သာယာ၍နေသာသည့် ထိုနေ့တစ်နေ့မှာပဲ အားကစားကွင်းထဲတွင် အော်သံတွေ အဆက်မပြတ်ထွက်လာခဲ့တယ်။
‘‘အားးးးးးးးးးးး!!!”
ကောကျစ်ရှုန်းကဝောာ့ နားပိတ်ပြီး အနောက်ဆုတ်သွားတယ်။ သူ့မယ် အားတွေလည်း ကုန်လှပြီ။
‘‘ရှောင်ရွဲ့ရယ် တော်ပါတော့ ငါ့နားတွေလည်း ကန်းတော့မယ်...”
‘‘မရဘူး မရဘူး!! တော်တော်ဖြစ်နေပြီ! ငါ့မျက်စိရှေ့မှာတင် ကြေညာလိုက်တာကို! ဘယ်လိုလုပ် ရင်မခုန်ပဲနေပါ့မလဲ!! ငါတော့ ပေါက်ကွဲထွက်တော့မှာပဲ!!!အားးးးး!”
တခြားClass 1ကျောင်းသားတွေကလည်း နားတွေပိတ်ပြီး ခပ်ဝေးဝေးပြေးကြတယ်။
‘‘တာ့ရှုန်း မင်းကောင်မလေးကို လူနည်းတဲ့နေရာ မြန်မြန်ခေါ်ထုတ်သွားစမ်းပါ”
‘‘ဘယ်နေရာကများ လူနည်းလို့လဲ၊ ကျောင်းဆင်းချိန်ဆိုမှတော့ နေရာတိုင်းလူတွေရှိနေတဲ့ဟာကို”
ဟန်မုန့်က ထရပ်ပြီး ပြောတယ်။
‘‘ထားလိုက်တော့ သွားကြမယ် ရုံးခန်းကိုသွားကြည့်ရအောင်၊ ဟိုနှစ်ယောက် သွားတာကြာလှပြီကို ဘာလို့ပြန်မလာသေးတာလဲ မသိဘူး....”
‘‘ငါ့အထင်တော့ မနက်ဖြန်ထိအောင် ပြန်လာမှာမဟုတ်လောက်ဘူး”
ကျန်းခဲ့က ပြုံးစိစိနဲ့
‘‘တကယ့်နှစ်ကောင်ကွာ၊ ကြေညာတာတောင် တစ်ကျောင်းလုံးကို ရှော့ခ်ရအောင်လုပ်သွားတယ်၊ မင်းတို့မြင်လိုက်ကြလား စင်ပေါ်ကို ချဲယ်ကော တက်သွားတုန်းက ကျန်းကျောက်ကျူးကြီး ကြောင်နေတာလေ မျက်လုံးတွေလည်း ပြူးသွားတာမှ ပြုတ်ထွက်မတတ်ကိုပဲ ဟားဟားဟား ငါအူတက်လို့ သေတော့မှာပဲ!”
...
အကြောင်းကို ဆက်ရရင်တော့ ကျန်းရင်ဖုန်းမှာ ရှော့ခ်ရရာကနေ ခုထိလည်း ကြောင်တောင်တောင်ဖြစ်နေတုန်းပဲ။
ရုံးခန်းအတွင်းမှာ :
‘‘.....မင်းတို့နှစ်ယောက်က?”
‘‘ဟုတ် ကျွန်တော်တို့နှစ်ယောက်ပါ”
ရင်းချဲယ်က ပြန်ပြောတယ်။
နှစ်ယောက်ကို ကျန်းရင်ဖုန်း ကြည့်လိုက်တယ်။ တစ်ယောက်က ဖော်ရွေနွေးထွေးတယ် တစ်ယောက်က anti-social
သူငယ်ချင်းတွေဖြစ်ဖို့တောင် စိတ်ကူးကြည့်လို့မရတာ၊ ဘယ့်နှယ်လုပ် တွဲသွားကြတာလဲ?
အရေးအကြီးဆုံးအချက်ကတော့ တကယ်သာတွဲနေကြတယ်ဆိုရင် ရန်ဖြစ်ခဲ့တဲ့ကျန့်ယောင်အခြေအနေကလည်း လုံး၀ပြောင်းလဲသွားပြီ။
alphaတစ်ယောက်က သူ့အပိုင် omegaကို ကာကွယ်ပေးတယ်ဆိုတာက ဖြစ်သင့်ဖြစ်ထိုက် ဂုဏ်ယူထိုက်တဲ့ နည်းဥပဒေတစ်ခု၊ နားလည်ပေးလို့ရသလို အကျိုးကြောင်းလည်းသင့်တယ်။ ဒါ့အပြင် ချန်းဟောင်ရဲ့အပြုအမူ စကားလုံး လုပ်ရပ်တွေကနေ ပြန်ကြည့်မယ်ဆိုလည်း ရင်းချဲယ်အပေါ် ပိုးပန်းပုံက တကယ်လွန်လွန်းတယ်၊ အဲ့တော့ သူ့သက်ဆိုင်သူက ပြန်တုံ့ပြန်တာ ဒါသဘာ၀ပဲ။ အကုန်ခြုံကြည့်လိုက်ရင် ဒါကို ကျောင်းတွင်းအနိုင်ကျင့်ခြင်းလို့ ပြောလို့မရတော့ဘူး။
ဒါပေမယ့် အဲ့လိုဆို မေးစရာတစ်ခုရှိလာတယ် :
‘‘ဘယ်လိုဖြစ်လို့ ဗြုန်းစားကြီး မင်းက omegaဖြစ်သွားရတာလဲ?”
ကျန်းရင်ဖုန်းနားမလည်နိုင်တာ အဲ့ဒါ။
‘‘physical examinationတွေ စစ်တော့လည်း betaပါ၊ မင်းလိမ်ထားတာတော့ မဟုတ်ဘူးမလား?”
‘‘physical examinationက အချက်လက်တွေကအမှန်ပါ၊ gender(a,b,o) columnမှာပဲ ပြောင်းလိုက်တာပါ၊ ဒီကိစ္စကို ကျောင်းအုပ်ကြီးကိုလည်း ကျွန်တော့်မိဘတွေ ပြောထားပေမယ့် ကျန်တဲ့လူတွေအားလုံးကိုတော့ အကြောင်းတချို့ကြောင့် လျှို့ဝှက်ထားတာပါ၊ တောင်းပန်ပါတယ်”
ကျောင်းအုပ်ကြီးကတောင် လက်ခံထားမှတော့ သူ့လိုသင်ကြားရေးဆရာတစ်ယောက်က ဘာများပြောနိုင်တော့မှာလဲ?
‘‘အိမ်း ငါ တကယ်ကို ထင်မထားခဲ့တာ......အဲ့လိုဆို ဒီပြဿနာက ပြေလည်သွားပြီလို့ ပြောလို့ရတယ်မလား? ကျန့်ယောင် မင်း...... ဘာကိစ္စ တခစ်ခစ်ရယ်နေတာလဲ!”
‘‘ကျွန်တော် အပျော်လွန်နေလို့ပါ လောင်ရှီး မအောင့်နိုင်လို့ ဟိဟိ”
ရင်းချဲယ်က သူ့ကိုမျက်စောင်းတစ်ချက် လှမ်းထိုးပြီး
‘‘ထပ်ရယ်နေပြန်ပြီလား?”
ချက်ချင်းပဲ ကျန့်ယောင်က ပေါကြောင်ကြောင်ရယ်နေ
ရာက ရပ်သွားပြီး ရုပ်တည်ဖြစ်သွားတယ်။
‘‘လောင်ရှီးဗျ အတန်းဖော်ချန်းကို ကျွန်တော် ခွင့်လွှတ်ပေးလိုက်လို့ရပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ချစ်သူကို ထပ်မထိပါးသရွေ့ပေါ့”
'ကျွန်တော့်ရဲ့'ဆိုတဲ့ စကားလုံးကိုမှ သူများမကြားမှာစိုးလို့ တမင်ဖိပြောလိုက်တယ်။
‘‘......မင်းကလည်း သူ့ကိုဆွဲထိုးသေးတယ်၊ ဟိုကတောင် ဘာမှမပြောရသေးဘူး၊ မင်းကခွင့်လွှတ်တယ်လုပ်နေသေး ငါ့နှယ် ဘယ်သူအပြစ်ရှိလဲ ငါမသိဘူးထင်နေလား၊ မင်းလည်း အဲ့အတွက် အပြစ်ပေးခံရအုံးမှာပဲ”
‘‘ကျန်းလောင်ရှီးဗျ အဲ့လိုလုပ်ဖို့မလိုပါဘူး”
တစ်ချိန်လုံး ငြိမ်နေခဲ့တဲ့ ချန်းဟောင်က ပါးစပ်ဟလာတယ်။
‘‘ကျနော့်ဘက်က ရိုင်းပျခဲ့တာပါ၊ အခြေအနေမသိဘဲ ရင်းချဲယ်ရွှယ်ကျန်းကို ဇွတ်လိုက်ခဲ့လို့ ကျနော်လည်း မှားပါတယ်၊ တောင်းပန်ပါတယ်”
‘‘သူ့ကိုကြည့်စမ်း၊ သိတတ်လိုက်ပုံများ”
ကျန်းလောင်ရှစ်က ကျန့်ယောင်ကိုစိုက်ကြည့်ရင်း ဟိုဘက်က ချန်းဟောင်ကို ဩဝါဒပေးဖို့လည်း မမေ့။
‘‘ကိုယ့်အမှားကို သိသရွေ့ကတော့ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ချန်းဟောင်, မင်းက အခုမှ ပထမနှစ်ပဲရှိသေးတာ အလောတကြီး လက်တွဲဖော်ရှာနေစရာမလိုပါဘူး၊ ပညာရေးကိုပဲ အရင်အာရုံစိုက် ကျန်တာတွေ နောက်မှဖြစ်လာလိမ့်မယ်”
‘‘ဟူတ်ကဲ့ ကျွန်တော် နားလည်ပါပြီ”
...
ကျန်းကျောက်ကျူးလည်း ထပ်ခါထပ်ခါ စဉ်းစားချင့်ချိန်ပြီးမှ နောက်ဆုံးမှာ အရမ်းလည်းမပြင်းထန်ပဲ လေးလေးနက်နက်ရှိတဲ့ ပြစ်ဒဏ်တစ်ခုချမှတ်လိုက်တယ် : ကျန့်ယောင်ကို တစ်ပတ်တိတိ ကျောင်းဆောင်ရဲ့လျှောက်လမ်းတွေမှာ တံမြက်စည်းလှည်းရမယ်လို့။
ပြင်းပြင်းထန်ထန်သဘောမဟုတ်ပဲ အဓိကရည်ရွယ်ချက်ကတော့ အရှက်ကွဲဖို့။ လူတွေဝိုင်းကြည့်နေတဲ့ကြားက တံမြက်စည်းတစ်ချောင်းကိုင်ပြီး လိုက်လှည်းနေရတာက ရှက်တတ်တဲ့ကျောင်းသားအတွက်ကတော့ တကယ့်ကို စိတ်ဆင်းရဲစရာပဲ။
သို့ပေမယ့် ကျန့်ယောင်တစ်ယောက်ကမူ နည်းနည်းမှ ဂရုစိုက်မနေဘူး။
ကျန်းလောင်ရှီးရဲ့ပြစ်ဒဏ်က ပေါ့လွန်းတယ်လို့တောင် တွေးနေသေးတယ်။
‘‘အပြစ်ကဒါမှန်း စောစောကသာသိလို့ကတော့ကွာ အဲ့ကောင်ကို နည်းနည်းလောက် ထပ်ထိုးခဲ့မှာ”
‘‘တိတ်စမ်း၊ ငါကယ်လို့သာမဟုတ်ရင် မင်း ဒီထက်ပိုဆိုးမှာ”
‘‘ဒါပေါ့ ဒါပေါ့ အကုန်လုံးက မင်းကျေးဇူးကြောင့်ပဲ”
အခုသူတို့နှစ်ယောက်က ကျောင်းဆင်းလို့ အိမ်ပြန်နေကြတဲ့လူအုပ်ကြီးကို ဆန့်ကျင်စွာ အဆောင်ဆီကို ပြန်နေတာ။ ဖြတ်သွားတဲ့လူတိုင်းက သူတို့ကို မမြင်ဖူးတဲ့ရှားပါးသတ္တဝါတွေလို တကြည့်ကြည့်လုပ်သွားကြတယ်။
ကျန့်ယောင်က ဘေးမှကောင်စုတ်လေးကို လှမ်းကြည့်ပြီး ခိုးခိုးခစ်ခစ်ထရယ်ပြန်တယ်။
‘‘ချီးမို့လို့ ရယ်နေပြန်တာလား?”
‘‘ပျော်လို့ပါ၊ အခုဆိူ မင်းကငါ့အပိုင်ဆိုတာ တစ်ကျောင်းလုံးသိသွားပြီ”
‘‘ဟုတ်တယ် ငါအရူးကို ရည်းစားတော်ထားတဲ့အကြောင်း တစ်ကျောင်းလုံးသိသွားပြီ”
ရည်းစားတဲ့!
အခု ကောင်စုတ်လေးက သူ့ပါးစပ်ကနေ ကိုယ်တိုင်၀န်ခံလိုက်တာလား!
ကျန့်ယောင်မှာ ပျော်လွန်းလို့ လေပေါ်ပျံတက်တော့မလိုပဲ၊ အသေကို အူမြူးနေတယ်။ ရင်းချဲယ်ကမူ စကားနဲ့တုံ့ပြန်မနေတော့ပဲ သူ့ပါးစပ်ကိုလာအုပ်တယ်။
‘‘တော်လောက်ပြီ”
ကျန့်ယောင်က အရယ်ရပ်အောင်ပြန်ထိန်းပြီးတော့ အုပ်ထားတဲ့ သူ့လက်ကိုဆွဲဖယ်တယ်။ နောက် အလေးအနက်ပြောတယ်။
‘‘ဒါပေမယ့် မင်းပိုပြီး သတိထားမှရတော့မယ်”
‘‘ဘာကိုသတိထားရမှာလဲ? မင်းကိုကြိုက်တဲ့လူက ငါ့လာလုပ်ကြံမှာကိုလား?”
‘‘မဟုတ်ဘူး၊ ငါပြောချင်တာက အခုဆို မင်းကomegaဆိုတာ အားလုံး သိသွားကြပြီလေ၊ အရင်က မင်းအပေါ် မကျေနပ်တဲ့လူတွေက အန္တရာယ်ပြုကြမှာစိုးလို့”
‘‘ဘာစိုးရိမ်စရာရှိလဲ အမှတ်အသားလည်း လုပ်ပြီးသွားပြီမဟုတ်ဘူးလား?”
‘‘အဲဒီအမှတ်အသားဆိုတာက ယာယီပဲလေ၊ နောက်ကျ တခြား alphaရဲ့ pheromone တွေက မင်းကိုထိခိုက်လာနိုင်တယ်၊ ဒါပေမယ့်လည်း ကိစ္စတော့မရှိပါဘူးလေ ဒီကျောင်းမှာက မင်းကောင်လေး pheromoneထက် ပိုပြီးသန်မာတဲ့ alphaမှမရှိပဲ”
‘‘ဟုတ်ပါပြီ မင်းပဲ တော်ပါတယ်”
ရင်းချဲယ်လည်း သူ့အလိုလိုက်ပြီး တစ်ခွန်းလောက်တော့ ချီးကျူးပေးလိုက်တယ်။
ကျန့်ယောင်ကတော့ သူ့ကိုဆွဲရမ်းပြီး
‘‘ချဲယ်ကောဆိုတဲ့ မင်းလေးကလည်း တကယ်တော်(မိုက်)ပါတယ်၊ ဒီနေ့လို ကြေညာတာမျိုးဆို ငါဖြင့် စဉ်းတောင်မစဉ်းစားရဲခဲ့ဘူး၊ တကယ် တကယ် အံ့ဩပြီး ရင်တွေခုန်လွန်းလို့”
အခုထိတောင် ခုန်နေတုန်းပဲ
စင်ပေါ်က သူ့အော်သံကြားပြီးနောက် ပန်းတိုင်ဆီပြေးတဲ့ ကျန့်ယောင်ရဲ့အရှိန်က လူနဲ့ကိုမတူတော့တာ၊ လွှမ်းမိုးမှုအပြည့် မာန်အပြည့်နဲ့ အရှိန်အဟုန်အပြင်းအထန်ကိုပဲ။ လမ်းကြောင်းနားက အချိန်မှတ်တဲ့ဆရာတွေဆို ကြောက်လို့နောက်တစ်လှမ်းဆုတ်ရတဲ့အထိ။
နောက်ဆုံးမှာတော့ သူ့အချိန်က ကျောင်းစံချိန်ကိုချိုးပြီး ဆယ်စက္ကန့်တိတိကြီးကို မြန်နေခဲ့တယ်။
အဲ့ဒီနောက်တော့ ကျန့်ယောင်ဟာ စင်ပေါ်ကိုတဟုန်ထိုး ပြေးတက်လာပြီး တစ်ကျောင်းလုံးရဲ့ရှေ့မှာ သူ့ကိုပွေ့ပြီး ဝိုင်းကြီးပတ်ပတ် ပွေ့ရမ်းတော့တာပဲ။
‘‘ရပြီ ကိုယ့်ရဲ့ဆုလာဘ်ကလေး”
သမင်ရေခြုံထားတဲ့ ဝံပုလွေဆိုးကြီးလိုပဲ
...
ထိုညနေခင်းမှာပဲ First Highဖိုရမ်က ‘‘ငါတို့ကျောင်းလူဆိုးနဲ့ ကျောင်းနတ်ဘုရားက တွဲနေကြတယ်လို့ ထင်လား?”ဆိုတဲ့ ပို့စ်ဟာ နာမည်ကြီးလာပြန်တယ်။
ကျောင်းသားအားလုံးက လာရောက်တောင်းပန်ကြတာကြောင့်လည်းပါတယ်။
[ခန့်မှန်းနတ်ဘုရားရယ် တကယ့်ကို cp fanစစ်မှန်ပါပေတယ်၊ ကိုယ့်မှာတော့မျက်လုံးတွေရှိနေပေမယ့် မမြင်နိုင်ခဲ့ဘူး]
[ငါတော့ အိပ်မက်မက်နေတယ်လို့ ခံစားနေရတုန်းပဲ.....'ညီကိုကောင်း'တွေကနေ ညားသွားတတ်တယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော်]
[ငါဆို လုံး၀လုံး၀ကို ထင်မထားတာ၊ တကယ်ဆို ငါက ကျောင်းလူဆိုးဆီမှာ ရှုံးသွားတာပေါ့နော်....အဲ့လိုတွေးကြည့်ပြန်တော့လည်း စိတ်သက်သာရာရသွားတယ်၊ မယှဉ်နိုင်ဘူး ငါ သူ့ကိုလုံး၀မယှဉ်နိုင်ဘူးလေ]
[ဒီနေ့ ကျန့်ယောင် ပထမနေရာရသွားတုန်းကလေ ချောလွန်းလို့ ငါဆို နေရာမှာတင် ဗိုက်ကြီးတယ်၊ ဒါပေမယ့် ဘယ်သူ့အတွက် သူကြိုးစားခဲ့တာလဲဆိုပြီး တွေးမိရော နေရာမှာတင် ပြန်ဖျက်ချခဲ့လိုက်ပါတယ်ဟယ် ဝူးဝူးဝူး......]
ဒီလိုအခြေနေမျိုးဟာ ကျောင်းဖိုရမ်မှာတင် မဟုတ်ပေ၊ Class 1 group chatအတွင်းမှာလည်း အံ့ဩမှုများပြည့်နှက်လို့နေသည်။
[‘‘What?!’’]
ကောကျစ်ရှုန်းက နားကွဲမတတ်အသံပြဲကြီးနဲ့ အသံမက်ဆေ့ပို့လာတယ်။
[‘‘ချဲယ်-ချဲယ်ကောက တကယ်ကြီး omegaလား?!’’]
ရင်းချဲယ် : [အားကစားပွဲအပြီးတုန်းက ငါမပြောခဲ့ဘူးလား]
ကျန်းခဲ့ : [ဖာ့ခ်! ချန်းဟောင်က လျှောက်ပြောနေတယ်ထင်နေတာ! သူကမှယုံချင်စရာမကောင်းတာ ဘယ်သူကယုံမှာလဲလို့!]
ကောကျစ်ရှုန်းရဲ့ မျှော်လင့်ချက်လေးတွေဟာလည်း ဖုန်မှုန့်ဖြစ်သွားရပြီ။
[ငါ့ဘတ်စကတ်ဘောစွမ်းရည်က omegaတစ်ယောက်လောက်တောင် မတော်ဘူးပေါ့......]
ရန်းရီလဲ့ : [ရင်းချဲယ်လည်း omegaဖြစ်နေတာပဲကိုး......]
ချန်ရင်းရင်း : [နောက်ဆုံးတော့ ငါ့ထက် omegaမဆန်တဲ့လူ တွေ့ပြီ]
ကျန့်ယောင် : [ဘယ်နားကများ omegaမဆန်နေလို့လဲ ပြောစမ်းပါ? ငါ့ချဲယ်ချဲယ်က တအားချစ်ဖို့ကောင်းတာ စစကြည့်ကတည်းက သူက omegaနဲ့တူနေတာ ရှင်းလား?]
ရင်းချဲယ် : [တိတ်စမ်း]
....
ချက်ချင်းဆိုသလိုပဲ ကျန့်ယောင်ဟာ သိတတ်လိမ္မာစွာ group chatထဲမှာ မက်ဆေ့ပို့နေတာ ရပ်သွားတာပြီး အဲ့ဒီအစား private messageကနေ လာပို့နေလေရဲ့။
ရင်းချဲယ်လည်း ဖွင့်ကြည့်မယ်လုပ်တော့ အခန်းတံခါးကိုလာခေါက်တဲ့ အသံထွက်လာတယ်။
သူလည်း အမေဖြစ်မယ်လို့ထင်တာနဲ့ ဘာမှတွေးမနေမိပဲ ဒီတိုင်းတံခါးသွားဖွင့်ပေးလိုက်တယ်။
‘‘ငါ၀င်လာပြီး စကားပြောလို့ ရလား?”
ရင်းဇယ်ကမေးလာတယ်။
‘‘....အင်း”
ဒါဟာ နှစ်ပေါင်းများစွာကြာပြီးမှ ရင်းဇယ် သူ့အခန်းထဲကို၀င်တာ ပထမဆုံးအကြိမ်။
‘‘တစ်ခုခု သောက်မလား?”
လွှတ်ခနဲထွက်သွားတယ်၊ ပြောလိုက်မိပြီးမှ အနေရခက်သွားတယ်။
‘‘ငါ့ကို ဧည့်သည်လိုမျိုး ဆက်ဆံနေတာလား?”
ရင်းဇယ်က နှာခေါင်းရှုံ့တယ်။
‘‘မလိုပါဘူး၊ ပြောပြီးရင်ပြန်မှာ၊ ပါးနဲ့မားကို မကြားစေချင်လို့၊ သူတို့က ဧည့်ခန်းထဲမှာ TVကြည့်နေကြတယ်”
‘‘အမ်း ပြောလေ”
ရင်းဇယ်က အခန်းထဲ၀င်လာပြီး ဟိုကြည့်သည်ကြည့်လျှောက်ကြည့်ရင်းက ရုတ်တရက် ထမေးလာတယ်။
‘‘ဒီကို ကျန့်ယောင်ရော ရောက်ဖူးလား?”
‘‘......အင်း”
ရင်းချဲယ်လည်း အမှန်အတိုင်းပဲဖြေလိုက်တယ်။
‘‘အာ ကောတို့နှစ်ယောက်က အိမ်ထဲခိုး၀င်ပြီး ဘာလုပ်ကြတာလဲ အချစ်ကိစ္စတွေ?”
‘‘မဟုတ်ဘူး ငါက သူ့ကို လာကူညီခိုင်းလို့.....”
‘‘ရှင်းပြစရာမလိုပါဘူး၊ ငါ၀င်မပါချင်ဘူး၊ ကောကိုမေးမလို့ ပါးနဲ့မားကို ဘယ်တော့အသိပေးမှာလဲ?”
‘‘ရက်နည်းနည်းလောက်နေရင်”
ရင်းဇယ်က အတော်လေး အံ့ဩသွားတယ်။
‘‘ချက်ချင်းကြီး ပြောပြတော့မလို့လား?”
‘‘ဒီလိုမျိုး ဆူဆူပူပူဖြစ်သွားကတည်းက သူတို့နားထဲကို အနှေးနဲ့အမြန်ရောက်မှာပဲ၊ အတတ်နိုင်ဆုံး ငါ့ဘက်ကအရင် ကိုယ်တိုင် ၀န်ခံထားတာပိုကောင်းမယ်ထင်တယ်”
‘‘အဲ့တော့ ဘယ်လောက်ပွဲဆူသွားလည်းတော့ ကောသိသေးတာပဲ၊ အဲ့လောက်ကြီး လူပုံအလယ်မှာ လုပ်ပြစရာ လိုလို့လား?”
‘‘အဲ့လို မဟုတ်ပါဘူး သူက စိတ်မလုံခြုံနေလို့”
‘‘စိတ်မလုံခြုံလို့.....”
ရင်းဇယ်က ခပ်တိုးတိုးရွေရွတ်တယ်။
‘‘ဘေးလူတွေအတွက်ဆိုရင် ကောက အရမ်းတွေးပေးတတ်တာပဲ”
ရင်းချဲယ်ကမူ သူပြောတာမကြားလိုက်၍ ရှေ့တိုးလာကာ
‘‘ဘာပြောလိုက်တာလဲ?”
‘‘ဘာမှမဟုတ်တော့ဘူး အော် တစ်ခုသတိပေးချင်တယ်၊ အဲ့ဒီချန်းဟောင်ဆိုတဲ့ကောင်က တစ်မျိုးပဲ”
‘‘အင်း ဟုတ်တယ် သူက သာမန်တော့မဟုတ်ဘူး”
ချန်းဟောင်က သူ့ကိုပိုးပန်းချင်လို့ဆိုပြီး အမျိုးမျိူးထပ်ခါထပ်ခါလုပ်ခဲ့ပေမယ့် အဲ့ဒါတွေက သာမန်ပိုးပန်းချင်တဲ့လူတွေ လုပ်တဲ့အရာတွေမျိုးမှ မဟုတ်ပဲ
ရင်းဇယ် : ‘‘အဲ့တာကို ပြောချင်တာမဟုတ်ဘူး၊ တစ်ခုခုထူးဆန်းတယ်မထင်ဘူးလား? ကော omegaဆိုတာ သူကဘယ်လိုလုပ်သိတာလဲ?”
ရင်းချဲယ်က ခနလောက်စဉ်းစားကြည့်ပြီး : ‘‘အဲ့ဒါက omega pheromoneဆို သူကပိုပြီး sensitiveဖြစ်လို့များလားနော်? ငါ့ pheromoneကို အနံ့ရသွားလို့ သိသွားတာများလား?”
‘‘မဖြစ်နိုင်တာ၊ ကော pheromoneကို ငါတောင်မရဘူး၊ ကောကိုယ်က ဟိုကျန့်မျိုးရိုးကောင်ရဲ့ alpha အနံ့တွေနဲ့ ဖုံးနေတဲ့ဟာ၊ အဲ့အကြောင်းပြောမှ ရေချိုးပြီးတဲ့ထိတောင် အနံ့ကမပျောက်ရအောင် အဲ့ကောင် pheromoneက ဘယ်လိုတောင်ပြင်းလို့လဲ?”
‘‘.......”
အဲ့ဒါက အမှန်တော့ အမှတ်အသားလုပ်ပြီးသွားလို့
ရင်းချဲယ်က အသာချောင်းဟန့်ပြီး စကားလမ်းကြောင်းကို မသိမသာလွှဲလိုက်တယ်။
‘‘အာ ဟုတ်မှာ၊ အိုး ဟုတ်သား မင်းရော ချန်းဟောင်အပေါ် ဘယ်လိုမြင်လဲ? ငါကတော့ သူကတစ်ယောက်ယောက်နဲ့ တူတယ်လို့ ခံစားနေရတယ် ဒါပေမယ့် ဘယ်သူမှန်းလည်း မမှတ်မိဘူး”
‘‘ဘယ်လိုမှမမြင်ပါဘူး၊ ကော အမှတ်မှားတာနေမှာပါ”
‘‘ဟုတ်လောက်မှာပါလေ.....”
ရင်းချဲယ်က တွေးပြီး မျက်မှောင်ကြုတ်တယ်။
တစ်နေရာရာမှာ မြင်ဖူးတယ်လို့တော့ ထင်မိတုန်းပဲ၊ သူ့ရဲ့ အဲ့ဒီမျက်လုံးတွေက ဘယ်လိုမှန်းမသိဘူး ရင်းနှီးနေတယ်
‘‘အဲ့လိုမှ ကောစိတ်မအေးနိုင်သေးရင် သူ့မိသားစုနောက်ခံအကြောင်း စုံစမ်းကြည့်ဖို့ ပါးကို ငါပြောကြည့်လိုက်မယ်လေ”
ရင်းချဲယ်က အံ့ဩသလို မျက်တောင်တဖျတ်ဖျတ်ခတ်ပြီးမှ ရုတ်တရက် ပြုံးလာတယ်။
‘‘ထားတော့ ပါးစိတ်ပူနေလိမ့်ဦးမယ် ကောဘာကောဖြေရှင်းလိုက်မယ်၊ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးနော် အားဇယ်”
‘‘ဘယ်သူက စိုးရိမ်နေလို့လဲ? ငါက မင်း ဒီနေ့လိုကြီးကြီးကျယ်ကျယ်တွေ ထပ်ဖြစ်မှာစိုးလို့ပါနော်၊ မင်းက ရှက်တယ်မထင်ပေမယ့် ငါကတော့ ရှက်တယ်”
ရင်းဇယ်က လှည့်ထွက်သွားတယ်၊ တံခါးနားရောက်မှ ခြေလှမ်းတွေ တန့်သွားပြီး
‘‘ဘာပဲဖြစ်ဖြစ် သတိတော့ထားနေ၊ သူများတွေက ကျောင်းလူဆိုးလို့ခေါ်တိုင်း ကိုယ့်ကိုယ်ကို တစ်ကျောင်းလုံးမှာ ယှဉ်နိုင်တဲ့သူမရှိလောက်အောင် သန်မာနေတယ်ထင်မနေနဲ့၊ မင်းက omega အားနည်းချက်တွေ အများကြီးရှိတယ်”
ရင်းချဲယ်က ပြုံးပြီး
‘‘အင်းပါ ငါမှတ်ထားမယ်”
ရင်းဇယ်လည်း အခန်းတံခါးပိတ်ပြီးထွက်သွားရော သူ့ကုတင်ပေါ်က ဖုန်းက ထမြည်လာတယ်။
ရင်းချဲယ်လည်း မွေ့ယာပေါ် ပစ်လှဲချပစ်လိုက်တယ်။ ဝမ်းလျားမှောက်ရက်နဲ့ပဲ ဖုန်းကိုကောက်ကိုင်ပြီး video callပြန်ဖြေလိုက်တယ်။
ရလဒ်အနေနဲ့ကတော့ ကျန့်ယောင်မျက်လူံးထဲ ၀င်လာတဲ့မြင်ကွင်းဟာ အိပ်ယာသန့်သန့်လေးထဲ မြုပ်နေပြီး သူ့ကိုနူးနူးညံ့ညံ့မျက်လုံးရွဲကြီးတွေနဲ့ ပုတ်ခတ်ပုတ်ခတ်ကြည့်နေတဲ့ ယုန်ပေါက်လေး။
သူ့ရင်ဘတ်ကြီးကို တည့်တည့်ထိတော့တာပဲ။
ဒီနေ့ ထိတာတော်တော်များနေပြီ၊ သူ့နှလုံးသားလေး ခံနိုင်ရည်မရှိတော့ဘူး။
‘‘အ,နေတာလား? ပြောလေ”
‘‘.......”
ပစ်ခွင်းလာတဲ့ ရက်စက်ကြမ်းတမ်းလှတဲ့လေသံကြောင့် လူငယ်လေးရဲ့နှလုံးသားလေး တစ်စစီကြေမွကွဲထွက်သွားရှာတယ်။
ကျန့်ယောင် : ‘‘ငါ မက်ဆေ့တွေအများကြီးပို့ထားတာ ဘာလို့ပြန်မဖြေတာလဲ?”
‘‘တိတိနဲ့ စကားပြောနေတာ”
‘‘ဟမ်? ပြေပြေလည်လည် စကားပြောတယ်ဆိုတော့ ဘယ်တုန်းကများ နှစ်ယောက်ဆက်ဆံရေးက ကောင်းသွားရတာလဲ?”
‘‘....ဖုန်းချလိုက်တော့မယ်”
‘‘နိုး နိုး နိုး မလုပ်နဲ့လေ မပြောတော့ဘူးနော် အဲ့အကြောင်းမပြောတော့ဘူး”
ကျန့်ယောင်ခမျာ အသနားခံရရှာတယ်။
‘‘တခြား ပြောစရာရှိလို့”
‘‘ပြောမှာပြော”
ကျန့်ယောင်က ဖုန်းနားကပ်လာတာကြောင့် မျက်နှာချောချောက စခရင်အပြည့်ဖြစ်သွားပြီး အသံတိုးတိုးနဲ့
‘‘ငါ......”
နောက်ဆက်တွဲစကားတွေ တစ်လုံးမှ သေချာမကြားလိုက်ရတာကြောင့် ရင်းချဲယ်က
‘‘ကျယ်ကျယ်ပြော”
ကျန့်ယောင်က လက်တစ်ချောင်းကွေးခေါ်ပြီး
‘‘ရှေ့တိုး ငါ့ဘက်က ကျယ်ကျယ်ပြောလို့ အဆင်မပြေလို့”
ရင်းချဲယ်လည်း မနေသာပဲ မျက်နှာကိုဖြည်းဖြည်းချင်း ဖုန်းနားကပ်သွားတော့
‘‘ဘာကိစ္စ——”
*မွ!*
ဖုန်းစခရင်ကို အမြန်လှမ်းနမ်းပစ်လိုက်တဲ့ ကျန့်ယောင်က မျက်၀န်းမှာလည်း အပြုံးရိပ်တွေနဲ့ :
‘‘နေ့လည်က မင်းစကားကို ပြန်မဖြေရသေးဘူးဆိုတာ သတိရသွားလို့
‘‘Year 3 Class 1က ကျောင်းသားရင်းချဲယ်, ချစ်တယ် အရင်ကလိုမျိုးပဲ နောက်လည်း ကိုယ့်ရဲ့ရင်ဘတ်ကြီးနဲ့ရော စိတ်ဝိဉာဉ်နဲ့ပါ ဆက်ပြီးချစ်သွားပါ့မယ်”
————
[Zawgyi]
သာယာ၍ေနသာသည့္ ထိုေန႔တစ္ေန႔မွာပဲ အားကစားကြင္းထဲတြင္ ေအာ္သံေတြ အဆက္မျပတ္ထြက္လာခဲ့တယ္။
‘‘အားးးးးးးးးးးး!!!”
ေကာက်စ္ရွုန္းကေဝာာ့ နားပိတ္ၿပီး အေနာက္ဆုတ္သြားတယ္။ သူ႔မယ္ အားေတြလည္း ကုန္လွၿပီ။
‘‘ေရွာင္ရြဲ႕ရယ္ ေတာ္ပါေတာ့ ငါ့နားေတြလည္း ကန္းေတာ့မယ္...”
‘‘မရဘူး မရဘူး!! ေတာ္ေတာ္ျဖစ္ေနၿပီ! ငါ့မ်က္စိေရွ႕မွာတင္ ေၾကညာလိုက္တာကို! ဘယ္လိုလုပ္ ရင္မခုန္ပဲေနပါ့မလဲ!! ငါေတာ့ ေပါက္ကြဲထြက္ေတာ့မွာပဲ!!!အားးးးး!”
တျခားClass 1ေက်ာင္းသားေတြကလည္း နားေတြပိတ္ၿပီး ခပ္ေဝးေဝးေျပးၾကတယ္။
‘‘တာ့ရွုန္း မင္းေကာင္မေလးကို လူနည္းတဲ့ေနရာ ျမန္ျမန္ေခၚထုတ္သြားစမ္းပါ”
‘‘ဘယ္ေနရာကမ်ား လူနည္းလို႔လဲ၊ ေက်ာင္းဆင္းခ်ိန္ဆိုမွေတာ့ ေနရာတိုင္းလူေတြရွိေနတဲ့ဟာကို”
ဟန္မုန႔္က ထရပ္ၿပီး ေျပာတယ္။
‘‘ထားလိုက္ေတာ့ သြားၾကမယ္ ႐ုံးခန္းကိုသြားၾကည့္ရေအာင္၊ ဟိုႏွစ္ေယာက္ သြားတာၾကာလွၿပီကို ဘာလို႔ျပန္မလာေသးတာလဲ မသိဘူး....”
‘‘ငါ့အထင္ေတာ့ မနက္ျဖန္ထိေအာင္ ျပန္လာမွာမဟုတ္ေလာက္ဘူး”
က်န္းခဲ့က ျပဳံးစိစိနဲ႔
‘‘တကယ့္ႏွစ္ေကာင္ကြာ၊ ေၾကညာတာေတာင္ တစ္ေက်ာင္းလုံးကို ေရွာ့ခ္ရေအာင္လုပ္သြားတယ္၊ မင္းတို႔ျမင္လိုက္ၾကလား စင္ေပၚကို ခ်ဲယ္ေကာ တက္သြားတုန္းက က်န္းေက်ာက္က်ဴးႀကီး ေၾကာင္ေနတာေလ မ်က္လုံးေတြလည္း ျပဴးသြားတာမွ ျပဳတ္ထြက္မတတ္ကိုပဲ ဟားဟားဟား ငါအူတက္လို႔ ေသေတာ့မွာပဲ!”
...
အေၾကာင္းကို ဆက္ရရင္ေတာ့ က်န္းရင္ဖုန္းမွာ ေရွာ့ခ္ရရာကေန ခုထိလည္း ေၾကာင္ေတာင္ေတာင္ျဖစ္ေနတုန္းပဲ။
႐ုံးခန္းအတြင္းမွာ :
‘‘.....မင္းတို႔ႏွစ္ေယာက္က?”
‘‘ဟုတ္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ပါ”
ရင္းခ်ဲယ္က ျပန္ေျပာတယ္။
ႏွစ္ေယာက္ကို က်န္းရင္ဖုန္း ၾကည့္လိုက္တယ္။ တစ္ေယာက္က ေဖာ္ေရြေႏြးေထြးတယ္ တစ္ေယာက္က anti-social
သူငယ္ခ်င္းေတြျဖစ္ဖို႔ေတာင္ စိတ္ကူးၾကည့္လို႔မရတာ၊ ဘယ့္ႏွယ္လုပ္ တြဲသြားၾကတာလဲ?
အေရးအႀကီးဆုံးအခ်က္ကေတာ့ တကယ္သာတြဲေနၾကတယ္ဆိုရင္ ရန္ျဖစ္ခဲ့တဲ့က်န႔္ေယာင္အေျခအေနကလည္း လုံး၀ေျပာင္းလဲသြားၿပီ။
alphaတစ္ေယာက္က သူ႔အပိုင္ omegaကို ကာကြယ္ေပးတယ္ဆိုတာက ျဖစ္သင့္ျဖစ္ထိုက္ ဂုဏ္ယူထိုက္တဲ့ နည္းဥပေဒတစ္ခု၊ နားလည္ေပးလို႔ရသလို အက်ိဳးေၾကာင္းလည္းသင့္တယ္။ ဒါ့အျပင္ ခ်န္းေဟာင္ရဲ့အျပဳအမူ စကားလုံး လုပ္ရပ္ေတြကေန ျပန္ၾကည့္မယ္ဆိုလည္း ရင္းခ်ဲယ္အေပၚ ပိုးပန္းပုံက တကယ္လြန္လြန္းတယ္၊ အဲ့ေတာ့ သူ႔သက္ဆိုင္သူက ျပန္တုံ႔ျပန္တာ ဒါသဘာ၀ပဲ။ အကုန္ျခဳံၾကည့္လိုက္ရင္ ဒါကို ေက်ာင္းတြင္းအနိုင္က်င့္ျခင္းလို႔ ေျပာလို႔မရေတာ့ဘူး။
ဒါေပမယ့္ အဲ့လိုဆို ေမးစရာတစ္ခုရွိလာတယ္ :
‘‘ဘယ္လိုျဖစ္လို႔ ျဗဳန္းစားႀကီး မင္းက omegaျဖစ္သြားရတာလဲ?”
က်န္းရင္ဖုန္းနားမလည္နိုင္တာ အဲ့ဒါ။
‘‘physical examinationေတြ စစ္ေတာ့လည္း betaပါ၊ မင္းလိမ္ထားတာေတာ့ မဟုတ္ဘူးမလား?”
‘‘physical examinationက အခ်က္လက္ေတြကအမွန္ပါ၊ gender(a,b,o) columnမွာပဲ ေျပာင္းလိုက္တာပါ၊ ဒီကိစၥကို ေက်ာင္းအုပ္ႀကီးကိုလည္း ကၽြန္ေတာ့္မိဘေတြ ေျပာထားေပမယ့္ က်န္တဲ့လူေတြအားလုံးကိုေတာ့ အေၾကာင္းတခ်ိဳ႕ေၾကာင့္ လၽွို႔ဝွက္ထားတာပါ၊ ေတာင္းပန္ပါတယ္”
ေက်ာင္းအုပ္ႀကီးကေတာင္ လက္ခံထားမွေတာ့ သူ႔လိုသင္ၾကားေရးဆရာတစ္ေယာက္က ဘာမ်ားေျပာနိုင္ေတာ့မွာလဲ?
‘‘အိမ္း ငါ တကယ္ကို ထင္မထားခဲ့တာ......အဲ့လိုဆို ဒီျပႆနာက ေျပလည္သြားၿပီလို႔ ေျပာလို႔ရတယ္မလား? က်န႔္ေယာင္ မင္း...... ဘာကိစၥ တခစ္ခစ္ရယ္ေနတာလဲ!”
‘‘ကၽြန္ေတာ္ အေပ်ာ္လြန္ေနလို႔ပါ ေလာင္ရွီး မေအာင့္နိုင္လို႔ ဟိဟိ”
ရင္းခ်ဲယ္က သူ႔ကိုမ်က္ေစာင္းတစ္ခ်က္ လွမ္းထိုးၿပီး
‘‘ထပ္ရယ္ေနျပန္ၿပီလား?”
ခ်က္ခ်င္းပဲ က်န႔္ေယာင္က ေပါေၾကာင္ေၾကာင္ရယ္ေန
ရာက ရပ္သြားၿပီး ႐ုပ္တည္ျဖစ္သြားတယ္။
‘‘ေလာင္ရွီးဗ် အတန္းေဖာ္ခ်န္းကို ကၽြန္ေတာ္ ခြင့္လႊတ္ေပးလိုက္လို႔ရပါတယ္၊ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ရဲ့ခ်စ္သူကို ထပ္မထိပါးသေရြ႕ေပါ့”
'ကၽြန္ေတာ့္ရဲ့'ဆိုတဲ့ စကားလုံးကိုမွ သူမ်ားမၾကားမွာစိုးလို႔ တမင္ဖိေျပာလိုက္တယ္။
‘‘......မင္းကလည္း သူ႔ကိုဆြဲထိုးေသးတယ္၊ ဟိုကေတာင္ ဘာမွမေျပာရေသးဘူး၊ မင္းကခြင့္လႊတ္တယ္လုပ္ေနေသး ငါ့ႏွယ္ ဘယ္သူအျပစ္ရွိလဲ ငါမသိဘူးထင္ေနလား၊ မင္းလည္း အဲ့အတြက္ အျပစ္ေပးခံရအုံးမွာပဲ”
‘‘က်န္းေလာင္ရွီးဗ် အဲ့လိုလုပ္ဖို႔မလိုပါဘူး”
တစ္ခ်ိန္လုံး ၿငိမ္ေနခဲ့တဲ့ ခ်န္းေဟာင္က ပါးစပ္ဟလာတယ္။
‘‘က်ေနာ့္ဘက္က ရိုင္းပ်ခဲ့တာပါ၊ အေျခအေနမသိဘဲ ရင္းခ်ဲယ္ရႊယ္က်န္းကို ဇြတ္လိုက္ခဲ့လို႔ က်ေနာ္လည္း မွားပါတယ္၊ ေတာင္းပန္ပါတယ္”
‘‘သူ႔ကိုၾကည့္စမ္း၊ သိတတ္လိုက္ပုံမ်ား”
က်န္းေလာင္ရွစ္က က်န႔္ေယာင္ကိုစိုက္ၾကည့္ရင္း ဟိုဘက္က ခ်န္းေဟာင္ကို ဩဝါဒေပးဖို႔လည္း မေမ့။
‘‘ကိုယ့္အမွားကို သိသေရြ႕ကေတာ့ ကိစၥမရွိပါဘူး၊ ဒါေပမယ့္ ခ်န္းေဟာင္, မင္းက အခုမွ ပထမႏွစ္ပဲရွိေသးတာ အေလာတႀကီး လက္တြဲေဖာ္ရွာေနစရာမလိုပါဘူး၊ ပညာေရးကိုပဲ အရင္အာ႐ုံစိုက္ က်န္တာေတြ ေနာက္မွျဖစ္လာလိမ့္မယ္”
‘‘ဟူတ္ကဲ့ ကၽြန္ေတာ္ နားလည္ပါၿပီ”
...
က်န္းေက်ာက္က်ဴးလည္း ထပ္ခါထပ္ခါ စဥ္းစားခ်င့္ခ်ိန္ၿပီးမွ ေနာက္ဆုံးမွာ အရမ္းလည္းမျပင္းထန္ပဲ ေလးေလးနက္နက္ရွိတဲ့ ျပစ္ဒဏ္တစ္ခုခ်မွတ္လိုက္တယ္ : က်န႔္ေယာင္ကို တစ္ပတ္တိတိ ေက်ာင္းေဆာင္ရဲ့ေလၽွာက္လမ္းေတြမွာ တံျမက္စည္းလွည္းရမယ္လို႔။
ျပင္းျပင္းထန္ထန္သေဘာမဟုတ္ပဲ အဓိကရည္ရြယ္ခ်က္ကေတာ့ အရွက္ကြဲဖို႔။ လူေတြဝိုင္းၾကည့္ေနတဲ့ၾကားက တံျမက္စည္းတစ္ေခ်ာင္းကိုင္ၿပီး လိုက္လွည္းေနရတာက ရွက္တတ္တဲ့ေက်ာင္းသားအတြက္ကေတာ့ တကယ့္ကို စိတ္ဆင္းရဲစရာပဲ။
သို႔ေပမယ့္ က်န႔္ေယာင္တစ္ေယာက္ကမူ နည္းနည္းမွ ဂ႐ုစိုက္မေနဘူး။
က်န္းေလာင္ရွီးရဲ့ျပစ္ဒဏ္က ေပါ့လြန္းတယ္လို႔ေတာင္ ေတြးေနေသးတယ္။
‘‘အျပစ္ကဒါမွန္း ေစာေစာကသာသိလို႔ကေတာ့ကြာ အဲ့ေကာင္ကို နည္းနည္းေလာက္ ထပ္ထိုးခဲ့မွာ”
‘‘တိတ္စမ္း၊ ငါကယ္လို႔သာမဟုတ္ရင္ မင္း ဒီထက္ပိုဆိုးမွာ”
‘‘ဒါေပါ့ ဒါေပါ့ အကုန္လုံးက မင္းေက်းဇူးေၾကာင့္ပဲ”
အခုသူတို႔ႏွစ္ေယာက္က ေက်ာင္းဆင္းလို႔ အိမ္ျပန္ေနၾကတဲ့လူအုပ္ႀကီးကို ဆန႔္က်င္စြာ အေဆာင္ဆီကို ျပန္ေနတာ။ ျဖတ္သြားတဲ့လူတိုင္းက သူတို႔ကို မျမင္ဖူးတဲ့ရွားပါးသတၱဝါေတြလို တၾကည့္ၾကည့္လုပ္သြားၾကတယ္။
က်န႔္ေယာင္က ေဘးမွေကာင္စုတ္ေလးကို လွမ္းၾကည့္ၿပီး ခိုးခိုးခစ္ခစ္ထရယ္ျပန္တယ္။
‘‘ခ်ီးမို႔လို႔ ရယ္ေနျပန္တာလား?”
‘‘ေပ်ာ္လို႔ပါ၊ အခုဆိူ မင္းကငါ့အပိုင္ဆိုတာ တစ္ေက်ာင္းလုံးသိသြားၿပီ”
‘‘ဟုတ္တယ္ ငါအ႐ူးကို ရည္းစားေတာ္ထားတဲ့အေၾကာင္း တစ္ေက်ာင္းလုံးသိသြားၿပီ”
ရည္းစားတဲ့!
အခု ေကာင္စုတ္ေလးက သူ႔ပါးစပ္ကေန ကိုယ္တိုင္၀န္ခံလိုက္တာလား!
က်န႔္ေယာင္မွာ ေပ်ာ္လြန္းလို႔ ေလေပၚပ်ံတက္ေတာ့မလိုပဲ၊ အေသကို အူျမဴးေနတယ္။ ရင္းခ်ဲယ္ကမူ စကားနဲ႔တုံ႔ျပန္မေနေတာ့ပဲ သူ႔ပါးစပ္ကိုလာအုပ္တယ္။
‘‘ေတာ္ေလာက္ၿပီ”
က်န႔္ေယာင္က အရယ္ရပ္ေအာင္ျပန္ထိန္းၿပီးေတာ့ အုပ္ထားတဲ့ သူ႔လက္ကိုဆြဲဖယ္တယ္။ ေနာက္ အေလးအနက္ေျပာတယ္။
‘‘ဒါေပမယ့္ မင္းပိုၿပီး သတိထားမွရေတာ့မယ္”
‘‘ဘာကိုသတိထားရမွာလဲ? မင္းကိုႀကိဳက္တဲ့လူက ငါ့လာလုပ္ႀကံမွာကိုလား?”
‘‘မဟုတ္ဘူး၊ ငါေျပာခ်င္တာက အခုဆို မင္းကomegaဆိုတာ အားလုံး သိသြားၾကၿပီေလ၊ အရင္က မင္းအေပၚ မေက်နပ္တဲ့လူေတြက အႏၲရာယ္ျပဳၾကမွာစိုးလို႔”
‘‘ဘာစိုးရိမ္စရာရွိလဲ အမွတ္အသားလည္း လုပ္ၿပီးသြားၿပီမဟုတ္ဘူးလား?”
‘‘အဲဒီအမွတ္အသားဆိုတာက ယာယီပဲေလ၊ ေနာက္က် တျခား alphaရဲ့ pheromone ေတြက မင္းကိုထိခိုက္လာနိုင္တယ္၊ ဒါေပမယ့္လည္း ကိစၥေတာ့မရွိပါဘူးေလ ဒီေက်ာင္းမွာက မင္းေကာင္ေလး pheromoneထက္ ပိုၿပီးသန္မာတဲ့ alphaမွမရွိပဲ”
‘‘ဟုတ္ပါၿပီ မင္းပဲ ေတာ္ပါတယ္”
ရင္းခ်ဲယ္လည္း သူ႔အလိုလိုက္ၿပီး တစ္ခြန္းေလာက္ေတာ့ ခ်ီးက်ဴးေပးလိုက္တယ္။
က်န႔္ေယာင္ကေတာ့ သူ႔ကိုဆြဲရမ္းၿပီး
‘‘ခ်ဲယ္ေကာဆိုတဲ့ မင္းေလးကလည္း တကယ္ေတာ္(မိုက္)ပါတယ္၊ ဒီေန႔လို ေၾကညာတာမ်ိဳးဆို ငါျဖင့္ စဥ္းေတာင္မစဥ္းစားရဲခဲ့ဘူး၊ တကယ္ တကယ္ အံ့ဩၿပီး ရင္ေတြခုန္လြန္းလို႔”
အခုထိေတာင္ ခုန္ေနတုန္းပဲ
စင္ေပၚက သူ႔ေအာ္သံၾကားၿပီးေနာက္ ပန္းတိုင္ဆီေျပးတဲ့ က်န႔္ေယာင္ရဲ့အရွိန္က လူနဲ႔ကိုမတူေတာ့တာ၊ လႊမ္းမိုးမွုအျပည့္ မာန္အျပည့္နဲ႔ အရွိန္အဟုန္အျပင္းအထန္ကိုပဲ။ လမ္းေၾကာင္းနားက အခ်ိန္မွတ္တဲ့ဆရာေတြဆို ေၾကာက္လို႔ေနာက္တစ္လွမ္းဆုတ္ရတဲ့အထိ။
ေနာက္ဆုံးမွာေတာ့ သူ႔အခ်ိန္က ေက်ာင္းစံခ်ိန္ကိုခ်ိဳးၿပီး ဆယ္စကၠန႔္တိတိႀကီးကို ျမန္ေနခဲ့တယ္။
အဲ့ဒီေနာက္ေတာ့ က်န႔္ေယာင္ဟာ စင္ေပၚကိုတဟုန္ထိုး ေျပးတက္လာၿပီး တစ္ေက်ာင္းလုံးရဲ့ေရွ႕မွာ သူ႔ကိုေပြ႕ၿပီး ဝိုင္းႀကီးပတ္ပတ္ ေပြ႕ရမ္းေတာ့တာပဲ။
‘‘ရၿပီ ကိုယ့္ရဲ့ဆုလာဘ္ကေလး”
သမင္ေရျခဳံထားတဲ့ ဝံပုေလြဆိုးႀကီးလိုပဲ
...
ထိုညေနခင္းမွာပဲ First Highဖိုရမ္က ‘‘ငါတို႔ေက်ာင္းလူဆိုးနဲ႔ ေက်ာင္းနတ္ဘုရားက တြဲေနၾကတယ္လို႔ ထင္လား?”ဆိုတဲ့ ပို႔စ္ဟာ နာမည္ႀကီးလာျပန္တယ္။
ေက်ာင္းသားအားလုံးက လာေရာက္ေတာင္းပန္ၾကတာေၾကာင့္လည္းပါတယ္။
[ခန႔္မွန္းနတ္ဘုရားရယ္ တကယ့္ကို cp fanစစ္မွန္ပါေပတယ္၊ ကိုယ့္မွာေတာ့မ်က္လုံးေတြရွိေနေပမယ့္ မျမင္နိုင္ခဲ့ဘူး]
[ငါေတာ့ အိပ္မက္မက္ေနတယ္လို႔ ခံစားေနရတုန္းပဲ.....'ညီကိုေကာင္း'ေတြကေန ညားသြားတတ္တယ္လို႔ေတာ့ ငါ့ကိုလာမေျပာနဲ႔ေနာ္]
[ငါဆို လုံး၀လုံး၀ကို ထင္မထားတာ၊ တကယ္ဆို ငါက ေက်ာင္းလူဆိုးဆီမွာ ရွုံးသြားတာေပါ့ေနာ္....အဲ့လိုေတြးၾကည့္ျပန္ေတာ့လည္း စိတ္သက္သာရာရသြားတယ္၊ မယွဥ္နိုင္ဘူး ငါ သူ႔ကိုလုံး၀မယွဥ္နိုင္ဘူးေလ]
[ဒီေန႔ က်န႔္ေယာင္ ပထမေနရာရသြားတုန္းကေလ ေခ်ာလြန္းလို႔ ငါဆို ေနရာမွာတင္ ဗိုက္ႀကီးတယ္၊ ဒါေပမယ့္ ဘယ္သူ႔အတြက္ သူႀကိဳးစားခဲ့တာလဲဆိုၿပီး ေတြးမိေရာ ေနရာမွာတင္ ျပန္ဖ်က္ခ်ခဲ့လိုက္ပါတယ္ဟယ္ ဝူးဝူးဝူး......]
ဒီလိုအေျခေနမ်ိဳးဟာ ေက်ာင္းဖိုရမ္မွာတင္ မဟုတ္ေပ၊ Class 1 group chatအတြင္းမွာလည္း အံ့ဩမွုမ်ားျပည့္ႏွက္လို႔ေနသည္။
[‘‘What?!’’]
ေကာက်စ္ရွုန္းက နားကြဲမတတ္အသံျပဲႀကီးနဲ႔ အသံမက္ေဆ့ပို႔လာတယ္။
[‘‘ခ်ဲယ္-ခ်ဲယ္ေကာက တကယ္ႀကီး omegaလား?!’’]
ရင္းခ်ဲယ္ : [အားကစားပြဲအၿပီးတုန္းက ငါမေျပာခဲ့ဘူးလား]
က်န္းခဲ့ : [ဖာ့ခ္! ခ်န္းေဟာင္က ေလၽွာက္ေျပာေနတယ္ထင္ေနတာ! သူကမွယုံခ်င္စရာမေကာင္းတာ ဘယ္သူကယုံမွာလဲလို႔!]
ေကာက်စ္ရွုန္းရဲ့ ေမၽွာ္လင့္ခ်က္ေလးေတြဟာလည္း ဖုန္မွုန႔္ျဖစ္သြားရၿပီ။
[ငါ့ဘတ္စကတ္ေဘာစြမ္းရည္က omegaတစ္ေယာက္ေလာက္ေတာင္ မေတာ္ဘူးေပါ့......]
ရန္းရီလဲ့ : [ရင္းခ်ဲယ္လည္း omegaျဖစ္ေနတာပဲကိုး......]
ခ်န္ရင္းရင္း : [ေနာက္ဆုံးေတာ့ ငါ့ထက္ omegaမဆန္တဲ့လူ ေတြ႕ၿပီ]
က်န႔္ေယာင္ : [ဘယ္နားကမ်ား omegaမဆန္ေနလို႔လဲ ေျပာစမ္းပါ? ငါ့ခ်ဲယ္ခ်ဲယ္က တအားခ်စ္ဖို႔ေကာင္းတာ စစၾကည့္ကတည္းက သူက omegaနဲ႔တူေနတာ ရွင္းလား?]
ရင္းခ်ဲယ္ : [တိတ္စမ္း]
....
ခ်က္ခ်င္းဆိုသလိုပဲ က်န႔္ေယာင္ဟာ သိတတ္လိမၼာစြာ group chatထဲမွာ မက္ေဆ့ပို႔ေနတာ ရပ္သြားတာၿပီး အဲ့ဒီအစား private messageကေန လာပို႔ေနေလရဲ့။
ရင္းခ်ဲယ္လည္း ဖြင့္ၾကည့္မယ္လုပ္ေတာ့ အခန္းတံခါးကိုလာေခါက္တဲ့ အသံထြက္လာတယ္။
သူလည္း အေမျဖစ္မယ္လို႔ထင္တာနဲ႔ ဘာမွေတြးမေနမိပဲ ဒီတိုင္းတံခါးသြားဖြင့္ေပးလိုက္တယ္။
‘‘ငါ၀င္လာၿပီး စကားေျပာလို႔ ရလား?”
ရင္းဇယ္ကေမးလာတယ္။
‘‘....အင္း”
ဒါဟာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးမွ ရင္းဇယ္ သူ႔အခန္းထဲကို၀င္တာ ပထမဆုံးအႀကိမ္။
‘‘တစ္ခုခု ေသာက္မလား?”
လႊတ္ခနဲထြက္သြားတယ္၊ ေျပာလိုက္မိၿပီးမွ အေနရခက္သြားတယ္။
‘‘ငါ့ကို ဧည့္သည္လိုမ်ိဳး ဆက္ဆံေနတာလား?”
ရင္းဇယ္က ႏွာေခါင္းရွုံ႔တယ္။
‘‘မလိုပါဘူး၊ ေျပာၿပီးရင္ျပန္မွာ၊ ပါးနဲ႔မားကို မၾကားေစခ်င္လို႔၊ သူတို႔က ဧည့္ခန္းထဲမွာ TVၾကည့္ေနၾကတယ္”
‘‘အမ္း ေျပာေလ”
ရင္းဇယ္က အခန္းထဲ၀င္လာၿပီး ဟိုၾကည့္သည္ၾကည့္ေလၽွာက္ၾကည့္ရင္းက ႐ုတ္တရက္ ထေမးလာတယ္။
‘‘ဒီကို က်န႔္ေယာင္ေရာ ေရာက္ဖူးလား?”
‘‘......အင္း”
ရင္းခ်ဲယ္လည္း အမွန္အတိုင္းပဲေျဖလိုက္တယ္။
‘‘အာ ေကာတို႔ႏွစ္ေယာက္က အိမ္ထဲခိုး၀င္ၿပီး ဘာလုပ္ၾကတာလဲ အခ်စ္ကိစၥေတြ?”
‘‘မဟုတ္ဘူး ငါက သူ႔ကို လာကူညီခိုင္းလို႔.....”
‘‘ရွင္းျပစရာမလိုပါဘူး၊ ငါ၀င္မပါခ်င္ဘူး၊ ေကာကိုေမးမလို႔ ပါးနဲ႔မားကို ဘယ္ေတာ့အသိေပးမွာလဲ?”
‘‘ရက္နည္းနည္းေလာက္ေနရင္”
ရင္းဇယ္က အေတာ္ေလး အံ့ဩသြားတယ္။
‘‘ခ်က္ခ်င္းႀကီး ေျပာျပေတာ့မလို႔လား?”
‘‘ဒီလိုမ်ိဳး ဆူဆူပူပူျဖစ္သြားကတည္းက သူတို႔နားထဲကို အေႏွးနဲ႔အျမန္ေရာက္မွာပဲ၊ အတတ္နိုင္ဆုံး ငါ့ဘက္ကအရင္ ကိုယ္တိုင္ ၀န္ခံထားတာပိုေကာင္းမယ္ထင္တယ္”
‘‘အဲ့ေတာ့ ဘယ္ေလာက္ပြဲဆူသြားလည္းေတာ့ ေကာသိေသးတာပဲ၊ အဲ့ေလာက္ႀကီး လူပုံအလယ္မွာ လုပ္ျပစရာ လိုလို႔လား?”
‘‘အဲ့လို မဟုတ္ပါဘူး သူက စိတ္မလုံျခဳံေနလို႔”
‘‘စိတ္မလုံျခဳံလို႔.....”
ရင္းဇယ္က ခပ္တိုးတိုးေရြရြတ္တယ္။
‘‘ေဘးလူေတြအတြက္ဆိုရင္ ေကာက အရမ္းေတြးေပးတတ္တာပဲ”
ရင္းခ်ဲယ္ကမူ သူေျပာတာမၾကားလိုက္၍ ေရွ႕တိုးလာကာ
‘‘ဘာေျပာလိုက္တာလဲ?”
‘‘ဘာမွမဟုတ္ေတာ့ဘူး ေအာ္ တစ္ခုသတိေပးခ်င္တယ္၊ အဲ့ဒီခ်န္းေဟာင္ဆိုတဲ့ေကာင္က တစ္မ်ိဳးပဲ”
‘‘အင္း ဟုတ္တယ္ သူက သာမန္ေတာ့မဟုတ္ဘူး”
ခ်န္းေဟာင္က သူ႔ကိုပိုးပန္းခ်င္လို႔ဆိုၿပီး အမ်ိဳးမ်ိဴးထပ္ခါထပ္ခါလုပ္ခဲ့ေပမယ့္ အဲ့ဒါေတြက သာမန္ပိုးပန္းခ်င္တဲ့လူေတြ လုပ္တဲ့အရာေတြမ်ိဳးမွ မဟုတ္ပဲ
ရင္းဇယ္ : ‘‘အဲ့တာကို ေျပာခ်င္တာမဟုတ္ဘူး၊ တစ္ခုခုထူးဆန္းတယ္မထင္ဘူးလား? ေကာ omegaဆိုတာ သူကဘယ္လိုလုပ္သိတာလဲ?”
ရင္းခ်ဲယ္က ခနေလာက္စဥ္းစားၾကည့္ၿပီး : ‘‘အဲ့ဒါက omega pheromoneဆို သူကပိုၿပီး sensitiveျဖစ္လို႔မ်ားလားေနာ္? ငါ့ pheromoneကို အနံ့ရသြားလို႔ သိသြားတာမ်ားလား?”
‘‘မျဖစ္နိုင္တာ၊ ေကာ pheromoneကို ငါေတာင္မရဘူး၊ ေကာကိုယ္က ဟိုက်န႔္မ်ိဳးရိုးေကာင္ရဲ့ alpha အနံ့ေတြနဲ႔ ဖုံးေနတဲ့ဟာ၊ အဲ့အေၾကာင္းေျပာမွ ေရခ်ိဳးၿပီးတဲ့ထိေတာင္ အနံ့ကမေပ်ာက္ရေအာင္ အဲ့ေကာင္ pheromoneက ဘယ္လိုေတာင္ျပင္းလို႔လဲ?”
‘‘.......”
အဲ့ဒါက အမွန္ေတာ့ အမွတ္အသားလုပ္ၿပီးသြားလို႔
ရင္းခ်ဲယ္က အသာေခ်ာင္းဟန႔္ၿပီး စကားလမ္းေၾကာင္းကို မသိမသာလႊဲလိုက္တယ္။
‘‘အာ ဟုတ္မွာ၊ အိုး ဟုတ္သား မင္းေရာ ခ်န္းေဟာင္အေပၚ ဘယ္လိုျမင္လဲ? ငါကေတာ့ သူကတစ္ေယာက္ေယာက္နဲ႔ တူတယ္လို႔ ခံစားေနရတယ္ ဒါေပမယ့္ ဘယ္သူမွန္းလည္း မမွတ္မိဘူး”
‘‘ဘယ္လိုမွမျမင္ပါဘူး၊ ေကာ အမွတ္မွားတာေနမွာပါ”
‘‘ဟုတ္ေလာက္မွာပါေလ.....”
ရင္းခ်ဲယ္က ေတြးၿပီး မ်က္ေမွာင္ၾကဳတ္တယ္။
တစ္ေနရာရာမွာ ျမင္ဖူးတယ္လို႔ေတာ့ ထင္မိတုန္းပဲ၊ သူ႔ရဲ့ အဲ့ဒီမ်က္လုံးေတြက ဘယ္လိုမွန္းမသိဘူး ရင္းႏွီးေနတယ္
‘‘အဲ့လိုမွ ေကာစိတ္မေအးနိုင္ေသးရင္ သူ႔မိသားစုေနာက္ခံအေၾကာင္း စုံစမ္းၾကည့္ဖို႔ ပါးကို ငါေျပာၾကည့္လိုက္မယ္ေလ”
ရင္းခ်ဲယ္က အံ့ဩသလို မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ၿပီးမွ ႐ုတ္တရက္ ျပဳံးလာတယ္။
‘‘ထားေတာ့ ပါးစိတ္ပူေနလိမ့္ဦးမယ္ ေကာဘာေကာေျဖရွင္းလိုက္မယ္၊ စိုးရိမ္ေပးတဲ့အတြက္ ေက်းဇူးေနာ္ အားဇယ္”
‘‘ဘယ္သူက စိုးရိမ္ေနလို႔လဲ? ငါက မင္း ဒီေန႔လိုႀကီးႀကီးက်ယ္က်ယ္ေတြ ထပ္ျဖစ္မွာစိုးလို႔ပါေနာ္၊ မင္းက ရွက္တယ္မထင္ေပမယ့္ ငါကေတာ့ ရွက္တယ္”
ရင္းဇယ္က လွည့္ထြက္သြားတယ္၊ တံခါးနားေရာက္မွ ေျခလွမ္းေတြ တန႔္သြားၿပီး
‘‘ဘာပဲျဖစ္ျဖစ္ သတိေတာ့ထားေန၊ သူမ်ားေတြက ေက်ာင္းလူဆိုးလို႔ေခၚတိုင္း ကိုယ့္ကိုယ္ကို တစ္ေက်ာင္းလုံးမွာ ယွဥ္နိုင္တဲ့သူမရွိေလာက္ေအာင္ သန္မာေနတယ္ထင္မေနနဲ႔၊ မင္းက omega အားနည္းခ်က္ေတြ အမ်ားႀကီးရွိတယ္”
ရင္းခ်ဲယ္က ျပဳံးၿပီး
‘‘အင္းပါ ငါမွတ္ထားမယ္”
ရင္းဇယ္လည္း အခန္းတံခါးပိတ္ၿပီးထြက္သြားေရာ သူ႔ကုတင္ေပၚက ဖုန္းက ထျမည္လာတယ္။
ရင္းခ်ဲယ္လည္း ေမြ႕ယာေပၚ ပစ္လွဲခ်ပစ္လိုက္တယ္။ ဝမ္းလ်ားေမွာက္ရက္နဲ႔ပဲ ဖုန္းကိုေကာက္ကိုင္ၿပီး video callျပန္ေျဖလိုက္တယ္။
ရလဒ္အေနနဲ႔ကေတာ့ က်န႔္ေယာင္မ်က္လူံးထဲ ၀င္လာတဲ့ျမင္ကြင္းဟာ အိပ္ယာသန႔္သန႔္ေလးထဲ ျမဳပ္ေနၿပီး သူ႔ကိုႏူးႏူးညံ့ညံ့မ်က္လုံးရြဲႀကီးေတြနဲ႔ ပုတ္ခတ္ပုတ္ခတ္ၾကည့္ေနတဲ့ ယုန္ေပါက္ေလး။
သူ႔ရင္ဘတ္ႀကီးကို တည့္တည့္ထိေတာ့တာပဲ။
ဒီေန႔ ထိတာေတာ္ေတာ္မ်ားေနၿပီ၊ သူ႔ႏွလုံးသားေလး ခံနိုင္ရည္မရွိေတာ့ဘူး။
‘‘အ,ေနတာလား? ေျပာေလ”
‘‘.......”
ပစ္ခြင္းလာတဲ့ ရက္စက္ၾကမ္းတမ္းလွတဲ့ေလသံေၾကာင့္ လူငယ္ေလးရဲ့ႏွလုံးသားေလး တစ္စစီေၾကမြကြဲထြက္သြားရွာတယ္။
က်န႔္ေယာင္ : ‘‘ငါ မက္ေဆ့ေတြအမ်ားႀကီးပို႔ထားတာ ဘာလို႔ျပန္မေျဖတာလဲ?”
‘‘တိတိနဲ႔ စကားေျပာေနတာ”
‘‘ဟမ္? ေျပေျပလည္လည္ စကားေျပာတယ္ဆိုေတာ့ ဘယ္တုန္းကမ်ား ႏွစ္ေယာက္ဆက္ဆံေရးက ေကာင္းသြားရတာလဲ?”
‘‘....ဖုန္းခ်လိုက္ေတာ့မယ္”
‘‘နိုး နိုး နိုး မလုပ္နဲ႔ေလ မေျပာေတာ့ဘူးေနာ္ အဲ့အေၾကာင္းမေျပာေတာ့ဘူး”
က်န႔္ေယာင္ခမ်ာ အသနားခံရရွာတယ္။
‘‘တျခား ေျပာစရာရွိလို႔”
‘‘ေျပာမွာေျပာ”
က်န႔္ေယာင္က ဖုန္းနားကပ္လာတာေၾကာင့္ မ်က္ႏွာေခ်ာေခ်ာက စခရင္အျပည့္ျဖစ္သြားၿပီး အသံတိုးတိုးနဲ႔
‘‘ငါ......”
ေနာက္ဆက္တြဲစကားေတြ တစ္လုံးမွ ေသခ်ာမၾကားလိုက္ရတာေၾကာင့္ ရင္းခ်ဲယ္က
‘‘က်ယ္က်ယ္ေျပာ”
က်န႔္ေယာင္က လက္တစ္ေခ်ာင္းေကြးေခၚၿပီး
‘‘ေရွ႕တိုး ငါ့ဘက္က က်ယ္က်ယ္ေျပာလို႔ အဆင္မေျပလို႔”
ရင္းခ်ဲယ္လည္း မေနသာပဲ မ်က္ႏွာကိုျဖည္းျဖည္းခ်င္း ဖုန္းနားကပ္သြားေတာ့
‘‘ဘာကိစၥ——”
*မြ!*
ဖုန္းစခရင္ကို အျမန္လွမ္းနမ္းပစ္လိုက္တဲ့ က်န႔္ေယာင္က မ်က္၀န္းမွာလည္း အျပဳံးရိပ္ေတြနဲ႔ :
‘‘ေန႔လည္က မင္းစကားကို ျပန္မေျဖရေသးဘူးဆိုတာ သတိရသြားလို႔
‘‘Year 3 Class 1က ေက်ာင္းသားရင္းခ်ဲယ္, ခ်စ္တယ္ အရင္ကလိုမ်ိဳးပဲ ေနာက္လည္း ကိုယ့္ရဲ့ရင္ဘတ္ႀကီးနဲ႔ေရာ စိတ္ဝိဉာဥ္နဲ႔ပါ ဆက္ၿပီးခ်စ္သြားပါ့မယ္”
————