Worship Me, I Can Make You Ri...

By XiaoMaoMao55

513K 96.1K 4K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 46 (U+Z)

6K 1.2K 42
By XiaoMaoMao55

-Unicode-

အခန်း ၄၆: မင်းလာတာ အရမ်းနောက်ကျသွားပြီ

ဧကရာဇ်ကလဲ(ရ်)က ဝမ်းရှောင်းယွင်ကို တော်ဝင်နန်းတော်ကို ခေါ်ရတဲ့အကြောင်းရင်းက တကယ်ကို ဝမ်ရှောင်းယွင်ရဲ့ အနားယူဖို့ကိစ္စဖြစ်တယ်။

ဒီတစ်ချက်ကိုတော့ တီးဝမ်က ကျွမ်းကျိုးကို မလိမ်ခဲ့ဘူး။

အထူးအခြေအနေမျိုးမှာ အင်ပါယာတပ်ဖွဲ့လေးခုရဲ့ တပ်ဖွဲ့မှူး ၄ ယောက်အနက် သုံးယောက်က နောက်ဆုံးတစ်ယောက်က ဆက်နေသင့်လား၊ ထွက်သွားသင့်လားဆိုတာကို ဆုံးဖြတ်ဖို့ မဲပေးခွင့်ရှိတယ်။

ဟုတ်တာပေါ့၊ ဒီနေရာမှာ မရှိမဖြစ်ရှိရမဲ့ လိုအပ်ချက်က အထူးအခြေအနေဆိုတာပဲ။

အခု ဝမ်ရှောင်းယွင်လို အခြေအနေမျိုးကို ပြောတာ။ သူက ဘာအမှားမှ မလုပ်ထားပေမဲ့ အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုက ကြီးမားလွန်းတယ်။ ပြောစရာကိုမလိုတာက စွန့်စားရမဲ့ အန္တရာယ်ဟာလည်း အလွန်မြင့်မားတယ်။

ဧကရာဇ်ကလဲ(ရ်)တောင်မှ လူထုရဲ့အသံကို လျစ်လျူရှုထားဖို့ မဖြစ်နိုင်ဘူး။

နောက်ပြီး ပေယွီစီးကို ရှေ့မှာ ဥပမာအနေနဲ့သုံးထားတဲ့အတွက် ဓာတ်ရောင်ခြည်သင့်ခံထားရတဲ့သူတစ်ယောက်က တကယ်ပဲ သိုဝှက်ထားတဲ့ ချိန်ကိုက်ဗုံးတစ်လုံးကို ပိုင်ဆိုင်ထားရသလိုပဲ။

သူက အခုနေကောင်းနေပြီး အလွန်ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ ရှိနေပုံရတဲ့တိုင်အောင်...

သို့ပေမဲ့ အရာအားလုံးက ဖြစ်နိုင်တယ်၊ တစ်ခုခုဆို ဘယ်လိုလုပ်မလဲလေ။

တစ်ခုခုသာ ဖြစ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲ။ လူထုက အာဏာပိုင်တွေကို ဖိအားပေးလိမ့်မယ်၊ ဓာတ်ရောင်ခြည်သင့်ထားတဲ့သူတစ်ယောက်ကို ဆက်ခန့်ထားတဲ့အတွက် စစ်တပ်ကို အပြစ်တင်လိမ့်မယ်။

အဲဒါကြောင့် ဒီလိုမျိုး အလွန်အမင်း မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ ဒါကို အထူးအခြေအနေအနေနဲ့ ဖြေရှင်းလို့ရတယ်။ တပ်ဖွဲ့မှူးထဲကတစ်ယောက်က ဒီအဆိုကို ဧကရာဇ်ဆီကို တင်သွင်းလာတယ်။ အဲဒီနောက် အခြားတပ်ဖွဲ့မှူးတွေကို သူတို့အမြင်အတွက် ဆွေးနွေးတိုင်ပင်မှာဖြစ်တယ်။

ဝမ်ရှောင်းယွင် တော်ဝင်နန်းတော်ကို သွားပြီးနောက် သူက အချိန်အတော်ကြာတဲ့အထိ ထွက်မလာဘူး။

ချန်ကျင့်ရွှယ်က ဝမ်ရှောင်းယွင်နဲ့ အဆက်အသွယ်လုပ်လို့မရဘူး။ ကျွမ်းကျိုး လူတစ်ယောက်နဲ့ သူ့ဘာသူ ထွက်သွားတာကို သိလိုက်ရတော့ ချန်ကျင့်ရွှယ်က အဲဒီလမ်းကြောင်းနောက်ကို သူ့လက်အောက်ငယ်သားတွေနဲ့ လိုက်သွားဖို့ပဲ တတ်နိုင်တော့တယ်။

ဒါပေမဲ့ ကျွမ်းကျိုးက ဘယ်ရွန်ပေါ်သွင့်ရဲ့လူတွေနဲ့ ထွက်သွားတယ်ဆိုတာ သူဖော်ထုတ်လိုက်နိုင်တဲ့အချိန်မှာပဲ ကျွမ်းကျိုးနဲ့ ရှောင်ဖော့လန်က သူတို့ဘာသာ ပြန်လာနေပြီ။

"ငါ့ရဲ့ဘိုးဘေးလေးနှစ်ယောက်ရယ်၊ ငါလန့်လွန်းလို့ သေတော့မတတ်ပဲ! ဘယ်လိုလုပ်ပြီး မင်းတို့ကောင်တွေ ဘယ်ရွန်ပေါ်သွင့်ရဲ့လူတွေနဲ့ ဒီအတိုင်း ထွက်သွားရတာလဲ!"

ကျွမ်းကျိုး အဲဒီအိမ်တော်ကနေ ထွက်လာပြီးနောက်မှာ သူ ဟန်ချင်းရှောင်းနဲ့ ဆက်သွယ်လို့ ရလိုက်တယ်။

ဟန်ချင်းရှောင်းက ကျောင်းကို ပြန်သွားပြီ။ ကယ်လုအန်းရဲ့ တပည့်ကြီးလည်းဖြစ်၊ နံပါတ်တစ်စစ်သင်တန်းကျောင်းရဲ့ဆရာလည်း ဖြစ်တဲ့အတွက် ဘယ်ရွန်ပေါ်သွင့်က ဟန်ချင်းရှောင်းကို ဘာမှလုပ်လို့မရဘူး။

အနည်းဆုံးတော့ ပေါ်ပေါ်ထင်ထင်လုပ်လို့မရဘူး။

အထူးသဖြင့် မင်းမျိုးစိုးနွယ်တော်တော်များများဟာ ဟန်ချင်းရှောင်းနဲ့ စာချုပ်တွေရှိကြလို့ဖြစ်တယ်။ ကယ်လုအန်းက မက်ခါပြုလုပ်ဖို့ ကော်မရှင် တောင်းဆိုမှုတွေကို လက်ခံခဲတယ်။ ဒီကော်မရှင်တွေတော်တော်များများက အလိုလို ဟန်ချင်းရှောင်းဆီကိုပဲ ရောက်လာတတ်တယ်။ အဲဒါကြောင့် သူကလည်း အတော်အတန် အဆက်အသွယ်ကောင်းတဲ့သူလို့ သတ်မှတ်လို့ရတယ်။

သူ ကျွမ်းကျိုးရဲ့ သင်ကြားရေးလက်ထောက်ဖြစ်လာတော့ ပိုလို့တောင်များပြားတဲ့သူတွေက သူ့ကို အာရုံစိုက်လာကြတယ်။ ဘာလို့လဲဆိုတော့ အားလုံးက ကျွမ်းကျိုးက တတိယတပ်ဖွဲ့အပိုင်ဆိုတာကို သိထားတဲ့အတွက်ဖြစ်တယ်။ သူက အနာဂတ်မှာ မက်ခါလုပ်မယ်ဆိုရင်တောင် တပ်ဖွဲ့အတွက် အရင်လုပ်ပေးလိမ့်မယ်။ အဲဒါကြောင့် ဒီလူတွေက သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဟန်ချင်းရှောင်းနဲ့ တခြားမက်ခါဒီဇိုင်းကျောင်းသားတွေဆီမှာပဲ ပုံအပ်ထားနိုင်တော့တယ်။

"ကျွန်တော် အဆင်ပြေပါတယ်" ကျွမ်းကျိုးက တတိယတပ်ဖွဲ့ကလူတိုင်းက သူ့ကို အားနည်းပြီး သေးငယ်တဲ့လူလို ဆက်ဆံတာနဲ့ အသားကျနေပြီးပြီ။

သူ့ရဲ့ အပြင်ပန်းအသွင်အပြင်က တကယ်ကို လူတွေကို အဲဒီဦးတည်ချက်ဘက်ကို ထင်မြင်စေတယ်။

ဒါပေမဲ့ သူက နတ်ဘုရားတစ်ပါးဆိုတာကို သူတို့သိထားတာတော့ မဟုတ်ဘူး။

"ငါလည်း အဆင်ပြေတယ်" ရှောင်ဖော့လန်က သူ့ရဲ့စက်ရုပ်လက်တွေကို ချန်ကျင့်ရွှယ်ဆီ ကမ်းပေးလိုက်တယ်။

ချန်ကျင့်ရွှယ်က ဒီဘိုးဘေးလေးကို ခစားရတာ ကျင့်သားရနေပြီးသား။ သူက ရှောင်ဖော့လန်ကို ချက်ချင်း ကောက်ပွေ့လိုက်ပြီး စိတ်ရှည်လက်ရှည်နဲ့ ပြောတယ်: "ဟုတ်ပါတယ် ဟုတ်ပါတယ် ဖော့လန်-တာ့ရယ်က အလွန်အားကြီးလွန်းလို့ ကျိုးကျိုးကို ကာကွယ်နိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ နောက်တစ်ခါ ဒီလိုအခြေအနေမျိုးနဲ့ကြုံရင် ကျွန်တော်တို့ကို အရင်ပြောပြရမယ်၊ အဲဒါမှ ကျွန်တော်တို့က တခြားအစီအစဉ်တွေ လုပ်လို့ရမှာ"

ရှောင်ဖော့လန်က နည်းနည်း စိတ်မပျော်မရွှင်ဖြစ်သွားတယ်။

ချန်ကျင့်ရွှယ်က သူ့ရဲ့လုပ်နိုင်စွမ်းကို သံသယဝင်နေတာပဲ။

ဒါပေမဲ့ သူက မိစ္ဆာလေ။ ဘာလို့ လူသားတွေကို ကြောက်နေရမှာလဲ။

ရှောင်ဖော့လန်က ဒီမိစ္ဆာအစေခံကို တစ်ချက်လောက် ရိုက်လိုက်ချင်တဲ့ပုံနဲ့ လက်မြှောက်လိုက်တယ်။ ဒါပေမဲ့ ချန်ကျင့်ရွှယ် မျက်နှာပေါ်က စစ်မှန်တဲ့ စိတ်ရင်းနဲ့ စိတ်ပူနေတာကို မြင်လိုက်ရတော့ ရှောင်ဖော့လန်က သူ့ကို စက်ရုပ်မျက်လုံးလေးတွေနဲ့ စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး လက်ပြန်ချထားလိုက်တယ်။

ထားလိုက်တော့ ထားလိုက်တော့။ ဒီကျေးကျွန်လေးက အကာအကွယ်ပေးချင်နေလို့ပါပဲ။

ကျွမ်းကျိုးက ဘယ်ရွန်ပေါ်သွင့် သူ့ကို ဘယ်လိုလာရှာတယ်ဆိုတာ ရှင်းပြလိုက်တယ်။

နားထောင်ပြီးနောက်မှာ ချန်ကျင့်ရွှယ်က ထင်တဲ့အတိုင်း ထိတ်ထိတ်ပြာပြာဖြစ်သွားတယ်: "ငါ တစ်လျှောက်လုံး ဘော့စ်ကို ဆက်သွယ်လို့မရတာ အံ့ဩစရာမဟုတ်တော့ဘူး။ ဒီမဲပေးဖို့အဆိုတင်သွင်းတာ တီးဝမ်ကိုယ်တိုင် အကြံပေးလိုက်တာဖြစ်ရမယ်!"

ကျွမ်းကျိုးက မေးလိုက်တယ်: "ဝမ်ရှောင်းယွင်ကို မဖြစ်မနေ အနားယူခိုင်းတော့မှာလား"

ချန်ကျင့်ရွှယ်: "ငါ မသေချာပေမဲ့ ဖြစ်နိုင်ချေကတော့ များတယ်။ အခု ငါတို့ဘယ်သူကမှ ဘော့စ်ရဲ့စိတ်စွမ်းအား အခြေအနေကို မသိကြဘူး" ဒါကို ထုတ်ပြောရင်းနဲ့ ချန်ကျင့်ရွှယ်က မှိုင်းညှို့သွားတယ်။

ဝမ်ရှောင်းယွင်က ဒီအကြောင်း တစ်ခါမှ မပြောဖူးဘူး။ အဲဒီတုန်းက စစ်တပ်ကြေညာချက်ထွက်လာတုန်းက ချန်ကျင့်ရွှယ် ဘော့စ်ကို အမှန်ပဲလားလို့ မေးလိုက်သေးတယ်။ ဘော့စ်က မဟုတ်ဘူးလို့ ပြောခဲ့တယ်။

သူက အဲဒီလိုနဲ့ပဲ တကယ် ယုံထားခဲ့တာ။

ကျွမ်းကျိုးက ဒါရဲ့ အဖြေကို သိထားတယ်။ ညတိုင်း သူ ဝမ်ရှောင်းယွင်ရဲ့ စိတ်စွမ်းအားကို တည်ငြိမ်အောင်လုပ်ပေးနေခဲ့တယ်။ ဒါပေမဲ့ ဝမ်ရှောင်းယွင်က အဲဒီတုန်းက လုံးဝကို ဓာတ်ရောင်ခြည်အောက်မှာ အကာအကွယ်မဲ့ ထိတွေ့ခဲ့တာ၊ နောက်ပြီး အချိန်အတော်ကြာအောင် ထိတွေ့ခဲ့ရတာဖြစ်တဲ့အတွက် သူက အလွန်အကျွံ ဓာတ်ရောင်ခြည် အဆိပ်သင့်နေတယ်။ ညစ်ညမ်းမှုတွေအားလုံးကို တစ်ကြိမ်တည်း အကုန် ဖယ်ရှားဖို့ ကြိုးစားတာက ဆန့်ကျင်ဘက်အနေနဲ့ သူ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုဆိုးရွားသွားစေနိုင်တယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ကျွမ်းကျိုးက သူ့ရဲ့တန်ခိုးစွမ်းအင်ကို ဝမ်ရှောင်းယွင်ရဲ့ စိတ်စွမ်းအားကမ္ဘာရဲ့ ကြီးမားတဲ့နေရာအတွင်း ထည့်သွင်းရမှာဖြစ်တဲ့အတွက် ဝမ်ရှောင်းယွင်ရဲ့ စိတ်ဝိညာဉ်အတွက် အထိတ်တလန့်ဖြစ်သွားစေနိုင်လို့ပဲ။

အဲဒါကြောင့် ကျွမ်းကျိုးက ညစ်ညမ်းမှုကို နည်းနည်းချင်း သန့်စင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဝမ်ရှောင်းယွင်ရဲ့ လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေက တော်တော်လေး ကောင်းမွန်တယ်။ သို့ပေမဲ့ ညစ်ညမ်းမှုက ရှိနေတုန်းပဲ။ သူ့ရဲ့စိတ်စွမ်းအားတွေ ပြန်ကောင်းမလာသေးဘူးဆိုတာက အဖြစ်မှန်ပဲ။ သူ နန်းတော်ကိုရောက်သွားတာနဲ့ သာမန်စုံစမ်းစစ်ဆေးမှုတစ်ခုကတင် အဲဒါကို ဖော်ပြပေးလိမ့်မယ်။

"တကယ်လို့ ဘော့စ်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက တကယ်ကြီး မကောင်းဘူးဆိုရင်၊ အစည်းအဝေးမှာ တညီတညွတ်တည်း ဆန္ဒမဲပေးကြလိမ့်မယ်" အဲဒီနောက်မှာတော့ သူ့ကို အတင်းအကျပ် အနားယူခိုင်းကြလိမ့်မယ်။

ကျွမ်းကျိုးက တစ်ခုခုကို စဉ်းစားမိပြီး မေးလိုက်တယ်: "ကျွန်တော် နန်းတော်ကို သွားလို့ရလား"

ချန်ကျင့်ရွှယ်က လန့်ဖျပ်ပြီး ထခုန်လိုက်တယ်: "နန်းတော်ကို သွားချင်တာလား! ဘော့စ်ကို သွားရှာချင်လို့လား။ မဖြစ်နိုင်ဘူး ကျိုးကျိုး၊ နန်းတော်က ငါတို့ ကြိုက်သလို သွားလည်လို့ရတဲ့နေရာ မဟုတ်ဘူး။ ဒီလို အရေးကြီးတဲ့ အချိန်ဆို မပြောနဲ့တော့၊ နန်းတော်ရဲ့ကာကွယ်တဲ့စနစ်က အရမ်းကို တင်းကျပ်နေလောက်တယ်"

ကျွမ်းကျိုးက ဘော့စ်ကို လက်ချည်းသက်သက် သွားကယ်ချင်နေတယ်ဆိုတာ စဉ်းစားလိုက်ရင် ချန်ကျင့်ရွှယ်က နည်းနည်း စိတ်မှာ ခံစားသွားရတယ်။

ကျွမ်းကျိုးက အင်မတန်မှ သေးကွေးပြီး အားနည်းပုံပေါက်ပေမဲ့ ဘော့စ်အတွက်နဲ့ နန်းတော်ကိုတောင် ဖောက်ဝင်လိုစိတ်ရှိတယ်!

ဒီမရီးကိုတော့.... ချန်ကျင့်ရွှယ် လက်ခံတယ်!

ချန်ကျင့်ရွှယ်က နှိုင်းချင့်ပြီး ပြောလိုက်တယ်: "ကျိုးကျိုး စိတ်မပူနဲ့၊ ဘော့စ်က အဆင်ပြေမှာပါ။ တကယ်လို့ ဘော့စ်ကို တကယ် အတင်းအကျပ်အနားယူခိုင်းရင် ငါတို့အကုန်လုံး သူနဲ့အတူတူ အနားယူပြီး ထွက်သွားမယ်! မင်း ဒီအတိုင်း စိတ်ချပြီးတော့သာ အိမ်မှာစောင့်နေလိုက်။ ငါတတိယတပ်ဖွဲ့ကို ပြန်သွားပြီး တော်ဝင်နန်းတော်ကို ဖိအားပေးဖို့ အစီအစဉ်နည်းနည်း သွားဆွဲလိုက်မယ်"

တကယ်လို့ စစ်တပ်ရဲ့ရာထူးကြီးအရာရှိတွေနဲ့ စစ်သားတွေ အများအပြား တစ်ခါတည်း အကုန်နုတ်ထွက်ရင် စစ်တပ်ကလည်း ဖိအားခံစားရမှာပဲ။ ဒီဖိအားက ဝမ်ရှောင်းယွင်အတွက် အခွင့်အရေး နည်းနည်းလောက် ပိုရဖို့ မျှော်လင့်ရတာပဲ။

ကျွမ်းကျိုးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလိုက်တယ်: "ဒါပေမဲ့ ကျွန်တော်က ဝမ်ရှောင်းယွင်ကို သွားတွေ့မှာမဟုတ်ဘူး။ အဲဒီဧကရာဇ်နဲ့ သွားတွေ့မှာ"

ဒါကို ကြားတော့ ချန်ကျင့်ရွှယ်က အံ့အားသင့်သွားတယ်: "ဧကရာဇ်နဲ့ သွားတွေ့မှာလား!"

ကျိုးကျိုးက အခုလက်ရှိ အင်ပါယာမှာ စိတ်သန္တာန်မက်ခါလုပ်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ သူသာ ဧကရာဇ်နဲ့တွေ့ချင်ရင် ဧကရာဇ်က သေချာပေါက် တွေ့ပေးမှာပဲ။

ဒါပေမဲ့ ဒီနေ့လို အခြေအနေနဲ့တော့....

ချန်ကျင့်ရွှယ်က ခေါင်းယမ်းလိုက်တယ်: "တခြားတပ်ဖွဲ့က တပ်ဖွဲ့မှူးတွေလည်း အကုန်လုံး နန်းတော်ထဲမှာ ရောက်နေကြတယ်။ ငါမင်းကို မလွှတ်လိုက်နိုင်ဘူး"

သူတို့က ကျိုးကျိုးကို တီးဝမ်လိုမျိုး ခိုးချင်နေကြရင် ဘယ်လိုလုပ်မလဲ။ ဒါက သိုးလေးကို ကျားသားရဲတွင်းထဲ တည့်တည့် လျှောက်သွားခိုင်းသလို ဖြစ်မနေဘူးလား။

"ဒီလိုဆိုရင်ကော?"

ကျွမ်းကျိုးက စာရွက်တစ်စနဲ့ ဘောပင်ထုတ်လိုက်တယ်။ တစ်ခုခုရေးလိုက်ပြီးနောက် ချန်ကျင့်ရွှယ်ကို ပေးလိုက်တယ်: "ကျွန်တော်မသွားဘူး၊ ခင်ဗျားသွား။ ခင်ဗျားသွားပြီး အရှင်မင်းကြီးကို ဒါပေးလိုက်"

"ငါသွားရမှာလား၊ အဲဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်" ချန်ကျင့်ရွှယ်က ခေါင်းယမ်းပြီး ခါးသက်စွာ ပြုံးပြလိုက်တယ်: "လူတိုင်းက ငါ့ကို ဘော့စ်ရဲ့ဒုဗိုလ်ချုပ်ဆိုတာ သိနေကြတာ။ အခု သူတို့က ဘော့စ်ကို အနားယူခိုင်းဖို့ လုပ်နေကြတာ။ တကယ်လို့ ဒီအချိန်ကြီးသွားလိုက်ရင် ငါနန်းတော်ရဲ့ဂိတ်ဝကိုတောင် ဝင်ခွင့်ရမှာမဟုတ်ဘူး"

"အဲဒါဆိုရင်တော့ စိတ်ပူစရာမလိုဘူး။ ကျွန်တော့်မှာ ခင်ဗျားကို မတားဆီးဘဲ ဝင်ခွင့်ရဖို့ အစီအစဉ်ရှိတယ်"

"ဘာအစီအစဉ်လဲ"

ကျွမ်းကျိုးက ချန်ကျင့်ရွှယ်နားကို ကိုယ်ကိုကိုင်းကာ ကပ်သွားပြီး သူ့အပေါ်ကို ထွက်သက်လေအချို့မှုတ်ပေးလိုက်တယ်။

ချန်ကျင့်ရွှယ်: "???"

ကျွမ်းကျိုးက ပြန်မတ်လိုက်တယ်: "ကောင်းပြီ သွားလို့ရပြီ"

ချန်ကျင့်ရွှယ်: "ဒါက အစီအစဉ်လား၊ ကျိုးကျိုး အချစ်တုံးလေး။ မင်းမှာ မှော်ပညာတို့ဘာတို့ ရှိတယ်လို့ ထင်နေတာလား။ ငါ့ကို ထွက်သက်လေတချို့ပေးပြီး နန်းတော်ကို သွားခိုင်းနေတာလား"

ကျွမ်းကျိုးက လေးလေးနက်နက် ပြောလိုက်တယ်: "ဒါက *မှော်ပညာမဟုတ်ဘူး၊ ဒါကို *နတ်ဘုရားရဲ့ထွက်သက်လေလို့ခေါ်တယ်" (E T/N *ပထမတစ်ခုက မသေမျိုးရဲ့ထွက်သက်လေလို့ တိုက်ရိုက်ဘာသာပြန်လို့ရပါတယ်။ *ဒုတိယတစ်ခုကကျတော့ နတ်ဘုရားလိုမျိုး ယုံကြည်ချက်အပြည့်ရှိတယ်လို့လည်း ဆိုလိုပါတယ်။ ကျွမ်းကျိုးက မသေမျိုးရဲ့ ထွက်သက်လေမဟုတ်ဘူး၊ နတ်ဘုရားရဲ့ထွက်သက်လေလို့ ပြောတာ။ ဒါပေမဲ့ ချန်ကျင့်ရွှယ်ကကျတော့ "မှော်ပညာပေးတာမဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ်ယုံကြည်အောင်လုပ်ပေးတာ" လို့ ကြားတယ်)

ချန်ကျင့်ရွှယ်: "........."

ရှောင်ဖော့လန်ကလည်း အနားကိုကိုင်းလာတယ်။ သူ့ရဲ့ရင်ဘတ်က သံအဖုံးအကာကို ဖွင့်လိုက်ပြီး လေပိုက်တစ်ခုကို ဆွဲထုတ်လိုက်တယ်။ အဲဒါကို ချန်ကျင့်ရွှယ်ရဲ့ မျက်နှာတည့်တည့်ကို ညွှန်လိုက်ပြီး လေအပြည့် မှုတ်ထုတ်ပေးလိုက်တယ်။

ချန်ကျင့်ရွှယ်: "ဒါက....."

ရှောင်ဖော့လန်: "*မိစ္ဆာရဲ့ထွက်သက်လေ"

(E T/N အဓိပ္ပါယ်နှစ်ခွရတဲ့ စကားလုံးပါ၊ မိစ္ဆာလို့ အဓိပ္ပါယ်ရသလို ဆွဲဆောင်မှုရှိတယ်၊ ကြည်နူးဖွယ်ကောင်းတယ်လို့လည်း အဓိပ္ပါယ်ရပါတယ်တဲ့)

ချန်ကျင့်ရွှယ်: "........."

စိတ်ရှုပ်ထွေးစွာနဲ့ ချန်ကျင့်ရွှယ်ဟာ နန်းတော်ကို မိမိကိုယ်ကိုယ်ယုံကြည်ချက်အပြည့်ရယ်၊ ဆွဲဆောင်မှုအပြည့်ပါတဲ့ ခန္ဓာကိုယ်နဲ့ ထွက်သွားတော့တယ်။

(*confidence - breath of God, charm - breath of Demon)

သူက နန်းတော်ကို တကယ်ပဲ ဝင်နိုင်လိမ့်မယ်လို့ မယုံဘူး။ အဲဒါကြောင့် နှစ်ဖက်စလုံးမှာ ပြင်ဆင်မှုတွေ လုပ်ထားတယ်။ သူ တတိယတပ်ဖွဲ့ကို အစီအစဉ်ဆွဲဖို့ လူတွေ လွှတ်ထားတုန်းမှာပဲ ကျိုးကျိုးပေးလိုက်တဲ့စာကို ယူပြီး နန်းတော်ကို ဝင်လာတယ်။

ဒါက တော်တော်လေးတော့ ထူးဆန်းတယ်။ သူက ကျိုးကျိုးရေးပေးလိုက်တဲ့ စာကို ဖွင့်ကြည့်လိုက်ပေမဲ့ စာက ဘာမှမပါဘဲ ဗလာသက်သက်ရှင်းလင်းနေတယ်။ သူသေချာပေါက် ကျိုးကျိုးရေးလိုက်တာကို မြင်လိုက်တယ်။

ဒါပေမဲ့ ကျိုးကျိုးက စာကို ပေးလိုက်ဖို့ပဲပြောတယ်၊ တစ်ဖက်လူက နားလည်လိမ့်မယ်တဲ့။

ချန်ကျင့်ရွှယ် နန်းတော်ဂိတ်ကို ရောက်လာတယ်။ ထင်ထားတဲ့အတိုင်း သူ့ကို အစောင့်တွေက ချက်ချင်း တားကြတယ်။

"ဒုဗိုလ်ချုပ်ချန်၊ ဒီနေ့ နန်းတော်မှာ အရေးကြီးတဲ့ဆွေးနွေးပွဲတစ်ခု ရှိပါတယ်။ အရှင်မင်းကြီးက လတ်တလော ဘယ်သူနဲ့မှ တွေ့မှာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ပြန်ပါ"

ချန်ကျင့်ရွှယ်က သူ့ဘာသူ တွေးလိုက်တယ်။ ထင်တဲ့အတိုင်းပဲ။ သူတို့က သူ့ကို ဝင်ခွင့်မပေးဘူး။

သူက တစ်ဖက်လှည့်လိုက်ပြီး ပြန်ဖို့ ပြင်လိုက်တယ်။ ရုတ်တရက် အဲဒီအစောင့်ရဲ့မျက်နှာပေါ်က အမူအရာက ပြောင်းလဲသွားတယ်။ သူ့အကြည့်က အနည်းငယ် မိန်းမောဟန်ပြောင်းသွားတယ်: "ခဏ ဒုဗိုလ်ချုပ်ချန် ... ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အထဲဝင်ပါ"

ချန်ကျင့်ရွှယ်က အံ့အားသင့်သွားတယ်။ ဘာတွေဖြစ်ကုန်တာလဲ။

ဘာလို့ အခု သူ့ကို အထဲဝင်ခွင့်ပေးလိုက်တာလဲ။

စိတ်ရှုပ်သွားပေမဲ့ ချန်ကျင့်ရွှယ်က အလိုအလျောက်ဆိုသလို ဒီအခွင့်အရေးကို လက်လွတ်မခံဘူး။ သူက အလျင်စလို နန်းတော်ထဲကို ဝင်လိုက်တယ်။

ဧကရာဇ်ကလဲ(ရ်)ရဲ့ နန်းတော်က အင်မတန်မှ ကြီးမားစွာ တည်ဆောက်ထားတယ်။ စုစုပေါင်း စစ်ဆေးတဲ့ဂိတ်ဝ ၇ ခုရှိတယ်။ ချန်ကျင့်ရွှယ် စစ်ဆေးဂိတ်တစ်ခုကို ရောက်တိုင်းမှာ သူ့ကို အတားခံရတယ်။ နောက်ပိုင်းစစ်ဆေးဂိတ်က အစောင့်တွေ ချန်ကျင့်ရွှယ်ကိုတွေ့တော့ အားလုံး အင်မတန် အံ့အားသင့်သွားတယ်။ ရှေ့ကအစောင့်တွေ သူ့ကို ဘာလို့ဖြတ်ခွင့်ပေးလိုက်လဲဆိုတာ နားမလည်ကြဘူး။

သူတို့ ချန်ကျင့်ရွှယ်ကို တားပြီး သိပ်မကြာခင် သူတို့လည်း ထူးဆန်းတဲ့အကြောင်းပြချက်တချို့ကြောင့် ချန်ကျင့်ရွှယ်ကို ဖြတ်သန်းခွင့် ပေးလိုက်ပြန်တယ်။

ချန်ကျင့်ရွှယ်ကိုတွေ့တော့ နန်းတော်ထဲကလူတိုင်းက အားလုံး အရမ်း အံ့အားသင့်နေကြတယ်။

မညှာမတာပြောရရင် အဓိကပတ်သက်နေတဲ့သူ ဝမ်ရှောင်းယွင်က လက်ရှိ အနားယူဖို့ အတင်းအကျပ်ခိုင်းစေခံနေရတယ်။ သူ့ရဲ့ဒုဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ချန်ကျင့်ရွှယ်က ဘယ်လိုလုပ်ပြီး ဒီမှာပေါ်လာတာလဲ။ အဲဒါက ဝမ်ရှောင်းယွင်ကို ညှိနှိုင်းဖို့ တိုကင်ပြားနောက်တစ်ခု ပေးလိုက်သလိုဖြစ်မနေဘူးလား။ ဒီလိုပုံနဲ့ သူတို့ ဘယ်လိုလုပ် ဝမ်ရှောင်းယွင်ကို အနားယူဖို့ ဖိအားပေးရပါတော့မလဲ။

ပြောရမယ်ဆိုရင် အခု တတိယတပ်ဖွဲ့က လုံးဝကို ဝမ်ရှောင်းယွင်နဲ့ ချန်ကျင့်ရွှယ်ရဲ့လက်အောက်မှာ ရှိတယ်။ အားလုံး ဆိုးသည်ထက်ဆိုးလာခဲ့ရင် သူတို့က သူတို့တပ်ဖွဲ့ကို ပုန်ကန်ဖို့ ဦးဆောင်ရင် ဘယ်လိုလုပ်မလဲ။

ဒီလိုအချိန်မျိုးမှာ သဘာဝကျကျ ဒီနှစ်ယောက်ကို ခွဲထားဖို့ လိုအပ်တယ်။

အဲဒီအချိန်မှာ ချန်ကျင့်ရွှယ်ဟာ ပိုဝေးဝေးရောက်လာလေလေ သူ့ကိုယ်သူ ပိုပြီး အံ့အားသင့်ရလေလေပဲ။ သူလမ်းလျှောက်လာလေလေ၊ ပိုပြီး ထုံကျဉ်လာလေလေပဲ။ သူအထဲကိုရောက်လာပြီး တော်ဝင်ခန်းမဆောင် အပေါက်ဝကို လုံးဝ အတားအဆီးမရှိ ရောက်သွားတဲ့အချိန်မှာ ချန်ကျင့်ရွှယ်က လုံးဝကို ထုံနေပြီ။

သူ့ခေါင်းထဲမှာ ကျွမ်းကျိုးနဲ့ ရှောင်ဖော့လန်ရဲ့ --

နတ်ဘုရားရဲ့ထွက်သက်လေနဲ့ မိစ္ဆာရဲ့ထွက်သက်လေတို့နဲ့ ပြည့်နေတယ်။

ငါ့လခွမ်း။ သူ ဒီမှာ အောင်မြင်စွာ ကားကားကားကားနဲ့ လမ်းလျှောက်နေနိုင်တယ်ဆိုမှတော့ တကယ်ကြီးကို သူ့တစ်ကိုယ်လုံး ယုံကြည်ချက်တွေ ပြည့်နေလို့ပဲ။ ဘယ်သူမှ သူ့ကို မတားနိုင်ဘူး။ သူ့မှာ ဆွဲဆောင်မှုတွေလည်း အတော်လေး ပြည့်စုံနေပုံပဲ။

ဆွေးနွေးပွဲခန်းမအတွင်းမှာ ဧကရာဇ်ကလဲ(ရ်)က ချန်ကျင့်ရွှယ် တွေ့ခွင့်တောင်းနေတယ်ဆိုတာကို သိလိုက်ရတော့ အင်မတန်မှ ထိတ်လန့်သွားတယ်။

"ဘာဖြစ်လို့ ချန်ကျင့်ရွှယ်က ဒီကိုရောက်နေတာလဲ"

အခြေအနေကို စုံစမ်းလိုက်ပြီး ဘာဖြစ်နေတာလဲဆိုတာ သိလိုက်ရတဲ့အခါ ဧကရာဇ်ကလဲ(ရ်)က မျက်မှောင်ကြုတ်သွားတယ်။ ဒါပေမဲ့ ချန်ကျင့်ရွှယ်နဲ့တွေ့ဖို့ တခြားဆွေးနွေးပွဲခန်းမကိုတော့ သွားလိုက်တယ်။

ချန်ကျင့်ရွှယ်က စကားများများ မပြောဘူး။ ရိုသေလေးစားစွာ နှုတ်ဆက်ပြီးတဲ့နောက်မှာ ကျွမ်းကျိုးရဲ့ 'စာရွက်ဖြူ' ကို ကမ်းပေးလိုက်တယ်။

သူ့လက်ထဲမှာ စကားလုံးမပါတဲ့ 'စာရွက်ဖြူ' ဟာ ဧကရာဇ်ကလဲ(ရ်)ဆီ ရောက်သွားတော့ ဧကရာဇ်က တစ်ခုခု ဖတ်လိုက်ရတဲ့ ပုံပေါက်နေတယ်။ သူ့မျက်လုံးတွေဟာ ပြူးကျယ်နေတယ်။

ချန်ကျင့်ရွှယ်ဟာ မိုးကြိုးပစ်ခံလိုက်ရသလို အမူအရာဖြစ်နေတယ်။

သူ့ခေါင်းထဲကို တဖြည်းဖြည်းချင်း အတွေးတစ်ခုဝင်လာတယ်။ ဒီတစ်ချိန်လုံး သူမျက်စိမှောက်နေခဲ့တဲ့အရာ၊ တစ်ခါမှ သေသေချာချာ မတွေးဖူးခဲ့တဲ့ အတွေးတစ်ခု။

သူငယ်ချင်းလေး ကျိုးကျိုး..... သူ့မှာ ဘာလို့ ဒီလိုမျိုး အံ့ဩစရာကောင်းလောက်တဲ့ စွမ်းရည်မျိုး ရှိနေရတာလဲ။

ချန်ကျင့်ရွှယ်က သူအရင်တုန်းက ကျိုးကျိုးကို မကြာခဏ အိပ်မက်မက်တဲ့အကြောင်း ပြန်အမှတ်ရသွားတယ်။ အဲဒီနောက် သူတို့ မြို့တော်ကိုပြန်လာတုန်းက လူတွေအမြောက်အမြား ကြွယ်ဝခြင်းနတ်ဘုရားလို့ ယူဆရတဲ့လူတစ်ယောက်အကြောင်း အိပ်မက်မက်တဲ့အဖြစ်ကို သူသတိရသွားတယ်။

ချန်ကျင့်ရွှယ်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်တယ်: လခွမ်း။

ဧကရာဇ်ကလဲ(ရ်)က စာပါအကြောင်းအရာကို ဖတ်လို့ပြီးသွားပြီ။ အဲဒီအချိန်မှာ ပုံမှန်အားဖြင့် မျက်နှာထားတည်တည်နဲ့ရှိတတ်တဲ့သူက တကယ့်ကို စိတ်ခံစားချက်တွေကို ထိန်းချုပ်ရတာ အတော်လေး ဒုက္ခများနေတယ်။ သူက ချန်ကျင့်ရွှယ်ကို မေးတယ်: "ဒါ အမှန်ပဲလား"

ချန်ကျင့်ရွှယ်က စာထဲမှာ ဘာပါမှန်းတောင် မသိဘူး။

သူက အသက်နောက်တစ်ချက် ခပ်ပြင်းပြင်း ရှုသွင်းလိုက်တယ်: "အမှန်ပါပဲ အရှင်မင်းကြီး"

ဒါအမှန်ပဲလေ။ အဲဒီထဲမှာ ဘာတွေရေးထားမှန်း သူတကယ်မသိဘူးဆိုတာ အမှန်အကန်ပဲ။

ကလဲ(ရ်)က ခဏတဖြုတ် တိတ်ဆိတ်သွားတယ်။ အဲဒီနောက် သူက အသံကို အနည်းငယ် မြှင့်ပြောလိုက်တယ်: "လူကြီးမင်း ကျွမ်းကျိုးကို နန်းတော်ထဲကို ဖိတ်လိုက်"

အဲဒီနောက် ချန်ကျင့်ရွှယ်ဟာလည်း တူညီတဲ့ စိတ်ရှုပ်ထွေးနေတဲ့ ပုံစံမျိုးနဲ့ ထွက်ခွာလာခဲ့တယ်။

အဲဒါက 'နတ်ဘုရားရဲ့ထွက်သက်လေ' ရဲ့ သက်ရောက်မှုလား၊ 'မိစ္ဆာရဲ့ထွက်သက်လေ' ရဲ့ သက်ရောက်မှုလား မသိ၊ လူအားလုံးက ချန်ကျင့်ရွှယ် နန်းတော်ထဲကို ဝင်လိုက်နိုင်တာကို နည်းနည်း ထူးဆန်းနေပေမဲ့ ဘယ်သူကမှ သူဘယ်လို ဝင်လာလဲဆိုတာ မစစ်ဆေးကြဘူး။

ဧကရာဇ်ကလဲ(ရ်)တောင်မှ အတူတူပဲ။ သူတို့အားလုံးက အဲဒီအကြောင်း မေ့လျော့သွားသလိုပင်။

ချန်ကျင့်ရွှယ်က တွေးလိုက်တယ်: ဒါက ဆွဲဆောင်မှုရဲ့ အကျိုးသက်ရောက်မှုပဲဖြစ်ရမယ်။

-

ဆွေးနွေးပွဲခန်းမ

ကျွမ်းကျိုးနဲ့ ဧကရာဇ်ကလဲ(ရ်)ဟာ မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။

ဧကရာဇ်ကလဲ(ရ်)ရဲ့အရှေ့မှာ လက်တလော စစ်ဆေးချက် အစီရင်ခံစာဖြစ်တယ်။

အစီရင်ခံစာထဲမှာ ကျွမ်းကျိုးရဲ့ ကြံ့ခိုင်မှုစွမ်းအားက B+ လို့ တင်ပြထားတယ်။ ဒါပေမဲ့ အခု အဲဒါက အရေးကြီးဆုံးအရာမဟုတ်ဘူး။ အရေးအကြီးဆုံးအပိုင်းက စိတ်စွမ်းအားအဆင့်နဲ့ ပတ်သက်တဲ့ အပိုင်းပဲ။

SSSSS+ ဖြစ်မည်ဟု သံသယရှိ။

ဒီနေရာမှာ သေချာရမယ့်အစား ဘာဖြစ်လို့ 'သံသယရှိ' ဆိုပြီး ဖြစ်နေရလဲဆိုရင်-- အဲဒါက လက်ရှိ အင်ပါယာမှာ အသုံးပြုနေတဲ့ စစ်ဆေးတဲ့ကိရိယာဟာ 4S အဆင့်အထိပဲ ဖမ်းယူနိုင်တယ်။ အဲဒါက အဆုံးစွန်ဆုံး ကန့်သတ်ချက်ပဲ။

ဒါပေမဲ့ ကျွမ်းကျိုးကို စစ်ဆေးတဲ့အခါ ကိရိယာက 4S အကန့်အသတ်ကို ရောက်သွားပြီးနောက် ဇယားကွက်ကနေလွန်သွားပြီး အငွေ့တလူလူထွက်ကာ ပျက်သွားတော့တယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့ စံခန့်မှန်းချက်အရ သူတို့က ကျွမ်းကျိုးရဲ့စိတ်စွမ်းအားအဆင့်က 5S+ အဆင့်ဟု သံသယရှိတယ်လို့ အတည်ပြုကြတယ်။

ဒီနေရာမှာ ဒီ + လက္ခဏာက သူတို့တွေတောင် ကျွမ်းကျိုးရဲ့ အကန့်အသတ်ကို သေချာမပြောနိုင်ဘူးလို့ ညွှန်ပြခြင်းဖြစ်တယ်။ နောက်ဆုံးတော့ ဘယ်သူမှ ဒီလိုမျိုး စိတ်စွမ်းအားအဆင့်ကို မပိုင်ဆိုင်ဖူးဘူး။

ဧကရာဇ်ကလဲ(ရ်)က အစီရင်ခံစာရဲ့ ရလဒ်တွေကို ကြည့်လိုက်ပြီး အချိန်အတန်ကြာအောင် ပြောစရာစကားမဲ့နေတယ်။ ခဏအကြာမှာ သူက နောက်ဆုံးတော့ ဖြည်းဖြည်းချင်း ပြောတယ်: "မင်းရဲ့နောက်ခံအကြောင်း အရင်က ကြားဖူးပါတယ်။ မင်းက အစွန်အဖျားကျတဲ့ဂြိုလ်တစ်လုံးကနေ လာခဲ့ပြီး ကြယ်စုဘာသာစကားကိုတောင် မသိခဲ့ဘူး"

ကျွမ်းကျိုးက ရင်ဘတ်ကို မောက်လိုက်တယ်။ သူ့အရှေ့ကလူက ဧကရာဇ်ဆိုတာကို သိနေတာတောင် သူက မကြောက်မရွံ့ အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်: "အဲဒါအမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်တော့်မှာ ခရေစေ့တွင်းကျ မှတ်နိုင်တဲ့ မှတ်ဉာဏ်မျိုးရှိပြီး အရာရာကို တစ်ချက်ကြည့်ရုံနဲ့ သင်ယူနိုင်ပါတယ်"

အရာရာကို တစ်ချက်ကြည့်ရုံနဲ့ သင်ယူနိုင်တယ်ဆိုတာက ဒီလောက် မြင့်မားတဲ့ စိတ်စွမ်းအားအဆင့်ရှိသူအတွက် အတော်လေး ယုတ္တိရှိတဲ့ စကားဖြစ်တယ်။

ဘာသာစကားလေ့လာတာကစပြီး စိတ်သန္တာန်မက်ခါ ပြုလုပ်တဲ့အထိ အားလုံးကို အကြည့်တစ်ချက်တည်းနဲ့ သင်ယူတတ်မြောက်ထားတာများလား။

ဧကရာဇ်ကလဲ(ရ်)က ပြောတယ်: "မင်း ချန်ကျင့်ရွှယ်ကို ပေးလိုက်တဲ့စာ.... မင်းက တကယ်ပဲ စိတ်စွမ်းအား ဓာတ်ရောင်ခြည်သင့်မှုကို ကုသနိုင်တယ်လား"

ကျွမ်းကျိုး: "ကုသနိုင်ပါတယ်။ မက်ခါအတွက် ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံစနစ် လိုမျိုးပါပဲ၊ ညစ်ညမ်းမှုကို ကာရံထားပြီး သူတို့ကို စိတ်စွမ်းအားကမ္ဘာကနေ အပြင်ကို လမ်းညွှန်ဖယ်ရှားပေးနိုင်ပါတယ်"

ဒီလိုပြောလိုက်ရလို့ ကျွမ်းကျိုးက အနည်းငယ် အပြစ်မကင်းသလို ခံစားနေရတယ။် သူက အမှန်တော့ အပြင်ကို လမ်းညွှန်ဖယ်ရှားပေးတာမဟုတ်ဘူး။ သူက သန့်စင်ပေးနေတာ။

ဒါပေမဲ့လည်း ဒါက ကြယ်တာရာခေတ်လေ။ ဧကရာဇ်ကလဲ(ရ်)က နတ်ဘုရားတွေကို မယုံကြည်ဘဲ ကျွမ်းကျိုးပြောတဲ့ 'သန့်စင်' ပေးတယ်ဆိုတဲ့စကားကို မယုံရင် ဘယ်လိုလုပ်မလဲ။

အဲဒါကြောင့် ကျွမ်းကျိုးက ပိုပြီး သိပ္ပံနည်းကျတဲ့ ရှင်းပြတဲ့နည်းလမ်းကို သုံးလိုက်တယ်။

ကျွမ်းကျိုးက အားမွေးလိုက်ပြီး သူ့ကိုယ်သူ အလွန့်အလွန် အထက်တန်းကျတဲ့ သိပ္ပံပညာရှင်တစ်ဦးနဲ့ တူအောင် လုပ်လိုက်ပြီး ပြောတယ်: "စိတ်စွမ်းအားအဆင့် 4S နဲ့ အထက်ရှိရင် လူတွေရဲ့ စိတ်စွမ်းအားအခြေအနေကို ပြောင်းလဲနိုင်တယ်၊ ကျွန်တော်က စိတ်စွမ်းအားအဆင့်5S ရှိတယ်။ ကျွန်တော့်ရဲ့ စိတ်စွမ်အားက တခြားတစ်ယောက်ရဲ့ စိတ်စွမ်းအားကမ္ဘာထဲကို ဝင်ပြီး ဓာတ်ရောင်ခြည်ညစ်ညမ်းမှုတွေကို ဆွဲထုတ်နိုင်တယ်"

ကလဲ(ရ်)က တစ်စက္ကန့်လောက် တိတ်ဆိတ်နေတယ်: "တကယ်လို့ အဲဒါက အမှန်ပဲဆိုရင် ဘာဖြစ်လို့ မင်းက ဗိုလ်ချုပ်ကြီးဝမ်ကို အရင်ကုပြီးမှ ငါ့ကို အသိမပေးတာလဲ။ ဘာဖြစ်လို့ မင်းကိုယ်မင်း သက်သေပြဖို့ တတိယမင်းသားကို ကုသဖို့ တောင်းဆိုနေရတာလဲ"

ကျွမ်းကျိုးက ခံယူချက်ခိုင်မာစွာ ပြောလိုက်တယ်: "ဘာဖြစ်လို့လဲဆိုတော့ ဝမ်ရှောင်းယွင်ရဲ့ စိတ်စွမ်းအားအဆင့်က မြင့်တယ်။ သူ့ကို ကုသရတာက အချိန်ပေးရတယ်။ တတိယမင်းသားကတော့....."

တတိယမင်းသားရဲ့ စိတ်စွမ်းအားအဆင့်က နိမ့်တယ်။ ဝမ်ရှောင်းယွင်နဲ့ ယှဉ်လို့မရဘူးလို့ ဆိုလိုချင်တာပဲ။

ကျွမ်းကျိုးက ဘယ်ရွန်ပေါ်သွင့်ရဲ့ အိမ်တော်ကနေ ထွက်လာပြီးနောက် အွန်လိုင်းပေါ်မှာ အင်တာနက်သုံးတဲ့သူတွေရဲ့ လက်ရှိ ဆွေးနွေးချက်တွေကို ကြည့်လိုက်တယ်။

ဝမ်ရှောင်းယွင်က အခု တကယ်ကို အတင်းအကျပ် အနားယူခိုင်းခံနေရတာကို သိလိုက်ရတယ်။

သူ သဘောမတူဘူး။ အခု ဝမ်ရှောင်းယွင်က သူ့လူပဲ။ သူ ဝမ်ရှောင်းယွင်ကို အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး။

သူက မူလက သူ့အစွမ်းကို အတည်ပြုဖို့ မင်းမျိုးစိုးနွယ်အချို့ကို ကုသဖို့ စီစဉ်ထားတယ်။ သို့ပေမဲ့ ဓာတ်ရောင်ခြည်သင့်ခံထားရတဲ့ တော်ဝင်မျိုးနွယ်စာရင်းကို ရှာဖွေကြည့်လိုက်တဲ့အခါ တကယ်ပဲ အင်ပါယာရဲ့ တတိယမင်းသားက စာရင်းထဲမှာ ပါနေတာကို တွေ့လိုက်ရတယ်။ သူက ချက်ချင်းပဲ အစီအစဉ်ကို ပြောင်းလိုက်တယ်။

"နောက်ပြီး...." ကျွမ်းကျိုးက သူ့အသံကို အနည်းငယ် နှိမ့်ပြီး တိုးဖွစွာ ပြောတယ်: "ကျွန်တော့်ကို အရှင်မယုံကြည်မှာ စိုးလို့ပါ။ အဲဒါကြောင့် ကျွန်တော်က အရှင်ကိုယ်တိုင် မြင်နိုင်အောင် တတိယမင်းသားကို ကုသပေးချင်တာပါ"

ဒါပေမဲ့ ဧကရာဇ်ကလဲ(ရ်)က တစ်ခုခုကို စဉ်းစားမိသွားပြီး ပြောလိုက်တယ်: "ငါမယုံကြည်မှာကို စိုးရိမ်လို့မဟုတ်ပါဘူး။ ဝမ်ရှောင်းယွင်မှာ ထပ်စောင့်စရာ အချိန်မရှိတော့ဘူးလို့ ခံစားရလို့မလား"

မဲဆန္ဒပေးခြင်းကိုသာ အစည်းအဝေးမှာ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြရင် ဝမ်ရှောင်းယွင်က ချက်ချင်း အနားယူလိုက်ရမှာပဲ။

စိုးရိမ်မှုတွေက ဘွင်းဘွင်းကြီး ဖော်ထုတ်ခံလိုက်ရတဲ့အတွက် ကျွမ်းကျိုးရဲ့နားရွက်လေးတွေက နည်းနည်းလေး နီရဲသွားတယ်။

လူငယ်လေးကို ဒီလိုမြင်လိုက်ရတော့ ဆန့်ကျင်ဘက်အနေနဲ့ ဧကရာဇ်ကလဲ(ရ်)ကတော့ ပိုလို့တောင်မှ စိတ်သက်သာရာရသွားသေးတယ်။

သူက ပါရမီထူးကို ချီးကျူးမြှောက်စားတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ အရင်ဆုံး လူငယ်လေးက တကယ်ပဲ စိတ်စွမ်းအားဓာတ်ရောင်ခြည်သင့်တာကို ကုသနိုင်လား၊ မကုနိုင်လားကို မပြောနဲ့ဦး။ မက်ခါတည်ဆောက်နိုင်တဲ့ သူ့အစွမ်းကို ကြည့်ရုံနဲ့တင် အင်ပါယာက အချိန်ရော၊ အားထုတ်မှုရော အသုံးချပြီး သူ့ကို ဒီမှာ ဆက်ထိန်းသိမ်းထားဖို့ လုံလောက်နေပြီ။

"ဒါပေမဲ့ မင်းလာတာ အရမ်းနောက်ကျသွားပြီ" ဧကရာဇ်ကလဲ(ရ်) က ပြောလိုက်တယ်။

ဒါကိုကြားတော့ ကျွမ်းကျိုးရဲ့မျက်လုံးက ပြူးကျယ်သွားတယ်: "နောက်ကျသွားပြီလား၊ ဝမ်ရှောင်းယွင် သူ... သူ့ကို မဲပေးထုတ်ပယ်လိုက်ပြီလား"

ဧကရာဇ်ကလဲ(ရ်): "........"

မဲပေးထုတ်ပယ်တယ်ဆိုတာ ဘာစကားလဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒါက ကြားရတာ တော်တော်လေး မှန်ကန်နေသလိုပဲ။

ကျွမ်းကျိုးက ချက်ချင်းဆိုသလို အင်မတန် စိတ်ပျက်အားငယ်သွားတယ်။ သူ့ရဲ့တစ်ကိုယ်လုံးက လေလျှော့လိုက်တဲ့ ပူဖောင်းလိုပဲ။

ဧကရာဇ်ကလဲ(ရ်)က တော်တော်လေး ရယ်ချင်သွားတယ်: "မင်း သူ့ကို နည်းနည်းလောက်ပိုပြီး ယုံကြည်သင့်တယ်"

ကျွမ်းကျိုးက သူဘာဆိုလိုတာလဲ နားမလည်ဘူး။

ဧကရာဇ်ကလဲ(ရ်)က ဆိုတယ်: "တပ်ဖွဲ့မှူးသုံးဦးက သူ့ကို အနားယူဖို့ တညီတညွတ်တည်း မဲပေးလိုက်ပြီးနောက်မှာ သူက သူ့ကိုယ်သူ သက်သေပြဖို့ နည်းလမ်းနောက်တစ်ခုကို ရွေးချယ်ခဲ့တယ်"

ကျွမ်းကျိုးက နားမလည်ဘူး။ ဝမ်ရှောင်းယွင်ရဲ့ စိတ်စွမ်းအားက အခုထိ ပြန်မကောင်းသေးဘူး။ သူက အခုလက်ရှိ S အဆင့်ပဲရှိတော့တယ်။ ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူ သက်သေပြမှာလဲ။

ဧကရာဇ်ကလဲ(ရ်)က အချိန်ကို စစ်ဆေးလိုက်ပြီး ပြောတယ်: "မင်းကိုယ်တိုင် ကြည့်ကြည့်လို့ရတယ်"

...............xxx...............

စာရေးသူမှာ ပြောစရာရှိပါတယ်: PS--

ရှောင်ဖော့လန်: သံသယဖြစ်စရာကိုမလိုဘူး။ အဲဒါက မိစ္ဆာရဲ့အသက်လေပဲ။

-Zawgyi-

အခန္း ၄၆: မင္းလာတာ အရမ္းေနာက္က်သြားၿပီ

ဧကရာဇ္ကလဲ(ရ္)က ဝမ္းေ႐ွာင္းယြင္ကို ေတာ္ဝင္နန္းေတာ္ကို ေခၚရတဲ့အေၾကာင္းရင္းက တကယ္ကို ဝမ္ေ႐ွာင္းယြင္ရဲ႕ အနားယူဖို႔ကိစၥျဖစ္တယ္။

ဒီတစ္ခ်က္ကိုေတာ့ တီးဝမ္က ကၽြမ္းက်ိဳးကို မလိမ္ခဲ့ဘူး။

အထူးအေျခအေနမ်ိဳးမွာ အင္ပါယာတပ္ဖြဲ႕ေလးခုရဲ႕ တပ္ဖြဲ႔မွဴး ၄ ေယာက္အနက္ သံုးေယာက္က ေနာက္ဆံုးတစ္ေယာက္က ဆက္ေနသင့္လား၊ ထြက္သြားသင့္လားဆိုတာကို ဆံုးျဖတ္ဖို႔ မဲေပးခြင့္႐ွိတယ္။

ဟုတ္တာေပါ့၊ ဒီေနရာမွာ မ႐ွိမျဖစ္႐ွိရမဲ့ လိုအပ္ခ်က္က အထူးအေျခအေနဆိုတာပဲ။

အခု ဝမ္ေ႐ွာင္းယြင္လို အေျခအေနမ်ိဳးကို ေျပာတာ။ သူက ဘာအမွားမွ မလုပ္ထားေပမဲ့ အသိုင္းအဝိုင္းရဲ႕ လႊမ္းမိုးမႈက ႀကီးမားလြန္းတယ္။ ေျပာစရာကိုမလိုတာက စြန္႔စားရမဲ့ အႏၱရာယ္ဟာလည္း အလြန္ျမင့္မားတယ္။

ဧကရာဇ္ကလဲ(ရ္)ေတာင္မွ လူထုရဲ႕အသံကို လ်စ္လ်ဴ႐ႈထားဖို႔ မျဖစ္ႏိုင္ဘူး။

ေနာက္ၿပီး ေပယြီစီးကို ေရွ႕မွာ ဥပမာအေနနဲ႔သံုးထားတဲ့အတြက္ ဓာတ္ေရာင္ျခည္သင့္ခံထားရတဲ့သူတစ္ေယာက္က တကယ္ပဲ သိုဝွက္ထားတဲ့ ခ်ိန္ကိုက္ဗံုးတစ္လံုးကို ပိုင္ဆိုင္ထားရသလိုပဲ။

သူက အခုေနေကာင္းေနၿပီး အလြန္ေကာင္းမြန္တဲ့ စိတ္ပိုင္းဆိုင္ရာအေျခအေနမွာ ႐ွိေနပံုရတဲ့တိုင္ေအာင္...

သို႔ေပမဲ့ အရာအားလံုးက ျဖစ္ႏိုင္တယ္၊ တစ္ခုခုဆို ဘယ္လိုလုပ္မလဲေလ။

တစ္ခုခုသာ ျဖစ္သြားခဲ့ရင္ဘယ္လိုလုပ္မလဲ။ လူထုက အာဏာပိုင္ေတြကို ဖိအားေပးလိမ့္မယ္၊ ဓာတ္ေရာင္ျခည္သင့္ထားတဲ့သူတစ္ေယာက္ကို ဆက္ခန္႔ထားတဲ့အတြက္ စစ္တပ္ကို အျပစ္တင္လိမ့္မယ္။

အဲဒါေၾကာင့္ ဒီလိုမ်ိဳး အလြန္အမင္း မတည္ၿငိမ္တဲ့ အေျခအေနေအာက္မွာ ဒါကို အထူးအေျခအေနအေနနဲ႔ ေျဖ႐ွင္းလို႔ရတယ္။ တပ္ဖြဲ႕မွဴးထဲကတစ္ေယာက္က ဒီအဆိုကို ဧကရာဇ္ဆီကို တင္သြင္းလာတယ္။ အဲဒီေနာက္ အျခားတပ္ဖြဲ႕မွဴးေတြကို သူတို႔အျမင္အတြက္ ေဆြးေႏြးတိုင္ပင္မွာျဖစ္တယ္။

ဝမ္ေ႐ွာင္းယြင္ ေတာ္ဝင္နန္းေတာ္ကို သြားၿပီးေနာက္ သူက အခ်ိန္အေတာ္ၾကာတဲ့အထိ ထြက္မလာဘူး။

ခ်န္က်င့္႐ႊယ္က ဝမ္ေ႐ွာင္းယြင္နဲ႔ အဆက္အသြယ္လုပ္လို႔မရဘူး။ ကၽြမ္းက်ိဳး လူတစ္ေယာက္နဲ႔ သူ႔ဘာသူ ထြက္သြားတာကို သိလိုက္ရေတာ့ ခ်န္က်င့္႐ႊယ္က အဲဒီလမ္းေၾကာင္းေနာက္ကို သူ႔လက္ေအာက္ငယ္သားေတြနဲ႔ လိုက္သြားဖို႔ပဲ တတ္ႏိုင္ေတာ့တယ္။

ဒါေပမဲ့ ကၽြမ္းက်ိဳးက ဘယ္႐ြန္ေပၚသြင့္ရဲ႕လူေတြနဲ႔ ထြက္သြားတယ္ဆိုတာ သူေဖာ္ထုတ္လိုက္ႏိုင္တဲ့အခ်ိန္မွာပဲ ကၽြမ္းက်ိဳးနဲ႔ ေ႐ွာင္ေဖာ့လန္က သူတို႔ဘာသာ ျပန္လာေနၿပီ။

"ငါ့ရဲ႕ဘုိးေဘးေလးႏွစ္ေယာက္ရယ္၊ ငါလန္႔လြန္းလို႔ ေသေတာ့မတတ္ပဲ! ဘယ္လိုလုပ္ၿပီး မင္းတို႔ေကာင္ေတြ ဘယ္႐ြန္ေပၚသြင့္ရဲ႕လူေတြနဲ႔ ဒီအတိုင္း ထြက္သြားရတာလဲ!"

ကၽြမ္းက်ိဳး အဲဒီအိမ္ေတာ္ကေန ထြက္လာၿပီးေနာက္မွာ သူ ဟန္ခ်င္းေ႐ွာင္းနဲ႔ ဆက္သြယ္လို႔ ရလိုက္တယ္။

ဟန္ခ်င္းေ႐ွာင္းက ေက်ာင္းကို ျပန္သြားၿပီ။ ကယ္လုအန္းရဲ႕ တပည့္ႀကီးလည္းျဖစ္၊ နံပါတ္တစ္စစ္သင္တန္းေက်ာင္းရဲ႕ဆရာလည္း ျဖစ္တဲ့အတြက္ ဘယ္႐ြန္ေပၚသြင့္က ဟန္ခ်င္းေ႐ွာင္းကို ဘာမွလုပ္လို႔မရဘူး။

အနည္းဆံုးေတာ့ ေပၚေပၚထင္ထင္လုပ္လို႔မရဘူး။

အထူးသျဖင့္ မင္းမ်ိဳးစိုးႏြယ္ေတာ္ေတာ္မ်ားမ်ားဟာ ဟန္ခ်င္းေ႐ွာင္းနဲ႔ စာခ်ဳပ္ေတြ႐ွိၾကလုိ႔ျဖစ္တယ္။ ကယ္လုအန္းက မက္ခါျပဳလုပ္ဖို႔ ေကာ္မ႐ွင္ ေတာင္းဆိုမႈေတြကို လက္ခံခဲတယ္။ ဒီေကာ္မ႐ွင္ေတြေတာ္ေတာ္မ်ားမ်ားက အလုိလို ဟန္ခ်င္းေ႐ွာင္းဆီကိုပဲ ေရာက္လာတတ္တယ္။ အဲဒါေၾကာင့္ သူကလည္း အေတာ္အတန္ အဆက္အသြယ္ေကာင္းတဲ့သူလို႔ သတ္မွတ္လို႔ရတယ္။

သူ ကၽြမ္းက်ိဳးရဲ႕ သင္ၾကားေရးလက္ေထာက္ျဖစ္လာေတာ့ ပိုလုိ႔ေတာင္မ်ားျပားတဲ့သူေတြက သူ႔ကို အာ႐ံုစိုက္လာၾကတယ္။ ဘာလို႔လဲဆိုေတာ့ အားလံုးက ကၽြမ္းက်ိဳးက တတိယတပ္ဖြဲ႕အပိုင္ဆိုတာကို သိထားတဲ့အတြက္ျဖစ္တယ္။ သူက အနာဂတ္မွာ မက္ခါလုပ္မယ္ဆိုရင္ေတာင္ တပ္ဖြဲ႕အတြက္ အရင္လုပ္ေပးလိမ့္မယ္။ အဲဒါေၾကာင့္ ဒီလူေတြက သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ဟန္ခ်င္းေ႐ွာင္းနဲ႔ တျခားမက္ခါဒီဇိုင္းေက်ာင္းသားေတြဆီမွာပဲ ပံုအပ္ထားႏိုင္ေတာ့တယ္။

"ကၽြန္ေတာ္ အဆင္ေျပပါတယ္" ကၽြမ္းက်ိဳးက တတိယတပ္ဖြဲ႕ကလူတိုင္းက သူ႔ကို အားနည္းၿပီး ေသးငယ္တဲ့လူလို ဆက္ဆံတာနဲ႔ အသားက်ေနၿပီးၿပီ။

သူ႔ရဲ႕ အျပင္ပန္းအသြင္အျပင္က တကယ္ကို လူေတြကို အဲဒီဦးတည္ခ်က္ဘက္ကို ထင္ျမင္ေစတယ္။

ဒါေပမဲ့ သူက နတ္ဘုရားတစ္ပါးဆိုတာကို သူတို႔သိထားတာေတာ့ မဟုတ္ဘူး။

"ငါလည္း အဆင္ေျပတယ္" ေ႐ွာင္ေဖာ့လန္က သူ႔ရဲ႕စက္႐ုပ္လက္ေတြကို ခ်န္က်င့္႐ႊယ္ဆီ ကမ္းေပးလိုက္တယ္။

ခ်န္က်င့္႐ႊယ္က ဒီဘိုးေဘးေလးကို ခစားရတာ က်င့္သားရေနၿပီးသား။ သူက ေ႐ွာင္ေဖာ့လန္ကို ခ်က္ခ်င္း ေကာက္ေပြ႕လိုက္ၿပီး စိတ္႐ွည္လက္႐ွည္နဲ႔ ေျပာတယ္: "ဟုတ္ပါတယ္ ဟုတ္ပါတယ္ ေဖာ့လန္-တာ့ရယ္က အလြန္အားႀကီးလြန္းလို႔ က်ိဳးက်ိဳးကို ကာကြယ္ႏိုင္တယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ ဒါေပမဲ့ ေနာက္တစ္ခါ ဒီလိုအေျခအေနမ်ိဳးနဲ႔ႀကံဳရင္ ကၽြန္ေတာ္တို႔ကို အရင္ေျပာျပရမယ္၊ အဲဒါမွ ကၽြန္ေတာ္တို႔က တျခားအစီအစဥ္ေတြ လုပ္လို႔ရမွာ"

ေ႐ွာင္ေဖာ့လန္က နည္းနည္း စိတ္မေပ်ာ္မရႊင္ျဖစ္သြားတယ္။

ခ်န္က်င့္႐ႊယ္က သူ႔ရဲ႕လုပ္ႏိုင္စြမ္းကို သံသယဝင္ေနတာပဲ။

ဒါေပမဲ့ သူက မိစၦာေလ။ ဘာလို႔ လူသားေတြကို ေၾကာက္ေနရမွာလဲ။

ေ႐ွာင္ေဖာ့လန္က ဒီမိစၦာအေစခံကို တစ္ခ်က္ေလာက္ ႐ိုက္လိုက္ခ်င္တဲ့ပံုနဲ႔ လက္ေျမွာက္လိုက္တယ္။ ဒါေပမဲ့ ခ်န္က်င့္႐ႊယ္ မ်က္ႏွာေပၚက စစ္မွန္တဲ့ စိတ္ရင္းနဲ႔ စိတ္ပူေနတာကို ျမင္လိုက္ရေတာ့ ေ႐ွာင္ေဖာ့လန္က သူ႔ကို စက္႐ုပ္မ်က္လံုးေလးေတြနဲ႔ စိန္းစိန္းဝါးဝါး ၾကည့္လိုက္ၿပီး လက္ျပန္ခ်ထားလိုက္တယ္။

ထားလိုက္ေတာ့ ထားလိုက္ေတာ့။ ဒီေက်းကၽြန္ေလးက အကာအကြယ္ေပးခ်င္ေနလို႔ပါပဲ။

ကၽြမ္းက်ိဳးက ဘယ္႐ြန္ေပၚသြင့္ သူ႔ကို ဘယ္လိုလာ႐ွာတယ္ဆိုတာ ႐ွင္းျပလိုက္တယ္။

နားေထာင္ၿပီးေနာက္မွာ ခ်န္က်င့္႐ႊယ္က ထင္တဲ့အတိုင္း ထိတ္ထိတ္ျပာျပာျဖစ္သြားတယ္: "ငါ တစ္ေလွ်ာက္လံုး ေဘာ့စ္ကို ဆက္သြယ္လို႔မရတာ အံ့ဩစရာမဟုတ္ေတာ့ဘူး။ ဒီမဲေပးဖို႔အဆိုတင္သြင္းတာ တီးဝမ္ကိုယ္တိုင္ အႀကံေပးလိုက္တာျဖစ္ရမယ္!"

ကၽြမ္းက်ိဳးက ေမးလိုက္တယ္: "ဝမ္ေ႐ွာင္းယြင္ကို မျဖစ္မေန အနားယူခိုင္းေတာ့မွာလား"

ခ်န္က်င့္႐ႊယ္: "ငါ မေသခ်ာေပမဲ့ ျဖစ္ႏိုင္ေခ်ကေတာ့ မ်ားတယ္။ အခု ငါတို႔ဘယ္သူကမွ ေဘာ့စ္ရဲ႕စိတ္စြမ္းအား အေျခအေနကို မသိၾကဘူး" ဒါကို ထုတ္ေျပာရင္းနဲ႔ ခ်န္က်င့္႐ႊယ္က မႈိင္းညွိဳ႕သြားတယ္။

ဝမ္ေ႐ွာင္းယြင္က ဒီအေၾကာင္း တစ္ခါမွ မေျပာဖူးဘူး။ အဲဒီတုန္းက စစ္တပ္ေၾကညာခ်က္ထြက္လာတုန္းက ခ်န္က်င့္႐ႊယ္ ေဘာ့စ္ကို အမွန္ပဲလားလို႔ ေမးလိုက္ေသးတယ္။ ေဘာ့စ္က မဟုတ္ဘူးလို႔ ေျပာခဲ့တယ္။

သူက အဲဒီလိုနဲ႔ပဲ တကယ္ ယံုထားခဲ့တာ။

ကၽြမ္းက်ိဳးက ဒါရဲ႕ အေျဖကို သိထားတယ္။ ညတိုင္း သူ ဝမ္ေ႐ွာင္းယြင္ရဲ႕ စိတ္စြမ္းအားကို တည္ၿငိမ္ေအာင္လုပ္ေပးေနခဲ့တယ္။ ဒါေပမဲ့ ဝမ္ေ႐ွာင္းယြင္က အဲဒီတုန္းက လံုးဝကို ဓာတ္ေရာင္ျခည္ေအာက္မွာ အကာအကြယ္မဲ့ ထိေတြ႕ခဲ့တာ၊ ေနာက္ၿပီး အခ်ိန္အေတာ္ၾကာေအာင္ ထိေတြ႕ခဲ့ရတာျဖစ္တဲ့အတြက္ သူက အလြန္အကၽြံ ဓာတ္ေရာင္ျခည္ အဆိပ္သင့္ေနတယ္။ ညစ္ညမ္းမႈေတြအားလံုးကို တစ္ႀကိမ္တည္း အကုန္ ဖယ္႐ွားဖို႔ ႀကိဳးစားတာက ဆန္႔က်င္ဘက္အေနနဲ႔ သူ႔စိတ္ပိုင္းဆိုင္ရာ အေျခအေနကို ပိုဆိုးရြားသြားေစႏိုင္တယ္။ အဲဒါက ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြမ္းက်ိဳးက သူ႔ရဲ႕တန္ခိုးစြမ္းအင္ကို ဝမ္ေ႐ွာင္းယြင္ရဲ႕ စိတ္စြမ္းအားကမၻာရဲ႕ ႀကီးမားတဲ့ေနရာအတြင္း ထည့္သြင္းရမွာျဖစ္တဲ့အတြက္ ဝမ္ေ႐ွာင္းယြင္ရဲ႕ စိတ္ဝိညာဥ္အတြက္ အထိတ္တလန္႔ျဖစ္သြားေစႏိုင္လို႔ပဲ။

အဲဒါေၾကာင့္ ကၽြမ္းက်ိဳးက ညစ္ညမ္းမႈကို နည္းနည္းခ်င္း သန္႔စင္ေပးဖို႔ ဆံုးျဖတ္ခဲ့တယ္။

ပြင့္ပြင့္လင္းလင္းေျပာရရင္ ဝမ္ေ႐ွာင္းယြင္ရဲ႕ လက္႐ွိစိတ္ပိုင္းဆိုင္ရာ အေျခအေနက ေတာ္ေတာ္ေလး ေကာင္းမြန္တယ္။ သို႔ေပမဲ့ ညစ္ညမ္းမႈက ႐ွိေနတုန္းပဲ။ သူ႔ရဲ႕စိတ္စြမ္းအားေတြ ျပန္ေကာင္းမလာေသးဘူးဆိုတာက အျဖစ္မွန္ပဲ။ သူ နန္းေတာ္ကိုေရာက္သြားတာနဲ႔ သာမန္စံုစမ္းစစ္ေဆးမႈတစ္ခုကတင္ အဲဒါကို ေဖာ္ျပေပးလိမ့္မယ္။

"တကယ္လို႔ ေဘာ့စ္ရဲ႕ စိတ္ပိုင္းဆိုင္ရာအေျခအေနက တကယ္ႀကီး မေကာင္းဘူးဆိုရင္၊ အစည္းအေဝးမွာ တညီတညြတ္တည္း ဆႏၵမဲေပးၾကလိမ့္မယ္" အဲဒီေနာက္မွာေတာ့ သူ႔ကို အတင္းအက်ပ္ အနားယူခိုင္းၾကလိမ့္မယ္။

ကၽြမ္းက်ိဳးက တစ္ခုခုကို စဥ္းစားမိၿပီး ေမးလုိက္တယ္: "ကၽြန္ေတာ္ နန္းေတာ္ကို သြားလို႔ရလား"

ခ်န္က်င့္႐ႊယ္က လန္႔ဖ်ပ္ၿပီး ထခုန္လိုက္တယ္: "နန္းေတာ္ကို သြားခ်င္တာလား! ေဘာ့စ္ကို သြား႐ွာခ်င္လို႔လား။ မျဖစ္ႏိုင္ဘူး က်ိဳးက်ိဳး၊ နန္းေတာ္က ငါတို႔ ႀကိဳက္သလို သြားလည္လို႔ရတဲ့ေနရာ မဟုတ္ဘူး။ ဒီလို အေရးႀကီးတဲ့ အခ်ိန္ဆို မေျပာနဲ႔ေတာ့၊ နန္းေတာ္ရဲ႕ကာကြယ္တဲ့စနစ္က အရမ္းကို တင္းက်ပ္ေနေလာက္တယ္"

ကၽြမ္းက်ိဳးက ေဘာ့စ္ကို လက္ခ်ည္းသက္သက္ သြားကယ္ခ်င္ေနတယ္ဆိုတာ စဥ္းစားလိုက္ရင္ ခ်န္က်င့္႐ႊယ္က နည္းနည္း စိတ္မွာ ခံစားသြားရတယ္။

ကၽြမ္းက်ိဳးက အင္မတန္မွ ေသးေကြးၿပီး အားနည္းပံုေပါက္ေပမဲ့ ေဘာ့စ္အတြက္နဲ႔ နန္းေတာ္ကိုေတာင္ ေဖာက္ဝင္လိုစိတ္႐ွိတယ္!

ဒီမရီးကိုေတာ့.... ခ်န္က်င့္႐ႊယ္ လက္ခံတယ္!

ခ်န္က်င့္႐ႊယ္က ႏႈိင္းခ်င့္ၿပီး ေျပာလုိက္တယ္: "က်ိဳးက်ိဳး စိတ္မပူနဲ႔၊ ေဘာ့စ္က အဆင္ေျပမွာပါ။ တကယ္လို႔ ေဘာ့စ္ကို တကယ္ အတင္းအက်ပ္အနားယူခိုင္းရင္ ငါတို႔အကုန္လံုး သူနဲ႔အတူတူ အနားယူၿပီး ထြက္သြားမယ္! မင္း ဒီအတုိင္း စိတ္ခ်ၿပီးေတာ့သာ အိမ္မွာေစာင့္ေနလုိက္။ ငါတတိယတပ္ဖြဲ႕ကို ျပန္သြားၿပီး ေတာ္ဝင္နန္းေတာ္ကို ဖိအားေပးဖို႔ အစီအစဥ္နည္းနည္း သြားဆြဲလိုက္မယ္"

တကယ္လို႔ စစ္တပ္ရဲ႕ရာထူးႀကီးအရာ႐ွိေတြနဲ႔ စစ္သားေတြ အမ်ားအျပား တစ္ခါတည္း အကုန္ႏုတ္ထြက္ရင္ စစ္တပ္ကလည္း ဖိအားခံစားရမွာပဲ။ ဒီဖိအားက ဝမ္ေ႐ွာင္းယြင္အတြက္ အခြင့္အေရး နည္းနည္းေလာက္ ပိုရဖို႔ ေမွ်ာ္လင့္ရတာပဲ။

ကၽြမ္းက်ိဳးက မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး ေျပာလုိက္တယ္: "ဒါေပမဲ့ ကၽြန္ေတာ္က ဝမ္ေ႐ွာင္းယြင္ကို သြားေတြ႕မွာမဟုတ္ဘူး။ အဲဒီဧကရာဇ္နဲ႔ သြားေတြ႕မွာ"

ဒါကို ၾကားေတာ့ ခ်န္က်င့္႐ႊယ္က အံ့အားသင့္သြားတယ္: "ဧကရာဇ္နဲ႔ သြားေတြ႕မွာလား!"

က်ိဳးက်ိဳးက အခုလက္႐ွိ အင္ပါယာမွာ စိတ္သႏၱာန္မက္ခါလုပ္ႏိုင္တဲ့ တစ္ဦးတည္းေသာသူပဲ။ သူသာ ဧကရာဇ္နဲ႔ေတြ႕ခ်င္ရင္ ဧကရာဇ္က ေသခ်ာေပါက္ ေတြ႕ေပးမွာပဲ။

ဒါေပမဲ့ ဒီေန႔လို အေျခအေနနဲ႔ေတာ့....

ခ်န္က်င့္႐ႊယ္က ေခါင္းယမ္းလိုက္တယ္: "တျခားတပ္ဖြဲ႕က တပ္ဖြဲ႕မွဴးေတြလည္း အကုန္လံုး နန္းေတာ္ထဲမွာ ေရာက္ေနၾကတယ္။ ငါမင္းကို မလႊတ္လိုက္ႏိုင္ဘူး"

သူတို႔က က်ိဳးက်ိဳးကို တီးဝမ္လိုမ်ိဳး ခိုးခ်င္ေနၾကရင္ ဘယ္လိုလုပ္မလဲ။ ဒါက သိုးေလးကို က်ားသားရဲတြင္းထဲ တည့္တည့္ ေလွ်ာက္သြားခိုင္းသလို ျဖစ္မေနဘူးလား။

"ဒီလိုဆိုရင္ေကာ?"

ကၽြမ္းက်ိဳးက စာ႐ြက္တစ္စနဲ႔ ေဘာပင္ထုတ္လုိက္တယ္။ တစ္ခုခုေရးလိုက္ၿပီးေနာက္ ခ်န္က်င့္႐ႊယ္ကို ေပးလုိက္တယ္: "ကၽြန္ေတာ္မသြားဘူး၊ ခင္ဗ်ားသြား။ ခင္ဗ်ားသြားၿပီး အ႐ွင္မင္းႀကီးကို ဒါေပးလိုက္"

"ငါသြားရမွာလား၊ အဲဒါက ပိုလို႔ေတာင္ မျဖစ္ႏိုင္ေသးတယ္" ခ်န္က်င့္႐ႊယ္က ေခါင္းယမ္းၿပီး ခါးသက္စြာ ၿပံဳးျပလိုက္တယ္: "လူတိုင္းက ငါ့ကို ေဘာ့စ္ရဲ႕ဒုဗိုလ္ခ်ဳပ္ဆိုတာ သိေနၾကတာ။ အခု သူတို႔က ေဘာ့စ္ကို အနားယူခိုင္းဖို႔ လုပ္ေနၾကတာ။ တကယ္လို႔ ဒီအခ်ိန္ႀကီးသြားလုိက္ရင္ ငါနန္းေတာ္ရဲ႕ဂိတ္ဝကိုေတာင္ ဝင္ခြင့္ရမွာမဟုတ္ဘူး"

"အဲဒါဆိုရင္ေတာ့ စိတ္ပူစရာမလုိဘူး။ ကၽြန္ေတာ့္မွာ ခင္ဗ်ားကို မတားဆီးဘဲ ဝင္ခြင့္ရဖို႔ အစီအစဥ္႐ွိတယ္"

"ဘာအစီအစဥ္လဲ"

ကၽြမ္းက်ိဳးက ခ်န္က်င့္႐ႊယ္နားကို ကိုယ္ကိုကိုင္းကာ ကပ္သြားၿပီး သူ႔အေပၚကို ထြက္သက္ေလအခ်ိဳ႕မႈတ္ေပးလိုက္တယ္။

ခ်န္က်င့္႐ႊယ္: "???"

ကၽြမ္းက်ိဳးက ျပန္မတ္လိုက္တယ္: "ေကာင္းၿပီ သြားလို႔ရၿပီ"

ခ်န္က်င့္႐ႊယ္: "ဒါက အစီအစဥ္လား၊ က်ိဳးက်ိဳး အခ်စ္တံုးေလး။ မင္းမွာ ေမွာ္ပညာတို႔ဘာတို႔ ႐ွိတယ္လို႔ ထင္ေနတာလား။ ငါ့ကို ထြက္သက္ေလတခ်ိဳ႕ေပးၿပီး နန္းေတာ္ကို သြားခိုင္းေနတာလား"

ကၽြမ္းက်ိဳးက ေလးေလးနက္နက္ ေျပာလုိက္တယ္: "ဒါက *ေမွာ္ပညာမဟုတ္ဘူး၊ ဒါကို *နတ္ဘုရားရဲ႕ထြက္သက္ေလလို႔ေခၚတယ္" (E T/N *ပထမတစ္ခုက မေသမ်ိဳးရဲ႕ထြက္သက္ေလလို႔ တိုက္႐ိုက္ဘာသာျပန္လို႔ရပါတယ္။ *ဒုတိယတစ္ခုကက်ေတာ့ နတ္ဘုရားလိုမ်ိဳး ယံုၾကည္ခ်က္အျပည့္႐ွိတယ္လို႔လည္း ဆိုလိုပါတယ္။ ကၽြမ္းက်ိဳးက မေသမ်ိဳးရဲ႕ ထြက္သက္ေလမဟုတ္ဘူး၊ နတ္ဘုရားရဲ႕ထြက္သက္ေလလို႔ ေျပာတာ။ ဒါေပမဲ့ ခ်န္က်င့္ရႊယ္ကက်ေတာ့ "ေမွာ္ပညာေပးတာမဟုတ္ဘူး ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ေအာင္လုပ္ေပးတာ" လို႔ ၾကားတယ္)

ခ်န္က်င့္ရႊယ္: "........."

ေ႐ွာင္ေဖာ့လန္ကလည္း အနားကိုကိုင္းလာတယ္။ သူ႔ရဲ႕ရင္ဘတ္က သံအဖံုးအကာကို ဖြင့္လိုက္ၿပီး ေလပိုက္တစ္ခုကို ဆြဲထုတ္လိုက္တယ္။ အဲဒါကို ခ်န္က်င့္႐ႊယ္ရဲ႕ မ်က္ႏွာတည့္တည့္ကို ညႊန္လိုက္ၿပီး ေလအျပည့္ မႈတ္ထုတ္ေပးလုိက္တယ္။

ခ်န္က်င့္႐ႊယ္: "ဒါက....."

ေ႐ွာင္ေဖာ့လန္: "*မိစၦာရဲ႕ထြက္သက္ေလ"

(E T/N အဓိပၸါယ္ႏွစ္ခြရတဲ့ စကားလံုးပါ၊ မိစၦာလို႔ အဓိပၸါယ္ရသလို ဆြဲေဆာင္မႈ႐ွိတယ္၊ ၾကည္ႏူးဖြယ္ေကာင္းတယ္လို႔လည္း အဓိပၸါယ္ရပါတယ္တဲ့)

ခ်န္က်င့္႐ႊယ္: "........."

စိတ္႐ႈပ္ေထြးစြာနဲ႔ ခ်န္က်င့္႐ႊယ္ဟာ နန္းေတာ္ကို မိမိကိုယ္ကိုယ္ယံုၾကည္ခ်က္အျပည့္ရယ္၊ ဆြဲေဆာင္မႈအျပည့္ပါတဲ့ ခႏၶာကိုယ္နဲ႔ ထြက္သြားေတာ့တယ္။

(*confidence - breath of God, charm - breath of Demon)

သူက နန္းေတာ္ကို တကယ္ပဲ ဝင္ႏိုင္လိမ့္မယ္လို႔ မယံုဘူး။ အဲဒါေၾကာင့္ ႏွစ္ဖက္စလံုးမွာ ျပင္ဆင္မႈေတြ လုပ္ထားတယ္။ သူ တတိယတပ္ဖြဲ႕ကို အစီအစဥ္ဆြဲဖို႔ လူေတြ လႊတ္ထားတုန္းမွာပဲ က်ိဳးက်ိဳးေပးလိုက္တဲ့စာကို ယူၿပီး နန္းေတာ္ကို ဝင္လာတယ္။

ဒါက ေတာ္ေတာ္ေလးေတာ့ ထူးဆန္းတယ္။ သူက က်ိဳးက်ိဳးေရးေပးလိုက္တဲ့ စာကို ဖြင့္ၾကည့္လိုက္ေပမဲ့ စာက ဘာမွမပါဘဲ ဗလာသက္သက္႐ွင္းလင္းေနတယ္။ သူေသခ်ာေပါက္ က်ိဳးက်ိဳးေရးလိုက္တာကို ျမင္လိုက္တယ္။

ဒါေပမဲ့ က်ိဳးက်ိဳးက စာကို ေပးလုိက္ဖို႔ပဲေျပာတယ္၊ တစ္ဖက္လူက နားလည္လိမ့္မယ္တဲ့။

ခ်န္က်င့္႐ႊယ္ နန္းေတာ္ဂိတ္ကို ေရာက္လာတယ္။ ထင္ထားတဲ့အတိုင္း သူ႔ကို အေစာင့္ေတြက ခ်က္ခ်င္း တားၾကတယ္။

"ဒုဗိုလ္ခ်ဳပ္ခ်န္၊ ဒီေန႔ နန္းေတာ္မွာ အေရးႀကီးတဲ့ေဆြးေႏြးပြဲတစ္ခု ႐ွိပါတယ္။ အ႐ွင္မင္းႀကီးက လတ္တေလာ ဘယ္သူနဲ႔မွ ေတြ႕မွာမဟုတ္ပါဘူး။ ေက်းဇူးျပဳၿပီး ျပန္ပါ"

ခ်န္က်င့္ရႊယ္က သူ႔ဘာသူ ေတြးလိုက္တယ္။ ထင္တဲ့အတိုင္းပဲ။ သူတို႔က သူ႔ကို ဝင္ခြင့္မေပးဘူး။

သူက တစ္ဖက္လွည့္လိုက္ၿပီး ျပန္ဖို႔ ျပင္လုိက္တယ္။ ႐ုတ္တရက္ အဲဒီအေစာင့္ရဲ႕မ်က္ႏွာေပၚက အမူအရာက ေျပာင္းလဲသြားတယ္။ သူ႔အၾကည့္က အနည္းငယ္ မိန္းေမာဟန္ေျပာင္းသြားတယ္: "ခဏ ဒုဗိုလ္ခ်ဳပ္ခ်န္ ... ေက်းဇူးျပဳၿပီး ေက်းဇူးျပဳၿပီး အထဲဝင္ပါ"

ခ်န္က်င့္႐ႊယ္က အံ့အားသင့္သြားတယ္။ ဘာေတြျဖစ္ကုန္တာလဲ။

ဘာလို႔ အခု သူ႔ကို အထဲဝင္ခြင့္ေပးလိုက္တာလဲ။

စိတ္႐ႈပ္သြားေပမဲ့ ခ်န္က်င့္႐ႊယ္က အလိုအေလ်ာက္ဆိုသလို ဒီအခြင့္အေရးကို လက္လြတ္မခံဘူး။ သူက အလ်င္စလို နန္းေတာ္ထဲကို ဝင္လိုက္တယ္။

ဧကရာဇ္ကလဲ(ရ္)ရဲ႕ နန္းေတာ္က အင္မတန္မွ ႀကီးမားစြာ တည္ေဆာက္ထားတယ္။ စုစုေပါင္း စစ္ေဆးတဲ့ဂိတ္ဝ ၇ ခု႐ွိတယ္။ ခ်န္က်င့္ရႊယ္ စစ္ေဆးဂိတ္တစ္ခုကို ေရာက္တုိင္းမွာ သူ႔ကို အတားခံရတယ္။ ေနာက္ပိုင္းစစ္ေဆးဂိတ္က အေစာင့္ေတြ ခ်န္က်င့္႐ႊယ္ကိုေတြ႕ေတာ့ အားလံုး အင္မတန္ အံ့အားသင့္သြားတယ္။ ေ႐ွ႕ကအေစာင့္ေတြ သူ႔ကို ဘာလို႔ျဖတ္ခြင့္ေပးလိုက္လဲဆိုတာ နားမလည္ၾကဘူး။

သူတို႔ ခ်န္က်င့္႐ႊယ္ကို တားၿပီး သိပ္မၾကာခင္ သူတို႔လည္း ထူးဆန္းတဲ့အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ ခ်န္က်င့္႐ႊယ္ကို ျဖတ္သန္းခြင့္ ေပးလုိက္ျပန္တယ္။

ခ်န္က်င့္႐ႊယ္ကိုေတြ႕ေတာ့ နန္းေတာ္ထဲကလူတိုင္းက အားလံုး အရမ္း အံ့အားသင့္ေနၾကတယ္။

မညွာမတာေျပာရရင္ အဓိကပတ္သက္ေနတဲ့သူ ဝမ္ေ႐ွာင္းယြင္က လက္႐ွိ အနားယူဖို႔ အတင္းအက်ပ္ခိုင္းေစခံေနရတယ္။ သူ႔ရဲ႕ဒုဗိုလ္ခ်ဳပ္တစ္ေယာက္အေနနဲ႔ ခ်န္က်င့္႐ႊယ္က ဘယ္လိုလုပ္ၿပီး ဒီမွာေပၚလာတာလဲ။ အဲဒါက ဝမ္ေ႐ွာင္းယြင္ကို ညွိႏႈိင္းဖို႔ တိုကင္ျပားေနာက္တစ္ခု ေပးလုိက္သလိုျဖစ္မေနဘူးလား။ ဒီလိုပံုနဲ႔ သူတို႔ ဘယ္လိုလုပ္ ဝမ္ေ႐ွာင္းယြင္ကို အနားယူဖို႔ ဖိအားေပးရပါေတာ့မလဲ။

ေျပာရမယ္ဆိုရင္ အခု တတိယတပ္ဖြဲ႕က လံုးဝကို ဝမ္ေ႐ွာင္းယြင္နဲ႔ ခ်န္က်င့္႐ႊယ္ရဲ႕လက္ေအာက္မွာ ႐ွိတယ္။ အားလံုး ဆိုးသည္ထက္ဆိုးလာခဲ့ရင္ သူတို႔က သူတို႔တပ္ဖြဲ႕ကို ပုန္ကန္ဖို႔ ဦးေဆာင္ရင္ ဘယ္လိုလုပ္မလဲ။

ဒီလိုအခ်ိန္မ်ိဳးမွာ သဘာဝက်က် ဒီႏွစ္ေယာက္ကို ခြဲထားဖို႔ လိုအပ္တယ္။

အဲဒီအခ်ိန္မွာ ခ်န္က်င့္႐ႊယ္ဟာ ပိုေဝးေဝးေရာက္လာေလေလ သူ႔ကိုယ္သူ ပိုၿပီး အံ့အားသင့္ရေလေလပဲ။ သူလမ္းေလွ်ာက္လာေလေလ၊ ပိုၿပီး ထံုက်ဥ္လာေလေလပဲ။ သူအထဲကိုေရာက္လာၿပီး ေတာ္ဝင္ခန္းမေဆာင္ အေပါက္ဝကို လံုးဝ အတားအဆီးမ႐ွိ ေရာက္သြားတဲ့အခ်ိန္မွာ ခ်န္က်င့္႐ႊယ္က လံုးဝကို ထံုေနၿပီ။

သူ႔ေခါင္းထဲမွာ ကၽြမ္းက်ိဳးနဲ႔ ေ႐ွာင္ေဖာ့လန္ရဲ႕ --

နတ္ဘုရားရဲ႕ထြက္သက္ေလနဲ႔ မိစၦာရဲ႕ထြက္သက္ေလတို႔နဲ႔ ျပည့္ေနတယ္။

ငါ့လခြမ္း။ သူ ဒီမွာ ေအာင္ျမင္စြာ ကားကားကားကားနဲ႔ လမ္းေလွ်ာက္ေနႏိုင္တယ္ဆိုမွေတာ့ တကယ္ႀကီးကို သူ႔တစ္ကိုယ္လံုး ယံုၾကည္ခ်က္ေတြ ျပည့္ေနလို႔ပဲ။ ဘယ္သူမွ သူ႔ကို မတားႏိုင္ဘူး။ သူ႔မွာ ဆြဲေဆာင္မႈေတြလည္း အေတာ္ေလး ျပည့္စံုေနပံုပဲ။

ေဆြးေႏြးပြဲခန္းမအတြင္းမွာ ဧကရာဇ္ကလဲ(ရ္)က ခ်န္က်င့္႐ႊယ္ ေတြ႕ခြင့္ေတာင္းေနတယ္ဆိုတာကို သိလိုက္ရေတာ့ အင္မတန္မွ ထိတ္လန္႔သြားတယ္။

"ဘာျဖစ္လို႔ ခ်န္က်င့္႐ႊယ္က ဒီကိုေရာက္ေနတာလဲ"

အေျခအေနကို စံုစမ္းလိုက္ၿပီး ဘာျဖစ္ေနတာလဲဆိုတာ သိလုိက္ရတဲ့အခါ ဧကရာဇ္ကလဲ(ရ္)က မ်က္ေမွာင္ၾကဳတ္သြားတယ္။ ဒါေပမဲ့ ခ်န္က်င့္႐ႊယ္နဲ႔ေတြ႕ဖို႔ တျခားေဆြးေႏြးပြဲခန္းမကိုေတာ့ သြားလုိက္တယ္။

ခ်န္က်င့္႐ႊယ္က စကားမ်ားမ်ား မေျပာဘူး။ ႐ိုေသေလးစားစြာ ႏႈတ္ဆက္ၿပီးတဲ့ေနာက္မွာ ကၽြမ္းက်ိဳးရဲ႕ 'စာ႐ြက္ျဖဴ' ကို ကမ္းေပးလိုက္တယ္။

သူ႔လက္ထဲမွာ စကားလံုးမပါတဲ့ 'စာ႐ြက္ျဖဴ' ဟာ ဧကရာဇ္ကလဲ(ရ္)ဆီ ေရာက္သြားေတာ့ ဧကရာဇ္က တစ္ခုခု ဖတ္လိုက္ရတဲ့ ပံုေပါက္ေနတယ္။ သူ႔မ်က္လံုးေတြဟာ ျပဴးက်ယ္ေနတယ္။

ခ်န္က်င့္႐ႊယ္ဟာ မိုးႀကိဳးပစ္ခံလိုက္ရသလို အမူအရာျဖစ္ေနတယ္။

သူ႔ေခါင္းထဲကို တျဖည္းျဖည္းခ်င္း အေတြးတစ္ခုဝင္လာတယ္။ ဒီတစ္ခ်ိန္လံုး သူမ်က္စိေမွာက္ေနခဲ့တဲ့အရာ၊ တစ္ခါမွ ေသေသခ်ာခ်ာ မေတြးဖူးခဲ့တဲ့ အေတြးတစ္ခု။

သူငယ္ခ်င္းေလး က်ိဳးက်ိဳး..... သူ႔မွာ ဘာလို႔ ဒီလိုမ်ိဳး အံ့ဩစရာေကာင္းေလာက္တဲ့ စြမ္းရည္မ်ိဳး ႐ွိေနရတာလဲ။

ခ်န္က်င့္႐ႊယ္က သူအရင္တုန္းက က်ိဳးက်ိဳးကို မၾကာခဏ အိပ္မက္မက္တဲ့အေၾကာင္း ျပန္အမွတ္ရသြားတယ္။ အဲဒီေနာက္ သူတို႔ ၿမိဳ႕ေတာ္ကိုျပန္လာတုန္းက လူေတြအေျမာက္အျမား ႂကြယ္ဝျခင္းနတ္ဘုရားလို႔ ယူဆရတဲ့လူတစ္ေယာက္အေၾကာင္း အိပ္မက္မက္တဲ့အျဖစ္ကို သူသတိရသြားတယ္။

ခ်န္က်င့္႐ႊယ္က အသက္ျပင္းျပင္းတစ္ခ်က္ ႐ွဳိက္သြင္းလုိက္တယ္: လခြမ္း။

ဧကရာဇ္ကလဲ(ရ္)က စာပါအေၾကာင္းအရာကို ဖတ္လို႔ၿပီးသြားၿပီ။ အဲဒီအခ်ိန္မွာ ပံုမွန္အားျဖင့္ မ်က္ႏွာထားတည္တည္နဲ႔႐ွိတတ္တဲ့သူက တကယ့္ကို စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ရတာ အေတာ္ေလး ဒုကၡမ်ားေနတယ္။ သူက ခ်န္က်င့္႐ႊယ္ကို ေမးတယ္: "ဒါ အမွန္ပဲလား"

ခ်န္က်င့္႐ႊယ္က စာထဲမွာ ဘာပါမွန္းေတာင္ မသိဘူး။

သူက အသက္ေနာက္တစ္ခ်က္ ခပ္ျပင္းျပင္း ႐ႈသြင္းလုိက္တယ္: "အမွန္ပါပဲ အ႐ွင္မင္းႀကီး"

ဒါအမွန္ပဲေလ။ အဲဒီထဲမွာ ဘာေတြေရးထားမွန္း သူတကယ္မသိဘူးဆိုတာ အမွန္အကန္ပဲ။

ကလဲ(ရ္)က ခဏတျဖဳတ္ တိတ္ဆိတ္သြားတယ္။ အဲဒီေနာက္ သူက အသံကို အနည္းငယ္ ျမွင့္ေျပာလုိက္တယ္: "လူႀကီးမင္း ကၽြမ္းက်ိဳးကို နန္းေတာ္ထဲကုိ ဖိတ္လိုက္"

အဲဒီေနာက္ ခ်န္က်င့္႐ႊယ္ဟာလည္း တူညီတဲ့ စိတ္႐ႈပ္ေထြးေနတဲ့ ပုံစံမ်ိဳးနဲ႔ ထြက္ခြာလာခဲ့တယ္။

အဲဒါက 'နတ္ဘုရားရဲ႕ထြက္သက္ေလ' ရဲ႕ သက္ေရာက္မႈလား၊ 'မိစၦာရဲ႕ထြက္သက္ေလ' ရဲ႕ သက္ေရာက္မႈလား မသိ၊ လူအားလံုးက ခ်န္က်င့္႐ႊယ္ နန္းေတာ္ထဲကို ဝင္လိုက္ႏိုင္တာကို နည္းနည္း ထူးဆန္းေနေပမဲ့ ဘယ္သူကမွ သူဘယ္လို ဝင္လာလဲဆုိတာ မစစ္ေဆးၾကဘူး။

ဧကရာဇ္ကလဲ(ရ္)ေတာင္မွ အတူတူပဲ။ သူတို႔အားလံုးက အဲဒီအေၾကာင္း ေမ့ေလ်ာ့သြားသလိုပင္။

ခ်န္က်င့္႐ႊယ္က ေတြးလုိက္တယ္: ဒါက ဆြဲေဆာင္မႈရဲ႕ အက်ိဳးသက္ေရာက္မႈပဲျဖစ္ရမယ္။

-

ေဆြးေႏြးပြဲခန္းမ

ကၽြမ္းက်ိဳးနဲ႔ ဧကရာဇ္ကလဲ(ရ္)ဟာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾကတယ္။

ဧကရာဇ္ကလဲ(ရ္)ရဲ႕အေရွ႕မွာ လက္တေလာ စစ္ေဆးခ်က္ အစီရင္ခံစာျဖစ္တယ္။

အစီရင္ခံစာထဲမွာ ကၽြမ္းက်ိဳးရဲ႕ ႀကံ႕ခိုင္မႈစြမ္းအားက B+ လို႔ တင္ျပထားတယ္။ ဒါေပမဲ့ အခု အဲဒါက အေရးႀကီးဆံုးအရာမဟုတ္ဘူး။ အေရးအႀကီးဆံုးအပိုင္းက စိတ္စြမ္းအားအဆင့္နဲ႔ ပတ္သက္တဲ့ အပိုင္းပဲ။

SSSSS+ ျဖစ္မည္ဟု သံသယ႐ွိ။

ဒီေနရာမွာ ေသခ်ာရမယ့္အစား ဘာျဖစ္လို႔ 'သံသယ႐ွိ' ဆိုၿပီး ျဖစ္ေနရလဲဆိုရင္-- အဲဒါက လက္႐ွိ အင္ပါယာမွာ အသံုးျပဳေနတဲ့ စစ္ေဆးတဲ့ကိရိယာဟာ 4S အဆင့္အထိပဲ ဖမ္းယူႏိုင္တယ္။ အဲဒါက အဆံုးစြန္ဆံုး ကန္႔သတ္ခ်က္ပဲ။

ဒါေပမဲ့ ကၽြမ္းက်ိဳးကို စစ္ေဆးတဲ့အခါ ကိရိယာက 4S အကန္႔အသတ္ကို ေရာက္သြားၿပီးေနာက္ ဇယားကြက္ကေနလြန္သြားၿပီး အေငြ႕တလူလူထြက္ကာ ပ်က္သြားေတာ့တယ္။

ကၽြမ္းက်င္ပညာ႐ွင္ေတြရဲ႕ စံခန္႔မွန္းခ်က္အရ သူတို႔က ကၽြမ္းက်ိဳးရဲ႕စိတ္စြမ္းအားအဆင့္က 5S+ အဆင့္ဟု သံသယ႐ွိတယ္လို႔ အတည္ျပဳၾကတယ္။

ဒီေနရာမွာ ဒီ + လကၡဏာက သူတို႔ေတြေတာင္ ကၽြမ္းက်ိဳးရဲ႕ အကန္႔အသတ္ကို ေသခ်ာမေျပာႏိုင္ဘူးလို႔ ညႊန္ျပျခင္းျဖစ္တယ္။ ေနာက္ဆံုးေတာ့ ဘယ္သူမွ ဒီလိုမ်ိဳး စိတ္စြမ္းအားအဆင့္ကို မပိုင္ဆိုင္ဖူးဘူး။

ဧကရာဇ္ကလဲ(ရ္)က အစီရင္ခံစာရဲ႕ ရလဒ္ေတြကို ၾကည့္လိုက္ၿပီး အခ်ိန္အတန္ၾကာေအာင္ ေျပာစရာစကားမဲ့ေနတယ္။ ခဏအၾကာမွာ သူက ေနာက္ဆံုးေတာ့ ျဖည္းျဖည္းခ်င္း ေျပာတယ္: "မင္းရဲ႕ေနာက္ခံအေၾကာင္း အရင္က ၾကားဖူးပါတယ္။ မင္းက အစြန္အဖ်ားက်တဲ့ၿဂိဳလ္တစ္လံုးကေန လာခဲ့ၿပီး ၾကယ္စုဘာသာစကားကိုေတာင္ မသိခဲ့ဘူး"

ကၽြမ္းက်ိဳးက ရင္ဘတ္ကို ေမာက္လိုက္တယ္။ သူ႔အေ႐ွ႕ကလူက ဧကရာဇ္ဆိုတာကို သိေနတာေတာင္ သူက မေၾကာက္မ႐ြံ႕ အနည္းငယ္ ဂုဏ္ယူဝင့္ႂကြားစြာ ေျပာလိုက္တယ္: "အဲဒါအမွန္ပါပဲ၊ ဒါေပမဲ့ ကၽြန္ေတာ့္မွာ ခေရေစ့တြင္းက် မွတ္ႏိုင္တဲ့ မွတ္ဉာဏ္မ်ိဳး႐ွိၿပီး အရာရာကို တစ္ခ်က္ၾကည့္႐ံုနဲ႔ သင္ယူႏိုင္ပါတယ္"

အရာရာကို တစ္ခ်က္ၾကည့္႐ံုနဲ႔ သင္ယူႏိုင္တယ္ဆိုတာက ဒီေလာက္ ျမင့္မားတဲ့ စိတ္စြမ္းအားအဆင့္႐ွိသူအတြက္ အေတာ္ေလး ယုတၱိ႐ွိတဲ့ စကားျဖစ္တယ္။

ဘာသာစကားေလ့လာတာကစၿပီး စိတ္သႏၱာန္မက္ခါ ျပဳလုပ္တဲ့အထိ အားလံုးကို အၾကည့္တစ္ခ်က္တည္းနဲ႔ သင္ယူတတ္ေျမာက္ထားတာမ်ားလား။

ဧကရာဇ္ကလဲ(ရ္)က ေျပာတယ္: "မင္း ခ်န္က်င့္႐ႊယ္ကို ေပးလိုက္တဲ့စာ.... မင္းက တကယ္ပဲ စိတ္စြမ္းအား ဓာတ္ေရာင္ျခည္သင့္မႈကို ကုသႏိုင္တယ္လား"

ကၽြမ္းက်ိဳး: "ကုသႏိုင္ပါတယ္။ မက္ခါအတြက္ ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံစနစ္ လိုမ်ိဳးပါပဲ၊ ညစ္ညမ္းမႈကို ကာရံထားၿပီး သူတို႔ကို စိတ္စြမ္းအားကမာၻကေန အျပင္ကို လမ္းညႊန္ဖယ္႐ွားေပးႏိုင္ပါတယ္"

ဒီလိုေျပာလုိက္ရလို႔ ကၽြမ္းက်ိဳးက အနည္းငယ္ အျပစ္မကင္းသလို ခံစားေနရတယ။္ သူက အမွန္ေတာ့ အျပင္ကို လမ္းညႊန္ဖယ္႐ွားေပးတာမဟုတ္ဘူး။ သူက သန္႔စင္ေပးေနတာ။

ဒါေပမဲ့လည္း ဒါက ၾကယ္တာရာေခတ္ေလ။ ဧကရာဇ္ကလဲ(ရ္)က နတ္ဘုရားေတြကို မယံုၾကည္ဘဲ ကၽြမ္းက်ိဳးေျပာတဲ့ 'သန္႔စင္' ေပးတယ္ဆိုတဲ့စကားကို မယံုရင္ ဘယ္လိုလုပ္မလဲ။

အဲဒါေၾကာင့္ ကၽြမ္းက်ိဳးက ပိုၿပီး သိပၸံနည္းက်တဲ့ ႐ွင္းျပတဲ့နည္းလမ္းကို သံုးလိုက္တယ္။

ကၽြမ္းက်ိဳးက အားေမြးလုိက္ၿပီး သူ႔ကိုယ္သူ အလြန္႔အလြန္ အထက္တန္းက်တဲ့ သိပၸံပညာ႐ွင္တစ္ဦးနဲ႔ တူေအာင္ လုပ္လုိက္ၿပီး ေျပာတယ္: "စိတ္စြမ္းအားအဆင့္ 4S နဲ႔ အထက္႐ွိရင္ လူေတြရဲ႕ စိတ္စြမ္းအားအေျခအေနကို ေျပာင္းလဲႏိုင္တယ္၊ ကၽြန္ေတာ္က စိတ္စြမ္းအားအဆင့္5S ႐ွိတယ္။ ကၽြန္ေတာ့္ရဲ႕ စိတ္စြမ္အားက တျခားတစ္ေယာက္ရဲ႕ စိတ္စြမ္းအားကမၻာထဲကို ဝင္ၿပီး ဓာတ္ေရာင္ျခည္ညစ္ညမ္းမႈေတြကို ဆြဲထုတ္ႏိုင္တယ္"

ကလဲ(ရ္)က တစ္စကၠန္႔ေလာက္ တိတ္ဆိတ္ေနတယ္: "တကယ္လို႔ အဲဒါက အမွန္ပဲဆိုရင္ ဘာျဖစ္လို႔ မင္းက ဗိုလ္ခ်ဳပ္ႀကီးဝမ္ကို အရင္ကုၿပီးမွ ငါ့ကို အသိမေပးတာလဲ။ ဘာျဖစ္လို႔ မင္းကိုယ္မင္း သက္ေသျပဖို႔ တတိယမင္းသားကို ကုသဖို႔ ေတာင္းဆိုေနရတာလဲ"

ကၽြမ္းက်ိဳးက ခံယူခ်က္ခိုင္မာစြာ ေျပာလိုက္တယ္: "ဘာျဖစ္လို႔လဲဆိုေတာ့ ဝမ္ေ႐ွာင္းယြင္ရဲ႕ စိတ္စြမ္းအားအဆင့္က ျမင့္တယ္။ သူ႔ကို ကုသရတာက အခ်ိန္ေပးရတယ္။ တတိယမင္းသားကေတာ့....."

တတိယမင္းသားရဲ႕ စိတ္စြမ္းအားအဆင့္က နိမ့္တယ္။ ဝမ္ေ႐ွာင္းယြင္နဲ႔ ယွဥ္လို႔မရဘူးလို႔ ဆိုလိုခ်င္တာပဲ။

ကၽြမ္းက်ိဳးက ဘယ္႐ြန္ေပၚသြင့္ရဲ႕ အိမ္ေတာ္ကေန ထြက္လာၿပီးေနာက္ အြန္လုိင္းေပၚမွာ အင္တာနက္သံုးတဲ့သူေတြရဲ႕ လက္႐ွိ ေဆြးေႏြးခ်က္ေတြကို ၾကည့္လုိက္တယ္။

ဝမ္ေ႐ွာင္းယြင္က အခု တကယ္ကို အတင္းအက်ပ္ အနားယူခိုင္းခံေနရတာကို သိလိုက္ရတယ္။

သူ သေဘာမတူဘူး။ အခု ဝမ္ေ႐ွာင္းယြင္က သူ႔လူပဲ။ သူ ဝမ္ေ႐ွာင္းယြင္ကို အႏိုင္က်င့္ခြင့္ မေပးႏိုင္ဘူး။

သူက မူလက သူ႔အစြမ္းကို အတည္ျပဳဖို႔ မင္းမ်ိဳးစိုးႏြယ္အခ်ိဳ႕ကို ကုသဖို႔ စီစဥ္ထားတယ္။ သို႔ေပမဲ့ ဓာတ္ေရာင္ျခည္သင့္ခံထားရတဲ့ ေတာ္ဝင္မ်ိဳးႏြယ္စာရင္းကို ႐ွာေဖြၾကည့္လိုက္တဲ့အခါ တကယ္ပဲ အင္ပါယာရဲ႕ တတိယမင္းသားက စာရင္းထဲမွာ ပါေနတာကို ေတြ႕လုိက္ရတယ္။ သူက ခ်က္ခ်င္းပဲ အစီအစဥ္ကို ေျပာင္းလိုက္တယ္။

"ေနာက္ၿပီး...." ကၽြမ္းက်ိဳးက သူ႔အသံကို အနည္းငယ္ ႏွိမ့္ၿပီး တိုးဖြစြာ ေျပာတယ္: "ကၽြန္ေတာ့္ကို အ႐ွင္မယံုၾကည္မွာ စိုးလို႔ပါ။ အဲဒါေၾကာင့္ ကၽြန္ေတာ္က အ႐ွင္ကိုယ္တိုင္ ျမင္ႏိုင္ေအာင္ တတိယမင္းသားကို ကုသေပးခ်င္တာပါ"

ဒါေပမဲ့ ဧကရာဇ္ကလဲ(ရ္)က တစ္ခုခုကို စဥ္းစားမိသြားၿပီး ေျပာလိုက္တယ္: "ငါမယံုၾကည္မွာကို စိုးရိမ္လို႔မဟုတ္ပါဘူး။ ဝမ္ေ႐ွာင္းယြင္မွာ ထပ္ေစာင့္စရာ အခ်ိန္မ႐ွိေတာ့ဘူးလို႔ ခံစားရလို႔မလား"

မဲဆႏၵေပးျခင္းကိုသာ အစည္းအေဝးမွာ တညီတညြတ္တည္း ဆံုးျဖတ္လုိက္ၾကရင္ ဝမ္ေ႐ွာင္းယြင္က ခ်က္ခ်င္း အနားယူလိုက္ရမွာပဲ။

စိုးရိမ္မႈေတြက ဘြင္းဘြင္းႀကီး ေဖာ္ထုတ္ခံလိုက္ရတဲ့အတြက္ ကၽြမ္းက်ိဳးရဲ႕နား႐ြက္ေလးေတြက နည္းနည္းေလး နီရဲသြားတယ္။

လူငယ္ေလးကို ဒီလိုျမင္လိုက္ရေတာ့ ဆန္႔က်င္ဘက္အေနနဲ႔ ဧကရာဇ္ကလဲ(ရ္)ကေတာ့ ပိုလို႔ေတာင္မွ စိတ္သက္သာရာရသြားေသးတယ္။

သူက ပါရမီထူးကို ခ်ီးက်ဴးေျမွာက္စားတတ္တဲ့သူတစ္ေယာက္ျဖစ္တယ္။ အရင္ဆံုး လူငယ္ေလးက တကယ္ပဲ စိတ္စြမ္းအားဓာတ္ေရာင္ျခည္သင့္တာကို ကုသႏိုင္လား၊ မကုႏိုင္လားကို မေျပာနဲ႔ဦး။ မက္ခါတည္ေဆာက္ႏိုင္တဲ့ သူ႔အစြမ္းကို ၾကည့္႐ံုနဲ႔တင္ အင္ပါယာက အခ်ိန္ေရာ၊ အားထုတ္မႈေရာ အသံုးခ်ၿပီး သူ႔ကို ဒီမွာ ဆက္ထိန္းသိမ္းထားဖို႔ လံုေလာက္ေနၿပီ။

"ဒါေပမဲ့ မင္းလာတာ အရမ္းေနာက္က်သြားၿပီ" ဧကရာဇ္ကလဲ(ရ္) က ေျပာလိုက္တယ္။

ဒါကိုၾကားေတာ့ ကၽြမ္းက်ိဳးရဲ႕မ်က္လံုးက ျပဴးက်ယ္သြားတယ္: "ေနာက္က်သြားၿပီလား၊ ဝမ္ေ႐ွာင္းယြင္ သူ... သူ႔ကို မဲေပးထုတ္ပယ္လိုက္ၿပီလား"

ဧကရာဇ္ကလဲ(ရ္): "........"

မဲေပးထုတ္ပယ္တယ္ဆိုတာ ဘာစကားလဲ။ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ အဲဒါက ၾကားရတာ ေတာ္ေတာ္ေလး မွန္ကန္ေနသလိုပဲ။

ကၽြမ္းက်ိဳးက ခ်က္ခ်င္းဆိုသလို အင္မတန္ စိတ္ပ်က္အားငယ္သြားတယ္။ သူ႔ရဲ႕တစ္ကိုယ္လံုးက ေလေလွ်ာ့လိုက္တဲ့ ပူေဖာင္းလိုပဲ။

ဧကရာဇ္ကလဲ(ရ္)က ေတာ္ေတာ္ေလး ရယ္ခ်င္သြားတယ္: "မင္း သူ႔ကို နည္းနည္းေလာက္ပိုၿပီး ယံုၾကည္သင့္တယ္"

ကၽြမ္းက်ိဳးက သူဘာဆိုလိုတာလဲ နားမလည္ဘူး။

ဧကရာဇ္ကလဲ(ရ္)က ဆိုတယ္: "တပ္ဖြဲ႕မွဴးသံုးဦးက သူ႔ကို အနားယူဖို႔ တညီတညြတ္တည္း မဲေပးလိုက္ၿပီးေနာက္မွာ သူက သူ႔ကိုယ္သူ သက္ေသျပဖို႔ နည္းလမ္းေနာက္တစ္ခုကို ေ႐ြးခ်ယ္ခဲ့တယ္"

ကၽြမ္းက်ိဳးက နားမလည္ဘူး။ ဝမ္ေ႐ွာင္းယြင္ရဲ႕ စိတ္စြမ္းအားက အခုထိ ျပန္မေကာင္းေသးဘူး။ သူက အခုလက္႐ွိ S အဆင့္ပဲ႐ွိေတာ့တယ္။ ဘယ္လိုလုပ္ၿပီး သူ႔ကိုယ္သူ သက္ေသျပမွာလဲ။

ဧကရာဇ္ကလဲ(ရ္)က အခ်ိန္ကို စစ္ေဆးလိုက္ၿပီး ေျပာတယ္: "မင္းကိုယ္တိုင္ ၾကည့္ၾကည့္လုိ႔ရတယ္"

...............xxx...............

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္: PS--

ေ႐ွာင္ေဖာ့လန္: သံသယျဖစ္စရာကိုမလိုဘူး။ အဲဒါက မိစၦာရဲ႕အသက္ေလပဲ။

Continue Reading

You'll Also Like

766K 33.4K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
3M 235K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
29.3K 4.9K 51
ဘာသာပြန်သူ - စွဲညို့အသင်း
52K 9.3K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...