Unicode
လက်တွဲဖော်ဖြစ်သူအား ဥပဒေအရ
အိမ်ပြန်ခေါ်ခြင်း
"ကျွန်တော်တို့လိုဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့်အာဏာက သိပ်မကြီးတော့ နောက်ကွယ်က အကြောင်းအစုံအလင်ကို အသေးစိတ်သိနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ခင်ပွန်းဖြစ်သူကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းကြည့်ပါ့လား?"
ဝန်ထမ်းဖြစ်သူသည်လည်း ကျိန်းသေပေါက် ချန်းကျင်း၏ရာထူးကို မြင်လိုက်သည်ပင်။ ထို့ကြောင့် သူ၏လေသံမှာ အစောပိုင်းကထက်ပို၍ ပြေပြစ်လာကာ မျက်နှာထားကလည်း အနည်းငယ် အံ့အားသင့်သွားပုံ ပေါက်သွားရလေတော့၏။
မည်သို့ပင်ဆိုစေကာမူ ထိုဝန်ထမ်းဘက်မှကြည့်လျှင် ချန်းကျင်းသည် ရာထူးမြင့်ဗိုလ်ချုပ်ဖြစ်သော ခင်ပွန်းသည်ကို လက်လွှတ်၍ နုံချာသည့် ဆင်းရဲသားလူငယ်တစ်ဦးကို လက်ထပ်ရန် ရွေးချယ်သည့်ပုံ ပေါက်နေသည် မဟုတ်ရပါလား။ ၎င်းအခြင်းအရာသည်ကား အမှန်တကယ်ကို အံ့ဩစရာပင်။
ချန်းကျင်း : "အဲ့ဒါက...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
အမှန်အတိုင်းဆိုရလျှင် တစ်ဖက်မှ ချန်းကျင်းသည်လည်း ဝန်ထမ်းဖြစ်သူနည်းတူ ယခုအချိန်ထိ အံ့ဩနေဆဲ။ တစ်ခဏမျှကြာပြီးနောက်မှသာ ချန်းကျင်းက ဆက်၍ အမေးဆိုလာနိုင်ခဲ့သည်။
"ဒါဆို ..အခု ကျွန်တော်တို့နှစ်ယောက်က လက်ထပ်လို့ မရဘူးပေါ့?"
"ကျိန်းသေပေါက် မရဘူးလေ။ တရားဝင်အိမ်ထောင်ရှိရက်နဲ့ တခြားတစ်ယောက်ကို လက်ထပ်တာကလည်း ပြစ်မှုမြောက်တာပဲ"
"ပြစ်မှု" ဟူသော စကာလုံးများအား ကြားရသောအခါ တစ်ဖက်မှ မာယွမ်သည်လည်း အံ့အားသင့်၍ ထိတ်လန့်သွားရ၏။ သို့ဖြစ်၍ သူသည် ချန်းကျင်းကို မယုံကြည်နိုင်စွာ လှည့်ကြည့်လာခဲ့၍ မနေနိုင်ပါဘဲ တိုးဖွဖွ အမေးဆိုမိလေတော့သည်။
"ဘယ်..ဘယ်လိုလုပ်ကြမလဲ ဒါဆို?"
သို့နှင့် အဆုံး၌ သူတို့နှစ်ဦးသားသည် လက်ထပ်မှတ်ပုံတင်ရေးရာရုံးမှ တဖြည်းဖြည်း လမ်းလျှောက်ထွက်လာခဲ့ကြရပေ၏။ မာယွမ်က စိတ်လှုပ်ရှားနေသော်လည်း ချန်းကျင်းကမူ သူ့ထက်ပို၍ အဆပေါင်းများစွာ ပျာယာခတ်လျက်။ ၎င်းအကျိုးဆက်ကြောင့် ချန်းကျင်း၏ခြေလှမ်းများပင် အနည်းငယ် မူမမှန်ချင်သလို ဖြစ်လာရလေပြီ။
ထိုအခိုက် မာယွမ်က လေသံတိုးတိုးလေးနှင့် သူ့ကို အမေးစကားဆိုသည်။
"အစ်ကိုကျင်း ၊ အခု ဘယ်လိုလုပ်ကြမလဲ? ကျွန်တော်.."
"မင်းကို ကျေးဇူးတင်ပါတယ်"
ချန်းကျင်းက မာယွမ့်အား စိတ်မပါလက်မပါနှင့် ကျေးဇူးတင်စကားဆိုကာ နွမ်းလျလျပြုံးပြလာခဲ့၏။
"ငါနဲ့အတူ ဒီကို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပြီး သက်သက်မဲ့ အလုပ်ရှုပ်စေမိလို့လည်း ငါတကယ် တောင်းပန်ပါတယ်"
ချန်းကျင်း၏ ဤကဲ့သို့ ကျိုးနွံသော အပြုအမူက မာယွမ်၏မျက်နှာအား ရုတ်ချည်းပင် ရှက်သွေးဖြာသွားစေသည်။ ထို့နောက် မာယွမ်က ကပျာကယာ စကားဆိုလာ၏။
"ဘာမှမဖြစ်ပါဘူး။ ကျွန်တော်လည်း ဘာမှမှ မလုပ်ခဲ့ရတာ။ တကယ်လို့ ဒါက အလုပ်မဖြစ်ဘူးဆိုရင် ကျွန်..ကျွန်တော် အစ်ကို့ကို ပိုက်ဆံပြန်ပေးမယ်လေ"
"ပြန်ပေးဖို့မလိုပါဘူး"
သို့သည့်တိုင် မာယွမ်က သူ့ကို ငွေပြန်ပေးရန် အလိုရှိနေဆဲ။ ထို့ကြောင့် ချန်းကျင်းက ထပ်၍ ရှင်းပြလာရပြန်၏။
"တကယ်ကို ပြန်ပေးဖို့ မလိုတာပါ။ နောက်ပြီး ဘာပဲပြောပြော ဒါကငါ့ကြောင့်ဖြစ်တာလေ"
"ဒါပေမဲ့လည်း ကျွန်တော် အစ်ကို့ရဲ့ပိုက်ဆံကို အလကားယူလို့ မဖြစ်ဘူးလေ။ အမေသာသိရင် ကျိန်းသေပေါက် ကျွန်တော့်ကိုဆူမှာ။ ဒါကြောင့် ကျွန်တော် အခုချက်ချင်း အိမ်ပြန်ပြီး အဲ့ဒါကို ပြန်ယူလာပေးပါ့မယ်"
ဤကဲ့သို့ မာယွမ်က ပြောရင်းဆိုရင်း အိမ်သို့ ပြေးပြန်ရန် ခြေနှစ်လှမ်းသုံးလှမ်းမျှ ခပ်ကျဲကျဲ လှမ်းလိုက်ချိန်တွင် သူတို့အား အပြင်ဘက်မှ စောင့်ပေးနေသော ချန်းရွှီနှင့် လမ်းထက်၌ ထိပ်တိုက် တိုးမိလေတော့၏။
ချန်းရွှီက စူးစမ်းစွာဖြင့် အမေးဆိုသည်။
"ဘာဖြစ်လို့လဲ?"
ထိုအခါ ချန်းကျင်းက အမှန်အတိုင်း ရှင်းပြရန် ဟန်ပြင်၏။ သို့သော် သူက ဘာမျှမဆိုနိုင်သေးခင်မှာပင် အနီးအနားရှိ လူများထံမှ ထူးထူးဆန်းဆန်း ဆူညံသံများနှင့် အဝေးတစ်နေရာမှ တဝေါဝေါအသံအချို့ကို ကြားလိုက်ရသောကြောင့် သူသည် တစ်ခဏမျှ ကြောင်သွားမိ၍ လူအများကြည့်ရာအရပ်ကို ခေါင်းမော့လိုက်ကြည့်မိရာ တစ်ခုခုက အောက်ဘက်သို့ ချဉ်းကပ်လာကြောင်း တွေ့လိုက်ရလေတော့၏။
နံပါတ် ၂၉ ကမ္ဘာသည်ကား နေရောင်ခြည် အနည်းအကျဉ်းမျှသာ ရသောဒေသဖြစ်သည့်အပြင် ချန်းကျင်းကိုယ်တိုင်ကလည်း အမြင်အားကောင်းသောကြောင့် မည်သည့်အရာက သူတို့ဆီသို့ ဆင်းသက်လာကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
၎င်းက စစ်တပ်သုံး အာကာသယာဉ်အသေးစားလေး တစ်စင်းပင်။
၎င်းယာဉ်မျိုးသည်ကား အင်ပါယာကမ္ဘာတွင်ဆိုလျှင် အသုံးများသည့်တိုင် နံပါတ် ၂၉ ကမ္ဘာတွင်မူ တွေ့မြင်ရရှားပါးလှသည်။ အာကာသယာဉ်အား တစ်ကြိမ်စ နှစ်ကြိမ်မျှသာ မြင်တွေ့ခဲ့ဖူးသော မာယွမ်သည်လည်း ယခုကဲ့သို့ မြေပြင်ထက်ကို ဆင်းသက်လာသည့် အမိုက်စားယာဉ်တစ်စင်းအား တွေ့လိုက်ရသည့်အခါ မျက်ဝန်းအစုံက လင်းလက်သွား၍ အတွင်း၌ ကြယ်များပင် ပေါ်လုနီးနီး ဖြစ်သွားရပေ၏။
သူက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အားပါးတရ အော်ပြောလာခဲ့သည်။
"အာကာသယာဉ်ကြီးပဲ!"
ထိုအခါ အနီးနားပတ်ဝန်းကျင်ရှိ စတိုးဆိုင်များမှ လူများကလည်း ၎င်းယာဉ်ကိုကြည့်ရန် အပြင်သို့အပြေးထွက်လာကြပေ၏။ ချန်းကျင်းသည်လည်း ထိုလူများနည်းတူ မြေပြင်ဆီသို့ တဖြည်းဖြည်း နီးကပ်လာသော အာကာသယာဉ်အား မျက်တောင်မခတ် ကြည့်နေခဲ့မိသည်။ ထိုသို့ကြည့်နေရင်းနှင့်ပင် သူ၏နှလုံးသားထဲ၌ ခံစားချက်ရေးရေးလေးတစ်ခုက ပေါ်လာခဲ့ရ၏။ မိမိနှင့်မစိမ်းပါသည့် အမှတ်အသားတစ်ခုနှင့် အာကာသယာဉ်က မြေပြင်ထက်သို့ တဖြည်းဖြည်း သက်ဆင်းလာသည့် မြင်ကွင်းက သူ့ကို အနည်းငယ်မျှ တုန်ရီသွားစေသည်။
၎င်းယာဉ်ထက်ရှိ အမှတ်အသားသည်ကား လုထောင်၏ဌာနမှ ပိုင်ဆိုင်သော အမှတ်အသားဖြစ်ရသည်။ ဘယ်လိုလုပ်ပြီးများ ထိုကဲ့သို့ ဖြစ်နိုင်မှာတဲ့လဲ?
မဟုတ်မှလွဲရော. ..သူများ ဖြစ်နေမလား?
တကယ်ပဲ သူသာဆိုလျှင်...
ချန်းကျင်းသည် မိမိဘာသာ တစ်ယောက်တည်း တွေးတောရင်းနှင့်ပင် မသိစိတ်အလျောက် တစ်ဖက်လူနှင့် တွေ့ဖို့အရေးကို ရှောင်ချင်ခဲ့မိသည်။ သို့သော် ဘာကြောင့်ရယ်မသိပါဘဲ ထိုအချိန်၌ သူ၏ခြေထောက်များက အလေးတုံးကြီးတစ်ခုကဲ့သို့ လေးလံလာရကာ သေးသေးလေးမျှကို ရွေ့လို့မရတော့ပါချေ။ ထို့အပြင် သူ၏နှလုံးသားတစ်ခုလုံးကလည်း ခံစားချက်ပေါင်းစုံရောပြွန်းနေလျက် ပြင်းပြင်းထန်ထန် ခုန်နေပြန်သေး၏။ တိတိကျကျဆိုရလျှင် ၎င်းခံစားချက်များထဲ၌ အနည်းငယ်သော ပျော်ရွှင်မှုလေးကလည်း ပျံ့နှံ့နေခဲ့သည်ပင်။
ဘယ်တော့မှ တွေ့ခွင့်ရတော့မည်မဟုတ်ဟု ထင်ခဲ့မိသော လူတစ်ယောက်ကို ယခု ရုတ်တရက် တွေ့မြင်နိုင်တော့မည် မဟုတ်ရပါလား။ မည်သူကများ မပျော်ဘဲ နေပါလိမ့်မည်နည်း?
သို့သော် တကယ်ပဲ တစ်ဖက်လူက သူဖြစ်နိုင်ပါ့လား....
အာကာယာဉ်သည်ကား လူသူရှင်းသော မြေပြင်ထက်သို့ တဖြည်းဖြည်း ဆင်းသက်လာနေပြီဖြစ်၏။ ထို့နောက် ဆင်းသက်ရာ ဘေးပတ်လည်လည်မှ နှင်းမှုန်များမှာလည်း အဝေးသို့ လွင့်စင်သွားရလေပြီ။ သို့နှင့် အပြီးတိုင် သက်ဆင်းပြီးနောက်တွင် အာကာသယာဉ်ထံမှ လှေကားရှည်တစ်ခုက ဆန့်ထွက်လာ၍ ၎င်းနောက် မကြာခင်မှာပင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက ၎င်းထက်၌ ပေါ်လာခဲ့ရပေ၏။
ထိုလူသည် ဝတ်ရုံတစ်ထည်နှင့် စစ်တပ်ယူနီဖောင်းကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့်အပြင် အရပ်ကလည်း ၎င်းဝတ်စုံနှင့် လိုက်ဖက်ညီစွာ မြင့်မားနေသောကြောင့် မျက်စိကျိန်းလောက်အောင် ခန့်ညားလှသည်။
အချင်းချင်းမတွေ့ရသည်က တစ်လကျော်မျှသာ ကြာမြင့်ရသည့်တိုင် ချန်းကျင်းကမူ ဆယ်စုနှစ်တစ်ခုစာမျှ ကြာမြင့်ခဲ့ရသည်ဟု ခံစားခဲ့ရပေ၏။ လုထောင်၏ ရုတ်တရက်ဆန်ဆန် ပေါ်ပေါက်လာသော ကျေးဇူးကြောင့် သူ၏တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ရီနေရပြီပင်။ သူ၏မျက်ဝန်းလှုပ်ရှားမှုများ၊ ဖြူဥဥ ပါးပြင်များ၊ နှလုံးခုန်သံများနှင့် ခြေလက်များအားလုံးကို ထိန်းချုပ်ရန် ခက်ခဲလျက်။
ခန့်ညားသည့်အမျိုးသားတစ်ဦးက မိမိတို့ဘက်သို့ လမ်းလျှောက်လာကြောင်း မြင်ရသောအခါ မာယွမ်က မနေနိုင်ပါဘဲ ဤကဲ့သို့ တိုးဖွဖွ ဆိုမိလေတော့၏။
"အရမ်းခန့်ညားတာပဲ...မဟုတ်မှလွဲရော သူက အထက်အဆင့်ဗိုလ်ချုပ်တစ်ယောက်များလား မသိဘူးနော်? သူ့ကြည့်ရတာ တကယ့်ကို အရှိန်အဝါအပြည့်နဲ့"
ထို့နောက် သူက အားကျစိတ်ဖြင့် ဆက်ရေရွတ်ပြန်၏။
"ကျွန်တော်လည်း တစ်နေ့နေ့ သူ့လိုမျိုး ဖြစ်လာရင် ကောင်းမှာပဲ"
သို့သော် တဖြည်းဖြည်းနှင့်ပင် သူသည် တစ်ခုခုက လွဲမှားနေကြောင်း ခံစားလိုက်ရပေသည်။ တစ်ဖက်အမျိုးသား၏ လားရာက သူ၏ဘေးဖက်မှ လူထံသို့ ဖြစ်နေသည့်ပုံပင်။ ထို့ကြောင့် မာယွမ်သည် အနည်းငယ် ကြောက်ရွံ့သွားမိကာ မိမိများ တစ်ခုခုအမှားလုပ်ထားမိလေသလားဟူ၍ တွေးပူမိလေ၏။ ထိုသို့ ပျာယာခတ်နေခိုက်တွင် သူသည် အနားမှ ချန်းကျင်း၏မျက်နှာအမူအရာကို သတိထားမိသွားရာ တစ်ခုခုအား ရုတ်ချည်း အမှတ်ရသွားမိပေတော့သည်။ သို့နှင့် သူက တစ်ခုခုမေးရန် ဟန်ပြင်လိုက်ချိန်မှာပင် တစ်ဖက်လူကလည်း အနားသို့ ပိုကပ်လာသောကြောင့် မာယွမ်သည် ဘာမျှမမေးရဲတော့ပါဘဲ ဘေးဖက်သို့ တိတ်တိတ်လေး လျှောက်လှမ်းသွားကာ ချန်းကျင်းနှင့် ခပ်ဝေးဝေးဖြစ်သည်အထိ ဆုတ်လိုက်မိလေတော့၏။
ချန်းကျင်း၏လက်ဖဝါးများနှင့် ခြေဖဝါးများကမူ သွေးစီးဆင်းမှုမရှိသည့်နှယ် တောင့်တင်းလျက်။ ဤအချိန်ခဏလေးအတွင်းတွင် သူ၏မြင်ကွင်းထဲ၌ လုထောင်မှလွဲ၍ အခြားမည်သူမျှ မရှိတော့သလိုပါပင်။ ထို့အပြင် သူ၏နှလုံးခုန်သံများကလည်း ပြင်းထန်စွာ ခုန်နေဆဲ။ သို့နှင့် လုထောင်နှင့်သူ့ကြားရှိ အကွာအဝေးက နှစ်မီတာခန့်မျှသာ ကျန်ရှိတော့ချိန်တွင် ချန်းကျင်းသည် သူ၏နှလုံးသားက အခုန်လွန်၍ ရပ်တန့်သွားတော့မလားဟုပင် သံသယဝင်လိုက်မိလေတော့၏။
နှစ်ဦးသား၏မျက်ဝန်းများက အချိန်အတန်ကြာမျှ အချင်းချင်းထံ၌ ငြိတွယ်နေခဲ့ကြရသည်။ တစ်ဦးက ယခင်အတိုင်း အေးစက်တည်ငြိမ်နေဆဲ ဖြစ်သည့်တိုင် ကျန်တစ်ဦးကမူ ရှောင်ပြေးရန် ကြိုးစားနေဆဲ။
လုထောင်က ဘာမျှမပြောဘဲ ငြိမ်နေသဖြင့် အဆုံး၌ ချန်းကျင်းကသာ စကားစဆိုလာရတော့၏။
"ခင်..ခင်ဗျားက ဘာလို့ ဒီရောက်နေတာလဲ?"
လုထောင်က သူ့ကိုစိုက်ကြည့်ရင်း နှုတ်ခမ်းလွှာပါးပါးကို ခပ်ဖွဖွသာ ဖွင့်ဟလာခဲ့သည့်တိုင် ထွက်ပေါ်လာသော အသံကမူ တည်ငြိမ်ပြတ်သားလေသည်။
"မင်းကို အိမ်ပြန်ခေါ်ဖို့"
"အိမ်...ပြန်ခေါ်ဖို့?"
ချန်းကျင်းသည် တစ်ခဏမျှ ကြောင်သွားရ၏။ သူသည် လုထောင်က မိမိတို့နှစ်ဦးနေထိုင်ခဲ့သည့် နေရာကို "အိမ်" ဟု သတ်မှတ်ထားလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့မိပါချေ။ ထိုကဲ့သို့ တွေးထင်ထားသူမှာ မိမိတစ်ယောက်တည်းသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိခြင်း ဖြစ်၏။ အကယ်၍ ယခုစကားကိုသာ အတိတ်အခါက ကြားခဲ့ရမည်ဆိုလျှင် ကျိန်းသေပေါက် မျက်ရည်ကျမတတ် ပျော်ရွှင်သွားမိမည်ပင်။ သို့သော် ယခုအချိန်၌မူ ချန်းကျင်း၏စိတ်ထဲ၌ များစွာသော စိုးရိမ်ပူပန်မှုများနှင့် အချိန်မီ မတုံ့ပြန်နိုင်လိုက်သော အကြောက်တရားများစွာသာ ရှိရပေတော့၏။
တစ်ခဏမျှကြာပြီးနောက်မှ သူသည် ရှိသမျှ သတ္တိအလုံးစုံကို စုစည်းလိုက်၍ စကားဆိုလာနိုင်ခဲ့လေသည်။
"ဘယ်အိမ်မှ..မရှိဘူး"
ချန်းကျင်းက ပြောရင်းဆိုရင်း သူ၏လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သို့သော် သူ၏လေသံထဲ၌ မကျေနပ်ဖြစ်နေသော အရိပ်ယောင်များ ရှိမနေခဲ့ပါချေ။ ထိုအစား သူသည် ယဉ်ကျေးစွာဖြင့်ပင် စကားဆက်ဆိုလာသေးသည်။
"ကျွန်တော်က အမြဲတမ်းနီးပါး တစ်ယောက်တည်းပဲ နေခဲ့ရတာ..အဲ့ဒါကြောင့် ပြန်မသွားချင်ဘူး"
သူ၏အဖြေအား ကြားရသောအခါ တစ်ဖက်မှ လုထောင်၏မျက်ဝန်းများသည် အေးစက်ခက်ထန်လုနီးနီး ဖြစ်သွားရ၏။ သို့သော် ၎င်းတို့မှာ တစ်ခဏအတွင်းပင် မူလအတိုင်း ပြန်ပြောင်းသွားခဲ့ရလေသည်။ လုထောင်က ဆို၏။
"မင်းပြန်မသွားချင်လည်း ပြန်သွားရမှာပဲ။ ကိုယ်တို့က အခုထိ တရားဝင်အိမ်ထောင်သည်တွေ ဖြစ်နေတုန်း။ အဲ့ဒါကြောင့် မင်း ကိုယ်နဲ့အတူ ပြန်လိုက်ခဲ့ရမယ်"
ထိုအခါ ချန်းကျင်းသည် ဘာပြောရမှန်း မသိပါဘဲ အနည်ငယ်မျှ ကြောင်သွားရပေသည်။ သို့သော် အမှန်အတိုင်းဆိုရလျှင် လုထောင်၏ယခုကဲ့သို့သော အာဏာမျိုးကို သူအမြဲတမ်းနီးပါး ကြုံတွေ့ခဲ့ရပြီးဖြစ်၍ အလျှော့ပေးခြင်းကိုလည်း အခါခါ ပြုခဲ့ပြီးပြီပင်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင်မူ သူသည် ခေါင်းမာကာ တစ်ဖက်လူကို ဆန့်ကျင်ချင်မိသည်။ သို့သည့်တိုင် မည်ကဲ့သို့ ငြင်းသင့်ကြောင်းကိုလည်း သူကောင်းစွာ မစဉ်းစားနိုင်ခဲ့ပါပေ။
သို့နှင့် ချန်းကျင်းသည် အစ်ကိုဖြစ်သူကို အကူအညီတောင်းရန် ဘေးဘီဝဲယာအား လှည့်ကြည့်လိုက်သောအခါ ချန်းရွှီ၏အရိပ်အား သေးသေးလေးမျှပင် မတွေ့ရပါသဖြင့် ယခင်ကထက်ပို၍ စိတ်ရှုပ်သွားရပေတော့၏။ ထို့အပြင် အခုလေးတင် လုထောင်ပြောလိုက်သော "တရားဝင်အိမ်ထောင်သည်တွေ ဖြစ်နေဆဲ" နှင့် "ပြန်လိုက်ခဲ့ရမယ်" ဟူသော စကားများကလည်း သူ၏စိတ်ထဲ၌ ထပ်တလဲလဲ ပေါ်နေရပြန်သေးသည်။
ထို့ကြောင့် အဆုံး၌ ချန်းကျင်းသည် အလျှော့ပေးဟန်ဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရပေတော့၏။
"ကောင်းပြီလေ။ ဒါဆိုလည်း လိုက်ခဲ့တာပေါ့။ ကွာရှင်းခွင့်လျှောက်လွှာ မအောင်မြင်ခဲ့လို့ပဲမလား။ ကျွန်..ကျွန်တော် ခင်ဗျားနဲ့ပြန်လိုက်ပြီး အဆင်ပြေအောင် ကူညီပေးပါ့မယ်"
ချန်းကျင်းသည် ပြောရင်းဆိုရင်း ဝမ်းနည်းလာကာ စိတ်မသက်မသာလည်း ဖြစ်လာရ၏။
"ဒါပေမဲ့ ကျွန်တော် အရင်ဆုံး အိမ်ကိုပြန်ပြီး အဖေနဲ့ကိုကြီးကို ပြောလိုက်ဦးမယ်"
ထိုအခါ လုထောင်ကဆိုသည်။
"သူတို့ကိုပါ မင်းနဲ့အတူ ခေါ်လာလို့ရတယ်"
ချန်းကျင်းက လုထောင်ကို မကြည့်ပါဘဲ ခေါင်းသာယမ်းပြလာခဲ့၏။ ထို့နောက် သူသည် မလှမ်းမကမ်း တစ်နေရာ၌ ရပ်နေသည့် မာယွမ်ကို နှုတ်ဆက်ကာ အိမ်သို့ ပြန်ရန်ဟန်ပြင်လိုက်လေသည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်မျှ လှမ်းနေဆဲမှာပင် လုထောင်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ ခိုင်မာစွာ ဆိုလာခဲ့ပေ၏။
"မင်းဘယ်မှာနေတာလဲ? ကိုယ် လိုက်ပို့ပေးမယ်"
ချန်းကျင်းသည် "မလိုပါဘူး" ဟု ပြန်ပြောချင်ခဲ့သည့်တိုင် အဆုံး၌မူ ငြင်းဆန်စကားမဆိုပါဘဲ ခေါင်းသာငြိမ့်ပြလာခဲ့မိသည်။ လုထောင်၏စရိုက်အရဆိုလျှင် သူငြင်းဆန်လည်းပဲ အသုံးဝင်လိမ့်မည် မဟုတ်သောကြောင့်ပါပင်။
အာကာသယာဉ်၏အတွင်းနေရာက အရမ်းမကျယ်ရပါချေ။ သို့သော် ၎င်းအတွင်းထဲ၌ လေယာဉ်မောင်းသူနှစ်ဦးက တည်ရှိနေပြီးဖြစ်ရ၏။ ချန်းကျင်းသည် အနည်းငယ် အံ့အားသင့်စွာဖြင့် ထိုလူနှစ်ဦးကို နှုတ်ဆက်လိုက်ကာ အနောက်ဘက်ထိုင်ခုံတန်း၌ ဝင်ထိုင်လာခဲ့သည်။ ထို့နောက်တွင် လုထောင်ကလည်း သူ့ဘေး၌ ဝင်ထိုင်လာရာ ချန်းကျင်းမှာ တဖန်ပြန်၍ ဂဏှာမငြိမ် ဖြစ်သွားရပေတော့၏။
အာကာသယာဉ်က စတင်မထွက်ခွာမီ လုထောင်က သူ့ကို အမေးဆိုလာသည်။
"လိပ်စာ?"
ချန်းကျင်းက လိပ်စာကိုပြောပြသောအခါ အရှေ့ဘက်မှ လေယာဉ်မှူးတစ်ယောက်ကလည်း လိပ်စာကိုရိုက်လိုက်၍ ကြာချိန်ကိုတွက်ပြလိုက်ရာ ငါးမိနစ်အတွင်း ရောက်မည်ဟု ဆိုလာခဲ့လေ၏။ ချန်းကျင်းကမူ ဘာမျှမဆိုပါဘဲ သက်ပြင်းဖွဖွချရန်သာ တတ်နိုင်ခဲ့ပေတော့သည်။ မည်သို့ပင်ဆိုစေကာမူ အစ်ကိုဖြစ်သူနှင့်အတူ စနိုးမိုဘိုင်းလ်ဖြင့် ရုံးသို့လာစဉ်က နာရီဝက်ကျော်မျှ ကြာမြင့်ခဲ့ရသည် မဟုတ်ပါလား။
အာကာသယာဉ်၏မှန်ထည်များက ဖောက်ထွင်းမြင်ရသဖြင့် ချန်းကျင်းသည် တစ်လကျော်မျှ မိမိနေထိုင်ခဲ့ရာ မြို့လေးကို အပေါ်စီးမှ ချုံ့ကြည့်နိုင်ခဲ့သည်။ နေရာတစ်ခုလုံးက ဆီးနှင်းများဖြင့် ဖုံးလုနီးနီးဖြစ်နေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက ဟိုနေရာဖြူဖြူ ဒီနေရာဖြူဖြူ ဖြစ်နေကာ လူနေအိမ်များ၏အရောင်မှာလည်း သစ်သားရောင်သာ မြင်ရပေ၏။ သို့ဖြစ်၍ ဤဒေသတစ်ခုလုံးကို ကြည့်ရသည်မှာ လွန်စွာမှ ပျင်းရိငြီးငွေ့ဖွယ်ရာပင်။
တဖြည်းဖြည်း အထက်သို့မြင့်တက်လာသောအခါ ချန်းကျင်းသည် သူတို့၏မြို့လေးကို တောင်တန်းကြီးကြီးတစ်ခုက အနောက်မှကာထားကြောင်း တွေ့လိုက်ရလေသည်။ ၎င်းတောင်တန်းကြီးကလည်း နှင်းများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်ကာ တောင်ထိပ်ဆိုလျှင် ကောင်းကင်ဆီသို့ ထိုးဖောက်လုမတတ် ဖြစ်နေရပေပြီ။ သို့သော် ချန်းကျင်းကမူ ၎င်းမြင်ကွင်းအား ယခင်က တစ်ခါမျှ မမြင်ခဲ့ဖူးပါချေ။ ဤဒေသက ရာသီဥတုသိပ်မသာယာသောကြောင့် သူသည် အပြင်သို့သိပ်မထွက်ဖြစ်ကာ ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ခြင်း ဖြစ်လိမ့်မည်။
သို့နှင့် အာကာသယာဉ်က လမ်းတစ်ဝက်မျှ ရောက်လာချိန်တွင် ချန်းကျင်းက တစ်ခုခုကို အမှတ်ရသွားမိ၍ ရုတ်တရက် အမေးဆိုလာလေ၏။
"ခင်ဗျား ဘယ်လိုလုပ်ပြီး..ဒီနေရာကို ရှာတွေ့တာလဲ?"
သူက အောက်နှုတ်ခမ်းလွှာကို တစ်ချက်မျှ ကိုက်လိုက်ရင်း ဆက်မေးသည်။
"ထာထာက ခင်ဗျားကို ပြောပြလိုက်တာလား?"
"မင်း ဘယ်လိုထင်လို့လဲ?"
ထိုအခါ လုထောင်က သူ့ကို လှည့်ကြည့်ရင်း အေးစက်စွာ အမေးပြန်ဆို၏။ တစ်ဖက်လူ၏မေးခွန်းထံမှ အနည်းငယ် မကျေမနပ်ဖြစ်နေသော အငွေ့အသက်များကို ရိပ်စားမိလိုက်သောကြောင့် ချန်းကျင်းသည်လည်း မိမိကိုယ်ကို အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရပေသည်။
ထို့ကြောင့် သူက လေသံတိုးတိုးလေးနှင့် ရှင်းပြလာခဲ့၏။
"အဲ့ဒီတုန်းက ခင်ဗျားကို ပြောပြဖို့လည်း ကျွန်တော် တွေးခဲ့မိပါသေးတယ်။ ဒါပေမဲ့...ဘာနောက်ကြောင်းမှမကျန်ဘဲ ရှင်းရှင်းလင်းလင်း ဖြစ်တာက ပိုကောင်းတယ်လို့ ခံစားမိလို့။ ပြီးတော့ ခင်ဗျားလည်း ကျွန်တော့်အကြောင်းကို သိချင်မှာ မဟုတ်လောက်ဘူးလို့ ထင်ခဲ့မိတာနဲ့.."
"မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်က အခုအချိန်ထိ နည်းနည်းလေးမှ ပြောင်းလဲမသွားသေးဘူးပဲ"
၎င်းဝေဖန်စကားတစ်ခွန်းက ချန်းကျင်းအား ပို၍ အပြစ်မကင်းသကဲ့သို့ ခံစားရစေပြန်၏။ သူသည် မသိစိတ်အလျောက် လည်ပင်းကိုကျုံ့လိုက်မိ၍ တိုးဖွဖွဆိုမိလေသည်။
"ကျွန်တော် တောင်းပန်ပါတယ်"
ထို့နောက် သူသည် မည်သည့်မေးခွန်းကိုမျှ ဆက်၍ မမေးဖြစ်တော့ပါချေ။ မတော်တဆ တစ်ဖက်လူ၏ဒေါသကို သွားဆွမိမည် စိုးသောကြောင့်ပင်။ ထို့အပြင် လုထောင်က သူ့ကို သဘောမကျစွာ ဆက်ဆံနေသည်ကိုလည်း ထပ်၍ မလိုချင်တော့။ အတိတ်အခါက အေးတိအေးစက် ဆက်ဆံခံခဲ့ရသည့် မှတ်ဉာဏ်များနှင့်ပင် သူနာကျင်စေဖို့အတွက် လုံလောက်နေရလေပြီ။ သို့သော် အာကာသယာဉ်က မြေထက်သို့ သက်ဆင်းခါနီးအချိန်တွင် လုထောင်က ဤကဲ့သို့ ရုတ်တရက် အမေးဆိုလာခဲ့ပေ၏။
"တစ်လကျော်လောက်ပဲ ရှိသေးတာကို အနာဂတ်အတွက် အသစ်တွေ့နေပြီပေါ့?"
သူ၏စွပ်စွဲချက်အား ကြားကြားချင်း ချန်းကျင်းမှာ အနည်းငယ် ကြောင်တောင်တောင်။
"ဘာအသစ်လဲ?"
လုထောင်က သူ့ကို မမှိတ်မသုန် စိုက်ကြည့်ရင်း အမေးထပ်ဆို၏။
"ခုနက တစ်ယောက်က အသစ် မဟုတ်ဘူးလား။ မင်း သူနဲ့ လက်ထပ်ဖို့ လုပ်နေတာလေ?"
"ခင်ဗျား ဘယ်လိုလုပ်.."
ရုတ်တရက် ချန်းကျင်းသည် "လက်ထပ်ရေးရာ မှတ်ပုံတင်ရုံး" ရှေ့၌ မိမိနှင့်မာယွမ် အတူရှိနေခဲ့သည်ကို လုထောင်ကလည်း မြင်ပြီးပြီဖြစ်ကြောင်း အမှတ်ရသွားမိရာ ဆက်အမေးမဆိုတော့ပါဘဲ ငြိမ်လိုက်မိလေတော့၏။
လုထောင် : "အကြောင်းပြချက်က ဘာလဲ?"
၎င်းမေးခွန်းတိုတိုလေးက ချန်းကျင်းအား အတော်လေး နေရထိုင်ရခက်စေခဲ့၏။ သူသည် မည်ကဲ့သို့ ပြန်ဖြေရမှန်း မသိသကဲ့သို့ လုထောင်နှင့် မျက်နှာချင်းလည်း မဆိုင်ရဲခဲ့ပါချေ။ တစ်ခဏမျှကြာပြီးနောက်မှသာ သူက လက်ချောင်းများကို စတင်ဆုပ်လိုက်ရင်း အဖြေပြုရန် ဟန်ပြင်လာနိုင်ခဲ့သည်။ သို့နှင့် အဆုံး၌ သူသည် ရှိရှိသမျှသော သတ္တိအလုံးစုံကို ထုတ်လိုက်ရင်း တည်ငြိမ်စွာ အဖြေပြုလာပေတော့၏။
"ကျွန်တော် ကျွန်တော့်ဘဝကို တစ်ကနေ အသစ်ပြန်စချင်တယ်။ သူက အတော်လေး ရိုးသားမယ့်ပုံမို့ ကျွန်တော်နဲ့ပိုပြီး သင့်တော်မှာ"
ကျိန်းသေပေါက် လုထောင်ကို အမှန်အတိုင်း ဖွင့်ပြောလိုက်လို့ မဖြစ်ပါချေ။ အကယ်၍ ထိုသူသာ သိသွားလျှင် သူသည်လည်း အတိတ်၏ဝဲယက်အတွင်း၌ ထပ်မံပိတ်မိနေရလိမ့်မည်။ လုထောင်က သူ့ကို မချစ်သည့်အတွက် သူ၏ရင်သွေးကိုလည်း ချစ်လိမ့်မည်မဟုတ်။ ထို့အပြင် သူကိုယ်တိုင်သည်လည်း အချစ်မခံရသည့် အိမ်ထောင်သည်ဘဝ၌ အချိန်အတန်ကြာအောင် နေထိုင်ခဲ့ရပြီးပြီပင်။ ၎င်းဖြင့်ပင် လုံလောက်နေလေပြီ။
ခင်ပွန်းဖြစ်သူ၏ အေးစက်စက်အပြုအမူများအား ရင်ဆိုင်နေရမည့်အစား အရာအားလုံးကို လက်လွှတ်ပေးလိုက်ပြီး အပြီးတိုင် အဆက်ဖြတ်သည်က ပိုကောင်းလိမ့်လေမည်!
"အခုမှ ၄၂ ရက်ပဲရှိသေးတာကို မင်းက အရမ်း အလောတကြီး ဖြစ်နေပြီလား?"
လုထောင်၏လေသံထဲ၌ ချန်းကျင်း မဝေခွဲနိုင်သော စိတ်ဆိုးဒေါသထွက်နေသည့် အငွေ့အသက်များက တစ်စွန်းတစ်စ။
ချန်းကျင်းကမူ တစ်ဖက်လူက ဘာကြောင့်ဒေါသထွက်နေပါသနည်းအား လုံးဝနားမလည်နိုင်ခဲ့ပါချေ။ လုထောင်က သူ့အား မိမိကိုယ်ကို တန်ဖိုးမထားသည့် ခပ်ပျက်ပျက် ယောကျ်ားတစ်ယောက်ကဲ့သို့ မြင်၍ ခနဲ့ခြင်း ဖြစ်လိမ့်မည်ဟုသာ တွေးထင်နိုင်ခဲ့သည်။ ထို့ကြောင့် သူက အပြုံးတစ်ပွင့်အား ရုတ်တရက် ပန်ဆင်လိုက်ကာ ဤကဲ့သို့ စကားပြန်ဆိုလေ၏။
“ဟုတ်တယ်။ ကျွန်တော်က အမြဲတမ်း အလောတကြီး လုပ်တတ်တဲ့ လူစားမျိုးပဲလေ။ ခင်ဗျားလည်း သိပြီးသားပဲ မဟုတ်လား?"
ထိုကဲ့သို့ ပြောဆိုပြီးနောက်တွင် ချန်းကျင်းသည် မိမိစိတ်ကို အဆုံးထိတင်းရင်း လုထောင်အား ပြန်ကြည့်လိုက်လေတော့သည်။ သို့သော် သူ၏တစ်ကိုယ်လုံးသည်ကား တစ်ဖက်လူ၏ ရေခဲတမျှ အေးစက်လှသော အကြည့်များအောက်၌ တဆတ်ဆတ်တုန်ရီနေဆဲ။
သို့သည်တိုင် သူသည် စကားဆက်ဆိုရန် ခက်ခက်ခဲခဲ ကြိုးစားနေဆဲပါပင်။
"အခု ခင်ဗျားလာတာ အချိန်ကိုက်ကို အဆင်ပြေသွားတာပေါ့။ မဟုတ်ရင် ကျွန်တော်သူနဲ့ လက်ထပ်လို့မရဘဲ ဖြစ်နေမှာ။ လုထောင် ..အိမ်ကိုပြန်ရောက်တဲ့အခါကျရင် ကွာရှင်းကြရအောင်"
ကွာရှင်းခွင့်သာ အောင်မြင်သွားလျှင် အရာအားလုံးသည်လည်း အဆင်ပြေသွားလိမ့်မည်။ ၎င်းက သူ၏နှလုံးသားတစ်ခုလုံးအား သွေးထွက်မတတ် နာကျင်စေမည်ဆိုလျှင်တောင် အချိန်ကြာနာကျင်ရသည်ထက် တစ်ခဏတာနာကျင်ရသည်က ပိုကောင်းပါသေး၏။
လုထောင်သည် အပြုံးအရယ်မရှိသော မျက်နှာထားဖြင့် ချန်းကျင်းကို ပြန်လည်စိုက်ကြည့်လာခဲ့သည်။ သူ၏အကြည့်ကြောင့် ချန်းကျင်းမှာ မိမိကိုယ်ကို တစ်ဖက်လူ၏ဒေါသအား သွားဆွမိလေသလားဟုပင် တစ်ဒင်္ဂမျှ သံသယဝင်သွားရပေတော့၏။ သို့သော် အသေအချာတွေးဆကြည့်လျှင်မူ ၎င်းစကားသည်ကား လုထောင်အမြဲကြားချင်ခဲ့ရသည့် စကားပင် မဟုတ်ရပါလား။ အကြင်သူဟာ ဘာကြောင့်များ သူ့ကို ဒေါသထွက်နေရပါသနည်း?
တစ်ခဏမျှကြာပြီးနောက်တွင် လုထောင်က လေယာဉ်မှူးအား အမိန့်ပေးလာခဲ့၏။
"မြေပေါ်မဆင်းနဲ့တော့။ အင်ပါယာကမ္ဘာဆီကိုပဲ တိုက်ရိုက်မောင်း"
ထိုသို့ဆိုလျှင် လုထောင်ကလည်း သူ့ကိုကွာရှင်းရန် သဘောတူသည်ဟူသော အဓိပ္ပါယ်ပဲ မဟုတ်ပါလား?
တစ်ဖက်လူက ထိုသို့လုပ်ရန် အစဉ်အမြဲ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိပြီးဖြစ်သည့်တိုင် တကယ်တမ်း ကြုံရသောအခါ၌မူ ချန်းကျင်းသည် ဝမ်းနည်းနေဆဲပါပင်။ သူက သူ၏အောက်နှုတ်ခမ်းလွှာအား ကိုက်လိုက်ရင်း တိုးဖွဖွ စကားဆိုလာသည်။
"ခင်ဗျားလည်း အရမ်း အလောတကြီး ဖြစ်နေတာလား? အဖေနဲ့ကိုကြီးကို ရှင်းပြဖို့ ကျွန်တော့်ကို အချိန်မပေးနိုင်အောင်အထိလေ?"
"နောက်မှ သူတို့ကို ရှင်းပြဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်"
လုထောင်သည် သူ့ကို ဆက်၍မကြည့်တော့ပါချေ။ ထိုအစား သူသည် အရှေ့ဘက်ကိုသာ မျက်နှာမူလိုက်ကာ ဤစကားတစ်ခွန်းအား ရုတ်တရက် ဆိုလာပေတော့၏။
"ကိုယ် မင်းနဲ့ကွာရှင်းဖို့ ဆိုလိုချင်တာ မဟုတ်ဘူး။ ကိုယ့်ခွင့်ပြုချက်မရှိဘဲ အိမ်က ထွက်ပြေးသွားတဲ့ လက်တွဲဖော်ကို အိမ်ပြန်ခေါ်ဖို့လုပ်နေရုံ သက်သက်ပဲ!"
TN : မနက်ဖြန် ခရီးသွားစရာရှိသေးလို့ အပိုင်းသစ် တင်နိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ ဒီအနောက်ပိုင်းတွေကို ဟိုးအရင်ကလို နေ့တိုင်းအပ်ပေးနိုင်ဖို့ တွေးထားခဲ့တာ။ ဘာလို့ဆို နောက်ပိုင်းတွေက ပျင်းစရာမကောင်းတော့ဘူးလေ ဟီးဟီး
Btw ရှေ့တုန်းက ကြာခဲ့တာနဲ့ပတ်သက်ပြီး အားနာလို့ ပြန်ဆပ်တဲ့အနေနဲ့ရောပေါ့:)
အဲ့ဒီတော့ ပြောချင်တာက မနက်ဖြန် အပ်ပုဒိတ် မရှိဘူး။ အဲ့ဒီနောက်နေ့တွေမှာတော့ အတတ်နိုင်ဆုံး နေ့တိုင်းနီးပါး အပ်ပေးသွားပါ့မယ် ဒါပါပဲ ^◡^
Zawgyi
လက္တြဲေဖာ္ျဖစ္သူအား ဥပေဒအရ
အိမ္ျပန္ေခၚျခင္း
"ကြၽန္ေတာ္တို႔လိုဝန္ထမ္းေတြရဲ႕ လုပ္ပိုင္ခြင့္အာဏာက သိပ္မႀကီးေတာ့ ေနာက္ကြယ္က အေၾကာင္းအစံုအလင္ကို အေသးစိတ္သိႏိုင္မွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ ခင္ပြန္းျဖစ္သူကိုပဲ တိုက္႐ိုက္ဆက္သြယ္ၿပီး ေမးျမန္းၾကည့္ပါ့လား?"
ဝန္ထမ္းျဖစ္သူသည္လည္း က်ိန္းေသေပါက္ ခ်န္းက်င္း၏ရာထူးကို ျမင္လိုက္သည္ပင္။ ထို႔ေၾကာင့္ သူ၏ေလသံမွာ အေစာပိုင္းကထက္ပို၍ ေျပျပစ္လာကာ မ်က္ႏွာထားကလည္း အနည္းငယ္ အံ့အားသင့္သြားပံု ေပါက္သြားရေလေတာ့၏။
မည္သို႔ပင္ဆိုေစကာမူ ထိုဝန္ထမ္းဘက္မွၾကည့္လွ်င္ ခ်န္းက်င္းသည္ ရာထူးျမင့္ဗိုလ္ခ်ဳပ္ျဖစ္ေသာ ခင္ပြန္းသည္ကို လက္လႊတ္၍ ႏံုခ်ာသည့္ ဆင္းရဲသားလူငယ္တစ္ဦးကို လက္ထပ္ရန္ ေရြးခ်ယ္သည့္ပံု ေပါက္ေနသည္ မဟုတ္ရပါလား။ ၎အျခင္းအရာသည္ကား အမွန္တကယ္ကို အံ့ဩစရာပင္။
ခ်န္းက်င္း : "အဲ့ဒါက...ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ?"
အမွန္အတိုင္းဆိုရလွ်င္ တစ္ဖက္မွ ခ်န္းက်င္းသည္လည္း ဝန္ထမ္းျဖစ္သူနည္းတူ ယခုအခ်ိန္ထိ အံ့ဩေနဆဲ။ တစ္ခဏမွ်ၾကာၿပီးေနာက္မွသာ ခ်န္းက်င္းက ဆက္၍ အေမးဆိုလာႏိုင္ခဲ့သည္။
"ဒါဆို ..အခု ကြၽန္ေတာ္တို႔ႏွစ္ေယာက္က လက္ထပ္လို႔ မရဘူးေပါ့?"
"က်ိန္းေသေပါက္ မရဘူးေလ။ တရားဝင္အိမ္ေထာင္႐ွိရက္နဲ႔ တျခားတစ္ေယာက္ကို လက္ထပ္တာကလည္း ျပစ္မႈေျမာက္တာပဲ"
"ျပစ္မႈ" ဟူေသာ စကာလံုးမ်ားအား ၾကားရေသာအခါ တစ္ဖက္မွ မာယြမ္သည္လည္း အံ့အားသင့္၍ ထိတ္လန္႔သြားရ၏။ သို႔ျဖစ္၍ သူသည္ ခ်န္းက်င္းကို မယံုၾကည္ႏိုင္စြာ လွည့္ၾကည့္လာခဲ့၍ မေနႏိုင္ပါဘဲ တိုးဖြဖြ အေမးဆိုမိေလေတာ့သည္။
"ဘယ္..ဘယ္လိုလုပ္ၾကမလဲ ဒါဆို?"
သို႔ႏွင့္ အဆံုး၌ သူတို႔ႏွစ္ဦးသားသည္ လက္ထပ္မွတ္ပံုတင္ေရးရာရံုးမွ တျဖည္းျဖည္း လမ္းေလွ်ာက္ထြက္လာခဲ့ၾကရေပ၏။ မာယြမ္က စိတ္လႈပ္႐ွားေနေသာ္လည္း ခ်န္းက်င္းကမူ သူ႔ထက္ပို၍ အဆေပါင္းမ်ားစြာ ပ်ာယာခတ္လ်က္။ ၎အက်ိဳးဆက္ေၾကာင့္ ခ်န္းက်င္း၏ေျခလွမ္းမ်ားပင္ အနည္းငယ္ မူမမွန္ခ်င္သလို ျဖစ္လာရေလၿပီ။
ထိုအခိုက္ မာယြမ္က ေလသံတိုးတိုးေလးႏွင့္ သူ႔ကို အေမးစကားဆိုသည္။
"အစ္ကိုက်င္း ၊ အခု ဘယ္လိုလုပ္ၾကမလဲ? ကြၽန္ေတာ္.."
"မင္းကို ေက်းဇူးတင္ပါတယ္"
ခ်န္းက်င္းက မာယြမ့္အား စိတ္မပါလက္မပါႏွင့္ ေက်းဇူးတင္စကားဆိုကာ ႏြမ္းလ်လ်ျပံဳးျပလာခဲ့၏။
"ငါနဲ႔အတူ ဒီကို လာေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ေနာက္ၿပီး သက္သက္မဲ့ အလုပ္႐ႈပ္ေစမိလို႔လည္း ငါတကယ္ ေတာင္းပန္ပါတယ္"
ခ်န္းက်င္း၏ ဤကဲ့သို႔ က်ိဳးႏြံေသာ အျပဳအမူက မာယြမ္၏မ်က္ႏွာအား ႐ုတ္ခ်ည္းပင္ ႐ွက္ေသြးျဖာသြားေစသည္။ ထို႔ေနာက္ မာယြမ္က ကပ်ာကယာ စကားဆိုလာ၏။
"ဘာမွမျဖစ္ပါဘူး။ ကြၽန္ေတာ္လည္း ဘာမွမွ မလုပ္ခဲ့ရတာ။ တကယ္လို႔ ဒါက အလုပ္မျဖစ္ဘူးဆိုရင္ ကြၽန္..ကြၽန္ေတာ္ အစ္ကို႔ကို ပိုက္ဆံျပန္ေပးမယ္ေလ"
"ျပန္ေပးဖို႔မလိုပါဘူး"
သို႔သည့္တိုင္ မာယြမ္က သူ႔ကို ေငြျပန္ေပးရန္ အလို႐ွိေနဆဲ။ ထို႔ေၾကာင့္ ခ်န္းက်င္းက ထပ္၍ ႐ွင္းျပလာရျပန္၏။
"တကယ္ကို ျပန္ေပးဖို႔ မလိုတာပါ။ ေနာက္ၿပီး ဘာပဲေျပာေျပာ ဒါကငါ့ေၾကာင့္ျဖစ္တာေလ"
"ဒါေပမဲ့လည္း ကြၽန္ေတာ္ အစ္ကို႔ရဲ႕ပိုက္ဆံကို အလကားယူလို႔ မျဖစ္ဘူးေလ။ အေမသာသိရင္ က်ိန္းေသေပါက္ ကြၽန္ေတာ့္ကိုဆူမွာ။ ဒါေၾကာင့္ ကြၽန္ေတာ္ အခုခ်က္ခ်င္း အိမ္ျပန္ၿပီး အဲ့ဒါကို ျပန္ယူလာေပးပါ့မယ္"
ဤကဲ့သို႔ မာယြမ္က ေျပာရင္းဆိုရင္း အိမ္သို႔ ေျပးျပန္ရန္ ေျခႏွစ္လွမ္းသံုးလွမ္းမွ် ခပ္က်ဲက်ဲ လွမ္းလိုက္ခ်ိန္တြင္ သူတို႔အား အျပင္ဘက္မွ ေစာင့္ေပးေနေသာ ခ်န္းရႊီႏွင့္ လမ္းထက္၌ ထိပ္တိုက္ တိုးမိေလေတာ့၏။
ခ်န္းရႊီက စူးစမ္းစြာျဖင့္ အေမးဆိုသည္။
"ဘာျဖစ္လို႔လဲ?"
ထိုအခါ ခ်န္းက်င္းက အမွန္အတိုင္း ႐ွင္းျပရန္ ဟန္ျပင္၏။ သို႔ေသာ္ သူက ဘာမွ်မဆိုႏိုင္ေသးခင္မွာပင္ အနီးအနား႐ွိ လူမ်ားထံမွ ထူးထူးဆန္းဆန္း ဆူညံသံမ်ားႏွင့္ အေဝးတစ္ေနရာမွ တေဝါေဝါအသံအခ်ိဳ႕ကို ၾကားလိုက္ရေသာေၾကာင့္ သူသည္ တစ္ခဏမွ် ေၾကာင္သြားမိ၍ လူအမ်ားၾကည့္ရာအရပ္ကို ေခါင္းေမာ့လိုက္ၾကည့္မိရာ တစ္ခုခုက ေအာက္ဘက္သို႔ ခ်ဥ္းကပ္လာေၾကာင္း ေတြ႔လိုက္ရေလေတာ့၏။
နံပါတ္ ၂၉ ကမာၻသည္ကား ေနေရာင္ျခည္ အနည္းအက်ဥ္းမွ်သာ ရေသာေဒသျဖစ္သည့္အျပင္ ခ်န္းက်င္းကိုယ္တိုင္ကလည္း အျမင္အားေကာင္းေသာေၾကာင့္ မည္သည့္အရာက သူတို႔ဆီသို႔ ဆင္းသက္လာေၾကာင္းကို ႐ွင္း႐ွင္းလင္းလင္း ျမင္ႏုိင္ခဲ့သည္။
၎က စစ္တပ္သံုး အာကာသယာဥ္အေသးစားေလး တစ္စင္းပင္။
၎ယာဥ္မ်ိဳးသည္ကား အင္ပါယာကမာၻတြင္ဆိုလွ်င္ အသံုးမ်ားသည့္တိုင္ နံပါတ္ ၂၉ ကမာၻတြင္မူ ေတြ႔ျမင္ရ႐ွားပါးလွသည္။ အာကာသယာဥ္အား တစ္ႀကိမ္စ ႏွစ္ႀကိမ္မွ်သာ ျမင္ေတြ႔ခဲ့ဖူးေသာ မာယြမ္သည္လည္း ယခုကဲ့သို႔ ေျမျပင္ထက္ကို ဆင္းသက္လာသည့္ အမိုက္စားယာဥ္တစ္စင္းအား ေတြ႔လိုက္ရသည့္အခါ မ်က္ဝန္းအစံုက လင္းလက္သြား၍ အတြင္း၌ ၾကယ္မ်ားပင္ ေပၚလုနီးနီး ျဖစ္သြားရေပ၏။
သူက ေပ်ာ္ရႊင္ဝမ္းေျမာက္စြာျဖင့္ အားပါးတရ ေအာ္ေျပာလာခဲ့သည္။
"အာကာသယာဥ္ႀကီးပဲ!"
ထိုအခါ အနီးနားပတ္ဝန္းက်င္႐ွိ စတိုးဆိုင္မ်ားမွ လူမ်ားကလည္း ၎ယာဥ္ကိုၾကည့္ရန္ အျပင္သို႔အေျပးထြက္လာၾကေပ၏။ ခ်န္းက်င္းသည္လည္း ထိုလူမ်ားနည္းတူ ေျမျပင္ဆီသို႔ တျဖည္းျဖည္း နီးကပ္လာေသာ အာကာသယာဥ္အား မ်က္ေတာင္မခတ္ ၾကည့္ေနခဲ့မိသည္။ ထိုသို႔ၾကည့္ေနရင္းႏွင့္ပင္ သူ၏ႏွလံုးသားထဲ၌ ခံစားခ်က္ေရးေရးေလးတစ္ခုက ေပၚလာခဲ့ရ၏။ မိမိႏွင့္မစိမ္းပါသည့္ အမွတ္အသားတစ္ခုႏွင့္ အာကာသယာဥ္က ေျမျပင္ထက္သို႔ တျဖည္းျဖည္း သက္ဆင္းလာသည့္ ျမင္ကြင္းက သူ႔ကို အနည္းငယ္မွ် တုန္ရီသြားေစသည္။
၎ယာဥ္ထက္႐ွိ အမွတ္အသားသည္ကား လုေထာင္၏ဌာနမွ ပိုင္ဆိုင္ေသာ အမွတ္အသားျဖစ္ရသည္။ ဘယ္လိုလုပ္ၿပီးမ်ား ထိုကဲ့သို႔ ျဖစ္ႏိုင္မွာတဲ့လဲ?
မဟုတ္မွလြဲေရာ. ..သူမ်ား ျဖစ္ေနမလား?
တကယ္ပဲ သူသာဆိုလွ်င္...
ခ်န္းက်င္းသည္ မိမိဘာသာ တစ္ေယာက္တည္း ေတြးေတာရင္းႏွင့္ပင္ မသိစိတ္အေလ်ာက္ တစ္ဖက္လူႏွင့္ ေတြ႔ဖို႔အေရးကို ေ႐ွာင္ခ်င္ခဲ့မိသည္။ သို႔ေသာ္ ဘာေၾကာင့္ရယ္မသိပါဘဲ ထိုအခ်ိန္၌ သူ၏ေျခေထာက္မ်ားက အေလးတံုးႀကီးတစ္ခုကဲ့သို႔ ေလးလံလာရကာ ေသးေသးေလးမွ်ကို ေရြ႔လို႔မရေတာ့ပါေခ်။ ထို႔အျပင္ သူ၏ႏွလံုးသားတစ္ခုလံုးကလည္း ခံစားခ်က္ေပါင္းစံုေရာႁပြန္းေနလ်က္ ျပင္းျပင္းထန္ထန္ ခုန္ေနျပန္ေသး၏။ တိတိက်က်ဆိုရလွ်င္ ၎ခံစားခ်က္မ်ားထဲ၌ အနည္းငယ္ေသာ ေပ်ာ္ရႊင္မႈေလးကလည္း ပ်ံ့ႏွံ႔ေနခဲ့သည္ပင္။
ဘယ္ေတာ့မွ ေတြ႔ခြင့္ရေတာ့မည္မဟုတ္ဟု ထင္ခဲ့မိေသာ လူတစ္ေယာက္ကို ယခု ႐ုတ္တရက္ ေတြ႔ျမင္ႏိုင္ေတာ့မည္ မဟုတ္ရပါလား။ မည္သူကမ်ား မေပ်ာ္ဘဲ ေနပါလိမ့္မည္နည္း?
သို႔ေသာ္ တကယ္ပဲ တစ္ဖက္လူက သူျဖစ္ႏိုင္ပါ့လား....
အာကာယာဥ္သည္ကား လူသူ႐ွင္းေသာ ေျမျပင္ထက္သို႔ တျဖည္းျဖည္း ဆင္းသက္လာေနၿပီျဖစ္၏။ ထို႔ေနာက္ ဆင္းသက္ရာ ေဘးပတ္လည္လည္မွ ႏွင္းမႈန္မ်ားမွာလည္း အေဝးသို႔ လြင့္စင္သြားရေလၿပီ။ သို႔ႏွင့္ အၿပီးတိုင္ သက္ဆင္းၿပီးေနာက္တြင္ အာကာသယာဥ္ထံမွ ေလွကား႐ွည္တစ္ခုက ဆန္႔ထြက္လာ၍ ၎ေနာက္ မၾကာခင္မွာပင္ အရပ္႐ွည္႐ွည္ ပံုရိပ္တစ္ခုက ၎ထက္၌ ေပၚလာခဲ့ရေပ၏။
ထိုလူသည္ ဝတ္ရံုတစ္ထည္ႏွင့္ စစ္တပ္ယူနီေဖာင္းကို သပ္သပ္ရပ္ရပ္ ဝတ္ဆင္ထားသည့္အျပင္ အရပ္ကလည္း ၎ဝတ္စံုႏွင့္ လိုက္ဖက္ညီစြာ ျမင့္မားေနေသာေၾကာင့္ မ်က္စိက်ိန္းေလာက္ေအာင္ ခန္႔ညားလွသည္။
အခ်င္းခ်င္းမေတြ႔ရသည္က တစ္လေက်ာ္မွ်သာ ၾကာျမင့္ရသည့္တိုင္ ခ်န္းက်င္းကမူ ဆယ္စုႏွစ္တစ္ခုစာမွ် ၾကာျမင့္ခဲ့ရသည္ဟု ခံစားခဲ့ရေပ၏။ လုေထာင္၏ ႐ုတ္တရက္ဆန္ဆန္ ေပၚေပါက္လာေသာ ေက်းဇူးေၾကာင့္ သူ၏တစ္ကိုယ္လံုးမွာ တဆတ္ဆတ္ တုန္ရီေနရၿပီပင္။ သူ၏မ်က္ဝန္းလႈပ္႐ွားမႈမ်ား၊ ျဖဴဥဥ ပါးျပင္မ်ား၊ ႏွလံုးခုန္သံမ်ားႏွင့္ ေျခလက္မ်ားအားလံုးကို ထိန္းခ်ဳပ္ရန္ ခက္ခဲလ်က္။
ခန္႔ညားသည့္အမ်ိဳးသားတစ္ဦးက မိမိတို႔ဘက္သို႔ လမ္းေလွ်ာက္လာေၾကာင္း ျမင္ရေသာအခါ မာယြမ္က မေနႏိုင္ပါဘဲ ဤကဲ့သို႔ တိုးဖြဖြ ဆိုမိေလေတာ့၏။
"အရမ္းခန္႔ညားတာပဲ...မဟုတ္မွလြဲေရာ သူက အထက္အဆင့္ဗိုလ္ခ်ဳပ္တစ္ေယာက္မ်ားလား မသိဘူးေနာ္? သူ႔ၾကည့္ရတာ တကယ့္ကို အ႐ွိန္အဝါအျပည့္နဲ႔"
ထို႔ေနာက္ သူက အားက်စိတ္ျဖင့္ ဆက္ေရရြတ္ျပန္၏။
"ကြၽန္ေတာ္လည္း တစ္ေန႔ေန႔ သူ႔လိုမ်ိဳး ျဖစ္လာရင္ ေကာင္းမွာပဲ"
သို႔ေသာ္ တျဖည္းျဖည္းႏွင့္ပင္ သူသည္ တစ္ခုခုက လြဲမွားေနေၾကာင္း ခံစားလိုက္ရေပသည္။ တစ္ဖက္အမ်ိဳးသား၏ လားရာက သူ၏ေဘးဖက္မွ လူထံသို႔ ျဖစ္ေနသည့္ပံုပင္။ ထို႔ေၾကာင့္ မာယြမ္သည္ အနည္းငယ္ ေၾကာက္ရြံ႔သြားမိကာ မိမိမ်ား တစ္ခုခုအမွားလုပ္ထားမိေလသလားဟူ၍ ေတြးပူမိေလ၏။ ထိုသို႔ ပ်ာယာခတ္ေနခိုက္တြင္ သူသည္ အနားမွ ခ်န္းက်င္း၏မ်က္ႏွာအမူအရာကို သတိထားမိသြားရာ တစ္ခုခုအား ႐ုတ္ခ်ည္း အမွတ္ရသြားမိေပေတာ့သည္။ သို႔ႏွင့္ သူက တစ္ခုခုေမးရန္ ဟန္ျပင္လိုက္ခ်ိန္မွာပင္ တစ္ဖက္လူကလည္း အနားသို႔ ပိုကပ္လာေသာေၾကာင့္ မာယြမ္သည္ ဘာမွ်မေမးရဲေတာ့ပါဘဲ ေဘးဖက္သို႔ တိတ္တိတ္ေလး ေလွ်ာက္လွမ္းသြားကာ ခ်န္းက်င္းႏွင့္ ခပ္ေဝးေဝးျဖစ္သည္အထိ ဆုတ္လိုက္မိေလေတာ့၏။
ခ်န္းက်င္း၏လက္ဖဝါးမ်ားႏွင့္ ေျခဖဝါးမ်ားကမူ ေသြးစီးဆင္းမႈမ႐ွိသည့္ႏွယ္ ေတာင့္တင္းလ်က္။ ဤအခ်ိန္ခဏေလးအတြင္းတြင္ သူ၏ျမင္ကြင္းထဲ၌ လုေထာင္မွလြဲ၍ အျခားမည္သူမွ် မ႐ွိေတာ့သလိုပါပင္။ ထို႔အျပင္ သူ၏ႏွလံုးခုန္သံမ်ားကလည္း ျပင္းထန္စြာ ခုန္ေနဆဲ။ သို႔ႏွင့္ လုေထာင္ႏွင့္သူ႔ၾကား႐ွိ အကြာအေဝးက ႏွစ္မီတာခန္႔မွ်သာ က်န္႐ွိေတာ့ခ်ိန္တြင္ ခ်န္းက်င္းသည္ သူ၏ႏွလံုးသားက အခုန္လြန္၍ ရပ္တန္႔သြားေတာ့မလားဟုပင္ သံသယဝင္လိုက္မိေလေတာ့၏။
ႏွစ္ဦးသား၏မ်က္ဝန္းမ်ားက အခ်ိန္အတန္ၾကာမွ် အခ်င္းခ်င္းထံ၌ ၿငိတြယ္ေနခဲ့ၾကရသည္။ တစ္ဦးက ယခင္အတိုင္း ေအးစက္တည္ၿငိမ္ေနဆဲ ျဖစ္သည့္တိုင္ က်န္တစ္ဦးကမူ ေ႐ွာင္ေျပးရန္ ႀကိဳးစားေနဆဲ။
လုေထာင္က ဘာမွ်မေျပာဘဲ ၿငိမ္ေနသျဖင့္ အဆံုး၌ ခ်န္းက်င္းကသာ စကားစဆိုလာရေတာ့၏။
"ခင္..ခင္ဗ်ားက ဘာလို႔ ဒီေရာက္ေနတာလဲ?"
လုေထာင္က သူ႔ကိုစိုက္ၾကည့္ရင္း ႏႈတ္ခမ္းလႊာပါးပါးကို ခပ္ဖြဖြသာ ဖြင့္ဟလာခဲ့သည့္တိုင္ ထြက္ေပၚလာေသာ အသံကမူ တည္ၿငိမ္ျပတ္သားေလသည္။
"မင္းကို အိမ္ျပန္ေခၚဖို႔"
"အိမ္...ျပန္ေခၚဖို႔?"
ခ်န္းက်င္းသည္ တစ္ခဏမွ် ေၾကာင္သြားရ၏။ သူသည္ လုေထာင္က မိမိတို႔ႏွစ္ဦးေနထိုင္ခဲ့သည့္ ေနရာကို "အိမ္" ဟု သတ္မွတ္ထားလိမ့္မည္ဟု ဘယ္တုန္းကမွ် ထင္မွတ္မထားခဲ့မိပါေခ်။ ထိုကဲ့သို႔ ေတြးထင္ထားသူမွာ မိမိတစ္ေယာက္တည္းသာ ျဖစ္လိမ့္မည္ဟု ထင္ခဲ့မိျခင္း ျဖစ္၏။ အကယ္၍ ယခုစကားကိုသာ အတိတ္အခါက ၾကားခဲ့ရမည္ဆိုလွ်င္ က်ိန္းေသေပါက္ မ်က္ရည္က်မတတ္ ေပ်ာ္ရႊင္သြားမိမည္ပင္။ သို႔ေသာ္ ယခုအခ်ိန္၌မူ ခ်န္းက်င္း၏စိတ္ထဲ၌ မ်ားစြာေသာ စိုးရိမ္ပူပန္မႈမ်ားႏွင့္ အခ်ိန္မီ မတံု႔ျပန္ႏိုင္လိုက္ေသာ အေၾကာက္တရားမ်ားစြာသာ ႐ွိရေပေတာ့၏။
တစ္ခဏမွ်ၾကာၿပီးေနာက္မွ သူသည္ ႐ွိသမွ် သတၱိအလံုးစံုကို စုစည္းလိုက္၍ စကားဆိုလာႏိုင္ခဲ့ေလသည္။
"ဘယ္အိမ္မွ..မ႐ွိဘူး"
ခ်န္းက်င္းက ေျပာရင္းဆိုရင္း သူ၏လက္ေခ်ာင္းမ်ားကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိ၏။ သို႔ေသာ္ သူ၏ေလသံထဲ၌ မေက်နပ္ျဖစ္ေနေသာ အရိပ္ေယာင္မ်ား ႐ွိမေနခဲ့ပါေခ်။ ထိုအစား သူသည္ ယဥ္ေက်းစြာျဖင့္ပင္ စကားဆက္ဆိုလာေသးသည္။
"ကြၽန္ေတာ္က အျမဲတမ္းနီးပါး တစ္ေယာက္တည္းပဲ ေနခဲ့ရတာ..အဲ့ဒါေၾကာင့္ ျပန္မသြားခ်င္ဘူး"
သူ၏အေျဖအား ၾကားရေသာအခါ တစ္ဖက္မွ လုေထာင္၏မ်က္ဝန္းမ်ားသည္ ေအးစက္ခက္ထန္လုနီးနီး ျဖစ္သြားရ၏။ သို႔ေသာ္ ၎တို႔မွာ တစ္ခဏအတြင္းပင္ မူလအတိုင္း ျပန္ေျပာင္းသြားခဲ့ရေလသည္။ လုေထာင္က ဆို၏။
"မင္းျပန္မသြားခ်င္လည္း ျပန္သြားရမွာပဲ။ ကိုယ္တို႔က အခုထိ တရားဝင္အိမ္ေထာင္သည္ေတြ ျဖစ္ေနတုန္း။ အဲ့ဒါေၾကာင့္ မင္း ကိုယ္နဲ႔အတူ ျပန္လိုက္ခဲ့ရမယ္"
ထိုအခါ ခ်န္းက်င္းသည္ ဘာေျပာရမွန္း မသိပါဘဲ အနည္ငယ္မွ် ေၾကာင္သြားရေပသည္။ သို႔ေသာ္ အမွန္အတိုင္းဆိုရလွ်င္ လုေထာင္၏ယခုကဲ့သို႔ေသာ အာဏာမ်ိဳးကို သူအျမဲတမ္းနီးပါး ၾကံဳေတြ႔ခဲ့ရၿပီးျဖစ္၍ အေလွ်ာ့ေပးျခင္းကိုလည္း အခါခါ ျပဳခဲ့ၿပီးၿပီပင္။ မည္သို႔ပင္ဆိုေစကာမူ ယခုအခ်ိန္တြင္မူ သူသည္ ေခါင္းမာကာ တစ္ဖက္လူကို ဆန္႔က်င္ခ်င္မိသည္။ သို႔သည့္တိုင္ မည္ကဲ့သို႔ ျငင္းသင့္ေၾကာင္းကိုလည္း သူေကာင္းစြာ မစဥ္းစားႏိုင္ခဲ့ပါေပ။
သို႔ႏွင့္ ခ်န္းက်င္းသည္ အစ္ကိုျဖစ္သူကို အကူအညီေတာင္းရန္ ေဘးဘီဝဲယာအား လွည့္ၾကည့္လိုက္ေသာအခါ ခ်န္းရႊီ၏အရိပ္အား ေသးေသးေလးမွ်ပင္ မေတြ႔ရပါသျဖင့္ ယခင္ကထက္ပို၍ စိတ္႐ႈပ္သြားရေပေတာ့၏။ ထို႔အျပင္ အခုေလးတင္ လုေထာင္ေျပာလိုက္ေသာ "တရားဝင္အိမ္ေထာင္သည္ေတြ ျဖစ္ေနဆဲ" ႏွင့္ "ျပန္လိုက္ခဲ့ရမယ္" ဟူေသာ စကားမ်ားကလည္း သူ၏စိတ္ထဲ၌ ထပ္တလဲလဲ ေပၚေနရျပန္ေသးသည္။
ထို႔ေၾကာင့္ အဆံုး၌ ခ်န္းက်င္းသည္ အေလွ်ာ့ေပးဟန္ျဖင့္ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်ခဲ့ရေပေတာ့၏။
"ေကာင္းၿပီေလ။ ဒါဆိုလည္း လိုက္ခဲ့တာေပါ့။ ကြာ႐ွင္းခြင့္ေလွ်ာက္လႊာ မေအာင္ျမင္ခဲ့လို႔ပဲမလား။ ကြၽန္..ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ျပန္လိုက္ၿပီး အဆင္ေျပေအာင္ ကူညီေပးပါ့မယ္"
ခ်န္းက်င္းသည္ ေျပာရင္းဆိုရင္း ဝမ္းနည္းလာကာ စိတ္မသက္မသာလည္း ျဖစ္လာရ၏။
"ဒါေပမဲ့ ကြၽန္ေတာ္ အရင္ဆံုး အိမ္ကိုျပန္ၿပီး အေဖနဲ႔ကိုႀကီးကို ေျပာလိုက္ဦးမယ္"
ထိုအခါ လုေထာင္ကဆုိသည္။
"သူတို႔ကိုပါ မင္းနဲ႔အတူ ေခၚလာလို႔ရတယ္"
ခ်န္းက်င္းက လုေထာင္ကို မၾကည့္ပါဘဲ ေခါင္းသာယမ္းျပလာခဲ့၏။ ထို႔ေနာက္ သူသည္ မလွမ္းမကမ္း တစ္ေနရာ၌ ရပ္ေနသည့္ မာယြမ္ကို ႏႈတ္ဆက္ကာ အိမ္သို႔ ျပန္ရန္ဟန္ျပင္လိုက္ေလသည္။ သို႔ေသာ္ သူက ေျခလွမ္းအနည္းငယ္မွ် လွမ္းေနဆဲမွာပင္ လုေထာင္က သူ႔လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ကာ ခိုင္မာစြာ ဆိုလာခဲ့ေပ၏။
"မင္းဘယ္မွာေနတာလဲ? ကိုယ္ လိုက္ပို႔ေပးမယ္"
ခ်န္းက်င္းသည္ "မလိုပါဘူး" ဟု ျပန္ေျပာခ်င္ခဲ့သည့္တိုင္ အဆံုး၌မူ ျငင္းဆန္စကားမဆိုပါဘဲ ေခါင္းသာၿငိမ့္ျပလာခဲ့မိသည္။ လုေထာင္၏စ႐ိုက္အရဆိုလွ်င္ သူျငင္းဆန္လည္းပဲ အသံုးဝင္လိမ့္မည္ မဟုတ္ေသာေၾကာင့္ပါပင္။
အာကာသယာဥ္၏အတြင္းေနရာက အရမ္းမက်ယ္ရပါေခ်။ သို႔ေသာ္ ၎အတြင္းထဲ၌ ေလယာဥ္ေမာင္းသူႏွစ္ဦးက တည္႐ွိေနၿပီးျဖစ္ရ၏။ ခ်န္းက်င္းသည္ အနည္းငယ္ အံ့အားသင့္စြာျဖင့္ ထိုလူႏွစ္ဦးကို ႏႈတ္ဆက္လိုက္ကာ အေနာက္ဘက္ထိုင္ခံုတန္း၌ ဝင္ထိုင္လာခဲ့သည္။ ထို႔ေနာက္တြင္ လုေထာင္ကလည္း သူ႔ေဘး၌ ဝင္ထိုင္လာရာ ခ်န္းက်င္းမွာ တဖန္ျပန္၍ ဂဏွာမၿငိမ္ ျဖစ္သြားရေပေတာ့၏။
အာကာသယာဥ္က စတင္မထြက္ခြာမီ လုေထာင္က သူ႔ကို အေမးဆိုလာသည္။
"လိပ္စာ?"
ခ်န္းက်င္းက လိပ္စာကိုေျပာျပေသာအခါ အေ႐ွ႕ဘက္မွ ေလယာဥ္မႉးတစ္ေယာက္ကလည္း လိပ္စာကို႐ိုက္လိုက္၍ ၾကာခ်ိန္ကိုတြက္ျပလိုက္ရာ ငါးမိနစ္အတြင္း ေရာက္မည္ဟု ဆိုလာခဲ့ေလ၏။ ခ်န္းက်င္းကမူ ဘာမွ်မဆိုပါဘဲ သက္ျပင္းဖြဖြခ်ရန္သာ တတ္ႏိုင္ခဲ့ေပေတာ့သည္။ မည္သို႔ပင္ဆိုေစကာမူ အစ္ကိုျဖစ္သူႏွင့္အတူ စႏိုးမိုဘိုင္းလ္ျဖင့္ ရံုးသို႔လာစဥ္က နာရီဝက္ေက်ာ္မွ် ၾကာျမင့္ခဲ့ရသည္ မဟုတ္ပါလား။
အာကာသယာဥ္၏မွန္ထည္မ်ားက ေဖာက္ထြင္းျမင္ရသျဖင့္ ခ်န္းက်င္းသည္ တစ္လေက်ာ္မွ် မိမိေနထိုင္ခဲ့ရာ ၿမိဳ႕ေလးကို အေပၚစီးမွ ခ်ံဳ႕ၾကည့္ႏိုင္ခဲ့သည္။ ေနရာတစ္ခုလံုးက ဆီးႏွင္းမ်ားျဖင့္ ဖံုးလုနီးနီးျဖစ္ေနေသာေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလံုးက ဟိုေနရာျဖဴျဖဴ ဒီေနရာျဖဴျဖဴ ျဖစ္ေနကာ လူေနအိမ္မ်ား၏အေရာင္မွာလည္း သစ္သားေရာင္သာ ျမင္ရေပ၏။ သို႔ျဖစ္၍ ဤေဒသတစ္ခုလံုးကို ၾကည့္ရသည္မွာ လြန္စြာမွ ပ်င္းရိၿငီးေငြ႔ဖြယ္ရာပင္။
တျဖည္းျဖည္း အထက္သို႔ျမင့္တက္လာေသာအခါ ခ်န္းက်င္းသည္ သူတို႔၏ၿမိဳ႕ေလးကို ေတာင္တန္းႀကီးႀကီးတစ္ခုက အေနာက္မွကာထားေၾကာင္း ေတြ႔လိုက္ရေလသည္။ ၎ေတာင္တန္းႀကီးကလည္း ႏွင္းမ်ားျဖင့္ ဖံုးလႊမ္းေနဆဲျဖစ္ကာ ေတာင္ထိပ္ဆိုလွ်င္ ေကာင္းကင္ဆီသို႔ ထိုးေဖာက္လုမတတ္ ျဖစ္ေနရေပၿပီ။ သို႔ေသာ္ ခ်န္းက်င္းကမူ ၎ျမင္ကြင္းအား ယခင္က တစ္ခါမွ် မျမင္ခဲ့ဖူးပါေခ်။ ဤေဒသက ရာသီဥတုသိပ္မသာယာေသာေၾကာင့္ သူသည္ အျပင္သို႔သိပ္မထြက္ျဖစ္ကာ ပတ္ဝန္းက်င္ကို သတိမထားမိခဲ့ျခင္း ျဖစ္လိမ့္မည္။
သို႔ႏွင့္ အာကာသယာဥ္က လမ္းတစ္ဝက္မွ် ေရာက္လာခ်ိန္တြင္ ခ်န္းက်င္းက တစ္ခုခုကို အမွတ္ရသြားမိ၍ ႐ုတ္တရက္ အေမးဆိုလာေလ၏။
"ခင္ဗ်ား ဘယ္လိုလုပ္ၿပီး..ဒီေနရာကို ႐ွာေတြ႔တာလဲ?"
သူက ေအာက္ႏႈတ္ခမ္းလႊာကို တစ္ခ်က္မွ် ကိုက္လိုက္ရင္း ဆက္ေမးသည္။
"ထာထာက ခင္ဗ်ားကို ေျပာျပလိုက္တာလား?"
"မင္း ဘယ္လိုထင္လို႔လဲ?"
ထိုအခါ လုေထာင္က သူ႔ကို လွည့္ၾကည့္ရင္း ေအးစက္စြာ အေမးျပန္ဆို၏။ တစ္ဖက္လူ၏ေမးခြန္းထံမွ အနည္းငယ္ မေက်မနပ္ျဖစ္ေနေသာ အေငြ႔အသက္မ်ားကို ရိပ္စားမိလိုက္ေသာေၾကာင့္ ခ်န္းက်င္းသည္လည္း မိမိကိုယ္ကို အျပစ္မကင္းသကဲ့သို႔ ခံစားလိုက္ရေပသည္။
ထို႔ေၾကာင့္ သူက ေလသံတိုးတိုးေလးႏွင့္ ႐ွင္းျပလာခဲ့၏။
"အဲ့ဒီတုန္းက ခင္ဗ်ားကို ေျပာျပဖို႔လည္း ကြၽန္ေတာ္ ေတြးခဲ့မိပါေသးတယ္။ ဒါေပမဲ့...ဘာေနာက္ေၾကာင္းမွမက်န္ဘဲ ႐ွင္း႐ွင္းလင္းလင္း ျဖစ္တာက ပိုေကာင္းတယ္လို႔ ခံစားမိလို႔။ ၿပီးေတာ့ ခင္ဗ်ားလည္း ကြၽန္ေတာ့္အေၾကာင္းကို သိခ်င္မွာ မဟုတ္ေလာက္ဘူးလို႔ ထင္ခဲ့မိတာနဲ႔.."
"မင္းရဲ႕ တစ္ကိုယ္ေကာင္းဆန္တတ္တဲ့အက်င့္က အခုအခ်ိန္ထိ နည္းနည္းေလးမွ ေျပာင္းလဲမသြားေသးဘူးပဲ"
၎ေဝဖန္စကားတစ္ခြန္းက ခ်န္းက်င္းအား ပို၍ အျပစ္မကင္းသကဲ့သို႔ ခံစားရေစျပန္၏။ သူသည္ မသိစိတ္အေလ်ာက္ လည္ပင္းကိုက်ံဳ႕လိုက္မိ၍ တိုးဖြဖြဆိုမိေလသည္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"
ထို႔ေနာက္ သူသည္ မည္သည့္ေမးခြန္းကိုမွ် ဆက္၍ မေမးျဖစ္ေတာ့ပါေခ်။ မေတာ္တဆ တစ္ဖက္လူ၏ေဒါသကို သြားဆြမိမည္ စိုးေသာေၾကာင့္ပင္။ ထို႔အျပင္ လုေထာင္က သူ႔ကို သေဘာမက်စြာ ဆက္ဆံေနသည္ကိုလည္း ထပ္၍ မလိုခ်င္ေတာ့။ အတိတ္အခါက ေအးတိေအးစက္ ဆက္ဆံခံခဲ့ရသည့္ မွတ္ဉာဏ္မ်ားႏွင့္ပင္ သူနာက်င္ေစဖို႔အတြက္ လံုေလာက္ေနရေလၿပီ။ သို႔ေသာ္ အာကာသယာဥ္က ေျမထက္သို႔ သက္ဆင္းခါနီးအခ်ိန္တြင္ လုေထာင္က ဤကဲ့သို႔ ႐ုတ္တရက္ အေမးဆိုလာခဲ့ေပ၏။
"တစ္လေက်ာ္ေလာက္ပဲ ႐ွိေသးတာကို အနာဂတ္အတြက္ အသစ္ေတြ႔ေနၿပီေပါ့?"
သူ၏စြပ္စြဲခ်က္အား ၾကားၾကားခ်င္း ခ်န္းက်င္းမွာ အနည္းငယ္ ေၾကာင္ေတာင္ေတာင္။
"ဘာအသစ္လဲ?"
လုေထာင္က သူ႔ကို မမွိတ္မသုန္ စိုက္ၾကည့္ရင္း အေမးထပ္ဆို၏။
"ခုနက တစ္ေယာက္က အသစ္ မဟုတ္ဘူးလား။ မင္း သူနဲ႔ လက္ထပ္ဖို႔ လုပ္ေနတာေလ?"
"ခင္ဗ်ား ဘယ္လိုလုပ္.."
႐ုတ္တရက္ ခ်န္းက်င္းသည္ "လက္ထပ္ေရးရာ မွတ္ပံုတင္ရံုး" ေ႐ွ႕၌ မိမိႏွင့္မာယြမ္ အတူ႐ွိေနခဲ့သည္ကို လုေထာင္ကလည္း ျမင္ၿပီးၿပီျဖစ္ေၾကာင္း အမွတ္ရသြားမိရာ ဆက္အေမးမဆိုေတာ့ပါဘဲ ၿငိမ္လိုက္မိေလေတာ့၏။
လုေထာင္ : "အေၾကာင္းျပခ်က္က ဘာလဲ?"
၎ေမးခြန္းတိုတိုေလးက ခ်န္းက်င္းအား အေတာ္ေလး ေနရထိုင္ရခက္ေစခဲ့၏။ သူသည္ မည္ကဲ့သို႔ ျပန္ေျဖရမွန္း မသိသကဲ့သို႔ လုေထာင္ႏွင့္ မ်က္ႏွာခ်င္းလည္း မဆိုင္ရဲခဲ့ပါေခ်။ တစ္ခဏမွ်ၾကာၿပီးေနာက္မွသာ သူက လက္ေခ်ာင္းမ်ားကို စတင္ဆုပ္လိုက္ရင္း အေျဖျပဳရန္ ဟန္ျပင္လာႏိုင္ခဲ့သည္။ သို႔ႏွင့္ အဆံုး၌ သူသည္ ႐ွိ႐ွိသမွ်ေသာ သတၱိအလံုးစံုကို ထုတ္လိုက္ရင္း တည္ၿငိမ္စြာ အေျဖျပဳလာေပေတာ့၏။
"ကြၽန္ေတာ္ ကြၽန္ေတာ့္ဘဝကို တစ္ကေန အသစ္ျပန္စခ်င္တယ္။ သူက အေတာ္ေလး ႐ိုးသားမယ့္ပံုမို႔ ကြၽန္ေတာ္နဲ႔ပိုၿပီး သင့္ေတာ္မွာ"
က်ိန္းေသေပါက္ လုေထာင္ကို အမွန္အတိုင္း ဖြင့္ေျပာလိုက္လို႔ မျဖစ္ပါေခ်။ အကယ္၍ ထိုသူသာ သိသြားလွ်င္ သူသည္လည္း အတိတ္၏ဝဲယက္အတြင္း၌ ထပ္မံပိတ္မိေနရလိမ့္မည္။ လုေထာင္က သူ႔ကို မခ်စ္သည့္အတြက္ သူ၏ရင္ေသြးကိုလည္း ခ်စ္လိမ့္မည္မဟုတ္။ ထို႔အျပင္ သူကိုယ္တိုင္သည္လည္း အခ်စ္မခံရသည့္ အိမ္ေထာင္သည္ဘဝ၌ အခ်ိန္အတန္ၾကာေအာင္ ေနထိုင္ခဲ့ရၿပီးၿပီပင္။ ၎ျဖင့္ပင္ လံုေလာက္ေနေလၿပီ။
ခင္ပြန္းျဖစ္သူ၏ ေအးစက္စက္အျပဳအမူမ်ားအား ရင္ဆိုင္ေနရမည့္အစား အရာအားလံုးကို လက္လႊတ္ေပးလိုက္ၿပီး အၿပီးတိုင္ အဆက္ျဖတ္သည္က ပိုေကာင္းလိမ့္ေလမည္!
"အခုမွ ၄၂ ရက္ပဲ႐ွိေသးတာကို မင္းက အရမ္း အေလာတႀကီး ျဖစ္ေနၿပီလား?"
လုေထာင္၏ေလသံထဲ၌ ခ်န္းက်င္း မေဝခြဲႏိုင္ေသာ စိတ္ဆိုးေဒါသထြက္ေနသည့္ အေငြ႔အသက္မ်ားက တစ္စြန္းတစ္စ။
ခ်န္းက်င္းကမူ တစ္ဖက္လူက ဘာေၾကာင့္ေဒါသထြက္ေနပါသနည္းအား လံုးဝနားမလည္ႏိုင္ခဲ့ပါေခ်။ လုေထာင္က သူ႔အား မိမိကိုယ္ကို တန္ဖိုးမထားသည့္ ခပ္ပ်က္ပ်က္ ေယာက်္ားတစ္ေယာက္ကဲ့သို႔ ျမင္၍ ခနဲ႔ျခင္း ျဖစ္လိမ့္မည္ဟုသာ ေတြးထင္ႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ သူက အျပံဳးတစ္ပြင့္အား ရုတ္တရက္ ပန္ဆင္လိုက္ကာ ဤကဲ့သို႔ စကားျပန္ဆိုေလ၏။
“ဟုတ္တယ္။ ကြၽန္ေတာ္က အျမဲတမ္း အေလာတႀကီး လုပ္တတ္တဲ့ လူစားမ်ိဳးပဲေလ။ ခင္ဗ်ားလည္း သိၿပီးသားပဲ မဟုတ္လား?"
ထိုကဲ့သို႔ ေျပာဆိုၿပီးေနာက္တြင္ ခ်န္းက်င္းသည္ မိမိစိတ္ကို အဆံုးထိတင္းရင္း လုေထာင္အား ျပန္ၾကည့္လိုက္ေလေတာ့သည္။ သို႔ေသာ္ သူ၏တစ္ကိုယ္လံုးသည္ကား တစ္ဖက္လူ၏ ေရခဲတမွ် ေအးစက္လွေသာ အၾကည့္မ်ားေအာက္၌ တဆတ္ဆတ္တုန္ရီေနဆဲ။
သို႔သည္တိုင္ သူသည္ စကားဆက္ဆိုရန္ ခက္ခက္ခဲခဲ ႀကိဳးစားေနဆဲပါပင္။
"အခု ခင္ဗ်ားလာတာ အခ်ိန္ကိုက္ကို အဆင္ေျပသြားတာေပါ့။ မဟုတ္ရင္ ကြၽန္ေတာ္သူနဲ႔ လက္ထပ္လို႔မရဘဲ ျဖစ္ေနမွာ။ လုေထာင္ ..အိမ္ကိုျပန္ေရာက္တဲ့အခါက်ရင္ ကြာ႐ွင္းၾကရေအာင္"
ကြာ႐ွင္းခြင့္သာ ေအာင္ျမင္သြားလွ်င္ အရာအားလံုးသည္လည္း အဆင္ေျပသြားလိမ့္မည္။ ၎က သူ၏ႏွလံုးသားတစ္ခုလံုးအား ေသြးထြက္မတတ္ နာက်င္ေစမည္ဆိုလွ်င္ေတာင္ အခ်ိန္ၾကာနာက်င္ရသည္ထက္ တစ္ခဏတာနာက်င္ရသည္က ပိုေကာင္းပါေသး၏။
လုေထာင္သည္ အျပံဳးအရယ္မ႐ွိေသာ မ်က္ႏွာထားျဖင့္ ခ်န္းက်င္းကို ျပန္လည္စိုက္ၾကည့္လာခဲ့သည္။ သူ၏အၾကည့္ေၾကာင့္ ခ်န္းက်င္းမွာ မိမိကိုယ္ကို တစ္ဖက္လူ၏ေဒါသအား သြားဆြမိေလသလားဟုပင္ တစ္ဒဂၤမွ် သံသယဝင္သြားရေပေတာ့၏။ သို႔ေသာ္ အေသအခ်ာေတြးဆၾကည့္လွ်င္မူ ၎စကားသည္ကား လုေထာင္အျမဲၾကားခ်င္ခဲ့ရသည့္ စကားပင္ မဟုတ္ရပါလား။ အၾကင္သူဟာ ဘာေၾကာင့္မ်ား သူ႔ကို ေဒါသထြက္ေနရပါသနည္း?
တစ္ခဏမွ်ၾကာၿပီးေနာက္တြင္ လုေထာင္က ေလယာဥ္မႉးအား အမိန္႔ေပးလာခဲ့၏။
"ေျမေပၚမဆင္းနဲ႔ေတာ့။ အင္ပါယာကမာၻဆီကိုပဲ တိုက္႐ိုက္ေမာင္း"
ထိုသို႔ဆိုလွ်င္ လုေထာင္ကလည္း သူ႔ကိုကြာ႐ွင္းရန္ သေဘာတူသည္ဟူေသာ အဓိပၸါယ္ပဲ မဟုတ္ပါလား?
တစ္ဖက္လူက ထိုသို႔လုပ္ရန္ အစဥ္အျမဲ ဆႏၵ႐ွိေနျခင္းျဖစ္ေၾကာင္း သိၿပီးျဖစ္သည့္တိုင္ တကယ္တမ္း ၾကံဳရေသာအခါ၌မူ ခ်န္းက်င္းသည္ ဝမ္းနည္းေနဆဲပါပင္။ သူက သူ၏ေအာက္ႏႈတ္ခမ္းလႊာအား ကိုက္လိုက္ရင္း တိုးဖြဖြ စကားဆိုလာသည္။
"ခင္ဗ်ားလည္း အရမ္း အေလာတႀကီး ျဖစ္ေနတာလား? အေဖနဲ႔ကိုႀကီးကို ႐ွင္းျပဖို႔ ကြၽန္ေတာ့္ကို အခ်ိန္မေပးႏိုင္ေအာင္အထိေလ?"
"ေနာက္မွ သူတို႔ကို ႐ွင္းျပဖို႔ တစ္ေယာက္ေယာက္ လႊတ္လိုက္မယ္"
လုေထာင္သည္ သူ႔ကို ဆက္၍မၾကည့္ေတာ့ပါေခ်။ ထိုအစား သူသည္ အေ႐ွ႕ဘက္ကိုသာ မ်က္ႏွာမူလိုက္ကာ ဤစကားတစ္ခြန္းအား ႐ုတ္တရက္ ဆိုလာေပေတာ့၏။
"ကိုယ္ မင္းနဲ႔ကြာ႐ွင္းဖို႔ ဆိုလိုခ်င္တာ မဟုတ္ဘူး။ ကိုယ့္ခြင့္ျပဳခ်က္မ႐ွိဘဲ အိမ္က ထြက္ေျပးသြားတဲ့ လက္တြဲေဖာ္ကို အိမ္ျပန္ေခၚဖို႔လုပ္ေနရံု သက္သက္ပဲ!"
TN : မနက္ျဖန္ ခရီးသြားစရာ႐ွိေသးလို႔ အပိုင္းသစ္ တင္ႏိုင္မွာ မဟုတ္ပါဘူး။ တကယ္ေတာ့ ဒီအေနာက္ပိုင္းေတြကို ဟိုးအရင္ကလို ေန႔တိုင္းအပ္ေပးႏိုင္ဖို႔ ေတြးထားခဲ့တာ။ ဘာလို႔ဆို ေနာက္ပိုင္းေတြက ပ်င္းစရာမေကာင္းေတာ့ဘူးေလ ဟီးဟီး
Btw ေ႐ွ႕တုန္းက ၾကာခဲ့တာနဲ႔ပတ္သက္ၿပီး အားနာလို႔ ျပန္ဆပ္တဲ့အေနနဲ႔ေရာေပါ့:)
အဲ့ဒီေတာ့ ေျပာခ်င္တာက မနက္ျဖန္ အပ္ပုဒိတ္ မ႐ွိဘူး။ အဲ့ဒီေနာက္ေန႔ေတြမွာေတာ့ အတတ္ႏိုင္ဆံုး ေန႔တိုင္းနီးပါး အပ္ေပးသြားပါ့မယ္ ဒါပါပဲ ^◡^