Chapter 34 အခန္း ၃၄ နတ္မိမယ္ေလးမ်ား ေသဆံုးျခင္း ၁၄
“ခင္ဗ်ား အဲေလာက္ေတာင္ ေဆာ္လိုက္တာလား” ေမ့လဲေနပံုပဲ ရတဲ့ အဲဒိလူရဲ႕ ပံုစံကုိေတာင္ ျပန္ျမင္ေယာင္သြားသည္။
“ဘယ္ကသာ ကိုယ္ဟုတ္ပါ့မလား၊ ျဖစ္တဲ့ဆီကို လူေတြ ေရာက္လာေတာ့ မင္းတစ္ေယာက္ထဲ အေရျပားကို သြားျပေနရမွာဆိုးလို႕ မင္းကို လာရွာတယ္ေလ။ ရဲစခန္းက လူေတြ႕သူ႕ကို လာဖမ္းေတာ့ ဓါတ္ခြဲခန္းအေဆာင္ကေန ထြက္ထြက္ျခင္းပဲ ပုန္းေနတဲ့ စႏိုက္ပါ တစ္ေယာက္ ပစ္သတ္တာ ခံလုိက္ရတယ္လို႕ ၾကားတာပဲ ”
ကြမ္က်င္ အံၾသသြားသည္။ “ဘာလို႕ စႏိုက္ပါတစ္ေယာက္ ရွိေနတာလဲ၊ အဲဒိလူကေရာ ဘယ္ကလာတာလဲ ျပီးေတာ့ ဘာလို႕ ဓါတ္ခြဲေဆာင္ထဲ သြားတာလဲ”
လုယြင္ယြမ္က သူ႕ကို ဆန္ျပဳတ္တစ္ပန္းကန္ လွမ္းေပးရင္းႏွင့္ “အဲဒိ စႏိုက္ပါကို မဖမ္းမိဘူး။ ေသသြားတဲ့ လူကေတာ့ က်င္းဟန္ ေျပာတာ ၾကားတာေတာ့ အဲဒိလူက ေဒတာေဘ့ထဲမွာ ဘာမွတ္တမ္းမွ မရွိဘူးတဲ့။ ျပီးေတာ့ သူ႕ကို အိမ္ေထာင္စုစာရင္းစနစ္ထဲမွာလဲ ရွာမေတြ႕ဘူးတဲ့။ ဒါေပမယ့္ သူၾကည့္ရတာေတာ့ အမႈနဲ႕ ဘာမွ ဆုိင္တယ္လို႕ မထင္ရပါဘူးတဲ့”
“ဘယ္လိုလုပ္ ကၽြန္ေတာ္ ဘာမွ မသိရတာလဲ” ကြမ္က်င္ နည္းနည္းေလး မေက်မနပ္ ျဖစ္သြားသည္။
“မင္းပဲ တာဝန္ၾကီးနဲ႕ ဒါဏ္ရာ ရသြားတာ မဟုတ္ဘူးလား။ ဒီေန႕ပဲ သူတို႕ကို ဖုန္းေခၚလုိ္ကေတာ့ အခုေလးတင္ သိလုိက္ရတာ”
“ဟုတ္သား.. ကၽြန္ေတာ့ ဆႏၵမပါပဲ ကၽြန္ေတာ့ကို ေျခရာခံတယ္ေနာ္.. ဒီလို အျပဳအမူက အရမ္းရိုင္းတယ္ ခင္ဗ်ား မသိဘူးလား”
“လူတစ္ေယာက္ရဲ႕ အသက္ကို ကယ္တာေရာ ရိုင္းတာပဲလား”
အခုမွပဲ သူ တစ္ခ်ိန္လံုး ဆြဲခြာခ်ခ်င္ေနသည့္ ဒီဆုိက္ကိုငလိမ္က သူ႕ရဲ႕ ‘အသက္သခင္’ မွန္း သေဘာေပါက္သြားေတာ့သည္။ ထို စကားလံုးၾကီးက ကြမ္က်င့္ကိုယ္ကို ရုတ္တရတ္ ဖိခ်လုိက္တာမို႕ သူ႕ရဲ႕ ေမာ့ေကာ့ေနသည့္ ပခံုးေတြေတာင္ အိုင္ခနဲ နိမ့္က်သြားေတာ့သည္။
Xxxxxxxxxx
ေနာက္တစ္ေန႕ ကြမ္က်င္တစ္ေယာက္ နီနီရဲရဲကေန ပန္းေရာင္သို႕ ေျပာင္းသြားျပီးေနာက္မွာ မေကာင္းဆိုးဝါး ေဒါကတာက်န္း၏ စာနာကင္းမဲ့စြာႏွင့္ ေဆးရံုမွ ကန္ထုတ္ျခင္း ခံလုိ္က္ရသည္။ “ျပည္သူေတြရဲ႕ပစၥည္းေတြ ခံစားေနတာ ရပ္သင့္ေနျပီ”လို႕ေတာင္ သူက ေျပာေတာင္ ေျပာလုိက္ေသးသည္။
အဆန္းၾကီး ေနာက္က်ရင္ ဒီလို ငရဲနဲ႕ တူလွတဲ့ ေနရာကို ျပန္လာပါလို႕ ေတာင္းပန္ရင္ေတာင္ မလာဘူး။
ရဲစခန္းသို႕ သူေရာက္ခ်ိန္တြင္မူ သူ႕ရဲ႕ ပရမ္းပတာ နိုင္လွတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ ဝိုင္းလာတာေတာ့ သူ႕မွာ ေရွာင္လႊဲလို႕ မရေတာ့ေပ။
“ေတာ္ျပီ၊ သူ႕ကို ထပ္ၾကပ္မေနနဲ႕ေတာ့” လုယြင္ယြမ္ကပဲ သတိရွိစြာႏွင့္ ကြမ္က်င္ ေပါက္ကြဲမထြက္ခင္ သိကၡာမရွိ ပရမ္းပတာ ႏိုင္လွသည့္ လူအုပ္ကုိ ဟန္႕ရေတာ့သည္။
“မေန႕က ေသတဲ့ လူအေၾကာင္း ငါတို႕ေတြ ရွာလို႕ မရေသးဘူး။ အဲဒိေတာ့ ဒီမွာ တရားမဝင္ ခိုးဝင္လာသူလို႕ပဲ သံသယ ရွိေတာ့တယ္။ ဒါေပမယ့္ အေျခအေနက ထူးျခားေနတယ္” ဝမ္က်င္းဟန္က ကြမ္က်င္ကို ဆက္ေျပာျပသည္။ “ႏႈိင္းယွဥ္ခ်က္ေတြ အရဆိုရင္ မေန႕က လူကို သတ္ေတာ့ သံုးတဲ့ က်ည္ဆန္နဲ႕ ဟိုက်န္ခဲ့တဲ့ လေတြတုန္းက ရိုက္ကြင္းမွာ ရန္ကြမ္းကို သတ္ခဲ့တဲ့က်ည္ဆန္နဲ႕ က ေသနတ္တစ္လက္ထဲက ျဖစ္ေနတယ္”
ကြမ္က်င္ မ်က္လံုးေတြ ျပဴးသြားသည္။ “လုပ္ၾကံတဲ့သူကအတူတူပဲလား? ဒီႏွစ္ေယာက္ၾကားမွာ ဘာေတြ ဆက္စပ္ေနလို႕လဲ”
“လုပ္ၾကံတဲ့သူက မတူတဲ့ လူႏွစ္ေယာက္ ငွားတာ ခံခဲ့ရပံုပဲ ဒါေပမယ့္ အခုေတာ့ သိဖို႕က အရမ္းခက္ေနေသးတယ္”
“ဒီအေျခအေနေတြကိုေရာ အင္တာပိုလ္ ကို အေၾကာင္းၾကားျပီးျပီလား”
“အင္တာပိုလ္လား? ဒီလို အမႈေသးေသးေလးကိုငါက ဘာလို႕ သူတို႕ကို သြားေႏွာက္ယွက္ေနမွာတုန္း” ဝမ္က်င္းဟန္က ျပံဳးလုိက္သည္။
ေကာင္းပါျပီ ေကာင္းျပါျပီ။ အင္တာပိုလ္က ၾကားျဖတ္ျပီး ယူသြားတဲ့ အမႈလဲ ရွိေနတာပဲကို။ ဒါေပမယ့္ ဝမ္က်င္းဟန္က သူတို႕ကို တမင္မေျပာျပတာ ျဖစ္ႏိုင္သည္။ ဒီဝမ္က်င္းဟန္က သူတို႕ရဲ႕ ျပည္သူ႕လံုျခံဳေရး အဖြဲ႕ထဲကို ရန္သူေတြ ထိုးသြင္းထားတဲ့ လူေတာ့ မဟုတ္ဘူး မလား? ေကာက္က်စ္ခ်က္က…ကြမ္က်င္ က သူကုိယ္တိုင္သည္လည္း ရဲအဖြဲ႕ထဲကို ထိုးသြင္းခံလုိက္ရသလို ျဖစ္သည့္ ရန္သူေတာ္ တစ္ေယာက္ ျဖစ္မွန္း လံုးလံုးကို ေမ့ထားသည္။
“အိုေက.. အဲဒါကို အခုေဘးဖယ္ထားရေအာင္။ တင္တင္၊ ကူရွန္း မင္းတို႕ ႏွစ္ေယာက္ ယုဟြာဘက္မွာေကာ တိုးတက္ေသးလား”
ကူရွန္းကေန “ဟုတ္၊ ယုဟြာရဲ႕ မိသားစု အေျခအေနကို ၾကည့္ျပီးေတာ့ အိမ္နီးနားခ်င္းေတြ၊ သူငယ္ခ်င္း မိတ္ေဆြနဲ႕ အမ်ိဳးေတြ ကိုေတာ့ ေမးၾကည့္ျပီးျပီ။ သူ(မ)က တက္ယ့္ေတာ့ ေတာ္ေတာ့္ကို သနားဖို႕ ေကာင္းတာ။ ယုဟြာရဲ႕ အမ်ိဳးသားက အေစာၾကီး ထဲက ဆံုးသြားတာ။ ဒီေတာ့ ေယာကၡမအထီးၾကီးကို ျပဳစုရင္းနဲ႕ သူ႕သားကိုလဲ သားတစ္ခု အေမတစ္ခုဘဝနဲ႕ ပ်ိဳးေထာင္လာတာ။ ေနာက္က်ေတာ့ သူ႕ေယာကၡမ အထီးၾကီးက နာတာရွည္ ျဖစ္ေနတာကေန စိတ္ဓါတ္က်ျပီးေတာ့ သူ႕ဘာသာသူ ဆြဲၾကိဳးခ် သတ္ေသသြားတယ္။ ယုဟြာက အလုပ္မွာလဲ အလုပ္က အရမ္းမ်ားေတာ့ သူ႕သားကိုေတာင္ ေသခ်ာ ဂရုမစိုက္ႏိုင္ဘူး။ ျပီးေတာ့ ခဏခဏလဲ သားအမိေတြ စကားမ်ားၾကတယ္တဲ့။ ေနာက္ဆံုးလဲ က်ေရာ သူ႕သားက ဆယ့္ေလးႏွစ္နဲ႕ အိမ္ကေန ထြက္ေျပးျပီးေတာ့ ဘယ္ေတာ့မွ သတင္းစကားေတာင္ မၾကားရေတာ့ဘူးတဲ့”
လုယြင္ယြမ္ မ်က္လံုးေတြ လက္ခနဲ ျဖစ္သြားသည္။ “သူ႕ေယာကၡမအထီးၾကီးက ဘယ္လိုမ်ိဳး သူ႕ဘာသာသူ ဆြဲၾကိဳးခ်ေသသြားတာလဲ”
တင္တင္က ေလးစားသြားသလို လက္မေထာင္ျပလုိက္သည္။ “ပေရာ္ဖက္ဆာ ကေတာ့ ကၽြမ္းက်င္သူ ပီသတာပဲ။ သူတို႕ အိမ္နီးနားခ်င္းေတြ ဆီက ၾကားရတာေတာ့ အဲဒိတုန္းက ေဆးရံုက လံုျခံဳေရး အားနည္းလြန္းေတာ့ ယုဟြာက ပုလင္းတို႕ အေၾကာေဆးသြင္းတဲ့ ပိုက္တို႕ကို အျခားေနရာေတြမွာသံုးဖို႕ သံုးလာတတ္တယ္တဲ့။ ယုဟြာရဲ႕ ေယာကၡထီးၾကီးက သူ႕ကိုယ္သူ ဆြဲၾကိဳးခ် ေသတုန္းက အေၾကာေဆးသြင္းတဲ့ ပိုက္ကို သံုးသြားတာ”
“ယုဟြာရဲ႕သား အခု ဘယ္မွာလဲ ဆိုတာေရာ သဲလြန္စ ရခဲ့လား” ဝမ္က်င္းဟန္က ေမးလုိက္သည္။
“သူ႕နာမည္က ယုမုန္ တဲ့။ သူ အလယ္တန္းေက်ာင္းတုန္းက ပံုပဲ ရခဲ့တယ္။ ဆယ့္တစ္ႏွစ္ ဆယ့္ႏွစ္ႏွစ္ အရြယ္ေလာက္ေပ့ါ။ သူ႕မိသားစုေတြေရာ သူ႕သူငယ္ခ်င္းေတြေရာက အဲဒိထဲက မေတြ႕ရေတာ့ဘူးတဲ့။ သူ႕ေမြးေန႕ အတိုင္းဆိုရင္ေတာ့ ယုမုန္က ဒီႏွစ္ဆိုရင္ ႏွစ္ဆယ့္ရွစ္ႏွစ္ ရွိေနျပီ” ကူရွန္းက ဝါတာတာ အျဖဴအမဲ ဓါတ္ပံုကို ကမ္းေပးလုိက္သည္။
ခ်ိဳင့္ေနသည့္ မ်က္တြင္းမ်ားႏွင့္ ကင္မရာကို ၾကည့္ေနေသာ ခပ္ျပည့္ျပည့္ ေကာင္ေလးတစ္ေယာက္ပံု ျဖစ္သည္။
“ပိုင္ေလး၊ မင္းေဆးရံုဝန္ထမ္းေတြရဲ႕ ဖိုင္ေတြကို ၾကည့္တုန္းက ယုမုန္လို႕ ေခၚတဲ့သူ ဒါမွမဟုတ္ သူနဲ႕ ခပ္ဆင္ဆင္ တူတဲ့သူ ေတြ႕လုိက္လား”
လင္းပိုင္ က ေသခ်ာ ျပန္စဥ္းစားေနေပမယ့္ ကြမ္က်င္က သူ႕အစားျပန္အေျဖေပးလုိက္သည္။ “မရွိဘူး။ အကုန္လံုးကို ၾကည့္ျပီးသြားျပီ”
“ယုမုန္ရဲ႕ အေတြ႕အၾကံဳေတြက ငါတိုမွန္းထားတဲ့ လူသတ္သမားနဲ႕ အရမ္းကိုက္ေနတယ္ ဒီေတာ့ ဒါက အဓိကလမ္းေၾကာင္းပဲ။ သူ ေပ်ာက္သြားတုန္းက သူက အရြယ္မေရာက္ေသးဘူး ဒီေတာ့ သူ႕ရဲ႕ အခ်က္အလက္နဲ႕ အသြင္အျပင္က ေျပာင္းသြားႏိုင္တယ္။ ျပီးေတာ့ ေဆးရံုထဲမွာ အျမဲတမ္းအလုပ္သမား မဟုတ္တဲ့သူေတြလဲ အမ်ားၾကီးပဲ။ အဲဒိလူေတြက တရားဝင္ဖိုင္ေတြနဲ႕ သိမ္းထားမွာ မဟုတ္ဘူး။ ဆုိလိုတာက ငါတို႕႕ သူတို႕ေတြကုိ တစ္ေယာက္ခ်င္းစီ သြားစစ္ၾကည့္ရေတာ့မွာ။ ငါတို႕ကို ကူဖို႕ အဖြဲ႕တစ္ဖြဲ႕ေလာက္ သြားရွာလိုက္မယ္။ ငါတို႕ေတြ အမွတ္သံုးေဆးရံုကုိ ေျမလွန္ရမယ္ ဆိုရင္ေတာင္ ယုမုန္ကို ရွာမွာ” ဝမ္က်င္းဟန္က စားပြဲခံုကို လက္သီးႏွင့္ ဒံုးခနဲ ထုခ်လိုက္သည္။
“ယုဟြာေသတာက ယုမုန္နဲ႕ ပတ္သတ္ေနလို႕လား” ကြမ္က်င္က ေမးလိုက္သည္။
“မလိုဘူးေလ။ ဒါေပမယ့္ ယုမုန္က အဲဒါကို သိေနတယ္လို႕ ပိုထင္တယ္။ ျပီးေတာ့ ယုဟြာေသသြားတာက ယုမုန္ကို သြားသက္ေရာက္မွာပဲ။ သူလဲ အဲဒါကို ေပါက္ကြဲထြက္ဖို႕လမ္းေတာ့ ရွာမွာပဲ။ ဘာပဲ ျဖစ္ျဖစ္ကြာ ငါတို႕က ယုမုန္က အရင္ရွာရမယ္။ ငါတို႕ ရွာခ်င္ေနတဲ့သူ ျဖစ္ပါေစလို႕ေတာ့ ဆုေတာင္းရမွာပဲ။ ဒါဆို အမႈလဲ ဒီမွာတင္ ရပ္သြားမွာ”
ထိုေန႕ ေန႕လည္တြင္ လုယြင္ယြမ္ ဖုန္းတစ္ေကာ လက္ခံရရွိျပီး ကသိုက္ကရိုက္ ထြက္သြားသည္။ အလုပ္ အျပီးတြင္ ကြမ္က်င္မွာ တစ္ေယာက္ထဲ အိမ္ကို ျပန္ရတာကိုေတာင္ အေလ့အက်င့္မရသလို ရုတ္တရတ္ ခံစားလုိက္ရသည္။ သူက လူေတြ ျပံဳတိုးေနသည့္ ေျမေအာက္ရထားမွာ မတ္တပ္ရပ္ရတာ တကယ္မုန္းတာ။ ဒါနဲ႕ပဲ သူ႕ဘာသာသူ တစ္ေယာက္တည္း ေအးေအးလူလူ လမ္းေလွ်ာက္ေတာ့သည္။ လမ္းဆံုေလး တစ္ျဖတ္ကို ေက်ာ္ျပီးေနာက္မွာ ကြမ္က်င္ ျဖည္းျဖည္းခ်င္း ရပ္ခ်လို္က္ကာ ေနာက္ကို ျပန္လွည့္ျပီး ဘေလာက္တံုးနားတြင္ ရပ္ထားသည့္ Porche ကားဆီသို႕ ေလွ်ာက္သြားကာ ကားမွန္းကို ေခါက္လိုက္သည္။
ျပတင္းမွန္က တေျဖးေျဖးခ်င္း ေအာက္သုိ႕ ေလ်ာက်လာကာ ရင္းႏွီးေနသည့္ မ်က္ႏွာတစ္ခု ေပၚလာသည္။
“အရာရွိကြမ္ မေတြ႕ရတာ ၾကာျပီေနာ္။ တစ္ေယာက္တည္းလား ကားနဲ႕ လုိက္ပို႕ေပးရမလား”
“ကၽြန္ေတာ့ေနာက္ကို အၾကာၾကီးလို္က္လာရတာ တစ္ခုခု လုပ္ခြင့္မွ မေပးရင္ ခင္ဗ်ားၾကိဳးစားထားတာနဲ႕ ဘယ္တန္ေတာ့မလဲ” ကြမ္က်င္က ႏွာေခါင္းရႈံ႕ကာ တံခါးဖြင့္ျပီး ခပ္ရိုင္းရိုင္းပဲ ဝင္ထိုင္လုိက္သည္။
မင္ယန္ကေတာ့ လံုးဝကို အံအားသင့္မေနေတာ့ပဲ အားရပါးရေတာင္ ျပံဳးျဖီးသြားသည္။
“ဟိုးအေဝးၾကီးထဲက ျမင္ေနတာ ဒါေပမယ့္ အေနွာင့္အယွက္မ်ား ျဖစ္သြားမလားလို႕ တြန္႕ေနတာေလ”
ကြမ္က်င္က တိုနီေျပာတာကို ျပန္စဥ္းစားၾကည့္ျပီးေတာ့ မင္ယန္႕ကို ေျခဆံုးေခါင္းဆံုး မၾကည့္ပဲ မေနႏိုင္ေတာ့ေပ။ “ဘာမွ မစားရေသးလို႕ ဆိုင္တစ္ဆုိင္ဆိုင္မွာ ခ်ေပးခဲ့”
“အေတာ္ပဲ ကၽြန္ေတာ္လဲ မစားရေသးဘူး အတူတူသြားစားၾကမလား”
ကြမ္က်င္က မျငင္းေပ။ ခင္ဗ်ားက ရည္ရြယ္ခ်က္ၾကီးနဲ႕ လာမွေတာ့ ငါကလဲ ငါးစာေလး ျပန္ခ်ေပမယ္ေလ ျပီးရင္ ၾကည့္လုိက္ဦး ဘယ္သူက ဘယ္သူ႕ကို မွ်ားေနတာလဲ ဆိုတာ။
“အရာရွိက အခုတေလာ အလုပ္မ်ားေနတာလား”
“ဒီလိုပါပဲ”
“ဒီလို ျမိဳ႕ၾကီးထဲမွာ ကြင္းဆက္လူသတ္သမားရွိလို႕လို႕ ၾကားမိလုိ႕”
“ခင္ဗ်ားလဲ ဒီလိုအရာေတြ ဂရုစုိက္တာပဲလား”
“ဒါေပ့ါ၊ ႏိုင္ငံသားေကာင္းတစ္ေယာက္ အေနနဲ႕ ျပည္သူေတြရဲ႕ လူမႈဖူလံုေရး (သက္သာေခ်ာင္ခ်ိေရး)ကို ဂရုစိုက္ရတာေပ့ါ”
လူမႈဖူလံုေရး ? (မင္ယန္သံုးသြားတဲ့ စကားလံုးက အသံုးနည္းတဲ့ စကားလံုးမို႕ ကိုယ္တို႕ရဲ႕ ကြမ္ကြမ္ေလးက မသိပါဘူးတဲ့ေလ) အဲဒါ ဘာၾကီးလဲ? ကြမ္က်င္က သူ႕အတြင္းစိတ္ထဲမွာေတာ့ ျပန္သြားရင္ အဘိဓါန္လွန္ဖို႕ ဆံုးျဖတ္ေနျပီ။ အေပၚယံမွာေတာ့ သူက ေအးစက္စက္ရွိေနဆဲပင္။ “ကိုယ့္ကိုကုိယ္ လံုျခံဳေအာင္ ထားတာက ကၽြန္ေတာ္တို႕ကို အေကာင္းဆံုးကူညီေပးတာပဲ”
“ဒါ ကၽြန္ေတာ္ေသခ်ာေပါက္ လုပ္ရမွာေပ့ါ။ အရာရွိကြမ္ ပူေနတာလား။ မ်က္ႏွာက နည္းနည္းေလး နီေနတယ္ေနာ္”
အနာေပၚ တုတ္က်သြားေလျပီ။ ကြမ္က်င္က ေအာက္ငံု႕ကာ သူ႕ပန္းကန္ထဲက အစားအစာေတြကို ဟိုထိုးဒီထိုး လုပ္ကာ “ဒီဟင္းက နည္းနည္းစပ္တယ္”
“စားေနတာ ကကတစ္ ငါးေပါင္းပါ”
ေနာက္ထပ္ အၾကာၾကီး တိတ္ဆိတ္သြားသည္။
ကြမ္က်င္က သူ႕တူကို ခ်ျပီးေတာ့ ေရေႏြးတစ္ငံုေသာက္ျပီးေတာ့ ခပ္ေပ့ါေပ့ါေလသံႏွင့္ “ခင္ဗ်ားက မိသားစုၾကီးကဆို၊ ဘိုးဘြားေတြေကာ စီးပြားေရးပဲ လုပ္ၾကတာလား”
“စီးပြားေရးေသးေသးေလးေတြပါ” မင္ယန္က ေရေႏြးတစ္ငံုေသာက္ျပီး မွတ္ခ်က္ခ်လုိက္သည္။ “ေကာင္းလိုက္တဲ့ ေရေႏြး”
“ဒါဆို ခင္ဗ်ားမိသားစုကလဲ စီးပြားေရးလုပ္ငန္းအၾကီးၾကီးေတြ လုပ္တာေပ့ါ ဟုတ္လား? အရင္က မၾကားဖူးဘူးပဲ”
“သူတို႕က ကၽြန္ေတာ္လို႕ မ်ိဳးခ်စ္စိတ္ရွိတဲ့သူေတြ မဟုတ္ဘူးေလ ႏုိင္ငံျခားပဲသြားၾကတာ” မင္ယန္က ျပံဳးရင္းေျဖသည္။
“ႏိုင္ငံျခားေတာင္ သြားႏိုင္ၾကတာ အထင္ၾကီးစရာပဲ ”
“အရာရွိက စီးပြားေရး စိတ္ဝင္စားလား”
“ရဲအရာရွိတစ္ေယာက္အေနနဲ႕ ကၽြန္ေတာ္တို႕က လစာပံုေသရတယ္ေလ ျပီးေတာ့ အဲဒါကလဲ အရမ္းအႏၱရာယ္မ်ားေသးတယ္။ ျဖစ္ႏိုင္ရင္ေတာ့ စီးပြားေရးေလး တစ္ခု စလုပ္ခ်င္တာေပ့ါ။ ဒါေပမယ့္ ကံမဆိုင္ေတာ့ အဲဒိဘက္မွာ အရည္အခ်င္း မရွိဘူး ျဖစ္ေနတယ္” ကြမ္က်င္က သက္ျပင္းခ်လုိက္သည္။
“စီးပြားေရးဆိုတာ လူတုိင္း စႏုိင္တာပဲ။ အခြင့္အေရးကို ဖမ္းဆုပ္ႏို္င္ မဖမ္းဆုပ္ႏိုင္ေပၚပဲ မူတည္တာပါ။ တစ္ခုခု စလုပ္ခ်င္တယ္ဆိုရင္ အေရးပါတဲ့ အခ်က္ေလးေတြ ေျပာျပေပးႏုိင္ပါတယ္။ ဒါေပမယ့္ စပ္ေတာ့စုခ်င္ေသးတယ္။ ဘယ္လို စီးပြားေရးမ်ိဳးကို စိတ္ဝင္စားတာလဲ”
“ရဲတစ္ေယာက္ပဲဟာ ရာဇဝတ္သားေတြကို ေျဖရွင္းရတာအျပင္ အနီးကပ္တိုက္ပြဲဝင္တာနဲ႕ ေသနတ္ေတြကို ကိုင္တာတြယ္တာေလာက္ပဲ ရွိတာ အျခားဘာသိဦးမွာလဲ”
“ဒါဆို ေျပာဖို႕ေတာ့ ခက္သြားျပီ။ စေတာ့မယ္ဆိုရင္ ရည္မွန္းခ်က္ တစ္ခုရွိေနတာက ပိုစလို႕ လြယ္တယ္” မင္ယန္က ဝါးခ်ေတာ့သည္။
ေရွာထြက္သြားတယ္ၾကမ္း၊ ငါးစာကို မဟပ္မွေတာ့ ျဖည္းျဖည္းခ်င္းသြားဖို႕ပဲ ရွိသည္။ ဘာပဲျဖစ္ျဖစ္ မင္ယန္က အေကာင္းဆံုးေရြးခ်ယ္စရာမွ မဟုတ္တာ။ ဆိုေတာ့ကာ ကြမ္က်င္က သူနဲ႕ ခင္မင္မႈတည္ေဆာက္ဖို႕အတြက္ အေလာမၾကီးေခ်။
XXXXXXXX
ဒီရက္မ်ားတြင္ လူတိုင္းက အမွတ္သံုးေဆးရံုမွ ဝန္ထမ္းမ်ားအားလံုး၏ အေနအထားမ်ားကို ၾကည့္ရႈၾကရသည္။ ေဆးရံုမွာက လူေပါင္း သံုးေထာင္ေက်ာ္ ရွိေနသည္။ က်န္းေဖးႏွင့္ အျခားသူေတြကေတာ့ အနားမွ အေျခအေနမ်ားကို ဆက္ျပီး ေလ့လာေနသည္။ တုေရွာင္ရႊယ္ အလုပ္လုပ္ေသာ ေဆးခန္းကို ျဖတ္သြားခ်ိန္တြင္ က်န္းေဖးက အထဲကို ဝင္သြားသည္ ျပီးေတာ့ မေအာင္မျမင္ႏွင့္ ျပန္ထြက္လာသည္။
ျပီးေတာ့ လမ္းေဘးမွ စတိုးဆိုင္အေသးေလး တစ္ခုမွ ထိုင္ခံုတြင္ ထိုင္ခ်ျပီး သူ႕စိတ္မရွည္မႈေတြကို ေျဖေဖ်ာက္ရန္ ကုတ္ အေအးေအးေလး တစ္ဘူး ဝယ္လိုက္သည္။ ျဖစ္ခ်င္ေတာ့ ထိုအခ်ိန္က အမွတ္သံုးေဆးရံုမွ အလုပ္ခ်ိန္ ေျပာင္းလဲခ်ိန္ျဖစ္တာမို႕ ဒီလမ္းကေန ဆရာဝန္ႏွင့္ သူနာျပဳေပါင္းမ်ားစြာ ျဖတ္သန္းသြားလာေနၾကသည္။ စတုိးဆိုင္ပိုင္ရွင္ကလဲ အဲဒိအထဲမွ အခ်ိဳ႕ေတြကို ႏႈတ္ဆက္ေနသည္။
“ဦးေလးက အမွတ္သံုးေဆးရံုက လူေတြနဲ႕ အရမ္းရင္းႏွီးတာပဲေနာ္” က်န္းေဖးက စကားေလး ဘာေလး ေျပာသလို ဟန္ေဆာင္လုိက္သည္။
“ဒါေပ့ါ၊ မၾကာမၾကာ ဒီကေန ျဖတ္သြားျပီးေတာ့ ပစၥည္းေတြ ဘာေတြေတာင္ ဝယ္ၾကေသးတာပဲဟာ”
“အနားကေဆးခန္း ကေရာလား”
“အဲဒိက လူေတြနဲ႕ ပိုေတာင္ရင္းႏွီးေသးတယ္။ ဦးေလးက ေခါင္းပဲကိုက္ကိုက္ ဖ်ားပဲ ဖ်ားဖ်ား၊ ေဆးခန္းက ဆရာဝန္က ဦးေလးကို ေဆးေတာင္ အလကားေပးေသးတယ္ ” ဆိုင္ရွင္က ဂုဏ္ယူဝင့္ၾကြားစြာ ေျပာလိုက္သည္။
“အဲဒါ အဆင္ေျပတာေပ့ါ”
“ဒါေပ့ါ။ အခ်ိဳ႕ဆို အရင္က ဒီမွာေတာင္ ကူေပးဖူးတာ”
XXXXXX
ရံုးခန္းအတြင္းတြင္ ရွိသမွ် လူအကုန္ အစြမ္းကုန္အလုပ္မ်ားေနခ်ိန္တြင္ လုယြင္ယြမ္ကေတာ့ မထင္ထားရေအာင္ ဘယ္မွာမွ ရွာလို႕ေတာင္ မေတြ႕ႏိုင္ေပ။
“ဘယ္လိုလုပ္မ်ား ဟိုကၽြမ္းက်င္သူၾကီး ဒီရက္ပိုင္း အရိပ္ေတာင္ ေပၚမလာသလဲ မသိဘူး။ ဒီေလာက္ ျမန္ျမန္ၾကီး ပ်င္းရိသြားတာလား” ကြမ္က်င္က သာမာန္ကာလွ်ံကာ ေျပာလုိက္သည္။
“သူက ဒီအဖြဲ႕ရဲ႕ တရားဝင္အဖြဲ႕ဝင္မွ မဟုတ္တာ။ ျပီးေတာ့ အခုတေလာ ပညာေရးေဆြးေႏြးပြဲ တစ္ခု တက္ဖို႕ ရွိတယ္။ ဒီေတာ့ သူ ခြင့္နည္းနည္းယူမယ္လို႕ င့ါကို ေျပာတယ္ေလ” ဝမ္က်င္းဟန္က ျပန္ေျဖျပီးေတာ့ ကြမ္က်င္ကို ၾကည့္ကာ “မင္း သူ႕ကို စိတ္ပူရင္ ဖုန္းဆက္ျပီး ေမးလုိက္ပါလား”
“စိတ္ပူရမယ္? လမ္းမွာ လာရႈပ္တယ္လို႕ ထင္ေနတာ။ သူ ျပန္မလာရင္ အေကာင္းဆံုးပဲ” ကြမ္က်င္ကေတာ့ မညွာမတာ ေျပာခ်လိုက္သည္။
“တင္တင္ေရ။ ဒီလို အက်င့္ကို ဘယ္လိုေခၚတာ ထပ္ေျပာစမ္းပါဦး မူယာမာယာမ်ားတာ ဟုတ္လား” ဝမ္က်င္းဟန္က မ်က္လံုးေလးေမွး ေမးေစ့ေလးပြတ္ကာ ေျပာလုိက္သည္။
“ပိုျပီး တိတိက်က် ေျပာရင္ အဲဒါကို စိတ္ထဲကနဲ႕ ေျပာင္းျပန္ေျပာတယ္လို႕ ေခၚတာ”
“ဟုတ္တယ္၊ ကြက္တိပဲ”
ကြမ္က်င္က မေကာင္းဆိုဝါးနဲ႕ သူ႕ေနာက္လုိက္တို႕ရဲ႕ စကားစျမည္ေတြကို ဆက္လက္ နားေထာင္ရန္ ျငင္းဆန္ေလသည္။
ညဖက္တြင္ အခ်ိန္ပို ႏွစ္နာရီေတာင္ ဆင္းလုိက္ျပီးေနာက္မွာေတာ့ အိမ္အျပန္လမ္းတစ္ခုလံုး သူ႕ဘာသာသူ တစ္ေယာက္ထဲ မေၾကမခ်မ္းေတြ ျဖစ္လာသည္။ ေရခ်ိဳးျပီး အိပ္ယာေပၚ လွဲခ်ျပီးေတာ့မွ သူ႕ရဲ႕ အရန္ဖုန္းကို ဖြင့္လုိက္သည္။ ရုတ္တရတ္ ဖုန္းအဝင္တစ္ေကာကို လက္ခံရရွိလုိက္သည္။
တိုနီကေတာ့ သူ႕ရဲ႕ ဂ်စ္တစ္တစ္အသံႏွင့္ပင္ “ေဝါင္း၊ တယ္ဟုတ္ေနပါလား ဖုန္းဖြင့္ထားတာပဲ။ ငါတို႕ေတာ့ ေျပာစရာမလိုေအာင္ ရင္ဘတ္ခ်င္း နီးေနတာပဲ”
“ဘာလုပ္မလို႕ ေခၚတာလဲ”
“အသံေတာင္ အရမ္းလႈပ္ခတ္သြားသလိုပဲေနာ္ ဘဒို၊ အေခ်ာေလးတစ္ေယာက္ ဖုန္းလာကိုင္ပါေစလို႕ ဆုေတာင္းေနတာကို ရင္ထဲေတာင္မေကာင္းဘူး”
“စိတ္ပ်က္သြားရလို႕ေတာ့ ေတာင္းပန္တယ္ ဖုန္းခ်ျပီ”
“ခဏ မခ်ေသးနဲ႕ဦး။ တကယ္ၾကီး ေျပာစရာ ရွိလို႕။ ငါတို႕သူေဌးကေတာ့ ေဆးမွားေသာက္သလား ဘာလားမသိဘူး ဘာပဲ ျဖစ္ျဖစ္ အလုပ္ကို လက္မေလ်ာ့ဘူးတဲ့။ အီသန္႕ေနရာမွာ လူအသစ္ေတာင္ ခန္႕မလို႕ ဆံုးျဖတ္လိုက္တယ္ေလ။ ဒီလူသာ ျပီးေအာင္ မလုပ္ႏိုင္လို႕ေတာ့ ဟာမီးဘက္က အရမ္းေဒါကီးလာမွကြ အဲဒါဆို ပိုေတာင္ ေသာက္ျပႆနာ တက္သြားဦးမယ္။ မင္းလဲ ခဏေလာက္ ေဘးထုိင္ေနတာ ပိုေကာင္းမွာ”
ကြမ္က်င္က တစ္ခုခု ေျပာခ်င္ေပမယ့္ အျခားတစ္ဖက္မွ အသံလႊင့္ခ်က္ကို ရုတ္တရတ္ သြားၾကားမိသြားသည္။
“မင္းအခု ဘယ္မွာလဲ”
“ေလဆိပ္မွာ။ ကိစၥေတြ ျပီးတဲ့အထိ ငါလဲ ေျပးမလို႕ေလ။ မင္းတစ္ခုခု ျဖစ္ရင္လဲ ငါ့ကို ဆြဲမသြင္းနဲ႕ေနာ္ ေဟ့ေရာင္။ သြားျပီ ဘုိင့္ဘိုင္”
ထြက္ေျပးတာလား? ဒီေကာင္ေတာ့ ကြမ္က်င္ ရုတ္တရတ္ၾကိး အရမ္းစိတ္ေတြ ပူထူတက္သြားသည္။
Unicode
Chapter 34 အခန်း ၃၄ နတ်မိမယ်လေးများ သေဆုံးခြင်း ၁၄
“ခင်ဗျား အဲလောက်တောင် ဆော်လိုက်တာလား” မေ့လဲနေပုံပဲ ရတဲ့ အဲဒိလူရဲ့ ပုံစံကိုတောင် ပြန်မြင်ယောင်သွားသည်။
“ဘယ်ကသာ ကိုယ်ဟုတ်ပါ့မလား၊ ဖြစ်တဲ့ဆီကို လူတွေ ရောက်လာတော့ မင်းတစ်ယောက်ထဲ အရေပြားကို သွားပြနေရမှာဆိုးလို့ မင်းကို လာရှာတယ်လေ။ ရဲစခန်းက လူတွေ့သူ့ကို လာဖမ်းတော့ ဓါတ်ခွဲခန်းအဆောင်ကနေ ထွက်ထွက်ခြင်းပဲ ပုန်းနေတဲ့ စနိုက်ပါ တစ်ယောက် ပစ်သတ်တာ ခံလိုက်ရတယ်လို့ ကြားတာပဲ ”
ကွမ်ကျင် အံသြသွားသည်။ “ဘာလို့ စနိုက်ပါတစ်ယောက် ရှိနေတာလဲ၊ အဲဒိလူကရော ဘယ်ကလာတာလဲ ပြီးတော့ ဘာလို့ ဓါတ်ခွဲဆောင်ထဲ သွားတာလဲ”
လုယွင်ယွမ်က သူ့ကို ဆန်ပြုတ်တစ်ပန်းကန် လှမ်းပေးရင်းနှင့် “အဲဒိ စနိုက်ပါကို မဖမ်းမိဘူး။ သေသွားတဲ့ လူကတော့ ကျင်းဟန် ပြောတာ ကြားတာတော့ အဲဒိလူက ဒေတာဘေ့ထဲမှာ ဘာမှတ်တမ်းမှ မရှိဘူးတဲ့။ ပြီးတော့ သူ့ကို အိမ်ထောင်စုစာရင်းစနစ်ထဲမှာလဲ ရှာမတွေ့ဘူးတဲ့။ ဒါပေမယ့် သူကြည့်ရတာတော့ အမှုနဲ့ ဘာမှ ဆိုင်တယ်လို့ မထင်ရပါဘူးတဲ့”
“ဘယ်လိုလုပ် ကျွန်တော် ဘာမှ မသိရတာလဲ” ကွမ်ကျင် နည်းနည်းလေး မကျေမနပ် ဖြစ်သွားသည်။
“မင်းပဲ တာဝန်ကြီးနဲ့ ဒါဏ်ရာ ရသွားတာ မဟုတ်ဘူးလား။ ဒီနေ့ပဲ သူတို့ကို ဖုန်းခေါ်လိုကတော့ အခုလေးတင် သိလိုက်ရတာ”
“ဟုတ်သား.. ကျွန်တော့ ဆန္ဒမပါပဲ ကျွန်တော့ကို ခြေရာခံတယ်နော်.. ဒီလို အပြုအမူက အရမ်းရိုင်းတယ် ခင်ဗျား မသိဘူးလား”
“လူတစ်ယောက်ရဲ့ အသက်ကို ကယ်တာရော ရိုင်းတာပဲလား”
အခုမှပဲ သူ တစ်ချိန်လုံး ဆွဲခွာချချင်နေသည့် ဒီဆိုက်ကိုငလိမ်က သူ့ရဲ့ ‘အသက်သခင်’ မှန်း သဘောပေါက်သွားတော့သည်။ ထို စကားလုံးကြီးက ကွမ်ကျင့်ကိုယ်ကို ရုတ်တရတ် ဖိချလိုက်တာမို့ သူ့ရဲ့ မော့ကော့နေသည့် ပခုံးတွေတောင် အိုင်ခနဲ နိမ့်ကျသွားတော့သည်။
Xxxxxxxxxx
နောက်တစ်နေ့ ကွမ်ကျင်တစ်ယောက် နီနီရဲရဲကနေ ပန်းရောင်သို့ ပြောင်းသွားပြီးနောက်မှာ မကောင်းဆိုးဝါး ဒေါကတာကျန်း၏ စာနာကင်းမဲ့စွာနှင့် ဆေးရုံမှ ကန်ထုတ်ခြင်း ခံလိုက်ရသည်။ “ပြည်သူတွေရဲ့ပစ္စည်းတွေ ခံစားနေတာ ရပ်သင့်နေပြီ”လို့တောင် သူက ပြောတောင် ပြောလိုက်သေးသည်။
အဆန်းကြီး နောက်ကျရင် ဒီလို ငရဲနဲ့ တူလှတဲ့ နေရာကို ပြန်လာပါလို့ တောင်းပန်ရင်တောင် မလာဘူး။
ရဲစခန်းသို့ သူရောက်ချိန်တွင်မူ သူ့ရဲ့ ပရမ်းပတာ နိုင်လှတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဝိုင်းလာတာတော့ သူ့မှာ ရှောင်လွှဲလို့ မရတော့ပေ။
“တော်ပြီ၊ သူ့ကို ထပ်ကြပ်မနေနဲ့တော့” လုယွင်ယွမ်ကပဲ သတိရှိစွာနှင့် ကွမ်ကျင် ပေါက်ကွဲမထွက်ခင် သိက္ခာမရှိ ပရမ်းပတာ နိုင်လှသည့် လူအုပ်ကို ဟန့်ရတော့သည်။
“မနေ့က သေတဲ့ လူအကြောင်း ငါတို့တွေ ရှာလို့ မရသေးဘူး။ အဲဒိတော့ ဒီမှာ တရားမဝင် ခိုးဝင်လာသူလို့ပဲ သံသယ ရှိတော့တယ်။ ဒါပေမယ့် အခြေအနေက ထူးခြားနေတယ်” ဝမ်ကျင်းဟန်က ကွမ်ကျင်ကို ဆက်ပြောပြသည်။ “နှိုင်းယှဉ်ချက်တွေ အရဆိုရင် မနေ့က လူကို သတ်တော့ သုံးတဲ့ ကျည်ဆန်နဲ့ ဟိုကျန်ခဲ့တဲ့ လတွေတုန်းက ရိုက်ကွင်းမှာ ရန်ကွမ်းကို သတ်ခဲ့တဲ့ကျည်ဆန်နဲ့ က သေနတ်တစ်လက်ထဲက ဖြစ်နေတယ်”
ကွမ်ကျင် မျက်လုံးတွေ ပြူးသွားသည်။ “လုပ်ကြံတဲ့သူကအတူတူပဲလား? ဒီနှစ်ယောက်ကြားမှာ ဘာတွေ ဆက်စပ်နေလို့လဲ”
“လုပ်ကြံတဲ့သူက မတူတဲ့ လူနှစ်ယောက် ငှားတာ ခံခဲ့ရပုံပဲ ဒါပေမယ့် အခုတော့ သိဖို့က အရမ်းခက်နေသေးတယ်”
“ဒီအခြေအနေတွေကိုရော အင်တာပိုလ် ကို အကြောင်းကြားပြီးပြီလား”
“အင်တာပိုလ်လား? ဒီလို အမှုသေးသေးလေးကိုငါက ဘာလို့ သူတို့ကို သွားနှောက်ယှက်နေမှာတုန်း” ဝမ်ကျင်းဟန်က ပြုံးလိုက်သည်။
ကောင်းပါပြီ ကောင်းပြါပြီ။ အင်တာပိုလ်က ကြားဖြတ်ပြီး ယူသွားတဲ့ အမှုလဲ ရှိနေတာပဲကို။ ဒါပေမယ့် ဝမ်ကျင်းဟန်က သူတို့ကို တမင်မပြောပြတာ ဖြစ်နိုင်သည်။ ဒီဝမ်ကျင်းဟန်က သူတို့ရဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ထဲကို ရန်သူတွေ ထိုးသွင်းထားတဲ့ လူတော့ မဟုတ်ဘူး မလား? ကောက်ကျစ်ချက်က…ကွမ်ကျင် က သူကိုယ်တိုင်သည်လည်း ရဲအဖွဲ့ထဲကို ထိုးသွင်းခံလိုက်ရသလို ဖြစ်သည့် ရန်သူတော် တစ်ယောက် ဖြစ်မှန်း လုံးလုံးကို မေ့ထားသည်။
“အိုကေ.. အဲဒါကို အခုဘေးဖယ်ထားရအောင်။ တင်တင်၊ ကူရှန်း မင်းတို့ နှစ်ယောက် ယုဟွာဘက်မှာကော တိုးတက်သေးလား”
ကူရှန်းကနေ “ဟုတ်၊ ယုဟွာရဲ့ မိသားစု အခြေအနေကို ကြည့်ပြီးတော့ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်း မိတ်ဆွေနဲ့ အမျိုးတွေ ကိုတော့ မေးကြည့်ပြီးပြီ။ သူ(မ)က တက်ယ့်တော့ တော်တော့်ကို သနားဖို့ ကောင်းတာ။ ယုဟွာရဲ့ အမျိုးသားက အစောကြီး ထဲက ဆုံးသွားတာ။ ဒီတော့ ယောက္ခမအထီးကြီးကို ပြုစုရင်းနဲ့ သူ့သားကိုလဲ သားတစ်ခု အမေတစ်ခုဘဝနဲ့ ပျိုးထောင်လာတာ။ နောက်ကျတော့ သူ့ယောက္ခမ အထီးကြီးက နာတာရှည် ဖြစ်နေတာကနေ စိတ်ဓါတ်ကျပြီးတော့ သူ့ဘာသာသူ ဆွဲကြိုးချ သတ်သေသွားတယ်။ ယုဟွာက အလုပ်မှာလဲ အလုပ်က အရမ်းများတော့ သူ့သားကိုတောင် သေချာ ဂရုမစိုက်နိုင်ဘူး။ ပြီးတော့ ခဏခဏလဲ သားအမိတွေ စကားများကြတယ်တဲ့။ နောက်ဆုံးလဲ ကျရော သူ့သားက ဆယ့်လေးနှစ်နဲ့ အိမ်ကနေ ထွက်ပြေးပြီးတော့ ဘယ်တော့မှ သတင်းစကားတောင် မကြားရတော့ဘူးတဲ့”
လုယွင်ယွမ် မျက်လုံးတွေ လက်ခနဲ ဖြစ်သွားသည်။ “သူ့ယောက္ခမအထီးကြီးက ဘယ်လိုမျိုး သူ့ဘာသာသူ ဆွဲကြိုးချသေသွားတာလဲ”
တင်တင်က လေးစားသွားသလို လက်မထောင်ပြလိုက်သည်။ “ပရော်ဖက်ဆာ ကတော့ ကျွမ်းကျင်သူ ပီသတာပဲ။ သူတို့ အိမ်နီးနားချင်းတွေ ဆီက ကြားရတာတော့ အဲဒိတုန်းက ဆေးရုံက လုံခြုံရေး အားနည်းလွန်းတော့ ယုဟွာက ပုလင်းတို့ အကြောဆေးသွင်းတဲ့ ပိုက်တို့ကို အခြားနေရာတွေမှာသုံးဖို့ သုံးလာတတ်တယ်တဲ့။ ယုဟွာရဲ့ ယောက္ခထီးကြီးက သူ့ကိုယ်သူ ဆွဲကြိုးချ သေတုန်းက အကြောဆေးသွင်းတဲ့ ပိုက်ကို သုံးသွားတာ”
“ယုဟွာရဲ့သား အခု ဘယ်မှာလဲ ဆိုတာရော သဲလွန်စ ရခဲ့လား” ဝမ်ကျင်းဟန်က မေးလိုက်သည်။
“သူ့နာမည်က ယုမုန် တဲ့။ သူ အလယ်တန်းကျောင်းတုန်းက ပုံပဲ ရခဲ့တယ်။ ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ်လောက်ပေ့ါ။ သူ့မိသားစုတွေရော သူ့သူငယ်ချင်းတွေရောက အဲဒိထဲက မတွေ့ရတော့ဘူးတဲ့။ သူ့မွေးနေ့ အတိုင်းဆိုရင်တော့ ယုမုန်က ဒီနှစ်ဆိုရင် နှစ်ဆယ့်ရှစ်နှစ် ရှိနေပြီ” ကူရှန်းက ဝါတာတာ အဖြူအမဲ ဓါတ်ပုံကို ကမ်းပေးလိုက်သည်။
ချိုင့်နေသည့် မျက်တွင်းများနှင့် ကင်မရာကို ကြည့်နေသော ခပ်ပြည့်ပြည့် ကောင်လေးတစ်ယောက်ပုံ ဖြစ်သည်။
“ပိုင်လေး၊ မင်းဆေးရုံဝန်ထမ်းတွေရဲ့ ဖိုင်တွေကို ကြည့်တုန်းက ယုမုန်လို့ ခေါ်တဲ့သူ ဒါမှမဟုတ် သူနဲ့ ခပ်ဆင်ဆင် တူတဲ့သူ တွေ့လိုက်လား”
လင်းပိုင် က သေချာ ပြန်စဉ်းစားနေပေမယ့် ကွမ်ကျင်က သူ့အစားပြန်အဖြေပေးလိုက်သည်။ “မရှိဘူး။ အကုန်လုံးကို ကြည့်ပြီးသွားပြီ”
“ယုမုန်ရဲ့ အတွေ့အကြုံတွေက ငါတိုမှန်းထားတဲ့ လူသတ်သမားနဲ့ အရမ်းကိုက်နေတယ် ဒီတော့ ဒါက အဓိကလမ်းကြောင်းပဲ။ သူ ပျောက်သွားတုန်းက သူက အရွယ်မရောက်သေးဘူး ဒီတော့ သူ့ရဲ့ အချက်အလက်နဲ့ အသွင်အပြင်က ပြောင်းသွားနိုင်တယ်။ ပြီးတော့ ဆေးရုံထဲမှာ အမြဲတမ်းအလုပ်သမား မဟုတ်တဲ့သူတွေလဲ အများကြီးပဲ။ အဲဒိလူတွေက တရားဝင်ဖိုင်တွေနဲ့ သိမ်းထားမှာ မဟုတ်ဘူး။ ဆိုလိုတာက ငါတို့ သူတို့တွေကို တစ်ယောက်ချင်းစီ သွားစစ်ကြည့်ရတော့မှာ။ ငါတို့ကို ကူဖို့ အဖွဲ့တစ်ဖွဲ့လောက် သွားရှာလိုက်မယ်။ ငါတို့တွေ အမှတ်သုံးဆေးရုံကို မြေလှန်ရမယ် ဆိုရင်တောင် ယုမုန်ကို ရှာမှာ” ဝမ်ကျင်းဟန်က စားပွဲခုံကို လက်သီးနှင့် ဒုံးခနဲ ထုချလိုက်သည်။
“ယုဟွာသေတာက ယုမုန်နဲ့ ပတ်သတ်နေလို့လား” ကွမ်ကျင်က မေးလိုက်သည်။
“မလိုဘူးလေ။ ဒါပေမယ့် ယုမုန်က အဲဒါကို သိနေတယ်လို့ ပိုထင်တယ်။ ပြီးတော့ ယုဟွာသေသွားတာက ယုမုန်ကို သွားသက်ရောက်မှာပဲ။ သူလဲ အဲဒါကို ပေါက်ကွဲထွက်ဖို့လမ်းတော့ ရှာမှာပဲ။ ဘာပဲ ဖြစ်ဖြစ်ကွာ ငါတို့က ယုမုန်က အရင်ရှာရမယ်။ ငါတို့ ရှာချင်နေတဲ့သူ ဖြစ်ပါစေလို့တော့ ဆုတောင်းရမှာပဲ။ ဒါဆို အမှုလဲ ဒီမှာတင် ရပ်သွားမှာ”
ထိုနေ့ နေ့လည်တွင် လုယွင်ယွမ် ဖုန်းတစ်ကော လက်ခံရရှိပြီး ကသိုက်ကရိုက် ထွက်သွားသည်။ အလုပ် အပြီးတွင် ကွမ်ကျင်မှာ တစ်ယောက်ထဲ အိမ်ကို ပြန်ရတာကိုတောင် အလေ့အကျင့်မရသလို ရုတ်တရတ် ခံစားလိုက်ရသည်။ သူက လူတွေ ပြုံတိုးနေသည့် မြေအောက်ရထားမှာ မတ်တပ်ရပ်ရတာ တကယ်မုန်းတာ။ ဒါနဲ့ပဲ သူ့ဘာသာသူ တစ်ယောက်တည်း အေးအေးလူလူ လမ်းလျှောက်တော့သည်။ လမ်းဆုံလေး တစ်ဖြတ်ကို ကျော်ပြီးနောက်မှာ ကွမ်ကျင် ဖြည်းဖြည်းချင်း ရပ်ချလိုက်ကာ နောက်ကို ပြန်လှည့်ပြီး ဘလောက်တုံးနားတွင် ရပ်ထားသည့် Porche ကားဆီသို့ လျှောက်သွားကာ ကားမှန်းကို ခေါက်လိုက်သည်။
ပြတင်းမှန်က တဖြေးဖြေးချင်း အောက်သို့ လျောကျလာကာ ရင်းနှီးနေသည့် မျက်နှာတစ်ခု ပေါ်လာသည်။
“အရာရှိကွမ် မတွေ့ရတာ ကြာပြီနော်။ တစ်ယောက်တည်းလား ကားနဲ့ လိုက်ပို့ပေးရမလား”
“ကျွန်တော့နောက်ကို အကြာကြီးလိုက်လာရတာ တစ်ခုခု လုပ်ခွင့်မှ မပေးရင် ခင်ဗျားကြိုးစားထားတာနဲ့ ဘယ်တန်တော့မလဲ” ကွမ်ကျင်က နှာခေါင်းရှုံ့ကာ တံခါးဖွင့်ပြီး ခပ်ရိုင်းရိုင်းပဲ ဝင်ထိုင်လိုက်သည်။
မင်ယန်ကတော့ လုံးဝကို အံအားသင့်မနေတော့ပဲ အားရပါးရတောင် ပြုံးဖြီးသွားသည်။
“ဟိုးအဝေးကြီးထဲက မြင်နေတာ ဒါပေမယ့် အနှောင့်အယှက်များ ဖြစ်သွားမလားလို့ တွန့်နေတာလေ”
ကွမ်ကျင်က တိုနီပြောတာကို ပြန်စဉ်းစားကြည့်ပြီးတော့ မင်ယန့်ကို ခြေဆုံးခေါင်းဆုံး မကြည့်ပဲ မနေနိုင်တော့ပေ။ “ဘာမှ မစားရသေးလို့ ဆိုင်တစ်ဆိုင်ဆိုင်မှာ ချပေးခဲ့”
“အတော်ပဲ ကျွန်တော်လဲ မစားရသေးဘူး အတူတူသွားစားကြမလား”
ကွမ်ကျင်က မငြင်းပေ။ ခင်ဗျားက ရည်ရွယ်ချက်ကြီးနဲ့ လာမှတော့ ငါကလဲ ငါးစာလေး ပြန်ချပေမယ်လေ ပြီးရင် ကြည့်လိုက်ဦး ဘယ်သူက ဘယ်သူ့ကို မျှားနေတာလဲ ဆိုတာ။
“အရာရှိက အခုတလော အလုပ်များနေတာလား”
“ဒီလိုပါပဲ”
“ဒီလို မြို့ကြီးထဲမှာ ကွင်းဆက်လူသတ်သမားရှိလို့လို့ ကြားမိလို့”
“ခင်ဗျားလဲ ဒီလိုအရာတွေ ဂရုစိုက်တာပဲလား”
“ဒါပေ့ါ၊ နိုင်ငံသားကောင်းတစ်ယောက် အနေနဲ့ ပြည်သူတွေရဲ့ လူမှုဖူလုံရေး (သက်သာချောင်ချိရေး)ကို ဂရုစိုက်ရတာပေ့ါ”
လူမှုဖူလုံရေး ? (မင်ယန်သုံးသွားတဲ့ စကားလုံးက အသုံးနည်းတဲ့ စကားလုံးမို့ ကိုယ်တို့ရဲ့ ကွမ်ကွမ်လေးက မသိပါဘူးတဲ့လေ) အဲဒါ ဘာကြီးလဲ? ကွမ်ကျင်က သူ့အတွင်းစိတ်ထဲမှာတော့ ပြန်သွားရင် အဘိဓါန်လှန်ဖို့ ဆုံးဖြတ်နေပြီ။ အပေါ်ယံမှာတော့ သူက အေးစက်စက်ရှိနေဆဲပင်။ “ကိုယ့်ကိုကိုယ် လုံခြုံအောင် ထားတာက ကျွန်တော်တို့ကို အကောင်းဆုံးကူညီပေးတာပဲ”
“ဒါ ကျွန်တော်သေချာပေါက် လုပ်ရမှာပေ့ါ။ အရာရှိကွမ် ပူနေတာလား။ မျက်နှာက နည်းနည်းလေး နီနေတယ်နော်”
အနာပေါ် တုတ်ကျသွားလေပြီ။ ကွမ်ကျင်က အောက်ငုံ့ကာ သူ့ပန်းကန်ထဲက အစားအစာတွေကို ဟိုထိုးဒီထိုး လုပ်ကာ “ဒီဟင်းက နည်းနည်းစပ်တယ်”
“စားနေတာ ကကတစ် ငါးပေါင်းပါ”
နောက်ထပ် အကြာကြီး တိတ်ဆိတ်သွားသည်။
ကွမ်ကျင်က သူ့တူကို ချပြီးတော့ ရေနွေးတစ်ငုံသောက်ပြီးတော့ ခပ်ပေ့ါပေ့ါလေသံနှင့် “ခင်ဗျားက မိသားစုကြီးကဆို၊ ဘိုးဘွားတွေကော စီးပွားရေးပဲ လုပ်ကြတာလား”
“စီးပွားရေးသေးသေးလေးတွေပါ” မင်ယန်က ရေနွေးတစ်ငုံသောက်ပြီး မှတ်ချက်ချလိုက်သည်။ “ကောင်းလိုက်တဲ့ ရေနွေး”
“ဒါဆို ခင်ဗျားမိသားစုကလဲ စီးပွားရေးလုပ်ငန်းအကြီးကြီးတွေ လုပ်တာပေ့ါ ဟုတ်လား? အရင်က မကြားဖူးဘူးပဲ”
“သူတို့က ကျွန်တော်လို့ မျိုးချစ်စိတ်ရှိတဲ့သူတွေ မဟုတ်ဘူးလေ နိုင်ငံခြားပဲသွားကြတာ” မင်ယန်က ပြုံးရင်းဖြေသည်။
“နိုင်ငံခြားတောင် သွားနိုင်ကြတာ အထင်ကြီးစရာပဲ ”
“အရာရှိက စီးပွားရေး စိတ်ဝင်စားလား”
“ရဲအရာရှိတစ်ယောက်အနေနဲ့ ကျွန်တော်တို့က လစာပုံသေရတယ်လေ ပြီးတော့ အဲဒါကလဲ အရမ်းအန္တရာယ်များသေးတယ်။ ဖြစ်နိုင်ရင်တော့ စီးပွားရေးလေး တစ်ခု စလုပ်ချင်တာပေ့ါ။ ဒါပေမယ့် ကံမဆိုင်တော့ အဲဒိဘက်မှာ အရည်အချင်း မရှိဘူး ဖြစ်နေတယ်” ကွမ်ကျင်က သက်ပြင်းချလိုက်သည်။
“စီးပွားရေးဆိုတာ လူတိုင်း စနိုင်တာပဲ။ အခွင့်အရေးကို ဖမ်းဆုပ်နိုင် မဖမ်းဆုပ်နိုင်ပေါ်ပဲ မူတည်တာပါ။ တစ်ခုခု စလုပ်ချင်တယ်ဆိုရင် အရေးပါတဲ့ အချက်လေးတွေ ပြောပြပေးနိုင်ပါတယ်။ ဒါပေမယ့် စပ်တော့စုချင်သေးတယ်။ ဘယ်လို စီးပွားရေးမျိုးကို စိတ်ဝင်စားတာလဲ”
“ရဲတစ်ယောက်ပဲဟာ ရာဇဝတ်သားတွေကို ဖြေရှင်းရတာအပြင် အနီးကပ်တိုက်ပွဲဝင်တာနဲ့ သေနတ်တွေကို ကိုင်တာတွယ်တာလောက်ပဲ ရှိတာ အခြားဘာသိဦးမှာလဲ”
“ဒါဆို ပြောဖို့တော့ ခက်သွားပြီ။ စတော့မယ်ဆိုရင် ရည်မှန်းချက် တစ်ခုရှိနေတာက ပိုစလို့ လွယ်တယ်” မင်ယန်က ဝါးချတော့သည်။
ရှောထွက်သွားတယ်ကြမ်း၊ ငါးစာကို မဟပ်မှတော့ ဖြည်းဖြည်းချင်းသွားဖို့ပဲ ရှိသည်။ ဘာပဲဖြစ်ဖြစ် မင်ယန်က အကောင်းဆုံးရွေးချယ်စရာမှ မဟုတ်တာ။ ဆိုတော့ကာ ကွမ်ကျင်က သူနဲ့ ခင်မင်မှုတည်ဆောက်ဖို့အတွက် အလောမကြီးချေ။
XXXXXXXX
ဒီရက်များတွင် လူတိုင်းက အမှတ်သုံးဆေးရုံမှ ဝန်ထမ်းများအားလုံး၏ အနေအထားများကို ကြည့်ရှုကြရသည်။ ဆေးရုံမှာက လူပေါင်း သုံးထောင်ကျော် ရှိနေသည်။ ကျန်းဖေးနှင့် အခြားသူတွေကတော့ အနားမှ အခြေအနေများကို ဆက်ပြီး လေ့လာနေသည်။ တုရှောင်ရွှယ် အလုပ်လုပ်သော ဆေးခန်းကို ဖြတ်သွားချိန်တွင် ကျန်းဖေးက အထဲကို ဝင်သွားသည် ပြီးတော့ မအောင်မမြင်နှင့် ပြန်ထွက်လာသည်။
ပြီးတော့ လမ်းဘေးမှ စတိုးဆိုင်အသေးလေး တစ်ခုမှ ထိုင်ခုံတွင် ထိုင်ချပြီး သူ့စိတ်မရှည်မှုတွေကို ဖြေဖျောက်ရန် ကုတ် အအေးအေးလေး တစ်ဘူး ဝယ်လိုက်သည်။ ဖြစ်ချင်တော့ ထိုအချိန်က အမှတ်သုံးဆေးရုံမှ အလုပ်ချိန် ပြောင်းလဲချိန်ဖြစ်တာမို့ ဒီလမ်းကနေ ဆရာဝန်နှင့် သူနာပြုပေါင်းများစွာ ဖြတ်သန်းသွားလာနေကြသည်။ စတိုးဆိုင်ပိုင်ရှင်ကလဲ အဲဒိအထဲမှ အချို့တွေကို နှုတ်ဆက်နေသည်။
“ဦးလေးက အမှတ်သုံးဆေးရုံက လူတွေနဲ့ အရမ်းရင်းနှီးတာပဲနော်” ကျန်းဖေးက စကားလေး ဘာလေး ပြောသလို ဟန်ဆောင်လိုက်သည်။
“ဒါပေ့ါ၊ မကြာမကြာ ဒီကနေ ဖြတ်သွားပြီးတော့ ပစ္စည်းတွေ ဘာတွေတောင် ဝယ်ကြသေးတာပဲဟာ”
“အနားကဆေးခန်း ကရောလား”
“အဲဒိက လူတွေနဲ့ ပိုတောင်ရင်းနှီးသေးတယ်။ ဦးလေးက ခေါင်းပဲကိုက်ကိုက် ဖျားပဲ ဖျားဖျား၊ ဆေးခန်းက ဆရာဝန်က ဦးလေးကို ဆေးတောင် အလကားပေးသေးတယ် ” ဆိုင်ရှင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“အဲဒါ အဆင်ပြေတာပေ့ါ”
“ဒါပေ့ါ။ အချို့ဆို အရင်က ဒီမှာတောင် ကူပေးဖူးတာ”
XXXXXX
ရုံးခန်းအတွင်းတွင် ရှိသမျှ လူအကုန် အစွမ်းကုန်အလုပ်များနေချိန်တွင် လုယွင်ယွမ်ကတော့ မထင်ထားရအောင် ဘယ်မှာမှ ရှာလို့တောင် မတွေ့နိုင်ပေ။
“ဘယ်လိုလုပ်များ ဟိုကျွမ်းကျင်သူကြီး ဒီရက်ပိုင်း အရိပ်တောင် ပေါ်မလာသလဲ မသိဘူး။ ဒီလောက် မြန်မြန်ကြီး ပျင်းရိသွားတာလား” ကွမ်ကျင်က သာမာန်ကာလျှံကာ ပြောလိုက်သည်။
“သူက ဒီအဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင်မှ မဟုတ်တာ။ ပြီးတော့ အခုတလော ပညာရေးဆွေးနွေးပွဲ တစ်ခု တက်ဖို့ ရှိတယ်။ ဒီတော့ သူ ခွင့်နည်းနည်းယူမယ်လို့ င့ါကို ပြောတယ်လေ” ဝမ်ကျင်းဟန်က ပြန်ဖြေပြီးတော့ ကွမ်ကျင်ကို ကြည့်ကာ “မင်း သူ့ကို စိတ်ပူရင် ဖုန်းဆက်ပြီး မေးလိုက်ပါလား”
“စိတ်ပူရမယ်? လမ်းမှာ လာရှုပ်တယ်လို့ ထင်နေတာ။ သူ ပြန်မလာရင် အကောင်းဆုံးပဲ” ကွမ်ကျင်ကတော့ မညှာမတာ ပြောချလိုက်သည်။
“တင်တင်ရေ။ ဒီလို အကျင့်ကို ဘယ်လိုခေါ်တာ ထပ်ပြောစမ်းပါဦး မူယာမာယာများတာ ဟုတ်လား” ဝမ်ကျင်းဟန်က မျက်လုံးလေးမှေး မေးစေ့လေးပွတ်ကာ ပြောလိုက်သည်။
“ပိုပြီး တိတိကျကျ ပြောရင် အဲဒါကို စိတ်ထဲကနဲ့ ပြောင်းပြန်ပြောတယ်လို့ ခေါ်တာ”
“ဟုတ်တယ်၊ ကွက်တိပဲ”
ကွမ်ကျင်က မကောင်းဆိုဝါးနဲ့ သူ့နောက်လိုက်တို့ရဲ့ စကားစမြည်တွေကို ဆက်လက် နားထောင်ရန် ငြင်းဆန်လေသည်။
ညဖက်တွင် အချိန်ပို နှစ်နာရီတောင် ဆင်းလိုက်ပြီးနောက်မှာတော့ အိမ်အပြန်လမ်းတစ်ခုလုံး သူ့ဘာသာသူ တစ်ယောက်ထဲ မကြေမချမ်းတွေ ဖြစ်လာသည်။ ရေချိုးပြီး အိပ်ယာပေါ် လှဲချပြီးတော့မှ သူ့ရဲ့ အရန်ဖုန်းကို ဖွင့်လိုက်သည်။ ရုတ်တရတ် ဖုန်းအဝင်တစ်ကောကို လက်ခံရရှိလိုက်သည်။
တိုနီကတော့ သူ့ရဲ့ ဂျစ်တစ်တစ်အသံနှင့်ပင် “ဝေါင်း၊ တယ်ဟုတ်နေပါလား ဖုန်းဖွင့်ထားတာပဲ။ ငါတို့တော့ ပြောစရာမလိုအောင် ရင်ဘတ်ချင်း နီးနေတာပဲ”
“ဘာလုပ်မလို့ ခေါ်တာလဲ”
“အသံတောင် အရမ်းလှုပ်ခတ်သွားသလိုပဲနော် ဘဒို၊ အချောလေးတစ်ယောက် ဖုန်းလာကိုင်ပါစေလို့ ဆုတောင်းနေတာကို ရင်ထဲတောင်မကောင်းဘူး”
“စိတ်ပျက်သွားရလို့တော့ တောင်းပန်တယ် ဖုန်းချပြီ”
“ခဏ မချသေးနဲ့ဦး။ တကယ်ကြီး ပြောစရာ ရှိလို့။ ငါတို့သူဌေးကတော့ ဆေးမှားသောက်သလား ဘာလားမသိဘူး ဘာပဲ ဖြစ်ဖြစ် အလုပ်ကို လက်မလျော့ဘူးတဲ့။ အီသန့်နေရာမှာ လူအသစ်တောင် ခန့်မလို့ ဆုံးဖြတ်လိုက်တယ်လေ။ ဒီလူသာ ပြီးအောင် မလုပ်နိုင်လို့တော့ ဟာမီးဘက်က အရမ်းဒေါကီးလာမှကွ အဲဒါဆို ပိုတောင် သောက်ပြဿနာ တက်သွားဦးမယ်။ မင်းလဲ ခဏလောက် ဘေးထိုင်နေတာ ပိုကောင်းမှာ”
ကွမ်ကျင်က တစ်ခုခု ပြောချင်ပေမယ့် အခြားတစ်ဖက်မှ အသံလွှင့်ချက်ကို ရုတ်တရတ် သွားကြားမိသွားသည်။
“မင်းအခု ဘယ်မှာလဲ”
“လေဆိပ်မှာ။ ကိစ္စတွေ ပြီးတဲ့အထိ ငါလဲ ပြေးမလို့လေ။ မင်းတစ်ခုခု ဖြစ်ရင်လဲ ငါ့ကို ဆွဲမသွင်းနဲ့နော် ဟေ့ရောင်။ သွားပြီ ဘိုင့်ဘိုင်”
ထွက်ပြေးတာလား? ဒီကောင်တော့ ကွမ်ကျင် ရုတ်တရတ်ကြိး အရမ်းစိတ်တွေ ပူထူတက်သွားသည်။