အိတို🐻12
Zawgyi
မနက္ခင္းေဝလီေဝလင္းအခ်ိန္မွာေတာ့ အိတိုေလးတို႕မိသားစုေတြ တည္းခိုရမည့္ဟိုတယ္ေနရာသို႕ေရာက္လာခဲ့ေလျပီ။
ဟိုတယ္အထပ္ျမင့္အေဆာင္သစ္က မနက္ျဖန္မွတရားဝင္စဖြင့္မွာျဖစ္တာေႀကာင့္ တည္းခိုေဆာင္မွာရွိတဲ့သူေတြက ရွယ္ရာဝင္ေတြနဲ႕ သူတို႕ရဲ႕ အသိမိတ္ေဆြ ေဆြမ်ိဳးသားခ်င္းမ်ားသာျဖစ္သည္။
ကမၻာညိမ္းတို႕ေရာက္လာတာျမင္တာနဲ႔ ဧည့္ႀကိဳအဖြဲဝင္ ဆယ္ေယာက္ေလာက္က အေျပးအလႊားလာေရာက္ႀကိဳဆိုႀကေတာ့သည္။
အဲ့ဒီအခ်ိန္မွာ ပန္းေရာင္ဂါဝန္ေလးဝတ္ထားတဲ့ ေကာင္းျမတ္လြန္းက ဂါဝန္စေလးကို ဆြဲဆြဲခ်ရင္း မေနတက္ျဖစ္ေနေလသည္။
(စိတ္ညစ္လိုက္တာ။ ငါဘာစိတ္ရူးေပါက္ျပီး ဒီလူႀကီးေတာင္းဆိုတာကို လိုက္ေလ်ာမိတာပါလိမ့္။ ငါ့ရဲ႕ အလြန္႔အလြန္ စမတ္က်ျပီး ခန္႕ညားတဲ့ပံုရိပ္ကို ဒီလိုပံုစံနဲ႕ဖံုးကြယ္ထားရမွလား။ ဘာလို႔လဲ … ဒီမွာရွိေနတဲ့ ဧည့္ႀကိဳေကာင္မေလးေတြကအစ ခ်စ္ခ်င္စရာေလးေတြႀကီးပဲကို အခုေတာ့ ငါဘယ္လို ပေရာပရီ လုပ္လို႔ရေတာ့မွာလဲ။ အား … ဒီဂါဝန္ႀကီးကိုေကာ ဘယ္အခ်ိန္ထိဝတ္ထားရဦးမွာလဲ။ ျပီးေတာ့ မေတာ္တဆမ်ား ငါေယာက္်ားေလးဆိုတာေပၚသြားရင္ … မျဖစ္ဘူး … ေပၚသြားရင္ … )
ေကာင္းျမတ္လြန္းက စကၠန္႔ပိုင္းေလးအတြင္းမွာကို အေတြ႕ထဲမွာ တစ္ေယာက္တည္းစကားေတြေျပာရင္း ကမၻာပ်က္သလိုျဖစ္ေနသည္။
ကမၻာညိမ္းက ေကာင္းျမတ္လြန္းရဲ႕ စိတ္ရႈပ္ေနပံုရတဲ့ အမူအရာကိုျမင္သြားတာနဲ႕ ေကာင္းျမတ္လြန္းအနားသို႕ကပ္ျပီး လက္ေလးကို ဆုပ္ကိုင္ေပးထားလိုက္သည္။
ရုတ္တရက္မို႕ အလန္႔တႀကားေမာ့ႀကည့္လာတဲ့ ေကာင္းျမတ္လြန္းကို ကမၻာညိမ္းက "အဆင္ေျပတယ္ ဘာမွမျဖစ္ဘူး" ဆိုတဲ့ပံုစံနဲ႕ ႀကည့္ရင္းႏွစ္သိမ့္ေပးေနသည္။
အဲ့လိုပဲ အိတိုေလးကလည္း ေကာင္းျမတ္လြန္းဂါဝန္စကိုဆြဲျပီး
"မာမား … အိတိုကိုခ်ီ"
ေကာင္းျမတ္လြန္းသည္ ပတ္ဝန္းက်င္ကို လ်စ္လ်ွဴရႈပစ္လိုက္ဖို႔အတြက္ အိတိုေလးကိုသာဂရုစိုက္ေပးေနဖို႔ ဆံုးျဖတ္လိုက္ျပီး ဝက္ဝံေပါက္ေလးအိတိုရဲ႕ နင့္ေနေအာင္လံုးတစ္ေနတဲ့ကိုယ္ေလးကိုေပြ႕ခ်ီပစ္လိုက္ေတာ့သည္။
အိတိုေလးကိုခ်ီလိုက္တဲ့အခ်ိန္မွာပဲ ပန္းေရာင္ဂါဝန္ေအာက္အနားစေလးက အိတိုေလးကိုယ္နဲ႕ကပ္ျပီးအေပၚလိပ္တက္သြားတာေႀကာင့္ ကမၻာညိမ္းက ေကာင္းျမတ္လြန္းအေရွ႕မွာခ်က္ခ်င္းပိတ္ရပ္လိုက္ျပီး ဂါဝန္စကို မသိမသာနဲ႕ ျပန္ဆြဲခ်ေပးလိုက္သည္။
ေပါင္သားကို ရွပ္တိုက္သြားတဲ့ တဒဂၤအထိအေတြ႕တစ္ခုေႀကာင့္ ေကာင္းျမတ္လြန္းကိုယ္ေပၚက ေမႊးညွင္းေလးမ်ား ေထာင္တက္လာလို ခံစားလိုက္ရသည္။
အိတိုေလးကေတာ့ မ်က္ေတာင္ေလးေတြ ေပကလပ္ေပကလပ္နဲ႕ လိပ္ျပာလႊင့္သလိုျဖစ္သြားတဲ့ ေကာင္းျမတ္လြန္းပါးေလးကို ျပြတ္ခနဲ႕ျမည္ေအာင္နမ္းျပီး နားနားကပ္ကာ
"မာမား … အရမ္းလွတယ္သိလား အကုန္လံုးက မာမားကိုပဲႀကည့္ေနႀကတာသိလား အရမ္းလွေနလို႔ေလ"
အိတိုေလးေျပာမွာ ေကာင္းျမတ္လြန္းတစ္ေယာက္ သူ႔မ်က္လံုးေတြကို ေဝွ႕ဝဲႀကည့္လိုက္မိေတာ့ သည္။ အမွန္တကယ္ကိုပဲ ဟိုတယ္ထဲရွိဝန္ထမ္းေတြအားလံုးက သူ႔ကိုပဲႀကည့္ေနႀကတာကို ျမင္လိုက္ရတာေႀကာင့္
ခ်က္ခ်င္းကိုပဲ ပါးေလးနဲ႕ နားရြက္ေလးေတြပါ ရဲတက္လာေတာ့သည္။
ကမၻာညိမ္းက ေကာင္းျမတ္လြန္းရဲ႕ ပန္းေရာင္သန္းလာတဲ့ မ်က္ႏွာေလးကို ျမင္လိုက္ရသည္ႏွင့္ ေခ်ာင္တစ္ခ်က္ဟန္႔ျပီး အႀကည့္ေတြအားလံုးကိုဖယ္ရွားပစ္လိုက္သည္။
ဟိုတယ္ကဝန္ထမ္းေတြကလဲ ကမၻာညိမ္းရဲ႕ေႀကာက္စရာေကာင္းျပီး ခက္ထန္တဲ့အႀကည့္ေတြေႀကာင့္ လန္႕ျဖန္႕ျပီး လုပ္စရာရွိတာဆက္လုပ္ေနႀကသည္။
"ညိမ္း …"
ရႊင္လန္းတက္ႀကြတဲ့အသံႏွင့္အတူ ထြက္ေပၚလာတဲ့ ေဒါက္ဖိနပ္သံက တစ္ေဒါက္ေဒါက္နဲ႕ ေဝးရာမွ နီးလာသလို။
ေျခခ်င္းဝတ္နားမွ ဝတ္စံုအနားစေတြက သြက္လက္လွတဲ့ ေျခတံသြယ္သြယ္ေလးေတြရဲ႕ လႈပ္ရွားမႈေႀကာင့္ ေအာက္ေျခမွာတဖ်တ္ဖ်တ္ခါေနေလသည္။
"တို႔ကမနက္ကတည္းကေမ်ွာ္ေနတာ အေစာပိုင္းေလးတင္ကမွ ကိစၥေလးတစ္ခုေပၚလာလို႕ အေပၚတက္သြားလိုက္တာ ေတြ႔ရတာဝမ္းသာပါတယ္ေနာ္"
အနားမေရာက္ခင္ကတည္းက ခ်ိဳအိလြန္းတဲ့အသံနဲ႕စကားေျပာလာတဲ့ အမ်ိဳးသမီးက ကမၻာညိမ္းေရွ႕အေရာက္မွာေတာ့ လက္ေလးတစ္ဖက္ကမ္းကာ ႏႈတ္ဆက္လာသည္။
ကမၻာညိမ္းကလည္း လိုက္ေလ်ာညီေထြျဖစ္ေအာင္ သူမရဲ႕လက္ဖ်ားေလးကိုသာ ဖ်တ္ခနဲထိျပီး လက္ကိုျပန္ရုပ္လိုက္သည္။
ထို႔ေနာက္ ကမၻာညိမ္းက ေကာင္းျမတ္လြန္းခါးကိုလွမ္းဖက္လိုက္ျပီး
"မဇင္မိုးျမင့္ … ဒီဘက္က ကြ်န္ေတာ့ လက္တြဲေဖာ္ နာမည္က ျမတ္ တဲ့။
ကိုယ့္အခ်စ္ … ဒီဘက္က ကိုယ္ေျပာျပထားတဲ့ ဒီဟိုတယ္ရဲ႕ ရွယ္ယာအမ်ားဆံုးရွယ္ယာပိုင္ရွင္ နာမည္က ေဒၚဇင္မိုးျမင္တဲ့"
"ဟုတ္ကဲ့ေတြ႕ရတာဝမ္းသာပါတယ္"
"ဟုတ္ကဲ့"
ေကာင္းျမတ္လြန္းသည္ ေခါင္းအသာညိတ္ျပျပီး ဟုတ္ကဲ့ ဆိုတဲ့ စကားကိုေတာင္ မပြင္တပြင့္နဲ႕သာေျပာျဖစ္လိုက္သည္။
ကမၻာညိမ္းက ေကာင္းျမတ္လြန္းကို မလိုအပ္ပဲ စကားအမ်ားႀကီးမေျပာတာေကာင္းတယ္လို႕မွာထားတာေႀကာင့္ ေကာင္းျမတ္လြန္းက တက္နိုင္သေလာက္ႏႈတ္ဆိတ္ေနဖို႕သာဆံုးျဖတ္ထားသည္။
အဲ့တာကို တစ္ဖက္က အမ်ိဳးသမီးက သေဘာမက်ဟန္ျဖင့္
"ျမတ္က စကားနည္းတာလား ဒါမွမဟုတ္ …"
"သူကအေနေအးလို႕ပါ ျပီးေတာ့ ကြ်န္ေတာ္ကလည္း ကြ်န္ေတာ္ကလြဲျပီး အျခားသူနဲ႕စကားေျပာတာသိပ္မႀကိဳက္မွန္းသိေနတာေႀကာင့့္ပါ။"
ကမၻာညိမ္းက ခပ္ဟဟေလးရယ္ျပီးေျပာေနတာေႀကာင့္ ဇင္မိုးျမင့္ဆိုတဲ့အမ်ိဳးသမီးကလည္း မျပံဳးခ်င္ျပံဳးခ်င္နဲ႕ျပံဳးကာ
"ညိမ္းတို႔ႏွစ္ေယာက္က အရမ္းသင့္ျမတ္တဲ့ပံုပဲေနာ္"
"dad … မာမားပင္ပန္းေနေတာ့မယ္"
အိတိုေလးက ႏႈတ္ခမ္းေလးစူျပီးေျပာလာတာေႀကာင့္ ကမၻာညိမ္းကလဲ
"ဟုတ္တာေပါ့ မာမားပင္ပန္ေနေလာက္ျပီ"
လို႕ေျပာျပီး ေကာင္းျမတ္လြန္း နားထင္နားေလးကို မထိတထိလွမ္းနမ္းလိုက္သည္။
ေကာင္းျမတ္လြန္းခင္ဗ်ာ ကမၻာညိမ္းရဲ႕ အသားယူမႈေႀကာင့္ မ်က္ဝန္းေတာက္ေတာက္ေလးေတြက နဂိုကထက္ပိုဝိုင္းစက္လာျပီး ကမၻာညိမ္းကိုႀကည့္လိုက္ ေဒၚဇင္မိုးျမင့္ဆိုတဲ့ အမ်ိဳးသမီးႀကည့္လိုက္လုပ္ေနမိသည္။
ဇင္မိုးျမင့္ဆိုတဲ့ အမ်ိဳးသမီးကေတာ့ အိတိုေလးရဲ႕ "မာမား" ဆိုတဲ့ ေခၚသံႀကားလိုက္ရကတည္းက အျပံဳးေတြပ်ာက္ကြယ္သြားရျပီး ေနာက္ထပ္ ကမၻာညိမ္းရဲ႕ အျပဳအမႈကိုထပ္ျမင္လိုက္ရေတာ့ ခ်က္ခ်င္းကို မ်က္စိေကာ မ်က္ႏွာေကာပ်က္သြားေတာ့သည္။
"ကြ်န္ေတာ္တို႕ အခန္းအရင္ဝင္လိုက္လို႕ျဖစ္တယ္မဟုတ္လား"
"ျဖစ္ … ျဖစ္ပါတယ္ ဝန္ထမ္းတစ္ေယာက္ကိုပို႕ခိုင္းလိုက္ပါမယ္"
အဲ့ဒီေနာက္မွာေတာ့ ဟိုတယ္ဝန္ထမ္းတစ္ေယာက္ရဲ႕ လမ္းညႊန္မႈနဲ႔ အေပၚဆံုးအလႊာက V.I.P ေတြအတြက္ သီးသန္႕ထားရွိတဲ့ အခန္းငါးခန္းထဲက တစ္ခန္းသို႕ေရာက္ရွိသြားေတာ့သည္။
အခန္းထဲေရာက္ေတာ့ သူတို႕ရဲ႕ အထုပ္ေတြအားလံုးက အခန္းထဲေရာက္ႏွင့္ေနျပီးသားျဖစ္ေနသည္။
အိတိုေလးကေတာ့ ေကာင္းျမတ္လြန္းကိုယ္ေပၚကဆင္းျပီး ေကာင္းျမတ္လြန္းလက္ကိုကိုင္ကာ အခန္းထဲပတ္ႀကည့္ေနေတာ့သည္။
အဲ့ဒီအခ်ိန္မွာပဲ ကမၻာညိမ္းက လိုက္ကာစကိုဆြဲဖြင့္လိုက္တာေႀကာင့္ အခန္းထဲသို႕ မနက္ခင္းေနေရာင္ျခည္က လြႊမ္းျခံဳဝင္ေရာက္လာေတာ့သည္။
"wow …"
အိတိုေလးနဲ႔ ေကာင္းျမတ္လြန္းဆီက အသံျပိဳင္တူထြက္လာႀကျပီး မွန္ျပတင္းနားသို႕ေျပးကပ္ကာ အေဝးကလွမ္းျမင္ေနတဲ့ မ်က္စိတစ္ဆံုး ျဖန္႔က်က္ထားတဲ့ ပင္လယ္ရႈခင္းတစ္ခုလံုးကို တဝႀကီးေငးေမာႀကည့္ေနႀကေတာ့သည္။
"ကြ်န္ေတာ္ လိုက္လာတာမွန္သြားတာပဲ"
ေကာင္းျမတ္လြန္းရဲ႕အသံေတြက သိသိသာသာတက္ႀကြျပီးရႊင္လန္းေနသည္။
အဲ့ဒီအခ်ိန္မွာပဲ အိတိုေလးက မွန္းျပတင္းေပါက္ကိုေက်ာေပးလိုက္ျပီး ကမၻာညိမ္းကို ေသခ်ာႀကည္ကာ
"dad … ပင္လယ္ႀကီး နဲ႔ မာမား ဘယ္ဟာပိုလွလဲ"
အရင္ဆံုးပင္လယ္ဘက္ကို လက္ညိဳးထိုးျပျပီး ေနာက္တစ္ဖန္ ေကာင္းျမတ္လြန္းကို လက္ညိဳးထိုးျပကာ ေမးလိုက္တဲ့ အိတိုေလး။
"အိတိုကေကာ …"
ကမၻာညိမ္းက အိတိုေလးဘက္လွည့္ကာျပန္ေမးလိုက္သည္။
"dad … အိတိုေလးအရင္ေမးတာေလ"
အိတိုေလးက ခါးေလးႏွစ္ဖက္ေထာက္ျပီး မႈံကုပ္ကုပ္ရုပ္ေလးနဲ႕ေျပာလာတာေႀကာင့္ ကမၻာညိမ္းသေဘာတက်ရယ္မိလိုက္သည္။
ေကာင္းျမတ္လြန္းကလည္း အိတိုေလးတို႕ သားအဖေတြေျပာေနတာေတြကို ႀကားေနရတာေႀကာင့္ ဘာရယ္မဟုတ္ ကမၻာညိမ္းဆိုတဲ့ လူႀကီးကို က်ပ္ခ်င္တာေႀကာင့္ သူပါဝင္ျပီးေမးေတာ့သည္။
"ေျပာႀကည့္ပါဦး ကြ်န္ေတာ္လား ပင္လယ္ႀကီးလား"
" ေသ ခ်ာ ေပါက္ ကိုယ့္အခ်စ္ေလးကပိုလွတာေပါ့"
ကမၻာညိမ္းရဲ႕ ရိသ့ဲသ့ဲျပန္ေျဖပံုေႀကာင့္ ေကာင္းျမတ္လြန္းတစ္ေယာက္ သူ႕ကိုယ္သူမထိန္းခ်ဳပ္နိူင္ေတာ့ပဲ သတိလက္လြတ္ျဖင့္ လက္ခလယ္တစ္ေခ်ာင္းေထာင္ျပလိုက္မိသည္။
ျပီးမွ သူ႔ကိုယ္သူ ဘာလုပ္လိုက္မိလဲဆိုတာ သတိျပန္ဝင္သြားျပီး
" ဟိုဟာ … အဲ့တာ … ကြ်န္ေတာ္ …"
"ရပါတယ္ ကိုယ့္အခ်စ္ေလးက အရမ္းရွက္လို႕ျဖစ္သြားတာပဲ ကိုယ္ေဗြမယူပါဘူး"
ေကာင္းျမတ္လြန္း ႏႈတ္ခမ္းမ်ားေစ့ေစ့ပိတ္ကာ ေအာက္ႏႈတ္ခမ္းကို အတြင္းမွဖိကိုက္ျပီး ကမၻာညိမ္းကို မ်က္လံုးလန္ႀကည္လာသည္။
ကမၻာညိမ္းကေတာ့ ေကာင္းျမတ္လြန္းကိုစရတာကို အေတာ္ေလး သေဘာေတြ႕ကာ ျပံဳးျဖီးေနသည္။
"မာမား …… အိတိုေလးကလည္း … မာမား … ပိုလွတယ္လို႔ … ေျပာမလိုပါေနာ္ … ။ dad… ဘာေျပာမလဲ … သိခ်င္လို႕ … dad ကို … အရင္ … ေမးလိုက္တာ။ မာမားက … dad ကို … အိတိုထက္ … ပိုခ်စ္သြားလို႔မျဖစ္ဘူးေနာ္"
လက္ညိဳးေလးတစ္ေခ်ာင္းေထာင္ကာ ဘယ္ညာယိမ္းျပျပီး ေကာင္းျမတ္လြန္းကို ကပ္ခြ်ဲေနတဲ့ အိတိုေလးက သူ႕ထက္ သူ႕ဒယ္ဒီကို သူ႕မာမားက ပိုခ်စ္သြားမွာကို မလိုလားဟန္ရွိသည္။
"အမယ္ေလး မာမားက အိတိုေလးကိုပဲခ်စ္တာပါဗ်ာ"
အိတိုေလးကိုေကာက္ခ်ီျပီး အာဘြားေတြေပးလိုက္ေတာ့ အိတိုေလးဆီက တခစ္ခစ္ရယ္သံေလးေတြထြက္လာျပီး ကမၻာညိမ္းကိုလည္း ျပံဳးစိစိရုပ္ေလးနဲ႔ လွမ္းျပီး လွ်ာထုတ္ေျပာင္းျပေနေသးသည္။
အိတိုေလးနဲ႕ အခ်စ္နလန္ထလို႕ဝကာမွာ ခုတင္ေပၚ ပစ္လွဲလိုက္ျပီး …
"ကြ်န္ေတာ္ အက်ီၤလဲလို႔ရျပီလား"
"ရတာေပါ့ သက္ေသာင့္သက္သာျဖစ္မယ့္ဟာတစ္ခုခုလဲဝတ္လိုက္ေလ ကိုယ္မင္းတို႕စားဖို႕ တစ္ခုခုစီစဥ္လိုက္ဦးမယ္"
"မာမား … အိတိုေလးကိုလဲ လဲေပး"
ေကာင္းျမတ္လြန္းလည္း အိတိုေလးကို ပုခံုးေပၚထမ္းတင္လိုက္ျပီး
"အက်ီၤသြားလဲႀကမယ္" ဟုေအာ္ကာ လက္ေက့နားသို႕ေျပးသြားေတာ့သည္။
ထိုေနာက္ ေရခ်ိဳးခန္းထဲေတာင္မဝင္ေတာ့ပဲ ခုတင္ေဘးမွာပဲ အက်ီၤခ်ြတ္ေနႀကေတာ့သည္။
ကမၻာညိမ္းကေတာ့ ခ်စ္စရာေကာင္းတဲ့ အေကာင္းေပါက္ေလးေတြကိုႀကည့္ရင္း ေခါင္းတခါခါနဲ႕ အခန္းထဲက ထြက္သြားေတာ့သည္။
ေနာက္ဆံုးမွာေတာ့ အိတိုေလးနဲ႕ ေကာင္းျမတ္လြန္းတို႕ အဝါေရာင္ ရွပ္လက္တို နဲ႕ ေဘာင္းဘီတို အျဖဴေရာင္ေလးကို ဆင္တူေရြးဝတ္လိုက္ႀကသည္။
သူတို႕မွာ အဲ့လိုဆင္တူဝတ္စံုေတြ ဆယ္စံုမကရွိသည္။ ေသခ်ာတာက ကမၻာညိမ္းကိုယ္တိုင္ ဝယ္ေပးထားျခင္းျဖစ္သည္။
အဝတ္အစားလဲျပီးေပါ့ေပါပါးပါးျဖစ္သြားႀကတဲ့ အိတိုေလးတို႕ႏွစ္ေယာက္လံုးက ခုတင္ေပၚေျခပစ္လက္ပစ္လွဲခ်ကာ ေျခကားယား လက္ကယားျဖင့္ အိပ္ေနလိုက္ႀကသည္။
"မာမား … dad မလာခင္ ခဏအိပ္ႀကမလား"
"အင္း ……"
အိတိုေလးက ခ်က္ခ်င္းကို ေကာင္းျမတ္လြန္းကိုယ္ေပၚခြတက္ျပီး ရင္ဘက္ေပၚ ကားယားေလးေမွာက္အိပ္ေတာ့သည္။
ေကာင္းျမတ္လြန္းကလည္း သူ႕ကိုယ္ေပၚေမွာက္အိပ္ေနတဲ့ အိတိုေလးကို လက္တစ္ဖက္နဲ႕ျပန္ဖက္ေပးထားျပီး တျဖည္းျဖည္းနဲ႕ အိပ္ေပ်ာ္သြားႀကေတာ့သည္။
အခန္းထဲျပန္ေရာက္လာတဲ့ ကမၻာညိမ္းက ခုတင္ေပၚမွာ အိပ္ေပၚေနႀကတဲ့ ခ်စ္စရာေကာင္းတဲ့ လူသားေလးႏွစ္ေယာက္ကိုေတြ႕တာနဲ႕ ဖုန္းကိုဖြင့္ကာ အမွတ္တရဓာတ္ပံုတစ္ပံုရိုက္ယူလိုက္ေတာ့သည္။
ထို႔ေနာက္သန္႕စင္ခန္းထဲသို႕ဝင္ကာ အိတိုေလးတို႕နဲ႕ အနီးစပ္ဆံုးတူမယ့္ အက်ၤီနဲ႕ေဘာင္းဘီကို လဲဝတ္လိုက္သည္။
T.B.C 🐻
11:01PM(Sun)
23.01.2022
G14
အိတို🐻12
Unicode
မနက်ခင်းဝေလီဝေလင်းအချိန်မှာတော့ အိတိုလေးတို့မိသားစုတွေ တည်းခိုရမည့်ဟိုတယ်နေရာသို့ရောက်လာခဲ့လေပြီ။
ဟိုတယ်အထပ်မြင့်အဆောင်သစ်က မနက်ဖြန်မှတရားဝင်စဖွင့်မှာဖြစ်တာကြောင့် တည်းခိုဆောင်မှာရှိတဲ့သူတွေက ရှယ်ရာဝင်တွေနဲ့ သူတို့ရဲ့ အသိမိတ်ဆွေ ဆွေမျိုးသားချင်းများသာဖြစ်သည်။
ကမ္ဘာညိမ်းတို့ရောက်လာတာမြင်တာနဲ့ ဧည့်ကြိုအဖွဲဝင် ဆယ်ယောက်လောက်က အပြေးအလွှားလာရောက်ကြိုဆိုကြတော့သည်။
အဲ့ဒီအချိန်မှာ ပန်းရောင်ဂါဝန်လေးဝတ်ထားတဲ့ ကောင်းမြတ်လွန်းက ဂါဝန်စလေးကို ဆွဲဆွဲချရင်း မနေတက်ဖြစ်နေလေသည်။
(စိတ်ညစ်လိုက်တာ။ ငါဘာစိတ်ရူးပေါက်ပြီး ဒီလူကြီးတောင်းဆိုတာကို လိုက်လျောမိတာပါလိမ့်။ ငါ့ရဲ့ အလွန့်အလွန် စမတ်ကျပြီး ခန့်ညားတဲ့ပုံရိပ်ကို ဒီလိုပုံစံနဲ့ဖုံးကွယ်ထားရမှလား။ ဘာလို့လဲ … ဒီမှာရှိနေတဲ့ ဧည့်ကြိုကောင်မလေးတွေကအစ ချစ်ချင်စရာလေးတွေကြီးပဲကို အခုတော့ ငါဘယ်လို ပရောပရီ လုပ်လို့ရတော့မှာလဲ။ အား … ဒီဂါဝန်ကြီးကိုကော ဘယ်အချိန်ထိဝတ်ထားရဦးမှာလဲ။ ပြီးတော့ မတော်တဆများ ငါယောက်ျားလေးဆိုတာပေါ်သွားရင် … မဖြစ်ဘူး … ပေါ်သွားရင် … )
ကောင်းမြတ်လွန်းက စက္ကန့်ပိုင်းလေးအတွင်းမှာကို အတွေ့ထဲမှာ တစ်ယောက်တည်းစကားတွေပြောရင်း ကမ္ဘာပျက်သလိုဖြစ်နေသည်။
ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းရဲ့ စိတ်ရှုပ်နေပုံရတဲ့ အမူအရာကိုမြင်သွားတာနဲ့ ကောင်းမြတ်လွန်းအနားသို့ကပ်ပြီး လက်လေးကို ဆုပ်ကိုင်ပေးထားလိုက်သည်။
ရုတ်တရက်မို့ အလန့်တကြားမော့ကြည့်လာတဲ့ ကောင်းမြတ်လွန်းကို ကမ္ဘာညိမ်းက "အဆင်ပြေတယ် ဘာမှမဖြစ်ဘူး" ဆိုတဲ့ပုံစံနဲ့ ကြည့်ရင်းနှစ်သိမ့်ပေးနေသည်။
အဲ့လိုပဲ အိတိုလေးကလည်း ကောင်းမြတ်လွန်းဂါဝန်စကိုဆွဲပြီး
"မာမား … အိတိုကိုချီ"
ကောင်းမြတ်လွန်းသည် ပတ်ဝန်းကျင်ကို လျစ်လျှူရှုပစ်လိုက်ဖို့အတွက် အိတိုလေးကိုသာဂရုစိုက်ပေးနေဖို့ ဆုံးဖြတ်လိုက်ပြီး ဝက်ဝံပေါက်လေးအိတိုရဲ့ နင့်နေအောင်လုံးတစ်နေတဲ့ကိုယ်လေးကိုပွေ့ချီပစ်လိုက်တော့သည်။
အိတိုလေးကိုချီလိုက်တဲ့အချိန်မှာပဲ ပန်းရောင်ဂါဝန်အောက်အနားစလေးက အိတိုလေးကိုယ်နဲ့ကပ်ပြီးအပေါ်လိပ်တက်သွားတာကြောင့် ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းအရှေ့မှာချက်ချင်းပိတ်ရပ်လိုက်ပြီး ဂါဝန်စကို မသိမသာနဲ့ ပြန်ဆွဲချပေးလိုက်သည်။
ပေါင်သားကို ရှပ်တိုက်သွားတဲ့ တဒင်္ဂအထိအတွေ့တစ်ခုကြောင့် ကောင်းမြတ်လွန်းကိုယ်ပေါ်က မွှေးညှင်းလေးများ ထောင်တက်လာလို ခံစားလိုက်ရသည်။
အိတိုလေးကတော့ မျက်တောင်လေးတွေ ပေကလပ်ပေကလပ်နဲ့ လိပ်ပြာလွှင့်သလိုဖြစ်သွားတဲ့ ကောင်းမြတ်လွန်းပါးလေးကို ပြွတ်ခနဲ့မြည်အောင်နမ်းပြီး နားနားကပ်ကာ
"မာမား … အရမ်းလှတယ်သိလား အကုန်လုံးက မာမားကိုပဲကြည့်နေကြတာသိလား အရမ်းလှနေလို့လေ"
အိတိုလေးပြောမှာ ကောင်းမြတ်လွန်းတစ်ယောက် သူ့မျက်လုံးတွေကို ဝှေ့ဝဲကြည့်လိုက်မိတော့ သည်။ အမှန်တကယ်ကိုပဲ ဟိုတယ်ထဲရှိဝန်ထမ်းတွေအားလုံးက သူ့ကိုပဲကြည့်နေကြတာကို မြင်လိုက်ရတာကြောင့်
ချက်ချင်းကိုပဲ ပါးလေးနဲ့ နားရွက်လေးတွေပါ ရဲတက်လာတော့သည်။
ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းရဲ့ ပန်းရောင်သန်းလာတဲ့ မျက်နှာလေးကို မြင်လိုက်ရသည်နှင့် ချောင်တစ်ချက်ဟန့်ပြီး အကြည့်တွေအားလုံးကိုဖယ်ရှားပစ်လိုက်သည်။
ဟိုတယ်ကဝန်ထမ်းတွေကလဲ ကမ္ဘာညိမ်းရဲ့ကြောက်စရာကောင်းပြီး ခက်ထန်တဲ့အကြည့်တွေကြောင့် လန့်ဖြန့်ပြီး လုပ်စရာရှိတာဆက်လုပ်နေကြသည်။
"ညိမ်း …"
ရွှင်လန်းတက်ကြွတဲ့အသံနှင့်အတူ ထွက်ပေါ်လာတဲ့ ဒေါက်ဖိနပ်သံက တစ်ဒေါက်ဒေါက်နဲ့ ဝေးရာမှ နီးလာသလို။
ခြေချင်းဝတ်နားမှ ဝတ်စုံအနားစတွေက သွက်လက်လှတဲ့ ခြေတံသွယ်သွယ်လေးတွေရဲ့ လှုပ်ရှားမှုကြောင့် အောက်ခြေမှာတဖျတ်ဖျတ်ခါနေလေသည်။
"တို့ကမနက်ကတည်းကမျှော်နေတာ အစောပိုင်းလေးတင်ကမှ ကိစ္စလေးတစ်ခုပေါ်လာလို့ အပေါ်တက်သွားလိုက်တာ တွေ့ရတာဝမ်းသာပါတယ်နော်"
အနားမရောက်ခင်ကတည်းက ချိုအိလွန်းတဲ့အသံနဲ့စကားပြောလာတဲ့ အမျိုးသမီးက ကမ္ဘာညိမ်းရှေ့အရောက်မှာတော့ လက်လေးတစ်ဖက်ကမ်းကာ နှုတ်ဆက်လာသည်။
ကမ္ဘာညိမ်းကလည်း လိုက်လျောညီထွေဖြစ်အောင် သူမရဲ့လက်ဖျားလေးကိုသာ ဖျတ်ခနဲထိပြီး လက်ကိုပြန်ရုပ်လိုက်သည်။
ထို့နောက် ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းခါးကိုလှမ်းဖက်လိုက်ပြီး
"မဇင်မိုးမြင့် … ဒီဘက်က ကျွန်တော့ လက်တွဲဖော် နာမည်က မြတ် တဲ့။
ကိုယ့်အချစ် … ဒီဘက်က ကိုယ်ပြောပြထားတဲ့ ဒီဟိုတယ်ရဲ့ ရှယ်ယာအများဆုံးရှယ်ယာပိုင်ရှင် နာမည်က ဒေါ်ဇင်မိုးမြင်တဲ့"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့"
ကောင်းမြတ်လွန်းသည် ခေါင်းအသာညိတ်ပြပြီး ဟုတ်ကဲ့ ဆိုတဲ့ စကားကိုတောင် မပွင်တပွင့်နဲ့သာပြောဖြစ်လိုက်သည်။
ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းကို မလိုအပ်ပဲ စကားအများကြီးမပြောတာကောင်းတယ်လို့မှာထားတာကြောင့် ကောင်းမြတ်လွန်းက တက်နိုင်သလောက်နှုတ်ဆိတ်နေဖို့သာဆုံးဖြတ်ထားသည်။
အဲ့တာကို တစ်ဖက်က အမျိုးသမီးက သဘောမကျဟန်ဖြင့်
"မြတ်က စကားနည်းတာလား ဒါမှမဟုတ် …"
"သူကအနေအေးလို့ပါ ပြီးတော့ ကျွန်တော်ကလည်း ကျွန်တော်ကလွဲပြီး အခြားသူနဲ့စကားပြောတာသိပ်မကြိုက်မှန်းသိနေတာကြောင့်ပါ။"
ကမ္ဘာညိမ်းက ခပ်ဟဟလေးရယ်ပြီးပြောနေတာကြောင့် ဇင်မိုးမြင့်ဆိုတဲ့အမျိုးသမီးကလည်း မပြုံးချင်ပြုံးချင်နဲ့ပြုံးကာ
"ညိမ်းတို့နှစ်ယောက်က အရမ်းသင့်မြတ်တဲ့ပုံပဲနော်"
"dad … မာမားပင်ပန်းနေတော့မယ်"
အိတိုလေးက နှုတ်ခမ်းလေးစူပြီးပြောလာတာကြောင့် ကမ္ဘာညိမ်းကလဲ
"ဟုတ်တာပေါ့ မာမားပင်ပန်နေလောက်ပြီ"
လို့ပြောပြီး ကောင်းမြတ်လွန်း နားထင်နားလေးကို မထိတထိလှမ်းနမ်းလိုက်သည်။
ကောင်းမြတ်လွန်းခင်ဗျာ ကမ္ဘာညိမ်းရဲ့ အသားယူမှုကြောင့် မျက်ဝန်းတောက်တောက်လေးတွေက နဂိုကထက်ပိုဝိုင်းစက်လာပြီး ကမ္ဘာညိမ်းကိုကြည့်လိုက် ဒေါ်ဇင်မိုးမြင့်ဆိုတဲ့ အမျိုးသမီးကြည့်လိုက်လုပ်နေမိသည်။
ဇင်မိုးမြင့်ဆိုတဲ့ အမျိုးသမီးကတော့ အိတိုလေးရဲ့ "မာမား" ဆိုတဲ့ ခေါ်သံကြားလိုက်ရကတည်းက အပြုံးတွေပျာက်ကွယ်သွားရပြီး နောက်ထပ် ကမ္ဘာညိမ်းရဲ့ အပြုအမှုကိုထပ်မြင်လိုက်ရတော့ ချက်ချင်းကို မျက်စိကော မျက်နှာကောပျက်သွားတော့သည်။
"ကျွန်တော်တို့ အခန်းအရင်ဝင်လိုက်လို့ဖြစ်တယ်မဟုတ်လား"
"ဖြစ် … ဖြစ်ပါတယ် ဝန်ထမ်းတစ်ယောက်ကိုပို့ခိုင်းလိုက်ပါမယ်"
အဲ့ဒီနောက်မှာတော့ ဟိုတယ်ဝန်ထမ်းတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ အပေါ်ဆုံးအလွှာက V.I.P တွေအတွက် သီးသန့်ထားရှိတဲ့ အခန်းငါးခန်းထဲက တစ်ခန်းသို့ရောက်ရှိသွားတော့သည်။
အခန်းထဲရောက်တော့ သူတို့ရဲ့ အထုပ်တွေအားလုံးက အခန်းထဲရောက်နှင့်နေပြီးသားဖြစ်နေသည်။
အိတိုလေးကတော့ ကောင်းမြတ်လွန်းကိုယ်ပေါ်ကဆင်းပြီး ကောင်းမြတ်လွန်းလက်ကိုကိုင်ကာ အခန်းထဲပတ်ကြည့်နေတော့သည်။
အဲ့ဒီအချိန်မှာပဲ ကမ္ဘာညိမ်းက လိုက်ကာစကိုဆွဲဖွင့်လိုက်တာကြောင့် အခန်းထဲသို့ မနက်ခင်းနေရောင်ခြည်က လွှမ်းခြုံဝင်ရောက်လာတော့သည်။
"wow …"
အိတိုလေးနဲ့ ကောင်းမြတ်လွန်းဆီက အသံပြိုင်တူထွက်လာကြပြီး မှန်ပြတင်းနားသို့ပြေးကပ်ကာ အဝေးကလှမ်းမြင်နေတဲ့ မျက်စိတစ်ဆုံး ဖြန့်ကျက်ထားတဲ့ ပင်လယ်ရှုခင်းတစ်ခုလုံးကို တဝကြီးငေးမောကြည့်နေကြတော့သည်။
"ကျွန်တော် လိုက်လာတာမှန်သွားတာပဲ"
ကောင်းမြတ်လွန်းရဲ့အသံတွေက သိသိသာသာတက်ကြွပြီးရွှင်လန်းနေသည်။
အဲ့ဒီအချိန်မှာပဲ အိတိုလေးက မှန်းပြတင်းပေါက်ကိုကျောပေးလိုက်ပြီး ကမ္ဘာညိမ်းကို သေချာကြည်ကာ
"dad … ပင်လယ်ကြီး နဲ့ မာမား ဘယ်ဟာပိုလှလဲ"
အရင်ဆုံးပင်လယ်ဘက်ကို လက်ညိုးထိုးပြပြီး နောက်တစ်ဖန် ကောင်းမြတ်လွန်းကို လက်ညိုးထိုးပြကာ မေးလိုက်တဲ့ အိတိုလေး။
"အိတိုကကော …"
ကမ္ဘာညိမ်းက အိတိုလေးဘက်လှည့်ကာပြန်မေးလိုက်သည်။
"dad … အိတိုလေးအရင်မေးတာလေ"
အိတိုလေးက ခါးလေးနှစ်ဖက်ထောက်ပြီး မှုံကုပ်ကုပ်ရုပ်လေးနဲ့ပြောလာတာကြောင့် ကမ္ဘာညိမ်းသဘောတကျရယ်မိလိုက်သည်။
ကောင်းမြတ်လွန်းကလည်း အိတိုလေးတို့ သားအဖတွေပြောနေတာတွေကို ကြားနေရတာကြောင့် ဘာရယ်မဟုတ် ကမ္ဘာညိမ်းဆိုတဲ့ လူကြီးကို ကျပ်ချင်တာကြောင့် သူပါဝင်ပြီးမေးတော့သည်။
"ပြောကြည့်ပါဦး ကျွန်တော်လား ပင်လယ်ကြီးလား"
" သေ ချာ ပေါက် ကိုယ့်အချစ်လေးကပိုလှတာပေါ့"
ကမ္ဘာညိမ်းရဲ့ ရိသဲ့သဲ့ပြန်ဖြေပုံကြောင့် ကောင်းမြတ်လွန်းတစ်ယောက် သူ့ကိုယ်သူမထိန်းချုပ်နိူင်တော့ပဲ သတိလက်လွတ်ဖြင့် လက်ခလယ်တစ်ချောင်းထောင်ပြလိုက်မိသည်။
ပြီးမှ သူ့ကိုယ်သူ ဘာလုပ်လိုက်မိလဲဆိုတာ သတိပြန်ဝင်သွားပြီး
" ဟိုဟာ … အဲ့တာ … ကျွန်တော် …"
"ရပါတယ် ကိုယ့်အချစ်လေးက အရမ်းရှက်လို့ဖြစ်သွားတာပဲ ကိုယ်ဗွေမယူပါဘူး"
ကောင်းမြတ်လွန်း နှုတ်ခမ်းများစေ့စေ့ပိတ်ကာ အောက်နှုတ်ခမ်းကို အတွင်းမှဖိကိုက်ပြီး ကမ္ဘာညိမ်းကို မျက်လုံးလန်ကြည်လာသည်။
ကမ္ဘာညိမ်းကတော့ ကောင်းမြတ်လွန်းကိုစရတာကို အတော်လေး သဘောတွေ့ကာ ပြုံးဖြီးနေသည်။
"မာမား …… အိတိုလေးကလည်း … မာမား … ပိုလှတယ်လို့ … ပြောမလိုပါနော် … ။ dad… ဘာပြောမလဲ … သိချင်လို့ … dad ကို … အရင် … မေးလိုက်တာ။ မာမားက … dad ကို … အိတိုထက် … ပိုချစ်သွားလို့မဖြစ်ဘူးနော်"
လက်ညိုးလေးတစ်ချောင်းထောင်ကာ ဘယ်ညာယိမ်းပြပြီး ကောင်းမြတ်လွန်းကို ကပ်ချွဲနေတဲ့ အိတိုလေးက သူ့ထက် သူ့ဒယ်ဒီကို သူ့မာမားက ပိုချစ်သွားမှာကို မလိုလားဟန်ရှိသည်။
"အမယ်လေး မာမားက အိတိုလေးကိုပဲချစ်တာပါဗျာ"
အိတိုလေးကိုကောက်ချီပြီး အာဘွားတွေပေးလိုက်တော့ အိတိုလေးဆီက တခစ်ခစ်ရယ်သံလေးတွေထွက်လာပြီး ကမ္ဘာညိမ်းကိုလည်း ပြုံးစိစိရုပ်လေးနဲ့ လှမ်းပြီး လျှာထုတ်ပြောင်းပြနေသေးသည်။
အိတိုလေးနဲ့ အချစ်နလန်ထလို့ဝကာမှာ ခုတင်ပေါ် ပစ်လှဲလိုက်ပြီး …
"ကျွန်တော် အကျီင်္လဲလို့ရပြီလား"
"ရတာပေါ့ သက်သောင့်သက်သာဖြစ်မယ့်ဟာတစ်ခုခုလဲဝတ်လိုက်လေ ကိုယ်မင်းတို့စားဖို့ တစ်ခုခုစီစဉ်လိုက်ဦးမယ်"
"မာမား … အိတိုလေးကိုလဲ လဲပေး"
ကောင်းမြတ်လွန်းလည်း အိတိုလေးကို ပုခုံးပေါ်ထမ်းတင်လိုက်ပြီး
"အကျီင်္သွားလဲကြမယ်" ဟုအော်ကာ လက်ကေ့နားသို့ပြေးသွားတော့သည်။
ထိုနောက် ရေချိုးခန်းထဲတောင်မဝင်တော့ပဲ ခုတင်ဘေးမှာပဲ အကျီင်္ချွတ်နေကြတော့သည်။
ကမ္ဘာညိမ်းကတော့ ချစ်စရာကောင်းတဲ့ အကောင်းပေါက်လေးတွေကိုကြည့်ရင်း ခေါင်းတခါခါနဲ့ အခန်းထဲက ထွက်သွားတော့သည်။
နောက်ဆုံးမှာတော့ အိတိုလေးနဲ့ ကောင်းမြတ်လွန်းတို့ အဝါရောင် ရှပ်လက်တို နဲ့ ဘောင်းဘီတို အဖြူရောင်လေးကို ဆင်တူရွေးဝတ်လိုက်ကြသည်။
သူတို့မှာ အဲ့လိုဆင်တူဝတ်စုံတွေ ဆယ်စုံမကရှိသည်။ သေချာတာက ကမ္ဘာညိမ်းကိုယ်တိုင် ဝယ်ပေးထားခြင်းဖြစ်သည်။
အဝတ်အစားလဲပြီးပေါ့ပေါပါးပါးဖြစ်သွားကြတဲ့ အိတိုလေးတို့နှစ်ယောက်လုံးက ခုတင်ပေါ်ခြေပစ်လက်ပစ်လှဲချကာ ခြေကားယား လက်ကယားဖြင့် အိပ်နေလိုက်ကြသည်။
"မာမား … dad မလာခင် ခဏအိပ်ကြမလား"
"အင်း ……"
အိတိုလေးက ချက်ချင်းကို ကောင်းမြတ်လွန်းကိုယ်ပေါ်ခွတက်ပြီး ရင်ဘက်ပေါ် ကားယားလေးမှောက်အိပ်တော့သည်။
ကောင်းမြတ်လွန်းကလည်း သူ့ကိုယ်ပေါ်မှောက်အိပ်နေတဲ့ အိတိုလေးကို လက်တစ်ဖက်နဲ့ပြန်ဖက်ပေးထားပြီး တဖြည်းဖြည်းနဲ့ အိပ်ပျော်သွားကြတော့သည်။
အခန်းထဲပြန်ရောက်လာတဲ့ ကမ္ဘာညိမ်းက ခုတင်ပေါ်မှာ အိပ်ပေါ်နေကြတဲ့ ချစ်စရာကောင်းတဲ့ လူသားလေးနှစ်ယောက်ကိုတွေ့တာနဲ့ ဖုန်းကိုဖွင့်ကာ အမှတ်တရဓာတ်ပုံတစ်ပုံရိုက်ယူလိုက်တော့သည်။
ထို့နောက်သန့်စင်ခန်းထဲသို့ဝင်ကာ အိတိုလေးတို့နဲ့ အနီးစပ်ဆုံးတူမယ့် အင်္ကျီနဲ့ဘောင်းဘီကို လဲဝတ်လိုက်သည်။
T.B.C 🐻
11:01PM(Sun)
23.01.2022
G14