမ်ားဟာေတာ့ ခံစားခ်က္ကင္းမဲ့လြန္းသည္။
ဘရဏသူသည္ ေထာင္းခနဲေဒါသထြက္သြားဟန္ျဖင့္ မ်က္ႏွာတစ္ျပင္လုံး သစ္သီးမွည့္ပမာ နီျမန္းသြား၏။
သူ ေသရည္တစ္ခြက္ေမာ့ေသာက္သည္။ ထို႔ေနာက္ စိတ္ေလွ်ာ့လိုက္ဟန္ျဖင့္ တည္တည္ၿငိမ္ၿငိမ္ဆိုလာသည္။
"အ႐ုဏ...ငါတို႔ကညီအစ္ကိုေတြပဲ။ ငါတို႔ၾကားမွာ အစြန္းေရာက္ၿပိး ေသြးကြဲမွာ ငါမလိုလားဘူး။ ညႇိညႇိႏႈိင္းႏႈိင္းလုပ္ၾကရေအာင္"
" အခြင့္အေရးေပးခဲ့ၿပီးပါၿပီ။ အစ္ကိုေတာ့္ကို အစ္ကိုႀကီးတစ္ေယာက္အေနနဲ႔ ခ်စ္ခင္ေလးစားေပမဲ့ ဘုရင္တစ္ပါးအေနနဲ႔ေတာ့ ထပ္ၿပီး မယုံၾကည္ႏိုင္ေတာ့ပါဘူး"
ထိုစကားေၾကာင့္ ဘရဏသူ၏မ်က္ဝန္းအိမ္ က်ဥ္းေျမာင္းသြားသည္။
အ႐ုဏကမူ ထိုင္ခုံမွ ေအးစက္ေသာမ်က္ႏွာထားႏွင့္ ထ,ကာ
" ယခုအခ်ိန္ထိ ခ်ီးေျမႇာက္ခဲ့မႈေတြအတြက္ ေက်းဇူးတင္ပါတယ္"
ဟုဆိုၿပီး တံခါးဝဆီသို႔ တည့္တည့္မတ္မတ္၊ ခိုင္ခိုင္မာမာေျခလွမ္းသြားသည္။
ဘရဏသူသည္ အ႐ုဏ၏ေျခလွမ္းႏွင့္ မ်က္ႏွာထားကို သိသည့္အတြက္ ထိုင္ရာမွ ဝုန္းခနဲထ,၍
"အ႐ုဏ"
ဟု ရင္ေခါင္းသံႀကီးျဖင့္ က်ယ္ေလာင္တင္းမာစြာ ေအာ္ေတာ့သည္။
တံခါးဝေရွ႕ေရာက္ေနေသာ အ႐ုဏရပ္တန႔္သြားသည္။ သို႔ရာတြင္ အေနာက္သို႔လွည့္မၾကည့္။
ဘရဏသူသည္ မ်က္လုံးတို႔ျပဴးက်ယ္ကာ ေသရည္ခြက္ကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားသည္။ မထင္မွတ္ထားသူက သစၥာေဖာက္သြားသျဖင့္ ဘရဏသူသည္ အံ့အားသင့္ျခင္းအျပင္ ေဒါသလည္းျပင္းစြာထြက္ေနေလသည္။
အ႐ုဏ ယခုလိုစကားအကုန္ေျပာရဲျခင္းမွာ သူ႔ထံတြင္ ႀကံစည္ထားေသာအရာရွိၿပီး ျဖစ္ရမည္။ သို႔ဆိုလွ်င္ သူ႔ကို အရင္ကတည္းက ႀကိတ္၍သစၥာေဖာက္ေနခဲ့ျခင္း မဟုတ္ပါလား။
သူအယုံၾကည္ရဆုံးညီေတာ္က သူ႔ကိုစြန႔္ခြာရန္ တိတ္တဆိတ္ႀကိဳးပမ္းေနခဲ့သည္။
ဤအေတြးက သူ႔ေဒါသႏွင့္မာနကို မီးေတာက္ေလာင္ေစသည္။
သို႔ေပမဲ့လည္း သူ၏ညီေတာ္မဟုတ္ပါေပလား။ သူ ထီးနန္းရေအာင္ ကူညီေပးသူထဲတြင္လည္း အ႐ုဏက တစ္ဦးအပါအဝင္မဟုတ္ပါလား။ သူ႔အေနႏွင့္ အ႐ုဏကို ေနာက္ဆုံးအႀကိမ္ အခြင့္အေရးေပးအပ္ႏိုင္ပါေသးသည္။
" ဒီအခန္းထဲကေန ေျခတစ္လွမ္းအျပင္ကြၽံတာနဲ႔ မင္းက ငါ့ရဲ႕ဆန႔္က်င္ဘက္လူ ျဖစ္သြားၿပီ...အ႐ုဏ"
ယခုအခ်ိန္ အ႐ုဏျပန္လွည့္လာလွ်င္ ေျပာခဲ့သမွ်စကားအားလုံးကိုေမ့ကာ သူ,ခြင့္လႊတ္ေပးမည္ဟု ရည္႐ြယ္ထားသည္။
အ႐ုဏ တံခါးဝတြင္ အတန္ၾကာရပ္တန႔္ေနသည္။ သူ႔စကားေၾကာင့္ အ႐ုဏေတြေဝေနၿပီဟု သူထင္မွတ္သည္။
ထို႔ေၾကာင့္ ဘရဏသူ၏ စိတ္ထဲ၌ ဝမ္းသာမႈ ခပ္မ်ဥ္းမ်ဥ္း ျဖတ္ေျပးသြားသည္။
သို႔ရာတြင္...
အ႐ုဏ အေနာက္သို႔ျပန္မလွည့္လာပါ။ အ႐ုဏ သူ၏ညာေျခေထာက္ကိုႂကြသည္။
ထို႔ေနာက္တြင္ ေျခကိုေရွ႕သို႔ဆန႔္တန္းၿပီး တံခါးအျပင္သို႔ တုံ႔ဆိုင္းျခင္းမရွိ ထြက္ခြာသြားသည္။
ဘရဏသူ၏ ဦးေရျပားတို႔က်ိန္းစက္သြား၏။ ေဒါသမီး ဟုန္းခနဲထ,ေတာက္သျဖင့္ သူ၏နဖူးေၾကာမ်ား ေထာင္တက္ သြားသည္။
"ရဲမက္ေတြ မင္းသားအ႐ုဏကို တားၾကစမ္း!!"
အေဆာင္တြင္းမွ မင္းႀကီးဘရဏသူ၏ ေဒါသတႀကီးေအာ္ေငါက္သံက ဂူအတြင္းရွိ ျခေသၤ့တစ္ေကာင္၏ ဟိန္းေဟာက္သံအလား။
ထိုအသံကိုၾကားသည္ႏွင့္ အ႐ုဏသည္ လမ္းကိုျမန္ဆန္စြာေလွ်ာက္ေနရင္း သူ၏အက်ႌလက္ထဲ၌ ဖြက္ကိုင္လာေသာ သတၱဳေခ်ာင္းကို ထုတ္၍ခလုတ္ႏွိပ္လိုက္သည္။ ထိုအခါ သတၱဳေခ်ာင္းသည္ ထိပ္ႏွစ္ဖက္၌ ထက္ရွသည့္ဓားသြားပါေသာ သတၱဳေခ်ာင္းရွည္အျဖစ္ ဆန႔္တန္းသြားေလသည္။
နန္းေဆာင္အနားရွိ ရဲမက္မ်ားသည္ မင္းႀကီးဘရဏသူ၏အမိန႔္အရ အ႐ုဏကို တားဆီးရန္၊ ဖမ္းဆီးရန္အလို႔ငွါအေျပးေရာက္ရွိလာၾကသည္။
ထိုအခါ အ႐ုဏသည္ သူ၏လက္နက္ကို ေလအလ်င္၌ လည္သည့္ စၾကာပမာ တမြတ္မြတ္လည္ေအာင္ လွည့္၍ ဖမ္းဆီးရန္ ႀကိဳးစားေသာရဲမက္မ်ားကို ခုခံေလသည္။
အ႐ုဏသည္ တန္ျပန္တိုက္စစ္မျပဳ၊ ဖမ္းဆီးရန္ႀကိဳးစားေနေသာ ရဲမက္မ်ားကို ခဏတာလဲက်သြားရန္သာ ခုခံၿပီး ထိုေနရာမွ အလ်င္အျမန္ေဖာက္ထြက္ေျပးလာေတာ့သည္။
မ်ားစြာေသာရဲမက္တို႔သည္ ရကၡမင္းသားအမည္တြင္သူ၏ ထိုးထြင္းခုခံမႈကို မတားဆီးႏိုင္ၾကပါေခ်။ အ႐ုဏသည္ ထိုသူတို႔ၾကားထဲမွ အလ်င္အျမန္ပင္လြတ္ေျမာက္လာကာ တစ္ေနရာသို႔ ဦးတည္ထြက္ေျပးေလသည္။
ရဲမက္တို႔သည္လည္း အေနာက္မွ လိုက္ၾက၏။
အ႐ုဏ၏ဦးတည္ရာမွာ တစ္ေနရာတြင္ရပ္ထားခဲ့ေသာ သူ၏ျမင္းထံျဖစ္သည္။
အ႐ုဏသည္ ထိုေနရာသို႔ေရာက္ခါနီးသည္ႏွင့္ ဝစီမႈတ္လိုက္၏။ သခင္၏ဝစီသံကိုၾကားေသာ္ ခပ္ေဝးေဝးတြင္ ရပ္ေစာင့္ေနသည့္ျမင္းက အ႐ုဏထံသို႔ အလ်င္အျမန္ေျပးလာေလသည္။
အ႐ုဏသည္ ေျပးေနေသာျမင္း၏ေဘးသို႔ ရေအာင္ကပ္၍ ေျပးေနရင္းႏွင့္ပင္ ျမင္းေပၚသို႔ လႊားခနဲခုန္တက္သြားသည္။
ထို႔ေနာက္ ျမင္းကိုဇက္ကုန္ဖြင့္ကာ ဆင္က်ဳံးဆီ တည့္တည့္ႏွင္၏။
ထိုအခ်ိန္ထိ ရဲမက္တို႔သည္ အေလွ်ာ့မေပးဘဲ လိုက္ေနဆဲျဖစ္ကာ ရဲမက္အကူမ်ားပင္ ထပ္မံေရာက္ရွိလာေလၿပီ။ ထိုထပ္မံေရာက္ရွိလာေသာ ရဲမက္မ်ားက အ႐ုဏ၏လမ္းေရွ႕တည့္တည့္၌ ဝင္ေရာက္တားဆီးကာရံသည္။
အ႐ုဏ ျမင္း၏အရွိန္ကို မေလွ်ာ့။ သူသည္ ျမင္းဇက္ႀကိဳးကို က်စ္က်စ္လစ္လစ္ဆုပ္ကိုင္ထားကာ သူ၏မ်က္လုံးတို႔က အေရွ႕တည့္တည့္တူ႐ူဆီ စူးစူးရွရွၾကည့္ေနသည္။
ျမင္းသည္ ပိတ္ကာေနေသာရဲမက္တို႔ေရွ႕ ေရာက္၏။ ထို႔ေနာက္ မတုံ႔မဆိုင္းဘဲ ထ္ိုရဲမက္တို႔အေပၚမွ ခုန္ပ်ံေက်ာ္လႊားသြားသည္။
ဤသို႔ႏွင့္ အ႐ုဏသည္ အကာအရံတစ္ခုကို ထပ္မံေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ဆင္က်ဳံးဆီသို႔ ေရာက္ရန္နီးလာေလၿပီ။
ဆင္က်ဳံးနားသို႔ေရာက္သည္ႏွင့္ အ႐ုဏေရာက္လာမွန္းသိေသာ ဆင္ေက်ာက္ခဲက ႏွာေမာင္းကိုခ်ီ၍ က်ယ္ေလာင္စြာ တဝူးဝူးေအာ္ဟစ္၏။
အ႐ုဏသည္ သူ၏သတၱဳေခ်ာင္းကို အသုံးျပဳ၍ ေက်ာက္ခဲ၏ေျခေထာက္တြင္ ခတ္ထားေသာထူးကို ခုတ္ျဖတ္လိုက္သည္။ ထူးသည္ သံေျခခ်င္းျဖစ္ေသာ္လည္း အ႐ုဏ၏ဓားမွာ ထက္ရွလြန္းေသာေၾကာင့္ တိခနဲျပတ္ေတာက္သြားေလသည္။
အ႐ုဏ ျမင္းေပၚမွေန၍ ဆင္ေပၚသို႔ေျပာင္းတက္၏။
အ႐ုဏကိုဂုတ္ေပၚသို႔တင္ၿပီးသည္ႏွင့္ ဆင္ေက်ာက္ခဲသည္ ေတာထဲသို႔ဦးတည္ကာ အေသာ့အႏွင္ေျပးေလေတာ့သည္။
ဖမ္းဆီးရန္ လိုက္လာၾကေသာ ရဲမက္မ်ားကိုလည္း ဆင္ေက်ာက္ခဲက တက္နင္းမည့္ဟန္၊ ႏွာေမာင္းျဖင့္႐ိုက္ခ်မည့္ဟန္ စသည္ျဖင့္ေျခာက္လွန႔္သျဖင့္ ရဲမက္အခ်ိဳ႕ အနားမကပ္ဝံ့၊ ဆက္မလိုက္ဝံ့ၾကေတာ့ေခ်။
ေျခလ်င္ရဲမက္တို႔ က်န္ရစ္ခဲ့ေသာ္လည္း ထိုအစား ဆင္စီးအမတ္ႏွစ္ဦးက အေနာက္မွလိုက္ပါလာေလသည္။
ထိုဆင္ႏွစ္ေကာင္အနက္ တစ္ေကာင္မွာ အသြားလ်င္ေသာေၾကာင့္ ဆင္ေက်ာက္ခဲအနားသို႔ ယွဥ္ကပ္လာႏိုင္သည္။
ထိုဆင္က ေက်ာက္ခဲ၏ကိုယ္ကို ေဘးမွတြန္းတိုက္သည္။
ေျပးေနေသာဆင္ႏွစ္ေကာင္သည္ သူတို႔၏ႀကီးမားေသာကိုယ္ခႏၶာႀကီးႏွင့္ အခ်င္းခ်င္းတြန္းတိုက္ေနသကဲ့သို႔ ဆင္၏သခင္ႏွစ္ဦးသည္လည္း ျပင္းထန္ေသာတိုက္ခိုက္ျခင္း ျပဳေနရသည္ျဖစ္သည္။
တစ္ဖက္မွ ဆင္စီးအမတ္သည္ မင္းသားအ႐ုဏကို အရွင္ လက္ရဖမ္းဆီးရမည္ျဖစ္သျဖင့္ အ႐ုဏ၏ခ်က္ေကာင္းေနရာမ်ားကို မတိုက္ခိုက္ေခ်။ အ႐ုဏသည္လည္း ထိုသို႔စြမ္းရည္ျပည့္ဝေသာ ဆင္စီးအမတ္ကို မေသေစခ်င္သျဖင့္ သူ၏လက္နက္ကိုပင္ထုတ္မသုံးဘဲ ခုခံ႐ုံသာျပဳ၏။
သို႔ေသာ္လည္း ကံအေၾကာင္းမလွပေလရာ ေက်ာက္ခဲ၏တြန္းထိုးမႈေၾကာင့္ ထိုဆင္ခမ်ာ ေတာတြင္းတစ္ေနရာရွိ ေခ်ာက္ထဲသို႔ျပဳတ္က်သြားေလသည္။ ဆင္ႏွင့္အတူ ဆင္စီးအမတ္လည္း ပါသြားေလေတာ့သည္။
က်န္ေသာ တိုက္ဆင္တစ္ေကာင္ဟာေတာ့ မ်က္ျခည္ျပတ္သြားသည္ျဖစ္သျဖင့္ အ႐ုဏသည္ ေက်ာက္ခဲႏွင့္အတူ ဟီရမွလြတ္ေျမာက္လာခဲ့ေတာ့သည္။
****************************
ရဲမက္အေယာက္၅၀ ခန႔္သည္ အမတ္မင္းယုဂန္ႏိုင္ကို ပုန္ကန္ရန္ႀကိဳးပမ္းမႈျဖင့္ ဖမ္းဆီးရန္အလို႔ငွါ သဇင္ၿမိဳင္နန္း စံအိမ္ေရွ႕တြင္ ဝိုင္းရံၾက၏။
သူတို႔သည္ စံအိမ္တံခါးကို ႐ိုက္ခ်ိဳးပစ္ကာ အိမ္တြင္းသို႔ ခက္ထန္ၾကမ္းတမ္းစြာဝင္ေရာက္လာသည္။
သို႔ေသာ္....
စံအိမ္ထဲတြင္ သက္ရွိဟူ၍ ပိုးဟပ္တစ္ေကာင္ေတာင္ မေတြ႕ရေတာ့ေခ်။
အေစခံမ်ားလည္း မရွိ။ လူလည္းမရွိ။ သာမန္အသုံးအေဆာင္ပစၥည္းမ်ားမွအပ တန္ဖိုးႀကီးပစၥည္းမ်ားလည္းမရွိ။ အမတ္မင္းယုဂန္ႏိုင္လည္း မရွိ။
ထိုအစား သိုေလွာင္႐ုံအသစ္သို႔ပို႔ေဆာင္ရမည့္ အဝတ္အထည္မ်ားသာ အိမ္တြင္က်န္ရစ္သည္။
ယခုအခ်ိန္တြင္ ထိုသူတို႔ရွာေဖြေနသည့္ အမတ္မင္းယုဂန္ႏိုင္ဟာေတာ့ ဟီရၿမိဳ႕ေတာ္၏အျပင္တစ္ေနရာသို႔ ေရာက္ရွိေနၿပီျဖစ္သည္။
ယုဂန္ႏိုင္သည္ အဝတ္အထည္ သယ္,ဟန္ေဆာင္ကာ သူ,ခိုးလိုက္ခဲ့ေသာ ကုန္စည္တင္လွည္းကို ေနာက္ဆုံးအႀကိမ္လွည့္ၾကည့္လိုက္သည္။
ထို႔ေနာက္ သူ၏ရင္ဘတ္တြင္လြယ္ထားေသာ အိတ္ထဲမွ ဆပ္သြားဖူး၏ေခါင္းကို လက္ညႇိဳးျဖင့္ပြတ္ရင္း သက္ျပင္းခ်မိသည္။
ေနာင္တရ၍ သက္ျပင္းခ်မိျခင္းေတာ့မဟုတ္ပါ။ သူ႔ဘဝ၏အလွည့္အေျပာင္းတစ္ခုကို သက္ျပင္းျဖင့္ႀကိဳဆိုမိျခင္းသာ ျဖစ္လိမ့္မည္။
သူသည္ ဤလမ္းစဥ္ကိုေ႐ြးၿပီးကတည္းက အရာအားလုံးကို အစီအစဥ္ခ်မွတ္ခဲ့ၿပီးျဖစ္သည္။ စြန႔္လႊတ္ရမည့္အရာမ်ားကိုလည္း ေရစက္ခ်ၿပီးျဖစ္သည္။ သူ၏အေစခံမ်ားကို အိမ္ရွိ ႀကိဳက္ရာအဖိုးအတန္ပစၥည္းမ်ား ေ႐ြးခ်ယ္၍ယူေဆာင္သြားေစကာ ေနရပ္သို႔ျပန္လႊတ္လိုက္သည္။ ျပန္လႊတ္ရာတြင္လည္း အျပင္လူမရိပ္မိေအာင္ တစ္ခါလႊတ္လွ်င္ ႏွစ္ေယာက္ခန႔္သာ လႊတ္သည္။ အေစခံမ်ားဟာလည္း ေက်းဇူးတင္စကားဆို၍၊ တခ်ိဳ႕ကလည္း ငိုယို၍ ထြက္ခြာသြားၾကသည္။
သူျပန္လႊတ္လို႔ မရသည္က ေစာရံႏွင့္ေၾကာင္သာ ျဖစ္သည္။
ေစာရံဟာေတာ့ သူ႔ကိုမိသားစုဝင္ဟု သတ္မွတ္ထားသူျဖစ္သျဖင့္ သူသြားရာ တေကာက္ေကာက္လိုက္မည့္သူျဖစ္သည္။ ဆပ္သြားဖူးကေတာ့ သံေယာဇဥ္ကေလးမို႔ မထားခဲ့ႏိုင္၍ ေကာက္ခ်ီလာျခင္းသာ။
ခရီးအတြက္ ေ႐ႊစေငြစ ႏိုင္သေလာက္ထည့္လာေသာ္ျငား သူထားခဲ့ရသမွ် ပစၥည္းဥစၥာႏွင့္ႏႈိင္းယွဥ္ရလွ်င္ အလြန္တရာနည္းပါးလွသည္။
သူႂကြယ္ကေလးယုဂန္ႏိုင္ဟူေသာ ဂုဏ္ျဒပ္ကေတာ့ အခုခ်ိန္မွစၿပီး စုန္းစုန္းျမဳပ္ၿပီျဖစ္သည္။
မည္သို႔ပင္ဆိုေစကာမူ ေနာက္ဆုတ္မရေသာလမ္းကို စတင္ခဲ့ၿပီးၿပီ။ ေရွ႕ဆက္ရမည့္ကိစၥကို ဆက္လက္ေဆာင္႐ြက္ရန္သာ က်န္သည္။
ယုဂန္သည္ ပစၥည္းပစၥယမ်ားထည့္လာေသာ လိုတရအိတ္ကို ျမင္းေပၚတင္၍ ထိုျမင္းကိုစီးကာ ခရီးဆက္သည္။
ေစာရံသည္လည္း အေနာက္မွ ျမင္းတစ္ေကာင္စီး၍လိုက္ပါလာသည္။
ညေနေစာင္းဟာေတာ့ ညခ်မ္းအခါသို႔ ဝင္ေရာက္လာၿပီျဖစ္ကာ ပတ္ဝန္းက်င္တစ္ခုလုံး ပို၍ပို၍ေမွာင္ရီဝိုးဝါးလာသည္။
***********************************
ထိုညက အမိန႔္ေၾကညာစာတမ္းတစ္ေစာင္ ခ်က္ခ်င္းထြက္ရွိလာသည္။
မင္းသားအ႐ုဏ၏ ရာထူး၊ အေဆာင္အေယာင္၊ ဂုဏ္ျဒပ္ႏွင့္ ခ်ီးေျမႇာက္ထားေသာဘြဲ႕မ်ားကို ဖယ္ရွားလိုက္ေၾကာင္း။ ပုန္ကန္သူ အျဖစ္သတ္မွတ္လိုက္ေၾကာင္း။
အမတ္ယုဂန္ႏိုင္ကို ရာထူးမွပယ္ရွားကာ သူ၏လုပ္ငန္းမ်ားႏွင့္ စည္းစိမ္ဥစၥာကို ႏိုင္ငံ့ဘ႑ာအျဖစ္ သိမ္းဆည္းေၾကာင္း၊ ပုန္ကန္သူအျဖစ္ သတ္မွတ္ေၾကာင္း စသည္။
ထိုအေၾကာင္းကိုၾကားလွ်င္ နႏၵႏွင့္သုဒီပါသည္ တစ္ညလုံးမအိပ္ႏိုင္ဘဲ ေမ်ာက္မႈိင္မႈိင္ၾက၏။
ပီယံမိတ္ကမူ ေကာင္းကင္ေပၚမွ လကိုေမာ့ၾကည့္ရင္း လက္သီးကို တင္းတင္းၾကပ္ၾကပ္ဆုပ္ထားေလသည္။ ထိုအခါ စိမ္းျပာေသာ လက္အေၾကာမ်ားက သူ၏တံေတာင္ဆစ္အထိ ႐ုန္းႂကြေနကာ သူ၏စိတ္ဓာတ္ခိုင္မာမႈကို ျပသေနသည့္အလား။
ပီယံ၏မ်က္ေတာင္ရွည္မ်ားၿခံရံေသာ မ်က္ဝန္းဟာလည္း ခါတိုင္းလို ၾကည္႐ႊင္ႏူးညံ့မေနဘဲ စူးရဲၾကမ္းရွေနေလသည္။
******************************
10.2.2022
(Thursday )