နေခြည်ထွေး၍ နွေးပါစေ(COMPLETE...

By Kattamkaung

855K 84.8K 4.8K

အချစ်ရဲ့ Timing , လူတွေရဲ့ ခံယူချက် အမျိုးမျိုးနဲ့ တိုးတက်မှုနှောင့်နှေးနေတဲ့ ဒေသတွေဆီ တစ်ခေါက်လောက် သွားကြည့... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter -30
Chapter-31
Chapter -32
Chapter-33
Chapter-34
Chapter-36
Chapter-37
Chapter-38
Chapter- 39
Chapter-40
Chapter-41
Chapter-42
Chapter - 43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Chapter-35

14.2K 1.6K 139
By Kattamkaung

Unicode

အချစ်အား တစ်ဖန်ကြိုးစားယူခြင်း ၁

သူ ဘယ်လောက်ထိ ရင်ခုန်စိတ်လှုပ်ရှားနေသလဲဆို ကားစီရီယာတိုင်ကိုဆုပ်ကိုင်ထားသည့် လက်ဖဝါးတွေချွေးပျံလာတိုင်း ဝတ်ထား‌သော စတိုင်ဘောင်းဘီပေါ် ဖိသုတ်နေမိတာ အခေါက်ခေါက်အခါခါ ရှိနေပြီ။ပေါင်မှာ အကွက်လိုက်စွန်းထင်းနေသည့် ချွေးကွက်တွေက သူ့ရဲ့စိုးထိတ်မှုနှင့် ရတက်မအေးဖြစ်မှာတို့၏ ပြယုဒ်တွေအလား။

မျက်စိရှေ့မှာမြင်နေရသည့် စစ်ကိုင်းလမ်းနှာပေါက် ခေါ် စစ်ကိုင်းတံတားအဝင်ဝကို ငေးရင်း သျှမ်းတံတွေးမြိုချလိုက်မိသည်။ သူတစ်ခါမှ ဒီလောက်ထိအောင် စိတ်မလှုပ်ရှားဖူးပေ။ သူ့ဘဝမှာ ရင်တုန်စရာကောင်းတဲ့ ကိစ္စတွေ များများစားစားမကြုံခဲ့ဖူးတာလဲ ပါပါလိမ့်မည်။သွားခဲ့ဖူးသော ခရီးလမ်း‌တွေလောက် ခခက်ခဲ မကြမ်းတမ်းသည့်တိုင် ပေအနည်းငယ်သာရှည်သည့် လှိုဏ်ခေါင်းအတွင်းဖြတ်နေစဉ် ကာလတစ်လျှောက်လုံး
စာမေးပွဲရလာဒ်စောင့်‌နေရသည့် ကျောင်းသားတစ်ယောက်လို ရတက်မအေးဖြစ်နေမိခဲ့၏။

ဖြစ်နိုင်ရင် ဒီနေရာကနေထွက်ပြေးလိုက်ချင်သည်။တစ်ဖက်မှာလည်း မြန်မြန်ရင်ဆိုင်လိုက်ပြီး ဒီအခြေအနေကို ကျော်လွှားပစ်ချင်သည့်စိတ်ကလည်း အပြိုင်ဆိုင်ပင်။ 'ရတနာပုံ တံတား' ဆိုသည့် ဆိုင်းဘုတ်ကြီးကိုကျော်လာချိန်မှာတော့ သူ့ရင်တစ်ခုလုံး တဒိတ်ဒိတ်ခုန်လျက်။ဘာတွေဖြစ်လာလာ ဒီတံတားဆုံးသည်အထိတော့ သူနောက်ပြန်လှည့်လို့မရတော့ချေ။ ဖြတ်ကူးနေသော ဧရာဝတီမြစ်ကြီးဆီ ငေးချိန်မရအောင် အတွေးတွေက ခေါင်းထဲမှာ ပြည့်နှက်လာ၏။ စာရိုက်နေသလိုမျိုး တဒက်ဒက်မြည်နေတာကိုပင် သူခံစားလို့ရနေသည်။

တစ်ဖက်ကမ်းမှာ ဆွမ်းဦးပုညရှင်စေတီအပါအဝင် လက်ညှိုးထိုးမလွဲနိုင်အောင် သာသနာထွန်းကားပါသည့် စစ်ကိုင်းတောင်ရိုး၊ နောက်တစ်ဖက်ကမ်းတွင် ကျန်ခဲ့သည့် မြစ်ကမ်းနှဖူးမှ ရွှေကြက်ကျဘုရား။ ဘာတစ်ခုကိုမှ သေချာအာရုံမရနိုင်ပါ။ သျှမ်းကပဲ အလောကြီးလွန်းသည်လား မသိ။မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ပေးထားသည့်တံတားကြီးက ဒီနေ့မှပိုရှည်လျားနေပါသလို။

သတ်မှတ်ထားသည့် မိုင်နှုန်းနဲ့မောင်းနှင်နေရခြင်းကိုပင် စိတ်မရှည်ချင်တော့။ အပြေးစက်ပေါ် လမ်းလျှောက်နေရသလိုမျိုး အမောကြီးမောလာပေမဲ့ နေရာမရွေ့သလိုခံစားနေရသည်။နှောင့်နှေးခြင်းဟာ သျှမ်းတစ်ကိုယ်လုံးကိုဖိစီးလာကာ အသက်ရှူမဝဖြစ်လာစေသည်။ဖြေးဖြေးမောင်းမောင်း မြန်မြန်မောင်းမောင်း သျှမ်းအတွက်ကတော့ အသက်အန္တရာယ်ရှိတာပါပဲ။ သူမြင်ချင်တဲ့ မျက်နှာလေးကို မမြင်ရမချင်း အငမ်းမရဖြစ်ကာ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေရလိမ့်အုန်းမည်။

'ဘာပြောရမလဲ' 'ဘယ်လိုပုံစံဖြစ်နေမလဲ' 'ကြည်ကြည်သာသာမှ အတွေ့ခံပါ့မလား'
စသည့် မေးခွန်းပေါင်းသောင်းခြောက်ထောင်ကြားမှာ သျှမ်းဟာနစ်လိုက်မြုပ်လိုက်ဖြင့်။ ဘယ်လိုမှ ကိုယ့်ကိုယ်ကိုယ် အဖတ်ဆယ်၍မရနိုင်ဖြစ်နေရသည်။

မနက်မိုးမလင်းခင် ၃နာရီလောက်ကတည်းက ရေမိုးချိုးပြီး ထထိုင်နေခဲ့တာကြောင့် ရင်ထဲမှာလည်း နေလို့သိပ်မကောင်းလှ။စိတ်ဆောင်နေသော်လည်း ခရီးပန်းထားသည့်ကိုယ်က မူးခနဲမိုက်ခနဲအချက်ပြရင်း အနားယူဖို့နှိုးဆော်နေခဲ့၏။မည်သို့ပင်ဖြစ်စေ ခန္ဓာကိုယ်ကိုညှာတာဖို့ထက် နှလုံးသားကိုညှာဖို့ကသာ ပဓာနဖြစ်နေသည့်အခါ ဆရာဦးလွတ်တာနှင့် ရုံးခန်းကနေလစ်ထွက်လို့ အိမ်အကိုအပြေးပြန်ခဲ့မိသည်။

သပ်သပ်ရပ်ရပ်ဝတ်စားပြီး တင်စရာရှိတာတင်ကာ အိမ်ကပြန်ထွက်လာချိန်မှာတော့ မနက်၈နာရီခွဲရှိနေပြီ။ မနေ့ညနေကတည်းက  ဘာမှမစားရသေးသည့်ဗိုက်က အချက်တပြပြနှင့်။ သို့သော် သျှမ်းကတော့ ဘာကိုမှအလေးမထားစွာပဲ မနက်စောစောဖွင့်သည့် လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်ပေါင်းများစွာကို ကျော်ဖြတ်ကာ စစ်ကိုင်းတောင်ရိုးအတိုင်း မောင်းနှင်လာခဲ့လိုက်သည်။

မြို့တွင်းလမ်းကို ဝင်လိုက်သည်နှင့် ရှည်လျားသည့် သံဃာဆွမ်းတန်းများက အဆက်မပြတ်။ မိုးအတော်လင်းပြီမို့ အချို့သံဃာတွေဟာ ဆွမ်းတန်းသိမ်းကာ လာကြိုသည့်ကားတွေပေါ်မှာတောင် နေရာတက်ယူပြီးနေကြပြီ။ လမ်းညွှန်ဆိုင်းဘုတ်တွေအတိုင်း ဝါးချက်ဆေးရုံရှိရာဆီ မောင်းနှင်လာတော့ လမ်းတစ်လျှောက် သာသနာပြုချောင်(ကျောင်းတိုက်) တွေက မနည်းမနော။

တဖြေးဖြေး ကျဉ်းမြောင်းလာသည့်လမ်းကို ဂရုတစိုက်မောင်းလာရင်း ဧရာဝတီမြစ်ဘေးထိရောက်လာခဲ့သည်။မိုးတွင်းကာလဖြစ်ခြင်းကြောင့် မြစ်ရေဟာ ကမ်းတိုက်လုနီးပါးလျှံလျှက် တချို့နေရာများတွင် ဒိုက်များတင်ကပ်ကာ လှိုင်းကြက်ခွပ်ကလေးများက အပြေးလွှားရိုက်ခတ်နေကြသည်။ ကားတစ်စီးနှင့်တစ်စီး ပူးကပ်ရှောင်ရန် မဖြစ်သည့်လမ်းမကြောင့် ဟွန်းပေါ်ကနေလက်မခွာနိုင်အောင် အာရုံစိုက်နေရပေမဲ့ တစ်ဖက်ကမြစ်ကြီးကို ကြောက်ရကောင်းမှန်းတော့ သတိမရနိုင်။ သျှမ်းခေါင်းထဲမှာ ရှိသမျှအားလုံးက  ချစ်နိုင်းအောင်သာ။

မြစ်ကမ်းဘေးက ဇီဝိတဒါန သံဃဆေးရုံကြီးနှင့်နီးကပ်လာလေ သျှမ်းရင်က ဆတိုးလှုပ်ခတ်လာလေပင်။မြစ်ကမ်းနံဘေးက ဒိုက်မြောတွေအလား လှိုင်းရိုက်ခံနေရသလိုနည်းနည်းမှအရှိန်မသေ။ဆေးရုံနှင့်မနီးမဝေး နေရာကျယ်ကျယ်မှာ ကားကိုချရပ်ပြီးတော့လည်း ချက်ချင်းမဆင်းရဲသေးပဲ ထိုင်နေမိ၏။ ဒီနေရာက သျှမ်းနဲ့စိမ်းမနေပေမဲ့ စိမ်းချင်နေသည့်တစ်စုံတစ်ယောက်ကြောင့် သတ္တိရှိရှိ ခြေမချရဲနေတာဖြစ်သည်။

တကယ်တော့ ဝါးချက်ဆေးရုံဆိုတာ ပရဟိတ အသင်းအဖွဲ့တွေနှင့် စိမ်းကားသည့်နေရာမဟုတ်။ သံဃဆေးရုံဆိုသော်လည်း လူပုဂ္ဂိုလ်တွေပါ ဆေးကုသမှုခံနိုင်သည့် ဆေးရုံကြီးတစ်ခုဖြစ်ကာ သျှမ်းကိုယ်တိုင်ပင် လေးငါးကြိမ်လောက် ဒီဆေးရုံကိုလာပြီး ဒါနပြုခဲ့ဖူးသည်။ ဆေးကုသမှုမဟုတ်လျှင်တောင် အလှူငွေလှူဒါန်းဖို့အတွက် ရောက်‌နေကျနေရာတစ်ခုဆိုလည်း မမှား။

မြန်မာနိုင်ငံမှ ပါရဂူကြီးများ၊သမားတော်ကြီးများသာမက နိုင်ငံခြားမှပညာရှင်များပါ လာရောက်တတ်ကြသည့် ဒီဆေးရုံကြီးဟာ ငွေကြေးသက်သာစွာနှင့် အခြေခံလူတန်းစားများအတွက် ကုသိုလ်ဖြစ် ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးနေရာ နေရာတစ်ခုလည်းဖြစ်၏။ မျက်စိခွဲစိတ်ကုသမှု၊ ဆီးလမ်းကြောင်းဆိုင်ရာ ကုသမှု၊ကလေးခွဲစိတ်ကုသမှုတွေသာမကပဲ အခြားသောကုသရေးဆိုင်ရာတွေအတွက် သူ့အဖွဲ့အစည်းနှင့်သူ နှစ်စဉ် လာရောက်ခွဲစိတ်ကုသပေးလျက်ရှိကြသည်။

အားမနာစတမ်း ဆက်သွယ်မည်ဆိုပါက ဒီဆေးရုံမှာ သျှမ်းနဲ့မျက်မှန်းတန်းမိလောက်သည့် ကျန်းမာရေးဝန်ထမ်းတွေ မနည်းမနောပင်။ သူလိုကိုယ်လို ပရိဟိတ တစ်ပိုင်တစ်နိုင်အဖွဲ့တွေလည်းရှိတာကြောင့် ကြိုက်တဲ့သူကို လှမ်းအကူညီတောင်းလို့ရ၏။သို့တိုင်အောင် သျှမ်းဟာမဝံ့မရဲဖြစ်ကာ ကားပေါ်မှာတင် ဆယ်မိနစ်ကျော်လောက် အားယူနေခဲ့မိသည်။

စိတ်ပိုင်းဖြတ်ပြီး ကားပေါ်ကဆင်းချိန်မှာတော့ မြစ်ပြင်ကိုဖြတ်တိုက်လာသည့် လေပြေတို့ဟာ သျှမ်းကို ကလူကျီစယ်ဖို့ အရင်ဦးဆုံးအပြေးလွှား ရောက်ရှိလာကြသူများပင်။ ပတ်ဝန်းကျင်ကား ဆူညံမှုသိပ်မရှိ။ ဖြတ်သွားဖြတ်လာ ကားသံဆိုင်ကယ်သံတစ်ချို့နှင့် မြစ်ထဲမှာခုတ်မောင်းနေသည့် မော်တော်သံသဲ့သဲ့ကသာ စိုးမိုးထားသည်။

ဆေးရုံထဲဝင်လာပြီးနောက် သျှမ်းခြေလှမ်းတွေက ရင်းနှီး‌နေကျနေရာတွေဆီ အလိုလိုဆွဲခေါ်သွား၏။ နှစ်တွေကြာခဲ့ပေမဲ့ ပြန်လည်မွမ်းမံထားသည့်နေရာတွေကလွဲလျှင် နေရာတော်တော်များများကို သူမှတ်မိနေဆဲ။ ဘယ်သူ့ကိုတွေ့ဖို့ ဘယ်နေရာကိုသွားနိုင်သလိုဆိုတာ ကြာကြာစဉ်းစားစရာမလိုပဲ သူခြေထောက်တွေက အရောက်ပို့ဖို့အသင့်ပင်။

နောက်ဆုံး ကောင်တာမှာရပ်လိုက်တော့ သျှမ်းဆီရောက်လာသည့် သူနာပြုဆရာမသုံးဦး၏ အကြည့်တွေက ပြူးကြောင်ကြောင်နှင့်။တန်းစီထိုင်နေရာမှာ မတ်တပ်ထရပ်လိုက်ကြကာ သျှမ်းကိုသတိထားကြည့်လာကြ၏။ သူတို့ကြည့်ရတာ ဒီလောက်ကျန်းမာနေသည့် လူနာကိုမမြင်ဖူးသည့်နှယ်။ ဆေးစစ်ပေးသည့်နေရာကို ရောက်လာတတ်သည်က အဖိုးအဖွားများနှင့် လူမမယ်ကလေးများ၊ရောဂါသည်များသာ များသည်ကြောင့် ဒီလောက်ဖျတ်လတ်သန်စွမ်းနေသည့် အမျိုးသားကလူနာမေးလာတာသာဖြစ်မည်ဟု ထင်သွားကြပုံရသည်။

"ဘယ်လူနာကို လာရှာတာလဲမသိဘူးရှင့်"

"အာ...လူနာလာရှာတာတော့ မဟုတ်ပါဘူး"

"ရှင်"

"ဆရာဝန် လာရှာတာပါ"

"..."

သူနာပြုသုံးယောက်ခင်မျာ မနက်စောစောခေါင်းစားသွားကြ၏ ။တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မျက်စိရှေ့ကလူချောကို ဘယ်လိုတုန့်ပြန်ရမည်မသိ။ သမားတော်နှင့် ပြနေကျသူလည်းမဖြစ်နိုင်။လာတဲ့ပုံစံကြည့်ရသလောက်တော့ အလောတကြီးဖြစ်နေပြီး မျက်စိတွေက ဆေးရုံတစ်ဝိုက်ကျီးကန်တောင်းမှောက်သလို ရှာဖွေနေတာမို့ ဘာအတွက်လာသည်ဆိုတာ ခန့်မှန်းဖို့ခက်လှ၏။

"ပြနေကျ ဆရာဝန်ကဘယ်သူလဲ ။ဆေးစာအုပ်ရောပါလားရှင့်"

ကိုလူချောက ခေါင်းယမ်းပြရင်း ဆေးရုံကောင်တာပေါ် လက်တစ်ဖက်တင်လိုက်သည်။ လူနာရှင်တော်တော်များများက ‌ကျန်မားရေးဝန်ထမ်းတွေကိုဆို ဆရာ၊ဆရာမဟု အမည်တပ်ပြီး တလေးတစားရှိတတ်တာကြောင့် ဒီလူကိုကြည့်ရတာသူတို့နှင့် တရင်းရတနှီးရှိသလိုပုံစံပါပဲ။

"အဲ့ဒါဆို နာမည်စာရင်းပေးမှ ရမှာ။ လူနာရဲ့နာမည်နဲ့ ရောဂါတွေပြောပါအုန်း။ ဒီဘက်မှာဖောင်ဖြည့်ပေးပါ"

"မဟုတ်ဖူး လူနာလာပြတာမဟုတ်ဖူး ဆရာမတို့"

"ရှင်" ထပ်ပြီး ကြောင်တောင်တောင်ဖြစ်ရပြန်ပြီ။ ဆေးရုံလာတာ လူနာပြဖို့မဟုတ်ရင် ကောင်တာအထိ ဒီလူဘာလာရှုပ်သလဲ။

"ဒီမှာ ကုသိုလ်ဖြစ်လာလုပ်တဲ့ ဆရာဝန်တွေကို ဘယ်အချိန်တွေ့နိုင်မလဲ"

"ဘယ်ဌာနမှာ ဂျူတီကျတာလဲမသိဘူး"

"အာ...အဲ့ဒါ"

ရင်ခုန်နေရာမှ သျှမ်းခေါင်းကိုက်သွားရသည်။ အဲ့ဒါမှ တကယ့်ပြဿနာပင်။ တွေ့ဖို့မြင်ဖို့ကိုသာ အားသန်နေခဲ့ပြီး ချစ်နိုင်းဘယ်ဌာနမှာဝင်နေလဲဆိုတာ သူမသိ။ ဆရာဦးကလည်း OHက seminarမှာတွေ့ခဲ့တာရယ်၊ ဝါးချက်မှာကုသိုလ်ဖြစ်လုပ်နေသည်ဆိုတာရယ်ကလွဲရင် ဘာမှတိတိကျကျမပြောခဲ့ပေ။ တွေ့မှတွေ့ရပါမလားဆိုသည့် မျှော်လင့်ချက်ကလေးပျောက်ချင်လာသည်။ တခြားတစ်နေရာကို ထွက်ပြေးသည်လို့တော့ မပြောကြပါနှင့်။ဒီလိုသာဆို သျှမ်းတော့ထပ်ရူးဖို့သာရှိတော့မည်။

ကြားချင်တာတွေ မကြားရတဲ့အခါ သူ့မျက်နှာက ချက်ချင်းမအီမသာရုပ်ပေါက်လို့ ရင်ဘတ်တစ်ခုလုံးတင်းကြပ်ပြီး အသက်ရှူမဝသလိုဖြစ်လာခဲ့သည်။ ခုမှ သူတကယ်ကြီးဆေးရုံတက်ရတော့မည် အခြေနေရောက်တော့မည်။ ဒါကိုမြင်တော့ သူနာပြုဆရာမလေးတွေလည်း စိုးရိမ်သွားပုံရ၏။ တစ်ယောက်လက်ကိုတစ်ယောက်တို့လို့ သျှမ်းဆီ သူတို့တတ်သလောက်ပြောလာကြရှာသည်။

"ကုသိုလ်ဖြစ်လာတဲ့ အဖွဲ့တွေကအများကြီးဆိုတော့ နာမည်ပြောရင်တောင် ရှာဖို့ကခက်တယ်။ဒါပေမဲ့ ညီမတို့က စာရင်းနဲ့တိုက်ရှာပေးလို့တော့ ရတာမို့ နာမည်လေးတစ်ချက်လောက်ပြောပေးပါလား "

"လွန်ခဲ့တဲ့ တစ်ပါတ်ကျော်လောက်ကမှ ဝင်တဲ့သူပါ နာမည်က ချစ်...."

ပြောသံမဆုံးခင်မှာပဲ နောက်ကဖြတ်ဝင်လာသည့်အသံ။

"ဘာဖြစ်တာလဲ အစ်မတို့"

ရင်းနှီးသလိုအသံကြောင့် သျှမ်း ချက်ချင်းလှည့်ကြည့်လိုက်မိသည်။ ဆံပင်ဂုတ်ဝဲနှင့် ဂျူတီကုတ်အိတ်ထောင်ထဲ လက်နှစ်ဖက်ထည့်တာ လျှောက်လာသူထံမှ ဒေါက်ဖိနပ်သံက တဂွက်ဂွက်။ အနီးကပ်လာသည့် မျက်နှာရှင်းရှင်းကိုမြင်လိုက်ရချိန်မှာတော့ သျှမ်းအတော်ဝမ်းသာသွားသည်။ ဒီကလေးမလေးကို သူသေချာပေါက်သိတာပေါ့။ ချစ်နိုင်းရဲ့ အတန်းဖော်ကောင်မလေးကို ။ သူတို့ဘွဲ့ယူတုန်းကတောင် သျှမ်းကိုဓာတ်ပုံရိုက်ပေးဖို့ တောင်းခဲ့သေးသည် မဟုတ်ပါလား။

"ဆရာဝန်လာရှာတာတဲ့ နဒီ။ အစ်မတို့က ကုသိုလ်ဖြစ်လာတဲ့သူတွေကျ အကုန်မသိတော့"

ဆတ်ခနဲ သျှမ်းကိုမော့ကြည့်လာပြီးနောက် မျက်မှန်အဝိုင်းအောက်က မျက်ဝန်းတွေဝိုင်းစက်သွား၏။ သူမက တအံ့တဩရေရွတ်ဖို့လုပ်နေပေမဲ့ တစ်ခုခုကိုတန်းပြီးအမှတ်မရနိုင်သလို ‌ဇဝေဇဝါဖြစ်နေတာကြောင့် သျှမ်းကပဲအရင်နှုတ်ဆက်လိုက်တော့သည်။

"ညီမလေးက ချစ်နိုင်းသူငယ်ချင်းမို့လား"

အာ ခနဲ ရည်ရွတ်ပြီးမှ မှတ်မိသွားသူက လက်ခုပ်တစ်ချက်တီးကာ ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ပြီးမှ သျှမ်းကိုပြုံးပြရင်း မှတ်မိကြောင်းနှုတ်ဆက်လာတော့၏။

"ဒေါက်တာသျှမ်း ..Oo Groupက ဆရာဝန်လေ။ ညီမ မှတ်မိပါပြီ"

"ဒါ ဟိုတစ်လက အလှူလာလှူသေးတဲ့ အန်ကယ်စန်းမင်းဦးတို့ဘက်က ဆရာဝန်ပဲ အစ်မတို့ရဲ့။ အစ်ကိုက ဒီဘက်တွေမလာဖူးတော့  အစ်မတို့နဲ့ မရင်းနှီးကြတာဖြစ်မယ်"

စိတ်ရွှင်လန်းလာမှုနောက် အပြုံးတွေဘယ်လောက်တောင် ပေးနေမိလဲမသိတော့ပါ။ အုံ့မှိုင်းနေသည့်တိမ်လွှာတွေကြားထဲ နေရောင်ခြည်လေးဖြာကျလာသလို သျှမ်းရင်တစ်ခုလုံးနွေးထွေးလာရသည်။ စောစောက ‌ပြုတ်ကျသွားသည့်မျှော်လင့်ချက်တွေအားလုံး ကွဲကြေခါနီးမှ ပင့်အထိန်းခံလိုက်သလို စိတ်သက်သာရသွားကာ ထိုကလေးမလေးပြောသမျှကို ခေါင်းငြိမ့်ပြီးလက်ခံနေမိတော့သည်။

"ဒေါက်တာက ဆရာဝန်လာရှာတာပြောတယ်။ နဒီသိမလား မေးကြည့်အုန်း"

သူနာပြုဆရာမလေးရဲ့ အရောက်ပို့နေမှုက ကျေးဇူးတင်စရာ။ သေချာပေါက် နဒီသိကိုသိပါလိမ့်မည်။ သျှမ်းရင်ထဲက သေချာခြင်းတွေဟာ ဖြစ်နိုင်ချေကိုကြိုမြင်နေရပါသည့်နှယ်။နောက်ဆုံးမှာတော့ မေးခွန်းအပိုင်ရသည့် ကျောင်းသားတစ်ဦးလိုမျိုး ယုံကြည်ချက်ရှိစွာပဲ အသိချင်ဆုံးမေးခွန်းကိုမေးလိုက်တော့သည်။

"အစ်ကို ဘယ်သူ့ကို လာရှာတာလဲမသိဘူး"

"အစ်ကိုက ချစ်နိုင်း...ချစ်နိုင်းအောင်ကို လာရှာတာပါ။ သူဒီမှာ ရှိလားမသိဘူး"

ရှိလိုက်ပါ ၊ကျေးဇူးပြုပြီးရှိနေပေးပါ။စိတ်ထဲမှ တောင်းဆိုမှုတွေဟာ အဆက်မပြတ်။ ကိုကိုနဲ့တွေ့ပါအုန်း ၊ ကိုကို့ကို မကျေမနပ်ပဲဖြစ်ဖြစ်ကြည့်ပေးပါအုန်း စသည့်ရေရွတ်မှုတွေက ရင်ဘတ်တစ်ခုလုံးပြည့်လျှံလောက်အောင် တလှိမ့်လှိမ့်တက်လာနေကြသည်။

"သူ ဒီမှာမရှိဘူး"

နဒီ့အဖြေမှာ ‌သျှမ်းခြေထောက်တွေက ခွေကျလုမတတ်။ဆေးရုံကောင်တာကိုပင် ခပ်တင်းတင်းဆုပ်ကိုင်ထားမိလိုက်သည်။

"ဟိုဘက်မှာ မုန့်သွားစားဖို့ လုပ်နေတယ်လို့  ဟီးဟီး"

ရွှတ်နောက်နောက်ပြောပြီးနောက် နဒီကတသိမ့်သိမ့်ရယ်၏။ သူမဆံပင်တိုတွေက ဝဲခနဲပင်ဖြစ်သွားကြသည်။ ပြီးမှတစ်ဖက်တံခါးပေါက်ဆီ ညွှန်ပြကာ ချစ်နိုင်းဆီလိုက်သွားဖို့ လမ်းပြ‌ပေး၏။ပါးစပ်ကလည်း အအော်မပြတ်...

"ချစ်နိုင်းအောင်...နင့်ဧည့်သည်ရောက်နေတယ်"

သျှမ်းပဲ စိတ်ထင်သလားမသိ။ နဒီ့အသံက တစ်ခုခုကို ကြိုသတိပေးနေပါသလို။ ရယ်သံသဲ့သဲ့ကလည်း ကပ်ပါလာသေးသည်။

တံခါးကနေ ဝင်လိုက်သည်နှင့် ကျယ်ပြန့်သောနားနေခန်းက သျှမ်းရှေ့မှာငြိမ်သက်နေ၏။ မုန့်ထုပ်များ၊ဆေးဘူးများ တန်းစီတင်ထားသော ကုတင်နှင့် ကုလားထိုင်တချို့ကလွဲလျှင် အခန်းထဲမှာ လူရိပ်ပင်မမြင်ရ။ နဒီထပ်ပြီး စနောက်လိုက်ပြန်လေသလား။ ဒီကလေးမလေးက သူ့ကိုစနောက်ရတာ သဘောတွေ့နိုင်သေးတယ်ပေါ့လေ။

ဒေါသထွက်၍ပင်မဆုံးသေး ရေဆွဲချသံနှင့်အတူ အခန်းထဲရှိ တံခါးတစ်ချပ်ပွင့်ဟသွားခဲ့သည်။ ထိုအခန်းကျယ်ထဲတွင် အိမ်သာနှင့်ရေချိုးခန်းတွဲလျက် အခန်းတစ်ခု ထပ်ရှိနေခဲ့ခြင်းပင်။

အိမ်သာထဲမှထွက်လာသည့် အရိပ်ကလေးကိုမြင်‌လိုက်သည်နှင့် အသက်ပင်ရဲရဲမရှူရဲတော့။ အရာရာက တိတ်ဆိတ်ငြိမ်ကျသွားပြီး  သျှမ်းဟာလည်း ရေခဲရိုက်ခံလိုက်ရသည့် ငါးတစ်ကောင်သဖွယ် တောင့်တင်းသွားတော့သည်။အလွမ်းပြေလေးက သူ့ကိုလုံးဝသတိထားမိပုံမပေါ်။ တံခါးကလန့်ကို အသေချာစေ့ပိတ်နေပြီး ‌သျှမ်းဘက်ကို ကျောပေးထားခဲ့သည်။

"ခိုတောင်မုန့်တီဆိုင်ထိဆို ကားငှားသွားနေရအုန်းမှာ။ ဒီနားနီးနီးနားနား ရှိတာပဲစားမလား"

သေလောက်သည်။ တကယ်ကို သေနိုင်လောက်ပါသည်။ နူးညံ့ပြီး ကြင်လင်နေသော ထိုအသံကလေးကို သျှမ်း ဘယ်လောက်တောင်မှ လွမ်းနေခဲ့ရသလဲ။ သုံးနှစ်လုံး ရူးလောက်အောင် လွမ်းနေခဲ့ရတာ။သတိရလွန်းလို့ မျက်ရည်ပါကျတဲ့အထိ သူ့ကိုယ်သူဖိနှိပ်ထားခဲ့ရတာ။ ယခုပင် ပိန်ကျသွားသည့် ထိုကျောပြင်ကလေးဆီ အပြေးသွားလို့ သူ့ရင်ခွင်ကျယ်နှင့်ဖိကပ်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားချင်စိတ်ကို အတော်လေးချိုးနှိမ်နေရသည်။

ဂုတ်သားဖွေးဖွေးပေါ်မှာ အဖျားကုတ်ကုတ်ကလေးတွေဖြစ်နေသည့် ရွှေအိုရောင်ဆံပင်စများ။ နားရွက်ဖျားက ထင်းနေသည့် ငွေရောင်နားကွင်း၊ ကချင်အဆင်ပုဆိုးကို တင်းနေအောင်စည်းဝတ်ထားမှုကြောင့် ပေါ်လွင်နေသည့်ခါးသွယ်သွယ်။ နောက်ကကြည့်လျှင်တောင် လွှတ်မထားချင်လောက်သည့် သျှမ်းရဲ့ရင်ခုန်သံလေးဟာလေ။

"နဒီကရော လိုက်......"

ပွင့်ဟသွားသော နှုတ်ခမ်းဖူးဖူးက အံ့ဩရိပ်တွေသန်းလို့။လှည့်ကြည့်လာသည့် မျက်ဝန်းညိုတွေ ဝိုင်းစက်သွားကာ မယုံကြည်နိုင်သလိုမျိုး မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လာခဲ့သည်။ မျက်ခုံးထက်ထိ ပိရိသေသပ်စွာကျနေသည့်အပြင် နားရွက်ပေါ်အောင်ညှပ်ထားသည့် ဆံပင်တွေကြောင့် ယောက်ျားဆန်သောမျက်နှာထားက ပိုပေါ်လွင်နေ၏။ ငွေရောင်နားကွင်းလေးက ဘယ်ဘက်နားရွက်ဖျားမှာ လဲ့နေအောင်နေရာယူထားလျက်။

ပိုမိုဖြူဝင်းလာသော အသားရည်ကြောင့်
သျှမ်းကိုကြည့်နေသည့် မျက်နှာလေးက သိသိသာသာ ရဲတက်လာသည်။မိုးပြာရောင် ရှပ်အင်္ကျီလက်တိုကလေးနှင့် နုငယ်သည့်လူငယ်လေး၏တောက်ပမှုက ဘာနဲ့မှနှိုင်းယှဉ်ဖို့မရှိနိုင်။

တကယ်ကို သျှမ်းရဲ့ချစ်နိုင်းလေး ပြန်လာခဲ့တာပါပဲ။ ‌သျှမ်းရဲ့ အကြောက်တရားလေး ၊ လူဆိုးလေး ပြန်လာခဲ့ပြီပဲ။

မယုံကြည်နိုင်ခြင်းထက် အိပ်မက်တစ်ခုကနေ နိုးထသွားရမှာ ကြောက်သလိုမျိုး သျှမ်းဟာမျက်တောင်ရဲရဲမခတ်ရဲ။သူ့နှလုံးသားက ပန်းဝင်သွားပြီမို့ အားလုံးကိုလွှတ်ချပြီး လှဲချလိုက်ချင်နေပြီ။ နောက်ဆုံးတော့ ရောက်ခဲ့ပြီပဲဆိုကာ စိတ်ဒုန်းဒုန်းချလိုက်ချင်ပါပြီ။သို့တိုင်အောင် အခြေအနေက သူ့ကိုရပ်တန့်ခွင့်လုံးဝမပေး။ တကယ်တမ်း သျှမ်းရဲ့ဇာတ်လမ်းက အခုမှစရမှာမဟုတ်ပါလား။အတိုးချ အလွမ်းသယ်ပြီး ဒီတိုင်းရပ်ချလိုက်လို့မဖြစ်ပါ။

အချိန်အတော်ကြာအောင် တစ်‌ယောက်ကိုယ်တစ်ယောက်ကြည့်နေမိပြီးနောက် တိတ်ဆိတ်နေသည့်လေထုကို သျှမ်းကအရင်ဖြိုခွဲလိုက်တော့သည်။

ဂွီ!!

သေစမ်း။ သျှမ်းရည်ရွယ်ထားတာ ဒီလိုမဟုတ်ဖူး။ မနေ့ညက တစ်ညလုံးမအိပ်နိုင်အောင် ဘာတွေပြောရမလဲစဉ်းစားနေခဲ့တာ။ တွေ့တွေ့ချင်း ပြေးဖက်ထားရမလား၊ ဒူးထောက်ပြီးတော့ပဲ "အားလုံးကိုကိုမှားတာပါ" ဟု တောင်းပန်ရမလား တောက်လျှောက်စဉ်းစားထားခဲ့ရတာ။ ခုတော့ စစချင်းထွက်သွားမိတာ ဂွီ တဲ့လား။ ဘယ်လောက်တောင် စောင်သုံးမကျလိုက်သလဲ။

သျှမ်းခန္ဓာကိုယ်တစ်ခုလုံး ပူထူလာကာ သူ့ကိုယ်သူသတိမထားမိလိုက်ခင်မှာပဲ မျက်နှာကဆူပုတ်နေခဲ့ပြီ။ လက်ခနဲဖြစ်သွားသည့် မျက်ဝန်းညိုတွေကို ဟန်ကိုယ့်ဖို့ဆက်ကြည့်နေပေမဲ့ သျှမ်းစိတ်ထဲမှာတော့ သူ့ဗိုက်ထဲက အူတွေကလီစာတွေကို ရစရာမရှိအောင် ဆဲဆိုနေခဲ့သည်။ သုံးနှစ်လုံး ဝေးနေခဲ့ပြီးမှ ပထမဆုံး သူ့ဆီကတုန့်ပြန်သံက အဓိပ္ပာယ်တစ်စက်မှမရှိ။ ရှက်ရွံ့စိတ်နှင့် ကိုယ့်ကိုယ်ကိုယ် မကျေနပ်စိတ်တို့ပေါင်းမိတဲ့အခါ သျှမ်းဟာ ခေါင်းငုံ့ချလိုက်မိတော့သည်။နောက်မှ  သူ့နှုတ်ခမ်းတွေကို မပွင့်တပွင့်လုပ်လျက် ချစ်နိုင်းဆီ စကားပြုဖို့ အစပြုလိုက်၏။

"ကိုကိုက..."

"ခိုတောင် မုန့်တီ.."

"ဟမ်"

ပြိုင်တူထွက်သွားကြသည့် စကားသံတွေက နည်းနည်းမှ အဆက်စပ်မရှိ။ ဒုတိယအကြိမ်အဖြစ် သူတို့မျက်ဝန်းတွေ ဆုံသွားကြပြန်သည်။ မျက်ဝန်းညိုတွေက ချစ်စရာ။ သုံးနှစ်အတွင်း လူကဘယ်လိုဖြစ်လို့ နည်းနည်းတောင် အသက်ကြီးလာပုံမပေါ်ရတာလဲ။ ရွှေ‌အိုရောင်ဆံပင်ပါပေါင်းလိုက်သည့်အခါ ချစ်နိုင်းပုံစံလေးက သျှမ်းကိုမျက်ရည်ပင်ဝဲလာစေနိုင်လောက်သည်။

"..အရင် ပြောပါ"
ရင်ထဲက အမည်နာမ်စားကို သျှမ်းနှုတ်ဖျားက ဘယ်လိုမှမထွက်။အသားမကျသေးတာတာကြောင့် သူရှက်နေသည်ဟုပြောလျှင် ယုံမည်သူရှိပါ့မလားမသိပေမဲ့ အတည်ကြီးကို သျှမ်းရှက်နေတာပါ။သူတို့ချင်း မတွေ့တာကြာလို့ နေရထိုင်ရခက်နေတာလည်း ပါပါလိမ့်မည်။

"ခိုဝောာင်မုန့်တီ လိုက်စားမလားလို့"

လိပ်ပြာအကောင်တစ်သန်း ရင်ထဲဝဲပျံသွားသည့်နှယ်။သျှမ်းနှုတ်ခမ်းတွေဟာ အတားဆီးမဲ့စွာပြုံးမိသွားသည်။ ဒါက သူ့နှလုံးသားလေးက သူ့ကိုဖိတ်ခေါ်နေတာ မဟုတ်ပါလား။ ချစ်နိုင်းဟာ သျှမ်းအပေါ်ဘယ်တော့မှ မစိမ်းကားဘူး။

"ချစ်နိုင်းအောင် မင်းဒီတစ်သက် ထွက်လာအုန်း....အယ်"

ခပ်စူးစူးအော်သံနှင့် အခန်းထဲဝင်လာသူက ချစ်နိုင်းနှင့်မတိမ်းမယိမ်းအရွယ်လောက်ပဲ ရှိမည်။ စတိုင်ဘောင်းဘီရှည်နှင့် ငှက်ခါးစိမ်းရောင် စပို့ရှပ်လက်ရှည်ကိုတွဲဝတ်ထားကာ သျှမ်းကိုမြင်တော့ အော်လက်စ စကားကိုရပ်လို့ ချစ်နိုင်းဆီ မေးဆတ်ပြတာ မြင်လိုက်ရသည်။

"ဧည့်သည်ရှိနေတာဆို လိုက်အုန်းမှာလား။ ဆိုင်ကယ်တော့ ငှားလို့ရခဲ့တယ်"

ပြောပြီး ‌သျှမ်းဆီခေါင်းရို့ပြကာ အရိုအသေပေးလာသည့် ကောင်လေး။ ဆုံးဖြတ်ချက်ကိုအမြန်ချပြီးနောက် ရလာသည့်အခွင့်ရေးကို အမြန်ဆုပ်ကိုင်ရင်း သျှမ်းဟာ လူငယ်လေးနှစ်ယောက်အား လောကွတ်ပြုလိုက်တော့သည်။

"အစ်ကို့မှာ ကားပါလာတယ်။ ခိုတောင်ရွာထိ  အတူသွားစားလို့ရတာပဲ"

ချစ်နိုင်းမျက်ဝန်းညိုတွေက လှုပ်လှုပ်ရှားရှားဖြစ်သွားကာ သူ့အောက်နှုတ်ခမ်းသူ ဖိကိုက်လိုက်တာ သျှမ်းအသေချာမြင်လိုက်ရသည်။ ရင်ထဲမှာ ဘာတွေရှိနေမလဲ ဝင်ပြေးကြည့်လို့ရရင် သိပ်ကောင်းမှာပဲ။အဲ့ဒီ နှလုံးသားလေးထဲမှာ သျှမ်းအတွက် နေရာဘယ်လောက်များကျန်နေသေးလဲ ဝင်ကြည့်ချင်လှသည်။ အရင်လိုမျိုး ချစ်နေအုန်းမှာလား ၊ အရင်လိုမျိုး သျှမ်းအချစ်တွေကို လိုချင်နေတုန်းပဲလား။ လိုချင်တာထက် အများကြီးပိုသည့် အချစ်တွေပေးတော့မည့်အကြောင်း ပြောပြရင်ရော ပျော်ပါအုန်းမလား။ သျှမ်း သိပ်ကိုသိချင်လှပါသည်။

လွန်ခဲ့သည့်ရက်တွေက တစ်ခေါက်လောက်ပဲထပ်တွေ့ရရင်တောင် ကျေနပ်ပါတယ်ဆိုသည့် သျှမ်းထက်ပိုင်ဟာ အခုတော့ဖြင့်အတောမသတ်နိုင်။ ချစ်နိုင်းရဲ့ ပက်သက်ရင် သူက ဘာမှတင်းတိမ်နိုင်မဲ့ကောင်မဟုတ်တာ သေချာသွားသည်။

တစ်ခေါက်လောက်ပဲထပ်ပြီး မြင်ရရင်တောင်အဆင်ပြေတယ်ဆိုတာ အလကားပြောဝာာပါ။ ဖြစ်နိုင်ရင် ချစ်နိုင်းရဲ့နောက်ထပ်ဘဝတွေအတွက်ပါ သူ့အတွက်စာချုပ်ချုပ်ထားချင်လောက်အောင် သျှမ်းလောဘတက်မိနေခဲ့ပြီဖြစ်သည်...။

…………………………………….…….….
စာရေးသူ၏ အမှာစာ:
ဒီအပိုင်းကို ဖျက်လိုက်ပြင်လိုက်နဲ့
တော်တော်ကြာပါတယ်
စိတ်တိုင်းမကျလိုက် အကုန်ပြန်ဖျက်လိုက်
ဟိုဟာဖြုတ် သည်ဟာထည့်နဲ့ပေါ့ဗျာ

အမှန်ကတော့ ချစ်နိုင်းကိုကိုအစား
ရင်ခုန်နေတာပါ:3

Zawgyi

အခ်စ္အား တစ္ဖန္ႀကိဳးစားယူျခင္း ၁

သူ ဘယ္ေလာက္ထိ ရင္ခုန္စိတ္လႈပ္ရွားေနသလဲဆို ကားစီရီယာတိုင္ကိုဆုပ္ကိုင္ထားသည့္ လက္ဖဝါးေတြေခြၽးပ်ံလာတိုင္း ဝတ္ထား‌ေသာ စတိုင္ေဘာင္းဘီေပၚ ဖိသုတ္ေနမိတာ အေခါက္ေခါက္အခါခါ ရွိေနၿပီ။ေပါင္မွာ အကြက္လိုက္စြန္းထင္းေနသည့္ ေခြၽးကြက္ေတြက သူ႕ရဲ႕စိုးထိတ္မႈႏွင့္ ရတက္မေအးျဖစ္မွာတို႔၏ ျပယုဒ္ေတြအလား။

မ်က္စိေရွ႕မွာျမင္ေနရသည့္ စစ္ကိုင္းလမ္းႏွာေပါက္ ေခၚ စစ္ကိုင္းတံတားအဝင္ဝကို ေငးရင္း သွ်မ္းတံေတြးၿမိဳခ်လိဳက္မိသည္။ သူတစ္ခါမွ ဒီေလာက္ထိေအာင္ စိတ္မလႈပ္ရွားဖူးေပ။ သူ႕ဘဝမွာ ရင္တုန္စရာေကာင္းတဲ့ ကိစၥေတြ မ်ားမ်ားစားစားမႀကဳံခဲ့ဖူးတာလဲ ပါပါလိမ့္မည္။သြားခဲ့ဖူးေသာ ခရီးလမ္း‌ေတြေလာက္ ခခက္ခဲ မၾကမ္းတမ္းသည့္တိုင္ ေပအနည္းငယ္သာရွည္သည့္ လွိုဏ္ေခါင္းအတြင္းျဖတ္ေနစဥ္ ကာလတစ္ေလွ်ာက္လုံး
စာေမးပြဲရလာဒ္ေစာင့္‌ေနရသည့္ ေက်ာင္းသားတစ္ေယာက္လို ရတက္မေအးျဖစ္ေနမိခဲ့၏။

ျဖစ္နိုင္ရင္ ဒီေနရာကေနထြက္ေျပးလိုက္ခ်င္သည္။တစ္ဖက္မွာလည္း ျမန္ျမန္ရင္ဆိုင္လိုက္ၿပီး ဒီအေျခအေနကို ေက်ာ္လႊားပစ္ခ်င္သည့္စိတ္ကလည္း အၿပိဳင္ဆိုင္ပင္။ 'ရတနာပုံ တံတား' ဆိုသည့္ ဆိုင္းဘုတ္ႀကီးကိုေက်ာ္လာခ်ိန္မွာေတာ့ သူ႕ရင္တစ္ခုလုံး တဒိတ္ဒိတ္ခုန္လ်က္။ဘာေတြျဖစ္လာလာ ဒီတံတားဆုံးသည္အထိေတာ့ သူေနာက္ျပန္လွည့္လို႔မရေတာ့ေခ်။ ျဖတ္ကူးေနေသာ ဧရာဝတီျမစ္ႀကီးဆီ ေငးခ်ိန္မရေအာင္ အေတြးေတြက ေခါင္းထဲမွာ ျပည့္ႏွက္လာ၏။ စာရိုက္ေနသလိုမ်ိဳး တဒက္ဒက္ျမည္ေနတာကိုပင္ သူခံစားလို႔ရေနသည္။

တစ္ဖက္ကမ္းမွာ ဆြမ္းဦးပုညရွင္ေစတီအပါအဝင္ လက္ညွိုးထိုးမလြဲနိုင္ေအာင္ သာသနာထြန္းကားပါသည့္ စစ္ကိုင္းေတာင္ရိုး၊ ေနာက္တစ္ဖက္ကမ္းတြင္ က်န္ခဲ့သည့္ ျမစ္ကမ္းႏွဖူးမွ ေ႐ႊၾကက္က်ဘဳရား။ ဘာတစ္ခုကိုမွ ေသခ်ာအာ႐ုံမရနိုင္ပါ။ သွ်မ္းကပဲ အေလာႀကီးလြန္းသည္လား မသိ။မႏၲေလးတိုင္းႏွင့္ စစ္ကိုင္းတိုင္းကို ဆက္သြယ္ေပးထားသည့္တံတားႀကီးက ဒီေန႕မွပိုရွည္လ်ားေနပါသလို။

သတ္မွတ္ထားသည့္ မိုင္ႏႈန္းနဲ႕ေမာင္းႏွင္ေနရျခင္းကိုပင္ စိတ္မရွည္ခ်င္ေတာ့။ အေျပးစက္ေပၚ လမ္းေလွ်ာက္ေနရသလိုမ်ိဳး အေမာႀကီးေမာလာေပမဲ့ ေနရာမေ႐ြ႕သလိုခံစားေနရသည္။ေႏွာင့္ေႏွးျခင္းဟာ သွ်မ္းတစ္ကိုယ္လုံးကိုဖိစီးလာကာ အသက္ရႉမဝျဖစ္လာေစသည္။ေျဖးေျဖးေမာင္းေမာင္း ျမန္ျမန္ေမာင္းေမာင္း သွ်မ္းအတြက္ကေတာ့ အသက္အႏၲရာယ္ရွိတာပါပဲ။ သူျမင္ခ်င္တဲ့ မ်က္ႏွာေလးကို မျမင္ရမခ်င္း အငမ္းမရျဖစ္ကာ စိတ္လြတ္ကိုယ္လြတ္ျဖစ္ေနရလိမ့္အုန္းမည္။

'ဘာေျပာရမလဲ' 'ဘယ္လိုပုံစံျဖစ္ေနမလဲ' 'ၾကည္ၾကည္သာသာမွ အေတြ႕ခံပါ့မလား'
စသည့္ ေမးခြန္းေပါင္းေသာင္းေျခာက္ေထာင္ၾကားမွာ သွ်မ္းဟာနစ္လိုက္ျမဳပ္လိုက္ျဖင့္။ ဘယ္လိုမွ ကိုယ့္ကိုယ္ကိုယ္ အဖတ္ဆယ္၍မရနိုင္ျဖစ္ေနရသည္။

မနက္မိုးမလင္းခင္ ၃နာရီေလာက္ကတည္းက ေရမိုးခ်ိဳးၿပီး ထထိုင္ေနခဲ့တာေၾကာင့္ ရင္ထဲမွာလည္း ေနလို႔သိပ္မေကာင္းလွ။စိတ္ေဆာင္ေနေသာ္လည္း ခရီးပန္းထားသည့္ကိုယ္က မူးခနဲမိုက္ခနဲအခ်က္ျပရင္း အနားယူဖို႔ႏွိုးေဆာ္ေနခဲ့၏။မည္သို႔ပင္ျဖစ္ေစ ခႏၶာကိုယ္ကိုညွာတာဖို႔ထက္ ႏွလုံးသားကိုညွာဖို႔ကသာ ပဓာနျဖစ္ေနသည့္အခါ ဆရာဦးလြတ္တာႏွင့္ ႐ုံးခန္းကေနလစ္ထြက္လို႔ အိမ္အကိုအေျပးျပန္ခဲ့မိသည္။

သပ္သပ္ရပ္ရပ္ဝတ္စားၿပီး တင္စရာရွိတာတင္ကာ အိမ္ကျပန္ထြက္လာခ်ိန္မွာေတာ့ မနက္၈နာရီခြဲရွိေနၿပီ။ မေန႕ညေနကတည္းက  ဘာမွမစားရေသးသည့္ဗိုက္က အခ်က္တျပျပႏွင့္။ သို႔ေသာ္ သွ်မ္းကေတာ့ ဘာကိုမွအေလးမထားစြာပဲ မနက္ေစာေစာဖြင့္သည့္ လက္ဖက္ရည္ဆိုင္၊စားေသာက္ဆိုင္ေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ကာ စစ္ကိုင္းေတာင္ရိုးအတိုင္း ေမာင္းႏွင္လာခဲ့လိုက္သည္။

ၿမိဳ႕တြင္းလမ္းကို ဝင္လိုက္သည္ႏွင့္ ရွည္လ်ားသည့္ သံဃာဆြမ္းတန္းမ်ားက အဆက္မျပတ္။ မိုးအေတာ္လင္းၿပီမို႔ အခ်ိဳ႕သံဃာေတြဟာ ဆြမ္းတန္းသိမ္းကာ လာႀကိဳသည့္ကားေတြေပၚမွာေတာင္ ေနရာတက္ယူၿပီးေနၾကၿပီ။ လမ္းၫႊန္ဆိုင္းဘုတ္ေတြအတိုင္း ဝါးခ်က္ေဆး႐ုံရွိရာဆီ ေမာင္းႏွင္လာေတာ့ လမ္းတစ္ေလွ်ာက္ သာသနာျပဳေခ်ာင္(ေက်ာင္းတိုက္) ေတြက မနည္းမေနာ။

တေျဖးေျဖး က်ဥ္းေျမာင္းလာသည့္လမ္းကို ဂ႐ုတစိုက္ေမာင္းလာရင္း ဧရာဝတီျမစ္ေဘးထိေရာက္လာခဲ့သည္။မိုးတြင္းကာလျဖစ္ျခင္းေၾကာင့္ ျမစ္ေရဟာ ကမ္းတိုက္လုနီးပါးလွ်ံလွ်က္ တခ်ိဳ႕ေနရာမ်ားတြင္ ဒိုက္မ်ားတင္ကပ္ကာ လွိုင္းၾကက္ခြပ္ကေလးမ်ားက အေျပးလႊားရိုက္ခတ္ေနၾကသည္။ ကားတစ္စီးႏွင့္တစ္စီး ပူးကပ္ေရွာင္ရန္ မျဖစ္သည့္လမ္းမေၾကာင့္ ဟြန္းေပၚကေနလက္မခြာနိုင္ေအာင္ အာ႐ုံစိုက္ေနရေပမဲ့ တစ္ဖက္ကျမစ္ႀကီးကို ေၾကာက္ရေကာင္းမွန္းေတာ့ သတိမရနိုင္။ သွ်မ္းေခါင္းထဲမွာ ရွိသမွ်အားလုံးက  ခ်စ္နိုင္းေအာင္သာ။

ျမစ္ကမ္းေဘးက ဇီဝိတဒါန သံဃေဆး႐ုံႀကီးႏွင့္နီးကပ္လာေလ သွ်မ္းရင္က ဆတိုးလႈပ္ခတ္လာေလပင္။ျမစ္ကမ္းနံေဘးက ဒိုက္ေျမာေတြအလား လွိုင္းရိုက္ခံေနရသလိုနည္းနည္းမွအရွိန္မေသ။ေဆး႐ုံႏွင့္မနီးမေဝး ေနရာက်ယ္က်ယ္မွာ ကားကိုခ်ရပ္ၿပီးေတာ့လည္း ခ်က္ခ်င္းမဆင္းရဲေသးပဲ ထိုင္ေနမိ၏။ ဒီေနရာက သွ်မ္းနဲ႕စိမ္းမေနေပမဲ့ စိမ္းခ်င္ေနသည့္တစ္စုံတစ္ေယာက္ေၾကာင့္ သတၱိရွိရွိ ေျခမခ်ရဲေနတာျဖစ္သည္။

တကယ္ေတာ့ ဝါးခ်က္ေဆး႐ုံဆိုတာ ပရဟိတ အသင္းအဖြဲ႕ေတြႏွင့္ စိမ္းကားသည့္ေနရာမဟုတ္။ သံဃေဆး႐ုံဆိုေသာ္လည္း လူပုဂၢိဳလ္ေတြပါ ေဆးကုသမႈခံနိုင္သည့္ ေဆး႐ုံႀကီးတစ္ခုျဖစ္ကာ သွ်မ္းကိုယ္တိုင္ပင္ ေလးငါးႀကိမ္ေလာက္ ဒီေဆး႐ုံကိုလာၿပီး ဒါနျပဳခဲ့ဖူးသည္။ ေဆးကုသမႈမဟုတ္လွ်င္ေတာင္ အလႉေငြလႉဒါန္းဖို႔အတြက္ ေရာက္‌ေနက်ေနရာတစ္ခုဆိုလည္း မမွား။

ျမန္မာနိုင္ငံမွ ပါရဂူႀကီးမ်ား၊သမားေတာ္ႀကီးမ်ားသာမက နိုင္ငံျခားမွပညာရွင္မ်ားပါ လာေရာက္တတ္ၾကသည့္ ဒီေဆး႐ုံႀကီးဟာ ေငြေၾကးသက္သာစြာႏွင့္ အေျခခံလူတန္းစားမ်ားအတြက္ ကုသိုလ္ျဖစ္ ခြဲစိတ္ကုသမႈေတြ ျပဳလုပ္ေပးေနရာ ေနရာတစ္ခုလည္းျဖစ္၏။ မ်က္စိခြဲစိတ္ကုသမႈ၊ ဆီးလမ္းေၾကာင္းဆိုင္ရာ ကုသမႈ၊ကေလးခြဲစိတ္ကုသမႈေတြသာမကပဲ အျခားေသာကုသေရးဆိုင္ရာေတြအတြက္ သူ႕အဖြဲ႕အစည္းႏွင့္သူ ႏွစ္စဥ္ လာေရာက္ခြဲစိတ္ကုသေပးလ်က္ရွိၾကသည္။

အားမနာစတမ္း ဆက္သြယ္မည္ဆိုပါက ဒီေဆး႐ုံမွာ သွ်မ္းနဲ႕မ်က္မွန္းတန္းမိေလာက္သည့္ က်န္းမာေရးဝန္ထမ္းေတြ မနည္းမေနာပင္။ သူလိုကိုယ္လို ပရိဟိတ တစ္ပိုင္တစ္နိုင္အဖြဲ႕ေတြလည္းရွိတာေၾကာင့္ ႀကိဳက္တဲ့သူကို လွမ္းအကူညီေတာင္းလို႔ရ၏။သို႔တိုင္ေအာင္ သွ်မ္းဟာမဝံ့မရဲျဖစ္ကာ ကားေပၚမွာတင္ ဆယ္မိနစ္ေက်ာ္ေလာက္ အားယူေနခဲ့မိသည္။

စိတ္ပိုင္းျဖတ္ၿပီး ကားေပၚကဆင္းခ်ိန္မွာေတာ့ ျမစ္ျပင္ကိုျဖတ္တိုက္လာသည့္ ေလေျပတို႔ဟာ သွ်မ္းကို ကလူက်ီစယ္ဖို႔ အရင္ဦးဆုံးအေျပးလႊား ေရာက္ရွိလာၾကသူမ်ားပင္။ ပတ္ဝန္းက်င္ကား ဆူညံမႈသိပ္မရွိ။ ျဖတ္သြားျဖတ္လာ ကားသံဆိုင္ကယ္သံတစ္ခ်ိဳ႕ႏွင့္ ျမစ္ထဲမွာခုတ္ေမာင္းေနသည့္ ေမာ္ေတာ္သံသဲ့သဲ့ကသာ စိုးမိုးထားသည္။

ေဆး႐ုံထဲဝင္လာၿပီးေနာက္ သွ်မ္းေျခလွမ္းေတြက ရင္းႏွီး‌ေနက်ေနရာေတြဆီ အလိုလိုဆြဲေခၚသြား၏။ ႏွစ္ေတြၾကာခဲ့ေပမဲ့ ျပန္လည္မြမ္းမံထားသည့္ေနရာေတြကလြဲလွ်င္ ေနရာေတာ္ေတာ္မ်ားမ်ားကို သူမွတ္မိေနဆဲ။ ဘယ္သူ႕ကိုေတြ႕ဖို႔ ဘယ္ေနရာကိုသြားနိုင္သလိုဆိုတာ ၾကာၾကာစဥ္းစားစရာမလိုပဲ သူေျခေထာက္ေတြက အေရာက္ပို႔ဖို႔အသင့္ပင္။

ေနာက္ဆုံး ေကာင္တာမွာရပ္လိုက္ေတာ့ သွ်မ္းဆီေရာက္လာသည့္ သူနာျပဳဆရာမသုံးဦး၏ အၾကည့္ေတြက ျပဴးေၾကာင္ေၾကာင္ႏွင့္။တန္းစီထိုင္ေနရာမွာ မတ္တပ္ထရပ္လိုက္ၾကကာ သွ်မ္းကိုသတိထားၾကည့္လာၾက၏။ သူတို႔ၾကည့္ရတာ ဒီေလာက္က်န္းမာေနသည့္ လူနာကိုမျမင္ဖူးသည့္ႏွယ္။ ေဆးစစ္ေပးသည့္ေနရာကို ေရာက္လာတတ္သည္က အဖိုးအဖြားမ်ားႏွင့္ လူမမယ္ကေလးမ်ား၊ေရာဂါသည္မ်ားသာ မ်ားသည္ေၾကာင့္ ဒီေလာက္ဖ်တ္လတ္သန္စြမ္းေနသည့္ အမ်ိဳးသားကလူနာေမးလာတာသာျဖစ္မည္ဟု ထင္သြားၾကပုံရသည္။

"ဘယ္လူနာကို လာရွာတာလဲမသိဘူးရွင့္"

"အာ...လူနာလာရွာတာေတာ့ မဟုတ္ပါဘူး"

"ရွင္"

"ဆရာဝန္ လာရွာတာပါ"

"..."

သူနာျပဳသုံးေယာက္ခင္မ်ာ မနက္ေစာေစာေခါင္းစားသြားၾက၏ ။တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း မ်က္စိေရွ႕ကလူေခ်ာကို ဘယ္လိုတုန႔္ျပန္ရမည္မသိ။ သမားေတာ္ႏွင့္ ျပေနက်သဴလည္းမျဖစ္နိုင္။လာတဲ့ပုံစံၾကည့္ရသေလာက္ေတာ့ အေလာတႀကီးျဖစ္ေနၿပီး မ်က္စိေတြက ေဆး႐ုံတစ္ဝိုက္က်ီးကန္ေတာင္းေမွာက္သလို ရွာေဖြေနတာမို႔ ဘာအတြက္လာသည္ဆိုတာ ခန႔္မွန္းဖို႔ခက္လွ၏။

"ျပေနက် ဆရာဝန္ကဘယ္သူလဲ ။ေဆးစာအုပ္ေရာပါလားရွင့္"

ကိုလူေခ်ာက ေခါင္းယမ္းျပရင္း ေဆး႐ုံေကာင္တာေပၚ လက္တစ္ဖက္တင္လိုက္သည္။ လူနာရွင္ေတာ္ေတာ္မ်ားမ်ားက ‌က်န္မားေရးဝန္ထမ္းေတြကိုဆို ဆရာ၊ဆရာမဟု အမည္တပ္ၿပီး တေလးတစားရွိတတ္တာေၾကာင့္ ဒီလူကိုၾကည့္ရတာသူတို႔ႏွင့္ တရင္းရတႏွီးရွိသလိုပုံစံပါပဲ။

"အဲ့ဒါဆို နာမည္စာရင္းေပးမွ ရမွာ။ လူနာရဲ႕နာမည္နဲ႕ ေရာဂါေတြေျပာပါအုန္း။ ဒီဘက္မွာေဖာင္ျဖည့္ေပးပါ"

"မဟုတ္ဖူး လူနာလာျပတာမဟုတ္ဖူး ဆရာမတို႔"

"ရွင္" ထပ္ၿပီး ေၾကာင္ေတာင္ေတာင္ျဖစ္ရျပန္ၿပီ။ ေဆး႐ုံလာတာ လူနာျပဖို႔မဟုတ္ရင္ ေကာင္တာအထိ ဒီလူဘာလာရႈပ္သလဲ။

"ဒီမွာ ကုသိုလ္ျဖစ္လာလုပ္တဲ့ ဆရာဝန္ေတြကို ဘယ္အခ်ိန္ေတြ႕နိုင္မလဲ"

"ဘယ္ဌာနမွာ ဂ်ဴတီက်တာလဲမသိဘူး"

"အာ...အဲ့ဒါ"

ရင္ခုန္ေနရာမွ သွ်မ္းေခါင္းကိုက္သြားရသည္။ အဲ့ဒါမွ တကယ့္ျပႆနာပင္။ ေတြ႕ဖို႔ျမင္ဖို႔ကိုသာ အားသန္ေနခဲ့ၿပီး ခ်စ္နိုင္းဘယ္ဌာနမွာဝင္ေနလဲဆိုတာ သူမသိ။ ဆရာဦးကလည္း OHက seminarမွာေတြ႕ခဲ့တာရယ္၊ ဝါးခ်က္မွာကုသိုလ္ျဖစ္လုပ္ေနသည္ဆိုတာရယ္ကလြဲရင္ ဘာမွတိတိက်က်မေျပာခဲ့ေပ။ ေတြ႕မွေတြ႕ရပါမလားဆိုသည့္ ေမွ်ာ္လင့္ခ်က္ကေလးေပ်ာက္ခ်င္လာသည္။ တျခားတစ္ေနရာကို ထြက္ေျပးသည္လို႔ေတာ့ မေျပာၾကပါႏွင့္။ဒီလိုသာဆို သွ်မ္းေတာ့ထပ္႐ူးဖို႔သာရွိေတာ့မည္။

ၾကားခ်င္တာေတြ မၾကားရတဲ့အခါ သူ႕မ်က္ႏွာက ခ်က္ခ်င္းမအီမသာ႐ုပ္ေပါက္လို႔ ရင္ဘတ္တစ္ခုလုံးတင္းၾကပ္ၿပီး အသက္ရႉမဝသလိုျဖစ္လာခဲ့သည္။ ခုမွ သူတကယ္ႀကီးေဆး႐ုံတက္ရေတာ့မည္ အေျခေနေရာက္ေတာ့မည္။ ဒါကိုျမင္ေတာ့ သူနာျပဳဆရာမေလးေတြလည္း စိုးရိမ္သြားပုံရ၏။ တစ္ေယာက္လက္ကိုတစ္ေယာက္တို႔လို႔ သွ်မ္းဆီ သူတို႔တတ္သေလာက္ေျပာလာၾကရွာသည္။

"ကုသိုလ္ျဖစ္လာတဲ့ အဖြဲ႕ေတြကအမ်ားႀကီးဆိုေတာ့ နာမည္ေျပာရင္ေတာင္ ရွာဖို႔ကခက္တယ္။ဒါေပမဲ့ ညီမတို႔က စာရင္းနဲ႕တိုက္ရွာေပးလို႔ေတာ့ ရတာမို႔ နာမည္ေလးတစ္ခ်က္ေလာက္ေျပာေပးပါလား "

"လြန္ခဲ့တဲ့ တစ္ပါတ္ေက်ာ္ေလာက္ကမွ ဝင္တဲ့သူပါ နာမည္က ခ်စ္...."

ေျပာသံမဆုံးခင္မွာပဲ ေနာက္ကျဖတ္ဝင္လာသည့္အသံ။

"ဘာျဖစ္တာလဲ အစ္မတို႔"

ရင္းႏွီးသလိုအသံေၾကာင့္ သွ်မ္း ခ်က္ခ်င္းလွည့္ၾကည့္လိုက္မိသည္။ ဆံပင္ဂုတ္ဝဲႏွင့္ ဂ်ဴတီကုတ္အိတ္ေထာင္ထဲ လက္ႏွစ္ဖက္ထည့္တာ ေလွ်ာက္လာသူထံမွ ေဒါက္ဖိနပ္သံက တဂြက္ဂြက္။ အနီးကပ္လာသည့္ မ်က္ႏွာရွင္းရွင္းကိုျမင္လိုက္ရခ်ိန္မွာေတာ့ သွ်မ္းအေတာ္ဝမ္းသာသြားသည္။ ဒီကေလးမေလးကို သူေသခ်ာေပါက္သိတာေပါ့။ ခ်စ္နိုင္းရဲ႕ အတန္းေဖာ္ေကာင္မေလးကို ။ သူတို႔ဘြဲ႕ယူတုန္းကေတာင္ သွ်မ္းကိုဓာတ္ပုံရိုက္ေပးဖို႔ ေတာင္းခဲ့ေသးသည္ မဟုတ္ပါလား။

"ဆရာဝန္လာရွာတာတဲ့ နဒီ။ အစ္မတို႔က ကုသိုလ္ျဖစ္လာတဲ့သူေတြက် အကုန္မသိေတာ့"

ဆတ္ခနဲ သွ်မ္းကိုေမာ့ၾကည့္လာၿပီးေနာက္ မ်က္မွန္အဝိုင္းေအာက္က မ်က္ဝန္းေတြဝိုင္းစက္သြား၏။ သူမက တအံ့တဩေရ႐ြတ္ဖို႔လုပ္ေနေပမဲ့ တစ္ခုခုကိုတန္းၿပီးအမွတ္မရနိုင္သလို ‌ဇေဝဇဝါျဖစ္ေနတာေၾကာင့္ သွ်မ္းကပဲအရင္ႏႈတ္ဆက္လိုက္ေတာ့သည္။

"ညီမေလးက ခ်စ္နိုင္းသူငယ္ခ်င္းမို႔လား"

အာ ခနဲ ရည္႐ြတ္ၿပီးမွ မွတ္မိသြားသူက လက္ခုပ္တစ္ခ်က္တီးကာ ေခါင္းတဆတ္ဆတ္ၿငိမ့္သည္။ၿပီးမွ သွ်မ္းကိုၿပဳံးျပရင္း မွတ္မိေၾကာင္းႏႈတ္ဆက္လာေတာ့၏။

"ေဒါက္တာသွ်မ္း ..Oo Groupက ဆရာဝန္ေလ။ ညီမ မွတ္မိပါၿပီ"

"ဒါ ဟိုတစ္လက အလႉလာလႉေသးတဲ့ အန္ကယ္စန္းမင္းဦးတို႔ဘက္က ဆရာဝန္ပဲ အစ္မတို႔ရဲ႕။ အစ္ကိုက ဒီဘက္ေတြမလာဖူးေတာ့  အစ္မတို႔နဲ႕ မရင္းႏွီးၾကတာျဖစ္မယ္"

စိတ္႐ႊင္လန္းလာမႈေနာက္ အၿပဳံးေတြဘယ္ေလာက္ေတာင္ ေပးေနမိလဲမသိေတာ့ပါ။ အုံ႕မွိုင္းေနသည့္တိမ္လႊာေတြၾကားထဲ ေနေရာင္ျခည္ေလးျဖာက်လာသလို သွ်မ္းရင္တစ္ခုလုံးေႏြးေထြးလာရသည္။ ေစာေစာက ‌ျပဳတ္က်သြားသည့္ေမွ်ာ္လင့္ခ်က္ေတြအားလုံး ကြဲေၾကခါနီးမွ ပင့္အထိန္းခံလိုက္သလို စိတ္သက္သာရသြားကာ ထိုကေလးမေလးေျပာသမွ်ကို ေခါင္းၿငိမ့္ၿပီးလက္ခံေနမိေတာ့သည္။

"ေဒါက္တာက ဆရာဝန္လာရွာတာေျပာတယ္။ နဒီသိမလား ေမးၾကည့္အုန္း"

သူနာျပဳဆရာမေလးရဲ႕ အေရာက္ပို႔ေနမႈက ေက်းဇူးတင္စရာ။ ေသခ်ာေပါက္ နဒီသိကိုသိပါလိမ့္မည္။ သွ်မ္းရင္ထဲက ေသခ်ာျခင္းေတြဟာ ျဖစ္နိုင္ေခ်ကိဳႀကိဳျမင္ေနရပါသည့္ႏွယ္။ေနာက္ဆုံးမွာေတာ့ ေမးခြန္းအပိုင္ရသည့္ ေက်ာင္းသားတစ္ဦးလိုမ်ိဳး ယုံၾကည္ခ်က္ရွိစြာပဲ အသိခ်င္ဆုံးေမးခြန္းကိုေမးလိုက္ေတာ့သည္။

"အစ္ကို ဘယ္သူ႕ကို လာရွာတာလဲမသိဘူး"

"အစ္ကိုက ခ်စ္နိုင္း...ခ်စ္နိုင္းေအာင္ကို လာရွာတာပါ။ သူဒီမွာ ရွိလားမသိဘူး"

ရွိလိုက္ပါ ၊ေက်းဇူးျပဳၿပီးရွိေနေပးပါ။စိတ္ထဲမွ ေတာင္းဆိုမႈေတြဟာ အဆက္မျပတ္။ ကိုကိုနဲ႕ေတြ႕ပါအုန္း ၊ ကိုကို႔ကို မေက်မနပ္ပဲျဖစ္ျဖစ္ၾကည့္ေပးပါအုန္း စသည့္ေရ႐ြတ္မႈေတြက ရင္ဘတ္တစ္ခုလုံးျပည့္လွ်ံေလာက္ေအာင္ တလွိမ့္လွိမ့္တက္လာေနၾကသည္။

"သူ ဒီမွာမရွိဘူး"

နဒီ့အေျဖမွာ ‌သွ်မ္းေျခေထာက္ေတြက ေခြက်လဳမတတ္။ေဆး႐ုံေကာင္တာကိုပင္ ခပ္တင္းတင္းဆုပ္ကိုင္ထားမိလိုက္သည္။

"ဟိုဘက္မွာ မုန႔္သြားစားဖို႔ လုပ္ေနတယ္လို႔  ဟီးဟီး"

႐ႊတ္ေနာက္ေနာက္ေျပာၿပီးေနာက္ နဒီကတသိမ့္သိမ့္ရယ္၏။ သူမဆံပင္တိုေတြက ဝဲခနဲပင္ျဖစ္သြားၾကသည္။ ၿပီးမွတစ္ဖက္တံခါးေပါက္ဆီ ၫႊန္ျပကာ ခ်စ္နိုင္းဆီလိုက္သြားဖို႔ လမ္းျပ‌ေပး၏။ပါးစပ္ကလည္း အေအာ္မျပတ္...

"ခ်စ္နိုင္းေအာင္...နင့္ဧည့္သည္ေရာက္ေနတယ္"

သွ်မ္းပဲ စိတ္ထင္သလားမသိ။ နဒီ့အသံက တစ္ခုခုကို ႀကိဳသတိေပးေနပါသလို။ ရယ္သံသဲ့သဲ့ကလည္း ကပ္ပါလာေသးသည္။

တံခါးကေန ဝင္လိုက္သည္ႏွင့္ က်ယ္ျပန႔္ေသာနားေနခန္းက သွ်မ္းေရွ႕မွာၿငိမ္သက္ေန၏။ မုန႔္ထုပ္မ်ား၊ေဆးဘူးမ်ား တန္းစီတင္ထားေသာ ကုတင္ႏွင့္ ကုလားထိုင္တခ်ိဳ႕ကလြဲလွ်င္ အခန္းထဲမွာ လူရိပ္ပင္မျမင္ရ။ နဒီထပ္ၿပီး စေနာက္လိုက္ျပန္ေလသလား။ ဒီကေလးမေလးက သူ႕ကိုစေနာက္ရတာ သေဘာေတြ႕နိုင္ေသးတယ္ေပါ့ေလ။

ေဒါသထြက္၍ပင္မဆုံးေသး ေရဆြဲခ်သံႏွင့္အတူ အခန္းထဲရွိ တံခါးတစ္ခ်ပ္ပြင့္ဟသြားခဲ့သည္။ ထိုအခန္းက်ယ္ထဲတြင္ အိမ္သာႏွင့္ေရခ်ိဳးခန္းတြဲလ်က္ အခန္းတစ္ခု ထပ္ရွိေနခဲ့ျခင္းပင္။

အိမ္သာထဲမွထြက္လာသည့္ အရိပ္ကေလးကိုျမင္‌လိုက္သည္ႏွင့္ အသက္ပင္ရဲရဲမရႉရဲေတာ့။ အရာရာက တိတ္ဆိတ္ၿငိမ္က်သြားၿပီး  သွ်မ္းဟာလည္း ေရခဲရိုက္ခံလိုက္ရသည့္ ငါးတစ္ေကာင္သဖြယ္ ေတာင့္တင္းသြားေတာ့သည္။အလြမ္းေျပေလးက သူ႕ကိုလုံးဝသတိထားမိပုံမေပၚ။ တံခါးကလန႔္ကို အေသခ်ာေစ့ပိတ္ေနၿပီး ‌သွ်မ္းဘက္ကို ေက်ာေပးထားခဲ့သည္။

"ခိုေတာင္မုန႔္တီဆိုင္ထိဆို ကားငွားသြားေနရအုန္းမွာ။ ဒီနားနီးနီးနားနား ရွိတာပဲစားမလား"

ေသေလာက္သည္။ တကယ္ကို ေသနိုင္ေလာက္ပါသည္။ ႏူးညံ့ၿပီး ၾကင္လင္ေနေသာ ထိုအသံကေလးကို သွ်မ္း ဘယ္ေလာက္ေတာင္မွ လြမ္းေနခဲ့ရသလဲ။ သုံးႏွစ္လုံး ႐ူးေလာက္ေအာင္ လြမ္းေနခဲ့ရတာ။သတိရလြန္းလို႔ မ်က္ရည္ပါက်တဲ့အထိ သူ႕ကိုယ္သူဖိႏွိပ္ထားခဲ့ရတာ။ ယခုပင္ ပိန္က်သြားသည့္ ထိုေက်ာျပင္ကေလးဆီ အေျပးသြားလို႔ သူ႕ရင္ခြင္က်ယ္ႏွင့္ဖိကပ္ကာ တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားခ်င္စိတ္ကို အေတာ္ေလးခ်ိဳးႏွိမ္ေနရသည္။

ဂုတ္သားေဖြးေဖြးေပၚမွာ အဖ်ားကုတ္ကုတ္ကေလးေတြျဖစ္ေနသည့္ ေ႐ႊအိုေရာင္ဆံပင္စမ်ား။ နား႐ြက္ဖ်ားက ထင္းေနသည့္ ေငြေရာင္နားကြင္း၊ ကခ်င္အဆင္ပုဆိုးကို တင္းေနေအာင္စည္းဝတ္ထားမႈေၾကာင့္ ေပၚလြင္ေနသည့္ခါးသြယ္သြယ္။ ေနာက္ကၾကည့္လွ်င္ေတာင္ လႊတ္မထားခ်င္ေလာက္သည့္ သွ်မ္းရဲ႕ရင္ခုန္သံေလးဟာေလ။

"နဒီကေရာ လိုက္......"

ပြင့္ဟသြားေသာ ႏႈတ္ခမ္းဖူးဖူးက အံ့ဩရိပ္ေတြသန္းလို႔။လွည့္ၾကည့္လာသည့္ မ်က္ဝန္းညိုေတြ ဝိုင္းစက္သြားကာ မယုံၾကည္နိုင္သလိုမ်ိဳး မ်က္ေတာင္ေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္လာခဲ့သည္။ မ်က္ခုံးထက္ထိ ပိရိေသသပ္စြာက်ေနသည့္အျပင္ နား႐ြက္ေပၚေအာင္ညွပ္ထားသည့္ ဆံပင္ေတြေၾကာင့္ ေယာက္်ားဆန္ေသာမ်က္ႏွာထားက ပိုေပၚလြင္ေန၏။ ေငြေရာင္နားကြင္းေလးက ဘယ္ဘက္နား႐ြက္ဖ်ားမွာ လဲ့ေနေအာင္ေနရာယူထားလ်က္။

ပိုမိုျဖဴဝင္းလာေသာ အသားရည္ေၾကာင့္
သွ်မ္းကိုၾကည့္ေနသည့္ မ်က္ႏွာေလးက သိသိသာသာ ရဲတက္လာသည္။မိုးျပာေရာင္ ရွပ္အကၤ်ီလက္တိုကေလးႏွင့္ ႏုငယ္သည့္လူငယ္ေလး၏ေတာက္ပမႈက ဘာနဲ႕မွႏွိုင္းယွဥ္ဖို႔မရွိနိုင္။

တကယ္ကို သွ်မ္းရဲ႕ခ်စ္နိုင္းေလး ျပန္လာခဲ့တာပါပဲ။ ‌သွ်မ္းရဲ႕ အေၾကာက္တရားေလး ၊ လူဆိုးေလး ျပန္လာခဲ့ၿပီပဲ။

မယုံၾကည္နိုင္ျခင္းထက္ အိပ္မက္တစ္ခုကေန နိုးထသြားရမွာ ေၾကာက္သလိုမ်ိဳး သွ်မ္းဟာမ်က္ေတာင္ရဲရဲမခတ္ရဲ။သူ႕ႏွလုံးသားက ပန္းဝင္သြားၿပီမို႔ အားလုံးကိုလႊတ္ခ်ၿပီး လွဲခ်လိဳက္ခ်င္ေနၿပီ။ ေနာက္ဆုံးေတာ့ ေရာက္ခဲ့ၿပီပဲဆိုကာ စိတ္ဒုန္းဒုန္းခ်လိဳက္ခ်င္ပါၿပီ။သို႔တိုင္ေအာင္ အေျခအေနက သူ႕ကိုရပ္တန႔္ခြင့္လုံးဝမေပး။ တကယ္တမ္း သွ်မ္းရဲ႕ဇာတ္လမ္းက အခုမွစရမွာမဟုတ္ပါလား။အတိုးခ် အလြမ္းသယ္ၿပီး ဒီတိုင္းရပ္ခ်လိဳက္လို႔မျဖစ္ပါ။

အခ်ိန္အေတာ္ၾကာေအာင္ တစ္‌ေယာက္ကိုယ္တစ္ေယာက္ၾကည့္ေနမိၿပီးေနာက္ တိတ္ဆိတ္ေနသည့္ေလထုကို သွ်မ္းကအရင္ၿဖိဳခြဲလိုက္ေတာ့သည္။

ဂြီ!!

ေသစမ္း။ သွ်မ္းရည္႐ြယ္ထားတာ ဒီလိုမဟုတ္ဖူး။ မေန႕ညက တစ္ညလုံးမအိပ္နိုင္ေအာင္ ဘာေတြေျပာရမလဲစဥ္းစားေနခဲ့တာ။ ေတြ႕ေတြ႕ခ်င္း ေျပးဖက္ထားရမလား၊ ဒူးေထာက္ၿပီးေတာ့ပဲ "အားလုံးကိုကိုမွားတာပါ" ဟု ေတာင္းပန္ရမလား ေတာက္ေလွ်ာက္စဥ္းစားထားခဲ့ရတာ။ ခုေတာ့ စစခ်င္းထြက္သြားမိတာ ဂြီ တဲ့လား။ ဘယ္ေလာက္ေတာင္ ေစာင္သုံးမက်လိဳက္သလဲ။

သွ်မ္းခႏၶာကိုယ္တစ္ခုလုံး ပူထူလာကာ သူ႕ကိုယ္သူသတိမထားမိလိုက္ခင္မွာပဲ မ်က္ႏွာကဆူပုတ္ေနခဲ့ၿပီ။ လက္ခနဲျဖစ္သြားသည့္ မ်က္ဝန္းညိုေတြကို ဟန္ကိုယ့္ဖို႔ဆက္ၾကည့္ေနေပမဲ့ သွ်မ္းစိတ္ထဲမွာေတာ့ သူ႕ဗိုက္ထဲက အူေတြကလီစာေတြကို ရစရာမရွိေအာင္ ဆဲဆိုေနခဲ့သည္။ သုံးႏွစ္လုံး ေဝးေနခဲ့ၿပီးမွ ပထမဆုံး သူ႕ဆီကတုန႔္ျပန္သံက အဓိပၸာယ္တစ္စက္မွမရွိ။ ရွက္႐ြံ႕စိတ္ႏွင့္ ကိုယ့္ကိုယ္ကိုယ္ မေက်နပ္စိတ္တို႔ေပါင္းမိတဲ့အခါ သွ်မ္းဟာ ေခါင္းငုံ႕ခ်လိဳက္မိေတာ့သည္။ေနာက္မွ  သူ႕ႏႈတ္ခမ္းေတြကို မပြင့္တပြင့္လုပ္လ်က္ ခ်စ္နိုင္းဆီ စကားျပဳဖို႔ အစျပဳလိုက္၏။

"ကိုကိုက..."

"ခိုေတာင္ မုန႔္တီ.."

"ဟမ္"

ၿပိဳင္တူထြက္သြားၾကသည့္ စကားသံေတြက နည္းနည္းမွ အဆက္စပ္မရွိ။ ဒုတိယအႀကိမ္အျဖစ္ သူတို႔မ်က္ဝန္းေတြ ဆုံသြားၾကျပန္သည္။ မ်က္ဝန္းညိုေတြက ခ်စ္စရာ။ သုံးႏွစ္အတြင္း လူကဘယ္လိုျဖစ္လို႔ နည္းနည္းေတာင္ အသက္ႀကီးလာပုံမေပၚရတာလဲ။ ေ႐ႊ‌အိုေရာင္ဆံပင္ပါေပါင္းလိုက္သည့္အခါ ခ်စ္နိုင္းပုံစံေလးက သွ်မ္းကိုမ်က္ရည္ပင္ဝဲလာေစနိုင္ေလာက္သည္။

"..အရင္ ေျပာပါ"
ရင္ထဲက အမည္နာမ္စားကို သွ်မ္းႏႈတ္ဖ်ားက ဘယ္လိုမွမထြက္။အသားမက်ေသးတာတာေၾကာင့္ သူရွက္ေနသည္ဟုေျပာလွ်င္ ယုံမည္သူရွိပါ့မလားမသိေပမဲ့ အတည္ႀကီးကို သွ်မ္းရွက္ေနတာပါ။သူတို႔ခ်င္း မေတြ႕တာၾကာလို႔ ေနရထိုင္ရခက္ေနတာလည္း ပါပါလိမ့္မည္။

"ခိုေဝာာင္မုန႔္တီ လိုက္စားမလားလို႔"

လိပ္ျပာအေကာင္တစ္သန္း ရင္ထဲဝဲပ်ံသြားသည့္ႏွယ္။သွ်မ္းႏႈတ္ခမ္းေတြဟာ အတားဆီးမဲ့စြာၿပဳံးမိသြားသည္။ ဒါက သူ႕ႏွလုံးသားေလးက သူ႕ကိုဖိတ္ေခၚေနတာ မဟုတ္ပါလား။ ခ်စ္နိုင္းဟာ သွ်မ္းအေပၚဘယ္ေတာ့မွ မစိမ္းကားဘူး။

"ခ်စ္နိုင္းေအာင္ မင္းဒီတစ္သက္ ထြက္လာအုန္း....အယ္"

ခပ္စူးစူးေအာ္သံႏွင့္ အခန္းထဲဝင္လာသူက ခ်စ္နိုင္းႏွင့္မတိမ္းမယိမ္းအ႐ြယ္ေလာက္ပဲ ရွိမည္။ စတိုင္ေဘာင္းဘီရွည္ႏွင့္ ငွက္ခါးစိမ္းေရာင္ စပို႔ရွပ္လက္ရွည္ကိုတြဲဝတ္ထားကာ သွ်မ္းကိုျမင္ေတာ့ ေအာ္လက္စ စကားကိုရပ္လို႔ ခ်စ္နိုင္းဆီ ေမးဆတ္ျပတာ ျမင္လိုက္ရသည္။

"ဧည့္သည္ရွိေနတာဆို လိုက္အုန္းမွာလား။ ဆိုင္ကယ္ေတာ့ ငွားလို႔ရခဲ့တယ္"

ေျပာၿပီး ‌သွ်မ္းဆီေခါင္းရို႔ျပကာ အရိုအေသေပးလာသည့္ ေကာင္ေလး။ ဆုံးျဖတ္ခ်က္ကိုအျမန္ခ်ၿပီးေနာက္ ရလာသည့္အခြင့္ေရးကို အျမန္ဆုပ္ကိုင္ရင္း သွ်မ္းဟာ လူငယ္ေလးႏွစ္ေယာက္အား ေလာကြတ္ျပဳလိုက္ေတာ့သည္။

"အစ္ကို႔မွာ ကားပါလာတယ္။ ခိုေတာင္႐ြာထိ  အတူသြားစားလို႔ရတာပဲ"

ခ်စ္နိုင္းမ်က္ဝန္းညိုေတြက လႈပ္လႈပ္ရွားရွားျဖစ္သြားကာ သူ႕ေအာက္ႏႈတ္ခမ္းသူ ဖိကိုက္လိုက္တာ သွ်မ္းအေသခ်ာျမင္လိုက္ရသည္။ ရင္ထဲမွာ ဘာေတြရွိေနမလဲ ဝင္ေျပးၾကည့္လို႔ရရင္ သိပ္ေကာင္းမွာပဲ။အဲ့ဒီ ႏွလုံးသားေလးထဲမွာ သွ်မ္းအတြက္ ေနရာဘယ္ေလာက္မ်ားက်န္ေနေသးလဲ ဝင္ၾကည့္ခ်င္လွသည္။ အရင္လိုမ်ိဳး ခ်စ္ေနအုန္းမွာလား ၊ အရင္လိုမ်ိဳး သွ်မ္းအခ်စ္ေတြကို လိုခ်င္ေနတုန္းပဲလား။ လိုခ်င္တာထက္ အမ်ားႀကီးပိုသည့္ အခ်စ္ေတြေပးေတာ့မည့္အေၾကာင္း ေျပာျပရင္ေရာ ေပ်ာ္ပါအုန္းမလား။ သွ်မ္း သိပ္ကိုသိခ်င္လွပါသည္။

လြန္ခဲ့သည့္ရက္ေတြက တစ္ေခါက္ေလာက္ပဲထပ္ေတြ႕ရရင္ေတာင္ ေက်နပ္ပါတယ္ဆိုသည့္ သွ်မ္းထက္ပိုင္ဟာ အခုေတာ့ျဖင့္အေတာမသတ္နိုင္။ ခ်စ္နိုင္းရဲ႕ ပက္သက္ရင္ သူက ဘာမွတင္းတိမ္နိုင္မဲ့ေကာင္မဟုတ္တာ ေသခ်ာသြားသည္။

တစ္ေခါက္ေလာက္ပဲထပ္ၿပီး ျမင္ရရင္ေတာင္အဆင္ေျပတယ္ဆိုတာ အလကားေျပာဝာာပါ။ ျဖစ္နိုင္ရင္ ခ်စ္နိုင္းရဲ႕ေနာက္ထပ္ဘဝေတြအတြက္ပါ သူ႕အတြက္စာခ်ဳပ္ခ်ဳပ္ထားခ်င္ေလာက္ေအာင္ သွ်မ္းေလာဘတက္မိေနခဲ့ၿပီျဖစ္သည္...။

…………………………………….…….….
စာေရးသူ၏ အမွာစာ:
ဒီအပိုင္းကို ဖ်က္လိုက္ျပင္လိုက္နဲ႕
ေတာ္ေတာ္ၾကာပါတယ္
စိတ္တိုင္းမက်လိဳက္ အကုန္ျပန္ဖ်က္လိုက္
ဟိုဟာျဖဳတ္ သည္ဟာထည့္နဲ႕ေပါ့ဗ်ာ

အမွန္ကေတာ့ ခ်စ္နိုင္းကိုကိုအစား
ရင္ခုန္ေနတာပါ:3

Continue Reading

You'll Also Like

174K 14K 61
ရှင်သန်မှုပုံစံနှင့် စိတ်သဘောထား မတူညီသော လူသုံးယောက် ကြားမှ မွေးဖွားလာသော အချစ်တစ်ခု . . . အချစ်ကို မကိုးကွယ်တတ်တဲ့ ကောင်လေးရဲ့ ချစ်တတ်လာသောနှလုံးသ...
388K 53.1K 61
နန်းမြို့ရိုး၏ ချစ်ခြင်း အလင်္ကာရဲ့ အဆက်ပါ။ Completed
250K 11.6K 83
Uni လူတွေအပေါ်အားနာတက်တဲ့ မိဘအလိုကျ ညည်းထွားမှုမရှိ အကုန်လုပ်ပေးတဲ့မာမားboy လေးတဖြစ် ငယ်စဉ်ကတည်းက ပရဟိတစာသင်သည့်အလုပ်ကို ဝါသနာပါပြီး ပရဟိတအရင်းခံ စေတ...
395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...