Sugar Daddy (or) Daddy ကကျွန်...
Bởi KayZinTheint9
128K 6.1K 342
"Daddy က ငါ့အပိုင်...လာမရှုပ်နဲ့" Xem Thêm
Intro
Part 1
PART 2
PART 3
PART 4
PART 5
PART 7
PART 8
PART 9
PART 10
PART 11
PART 12
PART 13
PART 14
PART 15
PART 16
PART 17
PART 18
PART 19
PART 20
PART 21
PART 22
PART 23
PART 24
PART 25
PART 26
PART 27
PART 28
PART 29
PSRT 30
PART 31
PART 32
PART 33
PART 34
PART 35
PART 6
3.9K 182 12
Bởi KayZinTheint9
Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်
အပိုင်း 6 ❤❤❤❤
ဒါပေါ့ အချိန်တစ်ခုမှာပဲ အိမ်သို့ပြန်ရောက်ခဲ့တော့သည်။
အိမ်ပြန်လမ်းတစ်လျှောက် နှုတ်ခမ်းလေးဆူကာ စိတ်ကောက်နေတယ့်ကိုယ်တော်ချောကြောင့် အာဏာ တစ်ခွန်းမှတောင်
မဟရဲခဲ့ပါ။
ဒီလိုမျိုးပါပဲ Company ကလူတွေအပြင် စီးပွားရေးအဖွဲ့စည်းက လူတိုင်းကြောက်ရတယ့် မင်းအာဏာစက် ဆိုတဲ့ ထိုပုဂ္ဂိုလ်မှာလဲ ကြောက်ရမယ့်သူရှိနေပါတော့လား။
"ရောင်စဥ် နေပါအုံး "
အိမ်ထဲသို့ ဆောင့်အောက်အောက်ဝင်သွားတဲ့ သူအနောက်ကိုလိုက်ကာ အလျင်လက်ကိုဆွဲဖမ်းလိုက်သည်။
"ဘာလဲ...ကိုကို "
"ရောင်စဥ် ကိုကို့ ကို စိတ်ကောက်တုန်းလား "
"ဟုတ်တယ်...အစက စိတ်ကောက်ရုံပဲ..အခုစိတ်ပါဆိုးတယ်သိလား "
"ဘာလို့လဲ..ရောင်စဥ်ရယ်..ကိုကို....ဘာလုပ်ပေးရင်စိတ်ဆိုးပြေမှာလဲ "
"ကိုကို....နောက်ခါ ကျောင်းကို လာမကြိုနဲ့....ပြီးတော့...ရောင်စဥ်ကို နောက်ခါ အဲ့လိုစကားတွေမပြောနဲ့ "
"ကိုကို နောက်ခါ လာလဲမကြိုတော့သလို.... ပြီးတော့ အဲ့လိုလဲ မပြောတော့ပါဘူး... "
"....."
"ဒါနဲ့ ဘာလို့လာမကြိုခိုင်းတာလဲ....ဘာလဲ ကိုကို့ ကို သဝန်တိုနေတာလား"
အမှန်တရားကို တည့်ပြောလိုက်တော့ ရှက်သွေးဖြာကာ
"မဟုတ်...မဟုတ်ပါဘူး...ကျောင်းမှာ ရောင်စဥ်က နာမည်ကြီးတယ်လေ ကိုကို က ကျောင်းကလဲ မဟုတ်ဘဲ နာမည်ကြီးသွားတာမျိုးမလိုချင်လို့...အဲ့တာကြောင့်
"ဟုတ်ပါပြီဗျာ....ဒီကလေးလေ စိတ်ဆိုးပြေပြီဆိုတော့...ညစာအတူစားရအောင်"
"ဟို...ကိုကို...ညက ဘာတွေဖြစ်ခဲ့လဲ မှတ်မိလား "
"ဟုတ်သား..ကိုကိုလဲ မေးမလို့...ညက ဘာတွေဖြစ်ခဲ့သေးလဲ ကိုကို မမှတ်မိလို့"
"ဘာမှ...ဘာမှ...မဖြစ်ခဲ့ပါဘူး... ကိုကို အခန်းမှားဝင်လာတာပါပဲ "
"အော်....တော်သေးတာပေါ့ "
ဒါပေါ့ လိမ်လိုက်တော့မယ် ကိုကို မျက်ဝန်းတွေကတစ်ခုခုဖြစ်ခဲ့မှာ အလွန်စိုးရိမ်နေတယ့်မျက်ဝန်းဖြစ်နေတယ် သိပါတယ် မဖြစ်နိုင်ဘူးဆိုတာတွေကို...
Robot A ရောက်လာခဲ့သည်။
"Mr.Min ခြံရှေ့မှာ ရောင်စဥ်ဧည့်သည်ရောက်နေပါတယ် "
"ဟင်...."
ရောင်စဥ် ပြူးကျယ်သွားတဲ့မျက်ဝန်းများဖြင့် ဘယ်သူလဲ အတွေးနှင့်အတူ
"အော်...Naeun များလား "
"Naeun ဆိုတာ "
"ရောင်စဥ် သူငယ်ချင်း မိန်းကလေးပါ မနက်ကလဲ ကျောင်းကို သူကားနဲ့အတူသွားတာလေ "
"အော်...သွားတွေ့လိုက်လေ "
"အင်း...ကိုကို "
အာဏာ စိတ်ချစွာလွှတ်လိုက်တော့ခြံရှေ့သို့သွားလိုက်သည်။ အာဏာ ဧည့်ခန်းဝယ်
ခဏထိုင်နေရင်း နောက်ဆုံးသူပြန်ဝင်လာသည်။
အာဏာ က ရောင်စဥ်ဆီသို့ လှည့်ကြည့်လိုက်တော့ မျက်မှောက်ကြုံမိသွားသည်။
အကြောင်းရင်းမှာ
ရောင်စဥ် တစ်ယောက်လက်ဝယ် ပန်းစည်းတွေ လက်ဆောင်ဘူးအချို့နဲ့ Chocolate ဘူးတွေ မနိုင်မနင်း သယ်လာသည်ကိုမြင်လိုက်သည့်အတွက်ပင်။
"ဒါတွေက ဘာလဲ ရောင်စဥ် ....ဝယ်ထားတာလား "
"မဟုတ်ပါဘူး....ကျောင်းက ဘယ်သူတွေလဲမသိဘူး....ရောင်စဥ် စားပွဲမှာထားထားတာ.."
အာဏာ ခေါင်းတစ်ခုလုံး မီးတောင်ပေါက်ကွဲသလိုခံစားလိုက်ရသည်။ အာဏာ စူးရှတဲ့အကြည့်များနဲ့ လက်ဆောင်ဘူးတွေကြည့်နေခဲ့သည်။
အလိုက်မသိတဲ့ ကိုယ်တော်ချောလေးက
"ဒီမှာကြည့်ကိိုကို စာတောင်ပါသေးတယ် အချို့ဘူးတွေမှာ "
အာဏာက ထိုစာကိုယူကာ ဖတ်လိုက်သည်။
"My Dear Love..... what the f**k"
အာဏာ ပေါက်ကွဲစွာ ဆဲလိုက်တော့ရောင်စဥ်ပါလန့်သွားခဲ့သည်။
"ကိုကို...ဘာဖြစ်လို့လဲ "
"ရောင်စဥ် အဲ့တာတွေ လွှတ်ပြစ်လိုက်"
"လွှတ်ပါဘူး...ရောင်စဥ် ကို မြတ်နိုးလို့ပေးထားတဲ့ ပစ္စည်းကို မလွှတ်ပစ်ဘူး သိမ်းထားမှာ "
"ဒီကလေးကတော့ ပြောမရပါလား..."
"ကိုကို...က ဘာဖြစ်တာလဲ...ရောင်စဥ် ကိုကြိုက်တဲ့သူရှိလို့သဝန်တိုတာလား "
"မဟုတ်ပါဘူး...ရောင်စဥ် က ကလေးပဲရှိသေးတာလေ "
"ရောင်စဥ်က ကလေး မဟုတ်ဘူးကိုကို "
"အင်းပါ...မပစ်ချင်လဲ မပစ်လိုက်နဲ့ သိမ်းထား လိုက် "
"ဟုတ်ကိုကို.... "
ပျော်ပျော်ရွှင်ရွှင်နဲ့ မနိုင်မနင်းသယ်သွားတာမြင်တော့ Robot A က ပါ ဝိုင်းသယ်ပေးရင် ထွက်သွားတော့သည်။
ရောင်စဥ် ကပြုံးပြီး အာဏာကို လှည့်ကြည့်သေးသည်။အာဏာလဲ ပြန်ပြုံးပြလိုက်သည်။
ပြီးမှသာလျှင်
"ဘာ.....လက်ဆောင်...ဟုတ်လား..အပေါစားလက်ဆောင်တွေ...ငါကလေးကို.....ပေးတယ်..ပန်းစည်း ဟုတ်လား ....ဘယ်လိုတောင်လဲ....ငါကလေးကို...ဟိုကောင်တွေ...ငါရောင်စဥ်ကို စောင့်ရှောက်ဖို့လုပ်ခိုင်းထားတဲ့...ကောင်တွေ..ဘာလုပ်နေကြလဲ ...ငါအဲ့လက်ဆောင်တွေကို မီးရှို့ချင်လိုက်တာ...ဘယ်လိုလုပ်ရမလဲ..."
ညစာ စားအပြီးဝယ်
"ရောင်စဥ် အတွက် လက်ဆောင်ရှိတယ်"
"ဘာလဲ ကိုကို..."
အာဏာက လက်ဆောင် ဘူးသေးသေးလေးအား သူ့ဆီထုပ်ပေးလိုက်သည်။
"ရော့... "
ထို ဘူးသေးလေးဆီ ကို ဖွင့်ကြည့်လိုက်တော့
"အနက်ရောင်ကဒ် ကြီး "
"အင်း...ဒါကို Black card လို့ခေါ်တာ လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ပြီး အကန့်သတ်မဲ့ card ရောင်စဥ် လိုချင်သမျှ အားလုံးကို ဝယ်လို့ရတယ် "
"ဟင်...တဂယ်လား...ကိုကို...တဂယ်ပေးတာလား...ဘယ်လောက်သုံးသုံး မကုန်ဘူးပေါ​့ "
"သေချာတာပေါ့ "
"ဒါဆို ကိုကို့ ကိုရော ဝယ်မရဘူးလား"
"ကိုကို က အစကတည်းက ရောင်စဥ် အပိုင်ပါ "
"ဟုတ်တယ် ကိုကို က ရောင်စဥ်အပိုင်"
(ရှင်တို့ ညီအကိုတွေဆိုတာ
မေ့နေကြ ပြန်ပြီ....)
မေ့နေကြ ပြန်ပါပြီ တစ်ခါတစ်လေ လွှတ်သွားတတ်တဲ့ စိတ်ကို မနည်းဖမ်းပြီး ပြန်ထည့်ရသည်မှာ အမဲလိုက်သလို ခတ်ခဲလှသည်။
❤~~~~~~~~♥
လအနည်းငယ်အကြာ....
❤~~~~~~~~~♥
ရောင်စဥ် ပျော်ပျော်ရွှင်ရွှင် ပင် လွတ်လပ်စွာအခန်းထဲက ထွက်လာခဲ့သည်။ သူ့စိတ်ထဲ လှောင်ချိုက်ထဲက လွှတ်သလိုမျိုး
"oh... God....ငါဖြေနိုင်တဲ့ ဒီ လောက်တော့ မျက်လုံးမှိတ်သလောက်ပဲ နင်ရော Naeun "
သူမ မျက်နှာမကောင်းစွာ ပြန်ဖြေခဲ့သည်။
"ငါလဲ အေးဆေးပဲ "
ရောင်စဥ် က သူ့သူငယ်ချင်း မူမမှန်တာ သတိထားမိခဲ့သည်။
"နင်ကြည့်ရတာ တစ်ခုခုစိတ်မချမ်းသာသလိုပဲ...ဘာဖြစ်လို့လဲ "
"ဘာမှ...မဟုတ်ပါဘူး...ဒါနဲ့ နင်ဆီ James ဖုန်းတွေဆက်တယ် နင်မကိုင်ဘူးဆို "
"အင်းလေ...ငါမှ သူနဲ့ စကားမပြောချင်တာ "
"နောက်တစ်ခါ ကိုင်လိုက်ပါနော်... ငါ့ကိ​ု ခင်ရင် လေ"
"ဟင်... ဘာမှလဲ မဆိုင်ဘူး "
"လုပ်ပါဟာ သူ့ဖုန်းကို ကိုင်လိုက်ပါ "
"တဂယ်လို့ ငါကိုင်ရင်.... နင်မျက်နှာ ဆူနေအုံးမှာလား "
"မဆူတော့ဘူး..."
"ကတိနော် "
"အေး....ကတိ"
သူငယ်ချင်းနှစ်ယောက် ဒီတိုင်းလေး လမ်းခွဲ ပြီးပြန်ခဲ့ကြသည်။
Naeun အိမ်အပြန်လမ်းဝယ် Naeun လေး ကားရှေ့သို့ ပိတ်ရပ်လိုက်သည့်ကားတစ်စီး
"ဟင်....ဘယ်လိုကားလဲ "
ကားထဲကနေထွက်လာတယ့် James
ပြီးတော့ Naeun ရဲ့ ကားမှန်ကိုခေါက်လိုက်သည်။
Naeun လေး မှန်ကိုချကာ သူ့အားကြည့်လိုက်ခဲ့သည်။
"James ...."
"Naeun...ဘယ်လိုလဲ ဟို ကိစ္စ "
"အင်း...အဆင်ပြေပါတယ် သူ ဖုန်းကိုင်မယ်တဲ့ "
"okay.... ငါသွားပြီနော် နင်ကတဂယ်တော်သားပဲ "
Naeun နဖူးကို လက်ညိုးဖြင့်တွန်းကာ သူက ပျော်ပျော်ကြီး ထွက်သွားခဲ့သည်။
"James.... ငါနင့်ကို...ချစ်တယ် "
ဘယ်မြင်နိုင်ပါ့မလဲ စိတ်ထဲမှာပဲ ပြောခဲ့ရသည်။
❤~~~~~~~~♥
အာဏာ ရဲ့ Company နောက်ဆုံးတော့ Project ပြီးဆီးက အောင်မြင်မှုတွေ အများကြီးရခဲ့သည်။ Company ခွဲပေါင်း 50 ကျော်ကို အုပ်စိုးရတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါ။
ဒါပေမယ့်အာဏာ အတွက်တော့ဖြင့်
"Company တွေ ကမှ လွယ်ကူတဲ့ အလုပ်ဖြစ်ပြီး ရောင်စဥ် ကတော့ မလွယ်ပါလား "
အာဏာဘေးဝယ်ပူဆာနေသည့်ကောင်လေး။
"ကိုကို ရယ် လိုက်ချင်တယ် ခေါ်ပါနော်...နော်...ကိုကို...ပြင်သစ်ရောက်ဖူးချင်လို့ပါ...နော်ကိုကို....ခေါ်ပါနော်..."
အာဏာ Project အောင်မြင်ခဲ့သည့်အတွက် အလုပ်တွဲလုပ်ခဲ့တယ့်ပြင်သစ် company က ဂုဏ်ပြုပွဲကြောင့်
အာဏာ မဖြစ်မနေသွားရမည်။
သို့သော်များလဲ ......ဒီကလေးပေါက်စ ကလိုက်ချင်နေသည်။ ဆိုသည်မှာ...အာဏာ စိတ်မချပေ။ တခြားနိုင်ငံခြားက သူတွေရှေ့နဲ့ သူစိမ်းတွေရှေ့မှာ သူ့ရောင်စဥ် ကိုပွဲထုတ်ရလောက်အောင် အာဏာ သဒ္ဒါတရားမရှိပေ။
အာဏာ သဝန်တိုမှုတွေ စိတ်မချမှုတွေ အကုန်လုံးက Next Level ပင်။
(I'm on the Next Level)
တွေးရုံနဲ့တင် သူပေါက်စ အားဝါးမြိုမတတ်ကြည့်ကြမယ့်မျက်ဝန်းတွေအား
တွေးလိုက်မိတိုင်း ကြောက်တောင်ကြောက်လာသည်။
"မဖြစ်ဘူး....ရောင်စဥ်...ကိုကို မခေါ်နိုင်ဘူး "
"ကိုကို...ခေါ်ပါဆို "
"မရဘူး...ရောင်စဥ်..."
ရောင်စဥ် အရမ်းလိုက်ချင်လွန်းလို့ စိတ်ဆင်းရဲနေသည့်မျက်နှာလေးဖြင့် အာဏာကိုကြည့်လိုက်သည်။
အာဏာ ကိုကြည့်လိုက်တော့.... အာဏာသည်ဧည့်ခန်းက ခုံရှည်ဝယ်ထိုင်နေသည်။
ရောင်စဥ်တစ်ခုတွေးလိုက်မိသည်။စိတ်ထဲကနေ တီးတိုးဆိုလိုက်သည်။ *ရောင်စဥ် မာယာတွေ့ကြပြီပေါ့ "
ရောင်စဥ် အာဏာ ပေါင်ပေါ်ခွကာ တတ်ထိုင်လိုက်သည်။အာဏာ ချက်ချင်းတုန်လှုပ်သွားခဲ့သည်။
အာဏာ နဲ့ရောင်စဥ် မျက်နှာနှစ်ခုက နီးကပ်စွာပင် တစ်ယောက်နှင့်တစ်ယောက်
ကြည့်ရင်း
"Daddy....baby...ပြင်သစ်. ကိုလိုက်ချင်တယ် Party လဲ တတ်ချင်တယ် "
အရည်ရွှမ်းနေတယ့် မျက်ဝန်းများဟာ
တောက်ပနေသည့်မျက်နှာလေးနှင့်အတူ
နွဲ့ပြောလေးဖြင့် ဒါမျိုးလေးချွဲတော့
ဘယ်သူကခံနိုင်မှာလဲ အလှလေး မာယာအောက် ဒူးထောက်လက်မြှောက်လိုက်ရတော့သည်။
"ဘယ်လိုခေါ်လိုက်တယ်"
"Daddy....လေ...Daddy လို့ "
"ရပြီ...လိုက်ခဲ့တော့ နောက်တစ်ပါတ်နေရင်သွားမယ်"
🛫🛫🛫🛫🛫🛫🛫🛬🛬🛬🛬
ပြင်သစ် နောက်ဆုံးတော့ရောက်ခဲ့လေပြီ..
မင်းဆီကိုရောက်ဖို့ မာယာ တစ်သောင်းထုတ်သုံးခဲ့ရတာဟ... တွေးရင်း
ရောင်စဥ်လေး အလွန်ပျော်နေခဲ့သည်။
"ကိုကို....ပျော်လိုက်တာ ညကြရင် Party ကို လိုက်မယ်နော် ကိုကို "
"Party ကိုပါ ခေါ်ရမှာလား "
"ဒါပေါ​​့.....ကိုကို ပြောပြီးသားနော်ပြန်မပြင်နဲ့...."
"အင်းပါ..."
😟အာဏာ ည မရောက်ပါစေနဲ့တောင်ဆုတောင်း မိနေခဲ့တယ်။
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
ဆုတောင်းမပြည့်ခဲ့ပါ ဘယ်သူက အချိန်ကို ရပ်တန့်နိုင်မှာပါလဲ....အချိန်ဆိုတာမျိုးက ဒီလိုမျိုးကုန်ဆုံးနေတာပါ။
ပြင်သစ်နိုင်ငံပဲရစ်မြို့က နာမည်ကြီး အိမ်ယာတစ်ခု သေချာပါတယ် ဒီအိမ်ယာကို အာဏာ ပိုင်ဆိုင်တာပါ။
အာဏာ ရဲ့ လူယုံ Jake နှင့်အတူ ကိုယ်ရံတော် များဟာလဲ နေရာ ယူထားခဲ့ကြသည်။
အနက်ရောင် suit
အပြည့်ဝတ်ထားသည့် အာဏာတစ်ယောက် ဖုန်းကိုကိုင်ရင်း ဖုန်းပြောနေခဲ့သည်။
ထိုချိန်ဝယ်.......
လှေကားထစ်ကနေတဆင့် တစ်ထပ်ချင်းဆီ ဆင်းလာသည့် ရောင်စဥ်ဖြာ
တစ်ကိုယ်လုံးရောင်ဝါ ထွန်းလွန်းလို့ မျက်စိတောင် ကျိန်းရသည်။
မျက်နှာလေးဟာ တောက်ပနေပြီး Make up အနည်းငယ်လိမ်းထားသည်။ နားတွင်လဲ တွဲလျောင်းကျနေသည့် နားဆွဲရှည် platinum ကိုဝတ်ထားသည်။ညာ မျက်လုံး၏ ထောင့်လေးမှာ ကြယ်ပုံစံ ကျောက်လေးကို ကပ်ထားပြီး နှုတ်ခမ်းလေးမှာ အနီရောင် ရဲရဲလေးဆိုးထားသေးသည်။ ဆံပင်ကိုတော့ တခြမ်းကိုရှေ့နဖူးဝယ်ချကာ တခြမ်းကို ကလစ်များဖြင့် ဘေးသို့ ဖယ်ကာညှပ်ထားသည့်အတွက် ဘယ်ချိန် က ဖောက်လိုက်မှန်းမသိတဲ့ ဆံပင်ဆေးဆိုးထားသည့် လိုင်းများကိုတွေ့သွားရသည်။
အဖြူရောင် အသားကပ် အကျီလက်ပြတ်ကိုဝတ်ဆင်ထားသည်။ ဘောင်းဘီ
ပေါင်တိုကိုဝတ်ဆင်ထားသည့်အတွက် ပေါင်သားဖွေးဖွေးလေးဟာအထင်သား
အပေါ်က ခါးအောက်ကျော်ကုတ်အဖြူရှည်အားအပေါ်က လွှားထားသည်။ အဖြူရောင် ဒူးဖုံး ခြေအိပ်ရှည်နှင့်ပြောင်လက်နေသည့် ငွေရောင် ရူးဖိနပ် နှင့်အတူ ရွှေရောင် ခါးပတ်ဟာ ထင်းနေတော့သည်။
Jake တောင်ပါးစပ်ဟသွားပြီးပါးစပ်ကနေအထိန်းချုပ်မဲ့စွာ
"လှလိုက်တာ....."
Jake ဘေးက သူကလဲရုပ်တရက် ပါးစပ်ကနေထွက်လာပြန်သည်။
"လှတယ်...တဂယ်ကိုလှတယ် "
အာဏာ ဆိုသည်မှာ စကားတောင်ပြောစရာမရှိအောင် မေ့လျော့စွာ ငေးနေမိသည်။
ရောင်စဥ် လှချက်ကတော့ ကောင်းကင်က နတ်သားတစ်ပါးဆင်းလာသည့်အလား။
ရောင်စဥ် ကတော့ သူ့အလှမှာ ငေးမျှော်နေခဲ့ကြတဲ့ သူတွေကိုကြည့်ရင်း က
ကိုယ့်ကိိုကို အရမ်းလှနေမှန်းသိတော့သည်။
အာဏာ အသိလေးဝင်လာကာ ကြည့်နေသည့်သူတွေအား ဒေါသပုန်ထကာ
"မျက်လုံးမှိတ်ထားကြ.... မဟုတ်သေးဘူး ထွက်သွားကြ "
Jake နဲ့ အတူ လူယုံများဟာ ခေါင်းလေးငုံကာ ထွက်သွားကြရတော့သည်။
"ရောင်စဥ်... ဒါတွေက...ကိုကို... မဝယ်ပေးပါဘူး...ဒီဝတ်စုံ ဒီဇိုင်းက....ဆံပင် လိုင်းဖောက်တာတွေရော....ဒါတွေအကုန်က ....ဘယ်လိုလုပ် "
ရောင်စဥ် ခပ်ဟဟရယ်လိုက်ရင်း သူ့အိပ်ကပ်ထဲမှ Black card ကို ထုတ်ကာ အာဏာပါးပြင်ကို ခပ်ဖွဖွရိုက်လိုက်ရင်း
"Daddy..ရဲ့.. Black card ကြောင့်လေ"
ပြုံးကာ အရှေ့က ကားဆီသို့ ထွက်သွားတော့သည်။
အာဏာ ပြုံးကာဖြင့်...သူ့အနောက်သို့လိုက်သွားခဲ့သည်။
ကားအနားဝယ်သူ့အားငေးနေသည့်သူများအား ကြောင်ကြည့်ကာ မေးလိုက်သည်။
"ဘာလုပ်နေကြတာလဲ.... "
သူတို့က ဘာမှပြန်မဖြေပဲ ဆက်ကြည့်နေပြန်သည်။ ဒီတော့
အာဏာ အနောက်ကရောက်လာပြီး
"ငမ်းလို့ ဝပြီလား "
အာဏာ အသံကြမှ အကုန်လုံး သတိဝင်ကာ တံခါးဖွင့်တဲ့သူကဖွင့် ကိုယ်ရံတော် တွေလဲ ကားထဲသို့ဝင်ကာ ပြင်သစ်ရဲ့ နာမည်ကြီး အိမ်ယာမှ အနက်ရောင်ကားလေးဆီးကြားမှ အဖြူရောင်
ကားလေးနှင့်အတူ Party သို့သွားခဲ့ကြသည်။
Party စောင့်ကြိုနေသည့်အရာများ
Party ကျင်းပသူ Mr.Henry ၏ သမီးနှစ်ယောက် "Hai နဲ့ Lai"အား အမေဖြစ်သူမှ
"သမီးတို့ ဒီနေ့ Party ကို ဘယ်သူလာမလဲ သိကြတယ်မလား "
"သိတာပေါ့ Mr.Min လာမှာလေအမေ"
"ဟုတ်တယ် Mr.Min က အရမ်းချောတာပဲ "
"ဟုတ်တယ် လုံးဝချုပ်ရမယ်နော် ဒီ Party ပြီးတာနဲ့ သမီးတို့ အပိုင်ဖြစ်ရမယ်နားလည်လား "
"ဟုတ်ကဲ့အမေ"
Party ထဲဝယ် ဖိတ်ကြားခံရသည့် Model မမ များနားနေခန်း
အဖြူရောင်ဝတ်စုံရှည်ဖြင့်လှပကျော့ရှင်းသည့်အမျိုးသမီးက
"ဒီနေ့ Mr.Min လာမှာ သူက ငါ့အတွက်ဖြစ်စေရမယ် "
ဒီတော့ မှန်ကြည့်ပြီး ကိုယ်လုံးကိုယ်ပေါက်အရမ်းလှပတဲ့ သူမက နားကပ်ဝတ်ရင်း
"နင်ဆုတောင်းလေး Mr.Min က ငါ့လို လူကိုမှကြွေမှာ....."
ဒီချိန် ဖုန်းကိုင်ပြီးဝင်လာတဲ့ အရမ်းချောမောလှတဲ့ မိန်းမပျိုလေးက
"Sorry...Lady... နောက်ဆုပ်လိုက်တော့ ငါက လွန်ခဲ့တဲ့ တစ်နှစ်က Mr.Min နဲ့အတူ ပွဲတတ်ခွင့်ရခဲ့တဲ့သူ... သူက ငါ့ကိုပဲမှတ်မိပြီ ငါ့ကိုသူနဲ့အတူနေဖို့လာခေါ်လိုက်မယ်"
"မဖြစ်နိုင်တာ သူက နင့်လိုအဟောင်းကို ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး "
ဝင်ပြောတဲ့ Model အသစ်လေးနှင့်
ပွဲ ကြီး ပွဲ ကောင်း ပင်။
ဒါတင်မကဘဲ မင်းအာဏာစက် လာမည်ဆိုတဲ့သတင်းနဲ့တင်ဖိတ်ကြားသူတွေမဖိတ်ကြားထားတဲ့အရေးကြီးအမျိုးသမီးထုတွေပါ တတ်ရောက်လာသလို အခြား စီးပွားမိတ်ဖက်ဖြစ်ချင်လို့ ဝင်လာသည့်သူများနှင့် ပြည့်နှပ်နေသည်။
ကဲအဲ့တော့ Party က ပွဲ ကြီး ကနေ ပွဲ ကောင်းတွေကို....
အပိုင်း 7 Comming Soon....
Sugar Daddy
          (OR)
အပိုင်း 6
မဟရဲခဲ့ပါ။
"ရောင်စဉ် နေပါအုံး "
"ဘာလဲ...ကိုကို "
"....."
"အော်....တော်သေးတာပေါ့ "
Robot A ရောက်လာခဲ့သည်။
"ဟင်...."
"အော်...Naeun များလား "
"Naeun ဆိုတာ "
"အော်...သွားတွေ့လိုက်လေ "
"အင်း...ကိုကို "
အကြောင်းရင်းမှာ
"ဒီမှာကြည့်ကိုကို စာတောင်ပါသေးတယ် အချို့ဘူးတွေမှာ "
"My Dear Love..... what the f**k"
"ကိုကို...ဘာဖြစ်လို့လဲ "
"ဟုတ်ကိုကို.... "
ပြီးမှသာလျှင်
ညစာ စားအပြီးဝယ်
"ဘာလဲ ကိုကို..."
"ရော့... "
"အနက်ရောင်ကဒ် ကြီး "
"သေချာတာပေါ့ "
မေ့နေကြ ပြန်ပြီ....)
~~~~~~~~
လအနည်းငယ်အကြာ....
~~~~~~~~~
"ငါလဲ အေးဆေးပဲ "
"ဟင်... ဘာမှလဲ မဆိုင်ဘူး "
"မဆူတော့ဘူး..."
"ကတိနော် "
"အေး....ကတိ"
"ဟင်....ဘယ်လိုကားလဲ "
"James ...."
~~~~~~~~
(I'm on the Next Level)
"ကိုကို...ခေါ်ပါဆို "
"မရဘူး...ရောင်စဉ်..."
ကြည့်ရင်း
"ဘယ်လိုခေါ်လိုက်တယ်"
"Daddy....လေ...Daddy လို့ "
"အင်းပါ..."
အနက်ရောင် suit
ထိုချိန်ဝယ်.......
"လှလိုက်တာ....."
"လှတယ်...တဂယ်ကိုလှတယ် "
ကိုယ့်ကိုကို အရမ်းလှနေမှန်းသိတော့သည်။
"ဘာလုပ်နေကြတာလဲ.... "
"ငမ်းလို့ ဝပြီလား "
"ဟုတ်ကဲ့အမေ"
ပွဲ ကြီး ပွဲ ကောင်း ပင်။
အပိုင်း 7 Comming Soon....
Đọc tiếp
Bạn Cũng Sẽ Thích
64.3K 9.6K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
350K 11.8K 8
21+++ If you don't like it,so don't read it... But if you read it,don't blame on me!...
341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
444K 38.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ