လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

By Ahlaly

94.8K 4.6K 1.5K

From the first year to.......... More

Spoiler (1)
Spoiler (2)
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၃၂)

746 50 23
By Ahlaly

"ပြန်ခွင့်ပြုပါဦး မမနွဲ့"

စားပြီးသောက်ပြီးတော့ ပြန်ဖို့စတင်ပြောလာသူက သိမ့်သိမ့်စိုးမြင့်ပင်။

"ပြန်ကြတော့မလို့လား။ နေဦးလေ အချိုပွဲတော့ စားသွားပါဦး"

သစ်သိီးတွေစိပ်ထားသည့်ပန်းကန်တွေထည့်ထားသော ဗန်းကိုကိုင်ကာ ထွက်လာပါတဲ့ မမနွဲ့အမေ၏ စကားသံကြောင့် ကျွန်တော့်ဘေးက အကိုသည် ချက်ချင်းပဲ ထ,သွားပြီး ဗန်းကို ကူသယ်ပေး၏။

မသိရင် အကိုက ဒီအိမ်ကလူကျလို့။

"အဝန်းက အခုထိ မပြောင်းလဲဘူး"

သူမလက်ထဲက ဗန်းကို ကူသယ်ပေးတဲ့ အဝန်းကိုကြည့်ပြီး နွဲ့မေမေမှာ သဘောကျလို့မဆုံးဖြစ်နေတော့သည်။

"အန်တီလည်း အခုထိ လှတုန်းပါဗျာ..."

"အယ်တော်။ စကားလည်း ပြောကောင်းတုန်းပဲပေါ့။ နောက်ထပ် မုန့်ထပ်ကျွေးမှပဲရတော့မယ်။"

"ဟာ...မလုပ်ပါနဲ့ အန်တီရာ။ တော်ကြာ ကျွန်တော်ဝလာရင် မလှပဲဖြစ်သွားဦးမယ်....."

ရယ်သံဖက်လို့ ပြောကြရင်း ကျွန်တော်တို့ထိုင်နေသည့် စားပွဲဝိုင်းဆီသို့ ရောက်လာတော့ အကိုက ဗန်းကို စားပွဲပေါ်တင်သည်။ ဝိုင်းဘေးနားမှာ ရပ်နေပါတဲ့ မမနွဲ့က အကိုချလိုက်သည့် ဗန်းထဲက ပန်းကန်တွေကို စားပွဲပေါ်ချပေးသည်။

တစ်ယောက်နဲ့တစ်ယောက် ကူညီညာပေးရင်းနဲ့ တကယ့်မိသားစုတွေလိုပဲ။ လိုက်ဖက်လွန်းလှပါသည်။

"ဒါဆို ညစာပါ စားပြီးမှ ပြန်တော့ အဝန်း။ အန်တီ မင်းအကြိုက် ပုစွန်းချက်ထားတယ်။ အဝန်းအကြိုက်တော့ မပြောင်းသေးဘူးမဟုတ်လား။"

အကို့လက်မောင်းကို ကြင်ကြင်နာနာကိုင်ပြီး အကို့မျက်နှာကို မော့ကြည့်ကာ မေးနေတဲ့မမနွဲ့၏ အမေသည် အခုမှသားကိုပြန်တွေ့ပါတဲ့ မိခင်အလားပဲ၊ ဘေးမှာထိုင်နေကြသည့် ကျွန်တော်တို့ကိုတောင် မြင်ပါရဲ့လား မသိပါ။

"အဲ့လိုပဲ လုပ်ရမလား..."

အကိုက မမနွဲ့ကိုကြည့်ပြီး ထိုသို့မေးတော့ မမနွဲ့က လှလှလေးရယ်ပြီး...
"အဝန်းရှိတော့ ညစာဝိုင်းက ပိုပြည့်စုံသွားတာပေါ့။"

ဒီလိုနဲ့ပဲ ထိုင်နေတဲ့ ကျွန်တော်တို့လေးယောက်ကို မေ့ထားပြီး အကိုတို့သုံးယောက်သည် တကယ်မိသားစုသဖွယ် နွေးထွေးနေကြသည်။

"ဟိုလေ..သမီးတို့က စာကြည့်ရဦးမှာမို့၊ အသီးစားပြီးရင် ပြန်တော့မယ်နော် မမနွဲ့.."

"ဒါဆိုလည်း အသီးတွေတော့ ပြီးအောင်စားသွားဦးနော်။"

"ဟုတ်ကဲ့ မမနွဲ့..."

သိမ့်သိမ့်စိုးမြင့်တစ်ယောက် ဘာတွေအလောကြီးနေပါသလဲ မသိပါ။ နို့စိမ်းခေါက်ဆွဲ စားပြီးသည့် အချိန်ထဲက သူမပြန်ချင်နေသည်။

သူမက ပြန်ချင်သော်လည်း ကျွန်တော်ကတော့ မပြန်ချင်သေးပါ။ အကို့ကို တစ်ယောက်တည်းထားပြီး ပြန်သွားဖို့က ကျွန်တော်စိတ်ထဲ ခုလုလုနဲ့။ အမှန်အတိုင်းပြောရရင် အသီးတောင်မစားချင်တော့ပဲ အကို့လက်ကို ဆွဲကာ ဒီနေရာကနေ ချက်ချင်းပဲ ထွက်သွားလိုက်ချင်ပါပြီ။

အကိုရှိနေရင် ပြည့်စုံသည့် မမနွဲ့တို့သားအမိနှစ်ယောက်၏ မိသားစုဆိုသော ဝေါဟာရတွင် ကျွန်တော့်အတွက် နေရာမရှိပါ။ ကျွန်တော့်ကမ္ဘာတွင်လည်း အကိုတစ်ယောက်ကလွဲပြီး ဘာမှမလိုသည်မို့ အခုလိုမျိုး ပြည့်စုံနေတဲ့မိသားစုထဲ အကို့ကိုထားခဲ့ပြီး ပြန်ဖို့အတွက်က ကျွန်တော့်မှာ စိတ်မချမ်းသာနိုင်ဖြစ်နေရသည်။

မမနွဲ့တို့အိမ်မှာ အကိုကျန်နေခဲ့မှာကို ကျွန်တော်မလိုလားပါ။ သို့သော်လည်း အကိုနဲ့အတူ အတင်းပေကပ်ပြီး နေခဲ့ဖို့ရာကလည်း ကျွန်တော့်မှာ သတ္တိမရှိ။ အကိုနဲ့အတူယှဥ်တွဲပြီး ရယ်မောနေတဲ့ မမနွဲ့ရဲ့မျက်နှာလှလှကို ကြာကြာကြည့်နိုင်တဲ့ စွမ်းရည်ကမရှိသေး။

ကျက်သရေရှိလှတဲ့ သူမရဲ့အပြုံးမျက်နှာကို ကြည့်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် သိမ်ငယ်သွားမှာစိုးသည်။ စစ်မရောက်ခင်တော့ မြှားမကုန်ချင်သေးပါ။

"ရော့လေ သော်၊"

ကျွန်တော့်မြင်ကွင်းထဲရောက်လာတဲ့ ပန်းသီးစိပ်ကလေးကြောင့်...အလိုလိုနဲ့ဖွင့်ဟလာသည်က ကျွန်တော့်၏ နှုတ်ခမ်းအစုံ။

"စပျစ်သီး စားဦးမလား.."

ကျွန်တော့်ပါးစပ်ထဲက ပန်းသီးစိပ်ကိုတောင် မဝါးရသေးပဲ နောက်ထပ်ပြောလာတဲ့ အကို့အပြောကို ခေါင်းငြိမ့်ပြမိသည်။ နို့စိမ်းခေါက်ဆွဲကြောင့် ဗိုက်ပြည့်နေတာ မှန်သော်လည်း အကို့လက်ကလေးနဲ့ ခွံ့ကျွေးလို့နေလေတော့ ဒီအချိန်လေးဖြစ်ပေါ်လာတဲ့ ဒီယုယမှုလေးတွေ အပြည့်အဝကို ခံစားထားလိုက်ချင်သည်။

အကို့အကြင်နာတွေက အမြဲတမ်း တည်မြဲနေတာမှမဟုတ်တာ။ ပေးတဲ့အချိန်လေးမှာ အပြည့်အဝခံစားထားခါမှ တော်ကာကျမည်။

"ဘာစားချင်သေးလဲ သော်..."

ပြာလွင်လွင်အရောင်လက်ကိုင်ပဝါ လေးကို ကမ်းပေးရင်း နောက်ထပ် ဘာစားချင်ပါသေးလဲလို့ အကိုကကြင်ကြင်နာနာနဲ့ မေးတော့ မျက်နှာပူသလိုမျိုးခံစားလိုက်ရသည်။ ယောကျာ်းလေးအချင်းချင်း အသီးခွံ့ကျွေးနေတာသည့်မြင်ကွင်းက ဘေးမှာထိုင်နေတဲ့ မိန်းမသားတွေရဲ့ အမြင်မှာထူးဆန်းနေမလားပေါ့လို့ တွေးမိပြီး ဘေးဘီကို ဝှေ့ကြည့်မိသည်။

"နင် နေကောင်းပါတယ်နော်။"

"ဟမ်.."

"နင့်မျက်နှာက ရဲတွတ်နေတာပဲ။"

ပန်းသွဲ့ရဲ့လက်က ကျွန်တော့် ပါးပြင်ပေါ်ကို ရောက်လာသည့် ထိုအချိန်မှာပဲ ကျွန်တော့်ညာဘက်နားဆီကနေ စီးဆင်းသွားတဲ့ ခပ်တိုးတိုးရယ်သံလေးကြောင့် ကျွန်တော့်နှလုံးသွေးတွေလျှံတတ်လာသည်က ကျွန်တော့်မျက်နှာပြင်ကို ပိုလို့ နီစွေးသွားစေသည်။

"ပြောရင်းနဲ့မှ ပိုတောင် ရဲလာသေးတယ်!"

ဟိုဘက်ပါးအထိပါ ကိုင်ကြည့်ပြီး ကျွန်တော့်ကို အသေအချာကြည့်နေတဲ့ ပန်းသွဲ့။

"ကိုယ်ပူနေလား..."

"မပူဘူးဟ၊"

"အေး မပူရင်စားတော့။ စားပြီးသွားရအောင်။"

ဆရာမကြီး သိမ့်သိမ့်စိုးမြင့်၏ စကားကြောင့် ကျွန်တော့်ပါးပြင်ပေါ်ကလက်တွေကို ပန်းသွဲ့က ပြန်လည်ရုတ်သိမ်းသွားသည်။

ပန်းသွဲ့ဘက်ကို လှည့်ထားရာမှာ အကိုရှိရာကို မျက်နှာမူကြည့်မိလိုက်တော့ အကိုကလေကျွန်တော့်မျက်နှာ အနားကို တိုးကပ်လို့လာပြီး ...
"နေကောင်းတယ်မဟုတ်လား သော်..."

"ဟုတ်"

"ရှက်နေတာလား...ဟင်း !!"

မေးသံဆုံးတော့  ကျွန်တော့်နဖူးပေါ်ကို ကျရောက်လာတဲ့ ရယ်သံ လေထုခပ်နွေးနွေးကြောင့် ကျွန်တော့်ခန္ဓာက ပူထူလာရသည်။

ကျွန်တော်တို့နှစ်ယောက်နီးကပ်စွာ ရှိနေကြတဲ့ ဒီအနေအထားကို ကျန်တဲ့သူတွေက ဘယ်လိုများထင်နေသလဲ မသိပါ။ ကျွန်တော်ကတော့ ပြုံးစစအကိုမျက်နှာကို ရှက်ခြင်းတစ်လှည့်၊ ကျေနပ်ခြင်းတစ်လှည့်နဲ့ ကြည့်နေရင်း ရင်ခုန်လို့နေသည်။

"ပြန်မယ်လေ အောင်..."

"ဟမ်..."

"ထ,လေ..."

ခုံကနေထ,ဖို့လေးပြောတာကိုပဲ သိမ့်သိမ့်စိုးမြင့်၏ မျက်လုံးအစုံတို့က ပြူးကျယ်လို့လာသည်။ မသိလျှင် ရည်းစားစကားအပြောခံနေရတဲ့သမီးဖြစ်သူကို ကွယ်ရာကို အမြန်ခေါ်သွားတော့မည့် အမေပုံစံအတိုင်း။

ရည်စားစကားအပြောခံရတာနှင့် ပက်သတ်ပြီး အမေဖြစ်သူက သမီးဖြစ်သူကို ဘယ်လိုတွေ ဆုံးမလဲတော့ ကျွန်တော်မသိသော်ငြား မမနွဲ့အိမ်၏ အပြင်ဘက်ကိုရောက်တော့ သိမ့်သိမ့်က....

"နင်နော် အနေထိုင်တွေ ဆင်ခြင်စမ်း၊ မသိရင် နင်နဲ့ အကိုကြီးနဲ့က ရည်းစားတွေကျလို့။ ပူးကပ်နေလိုက်တာများ..."

ကျွန်တော့်လက်ကောက်ဝတ်ကို လိမ်ဆွဲပြီး သွန်သင်ပေးလေတော့ ကျွန်တော့်မှာ အင်တင်တင်အမူအရာနဲ့ပဲ...
"ငါတို့က ဘာဖြစ်နေလို့လဲဟာ..." လို့ ပြန်မေးလိုက်သည်။

"ဘာမှတော့ မဖြစ်ဘူးပေါ့ဟ။ အဲ့လိုက ဖြစ်လို့မှမရပဲ၊ ဖြစ်လို့ရရင်...အော် ကဲ ငါဘာငါကို ရှုပ်နေပြီ။ ဒီလိုဟေး နင်နဲ့အကိုကြီးနဲ့လုပ်နေတာက မသိရင် သမီးရည်းစားတွေကျလို့ပဲ။ ကောင်လေးက ကောင်မလေးကို အသီးခွံ့ကျွေးတာထက်တောင် ပိုချိုနေပြီ။"

"တကယ်လည်း ချိုနေတာပဲလေ..."

"ဘာ..."

ဟိန်းထွက်လာတဲ့ သူမ၏ အသံကြောင့် ကျွန်တော့်မှာဆက်မပြောရဲတော့။ ယုန်ပေါက်လေးတစ်ကောင်လိုပဲ နှလုံးပြုတ်တော့မတတ် လန့်ဖြန့်သွားရသည်။

"တိုးတိုးပြောပါဟ။ လန့်လို့ သေတော့မယ်"

"အေးလေ သိမ့်သိမ့်ရယ်၊ ယောကျာ်းလေးအချင်းချင်းကိုဟာ...နင်က ဘာတွေဖြစ်နေတာလဲ။ တကယ်ပဲ ပွစိ ပွစိနဲ့..."

လေပြေနုသွေး၏ စကားကြောင့်နဲ့ သိမ့်သိမ့်စိုးမြင့်က ရှူးရှူးရှားရှားနှင့်ဖြစ်သွားကာ..

"နင်တို့ဘာသိလို့လဲ။ အနောက်နိုင်ငံတွေမှာဆို.."

"ထားတော့ ထားတော့၊ ဒါက အရှေ့နိုင်ငံ။
ပြီးတောင် အောင်နဲ့အကိုကြီးက ညီအကိုတွေလိုဖြစ်နေကြတာကို။ မဟုတ်တာတွေ မပြောနဲ့တော့..."

"နင်တို့..."

"ကဲပါ..ပြန်ရအောင်၊ မိုးချုပ်တော့မယ်..."

"ဟာ..."

လေပြေနှင့် ပန်းသွဲ့နှစ်ယောက်လုံးက လက်ဆွဲပြီး အမြန်ခေါ်သွားပါမှ ယက်ကန်ကန်နဲ့  သိမ့်သိမ့်က ဘာမှဆက်ပြောခွင့်မရတော့ပဲ ဖြစ်သွားရသည်။ ဒါကို ကြည့်ပြီး ကျွန်တော့်မှာ သူမထံချစ်မျက်စောင်းလေးဝင့်လိုက်ကာ သူမတို့နောက်ကနေ လျှောက်လာခဲ့လိုက်သည်။

တကယ်ပါ...ဒီဟာလေးတွေ ရှိနေတာ ကျွန်တော့်အတွက် စိုပြေစေပါသည်။ သို့သော်လည်း တစ်ခါတစ်ရံတော့ စိုပြေတာတွေကလွန်ပြီး ချော်လဲကျချင်နေသည်။

"ပြန်လာပြီလား ညီ..."

အိမ်တံခါးဖွင့်ထားသည်မို့ ကိုကိုရှိနေသေးတာလားလို့ တွေးမိတဲ့အချိန်မှာပဲ ကိုကို့အသံကို ကြားလိုက်ရသည်။

"ကိုသက်ပါ ရောက်နေတာလား။"

"အေး ဟိုကောင် အဝန်းတော့မလွယ်တော့ဘူး။ မင်း အကိုကြီးက အိန္ဒြေရှင်မလေးနောက် ပါသွားတယ်နော် ဟေ့ကောင်။"

ကိုသက်ရဲ့ အပြောကြောင့် ကျွန်တော့်မှာ ခေါင်းငိုက်ချပြီး...
"ကျွန်တော် သိပါတယ်ဗျာ...."

"အေး သိလည်း လာထိုင်ဦး။"

ကျွန်တော့်လက်ကို ဆွဲချကာ ထိုင်စေပါတဲ့ ကိုဘက်နံဘေးမှာ ကျွန်တော်ထိုင်ချလိုက်သည်။

"ကဲ ပါတီစကြမလား ညီလေးတို့...."

"ဘာလဲ သုံးဖက်ညီ တြိဂံဂရုလား..."

"ဟားဟားးး...."

ကိုကိုနဲ့ ကိုသက်ပြောကြတာကို ကျွန်တော်နားမလည်ပါ။ ဘာတွေအဓိပ္ပါယ်ရပြီး ဘယ်လိုတွေတောင် ရယ်နေကြသည်မသိ။ ကိုသက်တို့ရယ်သံက တော်တော်နဲ့ လျော့ကျမသွား။

"ညီ...မင်း အဝန်းကိုချစ်တယ်မလား။"

"ဗျာ..."

အရယ်ရပ်ပြီးနောက်မှာ ထွက်ပေါ်လာပါတဲ့ ကိုကို့အသံက မိုးချုန်းသံထက်ပိုကြောက်ဖို့ ကောင်းပါသည်။

"ကိုကိုတို့က သုံးနားပါတဲ့ တြိဂံလေးလိုပဲ၊ မင်းရယ်၊ သက်လျာရယ် ပြီးတော့ ကိုကိုရယ်။ သုံးယောက်စလုံးက အဖြစ်ချင်းတူတယ်လေ။ ကိုကိုတို့ ချစ်တဲ့သူတွေက ကိုကိုတို့ကို ပြန်မချစ်ကြဘူးလေ။ အဲ့တော့ သုံးယောက်ညီမျှတဲ့ သုံးနာညီလေးပေါ့ကွ ဟား ဟားးး...."

"ကျွန်တော်တို့လို နောက်ထပ်တစ်ယောက်ရှိလာရင် စတုဂံဖြစ်သွားမှာလား"

"အေး ဟုတ်တယ်။ ဟားဟားးး....ဘာလိုလဲကွာ wesiteတွေ ဘာတွေလုပ်ကြမလား။"

"ဟွန်းးးး...."

ဒီလိုနဲ့ပဲ ရင်ဘက်ချင်းတူတဲ့ ကျွန်တော်တို့သုံးယောက်၏ စကားဝိုင်းက အဆင်ပြေပြေရှိလှပါသည်။

"ကိုကြည်သာက အမသရဖူကို ကြိုက်နေတော့ ကိုသက် ပင်ပန်းနေမှာပဲနော်။"

"အေးပေါ့ကွ...မင်းအခု ခံစားနေရသလို ငါလည်း ခံစားနေရတာပဲ။"

"ကိုကိုကတော့ ခံစားပြီးခဲ့ပြီပဲ ပြောရမယ်။"

သုံးယောက်လုံးက အချစ်ကြောင့်ပဲ ခံစားခဲ့၊ ခံစားနေရသည့်သူ အချင်းချင်းဆိုတော့ စကားပြောရတာ တော်တော်လေး အဆင်ပြေသည်။

အနေထိုင်တွေကိုလည်း ထိန်းသိမ်းမထားတော့ပဲ ကျွန်တော်သည် ခြေဆင်းပြီး နောက်ကျောမှီလိုက်ကာဖြင့် လျော့ရဲရဲထိုင်ထားကာ သွပ်မိုးကို ရီဝေဝေကြည့်နေရင်းမှ...
"အကိုက ကျွန်တော့်ထက်ဆိုင်ရင် မမနွဲ့နဲ့ပိုပြီး လိုက်ဖက်နေတယ်ဗျာ။ ကျွန်တော် ဘယ်လိုများလုပ်ရပါ့မလဲ ။"

"အရမ်းကြီး မရင့်သင့်ရင် မချစ်ဖို့ ကြိုးစားကြည့်ပါလား မင်း ....."

တံခါးပေါက်ကို ငေးကြည့်နေတဲ့ သက်လျာရဲ့ စကားကို သော်က သွပ်မိုးကို ကြည့်နေရင်းကနေ...
"အချစ်ပါဆို အနု၊အရင့်ရှိနေပါ့မလား ကိုသက်ရ။ ကျွန်တော်ကလေ အကို့ကို စတွေ့တွေ့ချင်းထဲက အချစ်နတ်ဘုရားက ကျွန်တော့်အတွက်ဖန်ဆင်းပေးလိုက်တဲ့ ခန္ဓာတခြမ်းအမှတ်နဲ့ မတွေ့ရမနေနိုင်အောင်ကို ချစ်ခဲ့မိတာ...."

"ဒီလိုဆိုလည်း မင်းပြောတဲ့ မမနွဲ့ကို အဝန်းနဲ့ဝေးအောင်လုပ်ပေါ့ကွ။ မင်းမှ အဲ့လောက်ဖြစ်နေရင်တော့ သူများလက်ထဲ အပါမခံနဲ့တော့...။ ဘယ်သူစိတ်ဆင်းရဲ ဆင်းရဲရတယ်...ကိုယ့်ကိုယ်ကိုတော့ စိတ်ဆင်းရဲမခံနဲ့ ညီလေး။"

မှတ်သားလောက်ပါတဲ့ သက်လျာရဲ့စကားကြောင့် သော့်အကြည့်တွေက သက်လျာ၏မျက်နှာဆီသို့ ရောက်လာရသည်။

ကိုသက်မျက်လုံးတွေ ဦးတည်ရာက အိမ်ရှေ့တံခါးအလွန်က အမှောင်ထုထဲကိုဆိုလျှင်၊ ကိုကို့မျက်လုံးတွေ ဦးတည်နေသည်က ပြတင်းပေါက်ကို ကျော်လွန်ကာရှိနေပါသော အဆုံးမရှိ ညဉ့်ကောင်းကင်ယံထဲသို့ ဖြစ်မည်။

မျှော်လင့်ချက်တွေ လွင့်မြောဝေဝါးနေပါတဲ့ သူတို့နှစ်ယောက်၏ အကြည့်တွေက ကျွန်တော့်အတွက်တော့ အားတက်ဖွယ်ရာပင်။ လောကမှာ ကိုယ်ဖြစ်နေတာက ကိုယ်တစ်ယောက်ထဲတင်ဖြစ်တာ မဟုတ်ဘူး ဆိုတဲ့ အသိလောက် အားတက်စဖွယ် အားဆေးက နတ္ထိ၊မရှိပါ။

"သုခတစ်ယောက် အခုချိန်မှာ ဘာတွေလုပ်နေမလဲ မသိဘူး...."

"ကြည်သာတော့ အဝန်းပြန်မလာသေးလို့ စိတ်ပူနေမယ်ထင်တယ်။"

"အကိုလည်း မမနွဲ့နဲ့အတူ ရယ်မောနေမှာပါလေ။ ဒီညမှာ မမနွဲ့အိမ်ထဲက  အကို့ရယ်သံတွေကနေ ချစ်စကားတွေအဖြစ် ပြောင်းလဲမသွားပါစေနဲ့လို့ ဆုတောင်းတယ်..."

အားဖျော့နေတဲ့ သော့်အသံဟာ သွပ်မိုး၏ အလွန်ရှိ စကြဝဠာကြီးထဲ လွင့်မြောပါသွားသလိုပဲ စကြဝဠာကြီးထဲမှာပဲ ရပ်နေပါတဲ့ အဝန်း၏ နားစည်ထဲကို ပဲ့တင်ထပ်လို့ ဝင်ရောက်သွားသည်။

"ဘာလုပ်မို့လဲ အဝန်း။ ဘယ်တုန်းက ပြန်ရောက်တာလဲ..."

"အခုပဲ အကိုကြီး။ ကျွန်တော့်ကို ဂီတာ ခဏ။"

ထိုသို့ပြောပြီး ကြည်သာ့ဂီတာကိုယူကာ အပြင်ကို တောက်လျှောက်ခြေလှမ်းအကျဲကြီးတွေနဲ့ လျှောက်လာခဲ့သည်က သော့်အိမ်နဲ့မလှမ်းမကမ်းရောက်မှပဲ ခုံချပြီးထိုင်လိုက်တော့သည်။

"ပြန်ပြီ ညီ၊ နောက်ရက်မှတွေ့မယ်..."

စည်းရိုးပေါက်ကနေ မြင်လိုက်ပြီး ကြားလိုက်ရတဲ့ အသံနှင့်လူက ကိုကိုနှင့် ကိုသက်ဖြစ်နေသည်မို့ အရင်ဆုံး သူတို့နှစ်ယောက်ပြန်သွားအောင် စောင့်လိုက်သည်။

နှစ်ယောက်လုံး သော့်အိမ်ရှေ့ကနေ ထွက်သွားပြီးမှပဲ သူဟာ ဂီတာကို ထိလှုပ်လိုက်မိသည်။

🎶နွေးထွေးခဲ့တဲ့ ကိုယ့်ရဲ့ရင်ထဲ အေးမြလှတဲ့ရေလိုအချစ်၊ယူလှည့်တော့ကွယ် အချစ်ဆုံးလေးမို့ ကိုယ်မင်းအတွက် ပေးချင်သေး.....
အသည်းထဲက အချစ်ဆိုတာလည်း ကြင်နာသူအတွက် အေးမြလွန်းတယ်
အမြဲသိမ်းထားပေါ့ ချစ်တဲ့သူရယ် ကိုယ်အကြင်နာဆုံးမို့ ပေးလိုက်တယ်။

မင်းကလွဲပြီး ကိုယ်မချစ်ဘူး....ဘယ်တော့မှ တခြားသူ အစားမထိုးဘူး...
ကိုယ့်အချစ်ဟာ မင်းတစ်ယောက်တည်းအတွက်
အို အရှင်းဆုံးပဲ...မင်းကလွဲရင် တခြားသူအဖော်မရှာဘူး။

အမြဲတမ်း မင်းတစ်ယောက်တည်းသာရည်ရွယ်
မပြောင်းလဲဘူးကွယ့် ဒီတစ်သက်လုံး....
ကိုယ်သိပ်ချစ်တဲ့ သူလေးရဲ့အနား ချစ်စကားများပြောချင်သေး။

ကိုယ့်အသက်မက ချစ်တဲ့အချစ်ရေ ယုံနော် အပိုတွေပါလို့ မပြောလိုက်နဲ့......
စက္ကန့်တိုင်းပဲ ချစ်လို့နေဖို့....ယုံကြည်စွာ အားကိုးလိုက်တော့မယ်။

မင်းကလွဲပြီး ကိုယ်မချစ်ဘူး....ဘယ်တော့မှ တခြားသူ အစားမထိုးဘူး...
ကိုယ့်အချစ်ဟာ မင်းတစ်ယောက်တည်းအတွက်
အို အရှင်းဆုံးပဲ...မင်းကလွဲရင် တခြားသူအဖော်မရှာဘူး။ 🎶

အဝန်းရဲ့ သီချင်းသံဆုံးသွားတော့ စည်းရိုးဘေးမှာ အရိပ်ကလေး လှုပ်ခတ်သွားသည်။

"သော်ရှိနေတာလား...ကိုယ်လာခဲ့ရမလား သော်။"

ကျွန်တော်ခိုးနားထောင်နေတာကို အကိုသိသွားတာလားဆိုတဲ့ အသိနဲ့ ကျွန်တော့်မှာ ချက်ချင်းပဲ အိမ်ပေါ်ပြေးတတ်လာလိုက်ပြီး တံခါးကိုပါ ချက်ချထားလိုက်မိသည်။

"ဟား ဟား ဟားးးးးး...."

တိတ်ဆိတ်ခြင်းတွေ ကြီးစိုးနေပါတဲ့ ညအမှောင်ယံထဲမှာ အကို့ရယ်သံတွေက ကျွန်တော့်ကို ကြက်သီးမွှေးညှင်းများပင် ထ,စေပါသည်။ သူခိုးလူမိနဲ့ ကျွန်တော့်အဖြစ်က မနက်အိပ်ရာထ,ချိန်အထိ ကျောင်းကို ဘယ်လို သွားလိုက်ရမလဲဆိုတာကို စဥ်းစားနေမိသည်။

တစ်ယောက်တည်း သွားနှင့်လိုက်ဖို့ကလည်း အဆင်မပြေ၊ အကိုနဲ့ မျက်နှာချင်းဆိုင်ဖို့ကလည်း ရှက်နေသေးနဲ့။ ဒီကိစ္စက တော်တော်လေးခက်ခဲသည်မို့ အိပ်ရာပေါ်မှာ နောက်တစ်ကြိမ် ပြန်လည်လို့ လဲလျောင်းမိသည်။

လှဲနေရင်းမှ အိပ်ပျော်တစ်ဝက်မပျော်တစ်ဝက်နဲ့ ကျွန်တော့် နှာခေါင်းထဲ တိုးဝင်လာတဲ့ ရနံ့သင်းသင်းက ခေါင်းရင်း ပြတင်းပေါက်ဆီမှ ပျံ့လွှင့်လာတာဖြစ်သည်။

"အိပ်နေတုန်းလား သော်........"

ပြတင်းပေါက်ဆီကနေ ပေါ်ထွက်လာတဲ့ အကို့အသံကြောင့် ကျွန်တော့်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ လှဲလျောင်းနေပါတဲ့ ကျွန်တော့်မျက်နှာကို ငုံ့ကြည့်နေပါတဲ့ အကို့မျက်နှာကလေ ရှင်းသန့်လို့နေပြီး မွှေးပျံ့ပျံ့ရနံ့က အိပ်ရာနိုးခါစ ကျွန်တော့်စိတ်ကို လန်းဆန်းမှုတွေ ပေးစွမ်းပါသည်။

"ကိုယ့်ဆီက ရေမွှေးနံ့ကို သဘောကျနေတာလား။"

မျက်လုံးကို အသာပြန်မှိတ်ပြီး အကို့ဆီက ရနံ့ကို အမိအရနဲ့ ရှူရှိုက်ပြီး အိပ်ရာထဲမှာ ဇိမ်ခံနေတာကိုလည်း အကိုက ရိပ်မိသည်။ ဘာမှထူးပြီး မပြောချင်သေးပါ။ အကို့ရဲ့ ကိုယ်သင်းနံ့နဲ့ အချိုးတူပါဝင်နေတဲ့ ဒီမွှေးပျံ့ပျံ့ရနံ့ကို တိတ်ဆိတ်စွာနဲ့ပဲ ရှူရှိုက်ချင်သေးတာမို့ ကျွန်တော်ခေါင်းကိုပဲ ခပ်ဖြည်းဖြည်း ငြိမ့်ပြလိုက်သည်။

"သော်က ကြောင်ပေါက်လေးလို ဇိမ်ခံနေတာပဲကွာ...."

အားမလိုအားမရအသံနဲ့အတူ ကျွန်တော့်ဆံပင်တွေထဲ ထိုးဖွလာပါတဲ့ အကို့လက်ချောင်း သွယ်သွယ်လေးတွေကြောင့် ကျွန်တော့်မှာ မျက်လုံးဖွင့်ကြည့်ရတော့သည်။

"ငပျင်းလေးလား ကွာ...."

"အကို..."

လဲလျောင်းနေပါတဲ့ ကျွန်တော့်ကို အပေါ်စည်းကနေ အားမလိုမရတွေဖြစ်နေပါတဲ့ အကိုပုံက အာရုဏ်ဦးရဲ့ ရောင်နီဝန်းလိုပဲ နွေးထွေးလှပါသည်။ ဒီနွေးထွေးမှုတွေထဲမှာ ကျွန်တော့်နှလုံးသားဟာ စည်းချက်မြန်စွာနဲ့ ခုန်ပေါက် ပြေးလွှားနေတော့သည်။

"ပြောလေ သော်...ဘာဖြစ်ချင်လို့လဲ။"

"ဒီတိုင်းလေးပဲ နေချင်နေလို့၊ ဘယ်လိုလုပ်ရမလဲ ဟင်...."

"နေပေါ့ သော်ရ။ တစ်ရက်တစ်လေပဲဟာ...တစ်ရက်လောက်တော့ သော့်စိတ်ထဲ ရှိတဲ့အတိုင်း နေလိုက်လို့ရတယ်။"

"တကယ်..."

"အင်း..."

အတည်ပြု ထပ်မေးပြီးသည့်နောက်မှာ ကျွန်တော့်ခေါင်းကို အထိပ်သို့တိုးလိုက်ပြီး ကျွန်တော့်ဆံပင်တွေထဲက အကို့လက်ချောင်းလေးတွေကို ကျွန်တော့်လက်နှင့်မဝံ့မရဲ ဆုပ်ကိုင်လိုက်ပြီး ကျွန်တော့်ပါးပြင်တစ်ဖက်မှာ နေရာချထားလိုက်သည်။

"အကို..."

"ပြောပါဗျာ..."

"အတိုင်းထက်အလွန်ဆိုတဲ့ ခံစားချက်တွေကို ထပ်ပြီး ဘောင်ခေတ်မထားချင်တော့လို့ ဖြစ်လားဟင်။"

အပေါ်ကိုမော့ရင်း အကို့မျက်လုံးလေးတွေကို စိုက်ကြည့်ပြီး ချစ်ခွင့်ပန်လိုက်တော့ အကိုက...
"ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးရမယ်လို့ ကိုယ်မပြောချင်ဘူး သော်၊ ဒါပေမယ့် ဖြစ်နိုင်တဲ့ အတိုင်းအတာလေးကိုတော့ သတ်မှတ်ထားရအောင်ပါ။ မဖြစ်နိုင်တာတွေအတွက်နဲ့ ကိုယ် မတွေးချင်သေးဘူး......ကိုယ်တို့တွေ အရမ်းငယ်သေးတယ် သော် !!!!"

"အကို ဘယ်လိုပဲ ပြောပြောပါ။ ကျွန်တော်ကလေ ရောင်နီဝန်းနဲ့ ကျွန်တော့်ကြား အကွာအဝေးကို နီးစပ်အောင် နှင်းဆီနီတွေဆက်ပြီး တံတားထိုးဖို့ အမြဲကြိုးစားနေမှာ။ ဘယ်လောက်ပဲ အလှမ်းဝေးဝေး..တစ်ပွင့်နဲ့မရရင် နှစ်ပွင့်ဆက်မယ်...နှစ်ပွင့်မရင် သုံးပွင့်၊ လေးပွင့်...ကျွန်တော်နဲ့ သူ့အကြား ဝေးကွာလှတဲ့ အကွာအဝေးနဲ့ ညီမျှတဲ့ အပွင့်အရေအတွက်ရောက်တဲ့အထိ လက်မလျော့ပဲကြိုးစား ဆက်နေဦးမှာ ။"

"နှင်းဆီပွင့်တွေက ရောင်နီဝန်းဆီိရောက်သွားရင်တောင် ရောင်နီဝန်းက ဆင်းလာလို့ မရတာမျိုးလည်း ရှိတတ်တယ်။ အထူးသဖြင့် သော့် နှင်းဆီနီတွေဆက်ထားတဲ့ တံတားက နေဝန်းရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိပါ့မလား...."

‌သော်ကမ်းလင့်မယ့် နှင်းဆီနီတွေ တစ်နည်းအားဖြင့် သော်ပြောပါမယ့် ချစ်အကြောင်းစကားလှလှလေးတွေကို ကိုယ့်နှလုံးသားကနားလည်လက်ခံပါတယ် သော်။ တစ်နေ့တော့ ကိုယ့်ဦးနှောက်ကဘယ်လိုမှ မငြင်းနိုင်တော့တဲ့နေ့၊ အဲ့ဒီနေ့အထိ သော့်ဘက်က ဒီအကြောင်းအရာတွေကို ပြောပေးနေဂင် ကောင်းမှာပဲ။

ကိုယ့်ဘက် မပြောပေမယ့်လည်း သော့်ဘက်က ပြောကြားပါတဲ့ အချစ်စကားလေးတွေက သိပ်ကိုပြည့်စုံပြီး၊ သိပ်လှတာပါ သော်ရာ။

"ကျွန်တော့်ချစ် နှင်းဆီနီတွေကို သံမဏိနှင်းဆီတွေဖြစ်အောင် မပြုစားပါနဲ့လား အကိုရာ။ ကျွန်တော့် နှလုံးသားက အဲ့လောက်ထိ မမာကျောလို့ပါ။"

" နှင်းဆီနီကသာ အချစ်ကို ကိုယ်စားမပြုရင် သော့်တံတားက နှင်းဆီနီတံတား ဟုတ်ပါဦးမလား..."

"သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ။ အကိုသိလား ကျွန်တော်ပြောတဲ့ နှင်းဆီနီတံတား..."

"ကိုယ်တို့ ကျောင်းချိန်နောက်ကျတော့မယ် သော်။ ကိုယ် ခု,ထားတဲ့ ခုံအောက်မှာ ကြောင်တစ်ကောင်ရောက်ပြီး လှုပ်နေလို့ ကိုယ်ဆင်းမှရတော့မယ် ထင်တယ်။"

"အကို..."

ချစ်နေကြောင်းတွေကို ပွင့်ပွင့်လင်းလင်းတွေ ပြောတော့မယ်ဆိုရင် အကိုက အမြဲ အနေအထားတွေပြောင်းပစ်ပြီး စကားတွေကို ဖြတ်ပစ်သည်။

"ကိုယ် တကယ်ပြောနေတာ..သော် မယုံရင် ထပြီးကြည့်ကြည့်...."

ပြောပြီးချက်ချင်းမှာပဲ ကျွန်တော့်ပါးပြင်ပေါ်မှာ လက်ချောင်းသွယ်တွေက ဖယ်ခွာလို့ သွားပြီး ကျွန်တော့်ပေါ်မှာ အုပ်မိုးထားတဲ့ အကို့မျက်နှာဟာလည်း ပျောက်ကွယ်လို့သွားတော့သည်။

ဒီလိုနဲ့ပဲ ဒီနေ့မှာလည်း ကျွန်တော်ဟာ အကို့ကို ချစ်ပါတယ်လို့ ပြောခွင့်မရတော့ပဲ အကို့နှလုံးသား လမ်း တစ်နေရာမှာပဲ ခြေစုံရပ်နေလိုက်ရတော့သည်။

"မျက်နှာ သစ်တော့ သော်...ကိုယ့်ကိုလည်း တံခါးဖွင့်ပေးဦး။"

အိပ်နေသူကို ပြတင်းပေါက်ကနေကျော်ပြီး အနံ့နဲ့ရော၊ ရုပ်ရည်နဲ့ရော နောက်ဆုံး အထိအတွေ့တွေနဲ့ အပြောတွေနဲ့ပါ မြူဆွယ်ခဲ့တဲ့သူသည် အခုမှပဲ ဝင်ပေါက်ကနေ ဝင်ဖို့ ခွင့်တောင်းနေသည်။ အစောက ပြတင်းပေါက်ကနေ ကျွန်တော့်နှလုံးသားကို ခိုးယူသွားခဲ့တာ သူမဟုတ်သည့်အတိုင်း။

ပြတင်းပေါက်ကနေ ခိုးယူသွားတဲ့ နှလုံးသားကို အဝင်တံခါးပေါက်ဆီကနေပြီး ခိုးယူခဲ့တာ သူ,မဟုတ်သည့်အတိုင်း မသိသလိုလိုနဲ့ တဖန်ပြန်ပြီး အလှူခံဦးထင်ပါတယ်လေ.....

အပေးအကမ်း ရက်ရောလှတဲ့ ကျွန်တော် စန္ဒသော်ကအောင်ကလည်း ဘယ်လမ်းကနေပဲ လာလာပါ၊ အကိုက မယူဘူးဆိုရင်တောင်မှ အတင်းကို ထိုးထဲ့ပေးချင်တော့ ကြောင်သူတော်အား အိမ်တံခါးဖွင့်ပေးပြီး အိမ်ထဲခေါ်သွင်းလိုက်တော့သည်။

ကဲ ကျွန်တော့်အကို ကြွယ်ပါတော့လေ.....ကြွယ်ပြပြီး သိမ်းယူပါတော့ ကျွန်တော့်ကို အဲ မဟုတ်..ကျွန်တော့်နှလုံးသားကို။


_______________________

Zawgyi....


"ျပန္ခြင့္ျပဳပါဦး မမႏြဲ႕"

စားၿပီးေသာက္ၿပီးေတာ့ ျပန္ဖို႔စတင္ေျပာလာသူက သိမ့္သိမ့္စိုးျမင့္ပင္။

"ျပန္ၾကေတာ့မလို႔လား။ ေနဦးေလ အခ်ိဳပြဲေတာ့ စားသြားပါဦး"

သစ္သိီးေတြစိပ္ထားသည့္ပန္းကန္ေတြထည့္ထားေသာ ဗန္းကိုကိုင္ကာ ထြက္လာပါတဲ့ မမႏြဲ႕အေမ၏ စကားသံေၾကာင့္ ကြၽန္ေတာ့္ေဘးက အကိုသည္ ခ်က္ခ်င္းပဲ ထ,သြားၿပီး ဗန္းကို ကူသယ္ေပး၏။

မသိရင္ အကိုက ဒီအိမ္ကလူက်လို႔။

"အဝန္းက အခုထိ မေျပာင္းလဲဘူး"

သူမလက္ထဲက ဗန္းကို ကူသယ္ေပးတဲ့ အဝန္းကိုၾကည့္ၿပီး ႏြဲ႕ေမေမမွာ သေဘာက်လို႔မဆုံးျဖစ္ေနေတာ့သည္။

"အန္တီလည္း အခုထိ လွတုန္းပါဗ်ာ..."

"အယ္ေတာ္။ စကားလည္း ေျပာေကာင္းတုန္းပဲေပါ့။ ေနာက္ထပ္ မုန္႔ထပ္ေကြၽးမွပဲရေတာ့မယ္။"

"ဟာ...မလုပ္ပါနဲ႔ အန္တီရာ။ ေတာ္ၾကာ ကြၽန္ေတာ္ဝလာရင္ မလွပဲျဖစ္သြားဦးမယ္....."

ရယ္သံဖက္လို႔ ေျပာၾကရင္း ကြၽန္ေတာ္တို႔ထိုင္ေနသည့္ စားပြဲဝိုင္းဆီသို႔ ေရာက္လာေတာ့ အကိုက ဗန္းကို စားပြဲေပၚတင္သည္။ ဝိုင္းေဘးနားမွာ ရပ္ေနပါတဲ့ မမႏြဲ႕က အကိုခ်လိုက္သည့္ ဗန္းထဲက ပန္းကန္ေတြကို စားပြဲေပၚခ်ေပးသည္။

တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီညာေပးရင္းနဲ႔ တကယ့္မိသားစုေတြလိုပဲ။ လိုက္ဖက္လြန္းလွပါသည္။

"ဒါဆို ညစာပါ စားၿပီးမွ ျပန္ေတာ့ အဝန္း။ အန္တီ မင္းအႀကိဳက္ ပုစြန္းခ်က္ထားတယ္။ အဝန္းအႀကိဳက္ေတာ့ မေျပာင္းေသးဘူးမဟုတ္လား။"

အကို႔လက္ေမာင္းကို ၾကင္ၾကင္နာနာကိုင္ၿပီး အကို႔မ်က္ႏွာကို ေမာ့ၾကည့္ကာ ေမးေနတဲ့မမႏြဲ႕၏ အေမသည္ အခုမွသားကိုျပန္ေတြ႕ပါတဲ့ မိခင္အလားပဲ၊ ေဘးမွာထိုင္ေနၾကသည့္ ကြၽန္ေတာ္တို႔ကိုေတာင္ ျမင္ပါရဲ႕လား မသိပါ။

"အဲ့လိုပဲ လုပ္ရမလား..."

အကိုက မမႏြဲ႕ကိုၾကည့္ၿပီး ထိုသို႔ေမးေတာ့ မမႏြဲ႕က လွလွေလးရယ္ၿပီး...
"အဝန္းရွိေတာ့ ညစာဝိုင္းက ပိုျပည့္စုံသြားတာေပါ့။"

ဒီလိုနဲ႔ပဲ ထိုင္ေနတဲ့ ကြၽန္ေတာ္တို႔ေလးေယာက္ကို ေမ့ထားၿပီး အကိုတို႔သုံးေယာက္သည္ တကယ္မိသားစုသဖြယ္ ေႏြးေထြးေနၾကသည္။

"ဟိုေလ..သမီးတို႔က စာၾကည့္ရဦးမွာမို႔၊ အသီးစားၿပီးရင္ ျပန္ေတာ့မယ္ေနာ္ မမႏြဲ႕.."

"ဒါဆိုလည္း အသီးေတြေတာ့ ၿပီးေအာင္စားသြားဦးေနာ္။"

"ဟုတ္ကဲ့ မမႏြဲ႕..."

သိမ့္သိမ့္စိုးျမင့္တစ္ေယာက္ ဘာေတြအေလာႀကီးေနပါသလဲ မသိပါ။ ႏို႔စိမ္းေခါက္ဆြဲ စားၿပီးသည့္ အခ်ိန္ထဲက သူမျပန္ခ်င္ေနသည္။

သူမက ျပန္ခ်င္ေသာ္လည္း ကြၽန္ေတာ္ကေတာ့ မျပန္ခ်င္ေသးပါ။ အကို႔ကို တစ္ေယာက္တည္းထားၿပီး ျပန္သြားဖို႔က ကြၽန္ေတာ္စိတ္ထဲ ခုလုလုနဲ႔။ အမွန္အတိုင္းေျပာရရင္ အသီးေတာင္မစားခ်င္ေတာ့ပဲ အကို႔လက္ကို ဆြဲကာ ဒီေနရာကေန ခ်က္ခ်င္းပဲ ထြက္သြားလိုက္ခ်င္ပါၿပီ။

အကိုရွိေနရင္ ျပည့္စုံသည့္ မမႏြဲ႕တို႔သားအမိႏွစ္ေယာက္၏ မိသားစုဆိုေသာ ေဝါဟာရတြင္ ကြၽန္ေတာ့္အတြက္ ေနရာမရွိပါ။ ကြၽန္ေတာ့္ကမာၻတြင္လည္း အကိုတစ္ေယာက္ကလြဲၿပီး ဘာမွမလိုသည္မို႔ အခုလိုမ်ိဳး ျပည့္စုံေနတဲ့မိသားစုထဲ အကို႔ကိုထားခဲ့ၿပီး ျပန္ဖို႔အတြက္က ကြၽန္ေတာ့္မွာ စိတ္မခ်မ္းသာႏိုင္ျဖစ္ေနရသည္။

မမႏြဲ႕တို႔အိမ္မွာ အကိုက်န္ေနခဲ့မွာကို ကြၽန္ေတာ္မလိုလားပါ။ သို႔ေသာ္လည္း အကိုနဲ႔အတူ အတင္းေပကပ္ၿပီး ေနခဲ့ဖို႔ရာကလည္း ကြၽန္ေတာ့္မွာ သတၱိမရွိ။ အကိုနဲ႔အတူယွဥ္တြဲၿပီး ရယ္ေမာေနတဲ့ မမႏြဲ႕ရဲ႕မ်က္ႏွာလွလွကို ၾကာၾကာၾကည့္ႏိုင္တဲ့ စြမ္းရည္ကမရွိေသး။

က်က္သေရရွိလွတဲ့ သူမရဲ႕အၿပဳံးမ်က္ႏွာကို ၾကည့္ၿပီး ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ သိမ္ငယ္သြားမွာစိုးသည္။ စစ္မေရာက္ခင္ေတာ့ ျမႇားမကုန္ခ်င္ေသးပါ။

"ေရာ့ေလ ေသာ္၊"

ကြၽန္ေတာ့္ျမင္ကြင္းထဲေရာက္လာတဲ့ ပန္းသီးစိပ္ကေလးေၾကာင့္...အလိုလိုနဲ႔ဖြင့္ဟလာသည္က ကြၽန္ေတာ့္၏ ႏႈတ္ခမ္းအစုံ။

"စပ်စ္သီး စားဦးမလား.."

ကြၽန္ေတာ့္ပါးစပ္ထဲက ပန္းသီးစိပ္ကိုေတာင္ မဝါးရေသးပဲ ေနာက္ထပ္ေျပာလာတဲ့ အကို႔အေျပာကို ေခါင္းၿငိမ့္ျပမိသည္။ ႏို႔စိမ္းေခါက္ဆြဲေၾကာင့္ ဗိုက္ျပည့္ေနတာ မွန္ေသာ္လည္း အကို႔လက္ကေလးနဲ႔ ခြံ႕ေကြၽးလို႔ေနေလေတာ့ ဒီအခ်ိန္ေလးျဖစ္ေပၚလာတဲ့ ဒီယုယမႈေလးေတြ အျပည့္အဝကို ခံစားထားလိုက္ခ်င္သည္။

အကို႔အၾကင္နာေတြက အၿမဲတမ္း တည္ၿမဲေနတာမွမဟုတ္တာ။ ေပးတဲ့အခ်ိန္ေလးမွာ အျပည့္အဝခံစားထားခါမွ ေတာ္ကာက်မည္။

"ဘာစားခ်င္ေသးလဲ ေသာ္..."

ျပာလြင္လြင္အေရာင္လက္ကိုင္ပဝါ ေလးကို ကမ္းေပးရင္း ေနာက္ထပ္ ဘာစားခ်င္ပါေသးလဲလို႔ အကိုကၾကင္ၾကင္နာနာနဲ႔ ေမးေတာ့ မ်က္ႏွာပူသလိုမ်ိဳးခံစားလိုက္ရသည္။ ေယာက်ာ္းေလးအခ်င္းခ်င္း အသီးခြံ႕ေကြၽးေနတာသည့္ျမင္ကြင္းက ေဘးမွာထိုင္ေနတဲ့ မိန္းမသားေတြရဲ႕ အျမင္မွာထူးဆန္းေနမလားေပါ့လို႔ ေတြးမိၿပီး ေဘးဘီကို ေဝွ႔ၾကည့္မိသည္။

"နင္ ေနေကာင္းပါတယ္ေနာ္။"

"ဟမ္.."

"နင့္မ်က္ႏွာက ရဲတြတ္ေနတာပဲ။"

ပန္းသြဲ႕ရဲ႕လက္က ကြၽန္ေတာ့္ ပါးျပင္ေပၚကို ေရာက္လာသည့္ ထိုအခ်ိန္မွာပဲ ကြၽန္ေတာ့္ညာဘက္နားဆီကေန စီးဆင္းသြားတဲ့ ခပ္တိုးတိုးရယ္သံေလးေၾကာင့္ ကြၽန္ေတာ့္ႏွလုံးေသြးေတြလွ်ံတတ္လာသည္က ကြၽန္ေတာ့္မ်က္ႏွာျပင္ကို ပိုလို႔ နီေစြးသြားေစသည္။

"ေျပာရင္းနဲ႔မွ ပိုေတာင္ ရဲလာေသးတယ္!"

ဟိုဘက္ပါးအထိပါ ကိုင္ၾကည့္ၿပီး ကြၽန္ေတာ့္ကို အေသအခ်ာၾကည့္ေနတဲ့ ပန္းသြဲ႕။

"ကိုယ္ပူေနလား..."

"မပူဘူးဟ၊"

"ေအး မပူရင္စားေတာ့။ စားၿပီးသြားရေအာင္။"

ဆရာမႀကီး သိမ့္သိမ့္စိုးျမင့္၏ စကားေၾကာင့္ ကြၽန္ေတာ့္ပါးျပင္ေပၚကလက္ေတြကို ပန္းသြဲ႕က ျပန္လည္႐ုတ္သိမ္းသြားသည္။

ပန္းသြဲ႕ဘက္ကို လွည့္ထားရာမွာ အကိုရွိရာကို မ်က္ႏွာမူၾကည့္မိလိုက္ေတာ့ အကိုကေလကြၽန္ေတာ့္မ်က္ႏွာ အနားကို တိုးကပ္လို႔လာၿပီး ...
"ေနေကာင္းတယ္မဟုတ္လား ေသာ္..."

"ဟုတ္"

"ရွက္ေနတာလား...ဟင္း !!"

ေမးသံဆုံးေတာ့  ကြၽန္ေတာ့္နဖူးေပၚကို က်ေရာက္လာတဲ့ ရယ္သံ ေလထုခပ္ေႏြးေႏြးေၾကာင့္ ကြၽန္ေတာ့္ခႏၶာက ပူထူလာရသည္။

ကြၽန္ေတာ္တို႔ႏွစ္ေယာက္နီးကပ္စြာ ရွိေနၾကတဲ့ ဒီအေနအထားကို က်န္တဲ့သူေတြက ဘယ္လိုမ်ားထင္ေနသလဲ မသိပါ။ ကြၽန္ေတာ္ကေတာ့ ၿပဳံးစစအကိုမ်က္ႏွာကို ရွက္ျခင္းတစ္လွည့္၊ ေက်နပ္ျခင္းတစ္လွည့္နဲ႔ ၾကည့္ေနရင္း ရင္ခုန္လို႔ေနသည္။

"ျပန္မယ္ေလ ေအာင္..."

"ဟမ္..."

"ထ,ေလ..."

ခုံကေနထ,ဖို႔ေလးေျပာတာကိုပဲ သိမ့္သိမ့္စိုးျမင့္၏ မ်က္လုံးအစုံတို႔က ျပဴးက်ယ္လို႔လာသည္။ မသိလွ်င္ ရည္းစားစကားအေျပာခံေနရတဲ့သမီးျဖစ္သူကို ကြယ္ရာကို အျမန္ေခၚသြားေတာ့မည့္ အေမပုံစံအတိုင္း။

ရည္စားစကားအေျပာခံရတာႏွင့္ ပက္သတ္ၿပီး အေမျဖစ္သူက သမီးျဖစ္သူကို ဘယ္လိုေတြ ဆုံးမလဲေတာ့ ကြၽန္ေတာ္မသိေသာ္ျငား မမႏြဲ႕အိမ္၏ အျပင္ဘက္ကိုေရာက္ေတာ့ သိမ့္သိမ့္က....

"နင္ေနာ္ အေနထိုင္ေတြ ဆင္ျခင္စမ္း၊ မသိရင္ နင္နဲ႔ အကိုႀကီးနဲ႔က ရည္းစားေတြက်လို႔။ ပူးကပ္ေနလိုက္တာမ်ား..."

ကြၽန္ေတာ့္လက္ေကာက္ဝတ္ကို လိမ္ဆြဲၿပီး သြန္သင္ေပးေလေတာ့ ကြၽန္ေတာ့္မွာ အင္တင္တင္အမူအရာနဲ႔ပဲ...
"ငါတို႔က ဘာျဖစ္ေနလို႔လဲဟာ..." လို႔ ျပန္ေမးလိုက္သည္။

"ဘာမွေတာ့ မျဖစ္ဘူးေပါ့ဟ။ အဲ့လိုက ျဖစ္လို႔မွမရပဲ၊ ျဖစ္လို႔ရရင္...ေအာ္ ကဲ ငါဘာငါကို ရႈပ္ေနၿပီ။ ဒီလိုေဟး နင္နဲ႔အကိုႀကီးနဲ႔လုပ္ေနတာက မသိရင္ သမီးရည္းစားေတြက်လို႔ပဲ။ ေကာင္ေလးက ေကာင္မေလးကို အသီးခြံ႕ေကြၽးတာထက္ေတာင္ ပိုခ်ိဳေနၿပီ။"

"တကယ္လည္း ခ်ိဳေနတာပဲေလ..."

"ဘာ..."

ဟိန္းထြက္လာတဲ့ သူမ၏ အသံေၾကာင့္ ကြၽန္ေတာ့္မွာဆက္မေျပာရဲေတာ့။ ယုန္ေပါက္ေလးတစ္ေကာင္လိုပဲ ႏွလုံးျပဳတ္ေတာ့မတတ္ လန္႔ျဖန္႔သြားရသည္။

"တိုးတိုးေျပာပါဟ။ လန္႔လို႔ ေသေတာ့မယ္"

"ေအးေလ သိမ့္သိမ့္ရယ္၊ ေယာက်ာ္းေလးအခ်င္းခ်င္းကိုဟာ...နင္က ဘာေတြျဖစ္ေနတာလဲ။ တကယ္ပဲ ပြစိ ပြစိနဲ႔..."

ေလေျပႏုေသြး၏ စကားေၾကာင့္နဲ႔ သိမ့္သိမ့္စိုးျမင့္က ရႉးရႉးရွားရွားႏွင့္ျဖစ္သြားကာ..

"နင္တို႔ဘာသိလို႔လဲ။ အေနာက္ႏိုင္ငံေတြမွာဆို.."

"ထားေတာ့ ထားေတာ့၊ ဒါက အေရွ႕ႏိုင္ငံ။
ၿပီးေတာင္ ေအာင္နဲ႔အကိုႀကီးက ညီအကိုေတြလိုျဖစ္ေနၾကတာကို။ မဟုတ္တာေတြ မေျပာနဲ႔ေတာ့..."

"နင္တို႔..."

"ကဲပါ..ျပန္ရေအာင္၊ မိုးခ်ဳပ္ေတာ့မယ္..."

"ဟာ..."

ေလေျပႏွင့္ ပန္းသြဲ႕ႏွစ္ေယာက္လုံးက လက္ဆြဲၿပီး အျမန္ေခၚသြားပါမွ ယက္ကန္ကန္နဲ႔  သိမ့္သိမ့္က ဘာမွဆက္ေျပာခြင့္မရေတာ့ပဲ ျဖစ္သြားရသည္။ ဒါကို ၾကည့္ၿပီး ကြၽန္ေတာ့္မွာ သူမထံခ်စ္မ်က္ေစာင္းေလးဝင့္လိုက္ကာ သူမတို႔ေနာက္ကေန ေလွ်ာက္လာခဲ့လိုက္သည္။

တကယ္ပါ...ဒီဟာေလးေတြ ရွိေနတာ ကြၽန္ေတာ့္အတြက္ စိုေျပေစပါသည္။ သို႔ေသာ္လည္း တစ္ခါတစ္ရံေတာ့ စိုေျပတာေတြကလြန္ၿပီး ေခ်ာ္လဲက်ခ်င္ေနသည္။

"ျပန္လာၿပီလား ညီ..."

အိမ္တံခါးဖြင့္ထားသည္မို႔ ကိုကိုရွိေနေသးတာလားလို႔ ေတြးမိတဲ့အခ်ိန္မွာပဲ ကိုကို႔အသံကို ၾကားလိုက္ရသည္။

"ကိုသက္ပါ ေရာက္ေနတာလား။"

"ေအး ဟိုေကာင္ အဝန္းေတာ့မလြယ္ေတာ့ဘူး။ မင္း အကိုႀကီးက အိေျႏၵရွင္မေလးေနာက္ ပါသြားတယ္ေနာ္ ေဟ့ေကာင္။"

ကိုသက္ရဲ႕ အေျပာေၾကာင့္ ကြၽန္ေတာ့္မွာ ေခါင္းငိုက္ခ်ၿပီး...
"ကြၽန္ေတာ္ သိပါတယ္ဗ်ာ...."

"ေအး သိလည္း လာထိုင္ဦး။"

ကြၽန္ေတာ့္လက္ကို ဆြဲခ်ကာ ထိုင္ေစပါတဲ့ ကိုဘက္နံေဘးမွာ ကြၽန္ေတာ္ထိုင္ခ်လိုက္သည္။

"ကဲ ပါတီစၾကမလား ညီေလးတို႔...."

"ဘာလဲ သုံးဖက္ညီ ႀတိဂံဂ႐ုလား..."

"ဟားဟားးး...."

ကိုကိုနဲ႔ ကိုသက္ေျပာၾကတာကို ကြၽန္ေတာ္နားမလည္ပါ။ ဘာေတြအဓိပၸါယ္ရၿပီး ဘယ္လိုေတြေတာင္ ရယ္ေနၾကသည္မသိ။ ကိုသက္တို႔ရယ္သံက ေတာ္ေတာ္နဲ႔ ေလ်ာ့က်မသြား။

"ညီ...မင္း အဝန္းကိုခ်စ္တယ္မလား။"

"ဗ်ာ..."

အရယ္ရပ္ၿပီးေနာက္မွာ ထြက္ေပၚလာပါတဲ့ ကိုကို႔အသံက မိုးခ်ဳန္းသံထက္ပိုေၾကာက္ဖို႔ ေကာင္းပါသည္။

"ကိုကိုတို႔က သုံးနားပါတဲ့ ႀတိဂံေလးလိုပဲ၊ မင္းရယ္၊ သက္လ်ာရယ္ ၿပီးေတာ့ ကိုကိုရယ္။ သုံးေယာက္စလုံးက အျဖစ္ခ်င္းတူတယ္ေလ။ ကိုကိုတို႔ ခ်စ္တဲ့သူေတြက ကိုကိုတို႔ကို ျပန္မခ်စ္ၾကဘူးေလ။ အဲ့ေတာ့ သုံးေယာက္ညီမွ်တဲ့ သုံးနာညီေလးေပါ့ကြ ဟား ဟားးး...."

"ကြၽန္ေတာ္တို႔လို ေနာက္ထပ္တစ္ေယာက္ရွိလာရင္ စတုဂံျဖစ္သြားမွာလား"

"ေအး ဟုတ္တယ္။ ဟားဟားးး....ဘာလိုလဲကြာ wesiteေတြ ဘာေတြလုပ္ၾကမလား။"

"ဟြန္းးးး...."

ဒီလိုနဲ႔ပဲ ရင္ဘက္ခ်င္းတူတဲ့ ကြၽန္ေတာ္တို႔သုံးေယာက္၏ စကားဝိုင္းက အဆင္ေျပေျပရွိလွပါသည္။

"ကိုၾကည္သာက အမသရဖူကို ႀကိဳက္ေနေတာ့ ကိုသက္ ပင္ပန္းေနမွာပဲေနာ္။"

"ေအးေပါ့ကြ...မင္းအခု ခံစားေနရသလို ငါလည္း ခံစားေနရတာပဲ။"

"ကိုကိုကေတာ့ ခံစားၿပီးခဲ့ၿပီပဲ ေျပာရမယ္။"

သုံးေယာက္လုံးက အခ်စ္ေၾကာင့္ပဲ ခံစားခဲ့၊ ခံစားေနရသည့္သူ အခ်င္းခ်င္းဆိုေတာ့ စကားေျပာရတာ ေတာ္ေတာ္ေလး အဆင္ေျပသည္။

အေနထိုင္ေတြကိုလည္း ထိန္းသိမ္းမထားေတာ့ပဲ ကြၽန္ေတာ္သည္ ေျခဆင္းၿပီး ေနာက္ေက်ာမွီလိုက္ကာျဖင့္ ေလ်ာ့ရဲရဲထိုင္ထားကာ သြပ္မိုးကို ရီေဝေဝၾကည့္ေနရင္းမွ...
"အကိုက ကြၽန္ေတာ့္ထက္ဆိုင္ရင္ မမႏြဲ႕နဲ႔ပိုၿပီး လိုက္ဖက္ေနတယ္ဗ်ာ။ ကြၽန္ေတာ္ ဘယ္လိုမ်ားလုပ္ရပါ့မလဲ ။"

"အရမ္းႀကီး မရင့္သင့္ရင္ မခ်စ္ဖို႔ ႀကိဳးစားၾကည့္ပါလား မင္း ....."

တံခါးေပါက္ကို ေငးၾကည့္ေနတဲ့ သက္လ်ာရဲ႕ စကားကို ေသာ္က သြပ္မိုးကို ၾကည့္ေနရင္းကေန...
"အခ်စ္ပါဆို အႏု၊အရင့္ရွိေနပါ့မလား ကိုသက္ရ။ ကြၽန္ေတာ္ကေလ အကို႔ကို စေတြ႕ေတြ႕ခ်င္းထဲက အခ်စ္နတ္ဘုရားက ကြၽန္ေတာ့္အတြက္ဖန္ဆင္းေပးလိုက္တဲ့ ခႏၶာတျခမ္းအမွတ္နဲ႔ မေတြ႕ရမေနႏိုင္ေအာင္ကို ခ်စ္ခဲ့မိတာ...."

"ဒီလိုဆိုလည္း မင္းေျပာတဲ့ မမႏြဲ႕ကို အဝန္းနဲ႔ေဝးေအာင္လုပ္ေပါ့ကြ။ မင္းမွ အဲ့ေလာက္ျဖစ္ေနရင္ေတာ့ သူမ်ားလက္ထဲ အပါမခံနဲ႔ေတာ့...။ ဘယ္သူစိတ္ဆင္းရဲ ဆင္းရဲရတယ္...ကိုယ့္ကိုယ္ကိုေတာ့ စိတ္ဆင္းရဲမခံနဲ႔ ညီေလး။"

မွတ္သားေလာက္ပါတဲ့ သက္လ်ာရဲ႕စကားေၾကာင့္ ေသာ့္အၾကည့္ေတြက သက္လ်ာ၏မ်က္ႏွာဆီသို႔ ေရာက္လာရသည္။

ကိုသက္မ်က္လုံးေတြ ဦးတည္ရာက အိမ္ေရွ႕တံခါးအလြန္က အေမွာင္ထုထဲကိုဆိုလွ်င္၊ ကိုကို႔မ်က္လုံးေတြ ဦးတည္ေနသည္က ျပတင္းေပါက္ကို ေက်ာ္လြန္ကာရွိေနပါေသာ အဆုံးမရွိ ညဥ့္ေကာင္းကင္ယံထဲသို႔ ျဖစ္မည္။

ေမွ်ာ္လင့္ခ်က္ေတြ လြင့္ေျမာေဝဝါးေနပါတဲ့ သူတို႔ႏွစ္ေယာက္၏ အၾကည့္ေတြက ကြၽန္ေတာ့္အတြက္ေတာ့ အားတက္ဖြယ္ရာပင္။ ေလာကမွာ ကိုယ္ျဖစ္ေနတာက ကိုယ္တစ္ေယာက္ထဲတင္ျဖစ္တာ မဟုတ္ဘူး ဆိုတဲ့ အသိေလာက္ အားတက္စဖြယ္ အားေဆးက နတၳိ၊မရွိပါ။

"သုခတစ္ေယာက္ အခုခ်ိန္မွာ ဘာေတြလုပ္ေနမလဲ မသိဘူး...."

"ၾကည္သာေတာ့ အဝန္းျပန္မလာေသးလို႔ စိတ္ပူေနမယ္ထင္တယ္။"

"အကိုလည္း မမႏြဲ႕နဲ႔အတူ ရယ္ေမာေနမွာပါေလ။ ဒီညမွာ မမႏြဲ႕အိမ္ထဲက  အကို႔ရယ္သံေတြကေန ခ်စ္စကားေတြအျဖစ္ ေျပာင္းလဲမသြားပါေစနဲ႔လို႔ ဆုေတာင္းတယ္..."

အားေဖ်ာ့ေနတဲ့ ေသာ့္အသံဟာ သြပ္မိုး၏ အလြန္ရွိ စၾကဝဠာႀကီးထဲ လြင့္ေျမာပါသြားသလိုပဲ စၾကဝဠာႀကီးထဲမွာပဲ ရပ္ေနပါတဲ့ အဝန္း၏ နားစည္ထဲကို ပဲ့တင္ထပ္လို႔ ဝင္ေရာက္သြားသည္။

"ဘာလုပ္မို႔လဲ အဝန္း။ ဘယ္တုန္းက ျပန္ေရာက္တာလဲ..."

"အခုပဲ အကိုႀကီး။ ကြၽန္ေတာ့္ကို ဂီတာ ခဏ။"

ထိုသို႔ေျပာၿပီး ၾကည္သာ့ဂီတာကိုယူကာ အျပင္ကို ေတာက္ေလွ်ာက္ေျခလွမ္းအက်ဲႀကီးေတြနဲ႔ ေလွ်ာက္လာခဲ့သည္က ေသာ့္အိမ္နဲ႔မလွမ္းမကမ္းေရာက္မွပဲ ခုံခ်ၿပီးထိုင္လိုက္ေတာ့သည္။

"ျပန္ၿပီ ညီ၊ ေနာက္ရက္မွေတြ႕မယ္..."

စည္း႐ိုးေပါက္ကေန ျမင္လိုက္ၿပီး ၾကားလိုက္ရတဲ့ အသံႏွင့္လူက ကိုကိုႏွင့္ ကိုသက္ျဖစ္ေနသည္မို႔ အရင္ဆုံး သူတို႔ႏွစ္ေယာက္ျပန္သြားေအာင္ ေစာင့္လိုက္သည္။

ႏွစ္ေယာက္လုံး ေသာ့္အိမ္ေရွ႕ကေန ထြက္သြားၿပီးမွပဲ သူဟာ ဂီတာကို ထိလႈပ္လိုက္မိသည္။

🎶ေႏြးေထြးခဲ့တဲ့ ကိုယ့္ရဲ႕ရင္ထဲ ေအးျမလွတဲ့ေရလိုအခ်စ္၊ယူလွည့္ေတာ့ကြယ္ အခ်စ္ဆုံးေလးမို႔ ကိုယ္မင္းအတြက္ ေပးခ်င္ေသး.....
အသည္းထဲက အခ်စ္ဆိုတာလည္း ၾကင္နာသူအတြက္ ေအးျမလြန္းတယ္
အၿမဲသိမ္းထားေပါ့ ခ်စ္တဲ့သူရယ္ ကိုယ္အၾကင္နာဆုံးမို႔ ေပးလိုက္တယ္။

မင္းကလြဲၿပီး ကိုယ္မခ်စ္ဘူး....ဘယ္ေတာ့မွ တျခားသူ အစားမထိုးဘူး...
ကိုယ့္အခ်စ္ဟာ မင္းတစ္ေယာက္တည္းအတြက္
အို အရွင္းဆုံးပဲ...မင္းကလြဲရင္ တျခားသူအေဖာ္မရွာဘူး။

အၿမဲတမ္း မင္းတစ္ေယာက္တည္းသာရည္႐ြယ္
မေျပာင္းလဲဘူးကြယ့္ ဒီတစ္သက္လုံး....
ကိုယ္သိပ္ခ်စ္တဲ့ သူေလးရဲ႕အနား ခ်စ္စကားမ်ားေျပာခ်င္ေသး။

ကိုယ့္အသက္မက ခ်စ္တဲ့အခ်စ္ေရ ယုံေနာ္ အပိုေတြပါလို႔ မေျပာလိုက္နဲ႔......
စကၠန္႔တိုင္းပဲ ခ်စ္လို႔ေနဖို႔....ယုံၾကည္စြာ အားကိုးလိုက္ေတာ့မယ္။

မင္းကလြဲၿပီး ကိုယ္မခ်စ္ဘူး....ဘယ္ေတာ့မွ တျခားသူ အစားမထိုးဘူး...
ကိုယ့္အခ်စ္ဟာ မင္းတစ္ေယာက္တည္းအတြက္
အို အရွင္းဆုံးပဲ...မင္းကလြဲရင္ တျခားသူအေဖာ္မရွာဘူး။ 🎶

အဝန္းရဲ႕ သီခ်င္းသံဆုံးသြားေတာ့ စည္း႐ိုးေဘးမွာ အရိပ္ကေလး လႈပ္ခတ္သြားသည္။

"ေသာ္ရွိေနတာလား...ကိုယ္လာခဲ့ရမလား ေသာ္။"

ကြၽန္ေတာ္ခိုးနားေထာင္ေနတာကို အကိုသိသြားတာလားဆိုတဲ့ အသိနဲ႔ ကြၽန္ေတာ့္မွာ ခ်က္ခ်င္းပဲ အိမ္ေပၚေျပးတတ္လာလိုက္ၿပီး တံခါးကိုပါ ခ်က္ခ်ထားလိုက္မိသည္။

"ဟား ဟား ဟားးးးးး...."

တိတ္ဆိတ္ျခင္းေတြ ႀကီးစိုးေနပါတဲ့ ညအေမွာင္ယံထဲမွာ အကို႔ရယ္သံေတြက ကြၽန္ေတာ့္ကို ၾကက္သီးေမႊးညႇင္းမ်ားပင္ ထ,ေစပါသည္။ သူခိုးလူမိနဲ႔ ကြၽန္ေတာ့္အျဖစ္က မနက္အိပ္ရာထ,ခ်ိန္အထိ ေက်ာင္းကို ဘယ္လို သြားလိုက္ရမလဲဆိုတာကို စဥ္းစားေနမိသည္။

တစ္ေယာက္တည္း သြားႏွင့္လိုက္ဖို႔ကလည္း အဆင္မေျပ၊ အကိုနဲ႔ မ်က္ႏွာခ်င္းဆိုင္ဖို႔ကလည္း ရွက္ေနေသးနဲ႔။ ဒီကိစၥက ေတာ္ေတာ္ေလးခက္ခဲသည္မို႔ အိပ္ရာေပၚမွာ ေနာက္တစ္ႀကိမ္ ျပန္လည္လို႔ လဲေလ်ာင္းမိသည္။

လွဲေနရင္းမွ အိပ္ေပ်ာ္တစ္ဝက္မေပ်ာ္တစ္ဝက္နဲ႔ ကြၽန္ေတာ့္ ႏွာေခါင္းထဲ တိုးဝင္လာတဲ့ ရနံ႔သင္းသင္းက ေခါင္းရင္း ျပတင္းေပါက္ဆီမွ ပ်ံ႕လႊင့္လာတာျဖစ္သည္။

"အိပ္ေနတုန္းလား ေသာ္........"

ျပတင္းေပါက္ဆီကေန ေပၚထြက္လာတဲ့ အကို႔အသံေၾကာင့္ ကြၽန္ေတာ့္မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္ေတာ့ လွဲေလ်ာင္းေနပါတဲ့ ကြၽန္ေတာ့္မ်က္ႏွာကို ငုံ႔ၾကည့္ေနပါတဲ့ အကို႔မ်က္ႏွာကေလ ရွင္းသန္႔လို႔ေနၿပီး ေမႊးပ်ံ႕ပ်ံ႕ရနံ႔က အိပ္ရာႏိုးခါစ ကြၽန္ေတာ့္စိတ္ကို လန္းဆန္းမႈေတြ ေပးစြမ္းပါသည္။

"ကိုယ့္ဆီက ေရေမႊးနံ႔ကို သေဘာက်ေနတာလား။"

မ်က္လုံးကို အသာျပန္မွိတ္ၿပီး အကို႔ဆီက ရနံ႔ကို အမိအရနဲ႔ ရႉရႈိက္ၿပီး အိပ္ရာထဲမွာ ဇိမ္ခံေနတာကိုလည္း အကိုက ရိပ္မိသည္။ ဘာမွထူးၿပီး မေျပာခ်င္ေသးပါ။ အကို႔ရဲ႕ ကိုယ္သင္းနံ႔နဲ႔ အခ်ိဳးတူပါဝင္ေနတဲ့ ဒီေမႊးပ်ံ႕ပ်ံ႕ရနံ႔ကို တိတ္ဆိတ္စြာနဲ႔ပဲ ရႉရႈိက္ခ်င္ေသးတာမို႔ ကြၽန္ေတာ္ေခါင္းကိုပဲ ခပ္ျဖည္းျဖည္း ၿငိမ့္ျပလိုက္သည္။

"ေသာ္က ေၾကာင္ေပါက္ေလးလို ဇိမ္ခံေနတာပဲကြာ...."

အားမလိုအားမရအသံနဲ႔အတူ ကြၽန္ေတာ့္ဆံပင္ေတြထဲ ထိုးဖြလာပါတဲ့ အကို႔လက္ေခ်ာင္း သြယ္သြယ္ေလးေတြေၾကာင့္ ကြၽန္ေတာ့္မွာ မ်က္လုံးဖြင့္ၾကည့္ရေတာ့သည္။

"ငပ်င္းေလးလား ကြာ...."

"အကို..."

လဲေလ်ာင္းေနပါတဲ့ ကြၽန္ေတာ့္ကို အေပၚစည္းကေန အားမလိုမရေတြျဖစ္ေနပါတဲ့ အကိုပုံက အာ႐ုဏ္ဦးရဲ႕ ေရာင္နီဝန္းလိုပဲ ေႏြးေထြးလွပါသည္။ ဒီေႏြးေထြးမႈေတြထဲမွာ ကြၽန္ေတာ့္ႏွလုံးသားဟာ စည္းခ်က္ျမန္စြာနဲ႔ ခုန္ေပါက္ ေျပးလႊားေနေတာ့သည္။

"ေျပာေလ ေသာ္...ဘာျဖစ္ခ်င္လို႔လဲ။"

"ဒီတိုင္းေလးပဲ ေနခ်င္ေနလို႔၊ ဘယ္လိုလုပ္ရမလဲ ဟင္...."

"ေနေပါ့ ေသာ္ရ။ တစ္ရက္တစ္ေလပဲဟာ...တစ္ရက္ေလာက္ေတာ့ ေသာ့္စိတ္ထဲ ရွိတဲ့အတိုင္း ေနလိုက္လို႔ရတယ္။"

"တကယ္..."

"အင္း..."

အတည္ျပဳ ထပ္ေမးၿပီးသည့္ေနာက္မွာ ကြၽန္ေတာ့္ေခါင္းကို အထိပ္သို႔တိုးလိုက္ၿပီး ကြၽန္ေတာ့္ဆံပင္ေတြထဲက အကို႔လက္ေခ်ာင္းေလးေတြကို ကြၽန္ေတာ့္လက္ႏွင့္မဝံ့မရဲ ဆုပ္ကိုင္လိုက္ၿပီး ကြၽန္ေတာ့္ပါးျပင္တစ္ဖက္မွာ ေနရာခ်ထားလိုက္သည္။

"အကို..."

"ေျပာပါဗ်ာ..."

"အတိုင္းထက္အလြန္ဆိုတဲ့ ခံစားခ်က္ေတြကို ထပ္ၿပီး ေဘာင္ေခတ္မထားခ်င္ေတာ့လို႔ ျဖစ္လားဟင္။"

အေပၚကိုေမာ့ရင္း အကို႔မ်က္လုံးေလးေတြကို စိုက္ၾကည့္ၿပီး ခ်စ္ခြင့္ပန္လိုက္ေတာ့ အကိုက...
"ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုပဲ ဦးစားေပးရမယ္လို႔ ကိုယ္မေျပာခ်င္ဘူး ေသာ္၊ ဒါေပမယ့္ ျဖစ္ႏိုင္တဲ့ အတိုင္းအတာေလးကိုေတာ့ သတ္မွတ္ထားရေအာင္ပါ။ မျဖစ္ႏိုင္တာေတြအတြက္နဲ႔ ကိုယ္ မေတြးခ်င္ေသးဘူး......ကိုယ္တို႔ေတြ အရမ္းငယ္ေသးတယ္ ေသာ္ !!!!"

"အကို ဘယ္လိုပဲ ေျပာေျပာပါ။ ကြၽန္ေတာ္ကေလ ေရာင္နီဝန္းနဲ႔ ကြၽန္ေတာ့္ၾကား အကြာအေဝးကို နီးစပ္ေအာင္ ႏွင္းဆီနီေတြဆက္ၿပီး တံတားထိုးဖို႔ အၿမဲႀကိဳးစားေနမွာ။ ဘယ္ေလာက္ပဲ အလွမ္းေဝးေဝး..တစ္ပြင့္နဲ႔မရရင္ ႏွစ္ပြင့္ဆက္မယ္...ႏွစ္ပြင့္မရင္ သုံးပြင့္၊ ေလးပြင့္...ကြၽန္ေတာ္နဲ႔ သူ႔အၾကား ေဝးကြာလွတဲ့ အကြာအေဝးနဲ႔ ညီမွ်တဲ့ အပြင့္အေရအတြက္ေရာက္တဲ့အထိ လက္မေလ်ာ့ပဲႀကိဳးစား ဆက္ေနဦးမွာ ။"

"ႏွင္းဆီပြင့္ေတြက ေရာင္နီဝန္းဆီိေရာက္သြားရင္ေတာင္ ေရာင္နီဝန္းက ဆင္းလာလို႔ မရတာမ်ိဳးလည္း ရွိတတ္တယ္။ အထူးသျဖင့္ ေသာ့္ ႏွင္းဆီနီေတြဆက္ထားတဲ့ တံတားက ေနဝန္းရဲ႕ အေလးခ်ိန္ကို ခံႏိုင္ရည္ရွိပါ့မလား...."

‌ေသာ္ကမ္းလင့္မယ့္ ႏွင္းဆီနီေတြ တစ္နည္းအားျဖင့္ ေသာ္ေျပာပါမယ့္ ခ်စ္အေၾကာင္းစကားလွလွေလးေတြကို ကိုယ့္ႏွလုံးသားကနားလည္လက္ခံပါတယ္ ေသာ္။ တစ္ေန႔ေတာ့ ကိုယ့္ဦးေႏွာက္ကဘယ္လိုမွ မျငင္းႏိုင္ေတာ့တဲ့ေန႔၊ အဲ့ဒီေန႔အထိ ေသာ့္ဘက္က ဒီအေၾကာင္းအရာေတြကို ေျပာေပးေနဂင္ ေကာင္းမွာပဲ။

ကိုယ့္ဘက္ မေျပာေပမယ့္လည္း ေသာ့္ဘက္က ေျပာၾကားပါတဲ့ အခ်စ္စကားေလးေတြက သိပ္ကိုျပည့္စုံၿပီး၊ သိပ္လွတာပါ ေသာ္ရာ။

"ကြၽန္ေတာ့္ခ်စ္ ႏွင္းဆီနီေတြကို သံမဏိႏွင္းဆီေတြျဖစ္ေအာင္ မျပဳစားပါနဲ႔လား အကိုရာ။ ကြၽန္ေတာ့္ ႏွလုံးသားက အဲ့ေလာက္ထိ မမာေက်ာလို႔ပါ။"

" ႏွင္းဆီနီကသာ အခ်စ္ကို ကိုယ္စားမျပဳရင္ ေသာ့္တံတားက ႏွင္းဆီနီတံတား ဟုတ္ပါဦးမလား..."

"ေသခ်ာေပါက္ ဘယ္ဟုတ္ပါ့မလဲ။ အကိုသိလား ကြၽန္ေတာ္ေျပာတဲ့ ႏွင္းဆီနီတံတား..."

"ကိုယ္တို႔ ေက်ာင္းခ်ိန္ေနာက္က်ေတာ့မယ္ ေသာ္။ ကိုယ္ ခု,ထားတဲ့ ခုံေအာက္မွာ ေၾကာင္တစ္ေကာင္ေရာက္ၿပီး လႈပ္ေနလို႔ ကိုယ္ဆင္းမွရေတာ့မယ္ ထင္တယ္။"

"အကို..."

ခ်စ္ေနေၾကာင္းေတြကို ပြင့္ပြင့္လင္းလင္းေတြ ေျပာေတာ့မယ္ဆိုရင္ အကိုက အၿမဲ အေနအထားေတြေျပာင္းပစ္ၿပီး စကားေတြကို ျဖတ္ပစ္သည္။

"ကိုယ္ တကယ္ေျပာေနတာ..ေသာ္ မယုံရင္ ထၿပီးၾကည့္ၾကည့္...."

ေျပာၿပီးခ်က္ခ်င္းမွာပဲ ကြၽန္ေတာ့္ပါးျပင္ေပၚမွာ လက္ေခ်ာင္းသြယ္ေတြက ဖယ္ခြာလို႔ သြားၿပီး ကြၽန္ေတာ့္ေပၚမွာ အုပ္မိုးထားတဲ့ အကို႔မ်က္ႏွာဟာလည္း ေပ်ာက္ကြယ္လို႔သြားေတာ့သည္။

ဒီလိုနဲ႔ပဲ ဒီေန႔မွာလည္း ကြၽန္ေတာ္ဟာ အကို႔ကို ခ်စ္ပါတယ္လို႔ ေျပာခြင့္မရေတာ့ပဲ အကို႔ႏွလုံးသား လမ္း တစ္ေနရာမွာပဲ ေျခစုံရပ္ေနလိုက္ရေတာ့သည္။

"မ်က္ႏွာ သစ္ေတာ့ ေသာ္...ကိုယ့္ကိုလည္း တံခါးဖြင့္ေပးဦး။"

အိပ္ေနသူကို ျပတင္းေပါက္ကေနေက်ာ္ၿပီး အနံ႔နဲ႔ေရာ၊ ႐ုပ္ရည္နဲ႔ေရာ ေနာက္ဆုံး အထိအေတြ႕ေတြနဲ႔ အေျပာေတြနဲ႔ပါ ျမဴဆြယ္ခဲ့တဲ့သူသည္ အခုမွပဲ ဝင္ေပါက္ကေန ဝင္ဖို႔ ခြင့္ေတာင္းေနသည္။ အေစာက ျပတင္းေပါက္ကေန ကြၽန္ေတာ့္ႏွလုံးသားကို ခိုးယူသြားခဲ့တာ သူမဟုတ္သည့္အတိုင္း။

ျပတင္းေပါက္ကေန ခိုးယူသြားတဲ့ ႏွလုံးသားကို အဝင္တံခါးေပါက္ဆီကေနၿပီး ခိုးယူခဲ့တာ သူ,မဟုတ္သည့္အတိုင္း မသိသလိုလိုနဲ႔ တဖန္ျပန္ၿပီး အလႉခံဦးထင္ပါတယ္ေလ.....

အေပးအကမ္း ရက္ေရာလွတဲ့ ကြၽန္ေတာ္ စႏၵေသာ္ကေအာင္ကလည္း ဘယ္လမ္းကေနပဲ လာလာပါ၊ အကိုက မယူဘူးဆိုရင္ေတာင္မွ အတင္းကို ထိုးထဲ့ေပးခ်င္ေတာ့ ေၾကာင္သူေတာ္အား အိမ္တံခါးဖြင့္ေပးၿပီး အိမ္ထဲေခၚသြင္းလိုက္ေတာ့သည္။

ကဲ ကြၽန္ေတာ့္အကို ႂကြယ္ပါေတာ့ေလ.....ႂကြယ္ျပၿပီး သိမ္းယူပါေတာ့ ကြၽန္ေတာ့္ကို အဲ မဟုတ္..ကြၽန္ေတာ့္ႏွလုံးသားကို။

Continue Reading

You'll Also Like

219K 7.8K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
6.3K 297 16
A real love with fight