နေခြည်ထွေး၍ နွေးပါစေ(COMPLETE...

By Kattamkaung

879K 85.6K 4.8K

အချစ်ရဲ့ Timing , လူတွေရဲ့ ခံယူချက် အမျိုးမျိုးနဲ့ တိုးတက်မှုနှောင့်နှေးနေတဲ့ ဒေသတွေဆီ တစ်ခေါက်လောက် သွားကြည့... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter -30
Chapter-31
Chapter -32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter- 39
Chapter-40
Chapter-41
Chapter-42
Chapter - 43
Chapter-44
Chapter-45
Chapter-46
Chapter-48
Chapter-49
Chapter-50
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Chapter-47

16.1K 1.5K 108
By Kattamkaung

Unicode

နှလုံးသားအား တစ်ဖန်ပိုင်ဆိုင်ခြင်း ၃

တပွက်ပွက်ထနေသည့် ရေပြင်။ ရွှေငါးလေးများဟာ ကြာရွက်ကြာပင်တွေကြားမှာ ပြေးလွှားလို့ ပျော်ရွှင်မြူးထူးနေကြပုံရသည်။ ကြီးမားလှသည်မဟုတ်သော်လည်း ကျယ်ပြန့်သော စဉ့်ကန်ကြီးများက သူတို့အတွက်တော့ နိဗ္ဗာန်ဘုံသဖွယ်။ ကြည့်နေ မြင်နေရသူပင် စိတ်ကြည်နူးမှုကို အလိုလိုခံစားလို့ရနေ၏။

ချစ်နိုင်းဟာ ကုတင်ထက် ခပ်စောင်းစောင်းလဲလျောင်းရင်း မှန်အပြင်ဘက်က ရွှေငါးလေးတွေကို ငေးနေမိသည်။ သူ့ခေါင်းထဲမှာ အတွေးတွေကဗလာသပ်သပ်ဖြစ်လျက်။ ကြည်လင်ကာ အေးဆေးနေပြီး ခန္ဓာကိုယ်ဟာလည်း ခေါင်းထဲကလိုပင် ဗလာသပ်သပ်ဖြစ်နေသည်။ ခါးအောက်ပိုင်းကို‌ စောင်ခြုံထားသည်ကလွဲလျှင် ချစ်နိုင်း ကိုယ်အပေါ်ပိုင်းမှာအဝတ်တစ်စပင် ရှိမနေခဲ့။

နေ့လည်ကစပြီး ရွာလိုက်သည့်မိုးက အိမ်ရှေ့ခြံထဲကို စိုစွတ်နေစေပြီး ချစ်နိုင်းကိုယ်ပေါ် ရွာထားသည့်မိုးကတော့ နီညိုရောင်တွေ ထင်ခြယ်လို့ထားသည်။ ကိုကို့ အနမ်းမိုးတွေပင်။ ဂျုတီပိတ်ရက်နှင့်ကြုံတော့ ချစ်နိုင်းအပေါ် သဲကြီးမဲကြီးကို ရွချလို့ထား၏။ တစ်ညနေလုံး ချစ်မိုးစွေလိုက်ကြတာ မိုးချုပ်ခါနီးမှ မိုးစဲသည့် အဖြစ်။ ကာလမိုးစဲချိန်နှင့် ကွက်တိမို့ စိတ်ရောကိုယ်ရောဗလာဖြစ်နေကာ ကုတင်ဘေး မှန်ချပ်ကြီးမှတဆင့် ပတ်ဝန်းကျင်ကို ထိုင်ငေးနေမိသည်။

"အွန်း..."

ချစ်စနိုးညည်းသံနှင့်အတူ ခါးကို ဖက်တွယ်လာသည့် လက်တွေ။ဘယ်အချိန် အခန်းထဲပြန်ဝင်လာသည် မသိ။ ချစ်နိုင်းကျောပြင်က ကိုကို့ရင်ခွင်ကျယ်မှာ ကပ်ခိုကာ လည်ပင်းတစ်ဝိုက်ဟာ ကိုကို့ဝင်သက်ထွက်သက်တွေကြားမှာ နစ်မြုပ်လို့သွားသည်။ ‌ရင်ခုန်သံ တဒိတ်ဒိတ်ဟာ ဗလာဖြစ်နေသောခေါင်းကို ပျော်ရွှင်မှုတွေနှင့် ဖြည့်သိပ်လိုက်၏။ နွေးထွေးလိုက်သည် ဖြစ်ခြင်း။

"ချစ်နိုင်း..ကလေးလေး ဗိုက်မဆာဘူးလား"

ကိုကို့လေသံက ဗလုံးဗထွေးနှင့်။ ကြောင်ကြီးတစ်ကောင်လို ချစ်နိုင်းကိုပွတ်သပ်ကာ နှုတ်ခမ်းတို့ဖြင့် ပုခုံးကိုခပ်ဖွဖွထိဆွဲသွားသေးသည်။

"ကိုကို မြူစွမ်ချက်ထားတယ်..ဘဲဥလေးနဲ့"

"လူမမာစာတွေကို "

ချစ်နိုင်းဂျီတော့ တဟက်ဟက်နှင့် သဘောတကျလုပ်ကာ ပါးပြင်ကို တအင့်အင့်နမ်းလာသည့်ကိုကို။ ကျောပေးထားတာကိုပင် အတင်းကုန်းရုန်းကြိုးစားကာ နမ်းတော့တာဖြစ်သည်။ လက်တွေကလည်း စောင်အောက်က ချစ်နိုင်းကိုယ်ကို ဟိုထိဒီထိနှင့်။ ဖတ်ခနဲဖြတ်ရိုက်ပစ်လိုက်ရသည်။ တစ်ရက်လေး ပိတ်ရက်ရ‌တာကို ချစ်နိုင်းအချိန်တွေဖြုန်းပစ်ရတာ အားမရသေးဘူးထင်။ ခုတလော ကိုကို သိပ်လွန်လွန်းနေပါ၏။

"ချစ်နိုင်းကို ပြောမလို့"

"အွန်း ပြော‌"

"ကိုကို့ကို ကြည့်လေကွာ။ အပြင်ကြည့်နေတော့ ဘာမြင်ရမှာလဲ"

သမင်လည်ပြန်လှည့်ကာ ခပ်စူးစူးကြည့်ပေးလိုက်၏။ ဇိုးခနဲဇွက်ခနဲ လှည့်မရနိုင်သည့် အခြေနေလုပ်ထားတာ ဘယ်သူလဲဟု မေးလိုက်ရရင် မကောင်းဖြစ်တော့မည်။ ဒီလူဟာ အလိုလိုက်သည်ဆိုတိုင်း ကဲကိုကဲလွန်း၏။ သို့သော် လက်တွေ့မှာတော့ ပါးစပ်က မာရေကြောရေ ထွက်မလာနိုင်ခဲ့ပါ။

" ချစ်နိုင်း နည်းနည်းပင်ပန်းနေလို့ပါ"

ပျော့ပျော့ပျောင်းပျောင်းသာ ဆိုလိုက်ရသည်။ ကိုကိုလောက်တော့ ချစ်နိုင်းက အထာနပ်နေပြီ။ ဆူဆူပူပူပြောလျှင် သူက ပြန်ဂျစ်ရင်ဂျစ်၊ မဂျစ်ရင် သနားစရာရုပ်လုပ်ပြီး ချစ်နိုင်းကို ကြပ်လိမ့်မည်။ ဒါဆို တော်တော်နှင့် ချော့လို့ပြီးမည်မဟုတ်ချေ။ ဒီတော့ ချိုချိုလေးနဲ့ ပြန်နှပ်လိုက်တာကသာ အကောင်းဆုံးဖြစ်မည် ။

"ဟုတ်သားပဲ...ကိုကို့ ကလေးလေး။ အွန်း..."

" ကိုကို ဘာပြောမလို့လဲ ပြောလေ။ချစ်နိုင်းကို အင့်..အတင်းဖက်နေတာ ကျိုး..ကျိုးတော့မှာ"

"ဆောရီး ဆောရီး။ ကိုကိုက စိတ်မကောင်းဖြစ်နေလို့ပါ"

မျက်လုံးပြူးသွားကာ ချစ်နိုင်းကိုယ်က နောက်ကိုတန်းလှည့်မိသွား၏။ "ဖြေးဖြေး" ဆိုသော စကားကိုပင် ဂရုမထားနိုင်။ မျက်နှာချင်းဆိုင်လိုက်ကာ ကိုကို့ပါးပြင်ကို လက်တစ်ဖက်က အသာအုပ်ကိုင်လိုက်မိသည်။

"ကိုကိုက ဘာလို့လဲ"

"ဟင်း..."
သက်ပြင်းမောချပုံက စိတ်တိုင်းမကျနေသည့်သဘော။ ဆေးရုံက ဆင်းပြီး နှစ်လကျော်အတွင်း ကိုကိုဒီလိုဖြစ်တာ ပထမဆုံးဖြစ်သည်။ရှေ့ရက်တွေမှာ တက်ကြွလွန်းကာ ချစ်နိုင်းနှင့် ချစ်မဝဖြစ်နေကြသည်မို့ စိတ်မကောင်းဖြစ်သံပင် မကြားခဲ့ရ။တစ်ဖက်မှာဆော့ ကိုကို့ဘက်က ဒီလိုလေးတွေ ပြောပြလာတာကိုပင် ချစ်နိုင်းမှာ အတော်လေး ကျေနပ်မိနေသည်။ ကိုကိုက သူ့ကို အားကိုးအားထားပြီး မှီခိုသည့် ခံစားချက်။ ဒါက ချစ်နိုင်းရဲ့ ယုံကြည်မှုကို တိုးမြင့်လာစေ၏။

"ကိုကိုပြောလေ.. အန်ကယ်က အရမ်းဆူလို့လားဟင်"

ကိုကိုက အသာပြုံးရင်း ခေါင်းခါသည်။ နောက် ချစ်နိုင်း ဆံပင်တွေကို အသာသပ်တင်ရင်း ...

"မဟုတ်ပါဘူးကွာ ။ဖေဖေ ဆူတာလောက်ကို ကိုကိုက စိတ်မကောင်းဖြစ်မနေဘူး"

"ချစ်နိုင်းတို့ ကိစ္စကို မကြည်လို့ ဆူတာလားလို့"

"မ ကြည်လဲ ဖေဖေတို့ ကြည်ရမှာပဲ။ ကိုကိုက ချစ်တာကို ရပ်လို့မရဘူး ၊ ရပ်မှာလဲ မဟုတ်ဘူး။ အဲ့တော့ ကိုယ့်ဒုက္ခကိုယ်ရှာပြီး စိတ်ညစ်မဲ့အစား ကိုကိုတို့ကို လက်သာခံလိုက်..ဒါပဲရှိတယ်"

"မိဘကတော့ ကိုကိုရာ ..ကောင်းစေချင်တာပဲကို"

" ကိုကို သိပါတယ်။ ဒါပေမဲ့ မေမေတို့လဲသိတတာပဲကွာ ..ကိုကို့အတွက် ဘာက အကောင်းဆုံးဆိုတာကို"

အတူဆုံသွားသော မျက်ဝန်းတို့က သိမ်မွေ့လွန်းသည်။ ချစ်ခြင်းမေတ္တာတွေများ ဖြည့်ထားလို့လေလား။ ကိုကို့ ပုံရိပ်က ချစ်နိုင်းမျက်ဝန်းကတဆင့် နှလုံးသွေးကြော‌တွေထိ ထိုးဖောက်ဝင်ရောက်သွား၏။ ချိုမြိန်လွန်းသည် မဟုတ်သော်လည်း ချစ်နိုင်းအတွက် အဓိပ္ပာယ်အရှိဆုံး စကားကို ကိုကိုက ဆိုသည်။

"ချစ်နိုင်းကို ပြန်တွေ့ရမှ စိတ်နဲ့ကိုယ် တစ်သားထဲကျသွားတာမို့"

ကိုယ့်နှုတ်ခမ်းကိုယ် ခပ်ဖွဖွ ဖိကိုက်မိ၏။ ရှက်ရွံ့ဝမ်းနည်းမှု ကျေနပ်ကြည်နူးမှု... ကိုကိုဟာ တစ်ချိန်ထဲမှာ အားလုံးကို ခံစားရအောင် လုပ်ပေးနိုင်စွမ်းရှိသူဖြစ်သည်။ တစ်နည်းဆိုရသော် ဘက်စုံထူးချွန်သူကြီးပင်။

"ဒါဆို ဘာကိုများ စိတ်မကောင်း ဖြစ်ရတာလဲ"

"ဟင်း.."
ချပြန်ပါပြီ သက်ပြင်း။ စောစောက ကြည်နူးရိပ်သန်းနေသော မျက်နှာဟာလည်း ဆွေးရိပ်သန်းသွားပြန်သည်။

"ကိုကို အလုပ် ပြန်စရတော့မယ်ထင်တယ်"

ဖြစ်ရမည်။ ဒီကတော့ စိတ်ပူတကြီးနှင့် တစ်ခုခုများလား စိုးရိမ်လိုက်ရတာ။ သူကတော့ အလုပ်ပြန်လုပ်ရတော့မှာမို့ စိတ်မကောင်းသည်တဲ့။ လေးငါး‌လလောက် အလုပ်နားလိုက်တာ အလုပ်ချစ်သူကြီး ဆရာသျှမ်းထက်ပိုင်တစ်ယောက် ပျင်းရိသွားသည်များလား။

"အမလေး...ကိုကိုရယ်.. ဘာများလဲလို့ ချစ်နိုင်းက။ အလုပ်က လုပ်ရမှာပေါ့။ ဆေးရုံတက်ပြီး နားသေးတာနဲ့ဆို ကိုကို အလုပ်မဝင်တာ ကြာပြီလေ"

" ချစ်နိုင်းလေးက အလုပ်ပြန်ဝင်စေချင်ပြီလား"

"ဒီလိုတော့ ဘယ်ဟုတ်မလဲ"

"..."

ဒီလိုနဲ့ ကိုသျှမ်းထက်ပိုင်ကတော့ ချစ်နိုင်းကို ရစ်ဖို့စသည်။ သူ့ဟာသူ အလုပ်လုပ်ရမဲ့ ကိစ္စကို ချစ်နိုင်းကပဲ ဇွတ်လုပ်ခိုင်းသလို ဆူပုတ်ပုတ်ကြီးပြောနေတာများ ရိုက်ပစ်ဖို့သာ ကောင်း၏။

"ဒီအလုပ်လုပ်ရတာ ကိုကို တအား သဘောကျတာမို့လား။ ခု ပြန်လုပ်ရတော့မှာကို ဘာလို့ စိတ်မကောင်းဖြစ်နေမှာလဲ"

"တကယ် မသိတာလား ဒေါက်တာချစ်နိုင်းအောင် ခင်ဗျာ"

မျက်လုံးကို ဝိုင်းနေအောင်ပြူးလို့ ချစ်နိုင်းခေါင်းငြိမ့်လိုက်သည်။ ချစ်စရာကောင်းအောင် လုပ်ပြတာကလွဲလျှင် ကိုကို့ကိုနိုင်ဖို့ နည်းလမ်းကောင်း ချစ်နိုင်းမှာမရှိပါလေ။

ထိုနည်းလမ်းက တကယ်လည်း အသုံးကျခဲ့သည်။ သျှမ်းမှာ မျက်ဝန်း ညိုဝိုင်းဝိုင်းလေးတွေကို ကြည့်ပြီး ဂျစ်ကျဂျီတိုက်ချင်တာကိုပင် ရှေ့မဆက်နိုင်။ သူ့ရှေ့က ချစ်နိုင်းလေးက သိပ်ကို ချစ်ဖို့ကောင်းလွန်းနေသည်။သို့အတွက် မကျေနပ်ဟန်ဆောင်ဖို့ အတော်လေး အားထုတ်လိုက်ရ၏။

"ဒေါက်တာနဲ့ မခွဲနိုင်လို့ပေါ့။ ကျုပ်ကသွားရင် ၇ရက် တစ်ပါတ်က အနည်းဆုံးလေ။ ဒီက ဒေါက်တာ့ကို ဘယ်လိုလုပ် ခွဲနိုင်မှာလဲ ပြောပါအုန်း"

"..."

"ဒေါက်တာကရော ခွဲနိုင်လား"

"အလုပ်က အလုပ်ပဲကို"

"မေးတာသာဖြေပါ ။ ကိုကိုနဲ့ ခွဲနိုင်လားလို့ "

ပါးစပ်ကမေးရင်း လက်ကလဲ ပွေ့ညှစ်ပစ်မိသည်။ ဒါလေး အဖြေမတတ်ရင် သျှမ်းတော့ ကိုက်စားပစ်မိတော့မည် ထင်ပါရဲ့။ သူ့မှာတော့ ရုံးခန်းသွားတိုင်း ဆရာဦးရဲ့ ဒီတစ်ခေါက်လိုက်ရမယ်ဆိုတာကို အင်းမလုပ်ရ အဲမလုပ်ရ။ ဆရာဦးညီကတော့ သူ့ဆေးခန်းမှာ ထိုင်လိုက်ဖို့ပင် အကြံပေးနေသေးသည်။ ဒီလိုဆိုရင်လည်း သျှမ်းပျော်မည်မဟုတ်ပါ။

ဆယ်စုနှစ်တစ်ခုကြာ လုပ်ခဲ့သည့်အလုပ်က သူ့ဘဝရဲ့ အကောင်းဆုံးရွေးချယ်မှုတွေထဲက တစ်ခုမို့ မစွန့်လွှတ်နိုင်။ တစ်ဖက်မှာလဲ ဒီက ရည်းစားနုနုထွဋ်ထွဋ်လေးကို ထားခဲ့ပြီး ရက်ရှည်ခရီးသွားဖို့ကို တွေဝေနေပြန်သည်။ ချစ်နိုင်းနဲ့ သျှမ်းကြားက အချစ်က လွယ်လွယ်အဆင်ပြေခဲ့တာ မဟုတ်တော့ အနားမှာပဲ နေနေချင်သည်။ ဒီနေရာမှာ ချစ်နိုင်းကို မယုံလို့ စိတ်မချလို့မဟုတ်ပဲ အကြာကြီး ရူးနေအောင်ဝေးထားဖူးလို့ နည်းနည်းလေးပင် ထပ်မခွဲချင်တော့တာ ဖြစ်၏။

"ကိုကိုနဲ့တော့ ခွဲနိုင်ပါ့မလား ။ ဖြစ်နိုင်ရင် ဆေးရုံတောင် သွားချင်မနေဘူး။ ကိုကို့အနားပဲ နေချင်တာ"

သျှမ်း နှုတ်ခမ်းတွေ ကော့တက်သွားသည်။ ကောင်ကလေးက စာမေးပွဲအောင်မြင်၏။ သူ့ရင်ထဲ လှိုင်းသိမ့်သိမ့်လေး ဖြတ်ပြေးသွားအောင် ပြောတတ်ရှာသည်။ ကန့်လန့်တွေ ပြောလာမည်ထင်ခဲ့တာနှင့် တက်တက်စင်အောင် လွဲခြင်းပင်။

"ချစ်တာတွေ အများကြီးကို ခဏဖယ်ပြီး ကြည့်မယ်ဆိုရင် ချစ်နိုင်းတို့ အလုပ်လုပ်ရအုန်းမယ်လေ။ ငွေရေးကြေးရေးဆိုတာထက် ပျော်တဲ့အလုပ်လို့ ကိုကိုပြောခဲ့တာမို့လား။ မလုပ်ရရင် ကိုကိုပျော်မှာမဟုတ်ဘူး။ အဲ့လိုပဲ ချစ်နိုင်းလဲ မပျော်ဘူး။ လူနာတွေ ကြည့်ချင်သေးတယ် ၊ ဆေးရုံမှာ ပြေးလွှားချင်နေသေးတယ်။ တာဝန်ယူချင်သေးတယ်"

"..."

"လူက ချစ်နေရုံနဲ့ မပြည့်စုံဘူးမို့လား။ အချစ်က ကိုကို့အပိုင်မို့ ကျန်တဲ့အလုပ်ကို ပျော်ပျော်ကြီးလုပ်ပါ"

"လွမ်းရင်ရော ကိုကို ဘယ်လိုလုပ်ရမလဲ"

"အချစ်ရှိရင် အလွမ်းလဲရှိမှာပဲ။လွမ်းတယ်ဆိုတာကိုက အချစ်ကြောင့်ဖြစ်လာတဲ့ ခံစားချက်လေ ကိုကိုရဲ့။ နှစ်ယောက်အတူတူ လွမ်းရတာပဲ... ပြန်ဆုံရင် ပိုတိုးဖက်ထားမှာပေါ့။ မဟုတ်ဖူးလား.."

မျက်စိရှေ့က ကောင်လေးသည်ကား မြတ်နိုးချင်စဖွယ်အထိ။ ချစ်လေချစ်လေ ချစ်မဝလေဟု ဆိုမိလျှင် သျှမ်းအပြစ်မဟုတ်ချေ။ သူဟာ တကယ်ကိုပဲ ချစ်နိုင်းကို ပိုင်ဆိုင်ပြီးရင်း ပိုင်ဆိုင်ချင်တာသာ သိတော့သည်။ နှလုံးအေးဆေးလေး ၊ ရေကြည်ပေါက်လေး၊ ‌နူးညံ့သည့် ကြောင်ကလေးနှယ်။ အဆုံးမှာ သျှမ်းဟာ ငြင်သာသည့် အနမ်းတစ်ပွင့်ကို ချစ်နိုင်းနှဖူးပြင်ထက် ခြွေချမိလိုက်သည်။ ဒီကလေးကို သူသိပ်ကို ချစ်လွန်းပါ၏။

"ကိုကို ဒီတစ်ခါသွားရမှာက မုံရွာဘက်။ ငါးရက်လောက်တော့ အနည်းဆုံးကြာလောက်တယ်။ ချစ်နိုင်းလေး ပျင်းနေတော့မှာ"

"လွမ်းနေတော့မှာ လုပ်ပါ။ ဖုန်းဆက်လို့တော့ ရတယ်မို့လား"

"ရတာပေါ့ ကိုကို ဆက်မယ်"

"ချစ်နိုင်းလည်း ဆက်မယ်"

"အိမ်မှာရော နေရဲရဲ့လား တစ်ယောက်ထဲ"

"မနေရဲစရာ မရှိပါဘူး။ ချစ်နိုင်းက ဖိုက်တာလေ ဟဲဟဲ"

ဆံပင်ကို ဖွလိုက်မိပြန်သည်။ ကောင်ကလေးက သျှမ်းခါးတွေကို ခပ်တင်းတင်းတိုးဖက်လာ၏။ ခုတောင် သျှမ်းမှာ လွမ်းချင်သလိုလိုဖြစ်နေရပြီ။ ချစ်မိပြန်တော့လည်း ချစ်ရသည့်ဒုက္ခက မသက်သာလှ။ အရင်က ဦးနှောက်မဲ့ အမြင်စောင်းကာ အိမ်သော့ပေးဖို့ပင် တွန့်တိုခဲ့ရသည့် ချစ်နိုင်းလေး။ ခုတော့ဖြင့် တစ်ရက် တစ်မနက်လောက်ဝေးရလျှင်တောင် ရင်မှာတင်းကြပ်လှသည်။

"နည်းနည်းလေးတောင် ခွဲမနေချင်ဘူးကွာ"

ခပ်သဲ့သဲ့ ရယ်သံလေးက သျှမ်းစကားအဆုံး အခန်းတွင်းပျံ့လွင့်သွားသည်။ အဆွေးရိပ်ကလေးဟာ ထိုရယ်သံထဲမှာ ရောနှောလို့။
တစ်ဦးနှင့် တစ်ဦး တင်းကြပ်ကြပ်ပွေ့ဖက်ထားကြသည့် လက်တွေဟာလည်း လွတ်ထွက်သွားမှာ စိုးရိမ်နေသည့်နှယ်...။

.......................................................

"ဟုတ် အန်တီ ခုပဲပြန်ရောက်တာဗျ"

"..."

"ရှိတယ် ရှိတယ်..ချစ်နိုင်းဆီ တကူးတကမပို့ပါနဲ့"

"..."

" တကယ်ရှိတာပါ အန်တီရဲ့။ ကိုကို ခရီးမသွားခင်ကို အများကြီး ဝယ်ပေးသွားသေးတယ်"

"..."

"အဟားဟား... ဟုတ်ကဲ့ပါ အန်တီ"

တစ်ဖက်က ဖုန်းချလိုက်မှပဲ ချစ်နိုင်းလည်း သက်ပြင်းချနိုင်တော့သည်။ကားသော့ကို ချိတ်မှာချိတ်လို့ မီးဖိုချောင်ဘက် ဝင်ကာ ရေအရင်သောက်ရ၏။ ခရီးလေး လေးငါးရက်သွားတာကို အန်တီ့ဆီ ဘာတွေများမှာခဲ့လို့ တဂွမ်ဂွမ်ဖုန်းဆက်ပြီး ဘာလိုလား၊ ဘာပို့ရမလား ဆိုတာကိုပဲ အပ်ကြောင်းထပ်အောင် မေးနေရတာပါလိမ့်။ကိုကိုလုပ်ပုံကြောင့် သူ့မှာ မျက်နှာပူလွန်းလို့ ထားစရာနေရာပင် မရှိချေ။

သားလေး သားလေးနှင့် သိသိသာသာ မျက်နှာသာပေးလွန်းသည့် အန်တီက အရင်ကအလိုလိုက်တာထက်ပင် ပိုဂရုစိုက်လာသည်။ အပြစ်လုပ်ထားမိသလို ခံစားနေရခြင်းကိုပင် မခံစားစေချင်ကြောင်း တဖွဖွမှာတတ်၏။ အိမ်လာလည်ဖို့ မကြာခဏခေါ်တာကိုတော့ အကြောင်းပြချက် အမျိုးမျိုးပေးကာ ချစ်နိုင်းငြင်းထားရသည်။ ကိုကိုလာမှပဲ တရားဝင် မျက်နှာပြဖို့ဖြစ်ဖြစ်ပြရမည်။

ဖေဖေကတော့ ကောင်း၏ ဆိုး၏တစ်ခွန်းမှမပြောသေးပေ။ တရားဓမ္မထဲပဲ အာရုံရောက်သွားလို့ပေလား လူထွက်ပြီးတာတောင် လူဝတ်နဲ့ စစ်ကိုင်းမှာပဲဆက်နေနေ၏။ ချစ်နိုင်းကိုတော့ သိပ်မကြာခင် နှစ်ဖက်မိဘတွေရဲ့ ခွင့်ပြုချက်ကိုလိုစေချင်ကြောင်း အရိပ်မြွက်ပြောထားသည်။ ပြောရလျှင် ချစ်နိုင်းနှင့် ကိုကိုကြား လူကြီးတွေကြားဝင်နှောက်ဖို့ ရာခိုင်နှုန်း မရှိသလောက်ပင်။ ဒီတော့ ချစ်နိုင်းမှာ အများကြီးစိုးရိမ်းတွေးပူနေစရာ အကြောင်းမရှိတော့ပေ။

"အခန်းသန့်ရှင်းရေး လုပ်အုန်းမှပါ"

မဖြစ်သေးတာကို နောက်ဆုတ်တွေးလို့ မရှင်းတာကြာတဲ့ အိပ်ခန်းနှင့် မီးဖိုချောင်သန့်ရှင်းရေးလုပ်ဖို့ ပြင်ရသည်။ ဒီတလော ဂျူတီဆက်တိုက်မို့ ည‌မိုးချုပ်မှအိမ်ပြန်ရတာကြောင့် အိမ်ကို သေချာဂရုမစိုက်နိုင်။ ခြံထဲက ဖိုးသားတို့ကို စိတ်ချရ၍သာ သူခိုးမကပ်ခြင်းဖြစ်၏။ ဒီတစ်ရက်တော့ အိမ်စောစောပြန်ရသည့်အတူတူ ရှင်းလင်းရေးကို အားစိုက်ရမည်။

စိတ်ကူးအတိုင်း ချစ်နိုင်း အိပ်ခန်းရှင်းလင်းရေးက စ သည်။ ကိုကို့အဝတ်ပုံတွေကို ရှင်းတန်တာရှင်း၊ လျှော်တန်တာလျှော် ၊ ဘီရိုထဲထည့်တန်တာထည့်ရသည်။ အဝတ်တန်းပေါ်က အထပ်လိုက်ဖြစ်နေသည့် ပုဆိုးတွေ၊ ဘောင်းဘီတွေကိုလဲ ရှင်းပစ်ရ၏။ကိုကိုကား နည်းနည်းပင် မပြောင်းလဲသွားချေ။ အဝတ်တွေကို အပြင်မှာပုံရင်းပုံရင်း ဘီရိုကကျ ဟောင်းလောင်းဖြစ်နေသည်။ လျှော်ပြီးသားအဝတ်တွေကိုလဲ သူ့နေရာသူ ထားရကောင်းလည်းမှန်းမသိ။

ဒီကြားထဲ ချစ်နိုင်းရဲ့ တိုလီမုတ်စတွေကို ဘူးတွေဘူးတွေနှင့် စုသိမ်းထားတာတွေကိုမြင်တော့ မျက်လုံးပါပြူးသည်။ နားကပ်များ လက်သည်းဆိုးဆေးများ ၊ ဖိနပ်များ အကုန်‌သိမ်းထားသည့် ကိုကိုရယ်လေ။ ချစ်နိုင်းပင်မေ့နေသော အရာတွေကို ပြန်မြင်လိုက်ရတော့ လူက ဝမ်းမနည်းပဲ မနေနိုင်။ ပစ္စည်းတွေကို ငူငူကြီးထိုင်ကြည့်ရင်း အများကြီးပင်ပန်းခဲ့မည့် ကိုကို့ကို ပြေးမြင်လာသည်။ သူတို့နှစ်ယောက်ကြားက အချစ်ရေးဟာ ထင်ထားတာထက် လွဲချော်မှုတွေများပြီးမှကို ဆုံစည်းရတာမျိုးပင်။

မီးဖိုချောင်ထဲကို ရှင်းတော့လည်း လွန်ခဲ့တဲ့သုံးနှစ်ကျော်က ဝယ်ခဲ့သည့် ဆေးဘူးတွေကို တွေ့ရပြန်၏။ ပူတာအိုမှာ ဝယ်ခဲ့သော ဘူးများဟာ ပါကင်ပိတ်အတိုင်း ဆက်ရှိနေကြသေးသည်။ ရှီးပဒီးဦးရေစိမ် ဘူးတွေကိုကြည့်ရင်း ရယ်ရခက်ငိုရခက်ဖြစ်ရ၏။ ခေါင်လန်ဖူးက ပြန်လာပြီးကတည်းက ကိုကိုနဲ့ အဆင်မပြေမှုတွေစခဲ့တာမို့ ဒါတွေကို သတိပင်မရချေ။ဆေးဘူးတွေကို ဖုန်သုတ်ပြီး သိမ်းထားသည့် နေရာမှာပဲပြန်ထားလိုက်သည်။ ရိုးရာဆေးတွေက ကြာလေကြာလေ အစွမ်းထက်လေမို့လား။

အားလုံးပြီးစီးတော့ ည၈နာရီ။ ရေသွက်သွက်ချိုးပြီး အိမ်မှာရှိတာလေးနဲ့ ချစ်နိုင်း ညစာစားလိုက်သည်။ သူ့အတွက် ထွေထွေထူးထူးမလိုပါ။ ကိုကိုရော ချစ်နိုင်းရောက အစားဂျီးများကြသည်မဟုတ်တာမို့ အတူတူဆိုလည်း ဖြစ်သလိုသာ စားတတ်ကြတာများသည်။

စားသောက်ပြီး နားမည်လုပ်တုန်းမှာပဲ ကိုကို့ဆီက ဖုန်းဝင်၏။ ဖုန်းကိုင်လိုက်သည်နှင့် နွမ်းလျလျအသံက ချစ်နိုင်းကိုပါ ဆွေးမြေ့လာစေသည်။ အလုပ်ကြောင့်မဟုတ်ပဲ လွမ်းလို့နွမ်းလျတာကို ချစ်နိုင်းထပ်တူ နားလည်နိုင်ပါ၏။

"ညစာစားရတာရော အဆင်ပြေရဲ့လား"

"ပြေတယ်..ချစ်နိုင်း စားပြီးသွားပြီ။ ‌ကိုကိုရော စားရတာ အဆင်ပြေရဲ့လား"

"ကိုကိုက ပြေပါတယ်။ ချစ်နိုင်း အဆင်မပြေရင် မေမေ့ကို မှာပေးရမလား။ လာပို့ခိုင်းရမှာ အားနာရင် ချစ်နိုင်းအပြန်ဝင်ယူပေါ့"

"တော်ပါ ကိုကိုရာ။ ‌အန်တီက လာလာပို့ရင် တစ်နှစ်လောက် စားလို့ရတာကြီး။ ချစ်နိုင်းတို့က ကုန်မှမကုန်တာကို။ ပြီးတော့ လူငယ်ကို လူကြီးက ဒီအရွယ်ထိ လုပ်ပေးနေရတာ မကောင်းပါဘူး"

"ကိုကိုက မေမေတို့ ကလေးပဲလေ။ ချစ်နိုင်းကတော့ ကိုကို့ကလေးပေါ့။ကိုယ့်ကလေးကို ပူကြတာ‌ပဲလေ မဟုတ်ဖူးလား"

ရယ်သံသဲ့သဲ့ထွက်လို့လာသည်။ ဘေးနားက ‌စနောက်သံတစ်ချို့နှင့်အတူ ကိုကိုလမ်းလျှောက်နေသံကိုလဲ တစ်ဆက်ထဲ ကြားရသည်။ ကြည့်ရတာ လူကြားထဲပလီပလာပြောလို့ ဝိုင်းစခံရတာဖြစ်မည်။ ချစ်နိုင်းလည်း ဒီဘက်ကနေပြုံးမိတော့၏။

"ကြပ်ကြပ် လူတွေကြားပြော။ ချစ်နိုင်းမှန်းသိရင် လန့်ဖြန့်သွားကြအုန်းမယ် တကတည်း"

ကိုကို့ ဘက်က သာစကားမှထွက်မလာ။ မောဟသော အသက်ရှူသံပြင်းပြင်းတို့သာ လေလှိုင်းမှတစ်ဆင့် တိုးဝင်လာသည်။ ချစ်နိုင်လည်း ထပ်‌တူမောလျလာ၏။ အလွမ်းငွေ့ဟာ နှလုံးသားကို တအုံ့နွေးနွေး လေးလံလာစေသည်ထင်။

"ချစ်နိုင်းလေး "

"အွန် "

"ကိုကိုပြန်လာရင် ဖေဖေတို့နဲ့ တွေ့ရအောင်"

"ချစ်နိုင်းလဲ စဉ်းစားနေတာ။ လူကြီးတွေကို မတွေ့တာလဲကြာတော့ သွားလည်.."

"လူကြီးဆုံရာတွေ့ဖို့ "

ခပ်ပြင်းပြင်း ကြားဖြတ်ပြောသံ။ ကိုကို့ စကားက ပြီးပြတ်မသွားပဲ ကိုးလို့ကန့်လန့်နှင့်။ တိတ်ဆိတ်မှုက နှစ်ယောက်ကြားမှာ တိုးတိုးလေးဆက်သွယ်ထားသေးသည်။ သေချာနားထောင်မည် ဆိုလျှင်တော့ တဒိတ်ဒိတ်ခုန်နေမည့် ချစ်နိုင်းရင်ခုန်သံကို ကြားနိုင်ကောင်း၏။

ဟင်းခနဲ သက်ပြင်းချသံနောက် ကိုကိုက မပြီးသေးသော စကားကို ဆက်သည်..

"ဘာကိုမှ ဖုံးကွယ်မထားချင်ဘူး ချစ်နိုင်းနဲ့ပက်သက်တာကို"

"ဒါပေမဲ့.."

"အရင်ကတည်းက ကိုကိုက ဂေးပဲ"

"..."

"အဲ့အတွက် သိမ်ငယ်တာမျိုးလဲ မရှိဘူး။ အားလုံးကို လိုက်ပြောနေစရာမလိုဘူး ထင်လို့ ကိုကို ဒီအတိုင်းနေနေတာ။ မိဘတွေ စိတ်မကောင်းဖြစ်နိုင်ပေမဲ့ ဖေဖေတို့က ဒီလောက်ကြီး အတွေးခေါင်တဲ့သူတွေ မဟုတ်ပါဘူး။ ချစ်နိုင်း ဖေဖေရောလေ ။ သူတို့လဲ သိနေပြီမို့ ကိုကို ချစ်နိုင်းနဲ့ ပွင့်ပွင့်လင်းလင်းပဲ ရှေ့ဆက်ချင်တယ်"

ချစ်နိုင်း ဘာမှ မပြောနိုင်ပါ။ စောင်စကို အသာဆွဲနေရင်း အသက်ရှူသံမှလွဲရင် နှုတ်ဆိတ်နေသည်။ လူကြီးတွေ မတားမှာလဲသိသလို ၊ တားလို့မရမှာလဲ သိသည်။ ဒါဆို ဘာကြောင့်များ ချက်ချင်း လက်မခံနိုင် ဖြစ်နေရပါသလဲ။

"ချစ်နိုင်းလေးက လက်ခံရဲ့လား ဟင်"

"ကိုကို "

"ပြော ကလေးလေး"

မပြောခင် အောက်နှုတ်ခမ်းကို အရင်ဖိကိုက်မိ၏။ ချစ်နိုင်း ထိုစကားကို မပြောမိရင် ဒီညအိပ်ပျော်မည်မထင်။ ထုံးစံအတိုင်း စိတ်ထဲမှာမထားတတ်တဲ့ အကျင့်က သူ့ကိုမရိုးမရွဖြစ်စေပြန်သည်။

"ဒါပဲလား"

"အွန်..ဘာကိုလဲ"

"ချစ်ခွင့်ပန်တာ ပြောတာ။ ဒီလို ဖုန်းထဲကနေ ပြောရုံပဲလားလို့ "

"..."

"ပရိုပို့စ် လုပ်တာကို တကယ်ကြီး ဖုန်းထဲကနေပဲ လုပ်တာလားလို့"

"ဟာ .."

"ဘာဟာလဲ... တကယ် ဒါပဲ ပြီးပြီပေါ့"

"ဟာ မဟုတ်..ဟေ့ ခဏ..ခဏ နေပါအုန်း။ ကိုကို့ကိုပြော ချစ်နိုင်းဘယ်လို ပရိုပို့စ်လုပ်ခံချင်တာလဲဆိုတာ "

"အဟင်း... ကိုကို ဒီတစ်သက် အချစ်ဆုံးသူကို ဘယ်လိုပြောမယ်တွေးထားလဲ။ ဧကန္တ ချစ်နိုင်းကို အချစ်ဆုံးမဟုတ်ဖူးထင်ပါရဲ့.."

"ဟေးဟေး.. ချစ်နိုင်းလေး လျှောက်မတွေးနဲ့နော်။ အမှန်တိုင်းပြောမယ် ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပဲ။ ပိုချစ်မိတာ ချစ်နိုင်းပဲရှိတယ်။ ဒီတော့ ကိုကို လုံးဝမတွေးဖူးဘူး"

ပါးစပ်ကို လက်နဲ့ပိတ်ကာ တခွီးခွီးရယ်မိသည်။ ကိုကို ရှင်းပြပုံက အတော်ရယ်ဖို့ကောင်း၏။ မှန်လဲ တော်တော်ကိုမှန်သည်။ ချစ်နိုင်းသာ မဟုတ်ရင် တခြားဘယ်သူကမှလဲ ဒီလူကို သည်းခံနိုင်မည်မဟုတ်။ သူ့ကိုယ်သူထက် သူများကို ပိုချစ်ရမှာကြောက်တဲ့ လူစားထဲမှာ ကိုကိုဟာ ထိပ်ဆုံးကလူကြီး။

"ဟိတ် ကိုကို့ကို စကားပြန်ပြောနော်။ ဟယ်လို..ချစ်နိုင်းလေး..ကလေးလေး ကိုကိုပြောတာကြားလား ..စိတ်ဆိုးသွားတာလား"

"..."

"စောစောက ဘာမှ မပြောခဲ့ဘူးထားလိုက်ကွာ။ ကိုကို နောက်မှ တစ်ခုခုစီစဉ်မယ် နော်.. လွမ်းနေရတဲ့အထဲ စိတ်တော့ မကောက်ပါနဲ့ကွာ နော်"

"အဟားဟား ဟား..အား..ကိုကိုရာ စိတ်ညစ်ပါတယ်။ မပြောနဲ့တော့ ပြောရင် ပိုရယ်မိတော့မယ်"

"..."

"ဘာမှ မစီစဉ်နဲ့ ချစ်နိုင်းဆီသာ မြန်မြန်ပြန်ခဲ့။ လူချင်းတွေ့ရင် လုပ်စရာတွေ အများကြီးပဲ ဟုတ်ပြီလား"

ထိုသို့ ချော့ပေမဲ့လည်း ဒေါက်တာသျှမ်းထက်ပိုင် ဆိုသည်မှာ ရစ်ရင် စွန်ဘီးထက်ပင် ပိုဆိုးသည့် အမျိုးဖြစ်၏။ ချစ်နိုင်းမှာ အတော်ကြာအောင် နားပူလိုက်ရသည်။ သူမသိတာကို ရယ်ရကောင်းမလား ဆိုတာရယ် ၊ လွမ်းတဲ့အကြောင်းရယ် ၊ စိတ်ပူတာရယ်နှင့် ဖုန်းချဖို့ဆီ တော်တော်နှင့် မရောက်ချေ။

ဖုန်းချခါနီးတော့ ချစ်နိုင်း မှတ်မှတ်ရရ စ‌လိုက်သေးသည်။

"ကြောင်အိမ်ထဲမှာ ကိုကို့ဆေးဘူးတွေ တွေ့တယ်။ ငြိမ့်တည် တို့ကို လက်ဆောင်ပေးလိုက်မလို့" ဟူ၍ပင်။

"မလုပ်ရဘူး!!" ဟူသော ကိုကို့အော်သံကြီးက ညဉ့်နက်နက်ကို ထိုးပေါက်သွား၏။ ချစ်နိုင်းမှာ ရယ်ရလွန်းလို့ ထိုညကတော်တော်နှင့် မအိပ်နိုင်။

ဆက်တိုက်ရောက်လာသည့် ကိုကို့ မက်ဆေ့တွေကိုဖတ်ရင်း အထီးကျန်လွမ်းဆွတ်မှုကို ဖြေဖျောက်ခဲ့ရသည်။

ကိုကို မြန်မြန်ပြန်လာရင် ကောင်းမည်။

ချစ်နိုင်းအတွက်တော့ လောကမှာ ကြောက်ဖို့အကောင်းဆုံးဒုက္ခဟာ ပွေ့ဖက်ပေးမည့် ရင်ခွင်နှင့် ဝေးနေရခြင်းသာဖြစ်သည်...။

.......................................................

စာရေးသူ၏ အမှာစာ:
ဒီရက်ပိုင်း ချစ်နိုင်းတို့ကို သဘောကျကြောင်းတွေ မြင်ရလို့ တကယ် ကြည်နူးမိပါတယ်

အိုင်က တော်တဲ့စာရေးသူ မဟုတ်ပေမဲ့
ဒီကာလမှာ စာရေးတာကလွဲရင် စိတ်ကိုထိန်းထားစရာ မရှိလို့ ပြန်ရေးနေတာပါ
ဒါပေမဲ့ ရေးရင်း ရေရင်း စာရေးတာကို တော်တော်လေး ခရေဇီဖြစ်နေပါပြီ
ဒီတော့ ဖတ်တဲ့သူတွေ ပိုပြီး ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားနေပါတယ် လို့
ဒါလေးပြီးရင် နောက်Fictionsတွေဆီလည်း
ဆက်လိုက်ခဲ့ ကြပါအုန်းဗျား❤️

Zawgyi

ႏွလုံးသားအား တစ္ဖန္ပိုင္ဆိုင္ျခင္း ၃

တပြက္ပြက္ထေနသည့္ ေရျပင္။ ေ႐ႊငါးေလးမ်ားဟာ ၾကာ႐ြက္ၾကာပင္ေတြၾကားမွာ ေျပးလႊားလို႔ ေပ်ာ္႐ႊင္ျမဴးထူးေနၾကပုံရသည္။ ႀကီးမားလွသည္မဟုတ္ေသာ္လည္း က်ယ္ျပန႔္ေသာ စဉ့္ကန္ႀကီးမ်ားက သူတို႔အတြက္ေတာ့ နိဗၺာန္ဘုံသဖြယ္။ ၾကည့္ေန ျမင္ေနရသူပင္ စိတ္ၾကည္ႏူးမႈကို အလိုလိုခံစားလို႔ရေန၏။

ခ်စ္နိုင္းဟာ ကုတင္ထက္ ခပ္ေစာင္းေစာင္းလဲေလ်ာင္းရင္း မွန္အျပင္ဘက္က ေ႐ႊငါးေလးေတြကို ေငးေနမိသည္။ သူ႕ေခါင္းထဲမွာ အေတြးေတြကဗလာသပ္သပ္ျဖစ္လ်က္။ ၾကည္လင္ကာ ေအးေဆးေနၿပီး ခႏၶာကိုယ္ဟာလည္း ေခါင္းထဲကလိုပင္ ဗလာသပ္သပ္ျဖစ္ေနသည္။ ခါးေအာက္ပိုင္းကို‌ ေစာင္ၿခဳံထားသည္ကလြဲလွ်င္ ခ်စ္နိုင္း ကိုယ္အေပၚပိုင္းမွာအဝတ္တစ္စပင္ ရွိမေနခဲ့။

ေန႕လည္ကစၿပီး ႐ြာလိုက္သည့္မိုးက အိမ္ေရွ႕ၿခံထဲကို စိုစြတ္ေနေစၿပီး ခ်စ္နိုင္းကိုယ္ေပၚ ႐ြာထားသည့္မိုးကေတာ့ နီညိုေရာင္ေတြ ထင္ျခယ္လို႔ထားသည္။ ကိုကို႔ အနမ္းမိုးေတြပင္။ ဂ်ဳတီပိတ္ရက္ႏွင့္ႀကဳံေတာ့ ခ်စ္နိုင္းအေပၚ သဲႀကီးမဲႀကီးကို ႐ြခ်လိဳ႕ထား၏။ တစ္ညေနလုံး ခ်စ္မိုးေစြလိုက္ၾကတာ မိုးခ်ဳပ္ခါနီးမွ မိုးစဲသည့္ အျဖစ္။ ကာလမိုးစဲခ်ိန္ႏွင့္ ကြက္တိမို႔ စိတ္ေရာကိုယ္ေရာဗလာျဖစ္ေနကာ ကုတင္ေဘး မွန္ခ်ပ္ႀကီးမွတဆင့္ ပတ္ဝန္းက်င္ကို ထိုင္ေငးေနမိသည္။

"အြန္း..."

ခ်စ္စနိုးညည္းသံႏွင့္အတူ ခါးကို ဖက္တြယ္လာသည့္ လက္ေတြ။ဘယ္အခ်ိန္ အခန္းထဲျပန္ဝင္လာသည္ မသိ။ ခ်စ္နိုင္းေက်ာျပင္က ကိုကို႔ရင္ခြင္က်ယ္မွာ ကပ္ခိုကာ လည္ပင္းတစ္ဝိုက္ဟာ ကိုကို႔ဝင္သက္ထြက္သက္ေတြၾကားမွာ နစ္ျမဳပ္လို႔သြားသည္။ ‌ရင္ခုန္သံ တဒိတ္ဒိတ္ဟာ ဗလာျဖစ္ေနေသာေခါင္းကို ေပ်ာ္႐ႊင္မႈေတြႏွင့္ ျဖည့္သိပ္လိုက္၏။ ေႏြးေထြးလိုက္သည္ ျဖစ္ျခင္း။

"ခ်စ္နိုင္း..ကေလးေလး ဗိုက္မဆာဘူးလား"

ကိုကို႔ေလသံက ဗလုံးဗေထြးႏွင့္။ ေၾကာင္ႀကီးတစ္ေကာင္လို ခ်စ္နိုင္းကိုပြတ္သပ္ကာ ႏႈတ္ခမ္းတို႔ျဖင့္ ပုခုံးကိုခပ္ဖြဖြထိဆြဲသြားေသးသည္။

"ကိုကို ျမဴစြမ္ခ်က္ထားတယ္..ဘဲဥေလးနဲ႕"

"လူမမာစာေတြကို "

ခ်စ္နိုင္းဂ်ီေတာ့ တဟက္ဟက္ႏွင့္ သေဘာတက်လဳပ္ကာ ပါးျပင္ကို တအင့္အင့္နမ္းလာသည့္ကိုကို။ ေက်ာေပးထားတာကိုပင္ အတင္းကုန္း႐ုန္းႀကိဳးစားကာ နမ္းေတာ့တာျဖစ္သည္။ လက္ေတြကလည္း ေစာင္ေအာက္က ခ်စ္နိုင္းကိုယ္ကို ဟိုထိဒီထိႏွင့္။ ဖတ္ခနဲျဖတ္ရိုက္ပစ္လိုက္ရသည္။ တစ္ရက္ေလး ပိတ္ရက္ရ‌တာကို ခ်စ္နိုင္းအခ်ိန္ေတြျဖဳန္းပစ္ရတာ အားမရေသးဘူးထင္။ ခုတေလာ ကိုကို သိပ္လြန္လြန္းေနပါ၏။

"ခ်စ္နိုင္းကို ေျပာမလို႔"

"အြန္း ေျပာ‌"

"ကိုကို႔ကို ၾကည့္ေလကြာ။ အျပင္ၾကည့္ေနေတာ့ ဘာျမင္ရမွာလဲ"

သမင္လည္ျပန္လွည့္ကာ ခပ္စူးစူးၾကည့္ေပးလိုက္၏။ ဇိုးခနဲဇြက္ခနဲ လွည့္မရနိုင္သည့္ အေျခေနလုပ္ထားတာ ဘယ္သူလဲဟု ေမးလိုက္ရရင္ မေကာင္းျဖစ္ေတာ့မည္။ ဒီလူဟာ အလိုလိုက္သည္ဆိုတိုင္း ကဲကိုကဲလြန္း၏။ သို႔ေသာ္ လက္ေတြ႕မွာေတာ့ ပါးစပ္က မာေရေၾကာေရ ထြက္မလာနိုင္ခဲ့ပါ။

" ခ်စ္နိုင္း နည္းနည္းပင္ပန္းေနလို႔ပါ"

ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းသာ ဆိုလိုက္ရသည္။ ကိုကိုေလာက္ေတာ့ ခ်စ္နိုင္းက အထာနပ္ေနၿပီ။ ဆူဆူပူပူေျပာလွ်င္ သူက ျပန္ဂ်စ္ရင္ဂ်စ္၊ မဂ်စ္ရင္ သနားစရာ႐ုပ္လုပ္ၿပီး ခ်စ္နိုင္းကို ၾကပ္လိမ့္မည္။ ဒါဆို ေတာ္ေတာ္ႏွင့္ ေခ်ာ့လို႔ၿပီးမည္မဟုတ္ေခ်။ ဒီေတာ့ ခ်ိဳခ်ိဳေလးနဲ႕ ျပန္ႏွပ္လိုက္တာကသာ အေကာင္းဆုံးျဖစ္မည္ ။

"ဟုတ္သားပဲ...ကိုကို႔ ကေလးေလး။ အြန္း..."

" ကိုကို ဘာေျပာမလို႔လဲ ေျပာေလ။ခ်စ္နိုင္းကို အင့္..အတင္းဖက္ေနတာ က်ိဳး..က်ိဳးေတာ့မွာ"

"ေဆာရီး ေဆာရီး။ ကိုကိုက စိတ္မေကာင္းျဖစ္ေနလို႔ပါ"

မ်က္လုံးျပဴးသြားကာ ခ်စ္နိုင္းကိုယ္က ေနာက္ကိုတန္းလွည့္မိသြား၏။ "ေျဖးေျဖး" ဆိုေသာ စကားကိုပင္ ဂ႐ုမထားနိုင္။ မ်က္ႏွာခ်င္းဆိုင္လိုက္ကာ ကိုကို႔ပါးျပင္ကို လက္တစ္ဖက္က အသာအုပ္ကိုင္လိုက္မိသည္။

"ကိုကိုက ဘာလို႔လဲ"

"ဟင္း..."
သက္ျပင္းေမာခ်ပဳံက စိတ္တိုင္းမက်ေနသည့္သေဘာ။ ေဆး႐ုံက ဆင္းၿပီး ႏွစ္လေက်ာ္အတြင္း ကိုကိုဒီလိုျဖစ္တာ ပထမဆုံးျဖစ္သည္။ေရွ႕ရက္ေတြမွာ တက္ႂကြလြန္းကာ ခ်စ္နိုင္းႏွင့္ ခ်စ္မဝျဖစ္ေနၾကသည္မို႔ စိတ္မေကာင္းျဖစ္သံပင္ မၾကားခဲ့ရ။တစ္ဖက္မွာေဆာ့ ကိုကို႔ဘက္က ဒီလိုေလးေတြ ေျပာျပလာတာကိုပင္ ခ်စ္နိုင္းမွာ အေတာ္ေလး ေက်နပ္မိေနသည္။ ကိုကိုက သူ႕ကို အားကိုးအားထားၿပီး မွီခိုသည့္ ခံစားခ်က္။ ဒါက ခ်စ္နိုင္းရဲ႕ ယုံၾကည္မႈကို တိုးျမင့္လာေစ၏။

"ကိုကိုေျပာေလ.. အန္ကယ္က အရမ္းဆူလို႔လားဟင္"

ကိုကိုက အသာၿပဳံးရင္း ေခါင္းခါသည္။ ေနာက္ ခ်စ္နိုင္း ဆံပင္ေတြကို အသာသပ္တင္ရင္း ...

"မဟုတ္ပါဘူးကြာ ။ေဖေဖ ဆူတာေလာက္ကို ကိုကိုက စိတ္မေကာင္းျဖစ္မေနဘူး"

"ခ်စ္နိုင္းတို႔ ကိစၥကို မၾကည္လို႔ ဆူတာလားလို႔"

"မ ၾကည္လဲ ေဖေဖတို႔ ၾကည္ရမွာပဲ။ ကိုကိုက ခ်စ္တာကို ရပ္လို႔မရဘူး ၊ ရပ္မွာလဲ မဟုတ္ဘူး။ အဲ့ေတာ့ ကိုယ့္ဒုကၡကိုယ္ရွာၿပီး စိတ္ညစ္မဲ့အစား ကိုကိုတို႔ကို လက္သာခံလိုက္..ဒါပဲရွိတယ္"

"မိဘကေတာ့ ကိုကိုရာ ..ေကာင္းေစခ်င္တာပဲကို"

" ကိုကို သိပါတယ္။ ဒါေပမဲ့ ေမေမတို႔လဲသိတတာပဲကြာ ..ကိုကို႔အတြက္ ဘာက အေကာင္းဆုံးဆိုတာကို"

အတူဆုံသြားေသာ မ်က္ဝန္းတို႔က သိမ္ေမြ႕လြန္းသည္။ ခ်စ္ျခင္းေမတၱာေတြမ်ား ျဖည့္ထားလို႔ေလလား။ ကိုကို႔ ပုံရိပ္က ခ်စ္နိုင္းမ်က္ဝန္းကတဆင့္ ႏွလုံးေသြးေၾကာ‌ေတြထိ ထိုးေဖာက္ဝင္ေရာက္သြား၏။ ခ်ိဳၿမိန္လြန္းသည္ မဟုတ္ေသာ္လည္း ခ်စ္နိုင္းအတြက္ အဓိပၸာယ္အရွိဆုံး စကားကို ကိုကိုက ဆိုသည္။

"ခ်စ္နိုင္းကို ျပန္ေတြ႕ရမွ စိတ္နဲ႕ကိုယ္ တစ္သားထဲက်သြားတာမို႔"

ကိုယ့္ႏႈတ္ခမ္းကိုယ္ ခပ္ဖြဖြ ဖိကိုက္မိ၏။ ရွက္႐ြံ႕ဝမ္းနည္းမႈ ေက်နပ္ၾကည္ႏူးမႈ... ကိုကိုဟာ တစ္ခ်ိန္ထဲမွာ အားလုံးကို ခံစားရေအာင္ လုပ္ေပးနိုင္စြမ္းရွိသူျဖစ္သည္။ တစ္နည္းဆိုရေသာ္ ဘက္စုံထူးခြၽန္သူႀကီးပင္။

"ဒါဆို ဘာကိုမ်ား စိတ္မေကာင္း ျဖစ္ရတာလဲ"

"ဟင္း.."
ခ်ျပန္ပါၿပီ သက္ျပင္း။ ေစာေစာက ၾကည္ႏူးရိပ္သန္းေနေသာ မ်က္ႏွာဟာလည္း ေဆြးရိပ္သန္းသြားျပန္သည္။

"ကိုကို အလုပ္ ျပန္စရေတာ့မယ္ထင္တယ္"

ျဖစ္ရမည္။ ဒီကေတာ့ စိတ္ပူတႀကီးႏွင့္ တစ္ခုခုမ်ားလား စိုးရိမ္လိုက္ရတာ။ သူကေတာ့ အလုပ္ျပန္လုပ္ရေတာ့မွာမို႔ စိတ္မေကာင္းသည္တဲ့။ ေလးငါး‌လေလာက္ အလုပ္နားလိုက္တာ အလုပ္ခ်စ္သူႀကီး ဆရာသွ်မ္းထက္ပိုင္တစ္ေယာက္ ပ်င္းရိသြားသည္မ်ားလား။

"အမေလး...ကိုကိုရယ္.. ဘာမ်ားလဲလို႔ ခ်စ္နိုင္းက။ အလုပ္က လုပ္ရမွာေပါ့။ ေဆး႐ုံတက္ၿပီး နားေသးတာနဲ႕ဆို ကိုကို အလုပ္မဝင္တာ ၾကာၿပီေလ"

" ခ်စ္နိုင္းေလးက အလုပ္ျပန္ဝင္ေစခ်င္ၿပီလား"

"ဒီလိုေတာ့ ဘယ္ဟုတ္မလဲ"

"..."

ဒီလိုနဲ႕ ကိုသွ်မ္းထက္ပိုင္ကေတာ့ ခ်စ္နိုင္းကို ရစ္ဖို႔စသည္။ သူ႕ဟာသူ အလုပ္လုပ္ရမဲ့ ကိစၥကို ခ်စ္နိုင္းကပဲ ဇြတ္လုပ္ခိုင္းသလို ဆူပုတ္ပုတ္ႀကီးေျပာေနတာမ်ား ရိုက္ပစ္ဖို႔သာ ေကာင္း၏။

"ဒီအလုပ္လုပ္ရတာ ကိုကို တအား သေဘာက်တာမို႔လား။ ခု ျပန္လုပ္ရေတာ့မွာကို ဘာလို႔ စိတ္မေကာင္းျဖစ္ေနမွာလဲ"

"တကယ္ မသိတာလား ေဒါက္တာခ်စ္နိုင္းေအာင္ ခင္ဗ်ာ"

မ်က္လုံးကို ဝိုင္းေနေအာင္ျပဴးလို႔ ခ်စ္နိုင္းေခါင္းၿငိမ့္လိုက္သည္။ ခ်စ္စရာေကာင္းေအာင္ လုပ္ျပတာကလြဲလွ်င္ ကိုကို႔ကိုနိုင္ဖို႔ နည္းလမ္းေကာင္း ခ်စ္နိုင္းမွာမရွိပါေလ။

ထိုနည္းလမ္းက တကယ္လည္း အသုံးက်ခဲ့သည္။ သွ်မ္းမွာ မ်က္ဝန္း ညိုဝိုင္းဝိုင္းေလးေတြကို ၾကည့္ၿပီး ဂ်စ္က်ဂ်ီတိုက္ခ်င္တာကိုပင္ ေရွ႕မဆက္နိုင္။ သူ႕ေရွ႕က ခ်စ္နိုင္းေလးက သိပ္ကို ခ်စ္ဖို႔ေကာင္းလြန္းေနသည္။သို႔အတြက္ မေက်နပ္ဟန္ေဆာင္ဖို႔ အေတာ္ေလး အားထုတ္လိုက္ရ၏။

"ေဒါက္တာနဲ႕ မခြဲနိုင္လို႔ေပါ့။ က်ဳပ္ကသြားရင္ ၇ရက္ တစ္ပါတ္က အနည္းဆုံးေလ။ ဒီက ေဒါက္တာ့ကို ဘယ္လိုလုပ္ ခြဲနိုင္မွာလဲ ေျပာပါအုန္း"

"..."

"ေဒါက္တာကေရာ ခြဲနိုင္လား"

"အလုပ္က အလုပ္ပဲကို"

"ေမးတာသာေျဖပါ ။ ကိုကိုနဲ႕ ခြဲနိုင္လားလို႔ "

ပါးစပ္ကေမးရင္း လက္ကလဲ ေပြ႕ညွစ္ပစ္မိသည္။ ဒါေလး အေျဖမတတ္ရင္ သွ်မ္းေတာ့ ကိုက္စားပစ္မိေတာ့မည္ ထင္ပါရဲ႕။ သူ႕မွာေတာ့ ႐ုံးခန္းသြားတိုင္း ဆရာဦးရဲ႕ ဒီတစ္ေခါက္လိုက္ရမယ္ဆိုတာကို အင္းမလုပ္ရ အဲမလုပ္ရ။ ဆရာဦးညီကေတာ့ သူ႕ေဆးခန္းမွာ ထိုင္လိုက္ဖို႔ပင္ အႀကံေပးေနေသးသည္။ ဒီလိုဆိုရင္လည္း သွ်မ္းေပ်ာ္မည္မဟုတ္ပါ။

ဆယ္စုႏွစ္တစ္ခုၾကာ လုပ္ခဲ့သည့္အလုပ္က သူ႕ဘဝရဲ႕ အေကာင္းဆုံးေ႐ြးခ်ယ္မႈေတြထဲက တစ္ခုမို႔ မစြန႔္လႊတ္နိုင္။ တစ္ဖက္မွာလဲ ဒီက ရည္းစားႏုႏုထြဋ္ထြဋ္ေလးကို ထားခဲ့ၿပီး ရက္ရွည္ခရီးသြားဖို႔ကို ေတြေဝေနျပန္သည္။ ခ်စ္နိုင္းနဲ႕ သွ်မ္းၾကားက အခ်စ္က လြယ္လြယ္အဆင္ေျပခဲ့တာ မဟုတ္ေတာ့ အနားမွာပဲ ေနေနခ်င္သည္။ ဒီေနရာမွာ ခ်စ္နိုင္းကို မယုံလို႔ စိတ္မခ်လိဳ႕မဟုတ္ပဲ အၾကာႀကီး ႐ူးေနေအာင္ေဝးထားဖူးလို႔ နည္းနည္းေလးပင္ ထပ္မခြဲခ်င္ေတာ့တာ ျဖစ္၏။

"ကိုကိုနဲ႕ေတာ့ ခြဲနိုင္ပါ့မလား ။ ျဖစ္နိုင္ရင္ ေဆး႐ုံေတာင္ သြားခ်င္မေနဘူး။ ကိုကို႔အနားပဲ ေနခ်င္တာ"

သွ်မ္း ႏႈတ္ခမ္းေတြ ေကာ့တက္သြားသည္။ ေကာင္ကေလးက စာေမးပြဲေအာင္ျမင္၏။ သူ႕ရင္ထဲ လွိုင္းသိမ့္သိမ့္ေလး ျဖတ္ေျပးသြားေအာင္ ေျပာတတ္ရွာသည္။ ကန႔္လန႔္ေတြ ေျပာလာမည္ထင္ခဲ့တာႏွင့္ တက္တက္စင္ေအာင္ လြဲျခင္းပင္။

"ခ်စ္တာေတြ အမ်ားႀကီးကို ခဏဖယ္ၿပီး ၾကည့္မယ္ဆိုရင္ ခ်စ္နိုင္းတို႔ အလုပ္လုပ္ရအုန္းမယ္ေလ။ ေငြေရးေၾကးေရးဆိုတာထက္ ေပ်ာ္တဲ့အလုပ္လို႔ ကိုကိုေျပာခဲ့တာမို႔လား။ မလုပ္ရရင္ ကိုကိုေပ်ာ္မွာမဟုတ္ဘူး။ အဲ့လိုပဲ ခ်စ္နိုင္းလဲ မေပ်ာ္ဘူး။ လူနာေတြ ၾကည့္ခ်င္ေသးတယ္ ၊ ေဆး႐ုံမွာ ေျပးလႊားခ်င္ေနေသးတယ္။ တာဝန္ယူခ်င္ေသးတယ္"

"..."

"လူက ခ်စ္ေန႐ုံနဲ႕ မျပည့္စုံဘူးမို႔လား။ အခ်စ္က ကိုကို႔အပိုင္မို႔ က်န္တဲ့အလုပ္ကို ေပ်ာ္ေပ်ာ္ႀကီးလုပ္ပါ"

"လြမ္းရင္ေရာ ကိုကို ဘယ္လိုလုပ္ရမလဲ"

"အခ်စ္ရွိရင္ အလြမ္းလဲရွိမွာပဲ။လြမ္းတယ္ဆိုတာကိုက အခ်စ္ေၾကာင့္ျဖစ္လာတဲ့ ခံစားခ်က္ေလ ကိုကိုရဲ႕။ ႏွစ္ေယာက္အတူတူ လြမ္းရတာပဲ... ျပန္ဆုံရင္ ပိုတိုးဖက္ထားမွာေပါ့။ မဟုတ္ဖူးလား.."

မ်က္စိေရွ႕က ေကာင္ေလးသည္ကား ျမတ္နိုးခ်င္စဖြယ္အထိ။ ခ်စ္ေလခ်စ္ေလ ခ်စ္မဝေလဟု ဆိုမိလွ်င္ သွ်မ္းအျပစ္မဟုတ္ေခ်။ သူဟာ တကယ္ကိုပဲ ခ်စ္နိုင္းကို ပိုင္ဆိုင္ၿပီးရင္း ပိုင္ဆိုင္ခ်င္တာသာ သိေတာ့သည္။ ႏွလုံးေအးေဆးေလး ၊ ေရၾကည္ေပါက္ေလး၊ ‌ႏူးညံ့သည့္ ေၾကာင္ကေလးႏွယ္။ အဆုံးမွာ သွ်မ္းဟာ ျငင္သာသည့္ အနမ္းတစ္ပြင့္ကို ခ်စ္နိုင္းႏွဖူးျပင္ထက္ ေႁခြခ်မိလိုက္သည္။ ဒီကေလးကို သူသိပ္ကို ခ်စ္လြန္းပါ၏။

"ကိုကို ဒီတစ္ခါသြားရမွာက မုံ႐ြာဘက္။ ငါးရက္ေလာက္ေတာ့ အနည္းဆုံးၾကာေလာက္တယ္။ ခ်စ္နိုင္းေလး ပ်င္းေနေတာ့မွာ"

"လြမ္းေနေတာ့မွာ လုပ္ပါ။ ဖုန္းဆက္လို႔ေတာ့ ရတယ္မို႔လား"

"ရတာေပါ့ ကိုကို ဆက္မယ္"

"ခ်စ္နိုင္းလည္း ဆက္မယ္"

"အိမ္မွာေရာ ေနရဲရဲ႕လား တစ္ေယာက္ထဲ"

"မေနရဲစရာ မရွိပါဘူး။ ခ်စ္နိုင္းက ဖိုက္တာေလ ဟဲဟဲ"

ဆံပင္ကို ဖြလိုက္မိျပန္သည္။ ေကာင္ကေလးက သွ်မ္းခါးေတြကို ခပ္တင္းတင္းတိုးဖက္လာ၏။ ခုေတာင္ သွ်မ္းမွာ လြမ္းခ်င္သလိုလိုျဖစ္ေနရၿပီ။ ခ်စ္မိျပန္ေတာ့လည္း ခ်စ္ရသည့္ဒုကၡက မသက္သာလွ။ အရင္က ဦးေႏွာက္မဲ့ အျမင္ေစာင္းကာ အိမ္ေသာ့ေပးဖို႔ပင္ တြန႔္တိုခဲ့ရသည့္ ခ်စ္နိုင္းေလး။ ခုေတာ့ျဖင့္ တစ္ရက္ တစ္မနက္ေလာက္ေဝးရလွ်င္ေတာင္ ရင္မွာတင္းၾကပ္လွသည္။

"နည္းနည္းေလးေတာင္ ခြဲမေနခ်င္ဘူးကြာ"

ခပ္သဲ့သဲ့ ရယ္သံေလးက သွ်မ္းစကားအဆုံး အခန္းတြင္းပ်ံ့လြင့္သြားသည္။ အေဆြးရိပ္ကေလးဟာ ထိုရယ္သံထဲမွာ ေရာေႏွာလို႔။
တစ္ဦးႏွင့္ တစ္ဦး တင္းၾကပ္ၾကပ္ေပြ႕ဖက္ထားၾကသည့္ လက္ေတြဟာလည္း လြတ္ထြက္သြားမွာ စိုးရိမ္ေနသည့္ႏွယ္...။

.......................................................

"ဟုတ္ အန္တီ ခုပဲျပန္ေရာက္တာဗ်"

"..."

"ရွိတယ္ ရွိတယ္..ခ်စ္နိုင္းဆီ တကူးတကမပို႔ပါနဲ႕"

"..."

" တကယ္ရွိတာပါ အန္တီရဲ႕။ ကိုကို ခရီးမသြားခင္ကို အမ်ားႀကီး ဝယ္ေပးသြားေသးတယ္"

"..."

"အဟားဟား... ဟုတ္ကဲ့ပါ အန္တီ"

တစ္ဖက္က ဖုန္းခ်လိဳက္မွပဲ ခ်စ္နိုင္းလည္း သက္ျပင္းခ်နိဳင္ေတာ့သည္။ကားေသာ့ကို ခ်ိတ္မွာခ်ိတ္လို႔ မီးဖိုေခ်ာင္ဘက္ ဝင္ကာ ေရအရင္ေသာက္ရ၏။ ခရီးေလး ေလးငါးရက္သြားတာကို အန္တီ့ဆီ ဘာေတြမ်ားမွာခဲ့လို႔ တဂြမ္ဂြမ္ဖုန္းဆက္ၿပီး ဘာလိုလား၊ ဘာပို႔ရမလား ဆိုတာကိုပဲ အပ္ေၾကာင္းထပ္ေအာင္ ေမးေနရတာပါလိမ့္။ကိုကိုလုပ္ပုံေၾကာင့္ သူ႕မွာ မ်က္ႏွာပူလြန္းလို႔ ထားစရာေနရာပင္ မရွိေခ်။

သားေလး သားေလးႏွင့္ သိသိသာသာ မ်က္ႏွာသာေပးလြန္းသည့္ အန္တီက အရင္ကအလိုလိုက္တာထက္ပင္ ပိုဂ႐ုစိုက္လာသည္။ အျပစ္လုပ္ထားမိသလို ခံစားေနရျခင္းကိုပင္ မခံစားေစခ်င္ေၾကာင္း တဖြဖြမွာတတ္၏။ အိမ္လာလည္ဖို႔ မၾကာခဏေခၚတာကိုေတာ့ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးေပးကာ ခ်စ္နိုင္းျငင္းထားရသည္။ ကိုကိုလာမွပဲ တရားဝင္ မ်က္ႏွာျပဖို႔ျဖစ္ျဖစ္ျပရမည္။

ေဖေဖကေတာ့ ေကာင္း၏ ဆိုး၏တစ္ခြန္းမွမေျပာေသးေပ။ တရားဓမၼထဲပဲ အာ႐ုံေရာက္သြားလို႔ေပလား လူထြက္ၿပီးတာေတာင္ လူဝတ္နဲ႕ စစ္ကိုင္းမွာပဲဆက္ေနေန၏။ ခ်စ္နိုင္းကိုေတာ့ သိပ္မၾကာခင္ ႏွစ္ဖက္မိဘေတြရဲ႕ ခြင့္ျပဳခ်က္ကိုလိုေစခ်င္ေၾကာင္း အရိပ္ႁမြက္ေျပာထားသည္။ ေျပာရလွ်င္ ခ်စ္နိုင္းႏွင့္ ကိုကိုၾကား လူႀကီးေတြၾကားဝင္ေႏွာက္ဖို႔ ရာခိုင္ႏႈန္း မရွိသေလာက္ပင္။ ဒီေတာ့ ခ်စ္နိုင္းမွာ အမ်ားႀကီးစိုးရိမ္းေတြးပူေနစရာ အေၾကာင္းမရွိေတာ့ေပ။

"အခန္းသန႔္ရွင္းေရး လုပ္အုန္းမွပါ"

မျဖစ္ေသးတာကို ေနာက္ဆုတ္ေတြးလို႔ မရွင္းတာၾကာတဲ့ အိပ္ခန္းႏွင့္ မီးဖိုေခ်ာင္သန႔္ရွင္းေရးလုပ္ဖို႔ ျပင္ရသည္။ ဒီတေလာ ဂ်ဴတီဆက္တိုက္မို႔ ည‌မိုးခ်ဳပ္မွအိမ္ျပန္ရတာေၾကာင့္ အိမ္ကို ေသခ်ာဂ႐ုမစိုက္နိုင္။ ၿခံထဲက ဖိုးသားတို႔ကို စိတ္ခ်ရ၍သာ သူခိုးမကပ္ျခင္းျဖစ္၏။ ဒီတစ္ရက္ေတာ့ အိမ္ေစာေစာျပန္ရသည့္အတူတူ ရွင္းလင္းေရးကို အားစိုက္ရမည္။

စိတ္ကူးအတိုင္း ခ်စ္နိုင္း အိပ္ခန္းရွင္းလင္းေရးက စ သည္။ ကိုကို႔အဝတ္ပုံေတြကို ရွင္းတန္တာရွင္း၊ ေလွ်ာ္တန္တာေလွ်ာ္ ၊ ဘီရိုထဲထည့္တန္တာထည့္ရသည္။ အဝတ္တန္းေပၚက အထပ္လိုက္ျဖစ္ေနသည့္ ပုဆိုးေတြ၊ ေဘာင္းဘီေတြကိုလဲ ရွင္းပစ္ရ၏။ကိုကိုကား နည္းနည္းပင္ မေျပာင္းလဲသြားေခ်။ အဝတ္ေတြကို အျပင္မွာပုံရင္းပုံရင္း ဘီရိုကက် ေဟာင္းေလာင္းျဖစ္ေနသည္။ ေလွ်ာ္ၿပီးသားအဝတ္ေတြကိုလဲ သူ႕ေနရာသူ ထားရေကာင္းလည္းမွန္းမသိ။

ဒီၾကားထဲ ခ်စ္နိုင္းရဲ႕ တိုလီမုတ္စေတြကို ဘူးေတြဘူးေတြႏွင့္ စုသိမ္းထားတာေတြကိုျမင္ေတာ့ မ်က္လုံးပါျပဴးသည္။ နားကပ္မ်ား လက္သည္းဆိုးေဆးမ်ား ၊ ဖိနပ္မ်ား အကုန္‌သိမ္းထားသည့္ ကိုကိုရယ္ေလ။ ခ်စ္နိုင္းပင္ေမ့ေနေသာ အရာေတြကို ျပန္ျမင္လိုက္ရေတာ့ လူက ဝမ္းမနည္းပဲ မေနနိုင္။ ပစၥည္းေတြကို ငူငူႀကီးထိုင္ၾကည့္ရင္း အမ်ားႀကီးပင္ပန္းခဲ့မည့္ ကိုကို႔ကို ေျပးျမင္လာသည္။ သူတို႔ႏွစ္ေယာက္ၾကားက အခ်စ္ေရးဟာ ထင္ထားတာထက္ လြဲေခ်ာ္မႈေတြမ်ားၿပီးမွကို ဆုံစည္းရတာမ်ိဳးပင္။

မီးဖိုေခ်ာင္ထဲကို ရွင္းေတာ့လည္း လြန္ခဲ့တဲ့သုံးႏွစ္ေက်ာ္က ဝယ္ခဲ့သည့္ ေဆးဘူးေတြကို ေတြ႕ရျပန္၏။ ပူတာအိုမွာ ဝယ္ခဲ့ေသာ ဘူးမ်ားဟာ ပါကင္ပိတ္အတိုင္း ဆက္ရွိေနၾကေသးသည္။ ရွီးပဒီးဦးေရစိမ္ ဘူးေတြကိုၾကည့္ရင္း ရယ္ရခက္ငိုရခက္ျဖစ္ရ၏။ ေခါင္လန္ဖူးက ျပန္လာၿပီးကတည္းက ကိုကိုနဲ႕ အဆင္မေျပမႈေတြစခဲ့တာမို႔ ဒါေတြကို သတိပင္မရေခ်။ေဆးဘူးေတြကို ဖုန္သုတ္ၿပီး သိမ္းထားသည့္ ေနရာမွာပဲျပန္ထားလိုက္သည္။ ရိုးရာေဆးေတြက ၾကာေလၾကာေလ အစြမ္းထက္ေလမို႔လား။

အားလုံးၿပီးစီးေတာ့ ည၈နာရီ။ ေရသြက္သြက္ခ်ိဳးၿပီး အိမ္မွာရွိတာေလးနဲ႕ ခ်စ္နိုင္း ညစာစားလိုက္သည္။ သူ႕အတြက္ ေထြေထြထူးထူးမလိုပါ။ ကိုကိုေရာ ခ်စ္နိုင္းေရာက အစားဂ်ီးမ်ားၾကသည္မဟုတ္တာမို႔ အတူတူဆိုလည္း ျဖစ္သလိုသာ စားတတ္ၾကတာမ်ားသည္။

စားေသာက္ၿပီး နားမည္လုပ္တုန္းမွာပဲ ကိုကို႔ဆီက ဖုန္းဝင္၏။ ဖုန္းကိုင္လိုက္သည္ႏွင့္ ႏြမ္းလ်လ်အသံက ခ်စ္နိုင္းကိုပါ ေဆြးေျမ့လာေစသည္။ အလုပ္ေၾကာင့္မဟုတ္ပဲ လြမ္းလို႔ႏြမ္းလ်တာကို ခ်စ္နိုင္းထပ္တူ နားလည္နိုင္ပါ၏။

"ညစာစားရတာေရာ အဆင္ေျပရဲ႕လား"

"ေျပတယ္..ခ်စ္နိုင္း စားၿပီးသြားၿပီ။ ‌ကိုကိုေရာ စားရတာ အဆင္ေျပရဲ႕လား"

"ကိုကိုက ေျပပါတယ္။ ခ်စ္နိုင္း အဆင္မေျပရင္ ေမေမ့ကို မွာေပးရမလား။ လာပို႔ခိုင္းရမွာ အားနာရင္ ခ်စ္နိုင္းအျပန္ဝင္ယူေပါ့"

"ေတာ္ပါ ကိုကိုရာ။ ‌အန္တီက လာလာပို႔ရင္ တစ္ႏွစ္ေလာက္ စားလို႔ရတာႀကီး။ ခ်စ္နိုင္းတို႔က ကုန္မွမကုန္တာကို။ ၿပီးေတာ့ လူငယ္ကို လူႀကီးက ဒီအ႐ြယ္ထိ လုပ္ေပးေနရတာ မေကာင္းပါဘူး"

"ကိုကိုက ေမေမတို႔ ကေလးပဲေလ။ ခ်စ္နိုင္းကေတာ့ ကိုကို႔ကေလးေပါ့။ကိုယ့္ကေလးကို ပူၾကတာ‌ပဲေလ မဟုတ္ဖူးလား"

ရယ္သံသဲ့သဲ့ထြက္လို႔လာသည္။ ေဘးနားက ‌စေနာက္သံတစ္ခ်ိဳ႕ႏွင့္အတူ ကိုကိုလမ္းေလွ်ာက္ေနသံကိုလဲ တစ္ဆက္ထဲ ၾကားရသည္။ ၾကည့္ရတာ လူၾကားထဲပလီပလာေျပာလို႔ ဝိုင္းစခံရတာျဖစ္မည္။ ခ်စ္နိုင္းလည္း ဒီဘက္ကေနၿပဳံးမိေတာ့၏။

"ၾကပ္ၾကပ္ လူေတြၾကားေျပာ။ ခ်စ္နိုင္းမွန္းသိရင္ လန႔္ျဖန႔္သြားၾကအုန္းမယ္ တကတည္း"

ကိုကို႔ ဘက္က သာစကားမွထြက္မလာ။ ေမာဟေသာ အသက္ရႉသံျပင္းျပင္းတို႔သာ ေလလွိုင္းမွတစ္ဆင့္ တိုးဝင္လာသည္။ ခ်စ္နိုင္လည္း ထပ္‌တူေမာလ်လာ၏။ အလြမ္းေငြ႕ဟာ ႏွလုံးသားကို တအုံ႕ေႏြးေႏြး ေလးလံလာေစသည္ထင္။

"ခ်စ္နိုင္းေလး "

"အြန္ "

"ကိုကိုျပန္လာရင္ ေဖေဖတို႔နဲ႕ ေတြ႕ရေအာင္"

"ခ်စ္နိုင္းလဲ စဥ္းစားေနတာ။ လူႀကီးေတြကို မေတြ႕တာလဲၾကာေတာ့ သြားလည္.."

"လူႀကီးဆုံရာေတြ႕ဖို႔ "

ခပ္ျပင္းျပင္း ၾကားျဖတ္ေျပာသံ။ ကိုကို႔ စကားက ၿပီးျပတ္မသြားပဲ ကိုးလို႔ကန႔္လန႔္ႏွင့္။ တိတ္ဆိတ္မႈက ႏွစ္ေယာက္ၾကားမွာ တိုးတိုးေလးဆက္သြယ္ထားေသးသည္။ ေသခ်ာနားေထာင္မည္ ဆိုလွ်င္ေတာ့ တဒိတ္ဒိတ္ခုန္ေနမည့္ ခ်စ္နိုင္းရင္ခုန္သံကို ၾကားနိုင္ေကာင္း၏။

ဟင္းခနဲ သက္ျပင္းခ်သံေနာက္ ကိုကိုက မၿပီးေသးေသာ စကားကို ဆက္သည္..

"ဘာကိုမွ ဖုံးကြယ္မထားခ်င္ဘူး ခ်စ္နိုင္းနဲ႕ပက္သက္တာကို"

"ဒါေပမဲ့.."

"အရင္ကတည္းက ကိုကိုက ေဂးပဲ"

"..."

"အဲ့အတြက္ သိမ္ငယ္တာမ်ိဳးလဲ မရွိဘူး။ အားလုံးကို လိုက္ေျပာေနစရာမလိုဘူး ထင္လို႔ ကိုကို ဒီအတိုင္းေနေနတာ။ မိဘေတြ စိတ္မေကာင္းျဖစ္နိုင္ေပမဲ့ ေဖေဖတို႔က ဒီေလာက္ႀကီး အေတြးေခါင္တဲ့သူေတြ မဟုတ္ပါဘူး။ ခ်စ္နိုင္း ေဖေဖေရာေလ ။ သူတို႔လဲ သိေနၿပီမို႔ ကိုကို ခ်စ္နိုင္းနဲ႕ ပြင့္ပြင့္လင္းလင္းပဲ ေရွ႕ဆက္ခ်င္တယ္"

ခ်စ္နိုင္း ဘာမွ မေျပာနိုင္ပါ။ ေစာင္စကို အသာဆြဲေနရင္း အသက္ရႉသံမွလြဲရင္ ႏႈတ္ဆိတ္ေနသည္။ လူႀကီးေတြ မတားမွာလဲသိသလို ၊ တားလို႔မရမွာလဲ သိသည္။ ဒါဆို ဘာေၾကာင့္မ်ား ခ်က္ခ်င္း လက္မခံနိုင္ ျဖစ္ေနရပါသလဲ။

"ခ်စ္နိုင္းေလးက လက္ခံရဲ႕လား ဟင္"

"ကိုကို "

"ေျပာ ကေလးေလး"

မေျပာခင္ ေအာက္ႏႈတ္ခမ္းကို အရင္ဖိကိုက္မိ၏။ ခ်စ္နိုင္း ထိုစကားကို မေျပာမိရင္ ဒီညအိပ္ေပ်ာ္မည္မထင္။ ထုံးစံအတိုင္း စိတ္ထဲမွာမထားတတ္တဲ့ အက်င့္က သူ႕ကိုမရိုးမ႐ြျဖစ္ေစျပန္သည္။

"ဒါပဲလား"

"အြန္..ဘာကိုလဲ"

"ခ်စ္ခြင့္ပန္တာ ေျပာတာ။ ဒီလို ဖုန္းထဲကေန ေျပာ႐ုံပဲလားလို႔ "

"..."

"ပရိုပို႔စ္ လုပ္တာကို တကယ္ႀကီး ဖုန္းထဲကေနပဲ လုပ္တာလားလို႔"

"ဟာ .."

"ဘာဟာလဲ... တကယ္ ဒါပဲ ၿပီးၿပီေပါ့"

"ဟာ မဟုတ္..ေဟ့ ခဏ..ခဏ ေနပါအုန္း။ ကိုကို႔ကိုေျပာ ခ်စ္နိုင္းဘယ္လို ပရိုပို႔စ္လုပ္ခံခ်င္တာလဲဆိုတာ "

"အဟင္း... ကိုကို ဒီတစ္သက္ အခ်စ္ဆုံးသူကို ဘယ္လိုေျပာမယ္ေတြးထားလဲ။ ဧကႏၲ ခ်စ္နိုင္းကို အခ်စ္ဆုံးမဟုတ္ဖူးထင္ပါရဲ႕.."

"ေဟးေဟး.. ခ်စ္နိုင္းေလး ေလွ်ာက္မေတြးနဲ႕ေနာ္။ အမွန္တိုင္းေျပာမယ္ ဘဝမွာ ကိုယ့္ကိုယ္ကိုယ္ အခ်စ္ဆုံးပဲ။ ပိုခ်စ္မိတာ ခ်စ္နိုင္းပဲရွိတယ္။ ဒီေတာ့ ကိုကို လုံးဝမေတြးဖူးဘူး"

ပါးစပ္ကို လက္နဲ႕ပိတ္ကာ တခြီးခြီးရယ္မိသည္။ ကိုကို ရွင္းျပပုံက အေတာ္ရယ္ဖို႔ေကာင္း၏။ မွန္လဲ ေတာ္ေတာ္ကိုမွန္သည္။ ခ်စ္နိုင္းသာ မဟုတ္ရင္ တျခားဘယ္သူကမွလဲ ဒီလူကို သည္းခံနိုင္မည္မဟုတ္။ သူ႕ကိုယ္သူထက္ သူမ်ားကို ပိုခ်စ္ရမွာေၾကာက္တဲ့ လူစားထဲမွာ ကိုကိုဟာ ထိပ္ဆုံးကလူႀကီး။

"ဟိတ္ ကိုကို႔ကို စကားျပန္ေျပာေနာ္။ ဟယ္လို..ခ်စ္နိုင္းေလး..ကေလးေလး ကိုကိုေျပာတာၾကားလား ..စိတ္ဆိုးသြားတာလား"

"..."

"ေစာေစာက ဘာမွ မေျပာခဲ့ဘူးထားလိုက္ကြာ။ ကိုကို ေနာက္မွ တစ္ခုခုစီစဥ္မယ္ ေနာ္.. လြမ္းေနရတဲ့အထဲ စိတ္ေတာ့ မေကာက္ပါနဲ႕ကြာ ေနာ္"

"အဟားဟား ဟား..အား..ကိုကိုရာ စိတ္ညစ္ပါတယ္။ မေျပာနဲ႕ေတာ့ ေျပာရင္ ပိုရယ္မိေတာ့မယ္"

"..."

"ဘာမွ မစီစဥ္နဲ႕ ခ်စ္နိုင္းဆီသာ ျမန္ျမန္ျပန္ခဲ့။ လူခ်င္းေတြ႕ရင္ လုပ္စရာေတြ အမ်ားႀကီးပဲ ဟုတ္ၿပီလား"

ထိုသို႔ ေခ်ာ့ေပမဲ့လည္း ေဒါက္တာသွ်မ္းထက္ပိုင္ ဆိုသည္မွာ ရစ္ရင္ စြန္ဘီးထက္ပင္ ပိုဆိုးသည့္ အမ်ိဳးျဖစ္၏။ ခ်စ္နိုင္းမွာ အေတာ္ၾကာေအာင္ နားပူလိုက္ရသည္။ သူမသိတာကို ရယ္ရေကာင္းမလား ဆိုတာရယ္ ၊ လြမ္းတဲ့အေၾကာင္းရယ္ ၊ စိတ္ပူတာရယ္ႏွင့္ ဖုန္းခ်ဖိဳ႕ဆီ ေတာ္ေတာ္ႏွင့္ မေရာက္ေခ်။

ဖုန္းခ်ခါနီးေတာ့ ခ်စ္နိုင္း မွတ္မွတ္ရရ စ‌လိုက္ေသးသည္။

"ေၾကာင္အိမ္ထဲမွာ ကိုကို႔ေဆးဘူးေတြ ေတြ႕တယ္။ ၿငိမ့္တည္ တို႔ကို လက္ေဆာင္ေပးလိုက္မလို႔" ဟူ၍ပင္။

"မလုပ္ရဘူး!!" ဟူေသာ ကိုကို႔ေအာ္သံႀကီးက ညဉ့္နက္နက္ကို ထိုးေပါက္သြား၏။ ခ်စ္နိုင္းမွာ ရယ္ရလြန္းလို႔ ထိုညကေတာ္ေတာ္ႏွင့္ မအိပ္နိုင္။

ဆက္တိုက္ေရာက္လာသည့္ ကိုကို႔ မက္ေဆ့ေတြကိုဖတ္ရင္း အထီးက်န္လြမ္းဆြတ္မႈကို ေျဖေဖ်ာက္ခဲ့ရသည္။

ကိုကို ျမန္ျမန္ျပန္လာရင္ ေကာင္းမည္။

ခ်စ္နိုင္းအတြက္ေတာ့ ေလာကမွာ ေၾကာက္ဖို႔အေကာင္းဆုံးဒုကၡဟာ ေပြ႕ဖက္ေပးမည့္ ရင္ခြင္ႏွင့္ ေဝးေနရျခင္းသာျဖစ္သည္...။

.......................................................

စာေရးသူ၏ အမွာစာ:
ဒီရက္ပိုင္း ခ်စ္နိုင္းတို႔ကို သေဘာက်ေၾကာင္းေတြ ျမင္ရလို႔ တကယ္ ၾကည္ႏူးမိပါတယ္

အိုင္က ေတာ္တဲ့စာေရးသူ မဟုတ္ေပမဲ့
ဒီကာလမွာ စာေရးတာကလြဲရင္ စိတ္ကိုထိန္းထားစရာ မရွိလို႔ ျပန္ေရးေနတာပါ
ဒါေပမဲ့ ေရးရင္း ေရရင္း စာေရးတာကို ေတာ္ေတာ္ေလး ခေရဇီျဖစ္ေနပါၿပီ
ဒီေတာ့ ဖတ္တဲ့သူေတြ ပိုၿပီး ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေအာင္ ႀကိဳးစားေနပါတယ္ လို႔
ဒါေလးၿပီးရင္ ေနာက္Fictionsေတြဆီလည္း
ဆက္လိုက္ခဲ့ ၾကပါအုန္းဗ်ား❤️

Continue Reading

You'll Also Like

20K 1.1K 20
1930ကျော်ပတ်ဝန်းကျင်လောက်ကိုယူပြီးရေးထားပေမဲ့ အဲ့ဘက်ခေတ်နဲ့သိပ်နေသားမကျသေးတော့လိုအပ်ချက်လေးတွေတော့ရှိတယ်။ အပြင်မှာမရှိနိုင်တဲ့နေရာတွေလည်းပါနိုင်တာမို...
270K 9.8K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
175K 14.1K 61
ရှင်သန်မှုပုံစံနှင့် စိတ်သဘောထား မတူညီသော လူသုံးယောက် ကြားမှ မွေးဖွားလာသော အချစ်တစ်ခု . . . အချစ်ကို မကိုးကွယ်တတ်တဲ့ ကောင်လေးရဲ့ ချစ်တတ်လာသောနှလုံးသ...