Unicode
လက်ထပ်မှတ်ပုံတင်ခြင်း
"ကျွန်တော်တို့ရဲ့ စမ်းသပ်ရေးပစ္စည်းတွေက အကောင်းဆုံးတော့ မဟုတ်ဘူးဗျ။ အဲ့ဒါကြောင့် နောက်ဆုံးပေါ် အဆင့်မြင့် ကိုယ်ဝန်စစ်ကိရိယာနဲ့မှ သန္ဓေသားစတည်ချိန်ကို အတိအကျ သိနိုင်မှာ.."
၎င်းသည်ကား စစ်ဆေးချက်ရလဒ်များကို သတ်လတ်ပိုင်း အမျိုးသားဒေါက်တာတစ်ဦးက တစ်ဒင်္ဂမျှ ကြည့်ရှုပြီးနောက်တွင် ချန်းကျင်းကိုပြောလာသော စကားများ ဖြစ်ပေ၏။
"မိခင်ရဲ့ကိုယ်ထည်အနေအထားက ကောင်းပါတယ်။ ကလေးလည်း ကျန်းကျန်းမာမာရှိပြီး ဘာမူမမှန်တာမှ မတွေ့ရဘူး။ ဒါပေမဲ့ ပိုပြီးစိတ်ချရအောင် လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ မနက်ဖြန် ထပ်လာခဲ့ပေးပါ"
ချန်းကျင်း : "ဟုတ်..."
ချန်းကျင်း၏စိတ်အစဉ်က ယခုအချိန်ထိ ရှုပ်ထွေးနေဆဲ ဖြစ်သောကြောင့် ဆရာဝန်ပြောသည့်စကားများအား တစ်ဝက်မျှသာ နားထောင်နိုင်ခဲ့၏။ သို့သော် ချန်းရွှီကမူ သူ့ထက်ပို၍ တည်ငြိမ်နေခဲ့သည်ပင်။
ချန်းရွှီက အမေးဆို၏။
"ဒါဆို ဒေါက်တာ ၊ အစာစားတာ သောက်တာတွေနဲ့ လှုပ်ရှားမှုတွေမှာရော ရှောင်ရမှာမျိုးတွေ ရှိဦးမလား။ နောက်ပြီး စကားမစပ် သူ ရေပူစမ်းမှာရော ရေချိုးလို့ ရရဲ့လား"
"ရေပူစမ်းမှာ မချိုးတာ အကောင်းဆုံးပါပဲ"
ဆရာဝန်ဖြစ်သူက အလေးအနက် ဆက်ဆိုလာ၏။
"နောက်ပြီး ပုံမှန်အာဟာရပြည့် ဖြည့်စွက်စာတွေနဲ့လည်း မလုံလောက်နိုင်တော့ဘူး။ ဒီ့ထက်ပိုပြီး ကောင်းတဲ့ အစားအစာတွေကို စားပေးဖို့ လိုတယ်။ တကယ်လို့ အဲ့ဒါအတွက် မတတ်နိုင်ဘူးဆိုရင် ရပ်ကွက်ထောက်ပံ့ရေး ကော်မတီကိုသွားပြီး အကူအညီတောင်းလို့လည်း ရပါတယ်။ စကားမစပ် မင်းတို့တွေက အခုမှ စပြောင်းလာတဲ့လူတွေ မဟုတ်လား။ ငါ အရင်က တစ်ခါမှ မတွေ့မိလို့.."
ချန်းရွှီ : "ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီကိုပြောင်းလာတာ တစ်လကျော်ကျော်လောက်ပဲ ရှိသေးတယ်။ သိပ်မကြာသေးဘူး"
"ဪ.."
ဒေါက်တာဖြစ်သူက ညင်သာစွာပြုံးရင်း စကားဆိုသည်။
"တကယ်တော့ ကျွန်တော်တို့ဆီမှာ ကိုယ်ဝန်သည်တွေအတွက် လူမှုဖူလှုံရေး ထောက်ပံ့မှုတွေ ကောင်းကောင်းရှိတယ်။ မင်းတို့သာ အဲ့ဒီအတွက် လျှောက်လွှာတင်လိုက်ရင် အာဟာရပြည့်ပြီး လတ်ဆတ်တဲ့ အစားအစာတွေလည်း နေ့တိုင်း ရနိုင်မှာ။ နောက်ပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလကစ ကလေးမွေးဖွားပြီးချိန်ထိ ဆေးရုံကို လာသမျှတစ်လျှောက်လုံး ကျသမျှ အဖိုးအခတွေကလည်း အကုန်လုံး ဖရီးပဲလေ"
"အာ~အတော်လေး ကောင်းတာပဲ"
၎င်းနောက် ဒေါက်တာဖြစ်သူက သူတို့နှစ်ယောက်လုံးကို ကြည့်လိုက်ရင်း စူးစမ်းစွာဖြင့် ရုတ်တရက် အမေးဆို၏။
"စကားမစပ် နှစ်ယောက်သားက ဘယ်လိုပတ်သက်တာလဲ"
"ညီအစ်ကိုတွေပါ"
ထိုအခါ ဒေါက်တာ၏မျက်နှာထားက ပို၍ စူးစမ်းချင်စိတ်အပြည့် ဖြစ်လာရလေပြီ။
"ဒါဆို သူ့ရဲ့အမျိုးသားကရော?"
ချန်းကျင်းက မည်ကဲ့သို့ ပြန်ဖြေရမှန်း မသိပါဘဲ ထိတ်လန့်သွားမိသော်လည်း ချန်းရွှီကမူ ထိုသို့ မဖြစ်ခဲ့ပါချေ။ သူက တည်ငြိမ်သောလေသံဖြင့် အဖြေပြုလာသည်။
"တကယ်တော့ သူ့အမျိုးသားက ဒီအကြောင်းကို သိတောင်မသိသေးဘူး။ အဲ့ဒါကြောင့် အဲ့ဒီကိစ္စကို ဖြေရှင်းဖို့ အချိန်နည်းနည်းလောက် ကြာလိမ့်မယ်"
"ဪ အဲ့ဒီလိုလား။ ဒါဆို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းပြီးဖို့ လိုမယ်နော်။ ပြင်ဆင်နေဆဲကာလအတွင်းမှာ တစ်ဖက်ပါတနာရဲ့ လက်မှတ်လည်း လိုသေးတာမို့လေ"
သို့နှင့် စကားပြောခြင်းအမှု ပြီးဆုံးသွားသောအခါ ချန်းရွှီသည် ညီဖြစ်သူကို ကူ၍ ဆေးရုံအပြင်ဘက်သို့ တွဲခေါ်လာပေးခဲ့သည်။ ၎င်းနောက် အပြင်ဘက်မှ လေအေးအေးများကို ခံစားရသည့်အချိန်မှသာ ချန်းကျင်းကိုယ်တိုင်ကလည်း အနည်းငယ် သတိပြန်လည်လာရခြင်း ဖြစ်၏။ သတိပြန်လည်လာလာချင်း သတိထားမိသည့် ပထမဆုံးအရာသည်ကား သူ၏လက်ချောင်းများ တုန်ရီနေကြောင်းသာ။
ချန်းကျင်းသည် ဘေးနားမှ အစ်ကိုဖြစ်သူကို လှည့်ကြည့်လိုက်၍ စိတ်ပူစွာဖြင့် အမေးဆိုလာမိသည်။
"ကိုကြီး..."
ချန်းရွှီက တည်ငြိမ်စွာ ဆို၏။
"အရင်ဆုံး အိမ်ပြန်ရအောင်။ ပြီးမှ ဆက်ပြောကြတာပေါ့"
ချန်းညီအစ်ကိုနှစ်ယောက် အိမ်ပြန်ရောက်သောအခါ ချန်းကျန်းကလည်း အိမ်သို့ ပြန်ရောက်နေပြီး ဖြစ်၏။ သူသည် မီးဖိုရှေ့က ကုလားထိုင်တွင်ထိုင်၍ စာအုပ်တစ်အုပ်ကို ဖတ်နေခြင်းဖြစ်ကာ တစ်ဖက်တွင်လည်း အိမ်နီးနားချင်းအချို့က ပေးခဲ့ဖူးသော လက်ဖက်ရွက်များအား အိုးတစ်လုံးဖြင့် ကျိုချက်နေခဲ့သည်။ သို့ဖြစ်၍ ဧည့်ခန်းတစ်ခန်းလုံးတွင် လက်ဖက်ရည်အနံ့များက မွှေးကြိုင်နေခဲ့ရပေ၏။
ညီအစ်ကိုနှစ်ယောက် အတူတူပြန်လာသည်ကို မြင်ရသောအခါ ချန်းကျန်းသည် အနည်းငယ် အံ့ဩသွားဟန်တူသည်။
"ဒီလောက်နောက်ကျနေပြီကို..ညီအစ်ကို နှစ်ယောက် ဘယ်သွားပြီး ပြန်လာကြတာလဲ?"
သို့နှင့် ချန်းကျင်းက အမှန်အတိုင်း ဖြေရန် ဟန်ပြင်လိုက်ချိန်တွင် တစ်ဖက်မှ ချန်းရွှီက ဘာမျှစဉ်းစားမနေပါဘဲ ဦးစွာကြို၍ အဖြေပြန်ပြုလိုက်လေ၏။
"ဟင်းခတ်အမွှေးအကြိုင်တွေ မရှိတော့လို့ စတိုးဆိုင်ဆီ သွားတာပါ"
"ဘာမှ မဝယ်ခဲ့ကြဘူးလား?"
"ပစ္စည်းပြတ်နေတယ်တဲ့"
ဤကဲ့သို့ ချန်းရွှီက မျက်တောင်တစ်ချက်မခတ်ပါဘဲ မုသားစကားဆိုသောအခါ တစ်ဖက်မှ ချန်ကျန်းကလည်း ၎င်းအကြောင်းနှင့်ပတ်သက်၍ ညည်းညူပြလာပေတော့သည်။
"အဲ့ဒါကတော့ အမှန်ပဲ။ ဒီနေရာမှာက ပစ္စည်းစုံစုံလင်လင် မရှိဘူး။ နောက်ပြီး ဘယ်ဟာမဆို ဝယ်ရတာလည်း ခက်တယ်"
"ဟုတ်တာပဲနော်။ အင်းလေ ဘာပဲပြောပြော ဒီကမ္ဘာရဲ့စီးပွားရေးအခြေအနေကိုက နိမ့်တာကိုး.."
ဤသို့ စကားအနည်းငယ်မျှ ပြောဆိုပြီးနောက်တွင် ချန်းရွှီသည် ညီဖြစ်သူကို အပေါ်ထပ်သို့ ခေါ်သွားပေးသည်။ သို့နှင့် နောက်ဆုံး ချန်းကျင်း၏အိပ်ခန်းထဲသို့ ညီအစ်ကိုနှစ်ယောက်စလုံး ဝင်သွားပြီးသောအခါ ချန်းကျင်းက ဦးစွာ အမေးဆိုလေတော့၏။
"ကိုကြီး ၊ ဘာလို့ အဖေ့ကို လိမ်ပြောလိုက်တာလဲ? သူ့ကို..ဒီအကြောင်း မပြောပြတော့ဘူးလား"
"မင်း ဆုံးဖြတ်ချက်ချပြီးမှ အဖေ့ကိုပြောပြဖို့ ကိုကြီးက စဉ်းစားထားတာ။ အဲ့ဒီလိုမဟုတ်ရင် အဖေ့ရဲ့သဘောထားကြောင့် မင်းရဲ့ဆုံးဖြတ်ချက်အပေါ် ထိခိုက်သွားမှာစိုးလို့"
"အဖေ့ရဲ့သဘောထား?"
"အခု အဖေက ဒီမှာနေရတာ အသားကျနေပြီလို့ မင်းရော မထင်ဘူးလား။ ကျန်တဲ့သက်တမ်းတစ်ဝက်လောက်ကို ဒီမှာပဲ ကုန်ဆုံးသွားတော့မယ့်ပုံစံနဲ့ အိမ်က ထွက်သွားတိုင်းလည်း ပျော်ရွှင်နေပြီး ပြန်လာတဲ့အခါတိုင်းလည်း ပျော်နေတာလေ။ အဲ့ဒါထက် ပိုအရေးကြီးတာက အဖေက လုထောင်ကို စတွေ့ကတည်းက အခုထိ တစ်လျှောက်လုံး သဘောမကျခဲ့ဘူး။ အဲ့ဒီလိုဆိုရင် မင်းအတွက် ရွေးချယ်စရာဆိုလို့ တခြားယောကျ်ားတစ်ယောက်ကို လက်ထပ်ဖို့ပဲ ရှိလိမ့်မယ်"
ချန်းရွှီက လေသံဖျော့ဖျော့လေးနှင့် စကားဆက်၏။
"ရှောင်ကျင်း ၊ မင်းမှာ အမြဲတမ်းနီးပါး ကိုယ်ပိုင်ထင်မြင်ချက် မရှိခဲ့တာမို့ အခုကိစ္စမှာ အဖေ့သဘောထားအတွက်ကြောင့်နဲ့ ကိုယ့်ခံစားချက်ကို ဆန့်ကျင်ပြီး ဆုံးဖြတ်ချက်အမှား ချလိုက်မိမှာ ကိုကြီး စိုးရိမ်တယ်"
ချန်းကျင်းက ခါးသက်သက် ပြုံးလိုက်ကာ လေသံတိုးတိုးလေးနှင့် စကားဆိုသည်။
"တကယ်လည်း ကျွန်တော့်မှာ ကိုယ်ပိုင်ထင်မြင်ချက်မှ မရှိတာ..ဘာလုပ်ရမှန်းလည်း မသိတော့ဘူး"
ထို့နောက် သူသည် အိမ်ရာထက်၌ ထိုင်ချလိုက်ကာ သူ၏ခေါင်းပေါ်မှ ဦးထုပ်ကို ဖြေးဖြေးချင်း ချွတ်လိုက်ရင်း ၎င်းဦးထုပ်ထက်ရှိ နှင်းမှုန်များကို ခပ်ဖွဖွ ပုတ်ချလိုက်လေ၏။
"ဒါပေမဲ့ ကျွန်တော် အဲ့ဒီလိုလည်း မလုပ်ချင်ဘူး။ သူ့ကိုချည်နှောင်ဖို့ ကလေးယူပြီး အသုံးချတာမျိုး.."
မူလအစကတည်းက အတင်းအကြပ် တွန်းအားပေးထားခဲ့သော လက်ထပ်ခြင်းအမှု ဖြစ်နေခဲ့သည်ပင်။ အကယ်၍ ချန်းကျင်းထံ၌သာ ပြန်စရန်အခွင့်ရှိခဲ့မည်ဆိုလျှင် သူသည် ကျိန်းသေပေါက် ထိုကဲ့သို့ တွန်းအားပေးလိမ့်မည် မဟုတ်ပါချေ။ တစ်ဖက်လူဆီမှ စိတ်ဝင်စားမှုကိုရရန် မိမိကိုယ်တိုင် အကောင်းဆုံး ကြိုးစား၍ လိုက်ခဲ့မိလိမ့်မည်။ တစ်ဖက်လူက သူ့ကို ပြန်သဘောမကျလာလျှင်တောင် အဆင်ပြေပါသေးသည်။ ထိုအခါတွင် သူသည် အနောက်သို့ အနည်းငယ်မျှ ဆုတ်လိုက်ကာ တစ်ဖက်လူအတွက် စိတ်ရှုပ်စရာ မဖြစ်အောင် နေပေးမိလိမ့်မည်။ သူ,မပိုင်ဆိုင်ရသည့် လူတစ်ယောက်ကို အတင်းအကြပ် ချုပ်နှောင်သည်မျိုး လုပ်မည့်အစား ထိုကဲ့သို့သာ အလျှော့ပေးခဲ့မိမှာပင်။
"၇ နှစ်လုံးလုံး...ကျွန်တော် သူ့ကို အဲ့ဒီလောက် အချိန်အကြာကြီး ဆွဲထားခဲ့မိတာ"
ချန်းရွှီက ညီဖြစ်သူ၏ခေါင်းအား ခပ်ဖွဖွ ထိတွေ့လာခဲ့၏။ တစ်ခဏမျှကြာပြီးနောက်မှ သူက စကားဆိုသည်။
"ဒါဆိုလည်း ဟန်ဆောင်လက်ထပ်ဖို့အတွက် တခြားတစ်ယောက်ကို ရှာကြတာပေါ့"
ချန်းကျင်းက အူကြောင်ကြောင်နိုင်စွာဖြင့် သူ့ကို စိုက်ကြည့်လာခဲ့၏။
"ဟန်ဆောင်လက်ထပ်ဖို့? အဲ့ဒီလိုက..ဖြစ်နိုင်သေးလို့လား"
"အရမ်းကို ဖြစ်နိုင်တာပေါ့"
ချန်းရွှီ၏ပုံစံသည်ကား အပြည့်အဝ စိတ်ပိုင်းဖြတ်ပြီးပုံ ပေါ်လေသည်။
"အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဥပဒေတွေကြောင့် ဟန်ဆောင်လက်ထပ်တဲ့ အကျိုးဆောင်လုပ်ငန်းလေးတွေ ပေါ်လာရတယ်လေ။ ကျိန်းသေပေါက် အဲ့ဒီလိုလုပ်ငန်းက တရားမဝင်ဘူးဆိုပေမဲ့ ကာယကံရှင် နှစ်ဦးသားကသာ သီးသန့်စာချုပ်မှာ သဘောတူလက်မှတ်ထိုးထားမယ်ဆိုရင် ဘယ်သူက ဝင်ရှုပ်လို့ရမှာတဲ့လဲ?"
ချန်းကျင်းသည် မူလအစကတည်းက တခြားတစ်ယောက်ယောက်ကို ကျပန်းလက်ထပ်လိုက်ရန် ပြင်ဆင်ပြီးဖြစ်သည့်တိုင် ဤမျှထိ အဆင်ပြေမည့် နည်းလမ်းမျိုး ရှိနေဆဲဖြစ်လိမ့်မည်လို့တော့ မမျှော်လင့်ထားခဲ့မိပါချေ။ သူက အပျော်လွန်သွားဟန်ဖြင့် ဆိုသည်။
"အဲ့ဒီလိုမျိုးက တကယ်အဆင်ပြေတာပဲ။ ဒါဆို သင့်တော်တဲ့လူတစ်ယောက်ယောက်ကို အချိန်တိုအတွင်း ရှာဖို့ကရော လွယ်ပါ့မလား?"
ချန်းရွှီက ညီဖြစ်သူ၏မျက်နှာကို ထိတွေ့လိုက်ရင်း ခပ်ဖွဖွ ပြုံး၏။
"ကိုကြီး ဒီကိစ္စကို ဖြေရှင်းလိုက်ပါ့မယ်။ အဲ့ဒါကြောင့် မင်းက အိမ်မှာပဲ စိတ်အေးလက်အေးနဲ့ နေနေ ဟုတ်ပြီလား?"
ချန်းကျင်းအတွက်မူ အစ်ကိုဖြစ်သူ၏စကားလုံးတိုင်းသည်ကား စိတ်သက်သာရာ ရစေသည်ချည်းပင်။ ထို့ကြောင့် သူသည် ဘာမျှထပ်၍ တွေးပူမနေတော့ပါဘဲ ခေါင်းကိုသာ တဆတ်ဆတ် ငြိမ့်ပြလာခဲ့မိလေတော့သည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ချန်းရွှီက လျင်မြန်စွာ လှုပ်ရှားနေခဲ့ဟန်တူ၏။ ထိုနေ့မှစ၍ တစ်ပတ်ကြာပြီးနောက်တွင် သူသည် အိမ်သို့ လူစိမ်း အမျိုးသားတစ်ဦးကို ခေါ်လာခဲ့သည်။ တိတိကျကျဆိုရလျှင် ထိုမတိုင်ခင်ကတည်းက ဖခင်ဖြစ်သူထံမှလည်း ချန်းကျင်း၏ကိုယ်ဝန်နှင့်ပတ်သက်၍ ခွင့်ပြုချက် ရထားပြီး ဖြစ်ရ၏။ ချန်းရွှီမှန်းထားသည့်အတိုင်းပင် ချန်းကျန်းသည် သားဖြစ်သူကို လုထောင်နှင့်ပြန်၍ မပေါင်းဖက်စေချင်ပါချေ။ သို့သော် နေရာအသစ်မှ အခြားသော အမျိုးသားတစ်ဦးနှင့်ဆိုလျှင်မူ ကြည်ဖြူစွာ သဘောတူရသည်ပင်။
သို့နှင့် ဟန်ဆောင်လက်ထပ်မည့်အကြောင်းအား ကြားပြီးနောက်တွင် ချန်းကျန်းက မည်သည့်ကန့်ကွက်မှုမျှ ပြုမလာပါဘဲ ထိုအစား အေးအေးဆေးဆေးနှင့်ပင် ခွင့်ပြုပေးလာခဲ့လေ၏။
သူက ထိုကဲ့သို့ပင် အားပေးစကား ဆိုလာခဲ့သေးသည်။
"ကလေးတစ်ယောက်ကိုတော့ အဖေတို့တွေ ပြုစုပျိုးထောင် နိုင်ပါသေးတယ်။ အခုကစပြီး အဲ့ဒီကလေးက အဖေတို့ချန်းမိသားစုရဲ့ မျိုးဆက်သစ်လေးဖြစ်လာမှာ။ ဒီလိုဆို နောက်အနာဂတ်မှာလည်း ချန်းမိသားစုမျိုးရိုး ဆက်တည်တံ့နိုင်ဦးမှာပဲ"
ချန်းရွှီခေါ်လာသည့် အမျိုးသားသည်ကား ဤဒေသခံတစ်ယောက်ဖြစ်ကာ အိမ်ထဲသို့ ဝင်လာလာချင်းတွင် ထိုလူစိမ်းက အနည်းငယ် နေရခက်နေပုံလည်း ပေါက်၏။ သူ၏ပါးပြင်များက အအေးဒဏ်ကြောင့် နီရဲနေရုံမက နှာခေါင်းထိပ်ဖျားကပါ ရဲတွတ်နေပြန်သေးသည်။ ၎င်းနောက် ချန်းကျင်းကို မြင်သောအခါ ထိုလူ၏ပုံစံမှာ အံ့အားသင့်သွားသည့်ပုံပေါက်၍ ၎င်းနောက် တစ်ဆက်တည်းမှာပင် မျက်နှာထက်၍ ရှက်ပြုံးတစ်ခုက ဖြစ်တည်သွားရပေ၏။
ချန်းကျင်းသည် သူ့ကို ဧည့်ကြိုပြုကာ အနွေးဆုံးတစ်နေရာ၌ ထိုင်စေလျက် လက်ဖက်ရည်ပူပူတစ်ခွက် ငှဲ့ပေးလာခဲ့သည်။ ထိုအခါ တစ်ဖက်မှ ကောင်လေးကလည်း ရှက်ရှက်နှင့်ပင် ဝင်ထိုင်လာခဲ့လေ၏။
ချန်းကျင်းငှဲ့ပေးသည့် လက်ဖက်ရည်အား တစ်ငုံမျှ အချမ်းပြေသောက်ပြီးနောက်တွင် ထိုကောင်လေးက စတင်၍ နှုတ်ဆက်စကားဆိုသည်။
"မင်္ဂလာပါ"
ချန်းကျင်းကလည်း ပြုံးလျက် ပြန်နှုတ်ဆက်၏။
"မင်္ဂလာပါ"
ထို့နောက် သူသည် အစောနကပင် ဖုတ်ပြီးခဲ့ပါသော ကွတ်ကီးများအား လျင်မြန်စွာ ထုတ်ယူလာပေးခဲ့သည်။ ကွတ်ကီးမုန့်ချိုချိုပန်းကန်ကိုမြင်၍ ချိုမြိန်သောအနံ့များအား အနံ့ခံမိသောအခါ တစ်ဖက်လူငယ်လေး၏ မျက်ဝန်းများက တမဟုတ်ချင်း ပြူးကျယ်သွားရ၏။ သို့နှင့် တစ်ခဏမျှ တုံ့ဆိုင်းနေမိပြီးနောက်တွင် သူသည် သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်၍ ကွတ်ကီးမုန့်တစ်ခုကို လွန်စွာမှ အဖိုးတန်သည့် ရတနာတစ်ခုနှယ် သဘောထားကာ အသေအချာ စားသုံးလာခဲ့ပေတော့သည်။
ချန်းရွှီက သူ၏ကုတ်ထူထူအား ချွတ်ရင်း မိတ်ဆက်ပေးလာခဲ့၏။
"သူ့နာမည်က မာယွမ်၊ ဘေးချင်းကပ်ရပ်မြို့က ပိုက်ပြင်သမားတစ်ယောက်လေ။ ပြီးတော့ သူက ဒီနှစ်မှာပဲ အသက်ပြည့်သွားတာ"
"ဒါဆို ၁၈ နှစ်ပဲ ရှိသေးတာပေါ့?"
ချန်းကျင်းက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ဆိုသည်။
"အရမ်းငယ်လွန်းမနေဘူးလား?"
"ကျွန်..ကျွန်တော်က မငယ်တော့ပါဘူး။ လက်ထပ်ခွင့်လက်မှတ်တောင် ရပြီးနေပြီ"
မာယွမ်က အတော်လေး စိတ်အားထက်သန်နေဟန်ဖြင့် ကပျာကယာ စကားဆို၏။ သူ၏ပုံစံသည်ကား ချန်းကျင်းက သူ့အား စိတ်ပျက်သွားမိမည်ကို စိုးရိမ်နေသည့်နှယ်။
"အာ.."
ချန်းကျင်းက ဤမျှသာ အသံပြုလိုက်မိ၍ ဘာမျှထပ်မဆိုလာနိုင်ခဲ့ပါချေ။ ထိုအခါ ချန်းရွှီက ဝင်ထိုင်လာ၍ ရှင်းပြသည်။
"ခဏခဏ လက်ထပ်ခွင့်လျှောက်လွှာ တင်ပြီးသားလူဆိုရင် စစ်ဆေးမှုက ပိုပြီးကြပ်တယ်လေ။ အခု မာယွမ်ဆိုရင်တော့ လွယ်လွယ်ကူကူ ပြီးသွားမှာပဲ။ နောက်ပြီး သူကိုယ်တိုင်ကလည်း ကလေးမွေးပြီး ခြောက်လကြာတဲ့အထိ စောင့်နေပေးမယ်လို့ သဘောတူထားပေးတယ်။ အဲ့ဒါပြီးရင်တော့ ကွာရှင်းကြမယ်။ အနာဂတ်မှာလည်း ဘာအနှောင်အဖွဲ့မှ ရှိမလာနိုင်ဘူး။ ပြီးတော့ ဒီကြားထဲအတွင်း နှစ်ဦးအတူတူမနေဖို့ ၊ ခွင့်ပြုချက်ရအောင် လုပ်ပေးဖို့နဲ့ မီးဖွားတဲ့အခါ ကူညီပေးဖို့ပဲ အဆက်အသွယ် လုပ်မှာဖြစ်တဲ့အကြောင်း သူက သီးသန့်စာချုပ်ချုပ်ပေးဦးမှာ"
မာယွမ်က ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်။
"ဟုတ်ပါတယ်။ ကျွန်..ကျွန်တော် ဘယ်တော့မှ အစ်ကို့ကို ရှုပ်မိစေမယ့် အရာတွေ လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ချလက်ချ နေလို့ရပါတယ်"
"ဟန်ဆောင်လက်ထပ်ခြင်း" ဟူသောအရာက အမှန်တကယ်ပင် အန္တရာယ်များရ၏။ တစ်ဖက်လူက ကတိတည်ထားသည့်အတိုင်း ကွာရှင်းမပေးချင်လျှင် အခက်တွေ့ရမည်ပင်။ ၎င်းကာလအတွင်း တစ်ဖက်ပါတနာက ပစ္စည်းဥစ္စာများ ပိုပိုင်ဆိုင်လိုသည်မျိုး သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်စေသော အပြုအမူများ ကျူးလွန်လာသည်မျိုး ဖြစ်လာခဲ့ပါက ဥပဒေအရ အရေးယူလျှင်တောင် အဆုံးသတ်ကောင်းနိုင်လိမ့်မည် မဟုတ်ပါချေ။
ဤကဲ့သို့ ပြဿနာအရှုပ်အထွေးများသည်ကား ပုံမှန်လူမှုဘဝတွင်လည်း အများအပြား ကြုံတွေ့ရပြီးသား ဖြစ်ရသည်။
သို့သော် ချန်းကျင်းကမူ အစ်ကိုဖြစ်သူ၏ရွေးချယ်မှုနှင့်ပတ်သက်၍ အပြည့်အဝ စိတ်ချယုံကြည်နေခဲ့ပေ၏။ သူက ဆိုသည်။
"ကောင်းပါပြီ။ ငါ မင်းကို ယုံပါတယ်"
၎င်းနောက် ချန်းရွှီက စာချုပ်မူကြမ်းရေးရန်အတွက် ထွက်သွားသောအခါ ဧည့်ခန်းအတွင်း၌ ချန်းကျင်းနှင့်ထိုလူငယ်လေးသာ ကျန်ရှိနေခဲ့ရပေ၏။ တစ်ဖက်လူ၏ပုံစံသည်ကား တစ်ခုခုကို အတော်လေး ချုပ်တည်းထားဟန်ပေါက်ရသည်။ ထို့အပြင် သူ၏အကြည့်များကလည်း တစ်ခုမျှသာ စားသုံးပြီးဖြစ်သော ကွတ်ကီးမုန့်ပန်းကန်ထဲသို့ အချိန်တိုင်းနီးပါး ရောက်နေရပြန်သေး၏။
ထို့ကြောင့် အဆုံး၌ ချန်းကျင်းက ဤကဲ့သို့ ဆိုလာပေးလေသည်။
"မင်း ထပ်စားချင်ရင် စားလို့ရပါတယ်။ ဒါတွေအကုန်လုံး စားလိုက်လည်း ဘာမှမဖြစ်ဘူး"
"ကျေး..ကျေးဇူးတင်ပါတယ်"
သို့သည့်တိုင် မာယွမ်သည် မိမိကိုယ်ကို ဆက်လက်ထိန်းချုပ်နေဆဲဖြစ်၍ ဆက်စားမလာခဲ့ပါချေ။ ထိုအစား သူက မေးခွန်းတစ်ခုကိုသာ ထပ်မေးလာမိလေသည်။
"ဒါဆို ကျွန်တော် မုန့်နှစ်ခုလောက် ယူသွားလို့ရမလား?"
သူ၏တောင်းဆိုချက်အား ကြားကြားချင်း ချန်းကျင်းက အံ့ဩသွားကြောင်း မြင်ရသောအခါ သူသည် ချန်းကျင်းက ၎င်းကို သဘောမတူချင် ဖြစ်မည်ဟု ထင်သွားမိ၏။ ထို့ကြောင့် သူက ကပျာကယာ ရှင်းပြလာလေသည်။
"ကျွန်..ကျွန်တော်က အမေနဲ့ညီမလေး စားဖို့ ယူသွားပေးချင်လို့ပါ။ အထူးသဖြင့် ကျွန်တော့်ညီမလေးပေါ့။ သူက ဒီလိုအရသာရှိတဲ့ မုန့်တွေကို သိပ်မစားဖူးလို့လေ.."
ထိုလူငယ်လေး၏ ရိုးသားသောမျက်ဝန်းများကို ကြည့်ရင်းဖြင့်ပင် ချန်းကျင်း၏နှလုံးသားမှာလည်း အနည်းငယ်မျှ စိတ်မကောင်းဖြစ်သွားရ၏။ သူက ခပ်ဖွဖွ ပြုံးလျက်ဆိုသည်။
"ခဏစောင့်ဦး။ ငါ မင်းအတွက် မုန့်ထုပ်ပေးလိုက်မယ်။ အဲ့ဒါကြောင့် ဒီမုန့်တွေအကုန်လုံးကို မင်း စားသွားလိုက်လို့ ရပါတယ်"
ထိုအခါမှသာ မာယွမ်သည်လည်း ကွတ်ကီးမုန့်များကို အားရပါးရ တဖန်ပြန် စားနိုင်ခဲ့လေသည်။ သူကိုယ်တိုင်က အရမ်းကို ဗိုက်ဆာနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ချန်းကျင်း၏ကွတ်ကီးမုန့်များကိုက အရသာရှိလွန်းနေတာကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သေချာသည်တစ်ခုကတော့ မာယွမ်ဟာ ၎င်းမုန့်များကို ပျော်ရွှင်စွာဖြင့် စားနေခဲ့ခြင်းပါပင်။
သို့နှင့် သိပ်မကြာခင်တွင် တစ်ဖက်လူငယ်၏ အဝတ်အစားများက အနည်းငယ် စုတ်ပြဲနေကြောင်း ချန်းကျင်း သတိထားမိသွားရ၏။ ထိုသို့ဆိုလျှင် မာယွမ်၏မိသားစုအခြေအနေကလည်း အဆင်ပြေဟန် မတူပါချေ။ သို့ကြောင့် သူသည် သူ၏ပထမဆုံးအကြိမ် လက်ထပ်မှုကို ဤကဲ့သို့ ဟန်ဆောင်သည့်အိမ်ထောင်ရေး၌ ငွေကြေးအတွက် အသုံးချရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်လိမ့်မည်။
၎င်းအကြောင်းအား တွေးရင်းဖြင့်ပင် ချန်းကျင်းမှာ အနည်းငယ်မျှ စိတ်မကောင်းဖြစ်သွားရပြန်၏။ ထိုအချိန်တွင် ချန်းရွှီက စာချုပ်တစ်ခုကို ရေးပြီးသွားပြီဖြစ်၍ သူတို့ဆီသို့ ပြန်လာခဲ့လေပြီ။ ၎င်းနောက် မာယွမ်က သူ၏လက်မှတ်ကို စာချုပ်ပေါ်တွင် ရေးထိုးလိုက်ရင်း ရုတ်တရက် အမေးဆိုလိုက်သည်။
"စကားမစပ် ကျွန်တော် ဘယ်အချိန်လောက် လက်ထပ်ခွင့်လျှောက်လွှာ သွားတင်ရမှာလဲ"
ချန်းရွှီကဆို၏။
"မနက်ဖြန်"
"ဟုတ်။ ကောင်းပါပြီ"
တစ်ဖက်မှ ချန်းကျင်းကမူ အနည်းငယ် အံ့အားသင့်လျက်။
"မမြန်လွန်းဘူးလား?"
ချန်းရွှီက ပြန်ဖြေသည်။
"မင်းဗိုက်က တစ်ခါတလေ နာတတ်တယ် မဟုတ်လား။ မြန်မြန်ပြီးလေ ပိုကောင်းလေပဲပေါ့"
ထုံးစံအတိုင်းပင် ချန်းကျင်းသည် အစ်ကိုဖြစ်သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဘာမျှကန့်ကွက်မလာခဲ့ပါချေ။ သို့နှင့် ကိစ္စအားလုံးပြီး၍ မာယွမ်က ပြန်မည်ပြုသောအခါ ချန်းကျင်းသည် ကွတ်ကီးမုန့်ထုပ်ကြီးတစ်ထုပ်နှင့် ဆွယ်တာတစ်ထည်ကို တစ်ဖက်လူဆီသို့ ကမ်းပေးလာခဲ့လေသည်။
သူ၏အပြုအမူနှင့်ပတ်သက်၍ မာယွမ်က အနည်းငယ် ဇဝေဇဝါဖြစ်နေကြောင်း တွေ့ရသောအခါ ချန်းကျင်းက ဤကဲ့သို့ ဆိုလာ၏။
"ဒီဆွယ်တာက အဖေ့အတွက် အရင်ကထိုးပေးခဲ့ဖူးတာလေ။ ဒါပေမဲ့ အခု သေးနေပြီမို့ စိတ်မရှိဘူးဆိုရင် မင်း ဝတ်လိုက်ပါ့လား"
"တကယ်လား? ကြည့်ရတာ အရမ်းနွေးမယ့်ပုံပဲ.."
ရုတ်တရက်ဆိုသလိုပင် တစ်ဖက်လူငယ်လေး၏ မျက်ဝန်းများမှာ အံ့ဩမှု ဝမ်းသာမှုများနှင့် ရောပြွန်းသွားရ၏။ ထို့အပြင် ၎င်းဆွယ်တာကို စိတ်ချလက်ချ မယူရဲသည့် စိုးထိတ်မှုများကလည်း တစ်စွန်းတစ်စ ရှိနေရပြန်သေးသည်။
ချန်းကျင်းက ထုံးစံအတိုင်း ခပ်ဖွဖွ ပြုံးလျက် စကားဆို၏။
"ကဲလာ..အခုပဲ ဒီဟာကို ဝတ်သွားလိုက်တော့။ အပြင်ဘက်မှာ အရမ်းအေးတယ်လေ။ ဒီဆွယ်တာနဲ့ဆို ပိုပြီး နွေးသွားမှာ.."
"ကျေးဇူးတင်ပါတယ်..တကယ် ကျေးဇူးတင်ပါတယ်"
လက်ရှိဝတ်ထားသော အနွေးထည်က လုံလုံလောက်လောက် နွေးမည့်ပုံမပေါ်သောကြောင့် မာယွမ်သည်လည်း ကျိန်းသေပေါက် ချမ်းနေမှာပင်။ ထို့အပြင် သူ၏ကုတ်အကျႌအောက်ရှိ အပေါ်ဝတ်အကျႌမှာလည်း ပါးလျနေပြန်သေး၏။ မာယွမ်သည် သူ၏အနွေးထည်ကုတ်ကို ချွတ်လိုက်၍ ချန်းကျင်းပေးသော ဆွယ်တာကို ဂရုတစိုက် ဝတ်ဆင်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မီးခိုးရင့်ရောင် ဆွယ်တာက သူနှင့်ကွတ်တိ တော်နေခဲ့ကာ သူ့ကိုလည်း အရင်ကထက်ပို၍ အနည်းငယ် သန့်သန့်ပြန့်ပြန့် ဖြစ်သွားစေသေး၏။
"အရမ်းနွေးတာပဲ"
မာယွမ်သည် အပျော်လွန်၍ ဘာလုပ်သင့်မှန်းလည်း ကောင်းကောင်း မသိနိုင်တော့ပါချေ။ ထို့နောက် သူက ချန်းကျင်းအား တဖန်ပြန်ကြည့်လိုက်ရင်း ခံစားချက်အပြည့်နှင့် စကားဆိုလာခဲ့လေသည်။
"ကျေးဇူးတင်ပါတယ်"
ချန်းကျင်းကမူ ဤကဲ့သို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခံရသည်နှင့် အနည်းငယ် နေသားမကျပင်။ သို့သည့်တိုင် သူသည် ၎င်းနှင့်ပတ်သက်၍ လုံးဝ သဘောမကျခြင်းတော့ မရှိခဲ့။
သို့နှင့် မာယွမ်ထွက်သွားပြီးနောက်တွင် ချန်းကျင်းက အစ်ကိုဖြစ်သူကို ဟန်ဆောင်လက်ထပ်ပေးခြင်း၏ အဖိုးအခအား မေးမြန်းကြည့်လိုက်ရာ ၎င်းက လွန်စွာမှ နည်းနေကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် တစ်ဖက်လူအတွက် အနည်းငယ်မျှ စိတ်မကောင်း ဖြစ်မိသွားရလေသည်။
မကြာမီအတွင်းပင် ဤဝမ်းနည်းသည့် အငွေ့အသက်တို့က ချန်းကျင်း၏မျက်နှာပြင်ထက်၌ အထင်းသားပေါ်လာရသောအခါ ချန်းရွှီက သူ၏ပါးပြင်တစ်ဖက်အား ခပ်ဖွဖွ ဖျစ်ညှစ်လိုက်ရင်း နှစ်သိမ့်စကားဆိုပေတော့၏။
"ကဲပါ။ အခုချိန်မှာ တခြားလူကို သနားမနေသေးနဲ့ဦး။ ကိုကြီးတို့မှာလည်း ငွေအများကြီး ရှိတာ မဟုတ်ဘူးလေ။ အနာဂတ်မှာ ပိုအဆင်ပြေလာတဲ့အခါမှ သူ့ကို နစ်နာကြေးထပ်ပေးကြတာပေါ့ ဟုတ်ပြီလား"
ချန်းကျင်းက ခပ်ဖွဖွ ခေါင်းငြိမ့်ပြရင်း ဆို၏။
"ဒီကမ္ဘာက..တကယ်ကို အရမ်းဆင်းရဲတာပဲ"
"ဒါကြောင့် ဒီနေရာကို တိုးတက်အောင် ကိုကြီးလည်း အလုပ်ကြိုးစားပေးနေတာပေါ့"
အမှန်အတိုင်းဆိုရလျှင် ဤကဲ့သို့ ဟန်ဆောင်လက်ထပ်ရန် ဆုံးဖြတ်ပြီးနောက်၌ ချန်းကျင်းအနေဖြင့် လုံးဝ အဆင်ပြေနေခဲ့ရခြင်းမျိုးလည်း မဟုတ်ရပါပေ။ နာကျင်သည့် အခိုက်အတန့်များ ရှိခဲ့ရသည်ပင်။ သို့သော် မတွေးသင့်သည့် အတွေးများ ပေါ်ပေါက်လာသည့်အခါတိုင်းတွင် သူသည် မိမိ၏ဆန္ဒအလုံးစုံကို အကြောင်းပြချက်တစ်ခုဖြင့် ထုံးစံအတိုင်း ပြင်းပြင်းထန်ထန် ဖယ်ရှားခဲ့ရသည်။ ထို့နောက် မျက်လုံးစုံမှိတ်၍ ၎င်းကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ဆိုရင်း မိမိကိုယ်ကို အိပ်ပျော်စေရန် ကြိုးစားခဲ့ရ၏။ သူ့အနေဖြင့် အလားတူအမှားမျိုးကို နောက်ထပ်ဆက်၍ မလုပ်မိမှ ဖြစ်မည် မဟုတ်ပါလား။
နောက်တစ်နေ့မနက်စောစောတွင် ချန်းရွှီက သူ့အား မြို့လယ်ခေါင်ရှိ ရုံးဆီသို့ ခေါ်သွားပေး၏။ ထိုအခါ မာယွမ်သည်ကား သူ့ထက်ကြို၍ ရောက်နှင့်နေပြီးပြီပင်။ နံပါတ် ၂၉ ကမ္ဘာ၏ လက်ထပ်ခွင့်လျှောက်လွှာတင်ရုံးက အင်ပါယာကမ္ဘာကဲ့သို့ မဟုတ်သောကြောင့် အွန်လိုင်းပေါ်မှတစ်ဆင့် လျှောက်လွှာတင်၍ မရပါချေ။ ထို့ကြောင့် သူတို့အနေဖြင့် ၎င်းမှဝန်ထမ်းဖြစ်သူက အလုပ်မလာခင်တွင် ရုံးရှေ့၌ အချိန်အကြာကြီး စောင့်နေဖို့ လိုအပ်သည်။ ထို့အပြင် ၎င်းလျှောက်လွှာက သက်ဆိုင်သူနှစ်ဦးသာ ကိုင်တွယ်နိုင်မည်ဖြစ်သောကြောင့် ချန်းကျင်းနှင့်မာယွမ်သာ ရုံးထဲသို့ ဝင်ခွင့်ရှိလေ၏။
လက်ထပ်ခြင်းအမှုအတွက် လာရောက်ခြင်း ဟုတ်မဟုတ် မေးမြန်းပြီးနောက်တွင် ဝန်ထမ်းဖြစ်သူက မာယွမ်၏ အိုင်ဒီကတ်အား ဦးစွာ မေးလာခဲ့သည်။ ဤအာကာသရှိ လူတိုင်းတွင် ကိုယ်ပိုင် အိုင်ဒီကတ်ရှိ၍ ၎င်းက လူတစ်ဦးတည်းအပိုင်သာ ဖြစ်ရ၏။ ထို့အပြင် ၎င်းအိုင်ဒီကတ်ကို မွေးဖွားသည့်အချိန်မှစ၍ ပိုင်ဆိုင်နိုင်ခြင်းဖြစ်ကာ သေဆုံးသွားသည်အထိလည်း ၎င်းအိုင်ဒီကတ်ကို ပယ်ဖျက်လိုက်ခြင်း မရှိပါချေ။
"၁၈ နှစ်ပြည့်ခါစပဲ ရှိသေးတာလား? မင်းကြည့်ရတာ အတော်လေး စိတ်မရှည် ဖြစ်နေတဲ့ပုံပဲ"
ဝန်ထမ်းဖြစ်သူက မာယွမ့်အား ဤကဲ့သို့ စနောက်စကား ဆိုလာခဲ့၏။ နံပါတ် ၂၉ ကမ္ဘာသည်ကား လူဦးရေနည်း၍ နေထိုင်သူတော်တော်များများမှာလည်း ရိုးအကြသောကြောင့် မည်သူကမျှ သူတို့ကို ဟန်ဆောင်လက်ထပ်ခြင်း ဖြစ်မည်ဟု မျှော်လင့်ထားလိမ့်မည် မဟုတ်ပါချေ။
ဝန်ထမ်းဖြစ်သူ၏စကားကြောင့် မာယွမ်သည် အတော်လေး ရှက်ရွံ့သွားမိကာ စကားပင် များများ မပြောရဲတော့ပါချေ။
ထိုအခါ ဝန်ထမ်းဖြစ်သူက သဘောကျစွာ ပြုံးလျက် ချန်းကျင်းကို စကားဆက်ဆို၏။
"ကဲ ကောင်လေး၊ မင်းရဲ့အိုင်ဒီကတ်ကို ပြောပါဦး"
ချန်းကျင်းသည် သူ၏လက်ချောင်းများကို ဆုပ်လိုက်ရင်း နံပါတ်အစဉ်တစ်ခုကို ပြောပြလာကာ တစ်ဖက်လူက ၎င်းတို့အား တစ်လုံးချင်းစီ ရိုက်မှတ်နေသည်ကို ကြည့်နေခဲ့မိသည်။ ထိုသို့ကြည့်နေရင်းနှင့်ပင် ရုတ်တရက် လုထောင်နှင့်အတူ လက်ထပ်လျှောက်လွှာတင်ခဲ့ဖူးသည်ကို ပြန်အမှတ်ရမိသွားသဖြင့် သူ၏နှလုံးသားတစ်ခုလုံးမှာ နာကျင်သွားရပြန်၏။ သို့သော် ချက်ချင်းပင် သူသည် ၎င်းနာကျင်မှုဒဏ်မှ မိမိကိုယ်ကို အတင်းဆွဲနှုတ်လိုက်ပေတော့သည်။
၎င်းက လှပသည့် အမှတ်တရမျိုး မဟုတ်သည့်အတွက် ပြန်တွေးပါက သူ့အနေဖြင့် စိတ်ရှုပ်ရမည်ပင်။
တွေးကြည့်ခါမှ စရိုက်ကွဲဖြစ်တည်သည့် ကာလမှလွဲ၍ ကျန်သောအချိန်များတွင် သူနှင့်လုထောင်ကြား၌ အမှန်တကယ်ကို အမှတ်တရ ကောင်းကောင်း မရှိခဲ့ရပါချေ။
ထို့ကြောင့် တစ်ဖက်လူကို လက်လွှတ်ပေးလိုက်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်လေမည်။
ဤသို့ ဆုံးဖြတ်ချက်ချရင်းနှင့် ချန်းကျင်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို တိတ်တဆိတ်ချလိုက်ကာ "အားလုံးပြီးပြီ" ဟူသော စကားတစ်ခွန်းအား ကြားရန် စောင့်ဆိုင်းနေမိသည်။ သို့သော် တကယ့်လက်တွေ့၌မူ တစ်ဖက်ရှိ ဝန်ထမ်းဖြစ်သူက အံ့ဩစွာဖြင့် ကွန်ပျူတာစခရင်ကိုသာ ကြည့်နေခဲ့ပေ၏။ ထို့နောက် သူက ချန်းကျင်းကို ထူးဆန်းသောမျက်ဝန်းများနှင့် စိုက်ကြည့်လာရင်း ရိုးသားစွာ ဆိုပေတော့သည်။
"မစ္စတာချန်း ၊ မင်းက ထပ်ပြီး လက်ထပ်လို့ မရဘူးလေ"
"ဟင် ..ဘာလို့လဲ?"
ချန်းကျင်းကမူ ဇဝေဇဝါ။ ၎င်းနောက် ရုတ်တရက် သူသည် သူတို့၏ဟန်ဆောင်လက်ထပ်ခြင်း အကြောင်းအား တစ်ဖက်လူက ရိပ်မိသွားပြီဟုပင် သွားတွေးမိသေးလေသည်။
ဝန်ထမ်းဖြစ်သူက ကွန်ပျူတာစခရင်ကို ချန်းကျင်းဘက်သို့ လှည့်ပေးလိုက်ကာ ၎င်းထက်မှ စာတန်းများအား မြင်သာအောင် ပြလာပေး၏။
"မင်းရဲ့အိမ်ထောင်ရေးက အခုထိ တရားဝင်ဖြစ်နေတုန်းပဲလို့ ဒီမှာ ပြထားတယ်။ တကယ်လို့ မင်းက မစ္စတာမာယွမ်နဲ့ လက်ထပ်ချင်တယ်ဆိုရင် အရင်ဆုံး တစ်ဖက်လူနဲ့ ကွာရှင်းပြီးဖို့ လိုတယ်လေ။ ဒါမှ နောက်ထပ် လက်ထပ်လျှောက်လွှာ တင်လို့ရမှာပေါ့။ အဲ့ဒါမှ အားလုံး အဆင်ပြေမှာ..မဟုတ်ဘူးလား?"
"အ..အခုထိ မကွာရှင်းရသေးဘူး?"
ချန်းကျင်းသည် မယုံကြည်နိုင်စွာဖြင့် တစ်ဒင်္ဂမျှ ကြောင်နေခဲ့မိသည်။ အမှန်တကယ်ပင် ကွန်ပျူတာစခရင်ထက်၌ သူ၏အိမ်ထောင်ရေး အချက်အလက်စာတမ်းက အပြည့်ရှိနေခြင်းဖြစ်ကာ ခင်ပွန်းသည်ဟူသော နေရာတွင်လည်း "လုထောင်" အမည်က ထင်ထင်ရှားရှား ရှိနေပြန်သေး၏။
ချန်းကျင်းသည် သူ၏လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိရင်း တုန်ရီစွာဖြင့် စကားဆိုလာသည်။
"ဒါ..system ကိုက မှားနေတာ မဖြစ်နိုင်ဘူးလား။ ကျွန်တော် တကယ် ကွာရှင်းခွင့်လျှောက်လွှာ တင်ခဲ့ပြီးသားပါ။ အဲ့ဒီလိုဆိုရင် ပယ်ချခံလိုက်ရစရာ အကြောင်းမရှိတာကို.."
TN : လာမယ့်ပိတ်ရက် ကိုယ့်အိမ်မှာ အလှူရှိပါတယ်။ ဒါကြောင့် မစခင် ဒီတစ်ပတ်လောက်အတွင်း ဟိုသွား ဒီသွား ကူလုပ်ဘာညာနဲ့ တကယ်ကို အရင်လို မအားခဲ့တာပါ။ ပြီးတော့ နောက်အပိုင်းကိုလည်း နောက်အပတ် ဗုဒ္ဓဟူးနေ့မှပဲ တင်ပေးနိုင်လောက်မှာလို့ ခန့်မှန်းထားပါတယ်။
စောင့်ပေးတဲ့လူတွေကို တကယ်ပဲ အားနာရပါတယ်။ သို့ပေမဲ့ ကိုယ့်ကို နားလည်ပေးနိုင်ဖို့လည်း မျှော်လင့်တယ်..
I'm so sorry guys ,and thank you too ><
Zawgyi
လက္ထပ္မွတ္ပံုတင္ျခင္း
"ကြၽန္ေတာ္တို႔ရဲ႕ စမ္းသပ္ေရးပစၥည္းေတြက အေကာင္းဆံုးေတာ့ မဟုတ္ဘူးဗ်။ အဲ့ဒါေၾကာင့္ ေနာက္ဆံုးေပၚ အဆင့္ျမင့္ ကိုယ္ဝန္စစ္ကိရိယာနဲ႔မွ သေႏၶသားစတည္ခ်ိန္ကို အတိအက် သိႏိုင္မွာ.."
၎သည္ကား စစ္ေဆးခ်က္ရလဒ္မ်ားကို သတ္လတ္ပိုင္း အမ်ိဳးသားေဒါက္တာတစ္ဦးက တစ္ဒဂၤမွ် ၾကည့္႐ႈၿပီးေနာက္တြင္ ခ်န္းက်င္းကိုေျပာလာေသာ စကားမ်ား ျဖစ္ေပ၏။
"မိခင္ရဲ႕ကိုယ္ထည္အေနအထားက ေကာင္းပါတယ္။ ကေလးလည္း က်န္းက်န္းမာမာ႐ွိၿပီး ဘာမူမမွန္တာမွ မေတြ႔ရဘူး။ ဒါေပမဲ့ ပိုၿပီးစိတ္ခ်ရေအာင္ လိုအပ္တဲ့ စစ္ေဆးမႈေတြ ထပ္လုပ္ဖို႔ မနက္ျဖန္ ထပ္လာခဲ့ေပးပါ"
ခ်န္းက်င္း : "ဟုတ္..."
ခ်န္းက်င္း၏စိတ္အစဥ္က ယခုအခ်ိန္ထိ ႐ႈပ္ေထြးေနဆဲ ျဖစ္ေသာေၾကာင့္ ဆရာဝန္ေျပာသည့္စကားမ်ားအား တစ္ဝက္မွ်သာ နားေထာင္ႏိုင္ခဲ့၏။ သို႔ေသာ္ ခ်န္းရႊီကမူ သူ႔ထက္ပို၍ တည္ၿငိမ္ေနခဲ့သည္ပင္။
ခ်န္းရႊီက အေမးဆို၏။
"ဒါဆို ေဒါက္တာ ၊ အစာစားတာ ေသာက္တာေတြနဲ႔ လႈပ္႐ွားမႈေတြမွာေရာ ေ႐ွာင္ရမွာမ်ိဳးေတြ ႐ွိဦးမလား။ ေနာက္ၿပီး စကားမစပ္ သူ ေရပူစမ္းမွာေရာ ေရခ်ိဳးလို႔ ရရဲ႕လား"
"ေရပူစမ္းမွာ မခ်ိဳးတာ အေကာင္းဆံုးပါပဲ"
ဆရာဝန္ျဖစ္သူက အေလးအနက္ ဆက္ဆိုလာ၏။
"ေနာက္ၿပီး ပံုမွန္အာဟာရျပည့္ ျဖည့္စြက္စာေတြနဲ႔လည္း မလံုေလာက္ႏိုင္ေတာ့ဘူး။ ဒီ့ထက္ပိုၿပီး ေကာင္းတဲ့ အစားအစာေတြကို စားေပးဖို႔ လိုတယ္။ တကယ္လို႔ အဲ့ဒါအတြက္ မတတ္ႏိုင္ဘူးဆိုရင္ ရပ္ကြက္ေထာက္ပံ့ေရး ေကာ္မတီကိုသြားၿပီး အကူအညီေတာင္းလို႔လည္း ရပါတယ္။ စကားမစပ္ မင္းတို႔ေတြက အခုမွ စေျပာင္းလာတဲ့လူေတြ မဟုတ္လား။ ငါ အရင္က တစ္ခါမွ မေတြ႔မိလို႔.."
ခ်န္း႐ႊီ : "ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီကိုေျပာင္းလာတာ တစ္လေက်ာ္ေက်ာ္ေလာက္ပဲ ႐ွိေသးတယ္။ သိပ္မၾကာေသးဘူး"
"ဪ.."
ေဒါက္တာျဖစ္သူက ညင္သာစြာျပံဳးရင္း စကားဆိုသည္။
"တကယ္ေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ကိုယ္ဝန္သည္ေတြအတြက္ လူမႈဖူလွံုေရး ေထာက္ပံ့မႈေတြ ေကာင္းေကာင္း႐ွိတယ္။ မင္းတို႔သာ အဲ့ဒီအတြက္ ေလွ်ာက္လႊာတင္လိုက္ရင္ အာဟာရျပည့္ၿပီး လတ္ဆတ္တဲ့ အစားအစာေတြလည္း ေန႔တိုင္း ရႏိုင္မွာ။ ေနာက္ၿပီး ကိုယ္ဝန္ေဆာင္ေနစဥ္ကာလကစ ကေလးေမြးဖြားၿပီးခ်ိန္ထိ ေဆးရံုကို လာသမွ်တစ္ေလွ်ာက္လံုး က်သမွ် အဖိုးအခေတြကလည္း အကုန္လံုး ဖရီးပဲေလ"
"အာ~အေတာ္ေလး ေကာင္းတာပဲ"
၎ေနာက္ ေဒါက္တာျဖစ္သူက သူတို႔ႏွစ္ေယာက္လံုးကို ၾကည့္လိုက္ရင္း စူးစမ္းစြာျဖင့္ ရုတ္တရက္ အေမးဆို၏။
"စကားမစပ္ ႏွစ္ေယာက္သားက ဘယ္လိုပတ္သက္တာလဲ"
"ညီအစ္ကိုေတြပါ"
ထိုအခါ ေဒါက္တာ၏မ်က္ႏွာထားက ပို၍ စူးစမ္းခ်င္စိတ္အျပည့္ ျဖစ္လာရေလၿပီ။
"ဒါဆို သူ႔ရဲ႕အမ်ိဳးသားကေရာ?"
ခ်န္းက်င္းက မည္ကဲ့သို႔ ျပန္ေျဖရမွန္း မသိပါဘဲ ထိတ္လန္႔သြားမိေသာ္လည္း ခ်န္းရႊီကမူ ထိုသို႔ မျဖစ္ခဲ့ပါေခ်။ သူက တည္ၿငိမ္ေသာေလသံျဖင့္ အေျဖျပဳလာသည္။
"တကယ္ေတာ့ သူ႔အမ်ိဳးသားက ဒီအေၾကာင္းကို သိေတာင္မသိေသးဘူး။ အဲ့ဒါေၾကာင့္ အဲ့ဒီကိစၥကို ေျဖ႐ွင္းဖို႔ အခ်ိန္နည္းနည္းေလာက္ ၾကာလိမ့္မယ္"
"ဪ အဲ့ဒီလိုလား။ ဒါဆို တတ္ႏိုင္သမွ် အျမန္ဆံုး ေျဖ႐ွင္းၿပီးဖို႔ လိုမယ္ေနာ္။ ျပင္ဆင္ေနဆဲကာလအတြင္းမွာ တစ္ဖက္ပါတနာရဲ႕ လက္မွတ္လည္း လိုေသးတာမို႔ေလ"
သို႔ႏွင့္ စကားေျပာျခင္းအမႈ ၿပီးဆံုးသြားေသာအခါ ခ်န္းရႊီသည္ ညီျဖစ္သူကို ကူ၍ ေဆးရံုအျပင္ဘက္သို႔ တြဲေခၚလာေပးခဲ့သည္။ ၎ေနာက္ အျပင္ဘက္မွ ေလေအးေအးမ်ားကို ခံစားရသည့္အခ်ိန္မွသာ ခ်န္းက်င္းကိုယ္တိုင္ကလည္း အနည္းငယ္ သတိျပန္လည္လာရျခင္း ျဖစ္၏။ သတိျပန္လည္လာလာခ်င္း သတိထားမိသည့္ ပထမဆံုးအရာသည္ကား သူ၏လက္ေခ်ာင္းမ်ား တုန္ရီေနေၾကာင္းသာ။
ခ်န္းက်င္းသည္ ေဘးနားမွ အစ္ကိုျဖစ္သူကို လွည့္ၾကည့္လိုက္၍ စိတ္ပူစြာျဖင့္ အေမးဆိုလာမိသည္။
"ကိုႀကီး..."
ခ်န္းရႊီက တည္ၿငိမ္စြာ ဆို၏။
"အရင္ဆံုး အိမ္ျပန္ရေအာင္။ ၿပီးမွ ဆက္ေျပာၾကတာေပါ့"
ခ်န္းညီအစ္ကိုႏွစ္ေယာက္ အိမ္ျပန္ေရာက္ေသာအခါ ခ်န္းက်န္းကလည္း အိမ္သို႔ ျပန္ေရာက္ေနၿပီး ျဖစ္၏။ သူသည္ မီးဖိုေ႐ွ႕က ကုလားထိုင္တြင္ထိုင္၍ စာအုပ္တစ္အုပ္ကို ဖတ္ေနျခင္းျဖစ္ကာ တစ္ဖက္တြင္လည္း အိမ္နီးနားခ်င္းအခ်ိဳ႕က ေပးခဲ့ဖူးေသာ လက္ဖက္ရြက္မ်ားအား အိုးတစ္လံုးျဖင့္ က်ိဳခ်က္ေနခဲ့သည္။ သို႔ျဖစ္၍ ဧည့္ခန္းတစ္ခန္းလံုးတြင္ လက္ဖက္ရည္အနံ႔မ်ားက ေမႊးႀကိဳင္ေနခဲ့ရေပ၏။
ညီအစ္ကိုႏွစ္ေယာက္ အတူတူျပန္လာသည္ကို ျမင္ရေသာအခါ ခ်န္းက်န္းသည္ အနည္းငယ္ အံ့ဩသြားဟန္တူသည္။
"ဒီေလာက္ေနာက္က်ေနၿပီကို..ညီအစ္ကို ႏွစ္ေယာက္ ဘယ္သြားၿပီး ျပန္လာၾကတာလဲ?"
သို႔ႏွင့္ ခ်န္းက်င္းက အမွန္အတိုင္း ေျဖရန္ ဟန္ျပင္လိုက္ခ်ိန္တြင္ တစ္ဖက္မွ ခ်န္းရႊီက ဘာမွ်စဥ္းစားမေနပါဘဲ ဦးစြာႀကိဳ၍ အေျဖျပန္ျပဳလိုက္ေလ၏။
"ဟင္းခတ္အေမႊးအႀကိဳင္ေတြ မ႐ွိေတာ့လို႔ စတိုးဆိုင္ဆီ သြားတာပါ"
"ဘာမွ မဝယ္ခဲ့ၾကဘူးလား?"
"ပစၥည္းျပတ္ေနတယ္တဲ့"
ဤကဲ့သို႔ ခ်န္းရႊီက မ်က္ေတာင္တစ္ခ်က္မခတ္ပါဘဲ မုသားစကားဆိုေသာအခါ တစ္ဖက္မွ ခ်န္က်န္းကလည္း ၎အေၾကာင္းႏွင့္ပတ္သက္၍ ညည္းညဴျပလာေပေတာ့သည္။
"အဲ့ဒါကေတာ့ အမွန္ပဲ။ ဒီေနရာမွာက ပစၥည္းစံုစံုလင္လင္ မ႐ွိဘူး။ ေနာက္ၿပီး ဘယ္ဟာမဆို ဝယ္ရတာလည္း ခက္တယ္"
"ဟုတ္တာပဲေနာ္။ အင္းေလ ဘာပဲေျပာေျပာ ဒီကမာၻရဲ႕စီးပြားေရးအေျခအေနကိုက နိမ့္တာကိုး.."
ဤသို႔ စကားအနည္းငယ္မွ် ေျပာဆိုၿပီးေနာက္တြင္ ခ်န္းရႊီသည္ ညီျဖစ္သူကို အေပၚထပ္သို႔ ေခၚသြားေပးသည္။ သို႔ႏွင့္ ေနာက္ဆံုး ခ်န္းက်င္း၏အိပ္ခန္းထဲသို႔ ညီအစ္ကိုႏွစ္ေယာက္စလံုး ဝင္သြားၿပီးေသာအခါ ခ်န္းက်င္းက ဦးစြာ အေမးဆိုေလေတာ့၏။
"ကိုႀကီး ၊ ဘာလို႔ အေဖ့ကို လိမ္ေျပာလိုက္တာလဲ? သူ႔ကို..ဒီအေၾကာင္း မေျပာျပေတာ့ဘူးလား"
"မင္း ဆံုးျဖတ္ခ်က္ခ်ၿပီးမွ အေဖ့ကိုေျပာျပဖို႔ ကိုႀကီးက စဥ္းစားထားတာ။ အဲ့ဒီလိုမဟုတ္ရင္ အေဖ့ရဲ႕သေဘာထားေၾကာင့္ မင္းရဲ႕ဆံုးျဖတ္ခ်က္အေပၚ ထိခိုက္သြားမွာစိုးလို႔"
"အေဖ့ရဲ႕သေဘာထား?"
"အခု အေဖက ဒီမွာေနရတာ အသားက်ေနၿပီလို႔ မင္းေရာ မထင္ဘူးလား။ က်န္တဲ့သက္တမ္းတစ္ဝက္ေလာက္ကို ဒီမွာပဲ ကုန္ဆံုးသြားေတာ့မယ့္ပံုစံနဲ႔ အိမ္က ထြက္သြားတိုင္းလည္း ေပ်ာ္ရႊင္ေနၿပီး ျပန္လာတဲ့အခါတိုင္းလည္း ေပ်ာ္ေနတာေလ။ အဲ့ဒါထက္ ပိုအေရးႀကီးတာက အေဖက လုေထာင္ကို စေတြ႔ကတည္းက အခုထိ တစ္ေလွ်ာက္လံုး သေဘာမက်ခဲ့ဘူး။ အဲ့ဒီလိုဆိုရင္ မင္းအတြက္ ေရြးခ်ယ္စရာဆိုလို႔ တျခားေယာက်္ားတစ္ေယာက္ကို လက္ထပ္ဖို႔ပဲ ႐ွိလိမ့္မယ္"
ခ်န္းရႊီက ေလသံေဖ်ာ့ေဖ်ာ့ေလးႏွင့္ စကားဆက္၏။
"ေ႐ွာင္က်င္း ၊ မင္းမွာ အျမဲတမ္းနီးပါး ကိုယ္ပိုင္ထင္ျမင္ခ်က္ မ႐ွိခဲ့တာမို႔ အခုကိစၥမွာ အေဖ့သေဘာထားအတြက္ေၾကာင့္နဲ႔ ကိုယ့္ခံစားခ်က္ကို ဆန္႔က်င္ၿပီး ဆံုးျဖတ္ခ်က္အမွား ခ်လိုက္မိမွာ ကိုႀကီး စိုးရိမ္တယ္"
ခ်န္းက်င္းက ခါးသက္သက္ ျပံဳးလိုက္ကာ ေလသံတိုးတိုးေလးႏွင့္ စကားဆိုသည္။
"တကယ္လည္း ကြၽန္ေတာ့္မွာ ကိုယ္ပိုင္ထင္ျမင္ခ်က္မွ မ႐ွိတာ..ဘာလုပ္ရမွန္းလည္း မသိေတာ့ဘူး"
ထို႔ေနာက္ သူသည္ အိမ္ရာထက္၌ ထိုင္ခ်လိုက္ကာ သူ၏ေခါင္းေပၚမွ ဦးထုပ္ကို ေျဖးေျဖးခ်င္း ခြၽတ္လိုက္ရင္း ၎ဦးထုပ္ထက္႐ွိ ႏွင္းမႈန္မ်ားကို ခပ္ဖြဖြ ပုတ္ခ်လိုက္ေလ၏။
"ဒါေပမဲ့ ကြၽန္ေတာ္ အဲ့ဒီလိုလည္း မလုပ္ခ်င္ဘူး။ သူ႔ကိုခ်ည္ေႏွာင္ဖို႔ ကေလးယူၿပီး အသံုးခ်တာမ်ိဳး.."
မူလအစကတည္းက အတင္းအၾကပ္ တြန္းအားေပးထားခဲ့ေသာ လက္ထပ္ျခင္းအမႈ ျဖစ္ေနခဲ့သည္ပင္။ အကယ္၍ ခ်န္းက်င္းထံ၌သာ ျပန္စရန္အခြင့္႐ွိခဲ့မည္ဆိုလွ်င္ သူသည္ က်ိန္းေသေပါက္ ထိုကဲ့သို႔ တြန္းအားေပးလိမ့္မည္ မဟုတ္ပါေခ်။ တစ္ဖက္လူဆီမွ စိတ္ဝင္စားမႈကိုရရန္ မိမိကိုယ္တိုင္ အေကာင္းဆံုး ႀကိဳးစား၍ လိုက္ခဲ့မိလိမ့္မည္။ တစ္ဖက္လူက သူ႔ကို ျပန္သေဘာမက်လာလွ်င္ေတာင္ အဆင္ေျပပါေသးသည္။ ထိုအခါတြင္ သူသည္ အေနာက္သို႔ အနည္းငယ္မွ် ဆုတ္လိုက္ကာ တစ္ဖက္လူအတြက္ စိတ္႐ႈပ္စရာ မျဖစ္ေအာင္ ေနေပးမိလိမ့္မည္။ သူ,မပိုင္ဆိုင္ရသည့္ လူတစ္ေယာက္ကို အတင္းအၾကပ္ ခ်ဳပ္ေႏွာင္သည္မ်ိဳး လုပ္မည့္အစား ထိုကဲ့သို႔သာ အေလွ်ာ့ေပးခဲ့မိမွာပင္။
"၇ ႏွစ္လံုးလံုး...ကြၽန္ေတာ္ သူ႔ကို အဲ့ဒီေလာက္ အခ်ိန္အၾကာႀကီး ဆြဲထားခဲ့မိတာ"
ခ်န္းရႊီက ညီျဖစ္သူ၏ေခါင္းအား ခပ္ဖြဖြ ထိေတြ႔လာခဲ့၏။ တစ္ခဏမွ်ၾကာၿပီးေနာက္မွ သူက စကားဆိုသည္။
"ဒါဆိုလည္း ဟန္ေဆာင္လက္ထပ္ဖို႔အတြက္ တျခားတစ္ေယာက္ကို ႐ွာၾကတာေပါ့"
ခ်န္းက်င္းက အူေၾကာင္ေၾကာင္ႏိုင္စြာျဖင့္ သူ႔ကို စိုက္ၾကည့္လာခဲ့၏။
"ဟန္ေဆာင္လက္ထပ္ဖို႔? အဲ့ဒီလိုက..ျဖစ္ႏိုင္ေသးလို႔လား"
"အရမ္းကို ျဖစ္ႏိုင္တာေပါ့"
ခ်န္းရႊီ၏ပံုစံသည္ကား အျပည့္အဝ စိတ္ပိုင္းျဖတ္ၿပီးပံု ေပၚေလသည္။
"အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး ခ်မွတ္ထားတဲ့ ဥပေဒေတြေၾကာင့္ ဟန္ေဆာင္လက္ထပ္တဲ့ အက်ိဳးေဆာင္လုပ္ငန္းေလးေတြ ေပၚလာရတယ္ေလ။ က်ိန္းေသေပါက္ အဲ့ဒီလိုလုပ္ငန္းက တရားမဝင္ဘူးဆိုေပမဲ့ ကာယကံရွင္ ႏွစ္ဦးသားကသာ သီးသန္႔စာခ်ဳပ္မွာ သေဘာတူလက္မွတ္ထိုးထားမယ္ဆိုရင္ ဘယ္သူက ဝင္႐ႈပ္လို႔ရမွာတဲ့လဲ?"
ခ်န္းက်င္းသည္ မူလအစကတည္းက တျခားတစ္ေယာက္ေယာက္ကို က်ပန္းလက္ထပ္လိုက္ရန္ ျပင္ဆင္ၿပီးျဖစ္သည့္တိုင္ ဤမွ်ထိ အဆင္ေျပမည့္ နည္းလမ္းမ်ိဳး ႐ွိေနဆဲျဖစ္လိမ့္မည္လို႔ေတာ့ မေမွ်ာ္လင့္ထားခဲ့မိပါေခ်။ သူက အေပ်ာ္လြန္သြားဟန္ျဖင့္ ဆိုသည္။
"အဲ့ဒီလိုမ်ိဳးက တကယ္အဆင္ေျပတာပဲ။ ဒါဆို သင့္ေတာ္တဲ့လူတစ္ေယာက္ေယာက္ကို အခ်ိန္တိုအတြင္း ႐ွာဖို႔ကေရာ လြယ္ပါ့မလား?"
ခ်န္းရႊီက ညီျဖစ္သူ၏မ်က္ႏွာကို ထိေတြ႔လိုက္ရင္း ခပ္ဖြဖြ ျပံဳး၏။
"ကိုႀကီး ဒီကိစၥကို ေျဖ႐ွင္းလိုက္ပါ့မယ္။ အဲ့ဒါေၾကာင့္ မင္းက အိမ္မွာပဲ စိတ္ေအးလက္ေအးနဲ႔ ေနေန ဟုတ္ၿပီလား?"
ခ်န္းက်င္းအတြက္မူ အစ္ကိုျဖစ္သူ၏စကားလံုးတိုင္းသည္ကား စိတ္သက္သာရာ ရေစသည္ခ်ည္းပင္။ ထို႔ေၾကာင့္ သူသည္ ဘာမွ်ထပ္၍ ေတြးပူမေနေတာ့ပါဘဲ ေခါင္းကိုသာ တဆတ္ဆတ္ ၿငိမ့္ျပလာခဲ့မိေလေတာ့သည္။
၎ကိစၥႏွင့္ပတ္သက္၍ ခ်န္းရႊီက လ်င္ျမန္စြာ လႈပ္႐ွားေနခဲ့ဟန္တူ၏။ ထိုေန႔မွစ၍ တစ္ပတ္ၾကာၿပီးေနာက္တြင္ သူသည္ အိမ္သို႔ လူစိမ္း အမ်ိဳးသားတစ္ဦးကို ေခၚလာခဲ့သည္။ တိတိက်က်ဆိုရလွ်င္ ထိုမတိုင္ခင္ကတည္းက ဖခင္ျဖစ္သူထံမွလည္း ခ်န္းက်င္း၏ကိုယ္ဝန္ႏွင့္ပတ္သက္၍ ခြင့္ျပဳခ်က္ ရထားၿပီး ျဖစ္ရ၏။ ခ်န္းရႊီမွန္းထားသည့္အတိုင္းပင္ ခ်န္းက်န္းသည္ သားျဖစ္သူကို လုေထာင္ႏွင့္ျပန္၍ မေပါင္းဖက္ေစခ်င္ပါေခ်။ သို႔ေသာ္ ေနရာအသစ္မွ အျခားေသာ အမ်ိဳးသားတစ္ဦးႏွင့္ဆိုလွ်င္မူ ၾကည္ျဖဴစြာ သေဘာတူရသည္ပင္။
သို႔ႏွင့္ ဟန္ေဆာင္လက္ထပ္မည့္အေၾကာင္းအား ၾကားၿပီးေနာက္တြင္ ခ်န္းက်န္းက မည္သည့္ကန္႔ကြက္မႈမွ် ျပဳမလာပါဘဲ ထိုအစား ေအးေအးေဆးေဆးႏွင့္ပင္ ခြင့္ျပဳေပးလာခဲ့ေလ၏။
သူက ထိုကဲ့သို႔ပင္ အားေပးစကား ဆိုလာခဲ့ေသးသည္။
"ကေလးတစ္ေယာက္ကိုေတာ့ အေဖတို႔ေတြ ျပဳစုပ်ိဳးေထာင္ ႏိုင္ပါေသးတယ္။ အခုကစၿပီး အဲ့ဒီကေလးက အေဖတို႔ခ်န္းမိသားစုရဲ႕ မ်ိဳးဆက္သစ္ေလးျဖစ္လာမွာ။ ဒီလိုဆို ေနာက္အနာဂတ္မွာလည္း ခ်န္းမိသားစုမ်ိဳး႐ိုး ဆက္တည္တံ့ႏိုင္ဦးမွာပဲ"
ခ်န္းရႊီေခၚလာသည့္ အမ်ိဳးသားသည္ကား ဤေဒသခံတစ္ေယာက္ျဖစ္ကာ အိမ္ထဲသို႔ ဝင္လာလာခ်င္းတြင္ ထိုလူစိမ္းက အနည္းငယ္ ေနရခက္ေနပံုလည္း ေပါက္၏။ သူ၏ပါးျပင္မ်ားက အေအးဒဏ္ေၾကာင့္ နီရဲေနရံုမက ႏွာေခါင္းထိပ္ဖ်ားကပါ ရဲတြတ္ေနျပန္ေသးသည္။ ၎ေနာက္ ခ်န္းက်င္းကို ျမင္ေသာအခါ ထိုလူ၏ပံုစံမွာ အံ့အားသင့္သြားသည့္ပံုေပါက္၍ ၎ေနာက္ တစ္ဆက္တည္းမွာပင္ မ်က္ႏွာထက္၍ ႐ွက္ျပံဳးတစ္ခုက ျဖစ္တည္သြားရေပ၏။
ခ်န္းက်င္းသည္ သူ႔ကို ဧည့္ႀကိဳျပဳကာ အေႏြးဆံုးတစ္ေနရာ၌ ထိုင္ေစလ်က္ လက္ဖက္ရည္ပူပူတစ္ခြက္ ငွဲ႔ေပးလာခဲ့သည္။ ထိုအခါ တစ္ဖက္မွ ေကာင္ေလးကလည္း ႐ွက္႐ွက္ႏွင့္ပင္ ဝင္ထိုင္လာခဲ့ေလ၏။
ခ်န္းက်င္းငွဲ႔ေပးသည့္ လက္ဖက္ရည္အား တစ္ငံုမွ် အခ်မ္းေျပေသာက္ၿပီးေနာက္တြင္ ထိုေကာင္ေလးက စတင္၍ ႏႈတ္ဆက္စကားဆိုသည္။
"မဂၤလာပါ"
ခ်န္းက်င္းကလည္း ျပံဳးလ်က္ ျပန္ႏႈတ္ဆက္၏။
"မဂၤလာပါ"
ထို႔ေနာက္ သူသည္ အေစာနကပင္ ဖုတ္ၿပီးခဲ့ပါေသာ ကြတ္ကီးမ်ားအား လ်င္ျမန္စြာ ထုတ္ယူလာေပးခဲ့သည္။ ကြတ္ကီးမုန္႔ခ်ိဳခ်ိဳပန္းကန္ကိုျမင္၍ ခ်ိဳၿမိန္ေသာအနံ႔မ်ားအား အနံ႔ခံမိေသာအခါ တစ္ဖက္လူငယ္ေလး၏ မ်က္ဝန္းမ်ားက တမဟုတ္ခ်င္း ျပဴးက်ယ္သြားရ၏။ သို႔ႏွင့္ တစ္ခဏမွ် တံု႔ဆိုင္းေနမိၿပီးေနာက္တြင္ သူသည္ သူ၏လက္တစ္ဖက္ကို ဆန္႔ထုတ္၍ ကြတ္ကီးမုန္႔တစ္ခုကို လြန္စြာမွ အဖိုးတန္သည့္ ရတနာတစ္ခုႏွယ္ သေဘာထားကာ အေသအခ်ာ စားသံုးလာခဲ့ေပေတာ့သည္။
ခ်န္းရႊီက သူ၏ကုတ္ထူထူအား ခြၽတ္ရင္း မိတ္ဆက္ေပးလာခဲ့၏။
"သူ႔နာမည္က မာယြမ္၊ ေဘးခ်င္းကပ္ရပ္ၿမိဳ႕က ပိုက္ျပင္သမားတစ္ေယာက္ေလ။ ၿပီးေတာ့ သူက ဒီႏွစ္မွာပဲ အသက္ျပည့္သြားတာ"
"ဒါဆို ၁၈ ႏွစ္ပဲ ႐ွိေသးတာေပါ့?"
ခ်န္းက်င္းက အနည္းငယ္ အံ့အားသင့္သြားဟန္ျဖင့္ ဆိုသည္။
"အရမ္းငယ္လြန္းမေနဘူးလား?"
"ကြၽန္..ကြၽန္ေတာ္က မငယ္ေတာ့ပါဘူး။ လက္ထပ္ခြင့္လက္မွတ္ေတာင္ ရၿပီးေနၿပီ"
မာယြမ္က အေတာ္ေလး စိတ္အားထက္သန္ေနဟန္ျဖင့္ ကပ်ာကယာ စကားဆို၏။ သူ၏ပံုစံသည္ကား ခ်န္းက်င္းက သူ႔အား စိတ္ပ်က္သြားမိမည္ကို စိုးရိမ္ေနသည့္ႏွယ္။
"အာ.."
ခ်န္းက်င္းက ဤမွ်သာ အသံျပဳလိုက္မိ၍ ဘာမွ်ထပ္မဆိုလာႏိုင္ခဲ့ပါေခ်။ ထိုအခါ ခ်န္းရႊီက ဝင္ထိုင္လာ၍ ႐ွင္းျပသည္။
"ခဏခဏ လက္ထပ္ခြင့္ေလွ်ာက္လႊာ တင္ၿပီးသားလူဆိုရင္ စစ္ေဆးမႈက ပိုၿပီးၾကပ္တယ္ေလ။ အခု မာယြမ္ဆိုရင္ေတာ့ လြယ္လြယ္ကူကူ ၿပီးသြားမွာပဲ။ ေနာက္ၿပီး သူကိုယ္တိုင္ကလည္း ကေလးေမြးၿပီး ေျခာက္လၾကာတဲ့အထိ ေစာင့္ေနေပးမယ္လို႔ သေဘာတူထားေပးတယ္။ အဲ့ဒါၿပီးရင္ေတာ့ ကြာ႐ွင္းၾကမယ္။ အနာဂတ္မွာလည္း ဘာအေႏွာင္အဖြဲ႔မွ ႐ွိမလာႏိုင္ဘူး။ ၿပီးေတာ့ ဒီၾကားထဲအတြင္း ႏွစ္ဦးအတူတူမေနဖို႔ ၊ ခြင့္ျပဳခ်က္ရေအာင္ လုပ္ေပးဖို႔နဲ႔ မီးဖြားတဲ့အခါ ကူညီေပးဖို႔ပဲ အဆက္အသြယ္ လုပ္မွာျဖစ္တဲ့အေၾကာင္း သူက သီးသန္႔စာခ်ဳပ္ခ်ဳပ္ေပးဦးမွာ"
မာယြမ္က ေခါင္းတဆတ္ဆတ္ ၿငိမ့္ျပလာသည္။
"ဟုတ္ပါတယ္။ ကြၽန္..ကြၽန္ေတာ္ ဘယ္ေတာ့မွ အစ္ကို႔ကို ႐ႈပ္မိေစမယ့္ အရာေတြ လုပ္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ စိတ္ခ်လက္ခ် ေနလို႔ရပါတယ္"
"ဟန္ေဆာင္လက္ထပ္ျခင္း" ဟူေသာအရာက အမွန္တကယ္ပင္ အႏၱရာယ္မ်ားရ၏။ တစ္ဖက္လူက ကတိတည္ထားသည့္အတိုင္း ကြာ႐ွင္းမေပးခ်င္လွ်င္ အခက္ေတြ႔ရမည္ပင္။ ၎ကာလအတြင္း တစ္ဖက္ပါတနာက ပစၥည္းဥစၥာမ်ား ပိုပိုင္ဆိုင္လိုသည္မ်ိဳး သို႔မဟုတ္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစေသာ အျပဳအမူမ်ား က်ဴးလြန္လာသည္မ်ိဳး ျဖစ္လာခဲ့ပါက ဥပေဒအရ အေရးယူလွ်င္ေတာင္ အဆုံးသတ္ေကာင္းႏိုင္လိမ့္မည္ မဟုတ္ပါေခ်။
ဤကဲ့သို႔ ျပႆနာအ႐ႈပ္အေထြးမ်ားသည္ကား ပံုမွန္လူမႈဘဝတြင္လည္း အမ်ားအျပား ၾကံဳေတြ႔ရၿပီးသား ျဖစ္ရသည္။
သို႔ေသာ္ ခ်န္းက်င္းကမူ အစ္ကိုျဖစ္သူ၏ေရြးခ်ယ္မႈႏွင့္ပတ္သက္၍ အျပည့္အဝ စိတ္ခ်ယံုၾကည္ေနခဲ့ေပ၏။ သူက ဆိုသည္။
"ေကာင္းပါၿပီ။ ငါ မင္းကို ယံုပါတယ္"
၎ေနာက္ ခ်န္းရႊီက စာခ်ဳပ္မူၾကမ္းေရးရန္အတြက္ ထြက္သြားေသာအခါ ဧည့္ခန္းအတြင္း၌ ခ်န္းက်င္းႏွင့္ထိုလူငယ္ေလးသာ က်န္႐ွိေနခဲ့ရေပ၏။ တစ္ဖက္လူ၏ပံုစံသည္ကား တစ္ခုခုကို အေတာ္ေလး ခ်ဳပ္တည္းထားဟန္ေပါက္ရသည္။ ထို႔အျပင္ သူ၏အၾကည့္မ်ားကလည္း တစ္ခုမွ်သာ စားသံုးၿပီးျဖစ္ေသာ ကြတ္ကီးမုန္႔ပန္းကန္ထဲသို႔ အခ်ိန္တိုင္းနီးပါး ေရာက္ေနရျပန္ေသး၏။
ထို႔ေၾကာင့္ အဆံုး၌ ခ်န္းက်င္းက ဤကဲ့သို႔ ဆိုလာေပးေလသည္။
"မင္း ထပ္စားခ်င္ရင္ စားလို႔ရပါတယ္။ ဒါေတြအကုန္လံုး စားလိုက္လည္း ဘာမွမျဖစ္ဘူး"
"ေက်း..ေက်းဇူးတင္ပါတယ္"
သို႔သည့္တိုင္ မာယြမ္သည္ မိမိကိုယ္ကို ဆက္လက္ထိန္းခ်ဳပ္ေနဆဲျဖစ္၍ ဆက္စားမလာခဲ့ပါေခ်။ ထိုအစား သူက ေမးခြန္းတစ္ခုကိုသာ ထပ္ေမးလာမိေလသည္။
"ဒါဆို ကြၽန္ေတာ္ မုန္႔ႏွစ္ခုေလာက္ ယူသြားလို႔ရမလား?"
သူ၏ေတာင္းဆိုခ်က္အား ၾကားၾကားခ်င္း ခ်န္းက်င္းက အံ့ဩသြားေၾကာင္း ျမင္ရေသာအခါ သူသည္ ခ်န္းက်င္းက ၎ကို သေဘာမတူခ်င္ ျဖစ္မည္ဟု ထင္သြားမိ၏။ ထို႔ေၾကာင့္ သူက ကပ်ာကယာ ႐ွင္းျပလာေလသည္။
"ကြၽန္..ကြၽန္ေတာ္က အေမနဲ႔ညီမေလး စားဖို႔ ယူသြားေပးခ်င္လို႔ပါ။ အထူးသျဖင့္ ကြၽန္ေတာ့္ညီမေလးေပါ့။ သူက ဒီလိုအရသာ႐ွိတဲ့ မုန္႔ေတြကို သိပ္မစားဖူးလို႔ေလ.."
ထိုလူငယ္ေလး၏ ႐ိုးသားေသာမ်က္ဝန္းမ်ားကို ၾကည့္ရင္းျဖင့္ပင္ ခ်န္းက်င္း၏ႏွလံုးသားမွာလည္း အနည္းငယ္မွ် စိတ္မေကာင္းျဖစ္သြားရ၏။ သူက ခပ္ဖြဖြ ျပံဳးလ်က္ဆိုသည္။
"ခဏေစာင့္ဦး။ ငါ မင္းအတြက္ မုန္႔ထုပ္ေပးလိုက္မယ္။ အဲ့ဒါေၾကာင့္ ဒီမုန္႔ေတြအကုန္လံုးကို မင္း စားသြားလိုက္လို႔ ရပါတယ္"
ထိုအခါမွသာ မာယြမ္သည္လည္း ကြတ္ကီးမုန္႔မ်ားကို အားရပါးရ တဖန္ျပန္ စားႏိုင္ခဲ့ေလသည္။ သူကိုယ္တိုင္က အရမ္းကို ဗိုက္ဆာေနျခင္းေၾကာင့္လည္း ျဖစ္ႏိုင္သည္။ သို႔မဟုတ္ ခ်န္းက်င္း၏ကြတ္ကီးမုန္႔မ်ားကိုက အရသာ႐ွိလြန္းေနတာေၾကာင့္လည္း ျဖစ္ႏိုင္သည္။ မည္သို႔ပင္ျဖစ္ေစ ေသခ်ာသည္တစ္ခုကေတာ့ မာယြမ္ဟာ ၎မုန္႔မ်ားကို ေပ်ာ္ရႊင္စြာျဖင့္ စားေနခဲ့ျခင္းပါပင္။
သို႔ႏွင့္ သိပ္မၾကာခင္တြင္ တစ္ဖက္လူငယ္၏ အဝတ္အစားမ်ားက အနည္းငယ္ စုတ္ျပဲေနေၾကာင္း ခ်န္းက်င္း သတိထားမိသြားရ၏။ ထိုသို႔ဆိုလွ်င္ မာယြမ္၏မိသားစုအေျခအေနကလည္း အဆင္ေျပဟန္ မတူပါေခ်။ သို႔ေၾကာင့္ သူသည္ သူ၏ပထမဆံုးအႀကိမ္ လက္ထပ္မႈကို ဤကဲ့သို႔ ဟန္ေဆာင္သည့္အိမ္ေထာင္ေရး၌ ေငြေၾကးအတြက္ အသံုးခ်ရန္ ေရြးခ်ယ္ခဲ့ရျခင္း ျဖစ္လိမ့္မည္။
၎အေၾကာင္းအား ေတြးရင္းျဖင့္ပင္ ခ်န္းက်င္းမွာ အနည္းငယ္မွ် စိတ္မေကာင္းျဖစ္သြားရျပန္၏။ ထိုအခ်ိန္တြင္ ခ်န္းရႊီက စာခ်ဳပ္တစ္ခုကို ေရးၿပီးသြားၿပီျဖစ္၍ သူတို႔ဆီသို႔ ျပန္လာခဲ့ေလၿပီ။ ၎ေနာက္ မာယြမ္က သူ၏လက္မွတ္ကို စာခ်ဳပ္ေပၚတြင္ ေရးထိုးလိုက္ရင္း ႐ုတ္တရက္ အေမးဆိုလိုက္သည္။
"စကားမစပ္ ကြၽန္ေတာ္ ဘယ္အခ်ိန္ေလာက္ လက္ထပ္ခြင့္ေလွ်ာက္လႊာ သြားတင္ရမွာလဲ"
ခ်န္းရႊီကဆို၏။
"မနက္ျဖန္"
"ဟုတ္။ ေကာင္းပါၿပီ"
တစ္ဖက္မွ ခ်န္းက်င္းကမူ အနည္းငယ္ အံ့အားသင့္လ်က္။
"မျမန္လြန္းဘူးလား?"
ခ်န္းရႊီက ျပန္ေျဖသည္။
"မင္းဗိုက္က တစ္ခါတေလ နာတတ္တယ္ မဟုတ္လား။ ျမန္ျမန္ၿပီးေလ ပိုေကာင္းေလပဲေပါ့"
ထံုးစံအတိုင္းပင္ ခ်န္းက်င္းသည္ အစ္ကိုျဖစ္သူ၏ ဆံုးျဖတ္ခ်က္ႏွင့္ ပတ္သက္၍ ဘာမွ်ကန္႔ကြက္မလာခဲ့ပါေခ်။ သို႔ႏွင့္ ကိစၥအားလံုးၿပီး၍ မာယြမ္က ျပန္မည္ျပဳေသာအခါ ခ်န္းက်င္းသည္ ကြတ္ကီးမုန္႔ထုပ္ႀကီးတစ္ထုပ္ႏွင့္ ဆြယ္တာတစ္ထည္ကို တစ္ဖက္လူဆီသို႔ ကမ္းေပးလာခဲ့ေလသည္။
သူ၏အျပဳအမူႏွင့္ပတ္သက္၍ မာယြမ္က အနည္းငယ္ ဇေဝဇဝါျဖစ္ေနေၾကာင္း ေတြ႕ရေသာအခါ ခ်န္းက်င္းက ဤကဲ့သို႔ ဆိုလာ၏။
"ဒီဆြယ္တာက အေဖ့အတြက္ အရင္ကထိုးေပးခဲ့ဖူးတာေလ။ ဒါေပမဲ့ အခု ေသးေနၿပီမို႔ စိတ္မ႐ွိဘူးဆိုရင္ မင္း ဝတ္လိုက္ပါ့လား"
"တကယ္လား? ၾကည့္ရတာ အရမ္းေႏြးမယ့္ပံုပဲ.."
ရုတ္တရက္ဆိုသလိုပင္ တစ္ဖက္လူငယ္ေလး၏ မ်က္ဝန္းမ်ားမွာ အံ့ဩမႈ ဝမ္းသာမႈမ်ားႏွင့္ ေရာႁပြန္းသြားရ၏။ ထို႔အျပင္ ၎ဆြယ္တာကို စိတ္ခ်လက္ခ် မယူရဲသည့္ စိုးထိတ္မႈမ်ားကလည္း တစ္စြန္းတစ္စ ႐ွိေနရျပန္ေသးသည္။
ခ်န္းက်င္းက ထံုးစံအတိုင္း ခပ္ဖြဖြ ျပံဳးလ်က္ စကားဆို၏။
"ကဲလာ..အခုပဲ ဒီဟာကို ဝတ္သြားလိုက္ေတာ့။ အျပင္ဘက္မွာ အရမ္းေအးတယ္ေလ။ ဒီဆြယ္တာနဲ႔ဆို ပိုၿပီး ေႏြးသြားမွာ.."
"ေက်းဇူးတင္ပါတယ္..တကယ္ ေက်းဇူးတင္ပါတယ္"
လက္႐ွိဝတ္ထားေသာ အေႏြးထည္က လံုလံုေလာက္ေလာက္ ေႏြးမည့္ပံုမေပၚေသာေၾကာင့္ မာယြမ္သည္လည္း က်ိန္းေသေပါက္ ခ်မ္းေနမွာပင္။ ထို႔အျပင္ သူ၏ကုတ္အက်ႌေအာက္႐ွိ အေပၚဝတ္အက်ႌမွာလည္း ပါးလ်ေနျပန္ေသး၏။ မာယြမ္သည္ သူ၏အေႏြးထည္ကုတ္ကို ခြၽတ္လိုက္၍ ခ်န္းက်င္းေပးေသာ ဆြယ္တာကို ဂ႐ုတစိုက္ ဝတ္ဆင္လာခဲ့သည္။ ကံေကာင္းေထာက္မစြာျဖင့္ မီးခိုးရင့္ေရာင္ ဆြယ္တာက သူႏွင့္ကြတ္တိ ေတာ္ေနခဲ့ကာ သူ႔ကိုလည္း အရင္ကထက္ပို၍ အနည္းငယ္ သန္႔သန္႔ျပန္႔ျပန္႔ ျဖစ္သြားေစေသး၏။
"အရမ္းေႏြးတာပဲ"
မာယြမ္သည္ အေပ်ာ္လြန္၍ ဘာလုပ္သင့္မွန္းလည္း ေကာင္းေကာင္း မသိႏိုင္ေတာ့ပါေခ်။ ထို႔ေနာက္ သူက ခ်န္းက်င္းအား တဖန္ျပန္ၾကည့္လိုက္ရင္း ခံစားခ်က္အျပည့္ႏွင့္ စကားဆိုလာခဲ့ေလသည္။
"ေက်းဇူးတင္ပါတယ္"
ခ်န္းက်င္းကမူ ဤကဲ့သို႔ လိႈက္လိႈက္လွဲလွဲ ေက်းဇူးတင္ခံရသည္ႏွင့္ အနည္းငယ္ ေနသားမက်ပင္။ သို႔သည့္တိုင္ သူသည္ ၎ႏွင့္ပတ္သက္၍ လံုးဝ သေဘာမက်ျခင္းေတာ့ မ႐ွိခဲ့။
သို႔ႏွင့္ မာယြမ္ထြက္သြားၿပီးေနာက္တြင္ ခ်န္းက်င္းက အစ္ကိုျဖစ္သူကို ဟန္ေဆာင္လက္ထပ္ေပးျခင္း၏ အဖိုးအခအား ေမးျမန္းၾကည့္လိုက္ရာ ၎က လြန္စြာမွ နည္းေနေၾကာင္း သိလိုက္ရ၏။ ထို႔ေၾကာင့္ သူသည္ တစ္ဖက္လူအတြက္ အနည္းငယ္မွ် စိတ္မေကာင္း ျဖစ္မိသြားရေလသည္။
မၾကာမီအတြင္းပင္ ဤဝမ္းနည္းသည့္ အေငြ႔အသက္တို႔က ခ်န္းက်င္း၏မ်က္ႏွာျပင္ထက္၌ အထင္းသားေပၚလာရေသာအခါ ခ်န္းရႊီက သူ၏ပါးျပင္တစ္ဖက္အား ခပ္ဖြဖြ ဖ်စ္ညႇစ္လိုက္ရင္း ႏွစ္သိမ့္စကားဆိုေပေတာ့၏။
"ကဲပါ။ အခုခ်ိန္မွာ တျခားလူကို သနားမေနေသးနဲ႔ဦး။ ကိုႀကီးတို႔မွာလည္း ေငြအမ်ားႀကီး ႐ွိတာ မဟုတ္ဘူးေလ။ အနာဂတ္မွာ ပိုအဆင္ေျပလာတဲ့အခါမွ သူ႔ကို နစ္နာေၾကးထပ္ေပးၾကတာေပါ့ ဟုတ္ၿပီလား"
ခ်န္းက်င္းက ခပ္ဖြဖြ ေခါင္းၿငိမ့္ျပရင္း ဆို၏။
"ဒီကမာၻက..တကယ္ကို အရမ္းဆင္းရဲတာပဲ"
"ဒါေၾကာင့္ ဒီေနရာကို တိုးတက္ေအာင္ ကိုႀကီးလည္း အလုပ္ႀကိဳးစားေပးေနတာေပါ့"
အမွန္အတိုင္းဆိုရလွ်င္ ဤကဲ့သို႔ ဟန္ေဆာင္လက္ထပ္ရန္ ဆံုးျဖတ္ၿပီးေနာက္၌ ခ်န္းက်င္းအေနျဖင့္ လံုးဝ အဆင္ေျပေနခဲ့ရျခင္းမ်ိဳးလည္း မဟုတ္ရပါေပ။ နာက်င္သည့္ အခိုက္အတန္႔မ်ား ႐ွိခဲ့ရသည္ပင္။ သို႔ေသာ္ မေတြးသင့္သည့္ အေတြးမ်ား ေပၚေပါက္လာသည့္အခါတိုင္းတြင္ သူသည္ မိမိ၏ဆႏၵအလံုးစံုကို အေၾကာင္းျပခ်က္တစ္ခုျဖင့္ ထံုးစံအတိုင္း ျပင္းျပင္းထန္ထန္ ဖယ္႐ွားခဲ့ရသည္။ ထို႔ေနာက္ မ်က္လံုးစံုမွိတ္၍ ၎ကသာ အေကာင္းဆံုး ေရြးခ်ယ္မႈျဖစ္ေၾကာင္း ဆိုရင္း မိမိကိုယ္ကို အိပ္ေပ်ာ္ေစရန္ ႀကိဳးစားခဲ့ရ၏။ သူ႔အေနျဖင့္ အလားတူအမွားမ်ိဳးကို ေနာက္ထပ္ဆက္၍ မလုပ္မိမွ ျဖစ္မည္ မဟုတ္ပါလား။
ေနာက္တစ္ေန႔မနက္ေစာေစာတြင္ ခ်န္းရႊီက သူ႔အား ၿမိဳ႕လယ္ေခါင္႐ွိ ရံုးဆီသို႔ ေခၚသြားေပး၏။ ထိုအခါ မာယြမ္သည္ကား သူ႔ထက္ႀကိဳ၍ ေရာက္ႏွင့္ေနၿပီးၿပီပင္။ နံပါတ္ ၂၉ ကမာၻ၏ လက္ထပ္ခြင့္ေလွ်ာက္လႊာတင္ရံုးက အင္ပါယာကမာၻကဲ့သို႔ မဟုတ္ေသာေၾကာင့္ အြန္လိုင္းေပၚမွတစ္ဆင့္ ေလွ်ာက္လႊာတင္၍ မရပါေခ်။ ထို႔ေၾကာင့္ သူတို႔အေနျဖင့္ ၎မွဝန္ထမ္းျဖစ္သူက အလုပ္မလာခင္တြင္ ရံုးေ႐ွ႕၌ အခ်ိန္အၾကာႀကီး ေစာင့္ေနဖို႔ လိုအပ္သည္။ ထို႔အျပင္ ၎ေလွ်ာက္လႊာက သက္ဆိုင္သူႏွစ္ဦးသာ ကိုင္တြယ္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ခ်န္းက်င္းႏွင့္မာယြမ္သာ ရံုးထဲသို႔ ဝင္ခြင့္႐ွိေလ၏။
လက္ထပ္ျခင္းအမႈအတြက္ လာေရာက္ျခင္း ဟုတ္မဟုတ္ ေမးျမန္းၿပီးေနာက္တြင္ ဝန္ထမ္းျဖစ္သူက မာယြမ္၏ အိုင္ဒီကတ္အား ဦးစြာ ေမးလာခဲ့သည္။ ဤအာကာသ႐ွိ လူတိုင္းတြင္ ကိုယ္ပိုင္ အိုင္ဒီကတ္႐ွိ၍ ၎က လူတစ္ဦးတည္းအပိုင္သာ ျဖစ္ရ၏။ ထို႔အျပင္ ၎အိုင္ဒီိကတ္ကို ေမြးဖြားသည့္အခ်ိန္မွစ၍ ပိုင္ဆိုင္ႏိုင္ျခင္းျဖစ္ကာ ေသဆံုးသြားသည္အထိလည္း ၎အိုင္ဒီကတ္ကို ပယ္ဖ်က္လိုက္ျခင္း မ႐ွိပါေခ်။
"၁၈ ႏွစ္ျပည့္ခါစပဲ ႐ွိေသးတာလား? မင္းၾကည့္ရတာ အေတာ္ေလး စိတ္မ႐ွည္ ျဖစ္ေနတဲ့ပံုပဲ"
ဝန္ထမ္းျဖစ္သူက မာယြမ့္အား ဤကဲ့သို႔ စေနာက္စကား ဆိုလာခဲ့၏။ နံပါတ္ ၂၉ ကမာၻသည္ကား လူဦးေရနည္း၍ ေနထိုင္သူေတာ္ေတာ္မ်ားမ်ားမွာလည္း ႐ိုးအၾကေသာေၾကာင့္ မည္သူကမွ် သူတို႔ကို ဟန္ေဆာင္လက္ထပ္ျခင္း ျဖစ္မည္ဟု ေမွ်ာ္လင့္ထားလိမ့္မည္ မဟုတ္ပါေခ်။
ဝန္ထမ္းျဖစ္သူ၏စကားေၾကာင့္ မာယြမ္သည္ အေတာ္ေလး ႐ွက္ရြံ႔သြားမိကာ စကားပင္ မ်ားမ်ား မေျပာရဲေတာ့ပါေခ်။
ထိုအခါ ဝန္ထမ္းျဖစ္သူက သေဘာက်စြာ ျပံဳးလ်က္ ခ်န္းက်င္းကို စကားဆက္ဆို၏။
"ကဲ ေကာင္ေလး၊ မင္းရဲ႕အိုင္ဒီကတ္ကို ေျပာပါဦး"
ခ်န္းက်င္းသည္ သူ၏လက္ေခ်ာင္းမ်ားကို ဆုပ္လိုက္ရင္း နံပါတ္အစဥ္တစ္ခုကို ေျပာျပလာကာ တစ္ဖက္လူက ၎တို႔အား တစ္လံုးခ်င္းစီ ႐ိုက္မွတ္ေနသည္ကို ၾကည့္ေနခဲ့မိသည္။ ထိုသို႔ၾကည့္ေနရင္းႏွင့္ပင္ ႐ုတ္တရက္ လုေထာင္ႏွင့္အတူ လက္ထပ္ေလွ်ာက္လႊာတင္ခဲ့ဖူးသည္ကို ျပန္အမွတ္ရမိသြားသျဖင့္ သူ၏ႏွလံုးသားတစ္ခုလံုးမွာ နာက်င္သြားရျပန္၏။ သို႔ေသာ္ ခ်က္ခ်င္းပင္ သူသည္ ၎နာက်င္မႈဒဏ္မွ မိမိကိုယ္ကို အတင္းဆြဲႏႈတ္လိုက္ေပေတာ့သည္။
၎က လွပသည့္ အမွတ္တရမ်ိဳး မဟုတ္သည့္အတြက္ ျပန္ေတြးပါက သူ႔အေနျဖင့္ စိတ္႐ႈပ္ရမည္ပင္။
ေတြးၾကည့္ခါမွ စ႐ိုက္ကြဲျဖစ္တည္သည့္ ကာလမွလြဲ၍ က်န္ေသာအခ်ိန္မ်ားတြင္ သူႏွင့္လုေထာင္ၾကား၌ အမွန္တကယ္ကို အမွတ္တရ ေကာင္းေကာင္း မ႐ွိခဲ့ရပါေခ်။
ထို႔ေၾကာင့္ တစ္ဖက္လူကို လက္လႊတ္ေပးလိုက္ျခင္းကသာ အေကာင္းဆံုးေရြးခ်ယ္မႈ ျဖစ္လိမ့္ေလမည္။
ဤသို႔ ဆံုးျဖတ္ခ်က္ခ်ရင္းႏွင့္ ခ်န္းက်င္းသည္ သက္ျပင္း႐ွည္ႀကီးတစ္ခ်က္ကို တိတ္တဆိတ္ခ်လိုက္ကာ "အားလံုးၿပီးၿပီ" ဟူေသာ စကားတစ္ခြန္းအား ၾကားရန္ ေစာင့္ဆိုင္းေနမိသည္။ သို႔ေသာ္ တကယ့္လက္ေတြ႔၌မူ တစ္ဖက္႐ွိ ဝန္ထမ္းျဖစ္သူက အံ့ဩစြာျဖင့္ ကြန္ပ်ဴတာစခရင္ကိုသာ ၾကည့္ေနခဲ့ေပ၏။ ထို႔ေနာက္ သူက ခ်န္းက်င္းကို ထူးဆန္းေသာမ်က္ဝန္းမ်ားႏွင့္ စိုက္ၾကည့္လာရင္း ႐ိုးသားစြာ ဆိုေပေတာ့သည္။
"မစၥတာခ်န္း ၊ မင္းက ထပ္ၿပီး လက္ထပ္လို႔ မရဘူးေလ"
"ဟင္ ..ဘာလို႔လဲ?"
ခ်န္းက်င္းကမူ ဇေဝဇဝါ။ ၎ေနာက္ ႐ုတ္တရက္ သူသည္ သူတို႔၏ဟန္ေဆာင္လက္ထပ္ျခင္း အေၾကာင္းအား တစ္ဖက္လူက ရိပ္မိသြားၿပီဟုပင္ သြားေတြးမိေသးေလသည္။
ဝန္ထမ္းျဖစ္သူက ကြန္ပ်ဴတာစခရင္ကို ခ်န္းက်င္းဘက္သို႔ လွည့္ေပးလိုက္ကာ ၎ထက္မွ စာတန္းမ်ားအား ျမင္သာေအာင္ ျပလာေပး၏။
"မင္းရဲ႕အိမ္ေထာင္ေရးက အခုထိ တရားဝင္ျဖစ္ေနတုန္းပဲလို႔ ဒီမွာ ျပထားတယ္။ တကယ္လို႔ မင္းက မစၥတာမာယြမ္နဲ႔ လက္ထပ္ခ်င္တယ္ဆိုရင္ အရင္ဆံုး တစ္ဖက္လူနဲ႔ ကြာ႐ွင္းၿပီးဖို႔ လိုတယ္ေလ။ ဒါမွ ေနာက္ထပ္ လက္ထပ္ေလွ်ာက္လႊာ တင္လို႔ရမွာေပါ့။ အဲ့ဒါမွ အားလံုး အဆင္ေျပမွာ..မဟုတ္ဘူးလား?"
"အ..အခုထိ မကြာ႐ွင္းရေသးဘူး?"
ခ်န္းက်င္းသည္ မယံုၾကည္ႏိုင္စြာျဖင့္ တစ္ဒဂၤမွ် ေၾကာင္ေနခဲ့မိသည္။ အမွန္တကယ္ပင္ ကြန္ပ်ဴတာစခရင္ထက္၌ သူ၏အိမ္ေထာင္ေရး အခ်က္အလက္စာတမ္းက အျပည့္႐ွိေနျခင္းျဖစ္ကာ ခင္ပြန္းသည္ဟူေသာ ေနရာတြင္လည္း "လုေထာင္" အမည္က ထင္ထင္႐ွား႐ွား ႐ွိေနျပန္ေသး၏။
ခ်န္းက်င္းသည္ သူ၏လက္ေခ်ာင္းမ်ားကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိရင္း တုန္ရီစြာျဖင့္ စကားဆိုလာသည္။
"ဒါ..system ကိုက မွားေနတာ မျဖစ္ႏိုင္ဘူးလား။ ကြၽန္ေတာ္ တကယ္ ကြာ႐ွင္းခြင့္ေလွ်ာက္လႊာ တင္ခဲ့ၿပီးသားပါ။ အဲ့ဒီလိုဆိုရင္ ပယ္ခ်ခံလိုက္ရစရာ အေၾကာင္းမ႐ွိတာကို.."
TN : လာမယ့္ပိတ္ရက္ ကိုယ့္အိမ္မွာ အလႉ႐ွိပါတယ္။ ဒါေၾကာင့္ မစခင္ ဒီတစ္ပတ္ေလာက္အတြင္း ဟိုသြား ဒီသြား ကူလုပ္ဘာညာနဲ႔ တကယ္ကို အရင္လို မအားခဲ့တာပါ။ ၿပီးေတာ့ ေနာက္အပိုင္းကိုလည္း ေနာက္အပတ္ ဗုဒၶဟူးေန႔မွပဲ တင္ေပးႏိုင္ေလာက္မွာလို႔ ခန္႔မွန္းထားပါတယ္။
ေစာင့္ေပးတဲ့လူေတြကို တကယ္ပဲ အားနာရပါတယ္။ သို႔ေပမဲ့ ကိုယ့္ကို နားလည္ေပးႏိုင္ဖို႔လည္း ေမွ်ာ္လင့္တယ္..
I'm so sorry guys ,and thank you too ><