မောင့်ရင်မှာ အမြင့်စံ(complet...
Oleh MayPadauk
506K 11.8K 278
အရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့ Lebih Banyak
Ep-1
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
ep - 11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18 ( warning )
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-26 Zawgyi
Ep-27
Ep-28 (warnnig)
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37 ( Warning)
Ep-38 Final
Extra
Book
Extra final ( Warning)
Ep-2
16.3K 400 5
Oleh MayPadauk
မဟာ ဆိုင်ကယ်ကို ခြံထဲသို့မောင်းလာရင်း  
တစ်ခါထဲ သူ့ကားနှင့်ဆိုင်ကယ်ဂိုထောင်ထဲသို့ဆိုင်ကယ်ကို သွင်းလိုက်ကာ    အိမ်မကြီးထဲသို့ ဝင်လာလိုက်သည်။
"သခင်လေး မဟာအိမ်ပြန်လာတာလား   မယ်မယ်ကြီးကမြော််နေတာ  ဟဲ့စောနွယ်
မယ်မယ်ကြီးကို သတင်းသွားပို့ သခင်လေးမဟာပြန်လာတယ်လို့"
"ဟုတ်ကဲ့ အထိန်းတော်ကြီး"
မဟာ သူပြန်လာတာကို  အရေးကြီးခွင်ကျယ်လုပ်နေသော  အထိန်းတော်ကြီး နန်းမြကြောင့်    စိတ်ပျက်ရင်း သူ့အခန်းသို့တက်လာလိုက်သည်။
ဒေါ်နန်းမဟာထိပ် ဘုရားရှစ်ခိုးပြီး  အခန်းထဲသို့ သွားနေစဉ္ 
"မယ်မယ်ကြီး သခင်လေးမဟာ   ပြန်ရောက်နေပါတယ်ရှင့်"
သူမကို သူမမြေးပြန်လာကြောင်း  လာပြောသောစောနွယ်ကြောင့့်   မျက်နှာပြုံးရွှင်ကာ
သူမမြေးအခန်းထဲသို့  သွားရန်ခြေလှမ်းကိုဉီးတည်ချက်ပြောင်းလိုက်သည်။
ဒေါက်  ဒေါက်  ဒေါက်
"ဝင်ခဲ့ပါ"
အိပ်ရာပေါ်ကနေ  တံခါးခေါက်သံကြောင့်
သူဝင်လည ခိုင်းလိုက်တော့ ဘွားမယ်ဖြစ်နေသည်။ဘွားမယ်အား  ခုတင်ဘေးနားက ဆိုဖာမှာထိုင်ခိုင်းကာ သူပါဝင်ထိုင်တော့ ဘွားမယ်က သူလက်ကို ဆွဲကိုင်သည်။
"ဘွား မြေးကို  ဘွားကမျှော်နေတာ  မြေးကဒီအဘွားကြီးမျှော်တက်မှန်းသိလျက်နဲ့  ပြန်မလာဘူးကွယ်"
"ကျနော်  မအားလို့ပါဘွား  "
"အေးပါကွယ် မြေးကကျောင်းတက်နေရတော့  ဘယ်အားပါ့မလဲ"
"ဟုတ်ကဲ့"
"ကဲ သားနားနေတာမလား  နားလိုက်တော့ ညနေထမင်းစားချိန်ကျ စောမြကို လာခေါ်ခိုင်းလိုက် မယ်"
သူကိုပြောကာ  ဘွားမယ်ကထွက်သွားတာကြောင့် ကုတင်ပေါ်ပြန်တက်ကာ  ခေါင်းနောက်နေတာကြောင့် အိပ်လိုက်သည်။
ထမင်းစားခန်းထဲ တွင်     မိသားစုစုံညီစွာ
ထမင်းစားဖို့  ထိုင်နေကြသည်။လူတွေစုံနေပေမဲ့  စားလို့ ဘွားမယ်ကမပြောသေးတာကြောင့် ဘယ်သူမှမစားားသေးပေ။
ထမင်းစား ခန်းထဲသို့ဝင်လာ ကာ ဘွားမယ်ဘေးနားကို  မဟာဝင်ထိုင်လိုက်  မှ   အားလုံးက ဘွားမယ် ဘာလို့ မစားားသေးမှန်းသိလိုက်သည်။ဒေါ်နန်းဝေစီ တစ်ယောက်တော့  သားမှ​မွေးထားသော  မြေးချင်းအတူတူ  မဟာအား အရေးပေးလွန်းသော  ဘွားတော်ကြောင့်  စိတ်ထဲဘွားတော်အားတင်းနေမိသည်။
ဉီးခွန်မင်းရန်  သူ့နားတွင်ထိုင်နေသော သားတော်မောင်အား တစ်ချက်ကြည့်ကာ ထမင်းထည့့်စားနေသည်။ဒေါ်နန်းမွေ့ရင် မတွေ့ရတာကြာနေသော  သားဖြစ်သူအား ကြိုက်တက်သော  ဟင်းများထည့့်ပေးနေသည်။သားဖြစ်သူ ပြန်လာတာကြောင့် ခါတိုင်တိတ်ဆိတ်စွာ နေတက်သော သူမက   ဟင်းတွေထည့့်ပေးကာ  စကားတွေပြောနေမိသည်။မဟာကတော့  ကျန်တဲ့မောင်နှမများကို  တစ်ချက်ပဲကြည့်ကာ  ထမင်းကိုသာအာရုံစိုက် စားနေသည်။စားသောက်ပြီး  မေမေနဲ့ စကားပြောကာ သူ့အဖေကသူ့လုပ်ငန်းတွေကို သတိထားလုပ်ဖို့ပြောနေတာကြောင့် လုပ်ငန်းကိစ္စခနလောက်ပြောပြီး  အ​ပေါ်တက်မယ်ယ်လုပ်တုန်း
"မဟာ   ဒီမှာမမမင်းအတွက်  မန္တလေးကထိုးမုန့်မှာထားတာ  စားပါအုံးလား"
မောင်ကိုသိပ်ချစ်သော  မမကစားစေချင်ပုံရတာကြောင့် သူပြန်ထိုင်ကာ  စားလိုက်သည်။
စားသောက်ပြီး မမမေးတာဖြေကာ  သူ့အခန်းထဲဝင်လာလိုက်သည်။
"ကိုကို  သမီးကိုဒါလေးဝယ်ပေးပါလား"
ဖုန်းထဲက နောက်ဆုံးပေါ်iphone ကိုပြကာ
သူ့အား ပူစာနေသော ကြာရိုးကြောင့် သူမအားခေါင်းညိတ်ပြလိုက်သည်။သူနဲ့အမေမတူပေမဲ့  အငယ်ဆုံးဖြစ်တဲ့သူမလေးက
သူမအမေနဲ့အစ်ကိုနဲ့မတူပဲ  စိတ်ထားဖြူစင်ပြီး ငယ်စဉ္ကတည်းက အနားမှာကပ်ကာသူ့အားခင်တွယ်လွန်းတာကြောင့် သူ့ညီမလေးကို သူချစ်ပါသည်။ပြုံးပျော်သွားကာ  သူအခန်းထဲခုန်ပေါက်နေသော  သူမလေးကြောင့်  သူရယ်မိသည်။
ဧကရီအမြင့်စံတို့  သူငယ်ချင်းသုံူယောက်
စားသောက်ဆိုင်တွင်ညစာ စားနေကျသည်။ညနေဘက်ဆို  မန္တလေးလမ်းမထက်မှာ  ဆိုင်ကယ်များပိုကြပ်သည်။ခုလဲ သူမတို့စားသောက်ဆိုင်ရှေ့  မီးပိွုင့်မှာဆိုင်ကပ်များသာ  တန်းစီနေသည်။တစ်ချို့ကောင်လေးများက မီးပိွုင့်စောင့်နေစဉ္ စားသောက်ဆိုင် မှန်များမှတွေ့ရသော မိန်းမချောလေးသုံးယောက်ကို  ငေးကာကြည့်နေသည်။အကြည့်ခံနေရသော  မိန်းကလေးများကတော့  စကားပြောချင်းနဲ့အစားအသောက်ကိုသာ
အာရုံစိုက်နေသည်။
"စံ နင်ကနောက်နှစ်လလောက်သွားမှာဆိုတော့   နောက်လကျရင်တော့ ငါတို့သုံးယောက်အတူတစ်လခွွင့်ယူပြီး  နန်းတို့တောင်ကြီးကို  သွားလည်မယ်နော်"
"အေးဟုတ်တယ်  ကျောင်းပြီးကတည်းကလိုက်မယ်လုပ်ထားတာ  ခုအလုပ်လုပ်တော့မသွားဖြစ်ဘူး  သွားကြတာပေါ ့"
"တစ်ကယ်နော်  နင်တို့နှစ်ယောက်ငါ့အိမ်လိုက်မှာ  ငါ့အမေကမျှော်နေတာ ငါဖုန်းဆက်ပြီး  နင်တို့နေဖို့အခန်းပြင်ခိုင်းလိုက်မယ်"
"အေးပါ  နောက် မှဆက်တော့  စောသေးတယ်"
"ဟဲ့စံ နင်ပညာတော်သင်သွားမှာ   အုပ်ကြီးသားလဲ  အရိုးအကြောပါရဂူဘွဲ့အတွက်လိုက်မှာနော် သိလား"
"အေး ဟုတ်တယ်လေ"
"ဟယ် နင်စိတ်မတိုဘူးလား  နင်ပြန်မကြိုက်တာတောင် ဂျပန်ထိလိုက်စိတ်အနှောက်အယှက်ပေးမှာကို"
"သူနဲ့ငါက ဌာနမှမတူတာ  သိပ်မတွေ့လောက်ပါဘူးဟ နင်ကလဲစိတ်ချငါမကြိုက်ရင် ဘာမှလုပ်လို့မရဘူး"
"နင့့်ကိုစိတ်ချတယ် ယောကျာ်းတွေကိုမယုံတာ စံရဲ့"
သူမအား လိုက်ပိုးပန်နေသော ဆေးရုံအုပ်သား   ကောင်းမင်းထက်ကြောင့် သူမမှာဆေးရုံမှ ပျိုပျိုများကြား အတင်းပြောခံရတာကြောင့် သူမသူငယ်ချင်းများကမကြိုက်ပေ။အထူးသဖြင့်  သူမပြန်မကြိုက်တာတောင်  ကပ်တွယ်ကာဂျပန်ထိလိုက်လာချင်သောကြောင့် နန်းရတီနဲ့ရွှေရေးချယ်ကစိတ်ပူကာ  ပြောချင်းဖြစ်သည်။
"ဒီနေ့ ကျောင်းကို သခင်လေးမဟာလာတယ်ဟ"
"ဟုတ်လား   အဲဒါဆိုသချင်္ာဆောင်မှာ   သွားချောင်းရအောင် သခင်လေးကလာခဲတယ်"
"အားးးးးး   ငါချစ်ချစ်နဲ့တွေ့ရတော့မယ်"
ဘယ်သူက  တွေ့မှန်းမသိ  ကျောင်းPage
ပေါ်တွင်  သခင်လေးမဟာလာမှန်း သူကား
ဖြစ်သော Ford f-150  raptor ကားအပြာအား  ဓာတ်ပုံရိုက်ကာ တင်ထားသောကြောင့်
မိန်းကလေး များက  တစ်စုတစ်စုပြောကာ
မဟာအား တွေ့မည့့်အကြောင်းပြောနေသည်။ပိုက်ဆံရှိစော်ဘွားအသိုင်းအဝိုိုင်းက  ဆက်ခံသူ ရုပ်ချောပြီး တက်တူးများနဲ့
ထင်ရှားသူ မဟာကြောင့်  မဆွတ်ခင်ကကြွေကျချင်နေသော  ပျိုပျိုမေများမှာ
ပေါလှသည်။
#Moon  shine
မဟာကားလေး
"သခင်လေး မဟာအိမ်ပြန်လာတာလား   မယ်မယ်ကြီးကမြော်နေတာ  ဟဲ့စောနွယ်
ဒေါ်နန်းမဟာထိပ် ဘုရားရှစ်ခိုးပြီး  အခန်းထဲသို့ သွားနေစဉ် 
သူမကို သူမမြေးပြန်လာကြောင်း  လာပြောသောစောနွယ်ကြောင့်   မျက်နှာပြုံးရွှင်ကာ
ဒေါက်  ဒေါက်  ဒေါက်
"ဝင်ခဲ့ပါ"
"ဟုတ်ကဲ့"
ဧကရီအမြင့်စံတို့  သူငယ်ချင်းသုံယောက်
အာရုံစိုက်နေသည်။
"စံ နင်ကနောက်နှစ်လလောက်သွားမှာဆိုတော့   နောက်လကျရင်တော့ ငါတို့သုံးယောက်အတူတစ်လခွင့်ယူပြီး  နန်းတို့တောင်ကြီးကို  သွားလည်မယ်နော်"
"အေး ဟုတ်တယ်လေ"
"နင့်ကိုစိတ်ချတယ် ယောကျာ်းတွေကိုမယုံတာ စံရဲ့"
"ဟုတ်လား   အဲဒါဆိုသင်္ချာဆောင်မှာ   သွားချောင်းရအောင် သခင်လေးကလာခဲတယ်"
မဟာအား တွေ့မည့်အကြောင်းပြောနေသည်။ပိုက်ဆံရှိစော်ဘွားအသိုင်းအဝိုင်းက  ဆက်ခံသူ ရုပ်ချောပြီး တက်တူးများနဲ့
ပေါလှသည်။
#Moon shine
Lanjutkan Membaca
Kamu Akan Menyukai Ini
304K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
7.2K 736 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
793K 27.5K 60
ငါချစ်ရင် ငါနဲ့ပဲညားမှာမို့ မင်းသတိနဲ့သာနေ Baby မင်းက ငါအမြစ်တွယ်မိတဲ့ တစ်ခုတည်းသောချစ်ခြင်းတရားပဲ ဒါကြောင့်မို့ ငါ့ရင်ခွင်ကို ခြေစုံကန်ဖို့မစဥ်းစားန...
707K 18.3K 78
ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေမယ့် ကျမရှင့်ကို လွမ်းနေဦးမယ်ထင်ပါရဲ့...