မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

275K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(39.2)

3.3K 489 16
By ShweLoon365

(Unicode)

ရှုကျင်ထျန်းက အစားအသောက်အတွက် စောင့်မျှော်နေပြီး သူ့စိတ်တွေကလည်း ပိုမိုကောင်းမွန်လာလေ၏။ မျက်နှာနှင့်ပါးစပ်ကို ရေဖြင့် ဆေးကြောပြီးနောက် ကျန်ရေကိုကျိုချက်လိုက်သည်။ ထို့နောက် ခွက်တစ်ခုထဲသို့ ထည့်ကာ အအေးခံရန် ဘေးဘက်တွင် ထားခဲ့သည်။ ထို့နောက် ကန်စွန်းဥအနည်းငယ်ကို အခွံနွှာပြီး အတုံးသေးသေးလေးများ လှီးကာ ချက်လိုက်သည်။

ဤကန်စွန်းဥများမှာ သေးငယ်သော်လည်း ချိုစိမ့်သော အမျိုးအစားပင်။ ရေနဲ့ပြုတ်ထားရင်တောင် အရမ်းမွှေးနေပါသေး၏။ ရှုကျင်ထျန်းမှာ အစာစားချင်စိတ် ကြီးထွားလာချိန်မှစ၍ ထန်းလျက်အရွယ် ကန်စွန်းဥငါးလုံးမှ ခြောက်လုံးအထိ စားနိုင်သည်။ ၎င်းသည် ယခင်က သူ၏စားသုံးမှု ပမာဏ၏နှစ်ဆဖြစ်သည်။ သို့သော်လည်း သူ၏အစားအစာများသည် ယခင်က ခြောက်နပ်၊ ခုနစ်နပ်မှ သုံးနပ်၊ လေးနပ်အထိ ပြောင်းလဲခဲ့ပြီး ညလယ်တွင် ချက်စားသည်မှာလည်း အလွန်ရှားပါသည်။

လည်ချောင်းကို စိုစွတ်စေရန် ရေနွေးတစ်ခွက်သောက်ပြီးနောက် ရှုကျင်ထျန်းသည် ပန်းရောင်ပြောင်းသွားသည့် ကန်စွန်းဥများကိုစားခဲ့သည်။ မထင်မှတ်ပဲ အခုထိ သူဗိုက်မပြည့်နိုင်သေးပေ။ သူ့ဗိုက်ကို ပွတ်လိုက်သော်လည်း လုံးလုံးဖောင်းနေပြီ။ ရှုကျင်ထျန်း တိတ်တိတ်လေး တွေးလိုက်မိလေသည်။ သူ အသားစားရင်တော့ ဗိုက်ပြည့်နိုင်ကောင်းပါရဲ့...

မနက်စာစားပြီးနောက် ရှုဟန်ယွီသည် မိန်းမပျိုလေးကို ကျောပေါ်တင်ကာ လန်ယန်သစ်တောသို့ အမြန်သွားခဲ့သည်။ ထိုနေရာသည် ရေပြာငှက်မျိုးစိတ်များ၏ အဓိကနေထိုင်ရာနေရာဖြစ်ပြီး ရေစပ်နားတွင် နေထိုင်သည့် ငှက်မျိုးစိတ်များစွာလည်း နေထိုင်ကြသည်။

လန်ယန်သစ်တောသည် သူတို့တောင်နှင့် မဝေးလှ။ ရှုဟန်ယွီသည် ရှုကျင်ထျန်းကို သယ်ဆောင်ပြီး မြေပြန့်ဆီသို့ ပြေးလွှားသွားကာ ဆယ်မိနစ်ထက် မပိုသောအချိန်ဖြင့် ပုံမှန်မဟုတ်သော သစ်ပင်များနှင့်ပြည့်နေသော တောအုပ်ဆီသို့ ရောက်ရှိလာလေ၏။

နက်နဲပြီးပြင်းထန်လှသည့် လှိုင်းလုံးကြီးများ၏အသံက သူ့နားဆီရောက်လာပြီး ထိုအရာကပင် ဒီတောအုပ်ဟာ ပင်လယ်ကမ်းရိုးတန်းနဲ့ မဝေးဘူးလို့ ညွှန်ပြနေလေ၏။ ရှုကျင်ထျန်းမှာ ပင်လယ်ရေ၏စိုစွတ်သော ငန်ပျပျရနံ့ကို အနံ့ခံနိုင်လုနီးပါးပင်။

"ဒီမှာလား...?"

ရှုကျင်ထျန်းသည် သစ်ပင်ထိပ်ကိုကြည့်ရန် ခေါင်းကို မြှောက်လိုက်သည်။ မြင့်မားလွန်းသောသစ်ပင်များနှင့် အလွန်ထူထပ်သောသစ်ပင်ထိပ်များသည် ငှက်သိုက်တစ်ခုကိုမြင်တွေ့ရန် တားဆီးထားသော်လည်း မြေပြင်ပေါ်မှာတော့ ရောင်စုံအမွေးအမှင်မျိုးစုံကို မြင်တွေ့နေရဆဲဖြစ်သည်။

“Ssss…”
ရှုဟန်ယွီက ချွန်ထက်သော လျှာကို ထုတ်ကာ အမြင့်ဆုံးသစ်ပင်ကို ရွေးချယ်ပြီးနောက် မိန်းမပျိုလေးကို သူ့အမြီးနှင့် မြှောက်လိုက်သည်။

“အာ! ငါ့ဘာသာ တက်လိုက်မယ်!"

ရှုကျင်ထျန်းမှာ ဉာဏ်မရှိသူလို ကြောက်ရွံ့နေ၏။ ရှုဟန်ယွီက လိမ္မာပြီး ရဲရင့်သည်။ သွက်သွက်လက်လက်နှင့် အထက်မှ လျင်မြန်စွာလျှောဆင်းသွားသည်။ ဒါပေမယ့် သူ့နောက်ကျောက လှုပ်နေ၏။ထို့ကြောင့် ရှုကျင်ထျန်းမှာ ဟန်ချက်ထိန်းဖို့ခက်သလို ခေါင်းကလည်း မူးဝေနေ၏။ သူ့လုံခြုံမှုအတွက် မြွေကြီး၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။

ရှုဟန်ယွီသည် မိန်းမပျိုလေးကို မြေကြီးပေါ်တွင် တစ်ယောက်တည်းထားခဲ့ရ၍ စိတ်မသက်မသာဖြစ်နေပြီး စိမ်းလန်းသောသစ်ကိုင်းတစ်ကိုင်းကို ရွေးချယ်ကာ တင်ထားလိုက်သည်။

ရှုဟန်ယွီက သူ၏မြွေဦးခေါင်းကို နောက်ပြန်လှည့်ပြီး ခက်ရင်းခွသဏ္ဍာန်လျှာကို မိန်းမပျိုလေးကို ထုတ်ပြလိုက်သည်။ ကိုယ့်ကိုစောင့်နေ!

ရှုကျင်ထျန်းမှာ ခြေလျင်လျှောက်နေသော်လည်း မူးဝေပြီး မအီမသာဖြစ်နေဆဲ။ သူပြန်ကောင်းမလာခင် သစ်ပင်ပင်စည်ကို ခဏမှီအိပ်လိုက်တယ်။

"ဟန်ယွီ မင်းအရင်တက်လိုက်။ ခဏနားပြီးရင် ငါလာခဲ့မယ်"
ရှုကျင်ထျန်းသည် သူ့ရင်ဘတ်ကိုဖိလိုက်ပြီး အန်ပစ်ချင်စိတ်ကို မျိုသိပ်လိုက်သည်။

ရှုဟန်ယွီက  ခေါင်းညိတ် လိုက် ပြီး အမြန် တက်လိုက် သည် ။

ရှုကျင်ထျန်းသည် သစ်ပင်၏ပင်စည်ကို လက်ဖြင့်ထောက်ကန်ထားပြီး ထထိုင်လိုက်သည်။ ပွန်းပဲ့နာကျင်တဲ့ဝေဒနာက သူ့ပေါင်ကြားကနေ ချက်ချင်းထလာပြီး စောင်းနေတဲ့ ခန္ဓာကိုယ်နဲ့ ထိုင်နေရုံနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။

" ဟူး ~ တကယ်ကို နာတာပဲ!"
ရှုဟန်ယွီ အနားတွင်မရှိသောအခါ ရှုကျင်ထျန်းက နာကျင်မှုကို လျစ်လျူရှုရန် မစွမ်းသာပေ။ သူ့နောက်ဆီမှခံစားချက်က သူတို့ပထမဆုံးအကြိမ်ထက် ပိုထင်ရှားသေးသည်။ ရှုကျင်ထျန်း မော့ကြည့်လိုက်တော့ ရှုဟန်ယွီရဲ့အရိပ်အယောင် မတွေ့ရတော့သဖြင့် သူ့လက်ကိုဘောင်းဘီထဲ ဂရုတစိုက်ထည့်လိုက်ပြီး တင်ပါးကိုထိလိုက်သည်။

တော်တော်ကြာတော့ သူသိလိုက်ရတာက သူ့နောက်ဘက်က စိုစွတ်နေဆဲ။ ညင်သာစွာ ပွတ်တိုက်လိုက်သောအခါတွင် ပြင်းထန်သောနာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။ မျှော်လင့်ထားသည့်အတိုင်း သူ့အနောက်ပေါက်က ပို၍ပင်ကျယ်လာသည်။ ရှုကျင်ထျန်းမှာ သူ့ဂန္ဓမာပန်လေးအတွက် စိတ်ဆင်းရဲသွားလေ၏။

ထို့နောက် ရှုကျင်ထျန်းသည် သူ့လက်ကို ရုပ်သိမ်းလိုက်သည်။ သူ သစ်ပင်ပေါ်တက်ခါနီးမှာ ရှုဟန်ယွီက ပြန်လှည့်လာတယ်။ သူ့ပါးစပ်ထဲမှာတော့ ဘတ်စကတ်ဘောအရွယ် အညိုရောင်ငှက်အသိုက်ကို ကိုက်ထားလေ၏။

"အရမ်းမြန်တာပဲ...ငှက်ဥတွေ တကယ်ရှိတယ်!"

ရှုကျင်ထျန်းသည်  အလွန်စိတ်လှုပ်ရှားလာပြီး ချက်ချင်းဆိုသလို ခုန်တက်ကာ ခြေတစ်လှမ်းလွဲလုနီးပါးဖြစ်သွားပြီး သစ်ပင်ပေါ်မှပြုတ်ကျသွားသည်။

ရှုဟန်ယွီသည် အပြေးအလွှားဆင်းလာပြီး သူ၏မြွေအမြီးနှင့် မိန်းမပျိုလေး၏ ပတ်ပတ်လည်ကို ရစ်ပတ်ကာဖမ်းလိုက်သည်။

“ဟီးဟီး… ငှက်ဥတွေကို ကြည့်ရအောင်”
ရှုကျင်ထျန်းက ရှက်ရွံ့စွာပြုံးလိုက်ပြီး ရှုဟန်ယွီ၏ပါးစပ်ထဲက ငှက်ဥကို တည့်တည့်မတ်မတ် စိုက်ကြည့်နေလိုက်သည်။

ရှုဟန်ယွီက မိန်းမပျိုလေးအတွက် ငှက်သိုက်ပေးလိုက်သောအခါတွင် ထိုငှက်ဥလေးများ၏ အနာဂတ်မျိုးဆက်အတွက် စိတ်ပူပင်မနေနိုင်ပေ။ သူသိတာက သူ့ဇနီးလေးက ငှက်ဥစားတာ အရမ်းကြိုက်သည်သာ...

ငှက်သိုက်တွင် ဥခြောက်လုံးမှခုနစ်လုံးပါရှိပြီး ငှက်ဥတစ်ခုစီ၏ အရောင်သည် ပန်းရောင်ဖျော့ဖျော့ဖြစ်၏။ အခွံပေါ်ရှိ အဖြူရောင်အစက်အပြောက်များမပါရှိပါက ၎င်းတို့သည် ကြက်ဥနှင့် အမှန်တကယ်တူပေလိမ့်မည်။

ရှုကျင်ထျန်းသည် ငှက်ဥကိုယူပြီးနောက် ခြေသလုံးပေါ်တွင် အသိုက်ကိုတင်ကာ အင်္ကျီကိုချွတ်ပြီး ငှက်ဥများဖြင့်ဖြည့်လိုက်သည်။

ရှုကျင်ထျန်းက ရှုဟန်ယွီကို ပြုံးပြပြီး
"ဥတွေကို သေသေချာချာယူပြီး ဒီအသိုက်ကို သူတို့အတွက် ပြန်ထားခဲ့မယ်။ ကောင်းမွန်တဲ့အသိုက်တစ်ခု ရအောင်လုပ်ဖို့က လွယ်တဲ့အရာမဟုတ်ဘူး!"

ဒါကိုကြားတော့ ရှုဟန်ယွီက မိန်းမပျိုလေးကို နက်နဲစွာကြည့်ကာ ငှက်ဥအသိုက်ကိုကိုက်ပြီးနောက်  သစ်ပင်ပေါ်ပြန်တက်သွားလိုက်သည်။

ဟမ်? ဘာလို့ ထပ်တက်သွားတာလဲ။ ငါက ဒီမှာပဲ ငှက်သိုက်ကိုထားခဲ့ဖို့ ရည်ရွယ်ခဲ့တာကို!

သို့သော် သူတက်သွားပြီမို့ ရှုကျင်ကျန်းက ပြန်ဆင်းလာဖို့မတောင်းဆိုခဲ့ပေ။ အသိုက်ကို ဤနေရာတွင် ထားခဲ့ပါက ငှက်ပိုင်ရှင်က အသိုက်ကို မလိုချင်တော့တာ ဖြစ်နိုင်သည်။ ထို့ကြောင့် အသိုက်ကို ထိုနေရာတွင် ထားခဲ့ခြင်းကပိုကောင်းပေ၏။

ဤနေရာရှိ သစ်ပင်များမှာ အလွန်ကြီးမားပြီး မြင့်ကာ ကောင်းကင်သို့ပင် ထောင်တက်နေကြ၏။ သို့သော် သစ်ပင်တစ်ပင်စီတွင် အသိုက်တစ်ခုသာရှိသည်။

ရှုဟန်ယွီသည် မိန်းမပျိုလေးကို အကြိမ်ကြိမ်အခါခါ  သစ်ပင်၏အလယ်တွင်ထားခဲ့ကာ ဥများကိုယူပြီးနောက် ငှက်သိုက်ကို မူလနေရာသို့ ပြန်ထားပေးခဲ့သည်။ သူတို့သည် သစ်ပင်ငါးပင်ကို ရှေ့ဆင့်နောက်ဆင့် တက်ခဲ့ကြပြီး ရှုကျင်ထျန်း၏ ရှပ်အင်္ကျီတွင်ရှိသော ငှက်ဥပမာဏကလည်း အလုံးသုံးဆယ်မှ လေးဆယ်ခန့်အထိ ရှိနေပြီဖြစ်သည်။

ထို့နောက် ရှုဟန်ယွီသည် အခြားတစ်နေရာသို့ ပြောင်းသွားပြီး အပြာနုရောင်ရှိသော ပင်ပေါင်အရွယ် ဥများပါရှိသည့် အသိုက်အချို့ကို တွေ့ရှိခဲ့သည်။ ဤအသိုက်အနည်းငယ်ကပင် သူတို့အား ဥနှစ်ဆယ်ကျော်ရရှိစေခဲ့သည်။

မိုးရာသီရောက်လာသည်နှင့်အမျှ ဤငှက်မျိုးစိတ်များ ပေါက်ရောက်မည့်အချိန်လည်းဖြစ်သည်။ မိန်းမပျိုလေးက ဥများများစားချင်လျှင် နောက်နှစ်အထိစောင့်ရပေလိမ့်မည်။

ဒါပေမယ့် ရှုဟန်ယွီ၏အင်္ကျီက ငှက်ဥတွေကို ထပ်မထိန်းနိုင်တော့ဘဲ အကြာကြီးထားထားရင် ပျက်စီးသွားမှာမို့ နှစ်ယောက်သား ရပ်လိုက်ကြသည်။

ထို့နောက် ရှုဟန်ယွီသည် တောနက်ကြီးထဲတွင် သားကောင်ကို လိုက်ရှာပြီး ပြန်လာခဲ့သည်။ သားကောင်ကို အရေခွံခွာပြီး မြစ်ထဲမှာ ဆေးကြောသန့်စင်ပြီးမှ တောင်ပေါ်မပြန်ခင် ပင်လယ်ခွံကို ရေနဲ့ ပြည့်စေလိုက်သည်။

ရှုကျင်ထျန်းသည် လေကိုရှူရှိုက်ရင်း သူ့နဖူးတွင်မူ ချွေးများဖြင့် ဖုံးလွှမ်းနေ၏။ သူ့နောက်ဘက်က နာကျင်မှုက ဆိုးရွားလှပြီး သူလှမ်းလိုက်တိုင်း အဲဒီနေရာကို လှုံ့ဆော်ပေးနေသေးသည်။ ရှုကျင်ထျန်းအတွက် တောင်တက်ရန်မှာ အထူးခက်ခဲနေလေ၏။

"အရမ်းပင်ပန်းတာပဲ! ဟန်ယွီ ငါအရင်သွားအိပ်တော့မယ်!"
ရှုကျင်ထျန်းက နောက်ဆုံးတော့ တောင်ပေါ်ကိုရောက်လာပြီး ခန္ဓာကိုယ်မှ ကြွက်သားတစ်ခုလေးပင် မလှုပ်ချင်တော့ဘဲ ကုတင်ပေါ် လဲကျသွားသည်။ သိပ်မကြာခင်မှာပဲ သူ အိပ်ပျော်သွားလေ၏။

ရှုဟန်ယွီသည် အိပ်ပျော်နေသော မိန်းမပျိုလေး၏ဖြူဖျော့ဖျော့မျက်နှာကို ချစ်စဖွယ်ထိတွေ့ကာ သူ့အနားကိုကပ်ပြီး
“ထျန်းထျန်း အိပ်တော့နော်...ကိုယ် မင်းအတွက် အသားဟင်းချက်လိုက်မယ်”

ရှုဟန်ယွီမှာ တိုးညှင်းလှစွာသော ဟောက်သံသဲ့သဲ့သာ ပြန်ကြားလိုက်ရသည်...

~~~~~~

27/1/22(5:45PM)

(Zawgyi)

ရႈက်င္ထ်န္းက အစားအေသာက္အတြက္ ေစာင့္ေမွ်ာ္ေနၿပီး သူ႕စိတ္ေတြကလည္း ပိုမိုေကာင္းမြန္လာေလ၏။ မ်က္ႏွာႏွင့္ပါးစပ္ကို ေရျဖင့္ ေဆးေၾကာၿပီးေနာက္ က်န္ေရကိုက်ိဳခ်က္လိုက္သည္။ ထို႔ေနာက္ ခြက္တစ္ခုထဲသို႔ ထည့္ကာ အေအးခံရန္ ေဘးဘက္တြင္ ထားခဲ့သည္။ ထို႔ေနာက္ ကန္စြန္းဥအနည္းငယ္ကို အခြံႏႊာၿပီး အတုံးေသးေသးေလးမ်ား လွီးကာ ခ်က္လိုက္သည္။

ဤကန္စြန္းဥမ်ားမွာ ေသးငယ္ေသာ္လည္း ခ်ိဳစိမ့္ေသာ အမ်ိဳးအစားပင္။ ေရနဲ႕ျပဳတ္ထားရင္ေတာင္ အရမ္းေမႊးေနပါေသး၏။ ရႈက်င္ထ်န္းမွာ အစာစားခ်င္စိတ္ ႀကီးထြားလာခ်ိန္မွစ၍ ထန္းလ်က္အ႐ြယ္ ကန္စြန္းဥငါးလုံးမွ ေျခာက္လုံးအထိ စားနိုင္သည္။ ၎သည္ ယခင္က သူ၏စားသုံးမႈ ပမာဏ၏ႏွစ္ဆျဖစ္သည္။ သို႔ေသာ္လည္း သူ၏အစားအစာမ်ားသည္ ယခင္က ေျခာက္နပ္၊ ခုနစ္နပ္မွ သုံးနပ္၊ ေလးနပ္အထိ ေျပာင္းလဲခဲ့ၿပီး ညလယ္တြင္ ခ်က္စားသည္မွာလည္း အလြန္ရွားပါသည္။

လည္ေခ်ာင္းကို စိုစြတ္ေစရန္ ေရႏြေးတစ္ခြက္ေသာက္ၿပီးေနာက္ ရႈက်င္ထ်န္းသည္ ပန္းေရာင္ေျပာင္းသြားသည့္ ကန္စြန္းဥမ်ားကိုစားခဲ့သည္။ မထင္မွတ္ပဲ အခုထိ သူဗိုက္မျပည့္နိုင္ေသးေပ။ သူ႕ဗိုက္ကို ပြတ္လိုက္ေသာ္လည္း လုံးလုံးေဖာင္းေနၿပီ။ ရႈက်င္ထ်န္း တိတ္တိတ္ေလး ေတြးလိုက္မိေလသည္။ သူ အသားစားရင္ေတာ့ ဗိုက္ျပည့္နိုင္ေကာင္းပါရဲ႕...

မနက္စာစားၿပီးေနာက္ ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို ေက်ာေပၚတင္ကာ လန္ယန္သစ္ေတာသို႔ အျမန္သြားခဲ့သည္။ ထိုေနရာသည္ ေရျပာငွက္မ်ိဳးစိတ္မ်ား၏ အဓိကေနထိုင္ရာေနရာျဖစ္ၿပီး ေရစပ္နားတြင္ ေနထိုင္သည့္ ငွက္မ်ိဳးစိတ္မ်ားစြာလည္း ေနထိုင္ၾကသည္။

လန္ယန္သစ္ေတာသည္ သူတို႔ေတာင္ႏွင့္ မေဝးလွ။ ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို သယ္ေဆာင္ၿပီး ေျမျပန႔္ဆီသို႔ ေျပးလႊားသြားကာ ဆယ္မိနစ္ထက္ မပိုေသာအခ်ိန္ျဖင့္ ပုံမွန္မဟုတ္ေသာ သစ္ပင္မ်ားႏွင့္ျပည့္ေနေသာ ေတာအုပ္ဆီသို႔ ေရာက္ရွိလာေလ၏။

နက္နဲၿပီးျပင္းထန္လွသည့္ လွိုင္းလုံးႀကီးမ်ား၏အသံက သူ႕နားဆီေရာက္လာၿပီး ထိုအရာကပင္ ဒီေတာအုပ္ဟာ ပင္လယ္ကမ္းရိုးတန္းနဲ႕ မေဝးဘူးလို႔ ၫႊန္ျပေနေလ၏။ ရႈက်င္ထ်န္းမွာ ပင္လယ္ေရ၏စိုစြတ္ေသာ ငန္ပ်ပ်ရနံ႕ကို အနံ႕ခံနိုင္လုနီးပါးပင္။

"ဒီမွာလား...?"

ရႈက်င္ထ်န္းသည္ သစ္ပင္ထိပ္ကိုၾကည့္ရန္ ေခါင္းကို ျမႇောက္လိုက္သည္။ ျမင့္မားလြန္းေသာသစ္ပင္မ်ားႏွင့္ အလြန္ထူထပ္ေသာသစ္ပင္ထိပ္မ်ားသည္ ငွက္သိုက္တစ္ခုကိုျမင္ေတြ႕ရန္ တားဆီးထားေသာ္လည္း ေျမျပင္ေပၚမွာေတာ့ ေရာင္စုံအေမြးအမွင္မ်ိဳးစုံကို ျမင္ေတြ႕ေနရဆဲျဖစ္သည္။

Ssss
ရႈဟန္ယြီက ခြၽန္ထက္ေသာ လွ်ာကို ထုတ္ကာ အျမင့္ဆုံးသစ္ပင္ကို ေ႐ြးခ်ယ္ၿပီးေနာက္ မိန္းမပ်ိဳေလးကို သူ႕အၿမီးႏွင့္ ျမႇောက္လိုက္သည္။

အာ! ငါ့ဘာသာ တက္လိုက္မယ္!"

ရႈက်င္ထ်န္းမွာ ဉာဏ္မရွိသူလို ေၾကာက္႐ြံ႕ေန၏။ ရႈဟန္ယြီက လိမၼာၿပီး ရဲရင့္သည္။ သြက္သြက္လက္လက္ႏွင့္ အထက္မွ လ်င္ျမန္စြာေလွ်ာဆင္းသြားသည္။ ဒါေပမယ့္ သူ႕ေနာက္ေက်ာက လႈပ္ေန၏။ထို႔ေၾကာင့္ ရႈက်င္ထ်န္းမွာ ဟန္ခ်က္ထိန္းဖို႔ခက္သလို ေခါင္းကလည္း မူးေဝေန၏။ သူ႕လုံၿခဳံမႈအတြက္ ေႁမြႀကီး၏ခႏၶာကိုယ္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ဖို႔ကလြဲလို႔ ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို ေျမႀကီးေပၚတြင္ တစ္ေယာက္တည္းထားခဲ့ရ၍ စိတ္မသက္မသာျဖစ္ေနၿပီး စိမ္းလန္းေသာသစ္ကိုင္းတစ္ကိုင္းကို ေ႐ြးခ်ယ္ကာ တင္ထားလိုက္သည္။

ရႈဟန္ယြီက သူ၏ေႁမြဦးေခါင္းကို ေနာက္ျပန္လွည့္ၿပီး ခက္ရင္းခြသ႑ာန္လွ်ာကို မိန္းမပ်ိဳေလးကို ထုတ္ျပလိုက္သည္။ ကိုယ့္ကိုေစာင့္ေန!

ရႈက်င္ထ်န္းမွာ ေျခလ်င္ေလွ်ာက္ေနေသာ္လည္း မူးေဝၿပီး မအီမသာျဖစ္ေနဆဲ။ သူျပန္ေကာင္းမလာခင္ သစ္ပင္ပင္စည္ကို ခဏမွီအိပ္လိုက္တယ္။

"ဟန္ယြီ မင္းအရင္တက္လိုက္။ ခဏနားၿပီးရင္ ငါလာခဲ့မယ္"
ရႈက်င္ထ်န္းသည္ သူ႕ရင္ဘတ္ကိုဖိလိုက္ၿပီး အန္ပစ္ခ်င္စိတ္ကို မ်ိဳသိပ္လိုက္သည္။

ရႈဟန္ယြီက  ေခါင္းညိတ္ လိုက္ ၿပီး အျမန္ တက္လိုက္ သည္ ။

ရႈက်င္ထ်န္းသည္ သစ္ပင္၏ပင္စည္ကို လက္ျဖင့္ေထာက္ကန္ထားၿပီး ထထိုင္လိုက္သည္။ ပြန္းပဲ့နာက်င္တဲ့ေဝဒနာက သူ႕ေပါင္ၾကားကေန ခ်က္ခ်င္းထလာၿပီး ေစာင္းေနတဲ့ ခႏၶာကိုယ္နဲ႕ ထိုင္ေန႐ုံနဲ႕ အဆုံးသတ္နိုင္ခဲ့တယ္။

" ဟူး ~ တကယ္ကို နာတာပဲ!"
ရႈဟန္ယြီ အနားတြင္မရွိေသာအခါ ရႈက်င္ထ်န္းက နာက်င္မႈကို လ်စ္လ်ဴရႈရန္ မစြမ္းသာေပ။ သူ႕ေနာက္ဆီမွခံစားခ်က္က သူတို႔ပထမဆုံးအႀကိမ္ထက္ ပိုထင္ရွားေသးသည္။ ရႈက်င္ထ်န္း ေမာ့ၾကည့္လိုက္ေတာ့ ရႈဟန္ယြီရဲ႕အရိပ္အေယာင္ မေတြ႕ရေတာ့သျဖင့္ သူ႕လက္ကိုေဘာင္းဘီထဲ ဂ႐ုတစိုက္ထည့္လိုက္ၿပီး တင္ပါးကိုထိလိုက္သည္။

ေတာ္ေတာ္ၾကာေတာ့ သူသိလိုက္ရတာက သူ႕ေနာက္ဘက္က စိုစြတ္ေနဆဲ။ ညင္သာစြာ ပြတ္တိုက္လိုက္ေသာအခါတြင္ ျပင္းထန္ေသာနာက်င္မႈတစ္ခု ထြက္ေပၚလာသည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း သူ႕အေနာက္ေပါက္က ပို၍ပင္က်ယ္လာသည္။ ရႈက်င္ထ်န္းမွာ သူ႕ဂႏၶမာပန္ေလးအတြက္ စိတ္ဆင္းရဲသြားေလ၏။

ထို႔ေနာက္ ရႈက်င္ထ်န္းသည္ သူ႕လက္ကို ႐ုပ္သိမ္းလိုက္သည္။ သူ သစ္ပင္ေပၚတက္ခါနီးမွာ ရႈဟန္ယြီက ျပန္လွည့္လာတယ္။ သူ႕ပါးစပ္ထဲမွာေတာ့ ဘတ္စကတ္ေဘာအ႐ြယ္ အညိုေရာင္ငွက္အသိုက္ကို ကိုက္ထားေလ၏။

"အရမ္းျမန္တာပဲ...ငွက္ဥေတြ တကယ္ရွိတယ္!"

ရႈက်င္ထ်န္းသည္  အလြန္စိတ္လႈပ္ရွားလာၿပီး ခ်က္ခ်င္းဆိုသလို ခုန္တက္ကာ ေျခတစ္လွမ္းလြဲလုနီးပါးျဖစ္သြားၿပီး သစ္ပင္ေပၚမွျပဳတ္က်သြားသည္။

ရႈဟန္ယြီသည္ အေျပးအလႊားဆင္းလာၿပီး သူ၏ေႁမြအၿမီးႏွင့္ မိန္းမပ်ိဳေလး၏ ပတ္ပတ္လည္ကို ရစ္ပတ္ကာဖမ္းလိုက္သည္။

ဟီးဟီး ငွက္ဥေတြကို ၾကည့္ရေအာင္
ရႈက်င္ထ်န္းက ရွက္႐ြံ႕စြာၿပဳံးလိုက္ၿပီး ရႈဟန္ယြီ၏ပါးစပ္ထဲက ငွက္ဥကို တည့္တည့္မတ္မတ္ စိုက္ၾကည့္ေနလိုက္သည္။

ရႈဟန္ယြီက မိန္းမပ်ိဳေလးအတြက္ ငွက္သိုက္ေပးလိုက္ေသာအခါတြင္ ထိုငွက္ဥေလးမ်ား၏ အနာဂတ္မ်ိဳးဆက္အတြက္ စိတ္ပူပင္မေနနိုင္ေပ။ သူသိတာက သူ႕ဇနီးေလးက ငွက္ဥစားတာ အရမ္းႀကိဳက္သည္သာ...

ငွက္သိုက္တြင္ ဥေျခာက္လုံးမွခုနစ္လုံးပါရွိၿပီး ငွက္ဥတစ္ခုစီ၏ အေရာင္သည္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ျဖစ္၏။ အခြံေပၚရွိ အျဖဴေရာင္အစက္အေျပာက္မ်ားမပါရွိပါက ၎တို႔သည္ ၾကက္ဥႏွင့္ အမွန္တကယ္တူေပလိမ့္မည္။

ရႈက်င္ထ်န္းသည္ ငွက္ဥကိုယူၿပီးေနာက္ ေျခသလုံးေပၚတြင္ အသိုက္ကိုတင္ကာ အကၤ်ီကိုခြၽတ္ၿပီး ငွက္ဥမ်ားျဖင့္ျဖည့္လိုက္သည္။

ရႈက်င္ထ်န္းက ရႈဟန္ယြီကို ၿပဳံးျပၿပီး
"ဥေတြကို ေသေသခ်ာခ်ာယူၿပီး ဒီအသိုက္ကို သူတို႔အတြက္ ျပန္ထားခဲ့မယ္။ ေကာင္းမြန္တဲ့အသိုက္တစ္ခု ရေအာင္လုပ္ဖို႔က လြယ္တဲ့အရာမဟုတ္ဘူး!"

ဒါကိုၾကားေတာ့ ရႈဟန္ယြီက မိန္းမပ်ိဳေလးကို နက္နဲစြာၾကည့္ကာ ငွက္ဥအသိုက္ကိုကိုက္ၿပီးေနာက္  သစ္ပင္ေပၚျပန္တက္သြားလိုက္သည္။

ဟမ္? ဘာလို႔ ထပ္တက္သြားတာလဲ။ ငါက ဒီမွာပဲ ငွက္သိုက္ကိုထားခဲ့ဖို႔ ရည္႐ြယ္ခဲ့တာကို!

သို႔ေသာ္ သူတက္သြားၿပီမို႔ ရႈက်င္က်န္းက ျပန္ဆင္းလာဖို႔မေတာင္းဆိုခဲ့ေပ။ အသိုက္ကို ဤေနရာတြင္ ထားခဲ့ပါက ငွက္ပိုင္ရွင္က အသိုက္ကို မလိုခ်င္ေတာ့တာ ျဖစ္နိုင္သည္။ ထို႔ေၾကာင့္ အသိုက္ကို ထိုေနရာတြင္ ထားခဲ့ျခင္းကပိုေကာင္းေပ၏။

ဤေနရာရွိ သစ္ပင္မ်ားမွာ အလြန္ႀကီးမားၿပီး ျမင့္ကာ ေကာင္းကင္သို႔ပင္ ေထာင္တက္ေနၾက၏။ သို႔ေသာ္ သစ္ပင္တစ္ပင္စီတြင္ အသိုက္တစ္ခုသာရွိသည္။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို အႀကိမ္ႀကိမ္အခါခါ  သစ္ပင္၏အလယ္တြင္ထားခဲ့ကာ ဥမ်ားကိုယူၿပီးေနာက္ ငွက္သိုက္ကို မူလေနရာသို႔ ျပန္ထားေပးခဲ့သည္။ သူတို႔သည္ သစ္ပင္ငါးပင္ကို ေရွ႕ဆင့္ေနာက္ဆင့္ တက္ခဲ့ၾကၿပီး ရႈက်င္ထ်န္း၏ ရွပ္အကၤ်ီတြင္ရွိေသာ ငွက္ဥပမာဏကလည္း အလုံးသုံးဆယ္မွ ေလးဆယ္ခန႔္အထိ ရွိေနၿပီျဖစ္သည္။

ထို႔ေနာက္ ရႈဟန္ယြီသည္ အျခားတစ္ေနရာသို႔ ေျပာင္းသြားၿပီး အျပာႏုေရာင္ရွိေသာ ပင္ေပါင္အ႐ြယ္ ဥမ်ားပါရွိသည့္ အသိုက္အခ်ိဳ႕ကို ေတြ႕ရွိခဲ့သည္။ ဤအသိုက္အနည္းငယ္ကပင္ သူတို႔အား ဥႏွစ္ဆယ္ေက်ာ္ရရွိေစခဲ့သည္။

မိုးရာသီေရာက္လာသည္ႏွင့္အမွ် ဤငွက္မ်ိဳးစိတ္မ်ား ေပါက္ေရာက္မည့္အခ်ိန္လည္းျဖစ္သည္။ မိန္းမပ်ိဳေလးက ဥမ်ားမ်ားစားခ်င္လွ်င္ ေနာက္ႏွစ္အထိေစာင့္ရေပလိမ့္မည္။

ဒါေပမယ့္ ရႈဟန္ယြီ၏အကၤ်ီက ငွက္ဥေတြကို ထပ္မထိန္းနိုင္ေတာ့ဘဲ အၾကာႀကီးထားထားရင္ ပ်က္စီးသြားမွာမို႔ ႏွစ္ေယာက္သား ရပ္လိုက္ၾကသည္။

ထို႔ေနာက္ ရႈဟန္ယြီသည္ ေတာနက္ႀကီးထဲတြင္ သားေကာင္ကို လိုက္ရွာၿပီး ျပန္လာခဲ့သည္။ သားေကာင္ကို အေရခြံခြာၿပီး ျမစ္ထဲမွာ ေဆးေၾကာသန႔္စင္ၿပီးမွ ေတာင္ေပၚမျပန္ခင္ ပင္လယ္ခြံကို ေရနဲ႕ ျပည့္ေစလိုက္သည္။

ရႈက်င္ထ်န္းသည္ ေလကိုရႉရွိုက္ရင္း သူ႕နဖူးတြင္မူ ေခြၽးမ်ားျဖင့္ ဖုံးလႊမ္းေန၏။ သူ႕ေနာက္ဘက္က နာက်င္မႈက ဆိုး႐ြားလွၿပီး သူလွမ္းလိုက္တိုင္း အဲဒီေနရာကို လႈံ႕ေဆာ္ေပးေနေသးသည္။ ရႈက်င္ထ်န္းအတြက္ ေတာင္တက္ရန္မွာ အထူးခက္ခဲေနေလ၏။

"အရမ္းပင္ပန္းတာပဲ! ဟန္ယြီ ငါအရင္သြားအိပ္ေတာ့မယ္!"
ရႈက်င္ထ်န္းက ေနာက္ဆုံးေတာ့ ေတာင္ေပၚကိုေရာက္လာၿပီး ခႏၶာကိုယ္မွ ႂကြက္သားတစ္ခုေလးပင္ မလႈပ္ခ်င္ေတာ့ဘဲ ကုတင္ေပၚ လဲက်သြားသည္။ သိပ္မၾကာခင္မွာပဲ သူ အိပ္ေပ်ာ္သြားေလ၏။

ရႈဟန္ယြီသည္ အိပ္ေပ်ာ္ေနေသာ မိန္းမပ်ိဳေလး၏ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာကို ခ်စ္စဖြယ္ထိေတြ႕ကာ သူ႕အနားကိုကပ္ၿပီး
ထ်န္းထ်န္း အိပ္ေတာ့ေနာ္...ကိုယ္ မင္းအတြက္ အသားဟင္းခ်က္လိုက္မယ္

ရႈဟန္ယြီမွာ တိုးညွင္းလွစြာေသာ ေဟာက္သံသဲ့သဲ့သာ ျပန္ၾကားလိုက္ရသည္...

~~~~~~

27/1/22(5:45PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...