Zawgyi
အခန္း (၆၀)
အထင္လြဲျခင္း
႐ႊယ့္တုန္ထင္းက အသံလာရာဘက္သို႔ လွည့္ၾကည့္လိုက္ေသာအခါ ထင္းစည္းမ်ားသယ္ထားေသာ စုန႔္ယြီမင္က သူမတို႔ဘက္ကို ေလွ်ာက္လာသည္ကို ေတြ႕လိုက္ရသည္။ ထို႔ေနာက္ စုန႔္ယြီမင္၏ေနာက္မွလိုက္လာေသာ မိန္းကေလးတစ္ေယာက္ကို ေတြ႕လိုက္၏။
"ယြမ္ရွန္း?" သူမ ေၾကာင္အ,သြားသည္။
စုန႔္ယြီမင္က ေရွ႕ၾကည့္၍ သူမဆီ ဆက္ေလွ်ာက္လာကာ အနားေရာက္ေသာအခါ သူမလက္ကို ဆြဲ၍ ဆုပ္ကိုင္ထားၿပီး သူမကို ေနာက္ပို႔ကာကြယ္ထားလိုက္သည္။ ယြမ္ရွန္းကလည္း မ်က္မုန္းက်ိဳးလွစြာျဖင့္ ထိုမိန္းမကို ၾကည့္ေန၏။ "ဘာလဲ။ အခုထိ ဒီမွာရွိေနတုန္းလား။ ဘယ္ေလာက္ရိုင္းလိုက္သလဲ၊ သူမ်ားအိမ္ကို က်ဴးက်ဴးေက်ာ္ေက်ာ္နဲ႕။"
ထိုမိန္းမက အံႀကိတ္ကာ ႏွာမႈတ္လိုက္ၿပီးေနာက္ လွည့္ထြက္သြားေလေတာ့သည္။ ယြမ္ရွန္းကလည္း ေတာက္တစ္ခ်က္ေခါက္၏။ ထို႔ေနာက္ သူမက တံခါးေဘာင္ကို ခုန္ေက်ာ္လိုက္ၿပီးေနာက္ အထဲဝင္လာသည္။ ႐ႊယ့္တုန္ထင္းကို ျမင္ၿပီးသည့္ေနာက္တြင္ သူမ ရယ္လိုက္သည္။ "ဒုတိယအစ္မ၊ ညီမေရာက္လာေတာ့ အံ့ဩဝမ္းသာမျဖစ္သြားဘူးလား။"
႐ႊယ့္တုန္ထင္းက အေစာကတည္းကပင္ စိတ္တိုေနျခင္းျဖစ္သည္။ သူမ ယြမ္ရွန္းကို ၾကည့္လိုက္ၿပီးေနာက္ စုန႔္ယြီမင္ကို လွည့္ၾကည့္လိုက္၏။ "ရွင္ ၿမိဳ႕ထဲကို သြားခဲ့တာလား။"
သူက ဘာမွမေျပာေပ။ ယြမ္ရွန္းက သူမ ခိုးထြက္လာသည္ကို ဒုတိယအစ္မ သိသြားမည္စိုးေသာေၾကာင့္ အျမန္ပင္ စုန႔္ယြီမင္ကို မ်က္လုံးတစ္ဖက္ မွိတ္ျပလိုက္ကာ ေျပာလိုက္သည္။ "ဟုတ္တယ္၊ ဟုတ္တယ္။ ညီမလည္း ခဲအိုနဲ႕ အတူတူ လာခဲ့တာ။"
႐ႊယ့္တုန္ထင္းမွာေတာ့ စိတ္ထိခိုက္သြားရ၏။ သူမက စုန႔္ယြီမင္ကို ၾကည့္ကာ ေျပာသည္။ "ရွင္ ကြၽန္မ ေနာက္ေၾကာင္းကို စစ္ေဆးဖို႔ ၿမိဳ႕ထိေတာင္ သြားခဲ့တာေပါ့။"
စုန႔္ယြီမင္က သူမမ်က္ႏွာကို မည္းေမွာင္ေသာအၾကည့္တို႔ႏွင့္ ၾကည့္ေနကာ ဘာမွျပန္မေခ်ပခဲ့ေပ။ သူက သာမာန္သာ ေျပာသည္။ "မင္းမွာ ကိုယ္ သြားစစ္ေဆးရမယ့္ ေနာက္ေၾကာင္းထူးထူးျခားျခားေတြ ရွိလို႔လား။"
ယြမ္ရွန္းက ဘာျဖစ္ေနသည္မွန္း မသိေသာ္လည္း သူတို႔စကားမ်ားၾကားမွ ေလထုတင္းမာမႈကို ေတြ႕နိုင္သည္။ သူမက အျမန္သြားကာ ႐ႊယ့္တုန္ထင္း၏ လက္ေမာင္းကို ကိုင္၍ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။ "ဒုတိယအစ္မ၊ ညီမက ကိုယ့္ဟာကိုယ္.. တစ္ေယာက္ထဲ လာခဲ့တာ.."
႐ႊယ့္တုန္ထင္းက ဤသို႔အေျခအေနမ်ိဳတြင္ ယြမ္ရွန္း၏စကားအား နားေထာင္ရန္အထိ မအားေနေပ။ သူမက စုန႔္ယြီမင္၏မ်က္ဝန္းထဲသို႔ လွ်ို႔ဝွက္နက္နဲေသာ အဓိပၸာယ္တို႔ျဖင့္ စူးစိုက္ၾကည့္လိုက္ကာ သေရာ္ၿပဳံး,ၿပဳံးလိုက္သည္။ "ကြၽန္မရဲ႕ ေနာက္ေၾကာင္းတဲ့လား။"
ထိုသေရာ္ၿပဳံးက သူ႕ႏွလုံးသားကို အညွာအတာကင္းမဲ့စြာ နင္းေခ်သြား၏။ သို႔ေသာ္ သူ ေနာက္မဆုတ္ခဲ့ေပ။ "မင္းဘယ္သူလဲ။"
႐ႊယ့္တုန္ထင္းက မ်က္လုံးအသာပိတ္လိုက္ကာ အခ်ိန္ခဏေလာက္ထိ ဘာမွမေျပာေခ်။ ထို႔ေနာက္ သူမ မ်က္လုံးကို ျဖည္းညွင္းစြာ ဖြင့္လိုက္ကာ ဝမ္းနည္းလ်က္ ေျပာ၏။ "အကယ္၍ ကြၽန္မက ႐ႊယ့္တုန္ထင္း မဟုတ္ဘူးဆိုရင္ေရာ?"
စုန႔္ယြီမင္က ဘာမွမေျပာေပ။ သူ အမွန္ပင္ မသိခဲ့။ သူ႕ေရွ႕မွအမ်ိဳးသမီးက တိမ္ထြတ္စီရင္စုမွ ႐ႊယ့္တုန္ထင္း မဟုတ္ပါက သူ ဘာလုပ္သင့္မွန္း သူ မသိေတာ့။ သူမသည္ သူ႕ကိုသူလွ်ိုလုပ္ရန္အတြက္ နန္းေတာ္မွလႊတ္ထားေသာ သူတစ္ေယာက္ျဖစ္မည္ဆိုလွ်င္ပင္ သူသည္ သူမကိုသတ္ရန္ထိ အသည္းမာပါ၏ေလာ။
ယြမ္ရွန္းက သူတို႔စကားအသြားအလာကို ၾကည့္ၿပီး စိတ္ရႈပ္ေနသည္။ သူမ ႏွာရႈပ္လိုက္၏။ သူမသည္ ျပႆနာႀကီးႀကီး ရွာမိေလၿပီ။ ယြမ္ရွန္းက အျမန္ပင္ စုန႔္ယြီမင္ကို ေျပာလိုက္သည္။ "သူမက ကြၽန္မရဲ႕ ဒုတိယအစ္မပဲ။ သူမက ႐ႊယ့္တုန္ထင္း!"
စုန႔္ယြီမင္က အသံနက္နက္ႏွင့္ ေအာ္လိုက္၏။ "ေသခ်ာၾကည့္စမ္း!"
ယြမ္ရွန္းက သူ႕ေအာ္သံေၾကာင့္ လန႔္သြားကာ မ်က္ရည္မ်ားျပည့္လွ်ံလာေတာ့၏။ "ဘယ္လို? ေတာ္ၿပီ။ သမီး ခဲအိုကို ဆက္မေျပာေတာ့ဘူး။ လာ.. အစ္မ သြားၾကစို႔။" သူမ ႐ႊယ့္တုန္ထင္း၏လက္ကိုဆြဲကာ အျပင္သို႔ ဦးေဆာင္ထြက္သြားလိုက္သည္။
႐ႊယ့္တုန္ထင္းက စုန႔္ယြီမင္ကို လွည့္ၾကည့္ကာ ေျပာမျပနိုင္ေလာက္ေသာ ဝမ္းနည္းမႈကို ခံစားေနရ၏။ အဲ့ေတာ့ စုန႔္ယြီမင္.. ရွင္ လက္ထပ္ခ်င္တဲ့သူက တိမ္ထြတ္စီရင္စုက ႐ႊယ့္တုန္ထင္းဆိုတဲ့ မိန္းကေလးကိုေပါ့။ ကြၽန္မတို႔ အတူတူေနခဲ့တဲ့တစ္ေလွ်ာက္လုံး ကြၽန္မ ရိုးသားခဲ့သည္ျဖစ္ေစ၊ မရိုးသားခဲ့သည္ျဖစ္ေစ ေနာက္ဆုံး ကြၽန္မက ရွင့္အတြက္ ဘာမ်ားလဲ။
သးမက ယြမ္ရွန္း၏ေခၚေဆာင္သြားျခင္းခံရကာ မည္သည့္စကားတစ္ခြန္းမွ် မဆိုခဲ့ေခ်။
စုန႔္ယြီမင္သည္ ထိုေနရာတြင္သာ ရပ္ေနမိသည္။ အေမွာင္ထဲေပ်ာက္ကြယ္သြားေသာ သူမပုံရိပ္ေလးကို ေငးၾကည့္မိလ်က္..။ သူ သူမေနာက္ လိုက္မသြားခဲ့။ သံမဏိကဲ့သို႔ အသည္းမာလွပါသည္ဆိုေသာ.. စစ္ေျမျပင္တြင္ ေသြးမ်ားႏွင့္ ေျခေဆးခဲ့ေသာ.. သူက ယခု ဤေနရာတြင္ ထုံထိုင္းကာ မလႈပ္မယွက္ ရပ္ေနမိေလ၏။
ယြမ္ရွန္းက ႐ႊယ့္တုန္ထင္းကို ျမစ္ဆိပ္ဘက္သို႔ ေခၚသြားသည္။ သူမအစ္မက အသက္မဲ့သကဲ့သို႔မ်က္ဝန္းမ်ားျဖင့္ ေငးငိုင္ေနသည္ကိုေတြ႕ေတာ့ သူမ ကမ္းကုန္ေၾကာက္လန႔္မိသည္။ သူမက ႐ႊယ့္တုန္ထင္း၏ လက္ေမာင္းကို ခါရမ္းကာ အသံတိုးတိုးျဖင့္ ေျပာသည္။ "မမ၊ ဘာေတြျဖစ္ၾကတာလဲ။ မမက သမီးရဲ႕ ဒုတိယအစ္မပဲေလ။ ဘာလို႔ မမက ႐ႊယ့္တုန္ထင္းမဟုတ္ပါဘူးလို႔ ေျပာလိုက္ရတာလဲ။ အဲ့လူႀကီးက တကယ့္ကို မေကာင္းဘူး။ သူက မမ ဘယ္သူလဲဆိုတာကို သိေတာင္မသိဘူး။"
႐ႊယ့္တုန္ထင္းက ယြမ္ရွန္းဘက္ကို လွည့္ၾကည့္လိုက္သည္။ "သူ ညီမေလးနဲ႕ ျပန္လာတုန္းက ဘာေတြေျပာလိုက္ေသးလဲ။"
Unicode
အခန်း (၆၀)
အထင်လွဲခြင်း
ရွှယ့်တုန်ထင်းက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ထင်းစည်းများသယ်ထားသော စုန့်ယွီမင်က သူမတို့ဘက်ကို လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် စုန့်ယွီမင်၏နောက်မှလိုက်လာသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်၏။
"ယွမ်ရှန်း?" သူမ ကြောင်အ,သွားသည်။
စုန့်ယွီမင်က ရှေ့ကြည့်၍ သူမဆီ ဆက်လျှောက်လာကာ အနားရောက်သောအခါ သူမလက်ကို ဆွဲ၍ ဆုပ်ကိုင်ထားပြီး သူမကို နောက်ပို့ကာကွယ်ထားလိုက်သည်။ ယွမ်ရှန်းကလည်း မျက်မုန်းကျိုးလှစွာဖြင့် ထိုမိန်းမကို ကြည့်နေ၏။ "ဘာလဲ။ အခုထိ ဒီမှာရှိနေတုန်းလား။ ဘယ်လောက်ရိုင်းလိုက်သလဲ၊ သူများအိမ်ကို ကျူးကျူးကျော်ကျော်နဲ့။"
ထိုမိန်းမက အံကြိတ်ကာ နှာမှုတ်လိုက်ပြီးနောက် လှည့်ထွက်သွားလေတော့သည်။ ယွမ်ရှန်းကလည်း တောက်တစ်ချက်ခေါက်၏။ ထို့နောက် သူမက တံခါးဘောင်ကို ခုန်ကျော်လိုက်ပြီးနောက် အထဲဝင်လာသည်။ ရွှယ့်တုန်ထင်းကို မြင်ပြီးသည့်နောက်တွင် သူမ ရယ်လိုက်သည်။ "ဒုတိယအစ်မ၊ ညီမရောက်လာတော့ အံ့ဩဝမ်းသာမဖြစ်သွားဘူးလား။"
ရွှယ့်တုန်ထင်းက အစောကတည်းကပင် စိတ်တိုနေခြင်းဖြစ်သည်။ သူမ ယွမ်ရှန်းကို ကြည့်လိုက်ပြီးနောက် စုန့်ယွီမင်ကို လှည့်ကြည့်လိုက်၏။ "ရှင် မြို့ထဲကို သွားခဲ့တာလား။"
သူက ဘာမှမပြောပေ။ ယွမ်ရှန်းက သူမ ခိုးထွက်လာသည်ကို ဒုတိယအစ်မ သိသွားမည်စိုးသောကြောင့် အမြန်ပင် စုန့်ယွီမင်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ကာ ပြောလိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်။ ညီမလည်း ခဲအိုနဲ့ အတူတူ လာခဲ့တာ။"
ရွှယ့်တုန်ထင်းမှာတော့ စိတ်ထိခိုက်သွားရ၏။ သူမက စုန့်ယွီမင်ကို ကြည့်ကာ ပြောသည်။ "ရှင် ကျွန်မ နောက်ကြောင်းကို စစ်ဆေးဖို့ မြို့ထိတောင် သွားခဲ့တာပေါ့။"
စုန့်ယွီမင်က သူမမျက်နှာကို မည်းမှောင်သောအကြည့်တို့နှင့် ကြည့်နေကာ ဘာမှပြန်မချေပခဲ့ပေ။ သူက သာမာန်သာ ပြောသည်။ "မင်းမှာ ကိုယ် သွားစစ်ဆေးရမယ့် နောက်ကြောင်းထူးထူးခြားခြားတွေ ရှိလို့လား။"
ယွမ်ရှန်းက ဘာဖြစ်နေသည်မှန်း မသိသော်လည်း သူတို့စကားများကြားမှ လေထုတင်းမာမှုကို တွေ့နိုင်သည်။ သူမက အမြန်သွားကာ ရွှယ့်တုန်ထင်း၏ လက်မောင်းကို ကိုင်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒုတိယအစ်မ၊ ညီမက ကိုယ့်ဟာကိုယ်.. တစ်ယောက်ထဲ လာခဲ့တာ.."
ရွှယ့်တုန်ထင်းက ဤသို့အခြေအနေမျိုတွင် ယွမ်ရှန်း၏စကားအား နားထောင်ရန်အထိ မအားနေပေ။ သူမက စုန့်ယွီမင်၏မျက်ဝန်းထဲသို့ လျှို့ဝှက်နက်နဲသော အဓိပ္ပာယ်တို့ဖြင့် စူးစိုက်ကြည့်လိုက်ကာ သရော်ပြုံး,ပြုံးလိုက်သည်။ "ကျွန်မရဲ့ နောက်ကြောင်းတဲ့လား။"
ထိုသရော်ပြုံးက သူ့နှလုံးသားကို အညှာအတာကင်းမဲ့စွာ နင်းချေသွား၏။ သို့သော် သူ နောက်မဆုတ်ခဲ့ပေ။ "မင်းဘယ်သူလဲ။"
ရွှယ့်တုန်ထင်းက မျက်လုံးအသာပိတ်လိုက်ကာ အချိန်ခဏလောက်ထိ ဘာမှမပြောချေ။ ထို့နောက် သူမ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ ဝမ်းနည်းလျက် ပြော၏။ "အကယ်၍ ကျွန်မက ရွှယ့်တုန်ထင်း မဟုတ်ဘူးဆိုရင်ရော?"
စုန့်ယွီမင်က ဘာမှမပြောပေ။ သူ အမှန်ပင် မသိခဲ့။ သူ့ရှေ့မှအမျိုးသမီးက တိမ်ထွတ်စီရင်စုမှ ရွှယ့်တုန်ထင်း မဟုတ်ပါက သူ ဘာလုပ်သင့်မှန်း သူ မသိတော့။ သူမသည် သူ့ကိုသူလျှိုလုပ်ရန်အတွက် နန်းတော်မှလွှတ်ထားသော သူတစ်ယောက်ဖြစ်မည်ဆိုလျှင်ပင် သူသည် သူမကိုသတ်ရန်ထိ အသည်းမာပါ၏လော။
ယွမ်ရှန်းက သူတို့စကားအသွားအလာကို ကြည့်ပြီး စိတ်ရှုပ်နေသည်။ သူမ နှာရှုပ်လိုက်၏။ သူမသည် ပြဿနာကြီးကြီး ရှာမိလေပြီ။ ယွမ်ရှန်းက အမြန်ပင် စုန့်ယွီမင်ကို ပြောလိုက်သည်။ "သူမက ကျွန်မရဲ့ ဒုတိယအစ်မပဲ။ သူမက ရွှယ့်တုန်ထင်း!"
စုန့်ယွီမင်က အသံနက်နက်နှင့် အော်လိုက်၏။ "သေချာကြည့်စမ်း!"
ယွမ်ရှန်းက သူ့အော်သံကြောင့် လန့်သွားကာ မျက်ရည်များပြည့်လျှံလာတော့၏။ "ဘယ်လို? တော်ပြီ။ သမီး ခဲအိုကို ဆက်မပြောတော့ဘူး။ လာ.. အစ်မ သွားကြစို့။" သူမ ရွှယ့်တုန်ထင်း၏လက်ကိုဆွဲကာ အပြင်သို့ ဦးဆောင်ထွက်သွားလိုက်သည်။
ရွှယ့်တုန်ထင်းက စုန့်ယွီမင်ကို လှည့်ကြည့်ကာ ပြောမပြနိုင်လောက်သော ဝမ်းနည်းမှုကို ခံစားနေရ၏။ အဲ့တော့ စုန့်ယွီမင်.. ရှင် လက်ထပ်ချင်တဲ့သူက တိမ်ထွတ်စီရင်စုက ရွှယ့်တုန်ထင်းဆိုတဲ့ မိန်းကလေးကိုပေါ့။ ကျွန်မတို့ အတူတူနေခဲ့တဲ့တစ်လျှောက်လုံး ကျွန်မ ရိုးသားခဲ့သည်ဖြစ်စေ၊ မရိုးသားခဲ့သည်ဖြစ်စေ နောက်ဆုံး ကျွန်မက ရှင့်အတွက် ဘာများလဲ။
သးမက ယွမ်ရှန်း၏ခေါ်ဆောင်သွားခြင်းခံရကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။
စုန့်ယွီမင်သည် ထိုနေရာတွင်သာ ရပ်နေမိသည်။ အမှောင်ထဲပျောက်ကွယ်သွားသော သူမပုံရိပ်လေးကို ငေးကြည့်မိလျက်..။ သူ သူမနောက် လိုက်မသွားခဲ့။ သံမဏိကဲ့သို့ အသည်းမာလှပါသည်ဆိုသော.. စစ်မြေပြင်တွင် သွေးများနှင့် ခြေဆေးခဲ့သော.. သူက ယခု ဤနေရာတွင် ထုံထိုင်းကာ မလှုပ်မယှက် ရပ်နေမိလေ၏။
ယွမ်ရှန်းက ရွှယ့်တုန်ထင်းကို မြစ်ဆိပ်ဘက်သို့ ခေါ်သွားသည်။ သူမအစ်မက အသက်မဲ့သကဲ့သို့မျက်ဝန်းများဖြင့် ငေးငိုင်နေသည်ကိုတွေ့တော့ သူမ ကမ်းကုန်ကြောက်လန့်မိသည်။ သူမက ရွှယ့်တုန်ထင်း၏ လက်မောင်းကို ခါရမ်းကာ အသံတိုးတိုးဖြင့် ပြောသည်။ "မမ၊ ဘာတွေဖြစ်ကြတာလဲ။ မမက သမီးရဲ့ ဒုတိယအစ်မပဲလေ။ ဘာလို့ မမက ရွှယ့်တုန်ထင်းမဟုတ်ပါဘူးလို့ ပြောလိုက်ရတာလဲ။ အဲ့လူကြီးက တကယ့်ကို မကောင်းဘူး။ သူက မမ ဘယ်သူလဲဆိုတာကို သိတောင်မသိဘူး။"
ရွှယ့်တုန်ထင်းက ယွမ်ရှန်းဘက်ကို လှည့်ကြည့်လိုက်သည်။ "သူ ညီမလေးနဲ့ ပြန်လာတုန်းက ဘာတွေပြောလိုက်သေးလဲ။"