Unicode
အမှတ်မထင် တွေ့ဆုံခြင်းမှ
ပေါ်ပေါက်လာသော ကံကောင်းမှုတစ်ခု
ခရီးသည်အားလုံးမှာ တမဟုတ်ချင်း ဂဏှာမငြိမ်ဖြစ်သွားရ၍ ယောကျ်ားသားများ၏ အော်ဟစ်သံများ၊ အမျိုးသမီးများ၏ငိုကြွေးသံများဖြင့် ဆူညံပွက်လောရိုက်သွားရပေသည်။ သို့သော် မကြာမီအတွင်း ဒုတိယမြောက် သေနတ်ပစ်သံတစ်ချက်က ပေါ်ပေါက်လာသောအခါ ၎င်းဆူညံသံများအားလုံးမှာ ရုတ်ချည်း ငြိမ်ကျသွားရလေ၏။
မိမိနှင့် လက်တစ်လှမ်းစာမျှ အကွာအဝေးတွင် လူသတ်မှုဖြစ်နေကြောင်း မြင်ရသဖြင့် ချန်းကျင်းသည် တစ်ကိုယ်လုံးတုန်ရီသည်အထိ ကြောက်ရွံ့သွားခဲ့မိသည်။ သူသည် ဖခင်ဖြစ်သူ၏လက်မောင်းများကြားထဲသို့ ဝင်ပုန်းလုမတတ် ဖြစ်သွားမိရုံသာမက အနားမှ အစ်ကိုဖြစ်သူ၏လက်တစ်ဖက်ကိုပါ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိလေတော့၏။
သို့နှင့် အပ်ကျသံမကြားရအောင်အထိ ငြိမ်သက်သွားချိန်တွင် ရေဒီယိုဆီမှ အမျိုးသားတစ်ဦး၏အသံက ထုံးစံအတိုင်း ထွက်ပေါ်လာရပြန်သည်။ သို့သော် ယခင်ကကဲ့သို့ အပြုံးရိပ်သန်းနေသော အသံနှင့်မဟုတ်ရပါဘဲ အေးတိအေးစက်လေသံနှင့် ထိုလူက ဆိုလာလေ၏။
"အဲ့ဒီတော့ အခု လူကြီးမင်းတို့အားလုံး ကျွန်တော်ပြောတဲ့အတိုင်း နာခံချင်စိတ် ရှိသွားကြပြီလား? ကဲ ဒါဆို အကုန်လုံး ကိုယ့်ထိုင်ခုံမှာ ထိုင်ပြီး ဒီနှစ်နာရီအတွင်း ငြိမ်ငြိမ်နေပေးကြပါ ဟုတ်ပြီလား"
ငိုကြွေးလုမတတ် ထိတ်လန့်နေခဲ့ကြသည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမျှ အထွန့်မတက်ရဲသကဲ့သို့ အသံတစ်စပင် မထွက်ရဲခဲ့ပါချေ။ မူလအစက ပူးကပ်၍ အချင်းချင်းပွေ့ဖက်ထားကြသော ခရီးသည်များမှာလည်း မိမိတို့၏ထိုင်ခုံအသီးသီးသို့ တဖြည်းဖြည်း ပြန်လည်ပြောင်းထိုင်နေရလေပြီ။ သို့သော် ဖီးလစ်၏အလောင်းအနားရှိ ထိုင်ခုံများတွင် ထိုင်ရသော ခရီးသည်များကမူ ကံဆိုးခဲ့ရပေ၏။ ဖီးလစ်၏မျက်လုံးအစုံသည်ကား ယခုအချိန်ထိ ပြူးကျယ်နေဆဲဖြစ်သောကြောင့် အနားတွင် ထိုင်မည့်လူများအနေဖြင့် သူ၏အနားသို့ကပ်ကာ မျက်ခွံများမှိတ်ပေးမှ ဖြစ်လိမ့်လေမည်။ မဟုတ်လျှင် ထိုသူတို့အားလုံးသည် ဤနှစ်နာရီလုံးလုံး လူသေကောင်တစ်ကောင်နှင့် နေရခက်စွာ မျက်နှာချင်းဆိုင်နေရလိမ့်မည် မဟုတ်ပါလား။
သို့နှင့် ခရီးသည်များအားလုံး နှစ်မိနစ်ကျော်မျှ ကိုယ့်နေရာအသီးသီးတွင် ထိုင်ခဲ့ကြပြီးနောက်တွင် အခြားသော ခရီးသည်များရှိရာနေရာမှ သေနတ်သံအချို့ကို ထပ်မံကြားရပြန်၏။ ၎င်းသေနတ်သံများ ရပ်သွားသောအခါ နေရာတစ်ခုလုံးသည်လည်း အရင်အတိုင်း အပ်ကျသံမကြားရအောင်အထိ ရုတ်ချည်း ငြိမ်သက်သွားရပြန်လေသည်။
သေနတ်ပစ်သံများ ကြားလိုက်သည့်အချိန်တိုင်းတွင် ချန်းကျင်းသည် မိမိ၏နှလုံးသားတစ်ခုလုံးမှာ အကြောက်လွန်၍ အပြင်ဘက်သို့ ခုန်ထွက်လုမတတ် ခံစားခဲ့ရပေ၏။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားပြန်လျှင်လည်း သူသည် ခပ်ဖွဖွသာ အသက်ရှုရဲခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ချန်းကျင်း၏စိတ်ထဲ၌ အကြောက်တရားတစ်ခုက ကိန်းအောင်းနေဆဲသာ ဖြစ်ရသည်။ ယခုလက်ရှိကြားနေရသော သေနတ်သံ တစ်ချက်ချင်းစီတိုင်းသည်ကား လူအချို့ကိုပါ ထပ်လောင်းသတ်ပစ်လိုက်သည်ဟူသော သဘောပင် မဟုတ်ရပါလား။
နောက်လိုက်ဟူသော ထိုလူများသည် မိမိတို့ကို ဘာလုပ်ရန်များ ကြံစည်နေကြပါသနည်း!
အင်ဒီရာက ထွက်ပြေးသွားပြီဖြစ်ကာ သူ၏နောက်လိုက်ဆိုသော လူများက ယခုတွင် လူအများကြီးကို ဓားစာခံအဖြစ် ဖမ်းခေါ်ထားခဲ့လေပြီ။ ထိုလူသည် မိမိတို့ကို ခုတုံးလုပ်၍ ဤအာကာသမှ လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်နေခြင်းမျိုး ဖြစ်နိုင်သည်ပင်။
အမှန်အတိုင်းဆိုရလျှင် မည်သည့်အတွက်ပင်ဖြစ်စေ ချန်းကျင်းသည် တိတိကျကျ နားမလည်နိုင်ခဲ့ပါချေ။ ယခုအချိန်၌ သူသိသည့် တစ်ခုတည်းသောအရာမှာ သူတို့အားလုံး ဒုက္ခရောက်နေပြီဟူသော အချက်သာဖြစ်ရ၏။ ထို့အပြင် သွားရမည့်နေရာကို ရောက်လျှင်လည်း သူတို့ကို စောင့်ကြိုနေသည်မှာ ကျိန်းသေပေါက် ဆိုးဝါးသော အဆုံးသတ်တစ်ခုသာ ဖြစ်လိမ့်လေမည်။
သူတို့လိုက်ပါစီးနင်းလာသော ခရီးသွားယာဉ်သည်ကား လျင်မြန်စွာဖြင့်ပင် ခရီးဆက်နေခဲ့ပေ၏။ ၎င်းနောက် တဖြည်းဖြည်းနှင့် Folding space နားသို့ ကပ်လာသောအခါ ချန်းကျင်းသည် သူတို့နောက်သို့ စစ်တပ်သုံး လေယာဉ်အစီးများစွာက လိုက်လာကြောင်း ပြတင်းပေါက်မှတစ်ဆင့် မြင်လိုက်ရပေတော့သည်။
ကျိန်းသေပေါက် ၎င်းပြောင်းလဲမှုကို သတိထားမိသည်မှာ သူတစ်ဦးတည်းတော့ မဟုတ်ခဲ့ရပါချေ။ အခြားသော ခရီးသည်အများစုကလည်း ၎င်းကို မြင်ခဲ့မိသည်ပင်။ ထို့ကြောင့် လူအတော်များများသည် တမဟုတ်ချင်း ပျော်ရွှင်သွားမိ၍ အချို့ဆိုလျှင် ဤသို့ပါ တိုးဖွဖွ ရေရွတ်လာလေတော့၏။
"စစ်တပ်ကလူတွေ ငါတို့ကိုကယ်ဖို့ လိုက်လာနေကြပြီပဲ"
"ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာလဲ? သူတို့က ဒီကားကို ရပ်အောင်လုပ်နိုင်မှာ မို့လို့လား!?"
"ဗုံးကြဲမှ ရမှာပဲ! မဟုတ်ရင် ဒီကားကို တားနိုင်မှာ မဟုတ်လောက်ဘူး"
ဤသို့ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိုးညှင်းလှသော ဆွေးနွေးသံအချို့နှင့် လွှမ်းခြုံသွားရ၏။ သို့သော် ချန်းကျင်းကမူ ဘာမျှမဆိုမိပါဘဲ ၎င်းလေယာဉ်ပျံများကိုသာ တွေဝေစွာကြည့်နေခဲ့မိလေသည်။ ထို့နောက် မကြာမီမှာပင် သူ၏နှလုံးသားတစ်ခုလုံးမှာ တစ်စုံတစ်ရာဆီမှ ဆွဲစုတ်ခံရသကဲ့သို့ တင်းကြပ်သွားရပြန်၏။
၎င်းလေယာဉ်များအားလုံးတွင် စစ်တပ်ဌာနမှ သင်္ကေတများ ပါဝင်၍ ၎င်းတို့ထဲမှ အများစုမှာ သူမြင်နေကျဖြစ်သော လုထောင်၏စစ်ဌာနမှ သင်္ကေတများ ဖြစ်ရလေသည်။
ထိုသို့ဆိုလျှင် လုထောင်သည်လည်း ၎င်းယာဉ်များထဲမှ တစ်စီးစီးတွင် လိုက်ပါလာနိုင်သည် မဟုတ်ရပါလား။
ချန်းကျင်းသည် မသိစိတ်အလျောက် အံကြိတ်လိုက်မိ၍ တစ်ခုခုကို စိုးရိမ်နေခဲ့မိသည်။ ထို့နောက် မကြာမီပင် သူတို့၏ကားထံမှ လေယာဉ်များဆီသို့ ပစ်ခတ်နေသော သေနတ်သံများကို ကြားရသောအခါ သူ၏နှလုံးသားတစ်ခုလုံးမှာ အခုန်လွန်၍ လည်ပင်းထိ ရောက်လုမတတ် ဖြစ်နေကြောင်း ခံစားလိုက်ရလေတော့၏။
ထို့ကြောင့် သူသည် မနေနိုင်ပါဘဲ ဤကဲ့သို့ တိုးဖွဖွ ရေရွတ်မိပေသည်။
"မ..မလာနဲ့။ မလာပါနဲ့.."
ကိုယ်ထည်ကျစ်လျစ်၍ အဆင့်မြင့်လှသည့် နောက်ဆုံးပေါ်လေယာဉ်ငယ်များသည်ကား ခရီးသွားယာဉ်တစ်စီးနှင့် စိုးစဉ်းမျှ နှိုင်းယှဉ်စရာ မဟုတ်သောကြောင့် ချန်းကျင်းသည် တစ်ချက်ကြည့်ရုံဖြင့် မည်သည့်လေယာဉ်၌ လုထောင်ပါရှိနေကြောင်းကို မခန့်မှန်းနိုင်ခဲ့ပါချေ။ အကယ်၍ အကြင်သူသာ တစ်ခုခုဖြစ်သွားမည်ဆိုလျှင် ကျိန်းသေပေါက် သူသည်လည်း ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပါလေ။
ထိုအချိန်တွင် ဘေးကပ်ရပ် ထိုင်နေသော အဖေဖြစ်သူက သူ၏အတွင်းစိတ်ကို ဖောက်မြင်နိုင်ဟန်ဖြင့် ဤသို့ နှစ်သိမ့်စကားဆိုလာခဲ့ပေ၏။
"သူက ဗိုလ်ချုပ်တစ်ယောက်ဖြစ်တာမို့ အနောက်ကနေ အမိန့်ပေးညွှန်ကြားတာလောက်ပဲ လုပ်မှာပါ။ အန္တရာယ်များတဲ့ ရှေ့တန်းကနေ ထွက်လာမှာမဟုတ်လို့ အရမ်းစိတ်မပူပါနဲ့"
"မဟုတ်ဘူး..."
ချန်းကျင်း၏လည်ပင်းမှာ အနည်းငယ်မျှ မွန်ကြပ်သွားရ၏။
"အဖေ သူ့အကြောင်း မသိပါဘူး။ သူက သေချာပေါက်..."
ထိုအချိန်မှာပင် သူသည် လုထောင်အနေဖြင့် ယခုအချိန်၌ စရိုက်ကွဲဖယ်ရှားရေး ခွဲစိတ်မှုနှင့် ပတ်သက်ကာ ပြင်ဆင်နေလောက်ပြီဖြစ်ကြောင်း ရုတ်တရက် သွားအမှတ်ရမိသဖြင့် အနည်းငယ် စိတ်ငြိမ်သွားရလေသည်။
"အာ..ဟုတ်တယ်။ သူ အခုချိန် အဲ့ဒီမှာပဲ ရှိနေမှာ.."
သို့သည့်တိုင် ချန်းကျင်း၏နှလုံးသားတစ်ခုလုံးမှာ မွန်းကြပ်နေဆဲပါပင်။ သေနတ်ပစ်နေသည့် သုံးမိနစ်မျှ အချိန်အတွင်းတွင် ကားထံမှ ပစ်ချက်များကို တစ်ဖက်လေယာဉ်ငယ်များက ရှောင်နိုင်လိုက်သော အကြိမ်တိုင်း၌ သူသည် ဘာသာသက်ပြင်းဖွဖွ ချမိ၍ စိတ်သက်သာရာရမိ၏။ ကားထံမှ ပစ်လိုက်သည့် သေနတ်အချက်တိုင်းသည်ကား အရေအတွက်စိပ်ကာ လေယာဉ်ငယ်များမှာလည်း သတိထား၍ ရှောင်တိမ်းနေရသည်။
ခရီးသည်အားလုံးသည် လေယာဉ်ငယ်တစ်စီးစီးထံမှ ကား၏မှန်ကိုဖြစ်စေ သို့မဟုတ် အခြားသော အစိတ်အပိုင်းတစ်ခုကိုဖြစ်စေ ထိမှန်နိုင်ရန် မျှော်လင့်နေခဲ့ကြမိသည်။ သို့သော် ကား၏ပြတင်းမှန်များသည်ကား သိပ်သည်းလှသဖြင့် ထင်သလောက် မလွယ်ကူခဲ့ရပါချေ။ ဤကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ပစ်လိုက်ခတ်လိုက်နှင့် ရှုပ်ယှက်ခတ်နေချိန်တွင် ကားအတွင်းပိုင်းထဲမှ မီးအလင်းရောင်အားလုံးမှာ ရုတ်ချည်း ငြိမ်းသက်သွားရလေ၏။
ထိုအခါ ချန်းကျင်း၏နှလုံးသားအတွင်းမှ မျှော်လင့်ချက်မီးရောင်လေးမှာလည်း အပြင်ဘက်မှ မီးရောင်များနည်းတူ ရုတ်ချည်း ငြိမ်းသက်သွားရပေတော့သည်။
ဤအကြိမ်သည်ကား သူ့အတွက် ဒုတိယအကြိမ်မြောက် ခရီးသွားကားစီးခြင်းဖြစ်သည့်အလျောက် ချန်းကျင်းသည် မိမိတို့အနေဖြင့် မကြာမီအတွင်း Folding space ထဲသို့ ဝင်ရောက်ရတော့မည်ဖြစ်ကြောင်း ကောင်းစွာ နားလည်၏။
သူ့နည်းတူ အခြားသော ခရီးသည်များမှာလည်း ၎င်းအကြောင်းကို အသေအချာ နားလည်လိမ့်လေမည်။ ထို့ကြောင့် ခရီးသည်အားလုံး၏ မျက်နှာထားများမှာ ရုတ်ချည်း ညှိုးကျသွားရ၍ အစောပိုင်းက ရှိခဲ့သော မျှော်လင့်ချက် အရိပ်အယောင်များမှာလည်း ပျောက်ကွယ်သွားရပေတော့သည်။
"ကျွန်တော်တို့ရဲ့ကားထဲကို လိုက်ပါလာတဲ့ လူကြီးမင်းများအားလုံး မင်္ဂလာပါခင်ဗျ။ သွားရမယ့်နေရာကို ရောက်ဖို့ တစ်နာရီခွဲပဲ ကျန်ပါတော့တယ်။ အဲ့ဒီတော့ ဒီကျန်တဲ့အချိန်အတွင်းမှာ အားလုံးပဲ ဘယ်မှမသွားဘဲ ကိုယ့်နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး နေကြပါ။ နောက်ပြီး ပြတင်းမှန်တွေကိုလည်း ခွဲဖို့ ထပ်မကြိုးစားကြပါနဲ့တော့။ မဟုတ်ရင် ကျွန်တော်တို့အကုန်လုံး အစရှာမရအောင် ကွယ်ပျောက်သွားပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ကျွန်တော်တို့ရဲ့ ကျည်ဆံတွေက လူကြီးမင်းတို့ရဲ့ ဦးခေါင်းကို အရင်ဦးဆုံး ဖောက်ထွက်သွားမှာပါ"
ရေဒီယိုနောက်ကွယ်မှလူသည် ခဏမျှစကား ရပ်လိုက်ပြီးနောက် ဆက်ဆိုလာသည်။
"အားလုံး အဆင်ပြေအောင်လို့ အရေးပေါ် မီးတွေကိုပဲ ဖွင့်ပေးထားပါ့မယ်။ ကောင်းကောင်း အနားယူလိုက်ကြပါဦး"
ပတ်ဝန်းကျင်မှ အလင်းရောင်တစ်ခုလုံးသည်ကား တဖန် ဖျော့တော့သွားရကာ အရေးပေါ်မီးသီးများသာ ခပ်မှိန်မှိန် ကျန်ရစ်ခဲ့ရလေသည်။ ထို့ကြောင့် မိမိအနားမှ ပုဂ္ဂိုလ်၏အရိပ်ကိုသာ မြင်နိုင်ရုံမျှ ဖြစ်သွားရတော့၏။ သို့နှင့် ရေဒီယိုထံမှ သတင်းကြေညာသူ၏အသံအား အချိန်အတန်ကြာသည်အထိ မကြားရသောအခါ ချန်းကျင်းသည် ဤကဲ့သို့ တိုးဖွဖွ ရေရွတ်လာမိပေသည်။
"တစ်နာရီခွဲကြီးတောင် ကြာဦးမှာတဲ့။ ကျွန်တော်တို့ကို ဘယ်ကိုများ ခေါ်သွားမလို့ပါလိမ့်? အရင်တစ်ခေါက်က ဖြတ်တုန်းကတောင် ၁၅ မိနစ်လောက်ပဲ ကြာတာကို.."
ထိုအခါ ချန်းရွှီကလည်း တိုးဖွဖွ ပြန်ဖြေ၏။
"အတော်လေးဝေးတဲ့ တစ်နေရာရာဖြစ်မှာပေါ့။ ရှာဖွေတွေ့ရှိထားပြီး လူသိပ်မနေတဲ့ ရှေးဟောင်း ကမ္ဘာငယ်တွေလည်း ကိုကြီးတို့အာကာသထဲမှာ ရှိသေးတယ် မဟုတ်လား။ သူတို့တွေ အဲ့ဒီကို သွားနေတာ ဖြစ်နိုင်တယ်"
"ဟင်?"
ချန်းကျင်းသည် လွန်စွာမှ ကြောက်လန့်သွားမိ၍ အထိတ်တလန့် ရေရွတ်မိလေတော့၏။
"အတော်လေး ကြောက်ဖို့ကောင်းတဲ့ နေရာတွေပဲနေမှာ..."
ထိုအခါ အဖေဖြစ်သူ ချန်းကျန်းကလည်း သားဖြစ်သူ၏ပခုံးအား ခပ်ဖွဖွ ပုတ်ပေးလာ၍ ဤကဲ့သို့ နှစ်သိမ့်စကားဆိုလေသည်။
"ပေါင်ပေ့က လိမ်မာပါတယ်။ အရမ်းမကြောက်နဲ့ ဟုတ်ပြီလား။ ခဏလောက် အိပ်လိုက်ဦး။ အဖေတို့အားလုံး သူတို့ပြောတဲ့အတိုင်း နားထောင်နေတာဆိုတော့ အဆင်ပြေသွားမှာပါ"
ချန်းကျင်းသည် "အင်း" ဟု ခပ်ဖွဖွ အသံပြုလျက် ရှိရှိသမျှသော အကြောက်တရားအားလုံးကို မျိုသိပ်ရန် ကြိုးစားမိ၏။ ထို့နောက် သူသည် မျက်လွှာချလိုက်၍ ဖခင်ဖြစ်သူပြောသည့်အတိုင်း အိပ်ပျော်ရန် ကြိုးစားသည်။ သို့သော် သူသည် သေးသေးလေးမျှ အိပ်စက်၍ မရခဲ့ပါချေ။ ထိုအစား ကြောက်စရာအတွေးများကသာ သူ၏စိတ်ထဲတွင် တစ်စတစ်စ ပိုမိုများပြားလာရလေသည်။
ဤကဲ့သို့ ပေါင်းစုံတွေးတောရင်းဖြင့် နှလုံးတစ်ခုလုံး အပြင်ထွက်ကျမတတ် ထိတ်လန့်နေချိန်တွင် အသံသေးသေးလေးတစ်ခုက ချန်းကျင်း၏နားစည်အတွင်းသို့ ရုတ်တရက် ပျံ့လွင့်လာရလေ၏။
"အို ~ တိုက်ဆိုင်လိုက်တာ"
ချန်းကျင်း၏ကိုယ်ထည်တစ်ခုလုံးမှာ ဆတ်ခနဲ တောင့်တင်းသွားရသည်။ ထို့အပြင် မျက်ဝန်းများကလည်း ကြောက်ရွံ့မှုများအပြည့် ဖြစ်နေကာ နောက်ကျောဘက်တစ်ပြင်လုံးသည်ပင် ကြက်သီးတဖြန်းဖြန်း ထနေသေးပေ၏။
တစ်ခဏမျှအကြာတွင် ၎င်းအသံက စကားထပ်ဆိုလာပြန်သည်။
"မင်း ငါ့ကို မမှတ်မိဘူးလား။ ငါက ဟိုတစ်ခါကတုန်းက ကိုင်မီရား လေ"
ကြည်လင်၍ချစ်စဖွယ်ကောင်းသော ကလေးဆန်ဆန်အသံလေးက ချန်းကျင်း၏ထိတ်လန့်မှု အလုံးစုံအား တဖြေးဖြေး လွင့်ပျယ်သွားစေဟန်တူ၏။ ချန်းကျင်းသည် အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့် ဘယ်ညာ လှည့်ကြည့်ရင်း တိုးဖွဖွ ရေရွတ်လာသည်။
"ငါမှတ်မိပါတယ်။ မင်းက ဘယ်မှာလဲ?"
သူက ထိုကဲ့သို့ တစ်ကိုယ်တည်း စကားပြောနေသည်ကို မြင်သောအခါ ဘေးတစ်ဖက်တစ်ချပ်ဆီမှ အဖေနှင့်အစ်ကိုဖြစ်သူတို့ကလည်း ဇဝေဇဝါနှင့် သူ့အား ပြန်ကြည့်လာကြပေ၏။ ထိုအခါ ချန်းကျင်းသည် ထိုသူတို့နှစ်ယောက်လုံးကို ခေါင်းယမ်းပြလျက် "ကိုင်မီရား" ဟူသော စကားလုံးအား မပြောမိစေရန် အမူအရာဖြင့် သတိပေးလာခဲ့သည်။
"ငါက မင်းအနောက်မှာလေ။ ဒါနဲ့ မင်းက ဘာလို့ ဒီရောက်နေတာလဲ?"
ချန်းကျင်းက ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ဖြေ၏။
"ငါ..ငါက အခု ဓားစာခံအဖြစ် အဖမ်းခံထားရတာ"
"စမ်းသပ်ဖို့အတွက် အသုံးချခံပစ္စည်း မဟုတ်ဘူးလား?"
ချန်းကျင်းမှာ တစ်ခဏမျှ ကြောင်အမ်းလျက်။
"ဘာကြီးလဲ အဲ့ဒါက?"
တစ်ဖက်မှ ကိုင်မီရားက ပြန်ဖြေသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက ငါလည်း မင်းလိုပဲ အဖမ်းခံခဲ့ရတာလေ"
၎င်းစကားလုံးများအား ကြားသောအခါ ချန်းကျင်း၏ကိုယ်ထည်လေးမှာ တမဟုတ်ချင်း အေးစက်သွားရပေ၏။
"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက!?"
သို့သော် ကိုင်မီရားလေးသည်ကား ဤအကြိမ်၌မူ ချက်ချင်းလက်ငင်း ပြန်အဖြေပြုမလာခဲ့ပါချေ။ ထိုအစား သူက ချန်းကျင်းကိုသာ အမေးပြန်ဆိုလေသည်။
"မင်း ဒီက ထွက်ချင်လား?"
၎င်းစကားလုံးများအား ကြားရသောအခါ ချန်းကျင်း၏နှလုံးသားထဲမှ ကွယ်ပျောက်လုနီးပါးဖြစ်နေသော မျှော်လင့်ချက်ရောင်ခြည်လေးမှာလည်း တဖန် ပြန်ကာ လင်းလက်လာရလေပြီ။ ချန်းကျင်းသည် ချက်ချင်းပင် ခေါင်းငြိမ့်ပြချင်ခဲ့မိသည့်တိုင် သူ၏လှုပ်ရှားမှုများက သံသယဝင်စရာကောင်းမည် စိုးသဖြင့် မည်သည့်လှုပ်ရှားမှုမျှ မပြုတော့ပါဘဲ ထုံးစံအတိုင်း တိုးဖွဖွသာ စကားဆိုလာခဲ့ပေသည်။
"ထွက်ချင်တာပေါ့။ မင်း ငါ့ကို ကူညီနိုင်လို့လား?"
ထို့နောက် သူက ကပျာကယာ စကားဆက်၏။
"ငါတို့ကို ကူညီပေးမှာလား။ ငါရယ် ၊ ကိုကြီးရယ် ပြီးတော် အဖေရယ်။ ငါတို့သုံးယောက်လုံးကို အတူတူ ထွက်သွားခွင့်ရအောင် ကူညီပေးပါ"
ကိုင်မီရားလေးက တည်ငြိမ်စွာဆိုသည်။
"ကောင်းပြီလေ"
၎င်းအဖြေအားကြားကြားချင်း ချန်းကျင်းမှာ ခုန်ပေါက်မတတ် ဝမ်းသာသွားမိသည့်တိုင် သူသည် ၎င်းခံစားချက်အား တမင် ထိန်းချုပ်လိုက်၍ မူလအတိုင်း တိုးဖွဖွ အမေးဆက်ဆိုလေ၏။
"ဒါဆို ငါတို့ ဘယ်လိုလုပ်ရမလဲ?"
"ငါ့နောက်က လိုက်ခဲ့"
ချန်းကျင်းမှာ တစ်ဒင်္ဂမျှ တွန့်ဆုတ်လျက်။
"ဒါပေမဲ့ ငါတို့အခု လှုပ်လို့မရဘူး။ ငါတို့ တစ်ခုခု လုပ်လိုက်မိတာနဲ့ သူတို့တွေ ချက်ချင်း သတိထားမိလိမ့်မယ်။ ပြီးတော့ သူ..သူတို့မှာ သေနတ်တွေနဲ့ "
တမဟုတ်ချင်းပင် သူသည် ဖီးလစ်ဆိုသောလူ၏ အဆုံးသတ်ပုံနှင့် လူသွားလမ်းထက်တွင် သွေးအိုင်တစ်ခုနှင့် လဲကျနေသော အလောင်းပုံရိပ်ကို တဖန်ပြန်အမှတ်ရသွားမိကာ ကြက်သီးတဖြန်းဖြန်း ထသွားမိပြန်လေသည်။
ထိုအခါ တစ်ဖက်မှ ကိုင်မီရားက ဤကဲ့သို့ တိုးဖွဖွ ဆိုလာ၏။
"မင်းတို့ရဲ့ လက်ကောက်ဝတ်မှာ တပ်ထားတဲ့ ဆက်သွယ်ရေးစက်တွေကို ဖြုတ်ပြီး ထိုင်ခုံမှာ ထားထားလိုက်"
တစ်ဖက်လူပြောချင်သည့် အဓိပ္ပါယ်အား ဂဃနဏ နားမလည်သည့်တိုင် ချန်းကျင်းသည် ဘာမျှတွေဝေမနေပါဘဲ ဘေးနားမှ အဖေနှင့်အစ်ကိုဖြစ်သူတို့ကို ထိုကဲ့သို့ လုပ်ဆောင်ရန်သာ တိုးတိုးလေး ဆိုလာခဲ့လေသည်။ အခြားတစ်ဖက်တွင်မူ ချန်းရွှီက ၎င်းအကြောင်းပြချက်အား တမဟုတ်ချင်း နားလည်သွားရလေပြီ။
ထို့ကြောင့် သူက အကြမ်းဖျင်း ရှင်းပြလာပေ၏။
"ကိုကြီးတို့ရဲ့ လှုပ်ရှားမှုတွေကို သာမန်မျက်လုံးနဲ့ ကြည့်ပြီး အာရုံခံနေနိုင်တာ မဟုတ်ဘူး။ ကားရဲ့ အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာ စောင့်ကြည့်ရေး စက်ကိရိယာတွေ တပ်ထားတာမို့ ကိုကြီးတို့ရဲ့ ဆက်သွယ်ရေးစက်တွေကနေ တစ်ဆင့် ဘာလုပ်လုပ် သိနေနိုင်တာမျိုး.."
အတိအကျဆိုရလျှင် Folding space ထဲ၌ ဆက်သွယ်ရေးကိရိယာများသည်ကား ကောင်းစွာအသုံးပြု၍ မရပါချေ။ ထို့အပြင် ဤနေ့ ဘူတာရုံထဲသို့ ဝင်ကတည်းမှစ၍လည်း သူတို့၏ဆက်သွယ်ရေးစက်များနှင့် အပြင်လောကမှာ ပြတ်တောက်ခဲ့ရပြီး ဖြစ်၏။ သို့သော် ကားအတွင်းမှ ကိရိယာများနှင့်မူ ကောင်းစွာ ဆက်သွယ်နိုင်သေးလေသည်။
သူတို့သုံးဦးစလုံးသည် ကိုယ်စီဆက်သွယ်ရေးစက်များကို အသေအချာ ချွတ်လိုက်ကြ၍ ထိုင်ခုံထက်တွင် တင်ထားခဲ့ကြပေ၏။ သို့နှင့် အားလုံးပြီးသောအခါ ကားအတွင်းမှာ ရုတ်တရက် မှောင်မိုက်သွားရ၍ အရေးပေါ်မီးသီးများမှာလည်း ပိတ်သွားရသည်။ ဤကဲ့သို့ အပြီးတိုင် မှောင်မည်းသွားခြင်းကြောင့် ခရီးသည်အချို့ကလည်း တဖန်ပြန်ကာ ပွက်လောရိုက်လာရပြန်၏။
ထိုအခါ တစ်ဖက်ရေဒီယိုထံမှ အသိပေးသံတစ်ခုက ပျံ့လွင့်လာရလေသည်။
"မကြောက်ကြပါနဲ့ လူကြီးမင်းတို့။ ကိုယ့်နေရာမှာကိုယ် နေနေကြပါ။ စကားနားမထောင်လို့ ကျွန်တော်တို့ ရိုင်းပျမိမှ အပြစ်မတင်ကြပါနဲ့"
သေခြင်းတရားအား မျက်မြင်ကြုံတွေ့ခဲ့ရပြီးနောက်တွင် မည်သူကမျှ အလားတူအမှားမျိုး ထပ်မံလုပ်ရန် သတ္တိမရှိတော့ပါချေ။ ထို့ကြောင့် မှောင်မည်းနေသော ကားအတွင်းထဲ၌ လှုပ်ရှားနေသည်မှာ ကိုင်မီရားနောက် လိုက်နေသည့် ချန်းမိသားစု သားအဖသုံးယောက်သာ ဖြစ်ရတော့လေသည်။
ဆူညံမှုများ လျှော့ချနိုင်ရန်အတွက် ခရီးသွားကားများပေါ်တွင် ကော်ဇောထူထူကြီးများအား ခင်းလေ့ရှိသောကြောင့် သူတို့အတွက် တိတ်တဆိတ် လုပ်ဆောင်ရသည်မှာ ပို၍လွယ်ကူသွားရ၏။ သားအဖသုံးယောက်စလုံးသည် မိမိတို့၏ ကိုယ်စီခရီးဆောင်အိတ်များကို အတတ်နိုင်ဆုံး ဂရုတစိုက် သယ်ယူ၍ လျှောက်လှမ်းလာခဲ့ကြသည်။ အကယ်၍ တစ်ခုခု လွဲချော်သွားပါက သူတို့အတွက် အဆုံးသတ်မှာ ကျိန်းသေပေါက် သေခြင်းတရားသာ ဖြစ်လိမ့်မည် မဟုတ်ရပါလား။
တစ်ဝက်ကျော်မျှ လမ်းလျှောက်လာပြီးနောက်တွင် အလယ်ခေါင် လမ်းဆုံနေရာသို့ ရောက်လာခဲ့လေပြီ။ ချန်းကျင်းသည် မည်သည့်ဘက်သို့ ဆက်လျှောက်ရမည်မှန်း မသိပါဘဲ တွေဝေနေမိချိန်တွင် ရုတ်တရက် အရှေ့ဘက်သို့ တွန်းပို့ခံလိုက်ရပေသည်။
ကိုင်မီရားလေးက တိုးဖွဖွ စကားဆို၏။
"အဲ့ဒီအပေါ်ကို တက်လိုက်"
သို့သည့်တိုင် ချန်းကျင်းကမူ မည်သည့်နေရာဆီသို့ တက်ရပါမှန်း မသိခဲ့ပါချေ။ သူ၏အရှေ့တစ်ခွင်လုံးသည်ကား ကိုယ့်လက်ချောင်းကို မမြင်ရအောင်အထိ မည်းမှောင်နေရသည် မဟုတ်ပါလား။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် စက်ဝိုင်းပုံစံ အပေါက်ဝတစ်ခုအား ရုတ်တရက် သွားစမ်းမိလေသည်။ ထို့နောက် လူတစ်ကိုယ်စာဝင်နိုင်သည်အထိ ကျယ်ကြောင်း စစ်ဆေးပြီးသောအခါ ချန်းကျင်းသည် ကိုယ်ကိုကျုံ့လျက် အတွင်းထဲသို့ တက်ဝင်သွားခဲ့ပေတော့၏။
အဖေနှင့်အစ်ကိုဖြစ်သူတို့ကလည်း သူ၏နောက်မှ လိုက်ဝင်လာကြောင်း ခံစားမိသဖြင့် ချန်းကျင်းသည် အတော်လေး စိတ်သက်သာရာရသွားမိသည်။ သို့နှင့် အရှေ့ဘက်သို့ မိနစ်အနည်းငယ်မျှ ဆက်လက်တွားသွားပြီးနောက်တွင် အလင်းရောင်တစ်စကို ရုတ်တရက် မြင်လိုက်ရပေ၏။ ထို့ကြောင့် ချန်းကျင်းသည် ယခင်ထက်ပို၍ အရှိန်မြှင့်ကာ ကပျာကယာ ဆက်သွားမိသည်။ ထို့နောက် သူတို့သုံးဦးစလုံး လမ်းဆုံးအရောက်၌ မည်ကဲ့သို့ ဆက်လုပ်ရပါမှန်း တွေဝေနေချိန်တွင် ခြေဖဝါးနှစ်ဖက်က သူတို့၏ကျောပေါ်သို့ ရွေ့လျားလာကြောင်း ခံစားလိုက်ရပေတော့၏။
ထူးဆန်းသော အထိအတွေ့ကြောင့် ချန်းကျင်းမှာ ငယ်သံပါအောင် အော်ဟစ်လုနီးနီး။ ထို့ကြောင့် သူသည် မသိစိတ်အလျောက် ကပျာကယာ လက်တစ်ဖက်ကို မြှောက်လိုက်ကာ ၎င်းအရာအား ဆွဲကိုင်ရန် ဟန်ပြင်မိသည်။ သို့သော် ထိုကဲ့သို့ မလုပ်နိုင်သေးခင်မှာပင် ၎င်းအထိအတွေ့ကို တဖန်ပြန်အမှတ်ရမိသွားပါသဖြင့် သူ၏လက်အား ပြန်ရုတ်လိုက်မိပေ၏။ ထို့နောက်တွင် လူတစ်ယောက်မတ်တပ်ရပ်နေသော ပုံရိပ်က သူ၏မြင်ကွင်းထဲသို့ တဖြည်းဖြည်း ပေါ်လာခဲ့ရလေတော့သည်။
တစ်ဖက်လူသည်ကား လူသားတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ချန်းကျင်း ဘာသာမှတ်ချက်ချမိ၏။ အကြောင်းမှာ ထိုသူ၏မျက်နှာအသွင်အပြင်အားလုံးသည်ကား လူသားတစ်ယောက်နှင့် ဆင်တူနေသောကြောင့်ပင်။ ပုံမှန်လူသားနှင့်မတူပါဘဲ ကွဲပြားနေသည်ဟူ၍ ထိုသူ့ထံ၌ အမြီးတစ်ခု ပါရှိနေခြင်းသာ ဖြစ်လိမ့်လေမည်။
တစ်ဖက်လူသည်ကား ခုနှစ်နှစ် ရှစ်နှစ်မျှ အရွယ်ရှိ ကလေးငယ်တစ်ဦးနှင့်တူ၍ ကိုယ်ထည်တွင်လည်း အဝတ်တစ်စမျှ ကပ်မနေခဲ့ပါချေ။ ထို့ကြောင့် ချန်းကျင်းသည် အနည်းငယ် မျက်နှာပူမိသဖြင့် တစ်ဖက်ကလေးငယ်အား ဆက်၍ စိုက်မကြည့်တော့ပါဘဲ မေးခွန်းတစ်ခုကိုသာ အလေးအနက် မေးလာခဲ့မိပေတော့၏။
"မင်းက လူသားနဲ့ ပုတ်သင်ညိုပေါင်းစပ်ထားတဲ့ ကိုင်မီရားပေါ့? ဟိုတစ်ခါတုန်းက ဝန်ကြီးချုပ် အင်ဒီရာကို လုပ်ကြံခဲ့တဲ့တစ်ယောက် ဟုတ်တယ်မလား?"
တစ်ဖက်မှ ကိုင်မီရားက ခေါင်းငြိမ့်ပြ၍ ပါးချိုင့်လေးနှစ်ဖက်ပေါ်သည်အထိ ပြုံးလျက်ပြန်ဖြေ၏။
"အင်း။ အဲ့ဒီတုန်းက မင်း ငါ့ကို ကူပေးခဲ့တယ်လေ"
အမှန်ဆိုရလျှင် ချန်းကျင်းထံ၌ မေးခွန်းများစွာ ရှိနေပေ၏။ ယခုလက်ရှိ မိမိတို့ရှိနေသည့်နေရာသည်ကား ဘောလုံးသဏ္ဍာန်ရှိသော ကိုယ်ထည်တစ်ခုဖြစ်၍ ဘေးဘက်နံရံများက နူးညံ့သည်။ သို့သော် ၎င်းအရာက အပြင်ဘက်မှကြည့်လျှင် မည်သည့်ပုံစံရှိကြောင်းကိုမူ မသိနိုင်ခဲ့ပါပေ။
ဤကဲ့သို့ သူက ဘာမေးရမှန်း မသိပါဘဲ တွေဝေနေချိန်တွင် ချန်းရွှီက ဦးစွာ အမေးဆိုလာခဲ့လေ၏။
"ကောင်လေး ၊ အစ်ကိုတို့ကို ကယ်တဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်။ ဒါနဲ့ စကားမစပ် နောက်ထပ် ဘယ်နေရာကို ဆက်သွားမှာလဲ?"
တစ်ဖက်မှ ကိုင်မီရားလေးက ချန်းရွှီကို မျက်ဝန်းနက်ကြီးများဖြင့် ပြန်စိုက်ကြည့်လာခဲ့၏။ သူ၏ပုံံစံမှာ အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်ပမာ။ သို့သော် တစ်ဆက်တည်းမှာပင် ၎င်းပုံစံက အတွေ့အကြုံများသည့် သက်ကြီးရွယ်အိုတစ်ဦးနှင့်လည်း တူနေရပြန်သေးသည်။
ကိုင်မီရားလေးက တည်ငြိမ်စွာ အမေးဆိုလေ၏။
"မင်းတို့ ဘယ်နေရာကို သွားချင်လဲ?"
Zawgyi
အမွတ္မထင္ ေတြ႔ဆံုျခင္းမွ
ေပၚေပါက္လာေသာ ကံေကာင္းမႈတစ္ခု
ခရီးသည္အားလံုးမွာ တမဟုတ္ခ်င္း ဂဏွာမၿငိမ္ျဖစ္သြားရ၍ ေယာက်္ားသားမ်ား၏ ေအာ္ဟစ္သံမ်ား၊ အမ်ိဳးသမီးမ်ား၏ငိုေႂကြးသံမ်ားျဖင့္ ဆူညံပြက္ေလာ႐ိုက္သြားရေပသည္။ သို႔ေသာ္ မၾကာမီအတြင္း ဒုတိယေျမာက္ ေသနတ္ပစ္သံတစ္ခ်က္က ေပၚေပါက္လာေသာအခါ ၎ဆူညံသံမ်ားအားလံုးမွာ ႐ုတ္ခ်ည္း ၿငိမ္က်သြားရေလ၏။
မိမိႏွင့္ လက္တစ္လွမ္းစာမွ် အကြာအေဝးတြင္ လူသတ္မႈျဖစ္ေနေၾကာင္း ျမင္ရသျဖင့္ ခ်န္းက်င္းသည္ တစ္ကိုယ္လံုးတုန္ရီသည္အထိ ေၾကာက္ရြံ႔သြားခဲ့မိသည္။ သူသည္ ဖခင္ျဖစ္သူ၏လက္ေမာင္းမ်ားၾကားထဲသို႔ ဝင္ပုန္းလုမတတ္ ျဖစ္သြားမိရံုသာမက အနားမွ အစ္ကိုျဖစ္သူ၏လက္တစ္ဖက္ကိုပါ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားမိေလေတာ့၏။
သို႔ႏွင့္ အပ္က်သံမၾကားရေအာင္အထိ ၿငိမ္သက္သြားခ်ိန္တြင္ ေရဒီယိုဆီမွ အမ်ိဳးသားတစ္ဦး၏အသံက ထံုးစံအတိုင္း ထြက္ေပၚလာရျပန္သည္။ သို႔ေသာ္ ယခင္ကကဲ့သို႔ အျပံဳးရိပ္သန္းေနေသာ အသံႏွင့္မဟုတ္ရပါဘဲ ေအးတိေအးစက္ေလသံႏွင့္ ထိုလူက ဆိုလာေလ၏။
"အဲ့ဒီေတာ့ အခု လူႀကီးမင္းတို႔အားလံုး ကြၽန္ေတာ္ေျပာတဲ့အတိုင္း နာခံခ်င္စိတ္ ႐ွိသြားၾကၿပီလား? ကဲ ဒါဆို အကုန္လံုး ကိုယ့္ထိုင္ခံုမွာ ထိုင္ၿပီး ဒီႏွစ္နာရီအတြင္း ၿငိမ္ၿငိမ္ေနေပးၾကပါ ဟုတ္ၿပီလား"
ငိုေႂကြးလုမတတ္ ထိတ္လန္႔ေနခဲ့ၾကသည့္တိုင္ မည္သူတစ္ဦးတစ္ေယာက္ကမွ် အထြန္႔မတက္ရဲသကဲ့သို႔ အသံတစ္စပင္ မထြက္ရဲခဲ့ပါေခ်။ မူလအစက ပူးကပ္၍ အခ်င္းခ်င္းေပြ႔ဖက္ထားၾကေသာ ခရီးသည္မ်ားမွာလည္း မိမိတို႔၏ထိုင္ခံုအသီးသီးသို႔ တျဖည္းျဖည္း ျပန္လည္ေျပာင္းထိုင္ေနရေလၿပီ။ သို႔ေသာ္ ဖီးလစ္၏အေလာင္းအနား႐ွိ ထုိင္ခံုမ်ားတြင္ ထိုင္ရေသာ ခရီးသည္မ်ားကမူ ကံဆိုးခဲ့ရေပ၏။ ဖီးလစ္၏မ်က္လံုးအစံုသည္ကား ယခုအခ်ိန္ထိ ျပဴးက်ယ္ေနဆဲျဖစ္ေသာေၾကာင့္ အနားတြင္ ထိုင္မည့္လူမ်ားအေနျဖင့္ သူ၏အနားသို႔ကပ္ကာ မ်က္ခြံမ်ားမွိတ္ေပးမွ ျဖစ္လိမ့္ေလမည္။ မဟုတ္လွ်င္ ထိုသူတို႔အားလံုးသည္ ဤႏွစ္နာရီလံုးလံုး လူေသေကာင္တစ္ေကာင္ႏွင့္ ေနရခက္စြာ မ်က္ႏွာခ်င္းဆိုင္ေနရလိမ့္မည္ မဟုတ္ပါလား။
သို႔ႏွင့္ ခရီးသည္မ်ားအားလံုး ႏွစ္မိနစ္ေက်ာ္မွ် ကိုယ့္ေနရာအသီးသီးတြင္ ထိုင္ခဲ့ၾကၿပီးေနာက္တြင္ အျခားေသာ ခရီးသည္မ်ား႐ွိရာေနရာမွ ေသနတ္သံအခ်ိဳ႕ကို ထပ္မံၾကားရျပန္၏။ ၎ေသနတ္သံမ်ား ရပ္သြားေသာအခါ ေနရာတစ္ခုလံုးသည္လည္း အရင္အတိုင္း အပ္က်သံမၾကားရေအာင္အထိ ႐ုတ္ခ်ည္း ၿငိမ္သက္သြားရျပန္ေလသည္။
ေသနတ္ပစ္သံမ်ား ၾကားလိုက္သည့္အခ်ိန္တိုင္းတြင္ ခ်န္းက်င္းသည္ မိမိ၏ႏွလံုးသားတစ္ခုလံုးမွာ အေၾကာက္လြန္၍ အျပင္ဘက္သို႔ ခုန္ထြက္လုမတတ္ ခံစားခဲ့ရေပ၏။ ထို႔ေနာက္ ပတ္ဝန္းက်င္တစ္ခုလံုး ၿငိမ္က်သြားျပန္လွ်င္လည္း သူသည္ ခပ္ဖြဖြသာ အသက္႐ႈရဲခဲ့ေလသည္။ မည္သို႔ပင္ဆိုေစကာမူ ခ်န္းက်င္း၏စိတ္ထဲ၌ အေၾကာက္တရားတစ္ခုက ကိန္းေအာင္းေနဆဲသာ ျဖစ္ရသည္။ ယခုလက္႐ွိၾကားေနရေသာ ေသနတ္သံ တစ္ခ်က္ခ်င္းစီတိုင္းသည္ကား လူအခ်ိဳ႕ကိုပါ ထပ္ေလာင္းသတ္ပစ္လိုက္သည္ဟူေသာ သေဘာပင္ မဟုတ္ရပါလား။
ေနာက္လိုက္ဟူေသာ ထိုလူမ်ားသည္ မိမိတို႔ကို ဘာလုပ္ရန္မ်ား ၾကံစည္ေနၾကပါသနည္း!
အင္ဒီရာက ထြက္ေျပးသြားၿပီျဖစ္ကာ သူ၏ေနာက္လိုက္ဆိုေသာ လူမ်ားက ယခုတြင္ လူအမ်ားႀကီးကို ဓားစာခံအျဖစ္ ဖမ္းေခၚထားခဲ့ေလၿပီ။ ထိုလူသည္ မိမိတို႔ကို ခုတံုးလုပ္၍ ဤအာကာသမွ လြတ္ေျမာက္ႏိုင္လိမ့္မည္ဟု ထင္ေနျခင္းမ်ိဳး ျဖစ္ႏိုင္သည္ပင္။
အမွန္အတိုင္းဆိုရလွ်င္ မည္သည့္အတြက္ပင္ျဖစ္ေစ ခ်န္းက်င္းသည္ တိတိက်က် နားမလည္ႏိုင္ခဲ့ပါေခ်။ ယခုအခ်ိန္၌ သူသိသည့္ တစ္ခုတည္းေသာအရာမွာ သူတို႔အားလံုး ဒုကၡေရာက္ေနၿပီဟူေသာ အခ်က္သာျဖစ္ရ၏။ ထို႔အျပင္ သြားရမည့္ေနရာကို ေရာက္လွ်င္လည္း သူတို႔ကို ေစာင့္ႀကိဳေနသည္မွာ က်ိန္းေသေပါက္ ဆိုးဝါးေသာ အဆံုးသတ္တစ္ခုသာ ျဖစ္လိမ့္ေလမည္။
သူတို႔လိုက္ပါစီးနင္းလာေသာ ခရီးသြားယာဥ္သည္ကား လ်င္ျမန္စြာျဖင့္ပင္ ခရီးဆက္ေနခဲ့ေပ၏။ ၎ေနာက္ တျဖည္းျဖည္းႏွင့္ Folding space နားသို႔ ကပ္လာေသာအခါ ခ်န္းက်င္းသည္ သူတို႔ေနာက္သို႔ စစ္တပ္သံုး ေလယာဥ္အစီးမ်ားစြာက လိုက္လာေၾကာင္း ျပတင္းေပါက္မွတစ္ဆင့္ ျမင္လိုက္ရေပေတာ့သည္။
က်ိန္းေသေပါက္ ၎ေျပာင္းလဲမႈကို သတိထားမိသည္မွာ သူတစ္ဦးတည္းေတာ့ မဟုတ္ခဲ့ရပါေခ်။ အျခားေသာ ခရီးသည္အမ်ားစုကလည္း ၎ကို ျမင္ခဲ့မိသည္ပင္။ ထို႔ေၾကာင့္ လူအေတာ္မ်ားမ်ားသည္ တမဟုတ္ခ်င္း ေပ်ာ္ရႊင္သြားမိ၍ အခ်ိဳ႕ဆိုလွ်င္ ဤသို႔ပါ တိုးဖြဖြ ေရရြတ္လာေလေတာ့၏။
"စစ္တပ္ကလူေတြ ငါတို႔ကိုကယ္ဖို႔ လိုက္လာေနၾကၿပီပဲ"
"ဘယ္လိုလုပ္ၿပီး ကယ္ႏိုင္မွာလဲ? သူတို႔က ဒီကားကို ရပ္ေအာင္လုပ္ႏိုင္မွာ မို႔လို႔လား!?"
"ဗံုးၾကဲမွ ရမွာပဲ! မဟုတ္ရင္ ဒီကားကို တားႏိုင္မွာ မဟုတ္ေလာက္ဘူး"
ဤသို႔ျဖင့္ ပတ္ဝန္းက်င္တစ္ခုလံုးမွာ တိုးညႇင္းလွေသာ ေဆြးေႏြးသံအခ်ိဳ႕ႏွင့္ လႊမ္းျခံဳသြားရ၏။ သို႔ေသာ္ ခ်န္းက်င္းကမူ ဘာမွ်မဆိုမိပါဘဲ ၎ေလယာဥ္ပ်ံမ်ားကိုသာ ေတြေဝစြာၾကည့္ေနခဲ့မိေလသည္။ ထို႔ေနာက္ မၾကာမီမွာပင္ သူ၏ႏွလံုးသားတစ္ခုလံုးမွာ တစ္စံုတစ္ရာဆီမွ ဆြဲစုတ္ခံရသကဲ့သို႔ တင္းၾကပ္သြားရျပန္၏။
၎ေလယာဥ္မ်ားအားလံုးတြင္ စစ္တပ္ဌာနမွ သေကၤတမ်ား ပါဝင္၍ ၎တို႔ထဲမွ အမ်ားစုမွာ သူျမင္ေနက်ျဖစ္ေသာ လုေထာင္၏စစ္ဌာနမွ သေကၤတမ်ား ျဖစ္ရေလသည္။
ထိုသို႔ဆိုလွ်င္ လုေထာင္သည္လည္း ၎ယာဥ္မ်ားထဲမွ တစ္စီးစီးတြင္ လိုက္ပါလာႏိုင္သည္ မဟုတ္ရပါလား။
ခ်န္းက်င္းသည္ မသိစိတ္အေလ်ာက္ အံႀကိတ္လိုက္မိ၍ တစ္ခုခုကို စိုးရိမ္ေနခဲ့မိသည္။ ထို႔ေနာက္ မၾကာမီပင္ သူတို႔၏ကားထံမွ ေလယာဥ္မ်ားဆီသို႔ ပစ္ခတ္ေနေသာ ေသနတ္သံမ်ားကို ၾကားရေသာအခါ သူ၏ႏွလံုးသားတစ္ခုလံုးမွာ အခုန္လြန္၍ လည္ပင္းထိ ေရာက္လုမတတ္ ျဖစ္ေနေၾကာင္း ခံစားလိုက္ရေလေတာ့၏။
ထို႔ေၾကာင့္ သူသည္ မေနႏိုင္ပါဘဲ ဤကဲ့သို႔ တိုးဖြဖြ ေရရြတ္မိေပသည္။
"မ..မလာနဲ႔။ မလာပါနဲ႔.."
ကိုယ္ထည္က်စ္လ်စ္၍ အဆင့္ျမင့္လွသည့္ ေနာက္ဆံုးေပၚေလယာဥ္ငယ္မ်ားသည္ကား ခရီးသြားယာဥ္တစ္စီးႏွင့္ စိုးစဥ္းမွ် ႏိႈင္းယွဥ္စရာ မဟုတ္ေသာေၾကာင့္ ခ်န္းက်င္းသည္ တစ္ခ်က္ၾကည့္ရံုျဖင့္ မည္သည့္ေလယာဥ္၌ လုေထာင္ပါ႐ွိေနေၾကာင္းကို မခန္႔မွန္းႏိုင္ခဲ့ပါေခ်။ အကယ္၍ အၾကင္သူသာ တစ္ခုခုျဖစ္သြားမည္ဆိုလွ်င္ က်ိန္းေသေပါက္ သူသည္လည္း ခံႏိုင္ရည္႐ွိလိမ့္မည္ မဟုတ္ပါေလ။
ထိုအခ်ိန္တြင္ ေဘးကပ္ရပ္ ထိုင္ေနေသာ အေဖျဖစ္သူက သူ၏အတြင္းစိတ္ကို ေဖာက္ျမင္ႏိုင္ဟန္ျဖင့္ ဤသို႔ ႏွစ္သိမ့္စကားဆိုလာခဲ့ေပ၏။
"သူက ဗိုလ္ခ်ဳပ္တစ္ေယာက္ျဖစ္တာမို႔ အေနာက္ကေန အမိန္႔ေပးၫႊန္ၾကားတာေလာက္ပဲ လုပ္မွာပါ။ အႏၱရာယ္မ်ားတဲ့ ေ႐ွ႕တန္းကေန ထြက္လာမွာမဟုတ္လို႔ အရမ္းစိတ္မပူပါနဲ႔"
"မဟုတ္ဘူး..."
ခ်န္းက်င္း၏လည္ပင္းမွာ အနည္းငယ္မွ် မြန္ၾကပ္သြားရ၏။
"အေဖ သူ႔အေၾကာင္း မသိပါဘူး။ သူက ေသခ်ာေပါက္..."
ထိုအခ်ိန္မွာပင္ သူသည္ လုေထာင္အေနျဖင့္ ယခုအခ်ိန္၌ စ႐ိုက္ကြဲဖယ္႐ွားေရး ခြဲစိတ္မႈႏွင့္ ပတ္သက္ကာ ျပင္ဆင္ေနေလာက္ၿပီျဖစ္ေၾကာင္း ႐ုတ္တရက္ သြားအမွတ္ရမိသျဖင့္ အနည္းငယ္ စိတ္ၿငိမ္သြားရေလသည္။
"အာ..ဟုတ္တယ္။ သူ အခုခ်ိန္ အဲ့ဒီမွာပဲ ႐ွိေနမွာ.."
သို႔သည့္တိုင္ ခ်န္းက်င္း၏ႏွလံုးသားတစ္ခုလံုးမွာ မြန္းၾကပ္ေနဆဲပါပင္။ ေသနတ္ပစ္ေနသည့္ သံုးမိနစ္မွ် အခ်ိန္အတြင္းတြင္ ကားထံမွ ပစ္ခ်က္မ်ားကို တစ္ဖက္ေလယာဥ္ငယ္မ်ားက ေ႐ွာင္ႏိုင္လိုက္ေသာ အႀကိမ္တိုင္း၌ သူသည္ ဘာသာသက္ျပင္းဖြဖြ ခ်မိ၍ စိတ္သက္သာရာရမိ၏။ ကားထံမွ ပစ္လိုက္သည့္ ေသနတ္အခ်က္တိုင္းသည္ကား အေရအတြက္စိပ္ကာ ေလယာဥ္ငယ္မ်ားမွာလည္း သတိထား၍ ေ႐ွာင္တိမ္းေနရသည္။
ခရီးသည္အားလံုးသည္ ေလယာဥ္ငယ္တစ္စီးစီးထံမွ ကား၏မွန္ကိုျဖစ္ေစ သို႔မဟုတ္ အျခားေသာ အစိတ္အပိုင္းတစ္ခုကိုျဖစ္ေစ ထိမွန္ႏိုင္ရန္ ေမွ်ာ္လင့္ေနခဲ့ၾကမိသည္။ သို႔ေသာ္ ကား၏ျပတင္းမွန္မ်ားသည္ကား သိပ္သည္းလွသျဖင့္ ထင္သေလာက္ မလြယ္ကူခဲ့ရပါေခ်။ ဤကဲ့သို႔ တစ္ဖက္ႏွင့္တစ္ဖက္ ပစ္လိုက္ခတ္လိုက္ႏွင့္ ႐ႈပ္ယွက္ခတ္ေနခ်ိန္တြင္ ကားအတြင္းပိုင္းထဲမွ မီးအလင္းေရာင္အားလံုးမွာ ႐ုတ္ခ်ည္း ၿငိမ္းသက္သြားရေလ၏။
ထိုအခါ ခ်န္းက်င္း၏ႏွလံုးသားအတြင္းမွ ေမွ်ာ္လင့္ခ်က္မီးေရာင္ေလးမွာလည္း အျပင္ဘက္မွ မီးေရာင္မ်ားနည္းတူ ႐ုတ္ခ်ည္း ၿငိမ္းသက္သြားရေပေတာ့သည္။
ဤအႀကိမ္သည္ကား သူ႔အတြက္ ဒုတိယအႀကိမ္ေျမာက္ ခရီးသြားကားစီးျခင္းျဖစ္သည့္အေလ်ာက္ ခ်န္းက်င္းသည္ မိမိတို႔အေနျဖင့္ မၾကာမီအတြင္း Folding space ထဲသို႔ ဝင္ေရာက္ရေတာ့မည္ျဖစ္ေၾကာင္း ေကာင္းစြာ နားလည္၏။
သူ႔နည္းတူ အျခားေသာ ခရီးသည္မ်ားမွာလည္း ၎အေၾကာင္းကို အေသအခ်ာ နားလည္လိမ့္ေလမည္။ ထို႔ေၾကာင့္ ခရီးသည္အားလံုး၏ မ်က္ႏွာထားမ်ားမွာ ႐ုတ္ခ်ည္း ညႇိဳးက်သြားရ၍ အေစာပိုင္းက ႐ွိခဲ့ေသာ ေမွ်ာ္လင့္ခ်က္ အရိပ္အေယာင္မ်ားမွာလည္း ေပ်ာက္ကြယ္သြားရေပေတာ့သည္။
"ကြၽန္ေတာ္တို႔ရဲ႕ကားထဲကို လိုက္ပါလာတဲ့ လူႀကီးမင္းမ်ားအားလံုး မဂၤလာပါခင္ဗ်။ သြားရမယ့္ေနရာကို ေရာက္ဖို႔ တစ္နာရီခြဲပဲ က်န္ပါေတာ့တယ္။ အဲ့ဒီေတာ့ ဒီက်န္တဲ့အခ်ိန္အတြင္းမွာ အားလံုးပဲ ဘယ္မွမသြားဘဲ ကိုယ့္ေနရာမွာ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ေနၾကပါ။ ေနာက္ၿပီး ျပတင္းမွန္ေတြကိုလည္း ခြဲဖို႔ ထပ္မႀကိဳးစားၾကပါနဲ႔ေတာ့။ မဟုတ္ရင္ ကြၽန္ေတာ္တို႔အကုန္လံုး အစ႐ွာမရေအာင္ ကြယ္ေပ်ာက္သြားပါလိမ့္မယ္။ ဒါေပမဲ့ အဲ့ဒီမတိုင္ခင္ ကြၽန္ေတာ္တို႔ရဲ႕ က်ည္ဆံေတြက လူႀကီးမင္းတို႔ရဲ႕ ဦးေခါင္းကို အရင္ဦးဆံုး ေဖာက္ထြက္သြားမွာပါ"
ေရဒီယိုေနာက္ကြယ္မွလူသည္ ခဏမွ်စကား ရပ္လိုက္ၿပီးေနာက္ ဆက္ဆိုလာသည္။
"အားလံုး အဆင္ေျပေအာင္လို႔ အေရးေပၚ မီးေတြကိုပဲ ဖြင့္ေပးထားပါ့မယ္။ ေကာင္းေကာင္း အနားယူလိုက္ၾကပါဦး"
ပတ္ဝန္းက်င္မွ အလင္းေရာင္တစ္ခုလံုးသည္ကား တဖန္ ေဖ်ာ့ေတာ့သြားရကာ အေရးေပၚမီးသီးမ်ားသာ ခပ္မွိန္မွိန္ က်န္ရစ္ခဲ့ရေလသည္။ ထို႔ေၾကာင့္ မိမိအနားမွ ပုဂိၢဳလ္၏အရိပ္ကိုသာ ျမင္ႏိုင္ရံုမွ် ျဖစ္သြားရေတာ့၏။ သို႔ႏွင့္ ေရဒီယိုထံမွ သတင္းေၾကညာသူ၏အသံအား အခ်ိန္အတန္ၾကာသည္အထိ မၾကားရေသာအခါ ခ်န္းက်င္းသည္ ဤကဲ့သို႔ တိုးဖြဖြ ေရရြတ္လာမိေပသည္။
"တစ္နာရီခြဲႀကီးေတာင္ ၾကာဦးမွာတဲ့။ ကြၽန္ေတာ္တို႔ကို ဘယ္ကိုမ်ား ေခၚသြားမလို႔ပါလိမ့္? အရင္တစ္ေခါက္က ျဖတ္တုန္းကေတာင္ ၁၅ မိနစ္ေလာက္ပဲ ၾကာတာကို.."
ထိုအခါ ခ်န္းရႊီကလည္း တိုးဖြဖြ ျပန္ေျဖ၏။
"အေတာ္ေလးေဝးတဲ့ တစ္ေနရာရာျဖစ္မွာေပါ့။ ႐ွာေဖြေတြ႔႐ွိထားၿပီး လူသိပ္မေနတဲ့ ေ႐ွးေဟာင္း ကမာၻငယ္ေတြလည္း ကိုႀကီးတို႔အာကာသထဲမွာ ႐ွိေသးတယ္ မဟုတ္လား။ သူတို႔ေတြ အဲ့ဒီကို သြားေနတာ ျဖစ္ႏိုင္တယ္"
"ဟင္?"
ခ်န္းက်င္းသည္ လြန္စြာမွ ေၾကာက္လန္႔သြားမိ၍ အထိတ္တလန္႔ ေရရြတ္မိေလေတာ့၏။
"အေတာ္ေလး ေၾကာက္ဖို႔ေကာင္းတဲ့ ေနရာေတြပဲေနမွာ..."
ထိုအခါ အေဖျဖစ္သူ ခ်န္းက်န္းကလည္း သားျဖစ္သူ၏ပခံုးအား ခပ္ဖြဖြ ပုတ္ေပးလာ၍ ဤကဲ့သို႔ ႏွစ္သိမ့္စကားဆိုေလသည္။
"ေပါင္ေပ့က လိမ္မာပါတယ္။ အရမ္းမေၾကာက္နဲ႔ ဟုတ္ၿပီလား။ ခဏေလာက္ အိပ္လိုက္ဦး။ အေဖတို႔အားလံုး သူတို႔ေျပာတဲ့အတိုင္း နားေထာင္ေနတာဆိုေတာ့ အဆင္ေျပသြားမွာပါ"
ခ်န္းက်င္းသည္ "အင္း" ဟု ခပ္ဖြဖြ အသံျပဳလ်က္ ႐ွိ႐ွိသမွ်ေသာ အေၾကာက္တရားအားလံုးကို မ်ိဳသိပ္ရန္ ႀကိဳးစားမိ၏။ ထို႔ေနာက္ သူသည္ မ်က္လႊာခ်လိုက္၍ ဖခင္ျဖစ္သူေျပာသည့္အတိုင္း အိပ္ေပ်ာ္ရန္ ႀကိဳးစားသည္။ သို႔ေသာ္ သူသည္ ေသးေသးေလးမွ် အိပ္စက္၍ မရခဲ့ပါေခ်။ ထိုအစား ေၾကာက္စရာအေတြးမ်ားကသာ သူ၏စိတ္ထဲတြင္ တစ္စတစ္စ ပိုမိုမ်ားျပားလာရေလသည္။
ဤကဲ့သို႔ ေပါင္းစံုေတြးေတာရင္းျဖင့္ ႏွလံုးတစ္ခုလံုး အျပင္ထြက္က်မတတ္ ထိတ္လန္႔ေနခ်ိန္တြင္ အသံေသးေသးေလးတစ္ခုက ခ်န္းက်င္း၏နားစည္အတြင္းသို႔ ႐ုတ္တရက္ ပ်ံ့လြင့္လာရေလ၏။
"အို ~ တိုက္ဆိုင္လိုက္တာ"
ခ်န္းက်င္း၏ကိုယ္ထည္တစ္ခုလံုးမွာ ဆတ္ခနဲ ေတာင့္တင္းသြားရသည္။ ထို႔အျပင္ မ်က္ဝန္းမ်ားကလည္း ေၾကာက္ရြံ႔မႈမ်ားအျပည့္ ျဖစ္ေနကာ ေနာက္ေက်ာဘက္တစ္ျပင္လံုးသည္ပင္ ၾကက္သီးတျဖန္းျဖန္း ထေနေသးေပ၏။
တစ္ခဏမွ်အၾကာတြင္ ၎အသံက စကားထပ္ဆိုလာျပန္သည္။
"မင္း ငါ့ကို မမွတ္မိဘူးလား။ ငါက ဟိုတစ္ခါကတုန္းက ကိုင္မီရား ေလ"
ၾကည္လင္၍ခ်စ္စဖြယ္ေကာင္းေသာ ကေလးဆန္ဆန္အသံေလးက ခ်န္းက်င္း၏ထိတ္လန္႔မႈ အလံုးစံုအား တေျဖးေျဖး လြင့္ပ်ယ္သြားေစဟန္တူ၏။ ခ်န္းက်င္းသည္ အနည္းငယ္ စိတ္သက္သာရာရသြားဟန္ျဖင့္ ဘယ္ညာ လွည့္ၾကည့္ရင္း တိုးဖြဖြ ေရရြတ္လာသည္။
"ငါမွတ္မိပါတယ္။ မင္းက ဘယ္မွာလဲ?"
သူက ထိုကဲ့သို႔ တစ္ကိုယ္တည္း စကားေျပာေနသည္ကို ျမင္ေသာအခါ ေဘးတစ္ဖက္တစ္ခ်ပ္ဆီမွ အေဖႏွင့္အစ္ကိုျဖစ္သူတို႔ကလည္း ဇေဝဇဝါႏွင့္ သူ႔အား ျပန္ၾကည့္လာၾကေပ၏။ ထိုအခါ ခ်န္းက်င္းသည္ ထိုသူတို႔ႏွစ္ေယာက္လံုးကို ေခါင္းယမ္းျပလ်က္ "ကိုင္မီရား" ဟူေသာ စကားလံုးအား မေျပာမိေစရန္ အမူအရာျဖင့္ သတိေပးလာခဲ့သည္။
"ငါက မင္းအေနာက္မွာေလ။ ဒါနဲ႔ မင္းက ဘာလို႔ ဒီေရာက္ေနတာလဲ?"
ခ်န္းက်င္းက ကူကယ္ရာမဲ့ဟန္ျဖင့္ ျပန္ေျဖ၏။
"ငါ..ငါက အခု ဓားစာခံအျဖစ္ အဖမ္းခံထားရတာ"
"စမ္းသပ္ဖို႔အတြက္ အသံုးခ်ခံပစၥည္း မဟုတ္ဘူးလား?"
ခ်န္းက်င္းမွာ တစ္ခဏမွ် ေၾကာင္အမ္းလ်က္။
"ဘာႀကီးလဲ အဲ့ဒါက?"
တစ္ဖက္မွ ကိုင္မီရားက ျပန္ေျဖသည္။
"လြန္ခဲ့တဲ့ ႏွစ္တစ္ရာေလာက္တုန္းက ငါလည္း မင္းလိုပဲ အဖမ္းခံခဲ့ရတာေလ"
၎စကားလံုးမ်ားအား ၾကားေသာအခါ ခ်န္းက်င္း၏ကိုယ္ထည္ေလးမွာ တမဟုတ္ခ်င္း ေအးစက္သြားရေပ၏။
"လြန္ခဲ့တဲ့ ႏွစ္တစ္ရာေလာက္တုန္းက!?"
သို႔ေသာ္ ကိုင္မီရားေလးသည္ကား ဤအႀကိမ္၌မူ ခ်က္ခ်င္းလက္ငင္း ျပန္အေျဖျပဳမလာခဲ့ပါေခ်။ ထိုအစား သူက ခ်န္းက်င္းကိုသာ အေမးျပန္ဆိုေလသည္။
"မင္း ဒီက ထြက္ခ်င္လား?"
၎စကားလံုးမ်ားအား ၾကားရေသာအခါ ခ်န္းက်င္း၏ႏွလံုးသားထဲမွ ကြယ္ေပ်ာက္လုနီးပါးျဖစ္ေနေသာ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးမွာလည္း တဖန္ ျပန္ကာ လင္းလက္လာရေလၿပီ။ ခ်န္းက်င္းသည္ ခ်က္ခ်င္းပင္ ေခါင္းၿငိမ့္ျပခ်င္ခဲ့မိသည့္တိုင္ သူ၏လႈပ္႐ွားမႈမ်ားက သံသယဝင္စရာေကာင္းမည္ စိုးသျဖင့္ မည္သည့္လႈပ္႐ွားမႈမွ် မျပဳေတာ့ပါဘဲ ထံုးစံအတိုင္း တိုးဖြဖြသာ စကားဆိုလာခဲ့ေပသည္။
"ထြက္ခ်င္တာေပါ့။ မင္း ငါ့ကို ကူညီႏိုင္လို႔လား?"
ထို႔ေနာက္ သူက ကပ်ာကယာ စကားဆက္၏။
"ငါတို႔ကို ကူညီေပးမွာလား။ ငါရယ္ ၊ ကိုႀကီးရယ္ ၿပီးေတာ္ အေဖရယ္။ ငါတို႔သံုးေယာက္လံုးကို အတူတူ ထြက္သြားခြင့္ရေအာင္ ကူညီေပးပါ"
ကိုင္မီရားေလးက တည္ၿငိမ္စြာဆိုသည္။
"ေကာင္းၿပီေလ"
၎အေျဖအားၾကားၾကားခ်င္း ခ်န္းက်င္းမွာ ခုန္ေပါက္မတတ္ ဝမ္းသာသြားမိသည့္တိုင္ သူသည္ ၎ခံစားခ်က္အား တမင္ ထိန္းခ်ဳပ္လိုက္၍ မူလအတိုင္း တိုးဖြဖြ အေမးဆက္ဆိုေလ၏။
"ဒါဆို ငါတို႔ ဘယ္လိုလုပ္ရမလဲ?"
"ငါ့ေနာက္က လိုက္ခဲ့"
ခ်န္းက်င္းမွာ တစ္ဒဂၤမွ် တြန္႔ဆုတ္လ်က္။
"ဒါေပမဲ့ ငါတို႔အခု လႈပ္လို႔မရဘူး။ ငါတို႔ တစ္ခုခု လုပ္လိုက္မိတာနဲ႔ သူတို႔ေတြ ခ်က္ခ်င္း သတိထားမိလိမ့္မယ္။ ၿပီးေတာ့ သူ..သူတို႔မွာ ေသနတ္ေတြနဲ႔ "
တမဟုတ္ခ်င္းပင္ သူသည္ ဖီးလစ္ဆိုေသာလူ၏ အဆံုးသတ္ပံုႏွင့္ လူသြားလမ္းထက္တြင္ ေသြးအိုင္တစ္ခုႏွင့္ လဲက်ေနေသာ အေလာင္းပံုရိပ္ကို တဖန္ျပန္အမွတ္ရသြားမိကာ ၾကက္သီးတျဖန္းျဖန္း ထသြားမိျပန္ေလသည္။
ထိုအခါ တစ္ဖက္မွ ကိုင္မီရားက ဤကဲ့သို႔ တိုးဖြဖြ ဆိုလာ၏။
"မင္းတို႔ရဲ႕ လက္ေကာက္ဝတ္မွာ တပ္ထားတဲ့ ဆက္သြယ္ေရးစက္ေတြကို ျဖဳတ္ၿပီး ထိုင္ခံုမွာ ထားထားလိုက္"
တစ္ဖက္လူေျပာခ်င္သည့္ အဓိပၸါယ္အား ဂဃနဏ နားမလည္သည့္တိုင္ ခ်န္းက်င္းသည္ ဘာမွ်ေတြေဝမေနပါဘဲ ေဘးနားမွ အေဖႏွင့္အစ္ကိုျဖစ္သူတို႔ကို ထိုကဲ့သို႔ လုပ္ေဆာင္ရန္သာ တိုးတိုးေလး ဆိုလာခဲ့ေလသည္။ အျခားတစ္ဖက္တြင္မူ ခ်န္းရႊီက ၎အေၾကာင္းျပခ်က္အား တမဟုတ္ခ်င္း နားလည္သြားရေလၿပီ။
ထို႔ေၾကာင့္ သူက အၾကမ္းဖ်င္း ႐ွင္းျပလာေပ၏။
"ကိုႀကီးတို႔ရဲ႕ လႈပ္႐ွားမႈေတြကို သာမန္မ်က္လံုးနဲ႔ ၾကည့္ၿပီး အာရံုခံေနႏိုင္တာ မဟုတ္ဘူး။ ကားရဲ႕ အေ႐ွ႕ပိုင္းနဲ႔အေနာက္ပိုင္းမွာ ေစာင့္ၾကည့္ေရး စက္ကိရိယာေတြ တပ္ထားတာမို႔ ကိုႀကီးတို႔ရဲ႕ ဆက္သြယ္ေရးစက္ေတြကေန တစ္ဆင့္ ဘာလုပ္လုပ္ သိေနႏိုင္တာမ်ိဳး.."
အတိအက်ဆိုရလွ်င္ Folding space ထဲ၌ ဆက္သြယ္ေရးကိရိယာမ်ားသည္ကား ေကာင္းစြာအသံုးျပဳ၍ မရပါေခ်။ ထို႔အျပင္ ဤေန႔ ဘူတာရံုထဲသို႔ ဝင္ကတည္းမွစ၍လည္း သူတို႔၏ဆက္သြယ္ေရးစက္မ်ားႏွင့္ အျပင္ေလာကမွာ ျပတ္ေတာက္ခဲ့ရၿပီး ျဖစ္၏။ သို႔ေသာ္ ကားအတြင္းမွ ကိရိယာမ်ားႏွင့္မူ ေကာင္းစြာ ဆက္သြယ္ႏိုင္ေသးေလသည္။
သူတို႔သံုးဦးစလံုးသည္ ကိုယ္စီဆက္သြယ္ေရးစက္မ်ားကို အေသအခ်ာ ခြၽတ္လိုက္ၾက၍ ထိုင္ခံုထက္တြင္ တင္ထားခဲ့ၾကေပ၏။ သို႔ႏွင့္ အားလံုးၿပီးေသာအခါ ကားအတြင္းမွာ ႐ုတ္တရက္ ေမွာင္မိုက္သြားရ၍ အေရးေပၚမီးသီးမ်ားမွာလည္း ပိတ္သြားရသည္။ ဤကဲ့သို႔ အၿပီးတိုင္ ေမွာင္မည္းသြားျခင္းေၾကာင့္ ခရီးသည္အခ်ိဳ႕ကလည္း တဖန္ျပန္ကာ ပြက္ေလာ႐ိုက္လာရျပန္၏။
ထိုအခါ တစ္ဖက္ေရဒီယိုထံမွ အသိေပးသံတစ္ခုက ပ်ံ့လြင့္လာရေလသည္။
"မေၾကာက္ၾကပါနဲ႔ လူႀကီးမင္းတို႔။ ကိုယ့္ေနရာမွာကိုယ္ ေနေနၾကပါ။ စကားနားမေထာင္လို႔ ကြၽန္ေတာ္တို႔ ႐ိုင္းပ်မိမွ အျပစ္မတင္ၾကပါနဲ႔"
ေသျခင္းတရားအား မ်က္ျမင္ၾကံဳေတြ႔ခဲ့ရၿပီးေနာက္တြင္ မည္သူကမွ် အလားတူအမွားမ်ိဳး ထပ္မံလုပ္ရန္ သတၱိမ႐ွိေတာ့ပါေခ်။ ထို႔ေၾကာင့္ ေမွာင္မည္းေနေသာ ကားအတြင္းထဲ၌ လႈပ္႐ွားေနသည္မွာ ကိုင္မီရားေနာက္ လိုက္ေနသည့္ ခ်န္းမိသားစု သားအဖသံုးေယာက္သာ ျဖစ္ရေတာ့ေလသည္။
ဆူညံမႈမ်ား ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ခရီးသြားကားမ်ားေပၚတြင္ ေကာ္ေဇာထူထူႀကီးမ်ားအား ခင္းေလ့႐ွိေသာေၾကာင့္ သူတို႔အတြက္ တိတ္တဆိတ္ လုပ္ေဆာင္ရသည္မွာ ပို၍လြယ္ကူသြားရ၏။ သားအဖသံုးေယာက္စလံုးသည္ မိမိတို႔၏ ကိုယ္စီခရီးေဆာင္အိတ္မ်ားကို အတတ္ႏိုင္ဆံုး ဂ႐ုတစိုက္ သယ္ယူ၍ ေလွ်ာက္လွမ္းလာခဲ့ၾကသည္။ အကယ္၍ တစ္ခုခု လြဲေခ်ာ္သြားပါက သူတို႔အတြက္ အဆံုးသတ္မွာ က်ိန္းေသေပါက္ ေသျခင္းတရားသာ ျဖစ္လိမ့္မည္ မဟုတ္ရပါလား။
တစ္ဝက္ေက်ာ္မွ် လမ္းေလွ်ာက္လာၿပီးေနာက္တြင္ အလယ္ေခါင္ လမ္းဆံုေနရာသို႔ ေရာက္လာခဲ့ေလၿပီ။ ခ်န္းက်င္းသည္ မည္သည့္ဘက္သို႔ ဆက္ေလွ်ာက္ရမည္မွန္း မသိပါဘဲ ေတြေဝေနမိခ်ိန္တြင္ ႐ုတ္တရက္ အေ႐ွ႕ဘက္သို႔ တြန္းပို႔ခံလိုက္ရေပသည္။
ကိုင္မီရားေလးက တိုးဖြဖြ စကားဆို၏။
"အဲ့ဒီအေပၚကို တက္လိုက္"
သို႔သည့္တိုင္ ခ်န္းက်င္းကမူ မည္သည့္ေနရာဆီသို႔ တက္ရပါမွန္း မသိခဲ့ပါေခ်။ သူ၏အေ႐ွ႕တစ္ခြင္လံုးသည္ကား ကိုယ့္လက္ေခ်ာင္းကို မျမင္ရေအာင္အထိ မည္းေမွာင္ေနရသည္ မဟုတ္ပါလား။ သို႔ေသာ္ ကံေကာင္းေထာက္မစြာျဖင့္ သူသည္ စက္ဝိုင္းပံုစံ အေပါက္ဝတစ္ခုအား ႐ုတ္တရက္ သြားစမ္းမိေလသည္။ ထို႔ေနာက္ လူတစ္ကိုယ္စာဝင္ႏိုင္သည္အထိ က်ယ္ေၾကာင္း စစ္ေဆးၿပီးေသာအခါ ခ်န္းက်င္းသည္ ကိုယ္ကိုက်ံဳ႕လ်က္ အတြင္းထဲသို႔ တက္ဝင္သြားခဲ့ေပေတာ့၏။
အေဖႏွင့္အစ္ကိုျဖစ္သူတို႔ကလည္း သူ၏ေနာက္မွ လိုက္ဝင္လာေၾကာင္း ခံစားမိသျဖင့္ ခ်န္းက်င္းသည္ အေတာ္ေလး စိတ္သက္သာရာရသြားမိသည္။ သို႔ႏွင့္ အေ႐ွ႕ဘက္သို႔ မိနစ္အနည္းငယ္မွ် ဆက္လက္တြားသြားၿပီးေနာက္တြင္ အလင္းေရာင္တစ္စကို ႐ုတ္တရက္ ျမင္လိုက္ရေပ၏။ ထို႔ေၾကာင့္ ခ်န္းက်င္းသည္ ယခင္ထက္ပို၍ အ႐ွိန္ျမႇင့္ကာ ကပ်ာကယာ ဆက္သြားမိသည္။ ထို႔ေနာက္ သူတို႔သံုးဦးစလံုး လမ္းဆံုးအေရာက္၌ မည္ကဲ့သို႔ ဆက္လုပ္ရပါမွန္း ေတြေဝေနခ်ိန္တြင္ ေျခဖဝါးႏွစ္ဖက္က သူတို႔၏ေက်ာေပၚသို႔ ေရြ႔လ်ားလာေၾကာင္း ခံစားလိုက္ရေပေတာ့၏။
ထူးဆန္းေသာ အထိအေတြ႔ေၾကာင့္ ခ်န္းက်င္းမွာ ငယ္သံပါေအာင္ ေအာ္ဟစ္လုနီးနီး။ ထို႔ေၾကာင့္ သူသည္ မသိစိတ္အေလ်ာက္ ကပ်ာကယာ လက္တစ္ဖက္ကို ေျမႇာက္လိုက္ကာ ၎အရာအား ဆြဲကိုင္ရန္ ဟန္ျပင္မိသည္။ သို႔ေသာ္ ထိုကဲ့သို႔ မလုပ္ႏိုင္ေသးခင္မွာပင္ ၎အထိအေတြ႔ကို တဖန္ျပန္အမွတ္ရမိသြားပါသျဖင့္ သူ၏လက္အား ျပန္႐ုတ္လိုက္မိေပ၏။ ထို႔ေနာက္တြင္ လူတစ္ေယာက္မတ္တပ္ရပ္ေနေသာ ပံုရိပ္က သူ၏ျမင္ကြင္းထဲသို႔ တျဖည္းျဖည္း ေပၚလာခဲ့ရေလေတာ့သည္။
တစ္ဖက္လူသည္ကား လူသားတစ္ေယာက္သာ ျဖစ္လိမ့္မည္ဟု ခ်န္းက်င္း ဘာသာမွတ္ခ်က္ခ်မိ၏။ အေၾကာင္းမွာ ထိုသူ၏မ်က္ႏွာအသြင္အျပင္အားလံုးသည္ကား လူသားတစ္ေယာက္ႏွင့္ ဆင္တူေနေသာေၾကာင့္ပင္။ ပံုမွန္လူသားႏွင့္မတူပါဘဲ ကြဲျပားေနသည္ဟူ၍ ထိုသူ႔ထံ၌ အၿမီးတစ္ခု ပါ႐ွိေနျခင္းသာ ျဖစ္လိမ့္ေလမည္။
တစ္ဖက္လူသည္ကား ခုႏွစ္ႏွစ္ ႐ွစ္ႏွစ္မွ် အရြယ္႐ွိ ကေလးငယ္တစ္ဦးႏွင့္တူ၍ ကိုယ္ထည္တြင္လည္း အဝတ္တစ္စမွ် ကပ္မေနခဲ့ပါေခ်။ ထို႔ေၾကာင့္ ခ်န္းက်င္းသည္ အနည္းငယ္ မ်က္ႏွာပူမိသျဖင့္ တစ္ဖက္ကေလးငယ္အား ဆက္၍ စိုက္မၾကည့္ေတာ့ပါဘဲ ေမးခြန္းတစ္ခုကိုသာ အေလးအနက္ ေမးလာခဲ့မိေပေတာ့၏။
"မင္းက လူသားနဲ႔ ပုတ္သင္ညိဳေပါင္းစပ္ထားတဲ့ ကိုင္မီရားေပါ့? ဟိုတစ္ခါတုန္းက ဝန္ႀကီးခ်ဳပ္ အင္ဒီရာကို လုပ္ၾကံခဲ့တဲ့တစ္ေယာက္ ဟုတ္တယ္မလား?"
တစ္ဖက္မွ ကိုင္မီရားက ေခါင္းၿငိမ့္ျပ၍ ပါးခ်ိဳင့္ေလးႏွစ္ဖက္ေပၚသည္အထိ ျပံဳးလ်က္ျပန္ေျဖ၏။
"အင္း။ အဲ့ဒီတုန္းက မင္း ငါ့ကို ကူေပးခဲ့တယ္ေလ"
အမွန္ဆိုရလွ်င္ ခ်န္းက်င္းထံ၌ ေမးခြန္းမ်ားစြာ ႐ွိေနေပ၏။ ယခုလက္႐ွိ မိမိတို႔႐ွိေနသည့္ေနရာသည္ကား ေဘာလံုးသ႑ာန္႐ွိေသာ ကိုယ္ထည္တစ္ခုျဖစ္၍ ေဘးဘက္နံရံမ်ားက ႏူးညံ့သည္။ သို႔ေသာ္ ၎အရာက အျပင္ဘက္မွၾကည့္လွ်င္ မည္သည့္ပံုစံ႐ွိေၾကာင္းကိုမူ မသိႏိုင္ခဲ့ပါေပ။
ဤကဲ့သို႔ သူက ဘာေမးရမွန္း မသိပါဘဲ ေတြေဝေနခ်ိန္တြင္ ခ်န္းရႊီက ဦးစြာ အေမးဆိုလာခဲ့ေလ၏။
"ေကာင္ေလး ၊ အစ္ကိုတို႔ကို ကယ္တဲ့အတြက္ တကယ္ ေက်းဇူးတင္ပါတယ္။ ဒါနဲ႔ စကားမစပ္ ေနာက္ထပ္ ဘယ္ေနရာကို ဆက္သြားမွာလဲ?"
တစ္ဖက္မွ ကိုင္မီရားေလးက ခ်န္းရႊီကို မ်က္ဝန္းနက္ႀကီးမ်ားျဖင့္ ျပန္စိုက္ၾကည့္လာခဲ့၏။ သူ၏ပံုံစံမွာ အျပစ္ကင္းစင္ေသာ ကေလးငယ္တစ္ေယာက္ပမာ။ သို႔ေသာ္ တစ္ဆက္တည္းမွာပင္ ၎ပံုစံက အေတြ႔အၾကံဳမ်ားသည့္ သက္ႀကီးရြယ္အိုတစ္ဦးႏွင့္လည္း တူေနရျပန္ေသးသည္။
ကိုင္မီရားေလးက တည္ၿငိမ္စြာ အေမးဆိုေလ၏။
"မင္းတို႔ ဘယ္ေနရာကို သြားခ်င္လဲ?"