Unicode
တိုတောင်းသွားသော အချိန်ကာလများ
ဗဟုသုတနည်းပါးသော ချန်းကျင်းသည်ပင် "အတိတ်မေ့ခြင်း" နှင့် "စရိုက်ကွဲ ဖြစ်ပေါ်ခြင်း" ဟူသော အခြင်းအရာနှစ်ခုက လုံးဝ ကွဲပြားကြောင်း သိ၏။ အတိတ်မေ့ခြင်း ဆိုသည်မှာ မှတ်ဉာဏ်အပိုင်းအစများ ယာယီ ဆုံးရှုံးခြင်းသာဖြစ်၍ စရိုက်ကွဲ ဟူသည်ကား ယေဘုယျအားဖြင့် အခြားသော လူတစ်ယောက် ဖြစ်ပေါ်လာခြင်း ဟုခေါ်ဆိုနိုင်လေသည်။ အကြမ်းဖျင်း ရှင်းပြရမည်ဆိုလျှင် ၎င်းမှာ ခန္ဓာကိုယ်တစ်ခုတည်းကို ဝိညာဉ်နှစ်ခုက မျှဝေသုံးစွဲနေသည့်အတိုင်းပင်။
ချန်းကျင်း၏တုံ့ပြန်မှုက လွန်စွာမှ ပြင်းထန်သောကြောင့် သူ့အနေဖြင့် အကြီးအကျယ် ထိတ်လန့်သွားမည် ဖြစ်ကြောင်း တစ်ဖက်မှ ဗိုလ်ချုပ်ကြီးမော်စီသည်လည်း နားလည်၏။ ထို့ကြောင့် သူက ချန်းကျင်းအား နှစ်သိမ့်စကားဆိုရန် ဟန်ပြင်လိုက်ချိန်တွင် လုထောင်က အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ ထိုအခါ ဗိုလ်ချုပ်ကြီး မော်စီသည် အလိုက်သိစွာဖြင့် ထိုင်ရာမှ အလျင်အမြန် မတ်တပ်ရပ်လိုက်၍ သူ့အား ပြုံးပြလျက် စကားဆိုလာ၏။
"လုထောင် ၊ လာ..မင်းကပဲ ရှောင်ချန်းကျင်းကို အသေအချာ ရှင်းပြပေးလိုက်ပါဦး။ ကိစ္စရှိလို့ ငါ အရင် သွားနှင့်တော့မယ်"
လုထောင်သည် ဗိုလ်ချုပ်ကြီး မော်စီအား စစ်တပ်စည်းမျဉ်းအရ ရိုသေစွာ အလေးပြုလိုက်သည်။ သို့နှင့် တစ်ဖက်လူက အခန်းအပြင်သို့ အပြည့်အဝ ထွက်ခွာသွားသည်အထိ စောင့်ပြီးနောက်မှသာ သူသည် ဇနီးဖြစ်သူရှိရာ ဘက်သို့လှည့်လာ၍ ကြည့်မိလေတော့၏။
တစ်ဖက်မှ ချန်းကျင်းမှာလည်း အလားတူစွာ သူ့ကို မော့ကြည့်လာခဲ့မိသည်ပင်။
မျက်ဝန်းအတွင်းမှ ချစ်ခင်တွယ်တာသည့် အငွေ့အသက်များမှာလည်း ယခုအချိန်၌ အပြီးတိုင် ပျောက်ကွယ်သွားရပြီဖြစ်ကာ ကျန်ရှိနေသည်ဟူ၍ ထိတ်လန့်အံ့ဩမှုနှင့် လက်သင့်မခံနိုင်သော အရိပ်အယောင်များသာ။ ၎င်းအမှန်တရားအား ကြားပြီးနောက်တွင် ချန်းကျင်း၏စိတ်ထဲ၌ ကိန်းအောင်းနေခဲ့ပါသော တစ်,ရာခိုင်နှုန်းမျှသာ ရှိသည့် မျှော်လင့်ချက်လေးမှာလည်း တစ်စစီ ကြေမွသွားရလေပြီ။
မှတ်ဉာဏ်များပျောက်ဆုံးနေသည့် ခင်ပွန်းဖြစ်သူသည် သူ့အပေါ် လွန်စွာမှ ကောင်းပေး၍ ချစ်ခင်ကြင်နာပေးခဲ့သည်။ ချန်းကျင်း၏အမြင်၌မူ တစ်ဖက်လူက မည်မျှပင် အတိတ်နှင့်ခြားနားပါစေ လူတစ်ယောက်တည်းသာ ဖြစ်သောကြောင့် အတိတ်ကခင်ပွန်းဖြစ်သူ အနေနှင့်လည်း သူ့အပေါ် ခံစားချက် အနည်းငယ်မျှ ရှိခဲ့လိမ့်မည်ဟု အစရှိသည်ဖြင့် အကောင်းဘက်မှတွေးကာ ယုံကြည်ထားခဲ့မိခြင်း ဖြစ်၏။
ထို့ကြောင့် ချန်းကျင်းသည် တစ်ဖက်လူ မှတ်ဉာဏ်များပြန်ရလာပြီးနောက်တွင်လည်း သူ့အတွက် အခွင့်အရေးရှိဦးမည်ဟု ထင်ခဲ့မိသေးသည်။ အမှန်အတိုင်းဆိုရလျှင် သူသည်ကား ယခုအချိန်ထိ ထွက်ခွာသွားရန်အတွက် တွန့်ဆုတ်နေမိဆဲပါပင်။
အတူရှိနေစဉ်အခါက ခံစားခဲ့ရသည့် ချိုမြိန်မှုများမှာ သူ့အတွက် ကောင်းချီးပေးခံရသည့် အိပ်မက်များပမာ။ ချန်းကျင်းသည် မိမိတို့နှစ်ဦးအနေဖြင့် ဤကဲ့သို့ သာယာဖွယ် အခြေအနေမျိုးနှင့် ခန့်မှန်းသည့်ရက်ကျော်သည်အထိ အတူတူရှိနေနိုင်လိမ့်မည်ဟုပင် ထင်ခဲ့မိလေ၏။ သို့သော် ၎င်းက မည်သို့မျှ မဖြစ်နိုင်ပါကြောင်း ယခုအချိန်တွင် သူ ကောင်းစွာ နားလည်သွားရလေပြီ။
မှတ်ဉာဏ်များပျောက်ဆုံးနေသည့် လုထောင်က သူ့အပေါ် ရုတ်တရက် ကြင်နာပေး၍ ချစ်ခင်ပေးခြင်းမှာ တစ်ဖက်လူသည်ကား တကယ့် လုထောင် ဟုတ်မနေခဲ့သောကြောင့်ပင်။
ချန်းကျင်းမှာ ထိုကဲ့သို့ တွေးရင်း လွန်စွာမှ နာကျင်မိပါသဖြင့် မသိစိတ်အလျောက် နှလုံးသားနေရာအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်မိလေ၏။ သို့သော် သူက မည်မျှပင် တင်းကြပ်စွာ ဖိကပ်နေခဲ့ပါစေ တစ်ဖက်မှ နာကျင်မှုသည်ကား ပျောက်ပျက်၍ မသွားခဲ့ပါပေ။ ထိုအစား အဆုံး၌ သူ၏မျက်နှာပြင်ကသာ လူသေကောင်ကဲ့သို့ ဖြူဖျော့သွားခဲ့ရလေသည်။
ချန်းကျင်းသည် မိမိကိုယ်ကို အားတင်း၍ တဖြည်းဖြည်း မတ်တပ်ရပ်ရန် ကြိုးစားလာခဲ့၏။ တုန်ရီနေသော နှုတ်ခမ်းလွှာများက နှစ်ကြိမ်မျှ ခပ်ဖွဖွ လှုပ်ခတ်ပြီးနောက်တွင် သူသည် မနေနိုင်ပါဘဲ စကားစဆိုမိလေတော့သည်။
"ခင်ဗျားက အရင်လူ..."
"မင်းတို့နှစ်ယောက် အတူရှိခဲ့တဲ့ အချိန်တုန်းက ကိစ္စတွေကို ကိုယ်မမှတ်မိဘူး"
လုထောင်က ချန်းကျင်း၏စကားမဆုံးခင်မှာပင် ရုတ်တရက် ဖြတ်ဆိုလာခဲ့၏။ သူ၏အသံသည်ကား အရင်အတိုင်း အေးစက်ကာ စိတ်ဝင်စားမှု ကင်းမဲ့နေခဲ့၍ မျက်နှာပြင်မှာလည်း မည်သည့်ခံစားချက်မျှ ရှိမနေခဲ့။ ထိုကဲ့သို့သော မျက်နှာပိုင်ရှင်ဆီမှ တောက်ပလွန်းသည့် အပြုံးတစ်ပွင့်က ဘယ်သောအခါမျှ ဖြစ်တည်လာနိုင်လိမ့်မည် မဟုတ်ပါချေ။
"အဲ့ဒါကြောင့်မို့ အရမ်းကြီး အာရုံစိုက်နေစရာ မလိုဘူး"
ရင်းနှီးသောခံစားချက်အား တစ်ဖန်ပြန်ခံစားရပြီးနောက်တွင် ချန်းကျင်းသည်လည်း လက်ရှိအခြေအနေကို ကောင်းစွာ နားလည်သွားရလေပြီ။ သူသည် တစ်ဖက်သို့ တဖြေးဖြေး အကြည့်လွှဲလိုက်၍ အတန်ကြာပြီးနောက်မှ တိုးညှင်းစွာ ရေရွတ်လာခဲ့၏။ သူ၏နှလုံးသားတစ်ခုလုံးကမူ ရုတ်တရက် တစ်ခုခုကို ဆုံးရှုံးသွားရသည့်နှယ် လစ်ဟာလျက်။
"ကျွန်တော် မလုပ်ပါဘူး.."
လုထောင်က ဆို၏။
"အိမ်ပြန်တော့"
ချန်းကျင်းသည် မိမိအရှေ့မှ စားပွဲခုံကို အားပြုလျက် မိမိ၏ခန္ဓာကိုယ်အား ဟန်ချက်မပျက်အောင် ထိန်းထားခဲ့ရ၏။ လုထောင်၏အနောက်မှ လမ်းလျှောက်လိုက်လာသောအခါ သူ၏နှလုံးသားအတွင်းမှ နာကျင်မှုမှာ ကွယ်ပျောက်သွားရပြီး ဖြစ်သည်။ သို့သော် သူ၏ခြေလှမ်းများကမူ အားနည်းနေသူတစ်ယောက်ကဲ့သို့ နှေးကွေးနေဆဲပါပင်။ ၎င်းမှာ အစောပိုင်းက ကြားခဲ့ရပါသော အမှန်တရားကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။ သို့မဟုတ်လည်း ၎င်း၏အရှေ့က စစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်၍ ယခုအချိန်ထိ အကြောက်မပြေသေးသောကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။
တစ်ဖက်မှ လုထောင်သည်ကား ချန်းကျင်းအား လှည့်မကြည့်ပါဘဲ ရှေ့သို့သာ ရှေးရှုနေသည့်တိုင် နှစ်ဦးသား၏ကြားမှ အကွာအဝေးမှာ အမြဲတမ်း ၃ မီတာခန့်သာ ရှိနေခဲ့ရပေ၏။ အကြောင်းမှာ ခင်ပွန်းဖြစ်သူကလည်း သူ့နည်းတူ ဖြေးညင်းစွာ စောင့်၍ လျှောက်ပေးနေသောကြောင့်ပါပင်။
စစ်တပ်ဌာနချုပ်သည် အင်ပါယာကမ္ဘာ၌ လုံခြုံရေးအတင်းကြပ်ဆုံးသော နေရာဖြစ်သဖြင့် ချန်းကျင်းသည် ၎င်းဌာနအတွင်းသို့ ဝင်လာခဲ့ချိန်က ကြောက်ရွံ့နေခဲ့မိသည့်တိုင် ယခု ပြန်သောအခါ၌မူ သူ၏နှလုံးသားထဲ၌ မည်သည့်ခံစားချက်မျှ ရှိမနေခဲ့တော့ပါပေ။ သူသည် မိမိ၏အရှေ့မှ လုထောင်သွားရာနောက်ကို လိုက်ပါရန်သာ သိခဲ့သည်။ သို့နှင့် အဆောက်အဦးများစွာအား ဖြတ်ကျော်လာခဲ့ပြီးနောက်တွင် တစ်နေရာ၌ အာကာသယာဉ်တစ်စီးနှင့် အသင့်စောင့်ဆိုင်းနေသော ဖေလီ့အား တွေ့လိုက်ရလေတော့၏။
ဤအကြိမ် မိမိအားအိမ်ပြန်လိုက်ပို့ပေးမည့် သူမှာလည်း ထုံးစံအတိုင်း ဖေလီသာဖြစ်လိမ့်မည်ဟု ချန်းကျင်းတွေးမိသည်။ သို့သော် ယခုအကြိမ်၌မူ လုထောင်သည် သူ့ထက်အရင် အာကာသယာဉ်ပေါ်သို့ ဦးစွာ တက်သွားခဲ့လေ၏။ ချန်းကျင်းသည် တစ်ခဏမျှ ကြောင်သွားမိ၍ ထို့နောက် ဘာမျှများများစားစား စဉ်းစားမနေတော့ပါဘဲ ခြေထောက်တစ်ဖက်အား မြှောက်ကာ ယာဉ်ပေါ်သို့ တက်ရန်အပြင်တွင် ရုတ်တရက် ဟန်ချက်ပျက်သွားရသည်။
ချန်းကျင်း၏ကိုယ်ထည်သည် အရှေ့ဘက်သို့ ယိုင်သွားမိ၍ ကြမ်းပြင်နှင့် တိုက်မိလုနီးနီးတွင် တစ်ဖက်လူ၏ လက်မောင်းတစ်ဖက်က သူ၏ခါးအား ပွေ့ဖက်လာ၍ အချိန်မီ ဆွဲတင်ပေးနိုင်ခဲ့လေ၏။ မိမိနှင့်ရင်းနှီးပြီးဖြစ်သော ကိုယ်သင်းနံ့နှင့် ပူနွေးနွေး ဝင်လေထွက်လေအချို့ကို ခံစားမိသည်နှင့်ချက်ချင်း တောင့်တင်းနေသော ချန်းကျင်း၏နှလုံးသားလေးမှာ အနည်းငယ်မျှ ပြေလျော့သွားရသလိုပါပင်။
ထို့အပြင် သူသည် မသိစိတ်အလျောက် ပြုံးပြချင်သော ဆန္ဒများပါ ပေါ်ပေါက်လာရ၍ တစ်ဖက်လူ၏မျက်နှာပြင်ဆီသို့ ရုတ်တရက် မော့ကြည့်လိုက်မိလေ၏။ မြင်လိုက်ရသည့် မြင်ကွင်းသည်ကား သူ့စိတ်ကူးထဲကပုံရိပ်နှင့် တစ်ထပ်တည်းကျမနေခဲ့ပါပေ။ နူးညံ့ညင်သာမှုမရှိသည့် အေးစက်စက်မျက်နှာထားတစ်ခုက သူ၏ဆန္ဒအလုံးစုံအား ဖျက်ခနဲ ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားရကာ ကွေးတက်လုနီးဖြစ်နေသော နှုတ်ခမ်းထောင့်စွန်းများမှာလည်း အနေရခက်စွာ တောင့်တင်းသွားရသည်ပင်။
ထို့နောက် ချန်းကျင်းသည် လုထောင်ကလွှတ်ပေးသည်ကို မစောင့်ပါဘဲ မိမိက ဦးစွာ တစ်ဖက်လူ၏ပွေ့ဖက်မှုအောက်မှ အသာအယာရုန်းထွက်လိုက်၍ အနောက်ဘက်သို့ ခြေလှမ်းနှစ်လှမ်းမျှ ဆုတ်သွားခဲ့လေ၏။ ချန်းကျင်းက သူ၏ခေါင်းအား ငုံ့လိုက်၍ နူးညံ့စွာဆိုလာသည်။
"ကျေးဇူးတင်ပါတယ်"
လုထောင်သည် မသိစိတ်အလျောက် လက်သီးခပ်ဖွဖွ ဆုပ်လိုက်မိ၍ တစ်ဖက်လူ၏ ဖြူဖျော့နေသော ပါးပြင်ထက်သို့ မသိမ်မမှုန် စိုက်ကြည့်လာခဲ့မိ၏။ ထို့နောက် သူက ပုံမှန်အတိုင်း စကားဆိုသည်။
"လမ်းကို သေချာကြည့်သွား"
ချန်းကျင်းကမူ တစ်ဖက်လူ၏သတိပေးချက်အား အလေးအနက်ထား မနေခဲ့ပါချေ။ သူက ဝတ်ကြေတန်းကြေသာ ပြန်ဖြေလာသည်။
"အင်း.."
ပြီးနောက် ချန်းကျင်းက ခုံထက်သို့ ဝင်ထိုင်သောအခါ လုထောင်ကလည်း သူ၏ဘေးဘက်တွင် ဝင်ထိုင်လာလေ၏။ ထိုင်နေသော အနေအထားက ခုံတန်းတစ်တန်းတည်းတွင် ဖြစ်သည့်တိုင် ကိုယ်ထည်နှစ်ခုသည်ကား ထိကပ်မနေခဲ့ပါချေ။ ၎င်းမှာ လက်တွဲဖော်နှစ်ဦး အတူတကွ ထိုင်နေသည်နှင့် မတူပါဘဲ သူစိမ်းနှစ်ယောက် ထိုင်နေသည်နှင့် ပိုတူရသည်ပင်။
သို့သော် ဤအခြင်းအရာမှာ ချန်းကျင်းအတွက် ပုံမှန်သာဖြစ်ရ၏။ လုထောင်သည်ကား အမြဲတမ်း သူ့အပေါ်၌ ထိုကဲ့သို့ အေးတိအေးစက် ဆက်ဆံလေ့ရှိကာ သူ့ဘက်က ချဉ်းကပ်မှုအားလုံးကိုလည်း ပစ်ပစ်ခါခါ ငြင်းဆန်ခဲ့သည်ချည်းပင်။ ဤအခါမျိုးတွင် ချန်းကျင်းအနေဖြင့် လွန်စွာ ဝမ်းနည်းမိသည့်တိုင် တစ်ဖက်လူကိုလည်း စိတ်ရှုပ်စေသည်အထိ မနှောင့်ယှက်ရဲသောကြောင့် လုထောင်၏စိတ်အခြေနေကို ကြည့်၍သာ ဂရုတစိုက် ဆက်ဆံခဲ့ရလေသည်။
သို့သော် အခုချိန်၌မူ သူသည် မည်သည့်ဝမ်းနည်းမှုကိုမျှ မခံစားမိတော့ပါချေ။
ချိုမြိန်ခြင်း၏အရသာကို တစ်ကြိမ် ခံစားမိပြီးသောသူသည် ခါးသက်သောအရသာအား လက်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်။ သို့သော် သူ့အား ၎င်းချိုမြိန်မှုကို ပေးအပ်ခဲ့ပါသည့် အမျိုးသားသည်ကား မူလလူမဟုတ်ကြောင်း သိရသောအခါ ချန်းကျင်းသည် ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိနိုင်အောင်အထိ လမ်းပျောက်သွားရ၏။
ယခုအချိန်၌ သူ့ကို ချိုမြိန်မှု ပေးအပ်တတ်ပါသော ခင်ပွန်းဖြစ်သူအား လိုချင်နေကြောင်းသာ ချန်းကျင်း သိလေသည်။
နောက်ဆုံး၌ အာကာသယာဉ်သည်လည်း တဖြည်းဖြည်း စတင်ထွက်ခွာခဲ့ပေပြီ။ ၎င်းယာဉ်သည်ကား အလိုအလျောက် မောင်းနှစ်စနစ် ဖြစ်သောကြောင့် လိုက်ပါလာသူနှစ်ဦးအနက် မည်သူကမျှ ထိန်းချုပ် မောင်းနှင်ရန် စိတ်မဝင်စားနေခဲ့ပါပေ။ ချန်းကျင်းသည် ဘေးဘက်မှ ပြတင်းပေါက်ထံသို့ မှီလိုက်၍ အပြင်ဘက်ရှုခင်းများကို ငေးကြည့်နေမိ၏။ ထိုအချိန်တွင် တစ်ဖက်မှ လုထောင်ကမူ light screen တစ်ခုနှင့် ထုံးစံအတိုင်း အလုပ်ရှုပ်နေခဲ့လေသည်။
သို့နှင့် ၎င်းအာကာသယာဉ်က သူတို့အိမ်အနီးရှိ လမ်းမနေရာတွင် ရပ်နားသောအခါ လုထောင်သည် သူ၏ light scrren အား ဖျတ်ခနဲ ပိတ်လိုက်၍ အပြင်ဘက်သို့ ဦးစွာ ဆင်းသွားခဲ့ပေ၏။ ဤကဲ့သို့ မြေပြင်ထက်၌ မတုန်မလှုပ် ရပ်နေသည့် လုထောင်၏ပုံစံမှာ တစ်ခုခုကို ပြုမူရန် တွန့်ဆုတ်နေသည့်ပမာ။ သို့သော် ခဏမျှကြာပြီးနောက်တွင် သူသည် တစ်ခုခုကို လျင်မြန်စွာ ဆုံးဖြတ်ပြီးသည့်ပုံဖြင့် အနောက်ဘက်သို့ လှည့်လာကာ ခေါင်းငုံ့လျက် ဆင်းရန် ပြင်နေသော ချန်းကျင်းထံသို့ လက်တစ်ဖက်အား ကမ်းပေးလိုက်မိလေသည်။
လက်တွဲဖော်ဖြစ်သူအား ဤကဲ့သို့ ကူညီသည့် အခြင်းအရာမျိုးကို လုထောင်အနေဖြင့် ဘယ်သောအခါကမျှ လုပ်လေ့လုပ်ထမရှိခဲ့ပါပေ။ အကြောင်းမှာ ၎င်းက မလိုအပ်ဟု သူက ထင်သောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ လက်ထပ်သက်တမ်း အစောပိုင်း ငါးနှစ်အတွင်းတွင် သူသည် တစ်ဖက်လူအား တွေ့ချင်စိတ်လည်း များများစားစား မရှိခဲ့ပါသဖြင့် ထိုကဲ့သို့ ကြင်နာဖွယ် အပြုအမူများ လုပ်ရန်လည်း အကြောင်းမဖန်ခဲ့ပါချေ။ ထို့အပြင် ၎င်းကာလများအတွင်း၌ မိမိတို့နှစ်ဦးသားတွေ့ဖြစ်သော အချိန်တိုင်းမှာ သူ့အတွက် စိတ်ရှုပ်စရာများသာ ဖြစ်ခဲ့ရသေးလေသည်။
သို့သော် ထိုကဲ့သို့ အခန့်မသင့်မှုများမှာ လွန်ခဲ့သော နှစ်နှစ်ခန့် ချန်းကျင်းပြောင်းလဲသွားသည်အား မမြင်မိခင်ချိန်အထိသာ တည်ရှိခဲ့ရပေ၏။ ထို့ကြောင့် လုထောင်သည် မိမိတို့နှစ်ယောက်ကြားမှာ တင်းမာမှုများကို ပြေလျော့စေရန်အတွက် အသေးအမွှားလေးမှစ၍ ဂရုစိုက်သည့်ပုံစံနှင့် ချဉ်းကပ်ရန် စတင်ကြိုးစားခဲ့သည်။ သို့သော် သူ၏ရာထူးအရ တာဝန်ယူစရာ အလုပ်များမှာ ပုံအောနေတတ်သောကြောင့် သူ့အနေဖြင့် တစ်ဖက်လူအပေါ် လုံလုံလောက်လောက် အချိန်မပေးနိုင်ခဲ့ပါချေ။ ထို့အပြင် သူ၏မွေးရာပါ စရိုက်၏ကျေးဇူးကြောင့် ထိုကဲ့သို့ လူတစ်ယောက်အပေါ် ကြင်နာစွာ ဂရုစိုက်ပေးရန်မှာ လွန်စွာမှ ခက်ခဲသော ကိစ္စရပ် ဖြစ်ရလေသည်။ မိမိတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ မူလကတည်းက အက်ကွဲနေပြီး ဖြစ်သဖြင့် ထိုစဉ်အခါက လုထောင်သည် တစ်ဖက်လူအား မည်သည့်ဂရုစိုက်မှုမျိုးကိုမျှ မြင်သာအောင် ပြနိုင်စွမ်း မရှိခဲ့ပါပေ။
ထိုကာလများသည်ကား သူ့အတွက် ရည်ရွယ်ချက်အောင်မြင်ရန် ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသည့် ကာလများ ဖြစ်ခဲ့ရသည်ပင်။
အမှန်အတိုင်းဆိုရလျှင် ထိုစဉ်က လုထောင်သည် သူ၏ဂရုစိုက်မှုများကိုသာ တစ်ဖက်မှ လက်တွဲဖော် တွေ့မြင်သွားပါလျှင် ကျိန်းသေပေါက် အံ့အားသင့်သွား၍ ပျော်ရွှင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိခြင်း ဖြစ်၏။ တစ်ဖက်လူ၏ ပြာလဲ့လဲ့ မျက်ဝန်းများမှာလည်း ယခင်ကထက်ပို၍ ကြည်တောက်နေကာ ပျော်ရွှင်မှုကြောင့် အရောက်တလက်လက်ဖြင့် တောက်ပနေလိမ့်လေမည်။ ထိုအခါတွင် သူ့အနေဖြင့်လည်း ၎င်းအခြေအနေအား အသုံးချ၍ မိမိတို့နှစ်ဦးသား ပို၍ရင်းနှီးစေရန် အခွင့်အရေးရှာ၍ ရသွားလိမ့်မည်ပင်။
သို့သော် ယခုလက်ရှိအချိန်တွင်မူ သူသည် တစ်ဖက်လူဆီမှ လုံးလုံး လျစ်လျူရှုခံထားရလေပြီ။
အမှန်မှာ ချန်းကျင်းသည်ကား ခင်ပွန်းဖြစ်သူကို တမင်သက်သက် လျစ်လျူရှုထားခြင်း မဟုတ်ရပါပေ။ ယခုအချိန်၌ သူသည်လည်း အစောပိုင်းမှ ကြားခဲ့သော အမှန်တရားကြောင့် စိတ်နှင့်လူနှင့်မကပ် ဖြစ်နေရသည်။ ထို့ကြောင့် ပတ်ဝန်းကျင်မှ အရာများအား ဂရုမစိုက်အားပါဘဲ ခြေလှမ်းချရာ အောက်ဘက်ကိုသာ အာရုံစိုက်ထားမိခြင်း ဖြစ်သောကြောင့် တစ်ဖက်လူ၏ပြောင်းလဲမှုကို မတွေ့မိခြင်း ဖြစ်လေ၏။ သူ့အနေဖြင့် အခြားလူတစ်ယောက်၏ရှေ့၌ မှောက်လျက်လဲကာ ထပ်မံ အရှက်မကွဲချင်တော့ပါပေ။
ထို့ကြောင့် ချန်းကျင်းသည် မည်သည့်နေရာကိုမျှ မကြည့်ပါဘဲ အောက်ဘက်ကိုသာ ခေါင်းငိုက်စိုက်ချလျက် ဘေးဘက်မှ လှေကားလက်ရန်းကိုအားပြုကာ တစ်လှမ်းချင်း ဆင်းလာခဲ့လေ၏။ သို့နှင့် နောက်ဆုံး မြေပြင်ထက်သို့ ခြေချမိပြီးသည့်အချိန်အထိ လုထောင်က သူ့အား ကူညီရန် လက်လှမ်းပေးနေကြောင်းကို သတိမထားမိခဲ့ပါချေ။ ချန်းကျင်းသည် ၎င်းပုံစံနှင့် အိမ်တံခါးရှိရာဆီသို့ ခြေနှစ်လှမ်းမျှ လျှောက်မိပြီးနောက်တွင် တစ်ခုခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် အနောက်ဘက်သို့လှည့်ကာ လုထောင်ကို မော့ကြည့်လာခဲ့၏။
သူ၏အကြည့်များကို မြင်သောအခါ တစ်ဖက်မှ လုထောင်၏နှလုံးသားမှာ တမဟုတ်ချင်း နာကျင်သွားရလေသည်။
ချန်းကျင်း၏မျက်ဝန်းများသည်ကား ပုံမှန်ဟုတ်မနေခဲ့ကာ အလင်းရောင်ဟူ၍လည်း တစ်စမျှ ရှိမနေခဲ့။
ချန်းကျင်း၏မျက်လုံးများမှာ လွန်စွာမှ လှပ၏။ အမှန်မှာ သူ၏မျက်နှာတစ်ခုလုံးက လှပရသည်ချည်းပါပင်။ ဖြူဖွေးနူးညံ့သည့် အသားအရေ နှင့် အကောင်းတကာ့ အကောင်းဆုံးသော အသွင်အပြင်များသည်ကား အကြည့်လွှဲရက်စရာမရှိအောင် ကောင်းမွန်ရ၏။ အထူးသဖြင့် မျက်ဝန်းများမှာ အရာအားလုံးထက်ပိုလှ၍ ဆွဲဆောင်မှုရှိသည်။ အမှန်အတိုင်းဆိုရလျှင် လုထောင်သည် ၎င်းမျက်ဝန်းများကို လွန်စွာမှ နှစ်သက်ခဲ့ရသည်။ ၎င်းမျက်ဝန်းများနှင့် တစ်ဖက်လူက သူ့အား ကြည့်လာသောအခိုက်အတန့် တိုင်းသည်ကား သူ့အတွက် အဖိုးမဖြတ်နိုင်သည့် ဆုလာဘ်များပမာ။ အကြောင်းမှာ ၎င်းမျက်ဝန်းများနှင့် အကြည့်ခံလိုက်ရသော အခါတိုင်းတွင် သူ့အနေဖြင့် တစ်စုံတစ်ဦးဆီမှ နှစ်နှစ်ကာကာ အချစ်ခံနေရသော ခံစားချက်မျိုးအား ခံစားနိုင်သောကြောင့်ပါပင်။
သို့သော် ယခုအချိန်၌မူ ၎င်းအလင်းရောင်လေးသည်ကား ပျောက်ရှသွားရလေပြီ။ တစ်ဖက်လူ သူ့ကို ကြည့်နေသည့် အကြည့်မှာ လမ်းသွားလမ်းလာတစ်ယောက်အား အမှတ်တမဲ့ ကြည့်လိုက်သကဲ့သို့ ခံစားချက် ကင်းမဲ့နေခဲ့ပေ၏။
ချန်းကျင်းက တစ်ခဏမျှ ငြိမ်နေပြီနောက် တိုးဖွဖွ သကားဆိုသည်။
"ကျွန်တော့်ကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထိုကဲ့သို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူသည် လုထောင်ထံမှ တုံ့ပြန်စကားအား မစောင့်တော့ပါဘဲ အိမ်ဘက်သို့ ဆက်လက်လျှောက်သွားခဲ့လေ၏။
မူလလုထောင်သည်ကား ဘယ်သောအခါမျှ ဤအိမ်တွင် နလိုစိတ် မရှိခဲ့သည် မဟုတ်ပါလား။ အိမ်ပြန်လာသည့်အခေါက်တိုင်းတွင် တစ်ဖက်လူသည် အမြဲတမ်း ပြန်လာချင်စိတ်မရှိသည့်ပုံသာ ပေါက်နေခဲ့ရသည်။ ယခုဆိုလျှင် လုထောင်အနေဖြင့် ဤအိမ်အတွင်းသို့ ဝင်ချင်စိတ်ပင် ရှိတော့မည် မဟုတ်တော့။ ထို့အပြင် ဝင်ရန်လည်း မလိုအပ်တော့ပါပေ။
ချန်းကျင်းသည် ထိုကဲ့သို့ အတွေးနယ်ချဲ့ရင်းဖြင့် ထုံးစံအတိုင်း ဖြေးညင်းစွာ လမ်းလျှောက်နေခဲ့မိ၏။ သို့သော် ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးချိန်တွင် သူ့အနောက်ဘက်မှ ခြေသံအချို့က ပေါ်ပေါက်လာရလေသည်။ ချန်းကျင်းသည် ၎င်းခြေသံများအား ကြားကြားချင်း တစ်ခဏမျှ ဇဝေဇဝါဖြစ်သွားသည့်တိုင် အနောက်ဘက်ကိုမူ သေးသေးလေးမျှပင် လှည့်မကြည့်ခဲ့ပါချေ။ ထိုအစား သူသည် ထုံးစံအတိုင်း အရှေ့ဘက်ကိုသာ ရှေးရှု၍ အိမ်တံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့မိလေ၏။
စက်ရုပ်လေးချန်းချန်းက တံခါးဝ၌ အဆင်သင့်ရပ်နေကာ သူ့ကိုဆီးကြိုရန် စောင့်နေသည်။ ချန်းကျင်းက အိမ်ထဲသို့ ဝင်သွားပြီးနောက် အပေါ်ထပ် ကုတ်အကျႌချွတ်နေချိန်တွင် လုထောင်က ချန်းချန်းအား နှုတ်ဆက်နေသည်ကို ကြားလိုက်ရလေ၏။
"ဟိုင်း ချန်းချန်း"
ချန်းချန်း၏ချစ်ခင်မှုသည်ကား ထုံးစံအတိုင်း လုထောင်ကိုဆိုလျှင် သခင်ဖြစ်သူထက် ပိုနေစမြဲ။
"အာ ~ ချန်းချန်း ချစ်ရတဲ့သခင်လေးလည်း ပြန်လာပြီပဲ!"
ချန်းကျင်းသည် တစ်ခဏမျှ ဇဝေဇဝါဖြစ်သွားမိသည့်တိုင် အဆုံး၌မူ ဘာကိုမျှ စဉ်းစားမနေတော့ပါဘဲ ကုတ်အကျႌကို ခပ်မြန်မြန် ချွတ်လိုက်၍ အိပ်ခန်းဆီသို့ သွားရန် ပြင်လေတော့၏။
သူ့အနေဖြင့် လွန်စွာမှ ပင်ပန်းနေပြီဖြစ်သဖြင့် အချိန်အတန်ကြာမျှ လဲလျောင်းအနားယူချင်လေပြီ။
သို့သော် တစ်ဖက်မှ ခြေလှမ်းများသည်ကား အိမ်အတွင်းထဲသို့ ရောက်သည်အထိ သူ၏နောက်မှ ကပ်ပါနေဆဲပါပင်။ သို့နှင့် ချန်းကျင်းက အိပ်ခန်းအတွင်းသို့ ဝင်တော့မည့်ဆဲဆဲတွင် တစ်ဖက်မှ လုထောင်က စကားဆိုလာခဲ့လေ၏။
"ချန်းကျင်း ..စကားပြောရအောင်"
ချန်းကျင်းသည် သူ၏ခြေလှမ်းများအား တုံ့ခနဲ ရပ်တန့်လိုက်၍ တစ်ဖက်လူကို ပြန်လှည့်ကြည့်လာခဲ့သည်။
"ကောင်းပြီ။ ဘယ်နေရာမှာ ပြောကြမလဲ"
လုထောင်က တစ်ခဏမျှ ငြိမ်နေပြီးနောက် ပြန်ဖြေ၏။
"အိပ်ခန်းထဲ.."
ချန်းကျင်းသည် ခင်ပွန်းဖြစ်သူထံမှ ရှားရှားပါပါး ဆုံးဖြတ်ချက်လေးအား လက်ခံလိုက်ကာ တံခါးကိုဖွင့်၍ အခန်းအတွင်းသို့ ဦးစွာ ဝင်သွားခဲ့လေသည်။ သူ၏အိပ်ခန်းသည်ကား အတော်လေး ကျယ်ဝန်းပေ၏။ ဇနီးဖြစ်သူ၏အိပ်ခန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သောကြောင့် လုထောင်သည် ဟိုဟိုဒီဒီ လျှောက်ကြည့်မိလေရာ မိမိနှင့်မစိမ်းသည့် ပစ္စည်းအချို့ကိုပါ ရုတ်တရက် မြင်လိုက်ရလေတော့သည်။
ချန်းကျင်းကမူ ခင်ပွန်းဖြစ်သူ၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ အာရုံစိုက်ရန် စိတ်ပါမနေခဲ့ပါချေ။ သူသည် သူ၏အိပ်ရာထက်တွင် ပုံမှန်အတိုင်း ဝင်ထိုင်လိုက်၍ ဘေးနားမှ စောင်အား ဆွဲခြုံရန် ဟန်ပြင်မိ၏။ ထိုအခိုက် လုထောင်က ယခုအချိန်ထိ မတ်တပ်ရပ်နေဆဲဖြစ်ကြောင်း တွေ့သောအခါ သူသည် အနည်းငယ် အားနာဟန်ဖြင့် စကားဆိုလာလေသည်။
"ထိုင်လေ.."
ချန်းကျင်းသည် စောင်ကို ညင်သာစွာ ဆွဲယူလိုက်၏။ ၎င်းစောင်အား သူ၏နှုတ်ခမ်းနှင့် နှာခေါင်းထိပ်ကို ထိလုနီးခင်အထိ ဆွဲလိုက်မိချိန်တွင် ရင်းနှီးသော ကိုယ်သင်းနံ့တစ်ခုကို ရုတ်တရက် ရှုရှိုက်မိလေသည်။ ၎င်းအငွေ့အသက်အား ခံစားမိသည်နှင့်တစ်ပြိုင်နက် ချန်းကျင်း၏နှလုံးသားတစ်ခုလုံးမှာ တဖြည်းဖြည်း ငြိမ်ကျသွားရ၍ မျက်ဝန်းအိမ်များမှာလည်း အနည်းငယ် စိုစွတ်စပြုလာရတော့၏။
တစ်ဖက်မှ လုထောင်သည်ကား မနီးမဝေးရှိ ဆိုဖာခုံတစ်ခုပေါ်တွင် ဝင်ထိုင်ပြီးနေပြီပင်။ ထိုအချိန်တွင် ချန်းကျင်းသည် ဆက်၍သည်းမခံနိုင်တော့ပါဘဲ မိမိဘက်မှစ၍ ဦးစွာ အမေးဆိုမိလေတော့၏။
"သူက..ဘယ်အချိန် ပြန်လာမှာလဲ?"
မည်သူမည်ဝါဟု အတိအကျပြောဆိုခြင်း မရှိသည့်တိုင် လုထောင်သည် "သူ" ဟူသည်ကား မည်သူ့ကို ရည်ညွှန်းမှန်း ကောင်းစွာသိသည်။
လုထောင်၏စိတ်ထဲ၌ သေးငယ်သော အလိုမကျမှုလေးတစ်ခု ဖြစ်တည်သွားရသည့်တိုင် ပြန်ဖြေလာသော သူ၏လေသံကမူ မကျေနပ်သည့် ခံစားချက်ဟူ၍ စိုးစဉ်းမျှ ပါမနေခဲ့ပါချေ။ ၎င်းမှာ တစ်ဖက်မှ ဇနီးဖြစ်သူအား အကြောင်းအရာတစ်ခုကို အချက်ကျကျ ရှင်းပြနေသည့်အတိုင်းပင်။
"ကိုယ်က မင်းရဲ့ခင်ပွန်း"
ချန်းကျင်းသည်ကား ကုတင်ထက်တွင်ထိုင်ကာ စောင်၌ စွဲကပ်နေသည့် လုထောင်၏ကိုယ်သင်းနံ့အချို့အား တိတ်တဆိတ် ရှုရှိုက်နေပေ၏။ လုထောင်၏အဖြေအား ကြားသောအခါ သူက မတရားခံရဟန်ဖြင့် ခွန်းတုံ့ပြန်မိသည်။
"ကျွန်တော် နားမလည်တော့ဘူး။ အတိတ်မေ့တာလို့ အစတုန်းက ပြောခဲ့ကြပြီး ဘာလို့အခုမှ စရိုက်နှစ်ခုကွဲတာတဲ့လဲ.."
လုထောင်က တည်ငြိမ်စွာ ဆို၏။
"မင်းက လက်မခံချင်ဘူးလား? အခုရော ကိုယ်တို့နှစ်ယောက်ကို သေချာ ခွဲခြားနိုင်သွားပြီလား!?"
ချန်းကျင်းမှာ တမဟုတ်ချင်းပင် ကြောင်သွားမိလေ၏။ လုထောင်၏စကားလုံးများသည်ကား ပြစ်တင်စွပ်စွဲနေသည့်ဘက်သို့ အနည်းငယ် ရောက်နေကြောင်း ခံစားမိသောကြောင့်ပင်။ အတိအကျဆိုရလျှင် ၎င်းလေသံမှာ သဝန်တိုသည့်ဘက်သို့ ပို၍ရောက်နေသေး၏။
သို့်သော် ချန်းကျင်းသည် ၎င်းအတွေးစကို ချက်ချင်း ရုတ်သိမ်းလိုက်လေသည်။ သူသည်ကား လွန်စွာမှ အရိပ်အကဲနားမလည်ကာ တုံးအသူဖြစ်သောကြောင့် ခန့်မှန်းသမျှ အရာရာတိုင်းက ကျိန်းသေပေါက် လွဲမှားလိမ့်လေမည်။ ထို့အပြင် သူ၏မူလခင်ပွန်းဖြစ်သူသည် သူ့ကို သေးသေးလေးမျှပင် သဘောမကျခဲ့ဖူးပါပေ။ ထိုလူဟာ ဘာအတွက်ကြောင့်များ သူနဲ့ပတ်သက်ပြီး သဝန်တိုပါလိမ့်မည်နည်း?
"တကယ်ဆို အချိန်နှစ်လလောက် ကျန်သေးတာကို။ ဘာလို့ ရုတ်တရက်ကြီး ဒီလောက်မြန်သွားရတာလဲ?"
လွန်စွာမှ နှမြောတသဖြစ်နေသော ချန်းကျင်း၏လေသံအား ကြားရသောအခါ လုထောင်၏အတွင်းစိတ်ထဲမှ သဝန်တိုမှုများမှာ ပို၍ ထိန်းချုပ်ရန် ခက်ခဲသွားရပြီပင်။
လုထောင်က အေးစက်စွာ စကားဆိုလာခဲ့၏။
"ဘာလို့ဆို ကိုယ်က အဲ့ဒီစရိုက်ကွဲကို ဖယ်ရှားပစ်ဖို့ ရွေးခဲ့တာမို့.."
သူက သူ၏လက်နှစ်ဖက်အား ဖြန့်ပြကာ ဟန်အပြည့်နှင့် ရှင်းပြလာသည်။
"ဒီလိုအခြေအနေမျိုးက ကိုယ်တို့နှစ်ယောက်လုံးအတွက် မကောင်းဘူး။ နောက်ပြီး လူသားမျိုးနွယ်ကလည်း မကြာခင် အန္တရာယ်နဲ့ ကြုံတွေ့လာနိုင်ချေရှိနေတာမို့ ကိုယ့်အနေနဲ့ အဲ့ဒီလိုမဖြစ်ခင် အပြည့်အဝ ပြန်သက်သာလာမှ ဖြစ်မယ်"
ချန်းကျင်းကမူ လုထောင်၏နောက်ဆုံးစကားများအား အပြည့်အဝ ကြားမိဟန် မပေါ်ပါချေ။ သူသည် လုထောင်ကို အံ့ဩမှုအပြည့်နှင့် ပြူးကျယ်နေသည့် မျက်ဝန်းတစ်စုံဖြင့်သာ ကြောင်ကြည့်နေခဲ့မိလေသည်။
"ဖယ်ရှားပစ်မယ် ဟုတ်လား?"
လုထောင်က တည်ငြိမ်စွာ ဆို၏။
"ဟုတ်တယ်။ ခွဲစိတ်မှုကို ဒီဆယ်ရက်အတွင်း လုပ်ဆောင်ဖို့ ကိုယ်တို့အားလုံး ဆုံးဖြတ်ပြီးသွားပြီ"
Zawgyi
တိုေတာင္းသြားေသာ အခ်ိန္ကာလမ်ား
ဗဟုသုတနည္းပါးေသာ ခ်န္းက်င္းသည္ပင္ "အတိတ္ေမ့ျခင္း" ႏွင့္ "စ႐ိုက္ကြဲ ျဖစ္ေပၚျခင္း" ဟူေသာ အျခင္းအရာႏွစ္ခုက လံုးဝ ကြဲျပားေၾကာင္း သိ၏။ အတိတ္ေမ့ျခင္း ဆိုသည္မွာ မွတ္ဉာဏ္အပိုင္းအစမ်ား ယာယီ ဆံုး႐ွံုးျခင္းသာျဖစ္၍ စ႐ိုက္ကြဲ ဟူသည္ကား ေယဘုယ်အားျဖင့္ အျခားေသာ လူတစ္ေယာက္ ျဖစ္ေပၚလာျခင္း ဟုေခၚဆိုႏိုင္ေလသည္။ အၾကမ္းဖ်င္း ႐ွင္းျပရမည္ဆိုလွ်င္ ၎မွာ ခႏၶာကိုယ္တစ္ခုတည္းကို ဝိညာဥ္ႏွစ္ခုက မွ်ေဝသံုးစြဲေနသည့္အတိုင္းပင္။
ခ်န္းက်င္း၏တံု႔ျပန္မႈက လြန္စြာမွ ျပင္းထန္ေသာေၾကာင့္ သူ႔အေနျဖင့္ အႀကီးအက်ယ္ ထိတ္လန္႔သြားမည္ ျဖစ္ေၾကာင္း တစ္ဖက္မွ ဗိုလ္ခ်ဳပ္ႀကီးေမာ္စီသည္လည္း နားလည္၏။ ထို႔ေၾကာင့္ သူက ခ်န္းက်င္းအား ႏွစ္သိမ့္စကားဆိုရန္ ဟန္ျပင္လိုက္ခ်ိန္တြင္ လုေထာင္က အခန္းအတြင္းသို႔ ဝင္ေရာက္လာခဲ့ေလသည္။ ထိုအခါ ဗိုလ္ခ်ဳပ္ႀကီး ေမာ္စီသည္ အလိုက္သိစြာျဖင့္ ထိုင္ရာမွ အလ်င္အျမန္ မတ္တပ္ရပ္လိုက္၍ သူ႔အား ျပံဳးျပလ်က္ စကားဆိုလာ၏။
"လုေထာင္ ၊ လာ..မင္းကပဲ ေ႐ွာင္ခ်န္းက်င္းကို အေသအခ်ာ ႐ွင္းျပေပးလိုက္ပါဦး။ ကိစၥ႐ွိလို႔ ငါ အရင္ သြားႏွင့္ေတာ့မယ္"
လုေထာင္သည္ ဗိုလ္ခ်ဳပ္ႀကီး ေမာ္စီအား စစ္တပ္စည္းမ်ဥ္းအရ ႐ိုေသစြာ အေလးျပဳလိုက္သည္။ သို႔ႏွင့္ တစ္ဖက္လူက အခန္းအျပင္သို႔ အျပည့္အဝ ထြက္ခြာသြားသည္အထိ ေစာင့္ၿပီးေနာက္မွသာ သူသည္ ဇနီးျဖစ္သူ႐ွိရာ ဘက္သို႔လွည့္လာ၍ ၾကည့္မိေလေတာ့၏။
တစ္ဖက္မွ ခ်န္းက်င္းမွာလည္း အလားတူစြာ သူ႔ကို ေမာ့ၾကည့္လာခဲ့မိသည္ပင္။
မ်က္ဝန္းအတြင္းမွ ခ်စ္ခင္တြယ္တာသည့္ အေငြ႔အသက္မ်ားမွာလည္း ယခုအခ်ိန္၌ အၿပီးတိုင္ ေပ်ာက္ကြယ္သြားရၿပီျဖစ္ကာ က်န္႐ွိေနသည္ဟူ၍ ထိတ္လန္႔အံ့ဩမႈႏွင့္ လက္သင့္မခံႏိုင္ေသာ အရိပ္အေယာင္မ်ားသာ။ ၎အမွန္တရားအား ၾကားၿပီးေနာက္တြင္ ခ်န္းက်င္း၏စိတ္ထဲ၌ ကိန္းေအာင္းေနခဲ့ပါေသာ တစ္,ရာခိုင္ႏႈန္းမွ်သာ ႐ွိသည့္ ေမွ်ာ္လင့္ခ်က္ေလးမွာလည္း တစ္စစီ ေၾကမြသြားရေလၿပီ။
မွတ္ဉာဏ္မ်ားေပ်ာက္ဆံုးေနသည့္ ခင္ပြန္းျဖစ္သူသည္ သူ႔အေပၚ လြန္စြာမွ ေကာင္းေပး၍ ခ်စ္ခင္ၾကင္နာေပးခဲ့သည္။ ခ်န္းက်င္း၏အျမင္၌မူ တစ္ဖက္လူက မည္မွ်ပင္ အတိတ္ႏွင့္ျခားနားပါေစ လူတစ္ေယာက္တည္းသာ ျဖစ္ေသာေၾကာင့္ အတိတ္ကခင္ပြန္းျဖစ္သူ အေနႏွင့္လည္း သူ႔အေပၚ ခံစားခ်က္ အနည္းငယ္မွ် ႐ွိခဲ့လိမ့္မည္ဟု အစ႐ွိသည္ျဖင့္ အေကာင္းဘက္မွေတြးကာ ယံုၾကည္ထားခဲ့မိျခင္း ျဖစ္၏။
ထို႔ေၾကာင့္ ခ်န္းက်င္းသည္ တစ္ဖက္လူ မွတ္ဉာဏ္မ်ားျပန္ရလာၿပီးေနာက္တြင္လည္း သူ႔အတြက္ အခြင့္အေရး႐ွိဦးမည္ဟု ထင္ခဲ့မိေသးသည္။ အမွန္အတိုင္းဆိုရလွ်င္ သူသည္ကား ယခုအခ်ိန္ထိ ထြက္ခြာသြားရန္အတြက္ တြန္႔ဆုတ္ေနမိဆဲပါပင္။
အတူ႐ွိေနစဥ္အခါက ခံစားခဲ့ရသည့္ ခ်ိဳၿမိန္မႈမ်ားမွာ သူ႔အတြက္ ေကာင္းခ်ီးေပးခံရသည့္ အိပ္မက္မ်ားပမာ။ ခ်န္းက်င္းသည္ မိမိတို႔ႏွစ္ဦးအေနျဖင့္ ဤကဲ့သို႔ သာယာဖြယ္ အေျခအေနမ်ိဳးႏွင့္ ခန္႔မွန္းသည့္ရက္ေက်ာ္သည္အထိ အတူတူ႐ွိေနႏိုင္လိမ့္မည္ဟုပင္ ထင္ခဲ့မိေလ၏။ သို႔ေသာ္ ၎က မည္သို႔မွ် မျဖစ္ႏိုင္ပါေၾကာင္း ယခုအခ်ိန္တြင္ သူ ေကာင္းစြာ နားလည္သြားရေလၿပီ။
မွတ္ဉာဏ္မ်ားေပ်ာက္ဆံုးေနသည့္ လုေထာင္က သူ႔အေပၚ ႐ုတ္တရက္ ၾကင္နာေပး၍ ခ်စ္ခင္ေပးျခင္းမွာ တစ္ဖက္လူသည္ကား တကယ့္ လုေထာင္ ဟုတ္မေနခဲ့ေသာေၾကာင့္ပင္။
ခ်န္းက်င္းမွာ ထိုကဲ့သို႔ ေတြးရင္း လြန္စြာမွ နာက်င္မိပါသျဖင့္ မသိစိတ္အေလ်ာက္ ႏွလံုးသားေနရာအား လက္တစ္ဖက္ျဖင့္ ဆုပ္ကိုင္မိေလ၏။ သို႔ေသာ္ သူက မည္မွ်ပင္ တင္းၾကပ္စြာ ဖိကပ္ေနခဲ့ပါေစ တစ္ဖက္မွ နာက်င္မႈသည္ကား ေပ်ာက္ပ်က္၍ မသြားခဲ့ပါေပ။ ထိုအစား အဆံုး၌ သူ၏မ်က္ႏွာျပင္ကသာ လူေသေကာင္ကဲ့သို႔ ျဖဴေဖ်ာ့သြားခဲ့ရေလသည္။
ခ်န္းက်င္းသည္ မိမိကိုယ္ကို အားတင္း၍ တျဖည္းျဖည္း မတ္တပ္ရပ္ရန္ ႀကိဳးစားလာခဲ့၏။ တုန္ရီေနေသာ ႏႈတ္ခမ္းလႊာမ်ားက ႏွစ္ႀကိမ္မွ် ခပ္ဖြဖြ လႈပ္ခတ္ၿပီးေနာက္တြင္ သူသည္ မေနႏိုင္ပါဘဲ စကားစဆိုမိေလေတာ့သည္။
"ခင္ဗ်ားက အရင္လူ..."
"မင္းတို႔ႏွစ္ေယာက္ အတူ႐ွိခဲ့တဲ့ အခ်ိန္တုန္းက ကိစၥေတြကို ကိုယ္မမွတ္မိဘူး"
လုေထာင္က ခ်န္းက်င္း၏စကားမဆံုးခင္မွာပင္ ႐ုတ္တရက္ ျဖတ္ဆိုလာခဲ့၏။ သူ၏အသံသည္ကား အရင္အတိုင္း ေအးစက္ကာ စိတ္ဝင္စားမႈ ကင္းမဲ့ေနခဲ့၍ မ်က္ႏွာျပင္မွာလည္း မည္သည့္ခံစားခ်က္မွ် ႐ွိမေနခဲ့။ ထိုကဲ့သို႔ေသာ မ်က္ႏွာပိုင္႐ွင္ဆီမွ ေတာက္ပလြန္းသည့္ အျပံဳးတစ္ပြင့္က ဘယ္ေသာအခါမွ် ျဖစ္တည္လာႏိုင္လိမ့္မည္ မဟုတ္ပါေခ်။
"အဲ့ဒါေၾကာင့္မို႔ အရမ္းႀကီး အာရံုစိုက္ေနစရာ မလိုဘူး"
ရင္းႏွီးေသာခံစားခ်က္အား တစ္ဖန္ျပန္ခံစားရၿပီးေနာက္တြင္ ခ်န္းက်င္းသည္လည္း လက္႐ွိအေျခအေနကို ေကာင္းစြာ နားလည္သြားရေလၿပီ။ သူသည္ တစ္ဖက္သို႔ တေျဖးေျဖး အၾကည့္လႊဲလိုက္၍ အတန္ၾကာၿပီးေနာက္မွ တိုးညႇင္းစြာ ေရရြတ္လာခဲ့၏။ သူ၏ႏွလံုးသားတစ္ခုလံုးကမူ ႐ုတ္တရက္ တစ္ခုခုကို ဆံုး႐ွံုးသြားရသည့္ႏွယ္ လစ္ဟာလ်က္။
"ကြၽန္ေတာ္ မလုပ္ပါဘူး.."
လုေထာင္က ဆို၏။
"အိမ္ျပန္ေတာ့"
ခ်န္းက်င္းသည္ မိမိအေ႐ွ႕မွ စားပြဲခံုကို အားျပဳလ်က္ မိမိ၏ခႏၶာကိုယ္အား ဟန္ခ်က္မပ်က္ေအာင္ ထိန္းထားခဲ့ရ၏။ လုေထာင္၏အေနာက္မွ လမ္းေလွ်ာက္လိုက္လာေသာအခါ သူ၏ႏွလံုးသားအတြင္းမွ နာက်င္မႈမွာ ကြယ္ေပ်ာက္သြားရၿပီး ျဖစ္သည္။ သို႔ေသာ္ သူ၏ေျခလွမ္းမ်ားကမူ အားနည္းေနသူတစ္ေယာက္ကဲ့သို႔ ေႏွးေကြးေနဆဲပါပင္။ ၎မွာ အေစာပိုင္းက ၾကားခဲ့ရပါေသာ အမွန္တရားေၾကာင့္လည္း ျဖစ္ခ်င္ျဖစ္ႏိုင္သည္။ သို႔မဟုတ္လည္း ၎၏အေ႐ွ႕က စစ္ေဆးေမးျမန္းမႈႏွင့္ ပတ္သက္၍ ယခုအခ်ိန္ထိ အေၾကာက္မေျပေသးေသာေၾကာင့္လည္း ျဖစ္ခ်င္ျဖစ္ႏိုင္သည္။
တစ္ဖက္မွ လုေထာင္သည္ကား ခ်န္းက်င္းအား လွည့္မၾကည့္ပါဘဲ ေ႐ွ႕သို႔သာ ေ႐ွး႐ႈေနသည့္တိုင္ ႏွစ္ဦးသား၏ၾကားမွ အကြာအေဝးမွာ အျမဲတမ္း ၃ မီတာခန္႔သာ ႐ွိေနခဲ့ရေပ၏။ အေၾကာင္းမွာ ခင္ပြန္းျဖစ္သူကလည္း သူ႔နည္းတူ ေျဖးညင္းစြာ ေစာင့္၍ ေလွ်ာက္ေပးေနေသာေၾကာင့္ပါပင္။
စစ္တပ္ဌာနခ်ဳပ္သည္ အင္ပါယာကမာၻ၌ လံုျခံဳေရးအတင္းၾကပ္ဆံုးေသာ ေနရာျဖစ္သျဖင့္ ခ်န္းက်င္းသည္ ၎ဌာနအတြင္းသို႔ ဝင္လာခဲ့ခ်ိန္က ေၾကာက္ရြံ႔ေနခဲ့မိသည့္တိုင္ ယခု ျပန္ေသာအခါ၌မူ သူ၏ႏွလံုးသားထဲ၌ မည္သည့္ခံစားခ်က္မွ် ႐ွိမေနခဲ့ေတာ့ပါေပ။ သူသည္ မိမိ၏အေ႐ွ႕မွ လုေထာင္သြားရာေနာက္ကို လိုက္ပါရန္သာ သိခဲ့သည္။ သို႔ႏွင့္ အေဆာက္အဦးမ်ားစြာအား ျဖတ္ေက်ာ္လာခဲ့ၿပီးေနာက္တြင္ တစ္ေနရာ၌ အာကာသယာဥ္တစ္စီးႏွင့္ အသင့္ေစာင့္ဆိုင္းေနေသာ ေဖလီ့အား ေတြ႔လိုက္ရေလေတာ့၏။
ဤအႀကိမ္ မိမိအားအိမ္ျပန္လိုက္ပို႔ေပးမည့္ သူမွာလည္း ထံုးစံအတိုင္း ေဖလီသာျဖစ္လိမ့္မည္ဟု ခ်န္းက်င္းေတြးမိသည္။ သို႔ေသာ္ ယခုအႀကိမ္၌မူ လုေထာင္သည္ သူ႔ထက္အရင္ အာကာသယာဥ္ေပၚသို႔ ဦးစြာ တက္သြားခဲ့ေလ၏။ ခ်န္းက်င္းသည္ တစ္ခဏမွ် ေၾကာင္သြားမိ၍ ထို႔ေနာက္ ဘာမွ်မ်ားမ်ားစားစား စဥ္းစားမေနေတာ့ပါဘဲ ေျခေထာက္တစ္ဖက္အား ေျမႇာက္ကာ ယာဥ္ေပၚသို႔ တက္ရန္အျပင္တြင္ ႐ုတ္တရက္ ဟန္ခ်က္ပ်က္သြားရသည္။
ခ်န္းက်င္း၏ကိုယ္ထည္သည္ အေ႐ွ႕ဘက္သို႔ ယိုင္သြားမိ၍ ၾကမ္းျပင္ႏွင့္ တိုက္မိလုနီးနီးတြင္ တစ္ဖက္လူ၏ လက္ေမာင္းတစ္ဖက္က သူ၏ခါးအား ေပြ႔ဖက္လာ၍ အခ်ိန္မီ ဆြဲတင္ေပးႏိုင္ခဲ့ေလ၏။ မိမိႏွင့္ရင္းႏွီးၿပီးျဖစ္ေသာ ကိုယ္သင္းနံ႔ႏွင့္ ပူေႏြးေႏြး ဝင္ေလထြက္ေလအခ်ိဳ႕ကို ခံစားမိသည္ႏွင့္ခ်က္ခ်င္း ေတာင့္တင္းေနေသာ ခ်န္းက်င္း၏ႏွလံုးသားေလးမွာ အနည္းငယ္မွ် ေျပေလ်ာ့သြားရသလိုပါပင္။
ထို႔အျပင္ သူသည္ မသိစိတ္အေလ်ာက္ ျပံဳးျပခ်င္ေသာ ဆႏၵမ်ားပါ ေပၚေပါက္လာရ၍ တစ္ဖက္လူ၏မ်က္ႏွာျပင္ဆီသို႔ ႐ုတ္တရက္ ေမာ့ၾကည့္လိုက္မိေလ၏။ ျမင္လိုက္ရသည့္ ျမင္ကြင္းသည္ကား သူ႔စိတ္ကူးထဲကပံုရိပ္ႏွင့္ တစ္ထပ္တည္းက်မေနခဲ့ပါေပ။ ႏူးညံ့ညင္သာမႈမ႐ွိသည့္ ေအးစက္စက္မ်က္ႏွာထားတစ္ခုက သူ၏ဆႏၵအလံုးစံုအား ဖ်က္ခနဲ ႐ိုက္ခ်ိဳးလိုက္သကဲ့သို႔ ျဖစ္သြားရကာ ေကြးတက္လုနီးျဖစ္ေနေသာ ႏႈတ္ခမ္းေထာင့္စြန္းမ်ားမွာလည္း အေနရခက္စြာ ေတာင့္တင္းသြားရသည္ပင္။
ထို႔ေနာက္ ခ်န္းက်င္းသည္ လုေထာင္ကလႊတ္ေပးသည္ကို မေစာင့္ပါဘဲ မိမိက ဦးစြာ တစ္ဖက္လူ၏ေပြ႔ဖက္မႈေအာက္မွ အသာအယာ႐ုန္းထြက္လိုက္၍ အေနာက္ဘက္သုိ႔ ေျခလွမ္းႏွစ္လွမ္းမွ် ဆုတ္သြားခဲ့ေလ၏။ ခ်န္းက်င္းက သူ၏ေခါင္းအား ငံု႔လိုက္၍ ႏူးညံ့စြာဆိုလာသည္။
"ေက်းဇူးတင္ပါတယ္"
လုေထာင္သည္ မသိစိတ္အေလ်ာက္ လက္သီးခပ္ဖြဖြ ဆုပ္လိုက္မိ၍ တစ္ဖက္လူ၏ ျဖဴေဖ်ာ့ေနေသာ ပါးျပင္ထက္သို႔ မသိမ္မမႈန္ စိုက္ၾကည့္လာခဲ့မိ၏။ ထို႔ေနာက္ သူက ပံုမွန္အတိုင္း စကားဆိုသည္။
"လမ္းကို ေသခ်ာၾကည့္သြား"
ခ်န္းက်င္းကမူ တစ္ဖက္လူ၏သတိေပးခ်က္အား အေလးအနက္ထား မေနခဲ့ပါေခ်။ သူက ဝတ္ေၾကတန္းေၾကသာ ျပန္ေျဖလာသည္။
"အင္း.."
ၿပီးေနာက္ ခ်န္းက်င္းက ခံုထက္သို႔ ဝင္ထိုင္ေသာအခါ လုေထာင္ကလည္း သူ၏ေဘးဘက္တြင္ ဝင္ထိုင္လာေလ၏။ ထိုင္ေနေသာ အေနအထားက ခံုတန္းတစ္တန္းတည္းတြင္ ျဖစ္သည့္တိုင္ ကိုယ္ထည္ႏွစ္ခုသည္ကား ထိကပ္မေနခဲ့ပါေခ်။ ၎မွာ လက္တြဲေဖာ္ႏွစ္ဦး အတူတကြ ထိုင္ေနသည္ႏွင့္ မတူပါဘဲ သူစိမ္းႏွစ္ေယာက္ ထိုင္ေနသည္ႏွင့္ ပိုတူရသည္ပင္။
သို႔ေသာ္ ဤအျခင္းအရာမွာ ခ်န္းက်င္းအတြက္ ပံုမွန္သာျဖစ္ရ၏။ လုေထာင္သည္ကား အျမဲတမ္း သူ႔အေပၚ၌ ထိုကဲ့သို႔ ေအးတိေအးစက္ ဆက္ဆံေလ့႐ွိကာ သူ႔ဘက္က ခ်ဥ္းကပ္မႈအားလံုးကိုလည္း ပစ္ပစ္ခါခါ ျငင္းဆန္ခဲ့သည္ခ်ည္းပင္။ ဤအခါမ်ိဳးတြင္ ခ်န္းက်င္းအေနျဖင့္ လြန္စြာ ဝမ္းနည္းမိသည့္တိုင္ တစ္ဖက္လူကိုလည္း စိတ္႐ႈပ္ေစသည္အထိ မေႏွာင့္ယွက္ရဲေသာေၾကာင့္ လုေထာင္၏စိတ္အေျခေနကို ၾကည့္၍သာ ဂ႐ုတစိုက္ ဆက္ဆံခဲ့ရေလသည္။
သို႔ေသာ္ အခုခ်ိန္၌မူ သူသည္ မည္သည့္ဝမ္းနည္းမႈကိုမွ် မခံစားမိေတာ့ပါေခ်။
ခ်ိဳၿမိန္ျခင္း၏အရသာကို တစ္ႀကိမ္ ခံစားမိၿပီးေသာသူသည္ ခါးသက္ေသာအရသာအား လက္ခံႏိုင္စြမ္း ႐ွိလိမ့္မည္ မဟုတ္။ သို႔ေသာ္ သူ႔အား ၎ခ်ိဳၿမိန္မႈကို ေပးအပ္ခဲ့ပါသည့္ အမ်ိဳးသားသည္ကား မူလလူမဟုတ္ေၾကာင္း သိရေသာအခါ ခ်န္းက်င္းသည္ ဘာဆက္လုပ္လို႔ လုပ္ရမွန္း မသိႏိုင္ေအာင္အထိ လမ္းေပ်ာက္သြားရ၏။
ယခုအခ်ိန္၌ သူ႔ကို ခ်ိဳၿမိန္မႈ ေပးအပ္တတ္ပါေသာ ခင္ပြန္းျဖစ္သူအား လိုခ်င္ေနေၾကာင္းသာ ခ်န္းက်င္း သိေလသည္။
ေနာက္ဆံုး၌ အာကာသယာဥ္သည္လည္း တျဖည္းျဖည္း စတင္ထြက္ခြာခဲ့ေပၿပီ။ ၎ယာဥ္သည္ကား အလိုအေလ်ာက္ ေမာင္းႏွစ္စနစ္ ျဖစ္ေသာေၾကာင့္ လိုက္ပါလာသူႏွစ္ဦးအနက္ မည္သူကမွ် ထိန္းခ်ဳပ္ ေမာင္းႏွင္ရန္ စိတ္မဝင္စားေနခဲ့ပါေပ။ ခ်န္းက်င္းသည္ ေဘးဘက္မွ ျပတင္းေပါက္ထံသို႔ မွီလိုက္၍ အျပင္ဘက္႐ႈခင္းမ်ားကို ေငးၾကည့္ေနမိ၏။ ထိုအခ်ိန္တြင္ တစ္ဖက္မွ လုေထာင္ကမူ light screen တစ္ခုႏွင့္ ထံုးစံအတိုင္း အလုပ္႐ႈပ္ေနခဲ့ေလသည္။
သို႔ႏွင့္ ၎အာကာသယာဥ္က သူတို႔အိမ္အနီး႐ွိ လမ္းမေနရာတြင္ ရပ္နားေသာအခါ လုေထာင္သည္ သူ၏ light scrren အား ဖ်တ္ခနဲ ပိတ္လိုက္၍ အျပင္ဘက္သို႔ ဦးစြာ ဆင္းသြားခဲ့ေပ၏။ ဤကဲ့သို႔ ေျမျပင္ထက္၌ မတုန္မလႈပ္ ရပ္ေနသည့္ လုေထာင္၏ပံုစံမွာ တစ္ခုခုကို ျပဳမူရန္ တြန္႔ဆုတ္ေနသည့္ပမာ။ သို႔ေသာ္ ခဏမွ်ၾကာၿပီးေနာက္တြင္ သူသည္ တစ္ခုခုကို လ်င္ျမန္စြာ ဆံုးျဖတ္ၿပီးသည့္ပံုျဖင့္ အေနာက္ဘက္သို႔ လွည့္လာကာ ေခါင္းငံု႔လ်က္ ဆင္းရန္ ျပင္ေနေသာ ခ်န္းက်င္းထံသို႔ လက္တစ္ဖက္အား ကမ္းေပးလိုက္မိေလသည္။
လက္တြဲေဖာ္ျဖစ္သူအား ဤကဲ့သို႔ ကူညီသည့္ အျခင္းအရာမ်ိဳးကို လုေထာင္အေနျဖင့္ ဘယ္ေသာအခါကမွ် လုပ္ေလ့လုပ္ထမ႐ွိခဲ့ပါေပ။ အေၾကာင္းမွာ ၎က မလိုအပ္ဟု သူက ထင္ေသာေၾကာင့္ပင္။ မည္သို႔ပင္ဆိုေစကာမူ လက္ထပ္သက္တမ္း အေစာပိုင္း ငါးႏွစ္အတြင္းတြင္ သူသည္ တစ္ဖက္လူအား ေတြ႔ခ်င္စိတ္လည္း မ်ားမ်ားစားစား မ႐ွိခဲ့ပါသျဖင့္ ထိုကဲ့သို႔ ၾကင္နာဖြယ္ အျပဳအမူမ်ား လုပ္ရန္လည္း အေၾကာင္းမဖန္ခဲ့ပါေခ်။ ထို႔အျပင္ ၎ကာလမ်ားအတြင္း၌ မိမိတို႔ႏွစ္ဦးသားေတြ႕ျဖစ္ေသာ အခ်ိန္တိုင္းမွာ သူ႔အတြက္ စိတ္႐ႈပ္စရာမ်ားသာ ျဖစ္ခဲ့ရေသးေလသည္။
သို႔ေသာ္ ထိုကဲ့သို႔ အခန္႔မသင့္မႈမ်ားမွာ လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန္႔ ခ်န္းက်င္းေျပာင္းလဲသြားသည္အား မျမင္မိခင္ခ်ိန္အထိသာ တည္႐ွိခဲ့ရေပ၏။ ထို႔ေၾကာင့္ လုေထာင္သည္ မိမိတို႔ႏွစ္ေယာက္ၾကားမွာ တင္းမာမႈမ်ားကို ေျပေလ်ာ့ေစရန္အတြက္ အေသးအမႊားေလးမွစ၍ ဂ႐ုစိုက္သည့္ပံုစံႏွင့္ ခ်ဥ္းကပ္ရန္ စတင္ႀကိဳးစားခဲ့သည္။ သို႔ေသာ္ သူ၏ရာထူးအရ တာဝန္ယူစရာ အလုပ္မ်ားမွာ ပံုေအာေနတတ္ေသာေၾကာင့္ သူ႔အေနျဖင့္ တစ္ဖက္လူအေပၚ လံုလံုေလာက္ေလာက္ အခ်ိန္မေပးႏိုင္ခဲ့ပါေခ်။ ထို႔အျပင္ သူ၏ေမြးရာပါ စ႐ိုက္၏ေက်းဇူးေၾကာင့္ ထိုကဲ့သို႔ လူတစ္ေယာက္အေပၚ ၾကင္နာစြာ ဂ႐ုစိုက္ေပးရန္မွာ လြန္စြာမွ ခက္ခဲေသာ ကိစၥရပ္ ျဖစ္ရေလသည္။ မိမိတို႔ႏွစ္ဦးၾကားမွ ဆက္ဆံေရးမွာ မူလကတည္းက အက္ကြဲေနၿပီး ျဖစ္သျဖင့္ ထိုစဥ္အခါက လုေထာင္သည္ တစ္ဖက္လူအား မည္သည့္ဂ႐ုစိုက္မႈမ်ိဳးကိုမွ် ျမင္သာေအာင္ ျပႏိုင္စြမ္း မ႐ွိခဲ့ပါေပ။
ထိုကာလမ်ားသည္ကား သူ႔အတြက္ ရည္ရြယ္ခ်က္ေအာင္ျမင္ရန္ ခက္ခက္ခဲခဲ ေက်ာ္ျဖတ္ခဲ့ရသည့္ ကာလမ်ား ျဖစ္ခဲ့ရသည္ပင္။
အမွန္အတိုင္းဆိုရလွ်င္ ထိုစဥ္က လုေထာင္သည္ သူ၏ဂ႐ုစိုက္မႈမ်ားကိုသာ တစ္ဖက္မွ လက္တြဲေဖာ္ ေတြ႔ျမင္သြားပါလွ်င္ က်ိန္းေသေပါက္ အံ့အားသင့္သြား၍ ေပ်ာ္ရႊင္လိမ့္မည္ဟု ထင္မွတ္ထားခဲ့မိျခင္း ျဖစ္၏။ တစ္ဖက္လူ၏ ျပာလဲ့လဲ့ မ်က္ဝန္းမ်ားမွာလည္း ယခင္ကထက္ပို၍ ၾကည္ေတာက္ေနကာ ေပ်ာ္ရႊင္မႈေၾကာင့္ အေရာက္တလက္လက္ျဖင့္ ေတာက္ပေနလိမ့္ေလမည္။ ထိုအခါတြင္ သူ႔အေနျဖင့္လည္း ၎အေျခအေနအား အသံုးခ်၍ မိမိတို႔ႏွစ္ဦးသား ပို၍ရင္းႏွီးေစရန္ အခြင့္အေရး႐ွာ၍ ရသြားလိမ့္မည္ပင္။
သို႔ေသာ္ ယခုလက္႐ွိအခ်ိန္တြင္မူ သူသည္ တစ္ဖက္လူဆီမွ လံုးလံုး လ်စ္လ်ဴရႈခံထားရေလၿပီ။
အမွန္မွာ ခ်န္းက်င္းသည္ကား ခင္ပြန္းျဖစ္သူကို တမင္သက္သက္ လ်စ္လ်ဴရႈထားျခင္း မဟုတ္ရပါေပ။ ယခုအခ်ိန္၌ သူသည္လည္း အေစာပိုင္းမွ ၾကားခဲ့ေသာ အမွန္တရားေၾကာင့္ စိတ္ႏွင့္လူႏွင့္မကပ္ ျဖစ္ေနရသည္။ ထို႔ေၾကာင့္ ပတ္ဝန္းက်င္မွ အရာမ်ားအား ဂ႐ုမစိုက္အားပါဘဲ ေျခလွမ္းခ်ရာ ေအာက္ဘက္ကိုသာ အာရံုစိုက္ထားမိျခင္း ျဖစ္ေသာေၾကာင့္ တစ္ဖက္လူ၏ေျပာင္းလဲမႈကို မေတြ႔မိျခင္း ျဖစ္ေလ၏။ သူ႔အေနျဖင့္ အျခားလူတစ္ေယာက္၏ေ႐ွ႕၌ ေမွာက္လ်က္လဲကာ ထပ္မံ အ႐ွက္မကြဲခ်င္ေတာ့ပါေပ။
ထို႔ေၾကာင့္ ခ်န္းက်င္းသည္ မည္သည့္ေနရာကိုမွ် မၾကည့္ပါဘဲ ေအာက္ဘက္ကိုသာ ေခါင္းငိုက္စိုက္ခ်လ်က္ ေဘးဘက္မွ ေလွကားလက္ရန္းကိုအားျပဳကာ တစ္လွမ္းခ်င္း ဆင္းလာခဲ့ေလ၏။ သို႔ႏွင့္ ေနာက္ဆံုး ေျမျပင္ထက္သို႔ ေျခခ်မိၿပီးသည့္အခ်ိန္အထိ လုေထာင္က သူ႔အား ကူညီရန္ လက္လွမ္းေပးေနေၾကာင္းကို သတိမထားမိခဲ့ပါေခ်။ ခ်န္းက်င္းသည္ ၎ပံုစံႏွင့္ အိမ္တံခါး႐ွိရာဆီသို႔ ေျခႏွစ္လွမ္းမွ် ေလွ်ာက္မိၿပီးေနာက္တြင္ တစ္ခုခုကို သတိရသြားဟန္ျဖင့္ ႐ုတ္တရက္ အေနာက္ဘက္သို႔လွည့္ကာ လုေထာင္ကို ေမာ့ၾကည့္လာခဲ့၏။
သူ၏အၾကည့္မ်ားကို ျမင္ေသာအခါ တစ္ဖက္မွ လုေထာင္၏ႏွလံုးသားမွာ တမဟုတ္ခ်င္း နာက်င္သြားရေလသည္။
ခ်န္းက်င္း၏မ်က္ဝန္းမ်ားသည္ကား ပံုမွန္ဟုတ္မေနခဲ့ကာ အလင္းေရာင္ဟူ၍လည္း တစ္စမွ် ႐ွိမေနခဲ့။
ခ်န္းက်င္း၏မ်က္လံုးမ်ားမွာ လြန္စြာမွ လွပ၏။ အမွန္မွာ သူ၏မ်က္ႏွာတစ္ခုလံုးက လွပရသည္ခ်ည္းပါပင္။ ျဖဴေဖြးႏူးညံ့သည့္ အသားအေရ ႏွင့္ အေကာင္းတကာ့ အေကာင္းဆံုးေသာ အသြင္အျပင္မ်ားသည္ကား အၾကည့္လႊဲရက္စရာမ႐ွိေအာင္ ေကာင္းမြန္ရ၏။ အထူးသျဖင့္ မ်က္ဝန္းမ်ားမွာ အရာအားလံုးထက္ပိုလွ၍ ဆြဲေဆာင္မႈ႐ွိသည္။ အမွန္အတိုင္းဆိုရလွ်င္ လုေထာင္သည္ ၎မ်က္ဝန္းမ်ားကို လြန္စြာမွ ႏွစ္သက္ခဲ့ရသည္။ ၎မ်က္ဝန္းမ်ားႏွင့္ တစ္ဖက္လူက သူ႔အား ၾကည့္လာေသာအခိုက္အတန္႔ တိုင္းသည္ကား သူ႔အတြက္ အဖိုးမျဖတ္ႏိုင္သည့္ ဆုလာဘ္မ်ားပမာ။ အေၾကာင္းမွာ ၎မ်က္ဝန္းမ်ားႏွင့္ အၾကည့္ခံလိုက္ရေသာ အခါတိုင္းတြင္ သူ႔အေနျဖင့္ တစ္စံုတစ္ဦးဆီမွ ႏွစ္ႏွစ္ကာကာ အခ်စ္ခံေနရေသာ ခံစားခ်က္မ်ိဳးအား ခံစားႏိုင္ေသာေၾကာင့္ပါပင္။
သို႔ေသာ္ ယခုအခ်ိန္၌မူ ၎အလင္းေရာင္ေလးသည္ကား ေပ်ာက္႐ွသြားရေလၿပီ။ တစ္ဖက္လူ သူ႔ကို ၾကည့္ေနသည့္ အၾကည့္မွာ လမ္းသြားလမ္းလာတစ္ေယာက္အား အမွတ္တမဲ့ ၾကည့္လိုက္သကဲ့သို႔ ခံစားခ်က္ ကင္းမဲ့ေနခဲ့ေပ၏။
ခ်န္းက်င္းက တစ္ခဏမွ် ၿငိမ္ေနၿပီေနာက္ တိုးဖြဖြ သကားဆိုသည္။
"ကြၽန္ေတာ့္ကို ျပန္ပို႔ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
ထိုကဲ့သို႔ ေျပာၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ သူသည္ လုေထာင္ထံမွ တံု႔ျပန္စကားအား မေစာင့္ေတာ့ပါဘဲ အိမ္ဘက္သို႔ ဆက္လက္ေလွ်ာက္သြားခဲ့ေလ၏။
မူလလုေထာင္သည္ကား ဘယ္ေသာအခါမွ် ဤအိမ္တြင္ နလိုစိတ္ မ႐ွိခဲ့သည္ မဟုတ္ပါလား။ အိမ္ျပန္လာသည့္အေခါက္တိုင္းတြင္ တစ္ဖက္လူသည္ အျမဲတမ္း ျပန္လာခ်င္စိတ္မ႐ွိသည့္ပံုသာ ေပါက္ေနခဲ့ရသည္။ ယခုဆိုလွ်င္ လုေထာင္အေနျဖင့္ ဤအိမ္အတြင္းသို႔ ဝင္ခ်င္စိတ္ပင္ ႐ွိေတာ့မည္ မဟုတ္ေတာ့။ ထို႔အျပင္ ဝင္ရန္လည္း မလိုအပ္ေတာ့ပါေပ။
ခ်န္းက်င္းသည္ ထိုကဲ့သို႔ အေတြးနယ္ခ်ဲ့ရင္းျဖင့္ ထံုးစံအတိုင္း ေျဖးညင္းစြာ လမ္းေလွ်ာက္ေနခဲ့မိ၏။ သို႔ေသာ္ ေျခလွမ္းအနည္းငယ္မွ် လွမ္းၿပီးခ်ိန္တြင္ သူ႔အေနာက္ဘက္မွ ေျခသံအခ်ိဳ႕က ေပၚေပါက္လာရေလသည္။ ခ်န္းက်င္းသည္ ၎ေျခသံမ်ားအား ၾကားၾကားခ်င္း တစ္ခဏမွ် ဇေဝဇဝါျဖစ္သြားသည့္တိုင္ အေနာက္ဘက္ကိုမူ ေသးေသးေလးမွ်ပင္ လွည့္မၾကည့္ခဲ့ပါေခ်။ ထိုအစား သူသည္ ထံုးစံအတိုင္း အေ႐ွ႕ဘက္ကိုသာ ေ႐ွး႐ႈ၍ အိမ္တံခါးဆီသို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္လွမ္းသြားခဲ့မိေလ၏။
စက္႐ုပ္ေလးခ်န္းခ်န္းက တံခါးဝ၌ အဆင္သင့္ရပ္ေနကာ သူ႔ကိုဆီးႀကိဳရန္ ေစာင့္ေနသည္။ ခ်န္းက်င္းက အိမ္ထဲသို႔ ဝင္သြားၿပီးေနာက္ အေပၚထပ္ ကုတ္အက်ႌခြၽတ္ေနခ်ိန္တြင္ လုေထာင္က ခ်န္းခ်န္းအား ႏႈတ္ဆက္ေနသည္ကို ၾကားလိုက္ရေလ၏။
"ဟိုင္း ခ်န္းခ်န္း"
ခ်န္းခ်န္း၏ခ်စ္ခင္မႈသည္ကား ထံုးစံအတိုင္း လုေထာင္ကိုဆိုလွ်င္ သခင္ျဖစ္သူထက္ ပိုေနစျမဲ။
"အာ ~ ခ်န္းခ်န္း ခ်စ္ရတဲ့သခင္ေလးလည္း ျပန္လာၿပီပဲ!"
ခ်န္းက်င္းသည္ တစ္ခဏမွ် ဇေဝဇဝါျဖစ္သြားမိသည့္တိုင္ အဆံုး၌မူ ဘာကိုမွ် စဥ္းစားမေနေတာ့ပါဘဲ ကုတ္အက်ႌကို ခပ္ျမန္ျမန္ ခြၽတ္လိုက္၍ အိပ္ခန္းဆီသို႔ သြားရန္ ျပင္ေလေတာ့၏။
သူ႔အေနျဖင့္ လြန္စြာမွ ပင္ပန္းေနၿပီျဖစ္သျဖင့္ အခ်ိန္အတန္ၾကာမွ် လဲေလ်ာင္းအနားယူခ်င္ေလၿပီ။
သို႔ေသာ္ တစ္ဖက္မွ ေျခလွမ္းမ်ားသည္ကား အိမ္အတြင္းထဲသို႔ ေရာက္သည္အထိ သူ၏ေနာက္မွ ကပ္ပါေနဆဲပါပင္။ သို႔ႏွင့္ ခ်န္းက်င္းက အိပ္ခန္းအတြင္းသို႔ ဝင္ေတာ့မည့္ဆဲဆဲတြင္ တစ္ဖက္မွ လုေထာင္က စကားဆိုလာခဲ့ေလ၏။
"ခ်န္းက်င္း ..စကားေျပာရေအာင္"
ခ်န္းက်င္းသည္ သူ၏ေျခလွမ္းမ်ားအား တုံ႔ခနဲ ရပ္တန္႔လိုက္၍ တစ္ဖက္လူကို ျပန္လွည့္ၾကည့္လာခဲ့သည္။
"ေကာင္းၿပီ။ ဘယ္ေနရာမွာ ေျပာၾကမလဲ"
လုေထာင္က တစ္ခဏမွ် ၿငိမ္ေနၿပီးေနာက္ ျပန္ေျဖ၏။
"အိပ္ခန္းထဲ.."
ခ်န္းက်င္းသည္ ခင္ပြန္းျဖစ္သူထံမွ ႐ွား႐ွားပါပါး ဆံုးျဖတ္ခ်က္ေလးအား လက္ခံလိုက္ကာ တံခါးကိုဖြင့္၍ အခန္းအတြင္းသို႔ ဦးစြာ ဝင္သြားခဲ့ေလသည္။ သူ၏အိပ္ခန္းသည္ကား အေတာ္ေလး က်ယ္ဝန္းေပ၏။ ဇနီးျဖစ္သူ၏အိပ္ခန္းသို႔ ပထမဆံုးအႀကိမ္ ဝင္ေရာက္ဖူးျခင္း ျဖစ္ေသာေၾကာင့္ လုေထာင္သည္ ဟိုဟိုဒီဒီ ေလွ်ာက္ၾကည့္မိေလရာ မိမိႏွင့္မစိမ္းသည့္ ပစၥည္းအခ်ိဳ႕ကိုပါ ႐ုတ္တရက္ ျမင္လိုက္ရေလေတာ့သည္။
ခ်န္းက်င္းကမူ ခင္ပြန္းျဖစ္သူ၏ တံု႔ျပန္မႈႏွင့္ ပတ္သက္၍ အာရံုစိုက္ရန္ စိတ္ပါမေနခဲ့ပါေခ်။ သူသည္ သူ၏အိပ္ရာထက္တြင္ ပံုမွန္အတိုင္း ဝင္ထိုင္လိုက္၍ ေဘးနားမွ ေစာင္အား ဆြဲျခံဳရန္ ဟန္ျပင္မိ၏။ ထိုအခိုက္ လုေထာင္က ယခုအခ်ိန္ထိ မတ္တပ္ရပ္ေနဆဲျဖစ္ေၾကာင္း ေတြ႔ေသာအခါ သူသည္ အနည္းငယ္ အားနာဟန္ျဖင့္ စကားဆိုလာေလသည္။
"ထိုင္ေလ.."
ခ်န္းက်င္းသည္ ေစာင္ကို ညင္သာစြာ ဆြဲယူလိုက္၏။ ၎ေစာင္အား သူ၏ႏႈတ္ခမ္းႏွင့္ ႏွာေခါင္းထိပ္ကို ထိလုနီးခင္အထိ ဆြဲလိုက္မိခ်ိန္တြင္ ရင္းႏွီးေသာ ကိုယ္သင္းနံ႔တစ္ခုကို ႐ုတ္တရက္ ႐ႈ႐ိႈက္မိေလသည္။ ၎အေငြ႔အသက္အား ခံစားမိသည္ႏွင့္တစ္ၿပိဳင္နက္ ခ်န္းက်င္း၏ႏွလံုးသားတစ္ခုလံုးမွာ တျဖည္းျဖည္း ၿငိမ္က်သြားရ၍ မ်က္ဝန္းအိမ္မ်ားမွာလည္း အနည္းငယ္ စိုစြတ္စျပဳလာရေတာ့၏။
တစ္ဖက္မွ လုေထာင္သည္ကား မနီးမေဝး႐ွိ ဆိုဖာခံုတစ္ခုေပၚတြင္ ဝင္ထိုင္ၿပီးေနၿပီပင္။ ထိုအခ်ိန္တြင္ ခ်န္းက်င္းသည္ ဆက္၍သည္းမခံႏိုင္ေတာ့ပါဘဲ မိမိဘက္မွစ၍ ဦးစြာ အေမးဆိုမိေလေတာ့၏။
"သူက..ဘယ္အခ်ိန္ ျပန္လာမွာလဲ?"
မည္သူမည္ဝါဟု အတိအက်ေျပာဆိုျခင္း မ႐ွိသည့္တိုင္ လုေထာင္သည္ "သူ" ဟူသည္ကား မည္သူ႔ကို ရည္ၫႊန္းမွန္း ေကာင္းစြာသိသည္။
လုေထာင္၏စိတ္ထဲ၌ ေသးငယ္ေသာ အလိုမက်မႈေလးတစ္ခု ျဖစ္တည္သြားရသည့္တိုင္ ျပန္ေျဖလာေသာ သူ၏ေလသံကမူ မေက်နပ္သည့္ ခံစားခ်က္ဟူ၍ စိုးစဥ္းမွ် ပါမေနခဲ့ပါေခ်။ ၎မွာ တစ္ဖက္မွ ဇနီးျဖစ္သူအား အေၾကာင္းအရာတစ္ခုကို အခ်က္က်က် ႐ွင္းျပေနသည့္အတိုင္းပင္။
"ကိုယ္က မင္းရဲ႕ခင္ပြန္း"
ခ်န္းက်င္းသည္ကား ကုတင္ထက္တြင္ထိုင္ကာ ေစာင္၌ စြဲကပ္ေနသည့္ လုေထာင္၏ကိုယ္သင္းနံ႔အခ်ိဳ႕အား တိတ္တဆိတ္ ႐ႈ႐ိႈက္ေနေပ၏။ လုေထာင္၏အေျဖအား ၾကားေသာအခါ သူက မတရားခံရဟန္ျဖင့္ ခြန္းတံု႔ျပန္မိသည္။
"ကြၽန္ေတာ္ နားမလည္ေတာ့ဘူး။ အတိတ္ေမ့တာလို႔ အစတုန္းက ေျပာခဲ့ၾကၿပီး ဘာလို႔အခုမွ စ႐ိုက္ႏွစ္ခုကြဲတာတဲ့လဲ.."
လုေထာင္က တည္ၿငိမ္စြာ ဆို၏။
"မင္းက လက္မခံခ်င္ဘူးလား? အခုေရာ ကိုယ္တို႔ႏွစ္ေယာက္ကို ေသခ်ာ ခြဲျခားႏိုင္သြားၿပီလား!?"
ခ်န္းက်င္းမွာ တမဟုတ္ခ်င္းပင္ ေၾကာင္သြားမိေလ၏။ လုေထာင္၏စကားလံုးမ်ားသည္ကား ျပစ္တင္စြပ္စြဲေနသည့္ဘက္သို႔ အနည္းငယ္ ေရာက္ေနေၾကာင္း ခံစားမိေသာေၾကာင့္ပင္။ အတိအက်ဆိုရလွ်င္ ၎ေလသံမွာ သဝန္တိုသည့္ဘက္သို႔ ပို၍ေရာက္ေနေသး၏။
သို္႔ေသာ္ ခ်န္းက်င္းသည္ ၎အေတြးစကို ခ်က္ခ်င္း ႐ုတ္သိမ္းလိုက္ေလသည္။ သူသည္ကား လြန္စြာမွ အရိပ္အကဲနားမလည္ကာ တံုးအသူျဖစ္ေသာေၾကာင့္ ခန္႔မွန္းသမွ် အရာရာတိုင္းက က်ိန္းေသေပါက္ လြဲမွားလိမ့္ေလမည္။ ထို႔အျပင္ သူ၏မူလခင္ပြန္းျဖစ္သူသည္ သူ႔ကို ေသးေသးေလးမွ်ပင္ သေဘာမက်ခဲ့ဖူးပါေပ။ ထိုလူဟာ ဘာအတြက္ေၾကာင့္မ်ား သူနဲ႔ပတ္သက္ၿပီး သဝန္တိုပါလိမ့္မည္နည္း?
"တကယ္ဆို အခ်ိန္ႏွစ္လေလာက္ က်န္ေသးတာကို။ ဘာလို႔ ႐ုတ္တရက္ႀကီး ဒီေလာက္ျမန္သြားရတာလဲ?"
လြန္စြာမွ ႏွေျမာတသျဖစ္ေနေသာ ခ်န္းက်င္း၏ေလသံအား ၾကားရေသာအခါ လုေထာင္၏အတြင္းစိတ္ထဲမွ သဝန္တိုမႈမ်ားမွာ ပို၍ ထိန္းခ်ဳပ္ရန္ ခက္ခဲသြားရၿပီပင္။
လုေထာင္က ေအးစက္စြာ စကားဆိုလာခဲ့၏။
"ဘာလို႔ဆို ကိုယ္က အဲ့ဒီစ႐ိုက္ကြဲကို ဖယ္ရွားပစ္ဖို႔ ေရြးခဲ့တာမို႔.."
သူက သူ၏လက္ႏွစ္ဖက္အား ျဖန္႔ျပကာ ဟန္အျပည့္ႏွင့္ ႐ွင္းျပလာသည္။
"ဒီလိုအေျခအေနမ်ိဳးက ကိုယ္တို႔ႏွစ္ေယာက္လံုးအတြက္ မေကာင္းဘူး။ ေနာက္ၿပီး လူသားမ်ိဳးႏြယ္ကလည္း မၾကာခင္ အႏၱရာယ္နဲ႔ ၾကံဳေတြ႔လာႏိုင္ေခ်႐ွိေနတာမို႔ ကိုယ့္အေနနဲ႔ အဲ့ဒီလိုမျဖစ္ခင္ အျပည့္အဝ ျပန္သက္သာလာမွ ျဖစ္မယ္"
ခ်န္းက်င္းကမူ လုေထာင္၏ေနာက္ဆံုးစကားမ်ားအား အျပည့္အဝ ၾကားမိဟန္ မေပၚပါေခ်။ သူသည္ လုေထာင္ကို အံ့ဩမႈအျပည့္ႏွင့္ ျပဴးက်ယ္ေနသည့္ မ်က္ဝန္းတစ္စံုျဖင့္သာ ေၾကာင္ၾကည့္ေနခဲ့မိေလသည္။
"ဖယ္႐ွားပစ္မယ္ ဟုတ္လား?"
လုေထာင္က တည္ၿငိမ္စြာ ဆို၏။
"ဟုတ္တယ္။ ခြဲစိတ္မႈကို ဒီဆယ္ရက္အတြင္း လုပ္ေဆာင္ဖို႔ ကိုယ္တို႔အားလံုး ဆံုးျဖတ္ၿပီးသြားၿပီ"