Unicode
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
[ အသုံးမကျသော ကလေးတစ်ယောက် ဖြစ်လာခြင်း။ ]
"ကဲ ငါတို့အားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ တောင်ပေါ်တက်ကြရအောင်။ ချီအဘိုးအို.. ဝမ်ခဲ့
အခုပဲ ထွက်ခွာပါပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားက အဘိုးအိုအား ဦးညွှတ်နှုတ်ဆက်ခဲ့သည်။
သိုင်းပညာရှင်လူငယ်များသည် ထုံးကျောက်ချပ် လမ်းအတိုင်း လိုက်ပါသွားကြသည်။ လမ်းတစ်လျှောက် လုံး၌ သူတို့၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားလို့ မရပါချေ။
ကုဖေးတိ၏ ခြေလှမ်းများသည် ခဏရပ်တန့်သွားပြီး နောက်ဆုံးအကြိမ် ပိတ်ထားသောတံခါးကို ပြန်ကြည့်လိုက်၏။
ဖူလင်းယွင်က ပြောလိုက်သည်။
"ရှောင်ရှစ်ရှုံး.. အခုသွားကြရတော့မယ်လေ"
ကုဖေးတိသည် အံကြိတ်ကာ လက်သီးများကို ဆုပ်ထားသည်။ ခဏလောက် တုံ့ဆိုင်းနေပြီးနောက် လှည့်ထွက်ဖို့ ပြင်ဆင်လိုက်၏။
"လူငယ်လေး.."
ခြံတံခါးဝ၌ မျက်လုံးမှိတ်ပြီး အနားယူနေတဲ့ ချီအဘိုးအိုသည် ရုတ်တရက် စကားစပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခပ်လှမ်းလှမ်းသို့ ရောက်နေခဲ့သော်လည်း ထိုစကားကြားသောအခါ ရပ်လိုက်ပြီး အဘိုးအိုထံ ပြန်လှည့်ကာ မေးလိုက်၏။
"ချီအဘိုးအို.. နောက်ထပ် ညွှန်ကြားစရာများ ရှိလို့လား"
အဘိုးအိုက ဘာမှပြန်မဖြေဘဲ မျက်လုံးမှိတ်ပြီး ဖြည်းညှင်းစွာဆက်ပြောသည်။
"လူငယ်လေး.. တခါတရံ ဆုံးဖြတ်ချက်တစ်ခုက မင်းကို ရေတိုအကျိုးအမြတ်ကို ပေးစွမ်းနိုင်တယ်... ဒါပေမယ့် နောင်လာမယ့်နေ့တွေမှာ ဒီအခိုက်အတန့်ကို မင်းပြန်တွေးတိုင်း အဲဒီဟာက မင်းရဲ့နှလုံးသားထဲမှာ ဆူးပင်ဖြစ်လာပြီး ဘယ်တော့မှ ဖယ်ရှားနိုင်တော့မှာ မဟုတ်ဘူး။ သိုင်းပညာရှင် တစ်ယောက်ရဲ့ မတည်မငြိမ်ဖြစ်နေတဲ့စိတ်က တိုးတက်မှုကို အဟန့်အတားဖြစ်စေလိမ့်မယ်"
ကုဖေးတိက အဘိုးအိုကိုကြည့်ရန် ရုတ်တရက် ခေါင်းမော့လိုက်သည်။
သို့သော် အဘိုးအိုက ဘာမှ ဆက်မပြောတော့ပေ။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤအချိန်မှာ ထွက်ခွာရန် အလျင်စလိုမရှိပေ။ သူသည် ကျောက်လှေကားထစ်များပေါ်တွင် ရပ်နေပြီး သူ့ရှေ့မှ သိုင်းပညာရှင် အယောက်နှစ်ဆယ်အား ငုံ့ကြည့်နေကာ ချီအဘိုးအိုမှ အကြံပေးသည့် လူငယ်ကို စောင့်နေလေသည်။
ချီအဘိုးအိုသည် ကျောက်စိမ်အိမ်တော်၌ နှစ်ပေါင်းများစွာနေခဲ့ပြီး လောကီရေးရာများကို အမြဲလျစ်လျူရှုခဲ့သည်။ အကယ်၍ သူကိုယ်တိုင် စကားစပြောရန် အားထုတ်ခဲ့လျှင် ထိုလူငယ်သည် အလွန်အရည်အချင်းရှိသူဖြစ်ပြီး သူသည် ထိုလူငယ်လေး လမ်းလွဲသွားမည်ကို သည်းမခံ နိုင်ခြင်းကြောင့် ဖြစ်ရမည်။
ကုဖေးတိသည် သူ့အကြည့်များကို ဖြေလျှော့လိုက်ပြီး ခဏလောက် မျက်လုံးကို ဆတ်ခနဲမှိတ်လိုက်သည်။ သူမျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ သူ့စိတ်ထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာလေ၏။
သူသည် လယ်ယာအိမ်ရှေ့ရှိ အဘိုးအိုကို လေးလေးစားစား ဦီးညွှတ်ကာ ဆို၏။
"လူကြီးမင်းရဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်!"
သူသည် ချက်ချင်းပင် လူလတ်ပိုင်းအရွယ် အမျိုးသားကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"လူကြီးမင်း.. ဇွဲရှိရှိ လေ့ကျင့်နေခဲ့တဲ့ နောက်ထပ် လူငယ်တယောက် ထပ်ရှိသေးပါတယ်.. မနေ့က သူအိပ်ယာမဝင်ခင် ခြံဝင်းထဲမှာ သိုင်းလေ့ကျင့် နေတာကို ကျွန်တော်တွေ့ခဲ့တယ်။ ကျွန်တော် မနက်အစောကြီး အိပ်ရာထလာတဲ့အချိန်မှ သူအနားယူဖို့ အိမ်ထဲ ပြန်ဝင်သွားခဲ့တာ.. မနေ့ညက ကြိုးစားပမ်းစား လေ့ကျင့်ခဲ့တာဆိုတော့ မိုးမလင်းခင် အိပ်ရာ မထနိုင်ခဲ့ဘူး ထင်ပါတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်သည်။
"အိုး.. ဘယ်လူငယ်လေးများလဲ"
ကုဖေးတိက ပြန်ဖြေလိုက်သည်။
"သူက မိစ္ဆာ.. ယင်ထန်နတ်ဂိုဏ်းရဲ့ လူငယ်သူရဲကောင်းစုပါ"
သူ့စကားဆုံးသည်နှင့် တောင်တက်လမ်းပေါ်က သိုင်းသမားလူငယ်တွေအားလုံး ချက်ချင်း ဖရိုဖရဲ ဖြစ်သွားကြသည်။
ဖူလင်းယွင်က ထိတ်လန့်တကြား ဆို၏။
"ရှောင်ရှစ်ရှုံး.. မင်း ဘာပြောလိုက်တာလဲ!"
ရွှီယွင်ကျန်းလည်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဖေးတိ.. ဒါအမှန်ပဲလား"
လူတိုင်း၏ သံသယမျက်လုံးများရှေ့တွင် ကုဖေးတိသည် တည်ငြိမ်စွာ ခေါင်းညိတ်ပြခဲ့သည်။
"သူက မနေ့ည သန်းခေါင်ယံကနေ မိုးသောက်ယံအထိ ခြံဝင်းထဲမှာ သိုင်းလေ့ကျင့်နေခဲ့တယ်" ကုဖေးတိသည် ပါးပြင်များ အနည်းငယ်နီမြန်းလာကာ မျက်လွှာချပြီး ဆက်ပြော၏။
"ဖေးတိ ရှက်ရွံ့မိပါတယ်။ အစက ဒီအမှန်တရားကို ဖုံးကွယ်ဖို့ စဉ်းစားခဲ့ဖူးတယ်.."
"ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့အခါ အမှားတွေကို ရှောင်ရှားဖို့ခက်ခဲပါတယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလျက်ဆို၏။ "ကိုယ့်ရဲ့အမှားကို သိမြင်ပြီး ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲနိုင်ဖို့က အရေးကြီးဆုံးပဲ"
ကုဖေးတိသည် ခေါင်းကို မော့ကာ ထိုလူလတ်ပိုင်းကို တိုက်ရိုက်ကြည့်လိုက်၏။
"ဖေးတိ နားလည်ပါပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်ပြန်သည်။
"မင်းအမှားကို ဝန်ခံထားပေမယ့် ပြစ်ဒဏ်ကတော့ ရှောင်လွှဲလို့ မရဘူး.. မင်းမှာ ကန့်ကွက်စရာရှိလား"
ကုဖေးတိပြန်မဖြေမီ ဖူလင်းယွင်သည် စိုးရိမ်တကြီးနှင့် ဖြတ်ပြောလိုက်၏။
"လူကြီးမင်း.. ဖေးတိက အဲဒါကို ဖုံးကွယ်ဖို့ မရည်ရွယ်ပါဘူး.. ဒါက တစ်ယောက်ယောက်ရဲ့ အမှားဆိုရင် အဲ့တာက လူကြီးမင်းရဲ့အမှား ဖြစ်မှာပဲ။ မနက်မိုးလင်းတဲ့အချိန် ခြံဝင်းထဲမှာ ရှိတဲ့သူတွေကသာ အကဲဖြတ်မှု အောင်မြင်တယ်လို့ ပြောခဲ့တာလေ"
ရွှီယွင်ကျန်းသည် ဘေးတွင်ရပ်နေပြီး ဖူလင်းယွင်၏ ပါးစပ်ကို ဖုံးအုပ်ချင်သော်လည်း ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်အောက်တွင် ရှိနေသောကြောင့် သူ မလုပ်ရဲခဲ့ပေ။ ၎င်းအစား ဖူလင်းယွင်၏ အင်္ကျီလက်ကိုသာ တင်းတင်းဆွဲထား၏။
ဖူလင်းယွင်က ဂရုမစိုက်ဘဲ ဆက်ပြောလေသည်။
"နတ်ဆိုး... လူငယ်သူရဲကောင်းစုက မနေ့ညမှာ ဝီရိယရှိရှိ လေ့ကျင့်ခဲ့ပေမဲ့ မနက်မိုးလင်းတော့ သူမထနိုင်ခဲ့ဘူး! လင်းယွင်က ဖေးတိကို အပြစ်မတင်သင့်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် လူငယ်သူရဲကောင်းစုကို တစ်ယောက်ယောက်တော့ အကြောင်းကြားပေးသင့်တယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက ဖူလင်းယွင်ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်သည်။
ဖူလင်းယွင်၏မျက်လုံးထဲ၌ ကြောက်ရွံ့စိုးရိမ်ခြင်းများ ပေါ်လွင်နေသော်လည်း သူမသည် သူ့အကြည့်ကို မရှောင်လွှဲဘဲ သတ္တိရှိရှိ ရင်ဆိုင်လိုက်လေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် ရယ်မောလိုက်၏။
"မင်းက ရဲရင့်သားပဲ။ ငါ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မတွန့်ဆုတ်ဘဲ မင်းရဲ့အပေါင်းအဖော်ကို ကာကွယ်လိုတယ်။ မင်းမှာ သိုင်းလောကသား လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ရှိတယ်ဆိုတာ သေချာပါတယ်"
သူ့စကားက ကဲ့ရဲ့ဝေဖန်ခြင်း မဟုတ်တဲ့အတွက် ဖူလင်းယွင်လည်း အလွန်ဝမ်းသာသွား၏။
သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားက ဆက်ပြောလိုက်သည်။
"ဒါပေမယ့် သူ့ကို အပြစ်မပေးဖို့တော့ မဖြစ်နိုင်ဘူး"
"ဒါပေမယ့် လူကြီးမင်း.. "
"ကုဖေးတိ.. မင်းရဲ့ အပြစ်ဒဏ်က စုယန်ကို မင်းကိုယ်တိုင် သွားပြောပြီး ခေါ်လာဖို့ပဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားသည်ဖူလင်းယွင်ကို လျစ်လျူရှုပြီး ကုဖေးတိကို တိုက်ရိုက်ညွှန်ကြားခဲ့သည်။
ကုဖေးတိသည် ခဏတာ ထိတ်လန့်သွားပြီးနောက် လက်သီးဆုပ်ကာ "ဟုတ်ကဲ့" ဟု ပြန်ဖြေသည်။
ထို့နောက် မဆိုင်းမတွလှည့်ကာ လယ်ကွင်းဆီသို့ ပြန်လျှောက်သွား၏။
"အဲ.. အဲဒါက" ဖန်ရှီသည် လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ လှည့်ကာ ပြောလိုက်၏။
"ကျွန်တော် သူနဲ့အတူတူ လိုက်သွားလို့ရမလား? စုယန်နဲ့ ကျွန်တော်က သူငယ်ချင်းတွေမလို့ပါ.. "
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အမူအရာ မပြောင်းလဲဘဲ ဆို၏။
"ဒီပြစ်ဒဏ်က ကုဖေးတိအတွက်ပဲ.. အခြားလူတွေ ဝင်စွက်ဖက်ခွင့်မရှိဘူး"
ဖန်ရှီ၏ နှုတ်ခမ်းကို ပွတ်သပ်ကာ ခေါင်းငုံ့လျက် စကားရပ်လိုက်သည်။
ကုဖေးတိသည် အနီးနားရှိ အခြားသော သိုင်းပညာရှင် လူငယ်များ၏ စောင့်ကြည့်နေမှုအောက်တွင် ခြံထဲသို့ လျှောက်သွားခဲ့သည်။
စုယန် တည်းခိုသည့်အခန်းသို့ သူရောက်လာပြီးနောက် တံခါးကို ညင်သာစွာခေါက်လိုက်၏။
တကယ်တမ်း စုယန်သည် ကုဖေးတိနှင့် လူလတ်ပိုင်း အမျိုးသားတို့၏ စကားပြောဆိုသံကို ကြားနေပြီးသား ဖြစ်သည်။ ကုဖေးတိနှင့် အဘိုးအိုတို့သည် မနေ့ညက အိပ်မပျော်ဘဲ သိုင်းလေ့ကျင့်ဖို့ ထွက်သွားခဲ့သည့် သူ့ကို
တွေ့သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဇာတ်ညွှန်းထဲမှာတော့ သူဟာ ဤစမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး သူ့ပစ္စည်းများကို ထုပ်ပိုးကာ ထွက်ခွာဖို့ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမူ သူသည် မမျှော်လင့်ထားသော ပြဿနာများနှင့် ကြုံခဲ့ရသည်။
သူ့ရှေ့ရှိ ရှုပ်ပွနေသော အဝတ်အစားများကို ကြည့်ကာ စုယန် မျက်လုံးမလှန်ဘဲ မနေနိုင်ပါချေ။
သူသည် မနေ့ညက လေ့ကျင့်မှုပြီးနောက် အိပ်ယာမဝင်ခင် သူ့အဝတ်တွေအားလုံးကို သတိလက်လွတ်ချွတ်ကာ လွှင့်ပစ်ပြီး စောင်နဲ့ပတ်ကာ အိပ်ခဲ့မိသည့်အတွက် နောင်တရနေမိသည်။
မိစ္ဆာဂိုဏ်း၏ ဝတ်စားဆင်ယင်မှုသည် အလွန် ရှုပ်ထွေးသည်။ အတွင်းနှင့်အပြင်တွင် အလွှာသုံးလွှာ ပါရှိပြီး လူတစ်ယောက်၏ ကြော့ရှင်းသော ခန္ဓာကိုယ်ကို ပေါ်လွင်ရန်အတွက် ခါးပတ်နှင့် နေရာတိုင်းတွင် ချည်ကြိုးခွေများပါရှိသည်။ ဇာတ်လမ်းတွင် အဖွဲ့သားများ၏ ၀တ်စုံများကို ရောင်စုံအလှဆင်မှု များဖြင့် ကြွယ်ဝစွာ တန်ဆာဆင်ထားပုံရသော်လည်း တကယ်တမ်းတွင် ဝတ်ရုံနှင့် ခါးပတ်များကို ချိတ်ဖြင့်တိုက်ရိုက် ချိတ်တွယ်ထားခြင်းဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူအဝတ် ဝတ်တဲ့အခါ ပန်းလက်ထောက်က သူ့ဘေးမှ ကူညီပေးခဲ့သည်။ ရိုးရှင်းသော အပြင်ဘက်အလွှာမှလွဲ၍ ပန်းလက်ထောက်သည် ရှုပ်ထွေးပွေလီသော အခြားအလွှာများကို ၀တ်ဆင်ရန် ကူညီပေးခဲ့သည်။
သူ့ဘေး၌ မည်သူမှမရှိတော့သောအခါ စုယန်သည် သိုင်းလောကတခွင်၌ ထင်ရှားကျော်ကြားသော မိစ္ဆာဂိုဏ်း၏ သခင်ငယ်ဟာ မသန်မစွမ်း ကလေးတစ်ယောက်သာ ဖြစ်ကြောင်း သတိပြုမိလေသည်။
အထဲမှ တုံ့ပြန်သံမလာတဲ့အခါ ကုဖေးတိသည် တံခါးကို နောက်တကြိမ် ထပ်ခေါက်လိုက်၏။
"လူငယ်သူရဲကောင်းစု.. ဒီက ကုဖေးတိက မင်းကို တောင်းဆို.."
"သိပါတယ်.. မင်းတို့အားလုံး ပြောတာကို ငါကြားတယ်" နောက်ဆုံးတော့ စုယန်က ပြန်ဖြေလိုက်လေသည်။
"ဒါပေမယ့် ငါ နည်းနည်းဒုက္ခရောက်နေလို့..
ခဏလောက်စောင့်အုံး"
စုယန်သည် ခဏလောက်စဉ်းစားပြီးနောက် ပြောလိုက်၏။
"အိုး! ဖန်ရှီ လာကူညီပေးရင် ပိုကောင်းလိမ့်မယ် ထင်တယ်"
ကျောက်စိမ်းအိမ်တော်မှလူများသည် နားနှင့်မျက်စိများ ပါရှိကြလေရာ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့စကားကို သေချာပေါက်ကြားရပေမည်။
နောက်တစ်စက္ကန့်မှာပင် လူလတ်ပိုင်းအမျိုးသားက ပြောလာသည်။
"ကုဖေးတိ.. စုယန် ဘာအကူအညီလိုနေလဲဆိုတာ သွားကြည့်လိုက်.. ဒါကို မင်းရဲ့အပြစ်ဒဏ်လို့ သတ်မှတ်ပြီး သူ့ကို ကူညီဖြေရှင်းပေးလိုက်ပါ"
စုယန် "....."
မဟုတ်သေးဘူးလေ ဦးလေးကြီးရဲ့.. မင်းဘာလို့ ပုံမှန်အတိုင်း မလုပ်တာလဲ။
ကုဖေးတိသာ သူ့ရဲ့ လက်ရှိပုံစံကိုမြင်သွားမယ်ဆိုရင် ဒါဟာ ကုဖေးတိအတွက် ပြစ်ဒဏ်လား ဒါမှမဟုတ် သူ့အတွက် ပြစ်ဒဏ်လားဆိုတာ စဉ်းစားစရာ ဖြစ်သွားလိမ့်မည်။
ကုဖေးတိသည် တံခါးကို ထပ်ခေါက်လိုက်၏။
"ငါ ဝင်ခဲ့လို့ရမလား"
စုယန်သည် သူ့လက်ထဲရှိလအဝတ်အစားများကို ကုတင်ပေါ် ပစ်ချလိုက်ကာ သူ့လက်ချောင်းတွေဖြင့် ပုခုံးကို ဖိနှိပ်လိုက်သည်။
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတော့ ခွင့်ပြုလိုက်လေသည်။
"ကောင်းပြီ.. မင်း ဝင်လို့ရပြီ"
ကုဖေးတိ တံခါးဖွင့်လိုက်သည်နှင့် အိပ်ယာဘေးတွင် ရပ်နေသည့် ဆံပင်တွေ ရှုပ်ပွနေကာ အတွင်းခံဝတ်စုံ တစ်ထည်သာ ဝတ်ဆင်ထားသော စုယန်ကို တွေ့လိုက်ရသည်။
မိစ္ဆာဂိုဏ်း၏ အတွင်းခံဝတ်စုံသည် ၎င်းတို့၏ ချောမွေ့သော လက်မောင်းနှစ်ဖက်စလုံးကို ပေါ်လွင်စေသော လက်တစ်ဝက်ပုံစံ အပေါ်ပိုင်းအင်္ကျီနှင့် အောက်တွင်မူ အနည်းငယ် ဖောက်ထွင်းမြင်ရပြီး နို့နှစ်ရောင် အသားအရေကို ဖျတ်ခနဲ ပေါ်လွင်စေသော အဖြူရောင် ပိုးဘောင်းဘီရှည် ဖြစ်သည်။
၎င်းပုံစံသည် စုယန်အတွက် ရှေးရိုးဆန်သည်ဟု ထင်ရသော်လည်း ကုဖေးတိ၏ အမြင်၌မူ ဘာမှမဝတ်ထားသောသူနှင့် ဆင်တူပါသည်။
ကုဖေးတိ မျက်နှာသည် ခဏလောက် ဗလာဖြစ်သွားပြီးနောက် သူ့ပါးပြင်တွေ နီမြန်းလာလေသည်။
"မင်း.. မင်း... မင်း...!"
ကုဖေးတိသည် အချိန်အတန်ကြာသည်အထိ 'မင်း'က လွဲပြီး တခြားဘာမှပြောမထွက်တော့ပေ။
စုယန်လည်း သူ့တုံ့ပြန်မှုကြောင့် အနည်းငယ် ရှက်သွားသည်။
"ဒီအဝတ်အစားတွေက ရှုပ်ထွေးလွန်းတယ်။ အရင်က ငါ့ရဲ့ ပန်းလက်ထောက်က ငါ့ကို ကူဝတ်ပေးတယ်.. ငါကိုယ်တိုင်ကျတော့ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး"
ကုဖေးတိ: !!!
အပြင်ဘက်၌ လေးနက်သော မျက်နှာထားဖြင့် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် တံတွေးများ ရုတ်တရက် သီးသွားပြီး ပြင်းထန်စွာ ချောင်းဆိုးလာသည်။
ချီအဘိုးအိုသည် မျက်လုံးများမှိတ်ထားသော်လည်း မုတ်ဆိတ်မွှေးများက ထူးဆန်းစွာ တဆတ်ဆတ် တုန်နေလေသည်။ သူသည် ရယ်မောခြင်းကို ထိန်းချုပ်ရန် ကြိုးစားနေပုံရ၏။
စုယန်သည် ကုတင်ပေါ်ရှိ အဝတ်ပုံထဲက အင်္ကျီတစ်ထည်ကို ကောက်ကိုင်လိုက်ပြီး သူ့ကိုယ်သူ ခြုံလိုက်သည်။
"ဘယ်လိုဝတ်ရမလဲဆိုတာ ပြောပြဖို့ပဲ လိုတာပါ.. မင်းကိုယ်တိုင်ဝတ်ပေးပြီး ကူညီစရာမလိုဘူး"
ကုဖေးတိအား ဝတ်စားဆင်ယင်ရာမှာ ကူညီပေးဖို့ တောင်းဆိုခြင်းသည် သူ့ကို အရှက်ရစေမည်ဆိုတာကို သူသိပါသည်။ သူ့မှာ စောစော သေချင်စိတ်မရှိသလို ဇာတ်ညွှန်းထဲတွင်လည်း ဒီလိုအရာတွေ မပါရှိတာကြောင့် သူတို့နှစ်ဦးကြား မလိုအပ်တဲ့ အဆက်အသွယ်တွေကို ရှောင်ရှားဖို့ လိုအပ်လေသည်။
စုယန်၏စကားကို ကြားသောအခါ ကုဖေးတိသည် စိတ်သက်သာရာရသွားလေသည်။ အဝတ်ထဲ၌ ဝှက်ထားသော ကြိုးတွေကို ဘယ်လိုရှာရမလဲဆိုတာနှင့် စည်းစနစ်တကျ ၀တ်ဆင်နည်းကို လမ်းညွှန်ပေရန် သူ့အသံကိုသာ အသုံးပြုခဲ့ရသည်။
အချိန်အတော်ကြာ ကြိုးစားပြီးနောက် စုယန်သည် နောက်ဆုံးတွင် အထည်အပိုင်းအစအားလုံးကို သင့်လျော်သော နေရာများတွင် ချိတ်ဆွဲကာ မလိုအပ်သော အလှဆင်ဖဲကြိုးများကို ဖယ်ရှားနိုင်ခဲ့သည်။
"ဒါတွေက တကယ်ဒုက္ခပေးတာပဲ.. ရိုးရိုး ချည်သားဝတ်စုံ ဝတ်ရတာကမှ ပိုကောင်းအုံးမယ်!"
စကားပြောပြီးနောက် သူ၏ ဆံပင်ရှည်များကို ဆွဲလိုက်သောအခါတွင် တစ်ဝက်တစ်ပျက် လျှောကျနေသော သူ၏ဆံပင်စည်းကို ပြေသွားစေခဲ့သည်။
စုယန် "....."
ကုဖေးတိ "....."
စုယန်သည် မြေပြင်ပေါ်ကျနေတဲ့ ခေါင်းစည်းကြိုးကို ခဏလောက်ကြည့်ကာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။
"ကိစ္စမရှိဘူး.. ထားခဲ့လိုက်ရအောင်.. ငါတို့ နောက်ကျနေပြီ။ အခု သွားမှဖြစ်မယ်"
စုယန်သည် သူ့ဆံပင်ရှည်ကို မထိန်းသိမ်းနိုင်တော့ဘဲ လက်လျှော့လိုက်သည်။
သူလှည့်ပြီး သူ့အိတ်ကို ကုတင်ပေါ်ကနေ ကောက်ယူလိုက်၏။ နောက်ပြန်လှည့်ကြည့်လိုက်သော အခါတွင် ကုဖေးတိသည် မြေပြင်ပေါ်ရှိ အနီရောင် ခေါင်းစည်းကို ကောက်ယူထားပြီး ဖြစ်ကြောင်း သူမြင်လိုက်ရသည်။
ကုဖေးတိသည် စကားတစ်ခွန်းမှ မပြောဘဲ မျက်လွှာချထားကာ စုယန်အား ခေါင်းစီးကြိုးကို လှမ်းပေးလိုက်၏။
စုယန်သည် ထိုလူငယ်လေး၏ ဆိတ်ငြိမ်ပြီး နာခံမှုရှိသော အသွင်အပြင်ကိုကြည့်ကာ အမှန်တကယ် ချစ်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ကုဖေးတိသည် မည်မျှပင် သန်မာနေပါစေ သူသည် အသက် ဆယ့်ခြောက်နှစ်သာရှိသေးသည့် လူငယ်လေးတစ်ယောက်ပင် ဖြစ်သည်။ ခေတ်သစ်ကမ္ဘာ၌ အထက်တန်းကျောင်းသား အရွယ်ဖြစ်ပြီး တက်ကြွကာ ရင့်ကျက်မှုမရှိသေးသော အရွယ်လည်း ဖြစ်သည်။
စုယန်သည် မသိစိတ်မှ အစ်ကိုကြီးတစ်ယောက်လို ပြုမူလိုက်သည်။ သူသည် ကုဖေးတိထံမှ ခေါင်းစည်းကြိုးကို ယူရန် လက်ကိုဆန့်တန်းကာ တောက်ပစွာ ပြုံးပြလိုက်၏။
"ကျေးဇူးတင်ပါတယ်"
_26.12.21
စာရေးဆရာမှာ ပြောစရာရှိပါတယ်:
ဖေးတိ : မင်း.. မင်း... မကောင်းတဲ့လူ!
Thanks for reading ❣️
Zawgyi
အခန္း-၁၀ မေမွ်ာ္လင့္ထားေသာ ျပႆနာ။
[ အသုံးမက်ေသာ ကေလးတစ္ေယာက္ ျဖစ္လာျခင္း။ ]
"ကဲ ငါတို႔အားလုံး အဆင္သင့္ျဖစ္ၿပီဆိုေတာ့ ေတာင္ေပၚတက္ၾကရေအာင္။ ခ်ီအဘိုးအို.. ဝမ္ခဲ့
အခုပဲ ထြက္ခြာပါၿပီ"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက အဘိုးအိုအား ဦးၫႊတ္ႏႈတ္ဆက္ခဲ့သည္။
သိုင္းပညာရွင္လူငယ္မ်ားသည္ ထုံးေက်ာက္ခ်ပ္ လမ္းအတိုင္း လိုက္ပါသြားၾကသည္။ လမ္းတစ္ေလွ်ာက္ လုံး၌ သူတို႔၏ စိတ္လႈပ္ရွားမႈမ်ားကို ဖုံးကြယ္ထားလို႔ မရပါေခ်။
ကုေဖးတိ၏ ေျခလွမ္းမ်ားသည္ ခဏရပ္တန့္သြားၿပီး ေနာက္ဆုံးအႀကိမ္ ပိတ္ထားေသာတံခါးကို ျပန္ၾကည့္လိုက္၏။
ဖူလင္းယြင္က ေျပာလိုက္သည္။
"ေရွာင္ရွစ္ရႈံး.. အခုသြားၾကရေတာ့မယ္ေလ"
ကုေဖးတိသည္ အံႀကိတ္ကာ လက္သီးမ်ားကို ဆုပ္ထားသည္။ ခဏေလာက္ တုံ႕ဆိုင္းေနၿပီးေနာက္ လွည့္ထြက္ဖို႔ ျပင္ဆင္လိုက္၏။
"လူငယ္ေလး.."
ၿခံတံခါးဝ၌ မ်က္လုံးမွိတ္ၿပီး အနားယူေနတဲ့ ခ်ီအဘိုးအိုသည္ ႐ုတ္တရက္ စကားစေျပာလိုက္သည္။
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ ခပ္လွမ္းလွမ္းသို႔ ေရာက္ေနခဲ့ေသာ္လည္း ထိုစကားၾကားေသာအခါ ရပ္လိုက္ၿပီး အဘိုးအိုထံ ျပန္လွည့္ကာ ေမးလိုက္၏။
"ခ်ီအဘိုးအို.. ေနာက္ထပ္ ၫႊန္ၾကားစရာမ်ား ရွိလို႔လား"
အဘိုးအိုက ဘာမွျပန္မေျဖဘဲ မ်က္လုံးမွိတ္ၿပီး ျဖည္းညွင္းစြာဆက္ေျပာသည္။
"လူငယ္ေလး.. တခါတရံ ဆုံးျဖတ္ခ်က္တစ္ခုက မင္းကို ေရတိုအက်ိဳးအျမတ္ကို ေပးစြမ္းနိုင္တယ္... ဒါေပမယ့္ ေနာင္လာမယ့္ေန႕ေတြမွာ ဒီအခိုက္အတန႔္ကို မင္းျပန္ေတြးတိုင္း အဲဒီဟာက မင္းရဲ႕ႏွလုံးသားထဲမွာ ဆူးပင္ျဖစ္လာၿပီး ဘယ္ေတာ့မွ ဖယ္ရွားနိုင္ေတာ့မွာ မဟုတ္ဘူး။ သိုင္းပညာရွင္ တစ္ေယာက္ရဲ႕ မတည္မၿငိမ္ျဖစ္ေနတဲ့စိတ္က တိုးတက္မႈကို အဟန႔္အတားျဖစ္ေစလိမ့္မယ္"
ကုေဖးတိက အဘိုးအိုကိုၾကည့္ရန္ ႐ုတ္တရက္ ေခါင္းေမာ့လိုက္သည္။
သို႔ေသာ္ အဘိုးအိုက ဘာမွ ဆက္မေျပာေတာ့ေပ။
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ ဤအခ်ိန္မွာ ထြက္ခြာရန္ အလ်င္စလိုမရွိေပ။ သူသည္ ေက်ာက္ေလွကားထစ္မ်ားေပၚတြင္ ရပ္ေနၿပီး သူ႕ေရွ႕မွ သိုင္းပညာရွင္ အေယာက္ႏွစ္ဆယ္အား ငုံ႕ၾကည့္ေနကာ ခ်ီအဘိုးအိုမွ အႀကံေပးသည့္ လူငယ္ကို ေစာင့္ေနေလသည္။
ခ်ီအဘိုးအိုသည္ ေက်ာက္စိမ္အိမ္ေတာ္၌ ႏွစ္ေပါင္းမ်ားစြာေနခဲ့ၿပီး ေလာကီေရးရာမ်ားကို အၿမဲလ်စ္လ်ဴရႈခဲ့သည္။ အကယ္၍ သူကိုယ္တိုင္ စကားစေျပာရန္ အားထုတ္ခဲ့လွ်င္ ထိုလူငယ္သည္ အလြန္အရည္အခ်င္းရွိသူျဖစ္ၿပီး သူသည္ ထိုလူငယ္ေလး လမ္းလြဲသြားမည္ကို သည္းမခံ နိုင္ျခင္းေၾကာင့္ ျဖစ္ရမည္။
ကုေဖးတိသည္ သူ႕အၾကည့္မ်ားကို ေျဖေလွ်ာ့လိုက္ၿပီး ခဏေလာက္ မ်က္လုံးကို ဆတ္ခနဲမွိတ္လိုက္သည္။ သူမ်က္လုံးကို ျပန္ဖြင့္လိုက္ေသာအခါ သူ႕စိတ္ထဲ၌ ခိုင္မာေသာ ဆုံးျဖတ္ခ်က္တစ္ခု ေပၚလာေလ၏။
သူသည္ လယ္ယာအိမ္ေရွ႕ရွိ အဘိုးအိုကို ေလးေလးစားစား ဦီးၫႊတ္ကာ ဆို၏။
"လူႀကီးမင္းရဲ႕ အႀကံျပဳခ်က္အတြက္ ေက်းဇူးတင္ပါတယ္!"
သူသည္ ခ်က္ခ်င္းပင္ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားကို လွည့္ၾကည့္ကာ ေျပာလိုက္သည္။
"လူႀကီးမင္း.. ဇြဲရွိရွိ ေလ့က်င့္ေနခဲ့တဲ့ ေနာက္ထပ္ လူငယ္တေယာက္ ထပ္ရွိေသးပါတယ္.. မေန႕က သူအိပ္ယာမဝင္ခင္ ၿခံဝင္းထဲမွာ သိုင္းေလ့က်င့္ ေနတာကို ကြၽန္ေတာ္ေတြ႕ခဲ့တယ္။ ကြၽန္ေတာ္ မနက္အေစာႀကီး အိပ္ရာထလာတဲ့အခ်ိန္မွ သူအနားယူဖို႔ အိမ္ထဲ ျပန္ဝင္သြားခဲ့တာ.. မေန႕ညက ႀကိဳးစားပမ္းစား ေလ့က်င့္ခဲ့တာဆိုေတာ့ မိုးမလင္းခင္ အိပ္ရာ မထနိုင္ခဲ့ဘူး ထင္ပါတယ္"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက မ်က္ခုံးပင့္ကာ အနည္းငယ္ ၿပဳံးလိုက္သည္။
"အိုး.. ဘယ္လူငယ္ေလးမ်ားလဲ"
ကုေဖးတိက ျပန္ေျဖလိုက္သည္။
"သူက မိစာၦ.. ယင္ထန္နတ္ဂိုဏ္းရဲ႕ လူငယ္သူရဲေကာင္းစုပါ"
သူ႕စကားဆုံးသည္ႏွင့္ ေတာင္တက္လမ္းေပၚက သိုင္းသမားလူငယ္ေတြအားလုံး ခ်က္ခ်င္း ဖရိုဖရဲ ျဖစ္သြားၾကသည္။
ဖူလင္းယြင္က ထိတ္လန႔္တၾကား ဆို၏။
"ေရွာင္ရွစ္ရႈံး.. မင္း ဘာေျပာလိုက္တာလဲ!"
႐ႊီယြင္က်န္းလည္း မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္။
"ေဖးတိ.. ဒါအမွန္ပဲလား"
လူတိုင္း၏ သံသယမ်က္လုံးမ်ားေရွ႕တြင္ ကုေဖးတိသည္ တည္ၿငိမ္စြာ ေခါင္းညိတ္ျပခဲ့သည္။
"သူက မေန႕ည သန္းေခါင္ယံကေန မိုးေသာက္ယံအထိ ၿခံဝင္းထဲမွာ သိုင္းေလ့က်င့္ေနခဲ့တယ္" ကုေဖးတိသည္ ပါးျပင္မ်ား အနည္းငယ္နီျမန္းလာကာ မ်က္လႊာခ်ၿပီး ဆက္ေျပာ၏။
"ေဖးတိ ရွက္႐ြံ႕မိပါတယ္။ အစက ဒီအမွန္တရားကို ဖုံးကြယ္ဖို႔ စဥ္းစားခဲ့ဖူးတယ္.."
"ငယ္႐ြယ္ၿပီး အေတြ႕အႀကဳံမရွိေသးတဲ့အခါ အမွားေတြကို ေရွာင္ရွားဖို႔ခက္ခဲပါတယ္" လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ၿပဳံးလ်က္ဆို၏။ "ကိုယ့္ရဲ႕အမွားကို သိျမင္ၿပီး ကိုယ့္ကိုကိုယ္ ျပဳျပင္ေျပာင္းလဲနိုင္ဖို႔က အေရးႀကီးဆုံးပဲ"
ကုေဖးတိသည္ ေခါင္းကို ေမာ့ကာ ထိုလူလတ္ပိုင္းကို တိုက္ရိုက္ၾကည့္လိုက္၏။
"ေဖးတိ နားလည္ပါၿပီ"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ၿပဳံးလိုက္ျပန္သည္။
"မင္းအမွားကို ဝန္ခံထားေပမယ့္ ျပစ္ဒဏ္ကေတာ့ ေရွာင္လႊဲလို႔ မရဘူး.. မင္းမွာ ကန႔္ကြက္စရာရွိလား"
ကုေဖးတိျပန္မေျဖမီ ဖူလင္းယြင္သည္ စိုးရိမ္တႀကီးႏွင့္ ျဖတ္ေျပာလိုက္၏။
"လူႀကီးမင္း.. ေဖးတိက အဲဒါကို ဖုံးကြယ္ဖို႔ မရည္႐ြယ္ပါဘူး.. ဒါက တစ္ေယာက္ေယာက္ရဲ႕ အမွားဆိုရင္ အဲ့တာက လူႀကီးမင္းရဲ႕အမွား ျဖစ္မွာပဲ။ မနက္မိုးလင္းတဲ့အခ်ိန္ ၿခံဝင္းထဲမွာ ရွိတဲ့သူေတြကသာ အကဲျဖတ္မႈ ေအာင္ျမင္တယ္လို႔ ေျပာခဲ့တာေလ"
႐ႊီယြင္က်န္းသည္ ေဘးတြင္ရပ္ေနၿပီး ဖူလင္းယြင္၏ ပါးစပ္ကို ဖုံးအုပ္ခ်င္ေသာ္လည္း ထိုလူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသား၏ အၾကည့္ေအာက္တြင္ ရွိေနေသာေၾကာင့္ သူ မလုပ္ရဲခဲ့ေပ။ ၎အစား ဖူလင္းယြင္၏ အကၤ်ီလက္ကိုသာ တင္းတင္းဆြဲထား၏။
ဖူလင္းယြင္က ဂ႐ုမစိုက္ဘဲ ဆက္ေျပာေလသည္။
"နတ္ဆိုး... လူငယ္သူရဲေကာင္းစုက မေန႕ညမွာ ဝီရိယရွိရွိ ေလ့က်င့္ခဲ့ေပမဲ့ မနက္မိုးလင္းေတာ့ သူမထနိုင္ခဲ့ဘူး! လင္းယြင္က ေဖးတိကို အျပစ္မတင္သင့္ဘူးလို႔ ထင္ပါတယ္။ ဒါေပမယ့္ လူငယ္သူရဲေကာင္းစုကို တစ္ေယာက္ေယာက္ေတာ့ အေၾကာင္းၾကားေပးသင့္တယ္"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ဖူလင္းယြင္ကို ေလးေလးနက္နက္ တစ္ခ်က္ၾကည့္လိုက္သည္။
ဖူလင္းယြင္၏မ်က္လုံးထဲ၌ ေၾကာက္႐ြံ႕စိုးရိမ္ျခင္းမ်ား ေပၚလြင္ေနေသာ္လည္း သူမသည္ သူ႕အၾကည့္ကို မေရွာင္လႊဲဘဲ သတၱိရွိရွိ ရင္ဆိုင္လိုက္ေလသည္။
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ႐ုတ္တရက္ ရယ္ေမာလိုက္၏။
"မင္းက ရဲရင့္သားပဲ။ ငါ့ကို ထိပ္တိုက္ရင္ဆိုင္ဖို႔ မတြန႔္ဆုတ္ဘဲ မင္းရဲ႕အေပါင္းအေဖာ္ကို ကာကြယ္လိုတယ္။ မင္းမွာ သိုင္းေလာကသား လူငယ္တစ္ေယာက္ရဲ႕ စိတ္ဓာတ္ရွိတယ္ဆိုတာ ေသခ်ာပါတယ္"
သူ႕စကားက ကဲ့ရဲ႕ေဝဖန္ျခင္း မဟုတ္တဲ့အတြက္ ဖူလင္းယြင္လည္း အလြန္ဝမ္းသာသြား၏။
သို႔ေသာ္ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ဆက္ေျပာလိုက္သည္။
"ဒါေပမယ့္ သူ႕ကို အျပစ္မေပးဖို႔ေတာ့ မျဖစ္နိုင္ဘူး"
"ဒါေပမယ့္ လူႀကီးမင္း.. "
"ကုေဖးတိ.. မင္းရဲ႕ အျပစ္ဒဏ္က စုယန္ကို မင္းကိုယ္တိုင္ သြားေျပာၿပီး ေခၚလာဖို႔ပဲ"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ဖူလင္းယြင္ကို လ်စ္လ်ဴရႈၿပီး ကုေဖးတိကို တိုက္ရိုက္ၫႊန္ၾကားခဲ့သည္။
ကုေဖးတိသည္ ခဏတာ ထိတ္လန႔္သြားၿပီးေနာက္ လက္သီးဆုပ္ကာ "ဟုတ္ကဲ့" ဟု ျပန္ေျဖသည္။
ထို႔ေနာက္ မဆိုင္းမတြလွည့္ကာ လယ္ကြင္းဆီသို႔ ျပန္ေလွ်ာက္သြား၏။
"အဲ.. အဲဒါက" ဖန္ရွီသည္ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားဆီသို႔ လွည့္ကာ ေျပာလိုက္၏။
"ကြၽန္ေတာ္ သူနဲ႕အတူတူ လိုက္သြားလို႔ရမလား? စုယန္နဲ႕ ကြၽန္ေတာ္က သူငယ္ခ်င္းေတြမလို႔ပါ.. "
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ အမူအရာ မေျပာင္းလဲဘဲ ဆို၏။
"ဒီျပစ္ဒဏ္က ကုေဖးတိအတြက္ပဲ.. အျခားလူေတြ ဝင္စြက္ဖက္ခြင့္မရွိဘူး"
ဖန္ရွီ၏ ႏႈတ္ခမ္းကို ပြတ္သပ္ကာ ေခါင္းငုံ႕လ်က္ စကားရပ္လိုက္သည္။
ကုေဖးတိသည္ အနီးနားရွိ အျခားေသာ သိုင္းပညာရွင္ လူငယ္မ်ား၏ ေစာင့္ၾကည့္ေနမႈေအာက္တြင္ ၿခံထဲသို႔ ေလွ်ာက္သြားခဲ့သည္။
စုယန္ တည္းခိုသည့္အခန္းသို႔ သူေရာက္လာၿပီးေနာက္ တံခါးကို ညင္သာစြာေခါက္လိုက္၏။
တကယ္တမ္း စုယန္သည္ ကုေဖးတိႏွင့္ လူလတ္ပိုင္း အမ်ိဳးသားတို႔၏ စကားေျပာဆိုသံကို ၾကားေနၿပီးသား ျဖစ္သည္။ ကုေဖးတိႏွင့္ အဘိုးအိုတို႔သည္ မေန႕ညက အိပ္မေပ်ာ္ဘဲ သိုင္းေလ့က်င့္ဖို႔ ထြက္သြားခဲ့သည့္ သူ႕ကို
ေတြ႕သြားလိမ့္မည္ဟု မေမွ်ာ္လင့္ထားေပ။
ဇာတ္ၫႊန္းထဲမွာေတာ့ သူဟာ ဤစမ္းသပ္မႈကို ေအာင္ျမင္ခဲ့ၿပီး သူ႕ပစၥည္းမ်ားကို ထုပ္ပိုးကာ ထြက္ခြာဖို႔ ျပင္ဆင္ခဲ့ျခင္း ျဖစ္သည္။
သို႔ေသာ္ ယခုမူ သူသည္ မေမွ်ာ္လင့္ထားေသာ ျပႆနာမ်ားႏွင့္ ႀကဳံခဲ့ရသည္။
သူ႕ေရွ႕ရွိ ရႈပ္ပြေနေသာ အဝတ္အစားမ်ားကို ၾကည့္ကာ စုယန္ မ်က္လုံးမလွန္ဘဲ မေနနိုင္ပါေခ်။
သူသည္ မေန႕ညက ေလ့က်င့္မႈၿပီးေနာက္ အိပ္ယာမဝင္ခင္ သူ႕အဝတ္ေတြအားလုံးကို သတိလက္လြတ္ခြၽတ္ကာ လႊင့္ပစ္ၿပီး ေစာင္နဲ႕ပတ္ကာ အိပ္ခဲ့မိသည့္အတြက္ ေနာင္တရေနမိသည္။
မိစာၦဂိုဏ္း၏ ဝတ္စားဆင္ယင္မႈသည္ အလြန္ ရႈပ္ေထြးသည္။ အတြင္းႏွင့္အျပင္တြင္ အလႊာသုံးလႊာ ပါရွိၿပီး လူတစ္ေယာက္၏ ေၾကာ့ရွင္းေသာ ခႏၶာကိုယ္ကို ေပၚလြင္ရန္အတြက္ ခါးပတ္ႏွင့္ ေနရာတိုင္းတြင္ ခ်ည္ႀကိဳးေခြမ်ားပါရွိသည္။ ဇာတ္လမ္းတြင္ အဖြဲ႕သားမ်ား၏ ၀တ္စုံမ်ားကို ေရာင္စုံအလွဆင္မႈ မ်ားျဖင့္ ႂကြယ္ဝစြာ တန္ဆာဆင္ထားပုံရေသာ္လည္း တကယ္တမ္းတြင္ ဝတ္႐ုံႏွင့္ ခါးပတ္မ်ားကို ခ်ိတ္ျဖင့္တိုက္ရိုက္ ခ်ိတ္တြယ္ထားျခင္းျဖစ္သည္။ လြန္ခဲ့သည့္ရက္အနည္းငယ္က သူအဝတ္ ဝတ္တဲ့အခါ ပန္းလက္ေထာက္က သူ႕ေဘးမွ ကူညီေပးခဲ့သည္။ ရိုးရွင္းေသာ အျပင္ဘက္အလႊာမွလြဲ၍ ပန္းလက္ေထာက္သည္ ရႈပ္ေထြးေပြလီေသာ အျခားအလႊာမ်ားကို ၀တ္ဆင္ရန္ ကူညီေပးခဲ့သည္။
သူ႕ေဘး၌ မည္သူမွမရွိေတာ့ေသာအခါ စုယန္သည္ သိုင္းေလာကတခြင္၌ ထင္ရွားေက်ာ္ၾကားေသာ မိစာၦဂိုဏ္း၏ သခင္ငယ္ဟာ မသန္မစြမ္း ကေလးတစ္ေယာက္သာ ျဖစ္ေၾကာင္း သတိျပဳမိေလသည္။
အထဲမွ တုံ႕ျပန္သံမလာတဲ့အခါ ကုေဖးတိသည္ တံခါးကို ေနာက္တႀကိမ္ ထပ္ေခါက္လိုက္၏။
"လူငယ္သူရဲေကာင္းစု.. ဒီက ကုေဖးတိက မင္းကို ေတာင္းဆို.."
"သိပါတယ္.. မင္းတို႔အားလုံး ေျပာတာကို ငါၾကားတယ္" ေနာက္ဆုံးေတာ့ စုယန္က ျပန္ေျဖလိုက္ေလသည္။
"ဒါေပမယ့္ ငါ နည္းနည္းဒုကၡေရာက္ေနလို႔..
ခဏေလာက္ေစာင့္အုံး"
စုယန္သည္ ခဏေလာက္စဥ္းစားၿပီးေနာက္ ေျပာလိုက္၏။
"အိုး! ဖန္ရွီ လာကူညီေပးရင္ ပိုေကာင္းလိမ့္မယ္ ထင္တယ္"
ေက်ာက္စိမ္းအိမ္ေတာ္မွလူမ်ားသည္ နားႏွင့္မ်က္စိမ်ား ပါရွိၾကေလရာ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ သူ႕စကားကို ေသခ်ာေပါက္ၾကားရေပမည္။
ေနာက္တစ္စကၠန႔္မွာပင္ လူလတ္ပိုင္းအမ်ိဳးသားက ေျပာလာသည္။
"ကုေဖးတိ.. စုယန္ ဘာအကူအညီလိုေနလဲဆိုတာ သြားၾကည့္လိုက္.. ဒါကို မင္းရဲ႕အျပစ္ဒဏ္လို႔ သတ္မွတ္ၿပီး သူ႕ကို ကူညီေျဖရွင္းေပးလိုက္ပါ"
စုယန္ "....."
မဟုတ္ေသးဘူးေလ ဦးေလးႀကီးရဲ႕.. မင္းဘာလို႔ ပုံမွန္အတိုင္း မလုပ္တာလဲ။
ကုေဖးတိသာ သူ႕ရဲ႕ လက္ရွိပုံစံကိုျမင္သြားမယ္ဆိုရင္ ဒါဟာ ကုေဖးတိအတြက္ ျပစ္ဒဏ္လား ဒါမွမဟုတ္ သူ႕အတြက္ ျပစ္ဒဏ္လားဆိုတာ စဥ္းစားစရာ ျဖစ္သြားလိမ့္မည္။
ကုေဖးတိသည္ တံခါးကို ထပ္ေခါက္လိုက္၏။
"ငါ ဝင္ခဲ့လို႔ရမလား"
စုယန္သည္ သူ႕လက္ထဲရွိလအဝတ္အစားမ်ားကို ကုတင္ေပၚ ပစ္ခ်လိဳက္ကာ သူ႕လက္ေခ်ာင္းေတြျဖင့္ ပုခုံးကို ဖိႏွိပ္လိုက္သည္။
ခဏမွ် တုံ႕ဆိုင္းသြားၿပီးေနာက္ ေနာက္ဆုံးေတာ့ ခြင့္ျပဳလိုက္ေလသည္။
"ေကာင္းၿပီ.. မင္း ဝင္လို႔ရၿပီ"
ကုေဖးတိ တံခါးဖြင့္လိုက္သည္ႏွင့္ အိပ္ယာေဘးတြင္ ရပ္ေနသည့္ ဆံပင္ေတြ ရႈပ္ပြေနကာ အတြင္းခံဝတ္စုံ တစ္ထည္သာ ဝတ္ဆင္ထားေသာ စုယန္ကို ေတြ႕လိုက္ရသည္။
မိစာၦဂိုဏ္း၏ အတြင္းခံဝတ္စုံသည္ ၎တို႔၏ ေခ်ာေမြ႕ေသာ လက္ေမာင္းႏွစ္ဖက္စလုံးကို ေပၚလြင္ေစေသာ လက္တစ္ဝက္ပုံစံ အေပၚပိုင္းအကၤ်ီႏွင့္ ေအာက္တြင္မူ အနည္းငယ္ ေဖာက္ထြင္းျမင္ရၿပီး နို႔ႏွစ္ေရာင္ အသားအေရကို ဖ်တ္ခနဲ ေပၚလြင္ေစေသာ အျဖဴေရာင္ ပိုးေဘာင္းဘီရွည္ ျဖစ္သည္။
၎ပုံစံသည္ စုယန္အတြက္ ေရွးရိုးဆန္သည္ဟု ထင္ရေသာ္လည္း ကုေဖးတိ၏ အျမင္၌မူ ဘာမွမဝတ္ထားေသာသူႏွင့္ ဆင္တူပါသည္။
ကုေဖးတိ မ်က္ႏွာသည္ ခဏေလာက္ ဗလာျဖစ္သြားၿပီးေနာက္ သူ႕ပါးျပင္ေတြ နီျမန္းလာေလသည္။
"မင္း.. မင္း... မင္း...!"
ကုေဖးတိသည္ အခ်ိန္အတန္ၾကာသည္အထိ 'မင္း'က လြဲၿပီး တျခားဘာမွေျပာမထြက္ေတာ့ေပ။
စုယန္လည္း သူ႕တုံ႕ျပန္မႈေၾကာင့္ အနည္းငယ္ ရွက္သြားသည္။
"ဒီအဝတ္အစားေတြက ရႈပ္ေထြးလြန္းတယ္။ အရင္က ငါ့ရဲ႕ ပန္းလက္ေထာက္က ငါ့ကို ကူဝတ္ေပးတယ္.. ငါကိုယ္တိုင္က်ေတာ့ ဘယ္လိုလုပ္ရမွန္း မသိေတာ့ဘူး"
ကုေဖးတိ: !!!
အျပင္ဘက္၌ ေလးနက္ေသာ မ်က္ႏွာထားျဖင့္ ရပ္ေနေသာ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ တံေတြးမ်ား ႐ုတ္တရက္ သီးသြားၿပီး ျပင္းထန္စြာ ေခ်ာင္းဆိုးလာသည္။
ခ်ီအဘိုးအိုသည္ မ်က္လုံးမ်ားမွိတ္ထားေသာ္လည္း မုတ္ဆိတ္ေမႊးမ်ားက ထူးဆန္းစြာ တဆတ္ဆတ္ တုန္ေနေလသည္။ သူသည္ ရယ္ေမာျခင္းကို ထိန္းခ်ဳပ္ရန္ ႀကိဳးစားေနပုံရ၏။
စုယန္သည္ ကုတင္ေပၚရွိ အဝတ္ပုံထဲက အကၤ်ီတစ္ထည္ကို ေကာက္ကိုင္လိုက္ၿပီး သူ႕ကိုယ္သူ ၿခဳံလိုက္သည္။
"ဘယ္လိုဝတ္ရမလဲဆိုတာ ေျပာျပဖို႔ပဲ လိုတာပါ.. မင္းကိုယ္တိုင္ဝတ္ေပးၿပီး ကူညီစရာမလိုဘူး"
ကုေဖးတိအား ဝတ္စားဆင္ယင္ရာမွာ ကူညီေပးဖို႔ ေတာင္းဆိုျခင္းသည္ သူ႕ကို အရွက္ရေစမည္ဆိုတာကို သူသိပါသည္။ သူ႕မွာ ေစာေစာ ေသခ်င္စိတ္မရွိသလို ဇာတ္ၫႊန္းထဲတြင္လည္း ဒီလိုအရာေတြ မပါရွိတာေၾကာင့္ သူတို႔ႏွစ္ဦးၾကား မလိုအပ္တဲ့ အဆက္အသြယ္ေတြကို ေရွာင္ရွားဖို႔ လိုအပ္ေလသည္။
စုယန္၏စကားကို ၾကားေသာအခါ ကုေဖးတိသည္ စိတ္သက္သာရာရသြားေလသည္။ အဝတ္ထဲ၌ ဝွက္ထားေသာ ႀကိဳးေတြကို ဘယ္လိုရွာရမလဲဆိုတာႏွင့္ စည္းစနစ္တက် ၀တ္ဆင္နည္းကို လမ္းၫႊန္ေပရန္ သူ႕အသံကိုသာ အသုံးျပဳခဲ့ရသည္။
အခ်ိန္အေတာ္ၾကာ ႀကိဳးစားၿပီးေနာက္ စုယန္သည္ ေနာက္ဆုံးတြင္ အထည္အပိုင္းအစအားလုံးကို သင့္ေလ်ာ္ေသာ ေနရာမ်ားတြင္ ခ်ိတ္ဆြဲကာ မလိုအပ္ေသာ အလွဆင္ဖဲႀကိဳးမ်ားကို ဖယ္ရွားနိုင္ခဲ့သည္။
"ဒါေတြက တကယ္ဒုကၡေပးတာပဲ.. ရိုးရိုး ခ်ည္သားဝတ္စုံ ဝတ္ရတာကမွ ပိုေကာင္းအုံးမယ္!"
စကားေျပာၿပီးေနာက္ သူ၏ ဆံပင္ရွည္မ်ားကို ဆြဲလိုက္ေသာအခါတြင္ တစ္ဝက္တစ္ပ်က္ ေလွ်ာက်ေနေသာ သူ၏ဆံပင္စည္းကို ေျပသြားေစခဲ့သည္။
စုယန္ "....."
ကုေဖးတိ "....."
စုယန္သည္ ေျမျပင္ေပၚက်ေနတဲ့ ေခါင္းစည္းႀကိဳးကို ခဏေလာက္ၾကည့္ကာ တုံ႕ဆိုင္းေနၿပီးမွ ေျပာလိုက္၏။
"ကိစၥမရွိဘူး.. ထားခဲ့လိုက္ရေအာင္.. ငါတို႔ ေနာက္က်ေနၿပီ။ အခု သြားမွျဖစ္မယ္"
စုယန္သည္ သူ႕ဆံပင္ရွည္ကို မထိန္းသိမ္းနိုင္ေတာ့ဘဲ လက္ေလွ်ာ့လိုက္သည္။
သူလွည့္ၿပီး သူ႕အိတ္ကို ကုတင္ေပၚကေန ေကာက္ယူလိုက္၏။ ေနာက္ျပန္လွည့္ၾကည့္လိုက္ေသာ အခါတြင္ ကုေဖးတိသည္ ေျမျပင္ေပၚရွိ အနီေရာင္ ေခါင္းစည္းကို ေကာက္ယူထားၿပီး ျဖစ္ေၾကာင္း သူျမင္လိုက္ရသည္။
ကုေဖးတိသည္ စကားတစ္ခြန္းမွ မေျပာဘဲ မ်က္လႊာခ်ထားကာ စုယန္အား ေခါင္းစီးႀကိဳးကို လွမ္းေပးလိုက္၏။
စုယန္သည္ ထိုလူငယ္ေလး၏ ဆိတ္ၿငိမ္ၿပီး နာခံမႈရွိေသာ အသြင္အျပင္ကိုၾကည့္ကာ အမွန္တကယ္ ခ်စ္စရာေကာင္းသည္ဟု ႐ုတ္တရက္ ခံစားလိုက္ရသည္။
ကုေဖးတိသည္ မည္မွ်ပင္ သန္မာေနပါေစ သူသည္ အသက္ ဆယ့္ေျခာက္ႏွစ္သာရွိေသးသည့္ လူငယ္ေလးတစ္ေယာက္ပင္ ျဖစ္သည္။ ေခတ္သစ္ကမာၻ၌ အထက္တန္းေက်ာင္းသား အ႐ြယ္ျဖစ္ၿပီး တက္ႂကြကာ ရင့္က်က္မႈမရွိေသးေသာ အ႐ြယ္လည္း ျဖစ္သည္။
စုယန္သည္ မသိစိတ္မွ အစ္ကိုႀကီးတစ္ေယာက္လို ျပဳမူလိုက္သည္။ သူသည္ ကုေဖးတိထံမွ ေခါင္းစည္းႀကိဳးကို ယူရန္ လက္ကိုဆန႔္တန္းကာ ေတာက္ပစြာ ၿပဳံးျပလိုက္၏။
"ေက်းဇူးတင္ပါတယ္"
_26.12.21
စာေရးဆရာမွာ ေျပာစရာရွိပါတယ္:
ေဖးတိ : မင္း.. မင္း... မေကာင္းတဲ့လူ!
Thanks for reading ❣️