Worship Me, I Can Make You Ri...

By XiaoMaoMao55

505K 95.5K 3.9K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 43 (U+Z)

6K 1.2K 45
By XiaoMaoMao55

-Unicode-

အခန်း ၄၃: ကိုယ်မင်းကို နမ်းရှိုက်ချင်တယ်၊ ဖက်ထားချင်တယ်

ဝမ်ရှောင်းယွင်က ချန်ကျင့်ရွှယ် သူ့ရဲ့အီမိုဂျီပုံကို အွန်လိုင်းပေါ်တင်လိုက်တာအတွက် အောင်မြင်စွာ လက်စားချေလိုက်နိုင်တယ်။ အပြန်လမ်းမှာ သူက တစ်လျှောက်လုံး စိတ်အခြေအနေ တော်တော်လေးကောင်းနေတယ်။

အခု ကျွမ်းကျိုးက တစ်နေ့ကို တစ်ချိန်ပဲ စာသင်စရာလိုသေးတယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီးက သူ့အတွက် အစီအစဉ်တွေ လုပ်ထားပြီးသား။ မနက်ဖြန်ကစပြီး အတန်းနှစ်တန်း သင်ရတော့မယ်၊ မနက်မှာ တစ်တန်း၊ နေ့လယ်မှာ တစ်တန်း။

မနက်အတန်းပြီးသွားတာနဲ့ သူက အလုပ်ပြီးသွားပြီ။ ဒါပေမဲ့ ဝမ်ရှောင်းယွင်က အလုပ်မပြတ်သေးဘူး။

အဲဒါနဲ့ ကျွမ်းကျိုးလည်း ဝမ်ရှောင်းယွင်နဲ့အတူတူ တတိယတပ်ဖွဲ့ကို လိုက်လာခဲ့တယ်။

လမ်းမှာ သူ့ရဲ့ဆက်သွယ်ရေးစက်က အကြိမ်အနည်းငယ် မြည်နေခဲ့တယ်။ ပထမတစ်ကြိမ်တုန်းက ကျွမ်းကျိုးပြန်ဖြေခဲ့တယ်။ အဲဒါက သူစိမ်းတစ်ယောက် ဖြေလာတယ်။ သူတို့ရဲ့သခင်က ကျွမ်းကျိုးနဲ့ တွေ့ချင်နေတယ်လို့ ပြောတယ်။

ကျွမ်းကျိုးက ဘယ်သူလဲလို့မေးပေမဲ့ တစ်ဖက်လူက ပြန်မဖြေခဲ့ဘူး။ လာတွေ့ရင်သိလိမ့်မယ်လို့ ပြောနေတယ်။

ကျွမ်းကျိုးကလည်း ငတုံးမှမဟုတ်တာ။ တစ်ဖက်လူက မပြောချင်မှတော့ သူက စိတ်ရှုပ်ခံမနေတော့ဘဲ တန်းပြီး ဖုန်းချလိုက်တယ်။

အဲဒီလိုနဲ့ တစ်ဖက်လူက မရပ်မနားဖုန်းတွေခေါ်နေတော့တယ်။

ကျွမ်းကျိုးက ပြန်မဖြေတော့ဘူး။

ငါးခါမြောက်ခေါ်ပြီးတဲ့နောက်မှာ မက်ဆေ့တစ်ခု ဝင်လာတယ်။

"ကျွန်တော်က ဘယ်ရွန်ပေါ်သွင့်ရဲ့အိမ်တော်ထိန်းပါ။ ဘယ်ရွန်က ကျွမ်း-လောင်ရှီးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စ ဆွေးနွေးချင်နေပါတယ်"

ဒီအကြောင်းကိုမြင်တော့ ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ကို မေးတယ်: "ဒီဘယ်ရွန်ပေါ်သွင့်ဆိုတာ ဘယ်သူလဲ"

ဝမ်ရှောင်းယွင်: "သူ မင်းကိုရှာနေလို့လား"

ကျွမ်းကျိုးက ပြောတယ်: "ဟုတ်တယ်။ သူက ကျွန်တော်နဲ့ ပူးပေါင်းချင်တယ်လို့ပြောတယ်"

ဝမ်ရှောင်းယွင်: "စာကြည့်တိုက်တုန်းကလူကို မှတ်မိသေးလား"

ကျွမ်းကျိုးက ပြောတယ်: "မှတ်မိတယ်! ပထမတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး!"

ဝမ်ရှောင်းယွင်: "အင်း ဘယ်ရွန်ပေါ်သွင့်က သူ့ရဲ့အစ်ကိုကြီး"

ကျွမ်းကျိုးက 'အိုး' ဆိုပြီး အသိအမှတ်ပြုသံပြုလိုက်ပြီးနောက် သူ့ရင်ထဲမှာ တိတ်တိတ်လေး ဟွန့်ဆိုပြီး နှာမှုတ်လိုက်တယ်။ တီးဝမ် သူ့ကို ယုံကြည်မှုတွေ အများကြီးပေးခဲ့ပေမဲ့ သူ့ရင်ထဲက ဆန္ဒတွေကို မကြားရဘူးဆိုတာ သူမမေ့သေးဘူး။

ဒီလိုလူမျိုးက ရင်ထဲမှာ မကောင်းတဲ့စိတ်ဆန္ဒတွေ ရှိနေလို့ပဲ။ အဲဒါကြောင့် သူတို့ရဲ့ဆုတောင်းကို သူမကြားရတာ။ သူကလည်း သေချာပေါက် သူတို့ကို ကောင်းချီးမပေးနိုင်ပါဘူး။

ဒီလိုယုံကြည်မှုမျိုးကကျတော့ ဝမ်ရှောင်းယွင် အရင်က ပြောဖူးတယ်: အလကားရတဲ့ပစ္စည်းကို ဘာဖြစ်လို့ ငြင်းနေမှာလဲ!

ကျွမ်းကျိုးက နံပါတ်ကို ချက်ချင်း အမည်မည်းစာရင်းသွင်းလိုက်တယ်။

ဘယ်ရွန်ပေါ်သွင့်ရဲ့ အိမ်တော်ထိန်း နောက်တစ်ခါ မက်ဆေ့ပို့တော့ ဆက်သွယ်လို့မရတော့ဘူး။

အိမ်တော်ထိန်းရဲ့မျက်နှာအရောင်က နည်းနည်း ကြည့်ရဆိုးလာတယ်: "ဘယ်ရွန်တာ့ရယ် သူ.... ကျွန်တော့်နံပါတ်ကို အဝင်ပိတ်လိုက်ပြီ" နောက်ပြီး ဒီလိုပိတ်လိုက်တာက သူဘယ်သူလဲဆိုတာ ပြောလိုက်ပြီးနောက် ချက်ချင်း လုပ်လိုက်တာပဲ။

ဘယ်ရွန်ပေါ်သွင့်က ချက်ချင်း ပြန်မဖြေခဲ့ဘူး။

ဆန့်ကျင်ဘက်အနေနဲ့ ပထမတပ်ဖွဲ့က တပ်ဖွဲ့မှူးတီးဝမ်ကတော့ မခံမရပ်နိုင်ဖြစ်နေတယ်: "ကြည့်ရတာ ကျွန်တော်တို့နဲ့ လုံးဝ မပူးပေါင်းချင်ဘူးနဲ့တူတယ်"

တီးဝမ်က နည်းနည်း နောင်တရသလို ခံစားလိုက်ရတယ်။ သူသာ ဒီကျွမ်းကျိုးက ဆရာသခင်လေးဆိုတာ စောစောသိခဲ့ရင် အဲဒီနေ့က စာကြည့်တိုက်ထဲမှာ ကျွမ်းကျိုး သူနဲ့ကစားနေတဲ့ ဂိမ်းကို သူသည်းခံလိုက်မှာပဲ။

ဘယ်ရွန်ပေါ်သွင့်ကဆိုတယ်: "ထင်တဲ့အတိုင်းပဲ"

ပြောစရာကိုမလိုဘူး။ ကျွမ်းကျိုးက အခု ဝမ်ရှောင်းယွင်နဲ့ ချည်နှောင်ထားတာလေ။

ဝမ်ရှောင်းယွင်က တတိယတပ်ဖွဲ့မှာ ရှိနေသေးသရွေ့ ကျွမ်းကျိုးက တခြား ဘယ်တပ်ဖွဲ့နဲ့မှ ပူးပေါင်းမှာ မဟုတ်ဘူး။

တီးဝမ်ရဲ့မျက်နှာက မည်းမှောင်ပြီး လေးလံလာတယ်: "ဒါဆို ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ"

ဘယ်ရွန်ပေါ်သွင့်က အိမ်တော်ထိန်းကို ကြည့်လိုက်တယ်: "မက်ခါဒီဇိုင်းဌာနက တခြားကျောင်းသားတွေကို ဆက်သွယ်ပြီးပြီလား"

"ဟုတ်ကဲ့ ဘယ်ရွန်၊ ဘယ်ရွန်နဲ့တွေ့ချင်တဲ့ ကျောင်းသား ၅ ယောက်ရှိပါပြီ"

ဘယ်ရွန်ပေါ်သွင့်က ခေါင်းညိတ်လိုက်ပြီး ပြောတယ်: "အခုလောလောဆယ် ဝမ်ရှောင်းယွင်ရဲ့ စိတ်စွမ်းအားအဆင့်က ဘယ်လောက်လဲ"

တီးဝမ်ကဆိုတယ်: "ဘယ်သူမှမသိဘူး။ သူ့တပ်ဖွဲ့က ဆရာဝန်တွေက အကုန်လုံး ပါးစပ်အရမ်းလုံကြတယ်။ သူကလွဲရင် ဘယ်သူမှသိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်အထင် သိပ်မမြင့်လောက်ဘူး။ မဟုတ်ရင် သူဒီလောက် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားမှာမဟုတ်ဘူး"

ဘယ်ရွန်ပေါ်သွင့်က ဆိုတယ်: "မင်းတို့တွေ ပေယွီစီးကို မှတ်မိသေးလား"

"မှတ်မိတာပေါ့ အရင်က တတိယတပ်ဖွဲ့ တပ်ဖွဲ့မှူး။ သူ့ရဲ့ စိတ်စွမ်းအား အဆိပ်သင့်သွားပြီးနောက် အငြိမ်းစားယူလိုက်တာ"

"ဟုတ်တယ်" ဘယ်ရွန်ပေါ်သွင့်က ဖြည်းဖြည်းချင်း ပြောတယ်: "သူ့ကိုရှာဖို့ လူတစ်ယောက် လွှတ်လိုက်"

-

တတိယတပ်ဖွဲ့သို့ ရောက်သော်

ဝမ်ရှောင်းယွင်က အလုပ်လုပ်ဖို့သွားတယ်။ ကျွမ်းကျိုးက မက်ခါလုပ်ဖို့ သွားတယ်။

နှစ်ယောက်လုံး သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြတယ်။ တစ်ခါတလေ အနားယူတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဘာလုပ်နေကြလဲဆိုပြီး မေးကြတယ်။ လက်ထပ်ထားတာကြာပြီဖြစ်တဲ့ စုံတွဲလိုပဲ သူတို့တစ်နေ့တာကို လိုက်ဖက်ညီစွာ ကုန်ဆုံးနေကြတယ်။

ချန်ကျင့်ရွှယ်ကသာ ခံစားနေရသူဖြစ်တယ်။

ရှောင်ဖော့လန် ကျိုးကျိုးရဲ့ လက်ထောက်ဖြစ်လာကတည်းက နေ့တိုင်း ကျိုးကျိုးနဲ့အတူ အလုပ်ကိုလိုက်ပြီး သူနဲ့အတူတူပြန်တယ်။

ရှောင်ဖော့လန် တတိယတပ်ဖွဲ့ကိုရောက်ကတည်းက ပထမဆုံးလုပ်တဲ့အလုပ်က 4.0 ကိုရှာပြီး ရန်ဖြစ်တာပဲ။

ချန်ကျင့်ရွှယ်က သူ့ကိုယ်ပိုင်စက်ရုပ်လေးအတွက် စိတ်မကောင်းဖြစ်နေတယ်။ ရှောင်ဖော့လန်က သေရာပါတဲ့ဒဏ်ရာဒဏ်ချက် ပေးလိုက်မှာကို ထိတ်လန့်နေတယ်။ သူက ရှောင်ဖော့လန်ကို သနားညှာတာပေးဖို့ စိတ်မသက်မသာနဲ့ တောင်းပန်ခဲ့တယ်။

မမျှော်လင့်တာက သူစိတ်သောကရောက်လေလေ၊ ရှောင်ဖော့လန်က ပိုပြင်းထန်စွာ ရိုက်လေလေပဲ။

ဒါပေမဲ့ ဒီမှာ ထိတ်လန့်စရာအကောင်းဆုံးကဘာလဲ!

ရှောင်ဖော့လန်က .... သာမန်စက်ရုပ်မဟုတ်ဘူးလေ!

သူက 4.0 ကို တစ်စစီဖြုတ်ပြီးသွားရင် ပြန်တပ်တတ်တယ်။ အဲဒီတော့ သူ 4.0 ကို ဘယ်လောက်ပြင်းပြင်း ရိုက်ပါစေ သူ့ကို စိတ်ဆိုးလို့မရဘူးဖြစ်နေတယ်!

ချန်ကျင့်ရွှယ်က ကျိုးကျိုးကိုပဲ တိုင်တောရတော့တယ်။

"ကျိုးကျိုးရေ မင်းတကယ်ပဲ ရှောင်ဖော့လန်ကို ထိန်းချုပ်ရတော့မယ်၊ သူက နေ့တိုင်း 4.0 ကို အနိုင်ကျင့်နေတာပဲ! ငါ့ရဲ့မက်ခါလေးဆိုတော့ ငါမှာ ဒီနားမှာ နာကျင်နေရတယ်။ 4.0 ကို သူရိုက်ရင် ငါ့ကို တိုက်ရိုက်နာကျင်အောင်လုပ်နေသလိုပဲ!"

မီနီမက်ခါဆိုပေမဲ့လည်း အဲဒါက စကြဝဠာထဲမှာ ပထမဆုံး စိတ်သန္တာန်မက်ခါလေးလေ။

ဒါပေမဲ့ ကျန်းဖုန်းနဲ့ ကျိုးဟုန်ရိတို့မှာရှိတဲ့ စက်ရုပ်တွေကို စဉ်းစားကြည့်လိုက်။ သူတို့အကုန်လုံးကလည်း စက်ရုပ်တွေပဲ။ ဝမ်ရှောင်းယွင်ရဲ့မက်ခါ ဝေါ့စီးကလည်း သူ့ 4.0 ရဲ့ နောက်မှ အဆင့်မြှင့်ထားတာ။ သူ့ရဲ့ 4.0 က တကယ်တမ်း ပထမဆုံး စိတ်သန္တာန်မက်ခါလို့ ယူဆလို့ရတယ်။

ဒါက ကြယ်တာရာသမိုင်းမှာ သမိုင်းဝင်မဲ့ဟာလေ!

အထိမ်းအမှတ်အနေနဲ့ အထူးဂုဏ်ပြုရမဲ့အရာလေးလေ!

သူက ဘယ်လိုလုပ်ပြီး စိတ်သောကမရောက်ပဲ နေမှာလဲ။

ချန်ကျင့်ရွှယ်ရဲ့ တိုင်တောသံကိုကြားတော့ ကျွမ်းကျိုးက သက်ပြင်းချလိုက်တယ်၊ ပြီးတော့ ရင့်ကျက်ပြီး ပညာပြည့်ဝတဲ့ပုံဖမ်းပြီး ပြောလိုက်တယ်: "ချန်ကျင့်ရွှယ် ခင်ဗျား နောက်ဆိုရင် အဲဒီလိုမျိုး မပြောသင့်ဘူး"

ချန်ကျင့်ရွှယ်က နားမလည်ဘူး: "ဘာဖြစ်လို့ ပြောလို့မရတာလဲ"

ကျွမ်းကျိုးက သူ့စကားလုံး အသုံးအနှုန်းကို သေချာ ပြန်ရွေးချယ်သုံးလိုက်တယ်: "အမ်း... အဲဒါက ဒီလိုရှိတယ်။ ရှောင်ဖော့လန်က တကယ်တမ်း သူငယ်ချင်းအများကြီးမရှိဘူးလေ။ အမှိုက်ဂြိုလ်မှာတုန်းက ခင်ဗျားကပဲ အမြဲတမ်း သူ့ကို အလုပ်ကျွေးပြု..... *ဖီ ခင်ဗျားကပဲ ကြည့်ရှုစောင့်ရှောက်ပေးတာလေ၊ ရှောင်ဖော့လန်က ခင်ဗျားကို သူ့ရဲ့ အစေခံ...ဖီ သူငယ်ချင်းအဖြစ် မှတ်ထားတာ။ ဒါပေမဲ့ ခင်ဗျားက အခုကြည့်ပါဦး။ 4.0 ရှိလာကတည်းက ရှောင်ဖော့လန်ကို လုံးဝ ဂရုကိုမစိုက်တော့ဘူး။ ရှောင်ဖော့လန်က ရှာလကာရည်သောက်နေတာလေ!"

(*ဖီ တံတွေးထွေးတဲ့အသံ)

ချန်ကျင့်ရွှယ်က ခဏလောက် အသံတိတ်သွားတယ်။

အဲဒီနောက် သူက ဘယ်လိုမှ မယုံကြည်နိုင်တဲ့အသံနဲ့ မေးတယ်: "သူက... ရှာလကာရည်သောက်နေတာလား"

ကျွမ်းကျိုးက ဆိုတယ်: "အမှန်ပဲ!"

ချန်ကျင့်ရွှယ်: "ဘာမနာလိုစရာရှိလို့လဲ၊ 4.0 က ငါ့မက်ခါလေ၊ ရှောင်ဖော့လန်က ငါ့မက်ခါမှ မဟုတ်တာ"

ကျွမ်းကျိုးက သူ့ဘာသူ တွေးလိုက်တယ်: ဒါပေမဲ့ ရှောင်ဖော့လန်က မရမက ခင်ဗျားကို မိစ္ဆာရဲ့အစေခံအဖြစ် လုပ်လိုက်ပြီလေ။

မိစ္ဆာတွေ မကောင်းဆိုးဝါးတွေနဲ့ ယုတ္တိအကြောင်းမပြောနဲ့။

မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေမှာ ဆင်ခြင်တွေးခေါ်နိုင်စွမ်းမရှိဘူး။

ချန်ကျင့်ရွှယ်က သေချာစဉ်းစားကြည့်လိုက်ပေမဲ့ သူနားမလည်နိုင်ဘူး။ ဒါပေမဲ့ သူ ခပ်ရေးရေးတော့ သဘောပေါက်သလိုလိုပဲ... သူက မြင့်မြတ်တဲ့ဖော့လန်အရှင်သခင်ကို ဆက်ပြီး အမှုထမ်းရဦးမှာမလား။

တကယ်လို့ သူက စကားတချို့ပြောကြည့်ပြီး သူ့ကိုပျော်အောင်ထားရင် ရှောင်ဖော့လန်ကို ပိုပြီး ချော့မော့လို့ရနိုင်မလား။

ချန်ကျင့်ရွှယ်က ခေါင်းကုတ်ရင်း အဝေးကို ထွက်သွားတယ်။

ကျွမ်းကျိုးက ရှောင်ဖော့လန်က ဒါကို ဂရုစိုက်နေမယ်လို့ ဘယ်တုန်းကမှ မထင်ထားမိဘူး။ စဉ်းစားကြည့်လေ ရယ်ချင်လာလို့ သူက မက်ခါအစိတ်အပိုင်းလေးတွေကို ယူပြီး ဝမ်ရှောင်းယွင်ကို ရှာပြီး ပြောပြဖို့ ခုန်ပေါက်ထွက်သွားတယ်။

ဝမ်ရှောင်းယွင်ရဲ့ ရုံးခန်းတံခါးက ပွင့်နေတယ်။

ကျွမ်းကျိုးက အထဲကို ဝင်မသွားသေးဘူး၊ ဒါပေမဲ့ ဝမ်ရှောင်းယွင် တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်တယ်။

ကျွမ်းကျိုး သူတို့ဘာအကြောင်းပြောနေလဲမသိပေမဲ့ ဝမ်ရှောင်းယွင်မျက်နှာက ခပ်ယဲ့ယဲ့ ပြုံးနေတယ်။

ဒီအပြုံးက တခြားသူမြင်ဖူးတဲ့ အပြုံးတွေနဲ့ ကွာခြားနေတယ်။ အဲဒါမှာ တစ်ခုခုကို ပြန်အောက်မေ့တမ်းတနေတဲ့ အရိပ်အယောင်တွေလည်း တွေ့နေရတယ်။

ကျွမ်းကျိုးလာတာကိုတွေ့တော့ ဝမ်ရှောင်းယွင်က ရပ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်တယ်: "ငါမင်းကို နောက်မှထပ်ပြောမယ်၊ အခု အလုပ်များနေတယ်"

ဒီလိုပြောပြီးတော့ သူက ဖုန်းချလိုက်တယ်။

ဝမ်ရှောင်းယွင်က မတ်တပ်ထရပ်လိုက်ပြီး ကျိုးကျိုးဆီကို လှမ်းလာတယ်: "ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ၊ ပျင်းနေပြီလား"

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ရဲ့ ဆက်သွယ်ရေးစက်ကို ကြည့်လိုက်ပြီး သူ့အမူအရာကို ကြည့်လိုက်တယ်။ သူ့(ဝမ်ရှောင်းယွင်)အပြုံးက ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ။

သူက နှုတ်ခမ်းတွေ ခပ်တင်းတင်းစေ့လိုက်ပြီးတော့ မနေနိုင်တော့ဘဲ မေးကြည့်လိုက်တယ်: "အခု ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"

ဝမ်ရှောင်းယွင်: "မတွေ့ရတာ အရမ်းကြာနေတဲ့ သူငယ်ချင်းတစ်ယောက်"

ကျွမ်းကျိုးက မေးတယ်: "အရမ်းကြာနေပြီလား"

ဝမ်ရှောင်းယွင်: "အင်း တစ်နှစ်လောက်ရှိပြီ၊ တစ်ရက်နှစ်ရက်နေရင် မင်းကို သူနဲ့တွေ့ဖို့ ခေါ်သွားမယ်"

ကျွမ်းကျိုးက "အင်း" ဆိုပြီး ခပ်လေးလေး အသိအမှတ်ပြုလိုက်ပြီးနောက် စကားထပ်မပြောတော့ဘူး။

သူစိတ်မပျော်ရွှင်တာကို တွေ့တော့ ဝမ်ရှောင်းယွင်က မေးတယ်: "ဘာဖြစ်လို့လဲ"

ကျွမ်းကျိုးက မျက်လွှာချပြီး ခေါင်းခါလိုက်တယ်: "ဘာမှမဟုတ်ပါဘူး"

ထိုညတွင်

ကျွမ်းကျိုးက နတ်ဘုရားပုံတော်ကို ဝမ်ရှောင်းယွင်ရဲ့အခန်းထဲကနေ ယူသွားတယ်။ သူကိုယ်တိုင်လည်း ဝမ်ရှောင်းယွင်နဲ့ မအိပ်ဘူး။ ဝမ်ရှောင်းယွင်ကို အသိပေးပြီးနောက် သူတစ်ယောက်တည်း ခေါင်မိုးပေါ်ကို တက်သွားတယ်။

ကြယ်ရောင်စုံလင်းလက်နေတဲ့ ကောင်းကင်အောက်မှာ ထိုင်နေရင်း ကျွမ်းကျိုးက မျက်မှောင်ကြုတ်လိုက်တယ်။ ပြီးတော့ ဘာလုပ်ရမှန်းမသိ စိတ်ရှုပ်နေတယ်။ ဒါပေမဲ့ အကြာကြီး စဉ်းစားပြီးနောက် သူအဖြေကောင်းကောင်းရှာမတွေ့သေးဘူး။

"ကျွန်တော်က အရမ်းဆိုးရွားပါတယ်၊ ဦးလေးမဟာနတ်မင်းကြီး" သူက သူ့ရင်ဘတ်ကို ဖိရင်းနဲ့ အင်မတန် စိတ်တိုနေတဲ့ပုံနဲ့ ပြောတယ်: "ကျွန်တော် တကယ်ကြီး လူတစ်ယောက်ကို မနာလိုဖြစ်နေတယ်"

မဟာနတ်မင်းကြီးက အရင်ကပြောဖူးတယ်။ နတ်ဘုရားတွေက တရားမျှတရတယ်တဲ့။

သက်ဝင်ယုံကြည်သူတိုင်းကို မျှမျှတတ ကောင်းချီးပေးရမယ်။ သက်ဝင်ယုံကြည်သူတစ်ယောက်က အားထုတ်လုပ်ဆောင်မှုတစ်ခု ရင်းနှီးထားတယ်ဆိုရင် နတ်ဘုရားကလည်း သူတို့ကို တစ်ခုသော ကံကောင်းခြင်းမျိုးနဲ့ ညီညီမျှမျှ ကောင်းချီးပြန်ပေးရမယ်။

သက်ဝင်ယုံကြည်သူက ပိုကြိုးစားလေလေ၊ သူတို့ရရှိတဲ့ ကောင်းချီးက များလေလေပဲ။

နတ်ဘုရားတွေက ဒါကို လက်ကိုင်ထားရမယ်။ သူတို့က အားထုတ်မကြိုးစားတဲ့သူကို ကံကောင်းခြင်းတွေ ပေးလို့မရဘူး။

အဲဒါကြောင့် နတ်ဘုရားတွေမှာ မကောင်းတဲ့စိတ်ဆန္ဒတွေလည်း ရှိလို့မရဘူး။ မကောင်းတဲ့စိတ်ဆန္ဒတွေရှိနေတဲ့ နတ်ဘုရားတွေက တရားမမျှတနိုင်တော့ဘူး။

ဒါပေမဲ့ အခုတော့ သူက သူများကို မနာလိုဝန်တိုတတ်နေပြီ။

မနာလိုဝန်တိုတယ်ဆိုတာကလည်း မကောင်းတဲ့စိတ်ဆန္ဒပဲ။

သူက နတ်ဘုရားတစ်ပါးဖြစ်ဖို့ အရည်အချင်းမပြည့်မီတော့ဘူး။

ကျွမ်းကျိုးက စိတ်သောကရောက်နေတယ်။ သူအရင်က မဟာနတ်မင်းကြီးဘေးမှာရှိတုန်းက မဟာနတ်မင်းကြီးက သူ့ကို မရေမတွက်နိုင်အောင် သတိပေးဖူးတယ်။ နတ်ဘုရားတွေက မကောင်းတဲ့စိတ်တွေ ရှိလို့မရဘူး။ မကောင်းတဲ့ စိတ်ဆန္ဒနဲ့ နတ်ဘုရားတွေက အလွန်ကြောက်စရာကောင်းတဲ့ နတ်ဘုရားတွေဖြစ်တယ်။

သူက ဘာလုပ်ရမှာလဲ။

ကျွမ်းကျိုးက တစ်နာရီကျော်ကြာအောင် တွေဝေငေးငိုင်စွာ ထိုင်နေတယ်။ အဆုံးမှာတော့ သူဘာလုပ်ရမှန်း တကယ်မသိတော့ဘူး။ သူက နတ်ဘုရားပုံတော်နဲ့အတူ အောက်ထပ်ကိုပဲ ဖြည်းဖြည်းချင်း ပြန်ဆင်းသွားနိုင်တယ်။

ဝမ်ရှောင်းယွင်က တံခါးဝမှာ ဘယ်လောက်ကြာနေပြီမှန်းမသိအောင် ရပ်စောင့်နေခဲ့တယ်။

ကျိုးကျိုး ခေါင်မိုးပေါ်ကဆင်းလာတာကိုတွေ့တော့ ဝမ်ရှောင်းယွင်က သူ့ပခုံးပေါ်ကို ကုတ်အင်္ကျီလွှားပေးပြီး ညင်ညင်သာသာလေး မေးလိုက်တယ်: "ကျိုးကျိုး စကားပြောကြမလား"

ကျွမ်းကျိုးက နည်းနည်း အပြစ်ရှိသလိုဖြစ်နေတယ်: "ဘာအကြောင်းပြောမလို့လဲ"

ဝမ်ရှောင်းယွင်: "မင်း ဒီနေ့ နည်းနည်း စိတ်မပျော်ဘူးဖြစ်နေတယ်"

ကျွမ်းကျိုးက နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး ပိုလို့တောင် အပြစ်ရှိသလို ခံစားလိုက်ရတယ်။

ဝမ်ရှောင်းယွင်က သူ့ရဲ့ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်ပြီး "နေ့တိုင်းဖတ်ဖို့" ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ မှတ်စုလေးကို ပြပြီး ပြောတယ်: "ဒါကို မှတ်မိသေးလား။ မင်း သဘောမကျတဲ့အရာ၊ မပျော်ရွှင်တဲ့အရာ၊ ကိုယ့်ကို အားလုံး ပြောပြလို့ရတယ်"

ကျွမ်းကျိုးက နည်းနည်း ဒွိဟဖြစ်နေတယ်: "ကျွန်တော်.. ကျွန်တော်က နတ်ဘုရားတွေ မလုပ်ရမဲ့ အမှားမျိုး လုပ်မိထားတယ်၊ ကျွန်တော် ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ သွားတာ...."

ဝမ်ရှောင်းယွင်က ခဏလောက် စဉ်းစားလိုက်ပြီး မေးတယ်: "အဲဒါက အမှားမဟုတ်ဘူးဆိုရင်ရော"

ကျွမ်းကျိုးက အသံတိုးတိုးလေး ပြောတယ်: "အဲဒါက အမှားပဲ။ ကျွန်တော်က မနာလိုနေတယ်"

ဝမ်ရှောင်းယွင်က နည်းနည်း အံ့အားသင့်သွားတယ်: "မနာလိုတယ်?"

ကျွမ်းကျိုးက ခေါင်းငုံ့သွားပြီး အသံက ပိုလို့တောင် တိုးသွားတယ်: "ကျွန်တော် ခင်ဗျားသူများတွေကို ပြုံးပြတာကို မကြိုက်ဘူး။ ကျွန်တော်တစ်ယောက်တည်းကိုပဲ ပြုံးပြစေချင်တယ်...."

ဒီလိုပြောပြီးသွားတော့ သူ့မျက်နှာက နီမြန်းသွားတယ်။ ရှက်သွေးဖြာနေပေမဲ့ ဒွိဟဖြစ်နေတုန်းပဲ: "နတ်ဘုရားတွေက မကောင်းတဲ့စိတ်ဆန္ဒတွေ ရှိလို့မရဘူး။ ကျွန်တော်က တခြားသူတစ်ယောက်ကို မနာလိုဖြစ်နေတယ်။ ကျွန်တော်က ကောင်းမွန်တဲ့အရည်အချင်းပြည့်စုံတဲ့ နတ်ဘုရားမဟုတ်ဘူး"

ဝမ်ရှောင်းယွင်က ဒါက အကြောင်းရင်းဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။

သူက ကျိုးကျိုးရဲ့ စိတ်ရှုပ်ထွေးမှုအကြောင်းအရင်းကြောင့် ပြန်အသိပြန်မဝင်လာခင် အချိန်အတန်ကြာတဲ့အထိ ကြက်သေသေနေခဲ့တယ်။

အဆင့်မြင့်စစ်တပ်အရာရှိတစ်ဦးဖြစ်တဲ့တစ်လျှောက် သူဒီလောက်ကြာအောင် တွေဝေနေမိတာ ပထမဆုံးအကြိမ်ပဲ။ စစ်မြေပြင်မှာသာဆိုရင် ဒါက သေစေနိုင်တဲ့ အမှားတစ်ခုဖြစ်သွားနိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျိုးကျိုးပြောလိုက်တဲ့စကားတွေက သူ့ရင်ထဲမှာ လှိုင်းပေါ်လှိုင်းဆင့်အောင် ဖန်တီးလိုက်တယ်။

ဝမ်ရှောင်းယွင် ပြောစရာစကားမဲ့သွားတာကို မြင်လိုက်တော့ ကျိုးကျိုးခေါင်းက ပိုလို့တောင် ငုံ့သွားပြီး လူတွေကို မျက်နှာချင်းဆိုင်ဖို့ အင်မတန်ရှက်နေတော့တယ်။

သူ တအားရှက်တယ်။

"ကျိုးကျိုး" ဝမ်ရှောင်းယွင်က နောက်ဆုံးတော့ ခေါ်လိုက်တယ်။ သူ့အသံက နည်းနည်း တိုးတိမ်ပြီး ကြမ်းရှရှဖြစ်နေတယ်: "ကိုယ် မင်းအရင်ကပြောတာ မှတ်မိတယ်၊ မကောင်းတဲ့ စိတ်ဆန္ဒတွေ အမျိုးအစားအများကြီးရှိတယ်ဆိုတာ...."

ကျွမ်းကျိုးက သူ့ခေါင်းကို သုန်မှုန်စွာ ညိတ်လိုက်တယ်: "အင်း"

ဝမ်ရှောင်းယွင်က သူ့လက်ထဲက နတ်ဘုရားပုံတော်ကို ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်တယ်။ အဲဒီနောက် အမွှေးတိုင်အိုး၊ ဖယောင်းတိုင်နဲ့ တခြားအရာတွေကို ထုတ်လိုက်တယ်။ အဲဒါတွေက ကျွမ်းကျိုးရဲ့ဟာတွေနဲ့ ပုံစံတူတူပဲ။

ဝမ်ရှောင်းယွင်က သေချာပေါက် ယုံကြည်ကိုးကွယ်မှုမရှိဘူးလေ၊ သူ ဘယ်တုန်းက ဒီပစ္စည်းတွေအကုန်လုံး ပြင်ဆင်ထားလဲ ဘယ်သူသိမှာလဲ။

ကျွမ်းကျိုးကလည်း ဝမ်ရှောင်းယွင် လုပ်ဖို့ပြင်နေတာကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေတယ်။ အဲဒီနောက် ဝမ်ရှောင်းယွင် ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေကို မီးညှိလိုက်ပြီး ကျွမ်းကျိုးရဲ့ နတ်ဘုရားပုံတော်ကို ပူဇော်နေတယ်။

ကျွမ်းကျိုးရဲ့မျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားတယ်: "ခင်ဗျား..."

သူဘာတွေ လုပ်နေတာလဲ။

သူက သေချာပေါက် သေချာပေါက် ပြောခဲ့တယ်လေ....

ဝမ်ရှောင်းယွင်က အင်တိုက်အားတိုက် ဂါရဝပြုပြီးသွားတဲ့နောက် အမွှေးတိုင်ကို အမွှေးတိုင်အိုးထဲမှာ စိုက်လိုက်တယ်။ သူက တစ်ဖက်လှည့်ပြီး ကျွမ်းကျိုးကို ကြည့်လိုက်တယ်။ ကျွမ်းကျိုးလက်ကို ယူပြီး သူ့ရင်ဘတ်ပေါ်တင်လိုက်တယ်: "အခု နားထောင်ကြည့် ကိုယ့်ရင်ထဲက စိတ်ဆန္ဒတွေကို ကြားရလား"

ကျွမ်းကျိုးလက်ဖဝါးအောက်က နှလုံးသားက မြန်ဆန်စွာ ခုန်နေတယ်။ ဝမ်ရှောင်းယွင် သူ့ကို ပူဇော်တုန်းက သူ့ရဲ့ယုံကြည်မှုစုဆောင်းတဲ့ပစ္စည်းလေး ခုန်သွားတာကို ကျွမ်းကျိုး ခံစားလိုက်ရတယ်။ အလွန့်အလွန်ကိုမှ ယုံကြည်ကိုးစားတဲ့ ယုံကြည်မှုတွေ တိုးဝင်သွားတယ်။ အဲဒီယုံကြည်မှုပြင်းအားက... ရှောင်ဖော့လန်ရဲ့ ပြင်းထန်မှုကိုတောင် ကျော်လွန်နေသေးတယ်။

ဒီလူ အရင်က သူ့မှာ ဘာယုံကြည်မှုမှမရှိဘူးလို့ ပြောဖူးတဲ့သူက အခု သူ့ရဲ့ယုံကြည်မှုတွေအားလုံးကို ကျွမ်းကျိုးကို ပုံအပ်နေတယ်။

ဒါပေမဲ့.... သူက တကယ် ဝမ်ရှောင်းယွင်ရဲ့ ဆုတောင်းကို မကြားရဘူး။

ကျွမ်းကျိုးက နည်းနည်း စိတ်ရှုပ်ထွေးသွားတယ်: "ကျွန်တော် မကြားရဘူး...."

"ဘာလို့လဲဆိုတော့ ကိုယ့်ရင်ထဲမှာ မကောင်းတဲ့စိတ်ဆန္ဒတွေ ရှိနေလို့ပဲ" ဝမ်ရှောင်းယွင်က ပြောတယ်: "ကိုယ်က လောဘကြီးတဲ့ပြစ်မှုမျိုး ကျုးလွန်ထားတယ်။ ကိုယ်မင်းကို သဘောကျတယ်၊ အလွန့်အလွန် သဘောကျတယ်။ အဲဒါကြောင် ကိုယ့်မှာ ကိုယ့်ဘဝတစ်သက်တာလုံး မင်းကို ကိုယ့်နံဘေးမှာထားချင်တဲ့ မတင်းတိမ်၊ မရောင့်ရဲနိုင်တဲ့ စိတ်ဆန္ဒရှိနေတယ်"

ကျွမ်းကျိုးရဲ့မျက်နှာက ဖြည်းဖြည်းချင်း ရဲတက်လာတယ်။

ဝမ်ရှောင်းယွင်ကဆိုတယ်: "ကိုယ်က တပ်မက်ခြင်းဆိုတဲ့ ပြစ်မှုမျိုးလည်း ကျူးလွန်ထားတယ်။ ကိုယ်မင်းကို နမ်းရှိုက်ချင်တယ်၊ ဖက်ထားချင်တယ်... မင်းအပေါ်*ကျင့်ဝတ်ချိုးဖောက်ချင်တယ်"

*ဒါကလေ အမှန်တော့ စော်ကားချင်တယ်လို့ သုံးလို့လည်းရတယ်၊ နည်းနည်းများ ရိုင်းသွားမလားလို့၊ ပြောချင်တာကတော့ ဝမ်ရှောင်းယွင်က ကျိုးကျိုးနဲ့ s** လုပ်ချင်တယ်လို့ မသဲမကွဲပြောတာပါ)

...............xxx.................

စာရေးသူမှာ ပြောစရာရှိပါတယ်: PS--

ဝမ်ရှောင်းယွင်: ဘယ်လိုနည်းနဲ့ကြည့်ကြည့် 'မြင့်မြတ်တဲ့အရာကို ရုန့်ရင်းကြမ်းတမ်းစွာ စော်ကားသုံးနှုန်း' လိုက်တာပဲ။

-Zawgyi-

အခန္း ၄၃: ကိုယ္မင္းကို နမ္း႐ႈိက္ခ်င္တယ္၊ ဖက္ထားခ်င္တယ္

ဝမ္ေ႐ွာင္းယြင္က ခ်န္က်င့္႐ႊယ္ သူ႔ရဲ႕အီမိုဂ်ီပံုကို အြန္လိုင္းေပၚတင္လိုက္တာအတြက္ ေအာင္ျမင္စြာ လက္စားေခ်လိုက္ႏိုင္တယ္။ အျပန္လမ္းမွာ သူက တစ္ေလွ်ာက္လံုး စိတ္အေျခအေန ေတာ္ေတာ္ေလးေကာင္းေနတယ္။

အခု ကၽြမ္းက်ိဳးက တစ္ေန႔ကို တစ္ခ်ိန္ပဲ စာသင္စရာလိုေသးတယ္။ ဒါေပမဲ့ ေက်ာင္းအုပ္ႀကီးက သူ႔အတြက္ အစီအစဥ္ေတြ လုပ္ထားၿပီးသား။ မနက္ျဖန္ကစၿပီး အတန္းႏွစ္တန္း သင္ရေတာ့မယ္၊ မနက္မွာ တစ္တန္း၊ ေန႔လယ္မွာ တစ္တန္း။

မနက္အတန္းၿပီးသြားတာနဲ႔ သူက အလုပ္ၿပီးသြားၿပီ။ ဒါေပမဲ့ ဝမ္ေ႐ွာင္းယြင္က အလုပ္မျပတ္ေသးဘူး။

အဲဒါနဲ႔ ကၽြမ္းက်ိဳးလည္း ဝမ္ေ႐ွာင္းယြင္နဲ႔အတူတူ တတိယတပ္ဖြဲ႕ကို လိုက္လာခဲ့တယ္။

လမ္းမွာ သူ႔ရဲ႕ဆက္သြယ္ေရးစက္က အႀကိမ္အနည္းငယ္ ျမည္ေနခဲ့တယ္။ ပထမတစ္ႀကိမ္တုန္းက ကၽြမ္းက်ိဳးျပန္ေျဖခဲ့တယ္။ အဲဒါက သူစိမ္းတစ္ေယာက္ ေျဖလာတယ္။ သူတို႔ရဲ႕သခင္က ကၽြမ္းက်ိဳးနဲ႔ ေတြ႕ခ်င္ေနတယ္လို႔ ေျပာတယ္။

ကၽြမ္းက်ိဳးက ဘယ္သူလဲလို႔ေမးေပမဲ့ တစ္ဖက္လူက ျပန္မေျဖခဲ့ဘူး။ လာေတြ႕ရင္သိလိမ့္မယ္လို႔ ေျပာေနတယ္။

ကၽြမ္းက်ိဳးကလည္း ငတံုးမွမဟုတ္တာ။ တစ္ဖက္လူက မေျပာခ်င္မွေတာ့ သူက စိတ္႐ႈပ္ခံမေနေတာ့ဘဲ တန္းၿပီး ဖုန္းခ်လိုက္တယ္။

အဲဒီလိုနဲ႔ တစ္ဖက္လူက မရပ္မနားဖုန္းေတြေခၚေနေတာ့တယ္။

ကၽြမ္းက်ိဳးက ျပန္မေျဖေတာ့ဘူး။

ငါးခါေျမာက္ေခၚၿပီးတဲ့ေနာက္မွာ မက္ေဆ့တစ္ခု ဝင္လာတယ္။

"ကၽြန္ေတာ္က ဘယ္႐ြန္ေပၚသြင့္ရဲ႕အိမ္ေတာ္ထိန္းပါ။ ဘယ္႐ြန္က ကၽြမ္း-ေလာင္႐ွီးနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ကိစၥ ေဆြးေႏြးခ်င္ေနပါတယ္"

ဒီအေၾကာင္းကိုျမင္ေတာ့ ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ကို ေမးတယ္: "ဒီဘယ္႐ြန္ေပၚသြင့္ဆိုတာ ဘယ္သူလဲ"

ဝမ္ေ႐ွာင္းယြင္: "သူ မင္းကို႐ွာေနလို႔လား"

ကၽြမ္းက်ိဳးက ေျပာတယ္: "ဟုတ္တယ္။ သူက ကၽြန္ေတာ္နဲ႔ ပူးေပါင္းခ်င္တယ္လို႔ေျပာတယ္"

ဝမ္ေ႐ွာင္းယြင္: "စာၾကည့္တိုက္တုန္းကလူကို မွတ္မိေသးလား"

ကၽြမ္းက်ိဳးက ေျပာတယ္: "မွတ္မိတယ္! ပထမတပ္ဖြဲ႔ရဲ႕ တပ္ဖြဲ႔မွဴး!"

ဝမ္ေ႐ွာင္းယြင္: "အင္း ဘယ္႐ြန္ေပၚသြင့္က သူ႔ရဲ႕အစ္ကိုႀကီး"

ကၽြမ္းက်ိဳးက 'အိုး' ဆိုၿပီး အသိအမွတ္ျပဳသံျပဳလိုက္ၿပီးေနာက္ သူ႔ရင္ထဲမွာ တိတ္တိတ္ေလး ဟြန္႔ဆိုၿပီး ႏွာမႈတ္လိုက္တယ္။ တီးဝမ္ သူ႔ကို ယံုၾကည္မႈေတြ အမ်ားႀကီးေပးခဲ့ေပမဲ့ သူ႔ရင္ထဲက ဆႏၵေတြကို မၾကားရဘူးဆုိတာ သူမေမ့ေသးဘူး။

ဒီလိုလူမ်ိဳးက ရင္ထဲမွာ မေကာင္းတဲ့စိတ္ဆႏၵေတြ ႐ွိေနလို႔ပဲ။ အဲဒါေၾကာင့္ သူတို႔ရဲ႕ဆုေတာင္းကို သူမၾကားရတာ။ သူကလည္း ေသခ်ာေပါက္ သူတို႔ကို ေကာင္းခ်ီးမေပးႏိုင္ပါဘူး။

ဒီလိုယံုၾကည္မႈမ်ိဳးကက်ေတာ့ ဝမ္ေ႐ွာင္းယြင္ အရင္က ေျပာဖူးတယ္: အလကားရတဲ့ပစၥည္းကို ဘာျဖစ္လို႔ ျငင္းေနမွာလဲ!

ကၽြမ္းက်ိဳးက နံပါတ္ကို ခ်က္ခ်င္း အမည္မည္းစာရင္းသြင္းလိုက္တယ္။

ဘယ္႐ြန္ေပၚသြင့္ရဲ႕ အိမ္ေတာ္ထိန္း ေနာက္တစ္ခါ မက္ေဆ့ပို႔ေတာ့ ဆက္သြယ္လို႔မရေတာ့ဘူး။

အိမ္ေတာ္ထိန္းရဲ႕မ်က္ႏွာအေရာင္က နည္းနည္း ၾကည့္ရဆိုးလာတယ္: "ဘယ္႐ြန္တာ့ရယ္ သူ.... ကၽြန္ေတာ့္နံပါတ္ကို အဝင္ပိတ္လိုက္ၿပီ" ေနာက္ၿပီး ဒီလိုပိတ္လိုက္တာက သူဘယ္သူလဲဆိုတာ ေျပာလိုက္ၿပီးေနာက္ ခ်က္ခ်င္း လုပ္လိုက္တာပဲ။

ဘယ္႐ြန္ေပၚသြင့္က ခ်က္ခ်င္း ျပန္မေျဖခဲ့ဘူး။

ဆန္႔က်င္ဘက္အေနနဲ႔ ပထမတပ္ဖြဲ႔က တပ္ဖြဲ႔မွဴးတီးဝမ္ကေတာ့ မခံမရပ္ႏိုင္ျဖစ္ေနတယ္: "ၾကည့္ရတာ ကၽြန္ေတာ္တို႔နဲ႔ လံုးဝ မပူးေပါင္းခ်င္ဘူးနဲ႔တူတယ္"

တီးဝမ္က နည္းနည္း ေနာင္တရသလို ခံစားလုိက္ရတယ္။ သူသာ ဒီကၽြမ္းက်ိဳးက ဆရာသခင္ေလးဆိုတာ ေစာေစာသိခဲ့ရင္ အဲဒီေန႔က စာၾကည့္တိုက္ထဲမွာ ကၽြမ္းက်ိဳး သူနဲ႔ကစားေနတဲ့ ဂိမ္းကို သူသည္းခံလိုက္မွာပဲ။

ဘယ္႐ြန္ေပၚသြင့္ကဆိုတယ္: "ထင္တဲ့အတိုင္းပဲ"

ေျပာစရာကိုမလိုဘူး။ ကၽြမ္းက်ိဳးက အခု ဝမ္ေ႐ွာင္းယြင္နဲ႔ ခ်ည္ေႏွာင္ထားတာေလ။

ဝမ္ေ႐ွာင္းယြင္က တတိယတပ္ဖြဲ႔မွာ ႐ွိေနေသးသေ႐ြ႕ ကၽြမ္းက်ိဳးက တျခား ဘယ္တပ္ဖြဲ႔နဲ႔မွ ပူးေပါင္းမွာ မဟုတ္ဘူး။

တီးဝမ္ရဲ႕မ်က္ႏွာက မည္းေမွာင္ၿပီး ေလးလံလာတယ္: "ဒါဆို ကၽြန္ေတာ္တို႔ အခုဘာလုပ္ၾကမလဲ"

ဘယ္႐ြန္ေပၚသြင့္က အိမ္ေတာ္ထိန္းကို ၾကည့္လိုက္တယ္: "မက္ခါဒီဇိုင္းဌာနက တျခားေက်ာင္းသားေတြကို ဆက္သြယ္ၿပီးၿပီလား"

"ဟုတ္ကဲ့ ဘယ္႐ြန္၊ ဘယ္႐ြန္နဲ႔ေတြ႕ခ်င္တဲ့ ေက်ာင္းသား ၅ ေယာက္႐ွိပါၿပီ"

ဘယ္႐ြန္ေပၚသြင့္က ေခါင္းညိတ္လိုက္ၿပီး ေျပာတယ္: "အခုေလာေလာဆယ္ ဝမ္ေ႐ွာင္းယြင္ရဲ႕ စိတ္စြမ္းအားအဆင့္က ဘယ္ေလာက္လဲ"

တီးဝမ္ကဆိုတယ္: "ဘယ္သူမွမသိဘူး။ သူ႔တပ္ဖြဲ႔က ဆရာဝန္ေတြက အကုန္လံုး ပါးစပ္အရမ္းလံုၾကတယ္။ သူကလြဲရင္ ဘယ္သူမွသိမွာမဟုတ္ဘူး။ ဒါေပမဲ့ ကၽြန္ေတာ့္အထင္ သိပ္မျမင့္ေလာက္ဘူး။ မဟုတ္ရင္ သူဒီေလာက္ တင္းတင္းက်ပ္က်ပ္ ပိတ္ပင္ထားမွာမဟုတ္ဘူး"

ဘယ္႐ြန္ေပၚသြင့္က ဆိုတယ္: "မင္းတို႔ေတြ ေပယြီစီးကို မွတ္မိေသးလား"

"မွတ္မိတာေပါ့ အရင္က တတိယတပ္ဖြဲ႔ တပ္ဖြဲ႔မွဴး။ သူ႔ရဲ႕ စိတ္စြမ္းအား အဆိပ္သင့္သြားၿပီးေနာက္ အၿငိမ္းစားယူလိုက္တာ"

"ဟုတ္တယ္" ဘယ္႐ြန္ေပၚသြင့္က ျဖည္းျဖည္းခ်င္း ေျပာတယ္: "သူ႔ကို႐ွာဖို႔ လူတစ္ေယာက္ လႊတ္လိုက္"

-

တတိယတပ္ဖြဲ႔သို႔ ေရာက္ေသာ္

ဝမ္ေ႐ွာင္းယြင္က အလုပ္လုပ္ဖို႔သြားတယ္။ ကၽြမ္းက်ိဳးက မက္ခါလုပ္ဖို႔ သြားတယ္။

ႏွစ္ေယာက္လံုး သူတို႔အလုပ္နဲ႔ သူတို႔႐ႈပ္ေနၾကတယ္။ တစ္ခါတေလ အနားယူတဲ့အခါ တစ္ေယာက္ကိုတစ္ေယာက္ ဘာလုပ္ေနၾကလဲဆိုၿပီး ေမးၾကတယ္။ လက္ထပ္ထားတာၾကာၿပီျဖစ္တဲ့ စံုတြဲလိုပဲ သူတို႔တစ္ေန႔တာကို လိုက္ဖက္ညီစြာ ကုန္ဆံုးေနၾကတယ္။

ခ်န္က်င့္႐ႊယ္ကသာ ခံစားေနရသူျဖစ္တယ္။

ေ႐ွာင္ေဖာ့လန္ က်ိဳးက်ိဳးရဲ႕ လက္ေထာက္ျဖစ္လာကတည္းက ေန႔တိုင္း က်ိဳးက်ိဳးနဲ႔အတူ အလုပ္ကိုလိုက္ၿပီး သူနဲ႔အတူတူျပန္တယ္။

ေ႐ွာင္ေဖာ့လန္ တတိယတပ္ဖြဲ႔ကိုေရာက္ကတည္းက ပထမဆံုးလုပ္တဲ့အလုပ္က 4.0 ကို႐ွာၿပီး ရန္ျဖစ္တာပဲ။

ခ်န္က်င့္႐ႊယ္က သူ႔ကိုယ္ပုိင္စက္႐ုပ္ေလးအတြက္ စိတ္မေကာင္းျဖစ္ေနတယ္။ ေ႐ွာင္ေဖာ့လန္က ေသရာပါတဲ့ဒဏ္ရာဒဏ္ခ်က္ ေပးလိုက္မွာကို ထိတ္လန္႔ေနတယ္။ သူက ေ႐ွာင္ေဖာ့လန္ကို သနားညွာတာေပးဖို႔ စိတ္မသက္မသာနဲ႔ ေတာင္းပန္ခဲ့တယ္။

မေမွ်ာ္လင့္တာက သူစိတ္ေသာကေရာက္ေလေလ၊ ေ႐ွာင္ေဖာ့လန္က ပိုျပင္းထန္စြာ ႐ိုက္ေလေလပဲ။

ဒါေပမဲ့ ဒီမွာ ထိတ္လန္႔စရာအေကာင္းဆံုးကဘာလဲ!

ေ႐ွာင္ေဖာ့လန္က .... သာမန္စက္႐ုပ္မဟုတ္ဘူးေလ!

သူက 4.0 ကို တစ္စစီျဖဳတ္ၿပီးသြားရင္ ျပန္တပ္တတ္တယ္။ အဲဒီေတာ့ သူ 4.0 ကို ဘယ္ေလာက္ျပင္းျပင္း ႐ုိက္ပါေစ သူ႔ကို စိတ္ဆိုးလို႔မရဘူးျဖစ္ေနတယ္!

ခ်န္က်င့္႐ႊယ္က က်ိဳးက်ိဳးကိုပဲ တိုင္ေတာရေတာ့တယ္။

"က်ိဳးက်ိဳးေရ မင္းတကယ္ပဲ ေ႐ွာင္ေဖာ့လန္ကို ထိန္းခ်ဳပ္ရေတာ့မယ္၊ သူက ေန႔တိုင္း 4.0 ကို အႏိုင္က်င့္ေနတာပဲ! ငါ့ရဲ႕မက္ခါေလးဆိုေတာ့ ငါမွာ ဒီနားမွာ နာက်င္ေနရတယ္။ 4.0 ကို သူ႐ိုက္ရင္ ငါ့ကို တုိက္႐ိုက္နာက်င္ေအာင္လုပ္ေနသလိုပဲ!"

မီနီမက္ခါဆိုေပမဲ့လည္း အဲဒါက စၾကဝဠာထဲမွာ ပထမဆံုး စိတ္သႏၱာန္မက္ခါေလးေလ။

ဒါေပမဲ့ က်န္းဖုန္းနဲ႔ က်ိဳးဟုန္ရိတို႔မွာ႐ွိတဲ့ စက္႐ုပ္ေတြကို စဥ္းစားၾကည့္လိုက္။ သူတို႔အကုန္လံုးကလည္း စက္႐ုပ္ေတြပဲ။ ဝမ္ေ႐ွာင္းယြင္ရဲ႕မက္ခါ ေဝါ့စီးကလည္း သူ႔ 4.0 ရဲ႕ ေနာက္မွ အဆင့္ျမွင့္ထားတာ။ သူ႔ရဲ႕ 4.0 က တကယ္တမ္း ပထမဆံုး စိတ္သႏၱာန္မက္ခါလို႔ ယူဆလို႔ရတယ္။

ဒါက ၾကယ္တာရာသမိုင္းမွာ သမိုင္းဝင္မဲ့ဟာေလ!

အထိမ္းအမွတ္အေနနဲ႔ အထူးဂုဏ္ျပဳရမဲ့အရာေလးေလ!

သူက ဘယ္လိုလုပ္ၿပီး စိတ္ေသာကမေရာက္ပဲ ေနမွာလဲ။

ခ်န္က်င့္႐ႊယ္ရဲ႕ တိုင္ေတာသံကိုၾကားေတာ့ ကၽြမ္းက်ိဳးက သက္ျပင္းခ်လိုက္တယ္၊ ၿပီးေတာ့ ရင့္က်က္ၿပီး ပညာျပည့္ဝတဲ့ပံုဖမ္းၿပီး ေျပာလိုက္တယ္: "ခ်န္က်င့္႐ႊယ္ ခင္ဗ်ား ေနာက္ဆိုရင္ အဲဒီလိုမ်ိဳး မေျပာသင့္ဘူး"

ခ်န္က်င့္႐ႊယ္က နားမလည္ဘူး: "ဘာျဖစ္လို႔ ေျပာလို႔မရတာလဲ"

ကၽြမ္းက်ိဳးက သူ႔စကားလံုး အသံုးအႏႈန္းကို ေသခ်ာ ျပန္ေရြးခ်ယ္သံုးလိုက္တယ္: "အမ္း... အဲဒါက ဒီလို႐ွိတယ္။ ေ႐ွာင္ေဖာ့လန္က တကယ္တမ္း သူငယ္ခ်င္းအမ်ားႀကီးမ႐ွိဘူးေလ။ အမႈိက္ၿဂိဳလ္မွာတုန္းက ခင္ဗ်ားကပဲ အၿမဲတမ္း သူ႔ကို အလုပ္ေကၽြးျပဳ..... *ဖီ ခင္ဗ်ားကပဲ ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးတာေလ၊ ေ႐ွာင္ေဖာ့လန္က ခင္ဗ်ားကို သူ႔ရဲ႕ အေစခံ...ဖီ သူငယ္ခ်င္းအျဖစ္ မွတ္ထားတာ။ ဒါေပမဲ့ ခင္ဗ်ားက အခုၾကည့္ပါဦး။ 4.0 ႐ွိလာကတည္းက ေ႐ွာင္ေဖာ့လန္ကို လံုးဝ ဂ႐ုကိုမစိုက္ေတာ့ဘူး။ ေ႐ွာင္ေဖာ့လန္က ႐ွာလကာရည္ေသာက္ေနတာေလ!"

(*ဖီ တံေတြးေထြးတဲ့အသံ)

ခ်န္က်င့္႐ႊယ္က ခဏေလာက္ အသံတိတ္သြားတယ္။

အဲဒီေနာက္ သူက ဘယ္လိုမွ မယံုၾကည္ႏိုင္တဲ့အသံနဲ႔ ေမးတယ္: "သူက... ႐ွာလကာရည္ေသာက္ေနတာလား"

ကၽြမ္းက်ိဳးက ဆိုတယ္: "အမွန္ပဲ!"

ခ်န္က်င့္႐ႊယ္: "ဘာမနာလိုစရာ႐ွိလို႔လဲ၊ 4.0 က ငါ့မက္ခါေလ၊ ေ႐ွာင္ေဖာ့လန္က ငါ့မက္ခါမွ မဟုတ္တာ"

ကၽြမ္းက်ိဳးက သူ႔ဘာသူ ေတြးလိုက္တယ္: ဒါေပမဲ့ ေ႐ွာင္ေဖာ့လန္က မရမက ခင္ဗ်ားကို မိစၦာရဲ႕အေစခံအျဖစ္ လုပ္လိုက္ၿပီေလ။

မိစၦာေတြ မေကာင္းဆိုးဝါးေတြနဲ႔ ယုတၱိအေၾကာင္းမေျပာနဲ႔။

မိစၦာေတြနဲ႔ မေကာင္းဆိုးဝါးေတြမွာ ဆင္ျခင္ေတြးေခၚႏိုင္စြမ္းမ႐ွိဘူး။

ခ်န္က်င့္႐ႊယ္က ေသခ်ာစဥ္းစားၾကည့္လိုက္ေပမဲ့ သူနားမလည္ႏိုင္ဘူး။ ဒါေပမဲ့ သူ ခပ္ေရးေရးေတာ့ သေဘာေပါက္သလိုလိုပဲ... သူက ျမင့္ျမတ္တဲ့ေဖာ့လန္အရွင္သခင္ကို ဆက္ၿပီး အမႈထမ္းရဦးမွာမလား။

တကယ္လို႔ သူက စကားတခ်ိဳ႕ေျပာၾကည့္ၿပီး သူ႔ကိုေပ်ာ္ေအာင္ထားရင္ ေ႐ွာင္ေဖာ့လန္ကို ပိုၿပီး ေခ်ာ့ေမာ့လို႔ရႏိုင္မလား။

ခ်န္က်င့္႐ႊယ္က ေခါင္းကုတ္ရင္း အေဝးကို ထြက္သြားတယ္။

ကၽြမ္းက်ိဳးက ေ႐ွာင္ေဖာ့လန္က ဒါကို ဂ႐ုစိုက္ေနမယ္လို႔ ဘယ္တုန္းကမွ မထင္ထားမိဘူး။ စဥ္းစားၾကည့္ေလ ရယ္ခ်င္လာလို႔ သူက မက္ခါအစိတ္အပိုင္းေလးေတြကို ယူၿပီး ဝမ္ေ႐ွာင္းယြင္ကို ႐ွာၿပီး ေျပာျပဖို႔ ခုန္ေပါက္ထြက္သြားတယ္။

ဝမ္ေ႐ွာင္းယြင္ရဲ႕ ႐ံုးခန္းတံခါးက ပြင့္ေနတယ္။

ကၽြမ္းက်ိဳးက အထဲကို ဝင္မသြားေသးဘူး၊ ဒါေပမဲ့ ဝမ္ေ႐ွာင္းယြင္ တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနတာကို ေတြ႕လိုက္တယ္။

ကၽြမ္းက်ိဳး သူတို႔ဘာအေၾကာင္းေျပာေနလဲမသိေပမဲ့ ဝမ္ေ႐ွာင္းယြင္မ်က္ႏွာက ခပ္ယဲ့ယဲ့ ၿပံဳးေနတယ္။

ဒီအၿပံဳးက တျခားသူျမင္ဖူးတဲ့ အၿပံဳးေတြနဲ႔ ကြာျခားေနတယ္။ အဲဒါမွာ တစ္ခုခုကို ျပန္ေအာက္ေမ့တမ္းတေနတဲ့ အရိပ္အေယာင္ေတြလည္း ေတြ႔ေနရတယ္။

ကၽြမ္းက်ိဳးလာတာကိုေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္က ရပ္လိုက္ၿပီး ခပ္တိုးတိုး ေျပာလိုက္တယ္: "ငါမင္းကို ေနာက္မွထပ္ေျပာမယ္၊ အခု အလုပ္မ်ားေနတယ္"

ဒီလိုေျပာၿပီးေတာ့ သူက ဖုန္းခ်လိုက္တယ္။

ဝမ္ေ႐ွာင္းယြင္က မတ္တပ္ထရပ္လိုက္ၿပီး က်ိဳးက်ိဳးဆီကို လွမ္းလာတယ္: "ဘယ္လိုလုပ္ ဒီကိုေရာက္လာတာလဲ၊ ပ်င္းေနၿပီလား"

ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ရဲ႕ ဆက္သြယ္ေရးစက္ကို ၾကည့္လိုက္ၿပီး သူ႔အမူအရာကို ၾကည့္လိုက္တယ္။ သူ႔(ဝမ္ေ႐ွာင္းယြင္)အၿပံဳးက ဘယ္တုန္းကမွ မ႐ွိခဲ့ဖူးသလိုပဲ ပံုမွန္အတိုင္းျပန္ျဖစ္သြားၿပီ။

သူက ႏႈတ္ခမ္းေတြ ခပ္တင္းတင္းေစ့လုိက္ၿပီးေတာ့ မေနႏိုင္ေတာ့ဘဲ ေမးၾကည့္လုိက္တယ္: "အခု ဘယ္သူနဲ႔ ဖုန္းေျပာေနတာလဲ"

ဝမ္ေ႐ွာင္းယြင္: "မေတြ႕ရတာ အရမ္းၾကာေနတဲ့ သူငယ္ခ်င္းတစ္ေယာက္"

ကၽြမ္းက်ိဳးက ေမးတယ္: "အရမ္းၾကာေနၿပီလား"

ဝမ္ေ႐ွာင္းယြင္: "အင္း တစ္ႏွစ္ေလာက္႐ွိၿပီ၊ တစ္ရက္ႏွစ္ရက္ေနရင္ မင္းကို သူနဲ႔ေတြ႕ဖို႔ ေခၚသြားမယ္"

ကၽြမ္းက်ိဳးက "အင္း" ဆိုၿပီး ခပ္ေလးေလး အသိအမွတ္ျပဳလိုက္ၿပီးေနာက္ စကားထပ္မေျပာေတာ့ဘူး။

သူစိတ္မေပ်ာ္ရႊင္တာကို ေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္က ေမးတယ္: "ဘာျဖစ္လို႔လဲ"

ကၽြမ္းက်ိဳးက မ်က္လႊာခ်ၿပီး ေခါင္းခါလိုက္တယ္: "ဘာမွမဟုတ္ပါဘူး"

ထိုညတြင္

ကၽြမ္းက်ိဳးက နတ္ဘုရားပံုေတာ္ကို ဝမ္ေ႐ွာင္းယြင္ရဲ႕အခန္းထဲကေန ယူသြားတယ္။ သူကိုယ္တိုင္လည္း ဝမ္ေ႐ွာင္းယြင္နဲ႔ မအိပ္ဘူး။ ဝမ္ေ႐ွာင္းယြင္ကို အသိေပးၿပီးေနာက္ သူတစ္ေယာက္တည္း ေခါင္မိုးေပၚကို တက္သြားတယ္။

ၾကယ္ေရာင္စံုလင္းလက္ေနတဲ့ ေကာင္းကင္ေအာက္မွာ ထိုင္ေနရင္း ကၽြမ္းက်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ ၿပီးေတာ့ ဘာလုပ္ရမွန္းမသိ စိတ္႐ႈပ္ေနတယ္။ ဒါေပမဲ့ အၾကာႀကီး စဥ္းစားၿပီးေနာက္ သူအေျဖေကာင္းေကာင္း႐ွာမေတြ႕ေသးဘူး။

"ကၽြန္ေတာ္က အရမ္းဆိုးရြားပါတယ္၊ ဦးေလးမဟာနတ္မင္းႀကီး" သူက သူ႔ရင္ဘတ္ကို ဖိရင္းနဲ႔ အင္မတန္ စိတ္တိုေနတဲ့ပံုနဲ႔ ေျပာတယ္: "ကၽြန္ေတာ္ တကယ္ႀကီး လူတစ္ေယာက္ကို မနာလိုျဖစ္ေနတယ္"

မဟာနတ္မင္းႀကီးက အရင္ကေျပာဖူးတယ္။ နတ္ဘုရားေတြက တရားမွ်တရတယ္တဲ့။

သက္ဝင္ယံုၾကည္သူတိုင္းကို မွ်မွ်တတ ေကာင္းခ်ီးေပးရမယ္။ သက္ဝင္ယံုၾကည္သူတစ္ေယာက္က အားထုတ္လုပ္ေဆာင္မႈတစ္ခု ရင္းႏွီးထားတယ္ဆိုရင္ နတ္ဘုရားကလည္း သူတို႔ကို တစ္ခုေသာ ကံေကာင္းျခင္းမ်ိဳးနဲ႔ ညီညီမွ်မွ် ေကာင္းခ်ီးျပန္ေပးရမယ္။

သက္ဝင္ယံုၾကည္သူက ပိုႀကိဳးစားေလေလ၊ သူတို႔ရ႐ွိတဲ့ ေကာင္းခ်ီးက မ်ားေလေလပဲ။

နတ္ဘုရားေတြက ဒါကို လက္ကိုင္ထားရမယ္။ သူတို႔က အားထုတ္မႀကိဳးစားတဲ့သူကို ကံေကာင္းျခင္းေတြ ေပးလို႔မရဘူး။

အဲဒါေၾကာင့္ နတ္ဘုရားေတြမွာ မေကာင္းတဲ့စိတ္ဆႏၵေတြလည္း ႐ွိလို႔မရဘူး။ မေကာင္းတဲ့စိတ္ဆႏၵေတြ႐ွိေနတဲ့ နတ္ဘုရားေတြက တရားမမွ်တႏိုင္ေတာ့ဘူး။

ဒါေပမဲ့ အခုေတာ့ သူက သူမ်ားကို မနာလိုဝန္တိုတတ္ေနၿပီ။

မနာလိုဝန္တိုတယ္ဆိုတာကလည္း မေကာင္းတဲ့စိတ္ဆႏၵပဲ။

သူက နတ္ဘုရားတစ္ပါးျဖစ္ဖို႔ အရည္အခ်င္းမျပည့္မီေတာ့ဘူး။

ကၽြမ္းက်ိဳးက စိတ္ေသာကေရာက္ေနတယ္။ သူအရင္က မဟာနတ္မင္းႀကီးေဘးမွာ႐ွိတုန္းက မဟာနတ္မင္းႀကီးက သူ႔ကို မေရမတြက္ႏိုင္ေအာင္ သတိေပးဖူးတယ္။ နတ္ဘုရားေတြက မေကာင္းတဲ့စိတ္ေတြ ႐ွိလုိ႔မရဘူး။ မေကာင္းတဲ့ စိတ္ဆႏၵနဲ႔ နတ္ဘုရားေတြက အလြန္ေၾကာက္စရာေကာင္းတဲ့ နတ္ဘုရားေတြျဖစ္တယ္။

သူက ဘာလုပ္ရမွာလဲ။

ကၽြမ္းက်ိဳးက တစ္နာရီေက်ာ္ၾကာေအာင္ ေတြေဝေငးငိုင္စြာ ထိုင္ေနတယ္။ အဆံုးမွာေတာ့ သူဘာလုပ္ရမွန္း တကယ္မသိေတာ့ဘူး။ သူက နတ္ဘုရားပံုေတာ္နဲ႔အတူ ေအာက္ထပ္ကိုပဲ ျဖည္းျဖည္းခ်င္း ျပန္ဆင္းသြားႏိုင္တယ္။

ဝမ္ေ႐ွာင္းယြင္က တံခါးဝမွာ ဘယ္ေလာက္ၾကာေနၿပီမွန္းမသိေအာင္ ရပ္ေစာင့္ေနခဲ့တယ္။

က်ိဳးက်ိဳး ေခါင္မိုးေပၚကဆင္းလာတာကိုေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္က သူ႔ပခံုးေပၚကို ကုတ္အကၤ်ီလႊားေပးၿပီး ညင္ညင္သာသာေလး ေမးလိုက္တယ္: "က်ိဳးက်ိဳး စကားေျပာၾကမလား"

ကၽြမ္းက်ိဳးက နည္းနည္း အျပစ္႐ွိသလိုျဖစ္ေနတယ္: "ဘာအေၾကာင္းေျပာမလို႔လဲ"

ဝမ္ေ႐ွာင္းယြင္: "မင္း ဒီေန႔ နည္းနည္း စိတ္မေပ်ာ္ဘူးျဖစ္ေနတယ္"

ကၽြမ္းက်ိဳးက ႏႈတ္ခမ္းေတြကို တင္းတင္းေစ့လုိက္ၿပီး ပိုလို႔ေတာင္ အျပစ္႐ွိသလို ခံစားလိုက္ရတယ္။

ဝမ္ေ႐ွာင္းယြင္က သူ႔ရဲ႕ကိုယ္ပိုင္ဆက္သြယ္ေရးစက္ကို ဖြင့္လိုက္ၿပီး "ေန႔တုိင္းဖတ္ဖို႔" ဆိုၿပီး ေခါင္းစဥ္တပ္ထားတဲ့ မွတ္စုေလးကို ျပၿပီး ေျပာတယ္: "ဒါကို မွတ္မိေသးလား။ မင္း သေဘာမက်တဲ့အရာ၊ မေပ်ာ္ရႊင္တဲ့အရာ၊ ကိုယ့္ကို အားလံုး ေျပာျပလို႔ရတယ္"

ကၽြမ္းက်ိဳးက နည္းနည္း ဒြိဟျဖစ္ေနတယ္: "ကၽြန္ေတာ္.. ကၽြန္ေတာ္က နတ္ဘုရားေတြ မလုပ္ရမဲ့ အမွားမ်ိဳး လုပ္မိထားတယ္၊ ကၽြန္ေတာ္ ကၽြန္ေတာ္ ကိုယ့္ကိုယ္ကို ျပန္သံုးသပ္ဖို႔ သြားတာ...."

ဝမ္ေ႐ွာင္းယြင္က ခဏေလာက္ စဥ္းစားလိုက္ၿပီး ေမးတယ္: "အဲဒါက အမွားမဟုတ္ဘူးဆိုရင္ေရာ"

ကၽြမ္းက်ိဳးက အသံတိုးတိုးေလး ေျပာတယ္: "အဲဒါက အမွားပဲ။ ကၽြန္ေတာ္က မနာလိုေနတယ္"

ဝမ္ေ႐ွာင္းယြင္က နည္းနည္း အံ့အားသင့္သြားတယ္: "မနာလိုတယ္?"

ကၽြမ္းက်ိဳးက ေခါင္းငံု႔သြားၿပီး အသံက ပိုလို႔ေတာင္ တိုးသြားတယ္: "ကၽြန္ေတာ္ ခင္ဗ်ားသူမ်ားေတြကို ၿပံဳးျပတာကို မႀကိဳက္ဘူး။ ကၽြန္ေတာ္တစ္ေယာက္တည္းကိုပဲ ၿပံဳးျပေစခ်င္တယ္...."

ဒီလုိေျပာၿပီးသြားေတာ့ သူ႔မ်က္ႏွာက နီျမန္းသြားတယ္။ ႐ွက္ေသြးျဖာေနေပမဲ့ ဒြိဟျဖစ္ေနတုန္းပဲ: "နတ္ဘုရားေတြက မေကာင္းတဲ့စိတ္ဆႏၵေတြ ႐ွိလို႔မရဘူး။ ကၽြန္ေတာ္က တျခားသူတစ္ေယာက္ကို မနာလိုျဖစ္ေနတယ္။ ကၽြန္ေတာ္က ေကာင္းမြန္တဲ့အရည္အခ်င္းျပည့္စံုတဲ့ နတ္ဘုရားမဟုတ္ဘူး"

ဝမ္ေ႐ွာင္းယြင္က ဒါက အေၾကာင္းရင္းျဖစ္ေနလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးဖူးဘူး။

သူက က်ိဳးက်ိဳးရဲ႕ စိတ္႐ႈပ္ေထြးမႈအေၾကာင္းအရင္းေၾကာင့္ ျပန္အသိျပန္မဝင္လာခင္ အခ်ိန္အတန္ၾကာတဲ့အထိ ၾကက္ေသေသေနခဲ့တယ္။

အဆင့္ျမင့္စစ္တပ္အရာ႐ွိတစ္ဦးျဖစ္တဲ့တစ္ေလွ်ာက္ သူဒီေလာက္ၾကာေအာင္ ေတြေဝေနမိတာ ပထမဆံုးအႀကိမ္ပဲ။ စစ္ေျမျပင္မွာသာဆိုရင္ ဒါက ေသေစႏိုင္တဲ့ အမွားတစ္ခုျဖစ္သြားႏိုင္တယ္။

ဘယ္လိုပဲျဖစ္ျဖစ္ က်ိဳးက်ိဳးေျပာလုိက္တဲ့စကားေတြက သူ႔ရင္ထဲမွာ လႈိင္းေပၚလႈိင္းဆင့္ေအာင္ ဖန္တီးလုိက္တယ္။

ဝမ္ေ႐ွာင္းယြင္ ေျပာစရာစကားမဲ့သြားတာကို ျမင္လိုက္ေတာ့ က်ိဳးက်ိဳးေခါင္းက ပိုလို႔ေတာင္ ငံု႔သြားၿပီး လူေတြကို မ်က္ႏွာခ်င္းဆုိင္ဖို႔ အင္မတန္႐ွက္ေနေတာ့တယ္။

သူ တအား႐ွက္တယ္။

"က်ိဳးက်ိဳး" ဝမ္ေ႐ွာင္းယြင္က ေနာက္ဆံုးေတာ့ ေခၚလိုက္တယ္။ သူ႔အသံက နည္းနည္း တိုးတိမ္ၿပီး ၾကမ္း႐ွ႐ွျဖစ္ေနတယ္: "ကိုယ္ မင္းအရင္ကေျပာတာ မွတ္မိတယ္၊ မေကာင္းတဲ့ စိတ္ဆႏၵေတြ အမ်ိဳးအစားအမ်ားႀကီး႐ွိတယ္ဆိုတာ...."

ကၽြမ္းက်ိဳးက သူ႔ေခါင္းကို သုန္မႈန္စြာ ညိတ္လိုက္တယ္: "အင္း"

ဝမ္ေ႐ွာင္းယြင္က သူ႔လက္ထဲက နတ္ဘုရားပံုေတာ္ကို ယူလိုက္ၿပီး စားပြဲေပၚတင္လိုက္တယ္။ အဲဒီေနာက္ အေမႊးတုိင္အိုး၊ ဖေယာင္းတိုင္နဲ႔ တျခားအရာေတြကို ထုတ္လုိက္တယ္။ အဲဒါေတြက ကၽြမ္းက်ိဳးရဲ႕ဟာေတြနဲ႔ ပံုစံတူတူပဲ။

ဝမ္ေ႐ွာင္းယြင္က ေသခ်ာေပါက္ ယံုၾကည္ကိုးကြယ္မႈမ႐ွိဘူးေလ၊ သူ ဘယ္တုန္းက ဒီပစၥည္းေတြအကုန္လံုး ျပင္ဆင္ထားလဲ ဘယ္သူသိမွာလဲ။

ကၽြမ္းက်ိဳးကလည္း ဝမ္ေ႐ွာင္းယြင္ လုပ္ဖို႔ျပင္ေနတာကို ၾကည့္ၿပီး စိတ္႐ႈပ္ေထြးေနတယ္။ အဲဒီေနာက္ ဝမ္ေ႐ွာင္းယြင္ ဖေယာင္းတိုင္နဲ႔ အေမႊးတိုင္ေတြကို မီးညွိလိုက္ၿပီး ကၽြမ္းက်ိဳးရဲ႕ နတ္ဘုရားပံုေတာ္ကို ပူေဇာ္ေနတယ္။

ကၽြမ္းက်ိဳးရဲ႕မ်က္လံုးေတြက ခ်က္ခ်င္း ျပဴးက်ယ္သြားတယ္: "ခင္ဗ်ား..."

သူဘာေတြ လုပ္ေနတာလဲ။

သူက ေသခ်ာေပါက္ ေသခ်ာေပါက္ ေျပာခဲ့တယ္ေလ....

ဝမ္ေ႐ွာင္းယြင္က အင္တိုက္အားတိုက္ ဂါရဝျပဳၿပီးသြားတဲ့ေနာက္ အေမႊးတိုင္ကို အေမႊးတိုင္အိုးထဲမွာ စိုက္လိုက္တယ္။ သူက တစ္ဖက္လွည့္ၿပီး ကၽြမ္းက်ိဳးကို ၾကည့္လုိက္တယ္။ ကၽြမ္းက်ိဳးလက္ကို ယူၿပီး သူ႔ရင္ဘတ္ေပၚတင္လိုက္တယ္: "အခု နားေထာင္ၾကည့္ ကိုယ့္ရင္ထဲက စိတ္ဆႏၵေတြကို ၾကားရလား"

ကၽြမ္းက်ိဳးလက္ဖဝါးေအာက္က ႏွလံုးသားက ျမန္ဆန္စြာ ခုန္ေနတယ္။ ဝမ္ေ႐ွာင္းယြင္ သူ႔ကို ပူေဇာ္တုန္းက သူ႔ရဲ႕ယံုၾကည္မႈစုေဆာင္းတဲ့ပစၥည္းေလး ခုန္သြားတာကို ကၽြမ္းက်ိဳး ခံစားလုိက္ရတယ္။ အလြန္႔အလြန္ကိုမွ ယံုၾကည္ကိုးစားတဲ့ ယံုၾကည္မႈေတြ တိုးဝင္သြားတယ္။ အဲဒီယံုၾကည္မႈျပင္းအားက... ေ႐ွာင္ေဖာ့လန္ရဲ႕ ျပင္းထန္မႈကိုေတာင္ ေက်ာ္လြန္ေနေသးတယ္။

ဒီလူ အရင္က သူ႔မွာ ဘာယံုၾကည္မႈမွမ႐ွိဘူးလို႔ ေျပာဖူးတဲ့သူက အခု သူ႔ရဲ႕ယံုၾကည္မႈေတြအားလံုးကို ကၽြမ္းက်ိဳးကို ပံုအပ္ေနတယ္။

ဒါေပမဲ့.... သူက တကယ္ ဝမ္ေ႐ွာင္းယြင္ရဲ႕ ဆုေတာင္းကို မၾကားရဘူး။

ကၽြမ္းက်ိဳးက နည္းနည္း စိတ္႐ႈပ္ေထြးသြားတယ္: "ကၽြန္ေတာ္ မၾကားရဘူး...."

"ဘာလို႔လဲဆိုေတာ့ ကိုယ့္ရင္ထဲမွာ မေကာင္းတဲ့စိတ္ဆႏၵေတြ ႐ွိေနလုိ႔ပဲ" ဝမ္ေ႐ွာင္းယြင္က ေျပာတယ္: "ကိုယ္က ေလာဘႀကီးတဲ့ျပစ္မႈမ်ိဳး က်ဳးလြန္ထားတယ္။ ကိုယ္မင္းကို သေဘာက်တယ္၊ အလြန္႔အလြန္ သေဘာက်တယ္။ အဲဒါေၾကာင္ ကိုယ့္မွာ ကိုယ့္ဘဝတစ္သက္တာလံုး မင္းကို ကိုယ့္နံေဘးမွာထားခ်င္တဲ့ မတင္းတိမ္၊ မေရာင့္ရဲႏိုင္တဲ့ စိတ္ဆႏၵ႐ွိေနတယ္"

ကၽြမ္းက်ိဳးရဲ႕မ်က္ႏွာက ျဖည္းျဖည္းခ်င္း ရဲတက္လာတယ္။

ဝမ္ေ႐ွာင္းယြင္ကဆိုတယ္: "ကိုယ္က တပ္မက္ျခင္းဆိုတဲ့ ျပစ္မႈမ်ိဳးလည္း က်ဴးလြန္ထားတယ္။ ကိုယ္မင္းကို နမ္း႐ႈိက္ခ်င္တယ္၊ ဖက္ထားခ်င္တယ္... မင္းအေပၚ*က်င့္ဝတ္ခ်ိဳးေဖာက္ခ်င္တယ္"

*ဒါကေလ အမွန္ေတာ့ ေစာ္ကားခ်င္တယ္လို႔ သံုးလို႔လည္းရတယ္၊ နည္းနည္းမ်ား ႐ိုင္းသြားမလားလို႔၊ ေျပာခ်င္တာကေတာ့ ဝမ္ေ႐ွာင္းယြင္က က်ိဳးက်ိဳးနဲ႔ s** လုပ္ခ်င္တယ္လို႔ မသဲမကြဲေျပာတာပါ)

...............xxx.................

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္: PS--

ဝမ္ေ႐ွာင္းယြင္: ဘယ္လိုနည္းနဲ႔ၾကည့္ၾကည့္ 'ျမင့္ျမတ္တဲ့အရာကို ႐ုန္႔ရင္းၾကမ္းတမ္းစြာ ေစာ္ကားသံုးႏႈန္း' လိုက္တာပဲ။

Continue Reading

You'll Also Like

610K 110K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...
109K 15.3K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
182K 27.1K 68
It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Total Chapters: 119
835K 148K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။