Worship Me, I Can Make You Ri...

By XiaoMaoMao55

514K 96.2K 4K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 38 (U+Z)

6.9K 1.3K 136
By XiaoMaoMao55

-Unicode-

အခန်း ၃၈: မငြင်းချင်တော့ဘူး၊ ဒါကြောင့် သဘောတူလိုက်ကြရအောင်!

အတားခံလိုက်ရပေမဲ့ ကျွမ်းကျိုးက ဒေါသတောင်မထွက်ဘူး။ အဲဒီအစား ချိန်ကျန့်ရှန်ကို မျက်လုံးလေးတွေ ကွေးညွတ်နေအောင်ပြုံးပြီး ဆက်ကြည့်နေတယ်။ "ကျွန်တော့်ကို မှတ်မိနေသေးတာလား"

ချိန်ကျန့်ရှန်က အနည်းငယ် အံ့အားသင့်သွားတယ်။ အဲဒီနောက် ယုံရခက်သလို ဖြစ်သွားတယ်။ "မင်းက ဖုံးကွယ်ဖို့တောင် မလုပ်တော့ဘူးလား"

သူတို့ တစ်ယောက်ကိုတစ်ယောက် အရင်ကတွေ့ဖူးတယ်ဆိုတာကို တည့်တိုးကြီး ဝန်ခံလိုက်တော့မလို့လား။

သူ့အကြောင်းတွေ လူသိသွားမှာကို မစိုးရိမ်ဘူးလားဟ။

ကျွမ်းကျိုးက စိတ်ရှုပ်ထွေးနေတဲ့ပုံနဲ့ မျက်တောင်ခတ်လိုက်တယ်: "ဘာဖြစ်လို့ ကျွန်တော်က ဖုံးကွယ်ထားရမှာလဲ၊ ခင်ဗျားကိုသိတယ်ဆိုတာ ကျွန်တော်က ပြောခွင့်မရှိဘူးလား"

ဒီလိုပြောရင်းနဲ့ သူက တစ်ခုခုစဉ်းစားမိသွားပုံရတယ်။ သူက လူတွေရဲ့ အရပ်မျက်နှာမျိုးစုံကနေ စိတ်ဝင်တစား၊ အတင်းပြောချင်နေတဲ့ အကြည့်တွေကို လှည့်ပတ်ကြည့်လိုက်ပြီး ရုတ်တရက် နားလည်သွားတယ်: "အိုး ကျွန်တော်သိပြီ။ ခင်ဗျားက လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားချင်တာ ဟုတ်တယ်မလား။ ဆောရီးပဲ ဒါပေမဲ့ စိတ်မပူပါနဲ့။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခင်ဗျားအဖေ ခင်ဗျားကို တတိယတပ်ဖွဲ့ကို ခေါ်လာပြီး ဝမ်ရှောင်းယွင်နဲ့တွေ့ပေးတာကို ကျွန်တော်သေချာပေါက် ဘယ်သူ့ကိုမှ မပြောပါဘူး။ သေချာပေါက် ခင်ဗျားလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးပါ့မယ်"

ဒါကိုကြားတော့ ချိန်ကျန့်ရှန်ကို ကြည့်နေကြတဲ့ ကျောင်းသားတွေက အကုန်လုံး စပြီး ပြောလာကြတယ်: "ကျန့်ရှန်၊ မဟုတ်သေးပါဘူး။ မင်းပြောတော့ ဗိုလ်ချုပ်ကြီးဝမ်က မင်းရဲ့သင်တန်းကျောင်းကအဆင့်တွေရယ်၊ အရည်အချင်းတွေ ဘယ်လောက်ထူးချွန်လဲဆိုတာ တွေ့သွားတယ်ဆို။ အဲဒါကြောင့်ပဲ ခြွင်းချက်အနေနဲ့ထားပြီး တပ်ဖွဲ့ထဲကို ခေါ်လိုက်တယ်ဆို"

"ဒါဆို မင်းကို မင်းအဖေက အဆက်အသွယ်တွေကနေတဆင့် ခေါ်သွင်းပေးတာပေါ့"

"အိုင်း ငါ့အဖေမှာသာ ဒီလိုအဆက်အသွယ်မျိုးရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ!"

ချိန်ကျန့်ရှန်က ချက်ချင်းဆိုသလို အနည်းငယ် စိတ်ဆိုးသွားတယ်။ တစ်ခုက အတိတ်က အရမ်းကိုသောက်ရမ်း*ထူးခြားနေခဲ့တဲ့အတွက် သူ့ကိုယ်သူ စိတ်ဆိုးမိတာ။ သူဘာဖြစ်လို့ ဒီလိုမျိုးပြောနိုင်ခဲ့ရတာလဲ။ ဒုတိယတစ်ချက်က ကျွမ်းကျိုးကိုလည်း စိတ်ဆိုးတယ်။ သူက နည်းနည်း စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်: "မင်း... ပေါက်ကရတွေ မပြောနဲ့! ငါ့အဖေက ဗိုလ်ချုပ်ကြီးဝမ်ကိုတွေ့ဖို့ခေါ်သွားတာ..... တခြားကိစ္စအတွက်ကွ!" (T/N *ရွဲ့ပြောတဲ့သဘောပါ)

သို့ပေမဲ့ ဘာကိစ္စများရှိဦးမှာလဲ၊ လူအားလုံး နားလည်လိုက်တယ်။

ချိန်ကျန့်ရှန်က အကြောင်းပြချက်တချို့ ပေးလာတယ်။ ဘယ်သူကမှ သူ့ကိုမယုံတာကိုတွေ့တော့ နည်းနည်း သုန်မှုန်လာပြီး ကျွမ်းကျိုးကို မေးခွန်းထုတ်တော့တယ်: "ဒီအကြောင်း ဘယ်လိုလုပ်သိတာလဲ"

ကျွမ်းကျိုးက ပြောတယ်: "သေချာပေါက် ကျွန်တော်သိတာပေါ့၊ ကျွန်တော့်ကို မှတ်မိတယ်မဟုတ်ဘူးလား"

အခု ဒါက တကယ် ချိန်ကျန့်ရှန်ကို နည်းနည်း စိတ်ရှုပ်ထွေးစေတယ်။ သူက တစ်ဖက်လူကို မှတ်မိတယ်။ ဒီလူကလည်း အားလုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီးပြီမဟုတ်ဘူးလား။

ကျွမ်းကျိုးက မရှက်ဘူး။ သူ့မျက်နှာထက်က နှာခေါင်းစည်းကို အောက်ထိဆွဲချလိုက်ပြီး နှာခေါင်းစည်းနောက်ကွယ်က လက်ရာမြောက်လောက်အောင် ပြီးပြည့်စုံတဲ့ မျက်နှာကို ပြသလိုက်တယ်။ သူက ချိန်ကျန့်ရှန်ကို လခြမ်းကွေးလေးကဲ့သို့ ကွေးညွတ်နေတဲ့ မျက်ခုံးတွေနဲ့အတူ ပြုံးပြလာတယ်။ အလွန်ကိုမှ တောက်ပနေပြီး​ ရွှင်မြူးနေဟန်ရတယ်။

သူကပြောတယ်: "ကျွန်တော့်ကို တခြားတစ်ယောက်နဲ့များ မှားနေသလား။ ကျွန်တော့်ကို အရင်က တွေ့ဖူးပါတယ်။ တတိယတပ်ဖွဲ့မှာလေ။ ခင်ဗျားအဖေ ဝမ်ရှောင်းယွင်နဲ့တွေ့ပေးဖို့ ခင်ဗျားကိုခေါ်လာတုန်းက ကျွန်တော်လည်း အစည်းအဝေးခန်းထဲမှာ ရှိတယ်။ ဒါပေမဲ့ အဲဒီတုန်းက...."

ကျွမ်းကျိုး ရပ်လိုက်တယ်။ အဲဒီနောက် တော်တော်လေး ကိုယ်ချင်းစာနာဟန်နဲ့ ပြောလိုက်တယ်: "ခင်ဗျားက အဲဒီတုန်းက တော်တော်လေး ကြည့်ရဆိုးနေခဲ့တယ်။ အဲဒါကြောင့် ကျွန်တော့်ကို သတိမထားမိတာနေမယ်။ အခုလေးတင် ကျွန်တော့်ကို တခြားတစ်ယောက်နဲ့များ မှားနေတာလား"

လူငယ်လေးရဲ့အသံက သူ့ရဲ့အပြစ်ကင်းစင်တဲ့ အပြင်ကရုပ်သွင်အတိုင်း နူးညံ့ပြီး ချိုသာလှတယ်။ သူချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်တယ်ဆိုတာကို လူတွေလက်သင့်ခံဖို့ သူ့မျက်နှာလေးကို ကြည့်ဖို့ပဲလိုအပ်တယ်၊ သေချာပေါက် လိမ်ပြောမဲ့သူမဟုတ်ဘူးပဲ။

ဘေးပတ်ဝန်းကျင်က ကျောင်းသားတွေ ကျွမ်းကျိုးရဲ့မျက်နှာကို ပြတ်ပြတ်သားသား မြင်လိုက်တဲ့အခါ အားလုံး တအံ့တဩသံများ ထွက်ကျလာတယ်!

ဒီလူက ဝမ်ရှောင်းယွင် တရားဝင်ကြေညာထားတဲ့သူ မဟုတ်ဘူးလား။

သူက ဝမ်ရှောင်းယွင်မိဘတွေနဲ့တောင် လတ်တလောက တွေ့ခဲ့သေးတယ်။ မဒမ်ဝမ်က သူ့ကို ရှော့ပင်းမောလ်တစ်ခုလုံး လက်ဆောင်ပေးဖို့ ပိုက်ဆံတွေ အပုံလိုက်သုံးခဲ့သေးတယ်။ သူဘာကြိုက်တတ်မှန်း မသိတာလေးအတွက်နဲ့နော်! အဲဒါနဲ့ သူက ရိုးရိုးရှင်းရှင်းပဲ အားလုံးကို ဝယ်ချလိုက်တယ်!

သူက တိုက်ရိုက်အသံလွှင့်ချက်တွေနဲ့ ဗီဒီယိုတွေထဲကထက် ပိုလို့တောင် ကြည့်ကောင်းနေမယ်လို့ ဘယ်သူထင်မိမှာလဲ။

ဒီအနာအဆာကင်းတဲ့ အသားအရေ၊ စင်ကြယ် ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ နူးညံ့သိမ်မွေ့တဲ့မျက်နှာလေး! အနီးကပ်ကြည့်လိုက်ရင် သူ့ထက်ကြည့်ကောင်းတဲ့သူ ဘယ်သူမှကို မရှိတော့ဘူး!

အခု ကြည့်ရတာ ချိန်ကျန့်ရှန်ကို သူ တတိယတပ်ဖွဲ့မှာတွေ့တယ်ဆိုတာ တကယ်ပဲ ဖြစ်လောက်တယ်။

အခုတော့ ချိန်ကျန့်ရှန်က ပိုလို့တောင် ကြောင်အနေသေးတယ်: "ဘယ်လိုလုပ် မင်းဖြစ်နေရတာလဲ"

သူ့ပါးစပ်ကနေ အံ့အားသင့်နေတဲ့စကားတွေ ထွက်သွားပြီးနောက်မှာ အခုလေးတင် သူ့ရဲ့ရိုင်းပျမှုကို သတိရသွားပြီး အလျင်အမြန် ပြန်ပြင်ပြောလိုက်တယ်: "မစ္စတာကျွမ်း၊ ကျွန်တော်....."

မဟုတ်သေးဘူး! မဟုတ်သေးဘူး!

သေချာပေါက် သူတစ်ဖက်လူကို မြင်လိုက်တုန်းက ကြယ်စုဒင်္ဂါးမျက်နှာဖုံးတပ်ထားတဲ့ သူ့ကိုယ်သူ ကြွယ်ဝခြင်းနတ်ဘုရားလို့ ပြောတဲ့ လူပုံသဏ္ဌာန်ကို တကယ်မြင်လိုက်ရတာ။

သူက ဘယ်လိုလုပ် မစ္စတာကျွမ်းဖြစ်သွားရတာလဲ။

မစ္စတာကျွမ်းနဲ့သူက လူတစ်ယောက်တည်းမဟုတ်သရွေ့ပေါ့။

ချိန်ကျန့်ရှန်က သူ့အိပ်မက်ထဲက အကြောင်းအရာတွေကို ကြိုးစားပြီး ပြန်မှတ်မိအောင်လုပ်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူ့အိပ်မက်အကြောင်းအရာတွေက ဝိုးတိုးဝါးတား ဖြစ်ဖြစ်လာတာကို တွေ့လိုက်ရတယ်။

ကျွမ်းကျိုးရဲ့မျက်နှာကို ထပ်ကြည့်လိုက်တော့ သူတို့နှစ်ယောက်ကို အတူတူ ဆက်စပ်ကြည့်စရာအကြောင်း ဘာမှမရှိတော့ဘူး။

မစ္စတာကျွမ်းက ငယ်ရွယ်ပြီး အပြစ်ကင်းစင်တယ်၊ လိမ်ညာတယ်ဆိုတာ ဘာမှန်းတောင်မသိတဲ့သူဆိုတဲ့ အမြင်ကိုပေးနေတယ်။

နောက်ပြီး နောက်ပြီးတော့...

သူက တကယ်ကို အရမ်းကို အားနည်းတဲ့ပုံပေါက်နေတယ်လေ o(╯□╰)o

ချိန်ကျန့်ရှန်က ဒီလူငယ်လေးကို လက်တစ်ဖက်တည်းနဲ့တောင် ပြားသွားအောင် ဖိညှစ်လို့ရလောက်တယ်လို့ ခံစားနေရတယ်။

သူက တကယ်ပဲ လူတွေအများကြီးရဲ့ မသိစိတ်ကို တစ်ပြိုင်နက်တည်း ဝင်ကျူးကျော်နိုင်တဲ့ ကြွယ်ဝခြင်းနတ်ဘုရားဖြစ်လောက်တဲ့အထိ အားကောင်းတဲ့သူ ဟုတ်ပါ့မလား။

လူငယ်လေးရဲ့ အပြစ်ကင်းစင်ပြီး အန္တရာယ်မပေးနိုင်တဲ့ မျက်လုံးတွေထဲကို ကြည့်လိုက်တော့ သူ့ကို သံသယဝင်မိလောက်အောင်ကို သူ့နှလုံးသားက အလွန်မှောင်မိုက်နေလွန်းတယ်လို့ ချိန်ကျန့်ရှန်က ခံစားလိုက်ရတယ်။

သို့ပေမဲ့ ကျွမ်းကျိုးကတော့ အလွန်မှ နားလည်ပေးတတ်တယ်။ သူက တစ်ချိန်လုံးမှာ ပြုံးရယ်နေခဲ့တယ်။ သူပြုံးလိုက်တဲ့အခါ ဖော်ရွေမှုနဲ့ သူ့အနားကို ချဉ်းကပ်နိုင်စွမ်းက အလွန်မှ အားကောင်းလှတယ်။ အခြေအနေကို ပြောင်းပြန်လှန်လိုက်ပြီး သူက ချိန်ကျန့်ရှန်ကို စတင်၍ နှစ်သိမ့်ပေးလိုက်တယ်: "ရပါတယ်၊ ကျွန်တော် နားလည်ပါတယ်! လူတွေက အရင်တုန်းကလည်း ကျွန်တော့်ကို တခြားလူနဲ့ အထင်မှားဖူးတာပဲ။ ကျွန်တော်က အလွန်ကို သာမန်ဆန်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံရှိလို့ နေမှာပါ။ ကျွန်တော့်မျက်နှာကို မကြည့်ရင် လူတကာနဲ့ တူနေတဲ့ပုံပဲ"

ချိန်ကျန့်ရှန်အဖြေကိုတောင် မစောင့်တော့ဘဲ ဘေးပတ်လည်က ကျောင်းသားတွေက စိတ်မချမ်းမသာဖြစ်သွားပြီး အကုန်လုံး သူ့ကို စတင်ပြီး စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။

မင်းမျက်လုံးက ဘာဖြစ်နေတာလဲ။

ငါတို့ရဲ့မစ္စတာရှောင်ကျွမ်းလေးက အင်မတန်မှ ကြည့်ကောင်းပြီး အရမ်းကိုချစ်စရာကောင်းတယ်! မင်းက တကယ်ကြီး သူ့ကို တခြားလူနဲ့ မှားသေးတယ်ပေါ့!

မင်းမျက်လုံးတွေက အိတ်စ်ရေးအမြင်မို့လို့လား။ လူတွေကို အရိုးတည်ဆောက်ပုံနဲ့ပဲ လူတွေကို မြင်ရတာလား။

ချိန်ကျန့်ရှန်: "........."

ကျွမ်းကျိုး ရောက်နေတာကြောင့် ကျောင်းပေါက်ဝမှာ လူတွေ ပိုပိုများလာတယ်။ လူအမြောက်အမြားက တဆင့်စကားတဆင့်နားနဲ့ ရောက်လာကြပြီး အားလုံးက ဝမ်ရှောင်းယွင် သတင်းတွေထဲမှာ တရားဝင်ကြေညာလိုက်တဲ့သူက အပြင်မှာ တကယ်ဘယ်လိုပုံလဲဆိုတာ မြင်ချင်နေကြတယ်။

ဟန်ချင်းရှောင်းက ကျွမ်းကျိုးကို တိတ်တဆိတ် သတိပေးလိုက်တယ်: "ချန်.... မစ္စတာကျွမ်းကျိုး၊ ကျွန်တော်တို့ သွားသင့်နေပြီ" (T/N ချန်ပေ့ဆိုပြီး ခေါ်မိတော့မလို့ပါ)

ကျွမ်းကျိုးက ခေါင်းညိတ်လိုက်တယ်: "အင်းအင်း ဒါဆို ကျွန်တော်သွားတောမယ် အားလုံးပဲ ဘိုင့်ဘိုင်"

သူက လူတိုင်းကို ဝှေ့ယမ်းနှုတ်ဆက်လိုက်ပြီးနောက် ဟန်ချင်းရှောင်းရဲ့အစောင့်အရှောက်နဲ့ ထွက်သွားတော့တယ်။

ကျွမ်းကျိုးထွက်သွားပြီး သိပ်မကြာလိုက်ဘူး၊ 'ဗိုလ်ချုပ်ကြီးဇနီးက နံပါတ်တစ် စစ်သင်တန်းကျောင်းကို လာတက်တော့မယ်' ဆိုတဲ့ ကောလာဟလတစ်ခုက တောမီးလိုပဲ စတင်ပျံ့နှံ့လာတော့တယ်။

အင်ပါယာက နံပါတ်တစ်စစ်သင်တန်းကျောင်းမှာ အင်ပါယာတစ်ခုလုံးက အထူးချွန်ဆုံးကျောင်းသားတွေ စုနေတာဖြစ်တယ်။ ဒါပေမဲ့ တက်ခွင့်ရဖို့ သိပ်မလွယ်ဘူး။ တစ်ချိန်တည်းမှာပဲ ဟန်ချင်းရှောင်းက ကျောင်းမှာဆရာတစ်ယောက် ဖြစ်နေပြီး ဆရာကြီးကယ်လုအန်းရဲ့ တပည့်လည်း ဖြစ်နေသေးတယ်။

ကယ်လုအန်းနဲ့ တတိယတပ်ဖွဲ့က ဝမ်ရှောင်းယွင်က ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ ဒါကြောင့်ပဲ လူတိုင်းက ခန့်မှန်းနေကြတယ်: ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို နံပါတ်တစ်စစ်သင်တန်းကျောင်းကို သွင်းဖို့ကြံစည်နေတာလား။

ဘာအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ဒီကို ကျွမ်းကျိုးရောက်လာတယ်ဆိုတာက ချက်ချင်းကို ရေပန်းအစားဆုံး ဆွေးနွေးစရာအကြောင်းအရာတွေထဲကို ရောက်သွားစေပြီး ဆယ်လီဘရစ်တီအုပ်စုကို အလွန်အားကျသွားစေတယ်။

ဆယ်လီဘရစ်တီတွေ ကိုယ်တိုင်ကလွဲရင် ကျွမ်းကျိုးက ပြည်သူပြည်သားတွေဆီကနေ မြင့်မားတဲ့ အသိအမှတ်ပြုတန်ဖိုးထားခံရမှုရရှိထားတဲ့သူ၊ ဖျော်ဖြေရေးအသိုင်းအဝိုင်းကလူတွေတင် မဟုတ်တဲ့ တစ်ယောက်တည်းသောသူပဲ ဖြစ်လောက်တယ်။

ကျွမ်းကျိုးက ဟန်ချင်းရှောင်းနဲ့အတူ ကားပျံထဲကိုဝင်လိုက်တယ်။ သူကားပျံထဲကိုရောက်တာနဲ့ တစ်ပြိုင်နက် ဂျယ်လီလိုပဲ ခွေခေါက်ကျသွားပြီး ထိုင်ခုံပေါ်မှာ လုံးလုံးလျားလျားကို ကွေးလိုက်တယ်၊ မျက်နှာမှာလည်း စိတ်ဒဏ်ရာရပြီးနောက် ကျလာတဲ့မျက်ရည်တွေအပြည့်နဲ့ ဖြစ်နေတယ်။

ဟန်ချင်းရှောင်း: "ချန်ပေ့၊ ဘာဖြစ်တာလဲ"

ကျွမ်းကျိုးက ရင်ဘတ်ကို ဖိလိုက်ပြီး : "သီသီလေး၊ သီသီလေးပဲ။ ငါ့ကို လူသိသွားတော့မလို့! ကံကောင်းလို့ ငါတုံ့ပြန်တာ မြန်သွားလို့!"

ငါသာ လုံလောက်အောင် ကြိုးစားပြီးဟန်ဆောင်လိုက်ရင်ရပြီ! ဘယ်သူမှ ငါ့ကို သံသယဝင်မှာမဟုတ်ဘူး!

ဟန်ချင်းရှောင်း: "?"

ဟန်ချင်းရှောင်း မျက်လုံးပြူးသွားတယ်: "ဒါဆို အဲဒီကျောင်းသားက လူမှားသိတာမဟုတ်ဘူးပေါ့၊ သူပြောတဲ့သူက တကယ်ပဲ လူကြီးမင်းလား"

ကျွမ်းကျိုးက မျက်ရည်တွေနဲ့ ဖြေလိုက်တယ်: "ဟုတ်တယ်"

ကြယ်အစုအဝေးက လူတွေကို လှည့်စားဖို့ ပိုပိုပြီး ခက်ခဲလာမယ်လို့ သူဘယ်တုန်းကမှ မထင်ထားဘူး။ ကြည့်ရတာ နောက်ဆိုရင် အကြာကြီးနေမှ တစ်ခါလောက်ပဲ အိပ်မက်ပေးရမယ်ထင်တယ်။

ကြယ်အစုအဝေးကလူတွေက စိတ်စွမ်းအားမြင့်မားကြတယ်၊ အထူးသဖြင့် S အဆင့်စိတ်စွမ်းအားရှိတဲ့သူတွေပဲ။ သူတို့ကို သူတစ်ခါပဲ အိပ်မက်ပေးလို့ရတယ်။ ဒုတိယအကြိမ်ဆိုရင် သူ့ရုပ်ကို ပိုပြီးပြတ်ပြတ်သားသား မှတ်မိအောင် လုပ်သလိုဖြစ်သွားလိမ့်မယ်!

"ဆင်ခြေပေးနေတာတွေက ဖုံးဖိပြီးပြောနေတာ။ ကျွန်တော် ရှင်းပြဖို့ ကြိုးစားလေလေ သူက ပိုပြီးသံသယဝင်ဖို့ ဖြစ်နိုင်ခြေများလေလေပဲ။ အဲဒါကြောင့် ကျွန်တော်ကိုယ့်ကျွန်တော် ဖော်မိလိုက်နိုင်တယ်" အဲဒီနောက်မှာ ကျွမ်းကျိုးက ဟန်ချင်းရှောင်းကို မေးလိုက်တယ်: "အခုလေးတင် ကျွန်တော်ဘာမှ မဖော်လိုက်မိဘူးမလား၊ ကျွန်တော် ဟန်ဆောင်တာ ဘယ်လိုနေလဲ"

ဟန်ချင်းရှောင်းက သူ့ရှေ့က အပြစ်ကင်းစင်ပြီး အန္တရာယ်ကင်းတဲ့ လူငယ်လေးကို ကြည့်လိုက်တယ်: "......"

ဒါဆို တကယ်ပဲ စစ်မှန်တဲ့ သိုးဖြူလေးတွေဆိုတာ တကယ်မရှိဘူးပဲ။ အန္တရာယ်မပေးနိုင်ဆုံး သိုးလေးမှာတောင်မှ အမှောင်ခြမ်းဆိုတာ ရှိတာပဲ။

ဟန်ချင်းရှောင်းက စိတ်ရင်းနဲ့ အတည်ပြုပေးလိုက်တယ်: "အရမ်းကောင်းတယ်"

အနည်းဆုံးတော့ သူ့ကို နှပ်ချလိုက်နိုင်တယ်။

ကျွမ်းကျိုးကို ဝမ်ရှောင်းယွင်အိမ်ပြန်ပို့ပြီး မနက်ဖြန် စာကြည့်တိုက်သွားဖို့ သဘောတူလိုက်ပြီးနောက်မှာ ဟန်ချင်းရှောင်း ထွက်သွားတယ်။

သူမပြန်ခင် ဒီနေ့အဖြစ်အပျက်အကြောင်း ဝမ်ရှောင်းယွင်ကို မက်ဆေ့ပို့ဖို့လည်း မမေ့ဘူး။

ဝမ်ရှောင်းယွင် အိမ်ပြန်ရောက်တော့ ကျွမ်းကျိုးနဲ့ ရှောင်ဖော့လန်က မက်ခါအသစ်တစ်စီးကို အတူတူ တပ်ဆင်နေတယ်။

သူပြန်လာတာကိုတွေ့တော့ ကျွမ်းကျိုးက ချက်ချင်း သူလုပ်လက်စတွေချပြီး အပြေးလာတယ်: "ဝမ်ရှောင်းယွင် ပြန်လာပြီလား"

ဝမ်ရှောင်းယွင်က 'အင်း' ဆိုပြီး အသံပေးလိုက်ပြီး လက်ထဲကပစ္စည်းတွေကို ယူလိုက်တယ်။ လမ်းမှာလည်း ကျွမ်းကျိုးခေါင်းလေးကို ပွတ်ပေးလိုက်တယ်: "ပင်ပန်းသွားပြီ"

ကျွမ်းကျိုးက ဆိုတယ်: "ဘာမှမဖြစ်ပါဘူး။ ဒီနေ့ နံပါတ်တစ်စစ်သင်တန်းကျောင်းကိုတောင် သွားခဲ့သေးတယ်။ လူတစ်ယောက်နဲ့တောင် တွေ့ခဲ့သေးတယ်....."

ဝမ်ရှောင်းယွင်က ဟန်ချင်းရှောင်းဆီက ဒီအကြောင်းကြားပြီးသွားပြီ။ ဟန်ချင်းရှောင်းက ကျွမ်းကျိုးကို လာကြိုတာလေ။ အလိုအလျောက်ပဲ ကျွမ်းကျိုးကို အပြင်ကိုခေါ်သွားဖို့ဆိုရင် ဝမ်ရှောင်းယွင်ရဲ့ခွင့်ပြုချက် လိုတာပဲ။ မဟုတ်ရင် အထဲဝင်လို့တောင် ရမှာမဟုတ်ဘူး။

ဒါတောင်မှ ဝမ်ရှောင်းယွင်က သူငယ်ချင်းလေး ဒီနေ့အကြောင်းကို ဘဝင်ခိုက်စွာ ကြွားဝါနေတာကို တိတ်တိတ်လေး နားထောင်ပေးနေသေးတယ်။

သူငယ်ချင်းလေး စကားပြောပြီးသွားတော့မှ နောက်ဆုံးမှာ ချီးကျူးလိုက်တယ်: "အရမ်းတော်တယ်။ မင်းက ဒီလူရဲ့ သူရဲဘောကြောင်တဲ့အစီအစဉ်တွေကို ဒီလောက်မြန်မြန် တွက်ဆလိုက်နိုင်ပြီး မင်းက စာမဖတ်တတ်ဘူးဆိုပြီး တမင်ပြောလိုက်တယ်။ သူ့ကို အောင်အောင်မြင်မြင် လှည့်စားလိုက်နိုင်တယ်ပေါ့"

သေချာပေါက် ဒါက ကျွမ်းကျိုး ကြွားလုံးထုတ်ချင်နေတဲ့ဟာပဲ၊ ဒါပေမဲ့ ဝမ်ရှောင်းယွင်ပါးစပ်ကနေ တိုက်ရိုက်ကြားလိုက်ရတော့ ကျွမ်းကျိုးက ထူးဆန်းစွာ နည်းနည်းလေး ရှက်သလို ခံစားလိုက်ရတယ်။

"အဟွတ် အဟွတ်" ကျွမ်းကျိုးက ပြောတယ်: "အဲဒီလောက်ကြီး တော်တာလည်း မဟုတ်ပါဘူး... သူဘယ်သူလဲဆိုတာတောင် ကျွန်တော်မသိဘူး"

ဝမ်ရှောင်းယွင်က စောင့်ကြည့်ဗီဒီယိုတွေကို စစ်ဆေးကြည့်ပြီးသွားပြီ။ သူက အေးတိအေးစက်ပြောလိုက်တယ်: "ပထမတပ်ဖွဲ့က တပ်ဖွဲ့မှူး တီးဝမ်ပဲ"

ကျွမ်းကျိုးက သူဘယ်သူလဲဆိုတာမသိပေမဲ့ သူ့အထောက်အထားအရ၊ ဝမ်ရှောင်းယွင်ရဲ့ရာထူးနဲ့ ဆင်တူနေတဲ့ပုံပဲ။ သူက ကျွမ်းကျိုးကို ယုံကြည်မှုတွေအများကြီး ယူလာပေးနိုင်တာ အံ့ဩစရာတော့မဟုတ်ပါဘူး။

"သူတို့အကုန်လုံးက မင်း သူတို့ကို စိတ်သန္တာန်မက်ခါတွေ လုပ်ပေးဖို့ မင်းကိုတွေ့ချင်နေကြတာ"

အခုမှပဲ ကျွမ်းကျိုး နားလည်သွားတယ်။

ကြယ်အစုအဝေးကလူတွေက စွမ်းအင်ဓာတ်ရောင်ခြည်ကြောင့် အဆိပ်သင့်ခံရနိုင်တယ်။ ဒါက သူတို့အတွက် အချိန်ကြာနေပြီဖြစ်တဲ့ ခေါင်းကိုက်စရာကိစ္စပဲ။ အဲဒီအချိန်မှာ သူက မက်ခါတွေကို ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကို ကာရံထားနိုင်အောင် ပြောင်းလဲပေးနိုင်တယ်။ အဲဒါကြောင့် သူတို့အကုန်လုံးက လိုချင်နေကြတာပဲ။

တကယ်တော့ သူလည်းပဲ အဲဒါတွေ လုပ်ပေးချင်တယ်။

သူ့ရဲ့ဂုဏ်သတင်းတိုးပွားလာရင် သူ့ယုံကြည်မှုကလည်း ပိုပိုပြီး တိုးပွားလာလိမ့်မယ်။

ဘယ်နတ်ဘုရားကမှ ယုံကြည်မှုတွေ များလွန်းတယ်ဆိုပြီး ညည်းတွားမှာမဟုတ်ဘူးလေ! သူလည်း အားကြီးတဲ့ မဟာနတ်မင်းကြီးဖြစ်ချင်တာပဲ။

"ဒါပေမဲ့ ကျွန်တော်က တစ်ယောက်တည်းရှိတာလေ၊ မက်ခါတွေ အဲဒီလောက်အများကြီး မလုပ်နိုင်ဘူး" ကျွမ်းကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ရှောင်းယွင်ကို ရုတ်တရက် မေးလိုက်တယ်: "ကျွန်တော် တခြားလူတွေကို သင်ပေးနိုင်တယ်လို့ ထင်လား"

ဝမ်ရှောင်းယွင်က အမြဲတမ်း သူဖြစ်ချင်တဲ့အရာ ဘာမဆို ထောက်ပံ့ပေးတဲ့သူမျိုး : "မင်းသာသင်ချင်ရင်၊ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့"

ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို လေးလေးနက်နက် ကြည့်လိုက်တယ်: "ဒါက မင်းကိုယ်မင်း ဖော်ထုတ်ပြလိုက်တာပဲ။ လူတိုင်းက မင်းက အဲဒီ 'ဆရာသခင်လေး' ဆိုတာကို သိသွားလိမ့်မယ်။ မင်းကြောက်လား"

"ကျွန်တော်မကြောက်ဘူး" ကျွမ်းကျိုးက ဆိုတယ်: "လူတွေပိုသိလေ၊ ယုံကြည်မှုတွေ ပိုစုဆောင်းနိုင်လေပဲ။ နောက်ပြီး ဒီစွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်က တကယ်တမ်း လုပ်ဖို့ အရမ်းလွယ်တယ်။ ကျွန်တော် သူတို့စိတ်စွမ်းအားကို ဘယ်လိုသုံးပြီး ပြုပြင်ရမယ်ဆိုတာ သင်ပေးလို့ရတယ်။ ကျွန်တော်...."

သူပြောတာတွေ အရမ်းများသွားပြီဆိုတာကို ရုတ်တရက် သတိပြုမိသွားပြီး သူ့ပါးစပ်ကို ရုတ်ခြည်း ကာလိုက်တယ်။

သေချာပေါက် ယုံကြည်မှုစုဆောင်းရမဲ့သူက.... သူ့ကောကောဖြစ်ရမှာလေ.....

ဝမ်ရှောင်းယွင်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ပြောတယ်: "အင်း ကိုယ်သိတယ်၊ ယုံကြည်မှုလိုတဲ့သူက မင်းမဟုတ်ဘူး၊ မင်းကောကောမလား"

ကျွမ်းကျိုး: "........"

သူက နည်းနည်း မျှော်လင့်ချက်ကင်းမဲ့သွားတယ်: "ဟန်ဆောင်မနေပါနဲ့တော့။ ခင်ဗျားအကုန်သိထားတယ်ဆိုတာ ကျွန်တော်သိပြီးပြီ"

ဝမ်ရှောင်းယွင်က လေးလေးနက်နက်နဲ့ ပြောတယ်: "မဟုတ်ဘူး ကျိုးကျိုး၊ ကိုယ်သိခြင်း မသိခြင်းက မင်းအပေါ်မှာပဲ မူတည်တယ်။ မင်းက သိစေချင်ရင် ကိုယ်သိမှာပဲ။ မင်းက မသိစေချင်ဘူးဆိုရင် ကိုယ်ကိုယ့်ကိုယ် အတင်းအကျပ် မေ့ပစ်လိုက်ပြီး ဒီအကြောင်းကို ဘယ်တော့မှ ထပ်မပြောတော့ဘူး"

ကျွမ်းကျိုးက သိပ်ပြီး မယုံဘူး: "ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်မေ့သွားအောင် လုပ်လို့ရတယ်လား။ တကယ်ပဲ မေ့နိုင်ပါ့မလား"

"ကိုယ်လုပ်နိုင်တယ်" ဝမ်ရှောင်းယွင်က မိုးလေဝသအကြောင်း ဆွေးနွေးနေတဲ့အတိုင်း အေးဆေးတည်ငြိမ်တဲ့ အသံနဲ့ ပြောတယ်: "စိတ်စွမ်းအင်မြင့်တဲ့သူတွေက လုပ်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ်စိတ်ညှို့တာ"

ကျွမ်းကျိုး မျက်လုံးတွေ ပြူးကျယ်လာတယ်: "ဒါပေမဲ့ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် စိတ်ညှို့တာက စိတ်ပိုင်းဆိုင်ရာ အသိစိတ်အတွက် တအားအန္တရာယ်များတယ်မလား"

ဝမ်ရှောင်းယွင်က ဆိုတယ်: "မင်းသာ ကိုယ့်ကိုမေ့ပစ်လိုက်စေချင်တယ်ဆိုရင်၊ ဒါက အရေးမကြီးပါဘူး။ ကိုယ်က အချိန်နည်းနည်းလောက်ပဲ လိုတယ်။ ချက်ချင်းတော့ အားလုံးကို မေ့သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ကျွမ်းကျိုးက သူ့ကို ကြည့်လိုက်တယ်၊ ဘာစကားမှ ထပ်မပြောတော့ဘူး။

ဒီလူက အမြဲတမ်း ဒီအတိုင်းပဲ....

သူစကားမပြောတော့တာကိုတွေ့တော့ ဝမ်ရှောင်းယွင်က အခုလေးတင် သူစကားပြောမှားသွားပြီလို့ ထင်သွားပြီး မျက်ခုံးကို မသိမသာ တွန့်ချိုးလိုက်ပြီး ပြောတယ်: "အရမ်းကြာလွန်းတယ်လို့ ထင်လို့လား၊ အဲဒါဆိုရင်...."

သူပြောပြီးတာကို မစောင့်ဘဲ ကျွမ်းကျိုးက သူ့ပါးစပ်ကို လက်နဲ့ကာလိုက်ပြီး ခံစားချက်မဲ့စွာနဲ့ ပြောတော့တယ်: "ကျွန်တော့်မှာ အစ်ကိုကြီးမရှိဘူး၊ အဖေလည်း မရှိဘူး။ ဒီနတ်ဘုရားပုံတော်က ကျွန်တော့်ပင်မခန္ဓာကိုယ်ရဲ့ ရုပ်ပုံတော်ပဲ။ ဒါနဲ့ နီးနီးကပ်ကပ်ရှိရင် တန်ခိုးစွမ်းအင်ကလည်း အလွန်မြန်မြန် ပြန်ပြည့်လာလိမ့်မယ်။ လူတွေအများကြီး ကျွန်တော့်ကို ယုံကြည်ရင်၊ တန်ခိုးစွမ်းအင်ကလည်း ပိုပြီးအားကောင်းလာလိမ့်မယ်။ ကျွန်တော်က မှော်အစွမ်းအများကြီးသိတယ်၊ ဒါပေမဲ့ သုံးခဲတယ် ဘာလို့လဲဆိုတော့ မဟာနတ်မင်းကြီးကပြောတယ်၊ သုံးဖို့မလိုရင် မသုံးနဲ့တဲ့။ ခြွင်းချက်ကတော့ ကျွန်တော့်လုံခြုံရေးက အန္တရာယ်ရှိနေပြီဆိုရင် သုံးလို့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်အရင်က နေတဲ့နေရာမှာ နတ်ဘုရားတွေအပြင် အရမ်းဆိုးတဲ့ ယုတ်ညံ့တဲ့ဝိညာဉ်တွေလည်း ရှိလို့ပဲ။ ကျွန်တော်က လူတွေကို အိပ်မက်ပေးလို့ရတယ်။ လူတွေကို လေမှုတ်ပေးရင် ကံကောင်းလာလိမ့်မယ်။ လူတွေအများကြီးကိုလည်း ချမ်းသာလာအောင် ကောင်းချီးပေးလို့ရ...."

ဝမ်ရှောင်းယွင်ရဲ့ အမူအရာက မသိမသာပြောင်းလဲသွားတယ်၊ သူ့ရဲ့ပုံမှန်တည်ငြိမ်တဲ့ ဟန်ပန်နဲ့ ကွာခြားနေတယ်: "ကျိုးကျိုး မင်းကိုယ့်ကို ဒါတွေပြောပြစရာမလိုပါဘူး။ မင်း..."

ကျွမ်းကျိုးက သူ့ပါးစပ်ကို လက်နဲ့ ဆက်ကာထားပြီး ပြောလိုက်တယ်: "ကျွန်တော်က-- ကြွယ်ဝခြင်းနတ်ဘုရားပဲ"

ဒီတစ်ကြိမ်မှာတော့ ပြောစရာစကားမဲ့သွားတဲ့သူက ဝမ်ရှောင်းယွင်ဖြစ်သွားပြီ။

လူငယ်လေးက သူ့လျှို့ဝှက်ချက်တွေအကုန်လုံးကို တည့်တိုး တိုက်ရိုက်ပြောပြနေတာက၊ ဆန့်ကျင်ဘက်အနေနဲ့ ဝမ်ရှောင်းယွင်ကို အနည်းငယ် နောင်တရသွားစေတယ်။

လူငယ်လေးက သူ့ကို ဒီလောက်ထိ ပွင့်လင်းမနေသင့်ဘူး။

သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်တွေကို ဆက်ပြီး ကာကွယ်ထားသင့်တယ်။

ကျွမ်းကျိုးက ပြောတယ်: "ကျွန်တော်ပြောလို့ ပြီးသွားပြီ"

သူက ဝမ်ရှောင်းယွင် ပါးစပ်ကို လွှတ်ပေးလိုက်ပြီး ဆိုတယ်: "ဒီလောက်ကိစ္စတွေအများကြီး အခုဆို မေ့ချင်ရင်တောင်မှ မေ့နိုင်မှာမဟုတ်တော့ဘူး"

ဝမ်ရှောင်းယွင် သူ့ကို အသံတိတ်ကြည့်နေတယ်။ အချိန်အကြာကြီးနေမှ နောက်ဆုံးတော့ ပြောလာတယ်: "ကျိုးကျိုး"

ကျွမ်းကျိုးက သူထပ်မေးတော့မယ်လို့ ထင်ပြီး ကိုယ်ကို မတ်မတ် ထိုင်လိုက်တယ်: "ပြောလေ"

မထင်မှတ်စွာနဲ့ ဝမ်ရှောင်းယွင်က ဆိုတယ်: "ကိုယ်မင်းကို ဖက်ထားလို့ရမလား"

ခဏလောက် အံ့အားသင့်သွားပြီး ကျွမ်းကျိုးနားရွက်တွေက မသိမသာ နီမြန်းလာတယ်။

ဒီလူက ဘာဖြစ်နေတာလဲ။ ပြီးခဲ့တဲ့အခေါက်က သူတို့ဖက်တုန်းက သူက သေချာပေါက် သူ့ဘာသူ စ'လုပ်လိုက်တာလေ.....

အခုကျတော့ မေးနေတယ်။

သူက ဘယ်လိုဖြေပေးရမှာလဲလို့!

"ဘာမှမပြောဘူးဆိုတော့ ခွင့်ပြုတယ်လို့ပဲ ယူဆလိုက်မယ်နော်"

ဒီလိုပြောပြီးတော့ ဝမ်ရှောင်းယွင်က သူ့ကို နူးနူးညံ့ညံ့လေး ပွေ့ဖက်လိုက်တယ်။

ဒီတစ်ကြိမ်ပွေ့ဖက်လာတာက အရင်တစ်ခေါက်နဲ့ နည်းနည်း ကွာတယ်။ ကျွမ်းကျိုးက သူပဲ နားလည်မှုလွဲနေလား မသိပေမဲ့ ဒီတစ်ခေါက်မှာ ဝမ်ရှောင်းယွင်က ပိုလို့တောင် ဂရုစိုက်နေသလိုပဲ ခံစားရတယ်။ သူက တိုဖူးလေးလိုမျိုးပဲနည်းနည်းလောက် မဆင်မခြင်လုပ်မိရင် မတော်တဆ ကြေမွသွားတော့မဲ့အတိုင်းပဲ။

နီမြန်းနေတဲ့မျက်နှာနဲ့ ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ကို မေးကြည့်လိုက်ချင်မိတယ်: ကျွန်တော့်ကို တကယ်ပဲ အရမ်းသဘောကျလား၊ ကျွန်တော်နဲ့ လက်ထပ်ချင်လားဆိုပြီးတော့လေ။

ဒါပေမဲ့ စကားက သူ့လျှာဖျားထိပ်ရောက်နေပြီး ပြောမထွက်ဘူးဖြစ်နေတယ်။

သူက လူသားတစ်ယောက်ကို လက်ထပ်လို့ရလားဆိုတာ သူသိတောင်မသိဘူး။

သူဒီမေးခွန်းမေးလိုက်တာနဲ့ နောက်ပြန်လှည့်လို့မရတော့မှာကို ကြောက်နေတယ်။

တကယ်လို့ မဟာနတ်မင်းကြီးက သူ့ကို လူသားတစ်ယောက်နဲ့ အတူတူရှိခွင့်ပေးဖို့ ငြင်းလိုက်ရင်ဘယ်လိုလုပ်မလဲ။

နှစ်ဦးသားက အချိန်အတန်ကြာအောင် တိတ်တဆိတ် ဖက်တွယ်ထားကြပြီး နောက်မှာ ဝမ်ရှောင်းယွင်က သူ့ကိုလွှတ်ပေးလိုက်တယ်။

နားရွက်တွေ နီမြန်းနေပြီး ဝမ်ရှောင်းယွင်ကို ကြည့်ဖို့အရမ်းရှက်နေလို့ ကျွမ်းကျိုးက ခေါင်းကို ငုံ့ထားတယ်။

ဝမ်ရှောင်းယွင်ကဆိုတယ်: "အင်း ကိုယ် အခုအားလုံးကို မှတ်မိတယ်။ နောက်ဆို ကိုယ့်ကိုယ်ကိုယ် မေ့သွားရင်တောင်မှ မင်းဒီနေ့ပြောတဲ့စကားတွေကို မေ့မှာမဟုတ်ဘူး"

ကျွမ်းကျိုးက လျင်မြန်စွာပြောလိုက်တယ်: "ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် မေ့မှာမဟုတ်ဘူး! နေ့တိုင်း ညစ်ညမ်းမှုတွေကို နည်းနည်းချင်း ကျွန်တော်ထုတ်ပေးသွားမယ်။ ခင်ဗျား မကြာခင် ပြန်ကောင်းလာလိမ့်မယ်!"

ဝမ်ရှောင်းယွင်က သူ့လက်ကို ကိုင်လိုက်ပြီး ညင်သာတိုးဖွစွာ ပြောတယ်: "ကိုယ်သိပါတယ်၊ ကျေးဇူးပါပဲ"

ဝမ်ရှောင်းယွင်က မျက်လုံးတွေကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ဆက်ပြောတယ်: "ကိုယ်ငယ်ငယ်တုန်းက လူတွေအများကြီးက ကိုယ်က အရမ်းကံဆိုးတယ်လို့ ပြောကြတယ်။ ကိုယ့်မှာ အလွန်ကောင်းတဲ့ပင်ကိုပါရမီရှိတယ်။ အစတုန်းက ကိုယ်က စစ်တပ်ထဲကို ဘာအခက်အခဲမှမရှိပဲ ချောချောမွေ့မွေ့နဲ့ အောင်မြင်စွာ ဝင်လိုက်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်အဖေက အစောကြီးထွက်သွားခဲ့ပြီး ကိုယ့်အတွက် လမ်းဖောက်ပေးဖို့ အခွင့်အရေးမရခဲ့ဘူး။ အဲဒါကြောင့် ကိုယ်က ဟိုးအောက်ခြေကနေ စခဲ့ရတယ်။ ကိုယ့်မှာဘာရာထူးမှမရှိတုန်းက လူတွေအများကြီးက ကိုယ့်ရဲ့ ပင်ကိုပါရမီကို စိုးရိမ်ခဲ့ကြတယ်၊ ကိုယ်က ပိုပိုပြီး မြင့်တဲ့နေရာကို တက်သွားပြီး သူတို့ကို ကျော်တက်သွားမှာကို ကြောက်ကြတယ်။ အဲဒါကြောင့် ကိုယ့်ကိုဒုက္ခပေးဖို့ အစီအစဉ်မျိုးစုံချကြတယ်။ ကိုယ်တိုက်ပွဲကိုသွားတိုင်းမှာ အဆင်မပြေမှုမျိုးစုံက ကိုယ့်ကို ချုပ်ချယ်ထားခဲ့တယ်....."

ဝမ်ရှောင်းယွင် သူ့အကြောင်းတွေ အများကြီးပြောပြခဲ့တယ်။ ဒါက သူစကားတွေအများကြီးပြောတာ ကျွမ်းကျိုး ပထမဆုံးကြားဖူးတာပဲ။ ဝမ်ရှောင်းယွင်က အရမ်းအေးစက်စက်ပုံမရပေမဲ့ သူက တကယ် စကားသိပ်မပြောဘူး။ ဒါပေမဲ့ သူ့မှာ အမြဲလိုလို တည်ငြိမ်ပြီး အနှောင်အတွယ်ကင်းမဲ့တဲ့ မျက်နှာထားရှိပြီး စိတ်ထဲမှာ ဘာတွေတွေးနေမှန်း မှန်းလို့မရစေဘူး။

ကျွမ်းကျိုးက အလွန်ဂရုတစိုက်နဲ့ နားထောင်နေတယ်။ စိတ်ထဲမှာ သိပ်မပျော်ရွှင်ဘူး။ ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို သူ့အကြောင်းတွေ အများကြီးပြောနေတယ်ဆိုတာ ကျွမ်းကျိုး သူ့ကို ပိုနားလည်လာစေချင်လို့ပဲ။

အဆုံးမှာတော့ ကျွမ်းကျိုးက ဝမ်ရှောင်းယွင် ကလေးဘဝကနေ အခုထက်ထိ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အားလုံးနီးပါး သိသွားတယ်။

"အခုရောပဲ" ဝမ်ရှောင်းယွင်က ကျွမ်းကျိုးမျက်လုံးထဲထိ နက်ရှိုင်းစွာ ငေးကြည့်လာတယ်: "လူတိုင်းက ကိုယ့်ကို ကံမကောင်းဘူးလို့ ခေါ်နေတုန်းပဲ။ ကိုယ်က ဂြိုလ်သားအင်းဆက်ဘုရင်မကို သတ်ခဲ့တယ်။ သေချာပေါက် ကိုယ့်က တပ်မဟာဦးစီးချုပ်အဖြစ် ရာထူးတိုးရနိုင်တယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့စိတ်စွမ်းအားက အဆိပ်သင့်နေခဲ့တာမို့ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရတယ်။ ဒါပေမဲ့ ကိုယ်ဘယ်လောက်ကံကောင်းလဲဆိုတာ သူတို့ဘယ်သူမှ မသိကြဘူး"

"ကိုယ်က အမှိုက်ဂြိုလ်မှာ သောင်တင်နေခဲ့ပေမဲ့ ကိုယ်မင်းကို ရလိုက်တယ်လေ"

"ကိုယ့်စိတ်စွမ်းအားတွေက ဓာတ်ရောင်ခြည်သင့်ခံလိုက်ရပေမဲ့ ကိုယ့်မှာ မင်းရှိသေးတယ်"

"ကိုယ် တစ်ခုသိလိုက်ရတယ်၊ ကျိုးကျိုး အတိတ်က မတူညီတဲ့ကံဆိုးမှုတွေအားလုံးက တဖြည်းဖြည်းစုပုံလာပြီး မင်းနဲ့ ကိုယ်တွေ့ခွင့်ရမဲ့ ကံမကောင်းမှုလေးတစ်ခုအဖြစ် စုဝေးသွားတာဖြစ်ရမယ်"

ကျွမ်းကျိုးရဲ့မျက်နှာက တဖန် နီဆွေးသွားပြန်တယ်။

သူက ဝမ်ရှောင်းယွင်ပါးစပ်ကို အလျင်စလို ပိတ်လိုက်ပြီး အသံတိုးဖွဖွနဲ့ ပြောတယ်: "ထပ်မပြောပါနဲ့တော့။ ကျွန်တော်.... ကျွန်တော်စဉ်းစားဖို့လိုတယ်...."

အဲဒီည

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်နဲ့ အတူတူ မအိပ်တော့ဘူး။

သူက ဝမ်ရှောင်းယွင်ကို အိပ်နေရင်း သူ့နတ်ဘုရားပုံတော်ကို ဖက်ထားခွင့်လည်း မပြုခဲ့ဘူး။

ဝမ်ရှောင်းယွင်က ဘာလို့လဲ မမေးခဲ့ဘူး။ သူက အမြဲတမ်း ကျွမ်းကျိုးရဲ့ ဆုံးဖြတ်ချက်တိုင်းကို ထောက်ခံတယ်။

ကျွမ်းကျိုးက စောင့်ဆိုင်းနေတယ်။ ဝမ်ရှောင်းယွင် အိပ်မောကျသွားပြီးနောက်မှာ နတ်ဘုရားပုံတော်ကို ယူပြီး ခေါင်မိုးပေါ်တက်သွားတယ်။

နောက်ဆုံးဝိညာဉ်ဆက်သွယ်ရေးလက်ဖွဲ့လေးကို ချန်ခွင်းအိတ်ကနေ ထုတ်လိုက်တယ်။

သူက ကောင်းကင်ယံကို ငေးငိုင်စွာနဲ့ ကြည့်နေတယ်။ အဲဒီနောက် သူ့လက်ထဲက လက်ဖွဲ့လေးကို ကြည့်လိုက်ပြီး နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်တယ်။

ဝိညာဉ်ဆက်သွယ်ရေးလက်ဖွဲ့ကို မီးညှိလိုက်တယ်။ လက်ဖွဲ့ မီးလောင်ကျွမ်းသွားတာနဲ့ သူက တိုးဖွစွာ မေးလိုက်တယ်: "ဦးလေးမဟာနတ်မင်းကြီး တကယ်လို့ဝမ်ရှောင်းယွင်က နောက်ကျလို့ ကျွန်တော့်ကို ဖွင့်ပြောလာရင်၊ ကျွန်တော်နဲ့ လက်ထပ်ချင်တယ်လို့ ပြောရင် ကျွန်တော်လက်ခံလိုက်ရမလား"

လက်ဖွဲ့လေးဟာ နည်းနည်းချင်း ပြာအဖြစ် လောင်ကျွမ်းသွားတယ်။ ဝိညာဉ်စွမ်းအင်တွေက လေထဲမှာ လွင့်မျောနေပြီး ဦးတည်ရာရှာမတွေ့ဖြစ်နေတယ်။

"အရှင်က အရင်ကပြောဖူးတယ်လေ။ ဒီလိုကိစ္စမျိုးကို အရှင့်ကိုအစီရင်ခံရမယ်လို့လေ။ အခု ကျွန်တော် အစီရင်ခံပြီးပြီနော်...."

ဦးတည်ရာရှာမတွေ့တဲ့ ဝိညာဉ်စွမ်းအင်က တဖြည်းဖြည်း အငွေ့ပျံသွားတယ်။ ကျွမ်းကျိုးက ပျောက်ကွယ်သွားတဲ့ ဝိညာဉ်စွမ်းအင်တွေကို ကြည့်လိုက်ပြီး အခုလေးတင် ဝမ်းရှောင်းယွင် သူ့ကိုပြောတဲ့အတိုင်း ဖြည်းဖြည်းချင်း ထပ်ပြောလိုက်တယ်:

"ဘာမှမပြောဘူးဆိုတော့ ခွင့်ပြုတယ်လို့ ယူဆလိုက်မယ်နော်"

ကျွမ်းကျိုးက မတ်တပ်ရပ်လိုက်ပြီး ညကောင်းကင်မှာ တောက်ပစွာ ထွန်းလင်းနေတယ် ကြယ်တွေအများကြီးကို ကြည့်လိုက်ပြီး : "ကျေးဇူးတင်ပါတယ်၊ ဦးလေးမဟာနတ်မင်းကြီး"

အိုကေ၊ သူက မဟာနတ်မင်းကြီးရဲ့ ခွင့်ပြုချက်ကို လက်ခံရပြီးသွားပြီ။

ဒါဆို အခုသူ ဝမ်ရှောင်းယွင်နဲ့ အတူရှိလို့ရသွားပြီလို့ ပြနေတာမလား။

နောက်တစ်နေ့

ကျွမ်းကျိုးရဲ့ နံပါတ်တစ်စစ်သင်တန်းကျောင်းကို တက်တော့မဲ့သတင်းက ထပ်ပြီး ကြယ်စုကွန်ရက်ကို ပေါက်ကွဲထွက်မတတ် ဖြစ်စေတယ်။

အကြောင်းအရင်းကတော့ ပထမတပ်ဖွဲ့ကတီးဝမ်က သူ့ရဲ့ကိုယ်ပိုင်ဘလော့မှာ တင်လိုက်လို့ပဲ။

တီးဝမ်V: ငါက အမြဲတမ်း နံပါတ်တစ်စစ်သင်တန်းကျောင်းဆိုတာ အင်ပါယာအနာဂတ်ရဲ့ ထောက်တိုင်လို့ ယုံထားခဲ့တာ။ ဒါက အင်ပါယာက ထိပ်တန်းဉာဏ်ကြီးရှင်တွေကို ပျိုးထောင်ရာစင်တာလို့လေ။ ထူးချွန်တဲ့အရည်အချင်းတွေမရှိဘဲ လူတစ်ယောက်က နံပါတ်တစ်စစ်သင်တန်းကျောင်းကို ဘယ်လိုလုပ် ဝင်လို့ရမှာလဲ။ ကျောင်းက နိုင်ငံရေးအတွက် စစ်တလင်း မဟုတ်ဘူး။ ဒါက အကျင့်ပျက်ခြစားတာတွေကို လက်မခံသင့်တဲ့ မြင့်မြတ်တဲ့နေရာပဲ။ တကယ်လို့ ဒီနေ့ ငါ့မှာ အာဏာနဲ့ ဂုဏ်သတင်း ရှိတယ်ဆိုတာနဲ့တင် နကန်းတစ်လုံးမှ မသိတဲ့ အသုံးမကျတဲ့အမှိုက်ကို နံပါတ်တစ်စစ်သင်တန်းကျောင်းကို သွင်းလိုက်မယ်ဆိုရင် နောက်ဆိုရင် 'အာဏာနဲ့ ဂုဏ်သတင်း' ရှိတဲ့တခြားသူတွေကလည်း ပိုလို့တောင် အသုံးမကျတဲ့အမှိုက်တွေကို ကျောင်းကို သွင်းနိုင်မှာမဟုတ်ဘူးလား။ အဲဒီအချိန်ကျရင် နံပါတ်တစ်စစ်သင်တန်းကျောင်းက ထူးချွန်တဲ့နေရာတစ်ခုဟုတ်ပါတော့မလား။ ကျောင်းသားတွေ မျှော်လင့်တောင့်တတဲ့ မြင့်မြတ်တဲ့နေရာတစ်ခု ဖြစ်ပါဦးမလား။

တီးဝမ်ဆီက ဒီစကားတွေက ကြယ်စုကွန်ရက်တခွင်မှာ အရှိန်အဟုန်ပြင်းတဲ့မုန်တိုင်းတစ်ခုကို ချက်ချင်း ဖြစ်သွားစေတယ်။

လူတိုင်းက တီးဝမ် ဘယ်သူ့အကြောင်းပြောနေလဲဆိုတာ သိတယ်။

မနေ့က ကျွမ်းကျိုးနဲ့ နံပါတ်တစ်စစ်သင်တန်းကျောင်းက ဆရာတစ်ယောက် နာမည်ကြီးနေတဲ့သတင်းခေါင်းစဉ်မှာ ပါလာတယ်။ လူတိုင်းက ကျွမ်းကျိုးက နံပါတ်တစ်စစ်သင်တန်းကျောင်းမှာ စာလေ့လာတော့မယ်လို့ ခန့်မှန်းနေကြတယ်။

နောက်တစ်နေ့မှာပဲ တီးဝမ်က ဒီပို့စ်ကို ချက်ချင်း တင်လိုက်တယ်။ ဒီထက်ရှင်းတာ မရှိတော့ဘူး။

ပထမတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးတစ်ယောက်အနေနဲ့ တီးဝမ်ကလည်း လူကြားမှာ အလားတူ နာမည်ကြီးသူတစ်ဦးဖြစ်တယ်။ သူ့ရဲ့အမြင်ကလည်း မရေမတွက်နိုင်အောင် ထောက်ခံမှုတွေရလိုက်တယ်။

"တပ်ဖွဲ့မှူးတီးဝမ်ပြောတာ မှန်တယ်။ နံပါတ်တစ်စစ်သင်တန်းကျောင်းဆိုတာ အင်ပါယာက ထိပ်တန်းဉာဏ်ကြီးရှင်တွေကို ပျိုးထောင်တဲ့နေရာပဲ။ ဒီအတွက် ပညာအရည်အချင်းတွေရှိဖို့လိုတယ်။ လူတကာ ဝင်နိုင်တဲ့နေရာမဟုတ်ဘူး"

"အမှန်ပဲ! သူ့က ဗိုလ်ချုပ်ကြီးဝမ်နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတာနဲ့ ကျောင်းကို အလိုလိုဝင်ခွင့်ပေးလိုက်လို့ မရဘူး"

"စစ်သင်တန်းကျောင်းမှာ ဝင်ခွင့်ရဖို့ အစစ်ခံခဲ့ရတဲ့ ငါတို့တွေက အားလုံး အထူးချွန်ဆုံးကျောင်းသားတွေပဲ!"

"မစ္စတာကျွမ်းက နံပါတ်တစ်စစ်သင်တန်းကျောင်းကို တက်လို့မရတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူက မူလတန်းကိုပြန်သွားပြီး အဲဒီကနေ စသင်ယူတာ ကောင်းလိမ့်မယ်"

"ဒီလိုမပြောနဲ့၊ ဒီကျွမ်းxx က အနည်းဆုံးတော့ အခုလောက်ဆို အများသုံးကြယ်စုဘာသာစကားလောက်တော့ သိမှာပေါ့။ ဝေးလံခေါင်ဖျားက ကြယ်တစ်လုံးက ဒုက္ခသည်တစ်ယောက်အနေနဲ့ အများသုံးကြယ်စုဘာသာစကားကို သုံးတတ်တာကကို တော်တော်လေး အထင်ကြီးစရာကောင်းနေပြီ!"

"ဟားဟားဟား၊ ငါတော့ ရယ်သေပြီ။ အများသုံးကြယ်စုဘာသာစကားကို သုံးတတ်တာကကို တော်တော်လေး အထင်ကြီးစရာကောင်းနေပြီတဲ့လား"

"@ဝမ်ရှောင်းယွင်ဗိုလ်ချုပ်ကြီး ကျွန်တော်တို့က ခင်ဗျားရဲ့စစ်အောင်မြင်မှုတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ နံပါတ်တစ်စစ်သင်တန်းကျောင်းက အကျင့်ပျက်ခြစားရာ နေရာမဟုတ်ဘူး။ ဒီကိစ္စက မှန်လားမှားလားဆိုတာ လေးလေးနက်နက် ပြန်စဉ်းစားဖို့ မျှော်လင့်ပါတယ်။ သူက ခင်ဗျားဇနီးဆိုတာနဲ့တင် ကျောင်းစည်းကမ်းတွေကို လျစ်လျူရှုထားလို့မရဘူး!"

"@ဝမ်ရှောင်းယွင်ဗိုလ်ချုပ်ကြီး တခြားကျောင်းတွေကလည်း တော်တော်လေးကောင်းပါတယ်။ တကယ်လို့ ခင်ဗျားဇနီးကို အထူးတလည်လို့ ခံစားရစေချင်ရင် အပြင်မှာ မင်းစိုးမျိုးနွယ်တွေအတွက် ကျောင်းတွေအများကြီးရှိတယ်မလား။ ခင်ဗျားမသိဘူးဆိုရင် ကျွန်တော် အကြံပြုပေးလို့ရသေးတယ်။ ခင်ဗျားမိသားစုမှာ ပိုက်ဆံတွေရှိနေတာပဲလေ!"

ချန်ကျင့်ရွှယ်က ဒါကိုတွေ့တော့ လက်တွေ့မှာကို သွေးအန်တော့မလိုဖြစ်နေတယ်။

"ကျိုးကျိုး စိတ်မပူနဲ့၊ ကောကောက ဒီလူတွေကို ချက်ချင်းပြန်ချဖို့ ကူညီပေးမယ်"

ရှောင်ဖော့လန်ကလည်း သွားဖို့ စိုင်းပြင်းနေတယ်။ ဟုတ်တယ်! ပြန်ချပစ်!

ချန်ကျင့်ရွှယ်က ပြောတယ်: "စိတ်မပူနဲ့ မင်းတကယ် နံပါတ်တစ်စစ်သင်တန်းကျောင်းမှာ တက်ချင်တယ်ဆိုရင် သေချာပေါက် ငါမင်းကို ထောက်ပံ့ပေးမယ်"

ရှောင်ဖော့လန်က လက်သီးဆုပ်ထားတယ်: ဟုတ်တယ်! ထောက်ခံတယ်!

ကျွမ်းကျိုးက မေးစေ့ကိုပွတ်သပ်ပြီး ပြောတယ်: "ဒါပေမဲ့ သူတို့ပြောနေတာက အရမ်းမှန်တယ်လို့ ထင်တယ်။ ဒီလိုမျိုး ခြွင်းချက်လုပ်ပေးလို့မရဘူးလေ။ တကယ်ပဲ ကျွန်တော့်အတွက် နံပါတ်တစ်စစ်သင်တန်းကျောင်းမှာ သွားတက်ဖို့ မကောင်းဘူး"

ချန်ကျင့်ရွှယ်က အလျင်စလို ဆိုလိုက်တယ်: "ဒါပေမဲ့..."

ကျွမ်းကျိုးက လက်ခုပ်တီးလိုက်တယ်။ "အဲဒါကြောင့် ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်တော်က စာလေ့လာဖို့မသွားဘူး၊ ကျွန်တော် စာသွားသင်မယ်"

ချန်ကျင့်ရွှယ်က မျက်လုံးပြူးသွားတယ်။

ရှောင်ဖော့လန်ကလည်း ကြက်သေသေသွားတယ်။

လူတစ်ယောက်နဲ့ စက်ရုပ်တစ်ရုပ်: "အမ်"

ကျွမ်းကျိုးက ဆိုတယ်: "ကျွန်တော် ၁ဝဝရာခိုင်နှုန်း ဓာတ်ရောင်ခြည် ကာရံနိုင်တဲ့ မက်ခါတွေ ဘယ်လိုလုပ်ရလဲဆိုတာ သူတို့ကို သွားသင်မယ်၊ ဘယ်လိုထင်လဲ။ ဆရာသခင်လေးဆိုတဲ့ အထောက်အထားနဲ့ဆိုရင် သူတို့ကျွန်တော့်ကို လက်ခံမယ်လို့ ထင်လား"

ချန်ကျင့်ရွှယ်: ".........."

ရှောင်ဖော့လန်: ".........."

အိုး ငါ့လခွမ်း!

တကယ်လို့ နံပါတ်တစ်စစ်သင်တန်းကျောင်းအုပ်သာ မင်းက အဲဒီမှာ ဆရာလုပ်ချင်တယ်ဆိုတာသိရင် မင်းလာဖို့ကို သေချာပေါက် အနူးအညွတ်တောင်းပန်မှာပဲ!

အဟားဟားဟား သူ ရုတ်တရက် အခုပဲ တီးဝမ်ရဲ့မျက်နှာကို ကြည့်ချင်သွားတယ်!

.................xxx....................

စာရေးသူမှာ ပြောစရာရှိပါတယ်: PS--

ကျိုးကျိုး: ဦးလေးမဟာနတ်မင်းကြီး ကျွန်တော် စပြီးရည်းစားထားချင်ပါတယ်။

ကျိုးကျိုး: စကားမပြောဘူးဆိုတော့ သဘောတူတယ်လို့ပဲ ယူဆလိုက်တော့မယ်နော်!

မဟာနတ်မင်းကြီး: ????? မင်းပြောင်းလဲသွားပြီပဲ!

-Zawgyi-

အခန္း ၃၈: မျငင္းခ်င္ေတာ့ဘူး၊ ဒါေၾကာင့္ သေဘာတူလိုက္ၾကရေအာင္!

အတားခံလိုက္ရေပမဲ့ ကၽြမ္းက်ိဳးက ေဒါသေတာင္မထြက္ဘူး။ အဲဒီအစား ခ်ိန္က်န္႔႐ွန္ကို မ်က္လံုးေလးေတြ ေကြးညြတ္ေနေအာင္ၿပံဳးၿပီး ဆက္ၾကည့္ေနတယ္။ "ကၽြန္ေတာ့္ကို မွတ္မိေနေသးတာလား"

ခ်ိန္က်န္႔႐ွန္က အနည္းငယ္ အံ့အားသင့္သြားတယ္။ အဲဒီေနာက္ ယံုရခက္သလို ျဖစ္သြားတယ္။ "မင္းက ဖံုးကြယ္ဖို႔ေတာင္ မလုပ္ေတာ့ဘူးလား"

သူတို႔ တစ္ေယာက္ကိုတစ္ေယာက္ အရင္ကေတြ႕ဖူးတယ္ဆိုတာကို တည့္တိုးႀကီး ဝန္ခံလိုက္ေတာ့မလို႔လား။

သူ႔အေၾကာင္းေတြ လူသိသြားမွာကို မစိုးရိမ္ဘူးလားဟ။

ကၽြမ္းက်ိဳးက စိတ္႐ႈပ္ေထြးေနတဲ့ပံုနဲ႔ မ်က္ေတာင္ခတ္လိုက္တယ္: "ဘာျဖစ္လို႔ ကၽြန္ေတာ္က ဖံုးကြယ္ထားရမွာလဲ၊ ခင္ဗ်ားကိုသိတယ္ဆိုတာ ကၽြန္ေတာ္က ေျပာခြင့္မ႐ွိဘူးလား"

ဒီလိုေျပာရင္းနဲ႔ သူက တစ္ခုခုစဥ္းစားမိသြားပံုရတယ္။ သူက လူေတြရဲ႕ အရပ္မ်က္ႏွာမ်ိဳးစံုကေန စိတ္ဝင္တစား၊ အတင္းေျပာခ်င္ေနတဲ့ အၾကည့္ေတြကို လွည့္ပတ္ၾကည့္လိုက္ၿပီး ႐ုတ္တရက္ နားလည္သြားတယ္: "အိုး ကၽြန္ေတာ္သိၿပီ။ ခင္ဗ်ားက လွ်ိဳ႕ဝွက္ခ်က္ကို ဖံုးကြယ္ထားခ်င္တာ ဟုတ္တယ္မလား။ ေဆာရီးပဲ ဒါေပမဲ့ စိတ္မပူပါနဲ႔။ လြန္ခဲ့တဲ့ ရက္အနည္းငယ္က ခင္ဗ်ားအေဖ ခင္ဗ်ားကို တတိယတပ္ဖြဲ႔ကို ေခၚလာၿပီး ဝမ္ေ႐ွာင္းယြင္နဲ႔ေတြ႕ေပးတာကို ကၽြန္ေတာ္ေသခ်ာေပါက္ ဘယ္သူ႔ကိုမွ မေျပာပါဘူး။ ေသခ်ာေပါက္ ခင္ဗ်ားလွ်ိဳ႕ဝွက္ခ်က္ကို ထိန္းသိမ္းထားေပးပါ့မယ္"

ဒါကိုၾကားေတာ့ ခ်ိန္က်န္႔႐ွန္ကို ၾကည့္ေနၾကတဲ့ ေက်ာင္းသားေတြက အကုန္လံုး စၿပီး ေျပာလာၾကတယ္: "က်န္႔႐ွန္၊ မဟုတ္ေသးပါဘူး။ မင္းေျပာေတာ့ ဗိုလ္ခ်ဳပ္ႀကီးဝမ္က မင္းရဲ႕သင္တန္းေက်ာင္းကအဆင့္ေတြရယ္၊ အရည္အခ်င္းေတြ ဘယ္ေလာက္ထူးခၽြန္လဲဆိုတာ ေတြ႕သြားတယ္ဆုိ။ အဲဒါေၾကာင့္ပဲ ႁခြင္းခ်က္အေနနဲ႔ထားၿပီး တပ္ဖြဲ႕ထဲကို ေခၚလိုက္တယ္ဆို"

"ဒါဆို မင္းကို မင္းအေဖက အဆက္အသြယ္ေတြကေနတဆင့္ ေခၚသြင္းေပးတာေပါ့"

"အိုင္း ငါ့အေဖမွာသာ ဒီလိုအဆက္အသြယ္မ်ိဳး႐ွိရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ!"

ခ်ိန္က်န္႔႐ွန္က ခ်က္ခ်င္းဆိုသလို အနည္းငယ္ စိတ္ဆိုးသြားတယ္။ တစ္ခုက အတိတ္က အရမ္းကိုေသာက္ရမ္း*ထူးျခားေနခဲ့တဲ့အတြက္ သူ႔ကိုယ္သူ စိတ္ဆိုးမိတာ။ သူဘာျဖစ္လို႔ ဒီလိုမ်ိဳးေျပာႏိုင္ခဲ့ရတာလဲ။ ဒုတိယတစ္ခ်က္က ကၽြမ္းက်ိဳးကိုလည္း စိတ္ဆိုးတယ္။ သူက နည္းနည္း စိတ္လႈပ္႐ွားစြာနဲ႔ ေျပာတယ္: "မင္း... ေပါက္ကရေတြ မေျပာနဲ႔! ငါ့အေဖက ဗိုလ္ခ်ဳပ္ႀကီးဝမ္ကိုေတြ႕ဖို႔ေခၚသြားတာ..... တျခားကိစၥအတြက္ကြ!" (T/N *႐ြဲ႕ေျပာတဲ့သေဘာပါ)

သို႔ေပမဲ့ ဘာကိစၥမ်ား႐ွိဦးမွာလဲ၊ လူအားလံုး နားလည္လိုက္တယ္။

ခ်ိန္က်န္႔႐ွန္က အေၾကာင္းျပခ်က္တခ်ိဳ႕ ေပးလာတယ္။ ဘယ္သူကမွ သူ႔ကိုမယံုတာကိုေတြ႕ေတာ့ နည္းနည္း သုန္မႈန္လာၿပီး ကၽြမ္းက်ိဳးကို ေမးခြန္းထုတ္ေတာ့တယ္: "ဒီအေၾကာင္း ဘယ္လိုလုပ္သိတာလဲ"

ကၽြမ္းက်ိဳးက ေျပာတယ္: "ေသခ်ာေပါက္ ကၽြန္ေတာ္သိတာေပါ့၊ ကၽြန္ေတာ့္ကို မွတ္မိတယ္မဟုတ္ဘူးလား"

အခု ဒါက တကယ္ ခ်ိန္က်န္႔႐ွန္ကို နည္းနည္း စိတ္႐ႈပ္ေထြးေစတယ္။ သူက တစ္ဖက္လူကို မွတ္မိတယ္။ ဒီလူကလည္း အားလံုးကို ပြင့္ပြင့္လင္းလင္း ဝန္ခံလိုက္ၿပီးၿပီမဟုတ္ဘူးလား။

ကၽြမ္းက်ိဳးက မ႐ွက္ဘူး။ သူ႔မ်က္ႏွာထက္က ႏွာေခါင္းစည္းကို ေအာက္ထိဆြဲခ်လိုက္ၿပီး ႏွာေခါင္းစည္းေနာက္ကြယ္က လက္ရာေျမာက္ေလာက္ေအာင္ ၿပီးျပည့္စံုတဲ့ မ်က္ႏွာကို ျပသလိုက္တယ္။ သူက ခ်ိန္က်န္႔႐ွန္ကို လျခမ္းေကြးေလးကဲ့သို႔ ေကြးညြတ္ေနတဲ့ မ်က္ခံုးေတြနဲ႔အတူ ၿပံဳးျပလာတယ္။ အလြန္ကိုမွ ေတာက္ပေနၿပီး​ ႐ႊင္ျမဴးေနဟန္ရတယ္။

သူကေျပာတယ္: "ကၽြန္ေတာ့္ကို တျခားတစ္ေယာက္နဲ႔မ်ား မွားေနသလား။ ကၽြန္ေတာ့္ကို အရင္က ေတြ႕ဖူးပါတယ္။ တတိယတပ္ဖြဲ႕မွာေလ။ ခင္ဗ်ားအေဖ ဝမ္ေ႐ွာင္းယြင္နဲ႔ေတြ႕ေပးဖို႔ ခင္ဗ်ားကိုေခၚလာတုန္းက ကၽြန္ေတာ္လည္း အစည္းအေဝးခန္းထဲမွာ ႐ွိတယ္။ ဒါေပမဲ့ အဲဒီတုန္းက...."

ကၽြမ္းက်ိဳး ရပ္လိုက္တယ္။ အဲဒီေနာက္ ေတာ္ေတာ္ေလး ကိုယ္ခ်င္းစာနာဟန္နဲ႔ ေျပာလိုက္တယ္: "ခင္ဗ်ားက အဲဒီတုန္းက ေတာ္ေတာ္ေလး ၾကည့္ရဆိုးေနခဲ့တယ္။ အဲဒါေၾကာင့္ ကၽြန္ေတာ့္ကို သတိမထားမိတာေနမယ္။ အခုေလးတင္ ကၽြန္ေတာ့္ကို တျခားတစ္ေယာက္နဲ႔မ်ား မွားေနတာလား"

လူငယ္ေလးရဲ႕အသံက သူ႔ရဲ႕အျပစ္ကင္းစင္တဲ့ အျပင္က႐ုပ္သြင္အတိုင္း ႏူးညံ့ၿပီး ခ်ိဳသာလွတယ္။ သူခ်စ္ဖို႔ေကာင္းၿပီး အျပစ္ကင္းစင္တယ္ဆိုတာကို လူေတြလက္သင့္ခံဖို႔ သူ႔မ်က္ႏွာေလးကို ၾကည့္ဖို႔ပဲလိုအပ္တယ္၊ ေသခ်ာေပါက္ လိမ္ေျပာမဲ့သူမဟုတ္ဘူးပဲ။

ေဘးပတ္ဝန္းက်င္က ေက်ာင္းသားေတြ ကၽြမ္းက်ိဳးရဲ႕မ်က္ႏွာကို ျပတ္ျပတ္သားသား ျမင္လိုက္တဲ့အခါ အားလံုး တအံ့တဩသံမ်ား ထြက္က်လာတယ္!

ဒီလူက ဝမ္ေ႐ွာင္းယြင္ တရားဝင္ေၾကညာထားတဲ့သူ မဟုတ္ဘူးလား။

သူက ဝမ္ေ႐ွာင္းယြင္မိဘေတြနဲ႔ေတာင္ လတ္တေလာက ေတြ႕ခဲ့ေသးတယ္။ မဒမ္ဝမ္က သူ႔ကို ေ႐ွာ့ပင္းေမာလ္တစ္ခုလံုး လက္ေဆာင္ေပးဖို႔ ပိုက္ဆံေတြ အပံုလိုက္သံုးခဲ့ေသးတယ္။ သူဘာႀကိဳက္တတ္မွန္း မသိတာေလးအတြက္နဲ႔ေနာ္! အဲဒါနဲ႔ သူက ႐ိုး႐ိုး႐ွင္း႐ွင္းပဲ အားလံုးကို ဝယ္ခ်လိုက္တယ္!

သူက တိုက္႐ိုက္အသံလႊင့္ခ်က္ေတြနဲ႔ ဗီဒီယိုေတြထဲကထက္ ပိုလို႔ေတာင္ ၾကည့္ေကာင္းေနမယ္လို႔ ဘယ္သူထင္မိမွာလဲ။

ဒီအနာအဆာကင္းတဲ့ အသားအေရ၊ စင္ၾကယ္ ၾကည္လင္ေနတဲ့ မ်က္လံုးေတြနဲ႔ ႏူးညံ့သိမ္ေမြ႕တဲ့မ်က္ႏွာေလး! အနီးကပ္ၾကည့္လိုက္ရင္ သူ႔ထက္ၾကည့္ေကာင္းတဲ့သူ ဘယ္သူမွကို မ႐ွိေတာ့ဘူး!

အခု ၾကည့္ရတာ ခ်ိန္က်န္႔႐ွန္ကို သူ တတိယတပ္ဖြဲ႕မွာေတြ႕တယ္ဆိုတာ တကယ္ပဲ ျဖစ္ေလာက္တယ္။

အခုေတာ့ ခ်ိန္က်န္႔႐ွန္က ပိုလို႔ေတာင္ ေၾကာင္အေနေသးတယ္: "ဘယ္လိုလုပ္ မင္းျဖစ္ေနရတာလဲ"

သူ႔ပါးစပ္ကေန အံ့အားသင့္ေနတဲ့စကားေတြ ထြက္သြားၿပီးေနာက္မွာ အခုေလးတင္ သူ႔ရဲ႕႐ိုင္းပ်မႈကို သတိရသြားၿပီး အလ်င္အျမန္ ျပန္ျပင္ေျပာလိုက္တယ္: "မစၥတာကၽြမ္း၊ ကၽြန္ေတာ္....."

မဟုတ္ေသးဘူး! မဟုတ္ေသးဘူး!

ေသခ်ာေပါက္ သူတစ္ဖက္လူကို ျမင္လိုက္တုန္းက ၾကယ္စုဒဂၤါးမ်က္ႏွာဖံုးတပ္ထားတဲ့ သူ႔ကိုယ္သူ ႂကြယ္ဝျခင္းနတ္ဘုရားလို႔ ေျပာတဲ့ လူပံုသဏၭာန္ကို တကယ္ျမင္လိုက္ရတာ။

သူက ဘယ္လိုလုပ္ မစၥတာကၽြမ္းျဖစ္သြားရတာလဲ။

မစၥတာကၽြမ္းနဲ႔သူက လူတစ္ေယာက္တည္းမဟုတ္သေ႐ြ႕ေပါ့။

ခ်ိန္က်န္႔႐ွန္က သူ႔အိပ္မက္ထဲက အေၾကာင္းအရာေတြကို ႀကိဳးစားၿပီး ျပန္မွတ္မိေအာင္လုပ္လိုက္တယ္။ ဒါေပမဲ့ ႐ုတ္တရက္ဆိုသလို သူ႔အိပ္မက္အေၾကာင္းအရာေတြက ဝိုးတိုးဝါးတား ျဖစ္ျဖစ္လာတာကို ေတြ႕လိုက္ရတယ္။

ကၽြမ္းက်ိဳးရဲ႕မ်က္ႏွာကို ထပ္ၾကည့္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္ကို အတူတူ ဆက္စပ္ၾကည့္စရာအေၾကာင္း ဘာမွမ႐ွိေတာ့ဘူး။

မစၥတာကၽြမ္းက ငယ္႐ြယ္ၿပီး အျပစ္ကင္းစင္တယ္၊ လိမ္ညာတယ္ဆိုတာ ဘာမွန္းေတာင္မသိတဲ့သူဆိုတဲ့ အျမင္ကိုေပးေနတယ္။

ေနာက္ၿပီး ေနာက္ၿပီးေတာ့...

သူက တကယ္ကို အရမ္းကို အားနည္းတဲ့ပံုေပါက္ေနတယ္ေလ o(╯□╰)o

ခ်ိန္က်န္႔႐ွန္က ဒီလူငယ္ေလးကို လက္တစ္ဖက္တည္းနဲ႔ေတာင္ ျပားသြားေအာင္ ဖိညွစ္လို႔ရေလာက္တယ္လို႔ ခံစားေနရတယ္။

သူက တကယ္ပဲ လူေတြအမ်ားႀကီးရဲ႕ မသိစိတ္ကို တစ္ၿပိဳင္နက္တည္း ဝင္က်ဴးေက်ာ္ႏိုင္တဲ့ ႂကြယ္ဝျခင္းနတ္ဘုရားျဖစ္ေလာက္တဲ့အထိ အားေကာင္းတဲ့သူ ဟုတ္ပါ့မလား။

လူငယ္ေလးရဲ႕ အျပစ္ကင္းစင္ၿပီး အႏၱရာယ္မေပးႏိုင္တဲ့ မ်က္လံုးေတြထဲကို ၾကည့္လိုက္ေတာ့ သူ႔ကို သံသယဝင္မိေလာက္ေအာင္ကို သူ႔ႏွလံုးသားက အလြန္ေမွာင္မိုက္ေနလြန္းတယ္လို႔ ခ်ိန္က်န္႔႐ွန္က ခံစားလိုက္ရတယ္။

သို႔ေပမဲ့ ကၽြမ္းက်ိဳးကေတာ့ အလြန္မွ နားလည္ေပးတတ္တယ္။ သူက တစ္ခ်ိန္လံုးမွာ ၿပံဳးရယ္ေနခဲ့တယ္။ သူၿပံဳးလိုက္တဲ့အခါ ေဖာ္ေ႐ြမႈနဲ႔ သူ႔အနားကို ခ်ဥ္းကပ္ႏိုင္စြမ္းက အလြန္မွ အားေကာင္းလွတယ္။ အေျခအေနကို ေျပာင္းျပန္လွန္လိုက္ၿပီး သူက ခ်ိန္က်န္႔႐ွန္ကို စတင္၍ ႏွစ္သိမ့္ေပးလိုက္တယ္: "ရပါတယ္၊ ကၽြန္ေတာ္ နားလည္ပါတယ္! လူေတြက အရင္တုန္းကလည္း ကၽြန္ေတာ့္ကို တျခားလူနဲ႔ အထင္မွားဖူးတာပဲ။ ကၽြန္ေတာ္က အလြန္ကို သာမန္ဆန္တဲ့ ခႏၶာကိုယ္တည္ေဆာက္ပံု႐ွိလို႔ ေနမွာပါ။ ကၽြန္ေတာ့္မ်က္ႏွာကို မၾကည့္ရင္ လူတကာနဲ႔ တူေနတဲ့ပံုပဲ"

ခ်ိန္က်န္႔႐ွန္အေျဖကိုေတာင္ မေစာင့္ေတာ့ဘဲ ေဘးပတ္လည္က ေက်ာင္းသားေတြက စိတ္မခ်မ္းမသာျဖစ္သြားၿပီး အကုန္လံုး သူ႔ကို စတင္ၿပီး စိန္းစိန္းဝါးဝါး ၾကည့္လိုက္တယ္။

မင္းမ်က္လံုးက ဘာျဖစ္ေနတာလဲ။

ငါတို႔ရဲ႕မစၥတာေ႐ွာင္ကၽြမ္းေလးက အင္မတန္မွ ၾကည့္ေကာင္းၿပီး အရမ္းကိုခ်စ္စရာေကာင္းတယ္! မင္းက တကယ္ႀကီး သူ႔ကို တျခားလူနဲ႔ မွားေသးတယ္ေပါ့!

မင္းမ်က္လံုးေတြက အိတ္စ္ေရးအျမင္မို႔လို႔လား။ လူေတြကို အ႐ိုးတည္ေဆာက္ပံုနဲ႔ပဲ လူေတြကို ျမင္ရတာလား။

ခ်ိန္က်န္႔႐ွန္: "........."

ကၽြမ္းက်ိဳး ေရာက္ေနတာေၾကာင့္ ေက်ာင္းေပါက္ဝမွာ လူေတြ ပိုပိုမ်ားလာတယ္။ လူအေျမာက္အျမားက တဆင့္စကားတဆင့္နားနဲ႔ ေရာက္လာၾကၿပီး အားလံုးက ဝမ္ေ႐ွာင္းယြင္ သတင္းေတြထဲမွာ တရားဝင္ေၾကညာလိုက္တဲ့သူက အျပင္မွာ တကယ္ဘယ္လိုပံုလဲဆိုတာ ျမင္ခ်င္ေနၾကတယ္။

ဟန္ခ်င္းေ႐ွာင္းက ကၽြမ္းက်ိဳးကို တိတ္တဆိတ္ သတိေပးလိုက္တယ္: "ခ်န္.... မစၥတာကၽြမ္းက်ိဳး၊ ကၽြန္ေတာ္တို႔ သြားသင့္ေနၿပီ" (T/N ခ်န္ေပ့ဆိုၿပီး ေခၚမိေတာ့မလို႔ပါ)

ကၽြမ္းက်ိဳးက ေခါင္းညိတ္လိုက္တယ္: "အင္းအင္း ဒါဆို ကၽြန္ေတာ္သြားေတာမယ္ အားလံုးပဲ ဘိုင့္ဘိုင္"

သူက လူတိုင္းကို ေဝွ႕ယမ္းႏႈတ္ဆက္လိုက္ၿပီးေနာက္ ဟန္ခ်င္းေ႐ွာင္းရဲ႕အေစာင့္အေ႐ွာက္နဲ႔ ထြက္သြားေတာ့တယ္။

ကၽြမ္းက်ိဳးထြက္သြားၿပီး သိပ္မၾကာလိုက္ဘူး၊ 'ဗိုလ္ခ်ဳပ္ႀကီးဇနီးက နံပါတ္တစ္ စစ္သင္တန္းေက်ာင္းကို လာတက္ေတာ့မယ္' ဆိုတဲ့ ေကာလာဟလတစ္ခုက ေတာမီးလိုပဲ စတင္ပ်ံ႕ႏွံ႔လာေတာ့တယ္။

အင္ပါယာက နံပါတစ္စစ္သင္တန္းေက်ာင္းမွာ အင္ပါယာတစ္ခုလံုးက အထူးခၽြန္ဆံုးေက်ာင္းသားေတြ စုေနတာျဖစ္တယ္။ ဒါေပမဲ့ တက္ခြင့္ရဖို႔ သိပ္မလြယ္ဘူး။ တစ္ခ်ိန္တည္းမွာပဲ ဟန္ခ်င္းေ႐ွာင္းက ေက်ာင္းမွာဆရာတစ္ေယာက္ ျဖစ္ေနၿပီး ဆရာႀကီးကယ္လုအန္းရဲ႕ တပည့္လည္း ျဖစ္ေနေသးတယ္။

ကယ္လုအန္းနဲ႔ တတိယတပ္ဖြဲ႕က ဝမ္ေ႐ွာင္းယြင္က ေကာင္းမြန္တဲ့ဆက္ဆံေရး႐ွိတယ္။ ဒါေၾကာင့္ပဲ လူတိုင္းက ခန္႔မွန္းေနၾကတယ္: ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳးကို နံပါတ္တစ္စစ္သင္တန္းေက်ာင္းကို သြင္းဖို႔ၾကံစည္ေနတာလား။

ဘာအေၾကာင္းျပခ်က္ေၾကာင့္ပဲျဖစ္ျဖစ္ ဒီကို ကၽြမ္းက်ိဳးေရာက္လာတယ္ဆိုတာက ခ်က္ခ်င္းကို ေရပန္းအစားဆံုး ေဆြးေႏြးစရာအေၾကာင္းအရာေတြထဲကို ေရာက္သြားေစၿပီး ဆယ္လီဘရစ္တီအုပ္စုကို အလြန္အားက်သြားေစတယ္။

ဆယ္လီဘရစ္တီေတြ ကိုယ္တိုင္ကလြဲရင္ ကၽြမ္းက်ိဳးက ျပည္သူျပည္သားေတြဆီကေန ျမင့္မားတဲ့ အသိအမွတ္ျပဳတန္ဖိုးထားခံရမႈရ႐ွိထားတဲ့သူ၊ ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းကလူေတြတင္ မဟုတ္တဲ့ တစ္ေယာက္တည္းေသာသူပဲ ျဖစ္ေလာက္တယ္။

ကၽြမ္းက်ိဳးက ဟန္ခ်င္းေ႐ွာင္းနဲ႔အတူ ကားပ်ံထဲကိုဝင္လိုက္တယ္။ သူကားပ်ံထဲကိုေရာက္တာနဲ႔ တစ္ၿပိဳင္နက္ ဂ်ယ္လီလိုပဲ ေခြေခါက္က်သြားၿပီး ထိုင္ခံုေပၚမွာ လံုးလံုးလ်ားလ်ားကို ေကြးလိုက္တယ္၊ မ်က္ႏွာမွာလည္း စိတ္ဒဏ္ရာရၿပီးေနာက္ က်လာတဲ့မ်က္ရည္ေတြအျပည့္နဲ႔ ျဖစ္ေနတယ္။

ဟန္ခ်င္းေ႐ွာင္း: "ခ်န္ေပ့၊ ဘာျဖစ္တာလဲ"

ကၽြမ္းက်ိဳးက ရင္ဘတ္ကို ဖိလုိက္ၿပီး : "သီသီေလး၊ သီသီေလးပဲ။ ငါ့ကို လူသိသြားေတာ့မလို႔! ကံေကာင္းလို႔ ငါတံု႔ျပန္တာ ျမန္သြားလို႔!"

ငါသာ လံုေလာက္ေအာင္ ႀကိဳးစားၿပီးဟန္ေဆာင္လိုက္ရင္ရၿပီ! ဘယ္သူမွ ငါ့ကို သံသယဝင္မွာမဟုတ္ဘူး!

ဟန္ခ်င္းေ႐ွာင္း: "?"

ဟန္ခ်င္းေ႐ွာင္း မ်က္လံုးျပဴးသြားတယ္: "ဒါဆို အဲဒီေက်ာင္းသားက လူမွားသိတာမဟုတ္ဘူးေပါ့၊ သူေျပာတဲ့သူက တကယ္ပဲ လူႀကီးမင္းလား"

ကၽြမ္းက်ိဳးက မ်က္ရည္ေတြနဲ႔ ေျဖလိုက္တယ္: "ဟုတ္တယ္"

ၾကယ္အစုအေဝးက လူေတြကို လွည့္စားဖို႔ ပိုပိုၿပီး ခက္ခဲလာမယ္လို႔ သူဘယ္တုန္းကမွ မထင္ထားဘူး။ ၾကည့္ရတာ ေနာက္ဆိုရင္ အၾကာႀကီးေနမွ တစ္ခါေလာက္ပဲ အိပ္မက္ေပးရမယ္ထင္တယ္။

ၾကယ္အစုအေဝးကလူေတြက စိတ္စြမ္းအားျမင့္မားၾကတယ္၊ အထူးသျဖင့္ S အဆင့္စိတ္စြမ္းအား႐ွိတဲ့သူေတြပဲ။ သူတို႔ကို သူတစ္ခါပဲ အိပ္မက္ေပးလို႔ရတယ္။ ဒုတိယအႀကိမ္ဆိုရင္ သူ႔႐ုပ္ကို ပိုၿပီးျပတ္ျပတ္သားသား မွတ္မိေအာင္ လုပ္သလိုျဖစ္သြားလိမ့္မယ္!

"ဆင္ေျခေပးေနတာေတြက ဖံုးဖိၿပီးေျပာေနတာ။ ကၽြန္ေတာ္ ႐ွင္းျပဖို႔ ႀကိဳးစားေလေလ သူက ပိုၿပီးသံသယဝင္ဖို႔ ျဖစ္ႏိုင္ေျခမ်ားေလေလပဲ။ အဲဒါေၾကာင့္ ကၽြန္ေတာ္ကိုယ့္ကၽြန္ေတာ္ ေဖာ္မိလိုက္ႏိုင္တယ္" အဲဒီေနာက္မွာ ကၽြမ္းက်ိဳးက ဟန္ခ်င္းေ႐ွာင္းကို ေမးလုိက္တယ္: "အခုေလးတင္ ကၽြန္ေတာ္ဘာမွ မေဖာ္လိုက္မိဘူးမလား၊ ကၽြန္ေတာ္ ဟန္ေဆာင္တာ ဘယ္လိုေနလဲ"

ဟန္ခ်င္းေ႐ွာင္းက သူ႔ေ႐ွ႕က အျပစ္ကင္းစင္ၿပီး အႏၱရာယ္ကင္းတဲ့ လူငယ္ေလးကို ၾကည့္လိုက္တယ္: "......"

ဒါဆို တကယ္ပဲ စစ္မွန္တဲ့ သိုးျဖဴေလးေတြဆိုတာ တကယ္မ႐ွိဘူးပဲ။ အႏၱရာယ္မေပးႏိုင္ဆံုး သိုးေလးမွာေတာင္မွ အေမွာင္ျခမ္းဆိုတာ ႐ွိတာပဲ။

ဟန္ခ်င္းေ႐ွာင္းက စိတ္ရင္းနဲ႔ အတည္ျပဳေပးလိုက္တယ္: "အရမ္းေကာင္းတယ္"

အနည္းဆံုးေတာ့ သူ႔ကို ႏွပ္ခ်လိုက္ႏိုင္တယ္။

ကၽြမ္းက်ိဳးကို ဝမ္ေ႐ွာင္းယြင္အိမ္ျပန္ပို႔ၿပီး မနက္ျဖန္ စာၾကည့္တိုက္သြားဖို႔ သေဘာတူလိုက္ၿပီးေနာက္မွာ ဟန္ခ်င္းေ႐ွာင္း ထြက္သြားတယ္။

သူမျပန္ခင္ ဒီေန႔အျဖစ္အပ်က္အေၾကာင္း ဝမ္ေ႐ွာင္းယြင္ကို မက္ေဆ့ပို႔ဖို႔လည္း မေမ့ဘူး။

ဝမ္ေ႐ွာင္းယြင္ အိမ္ျပန္ေရာက္ေတာ့ ကၽြမ္းက်ိဳးနဲ႔ ေ႐ွာင္ေဖာ့လန္က မက္ခါအသစ္တစ္စီးကို အတူတူ တပ္ဆင္ေနတယ္။

သူျပန္လာတာကိုေတြ႕ေတာ့ ကၽြမ္းက်ိဳးက ခ်က္ခ်င္း သူလုပ္လက္စေတြခ်ၿပီး အေျပးလာတယ္: "ဝမ္ေ႐ွာင္းယြင္ ျပန္လာၿပီလား"

ဝမ္ေ႐ွာင္းယြင္က 'အင္း' ဆိုၿပီး အသံေပးလိုက္ၿပီး လက္ထဲကပစၥည္းေတြကို ယူလိုက္တယ္။ လမ္းမွာလည္း ကၽြမ္းက်ိဳးေခါင္းေလးကို ပြတ္ေပးလုိက္တယ္: "ပင္ပန္းသြားၿပီ"

ကၽြမ္းက်ိဳးက ဆိုတယ္: "ဘာမွမျဖစ္ပါဘူး။ ဒီေန႔ နံပါတ္တစ္စစ္သင္တန္းေက်ာင္းကိုေတာင္ သြားခဲ့ေသးတယ္။ လူတစ္ေယာက္နဲ႔ေတာင္ ေတြ႕ခဲ့ေသးတယ္....."

ဝမ္ေ႐ွာင္းယြင္က ဟန္ခ်င္းေ႐ွာင္းဆီက ဒီအေၾကာင္းၾကားၿပီးသြားၿပီ။ ဟန္ခ်င္းေ႐ွာင္းက ကၽြမ္းက်ိဳးကို လာႀကိဳတာေလ။ အလိုအေလ်ာက္ပဲ ကၽြမ္းက်ိဳးကို အျပင္ကိုေခၚသြားဖို႔ဆိုရင္ ဝမ္ေ႐ွာင္းယြင္ရဲ႕ခြင့္ျပဳခ်က္ လိုတာပဲ။ မဟုတ္ရင္ အထဲဝင္လို႔ေတာင္ ရမွာမဟုတ္ဘူး။

ဒါေတာင္မွ ဝမ္ေ႐ွာင္းယြင္က သူငယ္ခ်င္းေလး ဒီေန႔အေၾကာင္းကို ဘဝင္ခိုက္စြာ ႂကြားဝါေနတာကို တိတ္တိတ္ေလး နားေထာင္ေပးေနေသးတယ္။

သူငယ္ခ်င္းေလး စကားေျပာၿပီးသြားေတာ့မွ ေနာက္ဆံုးမွာ ခ်ီးက်ဴးလိုက္တယ္: "အရမ္းေတာ္တယ္။ မင္းက ဒီလူရဲ႕ သူရဲေဘာေၾကာင္တဲ့အစီအစဥ္ေတြကို ဒီေလာက္ျမန္ျမန္ တြက္ဆလိုက္ႏိုင္ၿပီး မင္းက စာမဖတ္တတ္ဘူးဆိုၿပီး တမင္ေျပာလုိက္တယ္။ သူ႔ကို ေအာင္ေအာင္ျမင္ျမင္ လွည့္စားလုိက္ႏိုင္တယ္ေပါ့"

ေသခ်ာေပါက္ ဒါက ကၽြမ္းက်ိဳး ႂကြားလံုးထုတ္ခ်င္ေနတဲ့ဟာပဲ၊ ဒါေပမဲ့ ဝမ္ေ႐ွာင္းယြင္ပါးစပ္ကေန တိုက္႐ိုက္ၾကားလိုက္ရေတာ့ ကၽြမ္းက်ိဳးက ထူးဆန္းစြာ နည္းနည္းေလး ႐ွက္သလို ခံစားလုိက္ရတယ္။

"အဟြတ္ အဟြတ္" ကၽြမ္းက်ိဳးက ေျပာတယ္: "အဲဒီေလာက္ႀကီး ေတာ္တာလည္း မဟုတ္ပါဘူး... သူဘယ္သူလဲဆိုတာေတာင္ ကၽြန္ေတာ္မသိဘူး"

ဝမ္ေ႐ွာင္းယြင္က ေစာင့္ၾကည့္ဗီဒီယိုေတြကို စစ္ေဆးၾကည့္ၿပီးသြားၿပီ။ သူက ေအးတိေအးစက္ေျပာလိုက္တယ္: "ပထမတပ္ဖြဲ႕က တပ္ဖြဲ႕မွဴး တီးဝမ္ပဲ"

ကၽြမ္းက်ိဳးက သူဘယ္သူလဲဆိုတာမသိေပမဲ့ သူ႔အေထာက္အထားအရ၊ ဝမ္ေ႐ွာင္းယြင္ရဲ႕ရာထူးနဲ႔ ဆင္တူေနတဲ့ပုံပဲ။ သူက ကၽြမ္းက်ိဳးကို ယံုၾကည္မႈေတြအမ်ားႀကီး ယူလာေပးႏိုင္တာ အံ့ဩစရာေတာ့မဟုတ္ပါဘူး။

"သူတို႔အကုန္လံုးက မင္း သူတို႔ကို စိတ္သႏၱာန္မက္ခါေတြ လုပ္ေပးဖို႔ မင္းကိုေတြ႕ခ်င္ေနၾကတာ"

အခုမွပဲ ကၽြမ္းက်ိဳး နားလည္သြားတယ္။

ၾကယ္အစုအေဝးကလူေတြက စြမ္းအင္ဓာတ္ေရာင္ျခည္ေၾကာင့္ အဆိပ္သင့္ခံရႏိုင္တယ္။ ဒါက သူတို႔အတြက္ အခ်ိန္ၾကာေနၿပီျဖစ္တဲ့ ေခါင္းကိုက္စရာကိစၥပဲ။ အဲဒီအခ်ိန္မွာ သူက မက္ခါေတြကို ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကို ကာရံထားႏိုင္ေအာင္ ေျပာင္းလဲေပးႏိုင္တယ္။ အဲဒါေၾကာင့္ သူတို႔အကုန္လံုးက လိုခ်င္ေနၾကတာပဲ။

တကယ္ေတာ့ သူလည္းပဲ အဲဒါေတြ လုပ္ေပးခ်င္တယ္။

သူ႔ရဲ႕ဂုဏ္သတင္းတိုးပြားလာရင္ သူ႔ယံုၾကည္မႈကလည္း ပိုပိုၿပီး တိုးပြားလာလိမ့္မယ္။

ဘယ္နတ္ဘုရားကမွ ယံုၾကည္မႈေတြ မ်ားလြန္းတယ္ဆိုၿပီး ညည္းတြားမွာမဟုတ္ဘူးေလ! သူလည္း အားႀကီးတဲ့ မဟာနတ္မင္းႀကီးျဖစ္ခ်င္တာပဲ။

"ဒါေပမဲ့ ကၽြန္ေတာ္က တစ္ေယာက္တည္း႐ွိတာေလ၊ မက္ခါေတြ အဲဒီေလာက္အမ်ားႀကီး မလုပ္ႏိုင္ဘူး" ကၽြမ္းက်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဝမ္ေ႐ွာင္းယြင္ကို ႐ုတ္တရက္ ေမးလိုက္တယ္: "ကၽြန္ေတာ္ တျခားလူေတြကို သင္ေပးႏိုင္တယ္လို႔ ထင္လား"

ဝမ္ေ႐ွာင္းယြင္က အၿမဲတမ္း သူျဖစ္ခ်င္တဲ့အရာ ဘာမဆို ေထာက္ပံ့ေပးတဲ့သူမ်ိဳး : "မင္းသာသင္ခ်င္ရင္၊ ျဖစ္ႏိုင္တာေပါ့။ ဒါေပမဲ့"

ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳးကို ေလးေလးနက္နက္ ၾကည့္လိုက္တယ္: "ဒါက မင္းကိုယ္မင္း ေဖာ္ထုတ္ျပလိုက္တာပဲ။ လူတိုင္းက မင္းက အဲဒီ 'ဆရာသခင္ေလး' ဆိုတာကို သိသြားလိမ့္မယ္။ မင္းေၾကာက္လား"

"ကၽြန္ေတာ္မေၾကာက္ဘူး" ကၽြမ္းက်ိဳးက ဆိုတယ္: "လူေတြပိုသိေလ၊ ယံုၾကည္မႈေတြ ပိုစုေဆာင္းႏိုင္ေလပဲ။ ေနာက္ၿပီး ဒီစြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္က တကယ္တမ္း လုပ္ဖို႔ အရမ္းလြယ္တယ္။ ကၽြန္ေတာ္ သူတို႔စိတ္စြမ္းအားကို ဘယ္လိုသံုးၿပီး ျပဳျပင္ရမယ္ဆိုတာ သင္ေပးလို႔ရတယ္။ ကၽြန္ေတာ္...."

သူေျပာတာေတြ အရမ္းမ်ားသြားၿပီဆိုတာကို ႐ုတ္တရက္ သတိျပဳမိသြားၿပီး သူ႔ပါးစပ္ကို ႐ုတ္ျခည္း ကာလိုက္တယ္။

ေသခ်ာေပါက္ ယံုၾကည္မႈစုေဆာင္းရမဲ့သူက.... သူ႔ေကာေကာျဖစ္ရမွာေလ.....

ဝမ္ေ႐ွာင္းယြင္က ခပ္ယဲ့ယဲ့ေလး ၿပံဳးလုိက္ၿပီး ေျပာတယ္: "အင္း ကိုယ္သိတယ္၊ ယံုၾကည္မႈလိုတဲ့သူက မင္းမဟုတ္ဘူး၊ မင္းေကာေကာမလား"

ကၽြမ္းက်ိဳး: "........"

သူက နည္းနည္း ေမွ်ာ္လင့္ခ်က္ကင္းမဲ့သြားတယ္: "ဟန္ေဆာင္မေနပါနဲ႔ေတာ့။ ခင္ဗ်ားအကုန္သိထားတယ္ဆိုတာ ကၽြန္ေတာ္သိၿပီးၿပီ"

ဝမ္ေ႐ွာင္းယြင္က ေလးေလးနက္နက္နဲ႔ ေျပာတယ္: "မဟုတ္ဘူး က်ိဳးက်ိဳး၊ ကိုယ္သိျခင္း မသိျခင္းက မင္းအေပၚမွာပဲ မူတည္တယ္။ မင္းက သိေစခ်င္ရင္ ကိုယ္သိမွာပဲ။ မင္းက မသိေစခ်င္ဘူးဆိုရင္ ကိုယ္ကိုယ့္ကိုယ္ အတင္းအက်ပ္ ေမ့ပစ္လိုက္ၿပီး ဒီအေၾကာင္းကို ဘယ္ေတာ့မွ ထပ္မေျပာေတာ့ဘူး"

ကၽြမ္းက်ိဳးက သိပ္ၿပီး မယံုဘူး: "ခင္ဗ်ားက ကိုယ့္ကိုယ္ကိုယ္ အတင္းအက်ပ္ေမ့သြားေအာင္ လုပ္လို႔ရတယ္လား။ တကယ္ပဲ ေမ့ႏိုင္ပါ့မလား"

"ကိုယ္လုပ္ႏိုင္တယ္" ဝမ္ေ႐ွာင္းယြင္က မိုးေလဝသအေၾကာင္း ေဆြးေႏြးေနတဲ့အတိုင္း ေအးေဆးတည္ၿငိမ္တဲ့ အသံနဲ႔ ေျပာတယ္: "စိတ္စြမ္းအင္ျမင့္တဲ့သူေတြက လုပ္ႏိုင္တယ္၊ ကိုယ့္ကိုယ္ကိုယ္စိတ္ညွိဳ႕တာ"

ကၽြမ္းက်ိဳး မ်က္လံုးေတြ ျပဴးက်ယ္လာတယ္: "ဒါေပမဲ့ ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ စိတ္ညွိဳ႕တာက စိတ္ပိုင္းဆိုင္ရာ အသိစိတ္အတြက္ တအားအႏၱရာယ္မ်ားတယ္မလား"

ဝမ္ေ႐ွာင္းယြင္က ဆိုတယ္: "မင္းသာ ကိုယ့္ကိုေမ့ပစ္လိုက္ေစခ်င္တယ္ဆိုရင္၊ ဒါက အေရးမႀကီးပါဘူး။ ကိုယ္က အခ်ိန္နည္းနည္းေလာက္ပဲ လိုတယ္။ ခ်က္ခ်င္းေတာ့ အားလံုးကို ေမ့သြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး"

ကၽြမ္းက်ိဳးက သူ႔ကို ၾကည့္လိုက္တယ္၊ ဘာစကားမွ ထပ္မေျပာေတာ့ဘူး။

ဒီလူက အၿမဲတမ္း ဒီအတိုင္းပဲ....

သူစကားမေျပာေတာ့တာကိုေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္က အခုေလးတင္ သူစကားေျပာမွားသြားၿပီလို႔ ထင္သြားၿပီး မ်က္ခံုးကို မသိမသာ တြန္႔ခ်ိဳးလိုက္ၿပီး ေျပာတယ္: "အရမ္းၾကာလြန္းတယ္လို႔ ထင္လို႔လား၊ အဲဒါဆိုရင္...."

သူေျပာၿပီးတာကို မေစာင့္ဘဲ ကၽြမ္းက်ိဳးက သူ႔ပါးစပ္ကို လက္နဲ႔ကာလိုက္ၿပီး ခံစားခ်က္မဲ့စြာနဲ႔ ေျပာေတာ့တယ္: "ကၽြန္ေတာ့္မွာ အစ္ကိုႀကီးမ႐ွိဘူး၊ အေဖလည္း မ႐ွိဘူး။ ဒီနတ္ဘုရားပံုေတာ္က ကၽြန္ေတာ့္ပင္မခႏၶာကိုယ္ရဲ႕ ႐ုပ္ပံုေတာ္ပဲ။ ဒါနဲ႔ နီးနီးကပ္ကပ္႐ွိရင္ တန္ခုိးစြမ္းအင္ကလည္း အလြန္ျမန္ျမန္ ျပန္ျပည့္လာလိမ့္မယ္။ လူေတြအမ်ားႀကီး ကၽြန္ေတာ့္ကို ယံုၾကည္ရင္၊ တန္ခိုးစြမ္းအင္ကလည္း ပိုၿပီးအားေကာင္းလာလိမ့္မယ္။ ကၽြန္ေတာ္က ေမွာ္အစြမ္းအမ်ားႀကီးသိတယ္၊ ဒါေပမဲ့ သံုးခဲတယ္ ဘာလို႔လဲဆိုေတာ့ မဟာနတ္မင္းႀကီးကေျပာတယ္၊ သံုးဖို႔မလိုရင္ မသံုးနဲ႔တဲ့။ ႁခြင္းခ်က္ကေတာ့ ကၽြန္ေတာ့္လံုၿခံဳေရးက အႏၱရာယ္႐ွိေနၿပီဆိုရင္ သံုးလို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္အရင္က ေနတဲ့ေနရာမွာ နတ္ဘုရားေတြအျပင္ အရမ္းဆိုးတဲ့ ယုတ္ညံ့တဲ့ဝိညာဥ္ေတြလည္း ႐ွိလို႔ပဲ။ ကၽြန္ေတာ္က လူေတြကို အိပ္မက္ေပးလို႔ရတယ္။ လူေတြကို ေလမႈတ္ေပးရင္ ကံေကာင္းလာလိမ့္မယ္။ လူေတြအမ်ားႀကီးကိုလည္း ခ်မ္းသာလာေအာင္ ေကာင္းခ်ီးေပးလို႔ရ...."

ဝမ္ေ႐ွာင္းယြင္ရဲ႕ အမူအရာက မသိမသာေျပာင္းလဲသြားတယ္၊ သူ႔ရဲ႕ပံုမွန္တည္ၿငိမ္တဲ့ ဟန္ပန္နဲ႔ ကြာျခားေနတယ္: "က်ိဳးက်ိဳး မင္းကိုယ့္ကို ဒါေတြေျပာျပစရာမလိုပါဘူး။ မင္း..."

ကၽြမ္းက်ိဳးက သူ႔ပါးစပ္ကို လက္နဲ႔ ဆက္ကာထားၿပီး ေျပာလိုက္တယ္: "ကၽြန္ေတာ္က-- ႂကြယ္ဝျခင္းနတ္ဘုရားပဲ"

ဒီတစ္ႀကိမ္မွာေတာ့ ေျပာစရာစကားမဲ့သြားတဲ့သူက ဝမ္ေ႐ွာင္းယြင္ျဖစ္သြားၿပီ။

လူငယ္ေလးက သူ႔လွ်ိဳ႕ဝွက္ခ်က္ေတြအကုန္လံုးကို တည့္တိုး တိုက္႐ိုက္ေျပာျပေနတာက၊ ဆန္႔က်င္ဘက္အေနနဲ႔ ဝမ္ေ႐ွာင္းယြင္ကို အနည္းငယ္ ေနာင္တရသြားေစတယ္။

လူငယ္ေလးက သူ႔ကို ဒီေလာက္ထိ ပြင့္လင္းမေနသင့္ဘူး။

သူ႔ကိုယ္ပိုင္လွ်ိဳ႕ဝွက္ခ်က္ေတြကို ဆက္ၿပီး ကာကြယ္ထားသင့္တယ္။

ကၽြမ္းက်ိဳးက ေျပာတယ္: "ကၽြန္ေတာ္ေျပာလို႔ ၿပီးသြားၿပီ"

သူက ဝမ္ေ႐ွာင္းယြင္ ပါးစပ္ကို လႊတ္ေပးလိုက္ၿပီး ဆိုတယ္: "ဒီေလာက္ကိစၥေတြအမ်ားႀကီး အခုဆို ေမ့ခ်င္ရင္ေတာင္မွ ေမ့ႏိုင္မွာမဟုတ္ေတာ့ဘူး"

ဝမ္ေ႐ွာင္းယြင္ သူ႔ကို အသံတိတ္ၾကည့္ေနတယ္။ အခ်ိန္အၾကာႀကီးေနမွ ေနာက္ဆံုးေတာ့ ေျပာလာတယ္: "က်ိဳးက်ိဳး"

ကၽြမ္းက်ိဳးက သူထပ္ေမးေတာ့မယ္လို႔ ထင္ၿပီး ကိုယ္ကို မတ္မတ္ ထိုင္လိုက္တယ္: "ေျပာေလ"

မထင္မွတ္စြာနဲ႔ ဝမ္ေ႐ွာင္းယြင္က ဆိုတယ္: "ကိုယ္မင္းကို ဖက္ထားလို႔ရမလား"

ခဏေလာက္ အံ့အားသင့္သြားၿပီး ကၽြမ္းက်ိဳးနားရြက္ေတြက မသိမသာ နီျမန္းလာတယ္။

ဒီလူက ဘာျဖစ္ေနတာလဲ။ ၿပီးခဲ့တဲ့အေခါက္က သူတို႔ဖက္တုန္းက သူက ေသခ်ာေပါက္ သူ႔ဘာသူ စ'လုပ္လိုက္တာေလ.....

အခုက်ေတာ့ ေမးေနတယ္။

သူက ဘယ္လိုေျဖေပးရမွာလဲလို႔!

"ဘာမွမေျပာဘူးဆိုေတာ့ ခြင့္ျပဳတယ္လို႔ပဲ ယူဆလိုက္မယ္ေနာ္"

ဒီလုိေျပာၿပီးေတာ့ ဝမ္ေ႐ွာင္းယြင္က သူ႔ကို ႏူးႏူးညံ့ညံ့ေလး ေပြ႕ဖက္လိုက္တယ္။

ဒီတစ္ႀကိမ္ေပြ႕ဖက္လာတာက အရင္တစ္ေခါက္နဲ႔ နည္းနည္း ကြာတယ္။ ကၽြမ္းက်ိဳးက သူပဲ နားလည္မႈလြဲေနလား မသိေပမဲ့ ဒီတစ္ေခါက္မွာ ဝမ္ေ႐ွာင္းယြင္က ပိုလို႔ေတာင္ ဂ႐ုစိုက္ေနသလိုပဲ ခံစားရတယ္။ သူက တိုဖူးေလးလိုမ်ိဳးပဲနည္းနည္းေလာက္ မဆင္မျခင္လုပ္မိရင္ မေတာ္တဆ ေၾကမြသြားေတာ့မဲ့အတိုင္းပဲ။

နီျမန္းေနတဲ့မ်က္ႏွာနဲ႔ ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ကို ေမးၾကည့္လိုက္ခ်င္မိတယ္: ကၽြန္ေတာ့္ကို တကယ္ပဲ အရမ္းသေဘာက်လား၊ ကၽြန္ေတာ္နဲ႔ လက္ထပ္ခ်င္လားဆိုၿပီးေတာ့ေလ။

ဒါေပမဲ့ စကားက သူ႔လွ်ာဖ်ားထိပ္ေရာက္ေနၿပီး ေျပာမထြက္ဘူးျဖစ္ေနတယ္။

သူက လူသားတစ္ေယာက္ကို လက္ထပ္လို႔ရလားဆိုတာ သူသိေတာင္မသိဘူး။

သူဒီေမးခြန္းေမးလိုက္တာနဲ႔ ေနာက္ျပန္လွည့္လို႔မရေတာ့မွာကို ေၾကာက္ေနတယ္။

တကယ္လို႔ မဟာနတ္မင္းႀကီးက သူ႔ကို လူသားတစ္ေယာက္နဲ႔ အတူတူ႐ွိခြင့္ေပးဖို႔ ျငင္းလိုက္ရင္ဘယ္လိုလုပ္မလဲ။

ႏွစ္ဦးသားက အခ်ိန္အတန္ၾကာေအာင္ တိတ္တဆိတ္ ဖက္တြယ္ထားၾကၿပီး ေနာက္မွာ ဝမ္ေ႐ွာင္းယြင္က သူ႔ကိုလႊတ္ေပးလိုက္တယ္။

နား႐ြက္ေတြ နီျမန္းေနၿပီး ဝမ္ေ႐ွာင္းယြင္ကို ၾကည့္ဖို႔အရမ္း႐ွက္ေနလို႔ ကၽြမ္းက်ိဳးက ေခါင္းကို ငံု႔ထားတယ္။

ဝမ္ေ႐ွာင္းယြင္ကဆိုတယ္: "အင္း ကိုယ္ အခုအားလံုးကို မွတ္မိတယ္။ ေနာက္ဆို ကိုယ့္ကိုယ္ကိုယ္ ေမ့သြားရင္ေတာင္မွ မင္းဒီေန႔ေျပာတဲ့စကားေတြကို ေမ့မွာမဟုတ္ဘူး"

ကၽြမ္းက်ိဳးက လ်င္ျမန္စြာေျပာလုိက္တယ္: "ခင္ဗ်ားက ကိုယ့္ကိုယ္ကိုယ္ ေမ့မွာမဟုတ္ဘူး! ေန႔တိုင္း ညစ္ညမ္းမႈေတြကို နည္းနည္းခ်င္း ကၽြန္ေတာ္ထုတ္ေပးသြားမယ္။ ခင္ဗ်ား မၾကာခင္ ျပန္ေကာင္းလာလိမ့္မယ္!"

ဝမ္ေ႐ွာင္းယြင္က သူ႔လက္ကို ကိုင္လိုက္ၿပီး ညင္သာတိုးဖြစြာ ေျပာတယ္: "ကိုယ္သိပါတယ္၊ ေက်းဇူးပါပဲ"

ဝမ္ေ႐ွာင္းယြင္က မ်က္လံုးေတြကို အနည္းငယ္ ေမွးက်ဥ္းလုိက္ၿပီး ဆက္ေျပာတယ္: "ကိုယ္ငယ္ငယ္တုန္းက လူေတြအမ်ားႀကီးက ကုိယ္က အရမ္းကံဆိုးတယ္လို႔ ေျပာၾကတယ္။ ကိုယ့္မွာ အလြန္ေကာင္းတဲ့ပင္ကိုပါရမီ႐ွိတယ္။ အစတုန္းက ကိုယ္က စစ္တပ္ထဲကို ဘာအခက္အခဲမွမ႐ွိပဲ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ေအာင္ျမင္စြာ ဝင္လိုက္ႏိုင္ခဲ့တယ္၊ ဒါေပမဲ့ ကိုယ့္အေဖက အေစာႀကီးထြက္သြားခဲ့ၿပီး ကိုယ့္အတြက္ လမ္းေဖာက္ေပးဖို႔ အခြင့္အေရးမရခဲ့ဘူး။ အဲဒါေၾကာင့္ ကိုယ္က ဟိုးေအာက္ေျခကေန စခဲ့ရတယ္။ ကိုယ့္မွာဘာရာထူးမွမ႐ွိတုန္းက လူေတြအမ်ားႀကီးက ကိုယ့္ရဲ႕ ပင္ကိုပါရမီကို စိုးရိမ္ခဲ့ၾကတယ္၊ ကိုယ္က ပိုပိုၿပီး ျမင့္တဲ့ေနရာကို တက္သြားၿပီး သူတို႔ကို ေက်ာ္တက္သြားမွာကို ေၾကာက္ၾကတယ္။ အဲဒါေၾကာင့္ ကိုယ့္ကိုဒုကၡေပးဖို႔ အစီအစဥ္မ်ိဳးစံုခ်ၾကတယ္။ ကိုယ္တိုက္ပြဲကိုသြားတိုင္းမွာ အဆင္မေျပမႈမ်ိဳးစံုက ကိုယ့္ကို ခ်ဳပ္ခ်ယ္ထားခဲ့တယ္....."

ဝမ္ေ႐ွာင္းယြင္ သူ႔အေၾကာင္းေတြ အမ်ားႀကီးေျပာျပခဲ့တယ္။ ဒါက သူစကားေတြအမ်ားႀကီးေျပာတာ ကၽြမ္းက်ိဳး ပထမဆံုးၾကားဖူးတာပဲ။ ဝမ္ေ႐ွာင္းယြင္က အရမ္းေအးစက္စက္ပံုမရေပမဲ့ သူက တကယ္ စကားသိပ္မေျပာဘူး။ ဒါေပမဲ့ သူ႔မွာ အၿမဲလိုလို တည္ၿငိမ္ၿပီး အေႏွာင္အတြယ္ကင္းမဲ့တဲ့ မ်က္ႏွာထား႐ွိၿပီး စိတ္ထဲမွာ ဘာေတြေတြးေနမွန္း မွန္းလို႔မရေစဘူး။

ကၽြမ္းက်ိဳးက အလြန္ဂ႐ုတစိုက္နဲ႔ နားေထာင္ေနတယ္။ စိတ္ထဲမွာ သိပ္မေပ်ာ္႐ႊင္ဘူး။ ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳးကို သူ႔အေၾကာင္းေတြ အမ်ားႀကီးေျပာေနတယ္ဆိုတာ ကၽြမ္းက်ိဳး သူ႔ကို ပိုနားလည္လာေစခ်င္လို႔ပဲ။

အဆံုးမွာေတာ့ ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ ကေလးဘဝကေန အခုထက္ထိ ဘာေတြျဖစ္ခဲ့တယ္ဆိုတာ အားလံုးနီးပါး သိသြားတယ္။

"အခုေရာပဲ" ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳးမ်က္လံုးထဲထိ နက္႐ႈိင္းစြာ ေငးၾကည့္လာတယ္: "လူတိုင္းက ကိုယ့္ကို ကံမေကာင္းဘူးလို႔ ေခၚေနတုန္းပဲ။ ကိုယ္က ၿဂိဳလ္သားအင္းဆက္ဘုရင္မကို သတ္ခဲ့တယ္။ ေသခ်ာေပါက္ ကိုယ့္က တပ္မဟာဦးစီးခ်ဳပ္အျဖစ္ ရာထူးတိုးရႏိုင္တယ္၊ ဒါေပမဲ့ ကိုယ့္ရဲ႕စိတ္စြမ္းအားက အဆိပ္သင့္ေနခဲ့တာမို႔ ဒီအခြင့္အေရးကို ဆံုး႐ႈံးလုိက္ရတယ္။ ဒါေပမဲ့ ကိုယ္ဘယ္ေလာက္ကံေကာင္းလဲဆိုတာ သူတို႔ဘယ္သူမွ မသိၾကဘူး"

"ကိုယ္က အမႈိက္ၿဂိဳလ္မွာ ေသာင္တင္ေနခဲ့ေပမဲ့ ကိုယ္မင္းကို ရလိုက္တယ္ေလ"

"ကိုယ့္စိတ္စြမ္းအားေတြက ဓာတ္ေရာင္ျခည္သင့္ခံလိုက္ရေပမဲ့ ကိုယ့္မွာ မင္း႐ွိေသးတယ္"

"ကိုယ္ တစ္ခုသိလိုက္ရတယ္၊ က်ိဳးက်ိဳး အတိတ္က မတူညီတဲ့ကံဆိုးမႈေတြအားလံုးက တျဖည္းျဖည္းစုပံုလာၿပီး မင္းနဲ႔ ကိုယ္ေတြ႕ခြင့္ရမဲ့ ကံမေကာင္းမႈေလးတစ္ခုအျဖစ္ စုေဝးသြားတာျဖစ္ရမယ္"

ကၽြမ္းက်ိဳးရဲ႕မ်က္ႏွာက တဖန္ နီေဆြးသြားျပန္တယ္။

သူက ဝမ္ေ႐ွာင္းယြင္ပါးစပ္ကို အလ်င္စလို ပိတ္လုိက္ၿပီး အသံတိုးဖြဖြနဲ႔ ေျပာတယ္: "ထပ္မေျပာပါနဲ႔ေတာ့။ ကၽြန္ေတာ္.... ကၽြန္ေတာ္စဥ္းစားဖို႔လုိတယ္...."

အဲဒီည

ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္နဲ႔ အတူတူ မအိပ္ေတာ့ဘူး။

သူက ဝမ္ေ႐ွာင္းယြင္ကို အိပ္ေနရင္း သူ႔နတ္ဘုရားပံုေတာ္ကို ဖက္ထားခြင့္လည္း မျပဳခဲ့ဘူး။

ဝမ္ေ႐ွာင္းယြင္က ဘာလို႔လဲ မေမးခဲ့ဘူး။ သူက အၿမဲတမ္း ကၽြမ္းက်ိဳးရဲ႕ ဆံုးျဖတ္ခ်က္တိုင္းကို ေထာက္ခံတယ္။

ကၽြမ္းက်ိဳးက ေစာင့္ဆိုင္းေနတယ္။ ဝမ္ေ႐ွာင္းယြင္ အိပ္ေမာက်သြားၿပီးေနာက္မွာ နတ္ဘုရားပံုေတာ္ကို ယူၿပီး ေခါင္မိုးေပၚတက္သြားတယ္။

ေနာက္ဆံုးဝိညာဥ္ဆက္သြယ္ေရးလက္ဖြဲ႔ေလးကို ခ်န္ခြင္းအိတ္ကေန ထုတ္လိုက္တယ္။

သူက ေကာင္းကင္ယံကို ေငးငိုင္စြာနဲ႔ ၾကည့္ေနတယ္။ အဲဒီေနာက္ သူ႔လက္ထဲက လက္ဖြဲ႕ေလးကို ၾကည့္လိုက္ၿပီး ေနာက္ဆံုးမွာ ဆံုးျဖတ္ခ်က္ခ်လိုက္တယ္။

ဝိညာဥ္ဆက္သြယ္ေရးလက္ဖြဲ႕ကို မီးညွိလိုက္တယ္။ လက္ဖြဲ႕ မီးေလာင္ကၽြမ္းသြားတာနဲ႔ သူက တိုးဖြစြာ ေမးလိုက္တယ္: "ဦးေလးမဟာနတ္မင္းႀကီး တကယ္လို႔ဝမ္ေ႐ွာင္းယြင္က ေနာက္က်လို႔ ကၽြန္ေတာ့္ကို ဖြင့္ေျပာလာရင္၊ ကၽြန္ေတာ္နဲ႔ လက္ထပ္ခ်င္တယ္လို႔ ေျပာရင္ ကၽြန္ေတာ္လက္ခံလိုက္ရမလား"

လက္ဖြဲ႕ေလးဟာ နည္းနည္းခ်င္း ျပာအျဖစ္ ေလာင္ကၽြမ္းသြားတယ္။ ဝိညာဥ္စြမ္းအင္ေတြက ေလထဲမွာ လြင့္ေမ်ာေနၿပီး ဦးတည္ရာ႐ွာမေတြ႕ျဖစ္ေနတယ္။

"အ႐ွင္က အရင္ကေျပာဖူးတယ္ေလ။ ဒီလိုကိစၥမ်ိဳးကို အ႐ွင့္ကိုအစီရင္ခံရမယ္လို႔ေလ။ အခု ကၽြန္ေတာ္ အစီရင္ခံၿပီးၿပီေနာ္...."

ဦးတည္ရာ႐ွာမေတြ႕တဲ့ ဝိညာဥ္စြမ္းအင္က တျဖည္းျဖည္း အေငြ႕ပ်ံသြားတယ္။ ကၽြမ္းက်ိဳးက ေပ်ာက္ကြယ္သြားတဲ့ ဝိညာဥ္စြမ္းအင္ေတြကို ၾကည့္လိုက္ၿပီး အခုေလးတင္ ဝမ္းေ႐ွာင္းယြင္ သူ႔ကိုေျပာတဲ့အတိုင္း ျဖည္းျဖည္းခ်င္း ထပ္ေျပာလိုက္တယ္:

"ဘာမွမေျပာဘူးဆိုေတာ့ ခြင့္ျပဳတယ္လို႔ ယူဆလိုက္မယ္ေနာ္"

ကၽြမ္းက်ိဳးက မတ္တပ္ရပ္လုိက္ၿပီး ညေကာင္းကင္မွာ ေတာက္ပစြာ ထြန္းလင္းေနတယ္ ၾကယ္ေတြအမ်ားႀကီးကို ၾကည့္လုိက္ၿပီး : "ေက်းဇူးတင္ပါတယ္၊ ဦးေလးမဟာနတ္မင္းႀကီး"

အိုေက၊ သူက မဟာနတ္မင္းႀကီးရဲ႕ ခြင့္ျပဳခ်က္ကို လက္ခံရၿပီးသြားၿပီ။

ဒါဆို အခုသူ ဝမ္ေ႐ွာင္းယြင္နဲ႔ အတူ႐ွိလို႔ရသြားၿပီလို႔ ျပေနတာမလား။

ေနာက္တစ္ေန႔

ကၽြမ္းက်ိဳးရဲ႕ နံပါတ္တစ္စစ္သင္တန္းေက်ာင္းကို တက္ေတာ့မဲ့သတင္းက ထပ္ၿပီး ၾကယ္စုကြန္ရက္ကို ေပါက္ကြဲထြက္မတတ္ ျဖစ္ေစတယ္။

အေၾကာင္းအရင္းကေတာ့ ပထမတပ္ဖြဲ႕ကတီးဝမ္က သူ႔ရဲ႕ကိုယ္ပိုင္ဘေလာ့မွာ တင္လိုက္လို႔ပဲ။

တီးဝမ္V: ငါက အၿမဲတမ္း နံပါတ္တစ္စစ္သင္တန္းေက်ာင္းဆိုတာ အင္ပါယာအနာဂတ္ရဲ႕ ေထာက္တိုင္လို႔ ယံုထားခဲ့တာ။ ဒါက အင္ပါယာက ထိပ္တန္းဉာဏ္ႀကီး႐ွင္ေတြကို ပ်ိဳးေထာင္ရာစင္တာလို႔ေလ။ ထူးခၽြန္တဲ့အရည္အခ်င္းေတြမ႐ွိဘဲ လူတစ္ေယာက္က နံပါတ္တစ္စစ္သင္တန္းေက်ာင္းကို ဘယ္လုိလုပ္ ဝင္လို႔ရမွာလဲ။ ေက်ာင္းက ႏိုင္ငံေရးအတြက္ စစ္တလင္း မဟုတ္ဘူး။ ဒါက အက်င့္ပ်က္ျခစားတာေတြကို လက္မခံသင့္တဲ့ ျမင့္ျမတ္တဲ့ေနရာပဲ။ တကယ္လို႔ ဒီေန႔ ငါ့မွာ အာဏာနဲ႔ ဂုဏ္သတင္း ႐ွိတယ္ဆိုတာနဲ႔တင္ နကန္းတစ္လံုးမွ မသိတဲ့ အသံုးမက်တဲ့အမႈိက္ကို နံပါတ္တစ္စစ္သင္တန္းေက်ာင္းကို သြင္းလိုက္မယ္ဆိုရင္ ေနာက္ဆိုရင္ 'အာဏာနဲ႔ ဂုဏ္သတင္း' ႐ွိတဲ့တျခားသူေတြကလည္း ပိုလို႔ေတာင္ အသံုးမက်တဲ့အမႈိက္ေတြကို ေက်ာင္းကို သြင္းႏိုင္မွာမဟုတ္ဘူးလား။ အဲဒီအခ်ိန္က်ရင္ နံပါတ္တစ္စစ္သင္တန္းေက်ာင္းက ထူးခၽြန္တဲ့ေနရာတစ္ခုဟုတ္ပါေတာ့မလား။ ေက်ာင္းသားေတြ ေမွ်ာ္လင့္ေတာင့္တတဲ့ ျမင့္ျမတ္တဲ့ေနရာတစ္ခု ျဖစ္ပါဦးမလား။

တီးဝမ္ဆီက ဒီစကားေတြက ၾကယ္စုကြန္ရက္တခြင္မွာ အ႐ွိန္အဟုန္ျပင္းတဲ့မုန္တိုင္းတစ္ခုကို ခ်က္ခ်င္း ျဖစ္သြားေစတယ္။

လူတိုင္းက တီးဝမ္ ဘယ္သူ႔အေၾကာင္းေျပာေနလဲဆိုတာ သိတယ္။

မေန႔က ကၽြမ္းက်ိဳးနဲ႔ နံပါတ္တစ္စစ္သင္တန္းေက်ာင္းက ဆရာတစ္ေယာက္ နာမည္ႀကီးေနတဲ့သတင္းေခါင္းစဥ္မွာ ပါလာတယ္။ လူတိုင္းက ကၽြမ္းက်ိဳးက နံပါတ္တစ္စစ္သင္တန္းေက်ာင္းမွာ စာေလ့လာေတာ့မယ္လို႔ ခန္႔မွန္းေနၾကတယ္။

ေနာက္တစ္ေန႔မွာပဲ တီးဝမ္က ဒီပို႔စ္ကို ခ်က္ခ်င္း တင္လိုက္တယ္။ ဒီထက္႐ွင္းတာ မ႐ွိေတာ့ဘူး။

ပထမတပ္ဖြဲ႕ရဲ႕ တပ္ဖြဲ႕မွဴးတစ္ေယာက္အေနနဲ႔ တီးဝမ္ကလည္း လူၾကားမွာ အလားတူ နာမည္ႀကီးသူတစ္ဦးျဖစ္တယ္။ သူ႔ရဲ႕အျမင္ကလည္း မေရမတြက္ႏိုင္ေအာင္ ေထာက္ခံမႈေတြရလိုက္တယ္။

"တပ္ဖြဲ႕မွဴးတီးဝမ္ေျပာတာ မွန္တယ္။ နံပါတ္တစ္စစ္သင္တန္းေက်ာင္းဆိုတာ အင္ပါယာက ထိပ္တန္းဉာဏ္ႀကီး႐ွင္ေတြကို ပ်ိဳးေထာင္တဲ့ေနရာပဲ။ ဒီအတြက္ ပညာအရည္အခ်င္းေတြ႐ွိဖို႔လိုတယ္။ လူတကာ ဝင္ႏိုင္တဲ့ေနရာမဟုတ္ဘူး"

"အမွန္ပဲ! သူ႔က ဗိုလ္ခ်ဳပ္ႀကီးဝမ္နဲ႔ ဆက္ႏြယ္မႈ႐ွိတယ္ဆိုတာနဲ႔ ေက်ာင္းကို အလိုလုိဝင္ခြင့္ေပးလိုက္လို႔ မရဘူး"

"စစ္သင္တန္းေက်ာင္းမွာ ဝင္ခြင့္ရဖို႔ အစစ္ခံခဲ့ရတဲ့ ငါတို႔ေတြက အားလံုး အထူးခၽြန္ဆံုးေက်ာင္းသားေတြပဲ!"

"မစၥတာကၽြမ္းက နံပါတ္တစ္စစ္သင္တန္းေက်ာင္းကို တက္လို႔မရတာေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ သူက မူလတန္းကိုျပန္သြားၿပီး အဲဒီကေန စသင္ယူတာ ေကာင္းလိမ့္မယ္"

"ဒီလိုမေျပာနဲ႔၊ ဒီကၽြမ္းxx က အနည္းဆံုးေတာ့ အခုေလာက္ဆို အမ်ားသံုးၾကယ္စုဘာသာစကားေလာက္ေတာ့ သိမွာေပါ့။ ေဝးလံေခါင္ဖ်ားက ၾကယ္တစ္လံုးက ဒုကၡသည္တစ္ေယာက္အေနနဲ႔ အမ်ားသံုးၾကယ္စုဘာသာစကားကို သံုးတတ္တာကကို ေတာ္ေတာ္ေလး အထင္ႀကီးစရာေကာင္းေနၿပီ!"

"ဟားဟားဟား၊ ငါေတာ့ ရယ္ေသၿပီ။ အမ်ားသံုးၾကယ္စုဘာသာစကားကို သံုးတတ္တာကကို ေတာ္ေတာ္ေလး အထင္ႀကီးစရာေကာင္းေနၿပီတဲ့လား"

"@ဝမ္ေ႐ွာင္းယြင္ဗိုလ္ခ်ဳပ္ႀကီး ကၽြန္ေတာ္တို႔က ခင္ဗ်ားရဲ႕စစ္ေအာင္ျမင္မႈေတြကို အသိအမွတ္ျပဳပါတယ္။ ဒါေပမဲ့ နံပါတ္တစ္စစ္သင္တန္းေက်ာင္းက အက်င့္ပ်က္ျခစားရာ ေနရာမဟုတ္ဘူး။ ဒီကိစၥက မွန္လားမွားလားဆိုတာ ေလးေလးနက္နက္ ျပန္စဥ္းစားဖို႔ ေမွ်ာ္လင့္ပါတယ္။ သူက ခင္ဗ်ားဇနီးဆိုတာနဲ႔တင္ ေက်ာင္းစည္းကမ္းေတြကို လ်စ္လ်ဴ႐ႈထားလို႔မရဘူး!"

"@ဝမ္ေ႐ွာင္းယြင္ဗိုလ္ခ်ဳပ္ႀကီး တျခားေက်ာင္းေတြကလည္း ေတာ္ေတာ္ေလးေကာင္းပါတယ္။ တကယ္လို႔ ခင္ဗ်ားဇနီးကို အထူးတလည္လို႔ ခံစားရေစခ်င္ရင္ အျပင္မွာ မင္းစိုးမ်ိဳးႏြယ္ေတြအတြက္ ေက်ာင္းေတြအမ်ားႀကီး႐ွိတယ္မလား။ ခင္ဗ်ားမသိဘူးဆိုရင္ ကၽြန္ေတာ္ အၾကံျပဳေပးလို႔ရေသးတယ္။ ခင္ဗ်ားမိသားစုမွာ ပိုက္ဆံေတြ႐ွိေနတာပဲေလ!"

ခ်န္က်င့္႐ႊယ္က ဒါကိုေတြ႕ေတာ့ လက္ေတြ႕မွာကို ေသြးအန္ေတာ့မလိုျဖစ္ေနတယ္။

"က်ိဳးက်ိဳး စိတ္မပူနဲ႔၊ ေကာေကာက ဒီလူေတြကို ခ်က္ခ်င္းျပန္ခ်ဖို႔ ကူညီေပးမယ္"

ေ႐ွာင္ေဖာ့လန္ကလည္း သြားဖို စိုင္းျပင္းေနတယ္။ ဟုတ္တယ္! ျပန္ခ်ပစ္!

ခ်န္က်င့္႐ႊယ္က ေျပာတယ္: "စိတ္မပူနဲ႔ မင္းတကယ္ နံပါတ္တစ္စစ္သင္တန္းေက်ာင္းမွာ တက္ခ်င္တယ္ဆိုရင္ ေသခ်ာေပါက္ ငါမင္းကို ေထာက္ပံ့ေပးမယ္"

ေ႐ွာင္ေဖာ့လန္က လက္သီးဆုပ္ထားတယ္: ဟုတ္တယ္! ေထာက္ခံတယ္!

ကၽြမ္းက်ိဳးက ေမးေစ့ကိုပြတ္သပ္ၿပီး ေျပာတယ္: "ဒါေပမဲ့ သူတို႔ေျပာေနတာက အရမ္းမွန္တယ္လို႔ ထင္တယ္။ ဒီလိုမ်ိဳး ႁခြင္းခ်က္လုပ္ေပးလို႔မရဘူးေလ။ တကယ္ပဲ ကၽြန္ေတာ့္အတြက္ နံပါတ္တစ္စစ္သင္တန္းေက်ာင္းမွာ သြားတက္ဖို႔ မေကာင္းဘူး"

ခ်န္က်င့္႐ႊယ္က အလ်င္စလို ဆိုလုိက္တယ္: "ဒါေပမဲ့..."

ကၽြမ္းက်ိဳးက လက္ခုပ္တီးလိုက္တယ္။ "အဲဒါေၾကာင့္ ကၽြန္ေတာ္ဆံုးျဖတ္ၿပီးသြားၿပီ။ ကၽြန္ေတာ္က စာေလ့လာဖို႔မသြားဘူး၊ ကၽြန္ေတာ္ စာသြားသင္မယ္"

ခ်န္က်င့္႐ႊယ္က မ်က္လံုးျပဴးသြားတယ္။

ေ႐ွာင္ေဖာ့လန္ကလည္း ၾကက္ေသေသသြားတယ္။

လူတစ္ေယာက္နဲ႔ စက္႐ုပ္တစ္႐ုပ္: "အမ္"

ကၽြမ္းက်ိဳးက ဆိုတယ္: "ကၽြန္ေတာ္ ၁၀၀ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ ကာရံႏိုင္တဲ့ မက္ခါေတြ ဘယ္လုိလုပ္ရလဲဆိုတာ သူတို႔ကို သြားသင္မယ္၊ ဘယ္လိုထင္လဲ။ ဆရာသခင္ေလးဆိုတဲ့ အေထာက္အထားနဲ႔ဆိုရင္ သူတို႔ကၽြန္ေတာ့္ကို လက္ခံမယ္လို႔ ထင္လား"

ခ်န္က်င့္႐ႊယ္: ".........."

ေရွာင္ေဖာ့လန္: ".........."

အိုး ငါ့လခြမ္း!

တကယ္လို႔ နံပါတ္တစ္စစ္သင္တန္းေက်ာင္းအုပ္သာ မင္းက အဲဒီမွာ ဆရာလုပ္ခ်င္တယ္ဆိုတာသိရင္ မင္းလာဖို႔ကို ေသခ်ာေပါက္ အႏူးအညြတ္ေတာင္းပန္မွာပဲ!

အဟားဟားဟား သူ ႐ုတ္တရက္ အခုပဲ တီးဝမ္ရဲ႕မ်က္ႏွာကို ၾကည့္ခ်င္သြားတယ္!

.................xxx....................

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္: PS--

က်ိဳးက်ိဳး: ဦးေလးမဟာနတ္မင္းႀကီး ကၽြန္ေတာ္ စၿပီးရည္းစားထားခ်င္ပါတယ္။

က်ိဳးက်ိဳး: စကားမေျပာဘူးဆိုေတာ့ သေဘာတူတယ္လို႔ပဲ ယူဆလိုက္ေတာ့မယ္ေနာ္!

မဟာနတ္မင္းႀကီး: ????? မင္းေျပာင္းလဲသြားၿပီပဲ!

Continue Reading

You'll Also Like

150K 15.7K 38
About gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm n...
52.1K 9.3K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...
115K 10.6K 66
"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။" ~~~ Myanmar translation of 江山许你 by 白芥子 ...
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။