Unicode
ဖခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုများ
လုထောင်သည်ကား အပြင်သို့ရုတ်တရက် ထွက်သွားခဲ့ပြီးနောက် ထိုနေ့တစ်ညလုံး အိမ်သို့ပြန်မလာခဲ့ပါချေ။ ထိုကဲ့သို့သော အခြင်းအရာမျိုးက အတိတ်အခါ၌ ကြုံနေကျ အရာဖြစ်သည့်တိုင် ယခုအချိန်တွင်မူ ချန်းကျင်းသည် အတော်လေးကို မနေတတ်မထိုင်တတ် ဖြစ်နေမိလေသည်။
မနက်ခင်းနိုးလာသောအခါ ခြုံစောင်မှာ လုံလုံလောက်လောက် နွေးထွေးမနေခဲ့၍ ကျယ်ပြန့်သော အိပ်ရာပြင်ကြီးမှာလည်း တစ်ယောက်တည်းအိပ်ထားသော အကျိုးဆက်ကြောင့် ဟာလာဟင်းလင်း ဖြစ်လျက်။ သို့သော် စောင်ထက်ရှိ ကိုယ်သင်းနံ့လေးကမူ ယခုအချိန်ထိ ဖျော့တော့တော့ စွဲကျန်နေသေး၏။
နေ့စဉ်ကြုံနေကျဖြစ်သော နွေးထွေးသည့် ပွေ့ဖက်မှုများနှင့် တိုးညှင်းသော စကားဆိုသံများ မကြားရသောအခါ ချန်းကျင်း၏စိတ်ထဲဝယ် အရာရာတိုင်းက နေသားမကျသကဲ့သို့ ခံစားနေရလေသည်။
ထို့ကြောင့် သူသည် ငေးငိုင်စွာဖြင့် အိပ်ရာထက်၌ အတန်ကြာသည်အထိ မလှုပ်မယှက် ထိုင်နေခဲ့မိပြီးနောက်မှသာ တဖြေးဖြေး ထလျက် ကိုယ်လက်သန့်စင်ခဲ့မိ၏။ ထို့နောက်တွင် မနက်စာသုံးဆောင်နေရင်း သူ၏ light screen အားဖွင့်၍ မနက်ခင်းသတင်းများကို ကြည့်ရှုရာ အထွေထွေရေးရာဌာနမှ ဝန်ကြီးချုပ် အင်ဒီရာ လုပ်ကြံခံရသည့် အကြောင်းကို တွေ့လိုက်ရလေတော့သည်။
အင်ဒီရာသည်ကား အရှေ့ပိုင်းမှ အထွေထွေရေးရာဌာန၏ ဝန်ကြီးချုပ်ဖြစ်ကာ ယခုဆိုလျှင် အသက် ၇၅ နှစ်ခန့် ရှိနေပြီ ဖြစ်၏။ သို့သော် သူသည် အတော်လေး အရွယ်တင်နုပျိုသဖြင့် အသက် လေး ၊ ငါးဆယ် ဝန်းကျင်ခန့် လူလတ်ပိုင်းတစ်ဦးပုံသာ ပေါက်ရလေသည်။ ထို့အပြင် အင်ဒီရာသည် လူမှုဆက်ဆံရေးကောင်း၍ ပြည်သူများအပေါ်လည်း ကြင်နာတတ်သောကြောင့် လူအတော်များများက သူ့အား တစ်ခဲနက်ထောက်ခံကြကာ လက်ရှိသမ္မတသာ အနားယူသွားလျှင် နောက်ထပ်အုပ်ချုပ်သူနေရာသည်ကား ကျိန်းသေပေါက် သူ့အတွက် ဖြစ်လာလိမ့်လေမည်။
ထိုကဲ့သို့ အရေးပါလှသည့် ရာထူးမြင့်ပုဂ္ဂိုလ်တစ်ဦးမှာ မကြာသေးခင်အချိန်က လုပ်ကြံခံခဲ့ရပေ၏။ အင်ဒရာအနေဖြင့် ၎င်းအန္တရာယ်စက်ကွင်းမှ လွတ်မြောက်လာနိုင်ပြီး ဖြစ်သည့်တိုင် လုပ်ကြံခံရသည်ဟူသော ခေါင်းစီးတစ်ခုတည်းနှင့်တင် တစ်လောကလုံးကို အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်နိုင်စွမ်း ရှိသောကြောင့် ယခုအချိန်၌ နေရာတိုင်းတွင် ၎င်းသတင်းက ပလူပျံနေခြင်းပါပင်။
သတင်းစာများသာမက တီဗွီချန်နယ်လ်တိုင်းကလည်း ထိုအကြောင်းအား အကြီးအကျယ် တင်ဆက်ကြ၏။ ချန်းကျင်းသည် ချန်နယ်လ်တစ်ခုချင်းစီတိုင်းကို ပြောင်းကြည့်ခဲ့သည့်တိုင် ကိုင်မီရား ဟူသော စကားလုံးကိုမူ တစ်စွန်းတစ်စမျှပင် မကြားမိခဲ့ပါချေ။ ထို့ကြောင့် လူအများစုသည် လုပ်ကြံသူမှာ သမန်းဝံပုလွေ သို့မဟုတ် Zerg များသာ ဖြစ်လိမ့်မည်ဟု ဘာသာ မှတ်ချက်ပေးကြလေသည်။ ထိုအချိန်တွင် အချို့သော သတင်းဌာနများကလည်း လမ်းသွားလမ်းလာ ပြည်သူများအား အသုံးချ၍ သတင်းပိုကြီးမားရန် လုပ်ဆောင်လာကြသေး၏။ အထူးသဖြင့် အင်ဒရာအတွက် ဆုတောင်းပေးနေသော ဝမ်းနည်းပုံပေါက်သည့် အမျိုးသမီးများအား ပစ်မှတ်ထားကာ လက်ရှိအခြေအနေအပေါ် မည်ကဲ့သို့ မြင်ကြောင်း အစရှိသဖြင့် မေးမြန်းတတ်ကြလေသည်။
အမှန်အတိုင်းဆိုရလျှင် အတိတ်အခါက ချန်းကျင်းကိုယ်တိုင်သည်လည်း ထိုလမ်းသွားလမ်းလာ အမျိုးသမီးများနှင့် အတူတူ ဖြစ်ခဲ့ရသည်ပင်။ သူ့အနေဖြင့် အင်ဒရာအား ကောင်းစွာ မသိသည့်တိုင် တစ်ဖက်လူက လူကောင်းဖြစ်မည်ဟု သတင်းများအရ ခံစားမိ၏။ မည်သို့ပင်ဆိုစေကာမူ အင်ဒရာသည်ကား လွန်စွာမှ နူးညံ့ညင်သာ၍ ကြင်နာတတ်ပုံ ပေါက်ရသည် မဟုတ်ပါလား။ ထိုကဲ့သို့သော လူစားမျိုးက အဘယ်ကြောင့်များ လူဆိုးဖြစ်နိုင်ပါလိမ့်မည်နည်း?
သို့သော် ယခုအချိန်တွင်မူ ချန်းကျင်းသည် တစ်ဖက်လူကို အနည်းငယ် သံသယဝင်မိလေသည်။
မကြာသေးခင်အချိန်က သူသည် ကိုင်မီရားထံမှ အသက်အန္တရာယ်နှင့် ပတ်သက်၍ ခြိမ်းခြောက်ခံထားရသည့်တိုင် ၎င်းကဲ့သို့သော တုံ့ပြန်မှုမှာ တစ်ဖက်ကိုင်မီရားအနေဖြင့် လွတ်မြောက်ရန် လိုအပ်သောကြောင့်သာ မတတ်သာဘဲ လုပ်ခဲ့ရခြင်းမျိုး ဖြစ်လိမ့်မည်ဟု ချန်းကျင်းက နားလည်ခွင့်လွှတ်ပေးခဲ့၏။ ထို့အပြင် ကားထဲ၌ ကြုံတွေ့ခဲ့ရသည့် နူးညံ့သော အထိအတွေ့ကြောင့် သူသည် ပို၍ပင် ၎င်းကိုင်မီရားကို လူဆိုးဟု မြင်၍မရတော့ပါပေ။
တစ်ဖက်မှ ကိုင်မီရားသည်ကား အမှန်တကယ်ကို ကလေးငယ်တစ်ယောက်နှင့် တူနေခဲ့ရသည် မဟုတ်ပါလား။
၎င်းကိစ္စများ၏ နောက်ကွယ်၌ ကျိန်းသေပေါက် အခြားသော လျှို့ဝှက်ကြံစည်မှုများက ရှိနေလိမ့်လေမည်။
မည်သို့ပင်ဖြစ်စေ ချန်းကျင်းကမူ ၎င်းလျှို့ဝှက်ချက်ကို သေးသေးလေးမျှပင် ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့် သူသည် မနက်စာပန်းကန်အား တစ်ဝက်တစ်ပျက်မျှသာ စားလိုက်မိ၍ တစ်နေရာရာသို့ သွားရန်အတွက် အဝတ်အစားလဲရန် ပြင်နေချိန်တွင် အဖေဖြစ်သူတက်ရောက်ရာ ဆေးရုံထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုက ဝင်လာခဲ့လေ၏။ လက်ခံခလုတ်အား ချက်ချင်းနှိပ်လိုက်ပြီးနောက် တစ်ဖက်မှ ပြောစကားများကို ကြားရသောအခါ ချန်းကျင်း၏မျက်နှာတစ်ခုလုံးမှာ ကွပ်ခနဲ ပျက်ယွင်းသွားရ၍ ဖုန်းပြောပြီး တစ်ခဏမျှကြာသည်အထိ ကြက်သေသေနေခဲ့မိလေသည်။ ထို့နောက်တွင်မှ သူသည် ရုတ်တရက် အသိစိတ်ပြန်ဝင်လာရ၍ အနားမှ ကုတ်အကျႌတစ်ထည်အား ဆွဲယူလိုက်ကာ အပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်လာမိလေတော့၏။
အဖေဖြစ်သူသည်ကား ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည်တဲ့လေ!
ချန်းကျင်း၏ကိုယ်လုံးလေးမှာ ကားထဲသို့ ရောက်ပြီးသည့်အချိန်ထိ ထိတ်လန့်စွာဖြင့် တဆတ်ဆတ် တုန်ရီနေဆဲ။ သို့သော် တစ်ဖက်လူသည်ကား အချိန်မီကယ်တင်ခံပြီးကြောင်း သိသဖြင့် သူသည် အကြောက်လွန်၍ မူးမေ့လဲသွားသည်အထိတော့ အခြေအနေမဆိုးခဲ့ပါပေ။ ယခုအချိန်၌ အဖေဖြစ်သူအနေဖြင့် အန္တရာယ်ကင်းနေပြီ ဖြစ်သောကြောင့် ချန်းကျင်းသည် စိတ်သက်သာရာရသွားမိသည့်တိုင် တစ်ဖက်လူက မည်သည့်အတွက်ကြောင့် သတ်သေရန် ကြိုးစားခဲ့ပါသနည်းကိုမူ နားမလည်နိုင်စွမ်း မရှိခဲ့။
စီးပွားပျက်မှုနှင့်ပတ်သက်၍ နှမြောတသ ဖြစ်မိခြင်းကြောင့်လား။ သို့မဟုတ် ဖခင်ဖြစ်သူ၏တည်ရှိမှုက မိမိတို့သားနှစ်ဦးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည် စိုးသောကြောင့်လား။ မည်သို့ပင်ဆိုစေကာမူ စီးပွားပျက်မှုသည်ကား လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ကြုံတွေ့ခဲ့ရပြီးဖြစ်ကာ လက်ရှိအချိန်တွင်လည်း မိမိတို့မိသားစုမှာ အခက်အခဲအားလုံးကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး၍ အဆင်ပြေနေလေပြီ။ ထို့အပြင် ဖခင်ဖြစ်သူ၏နှလုံးရောဂါမှာလည်း နေ့စဉ်ဆေးမှီဝဲသော အကျိုးကျေးဇူးကြောင့် ကောင်းကောင်းထိန်းချုပ်နိုင်နေပြီ မဟုတ်ပါလား။ ဤကဲ့သို့ အရာအားလုံးနီးပါးက အဆင်ပြေနေပါလျက်နဲ့ ဖခင်ဖြစ်သူဟာ ဘာကြောင့်များ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့ရပါသနည်း?
ချန်းကျင်းသည် ၎င်းအကြောင်းအား တွေးရင်း လွန်စွာမှ ဗျာများနေမိပါသဖြင့် လမ်းတစ်ဝက်မျှ ရောက်ပြီးချိန်မှသာ အစ်ကိုဖြစ်သူဆီသို့ ဖုန်းခေါ်ရန် အမှတ်ရမိလေ၏။ တစ်ဖက်လူထံသို့ ဗီဒီယိုကောလ်ခေါ်ဆိုပြီး ခဏအတွင်းမှာပင် screen ထက်၌ အစ်ကိုဖြစ်သူ၏ပုံရိပ်က ပေါ်ပေါက်လာခဲ့ရသည်။ ချန်းကျင်းမှာ အစ်ကိုဖြစ်သူအား မြင်မြင်ချင်း ကလေးတစ်ယောက်ကဲ့သို့ ဝမ်းနည်းစွာ ငိုကြွေးလုနီးနီး။ ထို့နောက် သူက ငိုမဲ့မဲ့ဖြင့် ကပျာကယာ စကားဆိုလာလေ၏။
"ကိုကြီး ကိုကြီး! အဖေ ဘာဖြစ်တာလဲ သိလားဟင်?"
"အင်း.."
ချန်းရွှီ၏လေသံသည်ကား အနည်းငယ် နွမ်းလျလျ။
"စိတ်မပူနဲ့။ ကိုကြီး အခု ဆေးရုံမှာရှိနေပြီ။ အဲ့ဒါကြောင့် အရမ်းအလျင်လိုမနေဘဲ ဖြေးဖြေးပဲလာခဲ့။ ကိုကြီး ဒေါက်တာနဲ့ အရင်ဆုံး စကားပြောကြည့်လိုက်ဦးမယ်"
ချန်းကျင်းမှာ အစ်ကိုဖြစ်သူ၏စကားအား အကြွင်းမဲ့ယုံကြည်သဖြင့် အခြားမည်သည့်အရာကိုမျှ သံသယဝင်ခြင်းမရှိတော့ပါဘဲ လိမ်မာစွာနှင့် တဆတ်ဆတ် ခေါင်းငြိမ့်ပြလာခဲ့မိ၏။
"ဟုတ်.."
သို့နှင့် စကားပြောခြင်းအမှု ပြီးသွားသောအခါ ချန်းရွှီသည် light screen အား ပိတ်လိုက်၍ ဖခင်ဖြစ်သူအား ကူညီပေးခဲ့သည့် ဆရာဝန်ကို တဖန် ကျေးဇူးတင်စကား ဆိုလာခဲ့လေသည်။
"ကျွန်တော့်အဖေရဲ့ အသက်ကို အချိန်မီကယ်တင်ပေးခဲ့တဲ့အတွက် ဒေါက်တာ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဘာလို့ ကျွန်တော့်ညီလေးကို အရင်ဦးဆုံး အသိပေးလိုက်ရတာလဲ? ကျွန်တော်တို့ အရင်က သဘောတူထားခဲ့ပြီးသားလေ။ အဖေ့မှာ ကိစ္စတစ်ခုခုဖြစ်ရင် ကျွန်တော့်ကိုပဲ အရင်ဦးဆုံး အသိပေးပေးဖို့။ ကျွန်တော့်ညီလေး စိတ်အပူလွန်မှာ စိုးတာကြောင့် ပြီးမှပဲ ကျွန်တော်က သူ့ကို ပြန်ပြီးပြောပြပေးမယ်လို့ တောင်းဆိုခဲ့ပြီးသား မဟုတ်လား?"
"ဟုတ်ပါတယ်"
တစ်ဖက်မှ ဆရာဝန်က အသေအချာ ရှင်းပြလာခဲ့၏။
"ဗိုလ်ချုပ်လုထောင်က သူ့ကိုပါ အသိပေးဖို့ မှာထားခဲ့တာမို့ ကျွန်တော် ပြောပြလိုက်မိတာပါ။ တောင်းပန်ပါတယ်။ တကယ်တော့ အခုလိုမျိုး မစ္စတာချန်းရဲ့ မူမမှန်မှုကို ကျွန်တော်တို့ အချိန်မီသတိထားမနိုင်ခဲ့တာဟာ ဗိုလ်ချုပ်လုထောင်က လူနာရဲ့လက်ကောက်ဝတ်မှာ စစ်ဆေးရေးကိရိယာတစ်ခု တပ်ဆင်ပေးထားဖို့ တောင်းဆိုခဲ့တာကြောင့်ပါပဲ"
ချန်းရွှီကမူ အနည်းငယ် အံ့အားသင့်လျက်။
"အဲ့ဒီလို ကိရိယာမျိုးက ရှိသေးတာလား?"
"ရှိပါတယ်။ ဒါပေမဲ့ ဈေးကအရမ်းကြီးလွန်းတာကြောင့် အတော်များများက အသုံးပြုလေ့တော့ မရှိပါဘူး။ ဗိုလ်ချုပ်လုထောင်က နောက်ဆုံး အလည်လာသွားပြီးတဲ့နောက်မှာ သူ့ရဲ့အတွင်းရေးမှူးဖြစ်သူကနေတစ်ဆင့် အဲ့ဒီကိရိယာကို ကျွန်တော်တို့ဆီ ပို့ပေးခဲ့တာပါ။ နောက်ပြီး အဲ့ဒီဟာကို မစ္စတာချန်းရဲ့ခွင့်ပြုချက် ယူပြီးတော့မှ သူ့ရဲ့ light screen မှာ ကျွန်တော်တို့ ထည့်ပေးခဲ့ပါတယ်။ ကျိန်းသေပေါက် မစ္စတာချန်းကိုတော့ တခြားနာမည်သုံးပြီး လိမ်ပြောထားရတာပေါ့။ ပြီးတော့ အဲ့ဒီကိရိယာနဲ့ ကျွန်တော့်ရဲ့ light screen ကိုလည်း ဆက်သွယ်ထားတာမို့ မစ္စတာချန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ နှလုံးခုန်နှုန်းနဲ့ သူ့ရဲ့စိတ်ခံစားချက်တွေအထိ သိရှိနိုင်ခဲ့ပါတယ်။ နောက်ပြီး လူနာရဲ့ ဒေတာတွေက ပျမ်းမျှအခြေအနေထက် နိမ့်ကျနေတဲ့အခါ အချက်ပေးအသံက အလိုအလျောက် မြည်လာပေးတာမို့ ပိုပြီး အဆင်ပြေသွားခဲ့တာပါ"
"အဲ့ဒီလိုမျိုး ဖြစ်သွားခဲ့တာကိုး..."
ချန်းရွှီသည် တစ်ခဏမျှ ငြိမ်နေပြီးနောက်တွင် စကားဆိုလာခဲ့၏။
"အခုရော ကျွန်တော့်အဖေရဲ့အခြေအနေက တည်ငြိမ်သွားပြီလား?"
"တည်ငြိမ်သွားပါပြီ။ လက်ကောက်ဝတ်က ဒဏ်ရာက နက်ပေမဲ့ အသက်အန္တရာယ်ထိခိုက်စေတဲ့အထိ မဆိုးရွားခဲ့ပါဘူး။ နောက်ပြီး အချိန်မီ သတိထားနိုင်ခဲ့တာမို့ နှလုံးရောဂါအတွက်လည်း ဆိုးကျိုးတွေ မဖြစ်နိုင်စေခဲ့ဘူး။ စိတ်မပူပါနဲ့ ..မကြာမီအတွင်းမှာပဲ အားလုံး အဆင်ပြေသွားမှာပါ"
တစ်ဖက်မှဆရာဝန်က ချန်းရွှီအား ကြည့်လာ၍ အလေးအနက် ထပ်ဆိုလေ၏။
"ဗိုလ်ချုပ်လုထောင် သတိပေးပြီးကတည်းက ကျွန်တော်လည်း လူနာရဲ့စိတ်အခြေအနေ ပြောင်းလဲမှုတွေကို အသေအချာ သတိထားနေခဲ့တာပါ။ အခုတလော မစ္စတာချန်းကို ကြည့်ရတာ ကိစ္စတစ်ခုခုကြောင့် အတော်လေး စိတ်ရှုပ်ထွေးနေတဲ့ပုံပါပဲ။ အဲ့ဒါကြောင့် ဆက်ရှင်သန်ဖို့ ဆန္ဒမရှိတော့တဲ့ပုံမျိုး ဖြစ်သွားတာပါ။ ယှဉ်ပြောရမယ်ဆိုရင် မစ္စတာချန်းရဲ့ စိတ်အခြေအနေက ဆေးရုံကိုစရောက်လာခါစကနဲ့ အရမ်းကို ကွာခြားတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ရောဂါသာပြင်းထန်ခဲ့ပေမဲ့ သူက ကိုယ့်ကိုယ်ကို အရမ်းအားပေးပြီး စိတ်ဓာတ်ကြံ့ခိုင်နေတတ်ခဲ့တာ"
"ကျေးဇူးပါပဲ.."
ချန်းရွှီက သူ၏အောက်ဘက်နှုတ်ခမ်းလွှာအား တစ်ချက်မျှ ကိုက်လိုက်မိ၍ မတ်တပ်ရပ်လိုက်၏။
"ဒါဆို ကျွန်တော် အဖေ့ကို သွားတွေ့လိုက်ပါဦးမယ်"
လိုအပ်သည့် ဆေးကုသမှုများ ပြီးဆုံးသွားပြီးနောက်တွင် ချန်းကျန်းသည် မူလလူနာဆောင်ဆီသို့ ပြန်လည်အပို့ခံခဲ့ရလေသည်။ ၎င်းအခန်းအတွင်းသို့ ချန်းရွှီဝင်လာသောအခါ ဖခင်ဖြစ်သူအား အစစအရာရာ ကူညီပေးနေပါသည့် သူနာပြုအမျိုးသမီးတစ်ဦးအား တွေ့လိုက်ရပေ၏။ ၎င်းသူနာပြုမလေးသည် ချန်းရွှီအားမြင်မြင်ချင်း ခပ်ဖွဖွ ပြံးပြလိုက်၍ အလိုက်တသိနှင့် အခန်းအပြင်ဘက်သို့ ဦးစွာ ထွက်သွားခဲ့လေသည်။
ချန်းကျန်းသည်ကား အိပ်ရာထက်၌ တိတ်တဆိတ် လဲလျောင်းနေဆဲ။ အစောပိုင်း သူနာပြုမလေးထံမှ "မစ္စတာ ချန်းရွှီ" ဟူသော နှုတ်ဆက်သံကြားသည့်တိုင် သူသည် တစ်ဖက်လူဘက်သို့ လှည့်ကြည့်မလာခဲ့ပါချေ။ ချန်းကျန်း၏မျက်နှာတစ်ပြင်လုံးမှာ နွမ်းလျနေခဲ့၍ လက်ကောက်ဝတ်တစ်ဖက်၌မူ ပတ်တီးဖြူဖြူတစ်ခုက ထူထူထဲထဲ ရစ်ပတ်လို့ထားပေ၏။ ၎င်းပတ်တီးစ၏အောက်၌မူ သွေးစီးရာတစ်ခုက အထင်းသား တည်ရှိနေခဲ့လေသည်။
ချန်းရွှီသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိ၍ ဖခင်ဖြစ်သူထံသို့ တဖြည်းဖြည်း လမ်းလျှောက်လာ၏။ ထို့နောက်တွင် သူသည် အိပ်ရာဘေး၌ မတ်တပ်ရပ်လျက် တိုးညှင်းစွာ အမေးဆိုမိလေသည်။
"ဘာလို့ အဲ့ဒီလို လုပ်ခဲ့ရတာလဲ အဖေ?"
ချန်းကျန်း၏မျက်ခွံများမှာ ခပ်ဖွဖွ လှုပ်ရှားသွားရ၏။ ၎င်းနောက် သူက အက်ရှခြောက်ကပ်နေသည့် လေသံနှင့် ချန်းရွှီအား မေးခွန်းပြန်မေးလာခဲ့သည်။
"မင်း ဘာလို့ ရန်းချီရဲ့ အကူအညီကို ယူနေရတာလဲ?"
မမျှော်လင့်ထားသော စကားအားကြားမိလိုက်သောကြောင့် ချန်းရွှီ၏တစ်ကိုယ်လုံးမှာ တစ်ခဏမျှ နေရခက်စွာ တောင့်တင်းလျက်။ ထို့နောက် သူက ဘာမျှမဖြစ်ဟန်ဖြင့် တည်ငြိမ်စွာ ပြန်ဖြေလာလေ၏။
"အဲ့ဒါက ဒီတိုင်းခဏလေးပဲ။ အဖေက ဘယ်လိုလုပ်ပြီး သိသွားရတာလဲ?"
တစ်ဖက်လူနှင့်စာချုပ်ချုပ်ပြီးသည့်နောက်တွင် ချန်းရွှီသည် ဖခင်ဖြစ်သူထံသို့ နှစ်ကြိမ်မျှ အလည်လာရောက်ခဲ့ဖူး၏။ သို့သော် ၎င်းအခေါက်တိုင်းတွင် ချန်းကျန်းဘက်မှ ၎င်းအကြောင်းနှင့်ပတ်သက်၍ ဘာဆိုဘာကိုမျှ ဆိုလာခြင်းမရှိသဖြင့် ချန်းရွှီသည် မိမိအနေနဲ့ ၎င်းကိစ္စကို ကောင်းစွာဖုံးကွယ်ထားနိုင်ပြီဟုပင် ထင်မှတ်ထားခဲ့မိသေးလေသည်။
"မင်းကသာ ဘယ်အချိန်ထိ ငါ့ကို ဖုံးကွယ်ထားဖို့ စဉ်းစားနေတာလဲ? မင်း ကိုယ့်စိတ်ကိုရော သေချာနားလည်ရဲ့လား!? ခဏလေး ဟုတ်လား? ဘယ်လိုခဏလေးလဲ? တစ်နှစ်တည်းလား ဒါမှမဟုတ် ဆယ်နှစ်လား။ ဒါမှမဟုတ် တစ်ဘဝလုံးစာလား!?"
ချန်းကျန်းသည် ပြောရင်းဆိုရင်း ဒေါသထွက်လာမိပါသဖြင့် လဲလျောင်းနေရာမှ ဆတ်ခနဲ ထထိုင်လိုက်ကာ မျက်နှာချင်းဆိုင်မှ ချန်းရွှီအား စိုက်ကြည့်လာတော့လေသည်။
"မင်းကသာ အဲ့ဒီကလေးအတွက် ဘာခံစားချက်မှ မရှိပါဘူးလို့ ပြောနေတာ။ တကယ်တော့ အခုချိန်ထိ လက်ထပ်ဖို့ ငြင်းဆန်နေခဲ့တာတွေ အားလုံးက အဆုံးမှာ အဲ့ဒီကလေးနဲ့ ဒီလိုမျိုး အတူတူ ရှိနေချင်လို့ပဲ မဟုတ်လား!?"
ချန်းရွှီမှာ ၎င်းစကားအားကြားကြားချင်း လွန်စွာမှ စိတ်ရှုပ်သွားမိပါသဖြင့် မည်သည့်နေရာမှစ၍ ငြင်းဆိုသင့်ကြောင်းကိုပင် ကောင်းစွာ မခွဲခြားနိုင်တော့ပါချေ။
"ကျွန်တော် တကယ် သူ့အပေါ် ခံစားချက် မရှိဘူး။ နောက်ပြီး ဘယ်တုန်းကမှလည်း အဲ့ဒီလိုမျိုး မတွေးခဲ့မိဖူးဘူး.."
"ငါ့ကို ထပ်လိမ်မနေနဲ့တော့! မင်းက သူ့ကို သဘောကျနေတာ! မင်းက လိင်တူသဘောကျတဲ့သူပဲ!!"
ချန်းကျန်းသည် အဆုံး၌ ဒေါသမထိန်းနိုင်တော့ပါဘဲ တုန်ရီရီအသံနှင့် ကျယ်လောင်စွာ အော်ဟစ်လာမိလေတော့၏။
"မင်း ဘာလို့များ သူနဲ့အတူရှိနေချင်ရတာလဲ? သူက မင်းထက် အများကြီး အသက်ငယ်တယ်။ တကယ်လို့ ကိုယ့်ထက်ငယ်ပြီး အမျိုးသားချင်းကို သဘောကျတယ်ဆိုရင်လည်း အမျိုးသမီးတွေ မဟုတ်ဘဲ ရှားပါးမျိုးစိတ် တစ်ယောက်ယောက်ကို ရှာကြည့်လို့ရတာပဲ။ အဲ့ဒါဆို ငါတို့ချန်းမိသားစုလည်း မျိုးဆက်ပြန့်နိုင်မှာ! အခုတော့ ကြည့်ဦး မင်းက ရန်းချီကို ရွေးလိုက်တယ်။ မင်း သူနဲ့ ဘာလုပ်လို့ရမှာလဲ? ကလေးမွေးလို့ ရမှာမို့လို့လား!? ဘာလို့ ငါသတိပေးတာကို နားမလည်နိုင်ရတာလဲ!? အဲ့ဒီကလေးက ငါ့ရှေ့မှောက်မှာ မျက်နှာတစ်ချက်မပျက်ဘဲ မင်းကို ရအောင်ယူမယ်ဆိုပြီး ကျိန်ဆိုခဲ့တာကို တွေးမိတိုင်း ငါ့မှာ သေမတတ် ဒေါသထွက်နေခဲ့ရတာ! အဲ့ဒီတုန်းက ငါက သူ့ကို အိပ်မက်သာ မက်နေလိုက် ဆိုပြီးတောင် လှောင်ခဲ့မိသေးတယ်! ဒါပေမဲ့ အခုတော့ ... တကယ်ကို ဒီလိုတွေ ဖြစ်ပျက်သွားလိမ့်မယ်လို့ ငါတစ်ခါမှ မျှော်လင့်မထားခဲ့မိဖူးဘူး.."
စကားများစွာ တရစပ်ပြောမိခြင်းကြောင့် ချန်းကျန်း၏မျက်နှာမှာ ပိုမိုနွမ်းလျသွားရ၍ အနည်းငယ် အသက်ရှုမဝသလိုပင် ဖြစ်သွားရ၏။ ထို့ကြောင့် ချန်းရွှီသည် ဖခင်ဖြစ်သူဆီသို့ အလောတကြီးလျှောက်သွားလိုက်မိ၍ တစ်ဖက်လူ၏ကျောပြင်အား ခပ်ဖွဖွ ပွတ်သပ်ပေးလာခဲ့လေသည်။
"အဖေ အရမ်းဒေါသမထွက်ပါနဲ့။ ကျန်းမာရေး ထိခိုက်မယ်လေ"
"ငါ ဒီကမ္ဘာက ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးပြီ!"
ချန်းကျန်းသည် ယခုအချိန်ထိ ဒေါသမပြေသေးသောကြောင့် သူ့ကိုဂရုစိုက်ပေးနေသော သားဖြစ်သူအား စိတ်အလိုအလျောက် တွန်းထုတ်လိုက်မိသည့်တိုင် တစ်ဖက်မှ ချန်းရွှီ၏ကိုယ်ထည်ကမူ သေးသေးလေးမျှ ရွေ့မသွားခဲ့ပါပေ။ ထို့နောက် ချန်းကျန်းသည် အနားမှာ သားဖြစ်သူအား အမှတ်တမဲ့ ကြည့်လိုက်မိရာ တစ်ဖက်လူ၏လည်ပင်းတစ်ဝိုက်မှ နီစွေးစွေး အမှတ်အသားအချို့ကို မြင်သွားမိသဖြင့် သွေးများပွက်ပွက်ဆူမတတ် ဒေါသထွက်သွားရပြန်သည်။
"ငါ အဲ့ဒီကလေးကို လက်ခံပေးဖို့ စိတ်ကူးမရှိဘူး။ နောက်ပြီး မင်းတို့ရဲ့ အချစ်ရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ခေါင်းရှုပ်မခံနိုင်ဘူး။ အဲ့ဒါကြောင့် အခုချက်ချင်း လမ်းခွဲလိုက်! ပြီးရင် ငါတို့တွေ တခြားနေရာကို ထွက်သွားကြမယ်။ အဲ့ဒီကျမှ ငါ့အတွက် ချွေးမတစ်ယောက်ရှာပေးပြီး ချန်းမိသားစုမျိုးဆက် တည်တံ့အောင်လို့ မြေးလေးတွေပါ မွေးပေး!"
မိမိ၏ဖခင်ဖြစ်သူမှာ ဒေါသထွက်လွန်းသဖြင့် မူးမေ့လဲမတတ် ဖြူဖျော့နေကြောင်း တွေ့ရသောအခါ ချန်းရွှီသည် ဘာမျှစဉ်းစားမနေတော့ပါဘဲ ကပျာကယာ ပြန်ဖြေလာမိလေတော့၏။
"ကောင်းပါပြီ။ ကျွန်တော် သူနဲ့ လမ်းခွဲလိုက်ပါ့မယ်။ ပြီးရင် ဒီအင်ပါယာကမ္ဘာကနေ ထွက်သွားကြတာပေါ့"
ချန်းရွှီ၏အဖြေအား ကြားရသောအခါ ချန်းကျန်းမှာ အနည်းငယ် စိတ်ငြိမ်စပြုသွားရသည်။ သို့သော် သူသည် သားဖြစ်သူ၏အလောတကြီး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ယခုထိ သံသယဝင်နေမိဆဲပါပင်။
"မင်း တကယ် ပြောနေတာလား?"
"တကယ်ပြောနေတာပါ"
ချန်းရွှီက အသေအချာ ခေါင်းငြိမ့်ပြလာရင်း ဆက်ဆို၏။
"အဖေ အရင်ဆုံးလှဲပြီး အသက်ဝဝရှုလိုက်ပါဦး။ ကျွန်တော် အဖေ့အတွက် ရေတစ်ခွက် ငှဲ့ပေးပါ့မယ်"
သားဖြစ်သူ၏အဖြေအား အပြည့်အဝမယုံကြည်နိုင်သေးသည့်တိုင် ချန်းကျန်းသည် ဘာမျှမဆိုပါဘဲ တစ်ဖက်လူခပ်ပေးသည့် ရေအား နှစ်ငုံမျှ တိတ်တဆိတ် သောက်ခဲ့မိလေ၏။ ရေသောက်ပြီးနောက်တွင် သူသည် ရုတ်တရက် သက်ပြင်းရှည်ကြီး တစ်ချက်အား ချလျက် လေသံဖွဖွလေးနှင့် စကားဆိုလာခဲ့ပြန်သည်။
"ရှောင်ရွှီ ၊ မင်း ဒီလိုဖြစ်ရတာ အဖေ့ကြောင့်လည်း မကင်းမှန်း နားလည်ပါတယ်။ တကယ်လို့ အဖေသာ နေမကောင်းဖြစ်မနေခဲ့ရင် မင်းလည်း ဒီလိုရှက်စရာကောင်းတဲ့ အခြေအနေထိ ရောက်သွားမှာ မဟုတ်ဘူး"
"အဖေ့ကြောင့် မဟုတ်ပါဘူး။ ကျွန်တော့် အကြောင်းပြချက်နဲ့ ကျွန်တော်ပါ"
ဖခင်ဖြစ်သူ၏တောင်းပန်စကားကြောင့် ချန်းရွှီသည် မိမိကိုယ်ကို အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရလေ၏။ မည်သို့ပင်ဆိုစေကာမူ မိမိတို့မိသားစု ယခုကဲ့သို့ ဒုက္ခရောက်ရခြင်းမှာ ရန်းချီက မိမိအပေါ် ဆင်ခဲ့သည့် ထောင်ချောက်ကြောင့် မဟုတ်ပါလား?
"အစကတည်းက ကျွန်တော်သာ လောဘမကြီးမိခဲ့ရင် ဒီလိုမျိုး ဖြစ်သွားမှာ မဟုတ်ဘူး"
"ကံစီမံရာပဲပေါ့"
ချန်းကျန်းက နောက်ထပ် သက်ပြင်းတစ်ချက်ကို ထပ်ချလာပြန်၏။
"ဒါကြောင့် အခုချိန်မှာ မျှော်လင့်နေနိုင်တာဆိုလို့ ငါတို့ချန်းမိသားစုထဲမှာ နောက်ထပ် သွေးသားတစ်ယောက်ရှိလာခဲ့ရင် တစ်နေ့တော့ ပြန်စတင်နိုင်မှာဆိုတဲ့ အတွေးပဲ ရှိတော့တယ်။ နောက်ပြီး ငါ့ရဲ့မျှော်လင့်ချက်တွေ အကုန်လုံးကလည်း မင်းအပေါ်မှာပဲ မူတည်နေတယ်။ ရှောင်ရွှီ ၊ မင်း ဒီတစ်ခါ လမ်းမှားလို့မဖြစ်ဘူး! အဲ့ဒီကလေး ရန်းချီက ငါသူ့ကို လှောင်လိုက်တဲ့အတွက် ကျိန်းသေပေါက် ငါ့အပေါ် အငြှိုးထားနေမှာပဲ။ သူက ငယ်ရွယ်ပြီး မရင့်ကျက်တဲ့အပြင် စိတ်ထားကလည်း အရမ်းဆိုးသေးတယ်။ ဘယ်လိုလုပ်ပြီး သူ့လိုလူမျိုးဆီမှာ တကယ့် စိတ်ရင်းစိတ်မှန်ဆိုတာ ရှိနိုင်ပါတော့မလဲ?"
"ကျွန်တော် သိပါတယ်"
ချန်းရွှီက လေသံဖွဖွလေးနှင့် စကားဆိုလာခဲ့၏။
"ကျွန်တော်လည်း သူ့အနားမှာ နေဖို့ စဉ်းစားမထားပါဘူး။ တခြားနေရာ ထွက်သွားဖို့ တွေးထားပြီးသားပါ ဒါပေမဲ့ ရှောင်ကျင်းက...ကျွန်တော်လည်း သူ ကျွန်တော်တို့နဲ့ အတူထွက်သွားချင်ပါ့မလား အသေအချာ မပြောနိုင်ဘူး။ သူက လုထောင်ကို အရမ်းချစ်တာလေ။ အဖေက သူ့ကို အတူလိုက်ဖို့ ပြောရင်တောင် သူက လုထောင်ကို ထားခဲ့နိုင်မှာ မဟုတ်လောက်ဘူး"
သားငယ်အကြောင်းအား တွေးမိသောအခါ ချန်းကျန်း၏နှလုံးသားတစ်ခုလုံးမှာ ဝမ်းနည်းပူဆွေးမှုများနှင့် တဖန်ပြည့်နှက်သွားရပြန်၏။ မိမိတို့အနေဖြင့် အင်ပါယာကမ္ဘာမှ ထွက်ခွာသွားမိပြီးလျှင် နောက်ထပ်တစ်ကြိမ် ဤကမ္ဘာဆီသို့ ပြန်လာရန်က လွန်စွာမှ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ချန်းကျန်းကိုယ်တိုင်လည်း နားလည်ထားပြီးသားပင်။ သားဖြစ်သူအား မချစ်မနှစ်သက်သည့် ခင်ပွန်းသည်၏လက်ထဲတွင် ချန်းကျင်းကို ချန်ရစ်ထားခဲ့မည်ဆိုလျှင် ချန်းကျင်း၏အနာဂတ်မှာ ကျိန်းသေပေါက် ခက်ခဲလိမ့်လေမည်။
သို့နှင့် ချန်းကျန်းက မည်ကဲ့သို့ အဖြေပြုသင့်ပါမှန်း တွေးတောနေဆဲမှာပင် တစ်ဖက်မှ အခန်းတံခါးဝက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပေ၏။ ၎င်းတံခါး၏အပြင်ဘက်အခြမ်း၌မူ ချန်းကျင်းက မလှုပ်မယှက်နှင့် မတ်တပ်ရပ်နေခဲ့လေသည်။
"ကျွန်တော် ကိုကြီးတို့နဲ့အတူ လိုက်ခဲ့မယ်"
ချန်းကျင်းသည် သူ၏အောက်နှုတ်ခမ်းလွှာကို တစ်ချက်မျှကိုက်လိုက်၍ နောက်ထပ်စကားတစ်ခွန်းအား ဆိုလာခဲ့ပေ၏။ သူ၏အသံသည်ကား အနည်းငယ် တုန်ရီနေသည့်တိုင် အသေအချာ ဆုံးဖြတ်ချက်ချပြီးသည့် ပုံစံကဲ့သို့ ပြတ်သားနေပြန်သေးသည်။
"ကိုးရက်ကြာပြီးရင် ဒီကမ္ဘာကနေ အတူတူ ထွက်သွားကြရအောင်"
Zawgyi
ဖခင္ျဖစ္သူ၏ စိုးရိမ္ပူပန္မႈမ်ား
လုေထာင္သည္ကား အျပင္သို႔႐ုတ္တရက္ ထြက္သြားခဲ့ၿပီးေနာက္ ထိုေန႔တစ္ညလံုး အိမ္သို႔ျပန္မလာခဲ့ပါေခ်။ ထိုကဲ့သို႔ေသာ အျခင္းအရာမ်ိဳးက အတိတ္အခါ၌ ၾကံဳေနက် အရာျဖစ္သည့္တိုင္ ယခုအခ်ိန္တြင္မူ ခ်န္းက်င္းသည္ အေတာ္ေလးကို မေနတတ္မထိုင္တတ္ ျဖစ္ေနမိေလသည္။
မနက္ခင္းႏိုးလာေသာအခါ ျခံဳေစာင္မွာ လံုလံုေလာက္ေလာက္ ေႏြးေထြးမေနခဲ့၍ က်ယ္ျပန္႔ေသာ အိပ္ရာျပင္ႀကီးမွာလည္း တစ္ေယာက္တည္းအိပ္ထားေသာ အက်ိဳးဆက္ေၾကာင့္ ဟာလာဟင္းလင္း ျဖစ္လ်က္။ သို႔ေသာ္ ေစာင္ထက္႐ွိ ကိုယ္သင္းနံ႔ေလးကမူ ယခုအခ်ိန္ထိ ေဖ်ာ့ေတာ့ေတာ့ စြဲက်န္ေနေသး၏။
ေန႔စဥ္ၾကံဳေနက်ျဖစ္ေသာ ေႏြးေထြးသည့္ ေပြ႔ဖက္မႈမ်ားႏွင့္ တိုးညႇင္းေသာ စကားဆိုသံမ်ား မၾကားရေသာအခါ ခ်န္းက်င္း၏စိတ္ထဲဝယ္ အရာရာတိုင္းက ေနသားမက်သကဲ့သို႔ ခံစားေနရေလသည္။
ထို႔ေၾကာင့္ သူသည္ ေငးငိုင္စြာျဖင့္ အိပ္ရာထက္၌ အတန္ၾကာသည္အထိ မလႈပ္မယွက္ ထိုင္ေနခဲ့မိၿပီးေနာက္မွသာ တေျဖးေျဖး ထလ်က္ ကိုယ္လက္သန္႔စင္ခဲ့မိ၏။ ထို႔ေနာက္တြင္ မနက္စာသံုးေဆာင္ေနရင္း သူ၏ light screen အားဖြင့္၍ မနက္ခင္းသတင္းမ်ားကို ၾကည့္႐ႈရာ အေထြေထြေရးရာဌာနမွ ဝန္ႀကီးခ်ဳပ္ အင္ဒီရာ လုပ္ၾကံခံရသည့္ အေၾကာင္းကို ေတြ႔လိုက္ရေလေတာ့သည္။
အင္ဒီရာသည္ကား အေ႐ွ႕ပိုင္းမွ အေထြေထြေရးရာဌာန၏ ဝန္ႀကီးခ်ဳပ္ျဖစ္ကာ ယခုဆိုလွ်င္ အသက္ ၇၅ ႏွစ္ခန္႔ ႐ွိေနၿပီ ျဖစ္၏။ သို႔ေသာ္ သူသည္ အေတာ္ေလး အရြယ္တင္ႏုပ်ိဳသျဖင့္ အသက္ ေလး ၊ ငါးဆယ္ ဝန္းက်င္ခန္႔ လူလတ္ပိုင္းတစ္ဦးပံုသာ ေပါက္ရေလသည္။ ထို႔အျပင္ အင္ဒီရာသည္ လူမႈဆက္ဆံေရးေကာင္း၍ ျပည္သူမ်ားအေပၚလည္း ၾကင္နာတတ္ေသာေၾကာင့္ လူအေတာ္မ်ားမ်ားက သူ႔အား တစ္ခဲနက္ေထာက္ခံၾကကာ လက္႐ွိသမၼတသာ အနားယူသြားလွ်င္ ေနာက္ထပ္အုပ္ခ်ဳပ္သူေနရာသည္ကား က်ိန္းေသေပါက္ သူ႔အတြက္ ျဖစ္လာလိမ့္ေလမည္။
ထိုကဲ့သို႔ အေရးပါလွသည့္ ရာထူးျမင့္ပုဂၢိဳလ္တစ္ဦးမွာ မၾကာေသးခင္အခ်ိန္က လုပ္ၾကံခံခဲ့ရေပ၏။ အင္ဒရာအေနျဖင့္ ၎အႏၱရာယ္စက္ကြင္းမွ လြတ္ေျမာက္လာႏိုင္ၿပီး ျဖစ္သည့္တိုင္ လုပ္ၾကံခံရသည္ဟူေသာ ေခါင္းစီးတစ္ခုတည္းႏွင့္တင္ တစ္ေလာကလံုးကို အုတ္ေအာ္ေသာင္းနင္း ျဖစ္ေအာင္ လုပ္ႏိုင္စြမ္း ႐ွိေသာေၾကာင့္ ယခုအခ်ိန္၌ ေနရာတိုင္းတြင္ ၎သတင္းက ပလူပ်ံေနျခင္းပါပင္။
သတင္းစာမ်ားသာမက တီဗြီခ်န္နယ္လ္တိုင္းကလည္း ထိုအေၾကာင္းအား အႀကီးအက်ယ္ တင္ဆက္ၾက၏။ ခ်န္းက်င္းသည္ ခ်န္နယ္လ္တစ္ခုခ်င္းစီတိုင္းကို ေျပာင္းၾကည့္ခဲ့သည့္တိုင္ ကိုင္မီရား ဟူေသာ စကားလံုးကိုမူ တစ္စြန္းတစ္စမွ်ပင္ မၾကားမိခဲ့ပါေခ်။ ထို႔ေၾကာင့္ လူအမ်ားစုသည္ လုပ္ၾကံသူမွာ သမန္းဝံပုေလြ သို႔မဟုတ္ Zerg မ်ားသာ ျဖစ္လိမ့္မည္ဟု ဘာသာ မွတ္ခ်က္ေပးၾကေလသည္။ ထိုအခ်ိန္တြင္ အခ်ိဳ႕ေသာ သတင္းဌာနမ်ားကလည္း လမ္းသြားလမ္းလာ ျပည္သူမ်ားအား အသံုးခ်၍ သတင္းပိုႀကီးမားရန္ လုပ္ေဆာင္လာၾကေသး၏။ အထူးသျဖင့္ အင္ဒရာအတြက္ ဆုေတာင္းေပးေနေသာ ဝမ္းနည္းပံုေပါက္သည့္ အမ်ိဳးသမီးမ်ားအား ပစ္မွတ္ထားကာ လက္႐ွိအေျခအေနအေပၚ မည္ကဲ့သို႔ ျမင္ေၾကာင္း အစ႐ွိသျဖင့္ ေမးျမန္းတတ္ၾကေလသည္။
အမွန္အတိုင္းဆိုရလွ်င္ အတိတ္အခါက ခ်န္းက်င္းကိုယ္တိုင္သည္လည္း ထိုလမ္းသြားလမ္းလာ အမ်ိဳးသမီးမ်ားႏွင့္ အတူတူ ျဖစ္ခဲ့ရသည္ပင္။ သူ႔အေနျဖင့္ အင္ဒရာအား ေကာင္းစြာ မသိသည့္တိုင္ တစ္ဖက္လူက လူေကာင္းျဖစ္မည္ဟု သတင္းမ်ားအရ ခံစားမိ၏။ မည္သို႔ပင္ဆိုေစကာမူ အင္ဒရာသည္ကား လြန္စြာမွ ႏူးညံ့ညင္သာ၍ ၾကင္နာတတ္ပံု ေပါက္ရသည္ မဟုတ္ပါလား။ ထိုကဲ့သို႔ေသာ လူစားမ်ိဳးက အဘယ္ေၾကာင့္မ်ား လူဆိုးျဖစ္ႏိုင္ပါလိမ့္မည္နည္း?
သို႔ေသာ္ ယခုအခ်ိန္တြင္မူ ခ်န္းက်င္းသည္ တစ္ဖက္လူကို အနည္းငယ္ သံသယဝင္မိေလသည္။
မၾကာေသးခင္အခ်ိန္က သူသည္ ကိုင္မီရားထံမွ အသက္အႏၱရာယ္ႏွင့္ ပတ္သက္၍ ၿခိမ္းေျခာက္ခံထားရသည့္တိုင္ ၎ကဲ့သို႔ေသာ တံု႔ျပန္မႈမွာ တစ္ဖက္ကိုင္မီရားအေနျဖင့္ လြတ္ေျမာက္ရန္ လိုအပ္ေသာေၾကာင့္သာ မတတ္သာဘဲ လုပ္ခဲ့ရျခင္းမ်ိဳး ျဖစ္လိမ့္မည္ဟု ခ်န္းက်င္းက နားလည္ခြင့္လႊတ္ေပးခဲ့၏။ ထို႔အျပင္ ကားထဲ၌ ၾကံဳေတြ႔ခဲ့ရသည့္ ႏူးညံ့ေသာ အထိအေတြ႔ေၾကာင့္ သူသည္ ပို၍ပင္ ၎ကိုင္မီရားကို လူဆိုးဟု ျမင္၍မရေတာ့ပါေပ။
တစ္ဖက္မွ ကိုင္မီရားသည္ကား အမွန္တကယ္ကို ကေလးငယ္တစ္ေယာက္ႏွင့္ တူေနခဲ့ရသည္ မဟုတ္ပါလား။
၎ကိစၥမ်ား၏ ေနာက္ကြယ္၌ က်ိန္းေသေပါက္ အျခားေသာ လွ်ိဳ႕ဝွက္ၾကံစည္မႈမ်ားက ႐ွိေနလိမ့္ေလမည္။
မည္သို႔ပင္ျဖစ္ေစ ခ်န္းက်င္းကမူ ၎လွ်ိဳ႕ဝွက္ခ်က္ကို ေသးေသးေလးမွ်ပင္ ေဖာ္ထုတ္ႏိုင္လိမ့္မည္ မဟုတ္ပါေခ်။ ထို႔ေၾကာင့္ သူသည္ မနက္စာပန္းကန္အား တစ္ဝက္တစ္ပ်က္မွ်သာ စားလိုက္မိ၍ တစ္ေနရာရာသို႔ သြားရန္အတြက္ အဝတ္အစားလဲရန္ ျပင္ေနခ်ိန္တြင္ အေဖျဖစ္သူတက္ေရာက္ရာ ေဆးရံုထံမွ ဖုန္းေခၚဆိုမႈတစ္ခုက ဝင္လာခဲ့ေလ၏။ လက္ခံခလုတ္အား ခ်က္ခ်င္းႏွိပ္လိုက္ၿပီးေနာက္ တစ္ဖက္မွ ေျပာစကားမ်ားကို ၾကားရေသာအခါ ခ်န္းက်င္း၏မ်က္ႏွာတစ္ခုလံုးမွာ ကြပ္ခနဲ ပ်က္ယြင္းသြားရ၍ ဖုန္းေျပာၿပီး တစ္ခဏမွ်ၾကာသည္အထိ ၾကက္ေသေသေနခဲ့မိေလသည္။ ထို႔ေနာက္တြင္မွ သူသည္ ႐ုတ္တရက္ အသိစိတ္ျပန္ဝင္လာရ၍ အနားမွ ကုတ္အက်ႌတစ္ထည္အား ဆြဲယူလိုက္ကာ အျပင္ဘက္သို႔ လ်င္ျမန္စြာ ေျပးထြက္လာမိေလေတာ့၏။
အေဖျဖစ္သူသည္ကား ကိုယ့္ကိုယ္ကို သတ္ေသရန္ ႀကိဳးစားခဲ့သည္တဲ့ေလ!
ခ်န္းက်င္း၏ကိုယ္လံုးေလးမွာ ကားထဲသို႔ ေရာက္ၿပီးသည့္အခ်ိန္ထိ ထိတ္လန္႔စြာျဖင့္ တဆတ္ဆတ္ တုန္ရီေနဆဲ။ သို႔ေသာ္ တစ္ဖက္လူသည္ကား အခ်ိန္မီကယ္တင္ခံၿပီးေၾကာင္း သိသျဖင့္ သူသည္ အေၾကာက္လြန္၍ မူးေမ့လဲသြားသည္အထိေတာ့ အေျခအေနမဆိုးခဲ့ပါေပ။ ယခုအခ်ိန္၌ အေဖျဖစ္သူအေနျဖင့္ အႏၱရာယ္ကင္းေနၿပီ ျဖစ္ေသာေၾကာင့္ ခ်န္းက်င္းသည္ စိတ္သက္သာရာရသြားမိသည့္တိုင္ တစ္ဖက္လူက မည္သည့္အတြက္ေၾကာင့္ သတ္ေသရန္ ႀကိဳးစားခဲ့ပါသနည္းကိုမူ နားမလည္ႏိုင္စြမ္း မ႐ွိခဲ့။
စီးပြားပ်က္မႈႏွင့္ပတ္သက္၍ ႏွေျမာတသ ျဖစ္မိျခင္းေၾကာင့္လား။ သို႔မဟုတ္ ဖခင္ျဖစ္သူ၏တည္႐ွိမႈက မိမိတို႔သားႏွစ္ဦးအတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစမည္ စိုးေသာေၾကာင့္လား။ မည္သို႔ပင္ဆိုေစကာမူ စီးပြားပ်က္မႈသည္ကား လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန္႔ကတည္းက ၾကံဳေတြ႔ခဲ့ရၿပီးျဖစ္ကာ လက္႐ွိအခ်ိန္တြင္လည္း မိမိတို႔မိသားစုမွာ အခက္အခဲအားလံုးကို အတူတကြ ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ၿပီး၍ အဆင္ေျပေနေလၿပီ။ ထို႔အျပင္ ဖခင္ျဖစ္သူ၏ႏွလံုးေရာဂါမွာလည္း ေန႔စဥ္ေဆးမွီဝဲေသာ အက်ိဳးေက်းဇူးေၾကာင့္ ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ေနၿပီ မဟုတ္ပါလား။ ဤကဲ့သို႔ အရာအားလံုးနီးပါးက အဆင္ေျပေနပါလ်က္နဲ႔ ဖခင္ျဖစ္သူဟာ ဘာေၾကာင့္မ်ား မိမိကိုယ္ကို သတ္ေသရန္ ႀကိဳးစားခဲ့ရပါသနည္း?
ခ်န္းက်င္းသည္ ၎အေၾကာင္းအား ေတြးရင္း လြန္စြာမွ ဗ်ာမ်ားေနမိပါသျဖင့္ လမ္းတစ္ဝက္မွ် ေရာက္ၿပီးခ်ိန္မွသာ အစ္ကိုျဖစ္သူဆီသို႔ ဖုန္းေခၚရန္ အမွတ္ရမိေလ၏။ တစ္ဖက္လူထံသို႔ ဗီဒီယိုေကာလ္ေခၚဆိုၿပီး ခဏအတြင္းမွာပင္ screen ထက္၌ အစ္ကိုျဖစ္သူ၏ပံုရိပ္က ေပၚေပါက္လာခဲ့ရသည္။ ခ်န္းက်င္းမွာ အစ္ကိုျဖစ္သူအား ျမင္ျမင္ခ်င္း ကေလးတစ္ေယာက္ကဲ့သို႔ ဝမ္းနည္းစြာ ငိုေႂကြးလုနီးနီး။ ထို႔ေနာက္ သူက ငိုမဲ့မဲ့ျဖင့္ ကပ်ာကယာ စကားဆိုလာေလ၏။
"ကိုႀကီး ကိုႀကီး! အေဖ ဘာျဖစ္တာလဲ သိလားဟင္?"
"အင္း.."
ခ်န္းရႊီ၏ေလသံသည္ကား အနည္းငယ္ ႏြမ္းလ်လ်။
"စိတ္မပူနဲ႔။ ကိုႀကီး အခု ေဆးရံုမွာ႐ွိေနၿပီ။ အဲ့ဒါေၾကာင့္ အရမ္းအလ်င္လိုမေနဘဲ ေျဖးေျဖးပဲလာခဲ့။ ကိုႀကီး ေဒါက္တာနဲ႔ အရင္ဆံုး စကားေျပာၾကည့္လိုက္ဦးမယ္"
ခ်န္းက်င္းမွာ အစ္ကိုျဖစ္သူ၏စကားအား အႂကြင္းမဲ့ယံုၾကည္သျဖင့္ အျခားမည္သည့္အရာကိုမွ် သံသယဝင္ျခင္းမ႐ွိေတာ့ပါဘဲ လိမ္မာစြာႏွင့္ တဆတ္ဆတ္ ေခါင္းၿငိမ့္ျပလာခဲ့မိ၏။
"ဟုတ္.."
သို႔ႏွင့္ စကားေျပာျခင္းအမႈ ၿပီးသြားေသာအခါ ခ်န္းရႊီသည္ light screen အား ပိတ္လိုက္၍ ဖခင္ျဖစ္သူအား ကူညီေပးခဲ့သည့္ ဆရာဝန္ကို တဖန္ ေက်းဇူးတင္စကား ဆိုလာခဲ့ေလသည္။
"ကြၽန္ေတာ့္အေဖရဲ႕ အသက္ကို အခ်ိန္မီကယ္တင္ေပးခဲ့တဲ့အတြက္ ေဒါက္တာ့ကို အရမ္းေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ ဘာလို႔ ကြၽန္ေတာ့္ညီေလးကို အရင္ဦးဆံုး အသိေပးလိုက္ရတာလဲ? ကြၽန္ေတာ္တို႔ အရင္က သေဘာတူထားခဲ့ၿပီးသားေလ။ အေဖ့မွာ ကိစၥတစ္ခုခုျဖစ္ရင္ ကြၽန္ေတာ့္ကိုပဲ အရင္ဦးဆံုး အသိေပးေပးဖို႔။ ကြၽန္ေတာ့္ညီေလး စိတ္အပူလြန္မွာ စိုးတာေၾကာင့္ ၿပီးမွပဲ ကြၽန္ေတာ္က သူ႔ကို ျပန္ၿပီးေျပာျပေပးမယ္လို႔ ေတာင္းဆိုခဲ့ၿပီးသား မဟုတ္လား?"
"ဟုတ္ပါတယ္"
တစ္ဖက္မွ ဆရာဝန္က အေသအခ်ာ ႐ွင္းျပလာခဲ့၏။
"ဗိုလ္ခ်ဳပ္လုေထာင္က သူ႔ကိုပါ အသိေပးဖို႔ မွာထားခဲ့တာမို႔ ကြၽန္ေတာ္ ေျပာျပလိုက္မိတာပါ။ ေတာင္းပန္ပါတယ္။ တကယ္ေတာ့ အခုလိုမ်ိဳး မစၥတာခ်န္းရဲ႕ မူမမွန္မႈကို ကြၽန္ေတာ္တို႔ အခ်ိန္မီသတိထားမႏိုင္ခဲ့တာဟာ ဗိုလ္ခ်ဳပ္လုေထာင္က လူနာရဲ႕လက္ေကာက္ဝတ္မွာ စစ္ေဆးေရးကိရိယာတစ္ခု တပ္ဆင္ေပးထားဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ပါပဲ"
ခ်န္းရႊီကမူ အနည္းငယ္ အံ့အားသင့္လ်က္။
"အဲ့ဒီလို ကိရိယာမ်ိဳးက ႐ွိေသးတာလား?"
"႐ွိပါတယ္။ ဒါေပမဲ့ ေစ်းကအရမ္းႀကီးလြန္းတာေၾကာင့္ အေတာ္မ်ားမ်ားက အသံုးျပဳေလ့ေတာ့ မ႐ွိပါဘူး။ ဗိုလ္ခ်ဳပ္လုေထာင္က ေနာက္ဆံုး အလည္လာသြားၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕အတြင္းေရးမႉးျဖစ္သူကေနတစ္ဆင့္ အဲ့ဒီကိရိယာကို ကြၽန္ေတာ္တို႔ဆီ ပို႔ေပးခဲ့တာပါ။ ေနာက္ၿပီး အဲ့ဒီဟာကို မစၥတာခ်န္းရဲ႕ခြင့္ျပဳခ်က္ ယူၿပီးေတာ့မွ သူ႔ရဲ႕ light screen မွာ ကြၽန္ေတာ္တို႔ ထည့္ေပးခဲ့ပါတယ္။ က်ိန္းေသေပါက္ မစၥတာခ်န္းကိုေတာ့ တျခားနာမည္သံုးၿပီး လိမ္ေျပာထားရတာေပါ့။ ၿပီးေတာ့ အဲ့ဒီကိရိယာနဲ႔ ကြၽန္ေတာ့္ရဲ႕ light screen ကိုလည္း ဆက္သြယ္ထားတာမို႔ မစၥတာခ်န္းရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေန၊ ႏွလံုးခုန္ႏႈန္းနဲ႔ သူ႔ရဲ႕စိတ္ခံစားခ်က္ေတြအထိ သိ႐ွိႏိုင္ခဲ့ပါတယ္။ ေနာက္ၿပီး လူနာရဲ႕ ေဒတာေတြက ပ်မ္းမွ်အေျခအေနထက္ နိမ့္က်ေနတဲ့အခါ အခ်က္ေပးအသံက အလိုအေလ်ာက္ ျမည္လာေပးတာမို႔ ပိုၿပီး အဆင္ေျပသြားခဲ့တာပါ"
"အဲ့ဒီလိုမ်ိဳး ျဖစ္သြားခဲ့တာကိုး..."
ခ်န္းရႊီသည္ တစ္ခဏမွ် ၿငိမ္ေနၿပီးေနာက္တြင္ စကားဆိုလာခဲ့၏။
"အခုေရာ ကြၽန္ေတာ့္အေဖရဲ႕အေျခအေနက တည္ၿငိမ္သြားၿပီလား?"
"တည္ၿငိမ္သြားပါၿပီ။ လက္ေကာက္ဝတ္က ဒဏ္ရာက နက္ေပမဲ့ အသက္အႏၱရာယ္ထိခိုက္ေစတဲ့အထိ မဆိုးရြားခဲ့ပါဘူး။ ေနာက္ၿပီး အခ်ိန္မီ သတိထားႏိုင္ခဲ့တာမို႔ ႏွလံုးေရာဂါအတြက္လည္း ဆိုးက်ိဳးေတြ မျဖစ္ႏိုင္ေစခဲ့ဘူး။ စိတ္မပူပါနဲ႔ ..မၾကာမီအတြင္းမွာပဲ အားလံုး အဆင္ေျပသြားမွာပါ"
တစ္ဖက္မွဆရာဝန္က ခ်န္းရႊီအား ၾကည့္လာ၍ အေလးအနက္ ထပ္ဆိုေလ၏။
"ဗိုလ္ခ်ဳပ္လုေထာင္ သတိေပးၿပီးကတည္းက ကြၽန္ေတာ္လည္း လူနာရဲ႕စိတ္အေျခအေန ေျပာင္းလဲမႈေတြကို အေသအခ်ာ သတိထားေနခဲ့တာပါ။ အခုတေလာ မစၥတာခ်န္းကို ၾကည့္ရတာ ကိစၥတစ္ခုခုေၾကာင့္ အေတာ္ေလး စိတ္႐ႈပ္ေထြးေနတဲ့ပံုပါပဲ။ အဲ့ဒါေၾကာင့္ ဆက္႐ွင္သန္ဖို႔ ဆႏၵမ႐ွိေတာ့တဲ့ပံုမ်ိဳး ျဖစ္သြားတာပါ။ ယွဥ္ေျပာရမယ္ဆိုရင္ မစၥတာခ်န္းရဲ႕ စိတ္အေျခအေနက ေဆးရံုကိုစေရာက္လာခါစကနဲ႔ အရမ္းကို ကြာျခားတယ္။ လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းက ေရာဂါသာျပင္းထန္ခဲ့ေပမဲ့ သူက ကိုယ့္ကိုယ္ကို အရမ္းအားေပးၿပီး စိတ္ဓာတ္ၾကံ့ခိုင္ေနတတ္ခဲ့တာ"
"ေက်းဇူးပါပဲ.."
ခ်န္းရႊီက သူ၏ေအာက္ဘက္ႏႈတ္ခမ္းလႊာအား တစ္ခ်က္မွ် ကိုက္လုိက္မိ၍ မတ္တပ္ရပ္လိုက္၏။
"ဒါဆို ကြၽန္ေတာ္ အေဖ့ကို သြားေတြ႔လိုက္ပါဦးမယ္"
လိုအပ္သည့္ ေဆးကုသမႈမ်ား ၿပီးဆံုးသြားၿပီးေနာက္တြင္ ခ်န္းက်န္းသည္ မူလလူနာေဆာင္ဆီသို႔ ျပန္လည္အပို႔ခံခဲ့ရေလသည္။ ၎အခန္းအတြင္းသို႔ ခ်န္းရႊီဝင္လာေသာအခါ ဖခင္ျဖစ္သူအား အစစအရာရာ ကူညီေပးေနပါသည့္ သူနာျပဳအမ်ိဳးသမီးတစ္ဦးအား ေတြ႔လိုက္ရေပ၏။ ၎သူနာျပဳမေလးသည္ ခ်န္းရႊီအားျမင္ျမင္ခ်င္း ခပ္ဖြဖြ ျပံးျပလိုက္၍ အလိုက္တသိႏွင့္ အခန္းအျပင္ဘက္သို႔ ဦးစြာ ထြက္သြားခဲ့ေလသည္။
ခ်န္းက်န္းသည္ကား အိပ္ရာထက္၌ တိတ္တဆိတ္ လဲေလ်ာင္းေနဆဲ။ အေစာပိုင္း သူနာျပဳမေလးထံမွ "မစၥတာ ခ်န္းရႊီ" ဟူေသာ ႏႈတ္ဆက္သံၾကားသည့္တိုင္ သူသည္ တစ္ဖက္လူဘက္သို႔ လွည့္ၾကည့္မလာခဲ့ပါေခ်။ ခ်န္းက်န္း၏မ်က္ႏွာတစ္ျပင္လံုးမွာ ႏြမ္းလ်ေနခဲ့၍ လက္ေကာက္ဝတ္တစ္ဖက္၌မူ ပတ္တီးျဖဴျဖဴတစ္ခုက ထူထူထဲထဲ ရစ္ပတ္လို႔ထားေပ၏။ ၎ပတ္တီးစ၏ေအာက္၌မူ ေသြးစီးရာတစ္ခုက အထင္းသား တည္႐ွိေနခဲ့ေလသည္။
ခ်န္းရႊီသည္ သက္ျပင္း႐ွည္ႀကီး တစ္ခ်က္ခ်လိုက္မိ၍ ဖခင္ျဖစ္သူထံသို႔ တျဖည္းျဖည္း လမ္းေလွ်ာက္လာ၏။ ထို႔ေနာက္တြင္ သူသည္ အိပ္ရာေဘး၌ မတ္တပ္ရပ္လ်က္ တိုးညႇင္းစြာ အေမးဆိုမိေလသည္။
"ဘာလို႔ အဲ့ဒီလို လုပ္ခဲ့ရတာလဲ အေဖ?"
ခ်န္းက်န္း၏မ်က္ခြံမ်ားမွာ ခပ္ဖြဖြ လႈပ္႐ွားသြားရ၏။ ၎ေနာက္ သူက အက္႐ွေျခာက္ကပ္ေနသည့္ ေလသံႏွင့္ ခ်န္းရႊီအား ေမးခြန္းျပန္ေမးလာခဲ့သည္။
"မင္း ဘာလို႔ ရန္းခ်ီရဲ႕ အကူအညီကို ယူေနရတာလဲ?"
မေမွ်ာ္လင့္ထားေသာ စကားအားၾကားမိလိုက္ေသာေၾကာင့္ ခ်န္းရႊီ၏တစ္ကိုယ္လံုးမွာ တစ္ခဏမွ် ေနရခက္စြာ ေတာင့္တင္းလ်က္။ ထို႔ေနာက္ သူက ဘာမွ်မျဖစ္ဟန္ျဖင့္ တည္ၿငိမ္စြာ ျပန္ေျဖလာေလ၏။
"အဲ့ဒါက ဒီတိုင္းခဏေလးပဲ။ အေဖက ဘယ္လိုလုပ္ၿပီး သိသြားရတာလဲ?"
တစ္ဖက္လူႏွင့္စာခ်ဳပ္ခ်ဳပ္ၿပီးသည့္ေနာက္တြင္ ခ်န္းရႊီသည္ ဖခင္ျဖစ္သူထံသို႔ ႏွစ္ႀကိမ္မွ် အလည္လာေရာက္ခဲ့ဖူး၏။ သို႔ေသာ္ ၎အေခါက္တိုင္းတြင္ ခ်န္းက်န္းဘက္မွ ၎အေၾကာင္းႏွင့္ပတ္သက္၍ ဘာဆိုဘာကိုမွ် ဆိုလာျခင္းမ႐ွိသျဖင့္ ခ်န္းရႊီသည္ မိမိအေနနဲ႔ ၎ကိစၥကို ေကာင္းစြာဖံုးကြယ္ထားႏိုင္ၿပီဟုပင္ ထင္မွတ္ထားခဲ့မိေသးေလသည္။
"မင္းကသာ ဘယ္အခ်ိန္ထိ ငါ့ကို ဖံုးကြယ္ထားဖို႔ စဥ္းစားေနတာလဲ? မင္း ကိုယ့္စိတ္ကိုေရာ ေသခ်ာနားလည္ရဲ႕လား!? ခဏေလး ဟုတ္လား? ဘယ္လိုခဏေလးလဲ? တစ္ႏွစ္တည္းလား ဒါမွမဟုတ္ ဆယ္ႏွစ္လား။ ဒါမွမဟုတ္ တစ္ဘဝလံုးစာလား!?"
ခ်န္းက်န္းသည္ ေျပာရင္းဆိုရင္း ေဒါသထြက္လာမိပါသျဖင့္ လဲေလ်ာင္းေနရာမွ ဆတ္ခနဲ ထထိုင္လိုက္ကာ မ်က္ႏွာခ်င္းဆိုင္မွ ခ်န္းရႊီအား စိုက္ၾကည့္လာေတာ့ေလသည္။
"မင္းကသာ အဲ့ဒီကေလးအတြက္ ဘာခံစားခ်က္မွ မ႐ွိပါဘူးလို႔ ေျပာေနတာ။ တကယ္ေတာ့ အခုခ်ိန္ထိ လက္ထပ္ဖို႔ ျငင္းဆန္ေနခဲ့တာေတြ အားလံုးက အဆံုးမွာ အဲ့ဒီကေလးနဲ႔ ဒီလိုမ်ိဳး အတူတူ ႐ွိေနခ်င္လို႔ပဲ မဟုတ္လား!?"
ခ်န္းရႊီမွာ ၎စကားအားၾကားၾကားခ်င္း လြန္စြာမွ စိတ္႐ႈပ္သြားမိပါသျဖင့္ မည္သည့္ေနရာမွစ၍ ျငင္းဆိုသင့္ေၾကာင္းကိုပင္ ေကာင္းစြာ မခြဲျခားႏိုင္ေတာ့ပါေခ်။
"ကြၽန္ေတာ္ တကယ္ သူ႔အေပၚ ခံစားခ်က္ မ႐ွိဘူး။ ေနာက္ၿပီး ဘယ္တုန္းကမွလည္း အဲ့ဒီလိုမ်ိဳး မေတြးခဲ့မိဖူးဘူး.."
"ငါ့ကို ထပ္လိမ္မေနနဲ႔ေတာ့! မင္းက သူ႔ကို သေဘာက်ေနတာ! မင္းက လိင္တူသေဘာက်တ့ဲသူပဲ!!"
ခ်န္းက်န္းသည္ အဆံုး၌ ေဒါသမထိန္းႏိုင္ေတာ့ပါဘဲ တုန္ရီရီအသံႏွင့္ က်ယ္ေလာင္စြာ ေအာ္ဟစ္လာမိေလေတာ့၏။
"မင္း ဘာလို႔မ်ား သူနဲ႔အတူ႐ွိေနခ်င္ရတာလဲ? သူက မင္းထက္ အမ်ားႀကီး အသက္ငယ္တယ္။ တကယ္လို႔ ကိုယ့္ထက္ငယ္ၿပီး အမ်ိဳးသားခ်င္းကို သေဘာက်တယ္ဆိုရင္လည္း အမ်ိဳးသမီးေတြ မဟုတ္ဘဲ ႐ွားပါးမ်ိဳးစိတ္ တစ္ေယာက္ေယာက္ကို ႐ွာၾကည့္လို႔ရတာပဲ။ အဲ့ဒါဆို ငါတို႔ခ်န္းမိသားစုလည္း မ်ိဳးဆက္ျပန္႔ႏိုင္မွာ! အခုေတာ့ ၾကည့္ဦး မင္းက ရန္းခ်ီကို ေရြးလိုက္တယ္။ မင္း သူနဲ႔ ဘာလုပ္လို႔ရမွာလဲ? ကေလးေမြးလို႔ ရမွာမို႔လို႔လား!? ဘာလို႔ ငါသတိေပးတာကို နားမလည္ႏိုင္ရတာလဲ!? အဲ့ဒီကေလးက ငါ့ေ႐ွ႕ေမွာက္မွာ မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ မင္းကို ရေအာင္ယူမယ္ဆိုၿပီး ကိ်န္ဆိုခဲ့တာကို ေတြးမိတိုင္း ငါ့မွာ ေသမတတ္ ေဒါသထြက္ေနခဲ့ရတာ! အဲ့ဒီတုန္းက ငါက သူ႔ကို အိပ္မက္သာ မက္ေနလိုက္ ဆိုၿပီးေတာင္ ေလွာင္ခဲ့မိေသးတယ္! ဒါေပမဲ့ အခုေတာ့ ... တကယ္ကို ဒီလိုေတြ ျဖစ္ပ်က္သြားလိမ့္မယ္လို႔ ငါတစ္ခါမွ ေမွ်ာ္လင့္မထားခဲ့မိဖူးဘူး.."
စကားမ်ားစြာ တရစပ္ေျပာမိျခင္းေၾကာင့္ ခ်န္းက်န္း၏မ်က္ႏွာမွာ ပိုမိုႏြမ္းလ်သြားရ၍ အနည္းငယ္ အသက္႐ႈမဝသလိုပင္ ျဖစ္သြားရ၏။ ထို႔ေၾကာင့္ ခ်န္းရႊီသည္ ဖခင္ျဖစ္သူဆီသို႔ အေလာတႀကီးေလွ်ာက္သြားလိုက္မိ၍ တစ္ဖက္လူ၏ေက်ာျပင္အား ခပ္ဖြဖြ ပြတ္သပ္ေပးလာခဲ့ေလသည္။
"အေဖ အရမ္းေဒါသမထြက္ပါနဲ႔။ က်န္းမာေရး ထိခိုက္မယ္ေလ"
"ငါ ဒီကမာၻက ထြက္သြားဖို႔ ဆံုးျဖတ္ထားၿပီးၿပီ!"
ခ်န္းက်န္းသည္ ယခုအခ်ိန္ထိ ေဒါသမေျပေသးေသာေၾကာင့္ သူ႔ကိုဂ႐ုစိုက္ေပးေနေသာ သားျဖစ္သူအား စိတ္အလိုအေလ်ာက္ တြန္းထုတ္လိုက္မိသည့္တိုင္ တစ္ဖက္မွ ခ်န္းရႊီ၏ကိုယ္ထည္ကမူ ေသးေသးေလးမွ် ေရြ႔မသြားခဲ့ပါေပ။ ထို႔ေနာက္ ခ်န္းက်န္းသည္ အနားမွာ သားျဖစ္သူအား အမွတ္တမဲ့ ၾကည့္လိုက္မိရာ တစ္ဖက္လူ၏လည္ပင္းတစ္ဝိုက္မွ နီေစြးေစြး အမွတ္အသားအခ်ိဳ႕ကို ျမင္သြားမိသျဖင့္ ေသြးမ်ားပြက္ပြက္ဆူမတတ္ ေဒါသထြက္သြားရျပန္သည္။
"ငါ အဲ့ဒီကေလးကို လက္ခံေပးဖို႔ စိတ္ကူးမ႐ွိဘူး။ ေနာက္ၿပီး မင္းတို႔ရဲ႕ အခ်စ္ေရးရာကိစၥေတြနဲ႔ ပတ္သက္ၿပီးလည္း ေခါင္း႐ႈပ္မခံႏိုင္ဘူး။ အဲ့ဒါေၾကာင့္ အခုခ်က္ခ်င္း လမ္းခြဲလိုက္! ၿပီးရင္ ငါတို႔ေတြ တျခားေနရာကို ထြက္သြားၾကမယ္။ အဲ့ဒီက်မွ ငါ့အတြက္ ေခြၽးမတစ္ေယာက္႐ွာေပးၿပီး ခ်န္းမိသားစုမ်ိဳးဆက္ တည္တံ့ေအာင္လို႔ ေျမးေလးေတြပါ ေမြးေပး!"
မိမိ၏ဖခင္ျဖစ္သူမွာ ေဒါသထြက္လြန္းသျဖင့္ မူးေမ့လဲမတတ္ ျဖဴေဖ်ာ့ေနေၾကာင္း ေတြ႔ရေသာအခါ ခ်န္းရႊီသည္ ဘာမွ်စဥ္းစားမေနေတာ့ပါဘဲ ကပ်ာကယာ ျပန္ေျဖလာမိေလေတာ့၏။
"ေကာင္းပါၿပီ။ ကြၽန္ေတာ္ သူနဲ႔ လမ္းခြဲလိုက္ပါ့မယ္။ ၿပီးရင္ ဒီအင္ပါယာကမာၻကေန ထြက္သြားၾကတာေပါ့"
ခ်န္းရႊီ၏အေျဖအား ၾကားရေသာအခါ ခ်န္းက်န္းမွာ အနည္းငယ္ စိတ္ၿငိမ္စျပဳသြားရသည္။ သို႔ေသာ္ သူသည္ သားျဖစ္သူ၏အေလာတႀကီး ဆံုးျဖတ္ခ်က္ႏွင့္ ပတ္သက္၍ ယခုထိ သံသယဝင္ေနမိဆဲပါပင္။
"မင္း တကယ္ ေျပာေနတာလား?"
"တကယ္ေျပာေနတာပါ"
ခ်န္းရႊီက အေသအခ်ာ ေခါင္းၿငိမ့္ျပလာရင္း ဆက္ဆို၏။
"အေဖ အရင္ဆံုးလွဲၿပီး အသက္ဝဝ႐ႈလိုက္ပါဦး။ ကြၽန္ေတာ္ အေဖ့အတြက္ ေရတစ္ခြက္ ငွဲ႔ေပးပါ့မယ္"
သားျဖစ္သူ၏အေျဖအား အျပည့္အဝမယံုၾကည္ႏိုင္ေသးသည့္တိုင္ ခ်န္းက်န္းသည္ ဘာမွ်မဆိုပါဘဲ တစ္ဖက္လူခပ္ေပးသည့္ ေရအား ႏွစ္ငံုမွ် တိတ္တဆိတ္ ေသာက္ခဲ့မိေလ၏။ ေရေသာက္ၿပီးေနာက္တြင္ သူသည္ ႐ုတ္တရက္ သက္ျပင္း႐ွည္ႀကီး တစ္ခ်က္အား ခ်လ်က္ ေလသံဖြဖြေလးႏွင့္ စကားဆိုလာခဲ့ျပန္သည္။
"ေ႐ွာင္ရႊီ ၊ မင္း ဒီလိုျဖစ္ရတာ အေဖ့ေၾကာင့္လည္း မကင္းမွန္း နားလည္ပါတယ္။ တကယ္လို႔ အေဖသာ ေနမေကာင္းျဖစ္မေနခဲ့ရင္ မင္းလည္း ဒီလို႐ွက္စရာေကာင္းတဲ့ အေျခအေနထိ ေရာက္သြားမွာ မဟုတ္ဘူး"
"အေဖ့ေၾကာင့္ မဟုတ္ပါဘူး။ ကြၽန္ေတာ့္ အေၾကာင္းျပခ်က္နဲ႔ ကြၽန္ေတာ္ပါ"
ဖခင္ျဖစ္သူ၏ေတာင္းပန္စကားေၾကာင့္ ခ်န္းရႊီသည္ မိမိကိုယ္ကို အျပစ္႐ွိသကဲ့သို႔ ခံစားလိုက္ရေလ၏။ မည္သို႔ပင္ဆိုေစကာမူ မိမိတို႔မိသားစု ယခုကဲ့သို႔ ဒုကၡေရာက္ရျခင္းမွာ ရန္းခ်ီက မိမိအေပၚ ဆင္ခဲ့သည့္ ေထာင္ေခ်ာက္ေၾကာင့္ မဟုတ္ပါလား?
"အစကတည္းက ကြၽန္ေတာ္သာ ေလာဘမႀကီးမိခဲ့ရင္ ဒီလိုမ်ိဳး ျဖစ္သြားမွာ မဟုတ္ဘူး"
"ကံစီမံရာပဲေပါ့"
ခ်န္းက်န္းက ေနာက္ထပ္ သက္ျပင္းတစ္ခ်က္ကို ထပ္ခ်လာျပန္၏။
"ဒါေၾကာင့္ အခုခ်ိန္မွာ ေမွ်ာ္လင့္ေနႏိုင္တာဆိုလို႔ ငါတို႔ခ်န္းမိသားစုထဲမွာ ေနာက္ထပ္ ေသြးသားတစ္ေယာက္႐ွိလာခဲ့ရင္ တစ္ေန႔ေတာ့ ျပန္စတင္ႏိုင္မွာဆိုတဲ့ အေတြးပဲ ႐ွိေတာ့တယ္။ ေနာက္ၿပီး ငါ့ရဲ႕ေမွ်ာ္လင့္ခ်က္ေတြ အကုန္လံုးကလည္း မင္းအေပၚမွာပဲ မူတည္ေနတယ္။ ေ႐ွာင္ရႊီ ၊ မင္း ဒီတစ္ခါ လမ္းမွားလို႔မျဖစ္ဘူး! အဲ့ဒီကေလး ရန္းခ်ီက ငါသူ႔ကို ေလွာင္လိုက္တဲ့အတြက္ က်ိန္းေသေပါက္ ငါ့အေပၚ အျငႇိဳးထားေနမွာပဲ။ သူက ငယ္ရြယ္ၿပီး မရင့္က်က္တဲ့အျပင္ စိတ္ထားကလည္း အရမ္းဆိုးေသးတယ္။ ဘယ္လိုလုပ္ၿပီး သူ႔လိုလူမ်ိဳးဆီမွာ တကယ့္ စိတ္ရင္းစိတ္မွန္ဆိုတာ ႐ွိႏိုင္ပါေတာ့မလဲ?"
"ကြၽန္ေတာ္ သိပါတယ္"
ခ်န္းရႊီက ေလသံဖြဖြေလးႏွင့္ စကားဆိုလာခဲ့၏။
"ကြၽန္ေတာ္လည္း သူ႔အနားမွာ ေနဖို႔ စဥ္းစားမထားပါဘူး။ တျခားေနရာ ထြက္သြားဖို႔ ေတြးထားၿပီးသားပါ ဒါေပမဲ့ ေ႐ွာင္က်င္းက...ကြၽန္ေတာ္လည္း သူ ကြၽန္ေတာ္တို႔နဲ႔ အတူထြက္သြားခ်င္ပါ့မလား အေသအခ်ာ မေျပာႏိုင္ဘူး။ သူက လုေထာင္ကို အရမ္းခ်စ္တာေလ။ အေဖက သူ႔ကို အတူလိုက္ဖို႔ ေျပာရင္ေတာင္ သူက လုေထာင္ကို ထားခဲ့ႏိုင္မွာ မဟုတ္ေလာက္ဘူး"
သားငယ္အေၾကာင္းအား ေတြးမိေသာအခါ ခ်န္းက်န္း၏ႏွလံုးသားတစ္ခုလံုးမွာ ဝမ္းနည္းပူေဆြးမႈမ်ားႏွင့္ တဖန္ျပည့္ႏွက္သြားရျပန္၏။ မိမိတို႔အေနျဖင့္ အင္ပါယာကမာၻမွ ထြက္ခြာသြားမိၿပီးလွ်င္ ေနာက္ထပ္တစ္ႀကိမ္ ဤကမာၻဆီသို႔ ျပန္လာရန္က လြန္စြာမွ ခက္ခဲလိမ့္မည္ ျဖစ္ေၾကာင္း ခ်န္းက်န္းကိုယ္တိုင္လည္း နားလည္ထားၿပီးသားပင္။ သားျဖစ္သူအား မခ်စ္မႏွစ္သက္သည့္ ခင္ပြန္းသည္၏လက္ထဲတြင္ ခ်န္းက်င္းကို ခ်န္ရစ္ထားခဲ့မည္ဆိုလွ်င္ ခ်န္းက်င္း၏အနာဂတ္မွာ က်ိန္းေသေပါက္ ခက္ခဲလိမ့္ေလမည္။
သို႔ႏွင့္ ခ်န္းက်န္းက မည္ကဲ့သို႔ အေျဖျပဳသင့္ပါမွန္း ေတြးေတာေနဆဲမွာပင္ တစ္ဖက္မွ အခန္းတံခါးဝက ႐ုတ္တရက္ တြန္းဖြင့္ခံလိုက္ရေပ၏။ ၎တံခါး၏အျပင္ဘက္အျခမ္း၌မူ ခ်န္းက်င္းက မလႈပ္မယွက္ႏွင့္ မတ္တပ္ရပ္ေနခဲ့ေလသည္။
"ကြၽန္ေတာ္ ကိုႀကီးတို႔နဲ႔အတူ လိုက္ခဲ့မယ္"
ခ်န္းက်င္းသည္ သူ၏ေအာက္ႏႈတ္ခမ္းလႊာကို တစ္ခ်က္မွ်ကိုက္လိုက္၍ ေနာက္ထပ္စကားတစ္ခြန္းအား ဆိုလာခဲ့ေပ၏။ သူ၏အသံသည္ကား အနည္းငယ္ တုန္ရီေနသည့္တိုင္ အေသအခ်ာ ဆံုးျဖတ္ခ်က္ခ်ၿပီးသည့္ ပံုစံကဲ့သို႔ ျပတ္သားေနျပန္ေသးသည္။
"ကိုးရက္ၾကာၿပီးရင္ ဒီကမာၻကေန အတူတူ ထြက္သြားၾကရေအာင္"