ကောင်းကျိုးမပေးသော သမီးပျို P...

Por FinToneLone

84.4K 9.8K 196

ရှန်ယန်ရှောင် Part 4 ရွန္ယန္ေရွာင္ Part 4 Más

၅၉၉
၆၀၀
၆၀၁
၆၀၂
၆၀၃
၆၀၄
၆၀၅
၆၀၆
၆၀၇
၆၀၈
၆၀၉
၆၁၀
၆၁၁
၆၁၂
၆၁၃
၆၁၄
၆၁၅
၆၁၆
၆၁၇
၆၁၈
၆၁၉
၆၂၀
၆၂၁
၆၂၃
၆၂၄
၆၂၅
၆၂၆
၆၂၇
၆၂၈
၆၂၉
၆၃၀
၆၃၁
တောင်းပန်ပါတယ်ဗျို့
၆၃၂
၆၃၃
၆၃၄
၆၃၅

၆၂၂

1.9K 250 6
Por FinToneLone

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၂၂)

“ဒါဆို ဘယ်လိုလုပ်မှာလဲ ယန်းချီအပေါ်မှာ မလှုပ်ရှားဖို့ မင်းပဲပြောတယ် အခုရောက်တော့ သူ့တပည့်ကိုတောင် မထိရပြန်တော့ဘူးလား”လို့ အနက်ဝတ်က မဲ့တဲ့တဲ့ဖြင့်ပြောသည်။

“ကောင်မလေးကို မထိရဘူးလို့ပြောတာမဟုတ်ဘူး အချိန်မရောက်သေးလို့ပြောနေတာ။ လောလောဆယ်မှာ လောင်းရွှမ်အင်ပါယာဧကရာဇ်ရဲ့ အမြင်မကြည်မှုကို ကောင်မလေး ခံနေရပေမယ့် တိုင်းပြည်နဲ့ဝေးလံတဲ့ စွန့်ပစ်နယ်မြေထဲမှာနေနေတော့ ကောင်မလေးဖက်က ဘာဖိအားမှမခံစားရသေးတော့ ဘာကိုမှလိုအပ်မှာမဟုတ်ဘူး။နောက်ပြီးတော့ တက်သစ်နေမြို့တော်ရဲ့ တည်ဆောက်ရေးလုပ်ငန်းက တော်တော်လေးကိုပြီးနေပြီ ပြောရရင် အခုလတ်တလော ကောင်မလေးမှာ ဘာအားနည်းချက်မှမရှိဘူးဖြစ်နေတယ်”ဟု ရှန်ယန်ရှောင်၏ လက်ရှိအနေအထားကို အိုးယန်ဟွမ်းယူက သေချာသုံးသပ်ပြလိုက်သည်။

ရှန်ယန်ရှောင်သာ သာမန်အရည်အချင်းမျိုးရှိလျှင် အနက်ဝတ်အနေနဲ့ ကြိုက်သလိုသတ်နိုင်ပါသည်။သို့သော်လည်း ဒီကောင်မလေးရဲ့ အရည်အချင်းက ကြောက်ဖို့တောင်ကောင်းလှပါသည်။ဒီလိုပါရမီရှင်မျိုးကို သူ မတွေ့မမြင်ရတာ အရမ်းကို ကြာခဲ့ပါပြီ။

ဒီလိုအချိန်မျိုးမှာ အဖျက်စီးခံလိုက်ရရင် ဘယ်လောက်နှမြောဖို့ကောင်းလိုက်မလဲ...

“မင်းပြောတာဘာအဓိပ္ပါယ်လဲ"

“ကောင်မလေးမှာ ဘာအားနည်းချက်မှမရှိတော့ ဘာကိုမှ တောင်းဆိုမှာမဟုတ်ဘူး ငါတို့က သူ့ဆီမှာ အားနည်းချက်ရှိသွားအောင်လုပ်ရမယ်။လွန်ကျူးလှတဲ့ ဖိအားဒဏ်ခံရရင် သူလည်း ခံစားနိုင်မှာမဟုတ်ဘူး။အဲ့အချိန်မှာ ငါထွက်လာပြီး ကောင်မလေးကို ကယ်တင်လိုက်ပြီး နောက်တစ်ခေါက်သိမ်းသွင်းလိုက်မယ်။အချိန်အခါသင့်ပြီဆိုရင် အောင်မြင်မှုကလည်း အလိုလိုရလာမှာပဲ”လို့ပြောလိုက်သော အိုးယန်ဟွမ်းယူ၏ သဘောကျဖွယ်မျက်နှာမှာ တင်းမာမှုမတွေ့ရသော်လည်း သူ့စကားလုံးတိုင်းဟာ ကြားရသူအဖို့ အထိတ်တလန့်ဖြစ်စေနိုင်ပါသည်။

“ကောင်မလေးရဲ့အတောင်တွေသာချိုးပစ်လိုက်ရင် လှောင်အိမ်ထဲမှာပဲ နေရတော့မှာလေ”

အနက်ဝတ်က အိုးယန်ဟွမ်းယူရဲ့ သိက္ခာသမာဓိအပြည့်နဲ့မျက်နှာကို ကြည့်လိုက်ပြီး တိုးတိတ်စွာ ရယ်မောလိုက်သည်။

“အိုးယန်ဟွမ်းယူဆိုတာ လင်းလက်တိုက်ရဲ့ ကြောင်သူတော်နံပါတ်တစ်နေရာနဲ့ တစ်ကယ့်ကိုထိုက်တန်လှပါတယ်။မင်းရဲ့ကျောင်းသားတွေသာ မင်းဖြစ်နေပုံတွေ သိသွားကြရင် သူတို့တွေအံ့အားသင့်သွားမှာသေချာတယ်။သူတို့ရဲ့ ချစ်လှစွာသော ကျောင်းအုပ်ကြီးက ကိုယ့်ကျောင်းသားအပေါ်မှာ အခုလို ရက်စက်ကြမ်းတမ်းလှတဲ့ အကြံအစည်မျိုးနဲ့ ချယ်လှယ်ဖို့အတွက် တိတ်တိတ်လေးကြိတ်ကြံနေပါလားဟရို့”

အိုးယန်ဟွမ်းယူဟာ ဒေါသထွက်ဟန်တောင်မရှိဘဲ အနက်ဝတ်ကိုသာ ကြည့်လိုက်သည်။

“လောကမှာ ငါ့ကိုဘယ်လိုသိထားကြသလဲ ဘယ်လိုလုပ်ပြီးတော့ တစ်ခြားလူတွေ သိမှာလဲ ထားလိုက်ပါတော့ မင်းဖက်မှာရော အခြေအနေဘယ်လိုရှိသလဲ။နေမင်းသင်္ချိုင်းက နံပါတ်နှစ်ပျောက်သွားတယ်ဆို ဘယ်လိုဖြစ်တာလဲ”

နံပါတ်နှစ်လို့ကြားလိုက်ရတဲ့ အနက်ဝတ်ရဲ့ရယ်သံက ချက်ချင်းရပ်သွားခဲ့သည်။သူက အိုးယန်ဟွမ်းယူကို မှုန်တေတေနဲ့ကြည့်ပြီး ပြန်ပြောလိုက်သည်။

“အဲ့ငတုံးတွေက စောက်သုံးကိုမကျဘူး သူတို့က နံပါတ်နှစ်ကို မအောင်မြင်တဲ့ထုတ်ကုန်တွေ ရှင်းလင်းဖို့အတွက် လုပ်ခိုင်းသတဲ့လေ။အဖြေကတော့ ရှင်းလင်းရေးလည်း မအောင်မြင်သလို နံပါတ်နှစ်လည်း ပျောက်သွားခဲ့တာပဲ။နံပါတ်နှစ်ဘယ်နေရာရောက်နေလဲ စုံစမ်းဖို့အတွက် တစ်ယောက်လွှတ်ထားတယ်”

“ဆန်ကုန်မြေလေးတွေ နံပါတ်နှစ်ကနေတစ်ဆယ်အတွင်းက စမ်းသပ်ကုန်တွေကို စိတ်ရှိတိုင်းလွှတ်လို့ ဘယ်ဖြစ်မလဲ အဲ့ဆန်ကုန်မြေလေးတွေ ဘာတွေတွေးခေါ်နေကြတာလဲ ဒီစမ်းသပ်ကုန်ကိုးခုက ငါတို့ကို ဘယ်လောက်တောင် ကုန်ကျစေခဲ့လဲ အခုတော့ တစ်ခုပျောက်သွားရပြီး ဒီလိုငတုံးမျိုးတွေကို ဆက်ထားဖို့မလိုတော့ဘူး”

“သူတို့ကို ငါရှင်းပြီးပါပြီ နေမင်းသင်္ချိုင်းက စမ်းသပ်စခန်းကိုလည်း ဖျက်စီးပစ်ပြီးပြီ”လို့ အနက်ဝတ်ကပြောလိုက်သည်။

“အခုအချိန်မှာ အရေးကြီးဆုံးအလုပ်က နံပါတ်နှစ်ကို ပြန်တွေ့ဖို့ပဲ။စမ်းသပ်မှုကိုးခုထဲမှာ နံပါတ်နှစ်နဲ့နံပါတ်လေးတို့ကသာ အတည်ငြိမ်ဆုံးတွေ။ခုလိုအချိန်မှာ ပျောက်သွားလို့ မဖြစ်ဘူး”လို့ပြောလိုက်သော အိုးယန်ဟွမ်းယူလေသံက ပြောင်းလဲသွားပြီဖြစ်ကာ သတိထားပြောဆိုနေဟန်ပေါက်နေသည်။

“နံပါတ်လေးရော ဘယ်လိုဖြစ်နေလဲ”

“နံပါတ်လေးအနားကို လူတွေပိုလွှတ်ထားတယ်။နံပါတ်လေးကို စခန်းကနေ မခွာခိုင်းထားဘူး။လတ်တလောတော့ ဘာပြဿနာမှ မရှိသေးဘူး။ကျန်တဲ့ စမ်းသပ်မှုခုနှစ်ခုကိုတော့ သေချာစီစဉ်ထားပြီးပြီဖြစ်လို့ ဒီလိုကိစ္စမျိုး ထပ်မဖြစ်တော့ပါဘူး”

အနက်ဝတ်စိတ်ညစ်နေရသည်။လောင်းရွှမ်အင်ပါယာက သူ့တာဝန်ဖြစ်ပြီး သူ့ပိုင်နက်အတွင်းမှာ တန်ဖိုးအရှိဆုံးစမ်းသပ်ကိုယ်ခန္ဓာ ပျောက်သွားရတဲ့ကိစ္စက သူ့ကိုသိက္ခာကျစေတဲ့ကိစ္စ ဖြစ်နေပါသည်။

“နံပါတ်နှစ်ကိုပြန်ရှာတွေ့နိုင်ဖို့အတွက် လူများများသုံးလေ ပိုကောင်းလေပဲ သူ့ထူးခြားချက်ကို တစ်ခြားသူတွေသိသွားလို့ မဖြစ်ဘူး။မင်းပြန်ရောက်တာနဲ့ ကျန်နေသေးတဲ့ ကျရှုံးထုတ်ကုန်မှန်သမျှကို ရှင်းပစ်ခိုင်းလိုက် ဒီလိုကိစ္စမျိုးထပ်ဖြစ်မှာကို ငါမမြင်ချင်ဘူး"လို့ အိုးယန်ဟွမ်းယူကပြောလိုက်သည်။

“ကျုပ်လုပ်လိုက်ပါ့မယ်...”ဟူ၍ အနက်ဝတ်က အံကြိတ်ကာပြောလိုက်သည်။

“ကောင်းပြီ ဒါဆိုလည်း မင်းက ငါနဲ့အတူ မှော်ဆန်းကြယ်မြို့ကိုလိုက်ခဲ့ရမယ်”လို့ အိုးယန်ဟွမ်းယူက ခေါင်းတဆတ်ဆတ်ညိတ်ကာ အနက်ဝတ်၏ ကတိစကားကို အင်တင်တင်ဖြင့် လက်ခံပြောဆိုလိုက်သည်။

“မှော်ဆန်းကြယ်မြို့ကိုဟုတ်လား...ဘာသွားလုပ်မလို့လဲ”လို့ အနက်ဝတ်ကမေးသည်။

“လန်ယူမင်းဆက်ပြည်ထဲမှာ လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ စမ်းသပ်ဖို့ခန္ဓာအသစ်ကို တွေ့ထားတယ်လို့ သူကပြောတယ်။နောက်ရက်နည်းနည်းကြာရင် သူက အဲ့စမ်းသပ်ဖို့ခန္ဓာကို မှော်ဆန်းကြယ်မြို့ကို ယူလာခဲ့မှာလေ။မင်းလည်းငါနဲ့အတူမြို့ကိုလိုက်လာပြီးတော့ သူရွေးထားသူက ဆယ့်တစ်ခုမြောက်စမ်းသက်မှု ဖြစ်နိုင်မဖြစ်နိုင် ကြည့်လို့ရတာပေါ့”လို့ အိုးယန်ဟွမ်းယူကပြောသည်။


ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၂၂)

“ဒါဆို ဘယ္လိုလုပ္မွာလဲ ယန္းခ်ီအေပၚမွာ မလွုပ္ရွားဖို႔ မင္းပဲေျပာတယ္ အခုေရာက္ေတာ့ သူ႔တပည့္ကိုေတာင္ မထိရျပန္ေတာ့ဘူးလား”လို႔ အနက္ဝတ္က မဲ့တဲ့တဲ့ျဖင့္ေျပာသည္။
“ေကာင္မေလးကို မထိရဘူးလို႔ေျပာတာမဟုတ္ဘူး အခ်ိန္မေရာက္ေသးလို႔ေျပာေနတာ။ ေလာေလာဆယ္မွာ ေလာင္းရႊမ္အင္ပါယာဧကရာဇ္ရဲ့ အျမင္မၾကည္မွုကို ေကာင္မေလး ခံေနရေပမယ့္ တိုင္းျပည္နဲ႔ေဝးလံတဲ့ စြန႔္ပစ္နယ္ေျမထဲမွာေနေနေတာ့ ေကာင္မေလးဖက္က ဘာဖိအားမွမခံစားရေသးေတာ့ ဘာကိုမွလိုအပ္မွာမဟုတ္ဘူး။ေနာက္ၿပီးေတာ့ တက္သစ္ေနၿမိဳ႕ေတာ္ရဲ့ တည္ေဆာက္ေရးလုပ္ငန္းက ေတာ္ေတာ္ေလးကိုၿပီးေနၿပီ ေျပာရရင္ အခုလတ္တေလာ ေကာင္မေလးမွာ ဘာအားနည္းခ်က္မွမရွိဘူးျဖစ္ေနတယ္”ဟု ရွန္ယန္ေရွာင္၏ လက္ရွိအေနအထားကို အိုးယန္ဟြမ္းယူက ေသခ်ာသုံးသပ္ျပလိုက္သည္။
ရွန္ယန္ေရွာင္သာ သာမန္အရည္အခ်င္းမ်ိဳးရွိလၽွင္ အနက္ဝတ္အေနနဲ႔ ႀကိဳက္သလိုသတ္နိုင္ပါသည္။သို႔ေသာ္လည္း ဒီေကာင္မေလးရဲ့ အရည္အခ်င္းက ေၾကာက္ဖို႔ေတာင္ေကာင္းလွပါသည္။ဒီလိုပါရမီရွင္မ်ိဳးကို သူ မေတြ႕မျမင္ရတာ အရမ္းကို ၾကာခဲ့ပါၿပီ။
ဒီလိုအခ်ိန္မ်ိဳးမွာ အဖ်က္စီးခံလိုက္ရရင္ ဘယ္ေလာက္ႏွေျမာဖို႔ေကာင္းလိုက္မလဲ...
“မင္းေျပာတာဘာအဓိပၸါယ္လဲ"
“ေကာင္မေလးမွာ ဘာအားနည္းခ်က္မွမရွိေတာ့ ဘာကိုမွ ေတာင္းဆိုမွာမဟုတ္ဘူး ငါတို႔က သူ႔ဆီမွာ အားနည္းခ်က္ရွိသြားေအာင္လုပ္ရမယ္။လြန္က်ဴးလွတဲ့ ဖိအားဒဏ္ခံရရင္ သူလည္း ခံစားနိုင္မွာမဟုတ္ဘူး။အဲ့အခ်ိန္မွာ ငါထြက္လာၿပီး ေကာင္မေလးကို ကယ္တင္လိုက္ၿပီး ေနာက္တစ္ေခါက္သိမ္းသြင္းလိုက္မယ္။အခ်ိန္အခါသင့္ၿပီဆိုရင္ ေအာင္ျမင္မွုကလည္း အလိုလိုရလာမွာပဲ”လို႔ေျပာလိုက္ေသာ အိုးယန္ဟြမ္းယူ၏ သေဘာက်ဖြယ္မ်က္ႏွာမွာ တင္းမာမွုမေတြ႕ရေသာ္လည္း သူ႔စကားလုံးတိုင္းဟာ ၾကားရသူအဖို႔ အထိတ္တလန႔္ျဖစ္ေစနိုင္ပါသည္။
“ေကာင္မေလးရဲ့အေတာင္ေတြသာခ်ိဳးပစ္လိုက္ရင္ ေလွာင္အိမ္ထဲမွာပဲ ေနရေတာ့မွာေလ”
အနက္ဝတ္က အိုးယန္ဟြမ္းယူရဲ့ သိကၡာသမာဓိအျပည့္နဲ႔မ်က္ႏွာကို ၾကည့္လိုက္ၿပီး တိုးတိတ္စြာ ရယ္ေမာလိုက္သည္။
“အိုးယန္ဟြမ္းယူဆိုတာ လင္းလက္တိုက္ရဲ့ ေၾကာင္သူေတာ္နံပါတ္တစ္ေနရာနဲ႔ တစ္ကယ့္ကိုထိုက္တန္လွပါတယ္။မင္းရဲ့ေက်ာင္းသားေတြသာ မင္းျဖစ္ေနပုံေတြ သိသြားၾကရင္ သူတို႔ေတြအံ့အားသင့္သြားမွာေသခ်ာတယ္။သူတို႔ရဲ့ ခ်စ္လွစြာေသာ ေက်ာင္းအုပ္ႀကီးက ကိုယ့္ေက်ာင္းသားအေပၚမွာ အခုလို ရက္စက္ၾကမ္းတမ္းလွတဲ့ အႀကံအစည္မ်ိဳးနဲ႔ ခ်ယ္လွယ္ဖို႔အတြက္ တိတ္တိတ္ေလးႀကိတ္ႀကံေနပါလားဟရို႔”
အိုးယန္ဟြမ္းယူဟာ ေဒါသထြက္ဟန္ေတာင္မရွိဘဲ အနက္ဝတ္ကိုသာ ၾကည့္လိုက္သည္။
“ေလာကမွာ ငါ့ကိုဘယ္လိုသိထားၾကသလဲ ဘယ္လိုလုပ္ၿပီးေတာ့ တစ္ျခားလူေတြ သိမွာလဲ ထားလိုက္ပါေတာ့ မင္းဖက္မွာေရာ အေျခအေနဘယ္လိုရွိသလဲ။ေနမင္းသခၤ်ိဳင္းက နံပါတ္ႏွစ္ေပ်ာက္သြားတယ္ဆို ဘယ္လိုျဖစ္တာလဲ”
နံပါတ္ႏွစ္လို႔ၾကားလိုက္ရတဲ့ အနက္ဝတ္ရဲ့ရယ္သံက ခ်က္ခ်င္းရပ္သြားခဲ့သည္။သူက အိုးယန္ဟြမ္းယူကို မွုန္ေတေတနဲ႔ၾကည့္ၿပီး ျပန္ေျပာလိုက္သည္။
“အဲ့ငတုံးေတြက ေစာက္သုံးကိုမက်ဘူး သူတို႔က နံပါတ္ႏွစ္ကို မေအာင္ျမင္တဲ့ထုတ္ကုန္ေတြ ရွင္းလင္းဖို႔အတြက္ လုပ္ခိုင္းသတဲ့ေလ။အေျဖကေတာ့ ရွင္းလင္းေရးလည္း မေအာင္ျမင္သလို နံပါတ္ႏွစ္လည္း ေပ်ာက္သြားခဲ့တာပဲ။နံပါတ္ႏွစ္ဘယ္ေနရာေရာက္ေနလဲ စုံစမ္းဖို႔အတြက္ တစ္ေယာက္လႊတ္ထားတယ္”
“ဆန္ကုန္ေျမေလးေတြ နံပါတ္ႏွစ္ကေနတစ္ဆယ္အတြင္းက စမ္းသပ္ကုန္ေတြကို စိတ္ရွိတိုင္းလႊတ္လို႔ ဘယ္ျဖစ္မလဲ အဲ့ဆန္ကုန္ေျမေလးေတြ ဘာေတြေတြးေခၚေနၾကတာလဲ ဒီစမ္းသပ္ကုန္ကိုးခုက ငါတို႔ကို ဘယ္ေလာက္ေတာင္ ကုန္က်ေစခဲ့လဲ အခုေတာ့ တစ္ခုေပ်ာက္သြားရၿပီး ဒီလိုငတုံးမ်ိဳးေတြကို ဆက္ထားဖို႔မလိုေတာ့ဘူး”
“သူတို႔ကို ငါရွင္းၿပီးပါၿပီ ေနမင္းသခၤ်ိဳင္းက စမ္းသပ္စခန္းကိုလည္း ဖ်က္စီးပစ္ၿပီးၿပီ”လို႔ အနက္ဝတ္ကေျပာလိုက္သည္။
“အခုအခ်ိန္မွာ အေရးႀကီးဆုံးအလုပ္က နံပါတ္ႏွစ္ကို ျပန္ေတြ႕ဖို႔ပဲ။စမ္းသပ္မွုကိုးခုထဲမွာ နံပါတ္ႏွစ္နဲ႔နံပါတ္ေလးတို႔ကသာ အတည္ၿငိမ္ဆုံးေတြ။ခုလိုအခ်ိန္မွာ ေပ်ာက္သြားလို႔ မျဖစ္ဘူး”လို႔ေျပာလိုက္ေသာ အိုးယန္ဟြမ္းယူေလသံက ေျပာင္းလဲသြားၿပီျဖစ္ကာ သတိထားေျပာဆိုေနဟန္ေပါက္ေနသည္။
“နံပါတ္ေလးေရာ ဘယ္လိုျဖစ္ေနလဲ”
“နံပါတ္ေလးအနားကို လူေတြပိုလႊတ္ထားတယ္။နံပါတ္ေလးကို စခန္းကေန မခြာခိုင္းထားဘူး။လတ္တေလာေတာ့ ဘာျပႆနာမွ မရွိေသးဘူး။က်န္တဲ့ စမ္းသပ္မွုခုႏွစ္ခုကိုေတာ့ ေသခ်ာစီစဥ္ထားၿပီးၿပီျဖစ္လို႔ ဒီလိုကိစၥမ်ိဳး ထပ္မျဖစ္ေတာ့ပါဘူး”
အနက္ဝတ္စိတ္ညစ္ေနရသည္။ေလာင္းရႊမ္အင္ပါယာက သူ႔တာဝန္ျဖစ္ၿပီး သူ႔ပိုင္နက္အတြင္းမွာ တန္ဖိုးအရွိဆုံးစမ္းသပ္ကိုယ္ခႏၶာ ေပ်ာက္သြားရတဲ့ကိစၥက သူ႔ကိုသိကၡာက်ေစတဲ့ကိစၥ ျဖစ္ေနပါသည္။
“နံပါတ္ႏွစ္ကိုျပန္ရွာေတြ႕နိုင္ဖို႔အတြက္ လူမ်ားမ်ားသုံးေလ ပိုေကာင္းေလပဲ သူ႔ထူးျခားခ်က္ကို တစ္ျခားသူေတြသိသြားလို႔ မျဖစ္ဘူး။မင္းျပန္ေရာက္တာနဲ႔ က်န္ေနေသးတဲ့ က်ရွုံးထုတ္ကုန္မွန္သမၽွကို ရွင္းပစ္ခိုင္းလိုက္ ဒီလိုကိစၥမ်ိဳးထပ္ျဖစ္မွာကို ငါမျမင္ခ်င္ဘူး"လို႔ အိုးယန္ဟြမ္းယူကေျပာလိုက္သည္။
“က်ဳပ္လုပ္လိုက္ပါ့မယ္...”ဟူ၍ အနက္ဝတ္က အံႀကိတ္ကာေျပာလိုက္သည္။
“ေကာင္းၿပီ ဒါဆိုလည္း မင္းက ငါနဲ႔အတူ ေမွာ္ဆန္းၾကယ္ၿမိဳ႕ကိုလိုက္ခဲ့ရမယ္”လို႔ အိုးယန္ဟြမ္းယူက ေခါင္းတဆတ္ဆတ္ညိတ္ကာ အနက္ဝတ္၏ ကတိစကားကို အင္တင္တင္ျဖင့္ လက္ခံေျပာဆိုလိုက္သည္။
“ေမွာ္ဆန္းၾကယ္ၿမိဳ႕ကိုဟုတ္လား...ဘာသြားလုပ္မလို႔လဲ”လို႔ အနက္ဝတ္ကေမးသည္။
“လန္ယူမင္းဆက္ျပည္ထဲမွာ လိုအပ္ခ်က္ေတြနဲ႔ကိုက္ညီတဲ့ စမ္းသပ္ဖို႔ခႏၶာအသစ္ကို ေတြ႕ထားတယ္လို႔ သူကေျပာတယ္။ေနာက္ရက္နည္းနည္းၾကာရင္ သူက အဲ့စမ္းသပ္ဖို႔ခႏၶာကို ေမွာ္ဆန္းၾကယ္ၿမိဳ႕ကို ယူလာခဲ့မွာေလ။မင္းလည္းငါနဲ႔အတူၿမိဳ႕ကိုလိုက္လာၿပီးေတာ့ သူေရြးထားသူက ဆယ့္တစ္ခုေျမာက္စမ္းသက္မွု ျဖစ္နိုင္မျဖစ္နိုင္ ၾကည့္လို႔ရတာေပါ့”လို႔ အိုးယန္ဟြမ္းယူကေျပာသည္။

Seguir leyendo

También te gustarán

692K 42.1K 46
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
91.6K 4.2K 62
တိမ်တွေသာတဲ့ 'နေ့' လက်ထပ်ရအောင်.....
914K 65.5K 48
စဝ်နောင့်ခွန်း :: ကောင်လေး~~~ ဒီချယ်ရီပန်းခက်လေးနဲ့အတူ ကိုယ့်အချစ်တွေပါ မင်းအတွက်ထည့်ပေးလိုက်တယ် ခွန်းစေကိုး :: ဘဲကြီး ~~~ ခင်ဗျားက ချယ်ရီပန်းခက်နဲ...