မောင့်ရင်မှာ အမြင့်စံ(complet...
Od MayPadauk
506K 11.8K 278
အရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့ Více
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
ep - 11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18 ( warning )
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-26 Zawgyi
Ep-27
Ep-28 (warnnig)
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37 ( Warning)
Ep-38 Final
Extra
Book
Extra final ( Warning)
Ep-1
46.2K 631 3
Od MayPadauk
ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ  ကြီးမားသော  ခြံဝင်းအတွင်း ခမ်းနားလှသော အဆောက်အဉီးများထဲမှ အကြီးမားဆုံး  အိမ်ရှိ ထမင်းစားခန်းအတွင်း၌  တောင်ကြီးမြို့မျက်နှာဖုံးမိသားစု စော်ဘွားဉီးခွန်မင်းရန် တို့မိသားစု ညနေစာ စားနေကျသည်။
" စောမြ    မဟာလေးရောပြန်မလာသေးဘူးလား"
"ဟုတ်ကဲ့  သခင်မကြီး သခင်လေးမဟာ
ပြန်မရောက်သေးပါဘူး"
"ဒီကလေးနှယ်  ထမင်းစားချိန်ဆို   ဒီအဘွားကြီးက အတူစားချင်မှန်းသိလျက်နဲ့  ပြန်မလာဘူး   သား မဟာလေးကိုပြီးရင်ဖုန်းဆက်ပေးစမ်းပါ"
"ဟုတ်ကဲ့ မယ်မယ် သားဆက်ပေးပါမယ့့်
မယ်မယ်ထမင်းကိုသာ အေးဆေးစားပါ"
"ငါ့မြေး လေးမရှိတော့ စားချင်စိတ်တောင်မရှိတော့ ဘူးကွယ်"
"မယ်မယ်ရယ် သူကဒီချိန်ဆိုအိမ်မှမကပ်ပ်တာ
သူမရှိလို့မစားားရင် မယ်မယ်ပဲကျန်းမာရေးထိခိုက်မှာလေ  မယ်မယ်အားရှိအောင် စားပါနော် သားမင်းမြတ် ဘွားမယ်ကို ဟင်းလေးထည့့်ပေးပါအုံးကွယ်"
သူမအား ပြောနေသော သူမဒုတိယချွေးမ
နန်းဝေစီအား  မကြည်ကြည့်တစ်ချက်ပေးကာ  ဟင်းထည့့်ပေးလာသော  ​သူမမြေးခွန်မင်းမြတ်ကြောင့် သူမချွေးမကို ပြန်ပြောမနေတော့ပေ။မဟာအမေ ပထမချွေးမကိုကြည့်တော့  အေးဆေးစွာထမင်းစားနေသည်။သူပဲ
ကောင်းတယ် ကိုယ့်သားကိုပြောနေလဲ သူမကအေးဆေးပဲနေတက်သည်လေ။သူမကိုယ်တိုင်က ဒီလိုမိသားစုအရှုပ်တွေဖြစ်အောင် လုပ်ထားတော့ သူမချွေးမအပေါ်မျက်နှာပူရသည်မည်မလား။မြေးမ ထိပ်ထားနဲ့အငယ်ဆုံးမြေးမ နန်းကြာရိုးနွယ်ကတော့
စိတ်မဝင်စားစွာ ထမင်းကိုစားနေသည်။ကျန်တဲ့မိသားစုတွေ စုံနေပေမဲ့ သူမြေးမ ဟာကတော့ အိမ်မကပ်တက်ပေ  ဒီအချန်ဆို သူပိုင်တဲ့ဘားမှာရှိနေလောက် မည်။
"ဟေ့ကောင်ရ  တော်တော့ကွာ မင်းများနေပြီး
မင်းချနေကျထက်  ဆေးပိုများရင်မကောင်းဘူးကွ"
"မင်းကလဲကွာ  အေးဆေးနေစမ်းပါ   ငါနားနေခန်းထဲသွားတော့မယ်  ရော့ငါ့ဖုန်းအိမ်ကဆက်ရင် ဒီညပြန်မလာတော့ဘူးလို့ပြောလိုက်"
ဖုန်းကိုပစ်ပေးကာ ထွက်သွားသောမဟာကျောပြင်အား ကြည့်ကာ နှစ်ယောက်သား
ခေါင်း ရမ်းမိသည်။
"ဒေါက်တာ  ဆရာဝန်ကြီးခေါ်နေတယ်ရှင့်"
ဧကရီအမြင့်စံ  သူမအားလာပြောသော  သူနာပြုမလေးကြောင့်  ဆရာဝန်ကြီးရုံးခန်းဘက်သို့ ထွက်လာလိုက်သည်။ရုံးခန်းအား တံခါးခေါက်ကာ  ဝင်သွားလိုက်တော့ ဆ ရာဝန် ကြီးက  ထိုင်ခုံမှာထိုင်ခိုင်းတာကြောင့်ဝင်ထိုင်လိုက်သည်။
"သမီးကိုခေါ်ခိုင်းတာက   ဝမ်းသာစရာသတင်းပြောစရာရှိလို့သမီးရဲ့"
"ဟုတ်ကဲ့"
"သမီးကို ဆရာတို့ဆေးရုံကိုယ်စားပြု  ဂျပန်မှာနှလုံးအထူးပြုပါရဂူဘွဲ့ယူဖို့ ဆရာတို့ဆေးရုံဘုတ်အဖွဲ့က  ဆုံးဖြတ်လိုက်တယ်
အဲဒါ သမီးသဘောကရော"
"ဟုတ်ကဲ့ သမီးသွားမယ့့်ရှင်   ဆရာ ကျေးဇူးတင်ပါတယ်ရှင့်"
"ရပါတယ် ဆရာတို့ကလဲသမီးရဲ့အရည်အချင်းကြောင့်  မြှင့်တင်ပေးတာပါ"
"ဟုတိကဲ့ဆရာ  အဲဒါဆိုခွင့်ပြုပါအုံးရှင်"
"အေးအေး သွားသွားသမီး"
ဆရာဝန်ကြီး ရုံးခန်းထဲမှတက်ကြွစွာ ထွက်လာပြီး သူမသူငယ်ချင်းများရှိရာ သားဖွားမီးယပ်  အဆောင်သို့ ထွက်လာခဲ့သည်။ဌာနနားနေဆောင်မှာ  ခေါင်းချင်းဆိုင်ကာ စကားပြောနေသော သူမသူငယ်ချင်းနှစ်ယောက်ကို နောက်မှသိုင်းဖက်ကာ
"မနန်းရတီနဲ့ မရွှေရွေးချယ် ဘာတွေများပြောနေတာတုန်း"
"အမလေး စံရယ်လန့့်လိုက်တာ "
"ဟုတ်ပ"
"ငါနင်တို့ကို သတင်းကောင်းပြောစရာရှိတယ်"
"ဘာသတင်းကောင်းလဲ မြန်မြန်ပြော"
သိချင်းစိတ်ပြင်းပြစွာ သူမအားကြည့်နေသော သူငယ်ချင်းနှစ်ယောက်ကြောင့် တစ်ချက်ရယ်လိုက်ကာ
" ငါ ပညာတော်သင်နိုင်ငံခြားသွားဖို့   ဆေးရုံကရွေးလိုက်တာ ခုနကမှဆေးရုံအုပ်ကိုယ်တိုင်ပြောလိုက်တာ"
"အမလေး  ဝယ်သာလိုက်တာ သူငယ်ချင်းရယ်  ဘယ်တော့သွားရမှာလဲ"
"အတိအကျတော့ မသိသေးဘူးလောလောဆယ် ဘာမှမပြောသေးဘူဟ"
"နင်သွားတာ ဝမ်းသာပေမဲ့ငါတို့တော့  ဝမ်းနည်းကျန်ခဲ့ရတော့မှာပဲ"
စိတ်မကောင်းစွာ မျက်နှာလေးညိှးပြီးပြော
ဘာသော သူငယ်ချင်းမနှစ်ယောက်ကြောင့်
သူမစိတ်မကောင်းဖြစ်သွားသည်။
"အော်ခုမှ သတိရတယ် ငါတို့နန်းတို့တောင်ကြီးကို သွားလယ်မယ်လို့ပြောထားတာ  နင်မသွားခင် ငါတို့သုံးယောက်သွားမယ်လေနော်နန်း"
"အေးနင်တို့နှစ်ယောက်    ငါအိမ်ကိုလိုက်မယ်ဆိုတာလိုက်ခဲ့နော် "
"အေးပါ ငါမသွားခင်လိုက်လည်မှာပေါ့ ပြီးတော့ တောင်ကြီးမှာ ငထင်လဲရှိတယ်လေ သူနဲ့လဲမတွေ့ရတာကြာပြီ"
"အေး ဟုတ်တယ်ညကျရင် လိုင်းပေါ်မှာအဲ့ကောင်ကို ငါတို့လာရင်  အားအောင်လုပ်ထားဖို့ပြောရမယ်"
"အော်ဒါနဲ့   နင့့်အဘွားကိုရော​ဘယ်လိုပြောမလဲ   နင်ကိုလွှတ်ပမလား"
"ငါ့အဘွားက ပညာရေးကိစ္စဆိုလွှတ်မှာပါ"
"အေးပေါ့ ပြောကြည့်လိုက်ပေါ့  နားချိန်ပြည့်ပြီး  ကိုယ်တာဝန်ကျတဲ့ ဝါဒ်ကို သွားကြစို့"
မဟာ အိပ်ရာကထကာရေချိုးလိုက်သည်။ညက အရှိန်ကြောင့် မနက်ကသိပ်မထချင်တာကြောင့်  အိပ်လိုက်တာ နေ့လည်တောင်
ရောက်နေပြီးဖြစ်သည်။မှန်ထဲတွင် ပေါ်နေသော ကျန်းမာကြံ့ခိုင်သောသော ခန္ဒကိုယ်နဲ့ နဂါးပုံစံတက်တူးက  နောက်ကျောမှ စကာ  လက်မောင်းတစ်လျှောက် ခွေပတ်လာပြီး
လက်ဖျံမှာ နဂါးခေါင်းက အမောက်ထောင်နေသည့့် တက်တူးနဲ့လိုက်ဖက်ညီနေသည်။
ရှမ်းသွေးအစစ်မို့   ဖြူသောအသားအရေ
ယောကျာ်းပီသစွာ  ချောမောသောရုပ်ရည်နဲ့
ခြောက်ပေရှိသောအရပ်ကြောင့်  မိန်းမလှလေးတွေ ဝိုင်းနေသည်။ဒါပေမဲ့ သူကမိန်းမကိစ္စစိတ်မဝင်စား    ကျန်တဲ့အရက်ဆေး     မှောင်ခိုလက်နက်အကုန်လုပ်သည်။
သူ့အဖေ မသိအောင်သူမှာတရားမဝင် ဘိန်း၊ဆေးခြောက်သူစိုက်သည်  ပြီးရင်ပြည်ပနဲ့ပြည်မမှာှာ  ဖြန့်သည်။လက်နက်လဲ  တင်သွင်းသေးသည် ဒီမှာကတရားမဝင် အမဲပစ်ဖို့လောက် သေနတ်ကတော့  တော်တော်များများမှာ  ရှိသည်မလား  ဒါအပြင် ဘားတွေ
ကလပ်တွေပါ  ဖွင့်ထားသေးသည်။သူအဖေက  ဘား ကလပ်ဖွင့်တာကို သိပေမဲ့ကျန်တဲ့ကိစ္စတော့ သိလောက်မည်မဟုတ်ပေ။အဝတ်စား  ဝတ်ပြီးတာနဲ့ ဆိုင်ကယ်သော့ကောက်ကာ  ထွက်လာခဲ့သည် သူရဲ့မပြန်ဖြစ်တာကြာနေတဲ့  အိမ်ကိုပေါ့။
#Moon shine
ပြန်မရောက်သေးပါဘူး"
"ဟုတ်ကဲ့ မယ်မယ် သားဆက်ပေးပါမယ့်
သူမရှိလို့မစာားးရင် မယ်မယ်ပဲကျန်းမာရေးထိခိုက်မှာလေ  မယ်မယ်အားရှိအောင် စားပါနော် သားမင်းမြတ် ဘွားမယ်ကို ဟင်းလေးထည့်ပေးပါအုံးကွယ်"
ခေါင်း ရမ်းမိသည်။
"ဟုတ်ကဲ့"
အဲဒါ သမီးသဘောကရော"
"ဟုတ်ကဲ့ သမီးသွားမယ့်ရှင်   ဆရာ ကျေးဇူးတင်ပါတယ်ရှင့်"
"အေးအေး သွားသွားသမီး"
"အမလေး စံရယ်လန့်လိုက်တာ "
"ဟုတ်ပ"
စိတ်မကောင်းစွာ မျက်နှာလေးညှိးပြီးပြော
"အော်ဒါနဲ့   နင့်အဘွားကိုရော​ဘယ်လိုပြောမလဲ   နင်ကိုလွှတ်ပမလား"
လက်ဖျံမှာ နဂါးခေါင်းက အမောက်ထောင်နေသည့် တက်တူးနဲ့လိုက်ဖက်ညီနေသည်။
#Moon shine
Pokračovat ve čtení
Mohlo by se ti líbit
793K 27.5K 60
ငါချစ်ရင် ငါနဲ့ပဲညားမှာမို့ မင်းသတိနဲ့သာနေ Baby မင်းက ငါအမြစ်တွယ်မိတဲ့ တစ်ခုတည်းသောချစ်ခြင်းတရားပဲ ဒါကြောင့်မို့ ငါ့ရင်ခွင်ကို ခြေစုံကန်ဖို့မစဥ်းစားန...
256K 41.1K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
534K 12.3K 38
ပါဝင်သော အကြောင်းရာများမှာ စိတ်ကူးရင်သက်သက်သာ ဖြစ်ပါသည်။ အချစ်က ဘယ်လောက်အရေးပါလဲ ငါမသိဘူး ဒါမဲ့မင်းကတော့ ငါရဲ့ တစ်ဉီးတည်သောနဲ့ ပထမဆုံးသော သူ မင်းကိုင...
458K 39.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ