Worship Me, I Can Make You Ri...

By XiaoMaoMao55

503K 95.4K 3.9K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 40 (U+Z)

6.5K 1.3K 90
By XiaoMaoMao55

-Unicode-

အခန်း ၄၀: စကြဝဠာတစ်ခုလုံးက သူ့ကိုရဖို့ လုနေကြပြီ

မက်ခါဒီဇိုင်းဌာန

မက်ခါဒီဇိုင်းဌာနက ကျောင်းသားတွေ အရေအတွက်များများ ကျွမ်းကျိုးအတန်းကို တက်နိုင်အောင် ကျောင်းအုပ်ဒေးစွန်က အလွန်ကြီးမားတဲ့ ရုပ်မြင်သံကြားခန်းကို ပြန်ပြင်ဆင်ပြီး ခန်းလုံးကျွတ် ထည့်လိုက်တယ်။

ပြောရရင် အရင်တုန်းက ဒါက မက်ခါဒီဇိုင်းစာသင်ခန်းမဟုတ်ဘူး။ စိတ်ကြိုက်ဘာသာဖြစ်တဲ့ လောကဝတ်အတန်း အတွက် အခန်းဖြစ်တယ်။

ဒီနေ့မှာ လောကဝတ်အတန်း ရှိတဲ့ရက်ဖြစ်နေတယ်။ အဲဒါကြောင့် ကျောင်းသားတွေအများကြီးက အတန်းတက်ဖို့လာကြတယ်။ ဒါပေမဲ့ အတန်းအပြင်ဘက် မီတာအနည်းငယ်အလိုမှာပဲ တားမြစ်ခံလိုက်ရတယ်။

"အတန်းဖော် အနူးအညွတ်တောင်းပန်ပါတယ်။ ဒီအခန်းက လောလောဆယ် မက်ခါဒီဇိုင်းဌာနက အသုံးပြုနေပါတယ်။ လောကဝတ်အတန်းကို နောက်အခန်းကို ပြောင်းပေးထားပါတယ်။ ဒီအခြေအနေအသေးစိတ်ကို သိရှိလိုရင် အွန်လိုင်းက တရားဝင်ကျောင်းကြေညာချက်ကို ကျေးဇူးပြုပြီး ဖတ်ပေးပါ"

သူတို့ကို တားလိုက်တဲ့သူက တိုက်ခိုက်ရေးဌာန(Combat Department)က ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ကျောင်းအုပ်ဒေးစွန်က အသေးစိတ်စီစဉ်တဲ့နေရာမှာ အရမ်းတော်တယ်။ သူက တိုက်ခိုက်ရေးဌာနက ကျောင်းသားတွေကို ဒီမှာအလှည့်ကျ စောင့်ကြပ်ပေးဖို့ စီစဉ်ထားတယ်။

နံပါတ်တစ်စစ်သင်တန်းကျောင်းဟာ အင်ပါယာမှာရှိတဲ့ နေရာစုံက ထူးချွန်ကျောင်းသားတွေ စုဝေးနေတာဖြစ်တဲ့အတွက် ကျောင်းသားတွေ အလွန်များတယ်။ လူတိုင်းက အတင်းအဖျင်းပြောဆိုရတာ နှစ်သက်ကြတာမဟုတ်ဘူး။ အဲဒါကြောင့် ဘာတွေဖြစ်နေမှန်း မသိသေးတဲ့သူတွေလည်း ရှိတယ်။

ဒီတစ်ခေါက်မှာတော့ ရှေ့တိုးလာတာက မက်ခါဒီဇိုင်းကျောင်းသားနှစ်ယောက်ဖြစ်တယ်။ သူတို့တွေထဲက တစ်ယောက်က ကျောင်းဂိတ်ဝမှာ ဆန္ဒပြတဲ့ထဲမှာ ဝင်ပါခဲ့တဲ့ ကျန်းကျွင်း ဖြစ်နေတယ်။

ကျန်းကျွင်းကပြောတယ်: "စီနီယာ ကျွန်တော်တို့က မက်ခါဒီဇိုင်းဌာနကပါ။ ကျွန်တော်တို့ အတန်းတက်မလို့ အထဲဝင်ခွင့်ပေးပါ"

ကျောင်းအုပ်ကြီးက ကျွမ်းကျိုးကို ဒီအခန်းမှာ စာသင်ဖို့ စီစဉ်ပေးထားတယ်လို့ ကောလာဟလတွေ ကြားနေရတယ်။

မူလတန်းတောင် မတက်ရသေးတဲ့သူတစ်ယောက်က ဆရာဖြစ်နိုင်တယ်လို့ သူမယုံဘူး။ နောက်ပြီး ဆရာဆိုတာတောင် မက်ခါဒီဇိုင်းဌာနက ဆရာတဲ့။

ပိုဆိုးတာက ဒီလူက အဲဒီဆရာသခင်လေးဆိုတာကို သူမယုံဘူး။ သူ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ အတည်ပြုရမှဖြစ်မယ်။

တိုက်ခိုက်ရေးဌာနက ကျောင်းသားက ကျန်းကျွင်းကို တစ်ချက်ကြည့်လိုက်တယ်။ မျက်လုံးတွေ တလက်လက်တောက်သွားပြီးတော့ သူ့ရဲ့ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ကောက်ယူပြီး တစ်ချက်ကြည့်ကာ ပြောလိုက်တယ်: "အတန်းဖော် မင်း စောစောက ကျောင်းပေါက်ဝမှာ ကျွမ်းလောင်ရှီးကို သွားပိတ်ခဲ့တယ်မလား၊ ကျစ်.. ဖုံးထားဖို့ မကြိုးစားနဲ့။ ငါမင်းကို မှတ်မိတယ်! မင်းသွားလို့ရပြီ။ ကျွမ်းလောင်ရှီးက ပြောပြီးသွားပြီ။ မင်းတို့ကောင်တွေ သူ့အတန်းကို နားထောင်ချင်တယ်မလား။ ပြန်သွားပြီး အိပ်မက်သာ မက်နေလိုက်!"

ဒါကို ကြားတော့ ကျန်းကျွင်းရဲ့ အမူအရာက ကြည့်မကောင်းရှုမကောင်းဖြစ်သွားတယ်: "ကျွန်တော်က မက်ခါဒီဇိုင်းဌာနက ကျောင်းသားပဲ။ အတန်းအကုန်လုံးကို သင်ယူခွင့်ရှိတယ်။ ကျောင်းအုပ်ကြီးဆီကို တိုင်ကြားစာပို့မယ်!"

တိုက်ခိုက်ရေးဌာနက စီနီယာက ပခုံးတွန့်ပြလိုက်တယ်: "အဲဒါဆိုလည်း လုပ်လိုက်လေ၊ ကျောင်းအုပ်ကြီးက အဲဒီမှာပဲ ရှိလိမ့်မယ်"

စည်းကမ်းချိုးဖောက်တဲ့ကျောင်းသားကို ခေါ်ထားမလား ဒါမှမဟုတ် အကန့်အသတ်မရှိအောင် အလားအလာကောင်းတဲ့ ဆရာကို ခေါ်ထားမလား။ ကျောင်းအုပ်ကြီးက တုံးအတယ်များ ထင်နေလို့လား။

ဆန့်ကျင်ဘက်အနေနဲ့ ကျန်းကျွင်းက သူ့ကိုယ်သူ မလူးသာမလွန့်သာ အခြေအနေကို တွန်းပို့သလိုဖြစ်နေတယ်။

ကျန်းကျွင်းဘေးက ကျောင်းသားက အလျင်စလို ပြောလိုက်တယ်: "စီနီယာ ကျွန်တော် ကျောင်းပေါက်ဝမှာ ကျွမ်းလောင်ရှီးကို မပိတ်ခဲ့ပါဘူး၊ ကျွန်တော်ဝင်လို့ရမလား။ ကျွန်တော်လည်း မက်ခါဒီဇိုင်းဌာနကပါပဲ"

"မင်းလား။ မင်းလည်း မရဘူး"

"ဘာဖြစ်လို့မရတာလဲ။ ကျွန်တော် တကယ်ပဲ ကျောင်းပေါက်ဝက ဆန္ဒပြပွဲမှာ မပါခဲ့ပါဘူး"

"အိုး မင်းက ဒီကောင်ရဲ့ သူငယ်ချင်းကောင်းမလား။ ကြည့်ရတာ မင်းတို့နှစ်ယောက်က တော်တော်လေးကောင်းတဲ့ ဆက်ဆံရေးရှိပုံရတယ်။ ကျွမ်းလောင်ရှီးကပြောတယ်: *အိမ်နဲ့ အိမ်ကရှိသမျှလူတိုင်းကို ချစ်ရမယ်တဲ့၊ ဒီတော့ အိမ်နဲ့ ရှိသမျှလူတိုင်းကို မုန်းရမယ်။ မင်းက သူ့ရဲ့သူငယ်ချင်းကောင်းဆိုတော့ သေချာပေါက် ဘုံရန်သူကို ဆန့်ကျင်ဖို့ သူ့ဘက်ကို လိုက်မှာပဲ။ ဒါကြောင့် မင်းလည်း ကျွမ်းလောင်ရှီးကို မကြိုက်တဲ့သူဖြစ်ရမယ်။ ဒါကြောင့် သူပဲဖြစ်ဖြစ်၊ သူ့ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ မင်းပဲဖြစ်ဖြစ် အကုန်လုံး ကျွမ်းလောင်ရှီးရဲ့ အတန်းကို နားထောင်ခွင့်မရှိဘူး"

(* ဆိုစကားရှိပါတယ်တဲ့- လူတစ်ယောက်ကို သဘောကျရင် သူတို့နဲ့ ရင်းနှီးတဲ့သူတိုင်း၊ အရာတိုင်းကိုပါ သဘောကျရမယ်တဲ့)

ဒီအကြိမ်မှာတော့ ကျန်းကျွင်းက တကယ် စိတ်ဆိုးမာန်ဆိုးဖြစ်သွားတယ်: "ဖွီ! တကယ်ပဲ လူတိုင်းက သူ့အတန်းကို တက်ချင်တယ် ထင်နေတာလား။ အား-ဟောင် သွားစို့"

တိုက်ခိုက်ရေးဌာနကျောင်းသားက စိတ်တောင်မဆိုးဘူး။ အဲဒီအစား သူ့နောက်က ရုပ်မြင်သံကြားခန်းကို ကြည့်လိုက်ပြီး သူ့ဘေးက အတန်းဖော်ကို ပြောလိုက်တယ်: "မင်းပြောကြည့်စမ်း ဒီကျွမ်းလောင်ရှီးက တကယ်ပဲ စိတ်သန္တာန်မက်ခါ တီထွင်နိုင်တဲ့ ဆရာသခင်လေးလား"

"အစစ်ပဲဖြစ်မယ်လို့ ငါထင်တာပဲ။ မဟုတ်ရင် ကျောင်းအုပ်ကြီးက လူကိုယ်တိုင် သူ့ကို လာကြိုမှာမဟုတ်ဘူး"

"အမှန်ပဲ"

"နောက်ပြီး အဲဒီကျောင်းသားတွေ စာသင်ခန်းထဲဝင်သွားတာ အချိန်အတော်လေးတော့ ရှိနေပြီ။ တကယ်ပဲ ပြဿနာရှိတယ်ဆိုရင် အခုဆို ထွက်လာလောက်ပြီပေါ့"

"စိတ်သန္တာန်မက်ခါ... ငါတကယ်ကို တစ်ခုလောက်လိုချင်လိုက်တာ။ လခွမ်း ဒီအကြောင်းပြောနေရင်းမှ ငါတောင် မက်ခါဒီဇိုင်းမေဂျာကို ပြောင်းချင်သွားပြီ"

ကျန်းကျွင်းနဲ့ သူ့သူငယ်ချင်း အား-ဟောင်က တကယ်တော့ ဝေးဝေးမသွားခဲ့ဘူး။ အဲဒီအစား ထောင့်တစ်နေရာကို လျှောက်သွားပြီး ရုပ်မြင်သံကြားခန်းရှိရာဘက်ကို စူးစိုက်ကြည့်နေကြတယ်။

သူတို့အပြင် ဆန္ဒပြပွဲမှာပါခဲ့တဲ့ တခြားကျောင်းသားတော်တော်များများလည်း အခန်းပေါက်ဝမှာ အတားခံလိုက်ရတာကို ကျန်းကျွင်းတွေ့လိုက်ရတယ်။

ကျွမ်းကျိုးက စကားနဲ့ပဲ ခြိမ်းခြောက်ဖို့လုပ်တာလို့ သူက အစကထင်ထားတာ။ မထင်မှတ်ပဲ သူ့စကားတွေက အမှန်ပြောတာဖြစ်နေတယ်။

သူက တကယ်ကြီး သူတို့နာမည်တွေအကုန်လုံးကို မှတ်ထားပြီး အထဲဝင်ခိုင်းဖို့ အခိုင်အမာကြီး ငြင်းဆန်နေတယ်။

အား-ဟောင်ကလည်း အတန်းထဲဝင်သွားတဲ့ ကျောင်းသားတွေကို တွေ့လိုက်တယ်။ သူတို့တွေက အချိန်အတော်ကြာတာတောင် ပြန်ထွက်မလာကြဘူး။ တကယ်လို့ တကယ်ပဲ ကျွမ်းကျိုးရဲ့ ကျွမ်းကျင်မှုမှာ ပြဿနာရှိနေတယ်ဆိုရင်၊ သူက မက်ခါဘယ်လိုတီထွင်ရမလဲ မသိဘူးဆိုရင် အဲဒီကျောင်းသားတွေက အကြာကြီးနေကတည်းက ထွက်သွားပြီပေါ့။

အား-ဟောင်က စိတ်မသက်မသာနဲ့ ပြောတယ်: "ကျန်းကျွင်း ကျွမ်းကျိုးက တကယ်ပဲ..."

ကျန်းကျွင်းက သူ့ကို အေးစက်စက်နဲ့ ဖြတ်ပြောလိုက်တယ်: "မဖြစ်နိုင်ဘူး! သူက အသက်ဘယ်လောက်လဲ မင်းမမြင်လိုက်ဘူးလား။ ဆရာကြီးကယ်လုအန်းက ဆရာကြီးဖြစ်လာတုန်းက အသက် ၅၀ ကျော်နေပြီ။ သူ့တပည့် ဟန်ချင်းရှောင်းကလည်း ပါရမီအပါဆုံးလူသားအဖြစ် သူ့ရဲ့အသိအမှတ်ပြုခံထားရတာ။ ဒါတောင် သူက စိတ်သန္တာန်မက်ခါ မထွင်နိုင်ဘူး။ အဲဒီကျွမ်းကျိုးက အရင်က ကျောင်းတောင်မတက်ခဲ့ဘူး။ နောက်ပြီး ဒီလောက်တောင် ငယ်တယ်။ ဘယ်လိုလုပ်ပြီး ဆရာသခင်လေးက သူဖြစ်နိုင်မှာလဲ!"

သူ အဲဒီလိုပြောလိုက်ပေမဲ့ အဆုံးမှာတော့ ကျန်းကျွင်းက စိတ်ထဲမှာ နည်းနည်းတော့ တုန်လှုပ်နေပြီ။

ဘာဖြစ်လို့ အခန်းထဲဝင်သွားတဲ့ စတုတ္ထနှစ်စီနီယာက အခုထိ ထွက်မလာသေးတာလဲ။

ကျွမ်းကျိုးအတန်းကို တက်ခွင့်ရတဲ့ ပထမဆုံးသူတွေက ဘွဲ့ရတော့မဲ့ စတုတ္ထနှစ်ကျောင်းသားတွေဖြစ်တယ်။

ကျောင်းအုပ်ဒေးစွန်ရဲ့ အတွေးအစီအစဉ်က - စတုတ္ထနှစ်ကျောင်းသားတွေက မက်ခါဒီဇိုင်းမှာ ဗဟုသုတအရှိဆုံးသူတွေဖြစ်တယ်။ သူတို့ရဲ့ဘွဲ့ရဖို့ လိုအပ်ချက်ကလည်း သူတို့ရဲ့ဘွဲ့နှင်းသဘင်ကို ကြီးမှူးမယ့် ပြီးပြည့်စုံတဲ့ မက်ခါတစ်စီးကို ကိုယ်တိုင်ကိုယ်ကျ အစအဆုံး ဒီဇိုင်းထွင် တည်ဆောက်ဖို့ဖြစ်တယ်။

အဲဒါကြောင့် စတုတ္ထနှစ် ကျောင်းသားတွေကို အရင်ဆုံး သင်ကြားပေးတာက အသင့်တော်ဆုံးဖြစ်တယ်။

အဲဒါနဲ့ ကျွမ်းကျိုး စတိတ်စင်ပေါ်ကို တက်လာတော့ စတုတ္ထနှစ်စီနီယာသမားတွေ အကုန်လုံးက စိတ်ထဲမှာ ထူးဆန်းတဲ့ ဘယ်လိုမှန်းမသိတဲ့ ခံစားချက်ကို ခံစားနေရတယ်။

ဘာလို့လဲဆိုတော့ ကျွမ်းကျိုးကိုကြည့်ရတာ တကယ်... အရမ်းကို သေးတယ်။

သူက တကယ်ပဲ လူကြီးဟုတ်ရဲ့လား။

သူက တကယ်ပဲ သူတို့ဆရာဖြစ်နိုင်ရဲ့လား။

သူက တကယ်ပဲ ဒဏ္ဍာရီလာဆရာသခင်လေး ဟုတ်ရဲ့လား။

ဒီကလေးပေါက်စက တကယ်ပဲ သူတို့ကို သင်ပေးမှာလား။

မေးခွန်းမျိုးစုံက စီနီယာသမားတွေအားလုံးရဲ့ အတွေးတွေကို ဖိစီးနေတယ်။

သူ့ကို အနီးကပ်ကြည့်လိုက်ရင် သူက ... တကယ်ကို အရမ်းကြည့်ကောင်းလွန်းတယ်!

ဒါပေမဲ့ အတန်းကိုလာတက်တဲ့သူတိုင်းက ကျောင်းအုပ်ဒေးစွန်ရဲ့ ညွှန်ကြားချက်ကို ရထားပြီးပြီ။ သူတို့တွေ သေချာနားထောင်ရမယ်၊ မဟုတ်ရင် ဘွဲ့ရမှာမဟုတ်ဘူး။ အဲဒါကြောင့် သူတို့တွေ ရိုကျိုးစွာ ထိုင်နေရုံပဲ တတ်နိုင်တယ်။

ကျွမ်းကျိုးက အရင်က တစ်ခါမှ ဆရာမလုပ်ဖူးဘူး။ ဟောပြောစင်မြင့်ပေါ်မှာ ရပ်နေရင်း လူအုပ်ထဲကခေါင်းတွေကို ကြည့်ရင်းနဲ့ မသိစိတ်ထဲမှာ ဒီလူတွေအားလုံးကို သူ့ရဲ့ကာစတမ်မာတွေလို့ တွေးနေမိပြီ။

တန်ခိုးအာရုံ တစ်ချက်ဖြန့်လိုက်ရုံနဲ့ သူတို့အကုန်လုံးကို ဒီည အိပ်မက်ပေးလို့့ရပြီ!

မဟုတ်သေးဘူး၊ သူသည်းခံရမယ်!

ကြယ်အစုအဝေးကလူတွေကို အိပ်မက်ပေးတာက ပိုပိုပြီး မယုံကြည်ရတော့ဘူး။

မျက်နှာလေးရဲပြီး သူက ရှက်ဝဲဝဲနဲ့ ပြောလိုက်တယ်: "အမ်း... မင်္ဂလာပါ အားလုံးပဲ။ ကျွန်တော့်ကို ကျွမ်းကျိုးလို့ ခေါ်ပါတယ်။ နောက်ဆိုရင် အားလုံးရဲ့ ဆရာဖြစ်လာမှာပါ"

စီနီယာကျောင်းသားများ: အိုး အိုး လခွမ်းပဲ! ဒီသူငယ်ချင်းလေးက အရမ်းချစ်စရာကောင်းတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ! သေချာပေါက် လူတွေပြောတော့ ကျောင်းပေါက်ဝမှာတုန်းက သူက အရမ်းခက်ထန်တယ်တဲ့!

ဒီကောလာဟလတွေက မဟုတ်တမ်းတရားတွေ ဖြစ်ရမယ်! သူက ဒီလောက် နူးညံ့ပြီး ချစ်စရာကောင်းတာ အရှင်းကြီးပဲကို!

ကျွမ်းကျိုး သူ့ကိုယ်သူ မိတ်ဆက်ပြီးသွားတော့ ဟန်ချင်းရှောင်းနဲ့ မိတ်ဆက်ပေးလိုက်တယ်: "ဒါက ကျွန်တော့်လက်ထောက် ဟန်ချင်းရှောင်းပါ။ ခင်ဗျားတို့က သူ့ကို လက်ထောက်ဟန်လို့ ခေါ်လို့ရပါတယ်"

စီနီယာကျောင်းသားများ: အား သူ့အသံလေးက နားထောင်လို့အရမ်းကောင်းတာပဲ။ နောက်ပြီး ဟန်-လောင်ရှီးနဲ့ အတူတူရပ်နေတော့.... နေပါဦး သူက ဟန်-လောင်ရှီးကို ဘယ်လိုခေါ်လိုက်တယ်?

အစက ဟန်-လောင်ရှီးက ကျွမ်းကျိုးကို မိတ်ဆက်ပေးဖို့ လိုက်လာတယ်လို့ ထင်ထားတာ။ မထင်မှတ်ဘဲ သူ့လက်ထောက် ဖြစ်နေတာလား!

ဘုရားရေ! ဟန်-လောင်ရှီးက ဘယ်သူမို့လဲ!

အင်ပါယာက နံပါတ်တစ်မက်ခါတီထွင်သူ ဆရာကြီး ကယ်လုအန်းရဲ့ တပည့်ကြီးလေ!

သူတို့ကျောင်းက မက်ခါဒီဇိုင်းဌာနရဲ့ ဆရာအဖြစ် ပိုက်ဆံတွေ အပုံလိုက်ပေးပြီး ခေါ်ထားရတာ!

သေချာပေါက် သူတို့ကို မနေ့ကတောင် စာသင်ပေးခဲ့သေးတယ်!

အခုတော့ သင်ကြားရေးလက်ထောက်ဖြစ်သွားပြီ!

ဟန်ချင်းရှောင်းက အလွန်တည်ငြိမ်စွာ ပြောတယ်: "အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးဖို့ မလိုတော့ဘူး ထင်ပါတယ်။ ကျွမ်း-လောင်ရှီးက အတွေ့အကြုံသိပ်မရှိပါဘူး။ မင်းတို့ နားမလည်တာရှိရင် ကျွန်တော့်ကို အရင်မေးလို့ရပါတယ်။ တကယ်လို့ ကျွန်တော်နားမလည်ရင် မင်းတို့ ကျွမ်း-လောင်ရှီးကို မေးဖို့ ကူပေးပါမယ်"

စီနီယာကျောင်းသားများ: "........."

ဟန်-လောင်ရှီး တကယ်ကြီးလား။

စကားနည်းနည်းပြောပြီးတဲ့နောက် ကျွမ်းကျိုးရဲ့ စိတ်လှုပ်ရှားမှုက ဖြည်းဖြည်းချင်း ပြေပျောက်သွားတယ်: "လက်ထောက် နောက်တစ်ယောက် ရှိပါသေးတယ်..."

သူက တံခါးဆီကို လှမ်းကြည့်လိုက်တယ်။

စီနီယာကျောင်းသားတွေအကုန် သူ့အကြည့်သွားရာနောက်ကို လိုက်သွားတယ်။

ကျွမ်းကျိုးက နောက်ဆုံးတော့ မျက်ခုံးတွေ ကွေးညွတ်နေအောင် ပြုံးပြလိုက်တယ်။ "သူ့ကို ရှောင်ဖော့လန်လို့ ခေါ်တယ်။ သူလည်း မက်ခါလုပ်နည်းတွေကို သိပါတယ်။ ရှောင်ဖော့လန် ဒီကိုလာ။ အားလုံးကို နှုတ်ဆက်လိုက်ဦး"

ရှောင်ဖော့လန်က စပီကာကို လဲလိုက်တယ်။ အသံက ပညာရှိအသက်ကြီးကြီးဦးလေးကြီး အသံနဲ့ တော်တော်လေး ရင့်ကျက်ပြီး ယုံကြည်ချင်စရာကောင်းတဲ့ပုံပေါက်နေတယ်။ "အားလုံးပဲ မင်္ဂလာပါ"

ကျွမ်းကျိုးက သင်တန်းကျောင်းမှာ မက်ခါလုပ်နည်း လူတွေကို သင်ပေးတော့မယ်ဆိုတာ သူသိကတည်းက ရှောင်ဖော့လန်က ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘူး။

သခင်က ရှောင်ဖော့လန် 4.0 ကို အိမ်မှာလုပ်ခဲ့တာ။ သူသာ သူ့(ကျွမ်းကျိုး)နောက် မလိုက်ဘူးဆိုရင် မကြာခင် 40.0.0 ဗားရှင်း ထွက်လာတော့မှာမဟုတ်ဘူးလား!

အဲဒါနဲ့ ရှောင်ဖော့လန်က စပီကာတစ်လုံးတပ်ပြီး သူ့သဘောအရ လိုက်လာခဲ့တယ်။

ကျွမ်းကျိုးက ရှောင်ဖော့လန် စပီကာ တပ်လို့ရတယ်ဆိုတာ သိလိုက်ရတော့ သူအလွန်ပျော်သွားတယ်။ ဘာဖြစ်လို့ အရင်တုန်းက စပီကာ မသုံးခဲ့လဲဆိုတာ သူလုံးလုံး မတွေးတောင် မတွေးမိဘူး။

စီနီယာကျောင်းသားတွေ အကုန်လုံးက လည်ပင်းတွေ ဆန့်ထုတ်လိုက်ကြတယ်။ သူတို့တွေက ဆရာ့အခန်းဆီလာတဲ့ တံခါးအလွတ်ကြီးကို စေ့စေ့စပ်စပ် စူးစိုက်ကြည့်နေတယ်။

ဟမ်။ လူက ဘယ်မှာလဲ။

လက်ထောက် နောက်တစ်ယောက်လို့ ပြောတယ်မလား။

ထွက်မလာသေးတာလား။

သူ့အသံကို ကြားလိုက်ရပြီ မဟုတ်ဘူးလား။

ရှောင်ဖော့လန်: "........"

ရှောင်ဖော့လန်: "ကျေးဇူးပြုပြီး ခေါင်းကို ၄၅ ဒီဂရီ အောက်ကို နှိမ့်လိုက်ပါ"

စီနီယာကျောင်းသားများ အားလုံး: ".....!!!!"

ရှောင်ဖော့လန်: "အခု ကျွန်တော့်ကို မြင်ရပြီလား"

စီနီယာကျောင်းသားများ အားလုံး: အိုး လခွမ်း!

စက်ရုပ်တစ်ရုပ်က သူတို့ရဲ့ သင်ကြားရေးလက်ထောက် လုပ်မလို့လား။

နေပါဦး ဒီစက်ရုပ်က ဘာဖြစ်လို့ ဒီလောက် ရင်းနှီးနေရတာလဲ။

ဒီမှာရှိသမျှလူတိုင်းက မက်ခါဒီဇိုင်းကျောင်းသားတွေ ဖြစ်တယ်။ သူတို့တွေ မဟာမက်ခါပြိုင်ပွဲကို ဘယ်အလွတ်ခံမလဲ။ တကယ်တော့ ၈၀ ရာခိုင်နှုန်းလောက်က ပြိုင်ပွဲမှာ ယှဉ်ပြိုင်သူတွေပဲ။

ဆိုတော့ ဒီရှောင်ဖော့လန်က အဲဒီတုန်းက ဒုဗိုလ်ချုပ် ချန်ကျင့်ရွှယ် ဟုန်ရှစ်ကျွင်းကို စင်ပေါ်မှာ စိန်ခေါ်တုန်းက သုံးခဲ့တဲ့ စိတ်သန္တာန်မက်ခါမဟုတ်ဘူးလား။

စိတ်စွမ်းအားနဲ့ ထိန်းချုပ်လို့ရတယ်လို့ ကောလာဟလတွေ ထွက်နေတဲ့ဟာလေ!

တစ်ခဏအတွင်းမှာ စီနီယာကျောင်းသားတွေရဲ့ အကြည့်တွေ အားလုံးက စိတ်အားထက်သန်နေကြတယ်။

ကျွမ်းကျိုးက ဆရာသခင်လေး ဟုတ်မဟုတ်က အရေးမကြီးတော့ဘူး။ စိတ်သန္တာန်မက်ခါကို မျက်လုံးနဲ့ တပ်အပ်မြင်လိုက်ရတာကိုက တော်တော်ကြီးကို စိတ်ကျေနပ်နေပြီ!

ရှောင်ဖော့လန်က ဘယ်လောက်တောင် ထက်လိုက်သလဲ။ သူတို့ရဲ့ စိတ်အားထက်သန်နေတဲ့ အကြည့်တွေကို မြင်လိုက်တာနဲ့ သူ့ကို 4.0 နဲ့ အထင်မှားနေပြီဆိုတာ ချက်ချင်းနားလည်လိုက်တယ်။

ရှောင်ဖော့လန်က အရမ်းကို စိတ်မကျေမနပ်ဖြစ်သွားတယ်။

တစ်စက္ကန့်အတွင်းမှာပဲ သူ့ကိုယ်သူ လက်နက်စနစ်ကို တပ်ဆင်တော့မယ်လို့ သူဆုံးဖြတ်လိုက်တယ်။

ပြီးတာနဲ့ အပြင်သွားပြီး 4.0 ကို မြေပေါ်လဲအောင် တိုက်ပြီး ဒီမှာ ဘော့စ်က ဘယ်သူလဲဆိုတာ သူတို့မြင်အောင် ပြရမယ်။

ကျွမ်းကျိုးက ရှောင်ဖော့လန်ရဲ့ အတွေးတွေကို မသိဘူး။ မိတ်ဆက်ပြီးတာနဲ့ သူက အတန်းစလိုက်တယ်။

"အတန်းမစခင် ကျွန်တော်အားလုံးကို ပြောစရာ စကားတချို့ရှိပါတယ်။ ကျွန်တော်က နည်းနည်း သဘောထားသေးသိမ်ပါတယ်။ တစ်ဖက်လူက ကျွန်တော့်ကို သဘောမကျရင် ကျွန်တော်ကလည်း သူတို့ကို သဘောမကျပါဘူး"

သူက ဘလက်ဘုတ်ပေါ်ကို လက်နဲ့ခေါက်လိုက်တယ်။ ဘလက်ဘုတ်ပေါ်က စခရင်မှာ ချက်ချင်းပဲ ပုံတွေ တစ်ခုပြီး တစ်ခု ပေါ်လာတယ်။ သေချာကြည့်လိုက်မယ်ဆိုရင် အဲဒါတွေက အခုလေးတင် ကျောင်းပေါက်ဝမှာ ဆန္ဒပြပွဲမှာ ဝင်ပါခဲ့တဲ့သူတွေရဲ့ ပုံတွေပဲ။

ကျွမ်းကျိုးက ပြောတယ်: "ကျွန်တော် အရင်က ပြောခဲ့ပါတယ်။ ကျွန်တော်သင်ပေးတဲ့ အသိပညာတွေ၊ ကျွန်တော်လုပ်တဲ့ မက်ခါတွေနဲ့ ကျွန်တော် ဒီဇိုင်းထွင်ထားတဲ့ စနစ်တွေ၊ သူတို့တွေကို တစ်ခုမှ ထိခွင့်မပေးပါဘူး။ တကယ်လို့ ခင်ဗျားတို့ထဲမှာ သူတို့ရဲ့သူငယ်ချင်းတွေပါရင်၊ နောက်ပြီး ကျွန်တော့်ကို သဘောမကျဖို့ ရွေးချယ်ထားတယ်ဆိုရင် အတန်းကနေ ချက်ချင်း ထွက်သွားပါ။ တကယ်လို့ ကျွန်တော့်ကို ယုံကြည်ဖို့ ရွေးချယ်ထားတယ်ဆိုရင် ဒီနေ့ကနေစပြီး မှတ်ထားရပါမယ်၊ သူတို့တွေကို စကားတစ်ခွန်းရဲ့ တစ်ဝက်တောင်မှ ပြောပြလို့မရပါဘူး။ ပိုအရေးကြီးတာက ကျွန်တော်ဖန်တီးဖို့ သင်ကြားပေးထားတာထဲက တစ်ခုကိုမှ သူတို့ကို ပေးခွင့်မရှိပါဘူး~~"

ပြောနေရင်းနဲ့ သူက ခဏလောက် ရပ်တန့်လိုက်ပြီး မျက်ခုံးတွေ ကွေးသွားတဲ့အထိ ပြုံးလိုက်ပြီး ခြိမ်းခြောက်ခြင်းမမည်တဲ့ ခြိမ်းခြောက်မှုတစ်ခုကို ပြောလိုက်တယ်: "အခုတော့ ကတိပေးပြီး နောက်မှ ကတိဖျက်ရင်တော့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်~~"

သူပြုံးလိုက်တဲ့အခါမှာ အရမ်းကြည့်ကောင်းလွန်းပြီး ရည်မွန်တဲ့ပုံပေါက်နေတယ်။ အဲဒီစကားကို ခြိမ်းခြောက်စကားလို့ မမှတ်ယူတဲ့လူတချို့ တကယ်ရှိတယ်။ အဲဒီအစား နောက်နေတယ်လို့ပဲ ထင်နေကြတယ်။

အဲဒီနောက်မှာတော့ အတန်းကို တရားဝင်စတင်လိုက်တယ်။

ကျွမ်းကျိုးက သူတို့တွေ စွမ်းအင်ကျောက်တုံးတွေ ယူလာလားလို့ မေးလိုက်တယ်။ ကျောင်းသားအများစုက သူတို့ကိုယ်ပိုင် စွမ်းအင်ကျောက်တုံးတွေ ပြင်ဆင်လာကြတယ်။ စွမ်းအင်ကျောက်တုံးသုံးရတာက အလွယ်တကူ စွမ်းအင်ဓာတ်ရောင်ခြည်သင့်နိုင်တဲ့အတွက် သူတို့အားလုံးမှာ စွမ်းအင်ကျောက်တုံး သိမ်းဆည်းတဲ့ အထူးကိရိယာတွေ ရှိကြတယ်။

ဆင်းရဲတဲ့ မိသားစုနောက်ခံနဲ့ ကျောင်းသားတချို့မှာသာ ကိုယ်ပိုင်စွမ်းအင်ကျောက်တုံး မရှိကြဘူး။

ကျွမ်းကျိုးက ရှောင်ဖော့လန်ကို အဲဒီလူ တစ်ယောက်ချင်းဆီကို မသုံးရသေးတဲ့ စွမ်းအင်ကျောက်တုံးတစ်တုံးဆီ ဝေပေးခိုင်းလိုက်တယ်။ ဒါပေမဲ့ အဲဒီစွမ်းအင်ကျောက်တုံးတွေကို အားလုံး နောက်ကျရင် ပြန်သိမ်းမှာဖြစ်တယ်။

"ဒီနေ့ ခင်ဗျားတို့ကို စွမ်းအင်ကျောက်တုံးကနေ ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည် ဘယ်လို ကာရံထားရမလဲဆိုတာ သင်ပေးမယ်"

ကျွမ်းကျိုးရဲ့ ရိုးရှင်းတဲ့ စကားလုံးလေးတွေကတင် ရှောင်ဖော့လန်ကို ထက်သန်စွာ စိုက်ကြည့်နေကြတဲ့ စီနီယာကျောင်းသားတွေကို ချက်ချင်း လက်တွေ့ကို ပြန်ခေါ်လိုက်တယ်!

သူဘာပြောလိုက်တာလဲ!

သူက စွမ်းအင်ဓာတ်ရောင်ခြည်ကို ၁၀၀ ရာခိုင်နှုန်း ကာရံနည်းကို သင်ပေးတော့မှာလား!!!

အိုး လခွမ်း ဒါက အစစ်လား အတုလား။ စကတည်းက အကြီးကြီးနဲ့ စတာပဲ။

သူတို့ထင်ထားတာက ကျွမ်းကျိုးက အရင်ဆုံး သူ့ရဲ့ မက်ခါဒီဇိုင်း သမိုင်းကြောင်းကို စပြီး မိတ်ဆက်ပေးတော့မယ်ပေါ့၊ ပြီးရင် မက်ခါတွေအပေါ် သူ့အတွေးတို့၊ အထင်အမြင်တို့ကို ရှင်းပြပြီး တစ်ဆက်တည်းမှာ အတန်းရဲ့သင်ကြားရေးအစီအစဉ်ကို ပြောမယ်လို့ ထင်ထားတယ်။

ဒါပေမဲ့ အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး။ သူက ချက်ချင်းကြီးကို အဓိကသင်ခန်းစာကို တန်းသွားတော့တာပဲ!

အဲဒီနောက် သူ့ရဲ့လေးနက်တဲ့ အမူအရာကိုတွေ့တော့ အားလုံးက ဖြည်းဖြည်းချင်း စပြီး အတည်အတံ့ဖြစ်သွားကြတယ်။ သူတို့တွေရဲ့ နှလုံးသားထဲမှာ အတိတ်နိမိတ်တွေ မြင်နေရတယ်။ ဒီငယ်ရွယ်တဲ့ ကျွမ်း-လောင်ရှီးက တကယ်ကြီး သူတို့အတွက် မယုံနိုင်စရာတွေ ဖန်တီးပေးတော့မယ်!

ကျွမ်းကျိုးက ရှောင်ဖော့လန်ကို ဟောပြောစင်မြင့်ပေါ် သယ်လာတယ်။ ရှောင်ဖော့လန်က သူ့ဘာသူ ခေါင်းပေါ်က အဖုံးကို ဖွင့်လိုက်ပြီး အထဲက စွမ်းအင်အရင်းအမြစ်တပ်ဆင်နည်းစနစ်ကို ပြလိုက်တယ်။

"အားလုံးပဲ စွမ်းအင်အရင်းအမြစ်တပ်ဆင်နည်းစနစ်ကို ဘယ်လို ပြုပြင်မွမ်းမံရမယ်ဆိုတာ သိတဲ့သူတိုင်းက စွမ်းအင်ကျောက်တုံးနဲ့ မက်ခါရဲ့ ဝိုင်ယာတွေကို ချိတ်ဆက်တဲ့နေရာမှာ ပါဝင်တဲ့ အဆင့်တွေက အထူးသဖြင့် အရေးကြီးတယ်ဆိုတာ သိကြမှာပါ။ စိတ်စွမ်းအား အလွန်မြင့်တဲ့သူတွေဟာ ဒီချိတ်ဆက်မှုကို လုပ်တဲ့နေရာမှာ ဓာတ်ရောင်ခြည်ကို ပိုပြီးတော့ ကာရံထားနိုင်ပါတယ်။ ဒါပေမဲ့ လူတွေက ဒီနေရာမှာ အရာတစ်ခုကို လျစ်လျူရှုထားကြတယ်။ ဓာတ်ရောင်ခြည်ကို ချုံ့တဲ့၊ ဒါမှမဟုတ် ပိတ်ပင်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ချဉ်းကပ်ဖို့လုပ်တာမှာ အားလုံး အသုံးမဝင်ဖြစ်ကြရတယ်။ ဒါက လေလိုပဲ အက်ကြောင်းရာတွေတိုင်းကို ဝင်ရောက်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စွမ်းအင်ကျောက်တုံးအထဲမှာကိုပဲ သံသရာစနစ်တစ်ခုကို တီထွင်ပြီး ဓာတ်ရောင်ခြည်ကို ပတ်လမ်းတစ်ခုထဲမှာ လှည့်လည်သွားလာနေအောင် လမ်းညွှန်ပေးလို့ရတယ်....."

ကျွမ်းကျိုးက ဒါကို သူဘယ်လိုသင်ပေးသင့်တယ်ဆိုတာကို တကယ်ပြောရရင် သေချာကောင်းကောင်းနားမလည်ဘူး။ သူက သူ့ရဲ့လုပ်ငန်းစဉ်ကို အားလုံးကြားအောင် တဆင့်ချင်း တဆင့်ချင်း ရိုးရှင်းစွာ ရှင်းပြနေတာပဲရှိတယ်။

သူက ပြောရင်းနဲ့ ကျောင်းသားတွေ အတူတူ ကြိုးစားကြည့်လို့ရအောင် ညွှန်ပြပေးတယ်။ အတန်းထဲမှာ အချိန်ကုန်လာတာနဲ့အမျှ စတုတ္ထနှစ် စီနီယာကျောင်းသားတွေအကုန်လုံးက ပိုပိုပြီး အာရုံစူးစိုက်လာတယ်။ အယောက်တိုင်းက တစ်ယောက်ထက်ကိုတစ်ယောက် ပိုပိုပြီး အံ့အားသင့်နေကြတယ်။

ကနဦးက သံသယစိတ်နဲ့ မယုံကြည်ရာကစပြီး နောက်ပိုင်းမှာ ထိတ်လန့်မှုကနေ လေးစားမှုအထိ အတန်းချိန် တစ်ဝက်မပြီးခင်မှာပဲ ကျွမ်းကျိုးက 'ဆရာသခင်လေး' ဆိုတဲ့ သရုပ်ကို မေးခွန်းထုတ်မယ့်သူ ဘယ်သူမှမရှိတော့ဘူး။

ရုပ်မြင်သံကြားခန်းထဲက အတန်းက ဆက်သင်နေတယ်။

အတန်းအပြင်မှာလည်း ပိုပိုများပြားတဲ့လူတွေ စုဝေးနေကြတယ်။

တော်တော်များများက ဆန္ဒပြပွဲမှာ ပါခဲ့တဲ့ ကျောင်းသားတွေပဲ။ သူတို့တွေအကုန်လုံးက ကျွမ်းကျိုးက ဆရာသခင်လေးဆိုတာကို မယုံကြည်ကြဘဲ သူ့ကို စတုတ္ထကျောင်းသားတွေ မောင်းထုတ်တာကို စောင့်နေကြတယ်။

သူတို့ စောင့်သာစောင့်တယ်၊ ကျွမ်းကျိုး နှင်ထုတ်ခံရတာကို မစောင့်နိုင်တော့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ရုတ်တရက် ရုပ်မြင်သံကြားစာသင်ခန်းထဲကနေ အော်သံတစ်သံကို ကြားလိုက်ရတယ်။

"လုပ်နိုင်သွားပြီ! ကျွမ်း-လောင်ရှီး ဒါအောင်မြင်လားဆိုတာ ကျွန်တော့်ကို လာပြီး ကူစစ်ဆေးပေးပါဦး!"

"ကျွန်တော်လည်း လုပ်နိုင်သွားပြီ အားးးး! ဟန်-လောင်ရှီး စစ်ဆေးတဲ့ပစ္စည်း ဘယ်မှာလဲ။ ဒါက ဓာတ်ရောင်ခြည် ၁၀၀ ရာခိုင်နှုန်း ကာရံထားရဲ့လားဆိုတာ စစ်ဆေးချင်တယ်!"

"ဝူးဝူးဝူး ကျွမ်း-လောင်ရှီး ကျွန်တော် နောက်ဆုံးအဆင့်ကိုပဲ လွဲနေတာ။ ဘာလို့လဲ။ ကျွန်တော့်ရဲ့ စိတ်စွမ်းအားအဆင့်က သိပ်မကောင်းလို့လား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်စွမ်းအားအဆင့်က သေချာပေါက် A ပါ!"

အထိတ်တလန့်အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ကြားရတဲ့နောက်မှာ ဆန္ဒပြပွဲမှာ ပါခဲ့တဲ့ ကျောင်းသားတွေက ပိုပိုပြီး စိတ်မသက်မသာတွေ ဖြစ်လာကြတယ်။

အခန်းတံခါး အပြင်ဘက်မှာ စောင့်ကြပ်ပေးနေတဲ့ တိုက်ခိုက်ရေးဌာနက ကျောင်းသားတွေက ပိုလို့တောင် စိတ်အားထက်သန်နေကြသေးတယ်: "ကြည့်ရတာ ကျွမ်း-လောင်ရှီးက အဲဒီထူးဆန်းအံ့ဖွယ် ဆရာကြီး ဖြစ်ရမယ်! သောက်ရမ်းမိုက်တယ် ငါက စိတ်သန္တာန်မက်ခါတွေဝယ်ဖို့ မတတ်နိုင်မှာကို တကယ်ကြောက်နေခဲ့ရတာ။ ငါအခုချက်ချင်း မက်ခါဒီဇိုင်းဌာနကို ပြောင်းရွှေ့လျှောက်ထားလို့ ရမယ်လို့ထင်လား"

ပြောတဲ့သူက မရည်ရွယ်ပါပဲ ပြောလိုက်ပေမဲ့ နားထောင်တဲ့သူတွေရဲ့ နားတွေကတော့ ထောင်သွားကြတယ်။ စောင့်ကြည့်နေတဲ့ ကျောင်းသားတွေ အများကြီးက အားလုံး မေဂျာပြောင်းဖို့ စပြီး စဉ်းစားလာကြတယ်။

သို့ပေမဲ့ မေဂျာပြောင်းတယ်ဆိုတာ သိပ်တော့ မရိုးရှင်းဘူး။

အားလုံးရဲ့ အတွေးမျိုးစုံအောက်မှာ ကျွမ်းကျိုးရဲ့ ပထမဆုံးအတန်းကတော့ နောက်ဆုံးမှာ ပြီးဆုံးသွားတော့တယ်။

သို့ပေမဲ့ အတန်းဖော်တွေက ထွက်လာဖို့ နှေးကွေးနေကြတယ်။

အချိန်အကြာကြီးကြာပြီးမှ အတော်လေး နူးညံ့သိမ်မွေ့ပြီး ကြည့်ကောင်းတဲ့ လူငယ်လေးက နောက်ဆုံးမှာ မျက်နှာနီမြန်းပြီး အတန်းအပြင်ကို ထွက်လာတယ်။

သူ့နောက်မှာတော့ စတုတ္ထနှစ်စီနီယာကျောင်းသား အုပ်စုကြီးက မျက်နှာမှာ တွန့်ဆုတ်မှုတွေ လေးစားကြည်ညိုမှုအပြည့်နဲ့ ထွက်လာတယ်။

"ကျွမ်း-လောင်ရှီး နောက်စာသင်ချိန်က ဘယ်တော့လဲ။ ဘာဖြစ်လို့ အတန်းချိန် ကြေညာချက်တစ်ခုမှ မတွေ့ရတာလဲ"

"ကျွမ်း-လောင်ရှီး နောက်တစ်ခါ ဒီအခန်းမှာပဲ ထပ်သင်မှာလား! အိုး ဒီနေ့ကစပြီး ငါဒီစာသင်ခန်းမှာပဲ နေတော့မယ်"

ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုက ကျွမ်းကျိုးကို အလွန် ရှက်သွေးဖြာစေတယ်: "ကျွန်တော် ကျောင်းအုပ်ကြီးနဲ့ အတန်းချိန်အတွက် ဆွေးနွေးလိုက်ပါမယ်။ အချိန်မရောက်ခင် ကြိုပြီး ကြေညာပေးမှာပါ။ နောက်ပြီး"

ကျွမ်းကျိုးရဲ့ မျက်နှာလေးက တဖန်ပြန်ပြီး လေးနက်သွားတယ်: "ဒီနေ့ ကျွန်တော်ပြောတာကို မမေ့ကြပါနဲ့~~"

သူသင်ပေးတာကို ဆန္ဒပြပွဲမှာပါခဲ့တဲ့သူတွေကို ပြန်ပြောတဲ့သူမှန်သမျှ..

သူတို့ကို ပေးထားသမျှ အားလုံးကို သူပြန်ယူမှာ။

သူတို့ရဲ့ကိုယ်ပေါ်မှာ ဒီတန်ခိုးအာရုံကို စွဲထင်ကျန်နေအောင် လုပ်ပြီးပြီ။ ဘယ်သူကမှ သူ့ကို လှည့်ဖြားလို့မရဘူး။

လူအားလုံး လိုက်ပို့ပေးတဲ့ကြားမှာ ကျွမ်းကျိုးနဲ့ ဟန်ချင်းရှောင်း အတူတူ ထွက်သွားကြတယ်။

သူထွက်သွားတာနဲ့ အခုလေးတင် အတန်းပြီးသွားတဲ့ စတုတ္ထနှစ်ကျောင်းသားတွေဟာ အားလုံး အဝိုင်းခံလိုက်ရတယ်။

"စီနီယာ သူက တကယ်ပဲ ထူးဆန်းအံ့ဖွယ်ဆရာသခင်လေးဆိုတာလား"

"အခုလေးတင် အတန်းထဲမှာ ဘာတွေသင်ပေးလိုက်တာလဲ"

မေးခွန်းတွေ တစ်ခုပြီးတစ်ခု တရစပ်ထွက်လာတယ်။ လူတိုင်းက တကယ့်ကို သိချင်လွန်းလို့ သေတော့မယ်။

စတုတ္ထနှစ်စီနီယာကျောင်းသားတွေက ဘာကိုမှ မဖုံးကွယ်ထားဘူး: "ကျွမ်း-လောင်ရှီးက ငါတို့ကို ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံတဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်နည်းစနစ်ကိုပဲ သင်ပေးခဲ့တယ်။ နောက်ပြီး ငါတို့ထဲက တချို့ဆို အောင်မြင်သွားပြီ။ ကျွမ်း-လောင်ရှီးက တကယ်ပဲ အရမ်းကို အံ့ဩစရာကောင်းတယ်! သူက ဒီအမိုက်စားနည်းပညာတွေအားလုံးကို ငါတို့ကို အကုန်အလကား သင်ပေးခဲ့တာ! သူက အဲဒီ စိတ်သန္တာန်မက်ခါ တီထွင်နိုင်တဲ့ ဆရာသခင်လေးပဲ။ ဒီနေ့ကစပြီး ငါက သူ့ရဲ့ အမာခံပရိသတ်ပဲ"

အခုလေးတင် အတန်းပြီးလာတဲ့ စီနီယာကျောင်းသားတွေနဲ့ ကွာခြားစွာ ဆန္ဒပြပွဲမှာပါခဲ့တဲ့ ကျောင်းသားတွေအားလုံးရဲ့ မျက်နှာတွေဟာ လုံးဝ ပြောင်းလဲသွားတယ်။

သူတို့ဟာ ကျွမ်းကျိုးရဲ့ စကားတွေကို ပြန်ပြီးကြားယောင်လာတယ်။

သူတို့နဲ့ သူတို့မိသားစု၊ သူငယ်ချင်းတွေရော ဘယ်သူကမှ သူ့လက်ထဲကနေ ဘာမှရမှာမဟုတ်ဘူး!

စိတ်သန္တာန်မက်ခါတွေက အဓိကထုတ်ကုန်တွေ ဖြစ်လာတဲ့အချိန်၊ ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံတဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်နည်းစနစ်တွေ ဈေးကွက်ထဲမှာ တရားဝင်ပေါ်လာတဲ့အချိန် ဘယ်သူက အတိတ်က မက်ခါတွေကို လိုချင်နေဦးမှာလဲ။ ဘယ်သူက ဓာတ်ရောင်ခြည်သင့်မှာကို ကြောက်ရွံ့နေရမဲ့ဒဏ်ကို သည်းခံချင်ဦးမှာလဲ။

အထူးသဖြင့် တိုက်ခိုက်ရေးဌာနက ကျောင်းသား အတော်များများပဲ။ သူတို့ရဲ့ ပန်းတိုင်က စစ်တပ်ကို ဝင်ရဖို့! သူတို့ရဲ့ ဆန္ဒက သူတို့ကိုယ်ပိုင်မက်ခါတစ်စီး ပိုင်ရဖို့ပဲ!

ဒါပေမဲ့ အခုတော့ စိတ်သန္တာန်မက်ခါတွေ စပြီးပေါ်လာပြီဆိုကာမှ သူတို့ရဲ့ ရူးမိုက်မှုတွေရဲ့ အကျိုးဆက်တွေအတွက် ပေးဆပ်ဖို့ လိုအပ်လာပြီတဲ့လေ!

အခြောက်ခြားဆုံး ကျောင်းသားတွေကတော့ မက်ခါဒီဇိုင်းဌာနက ကျောင်းသားတွေပါပဲ။

မက်ခါဒီဇိုင်းဌာနက ကျောင်းသားတွေအနေနဲ့ ဘယ်ကျောင်းသားက မိသားစုတိုင်းက သိကြတဲ့ နာမည်ကျော် ကယ်လုအန်းလို ဆရာကြီးတစ်ယောက် မဖြစ်ချင်ဘဲ နေမှာလဲ။ ဘယ်သူကရော တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ မက်ခါတစ်စီးကို မတီထွင်ချင်ဘဲ နေမှာလဲ။

ဒါပေမဲ့ အခုတော့ သူတို့တွေ သင်ယူခွင့်မရတဲ့အချိန်မှာ အတန်းဖော်တွေက အဆင့်အမြင့်ဆုံးနည်းပညာတွေကို သင်ယူနေပြီ!

သူတို့အတန်းဖော်တွေအားလုံး စိတ်သန္တာန်မက်ခါတွေ ဘယ်လိုလုပ်ရလဲသိသွားတဲ့အချိန်မှာ သူတို့ကတော့ သူတို့လုပ်တဲ့မက်ခါကိုတောင် ရောင်းနိုင်မှာမဟုတ်ဘူး!

ကျန်းကျွင်းရဲ့ အသားအရေက အလွန်အမင်းကို ကြည့်မကောင်းရှုမကောင်း ဖြစ်နေတယ်။ သူနဲ့ တခြားသူတွေက မတူဘူး။ သူ့မိသားစုက မက်ခါထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ဖြစ်တယ်။

တကယ်လို့ စီနီယာတွေသာ အမှန်အတိုင်းပြောတာဆိုရင်၊ တကယ်လို့ ကျွမ်းကျိုးကသာ သူ့စကားအတိုင်းတည်ဖို့ စီစဉ်ထားရင် သူနဲ့ သူ့မိသားစုက.....

သူက အံကြိတ်လိုက်ပြီး သူ့သူငယ်ချင်းကောင်းဘက်ကို လှည့်လိုက်တယ်: "အား-ဟောင် အခုချက်ချင်း....."

သူက ဒီစကားတွေ ပြောရုံပဲရှိသေး အား-ဟောင်က ရုတ်တရက် ပြေးသွားပြီး အလျင်စလို သူတို့ကြားမှာ အကွာအဝေးအကြီးကြီးတစ်ခုခြားထားကာ တစ်ချိန်တည်းမှာ ပြောလာတယ်: "ကျန်းကျွင်း ငါတောင်းပန်ပါတယ်။ ငါ့မှာသာ စဉ်းစားစရာ မိသားစုမရှိခဲ့ရင် ငါက သေချာပေါက်၊ သေချာပေါက် သေရင်တောင် အခက်အခဲကြားမှာ မင်းဘက်က ရပ်တည်ပေးမှာပါ။ ဒါပေမဲ့ ငါက တစ်ယောက်တည်းမဟုတ်ဘူး.... ငါ့မိသားစုကိုပါ မင်းအမှားရဲ့ အကျိုးဆက်တွေကို မခံစားစေချင်ဘူး။ ငါ..... ငါတောင်းပန်ပါတယ်"

ဒီလိုပြောရင်းနဲ့ အား-ဟောင်က အဝေးကြီးကို ပြေးသွားပြီး ထာဝရထွက်ခွာသွားတယ်။

ကျန်းကျွင်းရဲ့မျက်နှာက ပိုလို့တောင် ဖြူဆုတ်လာတယ်။ သူ အား-ဟောင်ရဲ့စကားတွေကို ကောင်းကောင်းကြီး နားလည်တယ်။ ဒါက သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကို ဖြတ်တောက်လိုက်တာပဲ၊ နောက်အနာဂတ်မှာ ဘယ်တော့မှ ဆက်နွယ်မှုဆိုတာ ရှိတော့မှာမဟုတ်ဘူး။

ကျန်းကျွင်းပတ်ဝန်းကျင်မှာလည်း တူညီတဲ့ အခြေအနေတွေ ဖြစ်ပျက်နေတယ်။

ဆန္ဒပြပွဲမှာပါခဲ့တဲ့ အဲဒီကျောင်းသားတွေဟာ ရုတ်တရက် သူတို့ရဲ့သူငယ်ချင်းအရင်းကြီးတွေက အားလုံး သူတို့ကိုရုတ်ခြည်း မသိတော့သလိုလုပ်တာတွေကို တွေ့နေရတယ်။ အယောက်တိုင်း အယောက်တိုင်းက သူတို့ ဘယ်တုန်းကမှ မတွေ့ဖူးခဲ့သလိုမျိုး အဝေးကို ခွာသွားကြတယ်။

မခံမရပ်နိုင်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်း၊ နောင်တရခြင်းနဲ့ စိတ်ခံစားချက်မျိုးစုံဟာ သူတို့နှလုံးသားအတွင်းထဲကနေ ပေါက်ကွဲထွက်လာကြတယ်။ သို့ပေမဲ့ ဘာတစ်ခုကမှ အသုံးမဝင်ဘူး။ ဒီလိုလုပ်ဖို့ ရွေးချယ်ခဲ့တာ သူတို့ပဲလေ။ လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင် အမှားတွေအတွက် တာဝန်ယူဖို့လိုအပ်တယ်။ 'တောင်းပန်ပါတယ်' ဆိုပြီး ရိုးရိုးရှင်းရှင်းပြောပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ရုံနဲ့ မရဘူး။

-

#ကျွမ်းကျိုး စိတ်သန္တာန်မက်ခါ#

#ကျွမ်းကျိုးဆရာအဖြစ်စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကျောင်းသားများကိုသင်ကြား#

#ကျွမ်းကျိုးရဲ့သရုပ်မှန်#

အတန်းပြီးသွားတာနဲ့ ကျွမ်းကျိုးက ကြယ်စုကွန်ရက်ရဲ့ ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထိပ်ကို အလင်းရဲ့အမြန်နှုန်းနဲ့ ထိုးတက်သွားပြန်တယ်။

ဒီနာမည်ကြီးမှုက ဝမ်ရှောင်းယွင် သူ့ကို တရားဝင်ကြေညာလိုက်တုန်းကထက်တောင် မြင့်မားနေသေးတယ်!

သူတစ်ယောက်တည်းနဲ့ကို ရေပန်းစားတဲ့ tags ထိပ်ဆုံး ၁၀ ခုရဲ့ အရေအတွက်အတော်များများကို နေရာယူထားတယ်!

ကျောင်းအုပ်ဒေးစွန်က ကိုယ်တိုင် ကျွမ်းကျိုးကို နံပါတ်တစ်စစ်သင်တန်းကျောင်းက ဆရာတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်ဆိုတဲ့အကြောင်း ပို့စ်တင်ထားသေးတယ်။ သူက ကျွမ်းကျိုးရဲ့ ကိုယ်ကျိုးမငဲ့တဲ့ အပြုအမူကို ချီးကျူးတဲ့စကားတွေ မရေမတွက်နိုင်အောင် သုံးထားသေးတယ်။

ကယ်လုအန်းကလည်း အရင်က သူပြောဖူးတယ်ဆိုတာကို ထုတ်ပြောပြီး အဲဒီပို့စ်ကို ပြန်တင်လိုက်တယ်။ ဒါက အလွန်ငယ်တဲ့ "ဆရာသခင်လေးပဲ"။ ဒီအသက်အရွယ်က နောက်စရာမဟုတ်ဘူး။ သူက တကယ့်ကို အလွန်ငယ်တယ်။

ဒေးစွန်ရဲ့ထောက်ခံမှုနဲ့ ဆရာကြီးကယ်လုအန်းရဲ့ အတည်ပြုမှုနဲ့ဆို ဘယ်သူမှ ကျွမ်းကျိုးဘယ်သူဘယ်ဝါဆိုတာကို သံသယရှိကြတော့မှာ မဟုတ်ဘူး!

တခြားနိုင်ငံကသူတွေ ဒါကိုသိတော့ သူတို့တွေလည်း စတင်ပြီး @ဝမ်ရှောင်းယွင် ကို ကြယ်စုကွန်ရက်မှာ ထိတ်ထိတ်ပြာပြာနဲ့ မန်းရှင်းခေါ်လာကြတယ်......

ကျွမ်းကျိုးကို open account တစ်ခု ဘယ်သူက သုံးခွင့်မပေးတာလဲ။ သူတို့က @ဝမ်ရှောင်းယွင်ကိုပဲ သုံးပြီး အယောက်တိုင်းက ကျွမ်းကျိုးကို သူတို့နိုင်ငံကို ဖိတ်ဖို့ မိုးထိုးနေတဲ့ဈေးနှုန်းတွေ ပေးလာကြတယ်။

"ဆရာကြီးကျွမ်း ကျွန်တော်တို့နိုင်ငံက ကျောင်းသားတွေက သေချာပေါက် ဆရာ့ကို ဆန့်ကျင်ဖို့ စာတန်းတွေလည်း မလွှင့်ပါဘူး။ ကျွန်တော်တို့နိုင်ငံကို လာသင့်တယ်!"

"ကျွန်တော်တို့နိုင်ငံလည်း မလုပ်ဘူး။ ကျွန်တော်တို့ရဲ့မဟာမိတ်က စကြဝဠာမှာ အဖော်ရွေဆုံး အဖွဲ့အစည်းပါပဲ။ ဆရာကြီးကျွမ်း ဒီကိုလာရင် ဆရာသက်သက်တောင်မဟုတ်ဘူး၊ ပရော်ဖက်ဆာလည်း လုပ်လို့ရတယ်၊ ကျောင်းအုပ်တောင် လုပ်လို့ရသေးတယ်....."

တခြားနိုင်ငံတွေက လူသိထင်ရှား ကျွမ်းကျိုးကို ခိုးယူဖို့ ကြိုးစားနေကြတော့ အင်ပါယာက အင်တာနက်သုံးသူတွေက ဒါကို ဖတ်ပြီး ဒေါသတွေ ထွက်လာကြတယ်။

ဒါက သူတို့အင်ပါယာရဲ့ ဆရာကြီးလေ။ တခြားသူတွေက သူ့ကို ဒီလောက် ပွင့်ပွင့်လင်းလင်းနဲ့ မျက်နှာပြောင်စွာ ခိုးယူဖို့ ကြိုးစားနေကြတာ ဘာလို့မရှက်ကြတာလဲ။

အဲဒီနောက် အင်တာနက်သုံးသူတွေက ဆန္ဒပြဖို့ စုဝေးတဲ့ ကျောင်းသားတွေကို ပြန်သတိရသွားပြီး သူတို့တွေ တစ်ယောက်ပြီးတစ်ယောက်ကို ဆွဲထုတ်လာပြီး အွန်လိုင်းပေါ်ကို ချပြလာကြတယ်။ ဒါတွေအကုန်လုံးက သူတို့ကြောင့်ပဲ။ သူတို့အင်ပါယာက သူတို့ကြောင့်နဲ့ ဆရာကြီးတစ်ယောက်ကို ဆုံးရှုံးရတော့မလို့။

သူတို့သာ ကျွမ်းကျိုးကို ဆက်ပြီးခေါ်ထားနိုင်ရင် အင်ပါယာက စကြဝဠာတစ်ခုလုံးရဲ့ လူသားအဖွဲ့အစည်းထဲမှာ စိတ်သန္တာန်မက်ခါကို ရရှိတဲ့ ပထမဦးဆုံး နိုင်ငံဖြစ်လာမှာ။ အင်ပါယာက အဆင့်အမြင့်ဆုံးလူသားအဖွဲ့အစည်း ဖြစ်လာတော့မှာ!

အင်တာနက်သုံးသူတွေက အများအမြင်မှာတောင် ကွန်းမန့် ပေးလာကြတယ်: "အရင်က ဆရာကြီးကျွမ်းက နည်းနည်းပါးပါး ကြည့်ကောင်းရုံပဲ၊ ဗိုလ်ချုပ်ကြီးဝမ်နဲ့ မတန်ဘူးလို့တောင် ထင်ခဲ့တာ... အခုတော့ QAQ ငါမှားသွားပြီ"

"ဗိုလ်ချုပ်ကြီးဝမ်ကမှ ဆရာကြီးကျွမ်းနဲ့ မတန်တဲ့သူပဲ အားးး!!! ဝမ်ရှောင်းယွင် ဘယ်လိုလုပ်နိုင်ရတာလဲ o(╥﹏╥)o"

"ငါမယုံဘူး။ ငါမယုံဘူး။ သူတို့က တကယ်ပဲ အတူတူရှိနေကြပြီဆိုတာ ငါမယုံဘူး။ ဆရာကြီးကျွမ်းက single ပဲ ဖြစ်ရမှာလေ၊ ငါ့မှာအခွင့်အရေးရှိသေးတယ်!"

-

ဘယ်ရွန်ပေါ်သွင့်အိမ်တော်

တီးဝမ်ဟာ ကျွမ်းကျိုးက တကယ်ပဲ အဲဒီဆရာသခင်လေးဆိုတာကို အတည်ပြုပြီးသွားတော့ သူက အရမ်းစိတ်ဆိုးလွန်းလို့ ရှိသမျှပစ္စည်းတွေအကုန်လုံး မြေပေါ်ကို ပစ်ခွဲပစ်လိုက်တယ်။

"သူက ငါ့ကို ကစားသွားတာပဲ!!"

ဘယ်ရွန်ပေါ်သွင့်ကတော့ တည်ငြိမ်နေတယ်: "ပိုပြီး အကောင်းမြင်ကြည့်စမ်းပါ။ အနည်းဆုံးတော့ မင်းရဲ့သံသယတွေက မမှားဘူးလေ။ တကယ်ပဲသူဖြစ်နေတာပဲ"

တီးဝမ်က ဒေါသတကြီး ပြောတယ်: "ကျွန်တော်က သူ့ကို စိတ်ဆိုးအောင် လုပ်မိသွားပြီ။ သူက ကျွန်တော့်အတွက် မက်ခါ ဆောက်ပေးပါဦးမလား"

ဘယ်ရွန်ပေါ်သွင့်က ပြောတယ်: "သူက ကျောင်းသားတွေကို အများအလယ်မှာ စပြီး သင်ပေးနေပြီမလား။ ကြုံတဲ့ ကျောင်းသားတစ်ယောက်ကို ရှာပြီး မေးကြည့်လိုက်"

တီးဝမ်က စိတ်ငြိမ်အောင် အကောင်းဆုံး ကြိုးစားလိုက်တယ်။ "အဲဒီကျောင်းသားတွေက စကားပြောပါ့မလား။ ကျွမ်းကျိုးက သူတို့ကို တခြားသူတွေကို မပြောရဘူးလို့ သေချာ ပြောထားတာမလား"

ဘယ်ရွန်ပေါ်သွင့်က ဆိုတယ်: "ဒီလောက် လူတွေအများကြီးကို သူက ဘယ်လိုလုပ်လိုက်ကြည့်နိုင်မှာလဲ။ သူက တစ်ယောက်တည်း ရှိတာလေ။ ဘယ်သူက ပြောလဲ မပြောလဲ ဘယ်လိုလုပ်သိမှာလဲ။ ဒီကမ္ဘာကြီးမှာ ပိုက်ဆံနဲ့ ရာထုးသာရှိရင် အရာတွေအများကြီးကို ဝယ်လို့ရတယ်။ မကြိုးစားကြည့်ဘဲ အလုပ်ဖြစ်မဖြစ် ဘယ်လိုလုပ်သိမှာလဲ"

တီးဝမ်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်တယ်: "ကျွန်တော်ကြားတာတော့ ဒါကို သင်ပြီးတဲ့ကျောင်းသားတွေ အများကြီးရှိနေပြီတဲ့။ ဒီတော့ နည်းပညာကိုသာ နားလည်သွားရင် မက်ခါဒီဇိုင်းနာတွေ အကုန်လုံးက လုပ်လို့ရပြီ။ ဟုန်ရှစ်ကျွင်း အဲဒီငတုံး ဒီတစ်လျှောက်လုံး သူဘာလို့ ဒါကို မသိရတာလဲ....."

ဟန်ရှစ်ကျွင်းကို အကြိမ်အနည်းငယ် ဆဲရေးတိုင်းထွာလိုက်ပြီးနောက် တီးဝမ်က နောက်ဆုံးတော့ ဘယ်ရွန်ပေါ်သွင့်နဲ့ ဘာဆက်လုပ်ရမလဲဆိုတာ တိုင်ပင်တော့တယ်။

နှစ်နာရီကြာသော်

နံပါတ်တစ်စစ်သင်တန်းကျောင်းက မက်ခါဒီဇိုင်းကျောင်းသားတစ်ယောက်ကို ဘယ်ရွန်အိမ်တော်ကို ခေါ်လာကြတယ်။

သူ့ကို အလွန် ဂရုတစိုက်နဲ့ ခေါ်လာတာဖြစ်တယ်။ ဘယ်သူမှ သတိမထားမိဘူး။

သူ ဘယ်ရွန်အိမ်တော်ကို ရောက်တဲ့အခါမှာ စိတ်လှုပ်ရှားတာရော ကြောက်တာရော နှစ်မျိုးလုံး ခံစားနေရတယ်။

ခဏအကြာမှာ ဘယ်ရွန်ပေါ်သွင့်က ကိုယ်တိုင်ကိုယ်ကျ သူ့ကို ကြိုဆိုပြီး အလွန်ဖော်ရွေစွာ ပြုံးပြလာတယ်: "မင်းက ကျောင်းသား လျောက်ကျစ်ဖျင် လား"

လျောက်ကျစ်ဖျင်က အလျင်စလို ရိုသေစွာ ဂါရဝပြုလိုက်တယ်: "ဟုတ် ဟုတ်ပါတယ်..."

ဘယ်ရွန်ပေါ်သွင့်က ပြုံးပြီးပြောလိုက်တယ်: "လုပ်ရိုးလုပ်စဉ်တွေ လုပ်မနေပါနဲ့၊ မင်းကို ခေါ်လာတဲ့သူက ငါ့ရဲ့ကတိကို မင်းကိုပြောပြပြီးပြီမလား။ ဒီတော့ မင်းရဲ့အဖြေက...."

လျောက်ကျစ်ဖျင်က အသက်ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့ရဲ့အိပ်ဆောင်ကြယ်စုအိတ်ထဲကနေ ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံထားတဲ့ စွမ်းအင်တပ်ဆင်စနစ်ကို ထုတ်လိုက်တယ်: "အတန်းထဲမှာ ကျွန်တော်ကိုယ်တိုင် လုပ်ထားတာပါ။ ဒါက ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံထားတယ်ဆိုတာ စစ်ဆေးပြီးသားပါ...."

ဘယ်ရွန်ပေါ်သွင့်က ပိုလို့တောင် ရွှင်မြူးစွာ ပြုံးလိုက်တယ်: "လိမ္မာတဲ့ကလေးပဲ"

..................xxx..................

-Zawgyi-

အခန္း ၄၀: စၾကဝဠာတစ္ခုလံုးက သူ႔ကိုရဖို႔ လုေနၾကၿပီ

မက္ခါဒီဇိုင္းဌာန

မက္ခါဒီဇိုင္းဌာနက ေက်ာင္းသားေတြ အေရအတြက္မ်ားမ်ား ကၽြမ္းက်ိဳးအတန္းကို တက္ႏိုင္ေအာင္ ေက်ာင္းအုပ္ေဒးစြန္က အလြန္ႀကီးမားတဲ့ ႐ုပ္ျမင္သံၾကားခန္းကို ျပန္ျပင္ဆင္ၿပီး ခန္းလံုးကၽြတ္ ထည့္လိုက္တယ္။

ေျပာရရင္ အရင္တုန္းက ဒါက မက္ခါဒီဇိုင္းစာသင္ခန္းမဟုတ္ဘူး။ စိတ္ႀကိဳက္ဘာသာျဖစ္တဲ့ ေလာကဝတ္အတန္း အတြက္ အခန္းျဖစ္တယ္။

ဒီေန႔မွာ ေလာကဝတ္အတန္း ႐ွိတဲ့ရက္ျဖစ္ေနတယ္။ အဲဒါေၾကာင့္ ေက်ာင္းသားေတြအမ်ားႀကီးက အတန္းတက္ဖို႔လာၾကတယ္။ ဒါေပမဲ့ အတန္းအျပင္ဘက္ မီတာအနည္းငယ္အလိုမွာပဲ တားျမစ္ခံလိုက္ရတယ္။

"အတန္းေဖာ္ အႏူးအညြတ္ေတာင္းပန္ပါတယ္။ ဒီအခန္းက ေလာေလာဆယ္ မက္ခါဒီဇိုင္းဌာနက အသံုးျပဳေနပါတယ္။ ေလာကဝတ္အတန္းကို ေနာက္အခန္းကို ေျပာင္းေပးထားပါတယ္။ ဒီအေျခအေနအေသးစိတ္ကို သိ႐ွိလိုရင္ အြန္လိုင္းက တရားဝင္ေက်ာင္းေၾကညာခ်က္ကို ေက်းဇူးျပဳၿပီး ဖတ္ေပးပါ"

သူတို႔ကို တားလိုက္တဲ့သူက တိုက္ခိုက္ေရးဌာန(Combat Department)က ေက်ာင္းသားတစ္ေယာက္ျဖစ္တယ္။ ေက်ာင္းအုပ္ေဒးစြန္က အေသးစိတ္စီစဥ္တဲ့ေနရာမွာ အရမ္းေတာ္တယ္။ သူက တိုက္ခိုက္ေရးဌာနက ေက်ာင္းသားေတြကို ဒီမွာအလွည့္က် ေစာင့္ၾကပ္ေပးဖို႔ စီစဥ္ထားတယ္။

နံပါတ္တစ္စစ္သင္တန္းေက်ာင္းဟာ အင္ပါယာမွာ႐ွိတဲ့ ေနရာစံုက ထူးခၽြန္ေက်ာင္းသားေတြ စုေဝးေနတာျဖစ္တဲ့အတြက္ ေက်ာင္းသားေတြ အလြန္မ်ားတယ္။ လူတိုင္းက အတင္းအဖ်င္းေျပာဆိုရတာ ႏွစ္သက္ၾကတာမဟုတ္ဘူး။ အဲဒါေၾကာင့္ ဘာေတြျဖစ္ေနမွန္း မသိေသးတဲ့သူေတြလည္း ႐ွိတယ္။

ဒီတစ္ေခါက္မွာေတာ့ ေ႐ွ႕တိုးလာတာက မက္ခါဒီဇိုင္းေက်ာင္းသားႏွစ္ေယာက္ျဖစ္တယ္။ သူတို႔ေတြထဲက တစ္ေယာက္က ေက်ာင္းဂိတ္ဝမွာ ဆႏၵျပတဲ့ထဲမွာ ဝင္ပါခဲ့တဲ့ က်န္းကၽြင္း ျဖစ္ေနတယ္။

က်န္းကၽြင္းကေျပာတယ္: "စီနီယာ ကၽြန္ေတာ္တို႔က မက္ခါဒီဇိုင္းဌာနကပါ။ ကၽြန္ေတာ္တို႔ အတန္းတက္မလို႔ အထဲဝင္ခြင့္ေပးပါ"

ေက်ာင္းအုပ္ႀကီးက ကၽြမ္းက်ိဳးကို ဒီအခန္းမွာ စာသင္ဖို႔ စီစဥ္ေပးထားတယ္လို႔ ေကာလာဟလေတြ ၾကားေနရတယ္။

မူလတန္းေတာင္ မတက္ရေသးတဲ့သူတစ္ေယာက္က ဆရာျဖစ္ႏိုင္တယ္လို႔ သူမယံုဘူး။ ေနာက္ၿပီး ဆရာဆိုတာေတာင္ မက္ခါဒီဇိုင္းဌာနက ဆရာတဲ့။

ပိုဆိုးတာက ဒီလူက အဲဒီဆရာသခင္ေလးဆိုတာကို သူမယံုဘူး။ သူ႔ကိုယ္ပိုင္မ်က္လံုးေတြနဲ႔ အတည္ျပဳရမွျဖစ္မယ္။

တိုက္ခိုက္ေရးဌာနက ေက်ာင္းသားက က်န္းကၽြင္းကို တစ္ခ်က္ၾကည့္လိုက္တယ္။ မ်က္လံုးေတြ တလက္လက္ေတာက္သြားၿပီးေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ဆက္သြယ္ေရးစက္ကို ေကာက္ယူၿပီး တစ္ခ်က္ၾကည့္ကာ ေျပာလိုက္တယ္: "အတန္းေဖာ္ မင္း ေစာေစာက ေက်ာင္းေပါက္ဝမွာ ကၽြမ္းေလာင္႐ွီးကို သြားပိတ္ခဲ့တယ္မလား၊ က်စ္.. ဖံုးထားဖို႔ မႀကိဳးစားနဲ႔။ ငါမင္းကို မွတ္မိတယ္! မင္းသြားလို႔ရၿပီ။ ကၽြမ္းေလာင္႐ွီးက ေျပာၿပီးသြားၿပီ။ မင္းတို႔ေကာင္ေတြ သူ႔အတန္းကို နားေထာင္ခ်င္တယ္မလား။ ျပန္သြားၿပီး အိပ္မက္သာ မက္ေနလိုက္!"

ဒါကို ၾကားေတာ့ က်န္းကၽြင္းရဲ႕ အမူအရာက ၾကည့္မေကာင္း႐ႈမေကာင္းျဖစ္သြားတယ္: "ကၽြန္ေတာ္က မက္ခါဒီဇိုင္းဌာနက ေက်ာင္းသားပဲ။ အတန္းအကုန္လံုးကို သင္ယူခြင့္႐ွိတယ္။ ေက်ာင္းအုပ္ႀကီးဆီကို တိုင္ၾကားစာပို႔မယ္!"

တိုက္ခိုက္ေရးဌာနက စီနီယာက ပခံုးတြန္႔ျပလိုက္တယ္: "အဲဒါဆိုလည္း လုပ္လိုက္ေလ၊ ေက်ာင္းအုပ္ႀကီးက အဲဒီမွာပဲ ႐ွိလိမ့္မယ္"

စည္းကမ္းခ်ိဳးေဖာက္တဲ့ေက်ာင္းသားကို ေခၚထားမလား ဒါမွမဟုတ္ အကန္႔အသတ္မ႐ွိေအာင္ အလားအလာေကာင္းတဲ့ ဆရာကို ေခၚထားမလား။ ေက်ာင္းအုပ္ႀကီးက တံုးအတယ္မ်ား ထင္ေနလို႔လား။

ဆန္႔က်င္ဘက္အေနနဲ႔ က်န္းကၽြင္းက သူ႔ကိုယ္သူ မလူးသာမလြန္႔သာ အေျခအေနကို တြန္းပို႔သလိုျဖစ္ေနတယ္။

က်န္းကၽြင္းေဘးက ေက်ာင္းသားက အလ်င္စလို ေျပာလိုက္တယ္: "စီနီယာ ကၽြန္ေတာ္ ေက်ာင္းေပါက္ဝမွာ ကၽြမ္းေလာင္႐ွီးကို မပိတ္ခဲ့ပါဘူး၊ ကၽြန္ေတာ္ဝင္လို႔ရမလား။ ကၽြန္ေတာ္လည္း မက္ခါဒီဇိုင္းဌာနကပါပဲ"

"မင္းလား။ မင္းလည္း မရဘူး"

"ဘာျဖစ္လို႔မရတာလဲ။ ကၽြန္ေတာ္ တကယ္ပဲ ေက်ာင္းေပါက္ဝက ဆႏၵျပပြဲမွာ မပါခဲ့ပါဘူး"

"အိုး မင္းက ဒီေကာင္ရဲ႕ သူငယ္ခ်င္းေကာင္းမလား။ ၾကည့္ရတာ မင္းတို႔ႏွစ္ေယာက္က ေတာ္ေတာ္ေလးေကာင္းတဲ့ ဆက္ဆံေရး႐ွိပံုရတယ္။ ကၽြမ္းေလာင္႐ွီးကေျပာတယ္: *အိမ္နဲ႔ အိမ္က႐ွိသမွ်လူတိုင္းကို ခ်စ္ရမယ္တဲ့၊ ဒီေတာ့ အိမ္နဲ႔ ႐ွိသမွ်လူတိုင္းကို မုန္းရမယ္။ မင္းက သူ႔ရဲ႕သူငယ္ခ်င္းေကာင္းဆိုေတာ့ ေသခ်ာေပါက္ ဘံုရန္သူကို ဆန္႔က်င္ဖို႔ သူ႔ဘက္ကို လိုက္မွာပဲ။ ဒါေၾကာင့္ မင္းလည္း ကၽြမ္းေလာင္႐ွီးကို မႀကိဳက္တဲ့သူျဖစ္ရမယ္။ ဒါေၾကာင့္ သူပဲျဖစ္ျဖစ္၊ သူ႔ရဲ႕သူငယ္ခ်င္းေကာင္းျဖစ္တဲ့ မင္းပဲျဖစ္ျဖစ္ အကုန္လံုး ကၽြမ္းေလာင္႐ွီးရဲ႕ အတန္းကို နားေထာင္ခြင့္မ႐ွိဘူး"

(* ဆိုစကား႐ွိပါတယ္တဲ့- လူတစ္ေယာက္ကို သေဘာက်ရင္ သူတို႔နဲ႔ ရင္းႏွီးတဲ့သူတိုင္း၊ အရာတိုင္းကိုပါ သေဘာက်ရမယ္တဲ့)

ဒီအႀကိမ္မွာေတာ့ က်န္းကၽြင္းက တကယ္ စိတ္ဆိုးမာန္ဆိုးျဖစ္သြားတယ္: "ဖြီ! တကယ္ပဲ လူတိုင္းက သူ႔အတန္းကို တက္ခ်င္တယ္ ထင္ေနတာလား။ အား-ေဟာင္ သြားစို႔"

တိုက္ခိုက္ေရးဌာနေက်ာင္းသားက စိတ္ေတာင္မဆိုးဘူး။ အဲဒီအစား သူ႔ေနာက္က ႐ုပ္ျမင္သံၾကားခန္းကို ၾကည့္လိုက္ၿပီး သူ႔ေဘးက အတန္းေဖာ္ကို ေျပာလိုက္တယ္: "မင္းေျပာၾကည့္စမ္း ဒီကၽြမ္းေလာင္႐ွီးက တကယ္ပဲ စိတ္သႏၱာန္မက္ခါ တီထြင္ႏိုင္တဲ့ ဆရာသခင္ေလးလား"

"အစစ္ပဲျဖစ္မယ္လို႔ ငါထင္တာပဲ။ မဟုတ္ရင္ ေက်ာင္းအုပ္ႀကီးက လူကိုယ္တုိင္ သူ႔ကို လာႀကိဳမွာမဟုတ္ဘူး"

"အမွန္ပဲ"

"ေနာက္ၿပီး အဲဒီေက်ာင္းသားေတြ စာသင္ခန္းထဲဝင္သြားတာ အခ်ိန္အေတာ္ေလးေတာ့ ႐ွိေနၿပီ။ တကယ္ပဲ ျပႆနာ႐ွိတယ္ဆိုရင္ အခုဆို ထြက္လာေလာက္ၿပီေပါ့"

"စိတ္သႏၱာန္မက္ခါ... ငါတကယ္ကို တစ္ခုေလာက္လိုခ်င္လိုက္တာ။ လခြမ္း ဒီအေၾကာင္းေျပာေနရင္းမွ ငါေတာင္ မက္ခါဒီဇိုင္းေမဂ်ာကို ေျပာင္းခ်င္သြားၿပီ"

က်န္းကၽြင္းနဲ႔ သူ႔သူငယ္ခ်င္း အား-ေဟာင္က တကယ္ေတာ့ ေဝးေဝးမသြားခဲ့ဘူး။ အဲဒီအစား ေထာင့္တစ္ေနရာကို ေလွ်ာက္သြားၿပီး ႐ုပ္ျမင္သံၾကားခန္း႐ွိရာဘက္ကို စူးစိုက္ၾကည့္ေနၾကတယ္။

သူတို႔အျပင္ ဆႏၵျပပြဲမွာပါခဲ့တဲ့ တျခားေက်ာင္းသားေတာ္ေတာ္မ်ားမ်ားလည္း အခန္းေပါက္ဝမွာ အတားခံလိုက္ရတာကို က်န္းကၽြင္းေတြ႕လိုက္ရတယ္။

ကၽြမ္းက်ိဳးက စကားနဲ႔ပဲ ၿခိမ္းေျခာက္ဖို႔လုပ္တာလို႔ သူက အစကထင္ထားတာ။ မထင္မွတ္ပဲ သူ႔စကားေတြက အမွန္ေျပာတာျဖစ္ေနတယ္။

သူက တကယ္ႀကီး သူတို႔နာမည္ေတြအကုန္လံုးကို မွတ္ထားၿပီး အထဲဝင္ခိုင္းဖို႔ အခိုင္အမာႀကီး ျငင္းဆန္ေနတယ္။

အား-ေဟာင္ကလည္း အတန္းထဲဝင္သြားတဲ့ ေက်ာင္းသားေတြကို ေတြ႕လိုက္တယ္။ သူတို႔ေတြက အခ်ိန္အေတာ္ၾကာတာေတာင္ ျပန္ထြက္မလာၾကဘူး။ တကယ္လို႔ တကယ္ပဲ ကၽြမ္းက်ိဳးရဲ႕ ကၽြမ္းက်င္မႈမွာ ျပႆနာ႐ွိေနတယ္ဆိုရင္၊ သူက မက္ခါဘယ္လိုတီထြင္ရမလဲ မသိဘူးဆိုရင္ အဲဒီေက်ာင္းသားေတြက အၾကာႀကီးေနကတည္းက ထြက္သြားၿပီေပါ့။

အား-ေဟာင္က စိတ္မသက္မသာနဲ႔ ေျပာတယ္: "က်န္းကၽြင္း ကၽြမ္းက်ိဳးက တကယ္ပဲ..."

က်န္းကၽြင္းက သူ႔ကို ေအးစက္စက္နဲ႔ ျဖတ္ေျပာလုိက္တယ္: "မျဖစ္ႏိုင္ဘူး! သူက အသက္ဘယ္ေလာက္လဲ မင္းမျမင္လိုက္ဘူးလား။ ဆရာႀကီးကယ္လုအန္းက ဆရာႀကီးျဖစ္လာတုန္းက အသက္ ၅၀ ေက်ာ္ေနၿပီ။ သူ႔တပည့္ ဟန္ခ်င္းေ႐ွာင္းကလည္း ပါရမီအပါဆံုးလူသားအျဖစ္ သူ႔ရဲ႕အသိအမွတ္ျပဳခံထားရတာ။ ဒါေတာင္ သူက စိတ္သႏၱာန္မက္ခါ မထြင္ႏိုင္ဘူး။ အဲဒီကၽြမ္းက်ိဳးက အရင္က ေက်ာင္းေတာင္မတက္ခဲ့ဘူး။ ေနာက္ၿပီး ဒီေလာက္ေတာင္ ငယ္တယ္။ ဘယ္လိုလုပ္ၿပီး ဆရာသခင္ေလးက သူျဖစ္ႏိုင္မွာလဲ!"

သူ အဲဒီလိုေျပာလိုက္ေပမဲ့ အဆုံးမွာေတာ့ က်န္းကၽြင္းက စိတ္ထဲမွာ နည္းနည္းေတာ့ တုန္လႈပ္ေနၿပီ။

ဘာျဖစ္လို႔ အခန္းထဲဝင္သြားတဲ့ စတုတၳႏွစ္စီနီယာက အခုထိ ထြက္မလာေသးတာလဲ။

ကၽြမ္းက်ိဳးအတန္းကို တက္ခြင့္ရတဲ့ ပထမဆံုးသူေတြက ဘြဲ႔ရေတာ့မဲ့ စတုတၳႏွစ္ေက်ာင္းသားေတြျဖစ္တယ္။

ေက်ာင္းအုပ္ေဒးစြန္ရဲ႕ အေတြးအစီအစဥ္က - စတုတၳႏွစ္ေက်ာင္းသားေတြက မက္ခါဒီဇိုင္းမွာ ဗဟုသုတအ႐ွိဆံုးသူေတြျဖစ္တယ္။ သူတို႔ရဲ႕ဘြဲ႔ရဖို႔ လိုအပ္ခ်က္ကလည္း သူတို႔ရဲ႕ဘြဲ႕ႏွင္းသဘင္ကို ႀကီးမွဴးမယ့္ ၿပီးျပည့္စံုတဲ့ မက္ခါတစ္စီးကို ကိုယ္တုိင္ကိုယ္က် အစအဆံုး ဒီဇိုင္းထြင္ တည္ေဆာက္ဖို႔ျဖစ္တယ္။

အဲဒါေၾကာင့္ စတုတၳႏွစ္ ေက်ာင္းသားေတြကို အရင္ဆံုး သင္ၾကားေပးတာက အသင့္ေတာ္ဆံုးျဖစ္တယ္။

အဲဒါနဲ႔ ကၽြမ္းက်ိဳး စတိတ္စင္ေပၚကို တက္လာေတာ့ စတုတၳႏွစ္စီနီယာသမားေတြ အကုန္လံုးက စိတ္ထဲမွာ ထူးဆန္းတဲ့ ဘယ္လိုမွန္းမသိတဲ့ ခံစားခ်က္ကို ခံစားေနရတယ္။

ဘာလို႔လဲဆိုေတာ့ ကၽြမ္းက်ိဳးကိုၾကည့္ရတာ တကယ္... အရမ္းကို ေသးတယ္။

သူက တကယ္ပဲ လူႀကီးဟုတ္ရဲ႕လား။

သူက တကယ္ပဲ သူတို႔ဆရာျဖစ္ႏိုင္ရဲ႕လား။

သူက တကယ္ပဲ ဒ႑ာရီလာဆရာသခင္ေလး ဟုတ္ရဲ႕လား။

ဒီကေလးေပါက္စက တကယ္ပဲ သူတို႔ကို သင္ေပးမွာလား။

ေမးခြန္းမ်ိဳးစံုက စီနီယာသမားေတြအားလံုးရဲ႕ အေတြးေတြကို ဖိစီးေနတယ္။

သူ႔ကို အနီးကပ္ၾကည့္လုိက္ရင္ သူက ... တကယ္ကို အရမ္းၾကည့္ေကာင္းလြန္းတယ္!

ဒါေပမဲ့ အတန္းကိုလာတက္တဲ့သူတိုင္းက ေက်ာင္းအုပ္ေဒးစြန္ရဲ႕ ညႊန္ၾကားခ်က္ကို ရထားၿပီးၿပီ။ သူတို႔ေတြ ေသခ်ာနားေထာင္ရမယ္၊ မဟုတ္ရင္ ဘြဲ႔ရမွာမဟုတ္ဘူး။ အဲဒါေၾကာင့္ သူတို႔ေတြ ႐ိုက်ိဳးစြာ ထိုင္ေန႐ံုပဲ တတ္ႏိုင္တယ္။

ကၽြမ္းက်ိဳးက အရင္က တစ္ခါမွ ဆရာမလုပ္ဖူးဘူး။ ေဟာေျပာစင္ျမင့္ေပၚမွာ ရပ္ေနရင္း လူအုပ္ထဲကေခါင္းေတြကို ၾကည့္ရင္းနဲ႔ မသိစိတ္ထဲမွာ ဒီလူေတြအားလံုးကို သူ႔ရဲ႕ကာစတမ္မာေတြလုိ႔ ေတြးေနမိၿပီ။

တန္ခိုးအာ႐ံု တစ္ခ်က္ျဖန္႔လိုက္႐ံုနဲ႔ သူတို႔အကုန္လံုးကို ဒီည အိပ္မက္ေပးလို႔႔ရၿပီ!

မဟုတ္ေသးဘူး၊ သူသည္းခံရမယ္!

ၾကယ္အစုအေဝးကလူေတြကို အိပ္မက္ေပးတာက ပိုပိုၿပီး မယံုၾကည္ရေတာ့ဘူး။

မ်က္ႏွာေလးရဲၿပီး သူက ႐ွက္ဝဲဝဲနဲ႔ ေျပာလိုက္တယ္: "အမ္း... မဂၤလာပါ အားလံုးပဲ။ ကၽြန္ေတာ့္ကို ကၽြမ္းက်ိဳးလို႔ ေခၚပါတယ္။ ေနာက္ဆိုရင္ အားလံုးရဲ႕ ဆရာျဖစ္လာမွာပါ"

စီနီယာေက်ာင္းသားမ်ား: အိုး အိုး လခြမ္းပဲ! ဒီသူငယ္ခ်င္းေလးက အရမ္းခ်စ္စရာေကာင္းတယ္လို႔ ဘာျဖစ္လို႔ ခံစားေနရတာလဲ! ေသခ်ာေပါက္ လူေတြေျပာေတာ့ ေက်ာင္းေပါက္ဝမွာတုန္းက သူက အရမ္းခက္ထန္တယ္တဲ့!

ဒီေကာလာဟလေတြက မဟုတ္တမ္းတရားေတြ ျဖစ္ရမယ္! သူက ဒီေလာက္ ႏူးညံ့ၿပီး ခ်စ္စရာေကာင္းတာ အ႐ွင္းႀကီးပဲကို!

ကၽြမ္းက်ိဳး သူ႔ကိုယ္သူ မိတ္ဆက္ၿပီးသြားေတာ့ ဟန္ခ်င္းေ႐ွာင္းနဲ႔ မိတ္ဆက္ေပးလုိက္တယ္: "ဒါက ကၽြန္ေတာ့္လက္ေထာက္ ဟန္ခ်င္းေ႐ွာင္းပါ။ ခင္ဗ်ားတို႔က သူ႔ကို လက္ေထာက္ဟန္လို႔ ေခၚလို႔ရပါတယ္"

စီနီယာေက်ာင္းသားမ်ား: အား သူ႔အသံေလးက နားေထာင္လို႔အရမ္းေကာင္းတာပဲ။ ေနာက္ၿပီး ဟန္-ေလာင္႐ွီးနဲ႔ အတူတူရပ္ေနေတာ့.... ေနပါဦး သူက ဟန္-ေလာင္႐ွီးကို ဘယ္လိုေခၚလိုက္တယ္?

အစက ဟန္-ေလာင္႐ွီးက ကၽြမ္းက်ိဳးကို မိတ္ဆက္ေပးဖို႔ လိုက္လာတယ္လို႔ ထင္ထားတာ။ မထင္မွတ္ဘဲ သူ႔လက္ေထာက္ ျဖစ္ေနတာလား!

ဘုရားေရ! ဟန္-ေလာင္႐ွီးက ဘယ္သူမို႔လဲ!

အင္ပါယာက နံပါတ္တစ္မက္ခါတီထြင္သူ ဆရာႀကီး ကယ္လုအန္းရဲ႕ တပည့္ႀကီးေလ!

သူတို႔ေက်ာင္းက မက္ခါဒီဇိုင္းဌာနရဲ႕ ဆရာအျဖစ္ ပိုက္ဆံေတြ အပံုလိုက္ေပးၿပီး ေခၚထားရတာ!

ေသခ်ာေပါက္ သူတို႔ကို မေန႔ကေတာင္ စာသင္ေပးခဲ့ေသးတယ္!

အခုေတာ့ သင္ၾကားေရးလက္ေထာက္ျဖစ္သြားၿပီ!

ဟန္ခ်င္းေ႐ွာင္းက အလြန္တည္ၿငိမ္စြာ ေျပာတယ္: "အားလံုးပဲ မဂၤလာပါ။ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ မိတ္ဆက္ေပးဖို႔ မလိုေတာ့ဘူး ထင္ပါတယ္။ ကၽြမ္း-ေလာင္႐ွီးက အေတြ႕အႀကံဳသိပ္မ႐ွိပါဘူး။ မင္းတို႔ နားမလည္တာ႐ွိရင္ ကၽြန္ေတာ့္ကို အရင္ေမးလို႔ရပါတယ္။ တကယ္လုိ႔ ကၽြန္ေတာ္နားမလည္ရင္ မင္းတို႔ ကၽြမ္း-ေလာင္႐ွီးကို ေမးဖို႔ ကူေပးပါမယ္"

စီနီယာေက်ာင္းသားမ်ား: "........."

ဟန္-ေလာင္႐ွီး တကယ္ႀကီးလား။

စကားနည္းနည္းေျပာၿပီးတဲ့ေနာက္ ကၽြမ္းက်ိဳးရဲ႕ စိတ္လႈပ္႐ွားမႈက ျဖည္းျဖည္းခ်င္း ေျပေပ်ာက္သြားတယ္: "လက္ေထာက္ ေနာက္တစ္ေယာက္ ႐ွိပါေသးတယ္..."

သူက တံခါးဆီကို လွမ္းၾကည့္လုိက္တယ္။

စီနီယာေက်ာင္းသားေတြအကုန္ သူ႔အၾကည့္သြားရာေနာက္ကို လိုက္သြားတယ္။

ကၽြမ္းက်ိဳးက ေနာက္ဆံုးေတာ့ မ်က္ခံုးေတြ ေကြးညြတ္ေနေအာင္ ၿပံဳးျပလုိက္တယ္။ "သူ႔ကို ေ႐ွာင္ေဖာ့လန္လို႔ ေခၚတယ္။ သူလည္း မက္ခါလုပ္နည္းေတြကို သိပါတယ္။ ေ႐ွာင္ေဖာ့လန္ ဒီကိုလာ။ အားလံုးကို ႏႈတ္ဆက္လိုက္ဦး"

ေ႐ွာင္ေဖာ့လန္က စပီကာကို လဲလိုက္တယ္။ အသံက ပညာ႐ွိအသက္ႀကီးႀကီးဦးေလးႀကီး အသံနဲ႔ ေတာ္ေတာ္ေလး ရင့္က်က္ၿပီး ယံုၾကည္ခ်င္စရာေကာင္းတဲ့ပံုေပါက္ေနတယ္။ "အားလံုးပဲ မဂၤလာပါ"

ကၽြမ္းက်ိဳးက သင္တန္းေက်ာင္းမွာ မက္ခါလုပ္နည္း လူေတြကို သင္ေပးေတာ့မယ္ဆိုတာ သူသိကတည္းက ေ႐ွာင္ေဖာ့လန္က ၿငိမ္ၿငိမ္ထိုင္မေနႏိုင္ေတာ့ဘူး။

သခင္က ေ႐ွာင္ေဖာ့လန္ 4.0 ကို အိမ္မွာလုပ္ခဲ့တာ။ သူသာ သူ႔(ကၽြမ္းက်ိဳး)ေနာက္ မလိုက္ဘူးဆိုရင္ မၾကာခင္ 40.0.0 ဗား႐ွင္း ထြက္လာေတာ့မွာမဟုတ္ဘူးလား!

အဲဒါနဲ႔ ေ႐ွာင္ေဖာ့လန္က စပီကာတစ္လံုးတပ္ၿပီး သူ႔သေဘာအရ လုိက္လာခဲ့တယ္။

ကၽြမ္းက်ိဳးက ေ႐ွာင္ေဖာ့လန္ စပီကာ တပ္လို႔ရတယ္ဆိုတာ သိလိုက္ရေတာ့ သူအလြန္ေပ်ာ္သြားတယ္။ ဘာျဖစ္လို႔ အရင္တုန္းက စပီကာ မသံုးခဲ့လဲဆိုတာ သူလံုးလံုး မေတြးေတာင္ မေတြးမိဘူး။

စီနီယာေက်ာင္းသားေတြ အကုန္လံုးက လည္ပင္းေတြ ဆန္႔ထုတ္လိုက္ၾကတယ္။ သူတို႔ေတြက ဆရာ့အခန္းဆီလာတဲ့ တံခါးအလြတ္ႀကီးကို ေစ့ေစ့စပ္စပ္ စူးစိုက္ၾကည့္ေနတယ္။

ဟမ္။ လူက ဘယ္မွာလဲ။

လက္ေထာက္ ေနာက္တစ္ေယာက္လို႔ ေျပာတယ္မလား။

ထြက္မလာေသးတာလား။

သူ႔အသံကို ၾကားလိုက္ရၿပီ မဟုတ္ဘူးလား။

ေ႐ွာင္ေဖာ့လန္: "........"

ေ႐ွာင္ေဖာ့လန္: "ေက်းဇူးျပဳၿပီး ေခါင္းကို ၄၅ ဒီဂရီ ေအာက္ကို ႏွိမ့္လိုက္ပါ"

စီနီယာေက်ာင္းသားမ်ား အားလံုး: ".....!!!!"

ေ႐ွာင္ေဖာ့လန္: "အခု ကၽြန္ေတာ့္ကို ျမင္ရၿပီလား"

စီနီယာေက်ာင္းသားမ်ား အားလံုး: အိုး လခြမ္း!

စက္႐ုပ္တစ္႐ုပ္က သူတို႔ရဲ႕ သင္ၾကားေရးလက္ေထာက္ လုပ္မလို႔လား။

ေနပါဦး ဒီစက္႐ုပ္က ဘာျဖစ္လို႔ ဒီေလာက္ ရင္းႏွီးေနရတာလဲ။

ဒီမွာ႐ွိသမွ်လူတိုင္းက မက္ခါဒီဇိုင္းေက်ာင္းသားေတြ ျဖစ္တယ္။ သူတို႔ေတြ မဟာမက္ခါၿပိဳင္ပြဲကို ဘယ္အလြတ္ခံမလဲ။ တကယ္ေတာ့ ၈၀ ရာခိုင္ႏႈန္းေလာက္က ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္သူေတြပဲ။

ဆိုေတာ့ ဒီေ႐ွာင္ေဖာ့လန္က အဲဒီတုန္းက ဒုဗိုလ္ခ်ဳပ္ ခ်န္က်င့္႐ႊယ္ ဟုန္႐ွစ္ကၽြင္းကို စင္ေပၚမွာ စိန္ေခၚတုန္းက သံုးခဲ့တဲ့ စိတ္သႏၱာန္မက္ခါမဟုတ္ဘူးလား။

စိတ္စြမ္းအားနဲ႔ ထိန္းခ်ဳပ္လို႔ရတယ္လို႔ ေကာလာဟလေတြ ထြက္ေနတဲ့ဟာေလ!

တစ္ခဏအတြင္းမွာ စီနီယာေက်ာင္းသားေတြရဲ႕ အၾကည့္ေတြ အားလံုးက စိတ္အားထက္သန္ေနၾကတယ္။

ကၽြမ္းက်ိဳးက ဆရာသခင္ေလး ဟုတ္မဟုတ္က အေရးမႀကီးေတာ့ဘူး။ စိတ္သႏၱာန္မက္ခါကို မ်က္လံုးနဲ႔ တပ္အပ္ျမင္လိုက္ရတာကိုက ေတာ္ေတာ္ႀကီးကို စိတ္ေက်နပ္ေနၿပီ!

ေ႐ွာင္ေဖာ့လန္က ဘယ္ေလာက္ေတာင္ ထက္လိုက္သလဲ။ သူတို႔ရဲ႕ စိတ္အားထက္သန္ေနတဲ့ အၾကည့္ေတြကို ျမင္လိုက္တာနဲ႔ သူ႔ကို 4.0 နဲ႔ အထင္မွားေနၿပီဆိုတာ ခ်က္ခ်င္းနားလည္လိုက္တယ္။

ေ႐ွာင္ေဖာ့လန္က အရမ္းကို စိတ္မေက်မနပ္ျဖစ္သြားတယ္။

တစ္စကၠန္႔အတြင္းမွာပဲ သူ႔ကိုယ္သူ လက္နက္စနစ္ကို တပ္ဆင္ေတာ့မယ္လို႔ သူဆံုးျဖတ္လိုက္တယ္။

ၿပီးတာနဲ႔ အျပင္သြားၿပီး 4.0 ကို ေျမေပၚလဲေအာင္ တိုက္ၿပီး ဒီမွာ ေဘာ့စ္က ဘယ္သူလဲဆိုတာ သူတို႔ျမင္ေအာင္ ျပရမယ္။

ကၽြမ္းက်ဳိးက ေ႐ွာင္ေဖာ့လန္ရဲ႕ အေတြးေတြကို မသိဘူး။ မိတ္ဆက္ၿပီးတာနဲ႔ သူက အတန္းစလိုက္တယ္။

"အတန္းမစခင္ ကၽြန္ေတာ္အားလံုးကို ေျပာစရာ စကားတခ်ိဳ႕႐ွိပါတယ္။ ကၽြန္ေတာ္က နည္းနည္း သေဘာထားေသးသိမ္ပါတယ္။ တစ္ဖက္လူက ကၽြန္ေတာ့္ကို သေဘာမက်ရင္ ကၽြန္ေတာ္ကလည္း သူတို႔ကို သေဘာမက်ပါဘူး"

သူက ဘလက္ဘုတ္ေပၚကို လက္နဲ႔ေခါက္လိုက္တယ္။ ဘလက္ဘုတ္ေပၚက စခရင္မွာ ခ်က္ခ်င္းပဲ ပံုေတြ တစ္ခုၿပီး တစ္ခု ေပၚလာတယ္။ ေသခ်ာၾကည့္လိုက္မယ္ဆိုရင္ အဲဒါေတြက အခုေလးတင္ ေက်ာင္းေပါက္ဝမွာ ဆႏၵျပပြဲမွာ ဝင္ပါခဲ့တဲ့သူေတြရဲ႕ ပံုေတြပဲ။

ကၽြမ္းက်ိဳးက ေျပာတယ္: "ကၽြန္ေတာ္ အရင္က ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္သင္ေပးတဲ့ အသိပညာေတြ၊ ကၽြန္ေတာ္လုပ္တဲ့ မက္ခါေတြနဲ႔ ကၽြန္ေတာ္ ဒီဇိုင္းထြင္ထားတဲ့ စနစ္ေတြ၊ သူတို႔ေတြကို တစ္ခုမွ ထိခြင့္မေပးပါဘူး။ တကယ္လို႔ ခင္ဗ်ားတို႔ထဲမွာ သူတို႔ရဲ႕သူငယ္ခ်င္းေတြပါရင္၊ ေနာက္ၿပီး ကၽြန္ေတာ့္ကို သေဘာမက်ဖို႔ ေ႐ြးခ်ယ္ထားတယ္ဆိုရင္ အတန္းကေန ခ်က္ခ်င္း ထြက္သြားပါ။ တကယ္လို႔ ကၽြန္ေတာ့္ကို ယံုၾကည္ဖို႔ ေ႐ြးခ်ယ္ထားတယ္ဆိုရင္ ဒီေန႔ကေနစၿပီး မွတ္ထားရပါမယ္၊ သူတို႔ေတြကို စကားတစ္ခြန္းရဲ႕ တစ္ဝက္ေတာင္မွ ေျပာျပလို႔မရပါဘူး။ ပိုအေရးႀကီးတာက ကၽြန္ေတာ္ဖန္တီးဖို႔ သင္ၾကားေပးထားတာထဲက တစ္ခုကိုမွ သူတို႔ကို ေပးခြင့္မ႐ွိပါဘူး~~"

ေျပာေနရင္းနဲ႔ သူက ခဏေလာက္ ရပ္တန္႔လိုက္ၿပီး မ်က္ခံုးေတြ ေကြးသြားတဲ့အထိ ၿပံဳးလိုက္ၿပီး ၿခိမ္းေျခာက္ျခင္းမမည္တဲ့ ၿခိမ္းေျခာက္မႈတစ္ခုကို ေျပာလိုက္တယ္: "အခုေတာ့ ကတိေပးၿပီး ေနာက္မွ ကတိဖ်က္ရင္ေတာ့ အက်ိဳးဆက္ေတြ ႐ွိလာလိမ့္မယ္~~"

သူၿပံဳးလိုက္တဲ့အခါမွာ အရမ္းၾကည့္ေကာင္းလြန္းၿပီး ရည္မြန္တဲ့ပံုေပါက္ေနတယ္။ အဲဒီစကားကို ၿခိမ္းေျခာက္စကားလို႔ မမွတ္ယူတဲ့လူတခ်ိဳ႕ တကယ္႐ွိတယ္။ အဲဒီအစား ေနာက္ေနတယ္လို႔ပဲ ထင္ေနၾကတယ္။

အဲဒီေနာက္မွာေတာ့ အတန္းကို တရားဝင္စတင္လိုက္တယ္။

ကၽြမ္းက်ိဳးက သူတို႔ေတြ စြမ္းအင္ေက်ာက္တံုးေတြ ယူလာလားလို႔ ေမးလုိက္တယ္။ ေက်ာင္းသားအမ်ားစုက သူတို႔ကိုယ္ပိုင္ စြမ္းအင္ေက်ာက္တံုးေတြ ျပင္ဆင္လာၾကတယ္။ စြမ္းအင္ေက်ာက္တံုးသံုးရတာက အလြယ္တကူ စြမ္းအင္ဓာတ္ေရာင္ျခည္သင့္ႏိုင္တဲ့အတြက္ သူတို႔အားလံုးမွာ စြမ္းအင္ေက်ာက္တံုး သိမ္းဆည္းတဲ့ အထူးကိရိယာေတြ ႐ွိၾကတယ္။

ဆင္းရဲတဲ့ မိသားစုေနာက္ခံနဲ႔ ေက်ာင္းသားတခ်ိဳ႕မွာသာ ကိုယ္ပိုင္စြမ္းအင္ေက်ာက္တံုး မ႐ွိၾကဘူး။

ကၽြမ္းက်ိဳးက ေ႐ွာင္ေဖာ့လန္ကို အဲဒီလူ တစ္ေယာက္ခ်င္းဆီကို မသံုးရေသးတဲ့ စြမ္းအင္ေက်ာက္တံုးတစ္တုံးဆီ ေဝေပးခိုင္းလုိက္တယ္။ ဒါေပမဲ့ အဲဒီစြမ္းအင္ေက်ာက္တံုးေတြကို အားလံုး ေနာက္က်ရင္ ျပန္သိမ္းမွာျဖစ္တယ္။

"ဒီေန႔ ခင္ဗ်ားတို႔ကို စြမ္းအင္ေက်ာက္တံုးကေန ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ ဘယ္လို ကာရံထားရမလဲဆိုတာ သင္ေပးမယ္"

ကၽြမ္းက်ဳိးရဲ႕ ႐ိုး႐ွင္းတဲ့ စကားလံုးေလးေတြကတင္ ေ႐ွာင္ေဖာ့လန္ကို ထက္သန္စြာ စိုက္ၾကည့္ေနၾကတဲ့ စီနီယာေက်ာင္းသားေတြကို ခ်က္ခ်င္း လက္ေတြ႕ကို ျပန္ေခၚလိုက္တယ္!

သူဘာေျပာလိုက္တာလဲ!

သူက စြမ္းအင္ဓာတ္ေရာင္ျခည္ကို ၁၀၀ ရာခိုင္ႏႈန္း ကာရံနည္းကို သင္ေပးေတာ့မွာလား!!!

အိုး လခြမ္း ဒါက အစစ္လား အတုလား။ စကတည္းက အႀကီးႀကီးနဲ႔ စတာပဲ။

သူတို႔ထင္ထားတာက ကၽြမ္းက်ိဳးက အရင္ဆံုး သူ႔ရဲ႕ မက္ခါဒီဇိုင္း သမိုင္းေၾကာင္းကို စၿပီး မိတ္ဆက္ေပးေတာ့မယ္ေပါ့၊ ၿပီးရင္ မက္ခါေတြအေပၚ သူ႔အေတြးတို႔၊ အထင္အျမင္တို႔ကို ႐ွင္းျပၿပီး တစ္ဆက္တည္းမွာ အတန္းရဲ႕သင္ၾကားေရးအစီအစဥ္ကို ေျပာမယ္လို႔ ထင္ထားတယ္။

ဒါေပမဲ့ အဲဒါေတြ တစ္ခုမွ မဟုတ္ဘူး။ သူက ခ်က္ခ်င္းႀကီးကို အဓိကသင္ခန္းစာကို တန္းသြားေတာ့တာပဲ!

အဲဒီေနာက္ သူ႔ရဲ႕ေလးနက္တဲ့ အမူအရာကိုေတြ႕ေတာ့ အားလံုးက ျဖည္းျဖည္းခ်င္း စၿပီး အတည္အတံ့ျဖစ္သြားၾကတယ္။ သူတို႔ေတြရဲ႕ ႏွလံုးသားထဲမွာ အတိတ္နိမိတ္ေတြ ျမင္ေနရတယ္။ ဒီငယ္႐ြယ္တဲ့ ကၽြမ္း-ေလာင္႐ွီးက တကယ္ႀကီး သူတို႔အတြက္ မယံုႏိုင္စရာေတြ ဖန္တီးေပးေတာ့မယ္!

ကၽြမ္းက်ိဳးက ေ႐ွာင္ေဖာ့လန္ကို ေဟာေျပာစင္ျမင့္ေပၚ သယ္လာတယ္။ ေ႐ွာင္ေဖာ့လန္က သူ႔ဘာသူ ေခါင္းေပၚက အဖံုးကို ဖြင့္လိုက္ၿပီး အထဲက စြမ္းအင္အရင္းအျမစ္တပ္ဆင္နည္းစနစ္ကို ျပလိုက္တယ္။

"အားလံုးပဲ စြမ္းအင္အရင္းအျမစ္တပ္ဆင္နည္းစနစ္ကို ဘယ္လို ျပဳျပင္မြမ္းမံရမယ္ဆိုတာ သိတဲ့သူတိုင္းက စြမ္းအင္ေက်ာက္တံုးနဲ႔ မက္ခါရဲ႕ ဝိုင္ယာေတြကို ခ်ိတ္ဆက္တဲ့ေနရာမွာ ပါဝင္တဲ့ အဆင့္ေတြက အထူးသျဖင့္ အေရးႀကီးတယ္ဆိုတာ သိၾကမွာပါ။ စိတ္စြမ္းအား အလြန္ျမင့္တဲ့သူေတြဟာ ဒီခ်ိတ္ဆက္မႈကို လုပ္တဲ့ေနရာမွာ ဓာတ္ေရာင္ျခည္ကို ပိုၿပီးေတာ့ ကာရံထားႏိုင္ပါတယ္။ ဒါေပမဲ့ လူေတြက ဒီေနရာမွာ အရာတစ္ခုကို လ်စ္လ်ဴ႐ႈထားၾကတယ္။ ဓာတ္ေရာင္ျခည္ကို ခ်ံဳ႕တဲ့၊ ဒါမွမဟုတ္ ပိတ္ပင္တဲ့ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ခ်ဥ္းကပ္ဖို႔လုပ္တာမွာ အားလံုး အသံုးမဝင္ျဖစ္ၾကရတယ္။ ဒါက ေလလိုပဲ အက္ေၾကာင္းရာေတြတိုင္းကို ဝင္ေရာက္ႏိုင္စြမ္း႐ွိတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔က စြမ္းအင္ေက်ာက္တံုးအထဲမွာကိုပဲ သံသရာစနစ္တစ္ခုကို တီထြင္ၿပီး ဓာတ္ေရာင္ျခည္ကို ပတ္လမ္းတစ္ခုထဲမွာ လွည့္လည္သြားလာေနေအာင္ လမ္းညႊန္ေပးလို႔ရတယ္....."

ကၽြမ္းက်ိဳးက ဒါကို သူဘယ္လိုသင္ေပးသင့္တယ္ဆိုတာကို တကယ္ေျပာရရင္ ေသခ်ာေကာင္းေကာင္းနားမလည္ဘူး။ သူက သူ႔ရဲ႕လုပ္ငန္းစဥ္ကို အားလံုးၾကားေအာင္ တဆင့္ခ်င္း တဆင့္ခ်င္း ႐ိုး႐ွင္းစြာ ႐ွင္းျပေနတာပဲ႐ွိတယ္။

သူက ေျပာရင္းနဲ႔ ေက်ာင္းသားေတြ အတူတူ ႀကိဳးစားၾကည့္လို႔ရေအာင္ ညႊန္ျပေပးတယ္။ အတန္းထဲမွာ အခ်ိန္ကုန္လာတာနဲ႔အမွ် စတုတၳႏွစ္ စီနီယာေက်ာင္းသားေတြအကုန္လံုးက ပိုပိုၿပီး အာ႐ံုစူးစိုက္လာတယ္။ အေယာက္တိုင္းက တစ္ေယာက္ထက္ကိုတစ္ေယာက္ ပိုပိုၿပီး အံ့အားသင့္ေနၾကတယ္။

ကနဦးက သံသယစိတ္နဲ႔ မယံုၾကည္ရာကစၿပီး ေနာက္ပိုင္းမွာ ထိတ္လန္႔မႈကေန ေလးစားမႈအထိ အတန္းခ်ိန္ တစ္ဝက္မၿပီးခင္မွာပဲ ကၽြမ္းက်ိဳးက 'ဆရာသခင္ေလး' ဆိုတဲ့ သ႐ုပ္ကို ေမးခြန္းထုတ္မယ့္သူ ဘယ္သူမွမ႐ွိေတာ့ဘူး။

႐ုပ္ျမင္သံၾကားခန္းထဲက အတန္းက ဆက္သင္ေနတယ္။

အတန္းအျပင္မွာလည္း ပိုပိုမ်ားျပားတဲ့လူေတြ စုေဝးေနၾကတယ္။

ေတာ္ေတာ္မ်ားမ်ားက ဆႏၵျပပြဲမွာ ပါခဲ့တဲ့ ေက်ာင္းသားေတြပဲ။ သူတုိ႔ေတြအကုန္လံုးက ကၽြမ္းက်ိဳးက ဆရာသခင္ေလးဆိုတာကို မယံုၾကည္ၾကဘဲ သူ႔ကို စတုတၳေက်ာင္းသားေတြ ေမာင္းထုတ္တာကို ေစာင့္ေနၾကတယ္။

သူတို႔ ေစာင့္သာေစာင့္တယ္၊ ကၽြမ္းက်ိဳး ႏွင္ထုတ္ခံရတာကို မေစာင့္ႏိုင္ေတာ့ဘူး။ ဆန္႔က်င္ဘက္အေနနဲ႔ ႐ုတ္တရက္ ႐ုပ္ျမင္သံၾကားစာသင္ခန္းထဲကေန ေအာ္သံတစ္သံကို ၾကားလိုက္ရတယ္။

"လုပ္ႏိုင္သြားၿပီ! ကၽြမ္း-ေလာင္႐ွီး ဒါေအာင္ျမင္လားဆိုတာ ကၽြန္ေတာ့္ကို လာၿပီး ကူစစ္ေဆးေပးပါဦး!"

"ကၽြန္ေတာ္လည္း လုပ္ႏိုင္သြားၿပီ အားးးး! ဟန္-ေလာင္႐ွီး စစ္ေဆးတဲ့ပစၥည္း ဘယ္မွာလဲ။ ဒါက ဓာတ္ေရာင္ျခည္ ၁၀၀ ရာခိုင္ႏႈန္း ကာရံထားရဲ႕လားဆိုတာ စစ္ေဆးခ်င္တယ္!"

"ဝူးဝူးဝူး ကၽြမ္း-ေလာင္႐ွီး ကၽြန္ေတာ္ ေနာက္ဆံုးအဆင့္ကိုပဲ လြဲေနတာ။ ဘာလို႔လဲ။ ကၽြန္ေတာ့္ရဲ႕ စိတ္စြမ္းအားအဆင့္က သိပ္မေကာင္းလို႔လား။ ဒါေပမဲ့ ကၽြန္ေတာ့္ရဲ႕ စိတ္စြမ္းအားအဆင့္က ေသခ်ာေပါက္ A ပါ!"

အထိတ္တလန္႔ေအာ္ဟစ္သံမ်ား တစ္ခုၿပီးတစ္ခု ၾကားရတဲ့ေနာက္မွာ ဆႏၵျပပြဲမွာ ပါခဲ့တဲ့ ေက်ာင္းသားေတြက ပိုပိုၿပီး စိတ္မသက္မသာေတြ ျဖစ္လာၾကတယ္။

အခန္းတံခါး အျပင္ဘက္မွာ ေစာင့္ၾကပ္ေပးေနတဲ့ တိုက္ခိုက္ေရးဌာနက ေက်ာင္းသားေတြက ပိုလို႔ေတာင္ စိတ္အားထက္သန္ေနၾကေသးတယ္: "ၾကည့္ရတာ ကၽြမ္း-ေလာင္႐ွီးက အဲဒီထူးဆန္းအံ့ဖြယ္ ဆရာႀကီး ျဖစ္ရမယ္! ေသာက္ရမ္းမိုက္တယ္ ငါက စိတ္သႏၱာန္မက္ခါေတြဝယ္ဖို႔ မတတ္ႏိုင္မွာကို တကယ္ေၾကာက္ေနခဲ့ရတာ။ ငါအခုခ်က္ခ်င္း မက္ခါဒီဇိုင္းဌာနကို ေျပာင္းေ႐ႊ႕ေလွ်ာက္ထားလို႔ ရမယ္လို႔ထင္လား"

ေျပာတဲ့သူက မရည္႐ြယ္ပါပဲ ေျပာလိုက္ေပမဲ့ နားေထာင္တဲ့သူေတြရဲ႕ နားေတြကေတာ့ ေထာင္သြားၾကတယ္။ ေစာင့္ၾကည့္ေနတဲ့ ေက်ာင္းသားေတြ အမ်ားႀကီးက အားလံုး ေမဂ်ာေျပာင္းဖို႔ စၿပီး စဥ္းစားလာၾကတယ္။

သို႔ေပမဲ့ ေမဂ်ာေျပာင္းတယ္ဆိုတာ သိပ္ေတာ့ မ႐ိုး႐ွင္းဘူး။

အားလံုးရဲ႕ အေတြးမ်ိဳးစံုေအာက္မွာ ကၽြမ္းက်ိဳးရဲ႕ ပထမဆံုးအတန္းကေတာ့ ေနာက္ဆံုးမွာ ၿပီးဆံုးသြားေတာ့တယ္။

သို႔ေပမဲ့ အတန္းေဖာ္ေတြက ထြက္လာဖို႔ ေႏွးေကြးေနၾကတယ္။

အခ်ိန္အၾကာႀကီးၾကာၿပီးမွ အေတာ္ေလး ႏူးညံ့သိမ္ေမြ႕ၿပီး ၾကည့္ေကာင္းတဲ့ လူငယ္ေလးက ေနာက္ဆံုးမွာ မ်က္ႏွာနီျမန္းၿပီး အတန္းအျပင္ကို ထြက္လာတယ္။

သူ႔ေနာက္မွာေတာ့ စတုတၳႏွစ္စီနီယာေက်ာင္းသား အုပ္စုႀကီးက မ်က္ႏွာမွာ တြန္႔ဆုတ္မႈေတြ ေလးစားၾကည္ညိဳမႈအျပည့္နဲ႔ ထြက္လာတယ္။

"ကၽြမ္း-ေလာင္႐ွီး ေနာက္စာသင္ခ်ိန္က ဘယ္ေတာ့လဲ။ ဘာျဖစ္လို႔ အတန္းခ်ိန္ ေၾကညာခ်က္တစ္ခုမွ မေတြ႕ရတာလဲ"

"ကၽြမ္း-ေလာင္႐ွီး ေနာက္တစ္ခါ ဒီအခန္းမွာပဲ ထပ္သင္မွာလား! အိုး ဒီေန႔ကစၿပီး ငါဒီစာသင္ခန္းမွာပဲ ေနေတာ့မယ္"

ေက်ာင္းသားေတြရဲ႕ စိတ္အားထက္သန္မႈက ကၽြမ္းက်ိဳးကို အလြန္ ႐ွက္ေသြးျဖာေစတယ္: "ကၽြန္ေတာ္ ေက်ာင္းအုပ္ႀကီးနဲ႔ အတန္းခ်ိန္အတြက္ ေဆြးေႏြးလုိက္ပါမယ္။ အခ်ိန္မေရာက္ခင္ ႀကိဳၿပီး ေၾကညာေပးမွာပါ။ ေနာက္ၿပီး"

ကၽြမ္းက်ိဳးရဲ႕ မ်က္ႏွာေလးက တဖန္ျပန္ၿပီး ေလးနက္သြားတယ္: "ဒီေန႔ ကၽြန္ေတာ္ေျပာတာကို မေမ့ၾကပါနဲ႔~~"

သူသင္ေပးတာကို ဆႏၵျပပြဲမွာပါခဲ့တဲ့သူေတြကို ျပန္ေျပာတဲ့သူမွန္သမွ်..

သူတို႔ကို ေပးထားသမွ် အားလံုးကို သူျပန္ယူမွာ။

သူတို႔ရဲ႕ကိုယ္ေပၚမွာ ဒီတန္ခိုးအာ႐ံုကို စြဲထင္က်န္ေနေအာင္ လုပ္ၿပီးၿပီ။ ဘယ္သူကမွ သူ႔ကို လွည့္ျဖားလို႔မရဘူး။

လူအားလံုး လိုက္ပို႔ေပးတဲ့ၾကားမွာ ကၽြမ္းက်ိဳးနဲ႔ ဟန္ခ်င္းေ႐ွာင္း အတူတူ ထြက္သြားၾကတယ္။

သူထြက္သြားတာနဲ႔ အခုေလးတင္ အတန္းၿပီးသြားတဲ့ စတုတၳႏွစ္ေက်ာင္းသားေတြဟာ အားလံုး အဝိုင္းခံလိုက္ရတယ္။

"စီနီယာ သူက တကယ္ပဲ ထူးဆန္းအံ့ဖြယ္ဆရာသခင္ေလးဆိုတာလား"

"အခုေလးတင္ အတန္းထဲမွာ ဘာေတြသင္ေပးလိုက္တာလဲ"

ေမးခြန္းေတြ တစ္ခုၿပီးတစ္ခု တရစပ္ထြက္လာတယ္။ လူတိုင္းက တကယ့္ကို သိခ်င္လြန္းလို႔ ေသေတာ့မယ္။

စတုတၳႏွစ္စီနီယာေက်ာင္းသားေတြက ဘာကိုမွ မဖံုးကြယ္ထားဘူး: "ကၽြမ္း-ေလာင္႐ွီးက ငါတို႔ကို ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံတဲ့ စြမ္းအင္အရင္းအျမစ္တပ္ဆင္နည္းစနစ္ကိုပဲ သင္ေပးခဲ့တယ္။ ေနာက္ၿပီး ငါတို႔ထဲက တခ်ိဳ႕ဆို ေအာင္ျမင္သြားၿပီ။ ကၽြမ္း-ေလာင္႐ွီးက တကယ္ပဲ အရမ္းကို အံ့ဩစရာေကာင္းတယ္! သူက ဒီအမိုက္စားနည္းပညာေတြအားလံုးကို ငါတို႔ကို အကုန္အလကား သင္ေပးခဲ့တာ! သူက အဲဒီ စိတ္သႏၱာန္မက္ခါ တီထြင္ႏိုင္တဲ့ ဆရာသခင္ေလးပဲ။ ဒီေန႔ကစၿပီး ငါက သူ႔ရဲ႕ အမာခံပရိသတ္ပဲ"

အခုေလးတင္ အတန္းၿပီးလာတဲ့ စီနီယာေက်ာင္းသားေတြနဲ႔ ကြာျခားစြာ ဆႏၵျပပြဲမွာပါခဲ့တဲ့ ေက်ာင္းသားေတြအားလံုးရဲ႕ မ်က္ႏွာေတြဟာ လံုးဝ ေျပာင္းလဲသြားတယ္။

သူတို႔ဟာ ကၽြမ္းက်ိဳးရဲ႕ စကားေတြကို ျပန္ၿပီးၾကားေယာင္လာတယ္။

သူတို႔နဲ႔ သူတို႔မိသားစု၊ သူငယ္ခ်င္းေတြေရာ ဘယ္သူကမွ သူ႔လက္ထဲကေန ဘာမွရမွာမဟုတ္ဘူး!

စိတ္သႏၱာန္မက္ခါေတြက အဓိကထုတ္ကုန္ေတြ ျဖစ္လာတဲ့အခ်ိန္၊ ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံတဲ့ စြမ္းအင္အရင္းအျမစ္တပ္ဆင္နည္းစနစ္ေတြ ေဈးကြက္ထဲမွာ တရားဝင္ေပၚလာတဲ့အခ်ိန္ ဘယ္သူက အတိတ္က မက္ခါေတြကို လိုခ်င္ေနဦးမွာလဲ။ ဘယ္သူက ဓာတ္ေရာင္ျခည္သင့္မွာကို ေၾကာက္႐ြံ႕ေနရမဲ့ဒဏ္ကို သည္းခံခ်င္ဦးမွာလဲ။

အထူးသျဖင့္ တိုက္ခိုက္ေရးဌာနက ေက်ာင္းသား အေတာ္မ်ားမ်ားပဲ။ သူတို႔ရဲ႕ ပန္းတိုင္က စစ္တပ္ကို ဝင္ရဖို႔! သူတို႔ရဲ႕ ဆႏၵက သူတို႔ကိုယ္ပိုင္မက္ခါတစ္စီး ပိုင္ရဖို႔ပဲ!

ဒါေပမဲ့ အခုေတာ့ စိတ္သႏၱာန္မက္ခါေတြ စၿပီးေပၚလာၿပီဆိုကာမွ သူတို႔ရဲ႕ ႐ူးမိုက္မႈေတြရဲ႕ အက်ိဳးဆက္ေတြအတြက္ ေပးဆပ္ဖို႔ လုိအပ္လာၿပီတဲ့ေလ!

အေျခာက္ျခားဆံုး ေက်ာင္းသားေတြကေတာ့ မက္ခါဒီဇိုင္းဌာနက ေက်ာင္းသားေတြပါပဲ။

မက္ခါဒီဇိုင္းဌာနက ေက်ာင္းသားေတြအေနနဲ႔ ဘယ္ေက်ာင္းသားက မိသားစုတိုင္းက သိၾကတဲ့ နာမည္ေက်ာ္ ကယ္လုအန္းလို ဆရာႀကီးတစ္ေယာက္ မျဖစ္ခ်င္ဘဲ ေနမွာလဲ။ ဘယ္သူကေရာ တစ္ကမၻာလံုးရဲ႕ အာ႐ံုစိုက္မႈကို ခံရတဲ့ မက္ခါတစ္စီးကို မတီထြင္ခ်င္ဘဲ ေနမွာလဲ။

ဒါေပမဲ့ အခုေတာ့ သူတို႔ေတြ သင္ယူခြင့္မရတဲ့အခ်ိန္မွာ အတန္းေဖာ္ေတြက အဆင့္အျမင့္ဆံုးနည္းပညာေတြကို သင္ယူေနၿပီ!

သူတို႔အတန္းေဖာ္ေတြအားလံုး စိတ္သႏၱာန္မက္ခါေတြ ဘယ္လုိလုပ္ရလဲသိသြားတဲ့အခ်ိန္မွာ သူတို႔ကေတာ့ သူတို႔လုပ္တဲ့မက္ခါကိုေတာင္ ေရာင္းႏိုင္မွာမဟုတ္ဘူး!

က်န္းကၽြင္းရဲ႕ အသားအေရက အလြန္အမင္းကို ၾကည့္မေကာင္း႐ႈမေကာင္း ျဖစ္ေနတယ္။ သူနဲ႔ တျခားသူေတြက မတူဘူး။ သူ႔မိသားစုက မက္ခါထုတ္လုပ္ေရးကုမၸဏီတစ္ခုက ျဖစ္တယ္။

တကယ္လို႔ စီနီယာေတြသာ အမွန္အတိုင္းေျပာတာဆိုရင္၊ တကယ္လို႔ ကၽြမ္းက်ိဳးကသာ သူ႔စကားအတိုင္းတည္ဖို႔ စီစဥ္ထားရင္ သူနဲ႔ သူ႔မိသားစုက.....

သူက အံႀကိတ္လိုက္ၿပီး သူ႔သူငယ္ခ်င္းေကာင္းဘက္ကို လွည့္လိုက္တယ္: "အား-ေဟာင္ အခုခ်က္ခ်င္း....."

သူက ဒီစကားေတြ ေျပာ႐ံုပဲ႐ွိေသး အား-ေဟာင္က ႐ုတ္တရက္ ေျပးသြားၿပီး အလ်င္စလို သူတို႔ၾကားမွာ အကြာအေဝးအႀကီးႀကီးတစ္ခုျခားထားကာ တစ္ခ်ိန္တည္းမွာ ေျပာလာတယ္: "က်န္းကၽြင္း ငါေတာင္းပန္ပါတယ္။ ငါ့မွာသာ စဥ္းစားစရာ မိသားစုမ႐ွိခဲ့ရင္ ငါက ေသခ်ာေပါက္၊ ေသခ်ာေပါက္ ေသရင္ေတာင္ အခက္အခဲၾကားမွာ မင္းဘက္က ရပ္တည္ေပးမွာပါ။ ဒါေပမဲ့ ငါက တစ္ေယာက္တည္းမဟုတ္ဘူး.... ငါ့မိသားစုကိုပါ မင္းအမွားရဲ႕ အက်ိဳးဆက္ေတြကို မခံစားေစခ်င္ဘူး။ ငါ..... ငါေတာင္းပန္ပါတယ္"

ဒီလိုေျပာရင္းနဲ႔ အား-ေဟာင္က အေဝးႀကီးကို ေျပးသြားၿပီး ထာဝရထြက္ခြာသြားတယ္။

က်န္းကၽြင္းရဲ႕မ်က္ႏွာက ပိုလို႔ေတာင္ ျဖဴဆုတ္လာတယ္။ သူ အား-ေဟာင္ရဲ႕စကားေတြကို ေကာင္းေကာင္းႀကီး နားလည္တယ္။ ဒါက သူတို႔ရဲ႕သူငယ္ခ်င္းဆက္ဆံေရးကို ျဖတ္ေတာက္လိုက္တာပဲ၊ ေနာက္အနာဂတ္မွာ ဘယ္ေတာ့မွ ဆက္ႏြယ္မႈဆိုတာ ႐ွိေတာ့မွာမဟုတ္ဘူး။

က်န္းကၽြင္းပတ္ဝန္းက်င္မွာလည္း တူညီတဲ့ အေျခအေနေတြ ျဖစ္ပ်က္ေနတယ္။

ဆႏၵျပပြဲမွာပါခဲ့တဲ့ အဲဒီေက်ာင္းသားေတြဟာ ႐ုတ္တရက္ သူတို႔ရဲ႕သူငယ္ခ်င္းအရင္းႀကီးေတြက အားလံုး သူတို႔ကို႐ုတ္ျခည္း မသိေတာ့သလိုလုပ္တာေတြကို ေတြ႕ေနရတယ္။ အေယာက္တိုင္း အေယာက္တိုင္းက သူတို႔ ဘယ္တုန္းကမွ မေတြ႕ဖူးခဲ့သလိုမ်ိဳး အေဝးကို ခြာသြားၾကတယ္။

မခံမရပ္ႏိုင္ျဖစ္ျခင္း၊ ေဒါသထြက္ျခင္း၊ ေနာင္တရျခင္းနဲ႔ စိတ္ခံစားခ်က္မ်ိဳးစံုဟာ သူတို႔ႏွလံုးသားအတြင္းထဲကေန ေပါက္ကြဲထြက္လာၾကတယ္။ သို႔ေပမဲ့ ဘာတစ္ခုကမွ အသံုးမဝင္ဘူး။ ဒီလိုလုပ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာ သူတို႔ပဲေလ။ လူတိုင္းက သူတို႔ရဲ႕ကိုယ္ပိုင္ အမွားေတြအတြက္ တာဝန္ယူဖို႔လိုအပ္တယ္။ 'ေတာင္းပန္ပါတယ္' ဆိုၿပီး ႐ိုး႐ိုး႐ွင္း႐ွင္းေျပာၿပီး ဘာမွမျဖစ္သလို ဟန္ေဆာင္႐ံုနဲ႔ မရဘူး။

-

#ကၽြမ္းက်ိဳး စိတ္သႏၱာန္မက္ခါ#

#ကၽြမ္းက်ိဳးဆရာအျဖစ္စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ေက်ာင္းသားမ်ားကိုသင္ၾကား#

#ကၽြမ္းက်ိဳးရဲ႕သ႐ုပ္မွန္#

အတန္းၿပီးသြားတာနဲ႔ ကၽြမ္းက်ိဳးက ၾကယ္စုကြန္ရက္ရဲ႕ ေရပန္းအစားဆံုး႐ွာေဖြမႈစာရင္းထိပ္ကို အလင္းရဲ႕အျမန္ႏႈန္းနဲ႔ ထိုးတက္သြားျပန္တယ္။

ဒီနာမည္ႀကီးမႈက ဝမ္ေ႐ွာင္းယြင္ သူ႔ကို တရားဝင္ေၾကညာလိုက္တုန္းကထက္ေတာင္ ျမင့္မားေနေသးတယ္!

သူတစ္ေယာက္တည္းနဲ႔ကို ေရပန္းစားတဲ့ tags ထိပ္ဆံုး ၁၀ ခုရဲ႕ အေရအတြက္အေတာ္မ်ားမ်ားကို ေနရာယူထားတယ္!

ေက်ာင္းအုပ္ေဒးစြန္က ကိုယ္တိုင္ ကၽြမ္းက်ိဳးကို နံပါတ္တစ္စစ္သင္တန္းေက်ာင္းက ဆရာတစ္ေယာက္အေနနဲ႔ ႀကိဳဆိုပါတယ္ဆိုတဲ့အေၾကာင္း ပို႔စ္တင္ထားေသးတယ္။ သူက ကၽြမ္းက်ိဳးရဲ႕ ကိုယ္က်ိဳးမငဲ့တဲ့ အျပဳအမူကို ခ်ီးက်ဴးတဲ့စကားေတြ မေရမတြက္ႏိုင္ေအာင္ သံုးထားေသးတယ္။

ကယ္လုအန္းကလည္း အရင္က သူေျပာဖူးတယ္ဆိုတာကို ထုတ္ေျပာၿပီး အဲဒီပို႔စ္ကို ျပန္တင္လိုက္တယ္။ ဒါက အလြန္ငယ္တဲ့ "ဆရာသခင္ေလးပဲ"။ ဒီအသက္အ႐ြယ္က ေနာက္စရာမဟုတ္ဘူး။ သူက တကယ့္ကုိ အလြန္ငယ္တယ္။

ေဒးစြန္ရဲ႕ေထာက္ခံမႈနဲ႔ ဆရာႀကီးကယ္လုအန္းရဲ႕ အတည္ျပဳမႈနဲ႔ဆို ဘယ္သူမွ ကၽြမ္းက်ိဳးဘယ္သူဘယ္ဝါဆိုတာကို သံသယ႐ွိၾကေတာ့မွာ မဟုတ္ဘူး!

တျခားႏိုင္ငံကသူေတြ ဒါကိုသိေတာ့ သူတို႔ေတြလည္း စတင္ၿပီး @ဝမ္ေ႐ွာင္းယြင္ ကို ၾကယ္စုကြန္ရက္မွာ ထိတ္ထိတ္ျပာျပာနဲ႔ မန္း႐ွင္းေခၚလာၾကတယ္......

ကၽြမ္းက်ိဳးကို open account တစ္ခု ဘယ္သူက သံုးခြင့္မေပးတာလဲ။ သူတို႔က @ဝမ္ေ႐ွာင္းယြင္ကိုပဲ သံုးၿပီး အေယာက္တိုင္းက ကၽြမ္းက်ိဳးကို သူတို႔ႏိုင္ငံကို ဖိတ္ဖို႔ မိုးထိုးေနတဲ့ေဈးႏႈန္းေတြ ေပးလာၾကတယ္။

"ဆရာႀကီးကၽြမ္း ကၽြန္ေတာ္တို႔ႏိုင္ငံက ေက်ာင္းသားေတြက ေသခ်ာေပါက္ ဆရာ့ကို ဆန္႔က်င္ဖို႔ စာတန္းေတြလည္း မလႊင့္ပါဘူး။ ကၽြန္ေတာ္တို႔ႏိုင္ငံကို လာသင့္တယ္!"

"ကၽြန္ေတာ္တို႔ႏိုင္ငံလည္း မလုပ္ဘူး။ ကၽြန္ေတာ္တို႔ရဲ႕မဟာမိတ္က စၾကဝဠာမွာ အေဖာ္ေ႐ြဆံုး အဖြဲ႔အစည္းပါပဲ။ ဆရာႀကီးကၽြမ္း ဒီကိုလာရင္ ဆရာသက္သက္ေတာင္မဟုတ္ဘူး၊ ပေရာ္ဖက္ဆာလည္း လုပ္လို႔ရတယ္၊ ေက်ာင္းအုပ္ေတာင္ လုပ္လို႔ရေသးတယ္....."

တျခားႏိုင္ငံေတြက လူသိထင္႐ွား ကၽြမ္းက်ိဳးကို ခိုးယူဖို႔ ႀကိဳးစားေနၾကေတာ့ အင္ပါယာက အင္တာနက္သံုးသူေတြက ဒါကို ဖတ္ၿပီး ေဒါသေတြ ထြက္လာၾကတယ္။

ဒါက သူတို႔အင္ပါယာရဲ႕ ဆရာႀကီးေလ။ တျခားသူေတြက သူ႔ကို ဒီေလာက္ ပြင့္ပြင့္လင္းလင္းနဲ႔ မ်က္ႏွာေျပာင္စြာ ခိုးယူဖို႔ ႀကိဳးစားေနၾကတာ ဘာလို႔မ႐ွက္ၾကတာလဲ။

အဲဒီေနာက္ အင္တာနက္သံုးသူေတြက ဆႏၵျပဖို႔ စုေဝးတဲ့ ေက်ာင္းသားေတြကို ျပန္သတိရသြားၿပီး သူတို႔ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ကို ဆြဲထုတ္လာၿပီး အြန္လိုင္းေပၚကို ခ်ျပလာၾကတယ္။ ဒါေတြအကုန္လံုးက သူတို႔ေၾကာင့္ပဲ။ သူတို႔အင္ပါယာက သူတို႔ေၾကာင့္နဲ႔ ဆရာႀကီးတစ္ေယာက္ကို ဆံုး႐ႈံးရေတာ့မလို႔။

သူတို႔သာ ကၽြမ္းက်ိဳးကို ဆက္ၿပီးေခၚထားႏိုင္ရင္ အင္ပါယာက စၾကဝဠာတစ္ခုလံုးရဲ႕ လူသားအဖြဲ႔အစည္းထဲမွာ စိတ္သႏၱာန္မက္ခါကို ရ႐ွိတဲ့ ပထမဦးဆံုး ႏိုင္ငံျဖစ္လာမွာ။ အင္ပါယာက အဆင့္အျမင့္ဆံုးလူသားအဖြဲ႔အစည္း ျဖစ္လာေတာ့မွာ!

အင္တာနက္သံုးသူေတြက အမ်ားအျမင္မွာေတာင္ ကြန္းမန္႔ ေပးလာၾကတယ္: "အရင္က ဆရာႀကီးကၽြမ္းက နည္းနည္းပါးပါး ၾကည့္ေကာင္း႐ံုပဲ၊ ဗိုလ္ခ်ဳပ္ႀကီးဝမ္နဲ႔ မတန္ဘူးလို႔ေတာင္ ထင္ခဲ့တာ... အခုေတာ့ QAQ ငါမွားသြားၿပီ"

"ဗိုလ္ခ်ဳပ္ႀကီးဝမ္ကမွ ဆရာႀကီးကၽြမ္းနဲ႔ မတန္တဲ့သူပဲ အားးး!!! ဝမ္ေ႐ွာင္းယြင္ ဘယ္လိုလုပ္ႏိုင္ရတာလဲ o(╥﹏╥)o"

"ငါမယံုဘူး။ ငါမယံုဘူး။ သူတို႔က တကယ္ပဲ အတူတူ႐ွိေနၾကၿပီဆိုတာ ငါမယံုဘူး။ ဆရာႀကီးကၽြမ္းက single ပဲ ျဖစ္ရမွာေလ၊ ငါ့မွာအခြင့္အေရး႐ွိေသးတယ္!"

-

ဘယ္႐ြန္ေပၚသြင့္အိမ္ေတာ္

တီးဝမ္ဟာ ကၽြမ္းက်ိဳးက တကယ္ပဲ အဲဒီဆရာသခင္ေလးဆိုတာကို အတည္ျပဳၿပီးသြားေတာ့ သူက အရမ္းစိတ္ဆိုးလြန္းလို႔ ႐ွိသမွ်ပစၥည္းေတြအကုန္လံုး ေျမေပၚကို ပစ္ခြဲပစ္လုိက္တယ္။

"သူက ငါ့ကို ကစားသြားတာပဲ!!"

ဘယ္႐ြန္ေပၚသြင့္ကေတာ့ တည္ၿငိမ္ေနတယ္: "ပိုၿပီး အေကာင္းျမင္ၾကည့္စမ္းပါ။ အနည္းဆံုးေတာ့ မင္းရဲ႕သံသယေတြက မမွားဘူးေလ။ တကယ္ပဲသူျဖစ္ေနတာပဲ"

တီးဝမ္က ေဒါသတႀကီး ေျပာတယ္: "ကၽြန္ေတာ္က သူ႔ကို စိတ္ဆိုးေအာင္ လုပ္မိသြားၿပီ။ သူက ကၽြန္ေတာ့္အတြက္ မက္ခါ ေဆာက္ေပးပါဦးမလား"

ဘယ္႐ြန္ေပၚသြင့္က ေျပာတယ္: "သူက ေက်ာင္းသားေတြကို အမ်ားအလယ္မွာ စၿပီး သင္ေပးေနၿပီမလား။ ႀကံဳတဲ့ ေက်ာင္းသားတစ္ေယာက္ကို ႐ွာၿပီး ေမးၾကည့္လုိက္"

တီးဝမ္က စိတ္ၿငိမ္ေအာင္ အေကာင္းဆံုး ႀကိဳးစားလိုက္တယ္။ "အဲဒီေက်ာင္းသားေတြက စကားေျပာပါ့မလား။ ကၽြမ္းက်ိဳးက သူတို႔ကို တျခားသူေတြကို မေျပာရဘူးလို႔ ေသခ်ာ ေျပာထားတာမလား"

ဘယ္႐ြန္ေပၚသြင့္က ဆိုတယ္: "ဒီေလာက္ လူေတြအမ်ားႀကီးကို သူက ဘယ္လိုလုပ္လိုက္ၾကည့္ႏိုင္မွာလဲ။ သူက တစ္ေယာက္တည္း ႐ွိတာေလ။ ဘယ္သူက ေျပာလဲ မေျပာလဲ ဘယ္လိုလုပ္သိမွာလဲ။ ဒီကမာၻႀကီးမွာ ပိုက္ဆံနဲ႔ ရာထုးသာ႐ွိရင္ အရာေတြအမ်ားႀကီးကို ဝယ္လို႔ရတယ္။ မႀကိဳးစားၾကည့္ဘဲ အလုပ္ျဖစ္မျဖစ္ ဘယ္လိုလုပ္သိမွာလဲ"

တီးဝမ္က အသက္ျပင္းျပင္းတစ္ခ်က္ ႐ွဴလိုက္တယ္: "ကၽြန္ေတာ္ၾကားတာေတာ့ ဒါကို သင္ၿပီးတဲ့ေက်ာင္းသားေတြ အမ်ားႀကီး႐ွိေနၿပီတဲ့။ ဒီေတာ့ နည္းပညာကိုသာ နားလည္သြားရင္ မက္ခါဒီဇိုင္းနာေတြ အကုန္လံုးက လုပ္လို႔ရၿပီ။ ဟုန္႐ွစ္ကၽြင္း အဲဒီငတံုး ဒီတစ္ေလွ်ာက္လံုး သူဘာလို႔ ဒါကို မသိရတာလဲ....."

ဟန္႐ွစ္ကၽြင္းကို အႀကိမ္အနည္းငယ္ ဆဲေရးတိုင္းထြာလိုက္ၿပီးေနာက္ တီးဝမ္က ေနာက္ဆံုးေတာ့ ဘယ္႐ြန္ေပၚသြင့္နဲ႔ ဘာဆက္လုပ္ရမလဲဆိုတာ တိုင္ပင္ေတာ့တယ္။

ႏွစ္နာရီၾကာေသာ္

နံပါတ္တစ္စစ္သင္တန္းေက်ာင္းက မက္ခါဒီဇိုင္းေက်ာင္းသားတစ္ေယာက္ကို ဘယ္႐ြန္အိမ္ေတာ္ကို ေခၚလာၾကတယ္။

သူ႔ကို အလြန္ ဂ႐ုတစိုက္နဲ႔ ေခၚလာတာျဖစ္တယ္။ ဘယ္သူမွ သတိမထားမိဘူး။

သူ ဘယ္႐ြန္အိမ္ေတာ္ကို ေရာက္တဲ့အခါမွာ စိတ္လႈပ္႐ွားတာေရာ ေၾကာက္တာေရာ ႏွစ္မ်ိဳးလံုး ခံစားေနရတယ္။

ခဏအၾကာမွာ ဘယ္႐ြန္ေပၚသြင့္က ကိုယ္တိုင္ကိုယ္က် သူ႔ကို ႀကိဳဆိုၿပီး အလြန္ေဖာ္ေ႐ြစြာ ၿပံဳးျပလာတယ္: "မင္းက ေက်ာင္းသား ေလ်ာက္က်စ္ဖ်င္ လား"

ေလ်ာက္က်စ္ဖ်င္က အလ်င္စလို ႐ိုေသစြာ ဂါရဝျပဳလိုက္တယ္: "ဟုတ္ ဟုတ္ပါတယ္..."

ဘယ္႐ြန္ေပၚသြင့္က ၿပံဳးၿပီးေျပာလိုက္တယ္: "လုပ္႐ိုးလုပ္စဥ္ေတြ လုပ္မေနပါနဲ႔၊ မင္းကို ေခၚလာတဲ့သူက ငါ့ရဲ႕ကတိကို မင္းကိုေျပာျပၿပီးၿပီမလား။ ဒီေတာ့ မင္းရဲ႕အေျဖက...."

ေလ်ာက္က်စ္ဖ်င္က အသက္ခပ္ျပင္းျပင္း႐ွဴသြင္းလိုက္ၿပီး သူ႔ရဲ႕အိပ္ေဆာင္ၾကယ္စုအိတ္ထဲကေန ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံထားတဲ့ စြမ္းအင္တပ္ဆင္စနစ္ကို ထုတ္လိုက္တယ္: "အတန္းထဲမွာ ကၽြန္ေတာ္ကိုယ္တိုင္ လုပ္ထားတာပါ။ ဒါက ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံထားတယ္ဆိုတာ စစ္ေဆးၿပီးသားပါ...."

ဘယ္႐ြန္ေပၚသြင့္က ပိုလို႔ေတာင္ ႐ႊင္ျမဴးစြာ ၿပံဳးလိုက္တယ္: "လိမၼာတဲ့ကေလးပဲ"

..................xxx..................

Continue Reading

You'll Also Like

180K 34.1K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
108K 10.1K 65
"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။" ~~~ Myanmar translation of 江山许你 by 白芥子 ...
72.9K 10.3K 51
Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extras (Completed) Genre - Drama, Romance...
266K 42K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story