ဗီလာပြန်ရောက်ချိန်မှာ နေ၀င်အလင်းရောင်တချို့တလေသာ ကျန်ရှိတော့တယ်။
ဒဏ်ရာရထားသူဖြစ်သည့်အလျောက် ဟန်မုန့်ခမျာ သူများတွေ အကင်ဗန်းသယ်နေတာတွေ၊ အကင်လုပ်တာတွေနဲ့ ပျော်ပျော်ပါးပါး မြည်းစမ်းကြည့်နေတာတွေကို ဘာမှကူလုပ်မပေးနိုင်ပဲ ထိုင်ကြည့်ရုံပဲတတ်နိုင်လေတယ်။
‘‘အရသာရှိတယ်”
အမဲသားပြားကင်ကို သူတစ်ကိုက်ကိုက်ကြည့်လိုက်တယ်။
‘‘ဒီနေ့တော့ လောင်ဟန်က ရဲရင့်ပြီး အပီမိုက်နေတော့တာပဲ၊ အတန်းမော်နီတာကို ကယ်ဖို့ မင်း ကျောက်ဆောင်ပေါ်ကနေ ခုန်ချလိုက်တုန်းကဆို ငါဖြင့် အဝေးကကြည့်ပြီး ရှော့ခ်ရနေတာပါဆို”
ကောကျစ်ရှုန်းက ပြောတယ်။
ကျိုးဟောက်လျန်ကလည်း :
‘‘ဟုတ်တယ်၊ ပြီးတော့ ချဲယ်ကောနဲ့ ယောင်ကောဆိူလည်း ပြောမနေနဲ့တော့၊ ဟိုဘက်ကကောင်တွေ အကုန် ကန်ချလိုက်တာများ တစ်မိနစ်တောင်မကြာလိုက်ဘူး၊ ရန်ဖြစ်တာနဲ့ကိုမတူတော့ဘူး ဒီအတိုင်းအနိုင်ကျင့်နေတာကျနေတာပဲ!”
ကျန့်ယောင်က အာလူးပြားကင်ကို တစ်ဖက်လှန်ပြီး အပြုံးလေးနဲ့
‘‘ငါက ဘေးကပံ့ပိုးပေးရုံပါ၊ ချဲယ်ချဲယ်ကသာ အဓိက DPS”
ရင်းချဲယ်က ဘာမှပြန်မပြောပဲ လက်ထဲက နို့နွေးနွေးကိုသာ တစ်ငုံပြီးတစ်ငုံသောက်နေကာ သူတို့ပြောနေတာကို တစ်လုံးမှ စိတ်၀င်စားပုံမရ။
ပထမပိုင်းချက်ပြုတ်လို့ပြီးတော့ ကျန့်ယောင်က အကင်တစ်မျိုးစီအစုံ ယူလာပြီး ရင်းချဲယ်ဘေး လာထိုင်တယ်။ သူက ပန်းကန်ပြားလေးကို မြှောက်ပေးကာ
‘‘မင်းကြိုက်တာယူလိုက်”
ရင်းချဲယ်က ခေါင်းရမ်းပြကာ
‘‘ငါ စားချင်စိတ်မရှိဘူး၊ မင်းပဲစားလိုက်”
‘‘ကျွန်တော့်ရဲ့သခင်လေးက သိပ်ဂျေးများတာပဲ၊ ဒါဆိုလည်း ဘာစားချင်လဲပြော? ကိုယ်သွားဝယ်ပေးမယ်”
‘‘မလိုဘူး ရတယ်”
သို့ပေမယ့်လည်း ကျန့်ယောင်က သူသတိမထားမိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အနီးနား ဟောင်ကောင်စတိုင်ကဖေးဆိုင်ကို တိတ်တိတ်ကလေး ခိုးထွက်သွားကာ နာရီ၀က်လောက်ကြာအောင် စောင့်ရတဲ့ ဒင်မ်ဆမ် သွား၀ယ်လေတယ်။
အကျိုးဆက်ကတော့ သူလည်းပြန်ဖို့ထွက်လာချိန် မိုးက သည်းသည်းမဲမဲ ရွာချနေပြီ။
အနီးနားမှာ ထီးရောင်းတဲ့ဆိုင်မရှိတာကြောင့် သူလည်းမိုးရေထဲအရဲစွန့်ပြေးရုံသာ တတ်နိုင်တော့တယ်။ အကွာအဝေးက တိုလို့သာပေါ့ ဒါတောင် သူ့မယ် ကြွက်စုတ်ရေမွန်းကိုဖြစ်လို့။
တခြားသူတွေကတော့ အကင်စားပြီးကြလို့ ဗီလာထဲတောင် ရောက်နေကြပြီ။ လောလောဆယ်တော့ ဧည့်ခန်းထဲမှာ TVရှေ့ဂိမ်းထိုင်ဆော့နေကြတယ်။
‘‘ငါ့ထိုင်ခိုင်ဖော်လေးရော?”
‘‘အပေါ်ထပ်မှာ”
ကောကျစ်ရှုန်းက ပြန်ဖြေတယ်။
‘‘အယ်..နေဦး မဟုတ်ဘူးလေ ချဲယ်ကောက အခုငါ့ထိုင်ခုံဖော်ကို”
‘‘ကျောင်းပြန်ဖွင့်ရင် အဲ့လိုဖြစ်မှာ မဟုတ်တော့ဘူး”
ကျန့်ယောင် အပေါ်တက်လာခဲ့တယ်။ သူတို့ရဲ့အိပ်ခန်းတံခါးက စေ့စေ့ကျပ်ကျပ်ပိတ်ထားကာ လူတွေကို ၀င်မလာကြဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းဆန်နေသယောင်။ တံခါးဘုကို လှည့်ဖွင့်တော့ လော့ချထားတာမို့ တံခါးခေါက်လိုက်ရတယ်။
‘‘ချဲယ်ချဲယ်ရေ တံခါးဖွင့်ဦး၊ မင်းအတွက်ညစာ၀ယ်လာတယ်”
အပေါက်ဖွင့်ဖို့ကို သူတအောင့်လောက် စောင့်လိုက်ရတယ်။ သူ့ရဲ့ခေါင်းစခြေဆုံး ရွှဲရွှဲစိုနေတာကို မြင်တော့ ရင်းချဲယ်က တအံ့တဩနဲ့ မျက်တောင်လေးပုတ်ကာ
‘‘မိုးရွာနေတာလား?”
‘‘ဟုတ်တယ်လေ မသိဘူးလား?”
ပါဆယ်ဘူးကို ကျန့်ယောင် စားပွဲပေါ်တင်လိုက်တယ်။
‘‘သဲကြီးမဲကြီးကို ရွာနေတာမလို့ လျှပ်စီးလည်းပါချင်ပါလိမ့်မယ်၊ ဒါစားပြီးအိပ်လိုက်တော့”
‘‘အင်း”
ကျန့်ယောင် ရေမိုးချိုး ည၀တ်အင်္ကျီလဲပြီး ဆံပင်သုတ်ရင်း ပြန်ထွက်လာတော့ နည်းနည်းမှမတို့ရသေးတဲ့ ဒင်မ်ဆမ်ဘူးနဲ့ ပြတင်းပေါက်ရှေ့မှာ ရပ်ပြီး မိုးစက်တွေကို ငူငူငိုင်ငိုင် ကြည့်နေတဲ့ ရင်းချဲယ်ရယ်ကို တွေ့လိုက်ရတယ်။
ကျန့်ယောင် သွားပြီး လိုက်ကာတွေကိုပိတ်လိုက်တယ်။
‘‘အအေးမိလိမ့်မယ်၊ ဘာဖြစ်လို့မစားတာလဲ? မကြိုက်လို့လား?”
ရင်းချဲယ်က ခေါင်းငုံ့လျက်နဲ့ တစ်ဖက်လှည့်သွားတယ်။
‘‘စားချင်စိတ်မရှိလို့၊ ရေခဲသေတ္တာထဲထည့်ထားပြီး မနက်ဖြန်ကျမှ စားလိုက်မယ်လေ နော်”
အခန်းပေါက်၀ဆီ ဦးတည်နေတဲ့ သူ့လမ်းကို ကျန့်ယောင်၀င်ပိတ်လိုက်တယ်။
‘‘နေလို့မကောင်းဘူးလား?”
လေထုထဲမှာ ချိုမြမြအနံ့လေးမရတော့ပေ၊ မနက်က သူ့ရဲ့ heatက alpha pheromoneတွေနဲ့ ဖိနှိပ်ပြီးသွားတာကြောင့် ဖြစ်မယ်။
‘‘နေလို့မကောင်းတာ မဟုတ်ပါဘူး”
‘‘အာ့ဆို မင်း.... မပျော်လို့လား?”
‘‘မပျော်တာမဟုတ်ပါဘူး”
‘‘ကိုယ် တစ်ခုခုလုပ်မိလို့လား?”
‘‘မဟုတ်ဘူး”
ကျန့်ယောင် ကြံရာမရဖြစ်သွားတယ်။ ခနလောက်ကြာ တွန့်ဆုတ်နေပြီးနောက်တော့ သူမမေးချင်ခဲ့တဲ့ အရာကို ထုတ်မေးလိုက်တော့တယ်။
‘‘မနေ့က ဒေါက်တာဖုန်း ပြောလိုက်တာကြောင့်လား?မင်း.....heatကာလကို မဖြတ်သန်းချင်လို့လား?”
ရင်းချဲယ်က ခနကြာထိပြန်မဖြေပဲ ပြီးမှ ခေါင်းတေးတေးလေး ငြိမ့်ပြတယ်။
ကျန့်ယောင် ရင်ဘတ်ထဲ အေးခဲသွားရတယ်။
ကောင်စုတ်လေးက heatကို သူနဲ့အတူမဖြတ်သန်းချင်ပဲ သူတစ်ယောက်တည်းကသာ တစ်နေကုန် ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေမိတာလား
‘‘.....အင်းလေ၊ ဒါက မင်းဘ၀အတွက် ကြီးကြီးမားမား အပြောင်းအလဲကြီးဆိုတော့လည်း ဟုတ်ပါတယ်၊ အခုမှအသက်ပြည့်ခါစဆိုတော့ အသေအချာစဉ်းစားရမှာပေါ့”
ကျန့်ယောင်ပြုံးလိုက်တယ်။
‘‘ဒါဆို ကိုယ် ထိန်းချုပ်ဆေးသွား၀ယ်ပေးမယ်လေ သုံးနှစ်လောက် ထိန်းထားလို့ရအောင် ဟုတ်ပြီလား?”
သူ မျက်နှာမှာ တည်ငြိမ်နေတဲ့ အမူအရာမျိုး ထိန်းထားပြီး တံခါးဘုကို လှမ်းကိုင်လိုက်တယ်။
‘‘အဲ့ဒီသုံးနှစ်အတွင်းမှာ ငါတခြားလူနဲ့တွေ့ပြီး မင်းကိုထားရစ်ခဲ့မှာ မစိုးရိမ်ဘူးလား?”
ရင်းချဲယ်က ရုတ်တရက်ကြီးမေးလာပြီး သူ့ကို အံ့ဩသွားစေတယ်။
ကျန့်ယောင် တန့်သွားတယ်။
‘‘အခုလည်း မင်းက ကိုယ်နဲ့ရှိနေတာမှမဟုတ်တာ”
ရင်းချဲယ်က သူ့ကိုမော့ကြည့်လာတယ်၊ ကျန့်ယောင်ရဲ့ မျက်၀န်းမှိန်မှိန်တွေက မှုန်မှိုင်းနေတယ်။
‘‘ငါသိပါတယ် အဲ့ကိစ္စပြီးတော့ မင်းငါ့ကို အရင်ကလောက် သဘောမကျတော့တာရယ် ငါနဲ့အတူရှိရမှာကို အရင်ကလောက် မပျော်တော့ဘူးဆိုတာ၊ ဒါပေမယ့်လေ ငါ့ဘက်ကတော့......အရင်ကလိုပဲ သဘောကျတုန်းပဲ”
ကျန့်ယောင်က ခေါင်းကုတ်ရင်း
‘‘တခါတခါကျလေ မင်းက ကျိန်းသေ ငါနဲ့ပဲအတူရှိရပါမယ်လို့ သွယ်ဝိုက်ပြီးပြောလိုက် ပေါ်တင်ပြောလိုက်နဲ့ မင်းကို brainwashနေသလို ငါ့ကိုယ်ငါခံစားရတယ်၊ ငါနဲ့ ပြန်တွဲချင်လာအောင် မင်းကို အတင်းလုပ်ယူနေသလိုမျိုး......”
ရင်းချဲယ် သူ့ကိုဖြတ်ပြောလိုက်တယ်။
‘‘ငါက brainwashမခံပါဘူး”
‘‘အင်းလေ ဘယ်လိုလုပ်မင်းက အဲ့လောက်တုံးပါ့မလဲ၊ ခုဆို မင်းရဲ့ pheromone levelကလည်း ပုံမှန်ပြန်ဖြစ်နေပြီ ပြီးတော့ မင်းရဲ့ချစ်ဖို့ကောင်းပုံနဲ့ဆို သဘောကျတဲ့လူတွေ အများကြီးရှိမှာပဲ”
ကျန့်ယောင်က သက်ပြင်းတစ်ချက်ချပြီး တံခါးကိုဖွင့်တယ်။
‘‘ရပါတယ်၊ မင်းကမှ heat ငါနဲ့အတူမဖြတ်သန်းချင်ဘူးဆိုရင် ငါမတိုက်တွန်းပါဘူး အချိန်ပဲဆိုင်းထားလိုက်ကြမယ်လေ ဟုတ်ပြီလား? အဲ့ဒီနောက်သုံးနှစ်အတွင်းမှာမှ မင်းငါ့ကို ရွေးချယ်လာစေဖို့ ငါအကောင်းဆုံးကြိုးစားမယ်၊ ဒါပေမယ့် မင်းဘက်က နောက်ဆုံးကွာ တစ်ခြားသူတစ်ယောက်ကို ရွေးချယ်သွားခဲ့မယ်ဆိုရင်တောင်, အဲ့လိုဆိုရင်တောင် ငါနဲ့အတူရှိပေးဖို့ မင်းကို အတင်းအကျပ်ဖိအားပေးမှာ မဟုတ်ဘူး၊ မင်းပျော်နေမယ် ဆိုသရွေ့ ငါက.......”
သူ ရှေ့ဆက်မပြောတော့ပေ၊ ရင်းချဲယ်က လက်တစ်ဖက်မြှောက် တားလိုက်ခြင်းကြောင့်။
‘‘သဘောထားတွေ သိပ်ကြီးနေတယ်ပေါ့၊ ဒီလိုမျိုး လွယ်လွယ်နောက်ဆုတ်ပေးပြီး လက်လွှတ်ပေးတယ်ဆိုတော့လေ”
‘‘အဲ့လိုမဟုတ်ပါဘူး၊ ကိုယ်က......”
‘‘မင်းနဲ့အတူ မရှိချင်လို့မဟုတ်ဘူး၊ အရမ်းမြန်လွန်းနေတယ်ထင်မိလို့၊ ငါက နောက်ထပ်တစ်နှစ်လောက် ကြာဦးမယ် မှတ်နေတာ”
ရင်းချဲယ်က ခပ်တိုးတိုး ဖျော့ဖျော့လေးပြောတယ်။
‘‘ငါ့ကိုယ်ငါ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်မထားရသေးသလို ရုပ်ပိုင်းဆိုင်ရာအနေနဲ့လည်း အဆင်သင့်မဖြစ်သေးလို့”
ကျန့်ယောင်ကတော့ အဓိကအချက်ကို ဖမ်းလိုက်တယ်။
‘‘ငါနဲ့အတူမရှိချင်လို့မဟုတ်ဘူးဆို.....မင်းဘယ်လိုဖြစ်ချင်လဲပြော?”
‘‘မသိဘူး”
‘‘ပြောပါ”
‘‘မပြောပါဘူး”
‘‘တောင်းပန်ပါတယ်ကွာ......”
ကျန့်ယောင်က တစ်လှမ်းကပ်လာတယ်။
‘‘ကိုယ် နှလုံးသားလေး သက်သာရာရပါရစေ နော်?”
ထိုတိုးတိုးလာတဲ့ ရင်ဘတ်ကြီးကို ရင်းချဲယ်လက်တစ်ဖက်ထုတ်ကာ တားထားလိုက်တယ်။
‘‘တစ်ထွာပေးတာကို ရောင့်တက်မ-----”
ပြောနေလို့မဆုံးခင် ကျန့်ယောင်က ခေါင်းကိုငုံ့ချလာပြီး နှာဖျားလေးနှစ်ခု ပွတ်တိုက်သွားတယ်။ နဖူးချင်းထိကပ်ထားပြီးမှ ပိုပိုနီးကပ်အောင် တိုးယူလာတယ်။
အသာအယာ *ဒုန်း*ဆိုတဲ့ အသံလေးနဲ့အတူ ရင်းချဲယ်ရဲ့ခေါင်းလေးက တံခါးနဲ့ကပ်သွားတယ်။
‘‘ချဲယ်ချဲယ်”
တစ်ဖက်က ရှူထုတ်လိုက်တဲ့ အသက်ငွေ့တွေရနံ့တွေက သူ့ပါးစပ်ထဲမှာ အပြည့်။
pheromoneတွေရောပဲ။
ရင်းချဲယ် လန့်သွားတယ်။ နှလုံးခုန်နှုန်းက ဗြုန်းခနဲတက်သွားပြီး မနက်ခင်းကမှ ကျလုနီးနီးဖြစ်နေတဲ့ ကိုယ်အပူချိန်ကလည်း ပြန်တက်လာတယ်။
.....ဒီသောက် alphaကောင်ကတော့
ကျန့်ယောင်က သူသတ်မှတ်ထားတဲ့ စည်းမျဉ်းကိုလိုက်နာပြီး စည်းမကျော်ခဲ့ပေ။
‘‘မင်းစိုးရိမ်နေတယ်ဆိုရင်လည်း အခုပဲ ထိန်းချုပ်ဆေးသုံးလိုက်ကြမယ်လေ ကိုယ်တို့စောင့်လို့ရတယ်လို့ ပြောပြီးသားပဲ၊ ဒါပေမယ့် မင်းဘာပဲရွေးခြယ်ရွေးခြယ်ပါ ကိုယ့်ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောစေချင်တယ်၊ ကိုယ့်ကို မင်းနဲ့အတူ ၀န်မှန်သမျှထမ်းခွင့်ပြုပါ၊ တစ်ယောက်တည်း ခါးစည်းမခံပါနဲ့၊ ဒီရက်ပိုင်းတွေမှာ မင်းကိုယ့်ကို ပြန်မုန်းသွားပြီလားတောင် တွေးမိတယ် ကိုယ့်အပေါ် အရမ်းစိမ်းကားနေတော့......”
ရင်းချဲယ်က : ‘‘ငါက ဘယ်တုန်းက မင်းအပေါ် ကြင်နာယုယနေဖူးလို့လဲ?”
‘‘.....အင်း အဲ့ဒါလည်း ဟုတ်သားပဲ”
ကျန့်ယောင်က ရယ်တယ်။
‘‘အဲ့လိုပြောမှ ဟိုတစ်ခေါက် taxiပေါ်မှာ မင်းငါ့ကိုခိုးနမ်းတုန်းက အိပ်မက်မက်တယ်ထင်နေတာ၊ နောက်ပြန်တွေးကြည့်မှ...၊ အရက်ကြောင့်ဖြစ်မယ်”
ရင်းချဲယ် လည်ချောင်းလေး လှုပ်သွားပြီး စကားလမ်းကြောင်းလွှဲပစ်တယ်။
‘‘ဘာလဲ ငါ့အေးတိအေးစက်ဖြစ်နေတာကို မင်းက သဘောမကျတာလား?”
‘‘မဟုတ်ပါဘူး၊ အေးတိအေးစက်ဖြစ်တော့ ပိုတောင်ကောင်းသေးတယ်၊ ဒါမှ ကိုယ့်နေရာကို ပြန်မရသေးဘူးဆိုတာ မမေ့ပဲနေမှာ”
‘‘သိရင်ပြီးတာပဲ”
ကျန့်ယောင်က ခနလောက်ငြိမ်ကျသွားတယ်။ မျက်လွှာလေးချကာ ဘေးမှာချထားတဲ့ ရင်းချဲယ်လက်ချောင်းကလေးတွေကို တို့ထိဆော့ကစားရင်း
‘‘ချဲယ်ချဲယ် ကိုယ့်ကို အရိပ်အမြွက်လေးပဲဖြစ်ဖြစ် ပေးလို့မရဘူးလား? အဲ့နေရာကို ပြန်ရနိုင်ဖို့ ကိုယ့်မှာ မျှော်လင့်ချက်လေးများ ရှိသေးလားလို့လေ”
‘‘ဘာအရိပ်အမြွက်လဲ?”
‘‘ဥပမာကွာ မျှော်လင့်ချက်အများကြီး မကျန်တော့ရင် တွန်းထုတ်လိုက်၊ နည်းနည်းလေး ရှိသေးရင် ကိုယ့်လက်ကိုကိုင်လိုက်၊ အများကြီး အများကြီးရှိသေးရင်တော့ ကိုယ့်ကိုဖက်လိုက်လေ”
‘‘ဒီတိုင်းပါးစပ်က ပြောလိုက်တာနဲ့ ဘာကွာလို့လဲ?”
‘‘ကွာတော့မကွာဘူးလေ၊ ကိုယ်က မင်းဘက်ကအရင်စပြီး ထိတွေ့လာမှာ လိုချင်လို့ပါ”
‘‘ရူးလိုက်တာ”
ရင်းချဲယ်က လက်တစ်ဖက်နဲ့ သူ့ကိုတွန်းထုတ်တယ်။
ထိကပ်ထားတဲ့ နဖူးနှစ်ခုက ဝေးကွာသွားတဲ့ခန ကျန့်ယောင်က သူ့ကိုအလန့်တကြားနဲ့ ကြည့်တယ်။
‘‘အဲ့ဒါ ငါ့အဖြေပဲ”
သူ့အကြည့်ကို ရင်းချဲယ်တည့်တည့်ဆိုင်ပြီး ပြောလိုက်တယ်။
ကျန့်ယောင်က မျက်စိကိုမှိတ်ချကာ နောက်ဆုတ်သွားတယ်။
‘‘ကိုယ်သိပါပြီ၊ ကိုယ် အကောင်းဆုံး ဆက်ကြိုးစားမှာပါ....”
ရုတ်တရက် ရင်းချဲယ်က သူ့အင်္ကျီစကို ဖျတ်ခနဲ လှမ်းဆွဲကာ
ခြေဖျားထောက်ပြီး ကျန့်ယောင်ရဲ့နှုတ်ခမ်းထောင့်ကို လှမ်းထိတယ်
သူ့ရဲ့ နှုတ်ခမ်းပါးနဲ့။
‘‘နားလည်ပြီလား”
ကျန့်ယောင်တစ်ယောက် မတ်တပ်မေ့သွားတော့တယ်။
.
*ဒေါက် ဒေါက်*
အပြင်မှာ တစ်စုံတစ်ယောက်က တံခါးလာခေါက်တယ်။
‘‘ယောင်ကောရေ ငါတို့ werewolfဂိမ်းကစားမလို့၊ မင်းတို့နှစ်ယောက် ပါမလား?”
ကျိုးဟောက်လျန်ရဲ့ အသံပင်။ ပြန်ဖြေသူမရှိတာတွေ့တော့ တစ်ခုခုမူမမှန်ဘူးထင်ပြီး တံခါးဘုကိုလှည့်ဖွင့်လိုက်တယ်။
*ဒုန်း!*
အသံကျယ်ကြီး ထွက်လာတယ်။ အတွင်းကလူက တံခါးကို အကြမ်းပတမ်း ပြန်ဆွဲပိတ်လိုက်တာကြောင့်ဖြစ်တယ်။
ကျိုးဟောက်လျန် လန့်ပြီးထခုန်တော့တယ်။
‘‘ချီး”
‘‘မကစားတော့ဘူး၊ ငါတို့အိပ်တော့မလို့”
‘‘အော အော အေးပါ...”
ကျိုးဟောက်လျန်မှာ လန့်ဖျန့်တုန်လှုပ်စွာနဲ့ အောက်ထပ်ကို ခပ်သုတ်သုတ် ပြန်ပြေးလာခဲ့ကာ ဖြစ်ခဲ့တဲ့အကြောင်းကို တခြားသူတွေကို ပြန်ပြောပြလိုက်တယ်။
‘‘နှစ်ယောက်သား ရန်ဖြစ်နေကြတာလားမသိဘူး၊ ဘာဖြစ်လို့ ယောင်ကောက တအားစိတ်ကြီးနေရတာလဲ?”
ထိုစကားကြားတော့ ကောကျစ်ရှုန်းက စိတ်ပူသွားတယ်။
‘‘ငါတို့ အပေါ်တက်ပြီး သွားကြည့်ကြမလား?”
ဟန်မုန့် သူ့ကို အချိန်မှီလေး ၀င်တားလိုက်တယ်။
‘‘ငါ့ကိုယုံ၊ ရန်ဖြစ်ရုံမကလို့ တခြားဘာပဲလုပ်လုပ် ငါတို့၀င်မပါတာ ကောင်းလိမ့်မယ်”
ဧည့်ခန်းထဲက ကြက်တူရွေးကလည်း လိုက်အော်တယ်။
‘‘၀င်မပါနဲ့! ၀င်မပါနဲ့!”
..
အခန်းထဲတွင်တော့ ကျန့်ယောင်က ရင်းချဲယ်ကိုကျောနဲ့ နံရံနဲ့ကပ်ထားတယ်။
ရင်းချဲယ်ကိုယ်ပေါ်ရစ်သိုင်းထားတဲ့ လက်တွေနဲ့အတူ နှုတ်ခမ်းသားတွေဟာလည်း ထပ်တူကျလျက်ရှိတယ်။
ကောင်စုတ်လေးက စိတ်ထားကသာ ခပ်တင်းတင်းရယ်၊ နှုတ်ခမ်းတွေကျ နူးညံ့နေတာ ထိလိုက်တိုင်းအိကျ။ တိမ်တွေပေါ်မှာ နမ်းနေရသလိုမျိုး သူ့တစ်ကိုယ်လုံးက လေပေါ်မှာ လွင့်မျောနေတယ်။
ဒီလို ချိုမြိန်ဆန်းသစ်တဲ့ အတွေ့အကြုံမျိုးမှာ သူ့အသိတွေအကုန် နစ်မွန်းသွားသလိုပဲ။
သူ အပျော်တွေနဲ့မျောလွင့်နေတုန်းပဲ *ချောက်*ဆိုတဲ့ အသံကြားလိုက်ရပြီး ငုံ့ကြည့်တော့ ရင်းချဲယ်က တံခါးလော့ကိုဖိနှိပ်လိုက်ခြင်း။
‘‘မတော်လို့ တစ်ယောက်ယောက်၀င်လာရင်....”
ရင်းချဲယ်က အကြည့်ကိုအောက်ပို့တော့ မျက်၀န်းတွေကို ကာလွှားသွားတဲ့ မျက်တောင်ကလေးတွေ။ နှုတ်ခမ်းသားဟာ နီရဲနေပြီး နားရွက်ဖျားလေးတွေကလည်း ခပ်ရဲရဲ။
‘‘ရပြီ ဆက်လုပ်”
ကျန့်ယောင် အသက်၀၀ရှူပြီး ရှေ့ကိုတစ်ခါပြန်ကပ်လိုက်တယ်။
ဒီတစ်ခေါက်တော့ သူ့ခွန်အားကိုပြကာ pheromoneကိုလည်း ထုတ်လိုက်တယ်။
..
ရင်းချဲယ်က ခေါင်းကို ခပ်စောင်းစောင်းလေးမော့ပေးပြီး သူ့ပခုံးပေါ်လက်တစ်ဖက်တင်ထားကာ ဖွဖွကလေးဖျစ်တယ်။
စောစောကတော့ စိတ်လိုက်မာန်ပါနဲ့ လျှပ်တပြက်ပြောလိုက်မိတာဖြစ်ပြီး အခုဘယ်လိုဖြေရှင်းရမလဲ ရင်းချဲယ် မတွေးတတ်တော့ပေ။
ကျန့်ယောင်က လောလောလတ်လတ်ရေချိုးထားတာမို့ နှုတ်ခမ်းသားတွေက စိုစွတ်နေတယ်၊ ဆံဖျားကနေတစ်ဆင့် တစက်စက်ကျနေတဲ့ ရေစက်တွေကတော့ ပွတ်တိုက်ဖိကပ်နေတဲ့ နှုတ်ခမ်းနှစ်လွှာကြား ကျကာ ကော်ရည်ကဲ့သို့ နှုတ်ခမ်းတွေကို ပိုပြီးပူးကပ်ဆက်နွှယ်စေတယ်။
လေထုထဲက pheromoneသိပ်သည်းဆမှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်မှာ လက်ရှိ သူလက်ခံနိုင်သည့် အတိုင်းအတာထိပင် ရောက်လာသည်။
ရင်းချဲယ် ကျန့်ယောင်ကို တွန်းထုတ်လိုက်ပြီး အသက်ကို အလုအယက်ရှူကာ ခေါင်းတစ်ဖက်လှည့်လိုက်တယ်။
‘‘ခနလေး၊ ပြင်း ပြင်းလွန်းတယ်.....”
ရင်းချဲယ် စိတ်ငြိမ်မယ့်အချိန်ထိ ကျန့်ယောင်က စိတ်ရှည်လက်ရှည်စောင့်ပြီးမှ လက်ကိုကိုင်ပြီး သူ့အနားဆွဲယူတယ်။ ခေါင်းငုံ့ချလာပြီး ရင်းချဲယ်ကို ပွေ့ပိုက်ပြီးမှ
‘‘မင်း မခံနိုင်တော့ဘူးဆို နောက်ဆုတ်လိုက်နော်”
စကားအဓိပ္ပါယ်ကိုပင် နားလည်ချိန်မရလိုက်ပဲ ရင်းချဲယ်နှုတ်ခမ်းတွေ တစ်ဖန်ပြန်သိမ်းယူခံလိုက်ရပြန်တယ်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းငယ်လေးတွင်း နမ်းရှိုက်သံတိုးညှင်းညှင်းလေးသာ ကျန်ရစ်လေတော့တယ်။
ကျန့်ယောင်က အရမ်းကြီး နက်နက်ရှိုင်းရှိုင်းနမ်းတာတော့ မဟုတ်ပေသည့် pheromoneတွေကိုတော့ အသက်ရှူခြင်းကတစ်ဆင့် သူ့ဆီကူးပြောင်းစေဖို့ သူ့နှုတ်ခမ်းကို ထပ်ကာတလဲလဲ သူ့ပါးစပ်ထဲဆွဲစုပ်တယ်။
သူ့ဘက်ကတော့ မတွန်းလှန်နိုင်ရုံသာ။
သူ့မှာဘာမှလည်း မတတ်နိုင်ပဲ တစ်စတစ်စနဲ့ မူးဝေမှုကြောင့်ဒူးတွေပျော့ခွေလာတဲ့ထိ ရှေ့က alphaကောင်ရဲ့ နမ်းရှိုက်ခြင်းကိုခံနေရတယ်။
သူသည်းမခံနိုင်တော့ဘူးလို့ထင်တဲ့ အနေအထားရောက်ချိန်မှာတော့ ရင်းချဲယ် နောက်တစ်လှမ်းဆုတ်လိုက်တယ်။ လူချင်းကွဲသွားချိန်မှ ကျန့်ယောင်ပြောတဲ့အဓိပ္ပါယ်ကို သူနားလည်တော့တယ်။
ကျန့်ယောင်က သူ့ကို ခေါင်းကနေချုပ်ကိုင်ထားတာလည်း မဟုတ်သလို ခါးမှာရစ်သိုင်းထားတာလည်း မဟုတ်ပေ။ ထို့ကြောင့် ခြေတစ်လှမ်းဆုတ်လိုက်ရုံနှင့် သူဟာ အနမ်းကို အချိန်မရွေး အဆုံးသတ်နိုင်သူဖြစ်တယ်။
ကျန့်ယောင်ဟာ ဆုံးဖြတ်ပိုင်ခွင့် အလုံးစုံကို သူ့ဆီပုံအပ်ထားခြင်းဖြစ်တယ်။
ပုံမှန်အားဖြင့် alphaနှင့် omegaကြားမှာ alphaကသာ ပိုပြီးအခွင့်သာသန်မာတတ်ကြသည်။ အရင်ကဆို ကျန့်ယောင်ကပဲ တခါတခါ လွှမ်းမိုးခြယ်လှယ်နေတတ်တယ်၊ သို့ပေမယ့် အခုလိုမျိုး ကွဲအက်ထားတဲ့ဆက်ဆံရေးမျိုးမှာတော့ ကျန့်ယောင်ဟာ အချောသပ်ထားပြီးသား ကျောက်ရိုင်းတုံးတစ်တုံးလိုပဲ မြေကြီးပေါ်၀င်လှဲရင်း အက်ကြောင်းလေးကို ဖြည့်ဆည်းပေးရင်း ရင်းချဲယ်ရဲ့လမ်းအတွက် ခြေနင်းကျောက်တုံးလေးအဖြစ် ပျော်ပျော်ရွှင်ရွှင် လိုလိုလားလား ပေးဆပ်နေဖို့ ဆန္ဒရှိနေတယ်၊ ရှေ့ဆက်ပြီး ရင်းချဲယ်သွားမယ့်ခရီးလမ်းမှာ သူအတူ လိုက်ပါမသွားနိုင်တော့ဘူး ဆိုရင်တောင်မှပေါ့။
ကျန့်ယောင်ဟာ omegaဟုတ်ဟုတ်မဟုတ်ဟုတ် သူတကယ်ဂရုမစိုက်ဘူးဆိုတာရယ် ပြန်ပြေလည်ဖို့တောင်းတောင်းပန်ပန်ဆိုခဲ့ခြင်းက heatကြောင့်မို့ မဟုတ်ဘူးဆိုတာကို အပြုအမူတွေကတစ်ဆင့် သက်သေပြလေတယ်။
ဒါ့ကြောင့် သူတို့ကြားမှာ ပြဿနာကြီးကြီးမားမားရယ်တော့ မရှိတော့ပေ။
ရင်းချဲယ် အရှေ့က ကြင်နာသဘောထားပြည့်၀လှတဲ့ အမျိုးသားလေးရဲ့ လက်ကို ရှိသမျှအားကုန်နဲ့ ဖျစ်ညှစ်လိုက်တယ်။
‘‘ကော~~”
ထိုခေါ်သံခပ်စွဲစွဲလေးက အနမ်းထဲနစ်မျောနေသူကို တွန့်သွားစေတယ်။ ထိုမျက်၀န်းတစ်စုံထဲက မှောင်ရီနေပြီးသား အမူအရာတွေက ပိုမိုနက်ရှိုင်းသွားသလို မဲနက်သွားတယ်။
‘‘ကိုယ်ရှိတယ်၊ ဘာဖြစ်လို့လဲ?”
‘‘ဒီတစ်ခေါက်က..... ဘယ်လောက်လောက်ထုတ်လိုက်တာလဲ?”
‘‘20%, မင်းအဆင်ပြေရဲ့လား”
ရင်းချဲယ်က ခနလေးငြိမ်နေပြီးမှ ခေါင်းတစ်ချက်ငြိမ့်ပြတယ်။
‘‘အင်း”
ကျန့်ယောင်က ခပ်ရှရှအသံနဲ့ပြောတယ်။
‘‘ဒါဆို.....ထပ်ပြီးတော့?”
ရင်းချဲယ်က ပြန်ဖြေလာခြင်းမရှိပဲ နီရဲပြီးဖူးကြွပြီးသားဖြစ်နေတဲ့ သူ့နှုတ်ခမ်းလေးတွေကိုသာ မသိမသာလေးဆူပြတယ်။
ကျန့်ယောင် ရှေ့တိုးလို့ သူ့ဆီချဉ်းကပ်သွားလိုက်တယ်။
ရင်းချဲယ်ကတော့ တောင့်တောင့်လေးရပ်နေရင်း မျက်လုံးလေးတွေကို မှိတ်ထားလေရဲ့။
...
အချိန်ဘယ်လောက်ကြာတဲ့အထိ သူတို့ ပူးကပ်နေခဲ့ကြသည်တော့ မသိ။ သူမှတ်မိသမျှကတော့ သူဟာ နောက်ကိုငါးကြိမ်ဆုတ်ပြီး ကျန့်ယောင်က သူ့နောက်ကို လိုက်ခေါ်ခဲ့တာက ခြောက်ကြိမ်။
သူနောက်ဆုံးဆုတ်လိုက်ချိန်က ကုတင်အစွန်းကိုရောက်နေပြီ။ သူနောက်ကိုလန်ကျချိန် လွတ်မြောက်ခွင့်မရှိနိုင်တဲ့ အဆုံးသတ်ထဲမှာ အဖမ်းခံမိသွားတယ်။ အဲ့ဒီနောက်တော့ အချိန်တော်တော်ကြာတဲ့ထိ သူတို့နှစ်ယောက် မခွဲမခွာနေဖြစ်ခဲ့ကြတယ်။
နှစ်ဦးစလုံးအတွက် ဒါဟာ ပထမဆုံးအနမ်း၊ အတွေ့အကြုံလုံး၀မရှိတာကြောင့် ကောင်းတာလား ဆိုးတာလား သူတို့မပြောတတ်ပေ။ မကျွမ်းမကျင်နဲ့ပဲ ရင်ထဲကခံစားချက်ကိုသာ အားကိုးအမှီပြုပြီး သူတို့နှုတ်ခမ်းတွေ ပူသထက်ပူလာသည်အထိ နမ်းခဲ့ကြတယ်။ နမ်းရင်းနမ်းရင်း စိုစွတ်လာတဲ့နှုတ်ခမ်းတွေက ပိုပြီးခိုင်ခိုင်မာမာ ကပ်ငြိနေကြကာ ခွဲရမှာကို မလိုလားတဲ့အထိဖြစ်လာတယ်။
နှစ်ယောက်လုံး အဆုံးထိမသွားရဲပေ၊ ကိုယ့်စိတ်ကိုယ်အရူးလုပ်မိမှာ ကြောက်တာကြောင့်ရော ဒီလိုဖြူစင်ပြီးရင်ခုန်ကြည်နူးစရာအချိန်လေး ပျက်စီးသွားမှာ စိုးတာကြောင့်ရော။
ဒီလိုခံစားချက်မျိုးကို စကားလုံးနဲ့ ဘယ်လိုဖော်ပြရမလဲ မသိပေမယ့် အကယ်၍ ဖော်ပြခဲ့ရမယ်ဆိုလျှင်လည်း ဤသို့သာဖြစ်လိမ့်မည် :
ကုန်ဆုံးခဲ့တဲ့ ၁၈နှစ်တာအတွင်း တစ်ကြိမ်တစ်ခါမျှ မခံစားဖူးတဲ့ ဒီလိုခံစားချက်မျိုး နောင်ကျရင်လည်း နေ့တိုင်းရဖူးချင်ပါသေးရဲ့
______
T/n : စိတ်တွေလေလွင့်နေချက်က စာကိုမရေးချင်ဖြစ်နေတာ
[Zawgyi]
သူတို႔ဗီလာျပန္ေရာက္ေတာ့ ေန၀င္အလင္းေရာင္တခ်ိဳ႕တေလသာ က်န္ရွိေတာ့တယ္။
ဒဏ္ရာရထားသူျဖစ္သည့္အေလ်ာက္ ဟန္မုန႔္ခမ်ာ သူမ်ားေတြ အကင္ဗန္းသယ္ေနတာေတြ၊ အကင္လုပ္တာေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ျမည္းစမ္းၾကည့္ေနတာေတြကို ဘာမွကူလုပ္မေပးနိုင္ပဲ ထိုင္ၾကည့္႐ုံပဲတတ္နိုင္ေလတယ္။
‘‘အရသာရွိတယ္”
အမဲသားျပားကင္ကို သူတစ္ကိုက္ကိုက္ၾကည့္လိုက္တယ္။
‘‘ဒီေန႔ေတာ့ ေလာင္ဟန္က ရဲရင့္ၿပီး အပီမိုက္ေနေတာ့တာပဲ၊ အတန္းေမာ္နီတာကို ကယ္ဖို႔ မင္း ေက်ာက္ေဆာင္ေပၚကေန ခုန္ခ်လိုက္တုန္းကဆို ငါျဖင့္ အေဝးကၾကည့္ၿပီး ေရွာ့ခ္ရေနတာပါဆို”
ေကာက်စ္ရွုန္းက ေျပာတယ္။
က်ိဳးေဟာက္လ်န္ကလည္း :
‘‘ဟုတ္တယ္၊ ၿပီးေတာ့ ခ်ဲယ္ေကာနဲ႔ ေယာင္ေကာဆိူလည္း ေျပာမေနနဲ႔ေတာ့၊ ဟိုဘက္ကေကာင္ေတြ အကုန္ ကန္ခ်လိုက္တာမ်ား တစ္မိနစ္ေတာင္မၾကာလိုက္ဘူး၊ ရန္ျဖစ္တာနဲ႔ကိုမတူေတာ့ဘူး ဒီအတိုင္းအနိုင္က်င့္ေနတာက်ေနတာပဲ!”
က်န႔္ေယာင္က အာလူးျပားကင္ကို တစ္ဖက္လွန္ၿပီး အျပဳံးေလးနဲ႔
‘‘ငါက ေဘးကပံ့ပိုးေပး႐ုံပါ၊ ခ်ဲယ္ခ်ဲယ္ကသာ အဓိက DPS”
ရင္းခ်ဲယ္က ဘာမွျပန္မေျပာပဲ လက္ထဲက နို႔ေႏြးေႏြးကိုသာ တစ္ငုံၿပီးတစ္ငုံေသာက္ေနကာ သူတို႔ေျပာေနတာကို တစ္လုံးမွ စိတ္၀င္စားပုံမရ။
ပထမပိုင္းခ်က္ျပဳတ္လို႔ၿပီးေတာ့ က်န႔္ေယာင္က အကင္တစ္မ်ိဳးစီအစုံ ယူလာၿပီး ရင္းခ်ဲယ္ေဘး လာထိုင္တယ္။ သူက ပန္းကန္ျပားေလးကို ေျမႇာက္ေပးကာ
‘‘မင္းႀကိဳက္တာယူလိုက္”
ရင္းခ်ဲယ္က ေခါင္းရမ္းျပကာ
‘‘ငါ စားခ်င္စိတ္မရွိဘူး၊ မင္းပဲစားလိုက္”
‘‘ကၽြန္ေတာ့္ရဲ့သခင္ေလးက သိပ္ေဂ်းမ်ားတာပဲ၊ ဒါဆိုလည္း ဘာစားခ်င္လဲေျပာ? ကိုယ္သြားဝယ္ေပးမယ္”
‘‘မလိုဘူး ရတယ္”
သို႔ေပမယ့္လည္း က်န႔္ေယာင္က သူသတိမထားမိတဲ့အခ်ိန္ကို အခြင့္ေကာင္းယူၿပီး အနီးနား ေဟာင္ေကာင္စတိုင္ကေဖးဆိုင္ကို တိတ္တိတ္ကေလး ခိုးထြက္သြားကာ နာရီ၀က္ေလာက္ၾကာေအာင္ ေစာင့္ရတဲ့ ဒင္မ္ဆမ္ သြား၀ယ္ေလတယ္။
အက်ိဳးဆက္ကေတာ့ သူလည္းျပန္ဖို႔ထြက္လာခ်ိန္ မိုးက သည္းသည္းမဲမဲ ရြာခ်ေနၿပီ။
အနီးနားမွာ ထီးေရာင္းတဲ့ဆိုင္မရွိတာေၾကာင့္ သူလည္းမိုးေရထဲအရဲစြန႔္ေျပး႐ုံသာ တတ္နိုင္ေတာ့တယ္။ အကြာအေဝးက တိုလို႔သာေပါ့ ဒါေတာင္ သူ႔မယ္ ႂကြက္စုတ္ေရမြန္းကိုျဖစ္လို႔။
တျခားသူေတြကေတာ့ အကင္စားၿပီးၾကလို႔ ဗီလာထဲေတာင္ ေရာက္ေနၾကၿပီ။ ေလာေလာဆယ္ေတာ့ ဧည့္ခန္းထဲမွာ TVေရွ႕ဂိမ္းထိုင္ေဆာ့ေနၾကတယ္။
‘‘ငါ့ထိုင္ခိုင္ေဖာ္ေလးေရာ?”
‘‘အေပၚထပ္မွာ”
ေကာက်စ္ရွုန္းက ျပန္ေျဖတယ္။
‘‘အယ္..ေနဦး မဟုတ္ဘူးေလ ခ်ဲယ္ေကာက အခုငါ့ထိုင္ခုံေဖာ္ကို”
‘‘ေက်ာင္းျပန္ဖြင့္ရင္ အဲ့လိုျဖစ္မွာ မဟုတ္ေတာ့ဘူး”
က်န႔္ေယာင္ အေပၚတက္လာခဲ့တယ္။ သူတို႔ရဲ့အိပ္ခန္းတံခါးက ေစ့ေစ့က်ပ္က်ပ္ပိတ္ထားကာ လူေတြကို ၀င္မလာၾကဖို႔ ယဥ္ယဥ္ေက်းေက်း ျငင္းဆန္ေနသေယာင္။ တံခါးဘုကို လွည့္ဖြင့္ေတာ့ ေလာ့ခ်ထားတာမို႔ တံခါးေခါက္လိုက္ရတယ္။
‘‘ခ်ဲယ္ခ်ဲယ္ေရ တံခါးဖြင့္ဦး၊ မင္းအတြက္ညစာ၀ယ္လာတယ္”
အေပါက္ဖြင့္ဖို႔ကို သူတေအာင့္ေလာက္ ေစာင့္လိုက္ရတယ္။ သူ႔ရဲ့ေခါင္းစေျခဆုံး ရႊဲရႊဲစိုေနတာကို ျမင္ေတာ့ ရင္းခ်ဲယ္က တအံ့တဩနဲ႔ မ်က္ေတာင္ေလးပုတ္ကာ
‘‘မိုးရြာေနတာလား?”
‘‘ဟုတ္တယ္ေလ မသိဘူးလား?”
ပါဆယ္ဘူးကို က်န႔္ေယာင္ စားပြဲေပၚတင္လိုက္တယ္။
‘‘သဲႀကီးမဲႀကီးကို ရြာေနတာမလို႔ လၽွပ္စီးလည္းပါခ်င္ပါလိမ့္မယ္၊ ဒါစားၿပီးအိပ္လိုက္ေတာ့”
‘‘အင္း”
က်န႔္ေယာင္ ေရမိုးခ်ိဳး ည၀တ္အကၤ်ီလဲၿပီး ဆံပင္သုတ္ရင္း ျပန္ထြက္လာေတာ့ နည္းနည္းမွမတို႔ရေသးတဲ့ ဒင္မ္ဆမ္ဘူးနဲ႔ ျပတင္းေပါက္ေရွ႕မွာ ရပ္ၿပီး မိုးစက္ေတြကို ငူငူငိုင္ငိုင္ ၾကည့္ေနတဲ့ ရင္းခ်ဲယ္ရယ္ကို ေတြ႕လိုက္ရတယ္။
က်န႔္ေယာင္ သြားၿပီး လိုက္ကာေတြကိုပိတ္လိုက္တယ္။
‘‘အေအးမိလိမ့္မယ္၊ ဘာျဖစ္လို႔မစားတာလဲ? မႀကိဳက္လို႔လား?”
ရင္းခ်ဲယ္က ေခါင္းငုံ႔လ်က္နဲ႔ တစ္ဖက္လွည့္သြားတယ္။
‘‘စားခ်င္စိတ္မရွိလို႔၊ ေရခဲေသတၱာထဲထည့္ထားၿပီး မနက္ျဖန္က်မွ စားလိုက္မယ္ေလ ေနာ္”
အခန္းေပါက္၀ဆီ ဦးတည္ေနတဲ့ သူ႔လမ္းကို က်န႔္ေယာင္၀င္ပိတ္လိုက္တယ္။
‘‘ေနလို႔မေကာင္းဘူးလား?”
ေလထုထဲမွာ ခ်ိဳျမျမအနံ့ေလးမရေတာ့ေပ၊ မနက္က သူ႔ရဲ့ heatက alpha pheromoneေတြနဲ႔ ဖိႏွိပ္ၿပီးသြားတာေၾကာင့္ ျဖစ္မယ္။
‘‘ေနလို႔မေကာင္းတာ မဟုတ္ပါဘူး”
‘‘အာ့ဆို မင္း.... မေပ်ာ္လို႔လား?”
‘‘မေပ်ာ္တာမဟုတ္ပါဘူး”
‘‘ကိုယ္ တစ္ခုခုလုပ္မိလို႔လား?”
‘‘မဟုတ္ဘူး”
က်န႔္ေယာင္ ႀကံရာမရျဖစ္သြားတယ္။ ခနေလာက္ၾကာ တြန႔္ဆုတ္ေနၿပီးေနာက္ေတာ့ သူမေမးခ်င္ခဲ့တဲ့ အရာကို ထုတ္ေမးလိုက္ေတာ့တယ္။
‘‘မေန႔က ေဒါက္တာဖုန္း ေျပာလိုက္တာေၾကာင့္လား?မင္း.....heatကာလကို မျဖတ္သန္းခ်င္လို႔လား?”
ရင္းခ်ဲယ္က ခနၾကာထိျပန္မေျဖပဲ ၿပီးမွ ေခါင္းေတးေတးေလး ၿငိမ့္ျပတယ္။
က်န႔္ေယာင္ ရင္ဘတ္ထဲ ေအးခဲသြားရတယ္။
ေကာင္စုတ္ေလးက heatကို သူနဲ႔အတူမျဖတ္သန္းခ်င္ပဲ သူတစ္ေယာက္တည္းကသာ တစ္ေနကုန္ ကိုယ့္အေတြးနဲ႔ကိုယ္ ေပ်ာ္ေနမိတာလား
‘‘.....အင္းေလ၊ ဒါက မင္းဘ၀အတြက္ ႀကီးႀကီးမားမား အေျပာင္းအလဲႀကီးဆိုေတာ့လည္း ဟုတ္ပါတယ္၊ အခုမွအသက္ျပည့္ခါစဆိုေတာ့ အေသအခ်ာစဥ္းစားရမွာေပါ့”
က်န႔္ေယာင္ျပဳံးလိုက္တယ္။
‘‘ဒါဆို ကိုယ္ ထိန္းခ်ဳပ္ေဆးသြား၀ယ္ေပးမယ္ေလ သုံးႏွစ္ေလာက္ ထိန္းထားလို႔ရေအာင္ ဟုတ္ၿပီလား?”
သူ မ်က္ႏွာမွာ တည္ၿငိမ္ေနတဲ့ အမူအရာမ်ိဳး ထိန္းထားၿပီး တံခါးဘုကို လွမ္းကိုင္လိုက္တယ္။
‘‘အဲ့ဒီသုံးႏွစ္အတြင္းမွာ ငါတျခားလူနဲ႔ေတြ႕ၿပီး မင္းကိုထားရစ္ခဲ့မွာ မစိုးရိမ္ဘူးလား?”
ရင္းခ်ဲယ္က ႐ုတ္တရက္ႀကီးေမးလာၿပီး သူ႔ကို အံ့ဩသြားေစတယ္။
က်န႔္ေယာင္ တန႔္သြားတယ္။
‘‘အခုလည္း မင္းက ကိုယ္နဲ႔ရွိေနတာမွမဟုတ္တာ”
ရင္းခ်ဲယ္က သူ႔ကိုေမာ့ၾကည့္လာတယ္၊ က်န႔္ေယာင္ရဲ့ မ်က္၀န္းမွိန္မွိန္ေတြက မွုန္မွိုင္းေနတယ္။
‘‘ငါသိပါတယ္ အဲ့ကိစၥၿပီးေတာ့ မင္းငါ့ကို အရင္ကေလာက္ သေဘာမက်ေတာ့တာရယ္ ငါနဲ႔အတူရွိရမွာကို အရင္ကေလာက္ မေပ်ာ္ေတာ့ဘူးဆိုတာ၊ ဒါေပမယ့္ေလ ငါ့ဘက္ကေတာ့......အရင္ကလိုပဲ သေဘာက်တုန္းပဲ”
က်န႔္ေယာင္က ေခါင္းကုတ္ရင္း
‘‘တခါတခါက်ေလ မင္းက က်ိန္းေသ ငါနဲ႔ပဲအတူရွိရပါမယ္လို႔ သြယ္ဝိုက္ၿပီးေျပာလိုက္ ေပၚတင္ေျပာလိုက္နဲ႔ မင္းကို brainwashေနသလို ငါ့ကိုယ္ငါခံစားရတယ္၊ ငါနဲ႔ ျပန္တြဲခ်င္လာေအာင္ မင္းကို အတင္းလုပ္ယူေနသလိုမ်ိဳး......”
ရင္းခ်ဲယ္ သူ႔ကိုျဖတ္ေျပာလိုက္တယ္။
‘‘ငါက brainwashမခံပါဘူး”
‘‘အင္းေလ ဘယ္လိုလုပ္မင္းက အဲ့ေလာက္တုံးပါ့မလဲ၊ ခုဆို မင္းရဲ့ pheromone levelကလည္း ပုံမွန္ျပန္ျဖစ္ေနၿပီ ၿပီးေတာ့ မင္းရဲ့ခ်စ္ဖို႔ေကာင္းပုံနဲ႔ဆို သေဘာက်တဲ့လူေတြ အမ်ားႀကီးရွိမွာပဲ”
က်န႔္ေယာင္က သက္ျပင္းတစ္ခ်က္ခ်ၿပီး တံခါးကိုဖြင့္တယ္။
‘‘ရပါတယ္၊ မင္းကမွ heat ငါနဲ႔အတူမျဖတ္သန္းခ်င္ဘူးဆိုရင္ ငါမတိုက္တြန္းပါဘူး အခ်ိန္ပဲဆိုင္းထားလိုက္ၾကမယ္ေလ ဟုတ္ၿပီလား? အဲ့ဒီေနာက္သုံးႏွစ္အတြင္းမွာမွ မင္းငါ့ကို ေရြးခ်ယ္လာေစဖို႔ ငါအေကာင္းဆုံးႀကိဳးစားမယ္၊ ဒါေပမယ့္ မင္းဘက္က ေနာက္ဆုံးကြာ တစ္ျခားသူတစ္ေယာက္ကို ေရြးခ်ယ္သြားခဲ့မယ္ဆိုရင္ေတာင္, အဲ့လိုဆိုရင္ေတာင္ ငါနဲ႔အတူရွိေပးဖို႔ မင္းကို အတင္းအက်ပ္ဖိအားေပးမွာ မဟုတ္ဘူး၊ မင္းေပ်ာ္ေနမယ္ ဆိုသေရြ႕ ငါက.......”
သူ ေရွ႕ဆက္မေျပာေတာ့ေပ၊ ရင္းခ်ဲယ္က လက္တစ္ဖက္ေျမႇာက္ တားလိုက္ျခင္းေၾကာင့္။
‘‘သေဘာထားေတြ သိပ္ႀကီးေနတယ္ေပါ့၊ ဒီလိုမ်ိဳး လြယ္လြယ္ေနာက္ဆုတ္ေပးၿပီး လက္လႊတ္ေပးတယ္ဆိုေတာ့ေလ”
‘‘အဲ့လိုမဟုတ္ပါဘူး၊ ကိုယ္က......”
‘‘မင္းနဲ႔အတူ မရွိခ်င္လို႔မဟုတ္ဘူး၊ အရမ္းျမန္လြန္းေနတယ္ထင္မိလို႔၊ ငါက ေနာက္ထပ္တစ္ႏွစ္ေလာက္ ၾကာဦးမယ္ မွတ္ေနတာ”
ရင္းခ်ဲယ္က ခပ္တိုးတိုး ေဖ်ာ့ေဖ်ာ့ေလးေျပာတယ္။
‘‘ငါ့ကိုယ္ငါ စိတ္ပိုင္းဆိုင္ရာအရ ျပင္ဆင္မထားရေသးသလို ႐ုပ္ပိုင္းဆိုင္ရာအေနနဲ႔လည္း အဆင္သင့္မျဖစ္ေသးလို႔”
က်န႔္ေယာင္ကေတာ့ အဓိကအခ်က္ကို ဖမ္းလိုက္တယ္။
‘‘ငါနဲ႔အတူမရွိခ်င္လို႔မဟုတ္ဘူးဆို.....မင္းဘယ္လိုျဖစ္ခ်င္လဲေျပာ?”
‘‘မသိဘူး”
‘‘ေျပာပါ”
‘‘မေျပာပါဘူး”
‘‘ေတာင္းပန္ပါတယ္ကြာ......”
က်န႔္ေယာင္က တစ္လွမ္းကပ္လာတယ္။
‘‘ကိုယ္ ႏွလုံးသားေလး သက္သာရာရပါရေစ ေနာ္?”
ထိုတိုးတိုးလာတဲ့ ရင္ဘတ္ႀကီးကို ရင္းခ်ဲယ္လက္တစ္ဖက္ထုတ္ကာ တားထားလိုက္တယ္။
‘‘တစ္ထြာေပးတာကို ေရာင့္တက္မ-----”
ေျပာေနလို႔မဆုံးခင္ က်န႔္ေယာင္က ေခါင္းကိုငုံ႔ခ်လာၿပီး ႏွာဖ်ားေလးႏွစ္ခု ပြတ္တိုက္သြားတယ္။ နဖူးခ်င္းထိကပ္ထားၿပီးမွ ပိုပိုနီးကပ္ေအာင္ တိုးယူလာတယ္။
အသာအယာ *ဒုန္း*ဆိုတဲ့ အသံေလးနဲ႔အတူ ရင္းခ်ဲယ္ရဲ့ေခါင္းေလးက တံခါးနဲ႔ကပ္သြားတယ္။
‘‘ခ်ဲယ္ခ်ဲယ္”
တစ္ဖက္က ရွူထုတ္လိုက္တဲ့ အသက္ေငြ႕ေတြရနံ့ေတြက သူ႔ပါးစပ္ထဲမွာ အျပည့္။
pheromoneေတြေရာပဲ။
ရင္းခ်ဲယ္ လန႔္သြားတယ္။ ႏွလုံးခုန္ႏွုန္းက ျဗဳန္းခနဲတက္သြားၿပီး မနက္ခင္းကမွ က်လုနီးနီးျဖစ္ေနတဲ့ ကိုယ္အပူခ်ိန္ကလည္း ျပန္တက္လာတယ္။
.....ဒီေသာက္ alphaေကာင္ကေတာ့
က်န႔္ေယာင္က သူသတ္မွတ္ထားတဲ့ စည္းမ်ဥ္းကိုလိုက္နာၿပီး စည္းမေက်ာ္ခဲ့ေပ။
‘‘မင္းစိုးရိမ္ေနတယ္ဆိုရင္လည္း အခုပဲ ထိန္းခ်ဳပ္ေဆးသုံးလိုက္ၾကမယ္ေလ ကိုယ္တို႔ေစာင့္လို႔ရတယ္လို႔ ေျပာၿပီးသားပဲ၊ ဒါေပမယ့္ မင္းဘာပဲေရြးျခယ္ေရြးျခယ္ပါ ကိုယ့္ကိုေတာ့ ပြင့္ပြင့္လင္းလင္း ေျပာေစခ်င္တယ္၊ ကိုယ့္ကို မင္းနဲ႔အတူ ၀န္မွန္သမၽွထမ္းခြင့္ျပဳပါ၊ တစ္ေယာက္တည္း ခါးစည္းမခံပါနဲ႔၊ ဒီရက္ပိုင္းေတြမွာ မင္းကိုယ့္ကို ျပန္မုန္းသြားၿပီလားေတာင္ ေတြးမိတယ္ ကိုယ့္အေပၚ အရမ္းစိမ္းကားေနေတာ့......”
ရင္းခ်ဲယ္က : ‘‘ငါက ဘယ္တုန္းက မင္းအေပၚ ၾကင္နာယုယေနဖူးလို႔လဲ?”
‘‘.....အင္း အဲ့ဒါလည္း ဟုတ္သားပဲ”
က်န႔္ေယာင္က ရယ္တယ္။
‘‘အဲ့လိုေျပာမွ ဟိုတစ္ေခါက္ taxiေပၚမွာ မင္းငါ့ကိုခိုးနမ္းတုန္းက အိပ္မက္မက္တယ္ထင္ေနတာ၊ ေနာက္ျပန္ေတြးၾကည့္မွ...၊ အရက္ေၾကာင့္ျဖစ္မယ္”
ရင္းခ်ဲယ္ လည္ေခ်ာင္းေလး လွုပ္သြားၿပီး စကားလမ္းေၾကာင္းလႊဲပစ္တယ္။
‘‘ဘာလဲ ငါ့ေအးတိေအးစက္ျဖစ္ေနတာကို မင္းက သေဘာမက်တာလား?”
‘‘မဟုတ္ပါဘူး၊ ေအးတိေအးစက္ျဖစ္ေတာ့ ပိုေတာင္ေကာင္းေသးတယ္၊ ဒါမွ ကိုယ့္ေနရာကို ျပန္မရေသးဘူးဆိုတာ မေမ့ပဲေနမွာ”
‘‘သိရင္ၿပီးတာပဲ”
က်န႔္ေယာင္က ခနေလာက္ၿငိမ္က်သြားတယ္။ မ်က္လႊာေလးခ်ကာ ေဘးမွာခ်ထားတဲ့ ရင္းခ်ဲယ္လက္ေခ်ာင္းကေလးေတြကို တို႔ထိေဆာ့ကစားရင္း
‘‘ခ်ဲယ္ခ်ဲယ္ ကိုယ့္ကို အရိပ္အႁမြက္ေလးပဲျဖစ္ျဖစ္ ေပးလို႔မရဘူးလား? အဲ့ေနရာကို ျပန္ရနိုင္ဖို႔ ကိုယ့္မွာ ေမၽွာ္လင့္ခ်က္ေလးမ်ား ရွိေသးလားလို႔ေလ”
‘‘ဘာအရိပ္အႁမြက္လဲ?”
‘‘ဥပမာကြာ ေမၽွာ္လင့္ခ်က္အမ်ားႀကီး မက်န္ေတာ့ရင္ တြန္းထုတ္လိုက္၊ နည္းနည္းေလး ရွိေသးရင္ ကိုယ့္လက္ကိုကိုင္လိုက္၊ အမ်ားႀကီး အမ်ားႀကီးရွိေသးရင္ေတာ့ ကိုယ့္ကိုဖက္လိုက္ေလ”
‘‘ဒီတိုင္းပါးစပ္က ေျပာလိုက္တာနဲ႔ ဘာကြာလို႔လဲ?”
‘‘ကြာေတာ့မကြာဘူးေလ၊ ကိုယ္က မင္းဘက္ကအရင္စၿပီး ထိေတြ႕လာမွာ လိုခ်င္လို႔ပါ”
‘‘႐ူးလိုက္တာ”
ရင္းခ်ဲယ္က လက္တစ္ဖက္နဲ႔ သူ႔ကိုတြန္းထုတ္တယ္။
ထိကပ္ထားတဲ့ နဖူးႏွစ္ခုက ေဝးကြာသြားတဲ့ခန က်န႔္ေယာင္က သူ႔ကိုအလန႔္တၾကားနဲ႔ ၾကည့္တယ္။
‘‘အဲ့ဒါ ငါ့အေျဖပဲ”
သူ႔အၾကည့္ကို ရင္းခ်ဲယ္တည့္တည့္ဆိုင္ၿပီး ေျပာလိုက္တယ္။
က်န႔္ေယာင္က မ်က္စိကိုမွိတ္ခ်ကာ ေနာက္ဆုတ္သြားတယ္။
‘‘ကိုယ္သိပါၿပီ၊ ကိုယ္ အေကာင္းဆုံး ဆက္ႀကိဳးစားမွာပါ....”
႐ုတ္တရက္ ရင္းခ်ဲယ္က သူ႔အကၤ်ီစကို ဖ်တ္ခနဲ လွမ္းဆြဲကာ
ေျခဖ်ားေထာက္ၿပီး က်န႔္ေယာင္ရဲ့ႏွုတ္ခမ္းေထာင့္ကို လွမ္းထိတယ္
သူ႔ရဲ့ ႏွုတ္ခမ္းပါးနဲ႔။
‘‘နားလည္ၿပီလား”
က်န႔္ေယာင္ေတာ့ အူေၾကာင္ေၾကာင္ႀကီးပဲ ရပ္ေနမိေတာ့တယ္။
.
*ေဒါက္ ေဒါက္*
အျပင္မွာ တစ္စုံတစ္ေယာက္က တံခါးလာေခါက္တယ္။
‘‘ေယာင္ေကာေရ ငါတို႔ werewolfဂိမ္းကစားမလို႔၊ မင္းတို႔ႏွစ္ေယာက္ ပါမလား?”
က်ိဳးေဟာက္လ်န္ရဲ့ အသံပင္။ ျပန္ေျဖသူမရွိတာေတြ႕ေတာ့ တစ္ခုခုမူမမွန္ဘူးထင္ၿပီး တံခါးဘုကိုလွည့္ဖြင့္လိုက္တယ္။
*ဒုန္း!*
အသံက်ယ္ႀကီး ထြက္လာတယ္။ အတြင္းကလူက တံခါးကို အၾကမ္းပတမ္း ျပန္ဆြဲပိတ္လိုက္တာေၾကာင့္ျဖစ္တယ္။
က်ိဳးေဟာက္လ်န္ လန႔္ၿပီးထခုန္ေတာ့တယ္။
‘‘ခ်ီး”
‘‘မကစားေတာ့ဘူး၊ ငါတို႔အိပ္ေတာ့မလို႔”
‘‘ေအာ ေအာ ေအးပါ...”
က်ိဳးေဟာက္လ်န္မွာ လန႔္ဖ်န႔္တုန္လွုပ္စြာနဲ႔ ေအာက္ထပ္ကို ခပ္သုတ္သုတ္ ျပန္ေျပးလာခဲ့ကာ ျဖစ္ခဲ့တဲ့အေၾကာင္းကို တျခားသူေတြကို ျပန္ေျပာျပလိုက္တယ္။
‘‘ႏွစ္ေယာက္သား ရန္ျဖစ္ေနၾကတာလားမသိဘူး၊ ဘာျဖစ္လို႔ ေယာင္ေကာက တအားစိတ္ႀကီးေနရတာလဲ?”
ထိုစကားၾကားေတာ့ ေကာက်စ္ရွုန္းက စိတ္ပူသြားတယ္။
‘‘ငါတို႔ အေပၚတက္ၿပီး သြားၾကည့္ၾကမလား?”
ဟန္မုန႔္ သူ႔ကို အခ်ိန္မွီေလး ၀င္တားလိုက္တယ္။
‘‘ငါ့ကိုယုံ၊ ရန္ျဖစ္႐ုံမကလို႔ တျခားဘာပဲလုပ္လုပ္ ငါတို႔၀င္မပါတာ ေကာင္းလိမ့္မယ္”
ဧည့္ခန္းထဲက ၾကက္တူေရြးကလည္း လိုက္ေအာ္တယ္။
‘‘၀င္မပါနဲ႔! ၀င္မပါနဲ႔!”
..
အခန္းထဲတြင္ေတာ့ က်န႔္ေယာင္က ရင္းခ်ဲယ္ကိုေက်ာနဲ႔ နံရံနဲ႔ကပ္ထားတယ္။
ရင္းခ်ဲယ္ကိုယ္ေပၚရစ္သိုင္းထားတဲ့ လက္ေတြနဲ႔အတူ ႏွုတ္ခမ္းသားေတြဟာလည္း ထပ္တူက်လ်က္ရွိတယ္။
ေကာင္စုတ္ေလးက စိတ္ထားကသာ ခပ္တင္းတင္းရယ္၊ ႏွုတ္ခမ္းေတြက် ႏူးညံ့ေနတာ ထိလိုက္တိုင္းအိက်။ တိမ္ေတြေပၚမွာ နမ္းေနရသလိုမ်ိဳး သူ႔တစ္ကိုယ္လုံးက ေလေပၚမွာ လြင့္ေမ်ာေနတယ္။
ဒီလို ခ်ိဳၿမိန္ဆန္းသစ္တဲ့ အေတြ႕အၾကဳံမ်ိဳးမွာ သူ႔အသိေတြအကုန္ နစ္မြန္းသြားသလိုပဲ။
သူ အေပ်ာ္ေတြနဲ႔ေမ်ာလြင့္ေနတုန္းပဲ *ေခ်ာက္*ဆိုတဲ့ အသံၾကားလိုက္ရၿပီး ငုံ႔ၾကည့္ေတာ့ ရင္းခ်ဲယ္က တံခါးေလာ့ကိုဖိႏွိပ္လိုက္ျခင္း။
‘‘မေတာ္လို႔ တစ္ေယာက္ေယာက္၀င္လာရင္....”
ရင္းခ်ဲယ္က အၾကည့္ကိုေအာက္ပို႔ေတာ့ မ်က္၀န္းေတြကို ကာလႊားသြားတဲ့ မ်က္ေတာင္ကေလးေတြ။ ႏွုတ္ခမ္းသားဟာ နီရဲေနၿပီး နားရြက္ဖ်ားေလးေတြကလည္း ခပ္ရဲရဲ။
‘‘ရၿပီ ဆက္လုပ္”
က်န႔္ေယာင္ အသက္၀၀ရွူၿပီး ေရွ႕ကိုတစ္ခါျပန္ကပ္လိုက္တယ္။
ဒီတစ္ေခါက္ေတာ့ သူ႔ခြန္အားကိုျပကာ pheromoneကိုလည္း ထုတ္လိုက္တယ္။
..
ရင္းခ်ဲယ္က ေခါင္းကို ခပ္ေစာင္းေစာင္းေလးေမာ့ေပးၿပီး သူ႔ပခုံးေပၚလက္တစ္ဖက္တင္ထားကာ ဖြဖြကေလးဖ်စ္တယ္။
ေစာေစာကေတာ့ စိတ္လိုက္မာန္ပါနဲ႔ လၽွပ္တျပက္ေျပာလိုက္မိတာျဖစ္ၿပီး အခုဘယ္လိုေျဖရွင္းရမလဲ ရင္းခ်ဲယ္ မေတြးတတ္ေတာ့ေပ။
က်န႔္ေယာင္က ေလာေလာလတ္လတ္ေရခ်ိဳးထားတာမို႔ ႏွုတ္ခမ္းသားေတြက စိုစြတ္ေနတယ္၊ ဆံဖ်ားကေနတစ္ဆင့္ တစက္စက္က်ေနတဲ့ ေရစက္ေတြကေတာ့ ပြတ္တိုက္ဖိကပ္ေနတဲ့ ႏွုတ္ခမ္းႏွစ္လႊာၾကား က်ကာ ေကာ္ရည္ကဲ့သို႔ ႏွုတ္ခမ္းေတြကို ပိုၿပီးပူးကပ္ဆက္ႏႊယ္ေစတယ္။
ေလထုထဲက pheromoneသိပ္သည္းဆမွာလည္း တျဖည္းျဖည္း ျမင့္တက္လာသည္မွာ လက္ရွိ သူလက္ခံနိုင္သည့္ အတိုင္းအတာထိပင္ ေရာက္လာသည္။
ရင္းခ်ဲယ္ က်န႔္ေယာင္ကို တြန္းထုတ္လိုက္ၿပီး အသက္ကို အလုအယက္ရွူကာ ေခါင္းတစ္ဖက္လွည့္လိုက္တယ္။
‘‘ခနေလး၊ ျပင္း ျပင္းလြန္းတယ္.....”
ရင္းခ်ဲယ္ စိတ္ၿငိမ္မယ့္အခ်ိန္ထိ က်န႔္ေယာင္က စိတ္ရွည္လက္ရွည္ေစာင့္ၿပီးမွ လက္ကိုကိုင္ၿပီး သူ႔အနားဆြဲယူတယ္။ ေခါင္းငုံ႔ခ်လာၿပီး ရင္းခ်ဲယ္ကို ေပြ႕ပိုက္ၿပီးမွ
‘‘မင္း မခံနိုင္ေတာ့ဘူးဆို ေနာက္ဆုတ္လိုက္ေနာ္”
စကားအဓိပၸါယ္ကိုပင္ နားလည္ခ်ိန္မရလိုက္ပဲ ရင္းခ်ဲယ္ႏွုတ္ခမ္းေတြ တစ္ဖန္ျပန္သိမ္းယူခံလိုက္ရျပန္တယ္။
တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ အခန္းငယ္ေလးတြင္း နမ္းရွိုက္သံတိုးညႇင္းညႇင္းေလးသာ က်န္ရစ္ေလေတာ့တယ္။
က်န႔္ေယာင္က အရမ္းႀကီး နက္နက္ရွိုင္းရွိုင္းနမ္းတာေတာ့ မဟုတ္ေပသည့္ pheromoneေတြကိုေတာ့ အသက္ရွူျခင္းကတစ္ဆင့္ သူ႔ဆီကူးေျပာင္းေစဖို႔ သူ႔ႏွုတ္ခမ္းကို ထပ္ကာတလဲလဲ သူ႔ပါးစပ္ထဲဆြဲစုပ္တယ္။
သူ႔ဘက္ကေတာ့ မတြန္းလွန္နိုင္႐ုံသာ။
သူ႔မွာဘာမွလည္း မတတ္နိုင္ပဲ တစ္စတစ္စနဲ႔ မူးေဝမွုေၾကာင့္ဒူးေတြေပ်ာ့ေခြလာတဲ့ထိ ေရွ႕က alphaေကာင္ရဲ့ နမ္းရွိုက္ျခင္းကိုခံေနရတယ္။
သူသည္းမခံနိုင္ေတာ့ဘူးလို႔ထင္တဲ့ အေနအထားေရာက္ခ်ိန္မွာေတာ့ ရင္းခ်ဲယ္ ေနာက္တစ္လွမ္းဆုတ္လိုက္တယ္။ လူခ်င္းကြဲသြားခ်ိန္မွ က်န႔္ေယာင္ေျပာတဲ့အဓိပၸါယ္ကို သူနားလည္ေတာ့တယ္။
က်န႔္ေယာင္က သူ႔ကို ေခါင္းကေနခ်ဳပ္ကိုင္ထားတာလည္း မဟုတ္သလို ခါးမွာရစ္သိုင္းထားတာလည္း မဟုတ္ေပ။ ထို႔ေၾကာင့္ ေျခတစ္လွမ္းဆုတ္လိုက္႐ုံႏွင့္ သူဟာ အနမ္းကို အခ်ိန္မေရြး အဆုံးသတ္နိုင္သူျဖစ္တယ္။
က်န႔္ေယာင္ဟာ ဆုံးျဖတ္ပိုင္ခြင့္ အလုံးစုံကို သူ႔ဆီပုံအပ္ထားျခင္းျဖစ္တယ္။
ပုံမွန္အားျဖင့္ alphaႏွင့္ omegaၾကားမွာ alphaကသာ ပိုၿပီးအခြင့္သာသန္မာတတ္ၾကသည္။ အရင္ကဆို က်န႔္ေယာင္ကပဲ တခါတခါ လႊမ္းမိုးျခယ္လွယ္ေနတတ္တယ္၊ သို႔ေပမယ့္ အခုလိုမ်ိဳး ကြဲအက္ထားတဲ့ဆက္ဆံေရးမ်ိဳးမွာေတာ့ က်န႔္ေယာင္ဟာ အေခ်ာသပ္ထားၿပီးသား ေက်ာက္ရိုင္းတုံးတစ္တုံးလိုပဲ ေျမႀကီးေပၚ၀င္လွဲရင္း အက္ေၾကာင္းေလးကို ျဖည့္ဆည္းေပးရင္း ရင္းခ်ဲယ္ရဲ့လမ္းအတြက္ ေျခနင္းေက်ာက္တုံးေလးအျဖစ္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လိုလိုလားလား ေပးဆပ္ေနဖို႔ ဆႏၵရွိေနတယ္၊ ေရွ႕ဆက္ၿပီး ရင္းခ်ဲယ္သြားမယ့္ခရီးလမ္းမွာ သူအတူ လိုက္ပါမသြားနိုင္ေတာ့ဘူး ဆိုရင္ေတာင္မွေပါ့။
က်န႔္ေယာင္ဟာ omegaဟုတ္ဟုတ္မဟုတ္ဟုတ္ သူတကယ္ဂ႐ုမစိုက္ဘူးဆိုတာရယ္ ျပန္ေျပလည္ဖို႔ေတာင္းေတာင္းပန္ပန္ဆိုခဲ့ျခင္းက heatေၾကာင့္မို႔ မဟုတ္ဘူးဆိုတာကို အျပဳအမူေတြကတစ္ဆင့္ သက္ေသျပေလတယ္။
ဒါ့ေၾကာင့္ သူတို႔ၾကားမွာ ျပႆနာႀကီးႀကီးမားမားရယ္ေတာ့ မရွိေတာ့ေပ။
ရင္းခ်ဲယ္ အေရွ႕က ၾကင္နာသေဘာထားျပည့္၀လွတဲ့ အမ်ိဳးသားေလးရဲ့ လက္ကို ရွိသမၽွအားကုန္နဲ႔ ဖ်စ္ညႇစ္လိုက္တယ္။
‘‘ေကာ~~”
ထိုေခၚသံခပ္စြဲစြဲေလးက အနမ္းထဲနစ္ေမ်ာေနသူကို တြန႔္သြားေစတယ္။ ထိုမ်က္၀န္းတစ္စုံထဲက ေမွာင္ရီေနၿပီးသား အမူအရာေတြက ပိုမိုနက္ရွိုင္းသြားသလို မဲနက္သြားတယ္။
‘‘ကိုယ္ရွိတယ္၊ ဘာျဖစ္လို႔လဲ?”
‘‘ဒီတစ္ေခါက္က..... ဘယ္ေလာက္ေလာက္ထုတ္လိုက္တာလဲ?”
‘‘20%, မင္းအဆင္ေျပရဲ့လား”
ရင္းခ်ဲယ္က ခနေလးၿငိမ္ေနၿပီးမွ ေခါင္းတစ္ခ်က္ၿငိမ့္ျပတယ္။
‘‘အင္း”
က်န႔္ေယာင္က ခပ္ရွရွအသံနဲ႔ေျပာတယ္။
‘‘ဒါဆို.....ထပ္ၿပီးေတာ့?”
ရင္းခ်ဲယ္က ျပန္ေျဖလာျခင္းမရွိပဲ နီရဲၿပီးဖူးႂကြၿပီးသားျဖစ္ေနတဲ့ သူ႔ႏွုတ္ခမ္းေလးေတြကိုသာ မသိမသာေလးဆူျပတယ္။
က်န႔္ေယာင္ ေရွ႕တိုးလို႔ သူ႔ဆီခ်ဥ္းကပ္သြားလိုက္တယ္။
ရင္းခ်ဲယ္ကေတာ့ ေတာင့္ေတာင့္ေလးရပ္ေနရင္း မ်က္လုံးေလးေတြကို မွိတ္ထားေလရဲ့။
...
အခ်ိန္ဘယ္ေလာက္ၾကာတဲ့အထိ သူတို႔ ပူးကပ္ေနခဲ့ၾကသည္ေတာ့ မသိ။ သူမွတ္မိသမၽွကေတာ့ သူဟာ ေနာက္ကိုငါးႀကိမ္ဆုတ္ၿပီး က်န႔္ေယာင္က သူ႔ေနာက္ကို လိုက္ေခၚခဲ့တာက ေျခာက္ႀကိမ္။
သူေနာက္ဆုံးဆုတ္လိုက္ခ်ိန္က ကုတင္အစြန္းကိုေရာက္ေနၿပီ။ သူေနာက္ကိုလန္က်ခ်ိန္ လြတ္ေျမာက္ခြင့္မရွိနိုင္တဲ့ အဆုံးသတ္ထဲမွာ အဖမ္းခံမိသြားတယ္။ အဲ့ဒီေနာက္ေတာ့ အခ်ိန္ေတာ္ေတာ္ၾကာတဲ့ထိ သူတို႔ႏွစ္ေယာက္ မခြဲမခြာေနျဖစ္ခဲ့ၾကတယ္။
ႏွစ္ဦးစလုံးအတြက္ ဒါဟာ ပထမဆုံးအနမ္း၊ အေတြ႕အၾကဳံလုံး၀မရွိတာေၾကာင့္ ေကာင္းတာလား ဆိုးတာလား သူတို႔မေျပာတတ္ေပ။ မကၽြမ္းမက်င္နဲ႔ပဲ ရင္ထဲကခံစားခ်က္ကိုသာ အားကိုးအမွီျပဳၿပီး သူတို႔ႏွုတ္ခမ္းေတြ ပူသထက္ပူလာသည္အထိ နမ္းခဲ့ၾကတယ္။ နမ္းရင္းနမ္းရင္း စိုစြတ္လာတဲ့ႏွုတ္ခမ္းေတြက ပိုၿပီးခိုင္ခိုင္မာမာ ကပ္ၿငိေနၾကကာ ခြဲရမွာကို မလိုလားတဲ့အထိျဖစ္လာတယ္။
ႏွစ္ေယာက္လုံး အဆုံးထိမသြားရဲေပ၊ ကိုယ့္စိတ္ကိုယ္အ႐ူးလုပ္မိမွာ ေၾကာက္တာေၾကာင့္ေရာ ဒီလိုျဖဴစင္ၿပီးရင္ခုန္ၾကည္ႏူးစရာအခ်ိန္ေလး ပ်က္စီးသြားမွာ စိုးတာေၾကာင့္ေရာ။
ဒီလိုခံစားခ်က္မ်ိဳးကို စကားလုံးနဲ႔ ဘယ္လိုေဖာ္ျပရမလဲ မသိေပမယ့္ အကယ္၍ ေဖာ္ျပခဲ့ရမယ္ဆိုလၽွင္လည္း ဤသို႔သာျဖစ္လိမ့္မည္ :
ကုန္ဆုံးခဲ့တဲ့ ၁၈ႏွစ္တာအတြင္း တစ္ႀကိမ္တစ္ခါမၽွ မခံစားဖူးတဲ့ ဒီလိုခံစားခ်က္မ်ိဳး ေနာင္က်ရင္လည္း ေန႔တိုင္းရဖူးခ်င္ပါေသးရဲ့
______