နေခြည်ထွေး၍ နွေးပါစေ(COMPLETE...

Por Kattamkaung

879K 85.6K 4.8K

အချစ်ရဲ့ Timing , လူတွေရဲ့ ခံယူချက် အမျိုးမျိုးနဲ့ တိုးတက်မှုနှောင့်နှေးနေတဲ့ ဒေသတွေဆီ တစ်ခေါက်လောက် သွားကြည့... Más

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter -30
Chapter-31
Chapter -32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter- 39
Chapter-40
Chapter-41
Chapter-42
Chapter - 43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Chapter-25

12.7K 1.4K 46
Por Kattamkaung

Unicode

ဘဝနှင့် အလှည့်ပြောင်း ၄

"ဆရာလေး လောင်နွန့်အတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့။ ဒီကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာခဲ့ကြတာမို့ ပြန်တော့လဲ စိတ်ကြည်ကြည်နဲ့ပဲပြန်စေချင်ပါတယ်။ အဖွားကိုလည်း ဂရုစိုက်ပေးကြတဲ့အကြောင်း လောင်နွန့်ကိုပြောပေးပါ"

"ဟုတ်ကဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဒီမှာနေခဲ့တဲ့ရက်တွေအတွင်း သေချာစောင့်ရှောက်ပေးခဲ့ကြလို့"

"ဟိုရောက်ရင် ကျွန်တော်တို့ကို သတိရနော့"

"ဒီကိုလည်း ထပ်လာလည်ကြပါအုန်း။ နောက်ဆို ကားလမ်းပေါက်ပြီဆိုတော့"

နှုတ်ဆက်သံများဖြင့် စည်ကားနေသော အိမ်ဝန်းလေး။သုံးပါတ်နီးပါးနေခဲ့ရသော နေရာလေးမှာ အသားကျခါစရှိသေး အိမ်ပြန်ရတော့မည်။ခရီးလာတုန်းက တက်ကြွစိတ်လှုပ်ရှားခဲ့သလောက် အပြန်မှာတော့ ဝမ်းနည်းစိတ်၊မခွဲခွာချင်စိတ်နှင့် ကိုယ့်ကိုယ်ကိုယ်အားမရစိတ်တွေကသာ ချစ်နိုင်းကျောပေါ်မှာပြည့်နေတော့သည်။

မနက်ကိုးနာရီလောက်ကတည်းက သူတို့ဝန်းထဲလာနှုတ်ဆက်ကြသည့် တိုင်းရင်းသားတွေ။များသောအားဖြင့် ဒီမှာရှိတုန်းအကူညီပေးခဲ့ကြသူတွေပင်။ တစ်နေရာကနေ တစ်နေရာကူးတိုင်း ခုလိုပဲနှုတ်ဆက်ကြသူတွေနှင့် ခွဲရခက်ကြောင်း မနေ့ညကဆရာဦးပြောနေသေးသည်။ ညက အန်ကယ်ဦးညီတို့ ပစ္စည်းတွေကိုပါ သိမ်းပေးရသည်မို့အတော်နှင့်မအိပ်ကြ။ ပြန်ခါနီးမို့ တစ်ခုခုကိုလွမ်းဆွတ်သလိုဖြစ်နေကာ အိပ်မရတာလည်းပါပါသည်။

ဒီမနက်မှာတော့ နှင်းဖွေးဖွေးကြား လာနှုတ်ဆက်ကြသူတွေကြောင့် ပို၍ပင်ကြည်နူးဝမ်းနည်းရသည်။ အဖြူရောင်နှင်းဖတ်တွေက ခြံစည်းရိုးခတ်ထားသည့်အပင်ပုလေးတွေထက်တွင် ဟိုတစ်ပုံသည်တစ်ပုံဖြစ်နေကာ မြက်ခင်းပြင်ဟာလည်း နှင်းရည်များစိုရွှဲလို့နေ၏။ ဒေသခံတွေက ချမ်းစိမ့်နေသည့်ဆောင်းလေကိုအံတုကာပင် သူတို့ဆီလာကြတာဖြစ်သည်။

အိတ်တွေကို ဆိုင်ကယ်ပေါ်တင်ပြီး သူတို့အတွက်လည်း ဆိုင်ကယ်တစ်စီးစီအသင့်။ အလာတုန်းကသယ်လာရသည့် ဆေးထုတ်တွေလျော့သွားပြီမို့ ဝန်ပေါ့သွားသည်မထင်ပါနှင့်။အပြန်လက်ဆောင်ပေးလိုက်သည့်အထုတ်တွေကိုက ဆိုင်ကယ်တစ်စီးနှင့် သယ်နေရသည်။ပစ္စည်းတန်ဖိုးထက် စေတနာတန်ဖိုးကများသည်မို့ သူတို့မှာမငြင်းရက်ကြချေ။

"လမ်းမှာ အဆင်ပြေကြပါစေ ဆရာလေးတို့ရေ။ ဖြေး‌ဖြေးသာ ပြန်ကြတော့"

လူစုကိုနှုတ်ဆက်ပြီး ခြံထဲကထွက်လာချိန်တွကင် ချစ်နိုင်းခေါင်းကိုရှေ့ပြန်မလှည့်နိုင်။ နှင်းမှုန်ကြားမှ လက်လှမ်းပြနေသည့်လူစုဆီကနေ မျက်လုံးမခွာနိုင်‌ခဲ့ချေ။ သူတို့တည်းခဲ့ရသည့် အိမ်လေးက မှုန်မှိုင်းနေသည့်မြူတွေအောက်မှာငုပ်တုပ်ကလေး။ ခြံထဲကကြက်တစ်ကောင်ဟာ ခြံစည်းရိုးပေါ်တက်ကာ တကွတ်ကွတ်အော်နေရှာသည်။ ချစ်နိုင်းကို နှုတ်ဆက်နေလေသလားမသိပါ။

မြေသားလမ်းကလေးပေါ်မှာ ဆိုင်ကယ်ဟာမြှောက်သွားလိုက်ကျသွားလိုက်ဖြင့် မောင်းနှင်လျက် လမ်းကြောင်းကလေးကသူ့လမ်းရာအတိုင်း ကျန်ခဲ့ရှာသည်။ ခပ်ဝေးဝေးမှာကျန်နေခဲ့သည့် တောင်ခါးပန်းကအိမ်ကလေးဆီ တစ်ချက်ငေးလိုက်ပြီး ရှေ့ပြန်လှည့်တော့ ရှေ့ဆိုင်ကယ်မှ ကိုကိုကနောက်တလှည့်လှည့်နှင့်။ကိုကိုလည်း ပြန်ခါနီးမို့အလွမ်းပြေကြည့်နေရှာတာဖြစ်လိမ့်မည်။ ချစ်နိုင်းနှင့်အကြည့်ဆုံနေတာမို့ ပြုံးပြချင်သော်လည်း အားမရှိတာရော မျက်နှာကိုလေအေးတွေတိုးနေတာရောကြောင့် မပြုံးပြဖြစ်တော့။

လည်ပင်းမှာပတ်ထားသည့် မာဖလာကိုနှာခေါင်းထိပ်ထိဆွဲတင်ကာ မျက်စိတို့ကိုတေးတေးသာဖွင့်ထားလိုက်သည်။ သစ်ခေါက်ရနံ့သင်းသင်းက ချစ်နိုင်းမျက်နှာတစ်ဝိုက်လွှမ်းခြုံထား၏။ လက်ရှိပတ်ထားသည့် ဆေးခြောက်လျှော်ထည်တဘက်လေးဆီမှဖြစ်မည်။ ဒီအထည်လေးကို လောင်နွန့်အဖွားဆီမှ လိုတာထက်ပိုဈေးကြီးပေးကာ တမင်သက်သက်ဝယ်လာတာပင်။ ချစ်နိုင်းလုပ်ပေးနိုင်တာ ဒါလေးပဲရှိသည်မို့ တတ်နိုင်သလောက်သာကူညီခဲ့နိုင်သည်။

နှင်းငွေ့တွေကြား ဆိုင်ကယ်မောင်းရတာ သိပ်တော့ခရီးမတွင်လှ။မြို့အဝင်ကုန်းဆီရောက်တဲ့အခါ တောင်ထိပ်မြို့ငယ်လေးဆီ သမင်လည်ပြန်ငေးရင်း နှုတ်ဆက်မိသည်။ တောင်ပေါ်ဘောလုံးကွင်ပြင်ထက်မှာ နှင်းမှုန်တို့ကဟိုဟိုဒီဒီပြန့်ကျဲနေကြ၏။

"ခေါင်လန်ဖူးမြို့မှ ကြိုဆိုပါ၏" ဆိုသည့်ဆိုင်းဘုတ်လေးကိုနှုတ်ဆက်အပြီးမှာတော့ ဆိုင်ကယ်ဟာ တောတွင်းလမ်းဆီဝင်သွားခဲ့ပြီ။တောင်ပေါ်မြို့ကလေးက တောင်အကွေ့တောအကွေ့တွေရဲ့နောက်မှာ ငြိမ်သက်စွာကျန်နေခဲ့လိမ့်မည်။ ဒီတစ်ခေါက်အတွက် ချစ်စရာကောင်းသည့်၊မဖွံ့ဖြိုးသေးသည့် ဒေသငယ်ကလေးကို သူတို့နှုတ်ဆက်ခဲ့ကြရပါပြီ။နောက်တစ်ကြိမ်များ ထပ်ရောက်နိုင်တဲ့အခါ ပိုတိုးတက်ပြီးစိုပြေနေတာကို မြင်နိုင်ကောင်းပါရဲ့။

"ဆရာလေး ထိုင်ရတာအဆင်ပြေရဲ့လား။လမ်းက နှင်းစိုတော့ချော်နေတာ။သေချာကိုင်ထားပါအုန်း"

"ဟုတ်ကဲ့ "

ဆိုင်ကယ်ပေါ်မှာ သေချာပြင်ထိုင်ရင်း ချစ်နိုင်းဖြေလိုက်သည်။ အလာတုန်းကတည်းခိုခဲ့သည့် လမ်းတဲလေးမှာ နေရာရွေ့သွားပြီမို့ လုပ်ငန်းခွင်ကလူတစ်ချို့နှင့်သာ ဆုံရတော့သည်။ဝောာငှက်ပျောပင်များ၊ အပင်ကြီးများဟာလည်း နှင်းရည်ဝကာ အိကျ‌နေကြ၏။ ‌အလာကနှင့်ယှဉ်လျှင် ရေတံခွန်တွေကိုသိပ်မတွေ့ရတော့ပဲ တွေ့ရသည့်ရေတံခွန်တို့မှာလည်း အေးလွန်း၍ အငွေ့တွေပင်ထနေကြသည်။

ချစ်နိုင်းအတွက်တော့ တစ်လမ်းလုံးလောင်နွန့်ကို သတိမရပဲမနေနိုင်။အနှီကောင်လေးက အင်မတန်သွက်လက်ကာ စိတ်ရှည်သည်။ ချစ်နိုင်းကိုယ်တိုင်က တစ်ကောင်ကြွက်ကလေးမို့ပဲ သံယောဇဉ်တွယ်တတ်လွန်းလေသလား။ ထိုကောင်လေးရဲ့ တက်ကြွပြီးစိတ်အားထက်သန်တာလေးကို အတော်မှတ်မှတ်ရရဖြစ်နေခဲ့ရ၏။

"ဆိုးဆိုးရွားရွားမဖြစ်ပဲ အဆင်ပြေနေရင်ကောင်းမှာပဲ"
ခပ်တိုးတိုးရေရွတ်ပြီးနောက် မျက်ဝန်းတွေကိုပိတ်ထားမိလိုက်သည်။ လမ်းနဲ့အတူ လူရောဆိုင်ကယ်ကပါ ဒယိမ်းဒယိုင်နှင့်။ လောင်နွန်မောင်းတာသာဆို ချစ်နိုင်းက သေချာမောင်းပါလို့စနေပြီး နှစ်ယောက်သားရယ်မိနေကြလိမ့်အုန်းမည်။ ခုတော့ အနှီလောင်နွန်ဟာ အိမ်နဲ့အဝေးမှာ ဆွေမရှိမျိုးမရှိနှင့် ကြောက်နေရှာမလားတောင်မသိပါလေ။

ရီဒမ်းအရောက်မှာ ချစ်နိုင်းတို့ကိုလာကြိုသည့် ကားကကြိုရောက်နေခဲ့ပြီ။ ကိုဒီးရမ်က သူ့ရဲ့ရွှင်ပြသောအပြုံးတွေဖြင့် ခရီးဦးကြိုပြုကာ ကားပေါ်သို့အထုပ်ပိုးတွေပြောင်းတင်ပေးသည်။ ချစ်နိုင်းကိုလည်း ကိစ္စစုံသိပြီးလို့ စိတ်မကောင်းအရမ်းမဖြစ်ဖို့အကြောင်း၊ လောင်နွန်က အတော်လေးကျန်းကျန်းမာမာရှိနေပြီး ချစ်နိုင်းတို့ကိုတွေ့ဖို့ စိတ်လှုပ်ရှားနေကြောင်း ပြောပြရှာသည်။

ထိုစကားတွေဟာ ချစ်နိုင်းအတွက်တော့ နှင်းငွေ့ကြားက နေရောင်ခြည်လေးလိုပင်။ တစ်လျှောက်လုံးလေးလံလာသမျှ ဝန်ထုပ်ကြီးတစ်ခုကျသွားသလို ရင်ထဲပေါ့ပါးရသည်။ ကိုဒီးရမ်စကားကြောင့် လောင်နွန့်ကိုတွေဖို့ ပိုပြီးတောင်စိတ်အားထက်သန်သွားသေး၏။ အဆင်ပြေရဲ့လား၊ဘာဖြစ်တာလဲ၊ အစားရောစားလား၊ငိုနေသေးလား အစရှိတဲ့အမေးတွေမပြတ်နိုင်သောအခါ ကိုဒီးရမ်က သဘောကျလို့မပြီး။ တကယ်ဆို ဒီရက်တွေအတွင်း ချစ်နိုင်း ပထမဆုံးစကားတွေအများကြီး ပြောဖြစ်တာပါပဲ။

"မင်းအိပ်ချင်ရင် ငါ့ပုခုံးပေါ်အိပ်လိုက်"

နှင်းငွေ့အောက်က တောင်တန်းတွေဆီငေးနေရာမှ ကိုကို့ဆီလှည့်ကြည့်လိုက်တော့ စောင်ပါးတစ်ထည်ကိုပုခုံးပေါ်တင်ပေးရင်း ချစ်နိုင်းကိုအနားဆွဲသည်။ နောက် မာဖလာကိုသေချာပတ်ပေးကာ ချစ်နိုင်းအင်္ကျီကြယ်သီးတွေကိုပါ စစ်နေသေးသည်။ ကားက တလှုပ်လှုပ်နှင့်မို့ ယိမ်းထိုးနေကာ ကိုကို့ခင်မျာ အားစိုက်ရလွန်းလို့ မျက်ခုံးတန်းနှစ်ခုပင်ထိတော့မည်။

ဒီရက်တွေထဲမှာ ကိုကိုဟာ ချစ်နိုင်းကိုသိပ်ဂရုစိုက်ရှာသည်။ လောင်နွန်နဲ့ပက်သက်ပြီး နည်းနည်းလေးတောင် အပြစ်မပြောသည့်အပြင် ချစ်နိုင်းကို တစ်ယောက်ထဲစိတ်ညစ်ချိန်မရအောင် ဟိုခေါ်သွားလိုက်၊သည်ခေါ်သွားလိုက်နှင့်။အဖျားရှိသည့်ရက်တွေဆို မျက်စိအောက်ကပင် အပျောက်မခံ။ တစ်ချိန်လုံး အယုယခံချင်ခဲ့သမျှ အခုမှပြုံခံစားနေရသလိုပါပဲ။ ကိုကိုဟာ စိတ်ရောကိုယ်ပါအားပြတ်နေသည့် ကလေးတစ်ယောက်ကိုတော့ ကောင်းကောင်းကြီးကုသပေးနိုင်သည့် ဆရာဝန်တစ်ယောက်ပေ။

"ဟိုရောက်ရင် လောင်နွန်နဲ့တွေ့ရတော့မှာ။
ခဏလောက်တော့ အိပ်လိုက်။ ကားက တောက်လျှောက်မောင်းမှာမို့ ပင်ပန်းနေလိမ့်မယ်"

ကိုကို့လက်ဖဝါးနွေးနွေးက ချစ်နိုင်းခေါင်းကိုအသာကိုင်ကာ သူ့ရင်ခွင်ကိုမှီစေ၏။ရင်ခွင်ကြီးက သက်တောင့်သက်သာရှိကာ နွေးထွေးသည်။ သို့သော် မျှော်လင့်ထားခဲ့ဖူးသော ကြည်နူးရခြင်း၊ကျေနပ်ခြင်းမျိုးကိုမခံစားရ။ ဝေဝါးနေသလိုလို၊ ဗလာသက်သက်ရှိနေသလိုလို ချစ်နိုင်းစိတ်ဟာနွမ်းလျနေသည်။ ကိုယ့်ကိုယ်ကိုယ်ပင် မဆန်းစစ်နိုင်တော့သလိုပင်။ကိုကိုနှင့်ပက်သက်တာတွေ လောလောဆယ်တော့ မစဉ်းစားချင်သေးပါဘူး။

ရင်ခွင်ကျယ်ကိုမှီလျက် ကားပေါ်မှတဆင့် အပြင်ဘက်ရှိတောအထပ်ထပ် တောင်အထူထူကိုသာငေးနေမိသည်။တိမ်တွေဟာ ချစ်နိုင်းတို့နှင့်အတူ မောင်းနှင်နေသည့်အတိုင်း ဆောင်းလေကြားမှာ မြောလွင့်နေကြ၏။ တချို့နေရာများတွင် ဆီးနှင်းပုံကလေးတွေ အဖွေးလိုက်စုနေတတ်ကြတာ မြင်နေရသည်။

တစ်လျှောက်လုံးပင်ပန်းခဲ့သမျှ စိတ်သက်သာရာလေး ရသွား၍ဖြစ်မည်။
ချစ်နိုင်းမျက်ဝန်းတွေ တဖြေးဖြေးဝေဝါးလာကာ မျက်ခွံတွေက တင်းထားလို့မရအောင် စင်းကျငိုက်မြည်းလာခဲ့ကြသည်။ ခန္ဓာကိုယ်ဟာ ဒီတစ်လောပင်ပန်းခဲ့သမျှကို အနားယူပစ်ဖို့တွန်းအားပေးသည့်အလျောက် ချစ်နိုင်းဟာလှုပ်ခါနေသည့်ကားပေါ်မှာပင် စိတ်ချလက်ချအိပ်ပျော်သွားခဲ့တော့၏။

တင်းနေသောထွေးပိုက်မှုနှင့် နဖူးပေါ်ကျလာတတ်သည့် နွေးထွေးမှုတွေဟာ အိပ်မက်ပဲလား၊စိတ်ကူးတွေပဲလားဆိုတာကိုတော့ ဝေခွဲရခက်လွန်းပါသည်လေ။

...…......................

၂၄နာရီဖွင့်သည့် ဆေးရုံကို ရောက်ရှိချိန်ဟာ မနက်၅နာရီထိုးခါနီး။ ချစ်နိုင်းတို့ကားသံရပ်သည်နှင့် ဆေးရုံတစ်ခုလုံးတိတ်ဆိတ်သွားသည်။ OPD (Out Patient Department)မှ သူနာပြုဆရာမလေးတွေပင် ငိုက်မျည်းလျက်ရှိနေပြီး လူဝင်လာမှခပ်သွက်သွက်ထလာကြသည်။ နီးစပ်ရာဌာနတွေဆီကြည့်တော့လည်း လူရှင်းကာ အပ်ကျသံသေချာကြား‌နိုင်လောက်၏။

"လူနာက ICU(Intensive Care Unit)ကနေရွှေ့ပြီးပါပြီ။ လောလောဆယ် အရိုးအကြောဘက်မှာထားထားတာပါ။ခုချိန်အိပ်နေမလားတောင်မသိဘူး"

"ရပါတယ် ကျွန်တော်တို့ ဒီမှာပဲစောင့်ပါ့မယ်"

"အဆင်ပြေရင်တော့ အဲ့လိုလေးလုပ်ပေးပါနော်"

လူအင်အားနည်းသည့်အပြင် လောင်နွန့်ကိုလည်းအိပ်ရေးမပျက်စေချင်တာကြောင့် OPD မှာပဲထိုင်စောင့်ဖို့ဆုံးဖြတ်ကာ ကိုဒီးရမ်တို့ကိုပြန်လွှတ်လိုက်ကြသည်။ ကိုဂျော်နီတို့ အန်ကယ်ဦးညီတို့က ကိုဒီးရမ်တို့အိမ်မှာပဲအိပ်ကြတာမို့ မနက်မှတစ်ခေါက်လာကြလိမ့်မည်။ ဆရာဦးကိုပြန်နားဖို့ ပြောပေမဲ့မရ။ နောက်ဆုံးတော့ ချစ်နိုင်းတို့သုံးယောက်သား ‌လက်ကလေးတွေပိုက်လို့ တစ်မှေးအိပ်ပျော်သွားကြတော့သည်။

လောင်နွန်နဲ့တွေ့ကြတော့ ကောင်လေးက အတော်စိတ်လှုပ်ရှားနေသည်။ နဂိုခပ်မှေးမှေးမျက်ဝန်းတွေပင် မှိတ်ကျသည်အထိရယ်ပြုံးလျက် ချစ်နိုင်းတို့ကိုကြိုဆို၏။ ခြေထောက်တစ်ဖက် သေချာထိန်းထားသည်ကလွဲလျှင် ကျန်တဲ့နေရာတွေ ကျန်းကျန်းမာမာရှိတာကိုပဲ ချစ်နိုင်းမှာဝမ်းသာနေရပါပြီ။

"ဆရာလေးတို့ လာမယ်ဆိုလို့ နေ့တိုင်းစောင့်နေတာ။ နှင်းမိုးရွာလို့ နောက်ကျနေကြတယ်ပေါ့"

"ဟုတ်တယ် လောင်နွန်။သားခြေထောက်ရော အဆင်ပြေရဲ့လား"

"ပြေပါတယ်။ နောက်လတွေဆို လမ်းလျှောက်လို့ပါရမယ်တဲ့ ဒေါက်တာကြီးက ပြောသွားတယ်"

ဆရာဦးက လောင်နွန့်အခြေနေကိုမေးကာ အားပေးစကားတွေပြောနေတုန်း ချစ်နိုင်းမှာဝောာ့ နောက်နားကနေပဲ လောင်နွန့်ကိုရပ်ကြည်နေမိသည်။ ရှေ့ကိုရဲရဲကြီးမတိုးရဲ။ တစ်ချိန်လုံးတင်းလာခဲ့သမျှ တော်ပါသေးသည်ဆိုသည့်အတွေးလေးကြောင့် ရင်ထဲပျော်သလို တစ်ဖက်မှာလဲ ပိန်ကျသွားသည့် လောင်နွန်ကြောင့်ဝမ်းနည်းရပြန်သည်။

ဆရာဦး ကောင်လေးချုပ်ရိုးကိုကြည့်နေစဉ် ချစ်နိုင်းကိုယ့်နှုတ်ခမ်းကိုယ်ဖိကိုက်မိထား၏။စနစ်တကျချုပ်ထားသည့် အဲ့ဒီနေရာမှာ သွေးတွေဒလဟောထွက်ပြီး အရိုးဖွေးဖွေးတွေကို အသေချာမြင်ခဲ့ရတာ ချစ်နိုင်းမမေ့နိုင်။ ကျောင်းမှာဒါတွေသင်ခဲ့ရပေမဲ့ ကိုယ်တိုင်ကြုံရသည့်အနေအထားမှာ အားလုံးကကွာခြားသည်။ ချစ်နိုင်းကပဲဆေးပညာနဲ့ မထိုက်တန်လို့လား။

"လောင်နွန့်ဆီသွားလေ မင်းကိုပဲကြည့်‌ကြည့်နေတာ"
ကိုကို့တွန်းပို့မှုနှင့်အတူ အနားရောက်သွားချိန်မှာ ဘာပြောရမှန်းမသိ။ ကောင်လေးက သူ့လက်ကြမ်းကြမ်းတို့နှင့် ချစ်နိုင်းလက်ကိုဆုပ်ကိုင်ကာ အနားကခုံတစ်ခုမှာထိုင်စေသည်။ တင်းထားသည့်တိုင် ငိုချင်စိတ်ဟာတားမရ။မျက်ရည်ဝဲလာတာကို လက်ဖျံနှင့်ဆွဲသုတ်လိုက်ပြီးမှ လောင်နွန့်ကိုမျက်နှာချင်းဆိုင်လိုက်ရ၏။

"လမ်းတော့လျှောက်နိုင်မှာမို့လား"
ချစ်နိုင်းအသံက ခပ်ဖျော့ဖျော့။ ကြိုးစားနေပေမဲ့ ဒီထက်ပိုပြီး မာအောင်မပြောနိုင်။

"ဒါပေါ့ အဲ့တုန်းကအရမ်းနာပေမဲ့ ဒီကဒေါက်တာတွေက တအားတော်တယ်။ကျွန်တော်မကြောက်တော့ဘူး"

ကောင်လေးကတော့ တက်ကြွမှုမပျက်ရှာ။ချစ်နိုင်းဝမ်းနည်းမှာစိုးရိမ်သလို  လက်ကိုဆွဲကိုင်ရင်းနှစ်သိမ့်ပေးနေသည်။

"လေ့ကျင့်ခန်းလုပ်ရင် ကြိုးစားလုပ်ရမှာ"

"ကျွန်တော်လုပ်မှာပါ။ ဆရာလေးတို့ နောက်တစ်ခါ ခေါင်လန်ဖူးကိုလာရင် အနှံ့လိုက်ပို့ပေးအုန်းမယ်"

"အဟက်.." ငိုချင်သည့်ကြားမှထွက်လာသော ရယ်သံဟာအားမပါလှ။ သို့သော်လည်း အားလုံးကိုကျေးဇူးတင်တဲ့စိတ် လောင်နွန့်ကိုကျေးဇူးတင်တဲ့စိတ်ဟာ ချစ်နိုင်းကို အတော်လေးအသက်ရှူချောင်စေတာ ဝန်ခံရမည်။

"အဖွားက မှာလိုက်တယ်။သူ့ကို စိတ်မပူပဲ သေချာလေးကုခဲ့တဲ့"

"အဖွားအတွက် အနန်တို့ကူမှာမို့ သိပ်မပူပါဘူး။ ဒါနဲ့ ဝမ်းသာစရာပြောပြရအုန်းမယ်"

ချစ်နိုင်းပြုံးလိုက်မိ၏။ ဒီလောက် ဆေးရုံကုတင်ပေါ်လှဲနေရချိန်မှာတောင် ဝမ်းသာစရာပြောပြနိုင်သေးသည့် လောင်နွန်က အသက်နှင့်မလိုက်အောင် ရင့်ကျက်လွန်းနေသလို။ အမြဲတမ်း ရုန်းကန်ခဲ့ရတာတွေများသွားလို့ပဲလား။ လောင်နွန့်ကိုမြင်ရတာ ငြိမ့်ငြိမ့်ကိုမြင်နေရသလိုပဲ ကြည်လင်ပြီးအားကျချင်စရာကောင်းသည်။

"ကိုဒီးရမ်က ဒီဘက်ကအသင်းတော်နဲ့ချိတ်ဆက်ပေးတာ။ ကျွန်တော် ဆယ်တန်းကိုဒီမှာပဲဖြေလို့ အဆင်ပြေသွားတယ်"

"တကယ်လား တကယ်ဒီကနေ ကျောင်းတက်လို့ရတော့မှာပေါ့"

"ဟုတ်တယ်ဆို ဆရာလေးရဲ့။ သူတို့က ခြေထောက်လဲအဆင်မပြေတဲ့အတူတူ အလုပ်တွေနားပြီး စာကျက်လိုက်တော့ အချိန်ကိုအကျိုးရှိအောင် အသုံးချပြီးသား ဖြစ်တာပေါ့တဲ့"

လောင်နွန့်ခြေထောက်ကို လှမ်းကြည့်လိုက်မိတော့ ကုတင်ပေါ်မှာငြိမ်လျက်သား။ သေချာပေါက် ဒီခြေထောက်နှင့် အလုပ်ကြမ်းတွေလုပ်ရရင် မလွယ်န်ိုင်။ တစ်နှစ်ကျော် နှစ်နှစ်လောက် အသားကျဖို့ခက်ခဲလိမ့်မည်။

"ဘယ်လိုပြောရမလဲတောင်မသိဘူး။ မင်းအတွက် အခွင့်ရေးရတာကိုတော့ တကယ်ဝမ်းသာပါတယ် လောင်နွန်ရယ်"

"ဆရာလေးပြောသလို တက္ကသိုလ်တက်ချင်တယ်။ ကိုဒီးရမ်က ပြောတယ် အလုပ်လုပ်ရင်းကျောင်းတက်မယ်ဆို အဖွားတို့ကိုလဲ ထောက်ပံ့လို့ရတယ်တဲ့။ အခုဆေးရုံမှာနေရင်း ကျွန်တော်စဉ်းစားနေတာ။ ကျောင်းတွေပြီးလို့အဆင်ပြေရင် အိမ်နားကကလေးတွေကိုစာပြပေးပြီး ကျွန်တော့လိုလုပ်ခိုင်းမယ်။ ခုတော့ ဆယ်တန်းမဖြေရသေးဘူး ဟီးဟီး"

စိတ်ကူးစိတ်သန်းတွေအကြောင်း ပြောပြရင်း
သူ့ဟာသူလည်း သဘောတွေကျကာ ရယ်နေပြန်၏။ လောင်နွန့်ကြည့်ရတာ သူ့ဘဝသူအစီစဉ်ချနေတဲ့ကလေးတစ်ယောက်လိုပါပဲ။ အရင်ကထက်တောင် စကားတွေများလာသေးသည်။

"ခြေထောက်ဖြစ်ထားတာတောင် တိုးတက်ရာလမ်းကြောင်းရှာနိုင်သေးတယ်။မင်းကိုတော့ လေးစားသွားပြီး"

"ဆရာလေး အကြံပေးလို့ပါ။ ပြီးတော့ ကျွန်တော့ခြေထောက်ဖြစ်တာက ဆရာလေးကြောင့်မဟုတ်လို့ စိတ်မကောင်းမဖြစ်ပါနဲ့။
ခု ပိုကောင်းတဲ့အခွင့်ရေးကိုရသွားပြီလေ။ အရာအားလုံးက ဘုရားသခင်ရဲ့ အလိုတော်ပါပဲ"

ကောင်လေးလက်တွေကို ခပ်ဖွဖွပြန်ဆုပ်ကိုင်မိပါ။ အနည်းဆုံးတော့ မန္တလေးကို စိတ်အေးအေးပြန်နိုင်‌တော့မည်။ ချက်ချင်းအဖြေတွေ့နိုင်သည့် လောင်နွန့်အတွက် ကျေနပ်မိသလို ဖိအားများနေသည့် ကိုယ့်ကိုယ်ကိုယ်အတွက်တော့ စဉ်းစားစရာတွေရှိလာခဲ့သည်။

"ချစ်နိုင်း‌အောင်" ခေါ်သံတိုးတိုးနှင့် အနားရောက်လာသည့်ကိုကို။ လောင်နွန်က သူ့အဖွားပေးလိုက်သည့် ပစ္စည်းများကိုထုတ်ကြည့်နေတာကြောင့် ကိုကိုနှင့် မျက်နှာချင်းဆိုင်လိုက်တော့ ဖုန်းကိုလက်ထဲထည့်ပေးလာ၏။ ကိုကို့ဖုန်း..ချစ်နိုင်းဖုန်းက ကိုဒီးရမ်ကားပေါ်ပါသွားခဲ့ပြီ။

"ဝယ်စရာလေးရှိလို့ ဆရာဦးပါခေါ်သွားအုန်းမယ်။ ငါ့ဖုန်းယူထားလိုက် တစ်ခုခုဆို ဆရာဦးဖုန်းကိုဆက်နော်"

"ကြာမှာလား ကိုကိုတို့က "

"ခဏပဲ အရေးကြီးတာလေး ဝယ်စရာရှိလို့"

ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ကိုကိုနှင့်ဆရာဦးက ဆေးရုံခန်းမှ ထွက်သွားကြသည်။ လောင်နွန်နှင့် ချစ်နိုင်းနှစ်ယောက်ထဲသာ ကျန်ခဲ့ကြ၏။ ကောင်လေးက သူ့သူငယ်ချင်းတွေပေးလိုက်သည့် လက်ဆောင်များ၊ စာများကိုဖတ်ကာ သဘောတကျပြုံးရယ်နေသည်မို့ ချစ်နိုင်းပါပြုံးမိသည်။ လောင်နွန်ဆယ်တန်းပြန်တက်မည်ဆိုတော့ ကိုဒီးရမ်ကတဆင့် အထူးထုတ်စာအုပ်တွေ၊ကျောင်းသုံးပစ္စည်းတွေထောက်ပံ့ပေးဖို့ ချစ်နိုင်းဆုံးဖြတ်ထားသည်။

တီ တီ*
ကိုကို့ဖုန်းလှုပ်ခတ်မှုကြောင့် ကြည့်လိုက်တော့ စာဝင်နေသည်။ ဖုန်းကအားသိပ်မရှိ။
အစက ဖွင့်မကြည့်ပဲနေမည်လုပ်ပေမဲ့ ပို့လာသူကဖေဖေမို့ ချစ်နိုင်းအလွယ်တကူပဲဝင်ကြည့်လိုက်မိသည်။ အဲ့ဒါကိုက ချစ်နိုင်းရဲ့အမှား။ ကိုကိုနှင့် ဖေဖေပြောထားသောစာတွေကို စည်းကမ်းမဲ့ဖတ်မိသည့် ချစ်နိုင်းအမှားတွေပါပဲ။

နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ရင်း အခန်းအပြင်ဘက်ထွက်လာခဲ့လိုက်သည်။ လောင်နွန်တစ်ယောက်ထဲကျန်ခဲ့မည်ဆိုသော်လည်း ချစ်နိုင်းအသက်ဝဝရှူဖို့ နေရာလိုအပ်နေသည်။ ပြောထားကြသည့်စာတွေက အထူးဆန်းမဟုတ်ပေမဲ့ ချစ်နိုင်းအတွက်တော့ လှိုင်းပုတ်ခံလိုက်ရသည့် ခွေးကလေးလို ကူကယ်ရာမဲ့စေ၏။

ကိုကိုဘာကြောင့် ရုတ်တရက်ကြီးအတွေးပြောင်းသွားသလဲ။ ဘာကြောင့် ချစ်နိုင်းကို ဒီခရီးလိုက်ဖို့ မတားတော့သလဲ။တကယ်ဆို ဖေဖေလျှို့ဝှက်ထားချင်တဲ့ လျှို့ဝှက်ချက်ကိုကာကွယ်ဖို့ အဝေးကြီးထိဆွဲခေါ်လာခဲ့ရုံပဲ။ ချစ်နိုင်းကို ကလေးတစ်ယောက်လို အပူပင်မရှိစေချင်တဲ့ ဖေဖေ့ဆန္ဒကို‌ဖြည့်ဆည်းပေးချင်ရုံပဲ။

ဒီလိုဆိုရင် ကြိုက်တယ်လို့ပြောခဲ့တာတွေ၊ ကြင်နာပြီး ဂရုစိုက်ပေးနေတာအားလုံးကရော။အားလုံးက ကိုကို ချစ်နိုင်းကိုသနားနေလို့ပဲ။ အမှုရင်ဆိုင်နေရတဲ့ အမျိုးသားကြီးနဲ့ မိတဆိုးသားလေးကို သနားနေလို့။ ချစ်နိုင်းကို တကယ်ကြိုက်နေတာမှမဟုတ်တာ။

မြေယာပိုင်ဆိုင်မှုအရှုပ်ရှင်းတွေကြောင့် တရားရင်ဆိုင်နေရတဲ့ဖေဖေ။ ရိုးသားပါသည်ဆိုသော အပြောတွေကို ကိုကိုနှင့်ပြောထားသမျှစာတွေမှာ အကုန်မြင်နေရသည်။ 'ချစ်နိုင်းအောင်ကို ဂရုစိုက်ထားမှာမို့ အန်ကယ်အဆင်ပြေအောင်ဂရုစိုက်ပါ '၊ 'ခရီးစဉ်အတွက် ချစ်နိုင်းအောင်နာမည်ကိုထည့်ထားလိုက်ပါတယ် အန်ကယ့်ကိစ္စလည်းလပိုင်းအတွင်း တိတိကျကျသိရမယ်ထင်ပါတယ်' အစရှိတဲ့စာတွေကအစ ဖေဖေနောက်ဆုံးပို့ထားသည့် 'အန်ကယ့်ကိစ္စဝောာ့အဆင်ပြေနိုင်မယ်ထင်တယ် မောင်ရင်ပြန်လာရင်ပြောပါအုန်းမယ်'ဆိုသည့် စကားတွေအထိ။

ဖေဖေဟာ ချစ်နိုင်းကိုဘယ်အထိဖုံးကွယ်ဖို့စဉ်းစားထားသလဲ။ စိတ်ဆင်းရဲမှာစိုးလို့ဆိုသည့် ဆင်ခြေကတော့ ချစ်နိုင်းကိုဘာမှအရေးမပါသလိုသာခံစားရစေလိမ့်မည်။ပြေးကြည့်လို့မှ ဒီသားအဖလေးနှစ်ယောက်ရှိတာကို ချစ်နိုင်းကိုပြဿနာတွေမသိစေချင်ပါတဲ့။ အမြဲဖေဖေ့ကို လှည့်မကြည့်ပေးခဲ့လို့၊ကိုယ့်အတွက်ကိုယ်ပဲကြည့်နေလို့ ချစ်နိုင်းကိုစိမ်းသက်သွားတာများလား။

အကုန်ပြီးမှသိရသည်ထက် ပိုခံပြင်းရတာရှိမည်မထင်ပါ။ချစ်နိုင်းတကယ် စိတ်ဆိုးပါသည်။ဖေဖေ့ကိုလား၊ ကိုကို့ကိုလား။ ဟင့်အင်း ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်လိမ့်မည်။ အဖြေမရှိတဲ့မေးခွန်းတွေပုံနေပြီး ဘာတစ်ခုမှမဖြေရှင်းနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ရတာကို ချစ်နိုင်းစိတ်ကုန်လာတာပဲ ဖြစ်ရမည်။

ဘာကြောင့်မှန်းရယ်မသိ ခက်ခဲတဲ့နေ့ရက်တွေ ချစ်နိုင်းဆီမှာစုပြုံလာသလို ခံစားနေရ၏။ တစ်ခုပြီးတစ်ခုတိုးလာသည့် မရေရာမှုတွေကို ဘယ်အချိန်ထိတောင့်ခံထားနိုင်မည်မသိ။ မသိခြင်းရဲ့တစ်ဖက်မှာ သိခြင်းတရားတွေဟာ ချစ်နိုင်းအတွက် လမိုက်ညတွေလို ကြောက်စရာကောင်းနေမှာများလား...။

……………………………………………
စာရေးသူ၏ အမှာစာ:
Updateကြာသွားတာ တောင်းပန်ပါတယ်
အိုင်လဲ ကိစ္စတွေစုပြုံနေတာနဲ့ပဲ

ခေါင်လန်ဖူးနဲ့ပက်သက်တဲ့ ပုံတွေကြည့်ချင်ရင် Kattam Kaung ဆိုတဲ့ Facebook Accမှာ လာကြည့်နိုင်ပါတယ်ဗျား

နောက်ရက်တွေ့ကြပါမယ်❤️

Zawgyi

ဘဝႏွင့္ အလွည့္ေျပာင္း ၄

"ဆရာေလး ေလာင္ႏြန႔္အတြက္ ကိုယ့္ကိုယ္ကိုယ္အျပစ္မတင္ပါနဲ႕။ ဒီကို ေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႕လာခဲ့ၾကတာမို႔ ျပန္ေတာ့လဲ စိတ္ၾကည္ၾကည္နဲ႕ပဲျပန္ေစခ်င္ပါတယ္။ အဖြားကိုလည္း ဂ႐ုစိုက္ေပးၾကတဲ့အေၾကာင္း ေလာင္ႏြန႔္ကိုေျပာေပးပါ"

"ဟုတ္ကဲ့ အားလုံးကိုေက်းဇူးတင္ပါတယ္။
ဒီမွာေနခဲ့တဲ့ရက္ေတြအတြင္း ေသခ်ာေစာင့္ေရွာက္ေပးခဲ့ၾကလို႔"

"ဟိုေရာက္ရင္ ကြၽန္ေတာ္တို႔ကို သတိရေနာ့"

"ဒီကိုလည္း ထပ္လာလည္ၾကပါအုန္း။ ေနာက္ဆို ကားလမ္းေပါက္ၿပီဆိုေတာ့"

ႏႈတ္ဆက္သံမ်ားျဖင့္ စည္ကားေနေသာ အိမ္ဝန္းေလး။သုံးပါတ္နီးပါးေနခဲ့ရေသာ ေနရာေလးမွာ အသားက်ခါစရွိေသး အိမ္ျပန္ရေတာ့မည္။ခရီးလာတုန္းက တက္ႂကြစိတ္လႈပ္ရွားခဲ့သေလာက္ အျပန္မွာေတာ့ ဝမ္းနည္းစိတ္၊မခြဲခြာခ်င္စိတ္ႏွင့္ ကိုယ့္ကိုယ္ကိုယ္အားမရစိတ္ေတြကသာ ခ်စ္နိုင္းေက်ာေပၚမွာျပည့္ေနေတာ့သည္။

မနက္ကိုးနာရီေလာက္ကတည္းက သူတို႔ဝန္းထဲလာႏႈတ္ဆက္ၾကသည့္ တိုင္းရင္းသားေတြ။မ်ားေသာအားျဖင့္ ဒီမွာရွိတုန္းအကူညီေပးခဲ့ၾကသူေတြပင္။ တစ္ေနရာကေန တစ္ေနရာကူးတိုင္း ခုလိုပဲႏႈတ္ဆက္ၾကသူေတြႏွင့္ ခြဲရခက္ေၾကာင္း မေန႕ညကဆရာဦးေျပာေနေသးသည္။ ညက အန္ကယ္ဦးညီတို႔ ပစၥည္းေတြကိုပါ သိမ္းေပးရသည္မို႔အေတာ္ႏွင့္မအိပ္ၾက။ ျပန္ခါနီးမို႔ တစ္ခုခုကိုလြမ္းဆြတ္သလိုျဖစ္ေနကာ အိပ္မရတာလည္းပါပါသည္။

ဒီမနက္မွာေတာ့ ႏွင္းေဖြးေဖြးၾကား လာႏႈတ္ဆက္ၾကသူေတြေၾကာင့္ ပို၍ပင္ၾကည္ႏူးဝမ္းနည္းရသည္။ အျဖဴေရာင္ႏွင္းဖတ္ေတြက ၿခံစည္းရိုးခတ္ထားသည့္အပင္ပုေလးေတြထက္တြင္ ဟိုတစ္ပုံသည္တစ္ပုံျဖစ္ေနကာ ျမက္ခင္းျပင္ဟာလည္း ႏွင္းရည္မ်ားစို႐ႊဲလို႔ေန၏။ ေဒသခံေတြက ခ်မ္းစိမ့္ေနသည့္ေဆာင္းေလကိုအံတုကာပင္ သူတို႔ဆီလာၾကတာျဖစ္သည္။

အိတ္ေတြကို ဆိုင္ကယ္ေပၚတင္ၿပီး သူတို႔အတြက္လည္း ဆိုင္ကယ္တစ္စီးစီအသင့္။ အလာတုန္းကသယ္လာရသည့္ ေဆးထုတ္ေတြေလ်ာ့သြားၿပီမို႔ ဝန္ေပါ့သြားသည္မထင္ပါႏွင့္။အျပန္လက္ေဆာင္ေပးလိုက္သည့္အထုတ္ေတြကိုက ဆိုင္ကယ္တစ္စီးႏွင့္ သယ္ေနရသည္။ပစၥည္းတန္ဖိုးထက္ ေစတနာတန္ဖိုးကမ်ားသည္မို႔ သူတို႔မွာမျငင္းရက္ၾကေခ်။

"လမ္းမွာ အဆင္ေျပၾကပါေစ ဆရာေလးတို႔ေရ။ ေျဖး‌ေျဖးသာ ျပန္ၾကေတာ့"

လူစုကိုႏႈတ္ဆက္ၿပီး ၿခံထဲကထြက္လာခ်ိန္တြကင္ ခ်စ္နိုင္းေခါင္းကိုေရွ႕ျပန္မလွည့္နိုင္။ ႏွင္းမႈန္ၾကားမွ လက္လွမ္းျပေနသည့္လူစုဆီကေန မ်က္လုံးမခြာနိုင္‌ခဲ့ေခ်။ သူတို႔တည္းခဲ့ရသည့္ အိမ္ေလးက မႈန္မွိုင္းေနသည့္ျမဴေတြေအာက္မွာငုပ္တုပ္ကေလး။ ၿခံထဲကၾကက္တစ္ေကာင္ဟာ ၿခံစည္းရိုးေပၚတက္ကာ တကြတ္ကြတ္ေအာ္ေနရွာသည္။ ခ်စ္နိုင္းကို ႏႈတ္ဆက္ေနေလသလားမသိပါ။

ေျမသားလမ္းကေလးေပၚမွာ ဆိုင္ကယ္ဟာျမႇောက္သြားလိုက္က်သြားလိုက္ျဖင့္ ေမာင္းႏွင္လ်က္ လမ္းေၾကာင္းကေလးကသူ႕လမ္းရာအတိုင္း က်န္ခဲ့ရွာသည္။ ခပ္ေဝးေဝးမွာက်န္ေနခဲ့သည့္ ေတာင္ခါးပန္းကအိမ္ကေလးဆီ တစ္ခ်က္ေငးလိုက္ၿပီး ေရွ႕ျပန္လွည့္ေတာ့ ေရွ႕ဆိုင္ကယ္မွ ကိုကိုကေနာက္တလွည့္လွည့္ႏွင့္။ကိုကိုလည္း ျပန္ခါနီးမို႔အလြမ္းေျပၾကည့္ေနရွာတာျဖစ္လိမ့္မည္။ ခ်စ္နိုင္းႏွင့္အၾကည့္ဆုံေနတာမို႔ ၿပဳံးျပခ်င္ေသာ္လည္း အားမရွိတာေရာ မ်က္ႏွာကိုေလေအးေတြတိုးေနတာေရာေၾကာင့္ မၿပဳံးျပျဖစ္ေတာ့။

လည္ပင္းမွာပတ္ထားသည့္ မာဖလာကိုႏွာေခါင္းထိပ္ထိဆြဲတင္ကာ မ်က္စိတို႔ကိုေတးေတးသာဖြင့္ထားလိုက္သည္။ သစ္ေခါက္ရနံ႕သင္းသင္းက ခ်စ္နိုင္းမ်က္ႏွာတစ္ဝိုက္လႊမ္းၿခဳံထား၏။ လက္ရွိပတ္ထားသည့္ ေဆးေျခာက္ေလွ်ာ္ထည္တဘက္ေလးဆီမွျဖစ္မည္။ ဒီအထည္ေလးကို ေလာင္ႏြန႔္အဖြားဆီမွ လိုတာထက္ပိုေဈးႀကီးေပးကာ တမင္သက္သက္ဝယ္လာတာပင္။ ခ်စ္နိုင္းလုပ္ေပးနိုင္တာ ဒါေလးပဲရွိသည္မို႔ တတ္နိုင္သေလာက္သာကူညီခဲ့နိုင္သည္။

ႏွင္းေငြ႕ေတြၾကား ဆိုင္ကယ္ေမာင္းရတာ သိပ္ေတာ့ခရီးမတြင္လွ။ၿမိဳ႕အဝင္ကုန္းဆီေရာက္တဲ့အခါ ေတာင္ထိပ္ၿမိဳ႕ငယ္ေလးဆီ သမင္လည္ျပန္ေငးရင္း ႏႈတ္ဆက္မိသည္။ ေတာင္ေပၚေဘာလုံးကြင္ျပင္ထက္မွာ ႏွင္းမႈန္တို႔ကဟိုဟိုဒီဒီျပန႔္က်ဲေနၾက၏။

"ေခါင္လန္ဖူးၿမိဳ႕မွ ႀကိဳဆိုပါ၏" ဆိုသည့္ဆိုင္းဘုတ္ေလးကိုႏႈတ္ဆက္အၿပီးမွာေတာ့ ဆိုင္ကယ္ဟာ ေတာတြင္းလမ္းဆီဝင္သြားခဲ့ၿပီ။ေတာင္ေပၚၿမိဳ႕ကေလးက ေတာင္အေကြ႕ေတာအေကြ႕ေတြရဲ႕ေနာက္မွာ ၿငိမ္သက္စြာက်န္ေနခဲ့လိမ့္မည္။ ဒီတစ္ေခါက္အတြက္ ခ်စ္စရာေကာင္းသည့္၊မဖြံ႕ၿဖိဳးေသးသည့္ ေဒသငယ္ကေလးကို သူတို႔ႏႈတ္ဆက္ခဲ့ၾကရပါၿပီ။ေနာက္တစ္ႀကိမ္မ်ား ထပ္ေရာက္နိုင္တဲ့အခါ ပိုတိုးတက္ၿပီးစိုေျပေနတာကို ျမင္နိုင္ေကာင္းပါရဲ႕။

"ဆရာေလး ထိုင္ရတာအဆင္ေျပရဲ႕လား။လမ္းက ႏွင္းစိုေတာ့ေခ်ာ္ေနတာ။ေသခ်ာကိုင္ထားပါအုန္း"

"ဟုတ္ကဲ့ "

ဆိုင္ကယ္ေပၚမွာ ေသခ်ာျပင္ထိုင္ရင္း ခ်စ္နိုင္းေျဖလိုက္သည္။ အလာတုန္းကတည္းခိုခဲ့သည့္ လမ္းတဲေလးမွာ ေနရာေ႐ြ႕သြားၿပီမို႔ လုပ္ငန္းခြင္ကလူတစ္ခ်ိဳ႕ႏွင့္သာ ဆုံရေတာ့သည္။ေဝာာငွက္ေပ်ာပင္မ်ား၊ အပင္ႀကီးမ်ားဟာလည္း ႏွင္းရည္ဝကာ အိက်‌ေနၾက၏။ ‌အလာကႏွင့္ယွဥ္လွ်င္ ေရတံခြန္ေတြကိုသိပ္မေတြ႕ရေတာ့ပဲ ေတြ႕ရသည့္ေရတံခြန္တို႔မွာလည္း ေအးလြန္း၍ အေငြ႕ေတြပင္ထေနၾကသည္။

ခ်စ္နိုင္းအတြက္ေတာ့ တစ္လမ္းလုံးေလာင္ႏြန႔္ကို သတိမရပဲမေနနိုင္။အႏွီေကာင္ေလးက အင္မတန္သြက္လက္ကာ စိတ္ရွည္သည္။ ခ်စ္နိုင္းကိုယ္တိုင္က တစ္ေကာင္ႂကြက္ကေလးမို႔ပဲ သံေယာဇဥ္တြယ္တတ္လြန္းေလသလား။ ထိုေကာင္ေလးရဲ႕ တက္ႂကြၿပီးစိတ္အားထက္သန္တာေလးကို အေတာ္မွတ္မွတ္ရရျဖစ္ေနခဲ့ရ၏။

"ဆိုးဆိုး႐ြား႐ြားမျဖစ္ပဲ အဆင္ေျပေနရင္ေကာင္းမွာပဲ"
ခပ္တိုးတိုးေရ႐ြတ္ၿပီးေနာက္ မ်က္ဝန္းေတြကိုပိတ္ထားမိလိုက္သည္။ လမ္းနဲ႕အတူ လူေရာဆိုင္ကယ္ကပါ ဒယိမ္းဒယိုင္ႏွင့္။ ေလာင္ႏြန္ေမာင္းတာသာဆို ခ်စ္နိုင္းက ေသခ်ာေမာင္းပါလို႔စေနၿပီး ႏွစ္ေယာက္သားရယ္မိေနၾကလိမ့္အုန္းမည္။ ခုေတာ့ အႏွီေလာင္ႏြန္ဟာ အိမ္နဲ႕အေဝးမွာ ေဆြမရွိမ်ိဳးမရွိႏွင့္ ေၾကာက္ေနရွာမလားေတာင္မသိပါေလ။

ရီဒမ္းအေရာက္မွာ ခ်စ္နိုင္းတို႔ကိုလာႀကိဳသည့္ ကားကႀကိဳေရာက္ေနခဲ့ၿပီ။ ကိုဒီးရမ္က သူ႕ရဲ႕႐ႊင္ျပေသာအၿပဳံးေတြျဖင့္ ခရီးဦးႀကိဳျပဳကာ ကားေပၚသို႔အထုပ္ပိုးေတြေျပာင္းတင္ေပးသည္။ ခ်စ္နိုင္းကိုလည္း ကိစၥစုံသိၿပီးလို႔ စိတ္မေကာင္းအရမ္းမျဖစ္ဖို႔အေၾကာင္း၊ ေလာင္ႏြန္က အေတာ္ေလးက်န္းက်န္းမာမာရွိေနၿပီး ခ်စ္နိုင္းတို႔ကိုေတြ႕ဖို႔ စိတ္လႈပ္ရွားေနေၾကာင္း ေျပာျပရွာသည္။

ထိုစကားေတြဟာ ခ်စ္နိုင္းအတြက္ေတာ့ ႏွင္းေငြ႕ၾကားက ေနေရာင္ျခည္ေလးလိုပင္။ တစ္ေလွ်ာက္လုံးေလးလံလာသမွ် ဝန္ထုပ္ႀကီးတစ္ခုက်သြားသလို ရင္ထဲေပါ့ပါးရသည္။ ကိုဒီးရမ္စကားေၾကာင့္ ေလာင္ႏြန႔္ကိုေတြဖို႔ ပိုၿပီးေတာင္စိတ္အားထက္သန္သြားေသး၏။ အဆင္ေျပရဲ႕လား၊ဘာျဖစ္တာလဲ၊ အစားေရာစားလား၊ငိုေနေသးလား အစရွိတဲ့အေမးေတြမျပတ္နိုင္ေသာအခါ ကိုဒီးရမ္က သေဘာက်လိဳ႕မၿပီး။ တကယ္ဆို ဒီရက္ေတြအတြင္း ခ်စ္နိုင္း ပထမဆုံးစကားေတြအမ်ားႀကီး ေျပာျဖစ္တာပါပဲ။

"မင္းအိပ္ခ်င္ရင္ ငါ့ပုခုံးေပၚအိပ္လိုက္"

ႏွင္းေငြ႕ေအာက္က ေတာင္တန္းေတြဆီေငးေနရာမွ ကိုကို႔ဆီလွည့္ၾကည့္လိုက္ေတာ့ ေစာင္ပါးတစ္ထည္ကိုပုခုံးေပၚတင္ေပးရင္း ခ်စ္နိုင္းကိုအနားဆြဲသည္။ ေနာက္ မာဖလာကိုေသခ်ာပတ္ေပးကာ ခ်စ္နိုင္းအကၤ်ီၾကယ္သီးေတြကိုပါ စစ္ေနေသးသည္။ ကားက တလႈပ္လႈပ္ႏွင့္မို႔ ယိမ္းထိုးေနကာ ကိုကို႔ခင္မ်ာ အားစိုက္ရလြန္းလို႔ မ်က္ခုံးတန္းႏွစ္ခုပင္ထိေတာ့မည္။

ဒီရက္ေတြထဲမွာ ကိုကိုဟာ ခ်စ္နိုင္းကိုသိပ္ဂ႐ုစိုက္ရွာသည္။ ေလာင္ႏြန္နဲ႕ပက္သက္ၿပီး နည္းနည္းေလးေတာင္ အျပစ္မေျပာသည့္အျပင္ ခ်စ္နိုင္းကို တစ္ေယာက္ထဲစိတ္ညစ္ခ်ိန္မရေအာင္ ဟိုေခၚသြားလိုက္၊သည္ေခၚသြားလိုက္ႏွင့္။အဖ်ားရွိသည့္ရက္ေတြဆို မ်က္စိေအာက္ကပင္ အေပ်ာက္မခံ။ တစ္ခ်ိန္လုံး အယုယခံခ်င္ခဲ့သမွ် အခုမွၿပဳံခံစားေနရသလိုပါပဲ။ ကိုကိုဟာ စိတ္ေရာကိုယ္ပါအားျပတ္ေနသည့္ ကေလးတစ္ေယာက္ကိုေတာ့ ေကာင္းေကာင္းႀကီးကုသေပးနိုင္သည့္ ဆရာဝန္တစ္ေယာက္ေပ။

"ဟိုေရာက္ရင္ ေလာင္ႏြန္နဲ႕ေတြ႕ရေတာ့မွာ။
ခဏေလာက္ေတာ့ အိပ္လိုက္။ ကားက ေတာက္ေလွ်ာက္ေမာင္းမွာမို႔ ပင္ပန္းေနလိမ့္မယ္"

ကိုကို႔လက္ဖဝါးေႏြးေႏြးက ခ်စ္နိုင္းေခါင္းကိုအသာကိုင္ကာ သူ႕ရင္ခြင္ကိုမွီေစ၏။ရင္ခြင္ႀကီးက သက္ေတာင့္သက္သာရွိကာ ေႏြးေထြးသည္။ သို႔ေသာ္ ေမွ်ာ္လင့္ထားခဲ့ဖူးေသာ ၾကည္ႏူးရျခင္း၊ေက်နပ္ျခင္းမ်ိဳးကိုမခံစားရ။ ေဝဝါးေနသလိုလို၊ ဗလာသက္သက္ရွိေနသလိုလို ခ်စ္နိုင္းစိတ္ဟာႏြမ္းလ်ေနသည္။ ကိုယ့္ကိုယ္ကိုယ္ပင္ မဆန္းစစ္နိုင္ေတာ့သလိုပင္။ကိုကိုႏွင့္ပက္သက္တာေတြ ေလာေလာဆယ္ေတာ့ မစဥ္းစားခ်င္ေသးပါဘူး။

ရင္ခြင္က်ယ္ကိုမွီလ်က္ ကားေပၚမွတဆင့္ အျပင္ဘက္ရွိေတာအထပ္ထပ္ ေတာင္အထူထူကိုသာေငးေနမိသည္။တိမ္ေတြဟာ ခ်စ္နိုင္းတို႔ႏွင့္အတူ ေမာင္းႏွင္ေနသည့္အတိုင္း ေဆာင္းေလၾကားမွာ ေျမာလြင့္ေနၾက၏။ တခ်ိဳ႕ေနရာမ်ားတြင္ ဆီးႏွင္းပုံကေလးေတြ အေဖြးလိုက္စုေနတတ္ၾကတာ ျမင္ေနရသည္။

တစ္ေလွ်ာက္လုံးပင္ပန္းခဲ့သမွ် စိတ္သက္သာရာေလး ရသြား၍ျဖစ္မည္။
ခ်စ္နိုင္းမ်က္ဝန္းေတြ တေျဖးေျဖးေဝဝါးလာကာ မ်က္ခြံေတြက တင္းထားလို႔မရေအာင္ စင္းက်ငိဳက္ျမည္းလာခဲ့ၾကသည္။ ခႏၶာကိုယ္ဟာ ဒီတစ္ေလာပင္ပန္းခဲ့သမွ်ကို အနားယူပစ္ဖို႔တြန္းအားေပးသည့္အေလ်ာက္ ခ်စ္နိုင္းဟာလႈပ္ခါေနသည့္ကားေပၚမွာပင္ စိတ္ခ်လက္ခ်အိပ္ေပ်ာ္သြားခဲ့ေတာ့၏။

တင္းေနေသာေထြးပိုက္မႈႏွင့္ နဖူးေပၚက်လာတတ္သည့္ ေႏြးေထြးမႈေတြဟာ အိပ္မက္ပဲလား၊စိတ္ကူးေတြပဲလားဆိုတာကိုေတာ့ ေဝခြဲရခက္လြန္းပါသည္ေလ။

...…......................

၂၄နာရီဖြင့္သည့္ ေဆး႐ုံကို ေရာက္ရွိခ်ိန္ဟာ မနက္၅နာရီထိုးခါနီး။ ခ်စ္နိုင္းတို႔ကားသံရပ္သည္ႏွင့္ ေဆး႐ုံတစ္ခုလုံးတိတ္ဆိတ္သြားသည္။ OPD (Out Patient Department)မွ သူနာျပဳဆရာမေလးေတြပင္ ငိုက္မ်ည္းလ်က္ရွိေနၿပီး လူဝင္လာမွခပ္သြက္သြက္ထလာၾကသည္။ နီးစပ္ရာဌာနေတြဆီၾကည့္ေတာ့လည္း လူရွင္းကာ အပ္က်သံေသခ်ာၾကား‌နိုင္ေလာက္၏။

"လူနာက ICU(Intensive Care Unit)ကေနေ႐ႊ႕ၿပီးပါၿပီ။ ေလာေလာဆယ္ အရိုးအေၾကာဘက္မွာထားထားတာပါ။ခုခ်ိန္အိပ္ေနမလားေတာင္မသိဘူး"

"ရပါတယ္ ကြၽန္ေတာ္တို႔ ဒီမွာပဲေစာင့္ပါ့မယ္"

"အဆင္ေျပရင္ေတာ့ အဲ့လိုေလးလုပ္ေပးပါေနာ္"

လူအင္အားနည္းသည့္အျပင္ ေလာင္ႏြန႔္ကိုလည္းအိပ္ေရးမပ်က္ေစခ်င္တာေၾကာင့္ OPD မွာပဲထိုင္ေစာင့္ဖို႔ဆုံးျဖတ္ကာ ကိုဒီးရမ္တို႔ကိုျပန္လႊတ္လိုက္ၾကသည္။ ကိုေဂ်ာ္နီတို႔ အန္ကယ္ဦးညီတို႔က ကိုဒီးရမ္တို႔အိမ္မွာပဲအိပ္ၾကတာမို႔ မနက္မွတစ္ေခါက္လာၾကလိမ့္မည္။ ဆရာဦးကိုျပန္နားဖို႔ ေျပာေပမဲ့မရ။ ေနာက္ဆုံးေတာ့ ခ်စ္နိုင္းတို႔သုံးေယာက္သား ‌လက္ကေလးေတြပိုက္လို႔ တစ္ေမွးအိပ္ေပ်ာ္သြားၾကေတာ့သည္။

ေလာင္ႏြန္နဲ႕ေတြ႕ၾကေတာ့ ေကာင္ေလးက အေတာ္စိတ္လႈပ္ရွားေနသည္။ နဂိုခပ္ေမွးေမွးမ်က္ဝန္းေတြပင္ မွိတ္က်သည္အထိရယ္ၿပဳံးလ်က္ ခ်စ္နိုင္းတို႔ကိုႀကိဳဆို၏။ ေျခေထာက္တစ္ဖက္ ေသခ်ာထိန္းထားသည္ကလြဲလွ်င္ က်န္တဲ့ေနရာေတြ က်န္းက်န္းမာမာရွိတာကိုပဲ ခ်စ္နိုင္းမွာဝမ္းသာေနရပါၿပီ။

"ဆရာေလးတို႔ လာမယ္ဆိုလို႔ ေန႕တိုင္းေစာင့္ေနတာ။ ႏွင္းမိုး႐ြာလို႔ ေနာက္က်ေနၾကတယ္ေပါ့"

"ဟုတ္တယ္ ေလာင္ႏြန္။သားေျခေထာက္ေရာ အဆင္ေျပရဲ႕လား"

"ေျပပါတယ္။ ေနာက္လေတြဆို လမ္းေလွ်ာက္လို႔ပါရမယ္တဲ့ ေဒါက္တာႀကီးက ေျပာသြားတယ္"

ဆရာဦးက ေလာင္ႏြန႔္အေျခေနကိုေမးကာ အားေပးစကားေတြေျပာေနတုန္း ခ်စ္နိုင္းမွာေဝာာ့ ေနာက္နားကေနပဲ ေလာင္ႏြန႔္ကိုရပ္ၾကည္ေနမိသည္။ ေရွ႕ကိုရဲရဲႀကီးမတိုးရဲ။ တစ္ခ်ိန္လုံးတင္းလာခဲ့သမွ် ေတာ္ပါေသးသည္ဆိုသည့္အေတြးေလးေၾကာင့္ ရင္ထဲေပ်ာ္သလို တစ္ဖက္မွာလဲ ပိန္က်သြားသည့္ ေလာင္ႏြန္ေၾကာင့္ဝမ္းနည္းရျပန္သည္။

ဆရာဦး ေကာင္ေလးခ်ဳပ္ရိုးကိုၾကည့္ေနစဥ္ ခ်စ္နိုင္းကိုယ့္ႏႈတ္ခမ္းကိုယ္ဖိကိုက္မိထား၏။စနစ္တက်ခ်ဳပ္ထားသည့္ အဲ့ဒီေနရာမွာ ေသြးေတြဒလေဟာထြက္ၿပီး အရိုးေဖြးေဖြးေတြကို အေသခ်ာျမင္ခဲ့ရတာ ခ်စ္နိုင္းမေမ့နိုင္။ ေက်ာင္းမွာဒါေတြသင္ခဲ့ရေပမဲ့ ကိုယ္တိုင္ႀကဳံရသည့္အေနအထားမွာ အားလုံးကကြာျခားသည္။ ခ်စ္နိုင္းကပဲေဆးပညာနဲ႕ မထိုက္တန္လို႔လား။

"ေလာင္ႏြန႔္ဆီသြားေလ မင္းကိုပဲၾကည့္‌ၾကည့္ေနတာ"
ကိုကို႔တြန္းပို႔မႈႏွင့္အတူ အနားေရာက္သြားခ်ိန္မွာ ဘာေျပာရမွန္းမသိ။ ေကာင္ေလးက သူ႕လက္ၾကမ္းၾကမ္းတို႔ႏွင့္ ခ်စ္နိုင္းလက္ကိုဆုပ္ကိုင္ကာ အနားကခုံတစ္ခုမွာထိုင္ေစသည္။ တင္းထားသည့္တိုင္ ငိုခ်င္စိတ္ဟာတားမရ။မ်က္ရည္ဝဲလာတာကို လက္ဖ်ံႏွင့္ဆြဲသုတ္လိုက္ၿပီးမွ ေလာင္ႏြန႔္ကိုမ်က္ႏွာခ်င္းဆိုင္လိုက္ရ၏။

"လမ္းေတာ့ေလွ်ာက္နိုင္မွာမို႔လား"
ခ်စ္နိုင္းအသံက ခပ္ေဖ်ာ့ေဖ်ာ့။ ႀကိဳးစားေနေပမဲ့ ဒီထက္ပိုၿပီး မာေအာင္မေျပာနိုင္။

"ဒါေပါ့ အဲ့တုန္းကအရမ္းနာေပမဲ့ ဒီကေဒါက္တာေတြက တအားေတာ္တယ္။ကြၽန္ေတာ္မေၾကာက္ေတာ့ဘူး"

ေကာင္ေလးကေတာ့ တက္ႂကြမႈမပ်က္ရွာ။ခ်စ္နိုင္းဝမ္းနည္းမွာစိုးရိမ္သလို  လက္ကိုဆြဲကိုင္ရင္းႏွစ္သိမ့္ေပးေနသည္။

"ေလ့က်င့္ခန္းလုပ္ရင္ ႀကိဳးစားလုပ္ရမွာ"

"ကြၽန္ေတာ္လုပ္မွာပါ။ ဆရာေလးတို႔ ေနာက္တစ္ခါ ေခါင္လန္ဖူးကိုလာရင္ အႏွံ႕လိုက္ပို႔ေပးအုန္းမယ္"

"အဟက္.." ငိုခ်င္သည့္ၾကားမွထြက္လာေသာ ရယ္သံဟာအားမပါလွ။ သို႔ေသာ္လည္း အားလုံးကိုေက်းဇူးတင္တဲ့စိတ္ ေလာင္ႏြန႔္ကိုေက်းဇူးတင္တဲ့စိတ္ဟာ ခ်စ္နိုင္းကို အေတာ္ေလးအသက္ရႉေခ်ာင္ေစတာ ဝန္ခံရမည္။

"အဖြားက မွာလိုက္တယ္။သူ႕ကို စိတ္မပူပဲ ေသခ်ာေလးကုခဲ့တဲ့"

"အဖြားအတြက္ အနန္တို႔ကူမွာမို႔ သိပ္မပူပါဘူး။ ဒါနဲ႕ ဝမ္းသာစရာေျပာျပရအုန္းမယ္"

ခ်စ္နိုင္းၿပဳံးလိုက္မိ၏။ ဒီေလာက္ ေဆး႐ုံကုတင္ေပၚလွဲေနရခ်ိန္မွာေတာင္ ဝမ္းသာစရာေျပာျပနိုင္ေသးသည့္ ေလာင္ႏြန္က အသက္ႏွင့္မလိုက္ေအာင္ ရင့္က်က္လြန္းေနသလို။ အၿမဲတမ္း ႐ုန္းကန္ခဲ့ရတာေတြမ်ားသြားလို႔ပဲလား။ ေလာင္ႏြန႔္ကိုျမင္ရတာ ၿငိမ့္ၿငိမ့္ကိုျမင္ေနရသလိုပဲ ၾကည္လင္ၿပီးအားက်ခ်င္စရာေကာင္းသည္။

"ကိုဒီးရမ္က ဒီဘက္ကအသင္းေတာ္နဲ႕ခ်ိတ္ဆက္ေပးတာ။ ကြၽန္ေတာ္ ဆယ္တန္းကိုဒီမွာပဲေျဖလို႔ အဆင္ေျပသြားတယ္"

"တကယ္လား တကယ္ဒီကေန ေက်ာင္းတက္လို႔ရေတာ့မွာေပါ့"

"ဟုတ္တယ္ဆို ဆရာေလးရဲ႕။ သူတို႔က ေျခေထာက္လဲအဆင္မေျပတဲ့အတူတူ အလုပ္ေတြနားၿပီး စာက်က္လိုက္ေတာ့ အခ်ိန္ကိုအက်ိဳးရွိေအာင္ အသုံးခ်ၿပီးသား ျဖစ္တာေပါ့တဲ့"

ေလာင္ႏြန႔္ေျခေထာက္ကို လွမ္းၾကည့္လိုက္မိေတာ့ ကုတင္ေပၚမွာၿငိမ္လ်က္သား။ ေသခ်ာေပါက္ ဒီေျခေထာက္ႏွင့္ အလုပ္ၾကမ္းေတြလုပ္ရရင္ မလြယ္န္ိုင္။ တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္ေလာက္ အသားက်ဖိဳ႕ခက္ခဲလိမ့္မည္။

"ဘယ္လိုေျပာရမလဲေတာင္မသိဘူး။ မင္းအတြက္ အခြင့္ေရးရတာကိုေတာ့ တကယ္ဝမ္းသာပါတယ္ ေလာင္ႏြန္ရယ္"

"ဆရာေလးေျပာသလို တကၠသိုလ္တက္ခ်င္တယ္။ ကိုဒီးရမ္က ေျပာတယ္ အလုပ္လုပ္ရင္းေက်ာင္းတက္မယ္ဆို အဖြားတို႔ကိုလဲ ေထာက္ပံ့လို႔ရတယ္တဲ့။ အခုေဆး႐ုံမွာေနရင္း ကြၽန္ေတာ္စဥ္းစားေနတာ။ ေက်ာင္းေတြၿပီးလို႔အဆင္ေျပရင္ အိမ္နားကကေလးေတြကိုစာျပေပးၿပီး ကြၽန္ေတာ့လိုလုပ္ခိုင္းမယ္။ ခုေတာ့ ဆယ္တန္းမေျဖရေသးဘူး ဟီးဟီး"

စိတ္ကူးစိတ္သန္းေတြအေၾကာင္း ေျပာျပရင္း
သူ႕ဟာသူလည္း သေဘာေတြက်ကာ ရယ္ေနျပန္၏။ ေလာင္ႏြန႔္ၾကည့္ရတာ သူ႕ဘဝသူအစီစဥ္ခ်ေနတဲ့ကေလးတစ္ေယာက္လိုပါပဲ။ အရင္ကထက္ေတာင္ စကားေတြမ်ားလာေသးသည္။

"ေျခေထာက္ျဖစ္ထားတာေတာင္ တိုးတက္ရာလမ္းေၾကာင္းရွာနိုင္ေသးတယ္။မင္းကိုေတာ့ ေလးစားသြားၿပီး"

"ဆရာေလး အႀကံေပးလို႔ပါ။ ၿပီးေတာ့ ကြၽန္ေတာ့ေျခေထာက္ျဖစ္တာက ဆရာေလးေၾကာင့္မဟုတ္လို႔ စိတ္မေကာင္းမျဖစ္ပါနဲ႕။
ခု ပိုေကာင္းတဲ့အခြင့္ေရးကိုရသြားၿပီေလ။ အရာအားလုံးက ဘုရားသခင္ရဲ႕ အလိုေတာ္ပါပဲ"

ေကာင္ေလးလက္ေတြကို ခပ္ဖြဖြျပန္ဆုပ္ကိုင္မိပါ။ အနည္းဆုံးေတာ့ မႏၲေလးကို စိတ္ေအးေအးျပန္နိုင္‌ေတာ့မည္။ ခ်က္ခ်င္းအေျဖေတြ႕နိုင္သည့္ ေလာင္ႏြန႔္အတြက္ ေက်နပ္မိသလို ဖိအားမ်ားေနသည့္ ကိုယ့္ကိုယ္ကိုယ္အတြက္ေတာ့ စဥ္းစားစရာေတြရွိလာခဲ့သည္။

"ခ်စ္နိုင္း‌ေအာင္" ေခၚသံတိုးတိုးႏွင့္ အနားေရာက္လာသည့္ကိုကို။ ေလာင္ႏြန္က သူ႕အဖြားေပးလိုက္သည့္ ပစၥည္းမ်ားကိုထုတ္ၾကည့္ေနတာေၾကာင့္ ကိုကိုႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ေတာ့ ဖုန္းကိုလက္ထဲထည့္ေပးလာ၏။ ကိုကို႔ဖုန္း..ခ်စ္နိုင္းဖုန္းက ကိုဒီးရမ္ကားေပၚပါသြားခဲ့ၿပီ။

"ဝယ္စရာေလးရွိလို႔ ဆရာဦးပါေခၚသြားအုန္းမယ္။ ငါ့ဖုန္းယူထားလိုက္ တစ္ခုခုဆို ဆရာဦးဖုန္းကိုဆက္ေနာ္"

"ၾကာမွာလား ကိုကိုတို႔က "

"ခဏပဲ အေရးႀကီးတာေလး ဝယ္စရာရွိလို႔"

ေခါင္းၿငိမ့္ျပလိုက္ၿပီးေနာက္ ကိုကိုႏွင့္ဆရာဦးက ေဆး႐ုံခန္းမွ ထြက္သြားၾကသည္။ ေလာင္ႏြန္ႏွင့္ ခ်စ္နိုင္းႏွစ္ေယာက္ထဲသာ က်န္ခဲ့ၾက၏။ ေကာင္ေလးက သူ႕သူငယ္ခ်င္းေတြေပးလိုက္သည့္ လက္ေဆာင္မ်ား၊ စာမ်ားကိုဖတ္ကာ သေဘာတက်ၿပဳံးရယ္ေနသည္မို႔ ခ်စ္နိုင္းပါၿပဳံးမိသည္။ ေလာင္ႏြန္ဆယ္တန္းျပန္တက္မည္ဆိုေတာ့ ကိုဒီးရမ္ကတဆင့္ အထူးထုတ္စာအုပ္ေတြ၊ေက်ာင္းသုံးပစၥည္းေတြေထာက္ပံ့ေပးဖို႔ ခ်စ္နိုင္းဆုံးျဖတ္ထားသည္။

တီ တီ*
ကိုကို႔ဖုန္းလႈပ္ခတ္မႈေၾကာင့္ ၾကည့္လိုက္ေတာ့ စာဝင္ေနသည္။ ဖုန္းကအားသိပ္မရွိ။
အစက ဖြင့္မၾကည့္ပဲေနမည္လုပ္ေပမဲ့ ပို႔လာသူကေဖေဖမို႔ ခ်စ္နိုင္းအလြယ္တကူပဲဝင္ၾကည့္လိုက္မိသည္။ အဲ့ဒါကိုက ခ်စ္နိုင္းရဲ႕အမွား။ ကိုကိုႏွင့္ ေဖေဖေျပာထားေသာစာေတြကို စည္းကမ္းမဲ့ဖတ္မိသည့္ ခ်စ္နိုင္းအမွားေတြပါပဲ။

ႏႈတ္ခမ္းကိုခပ္ဖြဖြကိုက္ရင္း အခန္းအျပင္ဘက္ထြက္လာခဲ့လိုက္သည္။ ေလာင္ႏြန္တစ္ေယာက္ထဲက်န္ခဲ့မည္ဆိုေသာ္လည္း ခ်စ္နိုင္းအသက္ဝဝရႉဖို႔ ေနရာလိုအပ္ေနသည္။ ေျပာထားၾကသည့္စာေတြက အထူးဆန္းမဟုတ္ေပမဲ့ ခ်စ္နိုင္းအတြက္ေတာ့ လွိုင္းပုတ္ခံလိုက္ရသည့္ ေခြးကေလးလို ကူကယ္ရာမဲ့ေစ၏။

ကိုကိုဘာေၾကာင့္ ႐ုတ္တရက္ႀကီးအေတြးေျပာင္းသြားသလဲ။ ဘာေၾကာင့္ ခ်စ္နိုင္းကို ဒီခရီးလိုက္ဖို႔ မတားေတာ့သလဲ။တကယ္ဆို ေဖေဖလွ်ို႔ဝွက္ထားခ်င္တဲ့ လွ်ို႔ဝွက္ခ်က္ကိုကာကြယ္ဖို႔ အေဝးႀကီးထိဆြဲေခၚလာခဲ့႐ုံပဲ။ ခ်စ္နိုင္းကို ကေလးတစ္ေယာက္လို အပူပင္မရွိေစခ်င္တဲ့ ေဖေဖ့ဆႏၵကို‌ျဖည့္ဆည္းေပးခ်င္႐ုံပဲ။

ဒီလိုဆိုရင္ ႀကိဳက္တယ္လို႔ေျပာခဲ့တာေတြ၊ ၾကင္နာၿပီး ဂ႐ုစိုက္ေပးေနတာအားလုံးကေရာ။အားလုံးက ကိုကို ခ်စ္နိုင္းကိုသနားေနလို႔ပဲ။ အမႈရင္ဆိုင္ေနရတဲ့ အမ်ိဳးသားႀကီးနဲ႕ မိတဆိုးသားေလးကို သနားေနလို႔။ ခ်စ္နိုင္းကို တကယ္ႀကိဳက္ေနတာမွမဟုတ္တာ။

ေျမယာပိုင္ဆိုင္မႈအရႈပ္ရွင္းေတြေၾကာင့္ တရားရင္ဆိုင္ေနရတဲ့ေဖေဖ။ ရိုးသားပါသည္ဆိုေသာ အေျပာေတြကို ကိုကိုႏွင့္ေျပာထားသမွ်စာေတြမွာ အကုန္ျမင္ေနရသည္။ 'ခ်စ္နိုင္းေအာင္ကို ဂ႐ုစိုက္ထားမွာမို႔ အန္ကယ္အဆင္ေျပေအာင္ဂ႐ုစိုက္ပါ '၊ 'ခရီးစဥ္အတြက္ ခ်စ္နိုင္းေအာင္နာမည္ကိုထည့္ထားလိုက္ပါတယ္ အန္ကယ့္ကိစၥလည္းလပိုင္းအတြင္း တိတိက်က်သိရမယ္ထင္ပါတယ္' အစရွိတဲ့စာေတြကအစ ေဖေဖေနာက္ဆုံးပို႔ထားသည့္ 'အန္ကယ့္ကိစၥေဝာာ့အဆင္ေျပနိုင္မယ္ထင္တယ္ ေမာင္ရင္ျပန္လာရင္ေျပာပါအုန္းမယ္'ဆိုသည့္ စကားေတြအထိ။

ေဖေဖဟာ ခ်စ္နိုင္းကိုဘယ္အထိဖုံးကြယ္ဖို႔စဥ္းစားထားသလဲ။ စိတ္ဆင္းရဲမွာစိုးလို႔ဆိုသည့္ ဆင္ေျခကေတာ့ ခ်စ္နိုင္းကိုဘာမွအေရးမပါသလိုသာခံစားရေစလိမ့္မည္။ေျပးၾကည့္လို႔မွ ဒီသားအဖေလးႏွစ္ေယာက္ရွိတာကို ခ်စ္နိုင္းကိုျပႆနာေတြမသိေစခ်င္ပါတဲ့။ အၿမဲေဖေဖ့ကို လွည့္မၾကည့္ေပးခဲ့လို႔၊ကိုယ့္အတြက္ကိုယ္ပဲၾကည့္ေနလို႔ ခ်စ္နိုင္းကိုစိမ္းသက္သြားတာမ်ားလား။

အကုန္ၿပီးမွသိရသည္ထက္ ပိုခံျပင္းရတာရွိမည္မထင္ပါ။ခ်စ္နိုင္းတကယ္ စိတ္ဆိုးပါသည္။ေဖေဖ့ကိုလား၊ ကိုကို႔ကိုလား။ ဟင့္အင္း ကိုယ့္ကိုယ္ကိုယ္ပဲျဖစ္လိမ့္မည္။ အေျဖမရွိတဲ့ေမးခြန္းေတြပုံေနၿပီး ဘာတစ္ခုမွမေျဖရွင္းနိုင္တဲ့ ဝန္ထုပ္ဝန္ပိုးျဖစ္ရတာကို ခ်စ္နိုင္းစိတ္ကုန္လာတာပဲ ျဖစ္ရမည္။

ဘာေၾကာင့္မွန္းရယ္မသိ ခက္ခဲတဲ့ေန႕ရက္ေတြ ခ်စ္နိုင္းဆီမွာစုၿပဳံလာသလို ခံစားေနရ၏။ တစ္ခုၿပီးတစ္ခုတိုးလာသည့္ မေရရာမႈေတြကို ဘယ္အခ်ိန္ထိေတာင့္ခံထားနိုင္မည္မသိ။ မသိျခင္းရဲ႕တစ္ဖက္မွာ သိျခင္းတရားေတြဟာ ခ်စ္နိုင္းအတြက္ လမိုက္ညေတြလို ေၾကာက္စရာေကာင္းေနမွာမ်ားလား...။

……………………………………………
စာေရးသူ၏ အမွာစာ:
Updateၾကာသြားတာ ေတာင္းပန္ပါတယ္
အိုင္လဲ ကိစၥေတြစုၿပဳံေနတာနဲ႕ပဲ

ေခါင္လန္ဖူးနဲ႕ပက္သက္တဲ့ ပုံေတြၾကည့္ခ်င္ရင္ Kattam Kaung ဆိုတဲ့ Facebook Accမွာ လာၾကည့္နိုင္ပါတယ္ဗ်ား

ေနာက္ရက္ေတြ႕ၾကပါမယ္❤️

Seguir leyendo

También te gustarán

175K 14.1K 61
ရှင်သန်မှုပုံစံနှင့် စိတ်သဘောထား မတူညီသော လူသုံးယောက် ကြားမှ မွေးဖွားလာသော အချစ်တစ်ခု . . . အချစ်ကို မကိုးကွယ်တတ်တဲ့ ကောင်လေးရဲ့ ချစ်တတ်လာသောနှလုံးသ...
2.5K 153 9
တန်ခူးလေရဲ့နွေးထွေးမှုနှင့်အတူဆောင်ယူလာတဲ့ချစ်ခြင်း💛 တန္ခူးေလရဲ႕ေႏြးေထြးမႈႏွင့္အတူေဆာင္ယူလာတဲ့ခ်စ္ျခင္း💛
5.7K 442 2
#TGMyanmar (သၾကၤန္​ၿပိဳင္​ပြဲ၀င္​စာမူ) ကြၽန္​​ေတာ္​အရမ္​းနွစ္​သက္​တဲ့ ပိ​ေတာက္​​ေတြပြင္​့ခ်ိန္​မွာပဲ သၾကၤန္​ကိုခ်စ္​တဲ့ေကာင္​​ေလးတစ္​​ေယာက္​နဲ႔ ခ်စ္​...
1.6M 66.1K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...