မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

276K 38.9K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(33)

3.9K 564 17
By ShweLoon365

(Unicode)

အသားကင်စားပြီးတဲ့အခါမှာတော့ ရှုကျင်ထျန်းက အနည်းငယ် ရေငတ်သွားတယ်။ ရှုဟန်ယွီက သူ့အတွက် အသီးတစ်ခုခု ယူလာသလားဆိုတာကို သူ လှည့်ကြည့်လိုက်သည်။ ထိုမှသာ ရှုဟန်ယွီက သူ့အတွက် ယခင်လိုဏ်ဂူမှ ပစ္စည်းအားလုံးကို ပြန်လည်ယူဆောင်လာကြောင်း သူမြင်လိုက်ရသည်။

ကြီးမားသောပင်လယ်ခွံရှိဆားသည် အလယ်ဗဟိုတွင် ပေါက်သွားခဲ့သည်။ သူ့ဂျာကင်အင်္ကျီနဲ့ ဂူထဲမှာ သူအရင်ကထားခဲ့တဲ့ ကြောင်သားရဲ သားရေတောင် ပါလာသည်။ ကြည့်ရတာ အရမ်းအဆင်ပြေပေမယ့် အသုံးဝင်ပါ့မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ? ဒီနေ့အရေခွံခွာထားတဲ့ ကြောင်သားရဲအရေပြားကိုလည်း ရှုဟန်ယွီကကိုင်တွယ်ပြီး ချုံပုတ်တစ်ခုပေါ်တွင် အခြောက်ခံထားသည်။

“မင်း ယူလာတာ အများကြီးပဲ။ ရွှေ့ရခက်နေမယ့်ဟာကို အတူတူသယ်ဖို့ ဘာလို့ ငါ့ကို မစောင့်တာလဲ"

ရှုကျင်ထျန်းမှာ မိုးစဲကတည်းက သူတို့အဲဒီမှာ ပြန်ပြီးနေထိုင်နိုင်ပြီလို့ ပြောချင်တယ်။ ဒါပေမယ့် မြွေဂူထဲတွင် အချုပ်ခံရသည်ကို သူပြန်သတိရသောအခါတွင် ခေတ္တရပ်လိုက်ပြီး စကားပြောင်းလိုက်သည်။ ယခုလည်း သူသည် အတင်းအကြပ်ချည်နှောင်ခံထားရပြီး မည်သို့ပင်ဖြစ်စေ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ပေ။ သူတကယ်ကို စိတ်ဆင်းရဲသလို ခံစားနေရသည်။

သူသည် မြွေကြီး၏ သူ့အပေါ် သတိထားမှုကို ဖယ်ရှားပစ်ရမည်။ အခုအခါ သူက ရှုဟန်ယွီနဲ့အတူနေဖို့ တကယ်ပဲ ရည်ရွယ်ထားပြီး သူတို့မှာရှည်လျားတဲ့ အနာဂတ်တွေရှိနေသေးသည်။ ဤကဲ့သို့ ပိတ်လှောင်မယ်ဆိုရင်တော့ သူသေချာပေါက် အသက်ရှင်နိုင်မည်မဟုတ်ပေ။ နောက်ပြီးတော့ အဲဒီကိစ္စ...မြွေကြီးနဲ့သူအတူတူပဲ ယောကျ်ားတွေဖြစ်ကြောင်း ရှင်းပြရန် အချိန်ကောင်းရှာသင့်သည်။

ဒီကိစ္စကို သေချာရှင်းပြရမယ်။

သူ့ကို မနှောင့်ယှက်ဘဲ မြွေကြီးကို အမှန်အတိုင်းမြင်အောင် လုပ်ခိုင်းရမည်။ ရှုဟန်ယွီ သူ့ကိုမလိုချင်တော့ရင် ဘာမှလုပ်လို့မရပေမယ့် သူ့ကိုမစားသရွေ့တော့ အဆင်ပြေပါတယ်။

"မလိုပါဘူး ထျန်းထျန်းက ကောင်းကောင်းအနားယူသင့်တယ်။ တခြားကိစ္စ အားလုံးကို ကိုယ့်ကိုပဲ ကိုင်တွယ်ခွင့်ပေးရမယ်"

ရှုဟန်ယွီသည် မိန်းမပျိုလေးကို ပွေ့ဖက်ထားပြီး လက်နှစ်ဘက်စလုံးက သူ့ဗိုက်ကိုဆုပ်နယ်ပြီးနောက် ခါးကိုလည်းဆုပ်နယ်လိုက်သည်။

“ထျန်းထျန်း ပိုပိန်လာတယ်။ သူက မင်းကို ကောင်းကောင်း မစားခိုင်းဘူးလား"
ရှုဟန်ယွီ၏လေသံမှာ အနည်းငယ်စိတ်ဆိုးနေသလိုပင်။ ရှုကျင်ထျန်း၏လက်ကို ဆုပ်ကိုင်နေချိန်တွင် အနည်းငယ်မျှပင်အားမရပေ။

“ကျစ်...မဟုတ်ဘူး။ သူကျွေးရင်တောင် ငါစားလို့မရဘူး။ ငါ့ကိုပြောစမ်းပါ အဲဒီလူက ဘာလဲ။ အရမ်းစိတ်ညစ်စရာကောင်းတာပဲ!"

ရှုကျင်ထျန်းသည် ထိုနှစ်ရက်အတွင်း သူဘာစားခဲ့သလဲ၊ ဘယ်လိုစားခဲ့ရသလဲ၊ ထိုလူက သူ့အား ဘာလုပ်ခဲ့သလဲဆိုတာ တွေးနေသမျှကာလပတ်လုံး သူ မအီမသာဖြစ်မိသည်။

ယခုတော့ သူသည် ထိုဆိုးရွားသော အတွေ့အကြုံများကို တတ်နိုင်သမျှ အမြန်ဆုံး မေ့ထားချင်ခဲ့သည်။ သို့သော် သူတစ်ယောက်တည်း ငြိမ်သက်နေသည့်အခါတိုင်း ထိုရုပ်ပုံများသည် အလောင်းတစ်လောင်းတွင် ချိတ်ထားသည့် ခြင်တစ်ကောင်လို ဖယ်ရှားရန် မဖြစ်နိုင်ပေ။ မြွေကြီးရှိမှသာလျှင် အာရုံပျံ့လွင့်သွားနိုင်ပြီး အရှက်ရစေသော အမှတ်တရများကို ခေတ္တမေ့ပစ်နိုင်သည်။

ရှုဟန်ယွီက ဝမ်းသာသွားကာ ရှုကျင်ထျန်း၏ခန္ဓာကိုယ်ကို လှဲချလိုက်ပြီး...
“ထျန်းထျန်း သူ့ကို မကြိုက်ဘူးလား။ သူက မင်းကို ကိုယ့်လို မဆက်ဆံလို့လား"

ရှုကျင်ထျန်းသည် ခေါင်းကိုငုံ့ကာ တုန်လှုပ်ချောက်ချားစွာဖြင့်...
“မင်း ငါ့ကို အဲ့ဒီလူအကြောင်း ပြောနေတာ ရပ်လို့ရမလား! ပြီးတော့ မင်းကိုယ်မင်း သူနဲ့ မနှိုင်းပါနဲ့"

"ကောင်းပြီ!"
ရှုဟန်ယွီက ဝမ်းသာအားရ ပြန်ဖြေလိုက်ပြီး မိန်းမပျိုလေး၏ နှုတ်ခမ်းကို ဖိကပ်လိုက်သည်။

“ကိုယ် သူ့အကြောင်း မပြောတော့ဘူး။ ထျန်းထျန်းက ကိုယ့်အပိုင်ပဲ"

ရှုဟန်ယွီကပြုံးလိုက်ပြီး မိန်းမပျိုလေးရဲ့ အောက်နှုတ်ခမ်းကိုကိုက်ကာ အတွင်းကိုဝင်ချင်တဲ့ဆန္ဒနဲ့ သူ၏လျှာကို ဆန့်ထုတ်လိုက်လေ၏။

ရှုဟန်ယွီကလန့်သွားပြီး မလှုပ်ရဲဘဲ တောင့်တောင့်ကြီးဖြစ်နေသည်။ သို့သော် ရှုဟန်ယွီက သူ့ကိုနှိပ်စက်ပြီး သူ့အတွေ့အကြုံကို တွေးတောမိအောင် ထိုလူ့အကြောင်းကို ပြောပြခဲ့ခြင်းကြောင့် သက်ပြင်းချမိသည်။ ထို့နောက် ရှုကျင်ထျန်းက အတူပူးပေါင်းပြီး ပါးစပ်ကိုဖြေလျှော့လိုက်သည်။

သူလက်လျှော့လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။သို့တည်းမဟုတ် ရှူဟန်ယွီ၏အရသာက သူ့ကိုဖျားနားချင်သလို ခံစားရစေလို့လည်းဖြစ်နိုင်သည်။ သူ့ပါးစပ်ထဲသို့ ရေခဲသဖွယ် အေးနေသည့်လျှာက ဝင်လာတာကြောင် လျက်ကြည့်ဖို့ကြိုးစားလိုက်သေးသည်။ ရှုဟန်ယွီလျှာက ညစ်ပတ်နေသလားလို့လေ...

ရှုဟန်ယွီက ရုတ် တရက်  မာလာပြီး သွေးနီ ရောင် မျက် လုံးများ ပြူးကျယ် သွားသည် ။ ဒါဟာ သတိရှိနေစဉ်မှာ ထျန်းထျန်းက သူ့ကို ပထမဆုံး စတင်တုံ့ပြန်ခဲ့တာ ပင်။

ရှုဟန်ယွီသည် မိန်းမပျိုလေးအား ကြောင်တက်တက်ဖြင့် ခဏလောက် စိုက်ကြည့်ပြီးနောက် စိတ်ဓာတ်တက်ကြွလာသည်။ အခု ထျန်းထျန်းက သူ့ကို တကယ်ကြိုက်သွားတာလား? မိန်းမပျိုလေးက သူ့အတွက် အကောင်းနဲ့အဆိုး အမြဲရှိနေစေတာမို့ လက်ရှိအနေအထားက သူ့အတွက် မယုံနိုင်အောင်ဖြစ်နေ၏။ ဒါက သူထင်ယောင်ထင်မှား ဖြစ်နေတာလား?

ဒါပေမယ့် အဲ့ဒါက ထင်ယောင်ထင်မှားဆိုရင်တောင် ရှုဟန်ယွီသည် ထိုအဖြစ်အပျက်ထဲ၌ နစ်မြုပ်ပျော်မွေ့နေသေးသည်။ ဒီလို အခိုက်အတန့်လေးရှိတာက လုံးဝမရှိတာထက် ပိုကောင်းသည်။

သူဘာလို့ မလှုပ်ရှားတာလဲ?

ရှုကျင်ထျန်းသည် ရှုဟန်ယွီကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူတို့ကြားက အလွန်နီးကပ်တဲ့အကွာအဝေးကြောင့် မြင်သာထင်သာမြင်သာရှိတဲ့ သွေးနီရဲရဲမျက်ဝန်းတွေကိုမြင်ရပြီး အလွန်ကြောက်စရာကောင်းတဲ့ပုံပေါ်သည်။

ရှုကျင်ထျန်းက အေးခဲသွားသည်အထိ ထိတ်လန့်သွားသော်လည်း ဤအကွာအဝေးနှင့် လိုက်လျောညီထွေနေလိုက်ပြီးနောက်တွင် မြွေကြီး၏နှုတ်ခမ်းများက အနည်းငယ်စိုစွတ်နေပြီး မျက်လုံးများက ရွှန်းလဲ့တောက်ပမှုများဖြင့် ပြည့်နှက်နေသည်ကို သတိပြုမိသည်။ ထိုအရာက လူတစ်ယောက်ကို ကြည်နူးမှုထဲသို့ နစ်မြုပ်သွားစေပြီး ၎င်းတို့ကိုယ်တိုင် မရုန်းထွက်နိုင်စေမည့် သံမှိုတစ်ခုလို ဆွဲဆောင်နေသည်။

ရှုဟန်ယွီမျက်တောင်ခတ်မှသာ ရှုကျင်ထျန်းမှာရုတ်တရက် လန့်ပြီးသတိဝင်လာလေ၏။
"အွန်း...မင်းဘာဖြစ်နေတာလဲ"

ရှုကျင်ထျန်း၏ပါးစပ်သည် ရှုဟန်ယွီ၏လျှာကို ထိကပ်ထားဆဲဖြစ်ရာ စကားပြောသောအခါ အနည်းငယ် မပီမသဖြစ်နေ၏။

ရှုဟန်ယွီသည်လည်း သတိပြန်ဝင်လာပြီး မျက်လုံးတွေကိုမှိတ်ကာ သူ့ရဲ့အားနည်းတဲ့ခံစားချက်တွေကိုလည်း မေ့ဖျောက်ပစ်လိုက်သည်။ မိန်းမပျိုလေး၏ ပျော့ပျောင်းသောလျှာက တွန့်လိမ်နေပြီး နွေးထွေးသောပါးစပ်က သူ့ကိုစွဲမက်စေတာကြောင့် နက်ရှိုင်းစွာတိုးဝင် စုပ်ယူနေမိသည်။ ရှုဟန်ယွီသည် ဤမြင်ကွင်းကိုမကြည့်ဝံ့တာကြောင့် မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်တော့သည်။

ပါးလျပြီးရှည်လျားသော မြွေလျှာသည် မိန်းမပျိုလေး၏ပါးစပ်တွင်း အနက်ရှိုင်းဆုံးအပိုင်းသို့ ပျော့ပြောင်းစွာ လျှောဆင်းသွားသည်။ ရှုဟန်ယွီသည် သူ၏လျှာကို အမှတ်တမဲ့လှုပ်လိုက်ရာ မိန်းမပျိုလေး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"အွန်း...အဟွတ် အဟွတ်"
ရှုကျင်ထျန်းက ရှုဟန်ယွီကို တွန်းထုတ်လိုက်၏။

ရှုဟန်ယွီက ဆက်လုပ်ချင်သေးသည်။ သူ၏ပါးလျသောလျှာဖြင့် မိန်းမပျိုလေး၏ နီမြန်းသော နှုတ်ခမ်းထောင့်ရှိ အရည်အစအနများကို လျက်လိုက်သည်။ သူသည် နွေးထွေးပြီး ချစ်စရာကောင်းသောပုံစံဖြင့် မိန်းမပျိုလေးနှင့် နဖူးချင်းဖိကပ်ကာ ညင်သာစွာ ခေါ်လိုက်သည်။
"ထျန်းထျန်း"

ရှုကျင်ထျန်း၏မျက်နှာသည် အနည်းငယ်နီရဲနေပြီး သူ့ပါးစပ်နားတွင်ကျန်ရှိသော အစိုဓာတ်ကိုမျိုချလိုက်ရင်း...
"ငါ နည်းနည်း ရေငတ်နေတယ်။ ငါ့ကို   ရေသောက်ဖို့ ခေါ်သွားပေး!"

ရှုဟန်ယွီက ထုံးစံအတိုင်း ကန့်ကွက်ခြင်းမရှိဘဲ မိန်းမပျိုလေးကို တောင်ပေါ်မှ သယ်ဆောင်သွားလေ၏။

ရှုကျင်ထျန်းသည် အဝတ်မပါတာကြောင့် အောက်သို့ အမြန်ဆင်းချင်သည်။ မြွေကြီးသည် သူ့အား တင်းကျပ်စွာပွေ့ဖက်ထားတာကြောင့် သူ့တစ်ကိုယ်လုံး နာကျင်နေလေ၏။

ထိုနာကျင်မှုကို တွန်းလှန်လိုက်ရင်းဖြင့်  ပြောလိုက်သည်။
“အား! မင်းငါ့ကို နာအောင်လုပ်နေတယ်။ ငါအဝတ်အစားပဲဝတ်ချင်တယ်။ မြန်မြန် ငါ့ကိုလွှတ်ပေးဦး"

ရှုကျင်ထျန်းသည် ချက်ချင်းပင် သူ၏ခွန်အားကို ဖြေလျှော့ပြီး မိန်းမပျိုလေးကို ချပေးလိုက်သည်။ တကယ်တော့ သူက မိန်းမပျိုလေးကို အပြစ်ပေးချင်သော်လည်း မလုပ်တော့ပေ။ ရှုဟန်ယွီက သူ့ကို ထိန်းထားချင်ပေမယ့် သူ့ခွန်အားကိုမထိန်းနိုင်ခဲ့တာကြောင့် မိန်းမပျိုလေးကို နာကျင်စေခဲ့သည်။

ရှုကျင်ထျန်းသည် မြေပြင်ပေါ်တွင်ခြေချပြီး အပြင်ဘက်ရှိ ခြောက်နေသောအဝတ်များကိုယူရန် တုန်ယင်နေသော ခြေထောက်များဖြင့် တောင်စောင်းသို့ ဂရုတစိုက် ချဉ်းကပ်ခဲ့သည်။ တစ်ညတည်းနှင့် သူ၏အဝတ်အစားများက ခြောက်သွေ့သွားသော်လည်း သူ၏ အဖြူရောင်တီရှပ်လက်ရှည်မှာ အဝါရောင်ဖြစ်နေတာကို မြင်ရသောအခါ ရှုကျင်ထျန်းမှာ စိတ်မသက်မသာ ခံစားခဲ့ရသည်။

ရှုကျင်ထျန်းက ရှုဟန်ယွီကို အကြာကြီးစောင့်မခိုင်းဘဲ သူ့အဝတ်အစားကို အမြန်ဝတ်လိုက်သည်။ သူ့ဘောင်းဘီကို ၀တ်ထားတဲ့အခါ သူ့အနောက်နေရာကို မလွှဲမရှောင်သာ အားစိုက်ထုတ်နေရသည်။ သူ၏ နဂိုက နီရဲနေသောမျက်နှာသည် ချက်ချင်းပင် မြင့်တက်လာသည့် အပူဒဏ်ကိုပင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရနိုင်သည်။

သူ့ကိုယ်သူ၀တ်ဆင်ပြီးနောက် ရှုကျင်ထျန်းသည် တောင်ပေါ်မှဆင်းရန် ရှုဟန်ယွီ၏အကူအညီကို ငြင်းဆန်ခဲ့သည်။ ရှုဟန်ယွီက ကြင်နာစွာသဘောတူပြီး မိန်းမပျိုလေးကို ဖြည်းညှင်းစွာ ငုံ့ကြည့်နေလေ၏။

ရှုကျင်ထျန်း၏ ခြေထောက်နှစ်ချောင်းသည် လှုပ်လိုက်သည်နှင့် ထုံကျင်ကာပျော့ခွေသွားသည်။ ရှုဟန်ယွီ၏လက်ကို ဆုပ်ကိုင်ထားရင်း တုန်တုန်ယင်ယင် တောင်ပေါ်မှဆင်းလိုက်ရသည်။ မြစ်ကမ်းကိုရောက်တော့ ခြေတစ်လှမ်းတောင်မှ ထပ်မလှမ်းနိုင်တော့ဘူး။

ရှုကျင်ထျန်းသည် မြက်ခင်းပြင်ပေါ်တွင် ပျော့ညံ့စွာ ဝပ်တွားရင်း ရေကိုသောက်လိုက်ပြီး သူ့သွားများကို သန့်စင်ရန် ရေသန့်ကိုပင် အနည်းငယ် ရှာတွေ့ခဲ့သည်။ ထို့နောက် မျက်နှာကိုဆေးကြောလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး ပိုမိုသန့်ရှင်းလာသလိုပင်။

ရှုကျင်ထျန်းသည် လည်ပင်းတစ်ဝိုက်ရှိ စပျစ်နွယ်ပင်ကိုဆွဲရင်း ပျော့ပျောင်းပေမယ့် အရမ်းခိုင်မြဲကြမ်းတမ်းသည့် ခံစားမှုတစ်ခုရလိုက်သည်။ သူ့စိတ်ထဲတွင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး ရှုဟန်ယွီကို အရေးတကြီး မေးလိုက်သည်။

" ဟန်ယွီ၊ မင်း ဒီစပျစ်နွယ်ပင်မျိုးကို ဘယ်ကရလာတာလဲ။ ဒီထက် ပိုသေးသွယ်တဲ့ဟာမျိုး ရှိလား"

ရှုဟန်ယွီက ချက်ချင်းတုံ့ပြန်လာ၏။
“ရှိတယ်။ တောင်တွေနောက်မှာ ဒီလိုစပျစ်နွယ်ပင်တွေ အများကြီးရှိတယ်။ ထျန်းထျန်းက ပိုသေးတဲ့ စပျစ်နွယ်ပင်ကို ပြောင်းချင်တာလား။ ကိုယ် မင်းကို ခေါ်သွားပေးမယ်"

ရှုကျင်ထျန်းက ဝမ်းသာသွားပြီး စိတ်အားထက်သန်စွာနဲ့ ဆက်မေးလိုက်သည်။
“ဘယ်လောက်သေးလဲ။ ဘာနဲ့တူလဲ"

ရှုဟန်ယွီက တွေးကြည့်ပြီးနောက် ကြာဇံ၊ခေါက်ဆွဲကဲ့သို့ ပါးလွှာသော ရေမှော်တစ်ပင်ကို ဆွဲထုတ်လိုက်သည်။

“အများစုကတော့ ဒီလောက်သေးတယ်။ ဒါပေမယ့် အရမ်းသေးသွယ်နေရင် မွန်းကျပ်သွားလိမ့်မယ်။ ဒီစပျစ်နွယ်ပင်က ကိုယ် ဂရုတစိုက်နဲ့ ရွေးချယ်ထားတာ...ထျန်းထျန်း ဒီဟာကိုမကြိုက်ရင် မင်းပိုကြိုက်တာကို ဘယ်လိုရွေးမလဲ"

ရှုကျင်ထျန်းမှာ ဒေါသထွက်လာပြီး ရှုဟန်ယွီကို ကုတ်ဖဲ့ပစ်ဖို့ သည်းမခံနိုင်လုနီးပါး ဖြစ်နေသည်။

ရှုဟန်ယွီ လုံလောက်ပြီ!! ဖာ့ခ်! မင်းက ဒီလောင်ဇီကို ချည်ထားဖို့ လောင်ဇီက အကြိုက်ဆုံးကြိုးကို ရွေးပေးလိမ့်မယ်လို့ မျှော်လင့်နေတယ်။ မင်းက အရူးလား!

ရှုကျင်ထျန်းသည် သူ၏ဒေါသကိုထိန်းလိုက်ပြီး အသက်ပြင်းပြင်းရှူကာ...
"ကောင်းပြီ၊ ငါ့ကိုကြည့်ဖို့ ခေါ်သွားပေး"

ရှုဟန်ယွီကလည်း ညင်သာစွာပြောလာ၏။
"ကောင်းပြီ!"

ရှုကျင်ထျန်းက တကယ်ကြီးကို လမ်းမလျှောက်နိုင်တော့ဘူး။ ရှုဟန်ယွီက တောင်နောက်ကိုရောက်ဖို့ ပတ်ပတ်လည်ကို ကွေ့ပတ်သွားရမယ်လို့ ပြောတာကို ကြားပြီးတဲ့နောက်မှာ သူဟာ အလွန်အကျင့်ယိုယွင်းသွားပြီး သယ်ဆောင်ခိုင်းဖို့ စတင်လုပ်ဆောင်တော့သည်။

ရွှင်မြူးနေသော ရှုဟန်ယွီသည် မိန်းမပျိုလေး၏နှာခေါင်းထိပ်ကို လေဖြင့်မှုတ်ထုတ်ပြီး သတို့သမီးပုံစံကို သယ်ဆောင်လိုက်သည်။

"အိုက်ယား!!! ~~ ငါ့ကို မင်းနောက်ကျောပေါ်မှာ သယ်ဖို့တောင်းဆိုပါတယ်။ ငါ့ကို ဒီလိုမသယ်ပါနဲ့တော့။ ဒီလိုသယ်ရင် ငါမလိုက်တော့ဘူး။ လောင်ဇီက မိန်းမမဟုတ်ဘူးကွ...မင်းသမီးလေးလို သယ်လို့သယ်နဲ့ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ကြောက်စရာကောင်းလွန်းတယ်!”

ရှုဟန်ယွီသည် ရှုဟန်ယွီ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့်တွယ်ချိတ်ထားပြီး တင်ပါးကို ပြင်းပြင်းထန်ထန် လှုပ်လိုက်ပြီးနောက် လျှောဆင်းချင်နေသည်။

"ထျန်းထျန်းက မိန်းမလေ...ထျန်းထျန်းက ကိုယ့်မိန်းမ"
ရှုဟန်ယွီက နူးညံ့တဲ့အပြုံးလေးနဲ့ ပြောလိုက်သည်။

"ဟေး ဟေး ဟေး! လောင်ဇီက သေချာပေါက် ယောကျ်ားပဲ...ငါ့မှာ မင်းနဲ့တူတာရှိတယ် မင်းမမြင်ဘူးလား"

ရှုကျင်ထျန်းက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း လက်ရှိစိတ်နေစိတ်ထားက အတော်လေး ကောင်းမွန်နေတာကြောင့် သူ ချက်ချင်းငြင်းပစ်လိုက်သည်။

"ဘာတူတာလဲ"
ရှုဟန်ယွီက ခေါင်းကိုငုံ့ပြီး စူးစူးဝါးဝါး ပြောလိုက်သည်။

ရှုကျင်ထျန်းက ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“အဲဒါ...အဲ့ဒီနေရာ လေ! မနေ့က မင်းငါ့ကို ထိတဲ့ နေရာ"

ရှုဟန်ယွီက ရုတ်တရက် နားလည်သွားသည်။ ထျန်းထျန်းက သူတို့ရဲ့ လိင်အင်္ဂါအကြောင်း ပြောနေတာပဲ။ ဒါပေမယ့် ဘယ်လိုတူညီတာလဲ? သိသိသာသာ ကွဲပြားတဲ့ဟာကို!

ရှုဟန်ယွီက စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။
"အဲ့ဒါက မတူညီဘူး။ ထျန်းထျန်းဟာက တိုတိုလေး...ပြီးတော့ တစ်ခုတည်းရယ်...ဒါပေမယ့် တစ်ခြားသားရဲတွေမှာလည်း တစ်ခုတည်းရှိတာမို့ ထျန်းထျန်းက ထူးဆန်းတယ်လို့ မခံစားရပါဘူး။ ပိုတိုရင်တောင် ဒါမှမဟုတ် မင်းမှာမရှိရင်တောင် ကိုယ် မင်းကိုမကြိုက်ဘဲ......”

ရှုဟန်ယွီစကားမဆုံးခင် ရှုကျင်ထျန်းသည် ဒေါသတကြီးဖြင့် ရှုဟန်ယွီ၏မျက်နှာကို ဖြတ်ရိုက်လိုက်မိသည်။ နောက်ဆုံးမှာတော့ ရှုဟန်ယွီကို ပါးရိုက်လိုတဲ့စိတ်ဆန္ဒ ပြည့်မြောက်သွားပြီ!

ရှုဟန်ယွီ၏ ထိတ်လန့်တုန်လှုပ်သောအမူအရာကို မြင်လိုက်ရပြီးနောက် သူထိတ်လန့်သွားသည်။

“ဟီးဟီး… မင်းမျက်နှာမှာ ခြင်တစ်ကောင်ရှိတယ်။ ငါမင်းအတွက် သတ်ပေးတာ”
ရှုကျင်ထျန်းက စကားတွေထစ်ငေါ့နေပြီး သူ့နှလုံးသားကမူ အနည်းငယ် ကြောက်ရွံ့နေသည်။

ရှုဟန်ယွီက ဝမ်းသာသွားကာ မိန်းမပျိုလေး၏လက်ကလေးကို ညင်သာစွာပွတ်သပ်ပြီး သူ့မျက်နှာအနားကိုကပ်ကာ ဆုပ်ကိုင်လိုက်သည်။

"ထျန်းထျန်းက တကယ်ကောင်းတာပဲ!"

ရှုကျင်ထျန်း၏ နှုတ်ခမ်းများက လှုပ်ရှားသွားပြီး ကောင်းကင်ကို မော့ကြည့်ရန် ခေါင်းကိုမှင်တက်စွာ မြှောက်လိုက်သည်။ သူ့လက်ကိုတော့ မရုပ်သိမ်းခဲ့ပေ။

ထို့နောက် သူက တောင့်တောင့်ကြီးပြောလိုက်သည်။
"အဟမ်း! သိတယ်!"

~~~~~~

30/11/21(8:00PM)

(Zawgyi)

အသားကင္စားၿပီးတဲ့အခါမွာေတာ့ ရႈက်င္ထ်န္းက အနည္းငယ္ ေရငတ္သြားတယ္။ ရႈဟန္ယြီက သူ႕အတြက္ အသီးတစ္ခုခု ယူလာသလားဆိုတာကို သူ လွည့္ၾကည့္လိုက္သည္။ ထိုမွသာ ရႈဟန္ယြီက သူ႕အတြက္ ယခင္လိုဏ္ဂူမွ ပစၥည္းအားလုံးကို ျပန္လည္ယူေဆာင္လာေၾကာင္း သူျမင္လိုက္ရသည္။

ႀကီးမားေသာပင္လယ္ခြံရွိဆားသည္ အလယ္ဗဟိုတြင္ ေပါက္သြားခဲ့သည္။ သူ႕ဂ်ာကင္အကၤ်ီနဲ႕ ဂူထဲမွာ သူအရင္ကထားခဲ့တဲ့ ေၾကာင္သားရဲ သားေရေတာင္ ပါလာသည္။ ၾကည့္ရတာ အရမ္းအဆင္ေျပေပမယ့္ အသုံးဝင္ပါ့မလားဆိုတာ ဘယ္သူသိနိုင္မွာလဲ? ဒီေန႕အေရခြံခြာထားတဲ့ ေၾကာင္သားရဲအေရျပားကိုလည္း ရႈဟန္ယြီကကိုင္တြယ္ၿပီး ခ်ဳံပုတ္တစ္ခုေပၚတြင္ အေျခာက္ခံထားသည္။

မင္း ယူလာတာ အမ်ားႀကီးပဲ။ ေ႐ႊ႕ရခက္ေနမယ့္ဟာကို အတူတူသယ္ဖို႔ ဘာလို႔ ငါ့ကို မေစာင့္တာလဲ"

ရႈက်င္ထ်န္းမွာ မိုးစဲကတည္းက သူတို႔အဲဒီမွာ ျပန္ၿပီးေနထိုင္နိုင္ၿပီလို႔ ေျပာခ်င္တယ္။ ဒါေပမယ့္ ေႁမြဂူထဲတြင္ အခ်ဳပ္ခံရသည္ကို သူျပန္သတိရေသာအခါတြင္ ေခတၱရပ္လိုက္ၿပီး စကားေျပာင္းလိုက္သည္။ ယခုလည္း သူသည္ အတင္းအၾကပ္ခ်ည္ႏွောင္ခံထားရၿပီး မည္သို႔ပင္ျဖစ္ေစ လြတ္လြတ္လပ္လပ္ မလႈပ္ရွားနိုင္ေတာ့ေပ။ သူတကယ္ကို စိတ္ဆင္းရဲသလို ခံစားေနရသည္။

သူသည္ ေႁမြႀကီး၏ သူ႕အေပၚ သတိထားမႈကို ဖယ္ရွားပစ္ရမည္။ အခုအခါ သူက ရႈဟန္ယြီနဲ႕အတူေနဖို႔ တကယ္ပဲ ရည္႐ြယ္ထားၿပီး သူတို႔မွာရွည္လ်ားတဲ့ အနာဂတ္ေတြရွိေနေသးသည္။ ဤကဲ့သို႔ ပိတ္ေလွာင္မယ္ဆိုရင္ေတာ့ သူေသခ်ာေပါက္ အသက္ရွင္နိုင္မည္မဟုတ္ေပ။ ေနာက္ၿပီးေတာ့ အဲဒီကိစၥ...ေႁမြႀကီးနဲ႕သူအတူတူပဲ ေယာက်္ားေတြျဖစ္ေၾကာင္း ရွင္းျပရန္ အခ်ိန္ေကာင္းရွာသင့္သည္။

ဒီကိစၥကို ေသခ်ာရွင္းျပရမယ္။

သူ႕ကို မႏွောင့္ယွက္ဘဲ ေႁမြႀကီးကို အမွန္အတိုင္းျမင္ေအာင္ လုပ္ခိုင္းရမည္။ ရႈဟန္ယြီ သူ႕ကိုမလိုခ်င္ေတာ့ရင္ ဘာမွလုပ္လို႔မရေပမယ့္ သူ႕ကိုမစားသေ႐ြ႕ေတာ့ အဆင္ေျပပါတယ္။

"မလိုပါဘူး ထ်န္းထ်န္းက ေကာင္းေကာင္းအနားယူသင့္တယ္။ တျခားကိစၥ အားလုံးကို ကိုယ့္ကိုပဲ ကိုင္တြယ္ခြင့္ေပးရမယ္"

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို ေပြ႕ဖက္ထားၿပီး လက္ႏွစ္ဘက္စလုံးက သူ႕ဗိုက္ကိုဆုပ္နယ္ၿပီးေနာက္ ခါးကိုလည္းဆုပ္နယ္လိုက္သည္။

ထ်န္းထ်န္း ပိုပိန္လာတယ္။ သူက မင္းကို ေကာင္းေကာင္း မစားခိုင္းဘူးလား"
ရႈဟန္ယြီ၏ေလသံမွာ အနည္းငယ္စိတ္ဆိုးေနသလိုပင္။ ရႈက်င္ထ်န္း၏လက္ကို ဆုပ္ကိုင္ေနခ်ိန္တြင္ အနည္းငယ္မွ်ပင္အားမရေပ။

က်စ္...မဟုတ္ဘူး။ သူေကြၽးရင္ေတာင္ ငါစားလို႔မရဘူး။ ငါ့ကိုေျပာစမ္းပါ အဲဒီလူက ဘာလဲ။ အရမ္းစိတ္ညစ္စရာေကာင္းတာပဲ!"

ရႈက်င္ထ်န္းသည္ ထိုႏွစ္ရက္အတြင္း သူဘာစားခဲ့သလဲ၊ ဘယ္လိုစားခဲ့ရသလဲ၊ ထိုလူက သူ႕အား ဘာလုပ္ခဲ့သလဲဆိုတာ ေတြးေနသမွ်ကာလပတ္လုံး သူ မအီမသာျဖစ္မိသည္။

ယခုေတာ့ သူသည္ ထိုဆိုး႐ြားေသာ အေတြ႕အႀကဳံမ်ားကို တတ္နိုင္သမွ် အျမန္ဆုံး ေမ့ထားခ်င္ခဲ့သည္။ သို႔ေသာ္ သူတစ္ေယာက္တည္း ၿငိမ္သက္ေနသည့္အခါတိုင္း ထို႐ုပ္ပုံမ်ားသည္ အေလာင္းတစ္ေလာင္းတြင္ ခ်ိတ္ထားသည့္ ျခင္တစ္ေကာင္လို ဖယ္ရွားရန္ မျဖစ္နိုင္ေပ။ ေႁမြႀကီးရွိမွသာလွ်င္ အာ႐ုံပ်ံ့လြင့္သြားနိုင္ၿပီး အရွက္ရေစေသာ အမွတ္တရမ်ားကို ေခတၱေမ့ပစ္နိုင္သည္။

ရႈဟန္ယြီက ဝမ္းသာသြားကာ ရႈက်င္ထ်န္း၏ခႏၶာကိုယ္ကို လွဲခ်လိဳက္ၿပီး...
ထ်န္းထ်န္း သူ႕ကို မႀကိဳက္ဘူးလား။ သူက မင္းကို ကိုယ့္လို မဆက္ဆံလို႔လား"

ရႈက်င္ထ်န္းသည္ ေခါင္းကိုငုံ႕ကာ တုန္လႈပ္ေခ်ာက္ခ်ားစြာျဖင့္...
မင္း ငါ့ကို အဲ့ဒီလူအေၾကာင္း ေျပာေနတာ ရပ္လို႔ရမလား! ၿပီးေတာ့ မင္းကိုယ္မင္း သူနဲ႕ မႏွိုင္းပါနဲ႕"

"ေကာင္းၿပီ!"
ရႈဟန္ယြီက ဝမ္းသာအားရ ျပန္ေျဖလိုက္ၿပီး မိန္းမပ်ိဳေလး၏ ႏႈတ္ခမ္းကို ဖိကပ္လိုက္သည္။

ကိုယ္ သူ႕အေၾကာင္း မေျပာေတာ့ဘူး။ ထ်န္းထ်န္းက ကိုယ့္အပိုင္ပဲ"

ရႈဟန္ယြီကၿပဳံးလိုက္ၿပီး မိန္းမပ်ိဳေလးရဲ႕ ေအာက္ႏႈတ္ခမ္းကိုကိုက္ကာ အတြင္းကိုဝင္ခ်င္တဲ့ဆႏၵနဲ႕ သူ၏လွ်ာကို ဆန႔္ထုတ္လိုက္ေလ၏။

ရႈဟန္ယြီကလန႔္သြားၿပီး မလႈပ္ရဲဘဲ ေတာင့္ေတာင့္ႀကီးျဖစ္ေနသည္။ သို႔ေသာ္ ရႈဟန္ယြီက သူ႕ကိုႏွိပ္စက္ၿပီး သူ႕အေတြ႕အႀကဳံကို ေတြးေတာမိေအာင္ ထိုလူ႕အေၾကာင္းကို ေျပာျပခဲ့ျခင္းေၾကာင့္ သက္ျပင္းခ်မိသည္။ ထို႔ေနာက္ ရႈက်င္ထ်န္းက အတူပူးေပါင္းၿပီး ပါးစပ္ကိုေျဖေလွ်ာ့လိုက္သည္။

သူလက္ေလွ်ာ့လိုက္ျခင္း ျဖစ္ေကာင္းျဖစ္နိုင္သည္။သို႔တည္းမဟုတ္ ရႉဟန္ယြီ၏အရသာက သူ႕ကိုဖ်ားနားခ်င္သလို ခံစားရေစလို႔လည္းျဖစ္နိုင္သည္။ သူ႕ပါးစပ္ထဲသို႔ ေရခဲသဖြယ္ ေအးေနသည့္လွ်ာက ဝင္လာတာေၾကာင္ လ်က္ၾကည့္ဖို႔ႀကိဳးစားလိုက္ေသးသည္။ ရႈဟန္ယြီလွ်ာက ညစ္ပတ္ေနသလားလို႔ေလ...

ရႈဟန္ယြီက ႐ုတ္ တရက္  မာလာၿပီး ေသြးနီ ေရာင္ မ်က္ လုံးမ်ား ျပဴးက်ယ္ သြားသည္ ။ ဒါဟာ သတိရွိေနစဥ္မွာ ထ်န္းထ်န္းက သူ႕ကို ပထမဆုံး စတင္တုံ႕ျပန္ခဲ့တာ ပင္။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးအား ေၾကာင္တက္တက္ျဖင့္ ခဏေလာက္ စိုက္ၾကည့္ၿပီးေနာက္ စိတ္ဓာတ္တက္ႂကြလာသည္။ အခု ထ်န္းထ်န္းက သူ႕ကို တကယ္ႀကိဳက္သြားတာလား? မိန္းမပ်ိဳေလးက သူ႕အတြက္ အေကာင္းနဲ႕အဆိုး အၿမဲရွိေနေစတာမို႔ လက္ရွိအေနအထားက သူ႕အတြက္ မယုံနိုင္ေအာင္ျဖစ္ေန၏။ ဒါက သူထင္ေယာင္ထင္မွား ျဖစ္ေနတာလား?

ဒါေပမယ့္ အဲ့ဒါက ထင္ေယာင္ထင္မွားဆိုရင္ေတာင္ ရႈဟန္ယြီသည္ ထိုအျဖစ္အပ်က္ထဲ၌ နစ္ျမဳပ္ေပ်ာ္ေမြ႕ေနေသးသည္။ ဒီလို အခိုက္အတန႔္ေလးရွိတာက လုံးဝမရွိတာထက္ ပိုေကာင္းသည္။

သူဘာလို႔ မလႈပ္ရွားတာလဲ?

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီကို ထိတ္လန႔္စြာ ၾကည့္လိုက္သည္။ သူတို႔ၾကားက အလြန္နီးကပ္တဲ့အကြာအေဝးေၾကာင့္ ျမင္သာထင္သာျမင္သာရွိတဲ့ ေသြးနီရဲရဲမ်က္ဝန္းေတြကိုျမင္ရၿပီး အလြန္ေၾကာက္စရာေကာင္းတဲ့ပုံေပၚသည္။

ရႈက်င္ထ်န္းက ေအးခဲသြားသည္အထိ ထိတ္လန႔္သြားေသာ္လည္း ဤအကြာအေဝးႏွင့္ လိုက္ေလ်ာညီေထြေနလိုက္ၿပီးေနာက္တြင္ ေႁမြႀကီး၏ႏႈတ္ခမ္းမ်ားက အနည္းငယ္စိုစြတ္ေနၿပီး မ်က္လုံးမ်ားက ႐ႊန္းလဲ့ေတာက္ပမႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္ကို သတိျပဳမိသည္။ ထိုအရာက လူတစ္ေယာက္ကို ၾကည္ႏူးမႈထဲသို႔ နစ္ျမဳပ္သြားေစၿပီး ၎တို႔ကိုယ္တိုင္ မ႐ုန္းထြက္နိုင္ေစမည့္ သံမွိုတစ္ခုလို ဆြဲေဆာင္ေနသည္။

ရႈဟန္ယြီမ်က္ေတာင္ခတ္မွသာ ရႈက်င္ထ်န္းမွာ႐ုတ္တရက္ လန႔္ၿပီးသတိဝင္လာေလ၏။
"အြန္း...မင္းဘာျဖစ္ေနတာလဲ"

ရႈက်င္ထ်န္း၏ပါးစပ္သည္ ရႈဟန္ယြီ၏လွ်ာကို ထိကပ္ထားဆဲျဖစ္ရာ စကားေျပာေသာအခါ အနည္းငယ္ မပီမသျဖစ္ေန၏။

ရႈဟန္ယြီသည္လည္း သတိျပန္ဝင္လာၿပီး မ်က္လုံးေတြကိုမွိတ္ကာ သူ႕ရဲ႕အားနည္းတဲ့ခံစားခ်က္ေတြကိုလည္း ေမ့ေဖ်ာက္ပစ္လိုက္သည္။ မိန္းမပ်ိဳေလး၏ ေပ်ာ့ေပ်ာင္းေသာလွ်ာက တြန႔္လိမ္ေနၿပီး ႏြေးေထြးေသာပါးစပ္က သူ႕ကိုစြဲမက္ေစတာေၾကာင့္ နက္ရွိုင္းစြာတိုးဝင္ စုပ္ယူေနမိသည္။ ရႈဟန္ယြီသည္ ဤျမင္ကြင္းကိုမၾကည့္ဝံ့တာေၾကာင့္ မ်က္လုံးမ်ားကို တင္းတင္းမွိတ္ထားလိုက္ေတာ့သည္။

ပါးလ်ၿပီးရွည္လ်ားေသာ ေႁမြလွ်ာသည္ မိန္းမပ်ိဳေလး၏ပါးစပ္တြင္း အနက္ရွိုင္းဆုံးအပိုင္းသို႔ ေပ်ာ့ေျပာင္းစြာ ေလွ်ာဆင္းသြားသည္။ ရႈဟန္ယြီသည္ သူ၏လွ်ာကို အမွတ္တမဲ့လႈပ္လိုက္ရာ မိန္းမပ်ိဳေလး၏ ေအာ္ဟစ္သံကို ၾကားလိုက္ရသည္။

"အြန္း...အဟြတ္ အဟြတ္"
ရႈက်င္ထ်န္းက ရႈဟန္ယြီကို တြန္းထုတ္လိုက္၏။

ရႈဟန္ယြီက ဆက္လုပ္ခ်င္ေသးသည္။ သူ၏ပါးလ်ေသာလွ်ာျဖင့္ မိန္းမပ်ိဳေလး၏ နီျမန္းေသာ ႏႈတ္ခမ္းေထာင့္ရွိ အရည္အစအနမ်ားကို လ်က္လိုက္သည္။ သူသည္ ႏြေးေထြးၿပီး ခ်စ္စရာေကာင္းေသာပုံစံျဖင့္ မိန္းမပ်ိဳေလးႏွင့္ နဖူးခ်င္းဖိကပ္ကာ ညင္သာစြာ ေခၚလိုက္သည္။
"ထ်န္းထ်န္း"

ရႈက်င္ထ်န္း၏မ်က္ႏွာသည္ အနည္းငယ္နီရဲေနၿပီး သူ႕ပါးစပ္နားတြင္က်န္ရွိေသာ အစိုဓာတ္ကိုမ်ိဳခ်လိဳက္ရင္း...
"ငါ နည္းနည္း ေရငတ္ေနတယ္။ ငါ့ကို   ေရေသာက္ဖို႔ ေခၚသြားေပး!"

ရႈဟန္ယြီက ထုံးစံအတိုင္း ကန႔္ကြက္ျခင္းမရွိဘဲ မိန္းမပ်ိဳေလးကို ေတာင္ေပၚမွ သယ္ေဆာင္သြားေလ၏။

ရႈက်င္ထ်န္းသည္ အဝတ္မပါတာေၾကာင့္ ေအာက္သို႔ အျမန္ဆင္းခ်င္သည္။ ေႁမြႀကီးသည္ သူ႕အား တင္းက်ပ္စြာေပြ႕ဖက္ထားတာေၾကာင့္ သူ႕တစ္ကိုယ္လုံး နာက်င္ေနေလ၏။

ထိုနာက်င္မႈကို တြန္းလွန္လိုက္ရင္းျဖင့္  ေျပာလိုက္သည္။
အား! မင္းငါ့ကို နာေအာင္လုပ္ေနတယ္။ ငါအဝတ္အစားပဲဝတ္ခ်င္တယ္။ ျမန္ျမန္ ငါ့ကိုလႊတ္ေပးဦး"

ရႈက်င္ထ်န္းသည္ ခ်က္ခ်င္းပင္ သူ၏ခြန္အားကို ေျဖေလွ်ာ့ၿပီး မိန္းမပ်ိဳေလးကို ခ်ေပးလိုက္သည္။ တကယ္ေတာ့ သူက မိန္းမပ်ိဳေလးကို အျပစ္ေပးခ်င္ေသာ္လည္း မလုပ္ေတာ့ေပ။ ရႈဟန္ယြီက သူ႕ကို ထိန္းထားခ်င္ေပမယ့္ သူ႕ခြန္အားကိုမထိန္းနိုင္ခဲ့တာေၾကာင့္ မိန္းမပ်ိဳေလးကို နာက်င္ေစခဲ့သည္။

ရႈက်င္ထ်န္းသည္ ေျမျပင္ေပၚတြင္ေျခခ်ၿပီး အျပင္ဘက္ရွိ ေျခာက္ေနေသာအဝတ္မ်ားကိုယူရန္ တုန္ယင္ေနေသာ ေျခေထာက္မ်ားျဖင့္ ေတာင္ေစာင္းသို႔ ဂ႐ုတစိုက္ ခ်ဥ္းကပ္ခဲ့သည္။ တစ္ညတည္းႏွင့္ သူ၏အဝတ္အစားမ်ားက ေျခာက္ေသြ႕သြားေသာ္လည္း သူ၏ အျဖဴေရာင္တီရွပ္လက္ရွည္မွာ အဝါေရာင္ျဖစ္ေနတာကို ျမင္ရေသာအခါ ရႈက်င္ထ်န္းမွာ စိတ္မသက္မသာ ခံစားခဲ့ရသည္။

ရႈက်င္ထ်န္းက ရႈဟန္ယြီကို အၾကာႀကီးေစာင့္မခိုင္းဘဲ သူ႕အဝတ္အစားကို အျမန္ဝတ္လိုက္သည္။ သူ႕ေဘာင္းဘီကို ၀တ်ထားတဲ့အခါ သူ႕အေနာက္ေနရာကို မလႊဲမေရွာင္သာ အားစိုက္ထုတ္ေနရသည္။ သူ၏ နဂိုက နီရဲေနေသာမ်က္ႏွာသည္ ခ်က္ခ်င္းပင္ ျမင့္တက္လာသည့္ အပူဒဏ္ကိုပင္ ရွင္းရွင္းလင္းလင္း ခံစားလိုက္ရနိုင္သည္။

သူ႕ကိုယ္သူ၀တ္ဆင္ၿပီးေနာက္ ရႈက်င္ထ်န္းသည္ ေတာင္ေပၚမွဆင္းရန္ ရႈဟန္ယြီ၏အကူအညီကို ျငင္းဆန္ခဲ့သည္။ ရႈဟန္ယြီက ၾကင္နာစြာသေဘာတူၿပီး မိန္းမပ်ိဳေလးကို ျဖည္းညွင္းစြာ ငုံ႕ၾကည့္ေနေလ၏။

ရႈက်င္ထ်န္း၏ ေျခေထာက္ႏွစ္ေခ်ာင္းသည္ လႈပ္လိုက္သည္ႏွင့္ ထုံက်င္ကာေပ်ာ့ေခြသြားသည္။ ရႈဟန္ယြီ၏လက္ကို ဆုပ္ကိုင္ထားရင္း တုန္တုန္ယင္ယင္ ေတာင္ေပၚမွဆင္းလိုက္ရသည္။ ျမစ္ကမ္းကိုေရာက္ေတာ့ ေျခတစ္လွမ္းေတာင္မွ ထပ္မလွမ္းနိုင္ေတာ့ဘူး။

ရႈက်င္ထ်န္းသည္ ျမက္ခင္းျပင္ေပၚတြင္ ေပ်ာ့ညံ့စြာ ဝပ္တြားရင္း ေရကိုေသာက္လိုက္ၿပီး သူ႕သြားမ်ားကို သန႔္စင္ရန္ ေရသန႔္ကိုပင္ အနည္းငယ္ ရွာေတြ႕ခဲ့သည္။ ထို႔ေနာက္ မ်က္ႏွာကိုေဆးေၾကာလိုက္ရာ ခႏၶာကိုယ္တစ္ခုလုံး ပိုမိုသန့္ရွင္းလာသလိုပင္။

ရႈက်င္ထ်န္းသည္ လည္ပင္းတစ္ဝိုက္ရွိ စပ်စ္ႏြယ္ပင္ကိုဆြဲရင္း ေပ်ာ့ေပ်ာင္းေပမယ့္ အရမ္းခိုင္ၿမဲၾကမ္းတမ္းသည့္ ခံစားမႈတစ္ခုရလိုက္သည္။ သူ႕စိတ္ထဲတြင္ အလင္းတန္းတစ္ခု ႐ုတ္တရက္ လင္းလက္လာၿပီး ရႈဟန္ယြီကို အေရးတႀကီး ေမးလိုက္သည္။

" ဟန္ယြီ၊ မင္း ဒီစပ်စ္ႏြယ္ပင္မ်ိဳးကို ဘယ္ကရလာတာလဲ။ ဒီထက္ ပိုေသးသြယ္တဲ့ဟာမ်ိဳး ရွိလား"

ရႈဟန္ယြီက ခ်က္ခ်င္းတုံ႕ျပန္လာ၏။
ရွိတယ္။ ေတာင္ေတြေနာက္မွာ ဒီလိုစပ်စ္ႏြယ္ပင္ေတြ အမ်ားႀကီးရွိတယ္။ ထ်န္းထ်န္းက ပိုေသးတဲ့ စပ်စ္ႏြယ္ပင္ကို ေျပာင္းခ်င္တာလား။ ကိုယ္ မင္းကို ေခၚသြားေပးမယ္"

ရႈက်င္ထ်န္းက ဝမ္းသာသြားၿပီး စိတ္အားထက္သန္စြာနဲ႕ ဆက္ေမးလိုက္သည္။
ဘယ္ေလာက္ေသးလဲ။ ဘာနဲ႕တူလဲ"

ရႈဟန္ယြီက ေတြးၾကည့္ၿပီးေနာက္ ၾကာဇံ၊ေခါက္ဆြဲကဲ့သို႔ ပါးလႊာေသာ ေရေမွာ္တစ္ပင္ကို ဆြဲထုတ္လိုက္သည္။

အမ်ားစုကေတာ့ ဒီေလာက္ေသးတယ္။ ဒါေပမယ့္ အရမ္းေသးသြယ္ေနရင္ မြန္းက်ပ္သြားလိမ့္မယ္။ ဒီစပ်စ္ႏြယ္ပင္က ကိုယ္ ဂ႐ုတစိုက္နဲ႕ ေ႐ြးခ်ယ္ထားတာ...ထ်န္းထ်န္း ဒီဟာကိုမႀကိဳက္ရင္ မင္းပိုႀကိဳက္တာကို ဘယ္လိုေ႐ြးမလဲ"

ရႈက်င္ထ်န္းမွာ ေဒါသထြက္လာၿပီး ရႈဟန္ယြီကို ကုတ္ဖဲ့ပစ္ဖို႔ သည္းမခံနိုင္လုနီးပါး ျဖစ္ေနသည္။

ရႈဟန္ယြီ လုံေလာက္ၿပီ!! ဖာ့ခ္! မင္းက ဒီေလာင္ဇီကို ခ်ည္ထားဖို႔ ေလာင္ဇီက အႀကိဳက္ဆုံးႀကိဳးကို ေ႐ြးေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတယ္။ မင္းက အ႐ူးလား!

ရႈက်င္ထ်န္းသည္ သူ၏ေဒါသကိုထိန္းလိုက္ၿပီး အသက္ျပင္းျပင္းရႉကာ...
"ေကာင္းၿပီ၊ ငါ့ကိုၾကည့္ဖို႔ ေခၚသြားေပး"

ရႈဟန္ယြီကလည္း ညင္သာစြာေျပာလာ၏။
"ေကာင္းၿပီ!"

ရႈက်င္ထ်န္းက တကယ္ႀကီးကို လမ္းမေလွ်ာက္နိုင္ေတာ့ဘူး။ ရႈဟန္ယြီက ေတာင္ေနာက္ကိုေရာက္ဖို႔ ပတ္ပတ္လည္ကို ေကြ႕ပတ္သြားရမယ္လို႔ ေျပာတာကို ၾကားၿပီးတဲ့ေနာက္မွာ သူဟာ အလြန္အက်င့္ယိုယြင္းသြားၿပီး သယ္ေဆာင္ခိုင္းဖို႔ စတင္လုပ္ေဆာင္ေတာ့သည္။

႐ႊင္ျမဴးေနေသာ ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး၏ႏွာေခါင္းထိပ္ကို ေလျဖင့္မႈတ္ထုတ္ၿပီး သတို႔သမီးပုံစံကို သယ္ေဆာင္လိုက္သည္။

"အိုက္ယား!!! ~~ ငါ့ကို မင္းေနာက္ေက်ာေပၚမွာ သယ္ဖို႔ေတာင္းဆိုပါတယ္။ ငါ့ကို ဒီလိုမသယ္ပါနဲ႕ေတာ့။ ဒီလိုသယ္ရင္ ငါမလိုက္ေတာ့ဘူး။ ေလာင္ဇီက မိန္းမမဟုတ္ဘူးကြ...မင္းသမီးေလးလို သယ္လို႔သယ္နဲ႕ ဘာပဲျဖစ္ျဖစ္ အဲ့ဒါက ေၾကာက္စရာေကာင္းလြန္းတယ္!

ရႈဟန္ယြီသည္ ရႈဟန္ယြီ၏လည္ပင္းကို လက္ႏွစ္ဖက္ျဖင့္တြယ္ခ်ိတ္ထားၿပီး တင္ပါးကို ျပင္းျပင္းထန္ထန္ လႈပ္လိုက္ၿပီးေနာက္ ေလွ်ာဆင္းခ်င္ေနသည္။

"ထ်န္းထ်န္းက မိန္းမေလ...ထ်န္းထ်န္းက ကိုယ့္မိန္းမ"
ရႈဟန္ယြီက ႏူးညံ့တဲ့အၿပဳံးေလးနဲ႕ ေျပာလိုက္သည္။

"ေဟး ေဟး ေဟး! ေလာင္ဇီက ေသခ်ာေပါက္ ေယာက်္ားပဲ...ငါ့မွာ မင္းနဲ႕တူတာရွိတယ္ မင္းမျမင္ဘူးလား"

ရႈက်င္ထ်န္းက အနည္းငယ္ စိတ္လႈပ္ရွားေနေသာ္လည္း လက္ရွိစိတ္ေနစိတ္ထားက အေတာ္ေလး ေကာင္းမြန္ေနတာေၾကာင့္ သူ ခ်က္ခ်င္းျငင္းပစ္လိုက္သည္။

"ဘာတူတာလဲ"
ရႈဟန္ယြီက ေခါင္းကိုငုံ႕ၿပီး စူးစူးဝါးဝါး ေျပာလိုက္သည္။

ရႈက်င္ထ်န္းက ခဏရပ္လိုက္ၿပီး ဆက္ေျပာလိုက္သည္။
အဲဒါ...အဲ့ဒီေနရာ ေလ! မေန႕က မင္းငါ့ကို ထိတဲ့ ေနရာ"

ရႈဟန္ယြီက ႐ုတ္တရက္ နားလည္သြားသည္။ ထ်န္းထ်န္းက သူတို႔ရဲ႕ လိင္အဂၤါအေၾကာင္း ေျပာေနတာပဲ။ ဒါေပမယ့္ ဘယ္လိုတူညီတာလဲ? သိသိသာသာ ကြဲျပားတဲ့ဟာကို!

ရႈဟန္ယြီက စိတ္ရႈပ္ေထြးစြာေျပာလိုက္သည္။
"အဲ့ဒါက မတူညီဘူး။ ထ်န္းထ်န္းဟာက တိုတိုေလး...ၿပီးေတာ့ တစ္ခုတည္းရယ္...ဒါေပမယ့္ တစ္ျခားသားရဲေတြမွာလည္း တစ္ခုတည္းရွိတာမို႔ ထ်န္းထ်န္းက ထူးဆန္းတယ္လို႔ မခံစားရပါဘူး။ ပိုတိုရင္ေတာင္ ဒါမွမဟုတ္ မင္းမွာမရွိရင္ေတာင္ ကိုယ္ မင္းကိုမႀကိဳက္ဘဲ......

ရႈဟန္ယြီစကားမဆုံးခင္ ရႈက်င္ထ်န္းသည္ ေဒါသတႀကီးျဖင့္ ရႈဟန္ယြီ၏မ်က္ႏွာကို ျဖတ္ရိုက္လိုက္မိသည္။ ေနာက္ဆုံးမွာေတာ့ ရႈဟန္ယြီကို ပါးရိုက္လိုတဲ့စိတ္ဆႏၵ ျပည့္ေျမာက္သြားၿပီ!

ရႈဟန္ယြီ၏ ထိတ္လန႔္တုန္လႈပ္ေသာအမူအရာကို ျမင္လိုက္ရၿပီးေနာက္ သူထိတ္လန႔္သြားသည္။

ဟီးဟီး မင္းမ်က္ႏွာမွာ ျခင္တစ္ေကာင္ရွိတယ္။ ငါမင္းအတြက္ သတ္ေပးတာ
ရႈက်င္ထ်န္းက စကားေတြထစ္ေငါ့ေနၿပီး သူ႕ႏွလုံးသားကမူ အနည္းငယ္ ေၾကာက္႐ြံ႕ေနသည္။

ရႈဟန္ယြီက ဝမ္းသာသြားကာ မိန္းမပ်ိဳေလး၏လက္ကေလးကို ညင္သာစြာပြတ္သပ္ၿပီး သူ႕မ်က္ႏွာအနားကိုကပ္ကာ ဆုပ္ကိုင္လိုက္သည္။

"ထ်န္းထ်န္းက တကယ္ေကာင္းတာပဲ!"

ရႈက်င္ထ်န္း၏ ႏႈတ္ခမ္းမ်ားက လႈပ္ရွားသြားၿပီး ေကာင္းကင္ကို ေမာ့ၾကည့္ရန္ ေခါင္းကိုမွင္တက္စြာ ျမႇောက္လိုက္သည္။ သူ႕လက္ကိုေတာ့ မ႐ုပ္သိမ္းခဲ့ေပ။

ထို႔ေနာက္ သူက ေတာင့္ေတာင့္ႀကီးေျပာလိုက္သည္။
"အဟမ္း! သိတယ္!"

~~~~~~

30/11/21(8:00PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...