"ဒါဆို ပုပ္ပါးကိုသွားမှာပေါ့ ဟုတ်သလား အကိုကြီး"
ကြည်နူးမှုတွေအပြည့်၊ ပေါ့ပါးမှုလွတ်လပ်မှုတွေအထိပါ ကိန်းအောင်းပါဝင်နေပါတဲ့ အဝန်း၏ မျက်နှာက ကြည်သာ့အတွက်တော့ နှလုံးသား အက်ကွဲဒဏ်ရာတစ်ခုပင်။
သို့သော်လည်း အများကြီးမတွေးမိအောင်ကြိုးစားလိုက်ရင်းနဲ့ အဝန်း၏အပြုံးတို့ကို သူ့ဘက်ကလည်း နှစ်ခြိုက်စွာပြုံးပြရင်း တုန့်ပြန်လိုက်ပြီး....
"အင်း။ မင်း သဘောကျရဲ့လား။" ဟု ကြင်ကြင်နာနာနဲ့ပင် မေးလိုက်သည်။
"သဘောကျတာပေါ့ အကိုကြီးရ။ ကျွန်တော်အခုထိ ပုပ္ပါးကို ရောက်မှ မရောက်ဖူးသေးတာ။ hiking ဆိုတော့ တောင်မကြီးဘက်အထိပါ သွားကြမှာလား။"
"မပြောတတ်သေးဘူးလေ။ ကိုကိုလည်းပါမှာဆိုတော့ သူနဲ့တစ်ချက်ညှိကြဖို့တော့ လိုဦးမယ် ထင်တယ်။"
"အေးပေါ့လေ၊ ခရီးစဥ် ကိစ္စကတော့ အကိုကြီးတို့ပဲ ညှိကြပါ။"
"မင်းအိမ်ကို ဖုန်းဆက်ဖြစ်ရဲ့လား အဝန်း။ အကွေးအသံ သိပ်မကြားဖူးလားလို့ပါ"
ပထမနှစ် တစ်နှစ်လုံး အချိန်ပြည့် အကွေးဟုရေရွတ်ခဲ့သူသည် တစ်သော်တည်းသော်နေတာကို မြင်နေ၊ ကြားနေရတာမို့ ညီမဖြစ်သူကို သတိမှ ရသေးပါရဲ့လားလို့ တီးခေါက်ကြည့်မိသည်။
မနာလိုခြင်းတွေနဲ့ သတိပေးတာမဟုတ်ပဲ ညီမတွေကို သိပ်ချစ်တတ်တဲ့ အကိုအကြီးဆုံး ရောင်နီဝန်းကို အချစ်ကြောင့် အရာအားလုံးကို မေ့လျော့ထားသူဖြစ်သွားမှာ စိုး၍ဖြစ်သည်။ အဝန်းတို့ မောင်နှမတွေကြားက မေတ္တာကို ကြည်သာသိသည်။ သို့သော် အခုအဝန်း၏ စိတ်အခြေအနေကိုလည်း သူနားလည်သည်။
အချစ်တွေကြားမှာ မျှတစွာနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ သူတစ်ယောက်ဖြစ်စေချင်သည်။ အဝန်းကို စိတ်သဘောထား၊ မေတ္တာတရား ကြီးမားသူအဖြစ်နဲ့ ရှင်သန်သွားစေချင်သည်က ကြည်သာ့၏ စစ်မှန်တဲ့ စေတနာပင်။
"အခုဆက်လိုက်ဦးမယ်....."
ကြည်သာ အပြောကြောင့်ပဲ ညီမဖြစ်သူကို သတိတရဖြစ်မိကာ ပြန်လာသည့်ရက်မှစ၍ ယနေ့တိုင် သူမတို့ထံ မဆက်သွယ်ရသေး။
"Hello မမသက်လား၊ ကျွန်တော် အဝန်းပါ။ အကွေး ကျောင်းသွားပြီလား.."
အချိန်သည် ၁၁နာရီကျော်ပြီဖြစ်တာကြောင့် အကွေးများ ကျောင်းရောက်နေမလားလို့ စကားခံလိုက်သော်လည်း သူ့ညီမအကြောင်း သူအသိဆုံးပေမို့ ဒီအချိန် အကွေးတော့ တူလုံးဝိုင်းမှာရှိနေမလား၊ ပုံထောင်ပစ်နေမလားနဲ့ ချက်ပစ်နေမလား...မဟုတ်လျှင် မြတ်ဘုန်းအနားကပ်ပြီး မြတ်ဘုန်းကိုပဲ ကြည့်နေမည်လား တစ်ခုခုတော့ ဖြစ်နိုင်ပါသည်။
"အကွေးရေ အဝန်းတဲ့...."
လက်ထဲမှာ ကိုင်ထားပါတဲ့ ပုံကဒ်လေးကို ချခဲ့ပြီး ဖုန်းဆီအပြေးလာတဲ့ အကွေးက သူမတို့ ကျောင်းအနီးက မမသက်တို့ဆိုင်မှာ ပုံဝယ်နေခြင်းဖြစ်ပါသည်။
"အဝန်းလား...ငါက နင့်ကိုသတိရနေတာ။ ဘာလို့ ငါ့ဆီဖုန်းမဆက်တာလဲဟင်၊ ဖုန်းထဲပိုက်ဆံမရှိလို့လား။ အခုရော အဆင်ပြေရဲ့လား၊ အဖေ့ကိုပြောလိုက်ရမလားဟင်။"
ထုံးစံအတိုင်း လားပေါင်းများစွာနဲ့ မေးခွန်းပေါင်းများစွာကို မေးထုတ်နေပါတဲ့ ငအူကြောင့် အဝန်း သဘောတကျနဲ့ တဟားဟားရယ်နေမိသည်။
"အဝန်း...ရယ်နေတာက ပိုက်ဆံမရှိလို့လားဟင် !!!!"
မှတ်သားလောက်ပါတဲ့ သူမစကားဗျာ။ ပိုက်ဆံမရှိရင် ရယ်နေတတ်တဲ့သူ ရှိပါ့မလား။ ဒီညီမဟာ အဝန်းအတွက်တော့ ဘဝကပေးတဲ့ တာဝန်လေးပင်။ သူမလေးအတွက် အဝန်းမှာ နည်းလမ်းပေါင်းစုံနဲ့ လူမျိုးစုံတို့ကို ဆက်ဆံရပေဥိီးသည်။
ဒီညီမအတွက်ကြောင့်ပဲ သူဟာ သူသဘောကျတဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့သည်။ နောက်ဆုံး သူ သဘောအကျဆုံးဖြစ်တဲ့ လူတစ်ယောက်ကိုလည်း ဒီညီမအတွက်ကြောင့်ပဲ စွန့်ခွာခဲ့ဦးမည်ဆိုတာကို သူအခုထိ မသိသေးပါ။
"အကွေး.....နင်အခုဘာလုပ်နေလဲ ပြောပါဥိီး၊ ပြီးတော့ ငါ့မှာ ပိုက်ဆံရှိပါတယ်။ ဖုန်းမဆက်ဘူးဆိုတာက...."
"ရည်းစားတွေ့နေလို့ဆို...အဖေပြောတာ"
ဟောဗျာ...ကြည်လင်မှုနဲ့ မသေချာမှုတို့ အချိုးကျရောစပ်ထားတဲ့ သူမရဲ့အသံက ကျွန်တော့်ခန္ဓာအနှံ့ ကြက်သီးမွှေးညှင်းတို့ တဖြန်းဖြန်း ထ,ပေါ်လာစေသည်။
"အဝန်း...."
သူမရဲ့ အမေးကို ငြိမ်သက်နေပါတဲ့ အဝန်းကြောင့် ဖုန်းများကျသွားလေသလားလို့ အကွေးခေါ်မိလိုက်တော့...
"အေး" ဆိုသည့် ခပ်တိုးတိုး ပြန်ထူးသံကို ကြားလိုက်ရသည်။
နောက်တွင် ဘာသံမှမထွက်လာတော့ပဲ ဆိတ်ဆိတ်ငြိမ်နေသည်ကြောင့်...
"ဒါပဲလေနော့ အဝန်း၊ ငါ ပုံကဒ်ရွေးနေလို့"
"ခဏ ခဏ အကွေး...."
ဖုန်းကို နားနားကနေ ခွာမည်အပြုတွင် အလောတကြီးနဲ့ အဝန်း၏ အော်သံကြောင့် အကွေးခင်ဗျာမယ် နားတောင်အူသွားရသည်။
"ဖြည်းဖြည်းပြောဟ၊ ငါ့ နားအကောင်းကြီးကိုတဲ့။"
"အေးပါကွာ။ သေချာ နားထောင်နော် အကွေး။ ငါရည်းစားထားမယ်ဆိုရင် နင်ဘယ်လိုနေမလဲ..."
"ထားတာပဲ ထားပေါ့....နင့်အရွယ်က ရည်းစားထားသင့်ပါပြီ။ ဟီး....ငါလည်း တက္ကသိုလ်တတ်ရင် ထားမှာလေ...."
"တကယ်"
"အင်း..."
အကွေးအသံက ရော်ရော်ရဲရဲနဲ့ ရယ်သံစွက်နေပါသည်။ ဒါကြောင့် အဝန်းကိုယ်တိုင်လည်း နှုတ်ခမ်းတွေကို အထပ်သို့ ကွေးတတ်ပြီး ပြုံးမိသွားသည်။
အကွေးရည်းစားထားမယ့် အရွယ်ဆိုတာကို တွေးပြီး အဝန်းမှာရင်ထဲ ဆန်းပြားလှတဲ့ခံစားချက်တို့က ပီတိဖြာတာကြောင့်လား၊ တွန့်တိုနှမြောတာကြောင့်လားဆိုတာကို ဝေခွဲမရပါ။
"အဝန်း....."
"အင်း အကွး၊ သေချာနားထောင်နော်...အရာအားလုံးမှာ ဖြစ်သင့်တဲ့အချိန်ဆိုတာရှိတယ်။ အဲ့လိုဖြစ်သွားတာကလည်း ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်ရှိတယိ။ အဲ့ဒီအကြောင်းတရားကြောင့်ပဲ အကျိုးတရားတွေက ဆက်လာဦးမယ်။ နားလည်လား ဒီထိ"
"ဟမ် အေး....ပြောလေ၊ ရတယ် ရတယ် ဆက်ပြော။"
နောက်လှည့်ကြည့်တော့ သူများတွေက ပုံရွေးလို့ပြီးလို့ ပုံတောင်ရိုက်နေကြပြီ။ အကွေးမှာတော့ အဝန်း၏ စကားများကို နားထောင်နေရသည်။ ဘဝကခက်သည်......သတိတရနဲ့ပြောချင်တဲ့အချိန်မှာ မပြောရပါပဲနဲ့ အခုလို မပြောချင်တဲ့အချိန်ဆို ပြောလိုက်ရပါတဲ့ စကားများ။
"အဲ့ဒီအကျိုးတရားတွေကို လက်ခံနိုင်တဲ့စွမ်းအားရှိရမယ် အကွေး၊ ဒါမှ နင်က လောကဓံကို ရင်ဆိုင်နိုင်တဲ့သူဖြစ်မှာ။"
"အင်း။ ငါလက်ခံနိုင်ပါတယ်....ပြီးတော့ ငါသိတယ် အရာအားလုံးက ပြီးရင်ပြီးသွားတာပဲလေ။"
"ဟင်..."
"ဒီလိုဟာ သူငယ်တန်းနှစ်က ငါအတန်းထဲမှာ ခဲတံပျောက်တယ်၊ အဲ့ဒီတုန်းက ငိုခဲ့တယ်။ အခုပြန်တွေးကြည့်တော့ အဲ့ဒီအဖြစ်အပျက်က ငိုချင်စရာမကောင်းတော့ဘူးလေ။ အဲ့တာကြောင့် ဖြစ်တုန်းသာ ခံစားရတာပါ။ ပြီးရင်လည်း ပြီးသွားတာပဲ...အဲ့တော့ နင်လည်းကြိုက်တာသာလုပ်အဝန်း၊ ငါလည်း အဲ့လိုပဲ လုပ်ဖို့ စိတ်ကူးတယ်"
ငအူ၏ ဥပမာက အဝန်းအတွက်တော့ တိမ်ညိုတွေအုပ်ဆိုင်းနေပါတဲ့ညအချိန်မှာ လမင်းကြီးထွက်လာပြီး ထွန်းလင်းပေးသကဲ့သို့ပင်။
ညစ်ထွေးနေပါတဲ့ သူ၏ စိတ်တို့သည် 'ပြီးရင်လည်း ပြီးသွားတာပဲ" ဆိုသည့် စကားမှာ ရှင်းလင်းသွားရလေသည်။
ဟုတ်သည် သူနဲ့သော့်ကြားအကြောင်းတရားတို့ကလည်း အစပိုင်းမှာ ခက်ခဲနိုင်ပေမယ့် အချိန်တစ်ခုရောက်လာခဲ့ရင် အခက်ခဲဆိုတာ တကယ်မှဟုတ်ပါရဲ့လားလို့တောင် တွေးနေရမှာ။ လူတွေဘယ်လောက်ပဲ ပြောကြပါစေလေ...အရာအားလုံးကို အချိန်က ကုစားပေးမှာပါ။
ဘယ်ပြသနာအတွက်မဆို အချိန်ကသာ အကောင်းဆုံးသော ဖြေရှင်းနည်းပဲဖြစ်သည်။ အချိန်တွေကြာသွားရင်၊ အဲ့ဒီအချိန်ထိ သူတို့တွေအတူရှိနေမယ်ဆိုရင် အဲ့ဒီအချိန်မှာ လူတွေက ဘာများပြောနိုင်ဦးမှာတဲ့လဲ။
ဒါဆို အခု သူကဘာကိုများ ကြောက်နေရဦးမှာတဲ့လဲ....
"အကို...."
ကြည်သာနှင့်အဝန်းထိုင်နေရာ ဗန်ဒါပင်အောက်သို့ လျှောက်လှမ်းလာပါတဲ့ စန္ဒသော်ကအောင်၏ အသံသည် တိမ်ကင်းစင်တဲ့ နေ့မှာတိုက်ခတ်ပါတဲ့ လေညှင်းအေးအေးလေးလိုပဲ ချိုမြိန် လတ်ဆတ်လှပါသည်။
"ဒါဆို ဒါပဲနော်အကွေး။ ကျောင်းသွားဦးနော်..."
"အေးပါ ..ဒါပဲ အဝန်း..."
ချက်ချင်းပဲ ဖုန်းချသွားတဲ့ အကွေးကြောင့် အဝန်းနှုတ်မှထုတ်၍ ရေရွတ်မိသည်က...
"ဒီဟာလေး ဘယ်ကတည်းက ဖုန်းချချင်နေတယ်မသိဘူး...."
ခေါင်းကို ပုံမှန်နှုန်းထားနှင့်ယမ်းခါလိုက်သည့်အချိန်မှာလည်း မျက်နှာက အပြုံးနုနုတို့က လွင့်စင်မသွားပဲရှိနေသေးသည်။ ဤမျှအထိပဲ၊ အကွေးရဲ့ ဖြူစင်မှုတို့က တစ်ဖက်သူကိုပါ ကြည်လင်စေပါသည်။
"သွားတော့မယ်...."
လက်ထဲက ဗလာစာအုပ်လေးဖြင့် အဝန်း၏ ပခုံးတစ်ဖက်အား ခပ်ဖွဖွလေးရိုက်ပြီးနောက်တွင် ကြည်သာက နေရာကနေထွက်သွားဖို့လုပ်သည်။
"သွားတော့မလို့လား..."
"အင်း။ Reportတင်ရဦးမှာ။"
"ညနေကျ သီချင်းဆက်ရအောင်..."
"အင်း.."
ကြည်လင်ပေါ့ပါးမှုတို့ခြံရံလျက်နဲ့ ထွက်ခွာသွားသူ၏ ရင်ထဲ တစ်စစီကျိုးပဲ့နေတဲ့ အသဲနှလုံးတစ်စုံရှိနေမည်ဆိုတာကို မည်သူသိနိုင်မှာတဲ့လဲ။ အဝန်း....ရောင်နီဝန်း နွေးထွေမှုတို့ ပေးသည့်တိုင် တစ်ယောက်ထဲကိုပဲ နွေးထွေးစေတာမဟုတ်ပါဘဲ နေရာအနှံ့ဖြန်ကျက်ပေးသည်။
အရာအားလုံးမှာ သူ့အပြော၊ သူ့ရဲ့အမူအရာလေးတွေနဲ့ပဲ အရာရာရှေ့တန်းတင်ထားပေးခဲ့သည်။ အချိန်တွေကုန်တာ မြန်လွန်းပါသည်။ ဒီတစ်ခေါက်ခရီးက အဝန်းနဲ့အတူ သွားခဲ့တဲ့ နောက်ဆုံးခရီးပဲဖြစ်လေမလားလို့ တွေးမိရင်း ရင်ထဲမွန်းကြပ်လာမိသည်။
"ဖလင်တွေ ဘယ်နှလိပ်တောင်လဲဗျာ...."
ဂျစ်ကားလေး၏ အနောက်မှာ ထိုင်နေရင်းနှင့် သူ့အိတ်ထဲ ရှာဖွေနေသူသည် တခြားတော့မဟုတ်၊ သူကြည်ဖြူရာလေး ရောင်နီဝန်း။
"ကင်မရာကရော အဆင်ပြေရဲ့လား ကြည်သာ"
"ဟုတ်ကဲ့ ကိုကို၊ ကျွန်တော် အားလုံး စစ်ကြည့်ခဲ့ပါတယ်။"
"ဒီကိုကြည့်..."
ကြည်သာရဲ့အပြောကို သက်လျာက လက်တွေ့ပြပေးသည်မို့ ကြည်သာတို့သုံးယောက်သည် သက်လျာဘက်သို့ ကြည့်ကာ အလိုအလျောက်နဲ့ပင် ပြုံးလိုက်မိသည်။
"ဒီပုံလေးကို ထုတ်ရမယ်..."
စထွက်သည့်အချိန်ထဲက ပြောလာသည့် ဒီစကား၊ ဒီတိုင်းပဲ ခရီးတစ်လျှောက်လုံးမှာ ရိုက်လာသမျှပုံတွေကို ထုတ်ယူတတ်တာက သက်လျာ၏ အကျင့်ပင်။ ကြည်သာကတော့ ထိုသို့မဟုတ်ပါ။
ကြည်သာဟာ အရာရာကို ရောင်နီဝန်းမှစ၍ ဆည်းဆာနေညိုချိန်အဆုံးကို နေ၏ အကူအညီယူပြီး ကြည့်ချင်တာ။ ဒီလိုကြည့်ရတာက ပိုလို့ အဓိပ္ပါယ်ရှိပါသည်ဟု ယူဆခဲ့သည်က အရင်နှစ်မှစ၍ တစ်သက်လုံးပဲ ဖြစ်လိမ့်မည်။
ကြည်သာဟာ အရာရာမှာ တိကျသူဖြစ်သည်။
"ပုဂံထိတော့ မသွားကြဘူးမဟုတ်လား။ ကိုကိုက မနက်ဖြန် Flightရှိလို့..."
ကိုကိုကတော့ ရောက်တဲ့အချိန် သုံးလကျော်လေးကို ပြန်ချင်ပြီ ရေရွတ်ပြီး ကုန်ဆုံးခဲ့သည်။ ဘာလိုလိုနဲ့ မနက်ဖြန်တော့ ကိုကိုတကယ်ပဲ ပြန်ရတော့မှာပါ။ မနက်ဖြန်မှာ အစပျိုးပြီး သဘက်ခါမှာ ကိုကိုဟာ ချစ်ရသူရှိရာ အရပ်ကို ခြေနင်းလေတော့မည်။
ဒါကို သက်လျာက မနာလိုစွာနဲ့ပဲ...
"ကိုကိုတို့များနော်...နောက်ဘယ်ချိန်များတွေ့ရမလဲ မသိတဲ့ ညီလေးတွေကို အလိုလိုက်မယ်မရှိဘူး။ ဘာလဲ ကျွန်တော်တို့နဲ့ နေရတာ ကိုကိုမပျော်လို့လား။"
"မဟုတ်တာတွေ သက်လျာရာ။ ကိုကိုပျော်ပါတယ်၊ မင်းတို့နဲ့နေရတာ ကိုကို တကယ်ပျော်ပါတယ်။ မင်းနဲ့စကားပြောရတာ ကိုကိုပျော်တယ်၊ သီချင်းဆက်ရတာကိုလည်း ကိုကိုသိပ်သဘောကျတာပါ။ ပြီးတော့ မပြန်ခင်လေး အောင့်ကိုလည်းတွေ့ချင်သေးတာ။ ဘာပဲဖြစ်ဖြစ်ပါလေ အခုတစ်ခေါက်မဟုတ် နောက်တစ်ခေါက်တော့ တွေ့ကြမှာပဲလေ။"
"နောက်တစ်ခေါက်တော့ အတည်ပြန်လာခဲ့နော် ကိုကို..."
ကြည်သာသည်လည်း ကိုကိုပြန်မှာကို ဝမ်းနည််းနေဟန်ပါ။ အတူနေခဲ့ရတဲ့ ၅နှစ်မှာ ကိုကို့မေတ္တာတို့က သူတို့အပေါ် အကိုကြီးတစ်ယောက်ကဲ့သို့ပင်။ နောက်ထပ် တစ်ယောက်ရှိသေးသည်၊ ကိုကို့ကဲ့သို့ပင် ကြည်သာတို့အပေါ် ကြင်နာပေးခဲ့သူ...သို့သော် ထိုသူသည် အခုချိန်များ ဘယ်လိုမှ ရှာလို့မရနိုင်လောက်အောင်ကို ပျောက်ချက်သားကောင်းနေခဲ့သည်။
"သြော် ကိုသုခတော့ ဘယ်ဆီမှာများရှိနေမလဲပဲနော်။"
ကြည်သာ့၏ ခပ်ဆွေးဆွေးအသံကြောင့် အဝန်းတောင် စိတ်ဝင်တစားဖြစ်သွားရသည်။ ကိုသုခတဲ့။ ဒီလူဟာလည်း အကိုကြီးအတွက် အရေးပါသည့် သူပဲဖြစ်နိူင်ပါ့လိမ့်မည်။ ဒါကြောင့် အကိုကြီးဒီလောက်ထိ ဆွေးမြေ့နေတာနေမှာပါ။
"Scholarတောင် လာမယူပဲ ပျောက်သွားတာ၊ နှမြောတယ်ဆိုတာထက် တကယ်ပဲ စိတ်ပျက်မိတယ်ကွာ...."
ရှေ့ခန်းက ကားမောင်းနေသော အကိုကြီးတို့နှင့် တစ်ဖွဲ့တည်း ကိုသော်မောင်၏ အသံက ပြတ်သွားစွာနဲ့ပင်။
"သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပဲ။ ကဲ ထားပါကွာ....ခရီးထွက်တာကို ဘယ်နှယ့်ကြောင့်ဆွေးရအောင်"
လုပ်ယူထားပါတဲ့ အပြုံးမျက်နှာနှင့် ပြောလာသူက တည်တံ့ကိုကိုပင်။
"ကျွန်တော်တို့ သီချင်းဆက်ကြမလား..."
"မဆက်နဲ့တော့ ညီလေး ရှေ့ဆို ရောက်ပြီ။"
တကယ်လည်း ကိုသော်မောင်ပြောတာ မှန်ပါသည်။ ကားက ကွေ့ချိုးလိုက်တော့ မြင်လိုက်ရပါသည့် စျေးဆိုင်ခန်းများ။
"အမှတ်တရ အင်္ကျီတွေရမယ်နော်..."
"ဟောဒီက ဆေးမြစ်တွေက ကိုက်တာခဲတာအတွက် အကောင်းဆုံးနော်။ ပုပ္ပါးက နတ်ဆေးမြစ်တဲ့ရှင့်။"
"အမူးပြေ အချဥ်ပေါင်း၊ အချဥ်ပေါင်း..."
သြော်..ကားပေါ်ကနေဆင်းလိုက်ပါပြီဆိုထဲက အနားကို ရောက်လာကြပါတဲ့ အမျိုးမျိုးသော အသည်စုံတို့။
"တောင်ပေါ် အရင်တက်ကြမယ်မဟုတ်လား..."
"အင်း သွားမယ်လေ။ နေတောင် အတော်ပူနေပြီ။"
တတ်ကြွနေပါတဲ့ ရောင်နီဝန်းက အာလုံး၏ရှေ့မှ ဦးဆောင်ပေးသည်။ ထိုကြောင့် ကြည်သာကိုင်ဆောင်ထားပါသော ကင်မရာလေးထဲတွင် လေးထောင့်ကျ နောက်ကျာပြင်က နေရာယူသည်။
"ဖိနပ်ချွတ်ရဦးမှာလား..."
"ကျွန်တော် ကိုင်ပေးပါ့မယ်..."
တစ်ယောက်တည်း ရှေ့က ရောက်နှင့်နေမိသည်ကြောင့် ဖိနပ်ချွတ်ပြီးမှပဲလှေကားကို တတ်ရမလား၊ မဟုတ်လို့ ဒီတိုင်းပဲ တတ်လိုက်ရမလားဆိုတာကို ဝေခွဲမရဖြစ်နေပါတဲ့ ဒီအချိန်မှာ စျေးဆိုင်၏ဘေးနားကနေ ထွက်ပေါ်လာပါတဲ့ ညီငယ် သော်ကလေး။
"ဟား! သော်..."
"အင်း အကို..."
ပထမတစ်ဖြတ်အားလပ်ရက်မှာ စာပေးရင်းနဲ့ပဲ မပြတ်အဆက်အသွယ်ရှိခဲ့ရာကနေ အခုလို လူချင်းတွေ့လိုက်ရတာ တော်တော်လေး နှလုံးရွှေရင်ကို အေးမြစေပါသည်။
"အောင်..."
"ကိုကို.."
"မင်းကို ဘယ်လိုလုပ်"
"အထည်လာပို့ရင်းနဲ့ ကိုကိုတို့ကို တွေ့လိုက်လို့"
တကယ်ဆို အကို့စာထဲမှာ ဒီရက်တော့ဖြင့် ပုပ္ပါးကိုလာမည်ဆိုတာကို ထည့်သွင်းပြောပြထားတာကြောင့် မနက်မလင်းခင်ထဲက တောင်ခြေမှာ ချာချာလည် ရှာဖွေနေခဲ့တာဖြစ်သည်။ ကျောင်းဖွင့်လျှင် တွေ့ရမည့် အကို့မျက်နှာကို အခုခဏလေးလည်း မော်ဖူးချင်သေးသည်မို့ ခြဖဝါးမှ ခဲစူးဒဏ်ရာတို့ကိုလည်း အမှုမထားနိုင်ပဲ ရှိရသည်။
"အတော်ပဲကွာ...ကိုကိုကလည်း မင်းကိုနှုတ်ဆတ်ချင်နေတာ။ ကိုကို မနက်ဖြန်ပြန်တော့မယ်။ နှုတ်ဆတ်ပါတယ်ကွာ..."
"ကျွန်တော်တို့ ထပ်တွေ့ကြမယ်နော် ကိုကို..."
"တွေ့မှာပေါ့ အောင်ရ၊ မင်းကို သိပ်ခင်တာပါ။"
"ကဲ ကဲ အပေါ်တတ်ကြမယ်။"
ဖလပ် !!!
လှေကားထစ်ပေါ်ရောက်နေပါတဲ့ သက်လျာက အပေါ်စီးကနေ အားလုံးအတွက်လျှပ်တစ်ပြက်ကလေး တစ်ချက် ရိုက်ပေးလေသည်။
"ကျွန်တော် ကိုင်ပေးပါ့မယ်။"
"မဟုတ်တာ သော်ရ၊ ကိုယ် ကိုင်ပါ့မယ်။
သော့်ကို မလုပ်ခိုင်းရက်ပါဘူး"
"ရပါတယ်ဆိုဗျာ..."
လူရှုပ်လှတဲ့ တောင်ခြေဝင်ပေါက်လိုနေရာမှာ ဖိနပ်တစ်ရံကို လူနှစ်ယောက်ခါးကိုင်းလို့ လုနေကြသည်က နည်းနည်းတော့ အများအမြင်မှာ ထူးဆန်းဖွယ်ရာဖြစ်နေသည်။
"မယ်တော်အတွက် ပွဲယူဦးမလား၊ အန္တရာယ်ကင်းတယ်၊ စီးပွားတတ်ပြီး လာဘ်များတယ်။"
"ပန်းဆက်ဖို့ ပန်းလေးတွေ ရတယ်နော်၊ အကိုရေ ပန်းယူဦးမလား...."
အနားရောက်လာပြီး ပန်းရောင်း၊ ပွဲရောင်းသည့် စျေးသည်နှစ်ဦးကြောင့် အဝန်းက ခါးကို ပြန်မတ်ပြီး မယူသေးကြောင်းပြောရသည်။ ထိုအခါ သော်,က အဝန်း၏ ကတ္ထီပါဖိနပ်အစိမ်းရောင်လေးကို ခပ်ဖွဖွလေး ယူကိုင်ထားလေသည်။
"သွားမယ်လေ အကို..."
"ခဏ သော်၊ ပန်းတော့ ဝယ်ရအောင်ပါ။"
"အင်း ဝယ်လေ အကိုရဲ့..."
သို့နှင့် ပန်းတစ်စီးဝယ်ယူလိုက်ပြီး နှစ်ယောက်အတူ လှမ်းခဲ့ပါသည့် ပုပ္ပါးတောင်ကလပ်၏ ပထမလှေကားထစ်။
"အကိုကြီးတို့၊ အကိုလေးတို့ရယ် မျောက်စာလေးတွေဝယ်ကြပါဦး။ မျောက်ကလေးတွေ သနားပါတယ်၊ ဝယ်ကျွေးမှစားရတာ။ အကိုကြီးတို့ ဝယ်ကျွေးမှ သူတို့ စားရတာပါ။"
မျောက်တစ်ကောင်စ၊ နှစ်ကောင်စ တွေ့ရသည့် အထစ်တွင် လှေကားဟိုဘက်စွန်း၊ ဒီဖက်စွန်း လျှောက်နေပြီး အဝန်းတို့ကိုကြည့်ကာ ပြောနေပါသည့် ထိုစျေးသည်သည် စျေးရောင်းနေသည်တဲ့။ ပြောပုံက တော်တော်လေး သနားဖို့ကောင်းလို့ မျောက်တွေကိုဝယ်ကျွေးဖို့ရန်အတွက် ကြည့်မိလိုက်တော့လည်း စျေးသည်၏အပြောနှင့် ကွဲလွဲစွာ ဟိုဆော့ဒီဆော့ ဟိုကူးဒီကူးနဲ့ ဖောင်းအင့်အင့်နှင့်ရှိနေသည်။
"ဘာလို့လဲ အကို ဆက်သွားမယ်လေ။"
လှေကားကို ဆက်မတက်ပဲ စျေးသည်ကို ကြည့်လိုက်၊ မျောက်ကိုကြည့်လိုက်နဲ့ အကို့ပုံစံက ချစ်စရာကောင်းသည်။ ဒီတိုင်းလေးပဲ ဆက်ပြီး ဘေးနားမှာ အဖော်ပြုရပ်ပေးချင်ပါသော်လည်း နောက်မှာလည်း တက်လာကြသည့် သူတွေက မနည်းမနောပေမို့ ဆက်သွားဖို့ ပြောလိုက်ရသည်။
"ဝယ်ကျွေးလိုက်ရင် ကောင်းမလား သော်..."
"အကို့သဘောလေ။"
ဒီလိုနဲ့ပဲ မျောက်စာအဖြစ် ပြောင်းဖူးနှင့် မြေပဲလိပ်ကို ဂျာနယ် စက္ကူထဲ ထည့်လိပ်ထားသည့် အလိပ်ကလေး ၅လိပ်ကို ဝယ်ခဲ့သည်။ ပြီးနောက် တစ်ဆက်တည်း ဆိုင်ရှိနေတုန်းလေး ရေဗူးလေးပါဝယ်ခဲ့လိုက်သည်။
"ကျွန်တော့်ကို ရေဗူးပေးပါ။ကျွန်တော်ကိုင်လိုက်မယ်။"
"ကိုယ်ပဲ ကိုင်ပါ့မယ် သော်ရ..."
အကို့လက်ထဲမှာ ရေဗူးရော၊ ပန်းရော၊ မျောက်စာရောနဲ့ ပြည့်နေသည့်ကြောင့် ရေဗူးကိုင်ပေးမယ်လို့ ပြောသော်လည်း အကိုက လက်မခံပါ။ ကြည့်ရတာ သူ့ဖိနပ်ကိုင်ထားပေးလို့ အကိုက ကျွန်တော့်ကို အားနားနေပုံရသည်။
တကယ်ဆို လိုမှမလိုတာလေ။ အကိုနဲ့ကျွန်တော့်ကြား ဘာကများအားနာစရာရှိပါ့မလဲ။ ကျွန်တော်က ဒီတိုင်းပဲ အကို့ကိုချစ်လို့ လုပ်ပေးတဲ့ဥစ္စာ။ အကိုကလေ အားနာစရာမရှိတာကို ကြံဖန်အားနာနေတော့တာပဲ။
"ဟော..."
အကို့လက်ထဲက မျောက်စာလိပ်လေးတွေသည် မျောက်တစ်ယောက်၏ ခုန်အုပ်မှုကြောင့် လှေကားပေါ် ပြန့်ကျဲသွားသလိုပဲ၊ ကြောက်လန့်တကြား ကျွန်တော့် ရင်ခွင်ထဲရောက်လာတဲ့ အကိုကြောင့် ကျွန်တော့်ရင်ခုန်သံတွေက ဝုန်းဒိုင်းကျဲသွားတော့သည်။
ပုပ္ပါးတောင်တက်ပါတဲ့ လှေကားမှာ မျောက်တစ်ကောင်၏ ကျေးဇူးကြောင့်နဲ့ အကိုဟာ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့်ရင်ခွင်မှာ ခိုလှုံလာသည်။
ဒီရင်ခွင်ကို အမြဲစိတ်ချထားလို့ ရပါတယ် အကို......
_______________________
Zawgyi.....
"ဒါဆို ပုပၸါးကိုသြားမွာေပါ့ ဟုတ္သလား အကိုႀကီး"
ၾကည္ႏူးမႈေတြအျပည့္၊ ေပါ့ပါးမႈလြတ္လပ္မႈေတြအထိပါ ကိန္းေအာင္းပါဝင္ေနပါတဲ့ အဝန္း၏ မ်က္ႏွာက ၾကည္သာ့အတြက္ေတာ့ ႏွလုံးသား အက္ကြဲဒဏ္ရာတစ္ခုပင္။
သို႔ေသာ္လည္း အမ်ားႀကီးမေတြးမိေအာင္ႀကိဳးစားလိုက္ရင္းနဲ႔ အဝန္း၏အၿပဳံးတို႔ကို သူ႔ဘက္ကလည္း ႏွစ္ၿခိဳက္စြာၿပဳံးျပရင္း တုန္႔ျပန္လိုက္ၿပီး....
"အင္း။ မင္း သေဘာက်ရဲ႕လား။" ဟု ၾကင္ၾကင္နာနာနဲ႔ပင္ ေမးလိုက္သည္။
"သေဘာက်တာေပါ့ အကိုႀကီးရ။ ကြၽန္ေတာ္အခုထိ ပုပၸါးကို ေရာက္မွ မေရာက္ဖူးေသးတာ။ hiking ဆိုေတာ့ ေတာင္မႀကီးဘက္အထိပါ သြားၾကမွာလား။"
"မေျပာတတ္ေသးဘူးေလ။ ကိုကိုလည္းပါမွာဆိုေတာ့ သူနဲ႔တစ္ခ်က္ညႇိၾကဖို႔ေတာ့ လိုဦးမယ္ ထင္တယ္။"
"ေအးေပါ့ေလ၊ ခရီးစဥ္ ကိစၥကေတာ့ အကိုႀကီးတို႔ပဲ ညႇိၾကပါ။"
"မင္းအိမ္ကို ဖုန္းဆက္ျဖစ္ရဲ႕လား အဝန္း။ အေကြးအသံ သိပ္မၾကားဖူးလားလို႔ပါ"
ပထမႏွစ္ တစ္ႏွစ္လုံး အခ်ိန္ျပည့္ အေကြးဟုေရ႐ြတ္ခဲ့သူသည္ တစ္ေသာ္တည္းေသာ္ေနတာကို ျမင္ေန၊ ၾကားေနရတာမို႔ ညီမျဖစ္သူကို သတိမွ ရေသးပါရဲ႕လားလို႔ တီးေခါက္ၾကည့္မိသည္။
မနာလိုျခင္းေတြနဲ႔ သတိေပးတာမဟုတ္ပဲ ညီမေတြကို သိပ္ခ်စ္တတ္တဲ့ အကိုအႀကီးဆုံး ေရာင္နီဝန္းကို အခ်စ္ေၾကာင့္ အရာအားလုံးကို ေမ့ေလ်ာ့ထားသူျဖစ္သြားမွာ စိုး၍ျဖစ္သည္။ အဝန္းတို႔ ေမာင္ႏွမေတြၾကားက ေမတၱာကို ၾကည္သာသိသည္။ သို႔ေသာ္ အခုအဝန္း၏ စိတ္အေျခအေနကိုလည္း သူနားလည္သည္။
အခ်စ္ေတြၾကားမွာ မွ်တစြာနဲ႔ ေဝဖန္ပိုင္းျခားႏိုင္စြမ္းရွိတဲ့ သူတစ္ေယာက္ျဖစ္ေစခ်င္သည္။ အဝန္းကို စိတ္သေဘာထား၊ ေမတၱာတရား ႀကီးမားသူအျဖစ္နဲ႔ ရွင္သန္သြားေစခ်င္သည္က ၾကည္သာ့၏ စစ္မွန္တဲ့ ေစတနာပင္။
"အခုဆက္လိုက္ဦးမယ္....."
ၾကည္သာ အေျပာေၾကာင့္ပဲ ညီမျဖစ္သူကို သတိတရျဖစ္မိကာ ျပန္လာသည့္ရက္မွစ၍ ယေန႔တိုင္ သူမတို႔ထံ မဆက္သြယ္ရေသး။
"Hello မမသက္လား၊ ကြၽန္ေတာ္ အဝန္းပါ။ အေကြး ေက်ာင္းသြားၿပီလား.."
အခ်ိန္သည္ ၁၁နာရီေက်ာ္ၿပီျဖစ္တာေၾကာင့္ အေကြးမ်ား ေက်ာင္းေရာက္ေနမလားလို႔ စကားခံလိုက္ေသာ္လည္း သူ႔ညီမအေၾကာင္း သူအသိဆုံးေပမို႔ ဒီအခ်ိန္ အေကြးေတာ့ တူလုံးဝိုင္းမွာရွိေနမလား၊ ပုံေထာင္ပစ္ေနမလားနဲ႔ ခ်က္ပစ္ေနမလား...မဟုတ္လွ်င္ ျမတ္ဘုန္းအနားကပ္ၿပီး ျမတ္ဘုန္းကိုပဲ ၾကည့္ေနမည္လား တစ္ခုခုေတာ့ ျဖစ္ႏိုင္ပါသည္။
"အေကြးေရ အဝန္းတဲ့...."
လက္ထဲမွာ ကိုင္ထားပါတဲ့ ပုံကဒ္ေလးကို ခ်ခဲ့ၿပီး ဖုန္းဆီအေျပးလာတဲ့ အေကြးက သူမတို႔ ေက်ာင္းအနီးက မမသက္တို႔ဆိုင္မွာ ပုံဝယ္ေနျခင္းျဖစ္ပါသည္။
"အဝန္းလား...ငါက နင့္ကိုသတိရေနတာ။ ဘာလို႔ ငါ့ဆီဖုန္းမဆက္တာလဲဟင္၊ ဖုန္းထဲပိုက္ဆံမရွိလို႔လား။ အခုေရာ အဆင္ေျပရဲ႕လား၊ အေဖ့ကိုေျပာလိုက္ရမလားဟင္။"
ထုံးစံအတိုင္း လားေပါင္းမ်ားစြာနဲ႔ ေမးခြန္းေပါင္းမ်ားစြာကို ေမးထုတ္ေနပါတဲ့ ငအူေၾကာင့္ အဝန္း သေဘာတက်နဲ႔ တဟားဟားရယ္ေနမိသည္။
"အဝန္း...ရယ္ေနတာက ပိုက္ဆံမရွိလို႔လားဟင္ !!!!"
မွတ္သားေလာက္ပါတဲ့ သူမစကားဗ်ာ။ ပိုက္ဆံမရွိရင္ ရယ္ေနတတ္တဲ့သူ ရွိပါ့မလား။ ဒီညီမဟာ အဝန္းအတြက္ေတာ့ ဘဝကေပးတဲ့ တာဝန္ေလးပင္။ သူမေလးအတြက္ အဝန္းမွာ နည္းလမ္းေပါင္းစုံနဲ႔ လူမ်ိဳးစုံတို႔ကို ဆက္ဆံရေပဥိီးသည္။
ဒီညီမအတြက္ေၾကာင့္ပဲ သူဟာ သူသေဘာက်တဲ့ အရာအားလုံးကို စြန္႔လႊတ္ႏိုင္ခဲ့သည္။ ေနာက္ဆုံး သူ သေဘာအက်ဆုံးျဖစ္တဲ့ လူတစ္ေယာက္ကိုလည္း ဒီညီမအတြက္ေၾကာင့္ပဲ စြန္႔ခြာခဲ့ဦးမည္ဆိုတာကို သူအခုထိ မသိေသးပါ။
"အေကြး.....နင္အခုဘာလုပ္ေနလဲ ေျပာပါဥိီး၊ ၿပီးေတာ့ ငါ့မွာ ပိုက္ဆံရွိပါတယ္။ ဖုန္းမဆက္ဘူးဆိုတာက...."
"ရည္းစားေတြ႕ေနလို႔ဆို...အေဖေျပာတာ"
ေဟာဗ်ာ...ၾကည္လင္မႈနဲ႔ မေသခ်ာမႈတို႔ အခ်ိဳးက်ေရာစပ္ထားတဲ့ သူမရဲ႕အသံက ကြၽန္ေတာ့္ခႏၶာအႏွံ႔ ၾကက္သီးေမႊးညႇင္းတို႔ တျဖန္းျဖန္း ထ,ေပၚလာေစသည္။
"အဝန္း...."
သူမရဲ႕ အေမးကို ၿငိမ္သက္ေနပါတဲ့ အဝန္းေၾကာင့္ ဖုန္းမ်ားက်သြားေလသလားလို႔ အေကြးေခၚမိလိုက္ေတာ့...
"ေအး" ဆိုသည့္ ခပ္တိုးတိုး ျပန္ထူးသံကို ၾကားလိုက္ရသည္။
ေနာက္တြင္ ဘာသံမွမထြက္လာေတာ့ပဲ ဆိတ္ဆိတ္ၿငိမ္ေနသည္ေၾကာင့္...
"ဒါပဲေလေနာ့ အဝန္း၊ ငါ ပုံကဒ္ေ႐ြးေနလို႔"
"ခဏ ခဏ အေကြး...."
ဖုန္းကို နားနားကေန ခြာမည္အျပဳတြင္ အေလာတႀကီးနဲ႔ အဝန္း၏ ေအာ္သံေၾကာင့္ အေကြးခင္ဗ်ာမယ္ နားေတာင္အူသြားရသည္။
"ျဖည္းျဖည္းေျပာဟ၊ ငါ့ နားအေကာင္းႀကီးကိုတဲ့။"
"ေအးပါကြာ။ ေသခ်ာ နားေထာင္ေနာ္ အေကြး။ ငါရည္းစားထားမယ္ဆိုရင္ နင္ဘယ္လိုေနမလဲ..."
"ထားတာပဲ ထားေပါ့....နင့္အ႐ြယ္က ရည္းစားထားသင့္ပါၿပီ။ ဟီး....ငါလည္း တကၠသိုလ္တတ္ရင္ ထားမွာေလ...."
"တကယ္"
"အင္း..."
အေကြးအသံက ေရာ္ေရာ္ရဲရဲနဲ႔ ရယ္သံစြက္ေနပါသည္။ ဒါေၾကာင့္ အဝန္းကိုယ္တိုင္လည္း ႏႈတ္ခမ္းေတြကို အထပ္သို႔ ေကြးတတ္ၿပီး ၿပဳံးမိသြားသည္။
အေကြးရည္းစားထားမယ့္ အ႐ြယ္ဆိုတာကို ေတြးၿပီး အဝန္းမွာရင္ထဲ ဆန္းျပားလွတဲ့ခံစားခ်က္တို႔က ပီတိျဖာတာေၾကာင့္လား၊ တြန္႔တိုႏွေျမာတာေၾကာင့္လားဆိုတာကို ေဝခြဲမရပါ။
"အဝန္း....."
"အင္း အကြး၊ ေသခ်ာနားေထာင္ေနာ္...အရာအားလုံးမွာ ျဖစ္သင့္တဲ့အခ်ိန္ဆိုတာရွိတယ္။ အဲ့လိုျဖစ္သြားတာကလည္း ျဖစ္မယ္ဆိုတဲ့ အေၾကာင္းျပခ်က္ရွိတယိ။ အဲ့ဒီအေၾကာင္းတရားေၾကာင့္ပဲ အက်ိဳးတရားေတြက ဆက္လာဦးမယ္။ နားလည္လား ဒီထိ"
"ဟမ္ ေအး....ေျပာေလ၊ ရတယ္ ရတယ္ ဆက္ေျပာ။"
ေနာက္လွည့္ၾကည့္ေတာ့ သူမ်ားေတြက ပုံေ႐ြးလို႔ၿပီးလို႔ ပုံေတာင္႐ိုက္ေနၾကၿပီ။ အေကြးမွာေတာ့ အဝန္း၏ စကားမ်ားကို နားေထာင္ေနရသည္။ ဘဝကခက္သည္......သတိတရနဲ႔ေျပာခ်င္တဲ့အခ်ိန္မွာ မေျပာရပါပဲနဲ႔ အခုလို မေျပာခ်င္တဲ့အခ်ိန္ဆို ေျပာလိုက္ရပါတဲ့ စကားမ်ား။
"အဲ့ဒီအက်ိဳးတရားေတြကို လက္ခံႏိုင္တဲ့စြမ္းအားရွိရမယ္ အေကြး၊ ဒါမွ နင္က ေလာကဓံကို ရင္ဆိုင္ႏိုင္တဲ့သူျဖစ္မွာ။"
"အင္း။ ငါလက္ခံႏိုင္ပါတယ္....ၿပီးေတာ့ ငါသိတယ္ အရာအားလုံးက ၿပီးရင္ၿပီးသြားတာပဲေလ။"
"ဟင္..."
"ဒီလိုဟာ သူငယ္တန္းႏွစ္က ငါအတန္းထဲမွာ ခဲတံေပ်ာက္တယ္၊ အဲ့ဒီတုန္းက ငိုခဲ့တယ္။ အခုျပန္ေတြးၾကည့္ေတာ့ အဲ့ဒီအျဖစ္အပ်က္က ငိုခ်င္စရာမေကာင္းေတာ့ဘူးေလ။ အဲ့တာေၾကာင့္ ျဖစ္တုန္းသာ ခံစားရတာပါ။ ၿပီးရင္လည္း ၿပီးသြားတာပဲ...အဲ့ေတာ့ နင္လည္းႀကိဳက္တာသာလုပ္အဝန္း၊ ငါလည္း အဲ့လိုပဲ လုပ္ဖို႔ စိတ္ကူးတယ္"
ငအူ၏ ဥပမာက အဝန္းအတြက္ေတာ့ တိမ္ညိဳေတြအုပ္ဆိုင္းေနပါတဲ့ညအခ်ိန္မွာ လမင္းႀကီးထြက္လာၿပီး ထြန္းလင္းေပးသကဲ့သို႔ပင္။
ညစ္ေထြးေနပါတဲ့ သူ၏ စိတ္တို႔သည္ 'ၿပီးရင္လည္း ၿပီးသြားတာပဲ" ဆိုသည့္ စကားမွာ ရွင္းလင္းသြားရေလသည္။
ဟုတ္သည္ သူနဲ႔ေသာ့္ၾကားအေၾကာင္းတရားတို႔ကလည္း အစပိုင္းမွာ ခက္ခဲႏိုင္ေပမယ့္ အခ်ိန္တစ္ခုေရာက္လာခဲ့ရင္ အခက္ခဲဆိုတာ တကယ္မွဟုတ္ပါရဲ႕လားလို႔ေတာင္ ေတြးေနရမွာ။ လူေတြဘယ္ေလာက္ပဲ ေျပာၾကပါေစေလ...အရာအားလုံးကို အခ်ိန္က ကုစားေပးမွာပါ။
ဘယ္ျပသနာအတြက္မဆို အခ်ိန္ကသာ အေကာင္းဆုံးေသာ ေျဖရွင္းနည္းပဲျဖစ္သည္။ အခ်ိန္ေတြၾကာသြားရင္၊ အဲ့ဒီအခ်ိန္ထိ သူတို႔ေတြအတူရွိေနမယ္ဆိုရင္ အဲ့ဒီအခ်ိန္မွာ လူေတြက ဘာမ်ားေျပာႏိုင္ဦးမွာတဲ့လဲ။
ဒါဆို အခု သူကဘာကိုမ်ား ေၾကာက္ေနရဦးမွာတဲ့လဲ....
"အကို...."
ၾကည္သာႏွင့္အဝန္းထိုင္ေနရာ ဗန္ဒါပင္ေအာက္သို႔ ေလွ်ာက္လွမ္းလာပါတဲ့ စႏၵေသာ္ကေအာင္၏ အသံသည္ တိမ္ကင္းစင္တဲ့ ေန႔မွာတိုက္ခတ္ပါတဲ့ ေလညႇင္းေအးေအးေလးလိုပဲ ခ်ိဳၿမိန္ လတ္ဆတ္လွပါသည္။
"ဒါဆို ဒါပဲေနာ္အေကြး။ ေက်ာင္းသြားဦးေနာ္..."
"ေအးပါ ..ဒါပဲ အဝန္း..."
ခ်က္ခ်င္းပဲ ဖုန္းခ်သြားတဲ့ အေကြးေၾကာင့္ အဝန္းႏႈတ္မွထုတ္၍ ေရ႐ြတ္မိသည္က...
"ဒီဟာေလး ဘယ္ကတည္းက ဖုန္းခ်ခ်င္ေနတယ္မသိဘူး...."
ေခါင္းကို ပုံမွန္ႏႈန္းထားႏွင့္ယမ္းခါလိုက္သည့္အခ်ိန္မွာလည္း မ်က္ႏွာက အၿပဳံးႏုႏုတို႔က လြင့္စင္မသြားပဲရွိေနေသးသည္။ ဤမွ်အထိပဲ၊ အေကြးရဲ႕ ျဖဴစင္မႈတို႔က တစ္ဖက္သူကိုပါ ၾကည္လင္ေစပါသည္။
"သြားေတာ့မယ္...."
လက္ထဲက ဗလာစာအုပ္ေလးျဖင့္ အဝန္း၏ ပခုံးတစ္ဖက္အား ခပ္ဖြဖြေလး႐ိုက္ၿပီးေနာက္တြင္ ၾကည္သာက ေနရာကေနထြက္သြားဖို႔လုပ္သည္။
"သြားေတာ့မလို႔လား..."
"အင္း။ Reportတင္ရဦးမွာ။"
"ညေနက် သီခ်င္းဆက္ရေအာင္..."
"အင္း.."
ၾကည္လင္ေပါ့ပါးမႈတို႔ၿခံရံလ်က္နဲ႔ ထြက္ခြာသြားသူ၏ ရင္ထဲ တစ္စစီက်ိဳးပဲ့ေနတဲ့ အသဲႏွလုံးတစ္စုံရွိေနမည္ဆိုတာကို မည္သူသိႏိုင္မွာတဲ့လဲ။ အဝန္း....ေရာင္နီဝန္း ေႏြးေထြမႈတို႔ ေပးသည့္တိုင္ တစ္ေယာက္ထဲကိုပဲ ေႏြးေထြးေစတာမဟုတ္ပါဘဲ ေနရာအႏွံ႔ျဖန္က်က္ေပးသည္။
အရာအားလုံးမွာ သူ႔အေျပာ၊ သူ႔ရဲ႕အမူအရာေလးေတြနဲ႔ပဲ အရာရာေရွ႕တန္းတင္ထားေပးခဲ့သည္။ အခ်ိန္ေတြကုန္တာ ျမန္လြန္းပါသည္။ ဒီတစ္ေခါက္ခရီးက အဝန္းနဲ႔အတူ သြားခဲ့တဲ့ ေနာက္ဆုံးခရီးပဲျဖစ္ေလမလားလို႔ ေတြးမိရင္း ရင္ထဲမြန္းၾကပ္လာမိသည္။
"ဖလင္ေတြ ဘယ္ႏွလိပ္ေတာင္လဲဗ်ာ...."
ဂ်စ္ကားေလး၏ အေနာက္မွာ ထိုင္ေနရင္းႏွင့္ သူ႔အိတ္ထဲ ရွာေဖြေနသူသည္ တျခားေတာ့မဟုတ္၊ သူၾကည္ျဖဴရာေလး ေရာင္နီဝန္း။
"ကင္မရာကေရာ အဆင္ေျပရဲ႕လား ၾကည္သာ"
"ဟုတ္ကဲ့ ကိုကို၊ ကြၽန္ေတာ္ အားလုံး စစ္ၾကည့္ခဲ့ပါတယ္။"
"ဒီကိုၾကည့္..."
ၾကည္သာရဲ႕အေျပာကို သက္လ်ာက လက္ေတြ႕ျပေပးသည္မို႔ ၾကည္သာတို႔သုံးေယာက္သည္ သက္လ်ာဘက္သို႔ ၾကည့္ကာ အလိုအေလ်ာက္နဲ႔ပင္ ၿပဳံးလိုက္မိသည္။
"ဒီပုံေလးကို ထုတ္ရမယ္..."
စထြက္သည့္အခ်ိန္ထဲက ေျပာလာသည့္ ဒီစကား၊ ဒီတိုင္းပဲ ခရီးတစ္ေလွ်ာက္လုံးမွာ ႐ိုက္လာသမွ်ပုံေတြကို ထုတ္ယူတတ္တာက သက္လ်ာ၏ အက်င့္ပင္။ ၾကည္သာကေတာ့ ထိုသို႔မဟုတ္ပါ။
ၾကည္သာဟာ အရာရာကို ေရာင္နီဝန္းမွစ၍ ဆည္းဆာေနညိဳခ်ိန္အဆုံးကို ေန၏ အကူအညီယူၿပီး ၾကည့္ခ်င္တာ။ ဒီလိုၾကည့္ရတာက ပိုလို႔ အဓိပၸါယ္ရွိပါသည္ဟု ယူဆခဲ့သည္က အရင္ႏွစ္မွစ၍ တစ္သက္လုံးပဲ ျဖစ္လိမ့္မည္။
ၾကည္သာဟာ အရာရာမွာ တိက်သူျဖစ္သည္။
"ပုဂံထိေတာ့ မသြားၾကဘူးမဟုတ္လား။ ကိုကိုက မနက္ျဖန္ Flightရွိလို႔..."
ကိုကိုကေတာ့ ေရာက္တဲ့အခ်ိန္ သုံးလေက်ာ္ေလးကို ျပန္ခ်င္ၿပီ ေရ႐ြတ္ၿပီး ကုန္ဆုံးခဲ့သည္။ ဘာလိုလိုနဲ႔ မနက္ျဖန္ေတာ့ ကိုကိုတကယ္ပဲ ျပန္ရေတာ့မွာပါ။ မနက္ျဖန္မွာ အစပ်ိဳးၿပီး သဘက္ခါမွာ ကိုကိုဟာ ခ်စ္ရသူရွိရာ အရပ္ကို ေျခနင္းေလေတာ့မည္။
ဒါကို သက္လ်ာက မနာလိုစြာနဲ႔ပဲ...
"ကိုကိုတို႔မ်ားေနာ္...ေနာက္ဘယ္ခ်ိန္မ်ားေတြ႕ရမလဲ မသိတဲ့ ညီေလးေတြကို အလိုလိုက္မယ္မရွိဘူး။ ဘာလဲ ကြၽန္ေတာ္တို႔နဲ႔ ေနရတာ ကိုကိုမေပ်ာ္လို႔လား။"
"မဟုတ္တာေတြ သက္လ်ာရာ။ ကိုကိုေပ်ာ္ပါတယ္၊ မင္းတို႔နဲ႔ေနရတာ ကိုကို တကယ္ေပ်ာ္ပါတယ္။ မင္းနဲ႔စကားေျပာရတာ ကိုကိုေပ်ာ္တယ္၊ သီခ်င္းဆက္ရတာကိုလည္း ကိုကိုသိပ္သေဘာက်တာပါ။ ၿပီးေတာ့ မျပန္ခင္ေလး ေအာင့္ကိုလည္းေတြ႕ခ်င္ေသးတာ။ ဘာပဲျဖစ္ျဖစ္ပါေလ အခုတစ္ေခါက္မဟုတ္ ေနာက္တစ္ေခါက္ေတာ့ ေတြ႕ၾကမွာပဲေလ။"
"ေနာက္တစ္ေခါက္ေတာ့ အတည္ျပန္လာခဲ့ေနာ္ ကိုကို..."
ၾကည္သာသည္လည္း ကိုကိုျပန္မွာကို ဝမ္းနည္္းေနဟန္ပါ။ အတူေနခဲ့ရတဲ့ ၅ႏွစ္မွာ ကိုကို႔ေမတၱာတို႔က သူတို႔အေပၚ အကိုႀကီးတစ္ေယာက္ကဲ့သို႔ပင္။ ေနာက္ထပ္ တစ္ေယာက္ရွိေသးသည္၊ ကိုကို႔ကဲ့သို႔ပင္ ၾကည္သာတို႔အေပၚ ၾကင္နာေပးခဲ့သူ...သို႔ေသာ္ ထိုသူသည္ အခုခ်ိန္မ်ား ဘယ္လိုမွ ရွာလို႔မရႏိုင္ေလာက္ေအာင္ကို ေပ်ာက္ခ်က္သားေကာင္းေနခဲ့သည္။
"ေၾသာ္ ကိုသုခေတာ့ ဘယ္ဆီမွာမ်ားရွိေနမလဲပဲေနာ္။"
ၾကည္သာ့၏ ခပ္ေဆြးေဆြးအသံေၾကာင့္ အဝန္းေတာင္ စိတ္ဝင္တစားျဖစ္သြားရသည္။ ကိုသုခတဲ့။ ဒီလူဟာလည္း အကိုႀကီးအတြက္ အေရးပါသည့္ သူပဲျဖစ္ႏိူင္ပါ့လိမ့္မည္။ ဒါေၾကာင့္ အကိုႀကီးဒီေလာက္ထိ ေဆြးေျမ့ေနတာေနမွာပါ။
"Scholarေတာင္ လာမယူပဲ ေပ်ာက္သြားတာ၊ ႏွေျမာတယ္ဆိုတာထက္ တကယ္ပဲ စိတ္ပ်က္မိတယ္ကြာ...."
ေရွ႕ခန္းက ကားေမာင္းေနေသာ အကိုႀကီးတို႔ႏွင့္ တစ္ဖြဲ႕တည္း ကိုေသာ္ေမာင္၏ အသံက ျပတ္သြားစြာနဲ႔ပင္။
"သူ႔မွာလည္း သူ႔အေၾကာင္းနဲ႔သူ ရွိမွာပဲ။ ကဲ ထားပါကြာ....ခရီးထြက္တာကို ဘယ္ႏွယ့္ေၾကာင့္ေဆြးရေအာင္"
လုပ္ယူထားပါတဲ့ အၿပဳံးမ်က္ႏွာႏွင့္ ေျပာလာသူက တည္တံ့ကိုကိုပင္။
"ကြၽန္ေတာ္တို႔ သီခ်င္းဆက္ၾကမလား..."
"မဆက္နဲ႔ေတာ့ ညီေလး ေရွ႕ဆို ေရာက္ၿပီ။"
တကယ္လည္း ကိုေသာ္ေမာင္ေျပာတာ မွန္ပါသည္။ ကားက ေကြ႕ခ်ိဳးလိုက္ေတာ့ ျမင္လိုက္ရပါသည့္ ေစ်းဆိုင္ခန္းမ်ား။
"အမွတ္တရ အက်ႌေတြရမယ္ေနာ္..."
"ေဟာဒီက ေဆးျမစ္ေတြက ကိုက္တာခဲတာအတြက္ အေကာင္းဆုံးေနာ္။ ပုပၸါးက နတ္ေဆးျမစ္တဲ့ရွင့္။"
"အမူးေျပ အခ်ဥ္ေပါင္း၊ အခ်ဥ္ေပါင္း..."
ေၾသာ္..ကားေပၚကေနဆင္းလိုက္ပါၿပီဆိုထဲက အနားကို ေရာက္လာၾကပါတဲ့ အမ်ိဳးမ်ိဳးေသာ အသည္စုံတို႔။
"ေတာင္ေပၚ အရင္တက္ၾကမယ္မဟုတ္လား..."
"အင္း သြားမယ္ေလ။ ေနေတာင္ အေတာ္ပူေနၿပီ။"
တတ္ႂကြေနပါတဲ့ ေရာင္နီဝန္းက အာလုံး၏ေရွ႕မွ ဦးေဆာင္ေပးသည္။ ထိုေၾကာင့္ ၾကည္သာကိုင္ေဆာင္ထားပါေသာ ကင္မရာေလးထဲတြင္ ေလးေထာင့္က် ေနာက္က်ာျပင္က ေနရာယူသည္။
"ဖိနပ္ခြၽတ္ရဦးမွာလား..."
"ကြၽန္ေတာ္ ကိုင္ေပးပါ့မယ္..."
တစ္ေယာက္တည္း ေရွ႕က ေရာက္ႏွင့္ေနမိသည္ေၾကာင့္ ဖိနပ္ခြၽတ္ၿပီးမွပဲေလွကားကို တတ္ရမလား၊ မဟုတ္လို႔ ဒီတိုင္းပဲ တတ္လိုက္ရမလားဆိုတာကို ေဝခြဲမရျဖစ္ေနပါတဲ့ ဒီအခ်ိန္မွာ ေစ်းဆိုင္၏ေဘးနားကေန ထြက္ေပၚလာပါတဲ့ ညီငယ္ ေသာ္ကေလး။
"ဟား! ေသာ္..."
"အင္း အကို..."
ပထမတစ္ျဖတ္အားလပ္ရက္မွာ စာေပးရင္းနဲ႔ပဲ မျပတ္အဆက္အသြယ္ရွိခဲ့ရာကေန အခုလို လူခ်င္းေတြ႕လိုက္ရတာ ေတာ္ေတာ္ေလး ႏွလုံးေ႐ႊရင္ကို ေအးျမေစပါသည္။
"ေအာင္..."
"ကိုကို.."
"မင္းကို ဘယ္လိုလုပ္"
"အထည္လာပို႔ရင္းနဲ႔ ကိုကိုတို႔ကို ေတြ႕လိုက္လို႔"
တကယ္ဆို အကို႔စာထဲမွာ ဒီရက္ေတာ့ျဖင့္ ပုပၸါးကိုလာမည္ဆိုတာကို ထည့္သြင္းေျပာျပထားတာေၾကာင့္ မနက္မလင္းခင္ထဲက ေတာင္ေျခမွာ ခ်ာခ်ာလည္ ရွာေဖြေနခဲ့တာျဖစ္သည္။ ေက်ာင္းဖြင့္လွ်င္ ေတြ႕ရမည့္ အကို႔မ်က္ႏွာကို အခုခဏေလးလည္း ေမာ္ဖူးခ်င္ေသးသည္မို႔ ျခဖဝါးမွ ခဲစူးဒဏ္ရာတို႔ကိုလည္း အမႈမထားႏိုင္ပဲ ရွိရသည္။
"အေတာ္ပဲကြာ...ကိုကိုကလည္း မင္းကိုႏႈတ္ဆတ္ခ်င္ေနတာ။ ကိုကို မနက္ျဖန္ျပန္ေတာ့မယ္။ ႏႈတ္ဆတ္ပါတယ္ကြာ..."
"ကြၽန္ေတာ္တို႔ ထပ္ေတြ႕ၾကမယ္ေနာ္ ကိုကို..."
"ေတြ႕မွာေပါ့ ေအာင္ရ၊ မင္းကို သိပ္ခင္တာပါ။"
"ကဲ ကဲ အေပၚတတ္ၾကမယ္။"
ဖလပ္ !!!
ေလွကားထစ္ေပၚေရာက္ေနပါတဲ့ သက္လ်ာက အေပၚစီးကေန အားလုံးအတြက္လွ်ပ္တစ္ျပက္ကေလး တစ္ခ်က္ ႐ိုက္ေပးေလသည္။
"ကြၽန္ေတာ္ ကိုင္ေပးပါ့မယ္။"
"မဟုတ္တာ ေသာ္ရ၊ ကိုယ္ ကိုင္ပါ့မယ္။
ေသာ့္ကို မလုပ္ခိုင္းရက္ပါဘူး"
"ရပါတယ္ဆိုဗ်ာ..."
လူရႈပ္လွတဲ့ ေတာင္ေျခဝင္ေပါက္လိုေနရာမွာ ဖိနပ္တစ္ရံကို လူႏွစ္ေယာက္ခါးကိုင္းလို႔ လုေနၾကသည္က နည္းနည္းေတာ့ အမ်ားအျမင္မွာ ထူးဆန္းဖြယ္ရာျဖစ္ေနသည္။
"မယ္ေတာ္အတြက္ ပြဲယူဦးမလား၊ အႏၲရာယ္ကင္းတယ္၊ စီးပြားတတ္ၿပီး လာဘ္မ်ားတယ္။"
"ပန္းဆက္ဖို႔ ပန္းေလးေတြ ရတယ္ေနာ္၊ အကိုေရ ပန္းယူဦးမလား...."
အနားေရာက္လာၿပီး ပန္းေရာင္း၊ ပြဲေရာင္းသည့္ ေစ်းသည္ႏွစ္ဦးေၾကာင့္ အဝန္းက ခါးကို ျပန္မတ္ၿပီး မယူေသးေၾကာင္းေျပာရသည္။ ထိုအခါ ေသာ္,က အဝန္း၏ ကတၳီပါဖိနပ္အစိမ္းေရာင္ေလးကို ခပ္ဖြဖြေလး ယူကိုင္ထားေလသည္။
"သြားမယ္ေလ အကို..."
"ခဏ ေသာ္၊ ပန္းေတာ့ ဝယ္ရေအာင္ပါ။"
"အင္း ဝယ္ေလ အကိုရဲ႕..."
သို႔ႏွင့္ ပန္းတစ္စီးဝယ္ယူလိုက္ၿပီး ႏွစ္ေယာက္အတူ လွမ္းခဲ့ပါသည့္ ပုပၸါးေတာင္ကလပ္၏ ပထမေလွကားထစ္။
"အကိုႀကီးတို႔၊ အကိုေလးတို႔ရယ္ ေမ်ာက္စာေလးေတြဝယ္ၾကပါဦး။ ေမ်ာက္ကေလးေတြ သနားပါတယ္၊ ဝယ္ေကြၽးမွစားရတာ။ အကိုႀကီးတို႔ ဝယ္ေကြၽးမွ သူတို႔ စားရတာပါ။"
ေမ်ာက္တစ္ေကာင္စ၊ ႏွစ္ေကာင္စ ေတြ႕ရသည့္ အထစ္တြင္ ေလွကားဟိုဘက္စြန္း၊ ဒီဖက္စြန္း ေလွ်ာက္ေနၿပီး အဝန္းတို႔ကိုၾကည့္ကာ ေျပာေနပါသည့္ ထိုေစ်းသည္သည္ ေစ်းေရာင္းေနသည္တဲ့။ ေျပာပုံက ေတာ္ေတာ္ေလး သနားဖို႔ေကာင္းလို႔ ေမ်ာက္ေတြကိုဝယ္ေကြၽးဖို႔ရန္အတြက္ ၾကည့္မိလိုက္ေတာ့လည္း ေစ်းသည္၏အေျပာႏွင့္ ကြဲလြဲစြာ ဟိုေဆာ့ဒီေဆာ့ ဟိုကူးဒီကူးနဲ႔ ေဖာင္းအင့္အင့္ႏွင့္ရွိေနသည္။
"ဘာလို႔လဲ အကို ဆက္သြားမယ္ေလ။"
ေလွကားကို ဆက္မတက္ပဲ ေစ်းသည္ကို ၾကည့္လိုက္၊ ေမ်ာက္ကိုၾကည့္လိုက္နဲ႔ အကို႔ပုံစံက ခ်စ္စရာေကာင္းသည္။ ဒီတိုင္းေလးပဲ ဆက္ၿပီး ေဘးနားမွာ အေဖာ္ျပဳရပ္ေပးခ်င္ပါေသာ္လည္း ေနာက္မွာလည္း တက္လာၾကသည့္ သူေတြက မနည္းမေနာေပမို႔ ဆက္သြားဖို႔ ေျပာလိုက္ရသည္။
"ဝယ္ေကြၽးလိုက္ရင္ ေကာင္းမလား ေသာ္..."
"အကို႔သေဘာေလ။"
ဒီလိုနဲ႔ပဲ ေမ်ာက္စာအျဖစ္ ေျပာင္းဖူးႏွင့္ ေျမပဲလိပ္ကို ဂ်ာနယ္ စကၠဴထဲ ထည့္လိပ္ထားသည့္ အလိပ္ကေလး ၅လိပ္ကို ဝယ္ခဲ့သည္။ ၿပီးေနာက္ တစ္ဆက္တည္း ဆိုင္ရွိေနတုန္းေလး ေရဗူးေလးပါဝယ္ခဲ့လိုက္သည္။
"ကြၽန္ေတာ့္ကို ေရဗူးေပးပါ။ကြၽန္ေတာ္ကိုင္လိုက္မယ္။"
"ကိုယ္ပဲ ကိုင္ပါ့မယ္ ေသာ္ရ..."
အကို႔လက္ထဲမွာ ေရဗူးေရာ၊ ပန္းေရာ၊ ေမ်ာက္စာေရာနဲ႔ ျပည့္ေနသည့္ေၾကာင့္ ေရဗူးကိုင္ေပးမယ္လို႔ ေျပာေသာ္လည္း အကိုက လက္မခံပါ။ ၾကည့္ရတာ သူ႔ဖိနပ္ကိုင္ထားေပးလို႔ အကိုက ကြၽန္ေတာ့္ကို အားနားေနပုံရသည္။
တကယ္ဆို လိုမွမလိုတာေလ။ အကိုနဲ႔ကြၽန္ေတာ့္ၾကား ဘာကမ်ားအားနာစရာရွိပါ့မလဲ။ ကြၽန္ေတာ္က ဒီတိုင္းပဲ အကို႔ကိုခ်စ္လို႔ လုပ္ေပးတဲ့ဥစၥာ။ အကိုကေလ အားနာစရာမရွိတာကို ႀကံဖန္အားနာေနေတာ့တာပဲ။
"ေဟာ..."
အကို႔လက္ထဲက ေမ်ာက္စာလိပ္ေလးေတြသည္ ေမ်ာက္တစ္ေယာက္၏ ခုန္အုပ္မႈေၾကာင့္ ေလွကားေပၚ ျပန္႔က်ဲသြားသလိုပဲ၊ ေၾကာက္လန္႔တၾကား ကြၽန္ေတာ့္ ရင္ခြင္ထဲေရာက္လာတဲ့ အကိုေၾကာင့္ ကြၽန္ေတာ့္ရင္ခုန္သံေတြက ဝုန္းဒိုင္းက်ဲသြားေတာ့သည္။
ပုပၸါးေတာင္တက္ပါတဲ့ ေလွကားမွာ ေမ်ာက္တစ္ေကာင္၏ ေက်းဇူးေၾကာင့္နဲ႔ အကိုဟာ ပထမဆုံးအႀကိမ္အျဖစ္ ကြၽန္ေတာ့္ရင္ခြင္မွာ ခိုလႈံလာသည္။
ဒီရင္ခြင္ကို အၿမဲစိတ္ခ်ထားလို႔ ရပါတယ္ အကို......