❄︎Completed❄︎နှင်းပွင့်လေးမျာ...

By demoncm

338K 41.5K 876

This is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42: မျက်နှာချေနီများဝယ်ယူခြင်း
Chapter 43 : အကြံဆိုးကြီးနဲ့အမျိုးသမီး
Chapter 44: မကောင်းသောအတွေးများ
Chapter 45 : အခက်အခဲနည်းနည်း
Chapter 46: ကျန်းဟူနှင့်အင်ပါရီယာတရားရုံး
Chapter 47: တိတ်တဆိတ်အစီအစဉ် (၁)
Chapter 48: တိတ်တဆိတ်အစီအစဉ် (၂)
Chapter 49: တိတ်တဆိတ်အစီအစဉ် (၃)
Chapter 50: တိတ်တဆိတ်အစီအစဉ် (၄)
Chapter 51: တိတ်တဆိတ်အစီအစဉ် (၅)
Chapter 52: တိတ်တဆိတ်အစီအစဉ် (၆)
Chapter 53: အစစ်အမှန်လော..ပုံရိပ်ယောင်ပင်လော..
Chapter 54.1 : အိပ်မက်ဆိုးမက်တာပါ
Chapter 54.2
Chapter 55.1 : တစ်ယောက်ထဲအပိုင်သိမ်းထားလို့ဘယ်ရမလဲနော့်
Chapter 55.2
Chapter 56 : အားလုံးသေကုန်ကြပြီလား
Chapter 57 : နွေဦးပွဲတော်ကာရန်ညီကဗျာများရေးဖွဲ့ကြခြင်း
Chapter 58.1 : သံသယဝင်လာခြင်း
Chapter 58.2
Chapter 59.1 : ကြောက်ဖွယ်ကောင်းသောအတွေး
Chapter 59.2
Chapter 60.1 : အထင်လွဲခြင်း
Chapter 60.2
Chapter 61.1 : လျှို့ဝှက်တိုးတက်မှု
Chapter 61.2
Chapter 62.1 : သူမလေးစိတ်ကောက်နေ၏ (၁)
Chapter 62.2
Chapter 63.1 : သူမလေးစိတ်ကောက်နေ၏ (၂)
Chapter 63.2
Chapter 64.1 : မက်မွန်စိမ်းကြောင့်မက်မွန်ဝိုင်ကိုရတယ်
Chapter 64.2
Chapter 65.1 : ဖက်ထုပ်များပြုလုပ်ကြခြင်း
Chapter 65.2
Chapter 66.1 : ယောက္ခမအိမ်သို့အလည်တစ်ခေါက်
Chapter 66.2
Chapter 67.1 : ဂုဏ်အရှိဆုံး၊ အကျော်ကြားဆုံးသော ယောက်ျား
Chapter (67.2)
Chapter 69: ယွမ်ရှန်း၏ကြမ္မာလမ်း
Important!! Plz read this part before you read Chapter (70)
Chapter 70 : Ending

Chapter 68: မားမားချောင်၏လျှို့ဝှက်အဆက်အသွယ်

2.9K 391 9
By demoncm

Zawgyi

အခန္း (၆၈)
မားမားေခ်ာင္၏ လွ်ို႔ဝွက္အဆက္အသြယ္

ထိုႏွစ္က ေဆာင္းေလ႐ူးတို႔ ေဆာ့ကစားၾကေလ၏။ တတိယမင္းသားသည္ သာမာန္အရပ္သားဝတ္စုံကို ဝတ္ကာ အသက္ဆယ့္ခုနစ္ႏွစ္အ႐ြယ္ သူမကို တိမ္ထြတ္စီရင္စုထိ လာရွာခဲ့သည္။

တတိယမင္းသားသည္ ေျဖာင့္မတ္ေသာ လူႀကီးလူေကာင္းဟန္ ရွိ၏။ ထိုအခ်ိန္က သူမသည္ တတိယမင္းသားထက္ ႐ုပ္ရည္႐ူပကာေျဖာင့္ေသာ သူမ်ိဳးကို မေတြ႕ဖူးခဲ့သည္ျဖစ္ရာ တတိယမင္းသား၏ အထင္ႀကီးေလာက္ေသာ အေျပာတို႔ေအာက္ ေရာက္ခဲ့ရသည္။ တစ္ခ်ိန္တည္းတြင္ သူမသည္ ဤလူကို အထြတ္အျမတ္တစ္ေယာက္ဟု ေလးနက္စြာ ယုံၾကည္ခဲ့ေလသည္။

ထို႔ေၾကာင့္ပင္ ဆယ့္ခုနစ္ႏွစ္အ႐ြယ္ မိန္းကေလးက တိမ္ထြတ္စီရင္စုကို စြန႔္ခြာ၍ တတိယမင္းသားေနာက္လိုက္ကာ ၿမိဳ႕ေတာ္သို႔ လာခဲ့ျခင္းျဖစ္၏။ တတိယမင္းသားက လွပေသာမိန္းကေလးတစ္ေယာက္ကို ေခၚလာခဲ့ခ်င္သည္မဟုတ္ဘဲ တုန္ထင္းဟုအမည္ရေသာ မိန္းကေလးကိုသာ ေခၚလာခဲ့ျခင္းျဖစ္ေၾကာင္း ႐ႊယ့္တုန္ထင္းသိၿပီးခ်ိန္ထိ အရာအားလုံးမွာ မေနာက္က်ေသးေခ်။ အားလုံးစတင္ခဲ့သည္က ေရွ႕ျဖစ္ေဟာအဖြဲ႕၏ "အေရွ႕ပင္လယ္မွ တုန္ထင္းမိန္းကေလးကိုရေသာသူသည္ ကမၻာတစ္ခုလုံးကို ပိုင္စိုးနိုင္လိမ့္မည္" ဟူေသာ ေရွ႕ျဖစ္ေဟာစကားပင္ ျဖစ္ေလသည္။

႐ႊယ့္တုန္ထင္းက သူမ၏အေတြးတို႔မွ ႐ုန္းထြက္လိုက္ၿပီး ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးလိုက္သည္။ တကယ္တမ္းတြင္ တတိယမင္းသားက သူမကို ေရွ႕ျဖစ္ေဟာအဖြဲ႕၏ ေဟာခ်က္တစ္ခုေၾကာင့္သာ ေခၚလာခဲ့သည္ဟူသည္ကို သူမ မသိသည္မဟုတ္ေပ။

သို႔ေသာ္ သူမကလည္း ဂ႐ုစိုက္မေနေခ်။ သူမ တတိယမင္းသားကို  နဂါးပလႅင္ေပၚထိုင္နိုင္ေအာင္ ကူညီေနေသးသ၍ သူမသည္လည္း သူမ လိုခ်င္ေသာ ဂုဏ္ရွိန္ႏွင့္ အာဏာမ်ား ရနိုင္ေပသည္။ သူမသည္ တတိယမင္းသားအတြက္ ယွဥ္ၿပိဳင္ခဲ့၏။ သူမကိုယ္သူမအတြက္ ျဖတ္ေက်ာ္ခဲ့၏။ သို႔ေသာ္ အဆုံးသတ္တြင္ေတာ့ ရယ္နိုင္ခဲ့သည့္သူက ေၾကာင္ျဖဴႏွင့္ အမ်ိဳးသမီးသာ။

႐ႊယ့္တုန္ထင္းက ဝမ္းနည္းစြာ ေျပာလိုက္သည္။ "သူမ်ားရဲ႕ လက္ထပ္ဝတ္စုံကို ခ်ဳပ္ေပးရသေလာက္သာသာပါပဲေလ.."

(သူမ်ားအက်ိဳးသာ ျဖစ္ထြန္းသြားသည္၊ မိမိအတြက္ေတာ့ ဘာမွအက်ိဳးမရွိ)

မားမားေခ်ာင္က ၾကားသြားကာ သူမကို သိခ်င္စိတ္ျပင္းျပစြာ ေမးလိုက္သည္။ "ဘာေျပာလိုက္တာလဲ"

"မားမားေခ်ာင္၊ သမီးကို တစ္ခုေလာက္ ရိုးရိုးသားသားေျဖေပးလို႔ရမလားဟင္"

မားမားေခ်ာင္က မ်က္ေမွာင္အသာၾကဳတ္လိုက္သည္။ "အမ္..? ဒီကေလးမ ဒီေန႕ဘာျဖစ္ေနတာပါလိမ့္"

႐ႊယ့္တုန္ထင္းက သူမကို ၾကည့္လိုက္သည္။ "မားမားေခ်ာင္၊ သမီးကို ၿမိဳ႕ေတာ္ကို ပို႔ဖို႔ မားမားေခ်ာင္ ေတြးခဲ့ဖူးလား"

မားမားေခ်ာင္၏အၾကည့္တို႔က လက္သြား၏။ သို႔ေသာ္ ႐ႊယ့္တုန္ထင္းက မ်က္စိလ်င္သည္ျဖစ္ရာ ေတြ႕လိုက္သည္။ သူမက ရယ္လိုက္မိေတာ့သည္။ "မားမားေခ်ာင္မွာ အဲ့လိုအေတြးမ်ိဳးရွိခဲ့တာပဲ.. ဘာလို႔မ်ားလဲ.."

မားမားေခ်ာင္က အသာသက္ျပင္းခ်လိဳက္သည္။ "တုန္ထင္း.. မားမားက.. ဒီတိုင္း.. ၿမိဳ႕ေတာ္ကို ပို႔လိုက္ရင္ ဒီကဘဝထက္ေတာ့ ပိုေကာင္းမယ္လို႔ ေတြး႐ုံပါကြယ္.. ဒါေပမဲ့ အခုၾကည့္ရတာ မားမား မွားခဲ့ပုံပါပဲ.."

"သမီး ငါးဖမ္းသမားကို လက္ထပ္မယ္လို႔ သေဘာမတူခဲ့ဘူးဆိုရင္ သမီးကို ၿမိဳ႕ေတာ္ကို ပို႔လိုက္မွာမလား"

မားမားေခ်ာင္က သက္ျပင္းခ်ကာ ေခါင္းညိတ္လိုက္၏။ "အဲ့လိုအေတြးမ်ိဳးရွိခဲ့တယ္ဆိုတာ မားမားဝန္ခံပါတယ္ကြယ္.. သမီးက ပါးနပ္တာပဲ။ ဒါေပမဲ့ လတ္တေလာျဖစ္ေနတဲ့ဟာေတြကို ၾကည့္မယ္ဆိုရင္ သမီး မသြားသင့္ေတာ့ဘူး"

႐ႊယ့္တုန္ထင္း နားမလည္ေခ်။ "ဘာလို႔လဲ မားမားေခ်ာင္။ မားမားက ၿမိဳ႕ေတာ္ကေန ထြက္လာခဲ့ၿပီးၿပီပဲ။ ဘာလို႔ ျပန္သြားခ်င္ေနရတာလဲ"

မားမားေခ်ာင္က တုန္ထင္းကို အၾကာႀကီး စိုက္ၾကည့္ၿပီးေနာက္တြင္ေတာ့ စကားဆိုလာသည္။ "သမီးလက္ထပ္ၿပီးသြားကတည္းက အမ်ားႀကီးေျပာင္းလဲသြားတာပဲ"

႐ႊယ့္တုန္ထင္းက ခဏမွ် တုံ႕ဆိုင္းေနၿပီးေနာက္တြင္ တစ္ခုခုကို ေတြးမိသြားကာ မားမားေျခာင်၏လက်က်ဳ အားကိုးတႀကီးဆုပ္ကိုင္လာ၏။ "မားမားေခ်ာင္ ယြမ္ရွန္းကို ၿမိဳ႕ေတာ္ဆီ လႊတ္ဖို႔စဥ္းစားေနတာေတာ့ မဟုတ္ပါဘူးေနာ္"

မားမားေခ်ာင္ မ်က္ေမွာင္ၾကဳတ္လိုက္ကာ ဘာမွေတာ့မေျပာေခ်။

အခ်ိန္ေတာ္ေတာ္ၾကာသြားၿပီးေနာက္ ႐ႊယ့္တုန္ထင္းတစ္ေယာက္ သက္ျပင္းခ်လိဳက္ေလသည္။ "မားမားေခ်ာင္ရယ္... ၿမိဳ႕ေတာ္က အဲ့ေလာက္မွ အႏၱရာယ္မ်ားတာကို။ ယြမ္ရွန္းလို ကေလးမေလးက သူမအက်င့္နဲ႕ဆိုရင္ ၿမိဳ႕ေတာ္မွာ ရပ္တည္နိုင္မယ္ထင္ေနတာလား.." သူမ ေျပာေနရင္းႏွင့္ပင္ မားမားေခ်ာင္၏ ေသြးခုန္ႏႈန္းကို တိတ္တခိုးစမ္းၾကည့္လိုက္သည္။

သူမ၏ေသြးခုန္ႏႈန္းကား မည္သည့္ေျပာင္းလဲမႈမွ်မရွိ၊ ပကတိ တည္ၿငိမ္၏။

မားမားေခ်ာင္က ေျပာလာသည္။ "ေျပာဖို႔က ေစာပါေသးတယ္ကြယ္။ အခုေတာ့ အဲ့အေၾကာင္းမေျပာဘဲ ေနၾကရေအာင္။ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ မားမား သမီးနဲ႕ တိုင္ပင္ပါ့မယ္"

႐ႊယ့္တုန္ထင္းလည္း ဘာမွမတတ္နိုင္ေတာ့။ ေခါင္းညိတ္၍ ဘာမွဆက္မေျပာေတာ့ေခ်။

ဧည့္ခန္းထဲတြင္ေတာ့ စုန႔္ယြီမင္ႏွင့္ ယြမ္ရွန္းတို႔သည္ ေရာက္တတ္ရာရာမ်ားေျပာကာ စေနာက္ေနၾက၏။ သို႔ေသာ္ မားမားေခ်ာင္ ဧည့္ခန္းထဲဝင္လာသည္ကိုေတြ႕ေသာအခါ အရွိန္သတ္လိုက္ၾကသည္။

စုန႔္ယြီမင္၏မ်က္ခုံးတို႔ မသိမသာျမင့္တက္သြားသည္။ မားမားေခ်ာင္သည္ သူ႕လွ်ို႔ဝွက္အေၾကာင္းအရာကို သိသြားၿပီမွန္း သူသိ၏။ သူက ယြမ္ရွန္းကို တစ္ခ်က္ၾကည့္ကာ မားမားေခ်ာင္ကို မ်က္လုံးႏွင့္အခ်က္ျပလိုက္သည္။ မားမားေခ်ာင္က ေျပာလိုက္သည္။ "သမီးယြမ္ရွန္း.. မီးဖိုေခ်ာင္သြားၿပီး တုန္ထင္းကို ကူလိုက္ပါဦး"

"ဟုတ္" ယြမ္ရွန္းက ေျပာလိုက္သည္။ ထို႔ေနာက္ သူမက စုန႔္ယြီမင္ကို က်စ္တစ္ခ်က္သပ္ကာ မီးဖိုေခ်ာင္သို႔ ခုန္ေပါက္ကာသြားလိုက္ေတာ့သည္။

မားမာေခ်ာင္က ယြမ္ရွန္း သြားၿပီးေနာက္ တံခါးကို လွည့္ပိတ္ၿပီး စုန႔္ယြီမင္ကို ၾကည့္လိုက္သည္။ "ကြၽန္မရဲ႕ မ်က္လုံးေတြက မေကာင္းေတာ့ဘူး။ ကြၽန္မ အရွင္မင္းသားယြီကို သတိမျပဳမိခဲ့ပါဘူး.."

စုန႔္ယြီမင္က ေျပာလိုက္သည္။ "ဒါေတြ အားလုံးက အတိတ္မွာ က်န္ခဲ့ၿပီပဲ။ ဘာလို႔ ထပ္ေျပာေနဦးမွာလဲ"

"အရွင္မင္းသား ၿမိဳ႕ေတာ္ကထြက္သြားေတာ့ လူတိုင္းက ထင္ျမင္ေၾကးေတြေပးၾကတယ္။ ၾကည့္ရတာေတာ့ အတိတ္က မီးခိုးလိုေပ်ာက္ကြယ္သြားသလိုပါပဲ။ ဒါေပမဲ့ ၿမိဳ႕ေတာ္မွာေတာ့ အရွင့္ရဲ႕ ေအာင္ျမင္မႈေတြကို လူေျပာမ်ားေနဆဲပါ"

"ဒီစုန႔္ယြီမင္က အန္တီေခ်ာင္ကို တစ္ခုေမးစရာရွိပါတယ္။ မသိရရင္လည္း ကိစၥေတာ့မရွိပါဘူး"

"ေမးပါ အရွင္"

"အန္တီေခ်ာင္မွာ လွ်ို႔ဝွက္အဆက္အသြယ္တစ္ခု ရွိေနတယ္။ အဲ့တာက နန္းၿမိဳ႕ေတာ္က ေတာ္ဝင္မိသားစုနဲ႕ ဆက္စပ္ေနတာျဖစ္ရမယ္။ ဟုတ္တယ္မလား"

မားမားေခ်ာင္၏ မ်က္ဝန္းမ်ားက အေရာင္မွိန္သြား၏။ အခ်ိန္တစ္ခု ၾကာၿပီးေနာက္တြင္ သူမက ေျပာလာသည္။ "ကြၽန္မက ၿမိဳ႕ေတာ္မွာ ရင္းႏွီးတဲ့ အဆက္အသြယ္တစ္ခ်ိဳ႕ရွိပါတယ္။ ဒါအကုန္ပါပဲ.. အကုန္လုံးကိုေတာ့ မမွတ္မိေတာ့ပါဘူး။ အကယ္၍ အစကျပန္စလို႔ရမယ္ဆို ၿမိဳ႕ေတာ္ကို သြားခဲ့မွာလည္းမဟုတ္သလို အဲ့ဒီလူကို သိဖို႔ႀကိဳးစားခဲ့မွာလည္း မဟုတ္ပါဘူး"

"အဲ့ဒီလူ..ဆိုတာ.."

"ျပန္ေျပာင္းေျပာရမယ္ဆိုရင္ေတာ့ သူက ရည္႐ြယ္ခ်က္ရယ္လို႔ ေရေရရာရာမရွိတဲ့ စိတ္ဓာတ္က်ေနတဲ့ မ်ိဳးရိုးျမင့္အမ်ိဳးသားတစ္ေယာက္ေပါ့"

စုန႔္ယြီမင္က သက္ျပင္းအသာခ်လိဳက္သည္။ "ေျပာၾကတာကေတာ့ အဲ့တာ ကြၽန္ေတာ့္အစ္ကိုတဲ့။ ေျပာရမယ္ဆိုရင္ အခုလက္ရွိဧကရာဇ္ေပါ့... အေပ်ာ္မယ္တစ္ေယာက္နဲ႕ သူငယ္ခ်င္းျဖစ္ခဲ့တဲ့သူ...."

သည္ေတာ့ မားမားေခ်ာင္က ေၾကကြဲစြာ ရယ္သည္။ "ဘာကို သူငယ္ခ်င္းလဲ။ ဒီတိုင္း အသုံးခ်ခံတစ္ေယာက္ပဲေလ.."

"ကြၽန္ေတာ္တို႔ ႏွစ္ေယာက္စလုံးက အတူတူပဲဆိုတာ ကြၽန္ေတာ္မသိခဲ့ဘူးဗ်။ ေကာင္းကင္ဘုံရဲ႕သားေတာ္ဆီက အသုံးခ်တာကို ခံခဲ့ရတာ.. ရယ္စရာလည္း ေကာင္းသလို သနားဖို႔လည္း ေကာင္းသား"

မားမားေခ်ာင္က စုန႔္ယြီမင္၏ မ်က္လုံးထဲသို႔ စိုက္ၾကည့္ၿပီး တည့္တည့္ေျပာလိုက္သည္။ " မတူညီတာရွိေသးတယ္ အရွင္။ ကြၽန္မကေတာ့ သူေမ့တာခံခဲ့ရၿပီ။ အရွင္ကေတာ့ သူ႕စိတ္ထဲမွာ ရွိေနတုန္းပဲ"

စုန႔္ယြီမင္က ရယ္ကာ လက္ဖက္ရည္ခြက္ကို ယူ၍ တစ္ငုံေသာက္လိုက္သည္။ "ကြၽန္ေတာ္ ၿမိဳ႕ေတာ္ကို ျပန္မွာ မဟုတ္ဘူး။ ဒါ ေသခ်ာၿပီးသား။ ေလာကႀကီးက အႀကီးႀကီးပါ။ ကြၽန္ေတာ့္အတြက္ ေနရာေတြရွိပါေသးတယ္။ အန္တီ စိတ္ခ်လက္ခ်ေနပါ"

"တုန္ထင္းေျပာေတာ့ ႏွစ္ေယာက္သား ပင္လယ္ထဲ သြားၿပီး အခ်ိန္ေတာ္ေတာ္ၾကာတဲ့ထိ ျပန္မလာျဖစ္ေလာက္ဘူးဆို"

"ကြၽန္ေတာ္တို႔ မသြားခင္ ေတာ္ဝင္နန္းေတာ္ကို ေပးဖို႔ စာတစ္ေစာင္ခ်န္ခဲ့မယ္။ ဘာမွအမွားမရွိဘူးဆိုရင္ေတာ့ ႏွစ္ဝက္အတြင္း ျပန္လာမွာ။ နန္းေတာ္က အန္တီ့ကို ဘာမွမႏွောင့္ယွက္ေစရဘူး။ ၿပီးေတာ့ ၾကည္လင္ေခ်ာင္းစြယ္႐ြာကိုလည္း မႏွောင့္ယွက္ေစရပါဘူး"

မားမားေခ်ာင္က တစ္ခ်က္ေခါင္းညိတ္သည္။ သူမ၏မ်က္ႏွာက တစ္ခုခုကို ေတြးေတာေနသကဲ့သို႔ ညိုမွိုင္းေနသည္။

စုန႔္ယြီမင္က ေျပာလိုက္သည္။ "မားမားေခ်ာင္၊ တစ္ခု ေမးစရာရွိတယ္။ မလိမ္ဘဲနဲ႕ ေျဖေပးပါ"

"ေမးနိုင္ပါတယ္ အရွင္"

"တုန္ထင္းနဲ႕ နန္းၿမိဳ႕ေတာ္တို႔က ဘာေတြ ဆက္ႏြယ္ေနတာလဲ"

ဆန္းၾကယ္ေသာ အလင္းတို႔က မားမားေခ်ာင္၏ မ်က္ဝန္းထဲ ျဖတ္ေျပးသြားသည္။ သူမက ခဏရပ္လိုက္ၿပီး ေသေသခ်ာခ်ာေျပာလိုက္သည္။ "ဘယ္လိုမွ မရွိနိုင္ေတာ့ဘူး။ သူမက အရွင့္ရဲ႕ ၾကင္ယာေတာ္ျဖစ္လာကတည္းက ဘာမွ မဆက္ႏြယ္ေတာ့တာပါ"

စုန႔္ယြီမင္ ေခါင္းညိတ္လိုက္သည္။ "ေကာင္းၿပီ"

Unicode

အခန်း (၆၈)
မားမားချောင်၏ လျှို့ဝှက်အဆက်အသွယ်

ထိုနှစ်က ဆောင်းလေရူးတို့ ဆော့ကစားကြလေ၏။ တတိယမင်းသားသည် သာမာန်အရပ်သားဝတ်စုံကို ဝတ်ကာ အသက်ဆယ့်ခုနစ်နှစ်အရွယ် သူမကို တိမ်ထွတ်စီရင်စုထိ လာရှာခဲ့သည်။

တတိယမင်းသားသည် ဖြောင့်မတ်သော လူကြီးလူကောင်းဟန် ရှိ၏။ ထိုအချိန်က သူမသည် တတိယမင်းသားထက် ရုပ်ရည်ရူပကာဖြောင့်သော သူမျိုးကို မတွေ့ဖူးခဲ့သည်ဖြစ်ရာ တတိယမင်းသား၏ အထင်ကြီးလောက်သော အပြောတို့အောက် ရောက်ခဲ့ရသည်။ တစ်ချိန်တည်းတွင် သူမသည် ဤလူကို အထွတ်အမြတ်တစ်ယောက်ဟု လေးနက်စွာ ယုံကြည်ခဲ့လေသည်။

ထို့ကြောင့်ပင် ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးက တိမ်ထွတ်စီရင်စုကို စွန့်ခွာ၍ တတိယမင်းသားနောက်လိုက်ကာ မြို့တော်သို့ လာခဲ့ခြင်းဖြစ်၏။ တတိယမင်းသားက လှပသောမိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့ချင်သည်မဟုတ်ဘဲ တုန်ထင်းဟုအမည်ရသော မိန်းကလေးကိုသာ ခေါ်လာခဲ့ခြင်းဖြစ်ကြောင်း ရွှယ့်တုန်ထင်းသိပြီးချိန်ထိ အရာအားလုံးမှာ မနောက်ကျသေးချေ။ အားလုံးစတင်ခဲ့သည်က ရှေ့ဖြစ်ဟောအဖွဲ့၏ "အရှေ့ပင်လယ်မှ တုန်ထင်းမိန်းကလေးကိုရသောသူသည် ကမ္ဘာတစ်ခုလုံးကို ပိုင်စိုးနိုင်လိမ့်မည်" ဟူသော ရှေ့ဖြစ်ဟောစကားပင် ဖြစ်လေသည်။

ရွှယ့်တုန်ထင်းက သူမ၏အတွေးတို့မှ ရုန်းထွက်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ တကယ်တမ်းတွင် တတိယမင်းသားက သူမကို ရှေ့ဖြစ်ဟောအဖွဲ့၏ ဟောချက်တစ်ခုကြောင့်သာ ခေါ်လာခဲ့သည်ဟူသည်ကို သူမ မသိသည်မဟုတ်ပေ။

သို့သော် သူမကလည်း ဂရုစိုက်မနေချေ။ သူမ တတိယမင်းသားကို  နဂါးပလ္လင်ပေါ်ထိုင်နိုင်အောင် ကူညီနေသေးသ၍ သူမသည်လည်း သူမ လိုချင်သော ဂုဏ်ရှိန်နှင့် အာဏာများ ရနိုင်ပေသည်။ သူမသည် တတိယမင်းသားအတွက် ယှဉ်ပြိုင်ခဲ့၏။ သူမကိုယ်သူမအတွက် ဖြတ်ကျော်ခဲ့၏။ သို့သော် အဆုံးသတ်တွင်တော့ ရယ်နိုင်ခဲ့သည့်သူက ကြောင်ဖြူနှင့် အမျိုးသမီးသာ။

ရွှယ့်တုန်ထင်းက ဝမ်းနည်းစွာ ပြောလိုက်သည်။ "သူများရဲ့ လက်ထပ်ဝတ်စုံကို ချုပ်ပေးရသလောက်သာသာပါပဲလေ.."

(သူများအကျိုးသာ ဖြစ်ထွန်းသွားသည်၊ မိမိအတွက်တော့ ဘာမှအကျိုးမရှိ)

မားမားချောင်က ကြားသွားကာ သူမကို သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ "ဘာပြောလိုက်တာလဲ"

"မားမားချောင်၊ သမီးကို တစ်‌ခုလောက် ရိုးရိုးသားသားဖြေပေးလို့ရမလားဟင်"

မားမားချောင်က မျက်မှောင်အသာကြုတ်လိုက်သည်။ "အမ်..? ဒီကလေးမ ဒီနေ့ဘာဖြစ်နေတာပါလိမ့်"

ရွှယ့်တုန်ထင်းက သူမကို ကြည့်လိုက်သည်။ "မားမားချောင်၊ သမီးကို မြို့တော်ကို ပို့ဖို့ မားမားချောင် တွေးခဲ့ဖူးလား"

မားမားချောင်၏အကြည့်တို့က လက်သွား၏။ သို့သော် ရွှယ့်တုန်ထင်းက မျက်စိလျင်သည်ဖြစ်ရာ တွေ့လိုက်သည်။ သူမက ရယ်လိုက်မိတော့သည်။ "မားမားချောင်မှာ အဲ့လိုအတွေးမျိုးရှိခဲ့တာပဲ.. ဘာလို့များလဲ.."

မားမားချောင်က အသာသက်ပြင်းချလိုက်သည်။ "တုန်ထင်း.. မားမားက.. ဒီတိုင်း.. မြို့တော်ကို ပို့လိုက်ရင် ဒီကဘဝထက်တော့ ပိုကောင်းမယ်လို့ တွေးရုံပါကွယ်.. ဒါပေမဲ့ အခုကြည့်ရတာ မားမား မှားခဲ့ပုံပါပဲ.."

"သမီး ‌ငါးဖမ်းသမားကို လက်ထပ်မယ်လို့ သဘောမတူခဲ့ဘူးဆိုရင် သမီးကို မြို့တော်ကို ပို့လိုက်မှာမလား"

မားမားချောင်က သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။ "အဲ့လိုအတွေးမျိုးရှိခဲ့တယ်ဆိုတာ မားမားဝန်ခံပါတယ်ကွယ်.. သမီးက ပါးနပ်တာပဲ။ ဒါပေမဲ့ လတ်တလောဖြစ်နေတဲ့ဟာတွေကို ကြည့်မယ်ဆိုရင် သမီး မသွားသင့်တော့ဘူး"

ရွှယ့်တုန်ထင်း နားမလည်ချေ။ "ဘာလို့လဲ မားမားချောင်။ မားမားက မြို့တော်ကနေ ထွက်လာခဲ့ပြီးပြီပဲ။ ဘာလို့ ပြန်သွားချင်နေရတာလဲ"

မားမားချောင်က တုန်ထင်းကို အကြာကြီး စိုက်ကြည့်ပြီးနောက်တွင်တော့ စကားဆိုလာသည်။ "သမီးလက်ထပ်ပြီးသွားကတည်းက အများကြီးပြောင်းလဲသွားတာပဲ"

ရွှယ့်တုန်ထင်းက ခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင် တစ်ခုခုကို တွေးမိသွားကာ မားမားချောင်၏လက်က်ု အားကိုးတကြီးဆုပ်ကိုင်လာ၏။ "မားမားချောင် ယွမ်ရှန်းကို မြို့တော်ဆီ လွှတ်ဖို့စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်"

မားမားချောင် မျက်မှောင်ကြုတ်လိုက်ကာ ဘာမှတော့မပြောချေ။

အချိန်တော်တော်ကြာသွားပြီးနောက် ရွှယ့်တုန်ထင်းတစ်ယောက် သက်ပြင်းချလိုက်လေသည်။ "မားမားချောင်ရယ်... မြို့တော်က အဲ့လောက်မှ အန္တရာယ်များတာကို။ ယွမ်ရှန်းလို ကလေးမလေးက သူမအကျင့်နဲ့ဆိုရင် မြို့တော်မှာ ရပ်တည်နိုင်မယ်ထင်နေတာလား.." သူမ ပြောနေရင်းနှင့်ပင် မားမားချောင်၏ သွေးခုန်နှုန်းကို တိတ်တခိုးစမ်းကြည့်လိုက်သည်။

သူမ၏သွေးခုန်နှုန်းကား မည်သည့်ပြောင်းလဲမှုမျှမရှိ၊ ပကတိ တည်ငြိမ်၏။

မားမားချောင်က ပြောလာသည်။ "ပြောဖို့က စောပါသေးတယ်ကွယ်။ အခုတော့ အဲ့အကြောင်းမပြောဘဲ နေကြရအောင်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် မားမား သမီးနဲ့ တိုင်ပင်ပါ့မယ်"

ရွှယ့်တုန်ထင်းလည်း ဘာမှမတတ်နိုင်တော့။ ခေါင်းညိတ်၍ ဘာမှဆက်မပြောတော့ချေ။

ဧည့်ခန်းထဲတွင်တော့ စုန့်ယွီမင်နှင့် ယွမ်ရှန်းတို့သည် ရောက်တတ်ရာရာများပြောကာ စနောက်နေကြ၏။ သို့သော် မားမားချောင် ဧည့်ခန်းထဲဝင်လာသည်ကိုတွေ့သောအခါ အရှိန်သတ်လိုက်ကြသည်။

စုန့်ယွီမင်၏မျက်ခုံးတို့ မသိမသာမြင့်တက်သွားသည်။ မားမားချောင်သည် သူ့လျှို့ဝှက်အကြောင်းအရာကို သိသွားပြီမှန်း သူသိ၏။ သူက ယွမ်ရှန်းကို တစ်ချက်ကြည့်ကာ မားမားချောင်ကို မျက်လုံးနှင့်အချက်ပြလိုက်သည်။ မားမားချောင်က ပြောလိုက်သည်။ "သမီးယွမ်ရှန်း.. မီးဖိုချောင်သွားပြီး တုန်ထင်းကို ကူလိုက်ပါဦး"

"ဟုတ်" ယွမ်ရှန်းက ပြောလိုက်သည်။ ထို့နောက် သူမက စုန့်ယွီမင်ကို ကျစ်တစ်ချက်သပ်ကာ မီးဖိုချောင်သို့ ခုန်ပေါက်ကာသွားလိုက်တော့သည်။

မားမာချောင်က ယွမ်ရှန်း သွားပြီးနောက် တံခါးကို လှည့်ပိတ်ပြီး စုန့်ယွီမင်ကို ကြည့်လိုက်သည်။ "ကျွန်မရဲ့ မျက်လုံးတွေက မကောင်းတော့ဘူး။ ကျွန်မ အရှင်မင်းသားယွီကို သတိမပြုမိခဲ့ပါဘူး.."

စုန့်ယွီမင်က ပြောလိုက်သည်။ "ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲ။ ဘာလို့ ထပ်ပြောနေဦးမှာလဲ"

"အရှင်မင်းသား မြို့တော်ကထွက်သွားတော့ လူတိုင်းက ထင်မြင်ကြေးတွေပေးကြတယ်။ ကြည့်ရတာတော့ အတိတ်က မီးခိုးလိုပျောက်ကွယ်သွားသလိုပါပဲ။ ဒါပေမဲ့ မြို့တော်မှာတော့ အရှင့်ရဲ့ အောင်မြင်မှုတွေကို လူပြောများနေဆဲပါ"

"ဒီစုန့်ယွီမင်က အန်တီချောင်ကို တစ်ခုမေးစရာရှိပါတယ်။ မသိရရင်လည်း ကိစ္စတော့မရှိပါဘူး"

"မေးပါ အရှင်"

"အန်တီချောင်မှာ လျှို့ဝှက်အဆက်အသွယ်တစ်ခု ရှိနေတယ်။ အဲ့တာက နန်းမြို့တော်က တော်ဝင်မိသားစုနဲ့ ဆက်စပ်နေတာဖြစ်ရမယ်။ ဟုတ်တယ်မလား"

မားမားချောင်၏ မျက်ဝန်းများက အရောင်မှိန်သွား၏။ အချိန်တစ်ခု ကြာပြီးနောက်တွင် သူမက ပြောလာသည်။ "ကျွန်မက မြို့တော်မှာ ရင်းနှီးတဲ့ အဆက်အသွယ်တစ်ချို့ရှိပါတယ်။ ဒါအကုန်ပါပဲ.. အကုန်လုံးကိုတော့ မမှတ်မိတော့ပါဘူး။ အကယ်၍ အစကပြန်စလို့ရမယ်ဆို မြို့တော်ကို သွားခဲ့မှာလည်းမဟုတ်သလို အဲ့ဒီလူကို သိဖို့ကြိုးစားခဲ့မှာလည်း မဟုတ်ပါဘူး"

"အဲ့ဒီလူ..ဆိုတာ.."

"ပြန်ပြောင်းပြောရမယ်ဆိုရင်တော့ သူက ရည်ရွယ်ချက်ရယ်လို့ ရေရေရာရာမရှိတဲ့ စိတ်ဓာတ်ကျနေတဲ့ မျိုးရိုးမြင့်အမျိုးသားတစ်ယောက်ပေါ့"

စုန့်ယွီမင်က သက်ပြင်းအသာချလိုက်သည်။ "ပြောကြတာကတော့ အဲ့တာ ကျွန်တော့်အစ်ကိုတဲ့။ ပြောရမယ်ဆိုရင် အခုလက်ရှိဧကရာဇ်ပေါ့... အပျော်မယ်တစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့သူ...."

သည်တော့ မားမားချောင်က ကြေကွဲစွာ ရယ်သည်။ "ဘာကို သူငယ်ချင်းလဲ။ ဒီတိုင်း အသုံးချခံတစ်ယောက်ပဲလေ.."

"ကျွန်တော်တို့ နှစ်ယောက်စလုံးက အတူတူပဲဆိုတာ ကျွန်တော်မသိခဲ့ဘူးဗျ။ ကောင်းကင်ဘုံရဲ့သားတော်ဆီက အသုံးချတာကို ခံခဲ့ရတာ.. ရယ်စရာလည်း ကောင်းသလို သနားဖို့လည်း ကောင်းသား"

မားမားချောင်က စုန့်ယွီမင်၏ မျက်လုံးထဲသို့ စိုက်ကြည့်ပြီး တည့်တည့်ပြောလိုက်သည်။ " မတူညီတာရှိသေးတယ် အရှင်။ ကျွန်မကတော့ သူမေ့တာခံခဲ့ရပြီ။ အရှင်ကတော့ သူ့စိတ်ထဲမှာ ရှိနေတုန်းပဲ"

စုန့်ယွီမင်က ရယ်ကာ လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ငုံသောက်လိုက်သည်။ "ကျွန်တော် မြို့တော်ကို ပြန်မှာ မဟုတ်ဘူး။ ဒါ သေချာပြီးသား။ လောကကြီးက အကြီးကြီးပါ။ ကျွန်တော့်အတွက် နေရာတွေရှိပါသေးတယ်။ အန်တီ စိတ်ချလက်ချနေပါ"

"တုန်ထင်းပြောတော့ နှစ်ယောက်သား ပင်လယ်ထဲ သွားပြီး အချိန်တော်တော်ကြာတဲ့ထိ ပြန်မလာဖြစ်လောက်ဘူးဆို"

"ကျွန်တော်တို့ မသွားခင် တော်ဝင်နန်းတော်ကို ပေးဖို့ စာတစ်‌စောင်ချန်ခဲ့မယ်။ ဘာမှအမှားမရှိဘူးဆိုရင်တော့ နှစ်ဝက်အတွင်း ပြန်လာမှာ။ နန်းတော်က အန်တီ့ကို ဘာမှမနှောင့်ယှက်စေရဘူး။ ပြီးတော့ ကြည်လင်ချောင်းစွယ်ရွာကိုလည်း မနှောင့်ယှက်စေရပါဘူး"

မားမားချောင်က တစ်ချက်ခေါင်းညိတ်သည်။ သူမ၏မျက်နှာက တစ်ခုခုကို တွေးတောနေသကဲ့သို့ ညိုမှိုင်းနေသည်။

စုန့်ယွီမင်က ပြောလိုက်သည်။ "မားမားချောင်၊ တစ်ခု မေးစရာရှိတယ်။ မလိမ်ဘဲနဲ့ ဖြေပေးပါ"

"မေးနိုင်ပါတယ် အရှင်"

"တုန်ထင်းနဲ့ နန်းမြို့တော်တို့က ဘာတွေ ဆက်နွယ်နေတာလဲ"

ဆန်းကြယ်သော အလင်းတို့က မားမားချောင်၏ မျက်ဝန်းထဲ ဖြတ်ပြေးသွားသည်။ သူမက ခဏရပ်လိုက်ပြီး သေသေချာချာပြောလိုက်သည်။ "ဘယ်လိုမှ မရှိနိုင်တော့ဘူး။ သူမက အရှင့်ရဲ့ ကြင်ယာတော်ဖြစ်လာကတည်းက ဘာမှ မဆက်နွယ်တော့တာပါ"

စုန့်ယွီမင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"

Continue Reading

You'll Also Like

22.8K 1.4K 42
ဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world the pillow book 2 Myanmar translation b...
19.1K 593 11
Wife of Mischief, a title you never really imagined yourself holding! You weren't complaining however, your husband, Loki, loved you more than anythi...
26.7K 2.6K 90
credit to original owner Guan Xin Ze Luan
9.4K 1.4K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...