❄︎Completed❄︎နှင်းပွင့်လေးမျာ...

By demoncm

337K 41.4K 876

This is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42: မျက်နှာချေနီများဝယ်ယူခြင်း
Chapter 43 : အကြံဆိုးကြီးနဲ့အမျိုးသမီး
Chapter 44: မကောင်းသောအတွေးများ
Chapter 45 : အခက်အခဲနည်းနည်း
Chapter 46: ကျန်းဟူနှင့်အင်ပါရီယာတရားရုံး
Chapter 47: တိတ်တဆိတ်အစီအစဉ် (၁)
Chapter 48: တိတ်တဆိတ်အစီအစဉ် (၂)
Chapter 49: တိတ်တဆိတ်အစီအစဉ် (၃)
Chapter 50: တိတ်တဆိတ်အစီအစဉ် (၄)
Chapter 51: တိတ်တဆိတ်အစီအစဉ် (၅)
Chapter 52: တိတ်တဆိတ်အစီအစဉ် (၆)
Chapter 53: အစစ်အမှန်လော..ပုံရိပ်ယောင်ပင်လော..
Chapter 54.1 : အိပ်မက်ဆိုးမက်တာပါ
Chapter 54.2
Chapter 55.1 : တစ်ယောက်ထဲအပိုင်သိမ်းထားလို့ဘယ်ရမလဲနော့်
Chapter 55.2
Chapter 56 : အားလုံးသေကုန်ကြပြီလား
Chapter 57 : နွေဦးပွဲတော်ကာရန်ညီကဗျာများရေးဖွဲ့ကြခြင်း
Chapter 58.1 : သံသယဝင်လာခြင်း
Chapter 58.2
Chapter 59.1 : ကြောက်ဖွယ်ကောင်းသောအတွေး
Chapter 59.2
Chapter 60.1 : အထင်လွဲခြင်း
Chapter 60.2
Chapter 61.1 : လျှို့ဝှက်တိုးတက်မှု
Chapter 61.2
Chapter 62.1 : သူမလေးစိတ်ကောက်နေ၏ (၁)
Chapter 62.2
Chapter 63.1 : သူမလေးစိတ်ကောက်နေ၏ (၂)
Chapter 63.2
Chapter 64.2
Chapter 65.1 : ဖက်ထုပ်များပြုလုပ်ကြခြင်း
Chapter 65.2
Chapter 66.1 : ယောက္ခမအိမ်သို့အလည်တစ်ခေါက်
Chapter 66.2
Chapter 67.1 : ဂုဏ်အရှိဆုံး၊ အကျော်ကြားဆုံးသော ယောက်ျား
Chapter (67.2)
Chapter 68: မားမားချောင်၏လျှို့ဝှက်အဆက်အသွယ်
Chapter 69: ယွမ်ရှန်း၏ကြမ္မာလမ်း
Important!! Plz read this part before you read Chapter (70)
Chapter 70 : Ending

Chapter 64.1 : မက်မွန်စိမ်းကြောင့်မက်မွန်ဝိုင်ကိုရတယ်

2.7K 379 3
By demoncm

Zawgyi

အခန္း (၆၄.၁)
မက္မြန္စိမ္းေၾကာင့္ မက္မြန္ဝိုင္ကိုရတယ္

႐ႊယ့္တုန္ထင္းက သူ႕အား စူးစိုက္ၾကည့္ကာ ခ်စ္စဖြယ္ ဆို၏။ "သိပ္မနာဘူးရယ္။ ေနာက္တစ္ခ်က္ ထပ္ညွစ္ၾကည့္ပါဦး။"

"အြန္း။" စုန႔္ယြီမင္က ေျပာကာ သူ႕လက္က သူမ၏ခါးနားေရာက္လာၿပီး ဖြဖြေလးညွစ္လိုက္ရာ သူမက သူ႕ကို အသာတြန္းထုတ္ေလသည္။ "အဲ့နားေတာ့ မဟုတ္ဘူးေလ။ သူမက ရယ္ေမာလ်က္ပင္ "ယားတယ္လို႔။"

သူက တည္ၿငိမ္စြာ ၿပဳံး၏။ "ေကာင္းၿပီေလ။ ဒါဆိုလည္း ကိုယ္ အဲ့ေနရာကို မထိေတာ့ဘူး။ တျခားေနရာေလးကိုပဲ ထိေတာ့မယ္။"

ထိုညက ေျပာစရာမလိုေအာင္ပင္ အခ်စ္ညေလးျဖစ္ခဲ့၏။ တစ္ညလုံး ဆယ့္ေျခာက္ႏွစ္အ႐ြယ္ ဇနီးေလးက လႊတ္ေပးရန္ အႀကိမ္ႀကိမ္ေတာင္းဆိုေတာ့မွသာ သူက သူမကို လႊတ္ေပးခဲ့ေလသည္။

ေရာင္နီလာေလၿပီ။ ႏွစ္သစ္၏ မီးရႉးမီးပန္းသံမ်ား တေျဖာက္ေျဖာက္ႏွင့္ပင္။ ႏွစ္သစ္ကူးေလထုထဲ၌ မီးရႉးမီးပန္းမ်ားမွ ထြက္လာေသာ မီးခိုးတို႔က သူမတို႔အိမ္ေလးအထိပင္ ေဝ့ပ်ံ့လာသည္။ ႐ႊယ့္တုန္ထင္းက တစ္ဖက္လွည့္လိုက္ကာ သူမခင္ပြန္း၏ လက္ေမာင္းမ်ားၾကားထဲ တိုးဝင္လိုက္ရာ သူမ၏ ဆံႏြယ္မ်ားက ရႈပ္ပြသြားေတာ့သည္။

စုန႔္ယြီမင္မွာ အေစာကတည္းက နိုးေနျခင္းျဖစ္၏။ သူက မီးရႉးမီးပန္းအသံမ်ားေၾကာင့္ သူမေလးနိုးသြားမည္ကို စိုးရိမ္သျဖင့္ ေစာင္ကို သူမ၏နားအထိတိုးၿခဳံေပးလိုက္သည္။ သူသည္ သူမႏွင့္နီးကပ္စြာရွိေနသည္ျဖစ္ရာ သူမေလးကို စူးစိုက္ၾကည့္လ်က္ မ်က္ေတာင္ေကာ့ေကာ့တို႔ကို တစ္ပင္ခ်င္း ေရတြက္လို႔ပင္ ရေန၏။

အခန္းငယ္ေလးတြင္ အနည္းငယ္ ေအးစိမ့္ေနသည္။ သို႔ေသာ္ အိပ္ယာထက္တြင္ေတာ့ ႏြေးေထြးလို႔ေန၏။

မီးရႉးသုံးခ်က္မွ် ေဖာက္ၿပီးသည့္အခ်ိန္တြင္ေတာ့ ပိုက်ယ္ေသာ မီးရႉးအသံတစ္ခုက ေဖာင္းကနဲ ေပါက္ကြဲသြားသည္။ ထိုမွသာ ႐ႊယ့္တုန္ထင္း၏ မ်က္ေတာင္မ်ားက တဖ်ပ္ဖ်ပ္တုန္ခါလာၿပီး မ်က္လုံးမ်ားကို ျဖည္းညွင္းစြာ ဖြင့္လိုက္သည္။ ထိုမ်က္ဝန္းလွလွမ်ားမွာ အိပ္ခ်င္မူးတူးျဖစ္ေနဆဲပင္။

စုန႔္ယြီမင္က ေလသံေအးေအးႏွင့္ ေျပာသည္။ "မီးရႉးေတြ အမ်ားႀကီး ေဖာက္ေနတာပဲ။ လူအိုႀကီးက်န္းရဲ႕အမ်ိဳးသမီးအိမ္က ျဖစ္မယ္။"

"အြန္း။" ႐ႊယ့္တုန္ထင္းက ပလုံးပေထြးေရ႐ြတ္လိုက္သည္။ ထို႔ေနာက္ သူမက သူ႕ရင္ခြင္ထဲသို႔ ေခါင္းေလးတိုးေဝွ႕ကာ ေျပာလိုက္သည္။ "ေျခေထာက္ နာနာ။"

(အဟြန္းးး ငါေလးက အင္နိုးစန႔္ပါဆို ဝြန္း။)

"ဒါဆို ကိုယ္ႏွိပ္ေပးမယ္ေလ။"

ထို႔ေနာက္တြင္ေတာ့ သူ႕လက္ႀကီးမ်ားက သူမေျခေထာက္နားေရာက္လာကာ ညင္သာစြာ ႏွိပ္နယ္ေပးေန၏။

ခဏၾကာၿပီးေနာက္ သူမက ေျပာသည္။ "ရွင္ ကိုယ္ခံပညာေတာ္လား။"

"အမ္.... ေတာ္သလိုလိုပါပဲ။"

"ေတာ္သလိုလိုပါပဲဆိုတာက ဘာသေဘာလဲ။ ေတာ္တယ္လို႔ေျပာတာမလား။ ေတာ္တယ္ရွင့္။"

သူ မရယ္ရမေနနိုင္ျဖစ္သြား၏။ "အရမ္းႀကီးလည္း မေတာ္ပါဘူးကြာ။ ဘာလို႔ဆို က်န္းဟူမွာ ကိုယ္ခံပညာရွင္ေတြ အမ်ားႀကီးရွိတာကိုး။"

"ဪ.. ဒါဆို ဘာလို႔ ၿမိဳ႕ေတာ္ကေန ထြက္လာခဲ့တာလဲ။ နဂါးပလႅင္က ရွင့္အတြက္ ယူရတာ ပိုလြယ္တယ္မလား။"

သူက ထိုအေၾကာင္းကို ေတြးလိုက္ေသာ္လည္း ဘာမွေတာ့ ျပန္မေျဖခဲ့။ ထို႔အစား သူက ေမးလိုက္သည္။ "အဲ့ေတာ့ အားတုန္က ကို႔ကို ၿမိဳ႕ေတာ္ကို ျပန္ေစခ်င္ေနတာေပါ့ေလ။"

သည္ေတာ့ သူမက သူ႕ကို ဖက္တြယ္လိုက္ကာ ႏူးညံ့စြာ ေျပာ၏။ "မဟုတ္ပါဘူးေနာ္။"

စုန႔္ယြီမင္က သက္ျပင္းခ်သည္။ သူ႕အၾကည့္က ျပတင္းေပါက္တြင္ကပ္ထား၍ အလင္းျဖတ္ဝင္ေနေသာ စကၠဴဆီ ေရာက္သြားသည္။ "နဂါးပလႅင္ကို ယူရတာ ထင္သေလာက္မလြယ္ဘူး၊ အားတုန္ရဲ႕။ စိတ္ေစရာအတိုင္း လွည့္ပတ္သြားလာရတာကို ႀကိဳက္တဲ့ ကို႔လိုလူမ်ိဳးက နဂါးပလႅင္ရဲ႕ ေႂကြးေၾကာ္သံေတြ.. ၿပီးေတာ့ အဆုံးမရွိတဲ့ ေခ်ာက္ခ်မႈေတြ အႀကံအစည္ေတြၾကားထဲ မပတ္သက္ခ်င္ေတာ့ဘူး.."

သူ႕အသံထဲတြင္ ဒုကၡေရာက္ျခင္းႏွင့္ ကူကယ္ရာမဲ့မႈတို႔ ေရာစြက္ေန၏။

႐ႊယ့္တုန္ထင္းက ေခါင္းညိတ္သည္။ သူမ ထိုခံစားခ်က္ကို သိသည္။ နက္နက္ရွိုင္းရွိုင္းကို ခံစားခဲ့ဖူး၏။ သူမ ေရွ႕မွ အႏွီေယာက္်ားသည္ သူမကဲ့သို႔ပင္။ ဂုဏ္ရွိန္ႏွင့္ အာဏာမ်ား၏ ဗဟိုျဖစ္ခဲ့ဖူးသည္။ သို႔ေသာ္ ၎တို႔ေၾကာင့္ပင္ စိုးရိမ္ေၾကာင့္ၾကရေပ၏။ အျဖစ္ခ်င္း တူညီပုံက ၿမိဳ႕ေတာ္မွ ထြက္ခြာလာၿပီး ဤသို႔ေအးခ်မ္းေသာနယ္စပ္ေလးတြင္ လာေရာက္ေနထိုင္ျခင္းပင္။

"ယြီမင္.. ထြက္မသြားပါနဲ႕.. ကြၽန္မလည္း ထြက္သြားမွာမဟုတ္ဘူး။ ကြၽန္မတို႔ရဲ႕ သက္တမ္းေတြကို ဒီေနရာေလးမွာပဲ အတူ ကုန္ဆုံးၾကရေအာင္ပါ။ ေနာ္။"

စုန႔္ယြီမင္၏ မ်က္ဝန္းထဲတြင္ ထူးျခားေသာအၾကည့္တို႔ ျဖတ္ေျပးသြားသည္။ သို႔ေသာ္ သူ ဘာမွေတာ့မေျပာခဲ့ေခ်။

႐ႊယ့္တုန္ထင္းမွာ အနည္းငယ္ စိတ္ပ်က္သြားသကဲ့သို႔ ခံစားရၿပီး သူ႕ကိုသာ တင္းတင္းက်ပ္က်ပ္ ဖက္တြယ္ထားမိေတာ့သည္။ သူမ၏စိတ္ႏွလုံးအတြင္းတြင္ေတာ့ ေၾကာက္႐ြံ႕ျခင္းတို႔က စိုးမိုးထား၏။ သည္လူသားထြက္သြားမည္ကို သူမ ပိုေၾကာက္႐ြံ႕သည္။ သူ ထြက္သြားၿပီး သူေတာက္ပခဲ့ေသာ ေန႕ရက္မ်ားတြင္ေနကာ မည္သည့္အခါမွ် ျပန္မလာေတာ့မည္ကိုလည္း သူမ ေၾကာက္၏။

"တကယ္ေတာ့ မင္းႀကီးက ကို ဒီမွာရွိေနမွန္း သိၿပီးသြားၿပီ။ ကို ထပ္ၿပီးမပက္သတ္ခ်င္ေတာ့ေပမယ့္ သူက အလြတ္မေပးဘူးကြာ။ အားတုန္.. ႏြေဦးေရာက္ရင္ ကိုတို႔ ပင္လယ္ထဲကို သြားၾကမလား။"

သူမက ေခတၱမွ်ေတြးဆၿပီးေနာက္ ေမးလာသည္။ "အဲ့ဒီေနာက္ ကြၽန္မတို႔ ျပန္မလာေတာ့ဘဲ ေနၾကမွာလား။"

"ကိုတို႔ အဲ့မွာ အခ်ိန္တစ္ခုေလာက္ထိ ေနၾကမယ္ေလ။ ၿပီးရင္ေတာ့ ကိုတို႔ ျပန္လာၾကမွာေပါ့။"

"ေကာင္းၿပီေလ.. ရွင္ဘယ္သြားသြား ကြၽန္မလိုက္ပါ့မယ္။"

"ပင္လယ္ထဲမွာဆိုရင္ မုန္တိုင္းတိုက္မယ္၊ မိုးႀကိဳးေတြလည္း ပစ္နိုင္တယ္။ ကို ခ်စ္ကို အႏၱရာယ္ထဲ ဆြဲသြင္းမိမွာကို ေၾကာက္မိတယ္။"

"ေအးအတူ ပူအမွ်ေပါ့ရွင္။" ႐ႊယ့္တုန္ထင္းက သူ႕ကို ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းေပၚတြင္ အနမ္းတစ္ပြင့္ ေႁခြလိုက္သည္။ "ကြၽန္မက ရွင္နဲ႕အတူ အၿမဲရွိေနမွာပါပဲ။"

Unicode

အခန်း (၆၄.၁)
မက်မွန်စိမ်းကြောင့် မက်မွန်ဝိုင်ကိုရတယ်

ရွှယ့်တုန်ထင်းက သူ့အား စူးစိုက်ကြည့်ကာ ချစ်စဖွယ် ဆို၏။ "သိပ်မနာဘူးရယ်။ နောက်တစ်ချက် ထပ်ညှစ်ကြည့်ပါဦး။"

"အွန်း။" စုန့်ယွီမင်က ပြောကာ သူ့လက်က သူမ၏ခါးနားရောက်လာပြီး ဖွဖွလေးညှစ်လိုက်ရာ သူမက သူ့ကို အသာတွန်းထုတ်လေသည်။ "အဲ့နားတော့ မဟုတ်ဘူးလေ။ သူမက ရယ်မောလျက်ပင် "ယားတယ်လို့။"

သူက တည်ငြိမ်စွာ ပြုံး၏။ "ကောင်းပြီလေ။ ဒါဆိုလည်း ကိုယ် အဲ့နေရာကို မထိတော့ဘူး။ တခြားနေရာလေးကိုပဲ ထိတော့မယ်။"

ထိုညက ပြောစရာမလိုအောင်ပင် အချစ်ညလေးဖြစ်ခဲ့၏။ တစ်ညလုံး ဆယ့်ခြောက်နှစ်အရွယ် ဇနီးလေးက လွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုတော့မှသာ သူက သူမကို လွှတ်ပေးခဲ့လေသည်။

ရောင်နီလာလေပြီ။ နှစ်သစ်၏ မီးရှူးမီးပန်းသံများ တဖြောက်ဖြောက်နှင့်ပင်။ နှစ်သစ်ကူးလေထုထဲ၌ မီးရှူးမီးပန်းများမှ ထွက်လာသော မီးခိုးတို့က သူမတို့အိမ်လေးအထိပင် ဝေ့ပျံ့လာသည်။ ရွှယ့်တုန်ထင်းက တစ်ဖက်လှည့်လိုက်ကာ သူမခင်ပွန်း၏ လက်မောင်းများကြားထဲ တိုးဝင်လိုက်ရာ သူမ၏ ဆံနွယ်များက ရှုပ်ပွသွားတော့သည်။

စုန့်ယွီမင်မှာ အစောကတည်းက နိုးနေခြင်းဖြစ်၏။ သူက မီးရှူးမီးပန်းအသံများကြောင့် သူမလေးနိုးသွားမည်ကို စိုးရိမ်သဖြင့် စောင်ကို သူမ၏နားအထိတိုးခြုံပေးလိုက်သည်။ သူသည် သူမနှင့်နီးကပ်စွာရှိနေသည်ဖြစ်ရာ သူမလေးကို စူးစိုက်ကြည့်လျက် မျက်တောင်ကော့ကော့တို့ကို တစ်ပင်ချင်း ရေတွက်လို့ပင် ရနေ၏။

အခန်းငယ်လေးတွင် အနည်းငယ် အေးစိမ့်နေသည်။ သို့သော် အိပ်ယာထက်တွင်တော့ နွေးထွေးလို့နေ၏။

မီးရှူးသုံးချက်မျှ ဖောက်ပြီးသည့်အချိန်တွင်တော့ ပိုကျယ်သော မီးရှူးအသံတစ်ခုက ဖောင်းကနဲ ပေါက်ကွဲသွားသည်။ ထိုမှသာ ရွှယ့်တုန်ထင်း၏ မျက်တောင်များက တဖျပ်ဖျပ်တုန်ခါလာပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ထိုမျက်ဝန်းလှလှများမှာ အိပ်ချင်မူးတူးဖြစ်နေဆဲပင်။

စုန့်ယွီမင်က လေသံအေးအေးနှင့် ပြောသည်။ "မီးရှူးတွေ အများကြီး ဖောက်နေတာပဲ။ လူအိုကြီးကျန်းရဲ့အမျိုးသမီးအိမ်က ဖြစ်မယ်။"

"အွန်း။" ရွှယ့်တုန်ထင်းက ပလုံးပထွေးရေရွတ်လိုက်သည်။ ထို့နောက် သူမက သူ့ရင်ခွင်ထဲသို့ ခေါင်းလေး‌တိုးဝှေ့ကာ ပြောလိုက်သည်။ "ခြေထောက် နာနာ။"

(အဟွန်းးး ငါလေးက အင်နိုးစန့်ပါဆို ဝွန်း။)

"ဒါဆို ကိုယ်နှိပ်ပေးမယ်လေ။"

ထို့နောက်တွင်တော့ သူ့လက်ကြီးများက သူမခြေထောက်နားရောက်လာကာ ညင်သာစွာ နှိပ်နယ်ပေးနေ၏။

ခဏကြာပြီးနောက် သူမက ပြောသည်။ "ရှင် ကိုယ်ခံပညာတော်လား။"

"အမ်.... တော်သလိုလိုပါပဲ။"

"တော်သလိုလိုပါပဲဆိုတာက ဘာသဘောလဲ။ တော်‌တယ်လို့ပြောတာမလား။ တော်တယ်ရှင့်။"

သူ မရယ်ရမနေနိုင်ဖြစ်သွား၏။ "အရမ်းကြီးလည်း မတော်ပါဘူးကွာ။ ဘာလို့ဆို ကျန်းဟူမှာ ကိုယ်ခံပညာရှင်တွေ အများကြီးရှိတာကိုး။"

"ဪ.. ဒါဆို ဘာလို့ မြို့တော်ကနေ ထွက်လာခဲ့တာလဲ။ နဂါးပလ္လင်က ရှင့်အတွက် ယူရတာ ပိုလွယ်တယ်မလား။"

သူက ထိုအကြောင်းကို တွေးလိုက်သော်လည်း ဘာမှတော့ ပြန်မဖြေခဲ့။ ထို့အစား သူက မေးလိုက်သည်။ "အဲ့တော့ အားတုန်က ကို့ကို မြို့တော်ကို ပြန်စေချင်နေတာပေါ့လေ။"

သည်တော့ သူမက သူ့ကို ဖက်တွယ်လိုက်ကာ နူးညံ့စွာ ပြော၏။ "မဟုတ်ပါဘူးနော်။"

စုန့်ယွီမင်က သက်ပြင်းချသည်။ သူ့အကြည့်က ပြတင်းပေါက်တွင်ကပ်ထား၍ အလင်းဖြတ်ဝင်နေသော စက္ကူဆီ ရောက်သွားသည်။ "နဂါးပလ္လင်ကို ယူရတာ ထင်သလောက်မလွယ်ဘူး၊ အားတုန်ရဲ့။ စိတ်စေရာအတိုင်း လှည့်ပတ်သွားလာရတာကို ကြိုက်တဲ့ ကို့လိုလူမျိုးက နဂါးပလ္လင်ရဲ့ ကြွေးကြော်သံတွေ.. ပြီးတော့ အဆုံးမရှိတဲ့ ချောက်ချမှုတွေ အကြံအစည်တွေကြားထဲ မပတ်သက်ချင်တော့ဘူး.."

သူ့အသံထဲတွင် ဒုက္ခရောက်ခြင်းနှင့် ကူကယ်ရာမဲ့မှုတို့ ရောစွက်နေ၏။

ရွှယ့်တုန်ထင်းက ခေါင်းညိတ်သည်။ သူမ ထိုခံစားချက်ကို သိသည်။ နက်နက်ရှိုင်းရှိုင်းကို ခံစားခဲ့ဖူး၏။ သူမ ရှေ့မှ အနှီယောက်ျားသည် သူမကဲ့သို့ပင်။ ဂုဏ်ရှိန်နှင့် အာဏာများ၏ ဗဟိုဖြစ်ခဲ့ဖူးသည်။ သို့သော် ၎င်းတို့ကြောင့်ပင် စိုးရိမ်ကြောင့်ကြရပေ၏။ အဖြစ်ချင်း တူညီပုံက မြို့တော်မှ ထွက်ခွာလာပြီး ဤသို့အေးချမ်းသောနယ်စပ်လေးတွင် လာရောက်နေထိုင်ခြင်းပင်။

"ယွီမင်.. ထွက်မသွားပါနဲ့.. ကျွန်မလည်း ထွက်သွားမှာမဟုတ်ဘူး။ ကျွန်မတို့ရဲ့ သက်တမ်းတွေကို ဒီနေရာလေးမှာပဲ အတူ ကုန်ဆုံးကြရအောင်ပါ။ နော်။"

စုန့်ယွီမင်၏ မျက်ဝန်းထဲတွင် ထူးခြားသောအကြည့်တို့ ဖြတ်ပြေးသွားသည်။ သို့သော် သူ ဘာမှတော့မပြောခဲ့ချေ။

ရွှယ့်တုန်ထင်းမှာ အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ခံစားရပြီး သူ့ကိုသာ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားမိတော့သည်။ သူမ၏စိတ်နှလုံးအတွင်းတွင်တော့ ကြောက်ရွံ့ခြင်းတို့က စိုးမိုးထား၏။ သည်လူသားထွက်သွားမည်ကို သူမ ပိုကြောက်ရွံ့သည်။ သူ ထွက်သွားပြီး သူတောက်ပခဲ့သော နေ့ရက်များတွင်နေကာ မည်သည့်အခါမျှ ပြန်မလာတော့မည်ကိုလည်း သူမ ကြောက်၏။

"တကယ်တော့ မင်းကြီးက ကို ဒီမှာရှိနေမှန်း သိပြီးသွားပြီ။ ကို ထပ်ပြီးမပက်သတ်ချင်တော့ပေမယ့် သူက အလွတ်မပေးဘူးကွာ။ အားတုန်.. နွေဦးရောက်ရင် ကိုတို့ ပင်လယ်ထဲကို သွားကြမလား။"

သူမက ခေတ္တမျှတွေးဆပြီးနောက် မေးလာသည်။ "အဲ့ဒီနောက် ကျွန်မတို့ ပြန်မလာတော့ဘဲ နေကြမှာလား။"

"ကိုတို့ အဲ့မှာ အချိန်တစ်ခုလောက်ထိ နေကြမယ်လေ။ ပြီး‌ရင်တော့ ကိုတို့ ပြန်လာကြမှာပေါ့။"

"ကောင်းပြီလေ.. ရှင်ဘယ်သွားသွား ကျွန်မလိုက်ပါ့မယ်။"

"ပင်လယ်ထဲမှာဆိုရင် မုန်တိုင်းတိုက်မယ်၊ မိုးကြိုးတွေလည်း ပစ်နိုင်တယ်။ ကို ချစ်ကို အန္တရာယ်ထဲ ဆွဲသွင်းမိမှာကို ကြောက်မိတယ်။"

"အေးအတူ ပူအမျှပေါ့ရှင်။" ရွှယ့်တုန်ထင်းက သူ့ကို ကြည့်လိုက်ပြီး နှုတ်ခမ်းပေါ်တွင် အနမ်းတစ်ပွင့် ခြွေလိုက်သည်။ "ကျွန်မက ရှင်နဲ့အတူ အမြဲရှိနေမှာပါပဲ။"

Continue Reading

You'll Also Like

9.8M 644K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
3.3M 269K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
508K 27.7K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
40.7M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...