"မနေ့ညက မနွှဲလိုက်ရတဲ့ ပွဲကွာ။ အဖွင့်ကို ကနဲ့စလိုက်ရအောင်...."
ကျောင်းဖွင့်တဲ့ ပထမဆုံးနေ့မှာလည်း ကျွန်တော်ဟာ အကို့နောက်ပါးမှမခွာပဲရှိနေခဲ့ပြီး အခုညအချိန်ထိတိုင် အကို့နံဘေးက တစ်ဖဝါးမခွာရသေးပါ။
🎶ကြင်နာသူရေ မင်းအနားနား နီးနီးလေးပဲ ကိုယ်နေချင်တယ်။🎶
အကို့ရဲ့ သီချင်းသံကြောင့်မလုံမလဲနဲ့ အကို့ဘက်ကို ကြည့်မိတော့ အကိုကလည်း ကျွန်တော့်ဆီကို ကြည့်နေသည်နှင့်ဒဲ့တိုးသည်။ ရင်တွေခုန်ပြီး တစ်ကိုယ်လုံးပူထူလာကာ အကို့ဆီကနေအကြည့်လွှဲပြီး ဘေးကလူတွေထံသို့ မလုံမလဲကြည့်လိုက်မိသည်။
"ဒီတင် ရပ်ပြီလား။ ဒါဆို ငါဆက်မယ်ကွာ...
🎶တုန်တုန်နေတာပဲ တုန်ခါသွားတာပဲကွာ။ အရူးမူးပဲ ....🎶📆"
"ဟား ဟား ဟားးး..."
ကိုတိုးရဲ့ သီချင်းကြောင့် အာလုံးရယ်မောနေကြသည်က ဘာကိုမှ တွေဝေနေခြင်းတို့ရှိမနေပါ။ ကြည့်ရတာ ကျွန်တော်နဲ့ အကို့ကြားက အပြုအမူတွေကို သူတို့အတွေးမများကြတာဖြစ်မည်။ တကယ်လည်း ဒီအပြုမူလေးတွေက အတွေးများစရာမရှိပါ၊ ယောကျာ်းလေးနှစ်ယောက်ကြားက ဖြစ်နေကြ ဖြစ်ရိုးဖြစ်စဥ်တွေအတိုင်း ဖြစ်ပျက်နေခြင်းဖြစ်သည်။
သို့သော်...အကိုနဲ့ပက်သတ်လာရင် မူမမှန်တဲ့ကျွန်တော်ကသာ အကိုဘာလုပ်လုပ်၊ အကိုဘာပြောပြော ရှက်ကို့ရှက်ကန်းနဲ့မလုံမလဲတွေဖြစ်ဖြစ်နေတာ။
"ဆိုလေ..သော်၊ ပ တဲ့။"
ကျွန်တော့်ပေါင်ပေါ်ကို လက်တင်လို့ သတိပေးပြီး သီချင်းဆိုခိုင်းပါတဲ့ အကို့ကြောင့် ကျွန်တော့်ခန္ဓာက တောင့်တင်းသွားရသည်။
ခပ်အမ်းအမ်းဖြစ်သွားတဲ့ ကျွန်တော့်မျက်နှာကို အကိုက အသေအချာကြည့်ပြီး 'ဆိုလေ' ဟူသော သဘောဖြင့် မျက်ခုံးပင့်ပြလေသည်။ ထို့ကြောင့် ယောင်နနနဲ့ ဆိုလိုက်မိသည်က...
🎶ပွင့်သစ်စပန်းကလေးများရယ် နုနုနယ်နယ်၊
စိုပြေရှင်းသန့် ဝင်းဖန့်လို့ ရနံ့လှိုင်ကာကြွယ်၊
ကိုယ်ချစ်သော ညီငယ် ကိုယ်ချစ်သော ညီမငယ်၊
လေးစားကာ နှုတ်ခွန်းဆတ်ပါတယ်တဲ့။🎶
"ခွီးးး...'
"ဟား ဟားးးးးး......."
ကျွန်တော့်ဦးနှောက်ထဲ ရိပ်ခနဲဝင်လာတဲ့ ဒီမှတ်ဉာဏ်ကို ဖျောက်ဖျက်ပစ်လိုက်ချင်သည်။ ဘာတဲ့ဗျာ...ဒီကလေးသီချင်းကြီးကို ကျွန်တော်က လွှတ်ခနဲဆိုချမိသွားသည်တဲ့။
ကိုတိုးတို့တင်မဟုတ်ပဲ အကိုကပါ သဘောတကျနဲ့ ခွက်ထိုးခွက်လန်ရယ်ချချင်နေတဲ့ပုံ။ ကျွန်တော့်ကို အားနာနေလို့သာ ခပ်ကျိတ်ကျိတ်ကလေး ရယ်နေတာနေမှာ။
"အဟွန်း...ခင်ဗျားတို့ကလည်း မရယ်နဲ့လေဗျာ။
ကလေးက ကလေးသီချင်းဆိုတာ ရယ်စရာမှမဟုတ်တာ..."
စကားသံအဆုံးမှာ ခပ်ဟဟလေး ရယ်လိုက်သေးတဲ့ အကို့ကြောင့် ကျွန်တော်သည် စူပုတ်ပုတ်နှင့် အလိုမကျဟန် အကို့ဘက်သို့ကြည့်ကာ...
"အကိုနော် ဘာကလေးလဲဗျ။ လူကို အကို့ညီမတွေများမှတ်နေသလား။"
"ဟင့်အင်း...မမှတ်ပါဘူးကွာ။
သော်က ဒီတိုင်း.....ကိုယ့်ညီလေးပါကွာ..."
ကျွန်တော့်ဆံပင်တွေထဲ တိုးဝင်လာတဲ့ အကို့လက်ချောင်းတွေရဲ့ အထိအတွေ့တွေကြောင့် ကျွန်တော့်မှာ အသည်းထဲ အေးခနဲဆိုသလိုဖြစ်ရသည်။
အကို ကျွန်တော့်ကို တမင် ပြုစားနေတာတော့ မဟုတ်ပါဘူးနော်။
"မင်းတို့နှစ်ယောက် အကြည်မစိုက်နဲ့တော့။ သီချင်းဆက်မယ်။ အစောကဘာနဲ့ဆုံးတာ..."
"မဟုတ်တာတွေပြောတော့မယ်။ တနဲ့ ဆုံးတာ.."
"ကိုတိုး မင်းပဲဆိုကွာ..."
တစ်ချိန်လုံးငြိမ်နေပါတဲ့ လွက်မောင်က သူကိုယ်တိုင်မဆိုသေးပဲ သန်းတိုးအောင်ကို ဆိုခိုင်းသည်။
"အေး....🎶တူတူနားမှာ မင်းလေးရှိတဲ့အချိန် ပီတိများနဲ့ ရင်တွေခုန်၊ ပူပင်မှုတွေနဲ့ ဘဝရဲ့မောများဝေး ကမ္ဘာကြီးဟာ ပြည့်စုံ.🎶.."
"ခဏ ခဏ၊ အတူတူလေ..'အ' ပါရဦးမယ်။"
"မင်း မညစ်နဲ့နော် အဝန်း..."
"ခက်ပြီ။ လာ အခုပဲ အခွေထိုးကြည့်မယ်။"
ထိုင်နေရာကနေ ထ,ပြီး သန်းတိုးအောင်၏ လက်ကို ဆွဲတဲ့အဝန်းကြောင့် လွင်မောင်တစ်ယောက် စိတ်ညစ်ညူးသွားရသည်။ ဆက်ချင်ပါတဲ့ သီချင်းလေးတွေဟာလည်း ဒီကနေ့မှာ ဆက်လို့မရဖြစ်ရတော့မှာကို သူခံစားမိနေသည်။
အစောက ငတိုးကောင်း လျှာရှည်သည့်အချိန်ထဲက အဝန်းက ပွဲဖျက်တော့မယ်ဆိုတာကို သိရိပ်မိနေခဲ့တာ။ ငတိုးက ပြောလို့ ဒီကောင်အဝန်း ကတ်သီးကတ်သပ်တွေပြောပြီး မနိုင်နိုင်အောင်ညစ်တော့မှာ။ ဒီအကြောင်းတွေကို တွေးမိပြီး လွင်မောင့်မျက်နှာက ဟန်မဆောင်နိုင်လောက်အောင်ကို ပျက်ယွင်းလို့နေသည်။
"ထားကွာ။ ထား ထား...နောက်တစ်ပုဒ်ပြောင်းဆိုမယ်။ ဖြစ်တယ်မဟုတ်လား..."
ကပ်သတ်ပြီး အရစ်တွေရှည်ပါတော့မယ့် ရောင်နီဝန်းကို သန်းတိုးအောင် အမြန်ပဲအရှုံးပေးလိုက်တော့သည်။ လွင်မောင်မျက်နှာက မသာမယာနဲ့ ရှုံ့မဲ့လို့နေတာ အရုပ်ဆိုးလွန်းလှသည်။ ဒီမျက်နှာကို သန်းတိုးအောင်မကြည့်ချင်ပါ။
"မညစ်နဲ့နော် ကိုတိုး။ ကျွန်တော်မသိဘူးဆိုတိုင်း စာလုံးတွေကို ဖြုတ်မချနဲ့ဗျ။ "
အမယ် ညစ်တတ်တာက ဘယ်သူမို့ သင်းကပဲ တပြန်ပြောရသေး။ ထ,ပြီး ထုထောင်းလိုက်ရရင်ဖြင့် ဒီကောင်လေး နာတော့မည်။
"ဆိုလေ ကိုတိုး..."
မျက်နှာငယ်လေးနဲ့ ဝင်ပြောလာတဲ့ စန္ဒသော်ကအောင်ကြောင့် သန်းတိုးအောင်သည် ရောင်နီဝန်းကို လျစ်လျူရှုထားပြီး သီချင်းတစ်ပုဒ်ကို ဆိုလိုက်သည်။
🎶တို့ငယ်ငယ် တုန်းက ရောင်ပေစူးလေးတွေနဲ့ရယ် ပုဆိုးကို စလွယ်သိုင်း...🎶
"နေဦး 'ဒ'နဲ့ ဒို့တာမဟုတ်လား.."
"ငါ..."
အင်ပြည့်အားပြည့်နဲ့ ဆဲချတော့မည့်အချိန်မှာပဲ နောက်ကျောဆီကို ရောက်ရှိလာတဲ့ အထိအတွေ့ကြောင့် လှည့်ကြည့်လိုက်တော့ နွမ်းလျပုံပေါက်နေပါတဲ့ ကိုကြည်သာမျက်နှာကို မြင်လိုက်ရသည်။
တဆက်တည်း အမြဲတမ်း အဝန်း၏ဘက်တော်သားသည်...
"ကလေးကို ဆဲဖို့လုပ်နေတယ်။ မင်းတော့..."
သတိထားဆိုပြီး လက်ညှိုးလေးနဲ့အမူအရာလုပ်ပြကာ ခပ်ဖော့ဖော့အသံလေးနဲ့ ကြိမ်းမောင်းပြတော့ သန်းတိုးအောင်ခင်ဗျာမယ် ဘာမှဆက်မပြောတော့ပဲ ဇက်ကလေးပုသွားရသည်။ ဒါကြောင့်ပြောပါတယ် မိအေးအော်တာသာလူကြားတယ်၊ ဂဏန်းညှပ်တာ လူမသိဘူးတဲ့။
အခုသန်းတိုးအောင် အဖြစ်ကလည်း ဤသို့ပင်။ ခံရတာကို လူမသိ၊ ကိုယ်ဆဲမှာကိုသာ လူကြားသည်။ ခံရခက်လှသည်။
"ထိုင်လေ ကိုကြည်သာ.."
"တော်ပြီ။ ကိုယ်ပင်ပန်းနေပြီ။
အထဲဝင်ပြီနော်...."
ပခုံးပေါ်တင်လာပါတဲ့ ဂျူတီကုတ်ကို လက်ဖြင့် ဆွဲယူပြီး လှည့်ပြန်တော့မည်အလုပ်မှာပဲ တဖန်ပြန်လှည့်လာပြီး...
"မနက်အစော ဂျူတီဝင်ရမယ်။ ကော်ဖီအစောဖျော်ရမယ်ထင်တယ်။"
ခန္ဓာကိုယ်က နွမ်းလျပုံပေါက်နေသော်လည်း အသံတွင် တက်ကြွမှုတို့အပြည့်အဝပါဝင်နေသည်။
"ကျွန်တော်လည်း အစောထ,လိုက်မယ်။"
"အင်း။ ပြီးမှ ပြန်အိပ်ပေါ့..."
အဝန်းက ခေါင်းညိမ့်ပြသည်ကို ဆုံးခန်းတိုင်အောင် ကြည့်ပြီးမှပဲ ကြည်သာသည် အဆောင်ထဲဝင်သွားတော့သည်။
"ကဲ ကဲ ပြန်ဆက်မယ်။"
ကြည်သာထွက်သွားသည်နှင့် လွင်မောင်က သီချင်းဆက်ဖို့ကို ချက်ချင်းပဲ တိုက်တွန်းသည်။
"နေပါဦး...ဆက်ချင်တဲ့စိတ် ပျောက်နေပြီ။ ဒါနဲ့ အဝန်း ကိုကြည်သာ့ပုံကြည်ရတာ သိပ်မလန်းသလိုပဲ။ ဂရုစိုက်ပေးလိုက်ပါဦးကွာ။ မင်းကပဲ ခိုင်းစားမနေနဲ့"
"ကျွန်တော်နဲ့ အကိုကြီးကြား ဝင်မပါစမ်းနဲ့ ကိုတိုးရာ..."
ထိုသို့ပြောပြီး အဝန်းသည် နေရာနေထ,ထွက်သွားလေသည်။
"မင်းကွာ..."
အဆောင်ထဲကို တန်းတန်းမတ်မတ်ဝင်သွားတဲ့ အဝန်းကြောင့် လွင်မောင်က သန်းတိုးအောင်ကိုမာန်မဲလေတော့သည်။
"ငါက ဒီတိုင်းပဲပြောလိုက်တာကို...ဟိုကောင်ကိုက ဘာဖြစ်သွားမှန်း.."
"ထားတော့...လာ,ထ အောင့်ကို ပြန်လိုက်ပို့ရအောင်။"
သန်းတိုးအောင်၏ ဖြေရှင်းမှုကိုလက်မခံတော့ပဲ ကျန်ရစ်ခဲ့တဲ့ အောင့်ကို အိမ်ပြန်ပို့ဖို့ ပြောလိုက်တော့ အောင်က...။
"နေပါစေ၊ ရပါတယ်။
ကိုယ့်ဘာကိုယ်ပဲ ပြန်လိုက်ပါ့မယ်ဗျာ..."
"မဟုတ်တာပဲကွ။ တော်ကြာ ဟိုကောင်အဝန်းက ငါတို့ကို အမြင်ကတ်တဲ့ ပုဒ်မတစ်ခု ထပ်တိုးပါဦးမယ်။ အခုကိစ္စတောင် ဘယ်အချိန် ပြန်တွယ်မလဲ မသိတာ။ တော်ပါပြီ နောက်တစ်မှုတော့ ထပ်မတိုးပြစေနဲ့..."
စကားလည်းပြော ထ,လည်းထနဲ့ သန်းတိုးအောင်က အောင့်ဆီကနေအကြည့်မခွာပေ။
"ကဲ သွားမယ်။"
အကိုနှစ်ယောက်က အတင်းလိုက်ပို့နေသည်မို့ ပြန်ခဲ့ရသော်လည်း ကျွန်တော့်စိတ်တို့က အကို့အပါးမှ တစ်ဖဝါးမခွာလာသေးပေ။
"ကိုလွင်မောင် လမ်းထိပ်ကိုပါလိုက်ခဲ့ဦး။ ကိုကြည်သာ ကော်ဖီထုတ်ဝယ်ခိုင်းတာ ကျွန်တော်မေ့နေတာ။"
"မင်းကတော့ လုပ်တော့မယ်။"
သို့နှင့် အောင့်အိမ်ကနေတဆက်တည်း လမ်းထိပ်သို့သွားပြီး ကော်ဖီမစ်ထုတ်ဝယ်ခဲ့ကာ ကြည်သာထံပေးရလေသည်။
"မင်း အခုမှသတိရတာမဟုတ်လား..."
စားပွဲခုံပေါ်ကို ကော်ဖီမစ်ထုတ်လာတင်ပေးပါတဲ့ သန်းတိုးအောင်ကို အိပ်ရာအထက်လဲလျောင်းအနားယူနေရင်းမှ ရစ်မိသည်။ ဘာမှမဟုတ်သော်လည်း အစောလေးကမှ အဝန်းလေးကို ဆဲရေးတိုင်းထွာဖို့ လုပ်ခဲ့သူ။ ဒီသူကို နည်းနည်းလောက်တော့ စိတ်ဒုက္ခပေးချင်နေသည်။
"မဟုတ်ပါဘူး ကိုကြည်သာရ။ အစောထဲက ဝယ်ထားတာ...အခုလာပို့ပေးတာလေ။"
"မလိမ်နဲ့နော်..ငါ မနက်ကျ လမ်းထိပ်ဆိုင်ကိုမေးကြည့်မှာ..."
"ကျစ်...အကိုကြီးကြည်သာရာ..."
ခေါင်းကို တဗြင်းဗြင်းကုပ်ပြီး ငိုသံတစ်ဝက်နဲ့ပြောလာတဲ့ ကိုတိုးအသံကို ကျေနပ်သွားပြီး ကြည်သာပြုံးချင်သွားသည်။ တစ်ဖက်သားကို အနေခက်အောင်လုပ်ရတာ သိပ်ပျော်စရာကောင်းတယ်ဆိုတဲ့ အဝန်းရဲ့အပြောကို အခုလိုလက်တွေ့ခံစားလိုက်ရတော့ ကြည်သာတောင် ပျော်ချင်လာသလိုလို။
တကယ်ပါပဲ ဒီကောင်လေးသည် သိပ်ကို တစ်ကိုယ်ကောင်းဆန်ပြီး သိပ်ချစ်စရာကောင်းလှသည်။
အဝန်းအကြောင်းတွေတွေးပြီး ကြည်နူးနေခဲ့တာမို့ ဒီညမှာ ကြည်သာ့အိမ်မက်တွေ သိပ်လှသည်။ အိမ်မက်ထဲမှာ သူနဲ့ အဝန်းနဲ့ ခရီးတွေ အတူတူသွားနေတာတဲ့။
"အကိုကြီး..."
မီးအိမ်၏ အလင်းရောင်ကို အမှီပြုပြီး ညှပ်ပြီးသား ဖလင်လေးကို ထုတ်ကြည့်နေတုန်း နောက်ပါးကအသံနှင့်အတူ ပခုံးနှစ်ဖက်အပေါ်ရောက်လာတဲ့ လက်ကလေးတွေက ကြည်သာ့အဖို့ ကြည်နူးဖွယ်ရာ မနက်ခင်းကိုဖန်တီးပေးတော့မည်။ ဒါကို ကြည်သာ ယုံပါသည်။
"အချိုများများလေး ထည့်ပေးနော်..."
"အင်း။ အရင်ထိုင်ဦး..."
ဖလင်ကို စက္ကူအိတ်လေးထဲ အသေအချာ ပြန်ထဲ့ပြီးနောက်တွင် ကော်ဖီမစ်ထုတ်ကိုဖောက်ပြီး ဖန်ခွက်ထဲလောင်းထည့်လိုက်သည်။ ပြီးနောက် အချိုကြိုက်တဲ့အဝန်းအတွက် နို့ဆီထည့်ပေးပြီး နောက်ဆုံး ရေနွေးထည့်ပေးကာ ကော်ဖီဖျော်ခြင်းလုပ်ငန်းကို အဆုံးသတ်လိုက်သည်။
"အကိုကြီး အရင်သောက်ကြည့်"
သူ့ထံကမ်းပေးတဲ့ ကော်ဖီခွက်ကို ကြည်သာ့ဘက်သို့ပြန်တိုးပေးပြီး မြည်းစမ်းစေသည်။ ဒီအပြုအမူလေးက အဝန်းရဲ့ ချစ်စရာအပြုအမူလေးပင်။ ဘာပဲစားစား ကြည်သာ့ကို အရင်ဆုံးမြည်းစမ်းစားသုံးစေ ပြီးကာမှ ကြည်သာက သဘောတကျနဲ့ ကောင်းတယ်လို့ ပြောပါမှ အဝန်းက ယူစားတတ်သည်။
နှစ်ယောက်ထဲအတူစားချိန်မှာ အဝန်းဘယ်လောက်ကြိုက်တဲ့ အစားအစာဖြစ်နေပါစေ ကြည်သာက ခေါင်းယမ်းပြလျှင် ထိုအစားအစာကို တို့ပင်တို့မကြည့်တတ်ပါ။
"ချိုတယ်..."
"အရမ်းလား..."
"အဝန်းကြိုက်မှာပါ...အရသာကောင်းတယ်။"
ကြည်သာ့ရဲ့ ဒီအပြောကို အဝန်းကပြုံးသွားပြီး...
"Thank you" ဟု ပြောလာသည်။
"ဒီနေ့တစ်နေကုန် အတန်းနဲ့ဂျူတီဆက်နေမှာ။"
"အားတင်းထားနော် အကိုကြီး။ ကျွန်တော် အတုယူနိုင်အောင်...အများကြီး တော်ပေး"
"ဟွန်းးး..."
အဝန်းရဲ့အပြောကြောင့် သဘောတကျနဲ့ ပြုံးသွားရပြီး ရောင်နီမလာသေးခင်မှာပဲ နှလုံးသားရဲ့ ရောင်နီဝန်းကို ခွဲခွာထွက်လာခဲ့ရတော့သည်။
"အကို...."
"အမ် !! ဟင်..."
မျက်လုံးမဖွင့်သေးခင်မှာတင် အသံမျိုးစုံထွက်ပြီး ညီးညူပြနေသည်က အစောလေးကမှ ပြန်အိပ်ပျော်တာကြောင့်ဖြစ်မည်။ မနက်လေးနာရီမထိုးခင် ကော်ဖီထ,သောက်ကာ ပြန်အိပ်ခဲ့သည်က ခြောက်နာရီထိုးခါနီးမှ မှေးခနဲ့ပျော်မယ်ဆိုရုံရှိသေး ကုတင်ပေါ်ထိုင်ပြီး ကျကျနနနှိုးသူကြောင့် ခေါင်းထဲ သိပ်မကြည်ချင်သလိုနဲ့ပါ။
"မနက်စာ သွားစားရအောင်လေ..."
အခုချိန်မှာ ဗိုက်က ပြည့်နေဆဲပေမို့ မနက်စာနဲ့ အိပ်ချိန်ဆို အိပ်ချိန်ကို ရွေးချယ်မှာဖြစ်သော်လည်း....
"အင်း " ဟု ဆိုကာ အိပ်နေရာမှ ထ,ထိုင်လိုက်သည်။
"အကိုက အိပ်ပုတ်ကြီးတာပဲ။ ဒီလောက်မိုးလင်းနေပြီးကို..."
မျက်လုံးတွေကို ပွတ်သပ်နေပါတဲ့ အဝန်းရဲ့ လက်တို့ကို ဖမ်းဆုပ်ထားပြီး အဝန်းမျက်နှာကို ရွှင်ပြပြနဲ့ကြည့်လာသည့် ကြည်နူးဆွတ်ပျံ့ငြိမ်းချမ်းဖွယ်ရာလေးကြောင့် အဝန်းသည် အိပ်ဖို့မဆိုနှင့် မျက်တောင်ပင် မခတ်ချင်တော့ပါ။
"ကျွန်တော့်ကို သဘောကျရဲ့လား အကို..."
"ကိုယ်... ကိုယ်မျက်နှာ သစ် ရဦးမယ်။"
ဒီလောက်စကားလေးကို အထစ်ထစ်၊ အငေါ့ငေါ့တွေဖြစ်နေရတာက မျက်စိရှေ့မှာရှိသည့် ကြည်လင်ရိပ်တို့အပြည့်အဝယှက်ပြေးနေတဲ့ သော့်မျက်နှာလေးကြောင့်။ ဒီလိုမျက်နှာလေးကို ကြည့်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့နှုတ်ခမ်းအစုံက ပြောလာသမျှ စကားလှလှလေးတွေကို ငြင်းပယ်ချဖို့ ခွန်းအားမရှိတာကြောင့် စကားလမ်းကြောင်း လွှဲလိုက်ရသည်။
တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းအားတို့ မလုံလောက်ရှိခဲ့ပြီ။
____________________________
Zawgyi....
"မေန႔ညက မႏႊဲလိုက္ရတဲ့ ပြဲကြာ။ အဖြင့္ကို ကနဲ႔စလိုက္ရေအာင္...."
ေက်ာင္းဖြင့္တဲ့ ပထမဆုံးေန႔မွာလည္း ကြၽန္ေတာ္ဟာ အကို႔ေနာက္ပါးမွမခြာပဲရွိေနခဲ့ၿပီး အခုညအခ်ိန္ထိတိုင္ အကို႔နံေဘးက တစ္ဖဝါးမခြာရေသးပါ။
🎶ၾကင္နာသူေရ မင္းအနားနား နီးနီးေလးပဲ ကိုယ္ေနခ်င္တယ္။🎶
အကို႔ရဲ႕ သီခ်င္းသံေၾကာင့္မလုံမလဲနဲ႔ အကို႔ဘက္ကို ၾကည့္မိေတာ့ အကိုကလည္း ကြၽန္ေတာ့္ဆီကို ၾကည့္ေနသည္ႏွင့္ဒဲ့တိုးသည္။ ရင္ေတြခုန္ၿပီး တစ္ကိုယ္လုံးပူထူလာကာ အကို႔ဆီကေနအၾကည့္လႊဲၿပီး ေဘးကလူေတြထံသို႔ မလုံမလဲၾကည့္လိုက္မိသည္။
"ဒီတင္ ရပ္ၿပီလား။ ဒါဆို ငါဆက္မယ္ကြာ...
🎶တုန္တုန္ေနတာပဲ တုန္ခါသြားတာပဲကြာ။ အ႐ူးမူးပဲ ....🎶📆"
"ဟား ဟား ဟားးး..."
ကိုတိုးရဲ႕ သီခ်င္းေၾကာင့္ အာလုံးရယ္ေမာေနၾကသည္က ဘာကိုမွ ေတြေဝေနျခင္းတို႔ရွိမေနပါ။ ၾကည့္ရတာ ကြၽန္ေတာ္နဲ႔ အကို႔ၾကားက အျပဳအမူေတြကို သူတို႔အေတြးမမ်ားၾကတာျဖစ္မည္။ တကယ္လည္း ဒီအျပဳမူေလးေတြက အေတြးမ်ားစရာမရွိပါ၊ ေယာက်ာ္းေလးႏွစ္ေယာက္ၾကားက ျဖစ္ေနၾက ျဖစ္႐ိုးျဖစ္စဥ္ေတြအတိုင္း ျဖစ္ပ်က္ေနျခင္းျဖစ္သည္။
သို႔ေသာ္...အကိုနဲ႔ပက္သတ္လာရင္ မူမမွန္တဲ့ကြၽန္ေတာ္ကသာ အကိုဘာလုပ္လုပ္၊ အကိုဘာေျပာေျပာ ရွက္ကို႔ရွက္ကန္းနဲ႔မလုံမလဲေတြျဖစ္ျဖစ္ေနတာ။
"ဆိုေလ..ေသာ္၊ ပ တဲ့။"
ကြၽန္ေတာ့္ေပါင္ေပၚကို လက္တင္လို႔ သတိေပးၿပီး သီခ်င္းဆိုခိုင္းပါတဲ့ အကို႔ေၾကာင့္ ကြၽန္ေတာ့္ခႏၶာက ေတာင့္တင္းသြားရသည္။
ခပ္အမ္းအမ္းျဖစ္သြားတဲ့ ကြၽန္ေတာ့္မ်က္ႏွာကို အကိုက အေသအခ်ာၾကည့္ၿပီး 'ဆိုေလ' ဟူေသာ သေဘာျဖင့္ မ်က္ခုံးပင့္ျပေလသည္။ ထို႔ေၾကာင့္ ေယာင္နနနဲ႔ ဆိုလိုက္မိသည္က...
🎶ပြင့္သစ္စပန္းကေလးမ်ားရယ္ ႏုႏုနယ္နယ္၊
စိုေျပရွင္းသန္႔ ဝင္းဖန္႔လို႔ ရနံ႔လႈိင္ကာႂကြယ္၊
ကိုယ္ခ်စ္ေသာ ညီငယ္ ကိုယ္ခ်စ္ေသာ ညီမငယ္၊
ေလးစားကာ ႏႈတ္ခြန္းဆတ္ပါတယ္တဲ့။🎶
"ခြီးးး...'
"ဟား ဟားးးးးး......."
ကြၽန္ေတာ့္ဦးေႏွာက္ထဲ ရိပ္ခနဲဝင္လာတဲ့ ဒီမွတ္ဉာဏ္ကို ေဖ်ာက္ဖ်က္ပစ္လိုက္ခ်င္သည္။ ဘာတဲ့ဗ်ာ...ဒီကေလးသီခ်င္းႀကီးကို ကြၽန္ေတာ္က လႊတ္ခနဲဆိုခ်မိသြားသည္တဲ့။
ကိုတိုးတို႔တင္မဟုတ္ပဲ အကိုကပါ သေဘာတက်နဲ႔ ခြက္ထိုးခြက္လန္ရယ္ခ်ခ်င္ေနတဲ့ပုံ။ ကြၽန္ေတာ့္ကို အားနာေနလို႔သာ ခပ္က်ိတ္က်ိတ္ကေလး ရယ္ေနတာေနမွာ။
"အဟြန္း...ခင္ဗ်ားတို႔ကလည္း မရယ္နဲ႔ေလဗ်ာ။
ကေလးက ကေလးသီခ်င္းဆိုတာ ရယ္စရာမွမဟုတ္တာ..."
စကားသံအဆုံးမွာ ခပ္ဟဟေလး ရယ္လိုက္ေသးတဲ့ အကို႔ေၾကာင့္ ကြၽန္ေတာ္သည္ စူပုတ္ပုတ္ႏွင့္ အလိုမက်ဟန္ အကို႔ဘက္သို႔ၾကည့္ကာ...
"အကိုေနာ္ ဘာကေလးလဲဗ်။ လူကို အကို႔ညီမေတြမ်ားမွတ္ေနသလား။"
"ဟင့္အင္း...မမွတ္ပါဘူးကြာ။
ေသာ္က ဒီတိုင္း.....ကိုယ့္ညီေလးပါကြာ..."
ကြၽန္ေတာ့္ဆံပင္ေတြထဲ တိုးဝင္လာတဲ့ အကို႔လက္ေခ်ာင္းေတြရဲ႕ အထိအေတြ႕ေတြေၾကာင့္ ကြၽန္ေတာ့္မွာ အသည္းထဲ ေအးခနဲဆိုသလိုျဖစ္ရသည္။
အကို ကြၽန္ေတာ့္ကို တမင္ ျပဳစားေနတာေတာ့ မဟုတ္ပါဘူးေနာ္။
"မင္းတို႔ႏွစ္ေယာက္ အၾကည္မစိုက္နဲ႔ေတာ့။ သီခ်င္းဆက္မယ္။ အေစာကဘာနဲ႔ဆုံးတာ..."
"မဟုတ္တာေတြေျပာေတာ့မယ္။ တနဲ႔ ဆုံးတာ.."
"ကိုတိုး မင္းပဲဆိုကြာ..."
တစ္ခ်ိန္လုံးၿငိမ္ေနပါတဲ့ လြက္ေမာင္က သူကိုယ္တိုင္မဆိုေသးပဲ သန္းတိုးေအာင္ကို ဆိုခိုင္းသည္။
"ေအး....🎶တူတူနားမွာ မင္းေလးရွိတဲ့အခ်ိန္ ပီတိမ်ားနဲ႔ ရင္ေတြခုန္၊ ပူပင္မႈေတြနဲ႔ ဘဝရဲ႕ေမာမ်ားေဝး ကမာၻႀကီးဟာ ျပည့္စုံ.🎶.."
"ခဏ ခဏ၊ အတူတူေလ..'အ' ပါရဦးမယ္။"
"မင္း မညစ္နဲ႔ေနာ္ အဝန္း..."
"ခက္ၿပီ။ လာ အခုပဲ အေခြထိုးၾကည့္မယ္။"
ထိုင္ေနရာကေန ထ,ၿပီး သန္းတိုးေအာင္၏ လက္ကို ဆြဲတဲ့အဝန္းေၾကာင့္ လြင္ေမာင္တစ္ေယာက္ စိတ္ညစ္ညဴးသြားရသည္။ ဆက္ခ်င္ပါတဲ့ သီခ်င္းေလးေတြဟာလည္း ဒီကေန႔မွာ ဆက္လို႔မရျဖစ္ရေတာ့မွာကို သူခံစားမိေနသည္။
အေစာက ငတိုးေကာင္း လွ်ာရွည္သည့္အခ်ိန္ထဲက အဝန္းက ပြဲဖ်က္ေတာ့မယ္ဆိုတာကို သိရိပ္မိေနခဲ့တာ။ ငတိုးက ေျပာလို႔ ဒီေကာင္အဝန္း ကတ္သီးကတ္သပ္ေတြေျပာၿပီး မႏိုင္ႏိုင္ေအာင္ညစ္ေတာ့မွာ။ ဒီအေၾကာင္းေတြကို ေတြးမိၿပီး လြင္ေမာင့္မ်က္ႏွာက ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ကို ပ်က္ယြင္းလို႔ေနသည္။
"ထားကြာ။ ထား ထား...ေနာက္တစ္ပုဒ္ေျပာင္းဆိုမယ္။ ျဖစ္တယ္မဟုတ္လား..."
ကပ္သတ္ၿပီး အရစ္ေတြရွည္ပါေတာ့မယ့္ ေရာင္နီဝန္းကို သန္းတိုးေအာင္ အျမန္ပဲအရႈံးေပးလိုက္ေတာ့သည္။ လြင္ေမာင္မ်က္ႏွာက မသာမယာနဲ႔ ရႈံ႕မဲ့လို႔ေနတာ အ႐ုပ္ဆိုးလြန္းလွသည္။ ဒီမ်က္ႏွာကို သန္းတိုးေအာင္မၾကည့္ခ်င္ပါ။
"မညစ္နဲ႔ေနာ္ ကိုတိုး။ ကြၽန္ေတာ္မသိဘူးဆိုတိုင္း စာလုံးေတြကို ျဖဳတ္မခ်နဲ႔ဗ်။ "
အမယ္ ညစ္တတ္တာက ဘယ္သူမို႔ သင္းကပဲ တျပန္ေျပာရေသး။ ထ,ၿပီး ထုေထာင္းလိုက္ရရင္ျဖင့္ ဒီေကာင္ေလး နာေတာ့မည္။
"ဆိုေလ ကိုတိုး..."
မ်က္ႏွာငယ္ေလးနဲ႔ ဝင္ေျပာလာတဲ့ စႏၵေသာ္ကေအာင္ေၾကာင့္ သန္းတိုးေအာင္သည္ ေရာင္နီဝန္းကို လ်စ္လ်ဴရႈထားၿပီး သီခ်င္းတစ္ပုဒ္ကို ဆိုလိုက္သည္။
🎶တို႔ငယ္ငယ္ တုန္းက ေရာင္ေပစူးေလးေတြနဲ႔ရယ္ ပုဆိုးကို စလြယ္သိုင္း...🎶
"ေနဦး 'ဒ'နဲ႔ ဒို႔တာမဟုတ္လား.."
"ငါ..."
အင္ျပည့္အားျပည့္နဲ႔ ဆဲခ်ေတာ့မည့္အခ်ိန္မွာပဲ ေနာက္ေက်ာဆီကို ေရာက္ရွိလာတဲ့ အထိအေတြ႕ေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ႏြမ္းလ်ပုံေပါက္ေနပါတဲ့ ကိုၾကည္သာမ်က္ႏွာကို ျမင္လိုက္ရသည္။
တဆက္တည္း အၿမဲတမ္း အဝန္း၏ဘက္ေတာ္သားသည္...
"ကေလးကို ဆဲဖို႔လုပ္ေနတယ္။ မင္းေတာ့..."
သတိထားဆိုၿပီး လက္ညႇိဳးေလးနဲ႔အမူအရာလုပ္ျပကာ ခပ္ေဖာ့ေဖာ့အသံေလးနဲ႔ ႀကိမ္းေမာင္းျပေတာ့ သန္းတိုးေအာင္ခင္ဗ်ာမယ္ ဘာမွဆက္မေျပာေတာ့ပဲ ဇက္ကေလးပုသြားရသည္။ ဒါေၾကာင့္ေျပာပါတယ္ မိေအးေအာ္တာသာလူၾကားတယ္၊ ဂဏန္းညႇပ္တာ လူမသိဘူးတဲ့။
အခုသန္းတိုးေအာင္ အျဖစ္ကလည္း ဤသို႔ပင္။ ခံရတာကို လူမသိ၊ ကိုယ္ဆဲမွာကိုသာ လူၾကားသည္။ ခံရခက္လွသည္။
"ထိုင္ေလ ကိုၾကည္သာ.."
"ေတာ္ၿပီ။ ကိုယ္ပင္ပန္းေနၿပီ။
အထဲဝင္ၿပီေနာ္...."
ပခုံးေပၚတင္လာပါတဲ့ ဂ်ဴတီကုတ္ကို လက္ျဖင့္ ဆြဲယူၿပီး လွည့္ျပန္ေတာ့မည္အလုပ္မွာပဲ တဖန္ျပန္လွည့္လာၿပီး...
"မနက္အေစာ ဂ်ဴတီဝင္ရမယ္။ ေကာ္ဖီအေစာေဖ်ာ္ရမယ္ထင္တယ္။"
ခႏၶာကိုယ္က ႏြမ္းလ်ပုံေပါက္ေနေသာ္လည္း အသံတြင္ တက္ႂကြမႈတို႔အျပည့္အဝပါဝင္ေနသည္။
"ကြၽန္ေတာ္လည္း အေစာထ,လိုက္မယ္။"
"အင္း။ ၿပီးမွ ျပန္အိပ္ေပါ့..."
အဝန္းက ေခါင္းညိမ့္ျပသည္ကို ဆုံးခန္းတိုင္ေအာင္ ၾကည့္ၿပီးမွပဲ ၾကည္သာသည္ အေဆာင္ထဲဝင္သြားေတာ့သည္။
"ကဲ ကဲ ျပန္ဆက္မယ္။"
ၾကည္သာထြက္သြားသည္ႏွင့္ လြင္ေမာင္က သီခ်င္းဆက္ဖို႔ကို ခ်က္ခ်င္းပဲ တိုက္တြန္းသည္။
"ေနပါဦး...ဆက္ခ်င္တဲ့စိတ္ ေပ်ာက္ေနၿပီ။ ဒါနဲ႔ အဝန္း ကိုၾကည္သာ့ပုံၾကည္ရတာ သိပ္မလန္းသလိုပဲ။ ဂ႐ုစိုက္ေပးလိုက္ပါဦးကြာ။ မင္းကပဲ ခိုင္းစားမေနနဲ႔"
"ကြၽန္ေတာ္နဲ႔ အကိုႀကီးၾကား ဝင္မပါစမ္းနဲ႔ ကိုတိုးရာ..."
ထိုသို႔ေျပာၿပီး အဝန္းသည္ ေနရာေနထ,ထြက္သြားေလသည္။
"မင္းကြာ..."
အေဆာင္ထဲကို တန္းတန္းမတ္မတ္ဝင္သြားတဲ့ အဝန္းေၾကာင့္ လြင္ေမာင္က သန္းတိုးေအာင္ကိုမာန္မဲေလေတာ့သည္။
"ငါက ဒီတိုင္းပဲေျပာလိုက္တာကို...ဟိုေကာင္ကိုက ဘာျဖစ္သြားမွန္း.."
"ထားေတာ့...လာ,ထ ေအာင့္ကို ျပန္လိုက္ပို႔ရေအာင္။"
သန္းတိုးေအာင္၏ ေျဖရွင္းမႈကိုလက္မခံေတာ့ပဲ က်န္ရစ္ခဲ့တဲ့ ေအာင့္ကို အိမ္ျပန္ပို႔ဖို႔ ေျပာလိုက္ေတာ့ ေအာင္က...။
"ေနပါေစ၊ ရပါတယ္။
ကိုယ့္ဘာကိုယ္ပဲ ျပန္လိုက္ပါ့မယ္ဗ်ာ..."
"မဟုတ္တာပဲကြ။ ေတာ္ၾကာ ဟိုေကာင္အဝန္းက ငါတို႔ကို အျမင္ကတ္တဲ့ ပုဒ္မတစ္ခု ထပ္တိုးပါဦးမယ္။ အခုကိစၥေတာင္ ဘယ္အခ်ိန္ ျပန္တြယ္မလဲ မသိတာ။ ေတာ္ပါၿပီ ေနာက္တစ္မႈေတာ့ ထပ္မတိုးျပေစနဲ႔..."
စကားလည္းေျပာ ထ,လည္းထနဲ႔ သန္းတိုးေအာင္က ေအာင့္ဆီကေနအၾကည့္မခြာေပ။
"ကဲ သြားမယ္။"
အကိုႏွစ္ေယာက္က အတင္းလိုက္ပို႔ေနသည္မို႔ ျပန္ခဲ့ရေသာ္လည္း ကြၽန္ေတာ့္စိတ္တို႔က အကို႔အပါးမွ တစ္ဖဝါးမခြာလာေသးေပ။
"ကိုလြင္ေမာင္ လမ္းထိပ္ကိုပါလိုက္ခဲ့ဦး။ ကိုၾကည္သာ ေကာ္ဖီထုတ္ဝယ္ခိုင္းတာ ကြၽန္ေတာ္ေမ့ေနတာ။"
"မင္းကေတာ့ လုပ္ေတာ့မယ္။"
သို႔ႏွင့္ ေအာင့္အိမ္ကေနတဆက္တည္း လမ္းထိပ္သို႔သြားၿပီး ေကာ္ဖီမစ္ထုတ္ဝယ္ခဲ့ကာ ၾကည္သာထံေပးရေလသည္။
"မင္း အခုမွသတိရတာမဟုတ္လား..."
စားပြဲခုံေပၚကို ေကာ္ဖီမစ္ထုတ္လာတင္ေပးပါတဲ့ သန္းတိုးေအာင္ကို အိပ္ရာအထက္လဲေလ်ာင္းအနားယူေနရင္းမွ ရစ္မိသည္။ ဘာမွမဟုတ္ေသာ္လည္း အေစာေလးကမွ အဝန္းေလးကို ဆဲေရးတိုင္းထြာဖို႔ လုပ္ခဲ့သူ။ ဒီသူကို နည္းနည္းေလာက္ေတာ့ စိတ္ဒုကၡေပးခ်င္ေနသည္။
"မဟုတ္ပါဘူး ကိုၾကည္သာရ။ အေစာထဲက ဝယ္ထားတာ...အခုလာပို႔ေပးတာေလ။"
"မလိမ္နဲ႔ေနာ္..ငါ မနက္က် လမ္းထိပ္ဆိုင္ကိုေမးၾကည့္မွာ..."
"က်စ္...အကိုႀကီးၾကည္သာရာ..."
ေခါင္းကို တျဗင္းျဗင္းကုပ္ၿပီး ငိုသံတစ္ဝက္နဲ႔ေျပာလာတဲ့ ကိုတိုးအသံကို ေက်နပ္သြားၿပီး ၾကည္သာၿပဳံးခ်င္သြားသည္။ တစ္ဖက္သားကို အေနခက္ေအာင္လုပ္ရတာ သိပ္ေပ်ာ္စရာေကာင္းတယ္ဆိုတဲ့ အဝန္းရဲ႕အေျပာကို အခုလိုလက္ေတြ႕ခံစားလိုက္ရေတာ့ ၾကည္သာေတာင္ ေပ်ာ္ခ်င္လာသလိုလို။
တကယ္ပါပဲ ဒီေကာင္ေလးသည္ သိပ္ကို တစ္ကိုယ္ေကာင္းဆန္ၿပီး သိပ္ခ်စ္စရာေကာင္းလွသည္။
အဝန္းအေၾကာင္းေတြေတြးၿပီး ၾကည္ႏူးေနခဲ့တာမို႔ ဒီညမွာ ၾကည္သာ့အိမ္မက္ေတြ သိပ္လွသည္။ အိမ္မက္ထဲမွာ သူနဲ႔ အဝန္းနဲ႔ ခရီးေတြ အတူတူသြားေနတာတဲ့။
"အကိုႀကီး..."
မီးအိမ္၏ အလင္းေရာင္ကို အမွီျပဳၿပီး ညႇပ္ၿပီးသား ဖလင္ေလးကို ထုတ္ၾကည့္ေနတုန္း ေနာက္ပါးကအသံႏွင့္အတူ ပခုံးႏွစ္ဖက္အေပၚေရာက္လာတဲ့ လက္ကေလးေတြက ၾကည္သာ့အဖို႔ ၾကည္ႏူးဖြယ္ရာ မနက္ခင္းကိုဖန္တီးေပးေတာ့မည္။ ဒါကို ၾကည္သာ ယုံပါသည္။
"အခ်ိဳမ်ားမ်ားေလး ထည့္ေပးေနာ္..."
"အင္း။ အရင္ထိုင္ဦး..."
ဖလင္ကို စကၠဴအိတ္ေလးထဲ အေသအခ်ာ ျပန္ထဲ့ၿပီးေနာက္တြင္ ေကာ္ဖီမစ္ထုတ္ကိုေဖာက္ၿပီး ဖန္ခြက္ထဲေလာင္းထည့္လိုက္သည္။ ၿပီးေနာက္ အခ်ိဳႀကိဳက္တဲ့အဝန္းအတြက္ ႏို႔ဆီထည့္ေပးၿပီး ေနာက္ဆုံး ေရေႏြးထည့္ေပးကာ ေကာ္ဖီေဖ်ာ္ျခင္းလုပ္ငန္းကို အဆုံးသတ္လိုက္သည္။
"အကိုႀကီး အရင္ေသာက္ၾကည့္"
သူ႔ထံကမ္းေပးတဲ့ ေကာ္ဖီခြက္ကို ၾကည္သာ့ဘက္သို႔ျပန္တိုးေပးၿပီး ျမည္းစမ္းေစသည္။ ဒီအျပဳအမူေလးက အဝန္းရဲ႕ ခ်စ္စရာအျပဳအမူေလးပင္။ ဘာပဲစားစား ၾကည္သာ့ကို အရင္ဆုံးျမည္းစမ္းစားသုံးေစ ၿပီးကာမွ ၾကည္သာက သေဘာတက်နဲ႔ ေကာင္းတယ္လို႔ ေျပာပါမွ အဝန္းက ယူစားတတ္သည္။
ႏွစ္ေယာက္ထဲအတူစားခ်ိန္မွာ အဝန္းဘယ္ေလာက္ႀကိဳက္တဲ့ အစားအစာျဖစ္ေနပါေစ ၾကည္သာက ေခါင္းယမ္းျပလွ်င္ ထိုအစားအစာကို တို႔ပင္တို႔မၾကည့္တတ္ပါ။
"ခ်ိဳတယ္..."
"အရမ္းလား..."
"အဝန္းႀကိဳက္မွာပါ...အရသာေကာင္းတယ္။"
ၾကည္သာ့ရဲ႕ ဒီအေျပာကို အဝန္းကၿပဳံးသြားၿပီး...
"Thank you" ဟု ေျပာလာသည္။
"ဒီေန႔တစ္ေနကုန္ အတန္းနဲ႔ဂ်ဴတီဆက္ေနမွာ။"
"အားတင္းထားေနာ္ အကိုႀကီး။ ကြၽန္ေတာ္ အတုယူႏိုင္ေအာင္...အမ်ားႀကီး ေတာ္ေပး"
"ဟြန္းးး..."
အဝန္းရဲ႕အေျပာေၾကာင့္ သေဘာတက်နဲ႔ ၿပဳံးသြားရၿပီး ေရာင္နီမလာေသးခင္မွာပဲ ႏွလုံးသားရဲ႕ ေရာင္နီဝန္းကို ခြဲခြာထြက္လာခဲ့ရေတာ့သည္။
"အကို...."
"အမ္ !! ဟင္..."
မ်က္လုံးမဖြင့္ေသးခင္မွာတင္ အသံမ်ိဳးစုံထြက္ၿပီး ညီးညဴျပေနသည္က အေစာေလးကမွ ျပန္အိပ္ေပ်ာ္တာေၾကာင့္ျဖစ္မည္။ မနက္ေလးနာရီမထိုးခင္ ေကာ္ဖီထ,ေသာက္ကာ ျပန္အိပ္ခဲ့သည္က ေျခာက္နာရီထိုးခါနီးမွ ေမွးခနဲ႔ေပ်ာ္မယ္ဆို႐ုံရွိေသး ကုတင္ေပၚထိုင္ၿပီး က်က်နနႏႈိးသူေၾကာင့္ ေခါင္းထဲ သိပ္မၾကည္ခ်င္သလိုနဲ႔ပါ။
"မနက္စာ သြားစားရေအာင္ေလ..."
အခုခ်ိန္မွာ ဗိုက္က ျပည့္ေနဆဲေပမို႔ မနက္စာနဲ႔ အိပ္ခ်ိန္ဆို အိပ္ခ်ိန္ကို ေ႐ြးခ်ယ္မွာျဖစ္ေသာ္လည္း....
"အင္း " ဟု ဆိုကာ အိပ္ေနရာမွ ထ,ထိုင္လိုက္သည္။
"အကိုက အိပ္ပုတ္ႀကီးတာပဲ။ ဒီေလာက္မိုးလင္းေနၿပီးကို..."
မ်က္လုံးေတြကို ပြတ္သပ္ေနပါတဲ့ အဝန္းရဲ႕ လက္တို႔ကို ဖမ္းဆုပ္ထားၿပီး အဝန္းမ်က္ႏွာကို ႐ႊင္ျပျပနဲ႔ၾကည့္လာသည့္ ၾကည္ႏူးဆြတ္ပ်ံ႕ၿငိမ္းခ်မ္းဖြယ္ရာေလးေၾကာင့္ အဝန္းသည္ အိပ္ဖို႔မဆိုႏွင့္ မ်က္ေတာင္ပင္ မခတ္ခ်င္ေတာ့ပါ။
"ကြၽန္ေတာ့္ကို သေဘာက်ရဲ႕လား အကို..."
"ကိုယ္... ကိုယ္မ်က္ႏွာ သစ္ ရဦးမယ္။"
ဒီေလာက္စကားေလးကို အထစ္ထစ္၊ အေငါ့ေငါ့ေတြျဖစ္ေနရတာက မ်က္စိေရွ႕မွာရွိသည့္ ၾကည္လင္ရိပ္တို႔အျပည့္အဝယွက္ေျပးေနတဲ့ ေသာ့္မ်က္ႏွာေလးေၾကာင့္။ ဒီလိုမ်က္ႏွာေလးကို ၾကည့္ၿပီး အရမ္းခ်စ္ဖို႔ေကာင္းတဲ့ႏႈတ္ခမ္းအစုံက ေျပာလာသမွ် စကားလွလွေလးေတြကို ျငင္းပယ္ခ်ဖို႔ ခြန္းအားမရွိတာေၾကာင့္ စကားလမ္းေၾကာင္း လႊဲလိုက္ရသည္။
တျဖည္းျဖည္းနဲ႔ ကိုယ့္ရဲ႕ခံႏိုင္ရည္စြမ္းအားတို႔ မလုံေလာက္ရွိခဲ့ၿပီ။