လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

By Ahlaly

94.8K 4.6K 1.5K

From the first year to.......... More

Spoiler (1)
Spoiler (2)
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၄၀)

843 51 9
By Ahlaly

"ခဏ ခဏ !!!"

စာအုပ်အဖုံးကို အမြန် ပြန်ပိတ်ဖို့ လုပ်လိုက်သော်လည်း အချိန်မမှီလိုက်ပါ။ ပန်းသွဲ့က သိမ့်သိမ့်၏စာအုပ် ဆွဲယူကာ ချက်ချင်းပဲဖွင့်ကြည့်တော့သည်။

"နင် ကာတွန်းလည်းဆွဲတယ်လား..."

Drawing bookလေးကို လှန်လှောကြည့်နေပုံက ဘာမှမထူးဆန်းသလို၊ ပုံမှန် ကာတွန်းရုပ်ပုံတွေကို ကြည့်နေရသလိုနှင့်ပင် စကားပြောလာသည်။

"မဟုတ်ဘူး၊ အဖြစ်အပျက်တွေကို မှတ်သားဆွဲထားတာ။ အဲ့ဒီကနေမှ စာအဖြစ်ပြန်ရေးမှာ"

"ဟင် !! ဒါဆို ဒါကဇာတ်ကွက်တွေပေါ့"

"အင်း!!!"

မသက်မသာ မျက်နှာထားနဲ့ ခေါင်းငြိမ့်ကာ 'အင်း'လိုက်တော့ အလျင်စလိုနဲ့ အမြန်ဆုံးထွက်လာတဲ့ ပန်းသွဲ့၏ နှုတ်ထွက်စကားက...
"ယောကျာ်းပုံတွေကြီးနဲ့ ဟယ်" တဲ့။

"ဒီမယ်လေ။ ဒါက မိန်းကလေး..."

ခန္ဓာကိုယ်လည်း မသေးသွယ်၊ အရပ်ကလည်း အနည်းငယ်ထောက်ပါတဲ့ ထိုပုံက ဘေးမှာရေးဆွဲထားတဲ့ နောက်ထက်ဇာတ်ကောင်နှင့်ဆိုင်လျှင် ပိုလို့မိန်းကလေးပုံပေါက်သည်မို့ ရောရမ်းပြီးရွှီးဖြန်းကြည့်လိုက်တော့...
"နင် မိန်းကလေးပုံ မဆွဲတတ်တာမဟုတ်လား။"

"ဆွဲတတ်တယ်လေ..."
တကယ်လည်း ဆွဲတတ်သည်မို့ အမှန်အတိုင်းပင် ဝန်ခံလိုက်သည်။

"ဒါ ရေတမာပင် မဟုတ်လား..."

ရေတမာပင်အောက်မှာ စက်ဘီးလေး တစ်စီးရပ်တန့်နေသည့်ပုံ။ ရှေ့ကအမျိုးသားသည် ခြေထောက်ကာ  စက်ဘီးရပ်ထားပြီး မော်ကြွားနေသည့် ဟန်အပြည့်နှင့်။ နောက်ထိုင်ခုံက အမျိုးသားကတော့ဖြင့် လောကကြီးကို အပိုင်စားရထားသည်နှယ် ပြုံးရွှင်ကျေနပ်လို့နေသည့်ဟန်။

သိမ့်သိမ့်စိုးမြင့်၏ ရုပ်ပုံတို့သည် အသက်ဝင်နေသလိုပင်။ အထူးသဖြင့် မျက်နှာအမူအရာ၊ မျက်လုံးအရောင်တို့ကို ခဲဖြင့် အထူအပါး၊ အဖိအဖော့ အတိအကျ ရေးဆွဲထားသည်။ ကြည့်ရသူအဖို့တော့ ဇာတ်လမ်းတစ်ခု ကြည့်လိုက်ရသကဲ့သို့သော ခံစားမှုကိုပေးစွမ်း၏။

"ဒီစက်ဘီးက...အကိုကြီး၊ အယ် !!!"

အကိုကြီးမဟုတ်လားလို့ မေးဖို့ရန် လှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည့် တကယ့်အကိုကြီး။  စာအုပ်ထဲကနေ ခုန်ထွက်လာသလားလို့တောင် အောက်မေ့ရပါသည်။ အမြဲရှိနေတတ်တဲ့ အကိုကြီးမျက်နှာက ထည်ဝါဝင့်ကြွားနေသည့်ဟန်တို့က သိမ့်သိမ့်ရေးဆွဲထားသော ဇာတ်ကောင်၏မျက်နှာတွင် အတိုင်းသားမြင်နေရသည်။

"မနက်စာ လာစားတာလား ညီမတို့။"

"ဟုတ် ၊ ဟုတ်ကဲ့.."

ကြည့်လက်စ စာအုပ်ကို အမြန်ပိတ်ပြီး အသံတွေတောင်တုန်ချင်နေသည်။ ဒီစာအုပ်ကိုရေးဆွဲတဲ့ သူက ပန်းသွဲ့ကိုယ်တိုင်မဟုတ်သော်လည်း ဒီစာအုပ်ကို ရောင်နီဝန်းမြင်သွားမှာ သူမ သိပ်စိုးရိမ်နေသည်။

"မှာပေးရမလား.."

"ရတယ် အောင်၊ ငါတို့က မှာပြီးသွားပြီ။"

"ဒါဆို အကို ဘာစားမလဲ။"

"သော်...နေပါ။ ကိုယ်သွားမှာမယ်။
တို့ဟူးနွေးစားမှာမလား။"

"ဟုတ်!!"

လိမ္မာတဲ့ ကလေးတစ်ယောက်လိုပင် ခေါင်းငြိမ့်ပြတော့ အဝန်းမျက်နှာမှာ အလိုလိုပင် အပြုံးတို့က ချိတ်ဆွဲလာတော့သည်။ ပြီးနောက် ဦးနှောက်၏ ဆုံးဖြတ်မှုတို့ကို မစောင့်တော့ပဲ အလိုအလျောက်တုန့်ပြန်မှုကဲ့သို့ပင် အဝန်း၏လက်ချောင်းတို့က သော့်ဆံပင်တွေထဲကို တိုးဝင်လေတော့သည်။

ဒီအပြုအမူကို စန္ဒသော်ကအောင်ကလည်း သဘောကျမဆုံးဖြစ်ကာ အဝန်းမျက်နှာကို ကြည်နူးပြုံးရွှင်မှုအပြည့်နှင့် ကြည့်လေသည်။

"အောင်..."

ရောင်နီဝန်းသည် စားပွဲကနေ ထွက်သွားပြီးဖြစ်သော်လည်း စားပွဲမှာထိုင်နေပါတဲ့ စန္ဒသော်ကအောင်သည် အစောကတိုင်းပင် ကြည်နူးမပျက်သေး။ သူ့အကို၏ ပုံရိပ်တို့ကို ငေးလို့မဆုံးသေး။

"ဟမ် !"

"မမနွဲ့တို့အိမ် လိုက်ဦးမလား။"

"မလိုက်တော့ပါဘူး။ နင်တို့က ဘာသွားလုပ်ကြမလို့လဲ။ အတန်းချိန်ကြီး သွားမလို့လား။"

"မဟုတ်ပါဘူး။ ညနေအတန်းပြီးမှ သွားမလို့ပါ။ ဟိုသီချင်းလေး ပြန်ပြီး နားထောင်ချင်လို့လေ။ နင်က ဘယ်သွားမလို့တုန်း။ ဘာဖြစ်လို့ မလိုက်တာလဲဟင်..."

"ဟိုလေ..ငါ ...သွားစရာမရှိပေမယ့် ဒီတိုင်း။"

မပြတ်မသားနဲ့ ထိုစကားအဆုံးမှာ တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေတဲ့ သိမ့်သိမ့်က..
"ဘာကို ဒီတိုင်းလဲ။" ဟု မေးလာလေသည်။

ထိုအမေးကို သော့်မှာ ဖြေရခက်ခက်နှင့် မယောင်မလည် လုပ်နေရသည်။ ရည်းစားလူလု အူနုကျွဲခတ်တာက ဒီအဖြစ်အပျက်နဲ့ မကိုက်သေး။ သို့သော်လည်း အူနုကတော့ တကယ်ကျွဲခတ်ခံရသည့်အတိုင်းပင်။ မမနွဲ့ဆိုသည့် အမည်ကို ကြားရုံနဲ့တင် သော့်မှာ စိတ်ထဲ ကယောက်ကယက်နဲ့ ခံစားရခက်လှပါသည်။

"ငါ့အထက်အရင် အကိုနဲ့တွေ့ခဲ့လို့ မမနွဲ့ကို ငါ မတွေ့ချင်ဘူး။"
ထုတ်ပြောရခက်လှတဲ့ ဤစကားကို ထုတ်မပြောပဲ မျိုသိပ်ထားကာ....
"အကိုနဲ့ ချိန်းထားလို့ပါ။" ဟု အလိမ္မာသုံးကာ ဖြေရသည်။

သို့သော်လည်း သိမ့်သိမ့်စိုးမြင့်က ဒီအဖြေကို ကျေနပ်ပုံမပေါ်ပါ။

"တကူးတကနဲ့ အချိန်းအချက်တွေလုပ်ရအောင် နင်တို့က မတွေ့ရတဲ့ သူတွေလားဟယ်။ မရဘူး လိုက်ခဲ့..."

အတင်းပဲခေါ်နေတာကြောင့် ညနေမှာတော့ သူမတို့နဲ့လိုက်သွားရသည်။ လိုက်မသွားခင်လေး ရေတမာပင်အောက်မှာ အကို့အတန်းဆင်းသည်ကို စောင့်ကာ အကို့မျက်နှာကိုမြင်မှ၊ မှာစရာ ရှိတာမှာပြီးမှ သူမတို့နှင့် ကျွန်တော်သည် မမနွဲ့အိမ်သို့ သွားကြသည်။

"အောင်လည်း ပါတယ်နော်။ မမနွဲ့က အောင်တော့ လိုက်မလာလောက်ဘူး ထင်နေတာ။"

မမနွဲ့ရဲ့ ထိုစကားကို ကျွန်တော် ခပ်ပါးပါးလေး ပြုံးပြလိုက်သည်။

"အမလေး မမနွဲ့ရဲ့ အောင်ကဖြင့် သမီးတို့အတင်းခေါ်လို့ ပါလာတာပါနော်။"

"ဟုတ်လား..."

"အဲ့လို မဟုတ်ပါဘူး မမနွဲ့ရယ်၊ ကျွန်တော့်မှာ ကိစ္စလေးတွေရှုပ်နေလို့ပါ။"

"ဘာကိစ္စလဲ၊ အကိုကြီးနဲ့တွေ့တာ ကိစ္စလား။"

ရှင်းရှင်းဘွင်းဘွင်းနဲ့ အာကျယ်ကျယ် ပြောချလိုက်သည်က သိမ့်သိမ့်မှတစ်ပါး အခြားသူမရှိပါ။

"ကဲ ရန်မစောင်နေပါတော့နဲ့။ အိမ်ထဲဝင်မယ်..လာ"

လေပြေနုသွေးက ဝင်ရောက်ဖြန်ဖြေပေးသည့်တိုင် သိမ့်သိမ့်မျက်စောင်းတို့က ကျွန်တော့်ထံမှမခွာသေးပါ။ သူမ ဒီနေ့တစ်နေ့လုံးကို ကျွန်တော့်ထံမှာ မျက်စောင်းတဝင့်ဝင့်နဲ့ ဖြစ်နေတော့တာ။ ခက်သည်။

"သိမ့်သိမ့်တို့တော့ ဒီနေ့တစ်နေ့လုံး အောင့်ကို အမြင်မကြည်ဖြစ်နေတော့တာ။ သိပ်ခက်တယ် မမနွဲ့ရယ်..."

လေပြေက သိမ့်သိမ့်ကို မနိုင်ပါဘူး ဆိုသည့်သဘောနဲ့ ထိုသို့ပြောသည်။ ဒါကိုတော့ သိမ့်သိမ့်က မည်သို့မျှမချေပပါ။

"ဒီသူငယ်ချင်းတွေကြား ဘာတွေဖြစ်နေကြလဲတော့ တို့မစပ်စုတော့ပါဘူး။ ဒါနဲ့ အောင့်ရဲ့အကိုရော။ သူပါလိုက်မလာဘူးလား။ ဟို..ပုံမှန်ဆို အောင်တို့က အမြဲတတွဲတွဲဖြစ်နေလို့လေ။"

"အကိုက ကိုသက်တို့နဲ့ ပါသွားတယ်လေ။"

"အောင်၊ နင်.....အကိုကြီးကို လာမကြိုခိုင်းတော့ ပြန်ရတာ ဝေးနေမှာပေါ့။ အပြန်ကျ မှောင်မှာစိုးရတယ်။ လာကြိုခိုင်းလိုက်ရင် ပြီးရောကို..."

"ရပါတယ်...ငါ ယောကျာ်းပဲကို၊ တစ်ယောက်တည်းလည်း ဖြစ်ပါတယ်ဟာ။ "

"သြော် အောင်ရယ်၊ အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ညနေကျ မင်းတို့ပြန်တာ နောက်ကျရင် တို့အဝန်းဆီကို ဖုန်းဆက်ပါ့မယ်။ သူလာခေါ်ပါစေ..."

သူတို့က အချင်းချင်းဖုန်းနံပါတ်တွေတောင်လဲပြီးကြပြီတဲ့လား။ ကျွန်တော့်မှာတော့ သူတို့အချင်းချင်း မတွေ့အောင်လို့ တခါမှမဖြစ်ဘူးတဲ့ မနာလိုစိတ်တွေနဲ့စိတ်ထဲ လေးပင်နေရသည်မှာ ဒီကိုမလာခင် အကို့အား 'အကိုလုံးဝ လာမကြိုပါနဲ့' ဟုတောင် တားမြစ်ခဲ့သည်အထိ။ အမှတ်တမဲ့လေးပဲဖြစ်ဖြစ် အကိုနဲ့မမနွဲ့တို့ ဆုံကြမှာကို ကျွန်တော်မလိုချင်ပါ။

သို့သော်...အခုမမနွဲ့ပြောပုံအရဆို  သူတို့ကတော့ ကျွန်တော်နဲ့မတူစွာ အရာရာဟာ ပေါ့ပေါ့ပါးပါးနှင့် လွယ်လင့်တကူပင် ပြောဆိုဆက်ဆံနေကြသည်။ ကျွန်တော်မသိခင်မှာ သူတို့ဘယ်လောက်တောင်များ ပြောဆိုနေကြပြီးပြီတဲ့လဲဗျာ။ ကျွန်တော့်ကွယ်ရာမှာ သူတို့....

"ဟိတ် အောင်၊ မမနွဲ့ မေးနေတယ်လေ။"

"ဟမ် !! အင်..ဟုတ် မမနွဲ့"

အတွေးများနေတဲ့ ကျွန်တော့်လက်မောင်းကို အားပြင်းပြင်းနဲ့ ရိုက်ချပြီး ပြောလာသူကြောင့် ကျွန်တော့်မှာ မမနွဲ့ပြောသည့်စကားကို မကြားလိုက်သော်လည်း ယဥ်ကျေးမှုအရ 'ဟုတ် မမနွဲ့' ဟု စကားဦးခင်းလိုက်ရသည်။ ပြီးမှပဲ...
"မမနွဲ့ ဘာများပြောလိုက်တာ..."

"ဒီလိုပါ... အောင်က ကဗျာတွေရေးတယ်ဆို၊ အဲ့တာ အခု ရွတ်ပြလို့ရမလား မေးမလို့ပါ။ အောင် ကဗျာရွတ်တာက သိပ်နားထောင်လို့ ကောင်းတာပဲလို့ တို့ကိုအမြဲကြွားကြွားနေတာလေ..."

"ဟွန်း..အကိုကလား.."

မရယ်ချင်ပဲ ဟန်လုပ်ရယ်ပြီး ပြောလိုက်သည့်ကျွန်တော့်ကိုယ်ကျွန်တော် သိပ်စိတ်ပျက်မိသည်။ ပုံမှန် ကျွန်တော်က အခုလို ခနဲတဲတဲ့နဲ့ ပြောတတ်တဲ့သူမှမဟုတ်တာ။ အခုတော့ အကို့ကြောင့်နဲ့ အရာရာကို အရွဲ့တိုက်ချင်နေသည့် စိတ်ရိုင်းတို့က ကျွန်တော့်ကိုစိုးမိုးလို့နေသည်။

ဒီအပြုအမူတွေဟာ အကို့အပေါ် မေတ္တာသက်ဝင်သွားသည့်နောက်မှာ ဖြစ်ပေါ်လာသည့် စိတ်၏အစွယ်အပွားများပင်။

"ဟုတ်တယ်..အဝန်းပြောပြတာလေ။ အဝန်းကလေ သူ့ညီမအကြောင်းပြောပြတာတွေများလာရင် သော်ဆိုပြီး..အောင် အကြောင်းတွေကို မမောနိုင်၊မပန်းနိုင်ချီးကျူးတော့တာပဲ"

"ကျွန်တော်က အကိုထင်သလောက်ကြီး မဟုတ်ပါဘူး။ ပြီးတော့ မမနွဲ့သိတဲ့အတိုင်းပဲ ကဗျာဆိုတာကလည်း...
ချိန်ခါရေစေ့၊ ရှိခါဦးမှ
မြတ်နိုးဖွယ်စေ့၊ အကြင်သူအား
မြင်ရဦးမှ...။ ။ ဖြစ်လာတာမျိုးဗျ။ ဒီလိုဆိုတော့ ချက်ချင်းကြီး ကဗျာတွေထ,ရွတ်လိုက်ဖို့က အဆင်မပြေလှဘူးပေါ့ဗျာ...."

ရောင်နီဝန်းကို မေတ္တာသက်ဝင်နေမှတော့ ရောင်နီဝန်းလောက်မဟုတ်ရင်တောင်မှ သူသည်လည်း ဆည်းဆာနေညိုလောက်တော့ ပူလောင်နေပါသည်။

တကယ်တော့ 'နေ'ဆိုသည့် အရာက မအေးချမ်းလှပါ။ အာရုဏ်ဦး၏ ရောင်နီဝန်းပဲဖြစ်ဖြစ်၊ ဆည်းဆာ၏နေညိုချိန်ပဲ ဖြစ်ဖြစ်..နေနှင့် နေ၏အနီးတဝှိုက်ဟာ အမြဲပူလောင်လို့နေသည်။ ဤအပူချိန်မှာ ၁၅၀၀ဒီဂရီစင်တီဂရိတ်မှသည် မဆုံးမရှိတဲ့ ဝန်တိုမောဟစိတ်တွေအထိ မရေမတွက်နိုင်လောက်အောင် ပူလောင်လွန်းပါသည်။

"အမယ် ဆရာကြီးလိုလိုနဲ့။ ဘာလဲ နင်က ရောင်နီဝန်းလား။"

"ငါက ရောင်နီဝန်းရဲ့...."

ဆတ်ခနဲ ပြန်ပြောလိုက်တော့မလို့ပဲ ကတ်သီလေးထိန်းပြီး ရပ်ထားနိုင်လို့ဗျာ။ မဟုတ်ရင် ဒီဟာလေးကြောင့်နဲ့ ကျွန်တော်လည်း ရှက်ရခက်ခက်ဖြစ်တော့မည်။

"ဆက်ပြောလေ..."

"ကဲ တော်ကြပါတော့ နင်တို့ကလည်းလေ..."

ကိုက်ခွေးနှစ်ကောင်လို ဖြစ်ကြသည့် ကျွန်တော်တို့နှစ်ယောက်ကြား ပန်းသွဲ့က ဝင်ပြောသည်။ ပြီးနောက် လေပြေကလည်း...
"မမနွဲ့ သီချင်းဆိုပြတော့လေ.."

သို့ဖြင့် သူတို့အကုန်လုံးသည် အပေါ်ထပ်ရှိ မမနွဲ့၏ ပီယာနိုထားရှိရာ အခန်းသို့လိုက်သွားကြပြီး မမနွဲ့ဆိုပြပါတဲ့ 'IF' သီချင်းကို နားဆင်ရသည်။

သီချင်းသံဆုံးသွားတော့ အားလုံးရဲ့ လက်ခုပ်တီးသံတွေကြားမှာ...
"ပြန်ရအောင်လေ နေဝင်တော့မယ်။"

"နင်ဟာလေ..."

ပြန်ဖို့ အလောကြီးနေသူ၏ နောက်ကျောကို သိမ့်သိမ့်က ခပ်ပြင်းပြင်းလေးရိုက်ချသည်။ သို့သော်လည်း အိမ်ကို ပြန်ချင်နေသူကတော့ မဖြုံပါ။ ပြင်ပဒဏ်ရာထက် နှလုံးသားဒဏ်ရာက ပိုနာသည်မို့ ကြိုက်သလောက်ရိုက်ပါစေလေ။ နောက်မကျခင် အိမ်ပြန်ရောက်ဖို့က အရေးကြီးပါသည်။

"ငါ သွားပြီးနော်၊ သေချာပြန်ကြဦး..."

အဆောင်ထဲဝင်သွားပြီးဖြစ်တဲ့ လေပြေ့ကို လက်ပြပြီး ကျန်သည့် သူတို့သည် လမ်းလေးအတိုင်း လျှောက်လာခဲ့ကြသည်။

"လှတယ်နော်..."

ညနေစောင်း၏ နေမင်းသည် သစ်ရွက်တွေကြားထိုးဖောက်ပြီး နေပြောက်ထိုးနေသည်ကို အပင်အောက်မရောက်သေးခင်မှာတင် မြင်လိုက်ရသည်။ သစ်ရွက်တွေကြားကနေ ဖောက်ထွက်လာသည့် နေ၏ အလင်းတန်းတို့သည် အပင်၏ အရောင်တောက်မှုကို ထောက်ပံ့ပေးသည်။

အပင်သည် ရွက်ဝါတစ်ချို့နှင့် အစိမ်းတစ်ချို့ ရောစပ်နေပြီး နေရောင်ကြောင့် ပန်းချီကားတစ်ချပ်နှယ်....ညနေစောင်းပေမို့ အကိုင်းတွင် နားနေကြသော ငှက်များသည်လည်း ကျွတ်စီစီနှင့်။

"ဒါ ငါလေ..."

အပင်အောက်သို့ အရောက်တွင် နေပြောက်ကို လက်ဖဝါးပေါ်တင်ပြီး ပြောလာတဲ့ စန္ဒသော်ကအောင်ကြောင့် သိမ့်သိမ့်စိုးမြင့်သည် ခံစားသက်ဝင်နေသမျှတို့ ရုတ်ချည်းပျောက်ကွယ်သွားကာ...
"နင်က နေရဲ့အလင်းတန်းပေါ့။" မဲ့ကားရွဲ့ကာဖြင့် မေးသည်။

"ဟင့်အင်း။ ဒီကိုကြည့် ၊ ငါက ဒီအမှုန်လေးလေ..."

ကျန်လက်တစ်ဖက်ဖြင့် အလင်းတန်းထဲပျံ့ကျဲ ဝေ့ဝဲနေသည့် အမှုန်လေးတစ်မှုန်ကို လက်ညှိုးညွှန်ပြနေသည့် အောင့်ပုံစံက ခပ်ဆွေးဆွေးမို့ သိမ့်သိမ့်မှာ ဒီအမူအရာတို့ကို အမှိတ်မသုန်ပင် ကြည့်နေမိသည်။

"အောင်ရယ်...နင်က ကြယ်လေးတစ်ပွင့်တောင်မဟုတ်ပါလား"

"အင်း..ငါက နေရှိမှမြင်ရမယ့်၊ နေရဲ့အလင်းတန်းထဲမှာ ဦးတည်ရာမဲ့ ဝေ့ဝဲ့နေတဲ့ အမှုန်လေးတစ်မှုန်ပါ။"

"လမင်းနဲ့ကြယ် ထက် ပိုလို့ဝေးတဲ့အခြေအနေတွေနဲ့ပါလား အောင်ရယ်...."

"ဒါပေမယ့် သူရှိမှဖြစ်တည်လာတဲ့ ဒီဖြစ်တည်မှုလေးကို ငါကိုယ်တိုင်ကိုက သဘောကျနေတာ။"

ခံစားမှုတွေအပြည့်နဲ့ပြောနေတဲ့ သူတို့နှစ်ယောက်၏ စကားတို့ကို ပန်းသွဲ့ နားမလည်နိုင်ဖြစ်ကာ ဟိုကြည့်ဒီကြည့်နှင့်ပဲ ဆိတ်ဆိတ်နေပေးလိုက်သည်။

"အဲ့သလောက်ထိ သဘောကျတယ်လား၊ ဟမ်!!"

"အဲ့ဒီထက်ပိုသေးတယ်လို့ပြောရင် နင်ကပိုပြီလို့ပြောမှာ။ ဒါပေမယ့်လည်း ငါတကယ်ပဲ အဲ့လိုဖြစ်နေတာ...ငါကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ငါဟာ သိပ်ကိုနက်ရှိုင်းစွာနဲ့ နစ်မြှုပ်သွားခဲ့ပြီ။"

"အင်း။ သွားရအောင်လေ.."

သိမ့်သိမ့်ကလည်း နင်ဘယ်သူ့ကိုလဲလို့မမေးသလို၊ ကျွန်တော်ကလည်း နင်ဘယ်လောက်ထိ သိထားလဲလို့ မမေးခဲ့ပါ။ ထို့နေ့က ကျွန်တော်တို့ဟာ ကျွန်တော်တို့ ပြောချင်တာတွေကို ပြောပြခဲ့ရုံပါ။

"အကို အဲ့တာဘာလုပ်ဖို့လဲ..."

ပူပေါင်းတွေမှုတ်ပြီး ဟိုလိမ်၊ဒီလိမ်နဲ့ အရုပ်အမျိုးမျိုး လုပ်တဲ့ ပူပေါင်းသည်ရှေ့ ရပ်ပြီး ဟိုကြည့်ဒီကြည့်နဲ့ အကို့ပုံက ပူပေါင်းလိုချင်တဲ့ကလေးလို ပုံစံလည်းမဟုတ်ပါ။ သေသေချာချာနဲ့ စေ့စေ့စပ်စပ်ကို ကြည့်နေတော့တာ။

"ခဏနော် သော်..."

ညနေဘက် လက်ဖက်ရည်ထွက်သောက်ကြသည်က အပြန်မှာဖြစ်သည်။ အကိုက ပူပေါင်းသည်အနားကို ကပ်သွားသည်မို့ ကျွန်တော်လည်း အကိုနဲ့မရှေးမနှောင်း အကို့နောက်ကို လိုက်သွားမိသည်။

"ဦးလေး ဒီပူပေါင်း မမှုတ်ရသေးတာကို ဝယ်လို့ရလားဗျ။"

"ဆိုင်သွားဝယ်ပေါ့ကွ၊ ငါတော့ မှုတ်ပြီးသားပဲ ရောင်းတယ်။"

"ဒါဆိုလည်း သမင်းအရုပ်ကလေး မှုတ်ပြီးရောင်းဗျာ။ ကျွန်တော်ဝယ်ချင်လို့.."

"ဘာကွ။ "

ဒီပူပေါင်းကိုလာပြီး သမင်ပုံစံလုပ်ခိုင်းနေသည်တဲ့။ ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်တော့မည်။
"ငါမလုပ်တတ်ဘူး။ မနေ့ကမှ ဒီပူပေါင်းစ,ရောင်းတာပါ..ကဲ မင်းလည်း ငယ်တဲ့အရွယ်မဟုတ်ပါဘူး။ သွားစရာရှိတာ သွားပါကွာ..."

"မဟုတ်တာ ဦးလေးကလည်း။ ကျွန်တော်က အလကား မယူပါဘူးဗျ။ ဦးလေးအတွက် ထိုက်သင့်တဲ့အဖိုးတော့ ပေးမှပါ။ ဦးလေးမလုပ်တတ်ရင်လည်း ကျွန်တော်ကို ဒီဟာလေးတွေပဲရောင်း..."

ပြောပြောဆိုဆိုနဲ့ ပူပေါင်းအသည်ကြီး၏ ပုဆိုးခါးပုံစထဲမှ မမှုတ်ရသေးသော ပူပေါင်းအရှည်တစ်လုံးကို ဆွဲယူလိုက်သည်။ ကံကောင်းစွာနှင့်ပဲ ပူပေါင်း၏ အရောင်မှာ အဝါရောင်ဖြစ်နေသည်။

"အကို..ဒီနေရာကြီးမှာ..."

ပူပေါင်းသည်၏ စက်ဘီးနှင့် မလှမ်းမကမ်းမြေပြင်တွင် ဖင်ချထိုင်ပြီး အားရပါးရနဲ့ ပူပေါင်းကို မှုတ်နေပါတဲ့ ရောင်နီဝန်းဟာ ပုံမှန်တွေ့နေကျ ဘဝင်လေဟပ်နေသည့်ပုံစံနှင့် လားလားမှ မသက်ဆိုင်ပါ။

"သော် ကိုယ့်ကိုနောက်တစ်လုံး သွားယူပေးဦး။"

ကျွန်တော့်စကားကို ဘာမှပြန်မဖြေပဲ ပူပေါင်းမှုတ်လို့ပြီးသွားမှသာ ပြောကြားသည်။ ပြီးနောက်တော့...
"အဝါပဲ ယူခဲ့နော် သော်..."တဲ့။

ပါးစပ်ကသာ ကျွန်တော့်ကို ခိုင်းနေတာပါ၊ မျက်လုံးကတော့ဖြင့် ပူပေါင်းကို ကြည့်ကာ ဟိုလိမ်၊ဒီလိမ်နဲ့ မသိရင် ပူပေါင်းရောင်းတဲ့သူလိုလို။

"ကိုယ့်ကို ကြည့်နေတာ ခဏရပ်ပြီး ပူပေါင်းသွားတောင်းစမ်းပါ သော်ရာ..."

"ကျွန်တော်ကြည့်နေတာ သိရင်လည်း ထ,တော့လေဗျာ။ လမ်းဘေးကြီးမှာ သူများတွေဝိုင်းကြည့်နေတာ အကိုမရှက်ဘူးလား။"

" သော့်ကို စိတ်ဝင်စားဖို့ကောင်းတာ လုပ်ပြမို့ပဲဟာ ကိုယ် မရှက်ပါဘူး။ ကဲပါ သော်ရယ်...သွားယူပါ။"

"ဒီမှာ..."

ကျွန်တော်ဖို့လုပ်ပြမှာဆိုတော့လည်း ကျွန်တော်ကိုယ်တိုင်ပဲ ပူပေါင်းသွားယူပေးလိုက်ပြီး စိတ်ဝင်တစားနဲ့ အကို့ဘေးဝင်ထိုင်ကာ အကိုလုပ်သမျှကို ကြည့်နေလိုက်သည်။ မကြာပါဘူး ကျွန်တော်နဲ့အကို ထိုင်နေသည့် ဘေးကို ကလေးတစ်သိုက်ပါရောက်လာပြီး ဝိုင်းအုံကြည့်ကြတော့သည်။

"အညိုရောင်လေး တစ်လုံး"

"အညိုတော့မရှိဘူး အနီပဲ ရှိတယ်။ ရော့..."

နံဘေးမှာရောက်နေပါတဲ့ ပူပေါင်းသည်က အနီရောင် ပူပေါင်းအရှည်ကို ကျွန်တော့်ထံသို့ကမ်းပေးသည်။ ကျွန်တော့်က တဆင့်အကို့ထံကမ်းပေးလိုက်တော့...
"ခြေထောက်လုပ်ဖို့ကို အနီရောင်နဲ့တော့ ဟုတ်နေပါပြီ။"

ခပ်ရွှင်ရွှင်လေး ပြောလာတဲ့ အကိုရယ်ကြောင့် ကျွန်တော်ပါ ပြုံးမိသည်။ အချစ်ဆိုတာ ဒါမျိုးလား။သူပျော်ရင် ကျွန်တော်ပါအလိုလိုပျော်လာမျိုး။ သူအနားမှာ ရှိနေရင် ကျန်တဲ့အရာတွေကို ဂရုမစိုက်ချင်တော့တာမျိုးလေ။

"နောက်ထပ် အနီတစ်လုံးပဲပေးပါ။ အဝါရှိလည်းရတယ်..."

အကို့စကားကြောင့် နောက်ထပ် ပူပေါင်းတစ်လုံးက ကျွန်တော့်လက်ထဲ ရောက်လာပြီး အကို့လက်ထဲ ပြန်ထည့်ပေးလိုက့တော့ ဆက်လက်ပြီး ပုံဖော်နေလေသည်။ သိပ်မကြာခင်မှာတင် ဂျိုနှစ်ချောင်းနှင့် သမင်လေးတစ်ကောင်။

"သမင်မှာ ဦးချိုပါရဲ့လားပဲ။"

"ဒရယ်မှာတော့ ပါတယ် အကို..."

"ထားပါတော့လေ၊...ဒီလောက်ပဲ ရတယ်။"

လုံးလုံးလျားလျား သမင်တော့မဟုတ်သော်လည်း သမင်နဲ့တော့ တော်တော်လေးဆင်ပါသည်။

"ကဲ ပြီးသွားပြီ...ဘယ်လောက်ပေးရမလဲ ဦးလေး..."

"သုံးရာပဲ ပေးခဲ့ပါကွာ..."

သို့နှင့် အကိုသည် သူ့အိတ်ကပ်ထဲက ပိုက်ဆံသုံးရာကိုထုတ်ပြီး ပူပေါင်းသည်ထံသို့ ကမ်းပေးကာ ကျွန်တော့်လက်ကို ဆွဲပြီး ထိုနေရာကနေထွက်လာခဲ့တော့သည်။

"ဘယ်လိုလဲ သော်၊ ကိုယ့်ရဲ့ သမင်လေးလှရဲ့လား။"

ညာဘက်လက်ဖြင့် ကိုင်ထားတဲ့ သမင်လေးကို မြှောက်ကြည့်လိုက်၊ ချကြည့်လိုက်ဖြင့် အကိုတစ်ယောက် အလုပ်ရှုပ်နေတော့သည်။ ကျွန်တော့်ကို ပေးမှာဆိုလည်း မြန်မြန်ပေးတာမဟုတ်ဘူး။ အိမ်ကရောက်တော့မည်။

အိမ်ရောက်မှများ ပေးမှာလားပေါ့...

"ခဏနော် သော်၊ ကိုယ် ဆေးသုတ်လိုက်ဦးမယ်။
အခုက သမင်က သမင်နဲ့မတူပဲ ပိုးကောင်လိုလို၊ဘာလိုလိုနဲ့"

ပြောလည်း ပြော၊ ကျွန်တော့်လက်ကိုလည်း လွှတ်ကာ အဆောင်ထဲသို့ ဝင်သွားလေတဲ့အကို့ကြောင့် ကျွန်တော့်မှာလည်း ကိုယ့်အိမ်ကို မပြန်နိုင်သေးပဲ အကို့အဆောင်ထဲ လိုက်သွားရသည်။ ကျွန်တော့်ကိုပေးမယ့် လက်ဆောင်လေးကို အကိုဘယ်လို၊ဘယ်ပုံနဲ့ ဆေးခြယ်ပေးမလဲ သိချင် လွန်းလှပါသည်။

"ဒီမှာလေ ဆေးတွေက..."

အကိုတို့အဆောင် အနောက်ဘက်က စတိုးခန်းမှာ အကိုလိုချင်သည့် ဆေးရောင်စုံတို့ရှိနေလေသည်။

"ဟိုဘက်တလောက အဆောင်အတွင်းပိုင်း ဆေးပြန်သုတ်တာ ဒီသမင်ဖြစ်လာဖို့အတွက် အများကြီးအဆင်ပြေသွားတယ်။ မဟုတ်ရင် ဒီပုံအတိုင်းသာ လက်ထဲထည့်လိုက်ရင်ဖြင့် ကိုယ်တို့အကွေးက သမင်ကလွဲ အကောင်မှန်သမျှ အကုန်ဖြေ၊ အကုန်စဥ်းစားနဲ့ တော်တော်လေး ပင်ပန်းနေမှာ။"

"ဗျာ...."

"ဘာဖြစ်လို့လဲ သော်၊ အလန့်တကြားနဲ့"

ကျွန်တော့်အသံက တော်တော်လေး ကျယ်သွားတာတော့ မှန်ပါသည်။ သို့သော်လည်း အခုလို အသံကျယ်ကျယ်နဲ့ 'ဗျာ' ရအောင်လုပ်တာက ဘယ်သူလဲ။ အကိုလေ...အကို။

ပြောတော့ဖြင့် ကျွန်တော့်အဖို့ဆိုပြီး ချက်ချင်းကြီး ကိုယ်တို့အကွေးဆိုပြီး ပြောင်းလဲပစ်တာမလွန်ဘူးလား။

"အကို..."

"ဟော...ဘာတုန်း သော်ရာ၊ ဘယ်လိုဖြစ်လို့ အသံတွေ ကျယ်နေရတာတုန်း။ "

"အကိုနော်..အဲ့လိုမစနဲ့။"

"ဟမ် !! ကိုယ် ဘာများ..."

ဉာဏ်ကောင်းတဲ့သူတွေများ မသိချင်ယောင်ဆောင်တာက အစ ပီပြင်လွန်းပါသည်။ ဒါကြောင့်လည်း အိပ်ချင်ယောင်ဆောင်တဲ့သူက နှိုးဖို့ခက်တယ်လို့ ဆိုရိုးထားခဲ့တာနေမှာ။

"အကိုပဲ ပြောတော့ ကျွန်တော့်ဖို့ဆို..."

ခပ်တိုးတိုးလေးနဲ့ ပြောလိုက်မိသည်က ကျွန်တော်ရှက်လို့မဟုတ်ပါ။ သို့သော်လည်း ကျွန်တော့်မျက်လုံးတို့ကတော့ဖြင့် အကို့နှင့်အကြည့်မဆုံရဲပဲ ဖယ်ခွာလို့နေသည်။

"ကိုယ်မပြောမိပါဘူး သော်ရ၊ ကိုယ်တို့အကွေးက သမင်ကိုသဘောကျတယ်ဆိုလို့......အဲ့တာ  သူ့အတွက်လုပ်ပေးနေတာ။"

ဆေးခြယ်နေရာမှ ရပ်ပြီး ကျွန်တော့်ကိုလေပြေအေးနှင့် ရှင်းပြနေသော်လည်း ကျွန်တော်အကို့ကို ဘာကြောင့်မှန်းမသိစိတ်ဆိုးမိသည်။ စိတ်ဆိုးပြီး နေရာကနေထွက်သွားဖို့ကလည်း မဖြစ်သေးပါ။ အဲ့လိုကျ အကိုမှလိုက်မချော့ရင် ကျွန်တော်နဲ့အကို ဝေးကြလိမ့်မည်။

မပိုင်ပဲနဲ့တော့ ခြင်ရိုက်လို့မဖြစ်ဆိုသလို မချစ်သေးပဲနဲ့တော့ စိတ်ကောက်ပြလို့ မဖြစ်ပါ။ အဲ့တာကြောင့်နဲ့ ကျွန်တော်ဟာ စိတ်ဆိုးနေတာတောင် အကို့ဘေးကနေ တစ်ဖဝါးမခွာ ပေကပ်ထိုင်ပြီး ငြိမ်သက်နေလိုက်တော့သည်။


_______________________


Zawgyi......


"ခဏ ခဏ !!!"

စာအုပ္အဖုံးကို အျမန္ ျပန္ပိတ္ဖို႔ လုပ္လိုက္ေသာ္လည္း အခ်ိန္မမွီလိုက္ပါ။ ပန္းသြဲ႕က သိမ့္သိမ့္၏စာအုပ္ ဆြဲယူကာ ခ်က္ခ်င္းပဲဖြင့္ၾကည့္ေတာ့သည္။

"နင္ ကာတြန္းလည္းဆြဲတယ္လား..."

Drawing bookေလးကို လွန္ေလွာၾကည့္ေနပုံက ဘာမွမထူးဆန္းသလို၊ ပုံမွန္ ကာတြန္း႐ုပ္ပုံေတြကို ၾကည့္ေနရသလိုႏွင့္ပင္ စကားေျပာလာသည္။

"မဟုတ္ဘူး၊ အျဖစ္အပ်က္ေတြကို မွတ္သားဆြဲထားတာ။ အဲ့ဒီကေနမွ စာအျဖစ္ျပန္ေရးမွာ"

"ဟင္ !! ဒါဆို ဒါကဇာတ္ကြက္ေတြေပါ့"

"အင္း!!!"

မသက္မသာ မ်က္ႏွာထားနဲ႔ ေခါင္းၿငိမ့္ကာ 'အင္း'လိုက္ေတာ့ အလ်င္စလိုနဲ႔ အျမန္ဆုံးထြက္လာတဲ့ ပန္းသြဲ႕၏ ႏႈတ္ထြက္စကားက...
"ေယာက်ာ္းပုံေတြႀကီးနဲ႔ ဟယ္" တဲ့။

"ဒီမယ္ေလ။ ဒါက မိန္းကေလး..."

ခႏၶာကိုယ္လည္း မေသးသြယ္၊ အရပ္ကလည္း အနည္းငယ္ေထာက္ပါတဲ့ ထိုပုံက ေဘးမွာေရးဆြဲထားတဲ့ ေနာက္ထက္ဇာတ္ေကာင္ႏွင့္ဆိုင္လွ်င္ ပိုလို႔မိန္းကေလးပုံေပါက္သည္မို႔ ေရာရမ္းၿပီး႐ႊီးျဖန္းၾကည့္လိုက္ေတာ့...
"နင္ မိန္းကေလးပုံ မဆြဲတတ္တာမဟုတ္လား။"

"ဆြဲတတ္တယ္ေလ..."
တကယ္လည္း ဆြဲတတ္သည္မို႔ အမွန္အတိုင္းပင္ ဝန္ခံလိုက္သည္။

"ဒါ ေရတမာပင္ မဟုတ္လား..."

ေရတမာပင္ေအာက္မွာ စက္ဘီးေလး တစ္စီးရပ္တန္႔ေနသည့္ပုံ။ ေရွ႕ကအမ်ိဳးသားသည္ ေျခေထာက္ကာ  စက္ဘီးရပ္ထားၿပီး ေမာ္ႂကြားေနသည့္ ဟန္အျပည့္ႏွင့္။ ေနာက္ထိုင္ခုံက အမ်ိဳးသားကေတာ့ျဖင့္ ေလာကႀကီးကို အပိုင္စားရထားသည္ႏွယ္ ၿပဳံး႐ႊင္ေက်နပ္လို႔ေနသည့္ဟန္။

သိမ့္သိမ့္စိုးျမင့္၏ ႐ုပ္ပုံတို႔သည္ အသက္ဝင္ေနသလိုပင္။ အထူးသျဖင့္ မ်က္ႏွာအမူအရာ၊ မ်က္လုံးအေရာင္တို႔ကို ခဲျဖင့္ အထူအပါး၊ အဖိအေဖာ့ အတိအက် ေရးဆြဲထားသည္။ ၾကည့္ရသူအဖို႔ေတာ့ ဇာတ္လမ္းတစ္ခု ၾကည့္လိုက္ရသကဲ့သို႔ေသာ ခံစားမႈကိုေပးစြမ္း၏။

"ဒီစက္ဘီးက...အကိုႀကီး၊ အယ္ !!!"

အကိုႀကီးမဟုတ္လားလို႔ ေမးဖို႔ရန္ လွည့္ၾကည့္လိုက္ေတာ့ ျမင္လိုက္ရသည့္ တကယ့္အကိုႀကီး။  စာအုပ္ထဲကေန ခုန္ထြက္လာသလားလို႔ေတာင္ ေအာက္ေမ့ရပါသည္။ အၿမဲရွိေနတတ္တဲ့ အကိုႀကီးမ်က္ႏွာက ထည္ဝါဝင့္ႂကြားေနသည့္ဟန္တို႔က သိမ့္သိမ့္ေရးဆြဲထားေသာ ဇာတ္ေကာင္၏မ်က္ႏွာတြင္ အတိုင္းသားျမင္ေနရသည္။

"မနက္စာ လာစားတာလား ညီမတို႔။"

"ဟုတ္ ၊ ဟုတ္ကဲ့.."

ၾကည့္လက္စ စာအုပ္ကို အျမန္ပိတ္ၿပီး အသံေတြေတာင္တုန္ခ်င္ေနသည္။ ဒီစာအုပ္ကိုေရးဆြဲတဲ့ သူက ပန္းသြဲ႕ကိုယ္တိုင္မဟုတ္ေသာ္လည္း ဒီစာအုပ္ကို ေရာင္နီဝန္းျမင္သြားမွာ သူမ သိပ္စိုးရိမ္ေနသည္။

"မွာေပးရမလား.."

"ရတယ္ ေအာင္၊ ငါတို႔က မွာၿပီးသြားၿပီ။"

"ဒါဆို အကို ဘာစားမလဲ။"

"ေသာ္...ေနပါ။ ကိုယ္သြားမွာမယ္။
တို႔ဟူးေႏြးစားမွာမလား။"

"ဟုတ္!!"

လိမၼာတဲ့ ကေလးတစ္ေယာက္လိုပင္ ေခါင္းၿငိမ့္ျပေတာ့ အဝန္းမ်က္ႏွာမွာ အလိုလိုပင္ အၿပဳံးတို႔က ခ်ိတ္ဆြဲလာေတာ့သည္။ ၿပီးေနာက္ ဦးေႏွာက္၏ ဆုံးျဖတ္မႈတို႔ကို မေစာင့္ေတာ့ပဲ အလိုအေလ်ာက္တုန္႔ျပန္မႈကဲ့သို႔ပင္ အဝန္း၏လက္ေခ်ာင္းတို႔က ေသာ့္ဆံပင္ေတြထဲကို တိုးဝင္ေလေတာ့သည္။

ဒီအျပဳအမူကို စႏၵေသာ္ကေအာင္ကလည္း သေဘာက်မဆုံးျဖစ္ကာ အဝန္းမ်က္ႏွာကို ၾကည္ႏူးၿပဳံး႐ႊင္မႈအျပည့္ႏွင့္ ၾကည့္ေလသည္။

"ေအာင္..."

ေရာင္နီဝန္းသည္ စားပြဲကေန ထြက္သြားၿပီးျဖစ္ေသာ္လည္း စားပြဲမွာထိုင္ေနပါတဲ့ စႏၵေသာ္ကေအာင္သည္ အေစာကတိုင္းပင္ ၾကည္ႏူးမပ်က္ေသး။ သူ႔အကို၏ ပုံရိပ္တို႔ကို ေငးလို႔မဆုံးေသး။

"ဟမ္ !"

"မမႏြဲ႕တို႔အိမ္ လိုက္ဦးမလား။"

"မလိုက္ေတာ့ပါဘူး။ နင္တို႔က ဘာသြားလုပ္ၾကမလို႔လဲ။ အတန္းခ်ိန္ႀကီး သြားမလို႔လား။"

"မဟုတ္ပါဘူး။ ညေနအတန္းၿပီးမွ သြားမလို႔ပါ။ ဟိုသီခ်င္းေလး ျပန္ၿပီး နားေထာင္ခ်င္လို႔ေလ။ နင္က ဘယ္သြားမလို႔တုန္း။ ဘာျဖစ္လို႔ မလိုက္တာလဲဟင္..."

"ဟိုေလ..ငါ ...သြားစရာမရွိေပမယ့္ ဒီတိုင္း။"

မျပတ္မသားနဲ႔ ထိုစကားအဆုံးမွာ တစ္ခ်ိန္လုံးၿငိမ္ၿပီးနားေထာင္ေနတဲ့ သိမ့္သိမ့္က..
"ဘာကို ဒီတိုင္းလဲ။" ဟု ေမးလာေလသည္။

ထိုအေမးကို ေသာ့္မွာ ေျဖရခက္ခက္ႏွင့္ မေယာင္မလည္ လုပ္ေနရသည္။ ရည္းစားလူလု အူႏုကြၽဲခတ္တာက ဒီအျဖစ္အပ်က္နဲ႔ မကိုက္ေသး။ သို႔ေသာ္လည္း အူႏုကေတာ့ တကယ္ကြၽဲခတ္ခံရသည့္အတိုင္းပင္။ မမႏြဲ႕ဆိုသည့္ အမည္ကို ၾကား႐ုံနဲ႔တင္ ေသာ့္မွာ စိတ္ထဲ ကေယာက္ကယက္နဲ႔ ခံစားရခက္လွပါသည္။

"ငါ့အထက္အရင္ အကိုနဲ႔ေတြ႕ခဲ့လို႔ မမႏြဲ႕ကို ငါ မေတြ႕ခ်င္ဘူး။"
ထုတ္ေျပာရခက္လွတဲ့ ဤစကားကို ထုတ္မေျပာပဲ မ်ိဳသိပ္ထားကာ....
"အကိုနဲ႔ ခ်ိန္းထားလို႔ပါ။" ဟု အလိမၼာသုံးကာ ေျဖရသည္။

သို႔ေသာ္လည္း သိမ့္သိမ့္စိုးျမင့္က ဒီအေျဖကို ေက်နပ္ပုံမေပၚပါ။

"တကူးတကနဲ႔ အခ်ိန္းအခ်က္ေတြလုပ္ရေအာင္ နင္တို႔က မေတြ႕ရတဲ့ သူေတြလားဟယ္။ မရဘူး လိုက္ခဲ့..."

အတင္းပဲေခၚေနတာေၾကာင့္ ညေနမွာေတာ့ သူမတို႔နဲ႔လိုက္သြားရသည္။ လိုက္မသြားခင္ေလး ေရတမာပင္ေအာက္မွာ အကို႔အတန္းဆင္းသည္ကို ေစာင့္ကာ အကို႔မ်က္ႏွာကိုျမင္မွ၊ မွာစရာ ရွိတာမွာၿပီးမွ သူမတို႔ႏွင့္ ကြၽန္ေတာ္သည္ မမႏြဲ႕အိမ္သို႔ သြားၾကသည္။

"ေအာင္လည္း ပါတယ္ေနာ္။ မမႏြဲ႕က ေအာင္ေတာ့ လိုက္မလာေလာက္ဘူး ထင္ေနတာ။"

မမႏြဲ႕ရဲ႕ ထိုစကားကို ကြၽန္ေတာ္ ခပ္ပါးပါးေလး ၿပဳံးျပလိုက္သည္။

"အမေလး မမႏြဲ႕ရဲ႕ ေအာင္ကျဖင့္ သမီးတို႔အတင္းေခၚလို႔ ပါလာတာပါေနာ္။"

"ဟုတ္လား..."

"အဲ့လို မဟုတ္ပါဘူး မမႏြဲ႕ရယ္၊ ကြၽန္ေတာ့္မွာ ကိစၥေလးေတြရႈပ္ေနလို႔ပါ။"

"ဘာကိစၥလဲ၊ အကိုႀကီးနဲ႔ေတြ႕တာ ကိစၥလား။"

ရွင္းရွင္းဘြင္းဘြင္းနဲ႔ အာက်ယ္က်ယ္ ေျပာခ်လိုက္သည္က သိမ့္သိမ့္မွတစ္ပါး အျခားသူမရွိပါ။

"ကဲ ရန္မေစာင္ေနပါေတာ့နဲ႔။ အိမ္ထဲဝင္မယ္..လာ"

ေလေျပႏုေသြးက ဝင္ေရာက္ျဖန္ေျဖေပးသည့္တိုင္ သိမ့္သိမ့္မ်က္ေစာင္းတို႔က ကြၽန္ေတာ့္ထံမွမခြာေသးပါ။ သူမ ဒီေန႔တစ္ေန႔လုံးကို ကြၽန္ေတာ့္ထံမွာ မ်က္ေစာင္းတဝင့္ဝင့္နဲ႔ ျဖစ္ေနေတာ့တာ။ ခက္သည္။

"သိမ့္သိမ့္တို႔ေတာ့ ဒီေန႔တစ္ေန႔လုံး ေအာင့္ကို အျမင္မၾကည္ျဖစ္ေနေတာ့တာ။ သိပ္ခက္တယ္ မမႏြဲ႕ရယ္..."

ေလေျပက သိမ့္သိမ့္ကို မႏိုင္ပါဘူး ဆိုသည့္သေဘာနဲ႔ ထိုသို႔ေျပာသည္။ ဒါကိုေတာ့ သိမ့္သိမ့္က မည္သို႔မွ်မေခ်ပပါ။

"ဒီသူငယ္ခ်င္းေတြၾကား ဘာေတြျဖစ္ေနၾကလဲေတာ့ တို႔မစပ္စုေတာ့ပါဘူး။ ဒါနဲ႔ ေအာင့္ရဲ႕အကိုေရာ။ သူပါလိုက္မလာဘူးလား။ ဟို..ပုံမွန္ဆို ေအာင္တို႔က အၿမဲတတြဲတြဲျဖစ္ေနလို႔ေလ။"

"အကိုက ကိုသက္တို႔နဲ႔ ပါသြားတယ္ေလ။"

"ေအာင္၊ နင္.....အကိုႀကီးကို လာမႀကိဳခိုင္းေတာ့ ျပန္ရတာ ေဝးေနမွာေပါ့။ အျပန္က် ေမွာင္မွာစိုးရတယ္။ လာႀကိဳခိုင္းလိုက္ရင္ ၿပီးေရာကို..."

"ရပါတယ္...ငါ ေယာက်ာ္းပဲကို၊ တစ္ေယာက္တည္းလည္း ျဖစ္ပါတယ္ဟာ။ "

"ေၾသာ္ ေအာင္ရယ္၊ အဲ့လိုေတာ့လည္း ဘယ္ဟုတ္ပါ့မလဲ။ ညေနက် မင္းတို႔ျပန္တာ ေနာက္က်ရင္ တို႔အဝန္းဆီကို ဖုန္းဆက္ပါ့မယ္။ သူလာေခၚပါေစ..."

သူတို႔က အခ်င္းခ်င္းဖုန္းနံပါတ္ေတြေတာင္လဲၿပီးၾကၿပီတဲ့လား။ ကြၽန္ေတာ့္မွာေတာ့ သူတို႔အခ်င္းခ်င္း မေတြ႕ေအာင္လို႔ တခါမွမျဖစ္ဘူးတဲ့ မနာလိုစိတ္ေတြနဲ႔စိတ္ထဲ ေလးပင္ေနရသည္မွာ ဒီကိုမလာခင္ အကို႔အား 'အကိုလုံးဝ လာမႀကိဳပါနဲ႔' ဟုေတာင္ တားျမစ္ခဲ့သည္အထိ။ အမွတ္တမဲ့ေလးပဲျဖစ္ျဖစ္ အကိုနဲ႔မမႏြဲ႕တို႔ ဆုံၾကမွာကို ကြၽန္ေတာ္မလိုခ်င္ပါ။

သို႔ေသာ္...အခုမမႏြဲ႕ေျပာပုံအရဆို  သူတို႔ကေတာ့ ကြၽန္ေတာ္နဲ႔မတူစြာ အရာရာဟာ ေပါ့ေပါ့ပါးပါးႏွင့္ လြယ္လင့္တကူပင္ ေျပာဆိုဆက္ဆံေနၾကသည္။ ကြၽန္ေတာ္မသိခင္မွာ သူတို႔ဘယ္ေလာက္ေတာင္မ်ား ေျပာဆိုေနၾကၿပီးၿပီတဲ့လဲဗ်ာ။ ကြၽန္ေတာ့္ကြယ္ရာမွာ သူတို႔....

"ဟိတ္ ေအာင္၊ မမႏြဲ႕ ေမးေနတယ္ေလ။"

"ဟမ္ !! အင္..ဟုတ္ မမႏြဲ႕"

အေတြးမ်ားေနတဲ့ ကြၽန္ေတာ့္လက္ေမာင္းကို အားျပင္းျပင္းနဲ႔ ႐ိုက္ခ်ၿပီး ေျပာလာသူေၾကာင့္ ကြၽန္ေတာ့္မွာ မမႏြဲ႕ေျပာသည့္စကားကို မၾကားလိုက္ေသာ္လည္း ယဥ္ေက်းမႈအရ 'ဟုတ္ မမႏြဲ႕' ဟု စကားဦးခင္းလိုက္ရသည္။ ၿပီးမွပဲ...
"မမႏြဲ႕ ဘာမ်ားေျပာလိုက္တာ..."

"ဒီလိုပါ... ေအာင္က ကဗ်ာေတြေရးတယ္ဆို၊ အဲ့တာ အခု ႐ြတ္ျပလို႔ရမလား ေမးမလို႔ပါ။ ေအာင္ ကဗ်ာ႐ြတ္တာက သိပ္နားေထာင္လို႔ ေကာင္းတာပဲလို႔ တို႔ကိုအၿမဲႂကြားႂကြားေနတာေလ..."

"ဟြန္း..အကိုကလား.."

မရယ္ခ်င္ပဲ ဟန္လုပ္ရယ္ၿပီး ေျပာလိုက္သည့္ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ သိပ္စိတ္ပ်က္မိသည္။ ပုံမွန္ ကြၽန္ေတာ္က အခုလို ခနဲတဲတဲ့နဲ႔ ေျပာတတ္တဲ့သူမွမဟုတ္တာ။ အခုေတာ့ အကို႔ေၾကာင့္နဲ႔ အရာရာကို အ႐ြဲ႕တိုက္ခ်င္ေနသည့္ စိတ္႐ိုင္းတို႔က ကြၽန္ေတာ့္ကိုစိုးမိုးလို႔ေနသည္။

ဒီအျပဳအမူေတြဟာ အကို႔အေပၚ ေမတၱာသက္ဝင္သြားသည့္ေနာက္မွာ ျဖစ္ေပၚလာသည့္ စိတ္၏အစြယ္အပြားမ်ားပင္။

"ဟုတ္တယ္..အဝန္းေျပာျပတာေလ။ အဝန္းကေလ သူ႔ညီမအေၾကာင္းေျပာျပတာေတြမ်ားလာရင္ ေသာ္ဆိုၿပီး..ေအာင္ အေၾကာင္းေတြကို မေမာႏိုင္၊မပန္းႏိုင္ခ်ီးက်ဴးေတာ့တာပဲ"

"ကြၽန္ေတာ္က အကိုထင္သေလာက္ႀကီး မဟုတ္ပါဘူး။ ၿပီးေတာ့ မမႏြဲ႕သိတဲ့အတိုင္းပဲ ကဗ်ာဆိုတာကလည္း...
ခ်ိန္ခါေရေစ့၊ ရွိခါဦးမွ
ျမတ္ႏိုးဖြယ္ေစ့၊ အၾကင္သူအား
ျမင္ရဦးမွ...။ ။ ျဖစ္လာတာမ်ိဳးဗ်။ ဒီလိုဆိုေတာ့ ခ်က္ခ်င္းႀကီး ကဗ်ာေတြထ,႐ြတ္လိုက္ဖို႔က အဆင္မေျပလွဘူးေပါ့ဗ်ာ...."

ေရာင္နီဝန္းကို ေမတၱာသက္ဝင္ေနမွေတာ့ ေရာင္နီဝန္းေလာက္မဟုတ္ရင္ေတာင္မွ သူသည္လည္း ဆည္းဆာေနညိဳေလာက္ေတာ့ ပူေလာင္ေနပါသည္။

တကယ္ေတာ့ 'ေန'ဆိုသည့္ အရာက မေအးခ်မ္းလွပါ။ အာ႐ုဏ္ဦး၏ ေရာင္နီဝန္းပဲျဖစ္ျဖစ္၊ ဆည္းဆာ၏ေနညိဳခ်ိန္ပဲ ျဖစ္ျဖစ္..ေနႏွင့္ ေန၏အနီးတဝႈိက္ဟာ အၿမဲပူေလာင္လို႔ေနသည္။ ဤအပူခ်ိန္မွာ ၁၅၀၀ဒီဂရီစင္တီဂရိတ္မွသည္ မဆုံးမရွိတဲ့ ဝန္တိုေမာဟစိတ္ေတြအထိ မေရမတြက္ႏိုင္ေလာက္ေအာင္ ပူေလာင္လြန္းပါသည္။

"အမယ္ ဆရာႀကီးလိုလိုနဲ႔။ ဘာလဲ နင္က ေရာင္နီဝန္းလား။"

"ငါက ေရာင္နီဝန္းရဲ႕...."

ဆတ္ခနဲ ျပန္ေျပာလိုက္ေတာ့မလို႔ပဲ ကတ္သီေလးထိန္းၿပီး ရပ္ထားႏိုင္လို႔ဗ်ာ။ မဟုတ္ရင္ ဒီဟာေလးေၾကာင့္နဲ႔ ကြၽန္ေတာ္လည္း ရွက္ရခက္ခက္ျဖစ္ေတာ့မည္။

"ဆက္ေျပာေလ..."

"ကဲ ေတာ္ၾကပါေတာ့ နင္တို႔ကလည္းေလ..."

ကိုက္ေခြးႏွစ္ေကာင္လို ျဖစ္ၾကသည့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကား ပန္းသြဲ႕က ဝင္ေျပာသည္။ ၿပီးေနာက္ ေလေျပကလည္း...
"မမႏြဲ႕ သီခ်င္းဆိုျပေတာ့ေလ.."

သို႔ျဖင့္ သူတို႔အကုန္လုံးသည္ အေပၚထပ္ရွိ မမႏြဲ႕၏ ပီယာႏိုထားရွိရာ အခန္းသို႔လိုက္သြားၾကၿပီး မမႏြဲ႕ဆိုျပပါတဲ့ 'IF' သီခ်င္းကို နားဆင္ရသည္။

သီခ်င္းသံဆုံးသြားေတာ့ အားလုံးရဲ႕ လက္ခုပ္တီးသံေတြၾကားမွာ...
"ျပန္ရေအာင္ေလ ေနဝင္ေတာ့မယ္။"

"နင္ဟာေလ..."

ျပန္ဖို႔ အေလာႀကီးေနသူ၏ ေနာက္ေက်ာကို သိမ့္သိမ့္က ခပ္ျပင္းျပင္းေလး႐ိုက္ခ်သည္။ သို႔ေသာ္လည္း အိမ္ကို ျပန္ခ်င္ေနသူကေတာ့ မၿဖဳံပါ။ ျပင္ပဒဏ္ရာထက္ ႏွလုံးသားဒဏ္ရာက ပိုနာသည္မို႔ ႀကိဳက္သေလာက္႐ိုက္ပါေစေလ။ ေနာက္မက်ခင္ အိမ္ျပန္ေရာက္ဖို႔က အေရးႀကီးပါသည္။

"ငါ သြားၿပီးေနာ္၊ ေသခ်ာျပန္ၾကဦး..."

အေဆာင္ထဲဝင္သြားၿပီးျဖစ္တဲ့ ေလေျပ့ကို လက္ျပၿပီး က်န္သည့္ သူတို႔သည္ လမ္းေလးအတိုင္း ေလွ်ာက္လာခဲ့ၾကသည္။

"လွတယ္ေနာ္..."

ညေနေစာင္း၏ ေနမင္းသည္ သစ္႐ြက္ေတြၾကားထိုးေဖာက္ၿပီး ေနေျပာက္ထိုးေနသည္ကို အပင္ေအာက္မေရာက္ေသးခင္မွာတင္ ျမင္လိုက္ရသည္။ သစ္႐ြက္ေတြၾကားကေန ေဖာက္ထြက္လာသည့္ ေန၏ အလင္းတန္းတို႔သည္ အပင္၏ အေရာင္ေတာက္မႈကို ေထာက္ပံ့ေပးသည္။

အပင္သည္ ႐ြက္ဝါတစ္ခ်ိဳ႕ႏွင့္ အစိမ္းတစ္ခ်ိဳ႕ ေရာစပ္ေနၿပီး ေနေရာင္ေၾကာင့္ ပန္းခ်ီကားတစ္ခ်ပ္ႏွယ္....ညေနေစာင္းေပမို႔ အကိုင္းတြင္ နားေနၾကေသာ ငွက္မ်ားသည္လည္း ကြၽတ္စီစီႏွင့္။

"ဒါ ငါေလ..."

အပင္ေအာက္သို႔ အေရာက္တြင္ ေနေျပာက္ကို လက္ဖဝါးေပၚတင္ၿပီး ေျပာလာတဲ့ စႏၵေသာ္ကေအာင္ေၾကာင့္ သိမ့္သိမ့္စိုးျမင့္သည္ ခံစားသက္ဝင္ေနသမွ်တို႔ ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားကာ...
"နင္က ေနရဲ႕အလင္းတန္းေပါ့။" မဲ့ကား႐ြဲ႕ကာျဖင့္ ေမးသည္။

"ဟင့္အင္း။ ဒီကိုၾကည့္ ၊ ငါက ဒီအမႈန္ေလးေလ..."

က်န္လက္တစ္ဖက္ျဖင့္ အလင္းတန္းထဲပ်ံ႕က်ဲ ေဝ့ဝဲေနသည့္ အမႈန္ေလးတစ္မႈန္ကို လက္ညႇိဳးၫႊန္ျပေနသည့္ ေအာင့္ပုံစံက ခပ္ေဆြးေဆြးမို႔ သိမ့္သိမ့္မွာ ဒီအမူအရာတို႔ကို အမွိတ္မသုန္ပင္ ၾကည့္ေနမိသည္။

"ေအာင္ရယ္...နင္က ၾကယ္ေလးတစ္ပြင့္ေတာင္မဟုတ္ပါလား"

"အင္း..ငါက ေနရွိမွျမင္ရမယ့္၊ ေနရဲ႕အလင္းတန္းထဲမွာ ဦးတည္ရာမဲ့ ေဝ့ဝဲ့ေနတဲ့ အမႈန္ေလးတစ္မႈန္ပါ။"

"လမင္းနဲ႔ၾကယ္ ထက္ ပိုလို႔ေဝးတဲ့အေျခအေနေတြနဲ႔ပါလား ေအာင္ရယ္...."

"ဒါေပမယ့္ သူရွိမွျဖစ္တည္လာတဲ့ ဒီျဖစ္တည္မႈေလးကို ငါကိုယ္တိုင္ကိုက သေဘာက်ေနတာ။"

ခံစားမႈေတြအျပည့္နဲ႔ေျပာေနတဲ့ သူတို႔ႏွစ္ေယာက္၏ စကားတို႔ကို ပန္းသြဲ႕ နားမလည္ႏိုင္ျဖစ္ကာ ဟိုၾကည့္ဒီၾကည့္ႏွင့္ပဲ ဆိတ္ဆိတ္ေနေပးလိုက္သည္။

"အဲ့သေလာက္ထိ သေဘာက်တယ္လား၊ ဟမ္!!"

"အဲ့ဒီထက္ပိုေသးတယ္လို႔ေျပာရင္ နင္ကပိုၿပီလို႔ေျပာမွာ။ ဒါေပမယ့္လည္း ငါတကယ္ပဲ အဲ့လိုျဖစ္ေနတာ...ငါကိုယ္တိုင္ေတာင္ မသိလိုက္ခင္မွာပဲ ငါဟာ သိပ္ကိုနက္ရႈိင္းစြာနဲ႔ နစ္ျမႇဳပ္သြားခဲ့ၿပီ။"

"အင္း။ သြားရေအာင္ေလ.."

သိမ့္သိမ့္ကလည္း နင္ဘယ္သူ႔ကိုလဲလို႔မေမးသလို၊ ကြၽန္ေတာ္ကလည္း နင္ဘယ္ေလာက္ထိ သိထားလဲလို႔ မေမးခဲ့ပါ။ ထို႔ေန႔က ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ ေျပာခ်င္တာေတြကို ေျပာျပခဲ့႐ုံပါ။

"အကို အဲ့တာဘာလုပ္ဖို႔လဲ..."

ပူေပါင္းေတြမႈတ္ၿပီး ဟိုလိမ္၊ဒီလိမ္နဲ႔ အ႐ုပ္အမ်ိဳးမ်ိဳး လုပ္တဲ့ ပူေပါင္းသည္ေရွ႕ ရပ္ၿပီး ဟိုၾကည့္ဒီၾကည့္နဲ႔ အကို႔ပုံက ပူေပါင္းလိုခ်င္တဲ့ကေလးလို ပုံစံလည္းမဟုတ္ပါ။ ေသေသခ်ာခ်ာနဲ႔ ေစ့ေစ့စပ္စပ္ကို ၾကည့္ေနေတာ့တာ။

"ခဏေနာ္ ေသာ္..."

ညေနဘက္ လက္ဖက္ရည္ထြက္ေသာက္ၾကသည္က အျပန္မွာျဖစ္သည္။ အကိုက ပူေပါင္းသည္အနားကို ကပ္သြားသည္မို႔ ကြၽန္ေတာ္လည္း အကိုနဲ႔မေရွးမေႏွာင္း အကို႔ေနာက္ကို လိုက္သြားမိသည္။

"ဦးေလး ဒီပူေပါင္း မမႈတ္ရေသးတာကို ဝယ္လို႔ရလားဗ်။"

"ဆိုင္သြားဝယ္ေပါ့ကြ၊ ငါေတာ့ မႈတ္ၿပီးသားပဲ ေရာင္းတယ္။"

"ဒါဆိုလည္း သမင္းအ႐ုပ္ကေလး မႈတ္ၿပီးေရာင္းဗ်ာ။ ကြၽန္ေတာ္ဝယ္ခ်င္လို႔.."

"ဘာကြ။ "

ဒီပူေပါင္းကိုလာၿပီး သမင္ပုံစံလုပ္ခိုင္းေနသည္တဲ့။ ပြင့္ပြင့္လင္းလင္းပဲ ေျပာခ်လိုက္ေတာ့မည္။
"ငါမလုပ္တတ္ဘူး။ မေန႔ကမွ ဒီပူေပါင္းစ,ေရာင္းတာပါ..ကဲ မင္းလည္း ငယ္တဲ့အ႐ြယ္မဟုတ္ပါဘူး။ သြားစရာရွိတာ သြားပါကြာ..."

"မဟုတ္တာ ဦးေလးကလည္း။ ကြၽန္ေတာ္က အလကား မယူပါဘူးဗ်။ ဦးေလးအတြက္ ထိုက္သင့္တဲ့အဖိုးေတာ့ ေပးမွပါ။ ဦးေလးမလုပ္တတ္ရင္လည္း ကြၽန္ေတာ္ကို ဒီဟာေလးေတြပဲေရာင္း..."

ေျပာေျပာဆိုဆိုနဲ႔ ပူေပါင္းအသည္ႀကီး၏ ပုဆိုးခါးပုံစထဲမွ မမႈတ္ရေသးေသာ ပူေပါင္းအရွည္တစ္လုံးကို ဆြဲယူလိုက္သည္။ ကံေကာင္းစြာႏွင့္ပဲ ပူေပါင္း၏ အေရာင္မွာ အဝါေရာင္ျဖစ္ေနသည္။

"အကို..ဒီေနရာႀကီးမွာ..."

ပူေပါင္းသည္၏ စက္ဘီးႏွင့္ မလွမ္းမကမ္းေျမျပင္တြင္ ဖင္ခ်ထိုင္ၿပီး အားရပါးရနဲ႔ ပူေပါင္းကို မႈတ္ေနပါတဲ့ ေရာင္နီဝန္းဟာ ပုံမွန္ေတြ႕ေနက် ဘဝင္ေလဟပ္ေနသည့္ပုံစံႏွင့္ လားလားမွ မသက္ဆိုင္ပါ။

"ေသာ္ ကိုယ့္ကိုေနာက္တစ္လုံး သြားယူေပးဦး။"

ကြၽန္ေတာ့္စကားကို ဘာမွျပန္မေျဖပဲ ပူေပါင္းမႈတ္လို႔ၿပီးသြားမွသာ ေျပာၾကားသည္။ ၿပီးေနာက္ေတာ့...
"အဝါပဲ ယူခဲ့ေနာ္ ေသာ္..."တဲ့။

ပါးစပ္ကသာ ကြၽန္ေတာ့္ကို ခိုင္းေနတာပါ၊ မ်က္လုံးကေတာ့ျဖင့္ ပူေပါင္းကို ၾကည့္ကာ ဟိုလိမ္၊ဒီလိမ္နဲ႔ မသိရင္ ပူေပါင္းေရာင္းတဲ့သူလိုလို။

"ကိုယ့္ကို ၾကည့္ေနတာ ခဏရပ္ၿပီး ပူေပါင္းသြားေတာင္းစမ္းပါ ေသာ္ရာ..."

"ကြၽန္ေတာ္ၾကည့္ေနတာ သိရင္လည္း ထ,ေတာ့ေလဗ်ာ။ လမ္းေဘးႀကီးမွာ သူမ်ားေတြဝိုင္းၾကည့္ေနတာ အကိုမရွက္ဘူးလား။"

" ေသာ့္ကို စိတ္ဝင္စားဖို႔ေကာင္းတာ လုပ္ျပမို႔ပဲဟာ ကိုယ္ မရွက္ပါဘူး။ ကဲပါ ေသာ္ရယ္...သြားယူပါ။"

"ဒီမွာ..."

ကြၽန္ေတာ္ဖို႔လုပ္ျပမွာဆိုေတာ့လည္း ကြၽန္ေတာ္ကိုယ္တိုင္ပဲ ပူေပါင္းသြားယူေပးလိုက္ၿပီး စိတ္ဝင္တစားနဲ႔ အကို႔ေဘးဝင္ထိုင္ကာ အကိုလုပ္သမွ်ကို ၾကည့္ေနလိုက္သည္။ မၾကာပါဘူး ကြၽန္ေတာ္နဲ႔အကို ထိုင္ေနသည့္ ေဘးကို ကေလးတစ္သိုက္ပါေရာက္လာၿပီး ဝိုင္းအုံၾကည့္ၾကေတာ့သည္။

"အညိဳေရာင္ေလး တစ္လုံး"

"အညိဳေတာ့မရွိဘူး အနီပဲ ရွိတယ္။ ေရာ့..."

နံေဘးမွာေရာက္ေနပါတဲ့ ပူေပါင္းသည္က အနီေရာင္ ပူေပါင္းအရွည္ကို ကြၽန္ေတာ့္ထံသို႔ကမ္းေပးသည္။ ကြၽန္ေတာ့္က တဆင့္အကို႔ထံကမ္းေပးလိုက္ေတာ့...
"ေျခေထာက္လုပ္ဖို႔ကို အနီေရာင္နဲ႔ေတာ့ ဟုတ္ေနပါၿပီ။"

ခပ္႐ႊင္႐ႊင္ေလး ေျပာလာတဲ့ အကိုရယ္ေၾကာင့္ ကြၽန္ေတာ္ပါ ၿပဳံးမိသည္။ အခ်စ္ဆိုတာ ဒါမ်ိဳးလား။သူေပ်ာ္ရင္ ကြၽန္ေတာ္ပါအလိုလိုေပ်ာ္လာမ်ိဳး။ သူအနားမွာ ရွိေနရင္ က်န္တဲ့အရာေတြကို ဂ႐ုမစိုက္ခ်င္ေတာ့တာမ်ိဳးေလ။

"ေနာက္ထပ္ အနီတစ္လုံးပဲေပးပါ။ အဝါရွိလည္းရတယ္..."

အကို႔စကားေၾကာင့္ ေနာက္ထပ္ ပူေပါင္းတစ္လုံးက ကြၽန္ေတာ့္လက္ထဲ ေရာက္လာၿပီး အကို႔လက္ထဲ ျပန္ထည့္ေပးလိုက့ေတာ့ ဆက္လက္ၿပီး ပုံေဖာ္ေနေလသည္။ သိပ္မၾကာခင္မွာတင္ ဂ်ိဳႏွစ္ေခ်ာင္းႏွင့္ သမင္ေလးတစ္ေကာင္။

"သမင္မွာ ဦးခ်ိဳပါရဲ႕လားပဲ။"

"ဒရယ္မွာေတာ့ ပါတယ္ အကို..."

"ထားပါေတာ့ေလ၊...ဒီေလာက္ပဲ ရတယ္။"

လုံးလုံးလ်ားလ်ား သမင္ေတာ့မဟုတ္ေသာ္လည္း သမင္နဲ႔ေတာ့ ေတာ္ေတာ္ေလးဆင္ပါသည္။

"ကဲ ၿပီးသြားၿပီ...ဘယ္ေလာက္ေပးရမလဲ ဦးေလး..."

"သုံးရာပဲ ေပးခဲ့ပါကြာ..."

သို႔ႏွင့္ အကိုသည္ သူ႔အိတ္ကပ္ထဲက ပိုက္ဆံသုံးရာကိုထုတ္ၿပီး ပူေပါင္းသည္ထံသို႔ ကမ္းေပးကာ ကြၽန္ေတာ့္လက္ကို ဆြဲၿပီး ထိုေနရာကေနထြက္လာခဲ့ေတာ့သည္။

"ဘယ္လိုလဲ ေသာ္၊ ကိုယ့္ရဲ႕ သမင္ေလးလွရဲ႕လား။"

ညာဘက္လက္ျဖင့္ ကိုင္ထားတဲ့ သမင္ေလးကို ေျမႇာက္ၾကည့္လိုက္၊ ခ်ၾကည့္လိုက္ျဖင့္ အကိုတစ္ေယာက္ အလုပ္ရႈပ္ေနေတာ့သည္။ ကြၽန္ေတာ့္ကို ေပးမွာဆိုလည္း ျမန္ျမန္ေပးတာမဟုတ္ဘူး။ အိမ္ကေရာက္ေတာ့မည္။

အိမ္ေရာက္မွမ်ား ေပးမွာလားေပါ့...

"ခဏေနာ္ ေသာ္၊ ကိုယ္ ေဆးသုတ္လိုက္ဦးမယ္။
အခုက သမင္က သမင္နဲ႔မတူပဲ ပိုးေကာင္လိုလို၊ဘာလိုလိုနဲ႔"

ေျပာလည္း ေျပာ၊ ကြၽန္ေတာ့္လက္ကိုလည္း လႊတ္ကာ အေဆာင္ထဲသို႔ ဝင္သြားေလတဲ့အကို႔ေၾကာင့္ ကြၽန္ေတာ့္မွာလည္း ကိုယ့္အိမ္ကို မျပန္ႏိုင္ေသးပဲ အကို႔အေဆာင္ထဲ လိုက္သြားရသည္။ ကြၽန္ေတာ့္ကိုေပးမယ့္ လက္ေဆာင္ေလးကို အကိုဘယ္လို၊ဘယ္ပုံနဲ႔ ေဆးျခယ္ေပးမလဲ သိခ်င္ လြန္းလွပါသည္။

"ဒီမွာေလ ေဆးေတြက..."

အကိုတို႔အေဆာင္ အေနာက္ဘက္က စတိုးခန္းမွာ အကိုလိုခ်င္သည့္ ေဆးေရာင္စုံတို႔ရွိေနေလသည္။

"ဟိုဘက္တေလာက အေဆာင္အတြင္းပိုင္း ေဆးျပန္သုတ္တာ ဒီသမင္ျဖစ္လာဖို႔အတြက္ အမ်ားႀကီးအဆင္ေျပသြားတယ္။ မဟုတ္ရင္ ဒီပုံအတိုင္းသာ လက္ထဲထည့္လိုက္ရင္ျဖင့္ ကိုယ္တို႔အေကြးက သမင္ကလြဲ အေကာင္မွန္သမွ် အကုန္ေျဖ၊ အကုန္စဥ္းစားနဲ႔ ေတာ္ေတာ္ေလး ပင္ပန္းေနမွာ။"

"ဗ်ာ...."

"ဘာျဖစ္လို႔လဲ ေသာ္၊ အလန္႔တၾကားနဲ႔"

ကြၽန္ေတာ့္အသံက ေတာ္ေတာ္ေလး က်ယ္သြားတာေတာ့ မွန္ပါသည္။ သို႔ေသာ္လည္း အခုလို အသံက်ယ္က်ယ္နဲ႔ 'ဗ်ာ' ရေအာင္လုပ္တာက ဘယ္သူလဲ။ အကိုေလ...အကို။

ေျပာေတာ့ျဖင့္ ကြၽန္ေတာ့္အဖို႔ဆိုၿပီး ခ်က္ခ်င္းႀကီး ကိုယ္တို႔အေကြးဆိုၿပီး ေျပာင္းလဲပစ္တာမလြန္ဘူးလား။

"အကို..."

"ေဟာ...ဘာတုန္း ေသာ္ရာ၊ ဘယ္လိုျဖစ္လို႔ အသံေတြ က်ယ္ေနရတာတုန္း။ "

"အကိုေနာ္..အဲ့လိုမစနဲ႔။"

"ဟမ္ !! ကိုယ္ ဘာမ်ား..."

ဉာဏ္ေကာင္းတဲ့သူေတြမ်ား မသိခ်င္ေယာင္ေဆာင္တာက အစ ပီျပင္လြန္းပါသည္။ ဒါေၾကာင့္လည္း အိပ္ခ်င္ေယာင္ေဆာင္တဲ့သူက ႏႈိးဖို႔ခက္တယ္လို႔ ဆို႐ိုးထားခဲ့တာေနမွာ။

"အကိုပဲ ေျပာေတာ့ ကြၽန္ေတာ့္ဖို႔ဆို..."

ခပ္တိုးတိုးေလးနဲ႔ ေျပာလိုက္မိသည္က ကြၽန္ေတာ္ရွက္လို႔မဟုတ္ပါ။ သို႔ေသာ္လည္း ကြၽန္ေတာ့္မ်က္လုံးတို႔ကေတာ့ျဖင့္ အကို႔ႏွင့္အၾကည့္မဆုံရဲပဲ ဖယ္ခြာလို႔ေနသည္။

"ကိုယ္မေျပာမိပါဘူး ေသာ္ရ၊ ကိုယ္တို႔အေကြးက သမင္ကိုသေဘာက်တယ္ဆိုလို႔......အဲ့တာ  သူ႔အတြက္လုပ္ေပးေနတာ။"

ေဆးျခယ္ေနရာမွ ရပ္ၿပီး ကြၽန္ေတာ့္ကိုေလေျပေအးႏွင့္ ရွင္းျပေနေသာ္လည္း ကြၽန္ေတာ္အကို႔ကို ဘာေၾကာင့္မွန္းမသိစိတ္ဆိုးမိသည္။ စိတ္ဆိုးၿပီး ေနရာကေနထြက္သြားဖို႔ကလည္း မျဖစ္ေသးပါ။ အဲ့လိုက် အကိုမွလိုက္မေခ်ာ့ရင္ ကြၽန္ေတာ္နဲ႔အကို ေဝးၾကလိမ့္မည္။

မပိုင္ပဲနဲ႔ေတာ့ ျခင္႐ိုက္လို႔မျဖစ္ဆိုသလို မခ်စ္ေသးပဲနဲ႔ေတာ့ စိတ္ေကာက္ျပလို႔ မျဖစ္ပါ။ အဲ့တာေၾကာင့္နဲ႔ ကြၽန္ေတာ္ဟာ စိတ္ဆိုးေနတာေတာင္ အကို႔ေဘးကေန တစ္ဖဝါးမခြာ ေပကပ္ထိုင္ၿပီး ၿငိမ္သက္ေနလိုက္ေတာ့သည္။


Continue Reading

You'll Also Like

219K 7.8K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
2.5K 389 37
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
16.3K 622 41
အေတြးအပိုင္းအစကေလးမ်ား၊
18.7K 2.6K 31
ပုံကလေးရယ် ၊ စာလေးအချို့ရယ်၊ အင်း၊ပြီးတော့ သူတို့အချစ်ရယ်ပေါ့