"အဝန်း...."
ကျွန်တော်က လှည့်ကြည့်တယ် ဆိုရုံရှိသေးသည်။
"နွဲ့က ဘယ်လိုရောက်နေတာလဲ..."
လှေကားကနေ ဆင်းလာရင်းဖြင့် အကိုက သူ့နာမည်အားရေရွတ်သူ မမနွဲ့ကိုမေးသည်။ ဒီတော့ ကျွန်တော်က ဒီတိုင်းပဲ နှုတ်ဆိတ်နေရုံသာ တတ်နိုင်တော့သည်။
"နွဲ့တို့အိမ်မှာ ထမင်းစားဖို့ လာဖိတ်တာ။ လိုက်ခဲ့မယ် မဟုတ်လား အဝန်း...မေမေကလည်း အဝန်းကို စောင့်နေတာရယ်။"
"အခုနေ့လည် လား နွဲ့..."
"အင်းလေ...ဘာလဲ အဝန်းနဲ့ အောင်က ကြိုပြီး ချိန်းထားကြတာများလား။"
"အဲ့လိုလည်း မဟုတ်ပါဘူး။ ကျောင်းဆင်းချိန် ထမင်းအတူစားနေကြဆိုတော့...ကြိုပြီးချိန်းထားတာမဟုတ်လည်း ကိုယ်တို့က ဆုံနေကြပဲလေ။"
ကျွန်တော်ကတော့ အကို့အပြောကို တော်တော်လေး ဘဝင်ခိုက်မိပါသည်။ ဟုတ်သည် အကိုနဲ့ ကျွန်တော်နဲ့ကြား ကြိုတင်ပြီး အချိန်းအချက်တွေ လုပ်နေစရာမှမလိုတာ။ ကျွန်တော်တို့က အမြဲတွေ့နေ၊ ဆုံနေ ကြတာပဲ။
"ဒါဆိုလည်း ဒီနေ့တော့ နွဲ့ကို လိုက်လျောလိုက်ပေါ့။ အဝန်းတို့က နေ့တိုင်းလည်း အတူစားဖြစ်နေကြတာပဲဟာ...."
သူမရဲ့ ဆံနွယ်အရှည်တွေကို နားရွက်နောက်ကို သိမ်းပြီး မျက်လွှာလေးအောက်ငုံ့ကာ မိန်းမဆန်သော အမူအရာတို့ဖြင့် ပြောလေပါတဲ့ ထိုစကားမှာ အကိုမှမဟုတ်ပါဘူး ကျွန်တော်ဆိုရင်တောင်မှပဲ လက်ခံခေါင်းငြိမ့်မိမှာဖြစ်သည်။
"အင်း...ဒါဆို ခဏနော် နွဲ့။"
အကိုက ကျွန်တော့်လက်ကို ဆွဲပြီး မမနွဲ့ရှေ့ကနေ ထွက်ခွာလေသည်။
"ကိုယ့် သော့်ကို ကန်တင်းအထိလိုက်ပို့ပေးဦးမယ်။"
မိန်းမသားဖြစ်တဲ့ မမနွဲ့ကို ဒီတိုင်းထားခဲ့ပြီး ကျွန်တော့်ကို အရင် ကန်တင်းလိုက်ပို့ပေးရအောင် ကျွန်တော်က ကလေးလားဗျာ။ ဒါကြောင့်ပဲ...
"အကို သွားမှာကို သွားပါ၊ ကျွန်တော် သွားတတ်တာပဲကို။"
ကျွန်တော့်စကားဆုံးပြီးနောက်မှာတော့ အကိုက ခြေလှမ်းတွေကို တုန့်ခနဲရပ်တန့်ပစ်ပြီး ကျွန်တော့်ဘက်သို့ ကြည့်သည်။
"သော် မလိုက်စေချင်ရင် ကိုယ်ငြင်းလိုက်မယ်။"
"ဗျာ...မဟုတ်တာ အကိုရာ။ ကျွန်တော်က ဘာပြောနေလို့လဲ။ အကို သွားချင်ရင် သွားပါလို့ပြောနေတာ..."
"အဲ့လိုပြောနေတာကိုက မသွားစေချင်တာ..."
ကျွန်တော့်လက်ကို ကိုင်ထားဆဲ၊ ကျွန်တော့်မျက်နှာကို ငေးကြည့်ဆဲနဲ့ စိတ်ရှုပ်တဲ့ပုံပေါ်နေပါတဲ့ အကို့ကြောင့် ကျွန်တော့်မှာ ဘယ်လို စကားပြောလိုက်ရမှန်းပင် မသိတော့ပါ။ သွားပါလို့ဆိုတော့လည်း မသွားစေချင်ဘူးလို့ ထင်သည်တဲ့။
ကဲ ဒါဆို ကျွန်တော်က မသွားနဲ့လို့ဆိုရင်ရော အကိုက မသွားပဲ နေမှာမိုလို့လား။
"ကျွန်တော်ပြောမယ် အကို၊ အကို့သဘောပဲ။ ကျွန်တော်က ဘာမှမပြောတော့ဘူး။ ဒီလိုဆိုရင်ရော..."
"ဒါကိုယ့်ကို စိတ်ပျက်သွားတာ မဟုတ်လား...."
မျက်မှောင်ကျုံ့ပြသည်။
တော်တော်လည်း တတ်နိုင်တဲ့ အကိုရယ်ပါ။ အကို့ကြောင့်နဲ့ ကျွန်တော့်မှာ ဝမ်းနည်းနေသည့် စိတ်လေးတောင် ဘယ်ဆီရောက်သွားမှန်းမသိတော့သည်အထိ။
အခု အကို့ပုံစံက တော်တော်လေးကို ရယ်စရာကောင်းပြီး ချစ်စရာကောင်းနေတာ။ ဒီတစ်နေ့လုံး ကြွယ်လှပါတဲ့အကို့ကို အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လိုမျိုး ခံစားနေရသည်။
ချစ်နေတော့လည်း ကျားကိုတောင် ကြောင်ပေါက်လေးလို မြင်နေတော့တာပါလား။
"အကိုတကယ်ပဲ ချစ်စရာကောင်းနေတာ သိရဲ့လား။"
နှုတ်ခမ်းကိုက်ပြီး ထိုသို့ဖွင့်ဟ ပြောချလိုက်တော့ ကျွန်တော့်လက်ဆီမှာ သက်ရောက်နေတဲ့ အားက လျော့ကျသွားပြီး အကို့မျက်နှာက ရှက်သွေးတို့ ဖြာလာသည်ဟု ထင်ရသည့် အနေအထားကို ရောက်သွားခဲ့သည်။
"အဝန်း..."
"ကျွန်တော် သွားလိုက်ဦးမယ် အကိုကြီး။ သော့်ကို ကန်တင်းထိ ခေါ်သွားပေးဦး..."
ကိုကြည်သာလက်မှာ ကျွန်တော့်ကို အပ်ခဲ့ပြီး လှစ်ခနဲနေအောင် ပြေးထွက်သွားတဲ့ အကို့ကို ကျွန်တော့်မှာ ရယ်လို့ပင် မဆုံးနိုင်တော့ပါ။
"သွားရအောင်လေ ညီလေး။"
"ဟုတ်ကဲ့ ကိုကြည်သာ.."
ထိုထိတိုင်ပဲ ကျွန်တော့် ရယ်သံတို့က အငွေ့သေ မသွားသေး။
"ဘာတွေ သဘောကျနေလဲ ညီ၊ မင်းအကိုက မင်းကို ဘာတွေပြောသွားသလဲ...."
ဘေးချင်းယှဥ်လျှောက်နေရင်းနဲ့ ကျွန်တော့်ကို မေးပါတဲ့ ကိုကြည်သာ့ ဘက်ကို ကျွန်တော် ကြည့်မိတော့ ကိုကြည်သာ့မျက်နှာက ပကတိ ကြည်လင်စွာနဲ့ပင်။ သိချင်စိတ် ပြင်းပြနေတာမျိုး၊ မကြည်မလင်ဖြစ်နေတာမျိုးတို့ မုန်ညင်စေ့တမှုံလောက်ပင် မရှိပါ။
ဒီလူသည်လည်း အကို့ကဲ့သို့ပင် ခန့်မှန်းရခက်သည့်သူစားဖြစ်သည်။
"အကိုက ဒီတိုင်းပဲ ရယ်စရာကောင်းနေလို့ပါ။"
"ကိုယ်တော့ အဲ့လို တစ်ခါမှမခံစားဖူးဘူး။ "
"ဟို..."
ကျွန်တော့်ဘက်က ထပ်ပြီးရှင်းပြဖို့ရန်အတွက် စကားစ,ခံလိုက်တော့ ကိုကြည်သာက ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး ခေါင်းယမ်းပြသည်။ ပြီးနောက်တွင် ခပ်ပါးပါးလေး ရယ်ပြပါသည်။
သဘောကတော့ ထပ်မပြောလည်း ရသည်ဆိုသည်ပင်။
"အောင်ရေ...ငါတို့ ဒီမှာဟေ့..."
ထိုင်နေကြသည့် စားပွဲဝိုင်းများကြားမှ ထွက်ပေါ်လာတဲ့ ခပ်စူးစူးအသံကြောင့် ကျွန်တော်လည်း အသံလာရာဘက်သို့ လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်တို့နဲ့ပဲ ထိုင်မလား ကိုကြည်သာ..."
"ပိုကောင်းတာပေါ့...မဟုတ်ရင် သက်လျာနဲ့ထိုင်ရဦးမယ်"
အကို့လိုပဲ ကိုကြည်သာကလည်း ကျွန်တော့်ပခုံးတွေကို ပုတ်ပြီး ကျွန်တော့်ခြေလှမ်းတို့အား ရှေ့ဆက်စေသည်။
"အော် ကိုသက်..."
ထိုင်ဖို့ရန်အတွက် ဖင်ချတော့မည့်ဆဲဆဲမှာပဲ အနားရောက်လာပါတဲ့ ကိုသက်ကြောင့် မတ်တပ်ပြန်ရပ်လိုက်ရသည်။
"ငါ့ကို ခုံတစ်လုံးယူပေးစမ်းပါ ညီလေး..."
"ဟုတ်ကဲ့..."
သို့ဖြင့် ထမင်းစားဝိုင်းမှာ အပ်ကျသံပင်ထွက်မလာတော့သည်အထိ ငြိမ်သက်လို့သွားကြသည်က...
"နင်ပြောတော့ အကိုကြီးကို သွားခေါ်မှာဆို။ ဘယ်လိုလုပ်ပြီး သူတို့နှစ်ယောက်က ရောက်လာတာလဲ...ငါဖြင့် ထမင်းကို အမြန်မြိုချနေရတယ်။"
"ဘာဖြစ်လို့..."
"ကြောက်လို့ပေါ့ဟ....ကိုသက်က လှတာမဟုတ်ပဲ ကြောက်ရတာလိုလိုခံစားရတယ်။ နင်သိရဲ့လား...."
သိမ့်သိမ့်စိုးမြင့်၏ ဤအပြောကို ကျွန်တော့်မှာ ခေါင်းသားယမ်းပြရသည်။
တကယ်လည်း ကိုသက်ကို ကြောက်တာမျိုးမခံစားရပဲ သနားစိတ်တွေ၊ ကိုယ်ချင်းစာစိတ်တွေနဲ့ အပြည့်အဝကို နားလည်သလို ခံစားနေရတာ ကျွန်တော့်ကိုယ်ကျွန်တော် အသိဆုံးပင်။
"ခန္ဓာဗေဒ အတန်းတက်တဲ့နေရာက တော်တော်လေး နံတယ်တဲ့ အောင်ရဲ့။"
ပါမောက္ခကို ရှေ့ထားပြီး စာအုပ်ထုတ်ရင်းနဲ့မှ တိုးတိုး တိုးတိုး စကားဆိုသည်။
"နင်က ဘယ်လိုသိ"
"ငါတို့အဆောင်က ဒုတိယနှစ်အမပြောတာ ကြားတာပဲ။ လူသေအနံ့တွေ လှိုင်ထနေရောပဲတဲ့။ ငါဖြင့် ဒုတိယနှစ်ရောက်မှာတောင် ကြောက်မိတယ်ဟယ်။"
သူမစကားကို ကျွန်တော်က ခေါင်းသာငြိမ့်ပြလိုက်ပြီးနောက် ဖောင်တိန်ကို ရှာဖွေနေမိသည်။
"နင် ဂျူတီကုတ်ဝတ်တော့မလားဟင်။ ငါတော့ ဝတ်ချင်နေပြီ..."
လှည့်ကြည့်လိုက်တော့ သူမက လျှာလေး နည်းနည်းထုတ်ကာဖြင့် ရှေ့သို့ကြည့်နေလေသည်။
ဂျူတီကုတ်၊ အဖြူရောင် ကုတ်အရှည်လေး....ဆေးကျောင်းသားတို့၏ သင်္ကေတ။ သေသေချာချာလေး မီးပူတိုက်ပြီး ခေါက်ထားသည့် ထိုအင်္ကျီလေးကို ဝတ်ကြည့်ဖို့အတွက် သူမပြောမှပဲ ကျွန်တော် သတိရမိတော့သည်။
ဒီကြားထဲ အချိန်တွေက အချိန်ပြည့် အကိုတစ်ယောက်သာ ဦးနှောက်ထဲ၊ နှလုံးသားထဲရှိခဲ့သည်က ဂျူတီကုတ်အဖြူရောင်လေးကိုပင် သတိမရတော့။
အကိုနဲ့ ဂျူတီကုတ်ကို ယှဥ်တွေးမိပြီးမှပဲ ဂျူတီကုတ်အဖြူရောင်လေးနဲ့အကို့ကို အခုထိ တွဲလျက်မမြင်ဖူးသေး။ ရှည်သွယ်သွယ်ရှိတဲ့ အကို့ခန္ဓာအထက်က ခေါက်ရိုးရာ အထင်းသားပေါ်နေပါမယ့် ဂျူတီကုတ်လေး....အကိုနဲ့သိပ်လိုက်ဖက်နေမှာပင်။
"ဟိတ် အောင်....ပါမောက္ခက ငါတို့ဆီကြည့်နေပြီ။"
ရေးစာအုပ်လေးကို ကွယ်ရင်း ခပ်ကျိတ်ကျိတ် သတိပေးပါမှ အောင်က စာအုပ်လှန်လေသည်။ ပါမောက္ခ၏ စာသင်ချိန် တစ်ဝက်ကျိုးလုနီးပြီ...အခုမှပဲ စာအုပ်လှန်လှောပါတဲ့ အောင် တစ်ယောက် ဘာတွေများတွေးနေပါလိမ့်နော်။
"ငါတို့အဆောင်က အမဆီမှာလေ စာအုပ်တွေအများကြီးပဲ။ စာအုပ်အပေါင်ခံတာတဲ့ သူ့ဘဲက။"
"ဟင်...."
ဂျူတီကုတ်အကြောင်းကို စဥ်းစားနေတုန်းမှာပဲ နောက်ထပ် သိချင်စရာတစ်ခုပြောပြလာပါတဲ့ သိမ့်သိမ့်စိုးမြင့်။
ဒီနေ့မှ အနီးအနားပတ်ဝန်းကျင်ကို သေချာကြည့်မိသည် ကျောင်းဆင်းချိန်မို့ဖြစ်မည်။ ကျောင်းဝိုင်းအနှံ့မှာ ဂျူတီကုတ်နဲ့လူပုဂ္ဂိုလ်တို့ကာ ဝင့်ကြွားစွာဖြင့် သွားလာနေကြသည်။ တစ်ချို့ကလည်း ဂျူတီကုတ်ကို ဝတ်ဆင်ကာ အိပ်ကတ်တွင် လက်ထဲ့၍ ဟန်ပါပါနှင့်၊ တစ်ချို့ကျတော့လည်း ဂျူတီကုတ်မပါပဲ စာအုပ်တွေတပွေ့ကြီးကို ပွေ့ပိုက်၍ သွားလာနေကြသည်။
ဒီလူတန်စား နှစ်ရပ်လုံးသည် ကျွန်တော့်မျက်စိထဲ အလျဥ်းသင့်စွာနဲ့ ဝင်ရောက်နေသော်လည်း ပခုံးတစ်ဖက်မှာ ဂျူတီကုတ်တင်ပြီး ဆောင့်ကြွားကြွားလျှောက်နေပါတဲ့ လူတန်းစားတစ်ရပ်ကိုတော့ဖြင့် ကြည့်ရတာ သိပ်ပြီး အဆင်မပြေရှိလှ၏။
"ဂျူးရဲ့ အမှတ်တရထဲက မောင်လိုပဲ ဖဲရိုက်တာကို၊ စာအုပ်ပေါင်ရိုက်ကြတဲ့ ဆေးကျောင်းသားအမောင်က တကယ်ရှိတာဟေး....။ အေးပေါ့လေ အတန်းကြီးလေလေ စာအုပ်က စျေးကြီးလေလေပဲမဟုတ်လား။ စာအုပ်ကို ဖဲပေါင်ရိုက်တတ်တဲ့ သူတွေကြောင့် အဟောင်းစျေးက သက်သာနေတာနေမှာ။ နင်တို့လည်း လိုတဲ့စာအုပ်ရှိရင် ပြောနော်။ အဲ့အမဆီမှာ အကုန်ရှိတယ်။"
"နောက်ရက် ငါနင်တို့အဆောင်လာခဲ့မယ်လေ။ ငါလိုချင်တဲ့ စာအုပ်များရှိနေမလားပဲ။"
"အေး လာခဲ့လေ...."
လေပြေနုသွေးနဲ့ သိမ့်သိမ့်စိုးမြင့်နဲ့က အပေးအယူတည့်နေကြသော်လည်း အခုထိ ခန္ဓာဗေဒ အတန်းအကြောင်းကို တွေးနေသူ ပန်းသွဲ့သွဲ့အေးသည်....
"ခန္ဓာဗေဒ အတန်းကို ငါဖြင့် အခုထိကြောက်နေတုန်းပဲ"
"ထားပါဟာ...ငါတို့ပြန်နှင့်ကြမလား"
"အကိုကြီးကို မစောင့်နေတော့ဘူးလား"
"အကိုက ပြန်နှင့်လောက်ရောပေါ့...."
အခုပဲ လေးနာရီခွဲလို့နေပြီမို့ အကိုတော့ မမနွဲ့နဲ့မဟုတ်ရင် ကိုသက်တို့နဲ့ ပါသွားလောက်မှာပဲလို့ တွေးမိပြီး ပြန်ဖို့နှိုးဆော်ရသည်။ မဟုတ်ရင် ဒီသူငယ်ချင်းမတွေက ဒီနေရာမှာ အချိန်လင့်တဲ့အထိ စောင့်ပေးနေကြမှာမို့ ကျွန်တော်အားနာရသည်လေ။
"ကိုယ့်ကိုတောင် မစောင့်ချင်တော့ဘူးပဲ သော်က..."
မမျှော်လင့်ပါတဲ့ အသံနဲ့အတူ ကျွန်တော့်နောက်ကနေထွက်ပေါ်လာသူ၏ ပခုံးအထက်တွင် လုံးထွေးပြီးတင်ထားသည်က အဖြူရောင် အပိုင်းတစ်ခု။
"အကိုကြီးလာပြီ ငါတို့သွားရအောင်လေ..."
"သေချာပြန်နော် အောင်။"
ပန်းသွဲ့၏ ဦးဆောင်မှုကို လေပြေနုသွေးကလိုက်ပါ ပါသော်လည်း မသိမ့်သိမ့်စိုးမြင့်သည်...
"အကိုကြီး ဂျူတိီကုတ်ကလည်း ပန်းဧရာဆိုင်ကထွက်လာတာပဲလား။"
အကို့ပခုံးပေါ်ရှိ အဖြူရာင် အပိုင်းလေးက ဂျူတီကုတ်ဖြစ်နေပြီး သိမ့်သိမ့်စိုးမြင့် ဆွဲခွာလိုက်ပါသည့် တံဆိပ်လေးက ပန်းပွင့်ပုံ စတကာလေးဖြစ်နေသည်။
"ဟွန်း !!! မနှစ်က အပ်ခဲ့တာ၊ နေ့လယ်ကတင် သွားပြီးရွေးလာခဲ့တာဗျ။"
"အကိုကြီးရာ..."
သိမ့်သိမ့်က နှာခေါင်းရှုံပြီး ကြည့်တော့ အကိုက တဟားဟားနှင့် အော်ရယ်သည်။
သူတို့နှစ်ယောက်ပြောနေပါသော အကြောင်းအရာများကို ကျွန်တော်တို့သုံးယောက်က နားမလည်သဟန်ဖြင့် မေးငေါ့မေးလိုက်တော့....
"အကိုကြီးလည်း ဂျူတီကုတ်ပေါင်ပြီး ဖဲရိုက်တယ်ဟေ့" တဲ့။
(အကွေးရဲ့ အကျင့်တွေက ဘယ်ကနေ မြစ်ဖျားခံလာတာမို့လဲနော်....)
ဒီအပြောက တကယ်ဟုတ်၊မဟုတ်ကို အကို့မျက်နှာဆီသို့ ငေးလှည့်ကြည့်မိတော့ အကိုကလေ ရွှန်းဝေနေတဲ့ မျက်ဝန်းတွေနဲ့ လွတ်လပ်စွာကိုရယ်မောနေတော့တာ။
"သော်...."
အရယ်တွေကို ရပ်ခဲ့ပြီး သူငယ်ချင်းမတွေနဲ့လမ်းခွဲကာ အကိုနဲ့အတူပြန်ပါတဲ့ အိမ်ပြန်လမ်းက အတွေးများစွာ ကြီးစိုးနေခဲ့သည်။ သို့သော်လည်း 'သော်' ဆိုပါတဲ့ နွေးထွေးပါတဲ့ အသံလေးက ကျွန်တော့်အတွေးတို့ကို လွင့်စင်သွားစေသည်။
"ကိုယ်မပါပဲ အိမ်ပြန်ဖို့စဥ်းစားနေပြီပေါ့၊ ကိုယ် ပြောထားတဲ့ဟာကို"
"ဗျာ..."
"ကိုယ်မရှိတဲ့နေရာတွေနဲ့ သော်နေသားကျသွားမှာ ကိုကြောက်တယ်လို့ ပြောထားတယ်လေ။ ဘာလဲ သော်အခုထိ တကယ်ပဲမဖတ်ရသေးတာလား။"
"ဟုတ်..."
"မသိတော့ဘူးကွာ....ရောက်ရင်တန်းဖတ်တော့၊ ဒါမှ သော်သိမှာ။"
"ဒါဆို အကိုက ကျွန်တော့်အိမ်မှာ မနေတော့ပဲ၊ တန်းပြန်မှာပေါ့။"
"သော်စာဖတ်တဲ့အချိန် ကိုယ့်ကို ဘေးမှာရှိစေချင်တဲ့သဘောလား။ ကိုယ်က သော်အနေခက်မှာ စိုးတာ"
"မခက်ပါဘူး အကိုရ။ "
ဒီလိုနဲ့ပဲ အိမ်ကိုပြန်ရောက်တော့ အကို့ကိုဘေးမှာထားပြီး အကိုပေးတဲ့စာရွက်လေးကို ဖွင့်ဖတ်ကြည့်လိုက်သည်။
"သော် သိလား။ ကိုယ်တော့ နောက်များဆို စာအိတ်သုံးရတော့မယ်ထင်တယ်။ ရေးရင်း ရေးရင်းနဲ့ပဲ အတားအဆီးတို့၊ အထိန်းအကွပ်တို့ဆိုတာတွေကို စာလုံးတွေလို့ပဲ မြင်လာမိပြီ။"
"ဘာလို့လဲ အကို..."
အကို့စာရွက်ကို ဖတ်ပြီး ကျွန်တော့်မှာ ရယ်ချင်နေသည်။ ဘယ်နှယ့်ဗျာ တယ်လည်းတတ်နိုင်လွန်းပါတဲ့ အကိုပါ။ နောက်ဆုံးမှာ မဲ့နေတဲ့ပုံလေးတောင် ဆွဲလိုက်သေး။
ဘယ်သူက ချစ်စရာမကောင်းဘူးလို့ ပြောမှာစိုးတယ်မသိပါ။ ဇွတ်တွေအတင်းတွေကို ချစ်ဖို့ကောင်းအောင်လုပ်ပြနေတော့တာက ကျွန်တော့်မျက်လုံးထဲ အကို့ကို ကလေးလေးလို ထင်မြင်လာနေပြီ။
"အဲ့လိုမပြုံးနဲ့လေ သော်ရ၊ အဲ့လိုဆို ကိုယ်က..."
"ဘာဖြစ်တာလဲ..ရှက်တာလား။"
အကိုဆွဲထားတဲ့ပုံလေးလိုပဲ နှုတ်ခမ်းကို အောက်မဲ့ပြီး မျက်နှာကို့ မော့ပြတော့...
"မင်း နော်..." ဟု ချစ်ဖို့ ကောင်းအောင်လုပ်ပြန်သည်။
"အကို အကို..အကို ကျွန်တော့်အကို့ကို ကျွန်တော်တော့ အူယားလို့မဆုံးတော့ပဲ..."
အကို့လက်ကို လှမ်းဆွဲမည်လုပ်လိုက်တော့ အကိုက ရုတ်ချည်းမတ်တပ်ရပ်ကာ နံရံအနားအထိ နောက်ဆုတ်သွား၏။
"မင်းနော် မင်းအိမ်ဆိုတိုင်း..."
ကြောက်ကြောက်လန့်လန့်လေးဖြစ်နေပုံက မသိရင် ကျွန်တော်ကပဲ သူ့ကို အနိုင်ကျင့်နေကြလို့။ တကယ်ပဲ အသဲယားဖို့ ကောင်းတဲ့အကိုရယ်ပါ။
"ကျွန်တော်က ဘာမှမလုပ်ပါဘူး အကိုရ၊ လာ ထိုင်ပါ။"
အကို မတ်တပ်ရပ်လိုက်လို့ လစ်လပ်သွားပါတဲ့ နေရာလွတ်လေးကို လက်ဖြင့် ပုတ်ပြပြီး ထိုင်စေဖို့ ပြောလိုက်တော့ အကိုက ခပ်ဖြည်းဖြည်းလေးလျှောက်လာပြီး အေးသက်စွာနဲ့ ဝင်ထိုင်သည်။
အမူအရာလေးတွေ မျက်တောင်မခတ်တမ်း ကြည့်ရင်းကြည့်ရင်းနဲ့ပဲ ကျွန်တော့်မှာ မရိုးမယွတွေကို ဖြစ်လို့။
"ပြောပါဦး..အခုရှိနေတာက စိတ်လား၊ ကိုယ်လား။
ကိုယ်ကပဲ ကျွန်တော့်ဆီမှာရှိနေပြီး စိတ်ကမမနွဲ့ဆီပါသွားတာတော့ မဟုတ်ပါဘူးနော်။"
"သော် !!!!"
ခပ်သွက်သွက်နဲ့ သူသတ်မှတ်ထားတဲ့ ကျွန်တော့်အမည်ကိုခေါ်ပြီး စူပုတ်ပုတ်နဲ့ကြည့်လာသည်။
"ဟုတ်...ပြောလေ အကို"
မျက်နှာလေးအောက်ချပြီး ဂရုတစိုက်နဲ့ကြင်ကြင်နာနာလေးကြည့်လိုက်တော့....
"ငါ့ကို ကလေးလို မဆက်ဆံနဲ့" တဲ့။
ဒါဆို လူကြီးလို ဆက်ဆံလိုက်ရမလားလို့ တွေးမိပြီး ကျွန်တော့် အပြုံးတွေ ထိန်းမရ၊သိမ်းမရနဲ့ ဖုံးဖိမရ ဖြစ်နေတော့သည်။
"အဲ့လို မချိုမချဥ်လာမလုပ်နဲ့ သော်၊ မင်းကိုယ်မင်း မှန်ထဲပြန်ကြည့်ဦး။ ရုပ်ကိုက စပ်ဖြီးဖြီးနဲ့။ ပြီးတော့မယုံသလိုလိုနဲ့လာမမေးနဲ့ မကြိုက်ဘူး"
"ဟော အကိုပြောမှပဲ၊ "
အခု ဒီလို မျက်နှာပိုးတွေ သတ်မရဖြစ်နေတာက ဘယ်သူ့ကြောင့်လဲ။ ဒီအကိုတော့ ချစ်လွန်းလို့ သည်းခံနေတာကိုနော်။ လူကို ခပ်တည်တည်နဲ့ ဟောက်နေသည်။ ချစ်စရာကောင်းအောင် တမင်များလုပ်နေတာလားတော့ မစဥ်းစားတတ်တော့။
ရေးပါတဲ့ စာ၊ မျက်တောင်အဖွင့်အပိတ်တွေနဲ့ သူ့စိတ်နဲ့ သူ့ကိုယ်က ရန်ဖြစ်နသည်တဲ့လေ။ အခုလည်းကြည့် မျက်နှာအမူအရာလေးတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပိုပိုပြီး ချစ်ဖို့ကောင်းအောင်လုပ်နေတာ။ သူလိုဉာဏ်ကောင်းသူက အခုမှ ဘာလို့ ကလေးလေးလိုဖြစ်နေတာလဲဆိုတာကို သူလောက်ဉာဏ်မကောင်းပါတဲ့ ကျွန်တော်တော့ မစဥ်းစားတတ်တော့တာ အမှန်ပါ။
ကျွန်တော်ဟာ အကိုထုတ်ပြပါတဲ့ တစ်ခုချင်းစီကို အသေအချာကြည့်ပြီး အသေအချာနဲ့ ခံစားနိုင်ရုံသာ ရှိသည်။ ဒါထက်ပိုပြီး မတွေးနိုင်တာ အမှန်ပါ။
ဒါကြောင့် ဒီနေ့တော့ အကိုချစ်ဖို့ကောင်းနေသည်။
"အကိုသိလား...ကျွန်တော်တော့ မသိဘူး။"
ချစ်စရာ အကို့မျက်နှာလေးကို မမှိတ်မသုန် ကြည့်ရင်းနဲ့ ကျွန်တော်နားမလည်နိုင်တဲ့ အကြောင်းအရာတစ်ချို့အတွက် စကားဦးခင်းမိသည်။
"ဘာကိုလဲ..အရင်းမရှိ မဖျားမရှိနဲ့.."
"ကျွန်တော့်အပေါ် အကို ဘယ်လိုအချစ်မျိုးနဲ့ ချစ်လဲဟင်။ ပြီးတော့ ကိုကြည်သာ၊ နောက် မမနွဲ့။ ကျွန်တော်တို့ သုံးယောက်အပေါ် အကို သဘောထားလဲဟင်..."
ချစ်စရာ အကိုမျက်နှာလေးက အဆွေးဘက်သို့ပြောင်းပြီး ခပ်ဆွေးဆွေးဖြစ်လာသည်။ ပြီးမှ အကို့မျက်လုံးတွေက စူးရဲရဲဘက်သို့ အသွင်ပြောင်းလာကာ....
"သော် သိလား။ ပဥ္စဝီသတိ နှစ်ခါပေါင်းရင် ကိုယ်သိပ်သဘောကျတဲ့ ပညာသရတယ်။ ပညာသကိုပဲ ပညာသနဲ့မြောက်လိုက်ရင် အဖိုးအမြင့်ဆုံး ဂဏန်းကိုရမယ်။ နောက်ထပ် ပညာသကိုပဲ ဒဿမနဲ့မြှောက်ချင်သေးတာကွာ။ အဆုံးမှ သိပ်လှတဲ့ မြှောက်လဒ်နှစ်ခုကို ပေါင်းထုတ်လိုက်ရင် ကိုယ် သော့်အပေါ်ထားတဲ့ မေတ္တာကို ရလာပါလိမ့်မယ်။ "
ထက်မြက်ပါတဲ့ ကျွန်တော့်ရောင်နီဝန်းဟာ သူခြုံထားပါတဲ့ ချစ်စရာကောင်းတဲ့ အလွှာကို အရေခွာချလိုက်ပြီး ကျွန်တော့်ဦးနှောက်ကို မညှာမတာတွေအလုပ်ပေးတော့သည်။
"ခက်နေလား သော်..."
စကားဆုံးပြီး တော်တော်ကြာတဲ့အထိ အသံမကြားပဲ တိတ်ဆိတ်နေတဲ့ ကောင်လေးကို သူသနားမိသည်။ ဒီလောက်လေးတော့ ကိုယ့်ရဲ့ ကိုရင်လူထွက်ကလေး သိနိုင်မယ်လို့ ထင်ထားတာ။
တကယ်တော့ ကောင်လေးဟာ သူ့အကြောင်း ကဗျာတွေဖွဲ့ဖို့ကလွဲရင် ဘာကိုမှ မသိပဲရှိနေပါလားနော်။
"အမှန်အတိုင်းပြောရရင် အကို့စကားကို ကျွန်တော် တွေးရင်း၊ တွေးရင်းနဲ့ပဲ မေ့လုနီးနေပြီဗျာ..."
"အော် တယ်ခက်ပါလား သော်ရယ်၊ ကိုယ်က သော့်ကို သိမယ်ထင်တာ။"
"ဒီကမ္ဘာမှာ အကိုလိုလူက အကိုတစ်ယောက်ပဲရှိတာပါ။"
"ချီကျူးတယ်လို့ပဲ သဘောထားလိုက်မယ် ကောင်လေး၊ ဒါနဲ့ အစောက ကိုယ့်စာကို လှောင်နေတာ ကိုယ်သိတယ်နော်။ ဒီလိုနဲ့ နောက်ပိုင်းတော့ သော့်ကိုအလုပ်များစေတော့မယ်။"
"ဗျာ...."
အကို့ရဲ့အတွေး အကို့ရဲ့အပြော အကိုစဥ်းစားနေသမျှ ဘာကိုမှ ကျွနိတော်လိုက်မမှီနိုင်တော့ပါလား။
ကျွန်တော်ကပဲ တုံးလွန်းတာလား၊ အကိုကပဲ တော်လွန်းနေတာလားဆိုတာမသေချာပေမယ့် ကျွန်တော်နဲ့ အကို့ကြား ကွာခြားချက်က အလှမ်းဝေးလှသည်။
ကောင်းကင်နဲ့ မြေကြီးလိုမျိုးပဲ ဝေးကွာလွန်းလှပါသည်။
သို့သော်လည်း ကျွန်တော်ဟာ ကောင်းကင်ကို နှင်းဆီနီဆက်ကြိုး တံတားထိုးပြီး ရအောင် တတ်မည့်သူ........ဒါက သေချာသည်။
ကျွန်မရဲ့ Facebook account ပါ။
_______________________
Zawgyi....
"
အဝန္း...."
ကြၽန္ေတာ္က လွည့္ၾကည့္တယ္ ဆို႐ုံရွိေသးသည္။
"ႏြဲ႕က ဘယ္လိုေရာက္ေနတာလဲ..."
ေလွကားကေန ဆင္းလာရင္းျဖင့္ အကိုက သူ႔နာမည္အားေရ႐ြတ္သူ မမႏြဲ႕ကိုေမးသည္။ ဒီေတာ့ ကြၽန္ေတာ္က ဒီတိုင္းပဲ ႏႈတ္ဆိတ္ေန႐ုံသာ တတ္ႏိုင္ေတာ့သည္။
"ႏြဲ႕တို႔အိမ္မွာ ထမင္းစားဖို႔ လာဖိတ္တာ။ လိုက္ခဲ့မယ္ မဟုတ္လား အဝန္း...ေမေမကလည္း အဝန္းကို ေစာင့္ေနတာရယ္။"
"အခုေန႔လည္ လား ႏြဲ႕..."
"အင္းေလ...ဘာလဲ အဝန္းနဲ႔ ေအာင္က ႀကိဳၿပီး ခ်ိန္းထားၾကတာမ်ားလား။"
"အဲ့လိုလည္း မဟုတ္ပါဘူး။ ေက်ာင္းဆင္းခ်ိန္ ထမင္းအတူစားေနၾကဆိုေတာ့...ႀကိဳၿပီးခ်ိန္းထားတာမဟုတ္လည္း ကိုယ္တို႔က ဆုံေနၾကပဲေလ။"
ကြၽန္ေတာ္ကေတာ့ အကို႔အေျပာကို ေတာ္ေတာ္ေလး ဘဝင္ခိုက္မိပါသည္။ ဟုတ္သည္ အကိုနဲ႔ ကြၽန္ေတာ္နဲ႔ၾကား ႀကိဳတင္ၿပီး အခ်ိန္းအခ်က္ေတြ လုပ္ေနစရာမွမလိုတာ။ ကြၽန္ေတာ္တို႔က အၿမဲေတြ႕ေန၊ ဆုံေန ၾကတာပဲ။
"ဒါဆိုလည္း ဒီေန႔ေတာ့ ႏြဲ႕ကို လိုက္ေလ်ာလိုက္ေပါ့။ အဝန္းတို႔က ေန႔တိုင္းလည္း အတူစားျဖစ္ေနၾကတာပဲဟာ...."
သူမရဲ႕ ဆံႏြယ္အရွည္ေတြကို နား႐ြက္ေနာက္ကို သိမ္းၿပီး မ်က္လႊာေလးေအာက္ငုံ႔ကာ မိန္းမဆန္ေသာ အမူအရာတို႔ျဖင့္ ေျပာေလပါတဲ့ ထိုစကားမွာ အကိုမွမဟုတ္ပါဘူး ကြၽန္ေတာ္ဆိုရင္ေတာင္မွပဲ လက္ခံေခါင္းၿငိမ့္မိမွာျဖစ္သည္။
"အင္း...ဒါဆို ခဏေနာ္ ႏြဲ႕။"
အကိုက ကြၽန္ေတာ့္လက္ကို ဆြဲၿပီး မမႏြဲ႕ေရွ႕ကေန ထြက္ခြာေလသည္။
"ကိုယ့္ ေသာ့္ကို ကန္တင္းအထိလိုက္ပို႔ေပးဦးမယ္။"
မိန္းမသားျဖစ္တဲ့ မမႏြဲ႕ကို ဒီတိုင္းထားခဲ့ၿပီး ကြၽန္ေတာ့္ကို အရင္ ကန္တင္းလိုက္ပို႔ေပးရေအာင္ ကြၽန္ေတာ္က ကေလးလားဗ်ာ။ ဒါေၾကာင့္ပဲ...
"အကို သြားမွာကို သြားပါ၊ ကြၽန္ေတာ္ သြားတတ္တာပဲကို။"
ကြၽန္ေတာ့္စကားဆုံးၿပီးေနာက္မွာေတာ့ အကိုက ေျခလွမ္းေတြကို တုန္႔ခနဲရပ္တန္႔ပစ္ၿပီး ကြၽန္ေတာ့္ဘက္သို႔ ၾကည့္သည္။
"ေသာ္ မလိုက္ေစခ်င္ရင္ ကိုယ္ျငင္းလိုက္မယ္။"
"ဗ်ာ...မဟုတ္တာ အကိုရာ။ ကြၽန္ေတာ္က ဘာေျပာေနလို႔လဲ။ အကို သြားခ်င္ရင္ သြားပါလို႔ေျပာေနတာ..."
"အဲ့လိုေျပာေနတာကိုက မသြားေစခ်င္တာ..."
ကြၽန္ေတာ့္လက္ကို ကိုင္ထားဆဲ၊ ကြၽန္ေတာ့္မ်က္ႏွာကို ေငးၾကည့္ဆဲနဲ႔ စိတ္ရႈပ္တဲ့ပုံေပၚေနပါတဲ့ အကို႔ေၾကာင့္ ကြၽန္ေတာ့္မွာ ဘယ္လို စကားေျပာလိုက္ရမွန္းပင္ မသိေတာ့ပါ။ သြားပါလို႔ဆိုေတာ့လည္း မသြားေစခ်င္ဘူးလို႔ ထင္သည္တဲ့။
ကဲ ဒါဆို ကြၽန္ေတာ္က မသြားနဲ႔လို႔ဆိုရင္ေရာ အကိုက မသြားပဲ ေနမွာမိုလို႔လား။
"ကြၽန္ေတာ္ေျပာမယ္ အကို၊ အကို႔သေဘာပဲ။ ကြၽန္ေတာ္က ဘာမွမေျပာေတာ့ဘူး။ ဒီလိုဆိုရင္ေရာ..."
"ဒါကိုယ့္ကို စိတ္ပ်က္သြားတာ မဟုတ္လား...."
မ်က္ေမွာင္က်ဳံ႕ျပသည္။
ေတာ္ေတာ္လည္း တတ္ႏိုင္တဲ့ အကိုရယ္ပါ။ အကို႔ေၾကာင့္နဲ႔ ကြၽန္ေတာ့္မွာ ဝမ္းနည္းေနသည့္ စိတ္ေလးေတာင္ ဘယ္ဆီေရာက္သြားမွန္းမသိေတာ့သည္အထိ။
အခု အကို႔ပုံစံက ေတာ္ေတာ္ေလးကို ရယ္စရာေကာင္းၿပီး ခ်စ္စရာေကာင္းေနတာ။ ဒီတစ္ေန႔လုံး ႂကြယ္လွပါတဲ့အကို႔ကို အျပစ္ကင္းတဲ့ ကေလးေလးတစ္ေယာက္လိုမ်ိဳး ခံစားေနရသည္။
ခ်စ္ေနေတာ့လည္း က်ားကိုေတာင္ ေၾကာင္ေပါက္ေလးလို ျမင္ေနေတာ့တာပါလား။
"အကိုတကယ္ပဲ ခ်စ္စရာေကာင္းေနတာ သိရဲ႕လား။"
ႏႈတ္ခမ္းကိုက္ၿပီး ထိုသို႔ဖြင့္ဟ ေျပာခ်လိုက္ေတာ့ ကြၽန္ေတာ့္လက္ဆီမွာ သက္ေရာက္ေနတဲ့ အားက ေလ်ာ့က်သြားၿပီး အကို႔မ်က္ႏွာက ရွက္ေသြးတို႔ ျဖာလာသည္ဟု ထင္ရသည့္ အေနအထားကို ေရာက္သြားခဲ့သည္။
"အဝန္း..."
"ကြၽန္ေတာ္ သြားလိုက္ဦးမယ္ အကိုႀကီး။ ေသာ့္ကို ကန္တင္းထိ ေခၚသြားေပးဦး..."
ကိုၾကည္သာလက္မွာ ကြၽန္ေတာ့္ကို အပ္ခဲ့ၿပီး လွစ္ခနဲေနေအာင္ ေျပးထြက္သြားတဲ့ အကို႔ကို ကြၽန္ေတာ့္မွာ ရယ္လို႔ပင္ မဆုံးႏိုင္ေတာ့ပါ။
"သြားရေအာင္ေလ ညီေလး။"
"ဟုတ္ကဲ့ ကိုၾကည္သာ.."
ထိုထိတိုင္ပဲ ကြၽန္ေတာ့္ ရယ္သံတို႔က အေငြ႕ေသ မသြားေသး။
"ဘာေတြ သေဘာက်ေနလဲ ညီ၊ မင္းအကိုက မင္းကို ဘာေတြေျပာသြားသလဲ...."
ေဘးခ်င္းယွဥ္ေလွ်ာက္ေနရင္းနဲ႔ ကြၽန္ေတာ့္ကို ေမးပါတဲ့ ကိုၾကည္သာ့ ဘက္ကို ကြၽန္ေတာ္ ၾကည့္မိေတာ့ ကိုၾကည္သာ့မ်က္ႏွာက ပကတိ ၾကည္လင္စြာနဲ႔ပင္။ သိခ်င္စိတ္ ျပင္းျပေနတာမ်ိဳး၊ မၾကည္မလင္ျဖစ္ေနတာမ်ိဳးတို႔ မုန္ညင္ေစ့တမႈံေလာက္ပင္ မရွိပါ။
ဒီလူသည္လည္း အကို႔ကဲ့သို႔ပင္ ခန္႔မွန္းရခက္သည့္သူစားျဖစ္သည္။
"အကိုက ဒီတိုင္းပဲ ရယ္စရာေကာင္းေနလို႔ပါ။"
"ကိုယ္ေတာ့ အဲ့လို တစ္ခါမွမခံစားဖူးဘူး။ "
"ဟို..."
ကြၽန္ေတာ့္ဘက္က ထပ္ၿပီးရွင္းျပဖို႔ရန္အတြက္ စကားစ,ခံလိုက္ေတာ့ ကိုၾကည္သာက ကြၽန္ေတာ့္မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီး ေခါင္းယမ္းျပသည္။ ၿပီးေနာက္တြင္ ခပ္ပါးပါးေလး ရယ္ျပပါသည္။
သေဘာကေတာ့ ထပ္မေျပာလည္း ရသည္ဆိုသည္ပင္။
"ေအာင္ေရ...ငါတို႔ ဒီမွာေဟ့..."
ထိုင္ေနၾကသည့္ စားပြဲဝိုင္းမ်ားၾကားမွ ထြက္ေပၚလာတဲ့ ခပ္စူးစူးအသံေၾကာင့္ ကြၽန္ေတာ္လည္း အသံလာရာဘက္သို႔ လွည့္ၾကည့္ကာ ေခါင္းၿငိမ့္ျပလိုက္သည္။
"ကြၽန္ေတာ္တို႔နဲ႔ပဲ ထိုင္မလား ကိုၾကည္သာ..."
"ပိုေကာင္းတာေပါ့...မဟုတ္ရင္ သက္လ်ာနဲ႔ထိုင္ရဦးမယ္"
အကို႔လိုပဲ ကိုၾကည္သာကလည္း ကြၽန္ေတာ့္ပခုံးေတြကို ပုတ္ၿပီး ကြၽန္ေတာ့္ေျခလွမ္းတို႔အား ေရွ႕ဆက္ေစသည္။
"ေအာ္ ကိုသက္..."
ထိုင္ဖို႔ရန္အတြက္ ဖင္ခ်ေတာ့မည့္ဆဲဆဲမွာပဲ အနားေရာက္လာပါတဲ့ ကိုသက္ေၾကာင့္ မတ္တပ္ျပန္ရပ္လိုက္ရသည္။
"ငါ့ကို ခုံတစ္လုံးယူေပးစမ္းပါ ညီေလး..."
"ဟုတ္ကဲ့..."
သို႔ျဖင့္ ထမင္းစားဝိုင္းမွာ အပ္က်သံပင္ထြက္မလာေတာ့သည္အထိ ၿငိမ္သက္လို႔သြားၾကသည္က...
"နင္ေျပာေတာ့ အကိုႀကီးကို သြားေခၚမွာဆို။ ဘယ္လိုလုပ္ၿပီး သူတို႔ႏွစ္ေယာက္က ေရာက္လာတာလဲ...ငါျဖင့္ ထမင္းကို အျမန္ၿမိဳခ်ေနရတယ္။"
"ဘာျဖစ္လို႔..."
"ေၾကာက္လို႔ေပါ့ဟ....ကိုသက္က လွတာမဟုတ္ပဲ ေၾကာက္ရတာလိုလိုခံစားရတယ္။ နင္သိရဲ႕လား...."
သိမ့္သိမ့္စိုးျမင့္၏ ဤအေျပာကို ကြၽန္ေတာ့္မွာ ေခါင္းသားယမ္းျပရသည္။
တကယ္လည္း ကိုသက္ကို ေၾကာက္တာမ်ိဳးမခံစားရပဲ သနားစိတ္ေတြ၊ ကိုယ္ခ်င္းစာစိတ္ေတြနဲ႔ အျပည့္အဝကို နားလည္သလို ခံစားေနရတာ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ အသိဆုံးပင္။
"ခႏၶာေဗဒ အတန္းတက္တဲ့ေနရာက ေတာ္ေတာ္ေလး နံတယ္တဲ့ ေအာင္ရဲ႕။"
ပါေမာကၡကို ေရွ႕ထားၿပီး စာအုပ္ထုတ္ရင္းနဲ႔မွ တိုးတိုး တိုးတိုး စကားဆိုသည္။
"နင္က ဘယ္လိုသိ"
"ငါတို႔အေဆာင္က ဒုတိယႏွစ္အမေျပာတာ ၾကားတာပဲ။ လူေသအနံ႔ေတြ လႈိင္ထေနေရာပဲတဲ့။ ငါျဖင့္ ဒုတိယႏွစ္ေရာက္မွာေတာင္ ေၾကာက္မိတယ္ဟယ္။"
သူမစကားကို ကြၽန္ေတာ္က ေခါင္းသာၿငိမ့္ျပလိုက္ၿပီးေနာက္ ေဖာင္တိန္ကို ရွာေဖြေနမိသည္။
"နင္ ဂ်ဴတီကုတ္ဝတ္ေတာ့မလားဟင္။ ငါေတာ့ ဝတ္ခ်င္ေနၿပီ..."
လွည့္ၾကည့္လိုက္ေတာ့ သူမက လွ်ာေလး နည္းနည္းထုတ္ကာျဖင့္ ေရွ႕သို႔ၾကည့္ေနေလသည္။
ဂ်ဴတီကုတ္၊ အျဖဴေရာင္ ကုတ္အရွည္ေလး....ေဆးေက်ာင္းသားတို႔၏ သေကၤတ။ ေသေသခ်ာခ်ာေလး မီးပူတိုက္ၿပီး ေခါက္ထားသည့္ ထိုအက်ႌေလးကို ဝတ္ၾကည့္ဖို႔အတြက္ သူမေျပာမွပဲ ကြၽန္ေတာ္ သတိရမိေတာ့သည္။
ဒီၾကားထဲ အခ်ိန္ေတြက အခ်ိန္ျပည့္ အကိုတစ္ေယာက္သာ ဦးေႏွာက္ထဲ၊ ႏွလုံးသားထဲရွိခဲ့သည္က ဂ်ဴတီကုတ္အျဖဴေရာင္ေလးကိုပင္ သတိမရေတာ့။
အကိုနဲ႔ ဂ်ဴတီကုတ္ကို ယွဥ္ေတြးမိၿပီးမွပဲ ဂ်ဴတီကုတ္အျဖဴေရာင္ေလးနဲ႔အကို႔ကို အခုထိ တြဲလ်က္မျမင္ဖူးေသး။ ရွည္သြယ္သြယ္ရွိတဲ့ အကို႔ခႏၶာအထက္က ေခါက္႐ိုးရာ အထင္းသားေပၚေနပါမယ့္ ဂ်ဴတီကုတ္ေလး....အကိုနဲ႔သိပ္လိုက္ဖက္ေနမွာပင္။
"ဟိတ္ ေအာင္....ပါေမာကၡက ငါတို႔ဆီၾကည့္ေနၿပီ။"
ေရးစာအုပ္ေလးကို ကြယ္ရင္း ခပ္က်ိတ္က်ိတ္ သတိေပးပါမွ ေအာင္က စာအုပ္လွန္ေလသည္။ ပါေမာကၡ၏ စာသင္ခ်ိန္ တစ္ဝက္က်ိဳးလုနီးၿပီ...အခုမွပဲ စာအုပ္လွန္ေလွာပါတဲ့ ေအာင္ တစ္ေယာက္ ဘာေတြမ်ားေတြးေနပါလိမ့္ေနာ္။
"ငါတို႔အေဆာင္က အမဆီမွာေလ စာအုပ္ေတြအမ်ားႀကီးပဲ။ စာအုပ္အေပါင္ခံတာတဲ့ သူ႔ဘဲက။"
"ဟင္...."
ဂ်ဴတီကုတ္အေၾကာင္းကို စဥ္းစားေနတုန္းမွာပဲ ေနာက္ထပ္ သိခ်င္စရာတစ္ခုေျပာျပလာပါတဲ့ သိမ့္သိမ့္စိုးျမင့္။
ဒီေန႔မွ အနီးအနားပတ္ဝန္းက်င္ကို ေသခ်ာၾကည့္မိသည္ ေက်ာင္းဆင္းခ်ိန္မို႔ျဖစ္မည္။ ေက်ာင္းဝိုင္းအႏွံ႔မွာ ဂ်ဴတီကုတ္နဲ႔လူပုဂၢိဳလ္တို႔ကာ ဝင့္ႂကြားစြာျဖင့္ သြားလာေနၾကသည္။ တစ္ခ်ိဳ႕ကလည္း ဂ်ဴတီကုတ္ကို ဝတ္ဆင္ကာ အိပ္ကတ္တြင္ လက္ထဲ့၍ ဟန္ပါပါႏွင့္၊ တစ္ခ်ိဳ႕က်ေတာ့လည္း ဂ်ဴတီကုတ္မပါပဲ စာအုပ္ေတြတေပြ႕ႀကီးကို ေပြ႕ပိုက္၍ သြားလာေနၾကသည္။
ဒီလူတန္စား ႏွစ္ရပ္လုံးသည္ ကြၽန္ေတာ့္မ်က္စိထဲ အလ်ဥ္းသင့္စြာနဲ႔ ဝင္ေရာက္ေနေသာ္လည္း ပခုံးတစ္ဖက္မွာ ဂ်ဴတီကုတ္တင္ၿပီး ေဆာင့္ႂကြားႂကြားေလွ်ာက္ေနပါတဲ့ လူတန္းစားတစ္ရပ္ကိုေတာ့ျဖင့္ ၾကည့္ရတာ သိပ္ၿပီး အဆင္မေျပရွိလွ၏။
"ဂ်ဴးရဲ႕ အမွတ္တရထဲက ေမာင္လိုပဲ ဖဲ႐ိုက္တာကို၊ စာအုပ္ေပါင္႐ိုက္ၾကတဲ့ ေဆးေက်ာင္းသားအေမာင္က တကယ္ရွိတာေဟး....။ ေအးေပါ့ေလ အတန္းႀကီးေလေလ စာအုပ္က ေစ်းႀကီးေလေလပဲမဟုတ္လား။ စာအုပ္ကို ဖဲေပါင္႐ိုက္တတ္တဲ့ သူေတြေၾကာင့္ အေဟာင္းေစ်းက သက္သာေနတာေနမွာ။ နင္တို႔လည္း လိုတဲ့စာအုပ္ရွိရင္ ေျပာေနာ္။ အဲ့အမဆီမွာ အကုန္ရွိတယ္။"
"ေနာက္ရက္ ငါနင္တို႔အေဆာင္လာခဲ့မယ္ေလ။ ငါလိုခ်င္တဲ့ စာအုပ္မ်ားရွိေနမလားပဲ။"
"ေအး လာခဲ့ေလ...."
ေလေျပႏုေသြးနဲ႔ သိမ့္သိမ့္စိုးျမင့္နဲ႔က အေပးအယူတည့္ေနၾကေသာ္လည္း အခုထိ ခႏၶာေဗဒ အတန္းအေၾကာင္းကို ေတြးေနသူ ပန္းသြဲ႕သြဲ႕ေအးသည္....
"ခႏၶာေဗဒ အတန္းကို ငါျဖင့္ အခုထိေၾကာက္ေနတုန္းပဲ"
"ထားပါဟာ...ငါတို႔ျပန္ႏွင့္ၾကမလား"
"အကိုႀကီးကို မေစာင့္ေနေတာ့ဘူးလား"
"အကိုက ျပန္ႏွင့္ေလာက္ေရာေပါ့...."
အခုပဲ ေလးနာရီခြဲလို႔ေနၿပီမို႔ အကိုေတာ့ မမႏြဲ႕နဲ႔မဟုတ္ရင္ ကိုသက္တို႔နဲ႔ ပါသြားေလာက္မွာပဲလို႔ ေတြးမိၿပီး ျပန္ဖို႔ႏႈိးေဆာ္ရသည္။ မဟုတ္ရင္ ဒီသူငယ္ခ်င္းမေတြက ဒီေနရာမွာ အခ်ိန္လင့္တဲ့အထိ ေစာင့္ေပးေနၾကမွာမို႔ ကြၽန္ေတာ္အားနာရသည္ေလ။
"ကိုယ့္ကိုေတာင္ မေစာင့္ခ်င္ေတာ့ဘူးပဲ ေသာ္က..."
မေမွ်ာ္လင့္ပါတဲ့ အသံနဲ႔အတူ ကြၽန္ေတာ့္ေနာက္ကေနထြက္ေပၚလာသူ၏ ပခုံးအထက္တြင္ လုံးေထြးၿပီးတင္ထားသည္က အျဖဴေရာင္ အပိုင္းတစ္ခု။
"အကိုႀကီးလာၿပီ ငါတို႔သြားရေအာင္ေလ..."
"ေသခ်ာျပန္ေနာ္ ေအာင္။"
ပန္းသြဲ႕၏ ဦးေဆာင္မႈကို ေလေျပႏုေသြးကလိုက္ပါ ပါေသာ္လည္း မသိမ့္သိမ့္စိုးျမင့္သည္...
"အကိုႀကီး ဂ်ဴတိီကုတ္ကလည္း ပန္းဧရာဆိုင္ကထြက္လာတာပဲလား။"
အကို႔ပခုံးေပၚရွိ အျဖဴရာင္ အပိုင္းေလးက ဂ်ဴတီကုတ္ျဖစ္ေနၿပီး သိမ့္သိမ့္စိုးျမင့္ ဆြဲခြာလိုက္ပါသည့္ တံဆိပ္ေလးက ပန္းပြင့္ပုံ စတကာေလးျဖစ္ေနသည္။
"ဟြန္း !!! မႏွစ္က အပ္ခဲ့တာ၊ ေန႔လယ္ကတင္ သြားၿပီးေ႐ြးလာခဲ့တာဗ်။"
"အကိုႀကီးရာ..."
သိမ့္သိမ့္က ႏွာေခါင္းရႈံၿပီး ၾကည့္ေတာ့ အကိုက တဟားဟားႏွင့္ ေအာ္ရယ္သည္။
သူတို႔ႏွစ္ေယာက္ေျပာေနပါေသာ အေၾကာင္းအရာမ်ားကို ကြၽန္ေတာ္တို႔သုံးေယာက္က နားမလည္သဟန္ျဖင့္ ေမးေငါ့ေမးလိုက္ေတာ့....
"အကိုႀကီးလည္း ဂ်ဴတီကုတ္ေပါင္ၿပီး ဖဲ႐ိုက္တယ္ေဟ့" တဲ့။
(အေကြးရဲ႕ အက်င့္ေတြက ဘယ္ကေန ျမစ္ဖ်ားခံလာတာမို႔လဲေနာ္....)
ဒီအေျပာက တကယ္ဟုတ္၊မဟုတ္ကို အကို႔မ်က္ႏွာဆီသို႔ ေငးလွည့္ၾကည့္မိေတာ့ အကိုကေလ ႐ႊန္းေဝေနတဲ့ မ်က္ဝန္းေတြနဲ႔ လြတ္လပ္စြာကိုရယ္ေမာေနေတာ့တာ။
"ေသာ္...."
အရယ္ေတြကို ရပ္ခဲ့ၿပီး သူငယ္ခ်င္းမေတြနဲ႔လမ္းခြဲကာ အကိုနဲ႔အတူျပန္ပါတဲ့ အိမ္ျပန္လမ္းက အေတြးမ်ားစြာ ႀကီးစိုးေနခဲ့သည္။ သို႔ေသာ္လည္း 'ေသာ္' ဆိုပါတဲ့ ေႏြးေထြးပါတဲ့ အသံေလးက ကြၽန္ေတာ့္အေတြးတို႔ကို လြင့္စင္သြားေစသည္။
"ကိုယ္မပါပဲ အိမ္ျပန္ဖို႔စဥ္းစားေနၿပီေပါ့၊ ကိုယ္ ေျပာထားတဲ့ဟာကို"
"ဗ်ာ..."
"ကိုယ္မရွိတဲ့ေနရာေတြနဲ႔ ေသာ္ေနသားက်သြားမွာ ကိုေၾကာက္တယ္လို႔ ေျပာထားတယ္ေလ။ ဘာလဲ ေသာ္အခုထိ တကယ္ပဲမဖတ္ရေသးတာလား။"
"ဟုတ္..."
"မသိေတာ့ဘူးကြာ....ေရာက္ရင္တန္းဖတ္ေတာ့၊ ဒါမွ ေသာ္သိမွာ။"
"ဒါဆို အကိုက ကြၽန္ေတာ့္အိမ္မွာ မေနေတာ့ပဲ၊ တန္းျပန္မွာေပါ့။"
"ေသာ္စာဖတ္တဲ့အခ်ိန္ ကိုယ့္ကို ေဘးမွာရွိေစခ်င္တဲ့သေဘာလား။ ကိုယ္က ေသာ္အေနခက္မွာ စိုးတာ"
"မခက္ပါဘူး အကိုရ။ "
ဒီလိုနဲ႔ပဲ အိမ္ကိုျပန္ေရာက္ေတာ့ အကို႔ကိုေဘးမွာထားၿပီး အကိုေပးတဲ့စာ႐ြက္ေလးကို ဖြင့္ဖတ္ၾကည့္လိုက္သည္။
"ေသာ္ သိလား။ ကိုယ္ေတာ့ ေနာက္မ်ားဆို စာအိတ္သုံးရေတာ့မယ္ထင္တယ္။ ေရးရင္း ေရးရင္းနဲ႔ပဲ အတားအဆီးတို႔၊ အထိန္းအကြပ္တို႔ဆိုတာေတြကို စာလုံးေတြလို႔ပဲ ျမင္လာမိၿပီ။"
"ဘာလို႔လဲ အကို..."
အကို႔စာ႐ြက္ကို ဖတ္ၿပီး ကြၽန္ေတာ့္မွာ ရယ္ခ်င္ေနသည္။ ဘယ္ႏွယ့္ဗ်ာ တယ္လည္းတတ္ႏိုင္လြန္းပါတဲ့ အကိုပါ။ ေနာက္ဆုံးမွာ မဲ့ေနတဲ့ပုံေလးေတာင္ ဆြဲလိုက္ေသး။
ဘယ္သူက ခ်စ္စရာမေကာင္းဘူးလို႔ ေျပာမွာစိုးတယ္မသိပါ။ ဇြတ္ေတြအတင္းေတြကို ခ်စ္ဖို႔ေကာင္းေအာင္လုပ္ျပေနေတာ့တာက ကြၽန္ေတာ့္မ်က္လုံးထဲ အကို႔ကို ကေလးေလးလို ထင္ျမင္လာေနၿပီ။
"အဲ့လိုမၿပဳံးနဲ႔ေလ ေသာ္ရ၊ အဲ့လိုဆို ကိုယ္က..."
"ဘာျဖစ္တာလဲ..ရွက္တာလား။"
အကိုဆြဲထားတဲ့ပုံေလးလိုပဲ ႏႈတ္ခမ္းကို ေအာက္မဲ့ၿပီး မ်က္ႏွာကို႔ ေမာ့ျပေတာ့...
"မင္း ေနာ္..." ဟု ခ်စ္ဖို႔ ေကာင္းေအာင္လုပ္ျပန္သည္။
"အကို အကို..အကို ကြၽန္ေတာ့္အကို႔ကို ကြၽန္ေတာ္ေတာ့ အူယားလို႔မဆုံးေတာ့ပဲ..."
အကို႔လက္ကို လွမ္းဆြဲမည္လုပ္လိုက္ေတာ့ အကိုက ႐ုတ္ခ်ည္းမတ္တပ္ရပ္ကာ နံရံအနားအထိ ေနာက္ဆုတ္သြား၏။
"မင္းေနာ္ မင္းအိမ္ဆိုတိုင္း..."
ေၾကာက္ေၾကာက္လန္႔လန္႔ေလးျဖစ္ေနပုံက မသိရင္ ကြၽန္ေတာ္ကပဲ သူ႔ကို အႏိုင္က်င့္ေနၾကလို႔။ တကယ္ပဲ အသဲယားဖို႔ ေကာင္းတဲ့အကိုရယ္ပါ။
"ကြၽန္ေတာ္က ဘာမွမလုပ္ပါဘူး အကိုရ၊ လာ ထိုင္ပါ။"
အကို မတ္တပ္ရပ္လိုက္လို႔ လစ္လပ္သြားပါတဲ့ ေနရာလြတ္ေလးကို လက္ျဖင့္ ပုတ္ျပၿပီး ထိုင္ေစဖို႔ ေျပာလိုက္ေတာ့ အကိုက ခပ္ျဖည္းျဖည္းေလးေလွ်ာက္လာၿပီး ေအးသက္စြာနဲ႔ ဝင္ထိုင္သည္။
အမူအရာေလးေတြ မ်က္ေတာင္မခတ္တမ္း ၾကည့္ရင္းၾကည့္ရင္းနဲ႔ပဲ ကြၽန္ေတာ့္မွာ မ႐ိုးမယြေတြကို ျဖစ္လို႔။
"ေျပာပါဦး..အခုရွိေနတာက စိတ္လား၊ ကိုယ္လား။
ကိုယ္ကပဲ ကြၽန္ေတာ့္ဆီမွာရွိေနၿပီး စိတ္ကမမႏြဲ႕ဆီပါသြားတာေတာ့ မဟုတ္ပါဘူးေနာ္။"
"ေသာ္ !!!!"
ခပ္သြက္သြက္နဲ႔ သူသတ္မွတ္ထားတဲ့ ကြၽန္ေတာ့္အမည္ကိုေခၚၿပီး စူပုတ္ပုတ္နဲ႔ၾကည့္လာသည္။
"ဟုတ္...ေျပာေလ အကို"
မ်က္ႏွာေလးေအာက္ခ်ၿပီး ဂ႐ုတစိုက္နဲ႔ၾကင္ၾကင္နာနာေလးၾကည့္လိုက္ေတာ့....
"ငါ့ကို ကေလးလို မဆက္ဆံနဲ႔" တဲ့။
ဒါဆို လူႀကီးလို ဆက္ဆံလိုက္ရမလားလို႔ ေတြးမိၿပီး ကြၽန္ေတာ့္ အၿပဳံးေတြ ထိန္းမရ၊သိမ္းမရနဲ႔ ဖုံးဖိမရ ျဖစ္ေနေတာ့သည္။
"အဲ့လို မခ်ိဳမခ်ဥ္လာမလုပ္နဲ႔ ေသာ္၊ မင္းကိုယ္မင္း မွန္ထဲျပန္ၾကည့္ဦး။ ႐ုပ္ကိုက စပ္ၿဖီးၿဖီးနဲ႔။ ၿပီးေတာ့မယုံသလိုလိုနဲ႔လာမေမးနဲ႔ မႀကိဳက္ဘူး"
"ေဟာ အကိုေျပာမွပဲ၊ "
အခု ဒီလို မ်က္ႏွာပိုးေတြ သတ္မရျဖစ္ေနတာက ဘယ္သူ႔ေၾကာင့္လဲ။ ဒီအကိုေတာ့ ခ်စ္လြန္းလို႔ သည္းခံေနတာကိုေနာ္။ လူကို ခပ္တည္တည္နဲ႔ ေဟာက္ေနသည္။ ခ်စ္စရာေကာင္းေအာင္ တမင္မ်ားလုပ္ေနတာလားေတာ့ မစဥ္းစားတတ္ေတာ့။
ေရးပါတဲ့ စာ၊ မ်က္ေတာင္အဖြင့္အပိတ္ေတြနဲ႔ သူ႔စိတ္နဲ႔ သူ႔ကိုယ္က ရန္ျဖစ္နသည္တဲ့ေလ။ အခုလည္းၾကည့္ မ်က္ႏွာအမူအရာေလးေတြကို တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္း ပိုပိုၿပီး ခ်စ္ဖို႔ေကာင္းေအာင္လုပ္ေနတာ။ သူလိုဉာဏ္ေကာင္းသူက အခုမွ ဘာလို႔ ကေလးေလးလိုျဖစ္ေနတာလဲဆိုတာကို သူေလာက္ဉာဏ္မေကာင္းပါတဲ့ ကြၽန္ေတာ္ေတာ့ မစဥ္းစားတတ္ေတာ့တာ အမွန္ပါ။
ကြၽန္ေတာ္ဟာ အကိုထုတ္ျပပါတဲ့ တစ္ခုခ်င္းစီကို အေသအခ်ာၾကည့္ၿပီး အေသအခ်ာနဲ႔ ခံစားႏိုင္႐ုံသာ ရွိသည္။ ဒါထက္ပိုၿပီး မေတြးႏိုင္တာ အမွန္ပါ။
ဒါေၾကာင့္ ဒီေန႔ေတာ့ အကိုခ်စ္ဖို႔ေကာင္းေနသည္။
"အကိုသိလား...ကြၽန္ေတာ္ေတာ့ မသိဘူး။"
ခ်စ္စရာ အကို႔မ်က္ႏွာေလးကို မမွိတ္မသုန္ ၾကည့္ရင္းနဲ႔ ကြၽန္ေတာ္နားမလည္ႏိုင္တဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕အတြက္ စကားဦးခင္းမိသည္။
"ဘာကိုလဲ..အရင္းမရွိ မဖ်ားမရွိနဲ႔.."
"ကြၽန္ေတာ့္အေပၚ အကို ဘယ္လိုအခ်စ္မ်ိဳးနဲ႔ ခ်စ္လဲဟင္။ ၿပီးေတာ့ ကိုၾကည္သာ၊ ေနာက္ မမႏြဲ႕။ ကြၽန္ေတာ္တို႔ သုံးေယာက္အေပၚ အကို သေဘာထားလဲဟင္..."
ခ်စ္စရာ အကိုမ်က္ႏွာေလးက အေဆြးဘက္သို႔ေျပာင္းၿပီး ခပ္ေဆြးေဆြးျဖစ္လာသည္။ ၿပီးမွ အကို႔မ်က္လုံးေတြက စူးရဲရဲဘက္သို႔ အသြင္ေျပာင္းလာကာ....
"ေသာ္ သိလား။ ပၪၥဝီသတိ ႏွစ္ခါေပါင္းရင္ ကိုယ္သိပ္သေဘာက်တဲ့ ပညာသရတယ္။ ပညာသကိုပဲ ပညာသနဲ႔ေျမာက္လိုက္ရင္ အဖိုးအျမင့္ဆုံး ဂဏန္းကိုရမယ္။ ေနာက္ထပ္ ပညာသကိုပဲ ဒႆမနဲ႔ေျမႇာက္ခ်င္ေသးတာကြာ။ အဆုံးမွ သိပ္လွတဲ့ ေျမႇာက္လဒ္ႏွစ္ခုကို ေပါင္းထုတ္လိုက္ရင္ ကိုယ္ ေသာ့္အေပၚထားတဲ့ ေမတၱာကို ရလာပါလိမ့္မယ္။ "
ထက္ျမက္ပါတဲ့ ကြၽန္ေတာ့္ေရာင္နီဝန္းဟာ သူၿခဳံထားပါတဲ့ ခ်စ္စရာေကာင္းတဲ့ အလႊာကို အေရခြာခ်လိုက္ၿပီး ကြၽန္ေတာ့္ဦးေႏွာက္ကို မညႇာမတာေတြအလုပ္ေပးေတာ့သည္။
"ခက္ေနလား ေသာ္..."
စကားဆုံးၿပီး ေတာ္ေတာ္ၾကာတဲ့အထိ အသံမၾကားပဲ တိတ္ဆိတ္ေနတဲ့ ေကာင္ေလးကို သူသနားမိသည္။ ဒီေလာက္ေလးေတာ့ ကိုယ့္ရဲ႕ ကိုရင္လူထြက္ကေလး သိႏိုင္မယ္လို႔ ထင္ထားတာ။
တကယ္ေတာ့ ေကာင္ေလးဟာ သူ႔အေၾကာင္း ကဗ်ာေတြဖြဲ႕ဖို႔ကလြဲရင္ ဘာကိုမွ မသိပဲရွိေနပါလားေနာ္။
"အမွန္အတိုင္းေျပာရရင္ အကို႔စကားကို ကြၽန္ေတာ္ ေတြးရင္း၊ ေတြးရင္းနဲ႔ပဲ ေမ့လုနီးေနၿပီဗ်ာ..."
"ေအာ္ တယ္ခက္ပါလား ေသာ္ရယ္၊ ကိုယ္က ေသာ့္ကို သိမယ္ထင္တာ။"
"ဒီကမာၻမွာ အကိုလိုလူက အကိုတစ္ေယာက္ပဲရွိတာပါ။"
"ခ်ီက်ဴးတယ္လို႔ပဲ သေဘာထားလိုက္မယ္ ေကာင္ေလး၊ ဒါနဲ႔ အေစာက ကိုယ့္စာကို ေလွာင္ေနတာ ကိုယ္သိတယ္ေနာ္။ ဒီလိုနဲ႔ ေနာက္ပိုင္းေတာ့ ေသာ့္ကိုအလုပ္မ်ားေစေတာ့မယ္။"
"ဗ်ာ...."
အကို႔ရဲ႕အေတြး အကို႔ရဲ႕အေျပာ အကိုစဥ္းစားေနသမွ် ဘာကိုမွ ကြၽနိေတာ္လိုက္မမွီႏိုင္ေတာ့ပါလား။
ကြၽန္ေတာ္ကပဲ တုံးလြန္းတာလား၊ အကိုကပဲ ေတာ္လြန္းေနတာလားဆိုတာမေသခ်ာေပမယ့္ ကြၽန္ေတာ္နဲ႔ အကို႔ၾကား ကြာျခားခ်က္က အလွမ္းေဝးလွသည္။
ေကာင္းကင္နဲ႔ ေျမႀကီးလိုမ်ိဳးပဲ ေဝးကြာလြန္းလွပါသည္။
သို႔ေသာ္လည္း ကြၽန္ေတာ္ဟာ ေကာင္းကင္ကို ႏွင္းဆီနီဆက္ႀကိဳး တံတားထိုးၿပီး ရေအာင္ တတ္မည့္သူ........ဒါက ေသခ်ာသည္။
(My fB acc.....