❄︎Completed❄︎နှင်းပွင့်လေးမျာ...

נכתב על ידי demoncm

334K 41.3K 876

This is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှ... עוד

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42: မျက်နှာချေနီများဝယ်ယူခြင်း
Chapter 43 : အကြံဆိုးကြီးနဲ့အမျိုးသမီး
Chapter 44: မကောင်းသောအတွေးများ
Chapter 45 : အခက်အခဲနည်းနည်း
Chapter 46: ကျန်းဟူနှင့်အင်ပါရီယာတရားရုံး
Chapter 47: တိတ်တဆိတ်အစီအစဉ် (၁)
Chapter 48: တိတ်တဆိတ်အစီအစဉ် (၂)
Chapter 49: တိတ်တဆိတ်အစီအစဉ် (၃)
Chapter 50: တိတ်တဆိတ်အစီအစဉ် (၄)
Chapter 51: တိတ်တဆိတ်အစီအစဉ် (၅)
Chapter 52: တိတ်တဆိတ်အစီအစဉ် (၆)
Chapter 53: အစစ်အမှန်လော..ပုံရိပ်ယောင်ပင်လော..
Chapter 54.1 : အိပ်မက်ဆိုးမက်တာပါ
Chapter 54.2
Chapter 55.1 : တစ်ယောက်ထဲအပိုင်သိမ်းထားလို့ဘယ်ရမလဲနော့်
Chapter 55.2
Chapter 57 : နွေဦးပွဲတော်ကာရန်ညီကဗျာများရေးဖွဲ့ကြခြင်း
Chapter 58.1 : သံသယဝင်လာခြင်း
Chapter 58.2
Chapter 59.1 : ကြောက်ဖွယ်ကောင်းသောအတွေး
Chapter 59.2
Chapter 60.1 : အထင်လွဲခြင်း
Chapter 60.2
Chapter 61.1 : လျှို့ဝှက်တိုးတက်မှု
Chapter 61.2
Chapter 62.1 : သူမလေးစိတ်ကောက်နေ၏ (၁)
Chapter 62.2
Chapter 63.1 : သူမလေးစိတ်ကောက်နေ၏ (၂)
Chapter 63.2
Chapter 64.1 : မက်မွန်စိမ်းကြောင့်မက်မွန်ဝိုင်ကိုရတယ်
Chapter 64.2
Chapter 65.1 : ဖက်ထုပ်များပြုလုပ်ကြခြင်း
Chapter 65.2
Chapter 66.1 : ယောက္ခမအိမ်သို့အလည်တစ်ခေါက်
Chapter 66.2
Chapter 67.1 : ဂုဏ်အရှိဆုံး၊ အကျော်ကြားဆုံးသော ယောက်ျား
Chapter (67.2)
Chapter 68: မားမားချောင်၏လျှို့ဝှက်အဆက်အသွယ်
Chapter 69: ယွမ်ရှန်း၏ကြမ္မာလမ်း
Important!! Plz read this part before you read Chapter (70)
Chapter 70 : Ending

Chapter 56 : အားလုံးသေကုန်ကြပြီလား

2.7K 371 2
נכתב על ידי demoncm

Zawgyi

အခန္း (၅၆.)
အားလုံးေသကုန္ၾကၿပီလား

႐ႊယ့္တုန္ထင္းက ထိုအေၾကာင္းကို ခဏမွ်စဥ္းစားလိုက္ကာ ေျပာလိုက္သည္။ "အဲ့တာဆို ကြၽန္မ ရွင့္ကို ဘယ္လိုေခၚသင့္လဲ။"

စုန႔္ယြီမင္က ထိုကိစၥမ်ားတြင္ အၿမဲလိုလို အေလးအနက္ႏွင့္ ေျပာတတ္၏။ "ေယာက္်ား~ လို႔ေခၚေလ။ ကိုက်ေတာ့ အားတုန္ ေခၚဖို႔ နာမည္ေျပာင္ေလးေတာင္ မရွိဘူး။"

"မတရားလိုက္တာ.." သူမက ကန႔္ကြက္သည္။

စုန႔္ယြီမင္က သူမ၏စိတ္ေကာက္ေနေသာ မ်က္ႏွာေလးကို တယုတယၾကည့္ကာ ညင္သာစြာေျပာလိုက္၏။ "အဲ့တာဆို ကို႔ကို ယြီမင္လို႔ပဲ ေခၚေတာ့။"

"ဒါေပါ့။" သူမက ေက်နပ္စြာ ေခါင္းညိတ္လိုက္သည္။ "ေပါက္စီေတြ က်က္ၿပီလားဆိုတာ ၾကည့္ရေအာင္.."

ႏွစ္ေယာက္သား အကၤ်ီမ်ားကို ျပန္ဝတ္လိုက္ၾကၿပီး မီးဖိုေခ်ာင္သို႔သြားကာ အိုးအဖုံးကို လွပ္ၾကည့္လိုက္သည္။ ျဖဴျဖဴလုံးလုံးႀကီးႀကီး ေပါက္စီမ်ား၏ ရနံ႕က သင္းပ်ံ့လို႔လာ၏။ စုန႔္ယြီမင္က ၎တို႔ကို ယူလိုက္ကာ ႐ႊယ့္တုန္ထင္းကေတာ့ မုန္ညင္းစိမ္း႐ြက္မ်ားကို ေၾကာ္လိုက္သည္။ စုန႔္ယြီမင္မွာ စားေကာင္းေကာင္းႏွင့္ စားလိုက္ရာ မုန္ညင္းစိမ္း႐ြက္ေၾကာ္ႏွင့္ ေပါက္စီသုံးလုံးမွ်ထိ စားကုန္သြားေလ၏။

မနက္စာစားၾကၿပီးေနာက္ ႐ႊယ့္တုန္ထင္းက စုန႔္ယြီမင္၏ ေရစိုဝတ္မ်ားကို ေလွ်ာ္ရန္ ရွာလိုက္သည္။ သို႔ေသာ္လည သူမ ထိုအဝတ္မ်ားကို ရွာမေတြ႕ရာ စုန႔္ယြီမင္ကို ေမးၾကည့္ေသာအခါမွ သူက ၎တို႔ကို လူအိုႀကီးက်န္း၏ ေလွေပၚ၌ ထားခဲ့ေၾကာင္း ေျပာ၏။

သူတို႔ႏွစ္ေယာက္ ေဆာင္းတြင္းႀကီးထဲတြင္ ေရစိုအဝတ္မ်ားႏွင့္ ေအးစိမ့္စြာ ထိုင္ေနခဲ့ရမည္ကို ႐ႊယ့္တုန္ထင္း စိတ္ပူ၏။ မည္သူမွ်ဂ႐ုမစိုက္ခဲ့လွ်င္ သူတို႔ႏွစ္ေယာက္ ခ်မ္းတုန္ေနခဲ့ေပလိမ့္မည္။ ထို႔ေၾကာင့္ သူမ သူ႕ကို ျမစ္ဆိပ္ဆီသြားေစကာ ထိုအကၤ်ီမ်ားကို ယူေစလိုက္သည္။

စုန႔္ယြီမင္ကေတာ့ အလ်င္မလိုေၾကာင္း ကန႔္ကြက္သည္။ သို႔ေသာ္ ႐ႊယ့္တုန္ထင္းကလည္း ဂ႐ုမစိုက္။ ထို႔ေၾကာင့္ သူ႕တြင္ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ကူးတို႔ဆိပ္သို႔ ထြက္လာခဲ့ရသည္။ ေျပာရလွ်င္ ထိုအကၤ်ီမ်ားမွာ ေရစိုသြားျခင္းမဟုတ္ေပ။ မေန႕ညက သူ နန္းေတာ္မွ လုပ္ႀကံသူမ်ားႏွင့္ တိုက္ခိုက္ခဲ့ရာ ထိုသူ႕ကို သတင္းစကားေျပာရန္အတြက္ တစ္ေယာက္ကိုသာ အရွင္ထားခဲ့သည္။ သူ႕အကၤ်ီမွာ ေသြးမ်ားႏွင့္သာ႐ႊဲစိုေနေသာေၾကာင့္ လူအိုႀကီးက်န္း၏ အကၤ်ီမ်ားကို ယူဝတ္ခဲ့ရသည္။ ေသြး႐ႊဲေနေသာ အကၤ်ီမ်ားကိုမူ ေက်ာက္တုံးတစ္တုံးႏွင့္ပတ္၍ ထိုေက်ာက္တုံးကို ျမစ္ထဲသို႔ လႊင့္ပစ္လိုက္ရာ ျမစ္ေအာက္ေျခ၌ နစ္ျမဳပ္သြားခဲ့ၿပီျဖစ္ေလသည္။

သူ ျမစ္ဆိပ္သို႔ေရာက္ေသာအခါ လူအိုႀကီးက်န္းမွာ ေလွေပၚရွိ ခုံပုေလးတစ္ခုေပၚတြင္ ထိုင္ေန၏။ သူက စုန႔္ယြီမင္ကို တစ္ခ်က္ေမာ့ၾကည့္လိုက္ၿပီး မ်က္လႊာခ်ကာ ေဝ့ခ်ီဘုတ္ျပားေပၚမွ ေနာက္ထပ္တစ္ကြက္ကို ေ႐ႊ႕လိုက္သည္။

စုန႔္ယြီမင္က လူအိုႀကီးက်န္း၏ ေလွေပၚသို႔ခုန္တက္လိုက္ကာ ေလွအမိုး၏ အျပင္ဘက္တြင္ ထိုင္လိုက္သည္။ သူက က်ယ္ေျပာလွသည့္ ပင္လယ္တစ္ခြင္ကို ၾကည့္ေနရင္း "မင္းမိန္းမက မင္းကို အိမ္ျပန္မလာခိုင္းတာလား ဘာလားပဲ။ ႏွစ္သစ္ကူးေတာင္ေရာက္ေတာ့မယ္။ မင္းက မင္းေလွေပၚထိုင္ၿပီး ဘာလုပ္ေနတာလဲ။"

လူအိုႀကီးက်န္းက သူ႕ေျခေထာက္နားတြင္ ရွိေနေသာ ေသရည္ကရားကို ယူကာ အငမ္းမရေမာ့ေသာက္လိုက္ရင္း မ်က္ႏွာကို မဲ့႐ြဲ႕လိုက္သည္။ ငါက ေရထဲက ေက်ာက္တုံးလိုျဖစ္ေနရတာ ေနသားက်ေနၿပီေလကြာ။ ငါက ငါ့ေလွေပၚေလးမွာမွ ရွိမေနရရင္ ဂနာၿငိမ္မွာ မဟုတ္ဘူး။"

စုန႔္ယြီမင္က သက္ျပင္းအသာခ်သည္။ "ငါးဖမ္းသမားတစ္ေယာက္ ျဖစ္လာတာေတာင္ ဘဝႀကီးက ခက္ခဲေနတုန္းပါလား.."

လူအိုႀကီးက်န္းက ခပ္ေစာင္းေစာင္း ၿပဳံးကာ စုန႔္ယြီမင္ကို ေလးတြဲ႕စြာ ေမးလိုက္သည္။ "အားလုံးေသကုန္ၾကၿပီလား။"

"ငါ တစ္ေယာက္ကိုေတာ့ လႊတ္ေပးလိုက္တယ္။ သတင္းေလးဘာေလး ပို႔ေပးရေအာင္လို႔ေပါ့။"

လူအိုႀကီးက်န္းက ေခါင္းခါ၏။ "မင္းပို႔ခ်င္တဲ့အေၾကာင္းအရာက အဲ့မိန္းမနားထဲ ေရာက္မွာ မဟုတ္ဘူးကြ။ ေရာက္ရင္ေတာင္ သူမက ၾကားမွာ မဟုတ္ဘူး*။ တုန္ထင္းကေရာ ဘာျဖစ္ေနလဲဆိုတာ ရိပ္မိသြားေသးလား။"

"မရိပ္မိဘူးပဲ။"

လူအိုႀကီးက်န္းက ေခါင္းထပ္ခါျပန္သည္။ "မျဖစ္နိုင္တာကြာ။ သူမလို ထက္ျမက္တဲ့ ေကာင္မေလးတစ္ေယာက္က မရိပ္မိဘူးဆိုတာ ျဖစ္နိုင္စရာ အေၾကာင္းမရွိဘူး။"

စုန႔္ယြီမင္က ရယ္လိုက္သည္။ "ဘာလဲ။ မင္းက သူမကို ဒီလိုညစ္ပတ္တဲ့အလုပ္အေၾကာင္း သိေစခ်င္ေနတာလား။"

"မင္း သူမကို မေျပာရေသးတာက ဒီလိုအရႈပ္အေထြးေတြၾကားထဲ မပါေစခ်င္လို႔ မဟုတ္လား။ ဒါေပမယ့္ မင္း ဒီလိုဖုံးကြယ္ထားဖို႔ ဆုံးျဖတ္လိုက္ၿပီးကတည္းက ေသခ်ာလုံၿခဳံေအာင္ ဖြက္ထားေပေတာ့ပဲ။ သူမ ဒါေတြကို ကိုယ္တိုင္သိသြားလို႔ကေတာ့ မင္းတို႔ ဘာမဟုတ္တဲ့အေပၚမွာလည္း နားလည္မႈေတြ လြဲသြားၾကမွာ။"

စုန႔္ယြီမင္က ေခါင္းညိတ္လိုက္သည္။ "ၿမိဳ႕ေတာ္က ဘာသတင္းေတြ ၾကားရေသးလဲ။"

"တတိယမင္းသားရဲ႕အိမ္ေတာ္က ျမင့္တက္လာၿပီတဲ့။"

"ဒါ အဆုံးသတ္မဟုတ္ေသးဘူးလို႔ ငါခံစားေနရတယ္။" စုန႔္ယြီမင္က မ်က္ႏွာအမူအရာ ကင္းမဲ့စြာ ေျပာသည္။

"သူ႕အိမ္ေတာ္ ျမင့္တက္လာတာ မျမင့္တက္လာလာ မင္းနဲ႕မွ မဆိုင္ေတာ့တာ မဟုတ္လား။"

"ဒါေပါ့။ ငါ အဲ့ကစားပြဲထဲက ထြက္လိုက္ၿပီးကတည္းက ေနာက္ထပ္ ျပန္ဝင္ဖို႔ အေၾကာင္းျပခ်က္တစ္ခုမွ မရွိေတာ့ဘူး။ ဘယ္သူကပဲ အုပ္ခ်ဳပ္သူျဖစ္လာပါေစ၊ ငါ့အပူတစ္ျပားသားမွ မပါေတာ့ဘူး။"

လူအိုႀကီးက်န္းက ေလွၾကမ္းျပင္ေပၚမွ အမဲေရာင္ေက်ာက္ျပားေလးတစ္ျပားကို ယူကာ ေဝ့ခ်ီဘုတ္ျပားေပၚတြင္ တင္လိုက္သည္။ ၿပီးသည္ႏွင့္ ေဝ့ခ်ီဘုတ္ျပားေပၚမွ အနိုင္အရႈံးက ကြဲျပားသြားေတာ့၏။ အမဲေရာင္ဘက္က အနိုင္ရသြားကာ အျဖဴေရာင္ဘက္က ရႈံးနိမ့္သြားသည္။ လူအိုႀကီးက်န္းက သက္ျပင္းခ်သည္။ "ဒီေလာက္ဆူပူအုံႂကြမႈေတြ ျဖစ္ေနတာ မင္းလိုအေနအထားက ပုဂၢိုလ္ေတြက စည္းအျပင္ထြက္ၿပီး ေနလို႔ရနိုင္မွာတဲ့လား။ ျဖစ္နိုင္တာက အဲ့ဒီ..."

သူတို႔ႏွစ္ေယာက္ ကိစၥရပ္မ်ားကို အခ်ိန္အနည္းငယ္မွ် ေျပာေနၾကၿပီးေနာက္ စုန႔္ယြီမင္က သူ႕တဲငယ္ေလးဆီသို႔ ျပန္သြားေလေတာ့သည္။ ႐ႊယ့္တုန္ထင္းက သူ လက္ဗလာႏွင့္ ျပန္လာသည္ကို ျမင္ေသာအခါ ေမး၏။ "အကၤ်ီေတြေရာ?"

"လူအိုႀကီးက်န္းက လႊင့္ပစ္လိုက္သတဲ့ေလ။ ထားပါ၊ ဘယ္လိုပဲျဖစ္ျဖစ္ အကၤ်ီေတြက ေဟာင္းေနၿပီပဲဥစၥာ။ ကိုယ္လည္း မလိုခ်င္ေတာ့ပါဘူး။ အေဟာင္းကို မလႊင့္ပစ္ရင္ အသစ္က ဘယ္လိုလုပ္ေရာက္လာနိုင္မလဲ။ အားတုန္ေလး ကိုယ့္ကို ခ်ဳပ္ေပးထားတဲ့ တစ္စုံကိုပဲ ဝတ္ေတာ့မယ္ေလ။"

---

ဘာသာျပန္သူ၏မွတ္ခ်က္ :
[မင္းပို႔ခ်င္တဲ့အေၾကာင္းအရာက အဲ့မိန္းမနားထဲ ေရာက္မွာ မဟုတ္ဘူးကြ။ ေရာက္ရင္ေတာင္ သူမက ၾကားမွာ မဟုတ္ဘူး။]* - အဓိပၸာယ္က စုန႔္ယြီမင္က အဲ့ၾကင္ယာေတာ္ေပါင္ဆိုတဲ့ အမ်ိဳးသမီးကို သူနဲ႕ထပ္မပတ္သက္ေတာ့ဖို႔ သတင္းစကားပို႔ေပးလိုက္ေပမယ့္ ၾကင္ယာေတာ္ေပါင္က သူ႕စကားကို မၾကားသလိုပဲ ဆက္လုပ္ေနလိမ့္မယ္လို႔ ဆိုလိုတာပါ။

Unicode

အခန်း (၅၆)
အားလုံးသေကုန်ကြပြီလား

ရွှယ့်တုန်ထင်းက ထိုအကြောင်းကို ခဏမျှစဉ်းစားလိုက်ကာ ပြောလိုက်သည်။ "အဲ့တာဆို ကျွန်မ ရှင့်ကို ဘယ်လိုခေါ်သင့်လဲ။"

စုန့်ယွီမင်က ထိုကိစ္စများတွင် အမြဲလိုလို အလေးအနက်နှင့် ပြောတတ်၏။ "ယောက်ျား~ လို့ခေါ်လေ။ ကိုကျတော့ အားတုန် ခေါ်ဖို့ နာမည်ပြောင်လေးတောင် မရှိဘူး။"

"မတရားလိုက်တာ.." သူမက ကန့်ကွက်သည်။

စုန့်ယွီမင်က သူမ၏စိတ်ကောက်နေသော မျက်နှာလေးကို တယုတယကြည့်ကာ ညင်သာစွာပြောလိုက်၏။ "အဲ့တာဆို ကို့ကို ယွီမင်လို့ပဲ ခေါ်တော့။"

"ဒါပေါ့။" သူမက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ပေါက်စီတွေ ကျက်ပြီလားဆိုတာ ကြည့်ရအောင်.."

နှစ်ယောက်သား အင်္ကျီများကို ပြန်ဝတ်လိုက်ကြပြီး မီးဖိုချောင်သို့သွားကာ အိုးအဖုံးကို လှပ်ကြည့်လိုက်သည်။ ဖြူဖြူလုံးလုံးကြီးကြီး ပေါက်စီများ၏ ရနံ့က သင်းပျံ့လို့လာ၏။ စုန့်ယွီမင်က ၎င်းတို့ကို ယူလိုက်ကာ ရွှယ့်တုန်ထင်းကတော့ မုန်ညင်းစိမ်းရွက်များကို ကြော်လိုက်သည်။ စုန့်ယွီမင်မှာ စားကောင်းကောင်းနှင့် စားလိုက်ရာ မုန်ညင်းစိမ်းရွက်ကြော်နှင့် ပေါက်စီသုံးလုံးမျှထိ စားကုန်သွားလေ၏။

မနက်စာစားကြပြီးနောက် ရွှယ့်တုန်ထင်းက စုန့်ယွီမင်၏ ရေစိုဝတ်များကို လျှော်ရန် ရှာလိုက်သည်။ သို့သော်လည သူမ ထိုအဝတ်များကို ရှာမတွေ့ရာ စုန့်ယွီမင်ကို မေးကြည့်သောအခါမှ သူက ၎င်းတို့ကို လူအိုကြီးကျန်း၏ လှေပေါ်၌ ထားခဲ့ကြောင်း ပြော၏။

သူတို့နှစ်ယောက် ဆောင်းတွင်းကြီးထဲတွင် ရေစိုအဝတ်များနှင့် အေးစိမ့်စွာ ‌ထိုင်နေခဲ့ရမည်ကို ရွှယ့်တုန်ထင်း စိတ်ပူ၏။ မည်သူမျှဂရုမစိုက်ခဲ့လျှင် သူတို့နှစ်ယောက် ချမ်းတုန်နေခဲ့ပေလိမ့်မည်။ ထို့ကြောင့် သူမ သူ့ကို မြစ်ဆိပ်ဆီသွားစေကာ ထိုအင်္ကျီများကို ယူစေလိုက်သည်။

စုန့်ယွီမင်ကတော့ အလျင်မလိုကြောင်း ကန့်ကွက်သည်။ သို့သော် ရွှယ့်တုန်ထင်းကလည်း ဂရုမစိုက်။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ကူးတို့ဆိပ်သို့ ထွက်လာခဲ့ရသည်။ ပြောရလျှင် ထိုအင်္ကျီများမှာ ရေစိုသွားခြင်းမဟုတ်ပေ။ မနေ့ညက သူ နန်းတော်မှ လုပ်ကြံသူများနှင့် တိုက်ခိုက်ခဲ့ရာ ထိုသူ့ကို သတင်းစကားပြောရန်အတွက် တစ်ယောက်ကိုသာ အရှင်ထားခဲ့သည်။ သူ့အင်္ကျီမှာ သွေးများနှင့်သာရွှဲစိုနေသောကြောင့် လူအိုကြီးကျန်း၏ အင်္ကျီများကို ယူဝတ်ခဲ့ရသည်။ သွေးရွှဲနေသော အင်္ကျီများကိုမူ ကျောက်တုံးတစ်တုံးနှင့်ပတ်၍ ထိုကျောက်တုံးကို မြစ်ထဲသို့ လွှင့်ပစ်လိုက်ရာ ‌မြစ်အောက်ခြေ၌ နစ်မြုပ်သွားခဲ့ပြီဖြစ်လေသည်။

သူ မြစ်ဆိပ်သို့ရောက်သောအခါ လူအိုကြီးကျန်းမှာ လှေပေါ်ရှိ ခုံပုလေးတစ်ခုပေါ်တွင် ထိုင်နေ၏။ သူက စုန့်ယွီမင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး မျက်လွှာချကာ ဝေ့ချီဘုတ်ပြားပေါ်မှ နောက်ထပ်တစ်ကွက်ကို ရွှေ့လိုက်သည်။

စုန့်ယွီမင်က လူအိုကြီးကျန်း၏ လှေပေါ်သို့ခုန်တက်လိုက်ကာ လှေအမိုး၏ အပြင်ဘက်တွင် ထိုင်လိုက်သည်။ သူက ကျယ်ပြောလှသည့် ပင်လယ်တစ်ခွင်ကို ကြည့်နေရင်း "မင်းမိန်းမက မင်းကို အိမ်ပြန်မလာခိုင်းတာလား ဘာလားပဲ။ နှစ်သစ်ကူးတောင်ရောက်တော့မယ်။ မင်းက မင်းလှေပေါ်ထိုင်ပြီး ဘာလုပ်နေတာလဲ။"

လူအိုကြီးကျန်းက သူ့ခြေထောက်နားတွင် ရှိနေသော သေရည်ကရားကို ယူကာ အငမ်းမရမော့သောက်လိုက်ရင်း မျက်နှာကို မဲ့ရွဲ့လိုက်သည်။ ငါက ရေထဲက ကျောက်တုံးလိုဖြစ်နေရတာ နေသားကျနေပြီလေကွာ။ ငါက ငါ့လှေပေါ်လေးမှာမှ ရှိမနေရရင် ဂနာငြိမ်မှာ မဟုတ်ဘူး။"

စုန့်ယွီမင်က သက်ပြင်းအသာချသည်။ "ငါးဖမ်းသမားတစ်ယောက် ဖြစ်လာတာတောင် ဘဝကြီးက ခက်ခဲနေတုန်းပါလား.."

လူအိုကြီးကျန်းက ခပ်စောင်းစောင်း ပြုံးကာ စုန့်ယွီမင်ကို လေးတွဲ့စွာ မေးလိုက်သည်။ "အားလုံးသေကုန်ကြပြီလား။"

"ငါ တစ်ယောက်ကိုတော့ လွှတ်ပေးလိုက်တယ်။ သတင်းလေးဘာလေး ပို့ပေးရအောင်လို့ပေါ့။"

လူအိုကြီးကျန်းက ခေါင်းခါ၏။ "မင်းပို့ချင်တဲ့အကြောင်းအရာက အဲ့မိန်းမနားထဲ ရောက်မှာ မဟုတ်ဘူးကွ။ ရောက်ရင်တောင် သူမက ကြားမှာ မဟုတ်ဘူး*။ တုန်ထင်းကရော ဘာဖြစ်နေလဲဆိုတာ ရိပ်မိသွားသေးလား။"

"မရိပ်မိဘူးပဲ။"

လူအိုကြီးကျန်းက ခေါင်းထပ်ခါပြန်သည်။ "မဖြစ်နိုင်တာကွာ။ သူမလို ထက်မြက်တဲ့ ကောင်မလေးတစ်ယောက်က မရိပ်မိဘူးဆိုတာ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။"

စုန့်ယွီမင်က ရယ်လိုက်သည်။ "ဘာလဲ။ မင်းက သူမကို ဒီလိုညစ်ပတ်တဲ့အလုပ်အကြောင်း သိစေချင်နေတာလား။"

"မင်း သူမကို မပြောရသေးတာက ဒီလိုအရှုပ်အထွေးတွေကြားထဲ မပါစေချင်လို့ မဟုတ်လား။ ဒါပေမယ့် မင်း ဒီလိုဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်ပြီးကတည်းက သေချာလုံခြုံအောင် ဖွက်ထားပေတော့ပဲ။ သူမ ဒါတွေကို ကိုယ်တိုင်သိသွားလို့ကတော့ မင်းတို့ ဘာမဟုတ်တဲ့အပေါ်မှာလည်း နားလည်မှုတွေ လွဲသွားကြမှာ။"

စုန့်ယွီမင်က ခေါင်းညိတ်လိုက်သည်။ "မြို့တော်က ဘာသတင်းတွေ ကြားရသေးလဲ။"

"တတိယမင်းသားရဲ့အိမ်တော်က မြင့်တက်လာပြီတဲ့။"

"ဒါ အဆုံးသတ်မဟုတ်သေးဘူးလို့ ငါခံစားနေရတယ်။" စုန့်ယွီမင်က မျက်နှာအမူအရာ ကင်းမဲ့စွာ ပြောသည်။

"သူ့အိမ်တော် မြင့်တက်လာတာ မမြင့်တက်လာလာ မင်းနဲ့မှ မဆိုင်တော့တာ မဟုတ်လား။"

"ဒါပေါ့။ ငါ အဲ့ကစားပွဲထဲက ထွက်လိုက်ပြီးကတည်းက နောက်ထပ် ပြန်ဝင်ဖို့ အကြောင်းပြချက်တစ်ခုမှ မရှိတော့ဘူး။ ဘယ်သူကပဲ အုပ်ချုပ်သူဖြစ်လာပါစေ၊ ငါ့အပူတစ်ပြားသားမှ မပါတော့ဘူး။"

လူအိုကြီးကျန်းက လှေကြမ်းပြင်ပေါ်မှ အမဲရောင်ကျောက်ပြားလေးတစ်ပြားကို ယူကာ ဝေ့ချီဘုတ်ပြားပေါ်တွင် တင်လိုက်သည်။ ပြီးသည်နှင့် ဝေ့ချီဘုတ်ပြားပေါ်မှ အနိုင်အရှုံးက ကွဲပြားသွားတော့၏။ အမဲရောင်ဘက်က အနိုင်ရသွားကာ အဖြူရောင်ဘက်က ရှုံးနိမ့်သွားသည်။ လူအိုကြီးကျန်းက သက်ပြင်းချသည်။ "ဒီလောက်ဆူပူအုံကြွမှုတွေ ဖြစ်နေတာ မင်းလိုအနေအထားက ပုဂ္ဂိုလ်တွေက စည်းအပြင်ထွက်ပြီး နေလို့ရနိုင်မှာတဲ့လား။ ဖြစ်နိုင်တာက အဲ့ဒီ..."

သူတို့နှစ်ယောက် ကိစ္စရပ်များကို အချိန်အနည်းငယ်မျှ ပြောနေကြပြီးနောက် စုန့်ယွီမင်က သူ့တဲငယ်လေးဆီသို့ ပြန်သွားလေတော့သည်။ ရွှယ့်တုန်ထင်းက သူ လက်ဗလာနှင့် ပြန်လာသည်ကို မြင်သောအခါ မေး၏။ "အင်္ကျီတွေရော?"

"လူအိုကြီးကျန်းက လွှင့်ပစ်လိုက်သတဲ့လေ။ ထားပါ၊ ဘယ်လိုပဲဖြစ်ဖြစ် အင်္ကျီတွေက ဟောင်းနေပြီပဲဥစ္စာ။ ကိုယ်လည်း မလိုချင်တော့ပါဘူး။ အဟောင်းကို မလွှင့်ပစ်ရင် အသစ်က ဘယ်လိုလုပ်ရောက်လာနိုင်မလဲ။ အားတုန်လေး ကိုယ့်ကို ချုပ်ပေးထားတဲ့ တစ်စုံကိုပဲ ဝတ်တော့မယ်လေ။"

---

ဘာသာပြန်သူ၏မှတ်ချက် :
[‌မင်းပို့ချင်တဲ့အကြောင်းအရာက အဲ့မိန်းမနားထဲ ရောက်မှာ မဟုတ်ဘူးကွ။ ရောက်ရင်တောင် သူမက ကြားမှာ မဟုတ်ဘူး။]* - အဓိပ္ပာယ်က စုန့်ယွီမင်က အဲ့ကြင်ယာတော်ပေါင်ဆိုတဲ့ အမျိုးသမီးကို သူနဲ့ထပ်မပတ်သက်တော့ဖို့ သတင်းစကားပို့ပေးလိုက်ပေမယ့် ကြင်ယာတော်ပေါင်က သူ့စကားကို မကြားသလိုပဲ ဆက်လုပ်နေလိမ့်မယ်လို့ ဆိုလိုတာပါ။

המשך קריאה

You'll Also Like

16.8K 1.5K 7
Description ရှီဝမ်နဲ့သူ၏ဇနီးသည်မုကျန်းတို့သည် အိမ်ထောင်သက်ခုနစ်နှစ်အကြာမှာ ကွာရှင်းဖို့ရန်အတွက်နောက်တနေ့တွင်ပြည်သူ့ရေးရာဗျူရိုသွားကြဖို့တည်ငြိမ်စွာသဘ...
3.1K 45 27
8/19/22 is when this started Enjoy ended October 26, 2023
40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
174K 12K 18
he is perfect, he is the one i need. the one i desire... but he thinks that existing is too tiring. in which kuroo falls for his next door neighbour...