Unicode
အဲ့ဒီတော့ မင်းက သူ့ကို ပိုပြီး သဘောကျတယ်ပေါ့?
ဆယ်ရက်...ဆယ်ရက်မျှသာ ကျန်ရှိတော့သည်။
ချန်းကျင်းက မည်မျှပင် တုံးအနေပါစေ ၎င်းခွဲစိတ်မှုအပြီးတွင် မည်သည့်ရလဒ် ဖြစ်လာမည်ကိုမူ ကောင်းစွာ နားလည်သေး၏။ သို့သော် သူ့အနေဖြင့် မူလလုထောင်ကိုလည်း ထိုကဲ့သို့ ဆုံးဖြတ်လိုက်သည်နှင့်ပတ်သက်၍ အပြစ်တင်၍မရပါပေ။ အမှန်အတိုင်းဆိုရလျှင် ၎င်းစရိုက်ကွဲမှာ အဆိပ်ရည်၏အကျိုးဆက်ကြောင့် ဖြစ်တည်လာသော ချို့ယွင်းချက်တစ်ခုသာ ဖြစ်ရသောကြောင့် လုထောင်က ဤကဲ့သို့ ဆုံးဖြတ်ချက် မချခဲ့လျှင်တောင် အခြားစရိုက်ကွဲနှင့် ခင်ပွန်းဖြစ်သူသည်ကား နှစ်လအကြာတွင် ပျောက်ကွယ်သွားရလိမ့်လေမည်။
မည်သို့ပင်ဆိုစေကာမူ ချန်းကျင်းသည် ဝမ်းနည်းနေမိဆဲ ပါပင်။ သူ့ကို အမှန်တကယ် ချစ်ခင်ပေးပါသော လုထောင်မှာ လေပူဖောင်းလေးကဲ့သို့ ထာဝရပျောက်ကွယ် သွားရပေတော့မည်။
ထိုကဲ့သို့ အဆုံးသတ်မည်မှန်း မူလအစကတည်းက သိရှိထားပြီး ဖြစ်သည့်တိုင် တကယ်တမ်း ကြုံရသောအခါ၌မူ ချန်းကျင်းအနေဖြင့် လက်ခံနိုင်ရန် ခက်ခဲနေခဲ့လေ၏။
တစ်ဖက်မှ လုထောင်သည်ကား သူနှင့်ပြောဆိုရန် အကြောင်းကိစ္စများ ရှိနေဟန်တူသည်။ သူသည် ချန်းကျင်းစိတ်ငြိမ်သွားသည်အထိ အတော်ကြာ စောင့်ပြီးနောက် စကားဆက်ဆိုလာခဲ့၏။
"ဒီနေ့ကြုံခဲ့ရတဲ့ ကိစ္စတွေအားလုံးအတွက် မင်းအနေနဲ့ နှုတ်စောင့်စည်းထားဖို့ လိုမယ်။ တခြားဘယ်သူ့ကိုမှ တစ်လုံးလေးတောင် ပြောပြလို့ မဖြစ်ဘူး။ ဘာပဲပြောပြော ကိုယ်က မင်းအတွက် အာမခံချက် ပေးထားပြီးသားမို့ ကတိဝန်ခံချက် စာချုပ်မှာလက်မှတ်ထိုးဖို့အထိ မလိုတော့ပေမဲ့ မင်းရဲ့ ဆက်သွယ်ရေးစက်ကတော့ ဒီအတောအတွင်း သက်ဆိုင်ရာဆီက အနီးကပ် စောင့်ကြည့်တာခံရလိမ့်မယ်။ နောက်ပြီး light screen မှာ အသုံးပြုတဲ့ မှတ်တမ်းတွေကိုရော"
"ဪ..အဲ့ဒီဟာက မဟုတ်လည်း အရင်ကတည်းက စောင့်ကြည့်ခံထားရပြီးသား မဟုတ်လား?"
ချန်းကျင်းက လုထောင်အား ခံစားချက်မဲ့နေသည့် မျက်ဝန်းတစ်စုံဖြင့် ငေးကြောင်ကြောင် ကြည့်လာခဲ့၏။
"မဟုတ်ရင် ဘာလို့ ကိုင်မီရား ဆိုတဲ့ စာလုံးကို ရှာမိပြီး ခဏလေးအတွင်းမှာပဲ ခင်ဗျားက ကျွန်တော့်ဆီ ရောက်လာခဲ့မှာလဲ မဟုတ်ဘူးလား?"
"မင်းတစ်ယောက်တည်းကို သီးသန့် ပစ်မှတ်ထားခဲ့တာမျိုး မဟုတ်ဘူး"
လုထောင်က သက်ပြင်းဖွဖွချလျက် အကျယ်တဝင့် ရှင်းပြလာခဲ့သည်။
"ကိုင်မီရား ဆိုတဲ့စာလုံးကို ရှာတဲ့လူတိုင်းကို system က မှတ်တမ်းတင်ထားခဲ့ပြီးသား။ ဒါပေမဲ့ မင်းကပဲ စစ်တပ်ဆေးရုံကနေ ထွက်သွားပြီးတဲ့နောက်မှ အဲ့ဒီစာလုံးကို ရှာခဲ့တာမို့ တစ်ခုခု ဖုံးကွယ်ထားတယ်လို့ သတ်မှတ်ခံလိုက်ရတာ။ အဲ့ဒါကြောင့် ကိုယ်က တာဝန်အရ မင်းကို မေးမြန်းဖို့အတွက် လိုက်လာခဲ့တာ.. ဒီလောက်ပဲ"
လုထောင်က မတ်တပ်ရပ်လိုက်၍ စကားဆက်ဆို၏။
"မင်းအနေနဲ့ နောက်တစ်ခေါက် ထပ်ပြီး အမေးခံရနိုင်သေးတယ်။ ဒါပေမဲ့ ကြောက်စရာမလိုဘူး။ ဒီအတိုင်း အဲ့ဒီတုန်းက ကြုံခဲ့ရတဲ့အခြေအနေကို အမှန်အတိုင်း ပြောပြလိုက်ရင် ရပြီ"
ဤကဲ့သို့သော စကားအသွားအလာမျိုးမှာ အမြဲအေးစက်နေတတ်သည့် ခင်ပွန်းဖြစ်သူထံမှ ရှားရှားပါပါး ဖြစ်တည်လာသော နှစ်သိမ့်စကားမျိုး ဖြစ်ဟန်တူ၏။ အတိတ်အခါက ချန်းကျင်းသည် တစ်ဖက်လူဆီမှ ၎င်းစကားမျိုး ကြားရရန် တစ်ခါမျှပင် စိတ်မကူးခဲ့မိပါချေ။ သို့သော် ယခု လက်တွေ့ကြုံရသောအခါတွင် သူသည် သေးသေးလေးမျှ မအံ့ဩမိပါဘဲ ကျောက်ရုပ်ကဲ့သို့ ငြိမ်နေခဲ့မိလေ၏။ ချန်းကျင်းက စိတ်မပါတပါနှင့် "အင်း" ဟူသော အသံခပ်ဖွဖွ ပြုပြီးနောက် ရုတ်တရက် အမေးစကားဆိုသည်။
"အဲ့ဒါဆိုရင် အဲ့ဒီတုန်းက ကိုင်မီရားနဲ့ ပြောဖြစ်ခဲ့သမျှ စကားတိုင်းကို...အမှန်အတိုင်း ပြောပြပေးရမှာလား?"
လုထောင်၏ကျောပြင်မှာ အနေရခက်စွာဖြင့် အနည်းငယ် တောင့်တင်းသွားရ၏။ သို့သော် တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင်နေသည့် သူ၏မျက်နှာထားကမူ မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ပါပေ။
"အင်း"
"ကျွန်တော် သိပါပြီ..."
ချန်းကျင်းသည် စောင်ထက်တွင် စွဲကျန်နေသော ကိုယ်သင်းနံ့အချို့အား ရှုရှိုက်လျက်ကပင် ဘေးတစ်ခြမ်းစောင်း အနေအထားဖြင့် အိပ်ရာထက်သို့ ကွေးကွေးလေး လဲလျောင်းလိုက်၏။ သူ၏ပုံစံမှာ တစ်ခုခုကို ကြောက်ရွံ့နေဟန်ပေါက်ကာ လွန်စွာမှ သနားချင့်စဖွယ်ကောင်းလျက်။
လုထောင်သည်လည်း တစ်ဖက်လူကို တစ်ခဏမျှ ငြိမ်သက်စွာ ငေးကြည့်နေခဲ့မိသည်ပင်။ ထို့နောက် သူက ဘာစကားမျှ မဆိုတော့ပါဘဲ အပြင်သို့ ထွက်ခွာရန် ဟန်ပြင်လိုက်ချိန်တွင် ချန်းကျင်းက ရုတ်တရက် စကားဆိုလာခဲ့ပေ၏၊
"တကယ်တော့ ကျွန်တော် နောက်ဆုံးစကားတစ်ခွန်းကို မေ့နေခဲ့မိတာ.."
သူ၏အသံသည်ကား လွန်စွာမှ တိုးလျနေသည့်တိုင် အိပ်ခန်းတစ်ခုလုံးမှာ အပ်ကျသံမကြားရအောင်အထိ တိတ်ဆိတ်နေသည့်အတွက် လုထောင်သည် တစ်ဖက်လူ၏ပြောစကားများအား တစ်လုံးမကျန် ပြတ်ပြတ်သားသား ကြားနိုင်ခဲ့လေသည်။ လုထောင်က သူ့ဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ကာ အလေးအနက် မေး၏။
"နောက်ဆုံးပြောသွားတာက ဘာတဲ့လဲ"
ချန်းကျင်းက ခြုံစောင်အား သူ၏ပါးပြင်များနှင့် ပွတ်သပ်လျက် ခပ်ဖွဖွ ပြန်ဖြေသည်။
"ကျွန်တော် ငိုရင် အရမ်းလှတယ်တဲ့..."
ချန်းကျင်းသည်ကား တကယ့်လက်တွေ့မှာလည်း ငိုနေခဲ့ခြင်း ဖြစ်ပေ၏။ လုထောင်သည်လည်း တစ်ဖက်လူငိုရသည့် အကြောင်းအရင်းအား အလိုအလျောက် ရိပ်မိသည်။ မိမိ၏ဇနီးသည်က သူမဟုတ်သော အခြားလူအတွက် ဝမ်းနည်းနေကြောင်း တွေးမိမိချင်းပင် သူ၏နှလုံးသားအတွင်း၌ လွန်စွာမှ ပြင်းထန်သော ချဉ်စုပ်စုပ် အငွေ့အသက်များစွာက ဖုံးလွှမ်းလာသဖြင့် လုထောင်မှာ မိမိကိုယ်ကိုပင် အံ့ဩမိသွားရလေ၏။ သို့သော် ဤအကြိမ်၌မူ သူသည် ၎င်းခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါပေ။
လုထောင်သည် အခန်းထဲမှ ထွက်သွားရန် အစီအစဉ်ကို လက်လျှော့လိုက်၍ ချန်းကျင်းလဲလျောင်းရာ အိပ်ရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့၏။ ထို့နောက် သူက ချန်းကျင်း၏အရှေ့ဘက်၌ မတ်တပ်ရပ်လိုက်ရင်း လေသံဖွဖွလေးဖြင့် အမေးဆိုလာခဲ့သည်။
"အဲ့ဒီတော့ မင်းက သူ့ကိုပိုပြီး သဘောကျတာလား?"
ချန်းကျင်ဆီမှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပါချေ။ သူသည်ကား စောင်အတွင်း၌ မျက်နှာတစ်ပြင်လုံးကို မြှုပ်ထားကာ ပုခုံးသားများ တသိမ့်သိမ့် တုန်သည်အထိ တိတ်တဆိတ် ငိုကြွေးနေခဲ့ပေ၏။
တစ်ဖက်လူက မည်သူ့အတွက် ငိုနေကြောင်း တွေးမိသောအခါ လုထောင်သည် အတော်လေး စိတ်မသက်မသာ ဖြစ်သွားရသည်။ သူ့အနေဖြင့် ၎င်းဆက်ဆံရေးအား အတတ်နိုင်ဆုံး မြန်မြန် အဆင်ပြေသော အဆင့်တစ်ခုသို့ ရောက်ရန် မျှော်လင့်ထားပြီး ဖြစ်သည့်တိုင် ယခုကဲ့သို့ တခြားတစ်ယောက်နှင့် မျှဝေကာ ချစ်နေရကြောင်း တွေးမိသောအခါတွင်မူ လွန်စွာမှ ဒေါသထွက်သွားမိလေ၏။
တစ်ခဏမျှကြာပြီးနောက်တွင် လုထောင်က မျက်မှောင်ကြုတ်လျက် တစ်ဖက်မှ ချန်းကျင်းအား ထိတွေ့ရန် ဟန်ပြင်လာခဲ့သည်။ သို့သော် ထိုအချိန်မှာပင် သူ၏သူငယ်အိမ်များက ရုတ်တရက် နက်မှောင်သွားရ၍ ပြင်းထန်သော စိတ်စွမ်းအင်တစ်ခုက သူနှင့် အားချင်းယှဉ်ရန် ကြိုးစားလာခဲ့လေ၏။ လုထောင်သည် ၎င်းအရာကို ဖိနှိပ်၍ ခန္ဓာကိုယ်အား ထိန်းချုပ်ရန် ဆန္ဒရှိသည့်တိုင် မသိစိတ်အလျောက် တစ်ဖက်အရာကို အလျော့ပေးလိုက်မိသည်။ သူသည်ကား တစ်ဖက်မှ ပြိုင်ဘက်ထက် များစွာ သန်မာနေခြင်း ဖြစ်သည့်တိုင် ယခုအချိန်ထိ ရှုံးနိမ့်နေဆဲပါပင်။
ချန်းကျင်းကမူ လုထောင် သူ့အား ဆိုလာခဲ့သည့် နောက်ဆုံးမေးခွန်းကို မကြားနိုင်ခဲ့ပါချေ။ သူသည် သူ၏ကိုယ်ပိုင်ကမ္ဘာထဲတွင်သာ အပြည့်အဝ နစ်မြုပ်နေခဲ့၍ ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကို လျစ်လျူရှုထားမိ၏။ ယခု ဖြစ်ပေါ်နေသော ခံစားချက်အလုံးစုံမှာ လွန်စွာမှ ဝမ်းနည်းဖွယ်ကောင်း၍ ခံရခက်စေပါသဖြင့် ချန်းကျင်းအနေဖြင့် ငိုကြွေးရန်သာ တတ်နိုင်ခဲ့လေသည်။
သူ့ကို စိတ်ရင်းအတိုင်း ချစ်ခင်ပေးခဲ့ဖူးသည့် လူသည်ကား တကယ့်လုထောင် ဟုတ်မနေခဲ့သည့်အတွက် သူ့အနေဖြင့် ဘယ်သောအခါမှ ခင်ပွန်းဖြစ်သူ၏အချစ်ကို ရနိုင်လိမ့်မည် မဟုတ်ပါပေ။
ထို့အပြင် သူ့ကို ချစ်ပေးသော အခြားလုထောင်မှာလည်း မကြာခင် ပျောက်ကွယ်သွားရတော့မည်။
သူ့အား နမ်းရှိုက်တတ်သော၊ ပွေ့ဖက်တတ်သော၊ သူ၏ပါးပြင်များအား အပြုံးလေးတစ်ပွင့်နှင့် အသာအယာ ဖျစ်ညှစ်တတ်သော၊ သူနှင့်အတူတကွ ခရီးထွက်ပေးကာ အဖော်ပြုခဲ့ပေးပါသော အကြင်သူသည်ကား အပြီးတိုင် ပျောက်ကွယ်သွားရတော့လေမည်။ ထို့အပြင် ၎င်းပျောက်ကွယ်မှုမျိုးမှာ မည်သည့်ခြေရာလက်ရာမျှ မကျန်စေသည်အထိ ပျောက်ကွယ်သွားမည့် အဆုံးသတ်ခြင်း တစ်မျိုးလည်း ဖြစ်နေပြန်သေး၏။
ချန်းကျင်း၏မျက်အိမ်မှ စီးကျလာသည့် မျက်ရည်များမှာ တာရိုးမှ ကျိုးကျလာသော ရေများသဖွယ် များပြားလှသဖြင့် မကြာမီအတွင်းပင် မျက်နှာထက်တွင် ဖုံးကာထားသော စောင်မှာ စိုရွှဲသွားရလေသည်။ ထို့နောက် ချန်းကျင်းက နှာတရှုံု့ရှုံ့နှင့် ဆက်လက်ငိုကြွေးရန် ဟန်ပြင်လိုက်ချိန်တွင် နွေးထွေးသော လက်ဖဝါးပြင်ကြီးတစ်ဖက်က သူ၏လည်ပင်းအနောက်ဘက်သို့ ထိတွေ့လာခဲ့၍ ကျန်လက်တစ်ဖက်ကမူ စောင်အောက်မှ သူ၏မျက်နှာအား ခပ်ဖွဖွ ကိုင်လာခဲ့၍ တစ်ဖက်သို့ မော်ကြည့်စေခဲ့ပေ၏။
မျက်ရည်များဖြင့် စိုရွှဲနေသည့် ချန်းကျင်း၏သူငယ်အိမ်အတွင်းတွင် တောက်ပလွန်းသော လုထောင်၏အပြုံးတစ်ပွင့်က နေရာယူလာခဲ့သည်။
ချန်းကျင်း၏မျက်ရည်များမှာ ရုတ်တရက်ဆိုသလို စီးဆင်းမှု ရပ်တန့်သွားရ၏။ သူသည် တစ်ဖက်မှ ခင်ပွန်းဖြစ်သူအား အနည်းငယ် မသေချာဟန်ဖြင့် အတန်ကြာမျှ ကြောင်ကြည့်နေခဲ့မိသည်။ သို့သော် အတွင်းဘက်မှ နှလုံးခုန်နှုန်းကမူ အပြင်ဘက်မှ တုံ့ပြန်မှုနှင့်မတူပါဘဲ လွန်စွာမှ ပျာယာခတ်လျက်။
မူလလုထောင်သည်ကား ဘယ်သောအခါမျှ သူ့ကို ချော့မြူရန်အတွက် ဤကဲ့သို့ အယောင်ဆောင်သည့် အပြုအမူမျိုး လုပ်လိမ့်မည် မဟုတ်ပါချေ။ အမှန်အတိုင်း ဆိုရလျှင် ထိုသူသည်ကား ဘယ်တုန်းကမျှ သူ့ကို ချော့မြူရန်ပင် စိတ်ကူးမရှိဖူးခဲ့။ ထို့ကြောင့် ယခုသူ့ရှေ့၌ ရှိနေသည့် လူမှာ သူ့ကို ချစ်ပေးသည့် လုထောင်သာ ဖြစ်လိမ့်လေမည်!
လုထောင်က ချန်းကျင်း၏ပါးပြင်တစ်ဖက်အား ထုံးစံအတိုင်း ခပ်ဖွဖွ ဖျစ်ညှစ်လာခဲ့၍ ထို့နောက် သူ၏လျှာဖျားနှင့် မျက်ရည်စများကို လျက်ယူလာရင်း အသံခပ်အုပ်အုပ်ဖြင့် စကားဆိုလေ၏။
"ဘာလို့ငိုနေရတာလဲ ဘေဘီရယ်"
အတန်ကြာမျှ အံ့အားသင့်သွားပြီးနောက်မှသာ ချန်းကျင်းထံမှ တုံ့ပြန်မှု ပေါ်လာရခြင်းပါပင်။ ချန်းကျင်း၏ ကပျာကယာနှင့် သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၍ တစ်ဖက်လူ၏လည်တိုင်အား တင်းကြပ်စွာ ဖက်တွယ်လာပုံမှာ ကိုယ်ထည်နှစ်ခုကို အတူတကွ ပေါင်းစည်းသွားစေချင်သည့်နှယ်။ ထို့အပြင် မျက်ရည်များစွာကလည်း ချန်းကျင်း၏မျက်ဝန်းအိမ်များမှ နောက်ထပ်တစ်ကြိမ် အဆတ်မပြတ် စီးကျလာရပြန်၏။
ချန်းကျင်းက ဝမ်းသာအားရ ရေရွတ်လာခဲ့သည်။
"ဒါလင်..ဒါလင်ပဲ!!"
၎င်းစကားအားကြားကြားချင်း လုထောင်သည် အနည်းငယ်မျှ အံ့ဩသွားရ၍ ထို့နောက် သူ၏မျက်နှာပေါ်မှ အပြုံးလေးမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားရလေ၏။
"သိပြီးသွားပြီပေါ့?"
ချန်းကျင်းက နှာတစ်ချက်မျှ ရှုံ့လိုက်၍ "အင်း" ဟု မသဲမကွဲ အသံပြုလာခဲ့၏။ သူက လုထောင်၏လည်တိုင်ထက်၌ သူ၏မျက်နှာပြင်ကို နစ်မြုပ်ထားရင်း စကားဆိုသည်။
"တကယ်တော့ ကျွန်တော် အဲ့ဒီအကြောင်းကို လုံးဝမသိချင်ဘူး။ ဘာလို့လဲ ဘာလို့ ဒါလင်က ပျောက်ကွယ်သွားရမှာလဲ!? ကျွန်တော် ဒါလင့်ကို ပျောက်မသွားစေချင်ဘူး ..ဘာလို့လဲ!?"
လုထောင်သည် အပြုံးတစ်ပွင့်အား ခက်ခက်ခဲခဲ ပန်ဆင်လိုက်ရင်း ချန်းကျင်း၏ပါးပြင်ထက်သို့ ခပ်ဖွဖွ အနမ်းခြွေကာ ဆိုလာလေ၏။
"ဘာလို့ဆို ကိုယ်က တည်ရှိမနေသင့်တဲ့ လူမို့လို့ပေါ့"
သူကိုယ်တိုင်သည်လည်း ၎င်းအကြောင်းအား စသိခါစ၌ အတော်လေး ရှော့ခ်ရသွားခဲ့မိ၍ တစ်ကိုယ်ကောင်းဆန်သော အတွေးမျိုး တွေးခဲ့မိဖူးသည့်တိုင် ယခုအချိန်၌မူ အားလုံးကို လက်လျှော့ရန်သာ ဆုံးဖြတ်ခဲ့ရပေသည်။
"ကိုယ်က သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုသာသာပဲမို့ တကယ့်လူလို တည်ရှိမနေသင့်ဘူး။ နောက်ပြီး ကိုယ်က အဆိပ်ရည်ရဲ့ကျေးဇူးကြောင့် တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာရတဲ့ စရိုက်ကွဲသက်သက်ပဲလေ။ ဒါကြောင့် အရမ်း ဝမ်းမနည်းပါနဲ့ ဘေဘီရယ်.."
"ဒါလင်နဲ့ သူနဲ့က မတူဘူး.."
ချန်းကျင်းသည်ကား အစောပိုင်းကထက်ပင် ပို၍ ဝမ်းနည်းစွာ ငိုကြွေးမိလေတော့၏။
"သူက ကျွန်တော့်ကို မချစ်ဘူး! အဲ့ဒါကြောင့် ဒါလင်နဲ့ လုံးဝမတူဘူးလို့..ဟင့် ..မပျောက်ကွယ်သွားပါနဲ့.."
လုထောင်က ကူကယ်ရာမဲ့ဟန် ပြုံးလိုက်ရင်း ချန်းကျင်း၏မျက်နှာအား သူ၏လက်တစ်ဖက်ဖြင့် ထိကိုင်လာကာ တစ်ရှူးစလေးတစ်စနှင့် မျက်ရည်များကို အသာအယာ သုတ်ပေးလာခဲ့၏။ ထို့နောက် သူက တစ်ဖက်လူ၏မျက်ဝန်းများအတွင်းသို့ သေချာစိုက်ကြည့်လိုက်ရင်း စကားဆိုလေသည်။
"ဒါပေမဲ့ ကိုယ်တို့မှာက ခန္ဓာကိုယ် တစ်ခုတည်းပဲ ရှိတာလေ။ ဘေဘီက ကိုယ့်ကိုပဲ အပိုင်ယူစေချင်တာလား? တကယ်လို့ သူက အပြီးတိုင် ပျောက်ကွယ်သွားရမယ်ဆိုရင်ရော..လက်ခံနိုင်လို့လား?"
ချန်းကျင်းသည် ၎င်းစကားများကြောင့် တစ်ခဏမျှ ကြောင်သွားရ၍ မသိစိတ်အလျောက် ခေါင်းယမ်းပြရန် ဟန်ပြင်လိုက်မိသည့်တိုင် ၎င်းလှုပ်ရှားမှုကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ လုထောင်သည်ကား သူ၏စိတ်ရင်းအမှန်ကို မြင်နိုင်သွားခဲ့ပြီးပြီပင်။ သူသည် ခပ်ဖွဖွ ပြုံးလိုက်၍ ချန်းကျင်း၏နှုတ်ခမ်းအစုံကို နမ်းရှိုက်လာကာ စကားဆို၏။
"အဲ့ဒါကြောင့် ဝမ်းနည်းမနေပါနဲ့တော့။ ဒီတိုင်း ကိုယ်နဲ့အတူတူ ရက်နည်းနည်းလောက်ထပ်ပြီး ပျော်ပျော်နေကြရအောင်ပါ"
ချန်းကျင်းက အနည်းငယ် အံ့ဩသွားဟန်ဖြင့် အလန့်တကြား ဆိုသည်။
"သူက ဒါလင့်ကို အပြီးတိုင်ပျောက်သွားအောင် လုပ်ပစ်တော့မှာကို သိရဲ့လား!? သူ..သူပြောတယ် ဒီဆယ်ရက်အတွင်း ခွဲစိတ်မှုလုပ်တော့မှာတဲ့"
"ကိုယ်သိပါတယ်"
ချန်းကျင်းကမူ အတော်လေး နားမလည်နိုင် ဖြစ်သွားရ၏။
"ဒါဆို သိရက်နဲ့ သဘောတူခဲ့တာပေါ့? ဘာလို့လဲ ဘာလို့ သဘောတူလိုက်ရတာလဲ!? သူနဲ့ ဒါလင်က နည်းနည်းလေးမှ မတူဘူးလေ..ဘာလို့ ဒီလို အလွယ်တကူ လက်ခံလိုက်ရတာလဲ။ သေချာပေါက် နောက်ထပ်နှစ်လ ထပ်စောင့်ရမှာပေါ့!"
"အဲ့ဒီလောက်ထိ အချိန်ဆွဲလို့ မရဘူး။ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက အချိန်နဲ့အမျှ ပိုပြီး အင်အားများလာပြီ။ ဒီလိုနဲ့ နောက်ဆုံး ကိုယ်လည်း ဆက်ပြီး ဒီခန္ဓာကိုယ်ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။ သူက ခွဲစိတ်မှုလုပ်ဖို့ မရွေးချယ်ခဲ့ရင်တောင် ကိုယ်က အကြာကြီး ရှင်သန်နိုင်မှာမှ မဟုတ်တာ.."
လုထောင်က သူ၏ခေါင်းအား လက်ညှိုးဖြင့် ညွှန်ပြရင်း ဆို၏။
"ကိုယ့်ရဲ့တည်ရှိမှုက Zerg တွေဆီကရတဲ့ အဆိပ်ရည်ကြောင့် ဖြစ်လာရတာလေ။ အဆိပ်ရည်နည်းလေလေ ကိုယ့်ရဲ့တည်ရှိနိုင်စွမ်းလည်း နည်းလာရလေပဲ။ နောက်ပြီး သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းက အရမ်းအားကောင်းတယ်။ ကိုယ်ဘယ်လိုမှ သူ့ကို အပြီးတိုင် မလွှမ်းမိုးနိုင်ဘူး။ အဲ့ဒါကြောင့် သူ့ရဲ့ပြန်ကောင်းနိုင်စွမ်းက ဒေါက်တာထျန် ခန့်မှန်းထားတာထက်ကို ပိုပြီး မြန်လာခဲ့တာ.."
သူက ဤမျှအထိသာ ဆိုခဲ့၍ ချန်းကျင်းအား အပြုံးလျော့လျော့လေးတစ်ပွင့်နှင့် ကြည့်လာခဲ့လေ၏။
"အဲ့ဒါကြောင့် ကိုယ့်ရဲ့အချိန်တွေက အရမ်းတန်ဖိုးရှိတယ်လေ။ ဘေဘီ ..ဘာလို့ ဒီလိုအဖိုးတန်အချိန်တွေကို အခုလိုမျိုး ဝမ်းနည်းရင်း ဖြုန်းတီးနေမှာလဲ?"
ဤနေ့ကြုံခဲ့ရသော အခြင်းအရာများသည်ကား ချန်းကျင်းအား လွန်စွာမှ ရှော့ခ်ရစေသည့်အတွက် သူ့အနေဖြင့် စိတ်တည်ငြိမ်စေရန်အလို့ငှါ ခင်ပွန်းဖြစ်သူနှင့်နှီးနှောခြင်းကို အလွန်တရာမှ တောင့်တနေမိပေသည်။
သို့မှသာ အချင်းချင်း နှုတ်ဆက်စကားကို ပြောနိုင်ရန်အတွက်လည်း အင်အားကျန်လိမ့်မည်။ သည့်အတွက် ဤအခေါက် နှီးနှောခြင်းသည်ကား လွန်စွာမှ ရှည်ကြာ၍ ၎င်းနောက် ပြင်းလည်းပြင်းထန်လိမ့်လေမည်။
ချန်းကျင်းသည် ဝမ်းချူခြင်းအမှုမှစ၍ လုထောင်ကိုသာ အရာရာ ဦးဆောင်ခွင့်ပြုထားခဲ့လေ၏။ သူ့အနေဖြင့် ယခုအချိန်၌ မည်သည်ကိုမျှလည်း ရှက်ရွံ့ခြင်း ရှိမနေခဲ့တော့ပါပေ။ သူ၏စိတ်ထဲတွင် တည်ရှိနေသည့် တစ်ခုတည်းသောဆန္ဒမှာ တစ်ဖက်လူအား သူ၏အနားတွင် ရှိစေချင်ရုံလေးသာ။
ချန်းကျင်း၏ အတွင်းသားများထဲ၌ ချောဆီအရည်များက အပြည့်ဖြစ်နေခဲ့၍ ဝမ်းဗိုက်အောက်ခြေကမူ အနည်းငယ် ဖောင်းပွနေကာ အနောက်ဘက် အပေါက်ဝသည်ကား အဆို့တစ်ခုနှင့် တင်းကြပ်စွာ ပိတ်ဆို့ခြင်း ခံထားရ၏။ သို့နှင့် နောက်ဆုံး ဆယ်မိနစ်မျှကြာပြီးနောက်တွင် ၎င်းအဆို့မှာ ဖယ်ရှားခံလိုက်ရ၍ အတွင်းမှ အညစ်အကြေးအားလုံးမှာလည်း ကင်းစင်သွားရလေသည်။
ဤကဲ့သို့ အားလုံးသန့်ရှင်းပြီးသောအခါ ရေချိုးခန်းထဲရှိ ကိုယ်လုံးပေါ် မှန်ရှေ့၌ ဒူးထောက်လျက် နေရာယူနေသော ချန်းကျင်း၏ပုံရိပ်က ထင်ဟပ်လာခဲ့ရ၏။ သူ၏ကိုယ်ထက်၌ အဝတ်တစ်စမျှ စွဲကပ်မနေခဲ့သောကြောင့် ဖြူဖွေးနူးညံ့သော အသားအရေကို အထင်းသား မြင်နေရသည်။ ထို့အပြင် အချိန်ကြာမြင့်စွာ ငိုထားမိခြင်း၏ကျေးဇူးကြောင့် မျက်ဝန်းများမှာလည်း အနည်းငယ် ဖူးယောင်နေသေး၏။ အနောက်ဘက်မှ သူ၏တင်ပါးနှစ်မြွှာမှာလည်း ချစ်စဖွယ်ကောင်းအောင် လုံးဝန်းနေ၍ ၎င်းအပေါ်မှ တက်တူးစာသားများကမူ မတူညီစွာ ညှို့အားပြင်းလျက်။ ဤအနေအထားသည်ကား တစ်ဖက်မှ ခင်ပွန်းဖြစ်သူ၏ပုံရိပ်အား ပြတ်ပြတ်သားသား မြင်နိုင်သောကြောင့် ချန်းကျင်းကမူ ၎င်းပုံစံမျိုးနှင့် နေသားကျနေရလေပြီ။
ထို့အပြင် ၎င်းပုံစံမျိုးအား ယခင်ကလုထောင်နှင့် ဘယ်တုန်းကမျှ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိလေရာ ချန်းကျင်းသည် တစ်ဖက်လူ၏တည်ရှိမှုနှင့် ပတ်သက်၍လည်း သေးသေးလေးမျှ သံသယဝင်မနေခဲ့မိပါတော့ချေ။ ဤမနက်က ကြုံတွေ့ခဲ့ရသော ကိစ္စများအားလုံးကို အတိတ်တွင်သာ ချန်ရစ်ထားခဲ့လိုက်တော့မည်။ ယခုအချိန်၌ သူသည်ကား ခင်ပွန်းဖြစ်သူထံမှ ချစ်ခင်မှုကို တောင့်တနေသည့် လက်တွဲဖော် ကောင်လေးတစ်ယောက်သာ ဖြစ်ရလေသည်။
တစ်ဖက်မှ လုထောင်၏မျက်ဝန်းများမှာလည်း လိုအင်ဆန္ဒများနှင့် ပြည့်နှက်နေရပြီး ဖြစ်၏။ လုထောင်သည် သူ၏ပါးစပ်အား ဟလိုက်၍ ချန်းကျင်း၏တင်ပါးတစ်ဖက်ကို တစ်ချက်မျှ ကိုက်ကာ အသံတိုးတိုးနှင့် အမေးဆိုသည်။
"အဲ့ဒီကိုင်မီရားက ကိုယ်တို့ sex လုပ်နေတာကို မြင်တယ်လို့ ပြောခဲ့တာလား?"
ချန်းကျင်းကမူ ၎င်းအကြောင်းကို ပြောပြရန်အတွက် ယခုအချိန်အထိ မျက်နှာပူနေမိဆဲဖြစ်သောကြောင့် အနည်းငယ် တွန့်ဆုတ်မိလေ၏။
"အ..အင်း။ ကျွန်တော်က ဒါလင့်ကိုတောင် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အပြစ်တင်နေခဲ့မိတာ။ ပြောတော့ ကျွန်တော်တို့ကို ဘယ်သူမှ မမြင်နိုင်ဘူးဆိုပြီး ..နောက်ပြီး အဲ့ဒီတုန်းက လုပ်ဖြစ်ခဲ့မိတာ တကယ်အကြာကြီးပဲ။ ရှက်လွန်းလို့ ပြန်တောင်မတွေးရဲတော့ဘူး"
"ဟမ် .. အဲ့ဒီတုန်းက ကိုင်မီရားဆိုတဲ့ သက်ရှိမျိုး ကမ္ဘာမှာ တကယ်ရှိနေမယ်လို့ ကိုယ်သိတောင်မသိခဲ့သေးဘူး။ အဲ့ဒါနဲ့ပတ်သက်တဲ့ စမ်းသပ်ချက်တွေအကုန်လုံး ကျရှုံးခဲ့တယ်လို့ပဲ ကိုယ်သိထားခဲ့တာ"
ချန်းကျင်းကမူ အနည်းငယ် ဇဝေဇဝါဖြစ်လျက်။
"ကိုင်မီရားစမ်းသပ်ချက်? အဲ့ဒါက ဘယ်လိုမျိုးလဲ"
လုထောင်က သူ၏တင်ပါးဆုံအား ခပ်ဆတ်ဆတ် တစ်ချက်ရိုက်လိုက်၍ စိတ်ဆိုးသွားဟန်ဖြင့် ဆိုလာခဲ့သည်။
"အာရုံမပျံ့နဲ့"
ချန်းကျင်း၏မျက်နှာမှာ တမဟုတ်ချင်း နီမြန်းသွားရ၏။ ထို့နောက် သူက ထိုကဲ့သို့ မဟုတ်ကြောင်း ရှင်းပြရန် ဟန်ပြင်လိုက်ချိန်မှာပင် သူ၏အနောက်ဘက် အပေါက်ဝထံသို့ တစ်စုံတစ်ခုက ထိတွေ့လာကြောင်း ခံစားလိုက်ရလေသည်။ နူးညံ့ပူနွေးနေသည့် အထိအတွေ့ကြောင့် ချန်းကျင်း၏မျက်ဝန်းများမှာ ရုတ်တရက် ပြူးကျယ်သွားရ၍ သူငယ်အိမ်များအတွင်းတွင်လည်း မယုံကြည်နိုင်သော အရိပ်အယောင်များက အပြည့်။
"ဒါလင်..ဘာလုပ်.. "
သို့သော် ချန်းကျင်း၏မေးခွန်း မဆုံးသေးခင်မှာပင် တစ်ဖက်မှ ပူနွေးနွေး အထိအတွေ့က သူ၏ခံစားလွယ်သော နေရာများထံသို့ ဆက်လက်လျက်ယူလာခဲ့သဖြင့် ချန်းကျင်းမှာ အပြင်းအထန် စိတ်ကြွလာရလေတော့၏။
၎င်းအထိအတွေ့က မည်သည့်အရာဖြစ်ကြောင်း တစ်ဖက်လူအား မေးစရာမလိုအောင် ချန်းကျင်းအနေဖြင့် သေချာသွားရလေပြီ။ သို့သည့်တိုင် သူသည် စိတ်လှုပ်ရှားနေမိဆဲ ဖြစ်သောကြောင့် အနောက်ဘက်သို့ ခက်ခဲစွာ လှည့်ကြည့်လာခဲ့၍ တင်ပါးနေရာကိုလည်း ဖုံးကာရန် ကြိုးစားမိပေတော့၏။
"မ..မလုပ်နဲ့ ဒါလင်! အ..လျှာကို မသုံးနဲ့.."
မည်သို့ပင်ဆိုစေကာမူ သူ၏ရုန်းကန်မှုက အရာမရောက်ခဲ့ပါပေ။ လုထောင်သည်ကား သူ၏ခါးတစ်ခွင်လုံးကို အသေအချာ ဆုပ်ကိုင်ထားသဖြင့် မည်မျှပင် သူက တွန့်လိမ်ရန် ကြိုးစားပါစေ အတွင်းသားများထဲတွင် ရောက်ရှိနေပါသည့် လျှာဖျားက ထွက်သွားခြင်းမရှိပါဘဲ အရင်အတိုင်း တည်ရှိနေဆဲသာ။ ထို့ကြောင့် ချန်းကျင်းက ပိုမိုအားပြု၍ ရုန်းကန်လိုက်သောအခါ အပေါက်ဝနေရာမှာ ရုတ်တရက် ထုံသွားရလေ၏။ သို့သော် တစ်ဖက်မှ လျှာဖျားကမူ အရှေ့ဘက် အတွင်းလမ်းကြောင်းထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားခဲ့ရသည်ပင်။
"အ..မလုပ်"
ချန်းကျင်းသည် ၎င်းအထိအတွေ့ကြောင့် ထိတ်လန့်သွားမိသည့်တိုင် တစ်ဖက်တွင်မူ မသိစိတ်အလျောက် ပျော်ရွှင်နေမိပြန်သေး၏။ သို့နှင့် တဖြည်းဖြည်း ငြင်းဆန်နေသော အသံအနေအထားမှသည် ဆန့်ကျင်ဘက်အရာဆီသို့ ပြောင်းလဲသွားရ၍ သူ၏ကိုယ်ထည်တစ်ခုလုံးမှာလည်း ပျော့ပျောင်းလာခဲ့ရလေသည်။
သူ၏ခင်ပွန်းဖြစ်သူသည်ကား အမှန်တကယ် သူ၏တင်ပါးမှ အတွင်းသားများကို လျက်ယူနေသောကြောင့်ပါပင်!
TN : ဘေဘီတို့ကို ကြိုအသိပေးစရာလေးရှိလို့ပါ T~T ကိုယ်အခုတလော မျက်လုံးနည်းနည်းနာလို့ ဖုန်းကြည့်ချိန်ကို လျှော့ထားတဲ့အတွက် အရင်လို အပ်ပုဒိတ်နှုန်းနဲ့ အပ်ပေးနိုင်သေးမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အပ်ပုဒိတ်နှုန်းက နှစ်ရက်တစ်ပိုင်း မဟုတ်လည်း သုံးရက်တစ်ပိုင်း ဖြစ်သွားနိုင်ပါတယ်။ Thank you 💙
Zawgyi
အဲ့ဒီေတာ့ မင္းက သူ႔ကို ပိုၿပီး သေဘာက်တယ္ေပါ့?
ဆယ္ရက္...ဆယ္ရက္မွ်သာ က်န္႐ွိေတာ့သည္။
ခ်န္းက်င္းက မည္မွ်ပင္ တံုးအေနပါေစ ၎ခြဲစိတ္မႈအၿပီးတြင္ မည္သည့္ရလဒ္ ျဖစ္လာမည္ကိုမူ ေကာင္းစြာ နားလည္ေသး၏။ သို႔ေသာ္ သူ႔အေနျဖင့္ မူလလုေထာင္ကိုလည္း ထိုကဲ့သို႔ ဆံုးျဖတ္လိုက္သည္ႏွင့္ပတ္သက္၍ အျပစ္တင္၍မရပါေပ။ အမွန္အတိုင္းဆိုရလွ်င္ ၎စ႐ိုက္ကြဲမွာ အဆိပ္ရည္၏အက်ိဳးဆက္ေၾကာင့္ ျဖစ္တည္လာေသာ ခ်ိဳ႕ယြင္းခ်က္တစ္ခုသာ ျဖစ္ရေသာေၾကာင့္ လုေထာင္က ဤကဲ့သို႔ ဆံုးျဖတ္ခ်က္ မခ်ခဲ့လွ်င္ေတာင္ အျခားစ႐ိုက္ကြဲႏွင့္ ခင္ပြန္းျဖစ္သူသည္ကား ႏွစ္လအၾကာတြင္ ေပ်ာက္ကြယ္သြားရလိမ့္ေလမည္။
မည္သို႔ပင္ဆိုေစကာမူ ခ်န္းက်င္းသည္ ဝမ္းနည္းေနမိဆဲ ပါပင္။ သူ႔ကို အမွန္တကယ္ ခ်စ္ခင္ေပးပါေသာ လုေထာင္မွာ ေလပူေဖာင္းေလးကဲ့သို႔ ထာဝရေပ်ာက္ကြယ္ သြားရေပေတာ့မည္။
ထိုကဲ့သို႔ အဆံုးသတ္မည္မွန္း မူလအစကတည္းက သိ႐ွိထားၿပီး ျဖစ္သည့္တိုင္ တကယ္တမ္း ၾကံဳရေသာအခါ၌မူ ခ်န္းက်င္းအေနျဖင့္ လက္ခံႏိုင္ရန္ ခက္ခဲေနခဲ့ေလ၏။
တစ္ဖက္မွ လုေထာင္သည္ကား သူႏွင့္ေျပာဆိုရန္ အေၾကာင္းကိစၥမ်ား ႐ွိေနဟန္တူသည္။ သူသည္ ခ်န္းက်င္းစိတ္ၿငိမ္သြားသည္အထိ အေတာ္ၾကာ ေစာင့္ၿပီးေနာက္ စကားဆက္ဆိုလာခဲ့၏။
"ဒီေန႔ၾကံဳခဲ့ရတဲ့ ကိစၥေတြအားလံုးအတြက္ မင္းအေနနဲ႔ ႏႈတ္ေစာင့္စည္းထားဖို႔ လိုမယ္။ တျခားဘယ္သူ႔ကိုမွ တစ္လံုးေလးေတာင္ ေျပာျပလို႔ မျဖစ္ဘူး။ ဘာပဲေျပာေျပာ ကိုယ္က မင္းအတြက္ အာမခံခ်က္ ေပးထားၿပီးသားမို႔ ကတိဝန္ခံခ်က္ စာခ်ဳပ္မွာလက္မွတ္ထိုးဖို႔အထိ မလိုေတာ့ေပမဲ့ မင္းရဲ႕ ဆက္သြယ္ေရးစက္ကေတာ့ ဒီအေတာအတြင္း သက္ဆိုင္ရာဆီက အနီးကပ္ ေစာင့္ၾကည့္တာခံရလိမ့္မယ္။ ေနာက္ၿပီး light screen မွာ အသံုးျပဳတဲ့ မွတ္တမ္းေတြကိုေရာ"
"ဪ..အဲ့ဒီဟာက မဟုတ္လည္း အရင္ကတည္းက ေစာင့္ၾကည့္ခံထားရၿပီးသား မဟုတ္လား?"
ခ်န္းက်င္းက လုေထာင္အား ခံစားခ်က္မဲ့ေနသည့္ မ်က္ဝန္းတစ္စံုျဖင့္ ေငးေၾကာင္ေၾကာင္ ၾကည့္လာခဲ့၏။
"မဟုတ္ရင္ ဘာလို႔ ကိုင္မီရား ဆိုတဲ့ စာလံုးကို ႐ွာမိၿပီး ခဏေလးအတြင္းမွာပဲ ခင္ဗ်ားက ကြၽန္ေတာ့္ဆီ ေရာက္လာခဲ့မွာလဲ မဟုတ္ဘူးလား?"
"မင္းတစ္ေယာက္တည္းကို သီးသန္႔ ပစ္မွတ္ထားခဲ့တာမ်ိဳး မဟုတ္ဘူး"
လုေထာင္က သက္ျပင္းဖြဖြခ်လ်က္ အက်ယ္တ၀င့္ ႐ွင္းျပလာခဲ့သည္။
"ကိုင္မီရား ဆိုတဲ့စာလံုးကို ႐ွာတဲ့လူတိုင္းကို system က မွတ္တမ္းတင္ထားခဲ့ၿပီးသား။ ဒါေပမဲ့ မင္းကပဲ စစ္တပ္ေဆးရံုကေန ထြက္သြားၿပီးတဲ့ေနာက္မွ အဲ့ဒီစာလံုးကို ႐ွာခဲ့တာမို႔ တစ္ခုခု ဖံုးကြယ္ထားတယ္လို႔ သတ္မွတ္ခံလိုက္ရတာ။ အဲ့ဒါေၾကာင့္ ကိုယ္က တာဝန္အရ မင္းကို ေမးျမန္းဖို႔အတြက္ လိုက္လာခဲ့တာ.. ဒီေလာက္ပဲ"
လုေထာင္က မတ္တပ္ရပ္လိုက္၍ စကားဆက္ဆို၏။
"မင္းအေနနဲ႔ ေနာက္တစ္ေခါက္ ထပ္ၿပီး အေမးခံရႏိုင္ေသးတယ္။ ဒါေပမဲ့ ေၾကာက္စရာမလိုဘူး။ ဒီအတိုင္း အဲ့ဒီတုန္းက ၾကံဳခဲ့ရတဲ့အေျခအေနကို အမွန္အတိုင္း ေျပာျပလိုက္ရင္ ရၿပီ"
ဤကဲ့သို႔ေသာ စကားအသြားအလာမ်ိဳးမွာ အျမဲေအးစက္ေနတတ္သည့္ ခင္ပြန္းျဖစ္သူထံမွ ႐ွား႐ွားပါပါး ျဖစ္တည္လာေသာ ႏွစ္သိမ့္စကားမ်ိဳး ျဖစ္ဟန္တူ၏။ အတိတ္အခါက ခ်န္းက်င္းသည္ တစ္ဖက္လူဆီမွ ၎စကားမ်ိဳး ၾကားရရန္ တစ္ခါမွ်ပင္ စိတ္မကူးခဲ့မိပါေခ်။ သို႔ေသာ္ ယခု လက္ေတြ႔ၾကံဳရေသာအခါတြင္ သူသည္ ေသးေသးေလးမွ် မအံ့ဩမိပါဘဲ ေက်ာက္႐ုပ္ကဲ့သို႔ ၿငိမ္ေနခဲ့မိေလ၏။ ခ်န္းက်င္းက စိတ္မပါတပါႏွင့္ "အင္း" ဟူေသာ အသံခပ္ဖြဖြ ျပဳၿပီးေနာက္ ႐ုတ္တရက္ အေမးစကားဆိုသည္။
"အဲ့ဒါဆိုရင္ အဲ့ဒီတုန္းက ကိုင္မီရားနဲ႔ ေျပာျဖစ္ခဲ့သမွ် စကားတိုင္းကို...အမွန္အတိုင္း ေျပာျပေပးရမွာလား?"
လုေထာင္၏ေက်ာျပင္မွာ အေနရခက္စြာျဖင့္ အနည္းငယ္ ေတာင့္တင္းသြားရ၏။ သို႔ေသာ္ တစ္ဖက္လူႏွင့္ မ်က္ႏွာခ်င္းဆိုင္ေနသည့္ သူ၏မ်က္ႏွာထားကမူ မည္သည့္ေျပာင္းလဲမႈမွ် မ႐ွိခဲ့ပါေပ။
"အင္း"
"ကြၽန္ေတာ္ သိပါၿပီ..."
ခ်န္းက်င္းသည္ ေစာင္ထက္တြင္ စြဲက်န္ေနေသာ ကိုယ္သင္းနံ႔အခ်ိဳ႕အား ႐ႈ႐ိႈက္လ်က္ကပင္ ေဘးတစ္ျခမ္းေစာင္း အေနအထားျဖင့္ အိပ္ရာထက္သို႔ ေကြးေကြးေလး လဲေလ်ာင္းလိုက္၏။ သူ၏ပံုစံမွာ တစ္ခုခုကို ေၾကာက္ရြံ႔ေနဟန္ေပါက္ကာ လြန္စြာမွ သနားခ်င့္စဖြယ္ေကာင္းလ်က္။
လုေထာင္သည္လည္း တစ္ဖက္လူကို တစ္ခဏမွ် ၿငိမ္သက္စြာ ေငးၾကည့္ေနခဲ့မိသည္ပင္။ ထို႔ေနာက္ သူက ဘာစကားမွ် မဆိုေတာ့ပါဘဲ အျပင္သို႔ ထြက္ခြာရန္ ဟန္ျပင္လိုက္ခ်ိန္တြင္ ခ်န္းက်င္းက ႐ုတ္တရက္ စကားဆိုလာခဲ့ေပ၏၊
"တကယ္ေတာ့ ကြၽန္ေတာ္ ေနာက္ဆံုးစကားတစ္ခြန္းကို ေမ့ေနခဲ့မိတာ.."
သူ၏အသံသည္ကား လြန္စြာမွ တိုးလ်ေနသည့္တိုင္ အိပ္ခန္းတစ္ခုလံုးမွာ အပ္က်သံမၾကားရေအာင္အထိ တိတ္ဆိတ္ေနသည့္အတြက္ လုေထာင္သည္ တစ္ဖက္လူ၏ေျပာစကားမ်ားအား တစ္လံုးမက်န္ ျပတ္ျပတ္သားသား ၾကားႏိုင္ခဲ့ေလသည္။ လုေထာင္က သူ႔ဘက္သို႔ ခ်က္ခ်င္းလွည့္ၾကည့္လိုက္ကာ အေလးအနက္ ေမး၏။
"ေနာက္ဆံုးေျပာသြားတာက ဘာတဲ့လဲ"
ခ်န္းက်င္းက ျခံဳေစာင္အား သူ၏ပါးျပင္မ်ားႏွင့္ ပြတ္သပ္လ်က္ ခပ္ဖြဖြ ျပန္ေျဖသည္။
"ကြၽန္ေတာ္ ငိုရင္ အရမ္းလွတယ္တဲ့..."
ခ်န္းက်င္းသည္ကား တကယ့္လက္ေတြ႔မွာလည္း ငိုေနခဲ့ျခင္း ျဖစ္ေပ၏။ လုေထာင္သည္လည္း တစ္ဖက္လူငိုရသည့္ အေၾကာင္းအရင္းအား အလိုအေလ်ာက္ ရိပ္မိသည္။ မိမိ၏ဇနီးသည္က သူမဟုတ္ေသာ အျခားလူအတြက္ ဝမ္းနည္းေနေၾကာင္း ေတြးမိမိခ်င္းပင္ သူ၏ႏွလံုးသားအတြင္း၌ လြန္စြာမွ ျပင္းထန္ေသာ ခ်ဥ္စုပ္စုပ္ အေငြ႔အသက္မ်ားစြာက ဖံုးလႊမ္းလာသျဖင့္ လုေထာင္မွာ မိမိကိုယ္ကိုပင္ အံ့ဩမိသြားရေလ၏။ သို႔ေသာ္ ဤအႀကိမ္၌မူ သူသည္ ၎ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း မ႐ွိခဲ့ပါေပ။
လုေထာင္သည္ အခန္းထဲမွ ထြက္သြားရန္ အစီအစဥ္ကို လက္ေလွ်ာ့လိုက္၍ ခ်န္းက်င္းလဲေလ်ာင္းရာ အိပ္ရာဆီသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေလွ်ာက္လာခဲ့၏။ ထို႔ေနာက္ သူက ခ်န္းက်င္း၏အေ႐ွ႕ဘက္၌ မတ္တပ္ရပ္လိုက္ရင္း ေလသံဖြဖြေလးျဖင့္ အေမးဆိုလာခဲ့သည္။
"အဲ့ဒီေတာ့ မင္းက သူ႔ကိုပိုၿပီး သေဘာက်တာလား?"
ခ်န္းက်င္ဆီမွ မည္သည့္တံု႔ျပန္မႈမွ် ႐ွိမလာခဲ့ပါေခ်။ သူသည္ကား ေစာင္အတြင္း၌ မ်က္ႏွာတစ္ျပင္လံုးကို ျမႇဳပ္ထားကာ ပုခံုးသားမ်ား တသိမ့္သိမ့္ တုန္သည္အထိ တိတ္တဆိတ္ ငိုေႂကြးေနခဲ့ေပ၏။
တစ္ဖက္လူက မည္သူ႔အတြက္ ငိုေနေၾကာင္း ေတြးမိေသာအခါ လုေထာင္သည္ အေတာ္ေလး စိတ္မသက္မသာ ျဖစ္သြားရသည္။ သူ႔အေနျဖင့္ ၎ဆက္ဆံေရးအား အတတ္ႏိုင္ဆံုး ျမန္ျမန္ အဆင္ေျပေသာ အဆင့္တစ္ခုသို႔ ေရာက္ရန္ ေမွ်ာ္လင့္ထားၿပီး ျဖစ္သည့္တိုင္ ယခုကဲ့သို႔ တျခားတစ္ေယာက္ႏွင့္ မွ်ေဝကာ ခ်စ္ေနရေၾကာင္း ေတြးမိေသာအခါတြင္မူ လြန္စြာမွ ေဒါသထြက္သြားမိေလ၏။
တစ္ခဏမွ်ၾကာၿပီးေနာက္တြင္ လုေထာင္က မ်က္ေမွာင္ၾကဳတ္လ်က္ တစ္ဖက္မွ ခ်န္းက်င္းအား ထိေတြ႔ရန္ ဟန္ျပင္လာခဲ့သည္။ သို႔ေသာ္ ထိုအခ်ိန္မွာပင္ သူ၏သူငယ္အိမ္မ်ားက ႐ုတ္တရက္ နက္ေမွာင္သြားရ၍ ျပင္းထန္ေသာ စိတ္စြမ္းအင္တစ္ခုက သူႏွင့္ အားခ်င္းယွဥ္ရန္ ႀကိဳးစားလာခဲ့ေလ၏။ လုေထာင္သည္ ၎အရာကို ဖိႏွိပ္၍ ခႏၶာကိုယ္အား ထိန္းခ်ဳပ္ရန္ ဆႏၵ႐ွိသည့္တိုင္ မသိစိတ္အေလ်ာက္ တစ္ဖက္အရာကို အေလ်ာ့ေပးလိုက္မိသည္။ သူသည္ကား တစ္ဖက္မွ ၿပိဳင္ဘက္ထက္ မ်ားစြာ သန္မာေနျခင္း ျဖစ္သည့္တိုင္ ယခုအခ်ိန္ထိ ႐ွံုးနိမ့္ေနဆဲပါပင္။
ခ်န္းက်င္းကမူ လုေထာင္ သူ႔အား ဆိုလာခဲ့သည့္ ေနာက္ဆံုးေမးခြန္းကို မၾကားႏိုင္ခဲ့ပါေခ်။ သူသည္ သူ၏ကိုယ္ပိုင္ကမာၻထဲတြင္သာ အျပည့္အဝ နစ္ျမဳပ္ေနခဲ့၍ ပတ္ဝန္းက်င္မွ ေျပာင္းလဲမႈမ်ားကို လ်စ္လ်ဴ႐ႈထားမိ၏။ ယခု ျဖစ္ေပၚေနေသာ ခံစားခ်က္အလံုးစံုမွာ လြန္စြာမွ ဝမ္းနည္းဖြယ္ေကာင္း၍ ခံရခက္ေစပါသျဖင့္ ခ်န္းက်င္းအေနျဖင့္ ငိုေႂကြးရန္သာ တတ္ႏိုင္ခဲ့ေလသည္။
သူ႔ကို စိတ္ရင္းအတိုင္း ခ်စ္ခင္ေပးခဲ့ဖူးသည့္ လူသည္ကား တကယ့္လုေထာင္ ဟုတ္မေနခဲ့သည့္အတြက္ သူ႔အေနျဖင့္ ဘယ္ေသာအခါမွ ခင္ပြန္းျဖစ္သူ၏အခ်စ္ကို ရႏိုင္လိမ့္မည္ မဟုတ္ပါေပ။
ထို႔အျပင္ သူ႔ကို ခ်စ္ေပးေသာ အျခားလုေထာင္မွာလည္း မၾကာခင္ ေပ်ာက္ကြယ္သြားရေတာ့မည္။
သူ႔အား နမ္း႐ိႈက္တတ္ေသာ၊ ေပြ႔ဖက္တတ္ေသာ၊ သူ၏ပါးျပင္မ်ားအား အျပံဳးေလးတစ္ပြင့္ႏွင့္ အသာအယာ ဖ်စ္ညႇစ္တတ္ေသာ၊ သူႏွင့္အတူတကြ ခရီးထြက္ေပးကာ အေဖာ္ျပဳခဲ့ေပးပါေသာ အၾကင္သူသည္ကား အၿပီးတိုင္ ေပ်ာက္ကြယ္သြားရေတာ့ေလမည္။ ထို႔အျပင္ ၎ေပ်ာက္ကြယ္မႈမ်ိဳးမွာ မည္သည့္ေျခရာလက္ရာမွ် မက်န္ေစသည္အထိ ေပ်ာက္ကြယ္သြားမည့္ အဆံုးသတ္ျခင္း တစ္မ်ိဳးလည္း ျဖစ္ေနျပန္ေသး၏။
ခ်န္းက်င္း၏မ်က္အိမ္မွ စီးက်လာသည့္ မ်က္ရည္မ်ားမွာ တာ႐ိုးမွ က်ိဳးက်လာေသာ ေရမ်ားသဖြယ္ မ်ားျပားလွသျဖင့္ မၾကာမီအတြင္းပင္ မ်က္ႏွာထက္တြင္ ဖံုးကာထားေသာ ေစာင္မွာ စိုရႊဲသြားရေလသည္။ ထို႔ေနာက္ ခ်န္းက်င္းက နွာတ႐ွံုု႔႐ွံု႔ႏွင့္ ဆက္လက္ငိုေႂကြးရန္ ဟန္ျပင္လိုက္ခ်ိန္တြင္ ေႏြးေထြးေသာ လက္ဖဝါးျပင္ႀကီးတစ္ဖက္က သူ၏လည္ပင္းအေနာက္ဘက္သို႔ ထိေတြ႔လာခဲ့၍ က်န္လက္တစ္ဖက္ကမူ ေစာင္ေအာက္မွ သူ၏မ်က္ႏွာအား ခပ္ဖြဖြ ကိုင္လာခဲ့၍ တစ္ဖက္သို႔ ေမာ္ၾကည့္ေစခဲ့ေပ၏။
မ်က္ရည္မ်ားျဖင့္ စိုရႊဲေနသည့္ ခ်န္းက်င္း၏သူငယ္အိမ္အတြင္းတြင္ ေတာက္ပလြန္းေသာ လုေထာင္၏အျပံဳးတစ္ပြင့္က ေနရာယူလာခဲ့သည္။
ခ်န္းက်င္း၏မ်က္ရည္မ်ားမွာ ႐ုတ္တရက္ဆိုသလို စီးဆင္းမႈ ရပ္တန္႔သြားရ၏။ သူသည္ တစ္ဖက္မွ ခင္ပြန္းျဖစ္သူအား အနည္းငယ္ မေသခ်ာဟန္ျဖင့္ အတန္ၾကာမွ် ေၾကာင္ၾကည့္ေနခဲ့မိသည္။ သို႔ေသာ္ အတြင္းဘက္မွ ႏွလံုးခုန္ႏႈန္းကမူ အျပင္ဘက္မွ တံု႔ျပန္မႈႏွင့္မတူပါဘဲ လြန္စြာမွ ပ်ာယာခတ္လ်က္။
မူလလုေထာင္သည္ကား ဘယ္ေသာအခါမွ် သူ႔ကို ေခ်ာ့ျမဴရန္အတြက္ ဤကဲ့သို႔ အေယာင္ေဆာင္သည့္ အျပဳအမူမ်ိဳး လုပ္လိမ့္မည္ မဟုတ္ပါေခ်။ အမွန္အတိုင္း ဆိုရလွ်င္ ထိုသူသည္ကား ဘယ္တုန္းကမွ် သူ႔ကို ေခ်ာ့ျမဴရန္ပင္ စိတ္ကူးမရွိဖူးခဲ့။ ထို႔ေၾကာင့္ ယခုသူ႔ေ႐ွ႕၌ ႐ွိေနသည့္ လူမွာ သူ႔ကို ခ်စ္ေပးသည့္ လုေထာင္သာ ျဖစ္လိမ့္ေလမည္!
လုေထာင္က ခ်န္းက်င္း၏ပါးျပင္တစ္ဖက္အား ထံုးစံအတိုင္း ခပ္ဖြဖြ ဖ်စ္ညႇစ္လာခဲ့၍ ထို႔ေနာက္ သူ၏လွ်ာဖ်ားႏွင့္ မ်က္ရည္စမ်ားကို လ်က္ယူလာရင္း အသံခပ္အုပ္အုပ္ျဖင့္ စကားဆိုေလ၏။
"ဘာလို႔ငိုေနရတာလဲ ေဘဘီရယ္"
အတန္ၾကာမွ် အံ့အားသင့္သြားၿပီးေနာက္မွသာ ခ်န္းက်င္းထံမွ တံု႔ျပန္မႈ ေပၚလာရျခင္းပါပင္။ ခ်န္းက်င္း၏ ကပ်ာကယာႏွင့္ သူ၏လက္ႏွစ္ဖက္ကို ဆန္႔ထုတ္လိုက္၍ တစ္ဖက္လူ၏လည္တိုင္အား တင္းၾကပ္စြာ ဖက္တြယ္လာပံုမွာ ကိုယ္ထည္ႏွစ္ခုကို အတူတကြ ေပါင္းစည္းသြားေစခ်င္သည့္ႏွယ္။ ထို႔အျပင္ မ်က္ရည္မ်ားစြာကလည္း ခ်န္းက်င္း၏မ်က္ဝန္းအိမ္မ်ားမွ ေနာက္ထပ္တစ္ႀကိမ္ အဆတ္မျပတ္ စီးက်လာရျပန္၏။
ခ်န္းက်င္းက ဝမ္းသာအားရ ေရရြတ္လာခဲ့သည္။
"ဒါလင္..ဒါလင္ပဲ!!"
၎စကားအားၾကားၾကားခ်င္း လုေထာင္သည္ အနည္းငယ္မွ် အံ့ဩသြားရ၍ ထို႔ေနာက္ သူ၏မ်က္ႏွာေပၚမွ အျပံဳးေလးမွာလည္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားရေလ၏။
"သိၿပီးသြားၿပီေပါ့?"
ခ်န္းက်င္းက ႏွာတစ္ခ်က္မွ် ႐ွံု႔လိုက္၍ "အင္း" ဟု မသဲမကြဲ အသံျပဳလာခဲ့၏။ သူက လုေထာင္၏လည္တိုင္ထက္၌ သူ၏မ်က္ႏွာျပင္ကို နစ္ျမဳပ္ထားရင္း စကားဆိုသည္။
"တကယ္ေတာ့ ကြၽန္ေတာ္ အဲ့ဒီအေၾကာင္းကို လံုးဝမသိခ်င္ဘူး။ ဘာလို႔လဲ ဘာလို႔ ဒါလင္က ေပ်ာက္ကြယ္သြားရမွာလဲ!? ကြၽန္ေတာ္ ဒါလင့္ကို ေပ်ာက္မသြားေစခ်င္ဘူး ..ဘာလို႔လဲ!?"
လုေထာင္သည္ အျပံဳးတစ္ပြင့္အား ခက္ခက္ခဲခဲ ပန္ဆင္လိုက္ရင္း ခ်န္းက်င္း၏ပါးျပင္ထက္သို႔ ခပ္ဖြဖြ အနမ္းေႁခြကာ ဆိုလာေလ၏။
"ဘာလို႔ဆို ကိုယ္က တည္႐ွိမေနသင့္တဲ့ လူမို႔လို႔ေပါ့"
သူကိုယ္တိုင္သည္လည္း ၎အေၾကာင္းအား စသိခါစ၌ အေတာ္ေလး ေ႐ွာ့ခ္ရသြားခဲ့မိ၍ တစ္ကိုယ္ေကာင္းဆန္ေသာ အေတြးမ်ိဳး ေတြးခဲ့မိဖူးသည့္တိုင္ ယခုအခ်ိန္၌မူ အားလံုးကို လက္ေလွ်ာ့ရန္သာ ဆံုးျဖတ္ခဲ့ရေပသည္။
"ကိုယ္က သူ႔ခႏၶာကိုယ္ရဲ႕ အစိတ္အပိုင္းတစ္ခုသာသာပဲမို႔ တကယ့္လူလို တည္႐ွိမေနသင့္ဘူး။ ေနာက္ၿပီး ကိုယ္က အဆိပ္ရည္ရဲ႕ေက်းဇူးေၾကာင့္ တိုက္တိုက္ဆိုင္ဆိုင္ ေပၚလာရတဲ့ စ႐ိုက္ကြဲသက္သက္ပဲေလ။ ဒါေၾကာင့္ အရမ္း ဝမ္းမနည္းပါနဲ႔ ေဘဘီရယ္.."
"ဒါလင္နဲ႔ သူနဲ႔က မတူဘူး.."
ခ်န္းက်င္းသည္ကား အေစာပိုင္းကထက္ပင္ ပို၍ ဝမ္းနည္းစြာ ငိုေႂကြးမိေလေတာ့၏။
"သူက ကြၽန္ေတာ့္ကို မခ်စ္ဘူး! အဲ့ဒါေၾကာင့္ ဒါလင္နဲ႔ လံုးဝမတူဘူးလို႔..ဟင့္ ..မေပ်ာက္ကြယ္သြားပါနဲ႔.."
လုေထာင္က ကူကယ္ရာမဲ့ဟန္ ျပံဳးလိုက္ရင္း ခ်န္းက်င္း၏မ်က္ႏွာအား သူ၏လက္တစ္ဖက္ျဖင့္ ထိကိုင္လာကာ တစ္႐ွဴးစေလးတစ္စႏွင့္ မ်က္ရည္မ်ားကို အသာအယာ သုတ္ေပးလာခဲ့၏။ ထို႔ေနာက္ သူက တစ္ဖက္လူ၏မ်က္ဝန္းမ်ားအတြင္းသို႔ ေသခ်ာစိုက္ၾကည့္လိုက္ရင္း စကားဆိုေလသည္။
"ဒါေပမဲ့ ကိုယ္တို႔မွာက ခႏၶာကိုယ္ တစ္ခုတည္းပဲ ႐ွိတာေလ။ ေဘဘီက ကိုယ့္ကိုပဲ အပိုင္ယူေစခ်င္တာလား? တကယ္လို႔ သူက အၿပီးတိုင္ ေပ်ာက္ကြယ္သြားရမယ္ဆိုရင္ေရာ..လက္ခံႏိုင္လို႔လား?"
ခ်န္းက်င္းသည္ ၎စကားမ်ားေၾကာင့္ တစ္ခဏမွ် ေၾကာင္သြားရ၍ မသိစိတ္အေလ်ာက္ ေခါင္းယမ္းျပရန္ ဟန္ျပင္လိုက္မိသည့္တိုင္ ၎လႈပ္႐ွားမႈကို အလ်င္အျမန္ ထိန္းခ်ဳပ္ႏိုင္ခဲ့ေလသည္။
မည္သို႔ပင္ဆိုေစကာမူ လုေထာင္သည္ကား သူ၏စိတ္ရင္းအမွန္ကို ျမင္ႏိုင္သြားခဲ့ၿပီးၿပီပင္။ သူသည္ ခပ္ဖြဖြ ျပံဳးလိုက္၍ ခ်န္းက်င္း၏ႏႈတ္ခမ္းအစံုကို နမ္း႐ိႈက္လာကာ စကားဆို၏။
"အဲ့ဒါေၾကာင့္ ဝမ္းနည္းမေနပါနဲ႔ေတာ့။ ဒီတိုင္း ကိုယ္နဲ႔အတူတူ ရက္နည္းနည္းေလာက္ထပ္ၿပီး ေပ်ာ္ေပ်ာ္ေနၾကရေအာင္ပါ"
ခ်န္းက်င္းက အနည္းငယ္ အံ့ဩသြားဟန္ျဖင့္ အလန္႔တၾကား ဆိုသည္။
"သူက ဒါလင့္ကို အၿပီးတိုင္ေပ်ာက္သြားေအာင္ လုပ္ပစ္ေတာ့မွာကို သိရဲ႕လား!? သူ..သူေျပာတယ္ ဒီဆယ္ရက္အတြင္း ခြဲစိတ္မႈလုပ္ေတာ့မွာတဲ့"
"ကိုယ္သိပါတယ္"
ခ်န္းက်င္းကမူ အေတာ္ေလး နားမလည္ႏိုင္ ျဖစ္သြားရ၏။
"ဒါဆို သိရက္နဲ႔ သေဘာတူခဲ့တာေပါ့? ဘာလို႔လဲ ဘာလို႔ သေဘာတူလိုက္ရတာလဲ!? သူနဲ႔ ဒါလင္က နည္းနည္းေလးမွ မတူဘူးေလ..ဘာလို႔ ဒီလို အလြယ္တကူ လက္ခံလိုက္ရတာလဲ။ ေသခ်ာေပါက္ ေနာက္ထပ္ႏွစ္လ ထပ္ေစာင့္ရမွာေပါ့!"
"အဲ့ဒီေလာက္ထိ အခ်ိန္ဆြဲလို႔ မရဘူး။ သူ႔ရဲ႕ ထိန္းခ်ဳပ္ႏိုင္စြမ္းက အခ်ိန္နဲ႔အမွ် ပိုၿပီး အင္အားမ်ားလာၿပီ။ ဒီလိုနဲ႔ ေနာက္ဆံုး ကိုယ္လည္း ဆက္ၿပီး ဒီခႏၶာကိုယ္ကို ထိန္းထားႏိုင္မွာ မဟုတ္ေတာ့ဘူး။ သူက ခြဲစိတ္မႈလုပ္ဖို႔ မေရြးခ်ယ္ခဲ့ရင္ေတာင္ ကိုယ္က အၾကာႀကီိး ႐ွင္သန္ႏိုင္မွာမွ မဟုတ္တာ.."
လုေထာင္က သူ၏ေခါင္းအား လက္ညႇိဳးျဖင့္ ၫႊန္ျပရင္း ဆို၏။
"ကိုယ့္ရဲ႕တည္႐ွိမႈက Zerg ေတြဆီကရတဲ့ အဆိပ္ရည္ေၾကာင့္ ျဖစ္လာရတာေလ။ အဆိပ္ရည္နည္းေလေလ ကိုယ့္ရဲ႕တည္ရွိႏိုင္စြမ္းလည္း နည္းလာရေလပဲ။ ေနာက္ၿပီး သူ႔ရဲ႕ထိန္းခ်ဳပ္ႏိုင္စြမ္းက အရမ္းအားေကာင္းတယ္။ ကိုယ္ဘယ္လိုမွ သူ႔ကို အၿပီးတိုင္ မလႊမ္းမိုးႏိုင္ဘူး။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ျပန္ေကာင္းႏိုင္စြမ္းက ေဒါက္တာထ်န္ ခန္႔မွန္းထားတာထက္ကို ပိုၿပီး ျမန္လာခဲ့တာ.."
သူက ဤမွ်အထိသာ ဆိုခဲ့၍ ခ်န္းက်င္းအား အျပံဳးေလ်ာ့ေလ်ာ့ေလးတစ္ပြင့္ႏွင့္ ၾကည့္လာခဲ့ေလ၏။
"အဲ့ဒါေၾကာင့္ ကိုယ့္ရဲ႕အခ်ိန္ေတြက အရမ္းတန္ဖိုး႐ွိတယ္ေလ။ ေဘဘီ ..ဘာလို႔ ဒီလိုအဖိုးတန္အခ်ိန္ေတြကို အခုလိုမ်ိဳး ဝမ္းနည္းရင္း ျဖဳန္းတီးေနမွာလဲ?"
ဤေန႔ၾကံဳခဲ့ရေသာ အျခင္းအရာမ်ားသည္ကား ခ်န္းက်င္းအား လြန္စြာမွ ေ႐ွာ့ခ္ရေစသည့္အတြက္ သူ႔အေနျဖင့္ စိတ္တည္ၿငိမ္ေစရန္အလို႔ငွါ ခင္ပြန္းျဖစ္သူႏွင့္ႏွီးေႏွာျခင္းကို အလြန္တရာမွ ေတာင့္တေနမိေပသည္။
သို႔မွသာ အခ်င္းခ်င္း ႏႈတ္ဆက္စကားကို ေျပာႏိုင္ရန္အတြက္လည္း အင္အားက်န္လိမ့္မည္။ သည့္အတြက္ ဤအေခါက္ ႏွီးေႏွာျခင္းသည္ကား လြန္စြာမွ ႐ွည္ၾကာ၍ ၎ေနာက္ ျပင္းလည္းျပင္းထန္လိမ့္ေလမည္။
ခ်န္းက်င္းသည္ ဝမ္းခ်ဴျခင္းအမႈမွစ၍ လုေထာင္ကိုသာ အရာရာ ဦးေဆာင္ခြင့္ျပဳထားခဲ့ေလ၏။ သူ႔အေနျဖင့္ ယခုအခ်ိန္၌ မည္သည္ကိုမွ်လည္း ႐ွက္ရြံ႔ျခင္း ႐ွိမေနခဲ့ေတာ့ပါေပ။ သူ၏စိတ္ထဲတြင္ တည္႐ွိေနသည့္ တစ္ခုတည္းေသာဆႏၵမွာ တစ္ဖက္လူအား သူ၏အနားတြင္ ႐ွိေစခ်င္ရံုေလးသာ။
ခ်န္းက်င္း၏ အတြင္းသားမ်ားထဲ၌ ေခ်ာဆီအရည္မ်ားက အျပည့္ျဖစ္ေနခဲ့၍ ဝမ္းဗိုက္ေအာက္ေျခကမူ အနည္းငယ္ ေဖာင္းပြေနကာ အေနာက္ဘက္ အေပါက္ဝသည္ကား အဆို႔တစ္ခုႏွင့္ တင္းၾကပ္စြာ ပိတ္ဆို႔ျခင္း ခံထားရ၏။ သို႔ႏွင့္ ေနာက္ဆံုး ဆယ္မိနစ္မွ်ၾကာၿပီးေနာက္တြင္ ၎အဆို႔မွာ ဖယ္႐ွားခံလိုက္ရ၍ အတြင္းမွ အညစ္အေၾကးအားလံုးမွာလည္း ကင္းစင္သြားရေလသည္။
ဤကဲ့သို႔ အားလံုးသန္႔႐ွင္းၿပီးေသာအခါ ေရခ်ိဳးခန္းထဲ႐ွိ ကိုယ္လံုးေပၚ မွန္ေ႐ွ႕၌ ဒူးေထာက္လ်က္ ေနရာယူေနေသာ ခ်န္းက်င္း၏ပံုရိပ္က ထင္ဟပ္လာခဲ့ရ၏။ သူ၏ကိုယ္ထက္၌ အဝတ္တစ္စမွ် စြဲကပ္မေနခဲ့ေသာေၾကာင့္ ျဖဴေဖြးႏူးညံ့ေသာ အသားအေရကို အထင္းသား ျမင္ေနရသည္။ ထို႔အျပင္ အခ်ိန္ၾကာျမင့္စြာ ငိုထားမိျခင္း၏ေက်းဇူးေၾကာင့္ မ်က္ဝန္းမ်ားမွာလည္း အနည္းငယ္ ဖူးေယာင္ေနေသး၏။ အေနာက္ဘက္မွ သူ၏တင္ပါးႏွစ္ႁမႊာမွာလည္း ခ်စ္စဖြယ္ေကာင္းေအာင္ လံုးဝန္းေန၍ ၎အေပၚမွ တက္တူးစာသားမ်ားကမူ မတူညီစြာ ညႇိဳ႕အားျပင္းလ်က္။ ဤအေနအထားသည္ကား တစ္ဖက္မွ ခင္ပြန္းျဖစ္သူ၏ပံုရိပ္အား ျပတ္ျပတ္သားသား ျမင္ႏိုင္ေသာေၾကာင့္ ခ်န္းက်င္းကမူ ၎ပံုစံမ်ိဳးႏွင့္ ေနသားက်ေနရေလၿပီ။
ထို႔အျပင္ ၎ပံုစံမ်ိဳးအား ယခင္ကလုေထာင္ႏွင့္ ဘယ္တုန္းကမွ် လုပ္ေဆာင္ခဲ့ဖူးျခင္း မ႐ွိေလရာ ခ်န္းက်င္းသည္ တစ္ဖက္လူ၏တည္႐ွိမႈႏွင့္ ပတ္သက္၍လည္း ေသးေသးေလးမွ် သံသယဝင္မေနခဲ့မိပါေတာ့ေခ်။ ဤမနက္က ၾကံဳေတြ႔ခဲ့ရေသာ ကိစၥမ်ားအားလံုးကို အတိတ္တြင္သာ ခ်န္ရစ္ထားခဲ့လိုက္ေတာ့မည္။ ယခုအခ်ိန္၌ သူသည္ကား ခင္ပြန္းျဖစ္သူထံမွ ခ်စ္ခင္မႈကို ေတာင့္တေနသည့္ လက္တြဲေဖာ္ ေကာင္ေလးတစ္ေယာက္သာ ျဖစ္ရေလသည္။
တစ္ဖက္မွ လုေထာင္၏မ်က္ဝန္းမ်ားမွာလည္း လိုအင္ဆႏၵမ်ားႏွင့္ ျပည့္ႏွက္ေနရၿပီး ျဖစ္၏။ လုေထာင္သည္ သူ၏ပါးစပ္အား ဟလိုက္၍ ခ်န္းက်င္း၏တင္ပါးတစ္ဖက္ကို တစ္ခ်က္မွ် ကိုက္ကာ အသံတိုးတိုးႏွင့္ အေမးဆိုသည္။
"အဲ့ဒီကိုင္မီရားက ကိုယ္တို႔ sex လုပ္ေနတာကို ျမင္တယ္လို႔ ေျပာခဲ့တာလား?"
ခ်န္းက်င္းကမူ ၎အေၾကာင္းကို ေျပာျပရန္အတြက္ ယခုအခ်ိန္အထိ မ်က္ႏွာပူေနမိဆဲျဖစ္ေသာေၾကာင့္ အနည္းငယ္ တြန္႔ဆုတ္မိေလ၏။
"အ..အင္း။ ကြၽန္ေတာ္က ဒါလင့္ကိုေတာင္ အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး အျပစ္တင္ေနခဲ့မိတာ။ ေျပာေတာ့ ကြၽန္ေတာ္တို႔ကို ဘယ္သူမွ မျမင္ႏိုင္ဘူးဆိုၿပီး ..ေနာက္ၿပီး အဲ့ဒီတုန္းက လုပ္ျဖစ္ခဲ့မိတာ တကယ္အၾကာႀကီးပဲ။ ႐ွက္လြန္းလို႔ ျပန္ေတာင္မေတြးရဲေတာ့ဘူး"
"ဟမ္ .. အဲ့ဒီတုန္းက ကိုင္မီရားဆိုတဲ့ သက္႐ွိမ်ိဳး ကမာၻမွာ တကယ္႐ွိေနမယ္လို႔ ကိုယ္သိေတာင္မသိခဲ့ေသးဘူး။ အဲ့ဒါနဲ႔ပတ္သက္တဲ့ စမ္းသပ္ခ်က္ေတြအကုန္လံုး က်႐ွံုးခဲ့တယ္လို႔ပဲ ကိုယ္သိထားခဲ့တာ"
ခ်န္းက်င္းကမူ အနည္းငယ္ ဇေဝဇဝါျဖစ္လ်က္။
"ကိုင္မီရားစမ္းသပ္ခ်က္? အဲ့ဒါက ဘယ္လိုမ်ိဳးလဲ"
လုေထာင္က သူ၏တင္ပါးဆံုအား ခပ္ဆတ္ဆတ္ တစ္ခ်က္႐ိုက္လိုက္၍ စိတ္ဆိုးသြားဟန္ျဖင့္ ဆိုလာခဲ့သည္။
"အာရံုမပ်ံ့နဲ႔"
ခ်န္းက်င္း၏မ်က္ႏွာမွာ တမဟုတ္ခ်င္း နီျမန္းသြားရ၏။ ထို႔ေနာက္ သူက ထိုကဲ့သို႔ မဟုတ္ေၾကာင္း ႐ွင္းျပရန္ ဟန္ျပင္လိုက္ခ်ိန္မွာပင္ သူ၏အေနာက္ဘက္ အေပါက္ဝထံသို႔ တစ္စံုတစ္ခုက ထိေတြ႔လာေၾကာင္း ခံစားလိုက္ရေလသည္။ ႏူးညံ့ပူေႏြးေနသည့္ အထိအေတြ႔ေၾကာင့္ ခ်န္းက်င္း၏မ်က္ဝန္းမ်ားမွာ ႐ုတ္တရက္ ျပဴးက်ယ္သြားရ၍ သူငယ္အိမ္မ်ားအတြင္းတြင္လည္း မယံုၾကည္ႏိုင္ေသာ အရိပ္အေယာင္မ်ားက အျပည့္။
"ဒါလင္..ဘာလုပ္.. "
သို႔ေသာ္ ခ်န္းက်င္း၏ေမးခြန္း မဆံုးေသးခင္မွာပင္ တစ္ဖက္မွ ပူေႏြးေႏြး အထိအေတြ႔က သူ၏ခံစားလြယ္ေသာ ေနရာမ်ားထံသို႔ ဆက္လက္လ်က္ယူလာခဲ့သျဖင့္ ခ်န္းက်င္းမွာ အျပင္းအထန္ စိတ္ႂကြလာရေလေတာ့၏။
၎အထိအေတြ႔က မည္သည့္အရာျဖစ္ေၾကာင္း တစ္ဖက္လူအား ေမးစရာမလိုေအာင္ ခ်န္းက်င္းအေနျဖင့္ ေသခ်ာသြားရေလၿပီ။ သို႔သည့္တိုင္ သူသည္ စိတ္လႈပ္ရွားေနမိဆဲ ျဖစ္ေသာေၾကာင့္ အေနာက္ဘက္သို႔ ခက္ခဲစြာ လွည့္ၾကည့္လာခဲ့၍ တင္ပါးေနရာကိုလည္း ဖံုးကာရန္ ႀကိဳးစားမိေပေတာ့၏။
"မ..မလုပ္နဲ႔ ဒါလင္! အ..လွ်ာကို မသံုးနဲ႔.."
မည္သို႔ပင္ဆိုေစကာမူ သူ၏႐ုန္းကန္မႈက အရာမေရာက္ခဲ့ပါေပ။ လုေထာင္သည္ကား သူ၏ခါးတစ္ခြင္လံုးကို အေသအခ်ာ ဆုပ္ကိုင္ထားသျဖင့္ မည္မွ်ပင္ သူက တြန္႔လိမ္ရန္ ႀကိဳးစားပါေစ အတြင္းသားမ်ားထဲတြင္ ေရာက္႐ွိေနပါသည့္ လွ်ာဖ်ားက ထြက္သြားျခင္းမ႐ွိပါဘဲ အရင္အတိုင္း တည္႐ွိေနဆဲသာ။ ထို႔ေၾကာင့္ ခ်န္းက်င္းက ပိုမိုအားျပဳ၍ ႐ုန္းကန္လိုက္ေသာအခါ အေပါက္ဝေနရာမွာ ႐ုတ္တရက္ ထံုသြားရေလ၏။ သို႔ေသာ္ တစ္ဖက္မွ လွ်ာဖ်ားကမူ အေ႐ွ႕ဘက္ အတြင္းလမ္းေၾကာင္းထဲသို႔ ေခ်ာေမြ႔စြာ ဝင္ေရာက္သြားခဲ့ရသည္ပင္။
"အ..မလုပ္"
ခ်န္းက်င္းသည္ ၎အထိအေတြ႔ေၾကာင့္ ထိတ္လန္႔သြားမိသည့္တိုင္ တစ္ဖက္တြင္မူ မသိစိတ္အေလ်ာက္ ေပ်ာ္ရႊင္ေနမိျပန္ေသး၏။ သို႔ႏွင့္ တျဖည္းျဖည္း ျငင္းဆန္ေနေသာ အသံအေနအထားမွသည္ ဆန္႔က်င္ဘက္အရာဆီသို႔ ေျပာင္းလဲသြားရ၍ သူ၏ကိုယ္ထည္တစ္ခုလံုးမွာလည္း ေပ်ာ့ေပ်ာင္းလာခဲ့ရေလသည္။
သူ၏ခင္ပြန္းျဖစ္သူသည္ကား အမွန္တကယ္ သူ၏တင္ပါးမွ အတြင္းသားမ်ားကို လ်က္ယူေနေသာေၾကာင့္ပါပင္!
TN : ေဘဘီတို႔ကို ႀကိဳအသိေပးစရာေလး႐ွိလို႔ပါ T~T ကိုယ္အခုတေလာ မ်က္လံုးနည္းနည္းနာလို႔ ဖုန္းၾကည့္ခ်ိန္ကို ေလွ်ာ့ထားတဲ့အတြက္ အရင္လို အပ္ပုဒိတ္ႏႈန္းနဲ႔ အပ္ေပးႏိုင္ေသးမွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ အပ္ပုဒိတ္ႏႈန္းက ႏွစ္ရက္တစ္ပိုင္း မဟုတ္လည္း သံုးရက္တစ္ပိုင္း ျဖစ္သြားႏိုင္ပါတယ္။ Thank you 💙