သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

379K 68.4K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၄|
|၁၅|
|၁၆|
|၁၇|
|၁၈|
|၁၉|
|၂၀|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၄|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၄၉|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၁|
|၆၂|
|၆၃|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၆၄|

5K 743 69
By Aoiyuki01

အခန္း(၆၄) ေရခဲတိုက္

ေဆး႐ုံရဲ႕ ဘယ္ေနရာကိုမဆို...

ရွီက်င္းအေတြးနက္သြားၿပီး ဆရာဝန္႐ုံးခန္းထဲမွ
ထြက္ကာ ပတ္ဝန္က်င္ကိုေလ့လာလိုက္သည္။
ဒီ႐ုံးခန္းတည္ေနရာက အင္မတန္ေကာင္းမြန္၏။
ေလွကားနဲ႔နီးသလို ဓာတ္ေလွကားနဲ႔လည္း
ကပ္ရပ္ျဖစ္ၿပီး အေဆာက္အဦး၏ေထာင့္တြင္
ရွိေနသည္။ ျဖတ္သြားျဖတ္လာမ်ားက
ဒီဘက္ကိုသာ လွည့္မၾကည့္လွ်င္
ဘာလႈပ္ရွားမႈကိုမွ သတိထားမိမွာမဟုတ္။

ထို႔အျပင္ လီေဆြ႕ေဆး႐ုံတြင္
ဝင္ေပါက္တစ္ခုတည္းသာ ရွိသည့္အတြက္
လူတိုင္းသည္ ဝင္ေပါက္နဲ႔နီးေသာေလွကားနဲ႔
ဓာတ္ေလွကားကိုသာ အသုံးမ်ားၾကၿပီး
တျခားေနရာမ်ားကို သိသိသာသာေမ့ေလ်ာ့သြားသည္။

သို႔ေပမဲ့ ႐ုံးခန္းတည္ေနရာမွာ သိသာထင္ရွား
ေသာခ်ိဳ႕ယြင္းခ်က္တစ္ခုရွိေနသည္_၎သည္
ၾကမ္းျပင္အလ်ားပိုင္းျခားထားေသာ
ေဆး႐ုံစတိုခန္း၏မ်က္ေစာင္းထိုးတြင္
ရွိေနတာျဖစ္သည္။ ဓာတ္ေလွကားႏွင့္
ေလွကားတို႔ဆိုတာ အထပ္တစ္ခုၾကားထဲတြင္
မဟုတ္ဘဲ အထပ္မ်ားၾကား
အတက္အဆင္းကိုသာ ပံ့ပိုးႏိုင္တာျဖစ္၍
ဒီေနရာမွ စတိုခန္းဆီကို
ေသတၱာအမ်ားအျပားသယ္ေဆာင္ပါက
အလြန္အင္မတန္ သိသာေပၚလြင္ေနသည္။
႔ထို႔ေၾကာင့္ စတိုခန္းဟာ ပစၥည္းမ်ားပို႔ေဆာင္သည့္
ဦးတည္ရာပန္းတိုင္ဟုတ္ေနပုံ မေပၚေခ်။

ဒါေပမဲ့ စတိုခန္းဆီကို မဟုတ္ဘူးဆိုရင္
ဘယ္ကိုလဲ?

လီေဆြ႕ေဆး႐ုံမွာ ေနာက္ထပ္လွ်ိဳ႕ဝွက္စတိုခန္း
ထပ္ရွိေနလို႔လား? ၿပီးေတာ့ ေဆးဆိုင္နဲ႔
ဆက္ႏြယ္ၿပီး ေဆး႐ုံရဲ႕တသီးတသန္႔ျဖစ္တဲ့
တစ္ခုတည္းေသာေနရာ။ ဒီေနရာမွာပုန္းဖို႔
လုံရွီေရြးခ်ယ္လိုက္ရတဲ့တကယ့္အေၾကာင္းအရင္း?

အမွန္တရားကိုရွာေတြ႕သြားသလို ရွီက်င္း
ခံစားလိုက္ရသည္။ လီေဆြ႕ေဆး႐ုံ၏
အထပ္တိုင္းဖြဲ႕စည္းတည္ေဆာက္ပုံကို
ျပန္စဥ္းစားရင္း ဓာတ္ေလွကားကို
သြားစစ္ၾကည့္သည္။ သို႔ေသာ္လည္း
လွ်ိဳ႕ဝွက္စတိုခန္းတစ္ခုလို အဆင္ေျပႀကီးမားေသာ
ေနရာမ်ိဳးကို သူစဥ္းစားမရေသးေပ။
ႏွံ႕ႏွံ႕စပ္စပ္ၾကည့္ၿပီးေနာက္မွာ သူ႔စိတ္သည္
လူေတာ္ေတာ္မ်ားမ်ားမေတြးမိေလာက္သည့္ေနရာ
တစ္ခုဆီ အေတြးေရာက္သြားေတာ့သည္။

ေရခဲတိုက္..

ေဆး႐ုံတိုင္းတြင္ ေရခဲတိုက္မရွိေပမဲ့
လီေဆြ႕တြင္ ရွိေနေလသည္။ ဤသည္မွာ
ေျမေအာက္ထပ္တြင္ တည္ရွိၿပီး
ပင္မေလွကားက မေရာက္ႏိုင္ဘဲ
ဆရာဝန္႐ုံးခန္းေဘးတြင္ရွိသည့္ဓာတ္ေလွကားႏွင့္
ေလွကားတို႔ျဖင့္သာ သြားေရာက္ႏိုင္သည္။
အေစာပိုင္းက စုံစမ္းစစ္ေဆးေရးအစီရင္ခံစာအရ
၎သည္ အခန္းႏွစ္ခန္းသာပါရွိေသာ
အလြန္ေသးငယ္သည့္ေရခဲတိုက္ျဖစ္သည္။
တစ္ခန္းမွာ အေလာင္းမ်ားထားရွိရန္ျဖစ္ၿပီး
က်န္တစ္ခန္းကေတာ့ အမ်ိဳးမ်ိဳးေသာ
ပစၥည္းအတိုအထြာမ်ားႏွင့္သန္႔ရွင္းေရးပစၥည္းမ်ား
သိုေလွာင္ထားသည္။ ပုံမွန္ဆိုလွ်င္
သူနာျပဳအကူေဟာင္းႀကီးတစ္ေယာက္ကသာ
ေစာင့္ၾကည့္ေပးေန၍ ထိုေနရာကို ဘယ္သူမွ
အာ႐ုံမထားမိေပ။

သို႔ေသာ္ျငား အခုေတာ့ အဲ့ေရခဲတိုက္ကို
သြားသင့္သည္ဟု ရွီက်င္းခံစားမိလာသည္။

ထို႔ေၾကာင့္ သူ႔ထင္ျမင္ခ်က္ကို Gua Erအား
ေျပာျပရင္း ဓာတ္ေလွကားခလုတ္ကိုနွိပ္လိုက္သည္။
တစ္ေအာင့္မွ်စဥ္းစားၾကည့္ၿပီးေနာက္
Gua Erလည္း ရွီက်င္းသေဘာရွိရာ
လုပ္ခြင့္ေပးလိုက္သည္။

ပိန္ရွည္ရွည္လူက ရွီက်င္းကို တစ္ခ်ိန္လုံး
မ်က္စိေဒါက္ေထာင့္ၾကည့္ေနသျဖင့္
ဓာတ္ေလွကားခလုတ္ကို ႐ုတ္တရက္နွိပ္လိုက္
သည္ကို ျမင္ေသာအခါ ခ်က္ခ်င္းလွမ္းေမးသည္။

"အဖြဲ႕ေခါင္းေဆာင္ရွီ?"

ထိုသို႔အေခၚခံရသည္မွာ ပထမဆုံးအႀကိမ္
ျဖစ္သည့္အတြက္ ထိုအမ်ိဳးသားက
သူ႔ကိုရည္ၫႊန္းေခၚေနမွန္းသေဘာေပါက္ဖို႔ရာ
ရွီက်င္းစကၠန္႔ပိုင္းေလာက္အခ်ိန္ယူလိုက္ရသည္။
ၿပီးေတာ့မွ အေနာက္ကိုလွည့္ကာ
Annihilationအဖြဲ႕သားမ်ားကို
ၾကည့္လိုက္သည္။ ခဏေလာက္ေတြးဆၿပီးေနာက္
ျပန္ေျပာလိုက္သည္။

"ငါ တျခားေနရာကို သြားစစ္ၾကည့္ဦးမယ္။
9 ၊10 ၊11 နဲ႔ 12က ငါေနာက္လိုက္ခဲ့။
က်န္တဲ့သူေတြက ဒီအနီးအနားက
လႈပ္ရွားမႈေတြကို အာ႐ုံထားၿပီး စိတ္ရွိသလို
သြားႏိုင္တယ္"

ဒီလိုျဖင့္ အဖြဲ႕ဝင္ႏွစ္ေယာက္ကိုထားရစ္ခဲ့ၿပီး
လူေလးေယာက္ဟာ ရွီက်င္းႏွင့္အတူ
ဓာတ္ေလွကားထဲလိုက္ဝင္လိုက္ၾကသည္။

"ကၽြန္ေတာ္တို႔ ဘယ္ကိုသြားမွာလဲ?"
တံခါးပိတ္ဆို႔သြားသည္ႏွင့္ ပိန္ရွည္ရွည္လူက
ေမးေလသည္။

ရွီက်င္းက ေျမေအာက္ထပ္သြားရာခလုတ္ကို
ႏွိပ္ၿပီး

"ေရခဲတိုက္ဆီကို...။ မင္းတို႔နာမည္က?"

ေရခဲတိုက္?

ထိုသူမွာ တစ္စကၠန္႔ေလာက္ေအးခဲသြားၿပီးမွ
ခပ္သြက္သြက္ျပန္ေျဖသည္။
"ကၽြန္ေတာ္တို႔ကို နံပါတ္ေတြနဲ႔ပဲ တပ္ေခၚပါ။
အဲ့တာက မွတ္ရလြယ္တယ္ေလ..
ကၽြန္ေတာ္က 9 ပါ"

က်န္သုံးေယာက္ကလည္း သေဘာတူေၾကာင္း
ေခါင္းညိတ္ၾကကာ သူတို႔ကိုယ္သူတို႔
နံပါတ္မ်ားျဖင့္ မိတ္ဆက္ေပးသည္။

ရွီက်င္းသည္ တစ္ေယာက္ခ်င္းစီ၏မ်က္ႏွာကို
မွတ္မိေတာ့မွ ဓာတ္ေလွကားအထပ္ျပရာ
ေဘာင္ကြက္ကို ၾကည့္လိုက္သည္။
ေအာက္ဆင္းလာသည္ႏွင့္ သူ႔နားၾကပ္က
တိတ္ဆိတ္ေနမွန္း သေဘာေပါက္လိုက္သည္။
မ်က္ေမွာင္ၾကဳပ္မိကာ Gua Erကို
ထပ္ခါထပ္ခါေခၚဖို႔ ႀကိဳးစားေသာ္လည္း
ဘာမွမတုံျပန္ေတာ့ေပ။

"ေျမေအာက္ထပ္မွာ လိုင္းမေကာင္းဘူးပဲ"
နံပါတ္9သည္လည္း နားၾကပ္ကိုဖိၾကည့္ရင္း
ေျပာသည္။
"ဆက္သြယ္မႈျပတ္ေတာက္သြားၿပီ"

ရွီက်င္းလည္း လက္ျပန္ခ်ကာ
"ငါ့ေနာက္လိုက္ၿပီး နီးနီးကပ္ကပ္မွာပဲေန"

သူတို႔လူမကြဲသြားဖို႔က အေရးအႀကီးဆုံးပဲ

သူတို႔စကားေျပာေနစဥ္မွာပဲ ဓာတ္ေလွကားက
ေျမေအာက္ထပ္သို႔ေရာက္ရွိကာ ရပ္တန္႔သြားသည္။
တံခါးပြင့္ဟသြားသည္ႏွင့္ ေမွးမွိန္မွိန္အလင္းေရာင္
ရွိေသာစၾကၤန္လမ္းတစ္ခုေပၚလာသည္။

ရွီက်င္းက ဦးေဆာင္ထြက္လိုက္သည္။
အျပင္ဘက္ကအေျခအေနကို စစ္ေဆးၿပီးမွ
သူ႔ေသနတ္ကိုဆြဲထုတ္ကာ ေလွ်ာက္လမ္း
တစ္ဖက္အဆုံးမွတံခါးေပါက္ႏွစ္ခ်ပ္ဆီသို႔
ေလွ်ာက္သြားလိုက္သည္။

စၾကၤန္လမ္းမွာ ရွည္လ်ားၿပီး Lႏိုင္ငံ၏
သက္ဝင္ယုံၾကည္မႈမ်ားအရ တခ်ိဳ႕ေသာ
ဆုေတာင္းစာမ်ားႏွင့္ ဘာသာေရးဆိုင္ရာ
ျပကြက္မ်ားကို နံရံမ်ားတြင္ေရးဆြဲထားတာေၾကာင့္
အေတာ္ေျခာက္ျခားစရာေကာင္းေနသည္။
ပိန္ရွည္ရွည္လူခမ်ာ ရင္တထိတ္ထိတ္ျဖင့္
တံေထြးၿမိဳခ်မိသည္။ ပတ္ဝန္းက်င္ရွိအရာမ်ားက
လုံးဝမသက္ေရာက္ဟန္ျဖင့္ အဖြဲ႕ကိုဦးေဆာင္
ေနေသာရွီက်င္းကို လွမ္းၾကည့္ၿပီး သူ႔ရင္ထဲက
ေလးစားအားက်မႈမီးစာေလးက ပိုမိုေတာက္ေလာင္
လာေတာ့သည္။

သူ႔ထက္ငယ္ပုံရေသာထိုလူငယ္ေလး၏
စိတ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈမွာ အေတာ္အားေကာင္းပုံ
ရသည္။

လမ္းအဆုံးရွိတံခါးႏွစ္ေပါက္စလုံးသည္
မီးတစ္လုံးမွမထြန္းထား၍ ေမွာင္မဲေနကာ
ေသာ့ခတ္ထားေလသည္။

ရွီက်င္းသည္ အခန္းထဲလူရွိမရွိကို ဂ႐ုမစိုက္စြာ
ေသာ့ခေလာက္ႏွစ္ခုလုံးကို ေသနတ္ျဖင့္
ပစ္ခတ္ ဖ်က္ဆီးၿပီး အထဲကို မ်က္ရည္ဗုံး
ပစ္ထည့္လိုက္သည္။

ထိုသို႔လုပ္ၿပီးေသာအခါ ပစၥည္းသိမ္းဆည္းခန္းက
တိတ္ဆိတ္ေနဆဲျဖစ္ေသာ္လည္း
အေလာင္းထားခန္းဆီမွ လႈပ္လႈပ္ရွားရွားသံ
ထြက္လာသည္။

"အထဲမွာလူရွိတယ္...ဂ႐ုစိုက္"
ရွီက်င္းသည္ ဆူညံသံထြက္လာရာအခန္းဆီ
ဥိးတည္ရင္း အသံနွိမ့္ေျပာသည္။

မည္းေမွာင္တိတ္ဆိတ္ေနမႈႀကီးက
ပိန္ရွည္ရွည္လူအား စိတ္တထင့္ထင့္ျဖစ္ေစသည္။
သူ႔စိတ္အတြင္း သရဲမ်ားႏွင့္ အေလာင္းမ်ား
လႈပ္ရွားလာေသာပုံရိပ္မ်ားအျပည့္ဝင္လာသျဖင့္
အထဲဝင္ဖို႔ နည္းနည္းေၾကာက္သြားကာ
တြန္႔ဆုတ္တြန္႔ဆုတ္ျဖစ္ေနသည္။
သူေႏွာင့္ေႏွးသြားေသာစကၠန္႔ပိုင္းေလးမွာပဲ
ေသနတ္ပစ္သံမ်ား စတင္ျမည္ဟီးလာေတာ့သည္။

ေရခဲတိုက္ထဲမွ တကယ္လူေတြရွိေနတာပဲ
ၿပီးေတာ့ တစ္ေယာက္ႏွစ္ေယာက္မကဘူး..

ရွီက်င္းလည္း ဓာတ္ေငြ႕ကာမ်က္ႏွာဖုံးကို
ထပ္မံဝတ္ဆင္ကာ သူ႔ကိုကာဗာလုပ္ေပးရန္
ဘယ္သူကိုမွမေျပာဘဲ အခ်က္ေရအနည္းငယ္
ပစ္လိုက္သည္။ ထို႔ေနာက္ နားမလည္ႏိုင္ေသာ
ဆုံးျဖတ္ခ်က္အခ်ိဳ႕ကိုအသုံးျပဳ၍ တံခါးကို
ဆြဲဖြင့္ၿပီး အထဲသို႔လွိမ့္ဝင္ကာ ကုတင္အလြတ္
တစ္ခုေနာက္တြင္ရပ္တန္႔လိုက္သည္။
ၿပီးသည္ႏွင့္ ကုတင္ကိုကန္ကာ ၎ေနာက္တြင္
ဝပ္ပုန္းရင္း ေထာင့္စြန္းမ်ားတြင္ပုန္းခိုေနေသာ
လူမ်ားဆီ အခ်က္ေရတခ်ိဳ႕ထပ္မံပစ္ခတ္
လိုက္သည္။

ေအာ္ဟစ္ညည္းတြားသံမ်ားက အခန္းတစ္ေလွ်ာက္
ပဲ့တင္႐ိုက္ခတ္လာၿပီးေနာက္ တိတ္ဆိတ္မႈသာ
က်န္ရစ္ခဲ့သည္။

ကလစ္

ရွီက်င္းမတ္တပ္ထရပ္ကာ ေရခဲတိုက္ထဲက
မီးကိုဖြင့္ေပးလိုက္သည္။ မ်က္ရည္ဗုံးေငြ႕မ်ား
လြင့္ပါးသြားေလမွ အျပင္တြင္ရွိေနေသးေသာ
အေပါင္းအပါမ်ားအား အထဲဝင္လာရန္
အခ်က္ျပလိုက္ၿပီး ရန္သူမ်ားအေျခအေနကို
သြားစစ္ေဆးၾကည့္သည္၊

အားလုံးေပါင္းေျခာက္ေယာက္ခန္႔ရွိကာ
ေလးဦးမွာ ဒဏ္ရာအနည္းငယ္သာရရွိၿပီး
က်န္ႏွစ္ေယာက္ကေတာ့ ထိခိုက္ဒဏ္ရာေၾကာင့္
သတိေမ့သြားသည္။

ရွီက်င္းအသံတိတ္သြားၿပီး ေသနတ္ကို
ခပ္တင္းတင္းဖိဆုပ္လိုက္မိသည္။
အေသအေပ်ာက္မ်ား မလႊဲမေရွာင္သာ
ရွိလာမည္ဆိုတာကိုနားလည္ေပမဲ့လည္း
သူ႔စိတ္က မသက္မသာခံစားေနရဆဲပင္။

လူေတြကို နာက်င္ေအာင္လုပ္ျခင္းႏွင့္
သတ္ျဖတ္ျခင္းတို႔မွာ အေတြ႕အၾကံဳေကာင္းတစ္ခု
မဟုတ္ေပ။

သူ႔စိတ္သူ ျပန္ထိန္းရင္း ထိုလူမ်ားကိုႀကိဳးတုပ္ကာ
ဒဏ္ရာမ်ားစည္းေႏွာင္ေပးဖို႔ လူႏွစ္ေယာက္ကို
အမိန္႔ေပးလိုက္သည္။ထိုသို႔တာဝန္ခ်ေပးၿပီးေနာက္
ေရခဲတိုက္ထဲကို စတင္ရွာေဖြေတာ့သည္။

ပိန္ရွည္ရွည္လူသည္ ရွီက်င္း၏အမိန္႔ကို
ၾကားလိုက္ေသာအခါ ထူးဆန္းေသာအမူအရာ
ျဖစ္သြားသည္။

က်ရႈံးသြားေသာရန္သူမ်ား၏ဒဏ္ရာကို
ဂ႐ုစိုက္ခိုင္းသည့္အမိန္႔စကားမွာ
သူၾကားဖူးသမွ်ထဲ အထူးဆန္းဆုံးေသာ
အမိန္႔တစ္ခုပင္။ အဖြဲ႕ေခါင္းေဆာင္ရွီသည္
ဆန္႔က်င္ကြဲလြဲမႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္_
သူ႔လုပ္ေဆာင္ခ်က္မ်ားက စစ္မႈထမ္းေဟာင္း
တစ္ေယာက္လို ကၽြမ္းက်င္ထိေရာက္ေသာ္လည္း
တစ္ခ်ိန္တည္းမွာပဲ လူသစ္မ်ားထံတြင္သာ
ရွိသည့္ ထူးဆန္းေသာငဲ့ညႇာေထာက္ထားမႈကို
ျပသေနျပန္သည္။

ဘယ္လိုေတာင္ထူးဆန္းတဲ့လူလဲ..

ရွီက်င္းမွာေတာ့ သူ႔ယာယီလက္ေအာက္ငယ္သား
မ်ား၏မတည္ၿငိမ္ေသာစိတ္အေျခအေနကို
သတိမထားမိေပ။ ဤေရခဲတိုက္ငယ္ကို
ေသေသခ်ာခ်ာေလ့လာေနသည္။

အတြင္းပိုင္းအျပင္အဆင္ႏွင့္ပရိေဘာဂမ်ားကို
ၾကည့္ျခင္းျဖင့္ လီေဆြ႕ေဆး႐ုံဟာ
ေဆး႐ုံေဟာင္းတစ္ခုျဖစ္ေၾကာင္း သိႏိုင္သည္။
ေမွးမွိန္အေရာင္ေဖ်ာ့ေသာမီးအလင္းေရာင္ျဖင့္
မည္းေမွာင္ေသာနံရံမ်ားရွိေသာေရခဲတိုက္သည္
အိုေဟာင္းမႈႏွင့္ အသစ္အဆန္းမ်ား
ေရာေထြးေနေလသည္။ ကုတင္မ်ားႏွင့္
နံရံတစ္ဖက္တြင္ျမဳပ္ႏွံထားေသေရခဲခန္းမ်ားက
အသစ္မ်ားျဖစ္ၿပီး တခ်ိဳ႕ေသာပရိေဘာဂမ်ားႏွင့္
ပစၥည္းကိရိယာမ်ားကေတာ့ ႏွစ္အေတာ္ၾကာ
အသုံးျပဳထားမွန္း သိသာသည္။

အခန္းထဲတြင္ ဘာကုန္ပစၥည္းမွမရွိသလို
ပုန္းခိုဖို႔ ေနရာလည္းရွိဟန္မေပၚ။ သို႔ေပမဲ့လည္း
Hydraအဖြဲ႕သားမ်ားက ဒီေနရာမွာ
ပုန္းေနတယ္ဆိုတည္းက တစ္စုံတစ္ခုကို
ကာကြယ္ေနတာ အေသအခ်ာပင္။

ရွီက်င္းသည္ ၾကမ္းျပင္မ်ားႏွင့္ နံရံတို႔ကို
စစ္ေဆးေနရင္း ေနာက္ဆုံးတြင္
သူ႔အၾကည့္မ်ားက အေလာင္းထားရာ
ေရခဲခန္းမ်ားဆီ က်ေရာက္သြားေတာ့သည္။

နံပါတ္9သည္လည္း ရွီက်င္း၏လႈပ္ရွားမႈမ်ားကို
အာ႐ုံထားေနသည့္အတြက္ လူငယ္ေလးဟာ
ေရခဲခန္းမ်ားဆီလွမ္းၾကည့္ေနတာကို
ျမင္လိုက္ေသာအခါ သူ႔ရင္ထဲ
မေကာင္းေသာခံစားခ်က္ႀကီးေပၚလာသည္။

ေနာက္တစ္စကၠန္႔အတြင္းမွာပဲ သူခန္႔မွန္းသည္က
အမွန္တကယ္ျဖစ္သြားသည္_ရွီက်င္းသည္
ေရခဲခန္းမ်ားဆီ ႐ုတ္တရက္ေလွ်ာက္သြားၿပီး
အံဆင့္မ်ားထဲမွတစ္ခုကို မဆိုင္းမတြ
ဆြဲထုတ္လိုက္သည္။

လူအိုႀကီးတစ္ေယာက္၏ခႏၶာကိုယ္ဟာ
ထြက္ေပၚလာသည္။ ထိုသူ၏
အသားအရည္တို႔မွာ အေရာင္မရွိသလို
ျဖဳေဖ်ာ့ေနသည္မွလြဲလို႔ အိပ္ေပ်ာ္ေနသလား
ေအာက္ေမ့ရ၍ ေသဆုံးထားတာ
အခ်ိန္သိပ္မၾကာေသးပုံရသည္။

နံပါတ္9မွာေတာ့ မတတ္ႏိုင္စြာ
ေလေအးတစ္ခ်က္ရွဴသြင္းၿပီး မ်က္ႏွာလႊဲလိုက္
မိသည္။ ေျပာရမွာရွက္ေတာ့ရွက္သည္။
Gua Qi၏ေလ့က်င့္ေရးမ်ားကို
ေအာင္ေအာင္ျမင္ျမင္ျဖတ္ေက်ာ္ႏိုင္ခဲ့ေသာ္လည္း
သူ႔တြင္ ႀကီးမားေသာအားနည္းခ်က္တစ္ခု
ရွိေနသည္_ သရဲႏွင့္
လူေသအေလာင္းေကာင္မ်ားကို
ေၾကာက္တတ္သည့္သူ႔စိတ္ကို မျပင္ႏိုင္ေသးေသာ
အားနည္းခ်က္ျဖစ္သည္။

ရွီက်င္းလည္း အေလာင္းကိုျမင္ၿပီး
ေတာင့္ခဲသြားမိေသာ္လည္း ကိုယ့္စိတ္ကိုယ္
ခပ္ျမန္ျမန္ထိန္းလိုက္သည္။ လူအိုႀကီးကို
ေတာင္းပန္လိုက္ၿပီးေနာက္ အံဆင့္ကို
ျပန္ပိတ္ကာ ဘာမွမျဖစ္ခဲ့သလို
ေနာက္တစ္ခုကို ထပ္ဆြဲထုတ္ၾကည့္သည္။

ပိန္ရွည္ရွည္လူမွာေတာ့ သူအသက္ရွဴၾကပ္
ေတာ့မယ္လို႔ ထင္မိသည္။

သူ႔စိတ္ထဲမွာ အေလာင္းေကာင္ေတြက
႐ုတ္တရက္ႀကီးထထိုင္လာတဲ့ ျမင္ကြင္းမ်ိဳး
ထပ္ခါတလဲလဲ ျမင္ေနရတယ္!

သို႔ေသာ္လည္း လက္ေတြ႕မွာေတာ့
လႈပ္ရွားလာေသာအေလာင္းမ်ိဳး လုံးဝရွိမေနပါ။
ရွီက်င္းသည္ ေရခဲခန္းမ်ားကို တစ္ခုၿပီးတစ္ခု
ေခ်ာ့ေခ်ာ့ေမြ႕ေမြ႕ဖြင့္ၾကည့္ျပီး သူ႔အမူအရာမွာ
တည္ၿငိမ္ေနသလို လႈပ္ရွားပုံတို႔မွာလည္း
တစ္သမတ္တည္းျဖစ္သည္။ ဒီလိုျဖင့္
ေနာက္ဆုံးေရခဲခန္းကိုဆြဲထုတ္ေသာအခါမွာ
ခုခံမႈတစ္ခုကို ရင္ဆိုင္လိုက္ရေတာ့သည္_

ဒီအခန္းက ေသာ့ခတ္ထားတယ္

ရွီက်င္းရပ္တန္႔သြားသည္။တစ္ေအာင့္ေလာက္
စဥ္းစားၾကည့္ၿပီးေနာက္ အထဲတြင္
လူေသအေလာင္းရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ
သူ႔ေသနတ္ကိုဆြဲထုတ္ၿပီး ေသာ့အိမ္ကိုပစ္ရန္
ေရြးခ်ယ္လိုက္သည္။

ပိန္ရွည္ရွည္လူ: "..."
ဒီမစ္ရွင္ၿပီးရင္ေတာ့ ဘုရားေက်ာင္းသြားၿပီး
အေမႊးတိုင္ထြန္းမွပဲ...

အခ်က္ေရအနည္းငယ္ပစ္ၿပီးခ်ိန္တြင္
ေသာ့ခေလာက္က်ိဳးပ်က္သြားၿပီျဖစ္သည္။
ရွီက်င္းဟာ ထိုအံဆင့္ကို ထပ္မံဆြဲၾကည့္လိုက္
ေသာအခါ ၎တင္မကဘဲ အေပၚႏွင့္ေအာက္မွ
အံဆင့္တို႔လည္း ေရြ႕လ်ားလာသည္။
တံခါးခ်ပ္တစ္ခုအလား အတူတကြပြင့္လာရာ
လူတစ္ေယာက္အလြယ္တကူဝင္ေရာက္ႏိုင္ေသာ
ဝင္ေပါက္တစ္ခုကို ေတြ႕လိုက္ရေလသည္။

အတြင္းကထြက္လာေသာအလင္းေရာင္တစ္စ
ရွိေနတယ္_ ဒီအေနာက္မွာ အခန္းတစ္ခန္း
ရွိေနတာပဲ

ထိုစဥ္ နံပါတ္9၏မ်က္ဝန္းမ်ားက
ထိတ္လန္႔တႀကီး ျပဴးက်ယ္သြားသည္။

ရွီက်င္း၏အမူအရာလည္း ခ်က္ခ်င္းေျပာင္းလဲ
သြားကာ ပိန္ရွည္ရွည္လူကို အလ်င္အျမန္
ခုန္အုပ္ၿပီး ၾကမ္းျပင္တစ္ေလွ်ာက္လွိမ့္လိုက္ရင္း
က်ယ္ေလာင္စြာ ေအာ္ဟစ္သတိေပးေတာ့သည္။

"သတိထား! အားလုံးဝပ္ေန!"

ဒီလိုအလုပ္လမ္းေၾကာင္းမ်ိဳးတြင္
တစ္ေယာက္ေယာက္က "ဝပ္ေန"လို႔
ေအာ္လိုက္သည္ႏွင့္ မင္းဝပ္ရမည္။
ထို႔ေၾကာင့္ က်န္သုံးေယာက္မွာလည္း
ခ်က္ခ်င္းဆိုသလို ၾကမ္းျပင္ေပၚ
ျပားျပားဝပ္လိုက္ၾကသည္။

ဘန္း! ဘန္း! ဘန္း!

အတြင္းထဲေသနတ္သံမ်ား ထြက္လာသည္။
ကံေကာင္းစြာနဲ႔ ရွီက်င္းက အားလုံးကို
အခ်ိန္မွီသတိေပးလိုက္ႏိုင္သျဖင့္ ဘယ္သူမွ
ထိခိုက္ဒဏ္ရာမရသြားေခ်။

အားလုံးအဆင္ေျပေၾကာင္း အတည္ျပဳၿပီးမွ
ရွီက်င္းလည္း နံပါတ္9ကိုလႊတ္ေပးကာ
တံခါးေဘးသို႔ တိတ္တဆိတ္ခ်ဥ္းကပ္ၿပီး
ထုံးစံအတိုင္း မ်က္ရည္ဗုံးတစ္လုံး
ပစ္ထည့္ေပးလိုက္သည္။ ရန္သူမ်ားကို
ဖိနွိပ္ရန္ သူ႔အား ကာပစ္ေပးဖို႔
ငယ္သားမ်ားကိုအခ်က္ျပရင္း အခ်ိန္ေကာင္းကို
ေစာင့္ေနလိုက္သည္။ ၿပီးေသာအခါမွ
ဤလွ်ိဳ႕ဝွက္ခန္းထဲကို ကၽြမ္းက်င္စြာျဖင့္
တြားသြားဝင္သြားလိုက္သည္။

အမွန္ပဲ...တြားသြားဝင္သြားတာ။
ရွီက်င္း၏လႈပ္ရွားမႈမ်ားက သြက္လက္ၿပီး
က်က္သေရရွိလွေသာ္ျငား ယင္းအျပဳအမူတို႔ကို
မည္သို႔ေခါင္းစဥ္တပ္ရမလဲ မသိေခ်။

ေနာက္လိုက္ေလးေယာက္: "..."
ဒါက သူတို႔သင္ခဲ့ရတဲ့ေလ့က်င့္ေရးနဲ႔ မတူပုံပဲ

ဘယ္လိုပဲျဖစ္ျဖစ္ ရွီက်င္းဟာ အခန္းထဲကို
ေရွာေရွာရွဴရွဴေရာက္သြားသည္။

ယင္းအခန္းသည္ က်ယ္ဝန္းၿပီး
ထူးဆန္းေသာကိရိယာမ်ား၊ ပုလင္းမ်ားႏွင့္
သံဘူးမ်ားရွိေသာစင္မ်ား အျပည့္ရွိေနသည္။
ၾကည့္ရသည္မွာ သုေသသနလုပ္ငန္းမ်ား
စမ္းသပ္ရွာေဖြေသာလွ်ိဳ႕ဝွက္အေျခစိုက္စခန္း
ျဖစ္ပုံေပၚသည္။

လီေဆြ႕ေဆး႐ုံမွာ လုံရွီဘာေၾကာင့္ပုန္းေနရသည့္
အေၾကာင္းကို သူေဖာ္ထုတ္ႏိုင္လိုက္ၿပီ
ျဖစ္ေကာင္းျဖစ္ႏိုင္သျဖင့္ ရွီက်င္းရင္ဖိုမိသြားသည္။
အရင္ဆုံး ကိုယ့္စိတ္ကိုယ္တည္ၿငိမ္ေအာင္
အသက္ျပင္းျပင္းရွဴသြင္းရင္း_

အခုက ေပ်ာ္ရမဲ့အခ်ိန္မဟုတ္ေသးဘူး..

သူ႔၏အၾကားအာ႐ုံကို ရန္သူမ်ားတည္ေနရာ
ေထာက္လွမ္းရာတြင္ အသုံးခ်ၿပီး
စင္ေအာက္အကြယ္မွအနီးဆုံးတစ္ေယာက္ဆီသို႔
အနားကပ္သြားကာ ထိုအမ်ိဳးသားရဲ႕
လည္ပင္းအေနာက္ဘက္ကို ပစ္စတိုေသနတ္
လက္ကိုင္ျဖင့္ သတိလစ္ေအာင္ ထု႐ိုက္ခ်လိုက္သည္။

ဤလွ်ိဳ႕ဝွက္ခန္းထဲတြင္ လူမ်ားမ်ားစားစား
မရွိသည့္အတြက္ ေရွာင္စစ္၏အၾကားအာ႐ုံ
buffအကူအညီျဖင့္ ရန္သူတို႔အား
လြယ္လြယ္ကူကူအေမွာက္သိပ္လိုက္ႏိုင္သည္။
ထို႔ေနာက္မွာေတာ့ "Signal jammer"ကို
ေတြ႕ရွိသြားရာ Gua Erျဖင့္ အဆက္အသြယ္
ျပန္ရရွိရန္ ၎ကိုဖ်က္ဆီးပစ္လိုက္သည္။

{ဘယ္လိုျဖစ္လို႔ အဆက္အသြယ္ျပတ္ေတာက္
သြားတာလဲ? မင္းဘက္မွာတစ္ခုခုျဖစ္လို႔လား?}
Gua Erဘက္မွ ခ်က္ခ်င္းေမးလာသည္။

ရွီက်င္းသည္ အခန္းလယ္တြင္မတ္တပ္ရပ္ရင္း
ႀကိဳးတုပ္ခံထားရေသာအျဖဴေရာင္ကုတ္အကႌ်ျဖင့္
လူမ်ားႏွင့္ စားပြဲေပၚရွိ ရႈပ္ပြေနေသာ
သုေသသနပစၥည္းမ်ားကို ၾကည့္လိုက္မိသည္။
အေပ်ာ္မ်ား မဖုံးမဖိႏိုင္ျဖစ္ကာ ထေျပာသည္။

"ေရခဲတိုက္ထဲမွာ signal jammerရွိေနလို႔။
စတိုခန္းထဲရွာေနတာရပ္ၿပီး ဒီေနရာကို
လူလႊတ္ေပးဦး_ ကၽြန္ေတာ္ Hydraရဲ႕
လွ်ိဳ႕ဝွက္ဓာတ္ခြဲခန္းကို ရွာေတြ႕ထားတယ္။
မူးယစ္ေဆးအသစ္ေတြ တီထြင္ေနပုံပဲ..."

ၾကားလိုက္ရေသာသတင္းေၾကာင့္ Gua Erမွာ
အခ်ိန္တစ္ခုေလာက္ေအးခဲသြားမိၿပီးေနာက္
မ်က္လုံးမ်ားအေရာင္လက္လာေတာ့သည္။
ကားစတီယာတိုင္ကို လက္သီးျဖင့္
မေနႏိုင္မထိုင္ႏိုင္ ထ႐ိုက္ကာ

"မင္းလုပ္ႏိုင္မယ္ဆိုတာ ငါသိသားပဲ
ကေလးေလး! ငါအခုခ်က္ခ်င္းလူလႊတ္လိုက္မွာမို႔
ခဏပဲေစာင့္။ Gua Sanက Hydraဌာနခ်ဳပ္ကို
သိမ္းၿပီးသြားလို႔ ဒီကိုလာေနၿပီ။ Lႏိုင္ငံက
အာဏာပိုင္ေတြကိုအေၾကာင္းၾကားဖို႔
သူ႔ကိုေျပာလိုက္မယ္"

Gua Sanတို႔တပ္စုမွာ နာရီဝက္ၾကာၿပီးေနာက္
ဆိုက္ေရာက္လာၾကသည္။Lႏိုင္ငံ၏အရာရွိမ်ားက
ဖမ္းဆီးခံထားရေသာHydraအဖြဲ႕သားမ်ား
ႏွင့္တကြ မေရြ႕ေျပာင္းႏိုင္ခဲ့ေသာကုန္ပစၥည္းမ်ား
အားလုံးကိုသယ္ေဆာင္သြားၾကေလသည္။
Gua Erႏွင့္ Gua Sanသည္လည္း
ေရခဲတိုက္ထဲဝင္လာကာ ထိုအခန္းထဲ
ျပည့္ႏွက္ေနေသာပစၥည္းကိရိယာမ်ားႏွင့္
ေဆးဝါးမ်ားကို ရွီက်င္းႏွင့္အတူ
စပ္စပ္စုစုလိုက္ၾကည့္ေနၾကသည္။

"ဒါေတြက...ဘာအတြက္လဲ"
Gua Erက မူးေနာက္ေနာက္ျဖစ္စြာ
ေမးလိုက္သည္။

ရွီက်င္းလည္း မ်က္ႏွာကို လက္ျဖင့္
ပြတ္သုတ္ကာ ရွက္တက္တက္ဝန္ခံသည္။

"ကၽြန္ေတာ္လည္း Lႏိုင္ငံကစကားကို
နားမလည္ဘူး..."

အားလုံးထဲမွ ဉာဏ္အမွီဆုံးGua Sanမွာ
ဓာတုစမ္းသပ္ခန္းႏွင့္တူေသာဤအခန္းကို
လွည့္ပတ္ၾကည့္ၿပီး ဆိုသည္။

"ကၽြမ္းက်င္သူေတြရဲ႕အကူအညီ ငါတို႔လိုအပ္တယ္"

ထိုအခါ Gua Erသည္ ဖုန္းကို
ခ်က္ခ်င္းထုတ္ကာ Gua Qiကိုေခၚလိုက္သည္။

ဦးေလးလုံက သူတို႔နဲ႔အတူ Lႏိုင္ငံကို
လိုက္မလာသည့္အတြက္ ေဒသခံအဖြဲ႕ခြဲမွ
ဆရာဝန္မ်ားပို႔ရန္ Gua Qiကိုပဲ
အကူအညီလွမ္းေတာင္းရေတာ့သည္။

ေနာက္နာရီဝက္ခန္႔ၾကာေတာ့
ဆရာဝန္အေတာ္မ်ားမ်ားဟာ ခပ္သုတ္သုတ္
ေရာက္လာၾကသည္။

သူတို႔ေအးေအးေဆးေဆးအလုပ္လုပ္ႏိုင္ရန္
ရွီက်င္းတို႔အုပ္စုလည္း ထိုလွ်ိဳ႕ဝွက္ခန္းထဲက
ထြက္လာလိုက္သည္။ ေရခဲတိုက္ထဲ
မတ္တပ္ရပ္ရင္း တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ၾကည့္ကာ

"အခ်ိန္လည္းမေစာေတာ့ဘူး..
တစ္ခုခုသြားစားရေအာင္လား?"
Gua Erမွ လိႈက္လိႈက္လွဲလွဲေမးလာသည္။

Gua Sanမ်က္လုံးမ်ားသည္ ထိုင္းမိႈင္းေနေသာ
ေရခဲတိုက္ကေန လွ်ိဳ႕ဝွက္ဓာတ္ခြဲခန္းက
အေျခအေနကို သိသိသာသာစိတ္ပူေနေသာ
ရွီက်င္းဆီ အၾကည့္ေရာက္သြားသည္။

"အင္း သြားစားရေအာင္၊ ဒီေန႔က
အလုပ္မ်ားခဲ့တာပဲ။ အေျခအေနက
ဒီေလာက္ထိတိုးတက္လာမွေတာ့ ဒီေန႔
ျပန္ႏိုင္မွာမဟုတ္ဘူး...ဒီမွာ ညအိပ္ေနၿပီး
ဆရာဝန္ေတြဆီက ရလဒ္ကိုေစာင့္ရမယ္။
အဲ့တာေၾကာင့္ ကၽြင္းေရွာက္ဆီ
ဘယ္သူသတင္းပို႔ေပးမလဲ?"

"ကၽြန္ေတာ္ပို႔လိုက္မယ္"
ရွီက်င္းသည္ စိတ္ပူေနသည္မွႏိုးထကာ
ဖုန္းကိုဆြဲထုတ္ရင္း ခပ္ျမန္ျမန္ထေျဖသည္။

"ကၽြန္ေတာ္ ကၽြင္းေရွာက္နဲ႔
စကားေျပာလိုက္ဦးမယ္..ျပန္လာခဲ့မယ္ေနာ္"

ၿပီးသည္ႏွင့္ အျပင္ကိုေျပးထြက္သြားသည္။

Gua Erသည္ ေမးေစ့ကိုပြတ္သပ္ရင္း
ရွီက်င္းကိုၾကည့္ကာ

"အဲ့ေတာ့ ဒါက 'တစ္ရက္တာခြဲခြာရတာ
သုံးႏွစ္သုံးမိုး ၾကာသလိုေအာက္ေမ့' ရတဲ့
real-life versionေပါ့ ဟမ္?"

ထိုစကားေၾကာင့္ Gua Sanသည္
သူ႔ကို အၾကည့္တစ္ခ်က္ေပးလိုက္သည္။

"ဥပစာစကားေတြလာေျပာေနရင္
'စည္းမရွိတဲ့လွ်ာက ဒုကၡအမ်ားႀကီးျဖစ္ေစတယ္'
ဆိုတာေလးကိုလည္း သတိရဦး။
အျပစ္ေပးမခံရေတာင္ သတိေလးဘာေလး
ထားစမ္းပါ"

Gua Erလည္း ေမးပြတ္ေနရာမွရပ္သြားကာ
သူ႔ကို ဘုၾကည့္လွမ္းၾကည့္သည္။

"ကၽြင္းေရွာက္က ဒီမွာမရွိဘူး အဲ့တာေၾကာင့္
ငါ့ကို လာမေျခာက္နဲ႔"

ထို႔ေနာက္တြင္ သူက Gua Sanကို
လ်စ္လ်ဴရႈကာ စမ္းသပ္ခန္းထဲျပန္ဝင္သြားသည္။

ရွီက်င္းသည္ ေဆး႐ုံအျပင္ဘက္တြင္
ပါတင္ထိုးထားေသာvanကားဆီကို
ျပန္သြားလိုက္သည္။ သူ႔အားေႏွာင့္ယွက္မဲ့သူ
တစ္ေယာက္မွမရွိေတာ့မွန္း ေသခ်ာမွ
ဖုန္းေခၚမည့္အစား tabletကိုရွာကာ
video callေခၚလိုက္ေလသည္။

ေခၚဆိုမႈက ခ်က္ခ်င္းခ်ိတ္ဆက္သြားၿပီး
စာၾကည့္ခန္းထဲထိုင္ေနေသာလ်န္ကၽြင္း၏ပုံရိပ္က
ဖန္သားျပင္တြင္ ေပၚထြက္လာသည္။

{ရွီက်င္း?}

"ကၽြန္ေတာ္ပါ"
ရွီက်င္းသည္ မေနႏိုင္စြာ tabletကို
သူ႔မ်က္ႏွာနား အနီးကပ္ဆြဲယူၿပီး
လ်န္ကၽြင္းအသြင္အျပင္ကို ေသေသခ်ာခ်ာ
စစ္ေဆးၾကည့္သည္။

"ခင္ဗ်ားႏႈတ္ခမ္းေတြက ျဖဴေဖ်ာ့ေနေရာ..
ေန႔လယ္စာခ်ိန္လည္း အလုပ္ခ်ည္းပဲ
လုပ္ေနတာမလား?"

သူသည္ မ်က္ေမွာင္ၾကဳပ္ရင္း ေသခ်ာေျပာသည္။

လ်န္ကၽြင္းမွာေတာ့ ရွီက်င္းကိုျမင္လွ်င္ျမင္ခ်င္း
မ်က္ႏွာမွာ ႏူးညံ့သြားသည္။လက္ထဲကဖိုင္ကို
ပိတ္ကာ ျပန္ေျဖသည္။

{မလုပ္ပါဘူး။ ဒီတိုင္း....ဒီမွာမင္းမရွိေတာ့
ကိုယ္လည္း စားခ်င္စိတ္မရွိလို႔}

ေျပာရဲတယ္ေပါ့ေလ?

"ဒါဆိုရင္ ဒီညက် ညစာေကာင္းေကာင္းစားရမယ္
စားခ်င္စိတ္မရွိရင္ေတာင္ စားဖို႔လိုတယ္"
ရွီက်င္းက ထိုသူအား ခ်က္ခ်င္းဆိုဆုံးမသည္။

"ကၽြန္ေတာ္ မနက္ျဖန္ထိ ျပန္လာမွာမဟုတ္ဘူး"

လ်န္ကၽြင္းမ်က္ခုံးမ်ား တြန္႔ေကြးသြားကာ
{ဘာလို႔လဲ? မစ္ရွင္က အဆင္မေျပလို႔လား?}

"ေျပာင္းျပန္ပဲ_ ကၽြန္ေတာ္တို႔ သဲလြန္စအသစ္
ရထားလို႔ ရွာေဖြစစ္ေဆးဖို႔ အခ်ိန္နည္းနည္း
ယူရမွာ"

ရွီက်င္းဟာ ဒီေန႔မစ္ရွင္အေၾကာင္းကို
အေသးစိတ္ရွင္းျပကာ လွ်ိဳ႕ဝွက္ဓာတ္ခြဲခန္း၏
မသကၤာစရာမ်ားကို အဓိကထား၍ ေျပာျပသည္။

"လုံရွီက လီေဆြ႕ေဆး႐ုံမွာ ႏွစ္ေတြအၾကာႀကီး
ပုန္းခဲ့တာ။ Hydraရဲ႕ေဆးဝါးသစ္ေဖာ္စပ္တဲ့
ေနရာမွာ ေသခ်ာေပါက္ပါမွာပဲ ၿပီးေတာ့
သူ႔ဝါသနာအရ စိတ္ပိုင္းဆိုင္ရာ
သဘာဝအဆိပ္အေတာက္ေတြကို
အမ်ားအားျဖင့္ေလ့လာမွာပဲ...သူ႔စမ္းသပ္ခ်က္
နမူနာေတြကို ရွာေတြ႕ရင္ အဆိပ္နဲ႔
ပတ္သတ္တဲ့သဲလြန္စေတြကို ပိုစစ္ထုတ္ႏိုင္ၿပီ။
အဲ့တာဆို ခင္ဗ်ားလည္း ဒီထက္ေစာေစာေတာင္
ပိုေကာင္းလာေတာ့မွာ"

လ်န္က်ြင္းသည္ ရွီက်င္း၏ရႈပ္ပြေနေသာ
ဆံပင္မ်ားႏွင့္ဖုန္မ်ားေပက်ံေနေသာအဝတ္တို႔ကို
ၾကည့္ရင္း အာ႐ုံစိုက္နားေထာင္ေနသည္။
သူ႔ူ႔အၾကည့္တို႔က တျဖည္းျဖည္းႏူးညံ့လာရကာ
ေျပာခ်င္တာေတြအမ်ားႀကီးရွိပုံေပၚေပမဲ့
စကားတစ္ခြန္းသာ ဆိုသည္။

{ရွီက်င္း...မင္းတအားတာဝန္ေက်ပါတယ္}

"ဒီလိုအခ်ိန္မ်ိဳးမွာ 'တအားတာဝန္ေက်ပါတယ္'
လိ႔ုေျပာမဲ့အစား 'လြမ္းတယ္'လို႔ ေျပာသင့္တာေလ"

ရွီက်င္းက မ်က္ႏွာထားတည္တည္ျဖင့္
အမွန္ျပင္ေပးသည္။

ထိုအခါ လ်န္ကၽြင္း၏ရႈပ္ေထြးေနေသာ
ခံစားခ်က္မ်ားက ခ်စ္သူေလးရဲ႕စေနာက္မႈေၾကာင့္
အလြယ္တကူလြင့္စင္သြားၿပီး ႏႈတ္ခမ္းပါးတို႔
ေကြးတက္လာကာ စကားနားေထာင္စြာ
ျပန္ေျပာသည္။

{ကိုယ္ မင္းကိုလြမ္းတယ္}

"ကၽြန္ေတာ္ေရာပဲ"
ရွီက်င္းလည္း ျပဳံးလ်က္ျပန္ေျဖၿပီး
tabletဆီကို အနမ္းတစ္ပြင့္ပို႔လိုက္သည္။

"ကၽြန္ေတာ္ ျပန္သြားရေတာ့မယ္။ ေနာက္မွ
ထပ္ေခၚမယ္ေနာ္?"

လ်န္ကၽြင္းႏႈတ္ခမ္းေထာင့္မ်ား ေကြးၫြန္႔က်သြား
သည္။ သို႔ေသာ္လည္း အားတင္းျပန္ျပဳံးျပကာ
ေခါင္းညိတ္လိုက္သည္။

{ေကာင္းၿပီ}

ရွီက်င္းသည္လည္း ထိုသူမ်က္ႏွာကို
ေနာက္ဆုံးတစ္ေခါက္ထပ္ၾကည့္ၿပီးမွ
ဖုန္းခ်လိုက္သည္။ ၿပီးသည္ႏွင့္ ကားခုံကို
မွီကာ သက္ျပင္းရွည္ႀကီးခ်ရင္း

"ေရွာင္စစ္...ငါ လ်န္ကၽြင္းကိုလိုခ်င္တယ္..
ဖက္ခ်င္တယ္.."

ေရွာင္စစ္မွာ ႏွစ္သိမ့္ေသာအသံထုတ္လႊတ္ၿပီး
အားေပးဖို႔ႀကိဳးစားသည္။

<ဒီည ေစာေစာအိပ္ရာဝင္လိုက္။ မနက္ျဖန္
အိပ္ရာႏိုးရင္ ဒါလင့္ကို က်င္းက်င္းေတြ႕ႏိုင္ၿပီ>

"ဒါေပမဲ့ ဒီေန႔ကေန မနက္ျဖန္ေရာက္ဖို႔က
အခ်ိန္အၾကာႀကီးက်န္ေသးတယ္"

ရွီက်င္းဟာ ထိုင္ခုံေပၚေလ်ာခ်ၿပီး
စိတ္ပ်က္လက္ပ်က္ေျပာသည္။သို႔ေသာ္
ခ်က္ခ်င္းဆိုသလို မတ္မတ္ျပန္ထိုင္လိုက္ၿပီး

"မဟုတ္ဘူး။ ဒီလိုလုပ္ရမွာမဟုတ္ဘူး...
ငါ ဒီအတိုင္းေယာင္လည္လည္လုပ္ေနမဲ့အစား
တစ္ခုခုရွာလုပ္ရင္ အခ်ိန္ကုန္ပိုျမန္လိမ့္မယ္။
ဓာတ္ခြဲခန္းထဲက ဆရာဝန္ေတြကို
သြားကူလုပ္ေပးမယ္!"

ထိုအခါ ရွီက်င္းသည္ Lႏိုင္ငံဘာသာစကားကို
နားမလည္သည့္အျပင္ နားလည္ရင္ေတာင္
ေဆးပညာအသိမရွိေၾကာင္း ေရွာင္စစ္
သတိလွမ္းေပးခ်င္ေသာ္လည္း သူ႔host၏
လက္ရွိစိတ္အေျခအေနကိုျပန္ေတြးကာ
ထိုစကားတို႔ကို ျပန္ၿမိဳခ်လိုက္သည္။

<ေရွာင္စစ္လည္းကူမယ္ က်င္းက်င္း!>

ဒီလိုနဲ႔ ေရခဲတိုက္ထဲတြင္ရွိေနေသာGua Erႏွင့္
Gua Sanတို႔မွာ ပိုမိုတက္ႂကြစြာျဖင့္
ျပန္ေျပးဝင္လာေသာရွီက်င္းကို ျမင္လိုက္ရသည္။
သူတို႔ကို စကားနည္းနည္းေျပာၿပီးသည္ႏွင့္
စမ္းသပ္ခန္းထဲ အေျပးဝင္သြားကာ
ေဆးဝါးမ်ားႏွင့္ ဓာတုပစၥည္းမ်ားရွိေသာစင္မ်ားကို
ဂ႐ုတစိုက္ရွာေဖြၾကည့္ေနသည္။

Gua Erမ်က္ခုံးတစ္ဖက္ ပင့္တက္သြားကာ
"ငါ တကယ္........ႀကီးကို သိခ်င္မိတယ္။
ကၽြင္းေရွာက္က သူ႔ကိုဘာေတြမ်ား
ေျပာလိုက္လို႔ပါလိမ့္?"

"ဒီတစ္ႀကိမ္ေတာ့ မင္းေကာင္းေကာင္းႀကီးကို
အျပစ္ေပးခံရေတာ့မွာ ငါျမင္ေယာင္ေနၿပီ"

Gua Sanသည္ သူ႔ကိုတစ္ခ်က္ၾကည့္၍
ပုခုံးကို လွမ္းပုတ္သည္။

"လာစမ္းပါ...ငါတို႔ Lႏိုင္ငံကအရာရွိေတြနဲ႔
စကားသြားေျပာဖို႔လိုတယ္။ ဒီေနရာကို
ရွီက်င္းဆီသာ အပ္ထားလိုက္..
စားဖို႔အခ်ိန္က်မွ သူ႔ကိုေခၚလိုက္မယ္"

Gua Erလည္း ပုခုံးတြန္႔ျပသည္။
ရွာေဖြသည့္ေနရာတြင္ စိတ္ေရာက္ေနေသာ
ရွီက်င္းကိုလွမ္းၾကည့္ကာ ေခါင္းညိတ္ၿပီး
တစ္ဖက္လူေနာက္သို႔ လိုက္ထြက္သြားေတာ့သည္။

အားယား...အခ်စ္က လူေတြကို
တျခားဘာသာစကားတစ္ခု
ခ်က္ခ်င္းသင္ယူႏိုင္ေအာင္ ဒါမွမဟုတ္
ရုတ္တရက္ ဆရာဝန္တစ္ေယာက္ျဖစ္လာေအာင္
မလုပ္ေပးႏိုင္ေလဘူး..

"မင္းအကူအညီလိုတယ္ ေရွာင္စစ္..."
သူ႔လက္ထဲက ေဆးပုလင္းကိူေအာက္ခ်ကာ
ရွီက်င္းသက္ျပင္းခ်သည္။

ေရွာင္စစ္လည္း ကူကယ္ရာမဲ့စြာဆိုသည္။
<က်င္းက်င္း... ဘာသာျပန္ဝန္ေဆာင္မႈ
ေပးတာေလာက္ေတာ့ရေပမဲ့ ေရွာင္စစ္လည္း
ေဆးဖက္ဆိုင္ရာအသုံးအႏႈန္းေတြ နားမလည္ဘူး>

စိတ္မေကာင္းစြာနဲ႔ သူသည္လည္း
အလုံးစုံအားေကာင္းေသာစစ္စတန္တစ္ခု
မဟုတ္ခဲ့ေပ။

"မဟုတ္ဘူး..ငါလည္း အဲ့လိုလုပ္ဖို႔မဆိုလိုပါဘူး။
ဒီဓာတ္ခြဲခန္းထဲကမွတ္တမ္းေတြက
တ႐ုတ္စကား ဒါမွမဟုတ္
အေျခခံYဘာသာနဲ႔လားဆိုတာကို သိဖို႔
scanဖတ္ခိုင္းမလို႔။ လုံရွီက အဲ့ဘာသာစကား
ႏွစ္မ်ိဳးလုံးကို ကေလးဘဝတည္းကသင္ခဲ့တာ။
ေနာက္ပိုင္းက် တျခားဘာသာစကားေတြလည္း
သင္ခဲ့ေပမဲ့ အခ်က္အလက္ေတြေရးခဲ့အခါက်
ပိုရင္းႏွီးတဲ့စကားကိုပဲ မသိစိတ္အရ သုံးမိဖို႔
ပိုမ်ားတယ္ေလ"

စစ္စတန္ေရွာင္စစ္မွာ တဟုန္ခ်င္းအသက္ဝင္
လႈပ္ရွားေတာ့သည္။

ထိုအခါ ရွီက်င္းလည္း အနီးအနားက
ပစၥည္းေလးတစ္ခုေပၚတြင္ သြားထိုင္ကာ
ရလဒ္ကို ေစာင့္ဆိုင္းေနလိုက္သည္။

၁၅မိနစ္လာက္ၾကာေတာ့ စစ္စတန္ဟာ
စိတ္လႈပ္ရွားစြာ တင္ျပလာသည္။
<ရွာေတြ႕ၿပီ ! အဲ့စာအုပ္စင္ရဲ႕အေပၚဘက္
ညာဘက္ေထာင့္ထဲမွာ တ႐ုတ္စာလုံးနည္းနည္း
ရွာေတြ႕တယ္!>

ရွီက်င္း ခ်က္ခ်င္းခုန္ထကာ ၫႊန္ျပေသာေနရာဆီ
အေျပးသြားသည္။

ေရွာင္စစ္ေျပာေသာစာအုပ္စင္မွာ ဗီ႐ိုေဟာင္းႀကီး
တစ္ခုျဖစ္သည္။တံခါးမ်ားက က်ိဳးပဲ့ေနၿပီး
အထဲကမွတ္တမ္းမ်ားက တိုလီမိုလီမ်ိဳးစုံျဖင့္
ေရာေထြးေနသည္။ ၾကည့္ရတာ အသုံးမလို၍
ေခ်ာင္ထိုးထားေသာပစၥည္းမ်ားထားရာေနရာ
ျဖစ္မည္။

ေရွာင္စစ္ၫႊန္ၾကားခ်က္အတိုင္း ရွီက်င္းသည္
ဗီ႐ိုအတြင္းမွ ရႈပ္ပြေနေသာအမိႈက္မ်ားၾကားမွ
မွတ္စုစာအုပ္တစ္အုပ္ႏွင့္ကတ္ထူဖိုင္တြဲတစ္ခုကို
ဆြဲထုတ္လိုက္သည္။ ဖုန္ေတြကိုမႈတ္ထုတ္ရင္း
ပါဝင္ေသာအေၾကာင္းမ်ားကို စစစ္သည္။

မွတ္စုစာအုပ္က သူ႔လက္ဖဝါးစာေလာက္ထိ
ေသးငယ္ၿပီး Yဘာသာစကားလုံးမ်ား
ျပည့္ႏွက္ေနသည္။ရွီက်င္းဖတ္ၾကည့္ေသာ္လည္း
ပါဝင္သည့္ေဝါဟာရမ်ားအားလုံးကို
သူနားမလည္ေၾကာင္း ေတြ႕လိုက္ရသည္။
ေနာင္တတရားႀကီးစြာနဲ႔ စာအုပ္ကို
ေဘးခ်လိုက္ၿပီး ဖိုင္တြဲဆီသို႔ အာ႐ုံေရာက္သြား
သည္။

၎တြင္ ေဒတာမ်ားမ်ားစားစားမပါဘဲ
စာရြက္ဒါဇင္ခန္႔သာ ပါရွိသည္။
ပထမစာမ်က္ႏွာအနည္းငယ္တြင္
ဆရာဝန္အသုံးအႏႈန္းစကားလုံးမ်ားျဖင့္
ျပည့္ႏွက္ေနၿပီး ေျခာက္မ်က္ႏွာေျမာက္
မေရာက္ခင္အထိ ဘာမွေရေရရာရာ
အသုံးဝင္တာမ်ိဳး ရွီက်င္းမေတြ႕ေပ။

စာမ်က္ႏွာ၆တြင္ jellyfishႏွင့္ဆင္တူေသာ
ပုံၾကမ္းပန္းခ်ီတစ္ပုံရွိေနသည္။ ၎ေဘးတြင္
ျဖစ္ကတတ္ဆန္းျဖင့္ နားမလည္ႏိုင္ေအာင္
Yဘာသာစာလုံးမ်ားေရးထားၿပီး
ဘာတ႐ုတ္စာလုံးအစအနမွ မေတြ႕ရေခ်။

သူျမင္ေနရသည့္အရာေပၚ ေရးေရးေလး
စိတ္ထင့္ေနမိ၍ က်န္ရွိေသးေသာစာရြက္မ်ားကို
ခပ္ျမန္ျမန္ၾကည့္လိုက္သည္။

အမည္မသိမ်ိဳးစိတ္မ်ားျဖစ္ေသာ ေႁမြမ်ား၊
ထူးဆန္းေသာအသြင္ရွိသည့္အက်ိတ္ဖုႏွင့္
လွပေသာပန္းပင္မ်ားကို အၾကမ္းဖ်င္းေရးဆြဲ
ထားေသာပုံၾကမ္းမ်ားႏွင့္တကြ
Yဘာသာစာလုံးမ်ားကိုသာ ထပ္ေတြ႕ရသည္။
ေနာက္ဆုံးစာရြက္၏ေအာက္ဆုံးနားေလးတြင္
မသိစိတ္အရ ေရးၿပီးမွ ျပန္ဖ်က္ထားေသာ
ခပ္ဝါးဝါးစာလုံးတစ္လုံးကို ရွီက်င္းရွာေတြ႕သြားသည္။

ကၽြင္း...

ဒါက ေသခ်ာေပါက္ "ကၽြင္း"ပဲ။ မႈန္ဝါးဝါးနဲ႔
မျပတ္မသားျဖစ္ေနေပမဲ့ ဒါက "ကၽြင္း" ဆိုတဲ့
တ႐ုတ္စာလုံးဆိုတာ သိသာတယ္။

ဒီေဒတာအခ်က္အလက္၏အမွတ္အသားကို
ရွီက်င္းသေဘာေပါက္လိုက္သည္ႏွင့္
သူ႔ရင္ေတြတဒိတ္ဒိတ္ခုန္လာၿပီး ဖိုင္တြဲကို
ကိုင္ထားေသာလက္မ်ားလည္း
တင္းက်ပ္သြားသည္။ သူ႔မ်က္ဝန္းမ်ားက
ၾကယ္စင္မ်ားျပည့္ႏွက္ေနသလို ေတာက္ပလာေတာ့သည္။

ဒါက အဆိပ္ေဖာ္ျမဴလာပဲ ေသခ်ာေပါက္ပဲ!
အကယ္၍ မဟုတ္ခဲ့ဘူးဆို လုံရွီကို
သြားရွာၿပီး အဲ့ေခြးသားေလးရဲ႕လက္ကို
အပိုင္းပိုင္းခုတ္ျဖတ္ပစ္လိုက္မယ္!

*******************

Translator’s Notes:

'တစ္ရက္တာခြဲခြာရတာ သုံးႏွစ္သုံးမိုး ေအာက္ေမ့'
– လူသိမ်ားတဲ့ဥပစာစကားပါပဲ။

一 日三 秋 (yí rì sān qiū),
“one day, three autumns.”
ဆိုတဲ့စကားနဲ႔ တူတူပဲလို႔ေျပာရမွာေပါ့
တစ္ေယာက္ေယာက္ကိုလြမ္းလြန္းလို႔
တင္စားတာေျပာတဲ့သေဘာေပါ့ကြယ္

အထူးသျဖင့္ RSေတြရဲ႕သည္းသည္းကဲကဲေတြ
🦴

'စည္းမရွိတဲ့လွ်ာက ဒုကၡေတြအမ်ားႀကီး
ျဖစ္ေစတယ္'
ဒါက ရွင္းေအာင္ေရးလိုက္တာ။

တကယ့္အျပည့္အစုံက
: 病從口入,禍從口出
(bìng cóng kǒu rù, huò cóng kǒu chū),

"ဖ်ားနာျခင္းက ပါးစပ္မွတဆင့္ဝင္ၿပီး
(အစားေၾကာင့္) ၊ ဒုကၡေတြက ပါးစပ္မွ
ထြက္တတ္၏(စကားေၾကာင့္) "

ၾကည့္ေျပာ ၾကည့္စားေပါ့ေလ..

[Signal Jammer]

=============================

အခန်း(၆၄) ရေခဲတိုက်

ဆေးရုံရဲ့ ဘယ်နေရာကိုမဆို...

ရှီကျင်းအတွေးနက်သွားပြီး ဆရာဝန်ရုံးခန်းထဲမှ
ထွက်ကာ ပတ်ဝန်ကျင်ကိုလေ့လာလိုက်သည်။
ဒီရုံးခန်းတည်နေရာက အင်မတန်ကောင်းမွန်၏။
လှေကားနဲ့နီးသလို ဓာတ်လှေကားနဲ့လည်း
ကပ်ရပ်ဖြစ်ပြီး အဆောက်အဦး၏ထောင့်တွင်
ရှိနေသည်။ ဖြတ်သွားဖြတ်လာများက
ဒီဘက်ကိုသာ လှည့်မကြည့်လျှင်
ဘာလှုပ်ရှားမှုကိုမှ သတိထားမိမှာမဟုတ်။

ထို့အပြင် လီဆွေ့ဆေးရုံတွင်
ဝင်ပေါက်တစ်ခုတည်းသာ ရှိသည့်အတွက်
လူတိုင်းသည် ဝင်ပေါက်နဲ့နီးသောလှေကားနဲ့
ဓာတ်လှေကားကိုသာ အသုံးများကြပြီး
တခြားနေရာများကို သိသိသာသာမေ့လျော့သွားသည်။

သို့ပေမဲ့ ရုံးခန်းတည်နေရာမှာ သိသာထင်ရှား
သောချို့ယွင်းချက်တစ်ခုရှိနေသည်_၎င်းသည်
ကြမ်းပြင်အလျားပိုင်းခြားထားသော
ဆေးရုံစတိုခန်း၏မျက်စောင်းထိုးတွင်
ရှိနေတာဖြစ်သည်။ ဓာတ်လှေကားနှင့်
လှေကားတို့ဆိုတာ အထပ်တစ်ခုကြားထဲတွင်
မဟုတ်ဘဲ အထပ်များကြား
အတက်အဆင်းကိုသာ ပံ့ပိုးနိုင်တာဖြစ်၍
ဒီနေရာမှ စတိုခန်းဆီကို
သေတ္တာအများအပြားသယ်ဆောင်ပါက
အလွန်အင်မတန် သိသာပေါ်လွင်နေသည်။
့ထို့ကြောင့် စတိုခန်းဟာ ပစ္စည်းများပို့ဆောင်သည့်
ဦးတည်ရာပန်းတိုင်ဟုတ်နေပုံ မပေါ်ချေ။

ဒါပေမဲ့ စတိုခန်းဆီကို မဟုတ်ဘူးဆိုရင်
ဘယ်ကိုလဲ?

လီဆွေ့ဆေးရုံမှာ နောက်ထပ်လျှို့ဝှက်စတိုခန်း
ထပ်ရှိနေလို့လား? ပြီးတော့ ဆေးဆိုင်နဲ့
ဆက်နွယ်ပြီး ဆေးရုံရဲ့တသီးတသန့်ဖြစ်တဲ့
တစ်ခုတည်းသောနေရာ။ ဒီနေရာမှာပုန်းဖို့
လုံရှီရွေးချယ်လိုက်ရတဲ့တကယ့်အကြောင်းအရင်း?

အမှန်တရားကိုရှာတွေ့သွားသလို ရှီကျင်း
ခံစားလိုက်ရသည်။ လီဆွေ့ဆေးရုံ၏
အထပ်တိုင်းဖွဲ့စည်းတည်ဆောက်ပုံကို
ပြန်စဉ်းစားရင်း ဓာတ်လှေကားကို
သွားစစ်ကြည့်သည်။ သို့သော်လည်း
လျှို့ဝှက်စတိုခန်းတစ်ခုလို အဆင်ပြေကြီးမားသော
နေရာမျိုးကို သူစဉ်းစားမရသေးပေ။
နှံ့နှံ့စပ်စပ်ကြည့်ပြီးနောက်မှာ သူ့စိတ်သည်
လူတော်တော်များများမတွေးမိလောက်သည့်နေရာ
တစ်ခုဆီ အတွေးရောက်သွားတော့သည်။

ရေခဲတိုက်..

ဆေးရုံတိုင်းတွင် ရေခဲတိုက်မရှိပေမဲ့
လီဆွေ့တွင် ရှိနေလေသည်။ ဤသည်မှာ
မြေအောက်ထပ်တွင် တည်ရှိပြီး
ပင်မလှေကားက မရောက်နိုင်ဘဲ
ဆရာဝန်ရုံးခန်းဘေးတွင်ရှိသည့်ဓာတ်လှေကားနှင့်
လှေကားတို့ဖြင့်သာ သွားရောက်နိုင်သည်။
အစောပိုင်းက စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအရ
၎င်းသည် အခန်းနှစ်ခန်းသာပါရှိသော
အလွန်သေးငယ်သည့်ရေခဲတိုက်ဖြစ်သည်။
တစ်ခန်းမှာ အလောင်းများထားရှိရန်ဖြစ်ပြီး
ကျန်တစ်ခန်းကတော့ အမျိုးမျိုးသော
ပစ္စည်းအတိုအထွာများနှင့်သန့်ရှင်းရေးပစ္စည်းများ
သိုလှောင်ထားသည်။ ပုံမှန်ဆိုလျှင်
သူနာပြုအကူဟောင်းကြီးတစ်ယောက်ကသာ
စောင့်ကြည့်ပေးနေ၍ ထိုနေရာကို ဘယ်သူမှ
အာရုံမထားမိပေ။

သို့သော်ငြား အခုတော့ အဲ့ရေခဲတိုက်ကို
သွားသင့်သည်ဟု ရှီကျင်းခံစားမိလာသည်။

ထို့ကြောင့် သူ့ထင်မြင်ချက်ကို Gua Erအား
ပြောပြရင်း ဓာတ်လှေကားခလုတ်ကိုနှိပ်လိုက်သည်။
တစ်အောင့်မျှစဉ်းစားကြည့်ပြီးနောက်
Gua Erလည်း ရှီကျင်းသဘောရှိရာ
လုပ်ခွင့်ပေးလိုက်သည်။

ပိန်ရှည်ရှည်လူက ရှီကျင်းကို တစ်ချိန်လုံး
မျက်စိဒေါက်ထောင့်ကြည့်နေသဖြင့်
ဓာတ်လှေကားခလုတ်ကို ရုတ်တရက်နှိပ်လိုက်
သည်ကို မြင်သောအခါ ချက်ချင်းလှမ်းမေးသည်။

"အဖွဲ့ခေါင်းဆောင်ရှီ?"

ထိုသို့အခေါ်ခံရသည်မှာ ပထမဆုံးအကြိမ်
ဖြစ်သည့်အတွက် ထိုအမျိုးသားက
သူ့ကိုရည်ညွှန်းခေါ်နေမှန်းသဘောပေါက်ဖို့ရာ
ရှီကျင်းစက္ကန့်ပိုင်းလောက်အချိန်ယူလိုက်ရသည်။
ပြီးတော့မှ အနောက်ကိုလှည့်ကာ
Annihilationအဖွဲ့သားများကို
ကြည့်လိုက်သည်။ ခဏလောက်တွေးဆပြီးနောက်
ပြန်ပြောလိုက်သည်။

"ငါ တခြားနေရာကို သွားစစ်ကြည့်ဦးမယ်။
9 ၊10 ၊11 နဲ့ 12က ငါနောက်လိုက်ခဲ့။
ကျန်တဲ့သူတွေက ဒီအနီးအနားက
လှုပ်ရှားမှုတွေကို အာရုံထားပြီး စိတ်ရှိသလို
သွားနိုင်တယ်"

ဒီလိုဖြင့် အဖွဲ့ဝင်နှစ်ယောက်ကိုထားရစ်ခဲ့ပြီး
လူလေးယောက်ဟာ ရှီကျင်းနှင့်အတူ
ဓာတ်လှေကားထဲလိုက်ဝင်လိုက်ကြသည်။

"ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ?"
တံခါးပိတ်ဆို့သွားသည်နှင့် ပိန်ရှည်ရှည်လူက
မေးလေသည်။

ရှီကျင်းက မြေအောက်ထပ်သွားရာခလုတ်ကို
နှိပ်ပြီး

"ရေခဲတိုက်ဆီကို...။ မင်းတို့နာမည်က?"

ရေခဲတိုက်?

ထိုသူမှာ တစ်စက္ကန့်လောက်အေးခဲသွားပြီးမှ
ခပ်သွက်သွက်ပြန်ဖြေသည်။
"ကျွန်တော်တို့ကို နံပါတ်တွေနဲ့ပဲ တပ်ခေါ်ပါ။
အဲ့တာက မှတ်ရလွယ်တယ်လေ..
ကျွန်တော်က 9 ပါ"

ကျန်သုံးယောက်ကလည်း သဘောတူကြောင်း
ခေါင်းညိတ်ကြကာ သူတို့ကိုယ်သူတို့
နံပါတ်များဖြင့် မိတ်ဆက်ပေးသည်။

ရှီကျင်းသည် တစ်ယောက်ချင်းစီ၏မျက်နှာကို
မှတ်မိတော့မှ ဓာတ်လှေကားအထပ်ပြရာ
ဘောင်ကွက်ကို ကြည့်လိုက်သည်။
အောက်ဆင်းလာသည်နှင့် သူ့နားကြပ်က
တိတ်ဆိတ်နေမှန်း သဘောပေါက်လိုက်သည်။
မျက်မှောင်ကြုပ်မိကာ Gua Erကို
ထပ်ခါထပ်ခါခေါ်ဖို့ ကြိုးစားသော်လည်း
ဘာမှမတုံပြန်တော့ပေ။

"မြေအောက်ထပ်မှာ လိုင်းမကောင်းဘူးပဲ"
နံပါတ်9သည်လည်း နားကြပ်ကိုဖိကြည့်ရင်း
ပြောသည်။
"ဆက်သွယ်မှုပြတ်တောက်သွားပြီ"

ရှီကျင်းလည်း လက်ပြန်ချကာ
"ငါ့နောက်လိုက်ပြီး နီးနီးကပ်ကပ်မှာပဲနေ"

သူတို့လူမကွဲသွားဖို့က အရေးအကြီးဆုံးပဲ

သူတို့စကားပြောနေစဉ်မှာပဲ ဓာတ်လှေကားက
မြေအောက်ထပ်သို့ရောက်ရှိကာ ရပ်တန့်သွားသည်။
တံခါးပွင့်ဟသွားသည်နှင့် မှေးမှိန်မှိန်အလင်းရောင်
ရှိသောစင်္ကြန်လမ်းတစ်ခုပေါ်လာသည်။

ရှီကျင်းက ဦးဆောင်ထွက်လိုက်သည်။
အပြင်ဘက်ကအခြေအနေကို စစ်ဆေးပြီးမှ
သူ့သေနတ်ကိုဆွဲထုတ်ကာ လျှောက်လမ်း
တစ်ဖက်အဆုံးမှတံခါးပေါက်နှစ်ချပ်ဆီသို့
လျှောက်သွားလိုက်သည်။

စင်္ကြန်လမ်းမှာ ရှည်လျားပြီး Lနိုင်ငံ၏
သက်ဝင်ယုံကြည်မှုများအရ တချို့သော
ဆုတောင်းစာများနှင့် ဘာသာရေးဆိုင်ရာ
ပြကွက်များကို နံရံများတွင်ရေးဆွဲထားတာကြောင့်
အတော်ခြောက်ခြားစရာကောင်းနေသည်။
ပိန်ရှည်ရှည်လူခမျာ ရင်တထိတ်ထိတ်ဖြင့်
တံထွေးမြိုချမိသည်။ ပတ်ဝန်းကျင်ရှိအရာများက
လုံးဝမသက်ရောက်ဟန်ဖြင့် အဖွဲ့ကိုဦးဆောင်
နေသောရှီကျင်းကို လှမ်းကြည့်ပြီး သူ့ရင်ထဲက
လေးစားအားကျမှုမီးစာလေးက ပိုမိုတောက်လောင်
လာတော့သည်။

သူ့ထက်ငယ်ပုံရသောထိုလူငယ်လေး၏
စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ အတော်အားကောင်းပုံ
ရသည်။

လမ်းအဆုံးရှိတံခါးနှစ်ပေါက်စလုံးသည်
မီးတစ်လုံးမှမထွန်းထား၍ မှောင်မဲနေကာ
သော့ခတ်ထားလေသည်။

ရှီကျင်းသည် အခန်းထဲလူရှိမရှိကို ဂရုမစိုက်စွာ
သော့ခလောက်နှစ်ခုလုံးကို သေနတ်ဖြင့်
ပစ်ခတ် ဖျက်ဆီးပြီး အထဲကို မျက်ရည်ဗုံး
ပစ်ထည့်လိုက်သည်။

ထိုသို့လုပ်ပြီးသောအခါ ပစ္စည်းသိမ်းဆည်းခန်းက
တိတ်ဆိတ်နေဆဲဖြစ်သော်လည်း
အလောင်းထားခန်းဆီမှ လှုပ်လှုပ်ရှားရှားသံ
ထွက်လာသည်။

"အထဲမှာလူရှိတယ်...ဂရုစိုက်"
ရှီကျင်းသည် ဆူညံသံထွက်လာရာအခန်းဆီ
ဥိးတည်ရင်း အသံနှိမ့်ပြောသည်။

မည်းမှောင်တိတ်ဆိတ်နေမှုကြီးက
ပိန်ရှည်ရှည်လူအား စိတ်တထင့်ထင့်ဖြစ်စေသည်။
သူ့စိတ်အတွင်း သရဲများနှင့် အလောင်းများ
လှုပ်ရှားလာသောပုံရိပ်များအပြည့်ဝင်လာသဖြင့်
အထဲဝင်ဖို့ နည်းနည်းကြောက်သွားကာ
တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။
သူနှောင့်နှေးသွားသောစက္ကန့်ပိုင်းလေးမှာပဲ
သေနတ်ပစ်သံများ စတင်မြည်ဟီးလာတော့သည်။

ရေခဲတိုက်ထဲမှ တကယ်လူတွေရှိနေတာပဲ
ပြီးတော့ တစ်ယောက်နှစ်ယောက်မကဘူး..

ရှီကျင်းလည်း ဓာတ်ငွေ့ကာမျက်နှာဖုံးကို
ထပ်မံဝတ်ဆင်ကာ သူ့ကိုကာဗာလုပ်ပေးရန်
ဘယ်သူကိုမှမပြောဘဲ အချက်ရေအနည်းငယ်
ပစ်လိုက်သည်။ ထို့နောက် နားမလည်နိုင်သော
ဆုံးဖြတ်ချက်အချို့ကိုအသုံးပြု၍ တံခါးကို
ဆွဲဖွင့်ပြီး အထဲသို့လှိမ့်ဝင်ကာ ကုတင်အလွတ်
တစ်ခုနောက်တွင်ရပ်တန့်လိုက်သည်။
ပြီးသည်နှင့် ကုတင်ကိုကန်ကာ ၎င်းနောက်တွင်
ဝပ်ပုန်းရင်း ထောင့်စွန်းများတွင်ပုန်းခိုနေသော
လူများဆီ အချက်ရေတချို့ထပ်မံပစ်ခတ်
လိုက်သည်။

အော်ဟစ်ညည်းတွားသံများက အခန်းတစ်လျှောက်
ပဲ့တင်ရိုက်ခတ်လာပြီးနောက် တိတ်ဆိတ်မှုသာ
ကျန်ရစ်ခဲ့သည်။

ကလစ်

ရှီကျင်းမတ်တပ်ထရပ်ကာ ရေခဲတိုက်ထဲက
မီးကိုဖွင့်ပေးလိုက်သည်။ မျက်ရည်ဗုံးငွေ့များ
လွင့်ပါးသွားလေမှ အပြင်တွင်ရှိနေသေးသော
အပေါင်းအပါများအား အထဲဝင်လာရန်
အချက်ပြလိုက်ပြီး ရန်သူများအခြေအနေကို
သွားစစ်ဆေးကြည့်သည်၊

အားလုံးပေါင်းခြောက်ယောက်ခန့်ရှိကာ
လေးဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိပြီး
ကျန်နှစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာကြောင့်
သတိမေ့သွားသည်။

ရှီကျင်းအသံတိတ်သွားပြီး သေနတ်ကို
ခပ်တင်းတင်းဖိဆုပ်လိုက်မိသည်။
အသေအပျောက်များ မလွှဲမရှောင်သာ
ရှိလာမည်ဆိုတာကိုနားလည်ပေမဲ့လည်း
သူ့စိတ်က မသက်မသာခံစားနေရဆဲပင်။

လူတွေကို နာကျင်အောင်လုပ်ခြင်းနှင့်
သတ်ဖြတ်ခြင်းတို့မှာ အတွေ့အကြုံကောင်းတစ်ခု
မဟုတ်ပေ။

သူ့စိတ်သူ ပြန်ထိန်းရင်း ထိုလူများကိုကြိုးတုပ်ကာ
ဒဏ်ရာများစည်းနှောင်ပေးဖို့ လူနှစ်ယောက်ကို
အမိန့်ပေးလိုက်သည်။ထိုသို့တာဝန်ချပေးပြီးနောက်
ရေခဲတိုက်ထဲကို စတင်ရှာဖွေတော့သည်။

ပိန်ရှည်ရှည်လူသည် ရှီကျင်း၏အမိန့်ကို
ကြားလိုက်သောအခါ ထူးဆန်းသောအမူအရာ
ဖြစ်သွားသည်။

ကျရှုံးသွားသောရန်သူများ၏ဒဏ်ရာကို
ဂရုစိုက်ခိုင်းသည့်အမိန့်စကားမှာ
သူကြားဖူးသမျှထဲ အထူးဆန်းဆုံးသော
အမိန့်တစ်ခုပင်။ အဖွဲ့ခေါင်းဆောင်ရှီသည်
ဆန့်ကျင်ကွဲလွဲမှုများဖြင့် ပြည့်နှက်နေသည်_
သူ့လုပ်ဆောင်ချက်များက စစ်မှုထမ်းဟောင်း
တစ်ယောက်လို ကျွမ်းကျင်ထိရောက်သော်လည်း
တစ်ချိန်တည်းမှာပဲ လူသစ်များထံတွင်သာ
ရှိသည့် ထူးဆန်းသောငဲ့ညှာထောက်ထားမှုကို
ပြသနေပြန်သည်။

ဘယ်လိုတောင်ထူးဆန်းတဲ့လူလဲ..

ရှီကျင်းမှာတော့ သူ့ယာယီလက်အောက်ငယ်သား
များ၏မတည်ငြိမ်သောစိတ်အခြေအနေကို
သတိမထားမိပေ။ ဤရေခဲတိုက်ငယ်ကို
သေသေချာချာလေ့လာနေသည်။

အတွင်းပိုင်းအပြင်အဆင်နှင့်ပရိဘောဂများကို
ကြည့်ခြင်းဖြင့် လီဆွေ့ဆေးရုံဟာ
ဆေးရုံဟောင်းတစ်ခုဖြစ်ကြောင်း သိနိုင်သည်။
မှေးမှိန်အရောင်ဖျော့သောမီးအလင်းရောင်ဖြင့်
မည်းမှောင်သောနံရံများရှိသောရေခဲတိုက်သည်
အိုဟောင်းမှုနှင့် အသစ်အဆန်းများ
ရောထွေးနေလေသည်။ ကုတင်များနှင့်
နံရံတစ်ဖက်တွင်မြုပ်နှံထားသေရေခဲခန်းများက
အသစ်များဖြစ်ပြီး တချို့သောပရိဘောဂများနှင့်
ပစ္စည်းကိရိယာများကတော့ နှစ်အတော်ကြာ
အသုံးပြုထားမှန်း သိသာသည်။

အခန်းထဲတွင် ဘာကုန်ပစ္စည်းမှမရှိသလို
ပုန်းခိုဖို့ နေရာလည်းရှိဟန်မပေါ်။ သို့ပေမဲ့လည်း
Hydraအဖွဲ့သားများက ဒီနေရာမှာ
ပုန်းနေတယ်ဆိုတည်းက တစ်စုံတစ်ခုကို
ကာကွယ်နေတာ အသေအချာပင်။

ရှီကျင်းသည် ကြမ်းပြင်များနှင့် နံရံတို့ကို
စစ်ဆေးနေရင်း နောက်ဆုံးတွင်
သူ့အကြည့်များက အလောင်းထားရာ
ရေခဲခန်းများဆီ ကျရောက်သွားတော့သည်။

နံပါတ်9သည်လည်း ရှီကျင်း၏လှုပ်ရှားမှုများကို
အာရုံထားနေသည့်အတွက် လူငယ်လေးဟာ
ရေခဲခန်းများဆီလှမ်းကြည့်နေတာကို
မြင်လိုက်သောအခါ သူ့ရင်ထဲ
မကောင်းသောခံစားချက်ကြီးပေါ်လာသည်။

နောက်တစ်စက္ကန့်အတွင်းမှာပဲ သူခန့်မှန်းသည်က
အမှန်တကယ်ဖြစ်သွားသည်_ရှီကျင်းသည်
ရေခဲခန်းများဆီ ရုတ်တရက်လျှောက်သွားပြီး
အံဆင့်များထဲမှတစ်ခုကို မဆိုင်းမတွ
ဆွဲထုတ်လိုက်သည်။

လူအိုကြီးတစ်ယောက်၏ခန္ဓာကိုယ်ဟာ
ထွက်ပေါ်လာသည်။ ထိုသူ၏
အသားအရည်တို့မှာ အရောင်မရှိသလို
ဖြုဖျော့နေသည်မှလွဲလို့ အိပ်ပျော်နေသလား
အောက်မေ့ရ၍ သေဆုံးထားတာ
အချိန်သိပ်မကြာသေးပုံရသည်။

နံပါတ်9မှာတော့ မတတ်နိုင်စွာ
လေအေးတစ်ချက်ရှူသွင်းပြီး မျက်နှာလွှဲလိုက်
မိသည်။ ပြောရမှာရှက်တော့ရှက်သည်။
Gua Qi၏လေ့ကျင့်ရေးများကို
အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့သော်လည်း
သူ့တွင် ကြီးမားသောအားနည်းချက်တစ်ခု
ရှိနေသည်_ သရဲနှင့်
လူသေအလောင်းကောင်များကို
ကြောက်တတ်သည့်သူ့စိတ်ကို မပြင်နိုင်သေးသော
အားနည်းချက်ဖြစ်သည်။

ရှီကျင်းလည်း အလောင်းကိုမြင်ပြီး
တောင့်ခဲသွားမိသော်လည်း ကိုယ့်စိတ်ကိုယ်
ခပ်မြန်မြန်ထိန်းလိုက်သည်။ လူအိုကြီးကို
တောင်းပန်လိုက်ပြီးနောက် အံဆင့်ကို
ပြန်ပိတ်ကာ ဘာမှမဖြစ်ခဲ့သလို
နောက်တစ်ခုကို ထပ်ဆွဲထုတ်ကြည့်သည်။

ပိန်ရှည်ရှည်လူမှာတော့ သူအသက်ရှူကြပ်
တော့မယ်လို့ ထင်မိသည်။

သူ့စိတ်ထဲမှာ အလောင်းကောင်တွေက
ရုတ်တရက်ကြီးထထိုင်လာတဲ့ မြင်ကွင်းမျိုး
ထပ်ခါတလဲလဲ မြင်နေရတယ်!

သို့သော်လည်း လက်တွေ့မှာတော့
လှုပ်ရှားလာသောအလောင်းမျိုး လုံးဝရှိမနေပါ။
ရှီကျင်းသည် ရေခဲခန်းများကို တစ်ခုပြီးတစ်ခု
ချော့ချော့မွေ့မွေ့ဖွင့်ကြည့်ပြီး သူ့အမူအရာမှာ
တည်ငြိမ်နေသလို လှုပ်ရှားပုံတို့မှာလည်း
တစ်သမတ်တည်းဖြစ်သည်။ ဒီလိုဖြင့်
နောက်ဆုံးရေခဲခန်းကိုဆွဲထုတ်သောအခါမှာ
ခုခံမှုတစ်ခုကို ရင်ဆိုင်လိုက်ရတော့သည်_

ဒီအခန်းက သော့ခတ်ထားတယ်

ရှီကျင်းရပ်တန့်သွားသည်။တစ်အောင့်လောက်
စဉ်းစားကြည့်ပြီးနောက် အထဲတွင်
လူသေအလောင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
သူ့သေနတ်ကိုဆွဲထုတ်ပြီး သော့အိမ်ကိုပစ်ရန်
ရွေးချယ်လိုက်သည်။

ပိန်ရှည်ရှည်လူ: "..."
ဒီမစ်ရှင်ပြီးရင်တော့ ဘုရားကျောင်းသွားပြီး
အမွှေးတိုင်ထွန်းမှပဲ...

အချက်ရေအနည်းငယ်ပစ်ပြီးချိန်တွင်
သော့ခလောက်ကျိုးပျက်သွားပြီဖြစ်သည်။
ရှီကျင်းဟာ ထိုအံဆင့်ကို ထပ်မံဆွဲကြည့်လိုက်
သောအခါ ၎င်းတင်မကဘဲ အပေါ်နှင့်အောက်မှ
အံဆင့်တို့လည်း ရွေ့လျားလာသည်။
တံခါးချပ်တစ်ခုအလား အတူတကွပွင့်လာရာ
လူတစ်ယောက်အလွယ်တကူဝင်ရောက်နိုင်သော
ဝင်ပေါက်တစ်ခုကို တွေ့လိုက်ရလေသည်။

အတွင်းကထွက်လာသောအလင်းရောင်တစ်စ
ရှိနေတယ်_ ဒီအနောက်မှာ အခန်းတစ်ခန်း
ရှိနေတာပဲ

ထိုစဉ် နံပါတ်9၏မျက်ဝန်းများက
ထိတ်လန့်တကြီး ပြူးကျယ်သွားသည်။

ရှီကျင်း၏အမူအရာလည်း ချက်ချင်းပြောင်းလဲ
သွားကာ ပိန်ရှည်ရှည်လူကို အလျင်အမြန်
ခုန်အုပ်ပြီး ကြမ်းပြင်တစ်လျှောက်လှိမ့်လိုက်ရင်း
ကျယ်လောင်စွာ အော်ဟစ်သတိပေးတော့သည်။

"သတိထား! အားလုံးဝပ်နေ!"

ဒီလိုအလုပ်လမ်းကြောင်းမျိုးတွင်
တစ်ယောက်ယောက်က "ဝပ်နေ"လို့
အော်လိုက်သည်နှင့် မင်းဝပ်ရမည်။
ထို့ကြောင့် ကျန်သုံးယောက်မှာလည်း
ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်
ပြားပြားဝပ်လိုက်ကြသည်။

ဘန်း! ဘန်း! ဘန်း!

အတွင်းထဲသေနတ်သံများ ထွက်လာသည်။
ကံကောင်းစွာနဲ့ ရှီကျင်းက အားလုံးကို
အချိန်မှီသတိပေးလိုက်နိုင်သဖြင့် ဘယ်သူမှ
ထိခိုက်ဒဏ်ရာမရသွားချေ။

အားလုံးအဆင်ပြေကြောင်း အတည်ပြုပြီးမှ
ရှီကျင်းလည်း နံပါတ်9ကိုလွှတ်ပေးကာ
တံခါးဘေးသို့ တိတ်တဆိတ်ချဉ်းကပ်ပြီး
ထုံးစံအတိုင်း မျက်ရည်ဗုံးတစ်လုံး
ပစ်ထည့်ပေးလိုက်သည်။ ရန်သူများကို
ဖိနှိပ်ရန် သူ့အား ကာပစ်ပေးဖို့
ငယ်သားများကိုအချက်ပြရင်း အချိန်ကောင်းကို
စောင့်နေလိုက်သည်။ ပြီးသောအခါမှ
ဤလျှို့ဝှက်ခန်းထဲကို ကျွမ်းကျင်စွာဖြင့်
တွားသွားဝင်သွားလိုက်သည်။

အမှန်ပဲ...တွားသွားဝင်သွားတာ။
ရှီကျင်း၏လှုပ်ရှားမှုများက သွက်လက်ပြီး
ကျက်သရေရှိလှသော်ငြား ယင်းအပြုအမူတို့ကို
မည်သို့ခေါင်းစဉ်တပ်ရမလဲ မသိချေ။

နောက်လိုက်လေးယောက်: "..."
ဒါက သူတို့သင်ခဲ့ရတဲ့လေ့ကျင့်ရေးနဲ့ မတူပုံပဲ

ဘယ်လိုပဲဖြစ်ဖြစ် ရှီကျင်းဟာ အခန်းထဲကို
ရှောရှောရှူရှူရောက်သွားသည်။

ယင်းအခန်းသည် ကျယ်ဝန်းပြီး
ထူးဆန်းသောကိရိယာများ၊ ပုလင်းများနှင့်
သံဘူးများရှိသောစင်များ အပြည့်ရှိနေသည်။
ကြည့်ရသည်မှာ သုသေသနလုပ်ငန်းများ
စမ်းသပ်ရှာဖွေသောလျှို့ဝှက်အခြေစိုက်စခန်း
ဖြစ်ပုံပေါ်သည်။

လီဆွေ့ဆေးရုံမှာ လုံရှီဘာကြောင့်ပုန်းနေရသည့်
အကြောင်းကို သူဖော်ထုတ်နိုင်လိုက်ပြီ
ဖြစ်ကောင်းဖြစ်နိုင်သဖြင့် ရှီကျင်းရင်ဖိုမိသွားသည်။
အရင်ဆုံး ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်
အသက်ပြင်းပြင်းရှူသွင်းရင်း_

အခုက ပျော်ရမဲ့အချိန်မဟုတ်သေးဘူး..

သူ့၏အကြားအာရုံကို ရန်သူများတည်နေရာ
ထောက်လှမ်းရာတွင် အသုံးချပြီး
စင်အောက်အကွယ်မှအနီးဆုံးတစ်ယောက်ဆီသို့
အနားကပ်သွားကာ ထိုအမျိုးသားရဲ့
လည်ပင်းအနောက်ဘက်ကို ပစ်စတိုသေနတ်
လက်ကိုင်ဖြင့် သတိလစ်အောင် ထုရိုက်ချလိုက်သည်။

ဤလျှို့ဝှက်ခန်းထဲတွင် လူများများစားစား
မရှိသည့်အတွက် ရှောင်စစ်၏အကြားအာရုံ
buffအကူအညီဖြင့် ရန်သူတို့အား
လွယ်လွယ်ကူကူအမှောက်သိပ်လိုက်နိုင်သည်။
ထို့နောက်မှာတော့ "Signal jammer"ကို
တွေ့ရှိသွားရာ Gua Erဖြင့် အဆက်အသွယ်
ပြန်ရရှိရန် ၎င်းကိုဖျက်ဆီးပစ်လိုက်သည်။

{ဘယ်လိုဖြစ်လို့ အဆက်အသွယ်ပြတ်တောက်
သွားတာလဲ? မင်းဘက်မှာတစ်ခုခုဖြစ်လို့လား?}
Gua Erဘက်မှ ချက်ချင်းမေးလာသည်။

ရှီကျင်းသည် အခန်းလယ်တွင်မတ်တပ်ရပ်ရင်း
ကြိုးတုပ်ခံထားရသောအဖြူရောင်ကုတ်အင်္ကျီဖြင့်
လူများနှင့် စားပွဲပေါ်ရှိ ရှုပ်ပွနေသော
သုသေသနပစ္စည်းများကို ကြည့်လိုက်မိသည်။
အပျော်များ မဖုံးမဖိနိုင်ဖြစ်ကာ ထပြောသည်။

"ရေခဲတိုက်ထဲမှာ signal jammerရှိနေလို့။
စတိုခန်းထဲရှာနေတာရပ်ပြီး ဒီနေရာကို
လူလွှတ်ပေးဦး_ ကျွန်တော် Hydraရဲ့
လျှို့ဝှက်ဓာတ်ခွဲခန်းကို ရှာတွေ့ထားတယ်။
မူးယစ်ဆေးအသစ်တွေ တီထွင်နေပုံပဲ..."

ကြားလိုက်ရသောသတင်းကြောင့် Gua Erမှာ
အချိန်တစ်ခုလောက်အေးခဲသွားမိပြီးနောက်
မျက်လုံးများအရောင်လက်လာတော့သည်။
ကားစတီယာတိုင်ကို လက်သီးဖြင့်
မနေနိုင်မထိုင်နိုင် ထရိုက်ကာ

"မင်းလုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ
ကလေးလေး! ငါအခုချက်ချင်းလူလွှတ်လိုက်မှာမို့
ခဏပဲစောင့်။ Gua Sanက Hydraဌာနချုပ်ကို
သိမ်းပြီးသွားလို့ ဒီကိုလာနေပြီ။ Lနိုင်ငံက
အာဏာပိုင်တွေကိုအကြောင်းကြားဖို့
သူ့ကိုပြောလိုက်မယ်"

Gua Sanတို့တပ်စုမှာ နာရီဝက်ကြာပြီးနောက်
ဆိုက်ရောက်လာကြသည်။Lနိုင်ငံ၏အရာရှိများက
ဖမ်းဆီးခံထားရသောHydraအဖွဲ့သားများ
နှင့်တကွ မရွေ့ပြောင်းနိုင်ခဲ့သောကုန်ပစ္စည်းများ
အားလုံးကိုသယ်ဆောင်သွားကြလေသည်။
Gua Erနှင့် Gua Sanသည်လည်း
ရေခဲတိုက်ထဲဝင်လာကာ ထိုအခန်းထဲ
ပြည့်နှက်နေသောပစ္စည်းကိရိယာများနှင့်
ဆေးဝါးများကို ရှီကျင်းနှင့်အတူ
စပ်စပ်စုစုလိုက်ကြည့်နေကြသည်။

"ဒါတွေက...ဘာအတွက်လဲ"
Gua Erက မူးနောက်နောက်ဖြစ်စွာ
မေးလိုက်သည်။

ရှီကျင်းလည်း မျက်နှာကို လက်ဖြင့်
ပွတ်သုတ်ကာ ရှက်တက်တက်ဝန်ခံသည်။

"ကျွန်တော်လည်း Lနိုင်ငံကစကားကို
နားမလည်ဘူး..."

အားလုံးထဲမှ ဉာဏ်အမှီဆုံးGua Sanမှာ
ဓာတုစမ်းသပ်ခန်းနှင့်တူသောဤအခန်းကို
လှည့်ပတ်ကြည့်ပြီး ဆိုသည်။

"ကျွမ်းကျင်သူတွေရဲ့အကူအညီ ငါတို့လိုအပ်တယ်"

ထိုအခါ Gua Erသည် ဖုန်းကို
ချက်ချင်းထုတ်ကာ Gua Qiကိုခေါ်လိုက်သည်။

ဦးလေးလုံက သူတို့နဲ့အတူ Lနိုင်ငံကို
လိုက်မလာသည့်အတွက် ဒေသခံအဖွဲ့ခွဲမှ
ဆရာဝန်များပို့ရန် Gua Qiကိုပဲ
အကူအညီလှမ်းတောင်းရတော့သည်။

နောက်နာရီဝက်ခန့်ကြာတော့
ဆရာဝန်အတော်များများဟာ ခပ်သုတ်သုတ်
ရောက်လာကြသည်။

သူတို့အေးအေးဆေးဆေးအလုပ်လုပ်နိုင်ရန်
ရှီကျင်းတို့အုပ်စုလည်း ထိုလျှို့ဝှက်ခန်းထဲက
ထွက်လာလိုက်သည်။ ရေခဲတိုက်ထဲ
မတ်တပ်ရပ်ရင်း တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ

"အချိန်လည်းမစောတော့ဘူး..
တစ်ခုခုသွားစားရအောင်လား?"
Gua Erမှ လှိုက်လှိုက်လှဲလှဲမေးလာသည်။

Gua Sanမျက်လုံးများသည် ထိုင်းမှိုင်းနေသော
ရေခဲတိုက်ကနေ လျှို့ဝှက်ဓာတ်ခွဲခန်းက
အခြေအနေကို သိသိသာသာစိတ်ပူနေသော
ရှီကျင်းဆီ အကြည့်ရောက်သွားသည်။

"အင်း သွားစားရအောင်၊ ဒီနေ့က
အလုပ်များခဲ့တာပဲ။ အခြေအနေက
ဒီလောက်ထိတိုးတက်လာမှတော့ ဒီနေ့
ပြန်နိုင်မှာမဟုတ်ဘူး...ဒီမှာ ညအိပ်နေပြီး
ဆရာဝန်တွေဆီက ရလဒ်ကိုစောင့်ရမယ်။
အဲ့တာကြောင့် ကျွင်းရှောက်ဆီ
ဘယ်သူသတင်းပို့ပေးမလဲ?"

"ကျွန်တော်ပို့လိုက်မယ်"
ရှီကျင်းသည် စိတ်ပူနေသည်မှနိုးထကာ
ဖုန်းကိုဆွဲထုတ်ရင်း ခပ်မြန်မြန်ထဖြေသည်။

"ကျွန်တော် ကျွင်းရှောက်နဲ့
စကားပြောလိုက်ဦးမယ်..ပြန်လာခဲ့မယ်နော်"

ပြီးသည်နှင့် အပြင်ကိုပြေးထွက်သွားသည်။

Gua Erသည် မေးစေ့ကိုပွတ်သပ်ရင်း
ရှီကျင်းကိုကြည့်ကာ

"အဲ့တော့ ဒါက 'တစ်ရက်တာခွဲခွာရတာ
သုံးနှစ်သုံးမိုး ကြာသလိုအောက်မေ့' ရတဲ့
real-life versionပေါ့ ဟမ်?"

ထိုစကားကြောင့် Gua Sanသည်
သူ့ကို အကြည့်တစ်ချက်ပေးလိုက်သည်။

"ဥပစာစကားတွေလာပြောနေရင်
'စည်းမရှိတဲ့လျှာက ဒုက္ခအများကြီးဖြစ်စေတယ်'
ဆိုတာလေးကိုလည်း သတိရဦး။
အပြစ်ပေးမခံရတောင် သတိလေးဘာလေး
ထားစမ်းပါ"

Gua Erလည်း မေးပွတ်နေရာမှရပ်သွားကာ
သူ့ကို ဘုကြည့်လှမ်းကြည့်သည်။

"ကျွင်းရှောက်က ဒီမှာမရှိဘူး အဲ့တာကြောင့်
ငါ့ကို လာမခြောက်နဲ့"

ထို့နောက်တွင် သူက Gua Sanကို
လျစ်လျူရှုကာ စမ်းသပ်ခန်းထဲပြန်ဝင်သွားသည်။

ရှီကျင်းသည် ဆေးရုံအပြင်ဘက်တွင်
ပါတင်ထိုးထားသောvanကားဆီကို
ပြန်သွားလိုက်သည်။ သူ့အားနှောင့်ယှက်မဲ့သူ
တစ်ယောက်မှမရှိတော့မှန်း သေချာမှ
ဖုန်းခေါ်မည့်အစား tabletကိုရှာကာ
video callခေါ်လိုက်လေသည်။

ခေါ်ဆိုမှုက ချက်ချင်းချိတ်ဆက်သွားပြီး
စာကြည့်ခန်းထဲထိုင်နေသောလျန်ကျွင်း၏ပုံရိပ်က
ဖန်သားပြင်တွင် ပေါ်ထွက်လာသည်။

{ရှီကျင်း?}

"ကျွန်တော်ပါ"
ရှီကျင်းသည် မနေနိုင်စွာ tabletကို
သူ့မျက်နှာနား အနီးကပ်ဆွဲယူပြီး
လျန်ကျွင်းအသွင်အပြင်ကို သေသေချာချာ
စစ်ဆေးကြည့်သည်။

"ခင်ဗျားနှုတ်ခမ်းတွေက ဖြူဖျော့နေရော..
နေ့လယ်စာချိန်လည်း အလုပ်ချည်းပဲ
လုပ်နေတာမလား?"

သူသည် မျက်မှောင်ကြုပ်ရင်း သေချာပြောသည်။

လျန်ကျွင်းမှာတော့ ရှီကျင်းကိုမြင်လျှင်မြင်ချင်း
မျက်နှာမှာ နူးညံ့သွားသည်။လက်ထဲကဖိုင်ကို
ပိတ်ကာ ပြန်ဖြေသည်။

{မလုပ်ပါဘူး။ ဒီတိုင်း....ဒီမှာမင်းမရှိတော့
ကိုယ်လည်း စားချင်စိတ်မရှိလို့}

ပြောရဲတယ်ပေါ့လေ?

"ဒါဆိုရင် ဒီညကျ ညစာကောင်းကောင်းစားရမယ်
စားချင်စိတ်မရှိရင်တောင် စားဖို့လိုတယ်"
ရှီကျင်းက ထိုသူအား ချက်ချင်းဆိုဆုံးမသည်။

"ကျွန်တော် မနက်ဖြန်ထိ ပြန်လာမှာမဟုတ်ဘူး"

လျန်ကျွင်းမျက်ခုံးများ တွန့်ကွေးသွားကာ
{ဘာလို့လဲ? မစ်ရှင်က အဆင်မပြေလို့လား?}

"ပြောင်းပြန်ပဲ_ ကျွန်တော်တို့ သဲလွန်စအသစ်
ရထားလို့ ရှာဖွေစစ်ဆေးဖို့ အချိန်နည်းနည်း
ယူရမှာ"

ရှီကျင်းဟာ ဒီနေ့မစ်ရှင်အကြောင်းကို
အသေးစိတ်ရှင်းပြကာ လျှို့ဝှက်ဓာတ်ခွဲခန်း၏
မသင်္ကာစရာများကို အဓိကထား၍ ပြောပြသည်။

"လုံရှီက လီဆွေ့ဆေးရုံမှာ နှစ်တွေအကြာကြီး
ပုန်းခဲ့တာ။ Hydraရဲ့ဆေးဝါးသစ်ဖော်စပ်တဲ့
နေရာမှာ သေချာပေါက်ပါမှာပဲ ပြီးတော့
သူ့ဝါသနာအရ စိတ်ပိုင်းဆိုင်ရာ
သဘာဝအဆိပ်အတောက်တွေကို
အများအားဖြင့်လေ့လာမှာပဲ...သူ့စမ်းသပ်ချက်
နမူနာတွေကို ရှာတွေ့ရင် အဆိပ်နဲ့
ပတ်သတ်တဲ့သဲလွန်စတွေကို ပိုစစ်ထုတ်နိုင်ပြီ။
အဲ့တာဆို ခင်ဗျားလည်း ဒီထက်စောစောတောင်
ပိုကောင်းလာတော့မှာ"

လျန်ကျွင်းသည် ရှီကျင်း၏ရှုပ်ပွနေသော
ဆံပင်များနှင့်ဖုန်များပေကျံနေသောအဝတ်တို့ကို
ကြည့်ရင်း အာရုံစိုက်နားထောင်နေသည်။
သူ့အကြည့်တို့က တဖြည်းဖြည်းနူးညံ့လာရကာ
ပြောချင်တာတွေအများကြီးရှိပုံပေါ်ပေမဲ့
စကားတစ်ခွန်းသာ ဆိုသည်။

{ရှီကျင်း...မင်းတအားတာဝန်ကျေပါတယ်}

"ဒီလိုအချိန်မျိုးမှာ 'တအားတာဝန်ကျေပါတယ်'
လို့ပြောမဲ့အစား 'လွမ်းတယ်'လို့ ပြောသင့်တာလေ"

ရှီကျင်းက မျက်နှာထားတည်တည်ဖြင့်
အမှန်ပြင်ပေးသည်။

ထိုအခါ လျန်ကျွင်း၏ရှုပ်ထွေးနေသော
ခံစားချက်များက ချစ်သူလေးရဲ့စနောက်မှုကြောင့်
အလွယ်တကူလွင့်စင်သွားပြီး နှုတ်ခမ်းပါးတို့
ကွေးတက်လာကာ စကားနားထောင်စွာ
ပြန်ပြောသည်။

{ကိုယ် မင်းကိုလွမ်းတယ်}

"ကျွန်တော်ရောပဲ"
ရှီကျင်းလည်း ပြုံးလျက်ပြန်ဖြေပြီး
tabletဆီကို အနမ်းတစ်ပွင့်ပို့လိုက်သည်။

"ကျွန်တော် ပြန်သွားရတော့မယ်။ နောက်မှ
ထပ်ခေါ်မယ်နော်?"

လျန်ကျွင်းနှုတ်ခမ်းထောင့်များ ကွေးညွန့်ကျသွား
သည်။ သို့သော်လည်း အားတင်းပြန်ပြုံးပြကာ
ခေါင်းညိတ်လိုက်သည်။

{ကောင်းပြီ}

ရှီကျင်းသည်လည်း ထိုသူမျက်နှာကို
နောက်ဆုံးတစ်ခေါက်ထပ်ကြည့်ပြီးမှ
ဖုန်းချလိုက်သည်။ ပြီးသည်နှင့် ကားခုံကို
မှီကာ သက်ပြင်းရှည်ကြီးချရင်း

"ရှောင်စစ်...ငါ လျန်ကျွင်းကိုလိုချင်တယ်..
ဖက်ချင်တယ်.."

ရှောင်စစ်မှာ နှစ်သိမ့်သောအသံထုတ်လွှတ်ပြီး
အားပေးဖို့ကြိုးစားသည်။

<ဒီည စောစောအိပ်ရာဝင်လိုက်။ မနက်ဖြန်
အိပ်ရာနိုးရင် ဒါလင့်ကို ကျင်းကျင်းတွေ့နိုင်ပြီ>

"ဒါပေမဲ့ ဒီနေ့ကနေ မနက်ဖြန်ရောက်ဖို့က
အချိန်အကြာကြီးကျန်သေးတယ်"

ရှီကျင်းဟာ ထိုင်ခုံပေါ်လျောချပြီး
စိတ်ပျက်လက်ပျက်ပြောသည်။သို့သော်
ချက်ချင်းဆိုသလို မတ်မတ်ပြန်ထိုင်လိုက်ပြီး

"မဟုတ်ဘူး။ ဒီလိုလုပ်ရမှာမဟုတ်ဘူး...
ငါ ဒီအတိုင်းယောင်လည်လည်လုပ်နေမဲ့အစား
တစ်ခုခုရှာလုပ်ရင် အချိန်ကုန်ပိုမြန်လိမ့်မယ်။
ဓာတ်ခွဲခန်းထဲက ဆရာဝန်တွေကို
သွားကူလုပ်ပေးမယ်!"

ထိုအခါ ရှီကျင်းသည် Lနိုင်ငံဘာသာစကားကို
နားမလည်သည့်အပြင် နားလည်ရင်တောင်
ဆေးပညာအသိမရှိကြောင်း ရှောင်စစ်
သတိလှမ်းပေးချင်သော်လည်း သူ့host၏
လက်ရှိစိတ်အခြေအနေကိုပြန်တွေးကာ
ထိုစကားတို့ကို ပြန်မြိုချလိုက်သည်။

<ရှောင်စစ်လည်းကူမယ် ကျင်းကျင်း!>

ဒီလိုနဲ့ ရေခဲတိုက်ထဲတွင်ရှိနေသောGua Erနှင့်
Gua Sanတို့မှာ ပိုမိုတက်ကြွစွာဖြင့်
ပြန်ပြေးဝင်လာသောရှီကျင်းကို မြင်လိုက်ရသည်။
သူတို့ကို စကားနည်းနည်းပြောပြီးသည်နှင့်
စမ်းသပ်ခန်းထဲ အပြေးဝင်သွားကာ
ဆေးဝါးများနှင့် ဓာတုပစ္စည်းများရှိသောစင်များကို
ဂရုတစိုက်ရှာဖွေကြည့်နေသည်။

Gua Erမျက်ခုံးတစ်ဖက် ပင့်တက်သွားကာ
"ငါ တကယ်........ကြီးကို သိချင်မိတယ်။
ကျွင်းရှောက်က သူ့ကိုဘာတွေများ
ပြောလိုက်လို့ပါလိမ့်?"

"ဒီတစ်ကြိမ်တော့ မင်းကောင်းကောင်းကြီးကို
အပြစ်ပေးခံရတော့မှာ ငါမြင်ယောင်နေပြီ"

Gua Sanသည် သူ့ကိုတစ်ချက်ကြည့်၍
ပုခုံးကို လှမ်းပုတ်သည်။

"လာစမ်းပါ...ငါတို့ Lနိုင်ငံကအရာရှိတွေနဲ့
စကားသွားပြောဖို့လိုတယ်။ ဒီနေရာကို
ရှီကျင်းဆီသာ အပ်ထားလိုက်..
စားဖို့အချိန်ကျမှ သူ့ကိုခေါ်လိုက်မယ်"

Gua Erလည်း ပုခုံးတွန့်ပြသည်။
ရှာဖွေသည့်နေရာတွင် စိတ်ရောက်နေသော
ရှီကျင်းကိုလှမ်းကြည့်ကာ ခေါင်းညိတ်ပြီး
တစ်ဖက်လူနောက်သို့ လိုက်ထွက်သွားတော့သည်။

အားယား...အချစ်က လူတွေကို
တခြားဘာသာစကားတစ်ခု
ချက်ချင်းသင်ယူနိုင်အောင် ဒါမှမဟုတ်
ရုတ်တရက် ဆရာဝန်တစ်ယောက်ဖြစ်လာအောင်
မလုပ်ပေးနိုင်လေဘူး..

"မင်းအကူအညီလိုတယ် ရှောင်စစ်..."
သူ့လက်ထဲက ဆေးပုလင်းကိူအောက်ချကာ
ရှီကျင်းသက်ပြင်းချသည်။

ရှောင်စစ်လည်း ကူကယ်ရာမဲ့စွာဆိုသည်။
<ကျင်းကျင်း... ဘာသာပြန်ဝန်ဆောင်မှု
ပေးတာလောက်တော့ရပေမဲ့ ရှောင်စစ်လည်း
ဆေးဖက်ဆိုင်ရာအသုံးအနှုန်းတွေ နားမလည်ဘူး>

စိတ်မကောင်းစွာနဲ့ သူသည်လည်း
အလုံးစုံအားကောင်းသောစစ်စတန်တစ်ခု
မဟုတ်ခဲ့ပေ။

"မဟုတ်ဘူး..ငါလည်း အဲ့လိုလုပ်ဖို့မဆိုလိုပါဘူး။
ဒီဓာတ်ခွဲခန်းထဲကမှတ်တမ်းတွေက
တရုတ်စကား ဒါမှမဟုတ်
အခြေခံYဘာသာနဲ့လားဆိုတာကို သိဖို့
scanဖတ်ခိုင်းမလို့။ လုံရှီက အဲ့ဘာသာစကား
နှစ်မျိုးလုံးကို ကလေးဘဝတည်းကသင်ခဲ့တာ။
နောက်ပိုင်းကျ တခြားဘာသာစကားတွေလည်း
သင်ခဲ့ပေမဲ့ အချက်အလက်တွေရေးခဲ့အခါကျ
ပိုရင်းနှီးတဲ့စကားကိုပဲ မသိစိတ်အရ သုံးမိဖို့
ပိုများတယ်လေ"

စစ်စတန်ရှောင်စစ်မှာ တဟုန်ချင်းအသက်ဝင်
လှုပ်ရှားတော့သည်။

ထိုအခါ ရှီကျင်းလည်း အနီးအနားက
ပစ္စည်းလေးတစ်ခုပေါ်တွင် သွားထိုင်ကာ
ရလဒ်ကို စောင့်ဆိုင်းနေလိုက်သည်။

၁၅မိနစ်လာက်ကြာတော့ စစ်စတန်ဟာ
စိတ်လှုပ်ရှားစွာ တင်ပြလာသည်။
<ရှာတွေ့ပြီ ! အဲ့စာအုပ်စင်ရဲ့အပေါ်ဘက်
ညာဘက်ထောင့်ထဲမှာ တရုတ်စာလုံးနည်းနည်း
ရှာတွေ့တယ်!>

ရှီကျင်း ချက်ချင်းခုန်ထကာ ညွှန်ပြသောနေရာဆီ
အပြေးသွားသည်။

ရှောင်စစ်ပြောသောစာအုပ်စင်မှာ ဗီရိုဟောင်းကြီး
တစ်ခုဖြစ်သည်။တံခါးများက ကျိုးပဲ့နေပြီး
အထဲကမှတ်တမ်းများက တိုလီမိုလီမျိုးစုံဖြင့်
ရောထွေးနေသည်။ ကြည့်ရတာ အသုံးမလို၍
ချောင်ထိုးထားသောပစ္စည်းများထားရာနေရာ
ဖြစ်မည်။

ရှောင်စစ်ညွှန်ကြားချက်အတိုင်း ရှီကျင်းသည်
ဗီရိုအတွင်းမှ ရှုပ်ပွနေသောအမှိုက်များကြားမှ
မှတ်စုစာအုပ်တစ်အုပ်နှင့်ကတ်ထူဖိုင်တွဲတစ်ခုကို
ဆွဲထုတ်လိုက်သည်။ ဖုန်တွေကိုမှုတ်ထုတ်ရင်း
ပါဝင်သောအကြောင်းများကို စစစ်သည်။

မှတ်စုစာအုပ်က သူ့လက်ဖဝါးစာလောက်ထိ
သေးငယ်ပြီး Yဘာသာစကားလုံးများ
ပြည့်နှက်နေသည်။ရှီကျင်းဖတ်ကြည့်သော်လည်း
ပါဝင်သည့်ဝေါဟာရများအားလုံးကို
သူနားမလည်ကြောင်း တွေ့လိုက်ရသည်။
နောင်တတရားကြီးစွာနဲ့ စာအုပ်ကို
ဘေးချလိုက်ပြီး ဖိုင်တွဲဆီသို့ အာရုံရောက်သွား
သည်။

၎င်းတွင် ဒေတာများများစားစားမပါဘဲ
စာရွက်ဒါဇင်ခန့်သာ ပါရှိသည်။
ပထမစာမျက်နှာအနည်းငယ်တွင်
ဆရာဝန်အသုံးအနှုန်းစကားလုံးများဖြင့်
ပြည့်နှက်နေပြီး ခြောက်မျက်နှာမြောက်
မရောက်ခင်အထိ ဘာမှရေရေရာရာ
အသုံးဝင်တာမျိုး ရှီကျင်းမတွေ့ပေ။

စာမျက်နှာ၆တွင် jellyfishနှင့်ဆင်တူသော
ပုံကြမ်းပန်းချီတစ်ပုံရှိနေသည်။ ၎င်းဘေးတွင်
ဖြစ်ကတတ်ဆန်းဖြင့် နားမလည်နိုင်အောင်
Yဘာသာစာလုံးများရေးထားပြီး
ဘာတရုတ်စာလုံးအစအနမှ မတွေ့ရချေ။

သူမြင်နေရသည့်အရာပေါ် ရေးရေးလေး
စိတ်ထင့်နေမိ၍ ကျန်ရှိသေးသောစာရွက်များကို
ခပ်မြန်မြန်ကြည့်လိုက်သည်။

အမည်မသိမျိုးစိတ်များဖြစ်သော မြွေများ၊
ထူးဆန်းသောအသွင်ရှိသည့်အကျိတ်ဖုနှင့်
လှပသောပန်းပင်များကို အကြမ်းဖျင်းရေးဆွဲ
ထားသောပုံကြမ်းများနှင့်တကွ
Yဘာသာစာလုံးများကိုသာ ထပ်တွေ့ရသည်။
နောက်ဆုံးစာရွက်၏အောက်ဆုံးနားလေးတွင်
မသိစိတ်အရ ရေးပြီးမှ ပြန်ဖျက်ထားသော
ခပ်ဝါးဝါးစာလုံးတစ်လုံးကို ရှီကျင်းရှာတွေ့သွားသည်။

ကျွင်း...

ဒါက သေချာပေါက် "ကျွင်း"ပဲ။ မှုန်ဝါးဝါးနဲ့
မပြတ်မသားဖြစ်နေပေမဲ့ ဒါက "ကျွင်း" ဆိုတဲ့
တရုတ်စာလုံးဆိုတာ သိသာတယ်။

ဒီဒေတာအချက်အလက်၏အမှတ်အသားကို
ရှီကျင်းသဘောပေါက်လိုက်သည်နှင့်
သူ့ရင်တွေတဒိတ်ဒိတ်ခုန်လာပြီး ဖိုင်တွဲကို
ကိုင်ထားသောလက်များလည်း
တင်းကျပ်သွားသည်။ သူ့မျက်ဝန်းများက
ကြယ်စင်များပြည့်နှက်နေသလို တောက်ပလာတော့သည်။

ဒါက အဆိပ်ဖော်မြူလာပဲ သေချာပေါက်ပဲ!
အကယ်၍ မဟုတ်ခဲ့ဘူးဆို လုံရှီကို
သွားရှာပြီး အဲ့ခွေးသားလေးရဲ့လက်ကို
အပိုင်းပိုင်းခုတ်ဖြတ်ပစ်လိုက်မယ်!

*******************

Translator’s Notes:

'တစ်ရက်တာခွဲခွာရတာ သုံးနှစ်သုံးမိုး အောက်မေ့'
– လူသိများတဲ့ဥပစာစကားပါပဲ။

一 日三 秋 (yí rì sān qiū),
“one day, three autumns.”
ဆိုတဲ့စကားနဲ့ တူတူပဲလို့ပြောရမှာပေါ့
တစ်ယောက်ယောက်ကိုလွမ်းလွန်းလို့
တင်စားတာပြောတဲ့သဘောပေါ့ကွယ်

အထူးသဖြင့် RSတွေရဲ့သည်းသည်းကဲကဲတွေ
🦴

'စည်းမရှိတဲ့လျှာက ဒုက္ခတွေအများကြီး
ဖြစ်စေတယ်'
ဒါက ရှင်းအောင်ရေးလိုက်တာ။

တကယ့်အပြည့်အစုံက
: 病從口入,禍從口出
(bìng cóng kǒu rù, huò cóng kǒu chū),

"ဖျားနာခြင်းက ပါးစပ်မှတဆင့်ဝင်ပြီး
(အစားကြောင့်) ၊ ဒုက္ခတွေက ပါးစပ်မှ
ထွက်တတ်၏(စကားကြောင့်) "

ကြည့်ပြော ကြည့်စားပေါ့လေ..

[Signal Jammer]

=============================

Continue Reading

You'll Also Like

352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...