လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

By Ahlaly

94.8K 4.6K 1.5K

From the first year to.......... More

Spoiler (1)
Spoiler (2)
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၃၀)

882 58 18
By Ahlaly

"ဒါဆို တကယ်ပေါ့...."

ကော်ဖီခွက်ချပေးရင်း ထပ်လို့အတည်ပြုပါတဲ့ သက်လျာကို ကိုကိုက ခေါင်းပဲငြိမ့်ပြပြီး အသံမထွက်လာတော့ သက်လျာကပဲ မေးခွန်းဆက်မေးရသည်။

"သူ့နာမည်ကဘယ်သူ၊ ပြီးတော့ အလုပ်အကိုင်၊ ဒါမှမဟုတ် သူကျောင်းတတ်နေတုန်းပဲလား။"

"နာမည်က Smith Amdarosa။ အလုပ်အကိုင်ကတော့ အားတဲ့အချိန် ဘောလုံးကန်တာပဲ။ မအားတဲ့အချိန်ဆိုတာက ကိုကို့အနားမှာ နေတဲ့အချိန်ကို ပြောတာ။"

"ဝိုးးးး...."

ကိုကို့မျက်နှာက တကယ်ကို မြူးကြွနေတာကြောင့် နားထောင်နေရတဲ့ သက်လျာပါ ပျော်ရွှင်လာရသည်အထိပင်။

"ဒါနဲ့ ဟိုကောင်လေးကို ကြည့်ရတာ တစ်မျိုးပဲ။"

"ကိုကိုနဲ့ ကျွန်တော့်လိုမျိုး တူညီတဲ့ခံစားချက်ကို ပြောချင်တာလား...ဟွန်း..."

ကိုကိုပြောတဲ့ ဟိုကောင်လေးဆိုတာ သော့်ကိုရည်ညွှန်းပြောသည်မှန်း သက်လျာသိပြီး တစ်မျိုးပဲဆိုသည့် အဓိပ္ပါယ်ကိုလည်း သက်လျာ သဘောပေါက်သည်။ ထိုကြောင့်အဆုံးသတ်မှာ လှောင်ထေ့ထေ့လေး ရယ်လိုက်မိတာ။

"မင်းရော..အခြေအနေ"

"ကျွန်တော့်ဘက်ကတော့ ပြောပြီးသွားပြီး၊ သိတဲ့အတိုင်း ကြည်သာချစ်နေတာက ကျွန်တော်တော့ ဟုတ်မနေဘူး။ သူဘယ်သူ့ကို ချစ်လဲ၊ ဒါမှမဟုတ် သူတကယ်ပဲ မချစ်တတ်သေးတာလား ဆိုတာကို ကျွန်တော်တော့ ဝေခွဲမရဘူး...အဲ့တာကြောင့် ကိုကို့ကို အကူညီတောင်းမလားလို့"

"သေချာတာကတော့ ကြည်သာ ချစ်နေတာက လာဗင်ဒါကိုသဘောကျတဲ့ သူပဲ။"

"ဟင် !!!"

ကိုကို့အပြောက ထူးဆန်းသည်၊ ပိုင်နိုင်လွန်းအားကြီးသည်။ ကြည်သာချစ်နေတာက လာဗင်ဒါကိုသဘောကျတဲဲ့သူမှန်း ကိုကိုဘယ်လိုသိလဲလေ။

အခုမှ ပြန်တွေ့ရတာ နာရီပိုင်းပဲရှိသေးတဲ့ ကိုကိုက အနီးကပ်နေခဲ့တဲ့ သက်လျာထက်ပိုပြီးတော့ ကြည်သာ့အကြောင်းကို သိနေသည်ဆိုတာကတော့ သက်လျာလက်မခံနိုင်။ ငယ်ငယ်ထဲက အတူရှိခဲ့သူမို့ ကြည်သာ့အကြောင်း သူသာ အသိဆုံးဖြစ်ရမည်။

ထို့ကြောင့် မယုံကြည်နိုင်သလို ဖြစ်နေဆဲမှာပင်....

"ဒီလိုလေ။ ကြည်သာ့ ကိုကို့ဆီကိုဆက်သွယ်တိုင်းမှာ လာဗင်ဒါကို အမြဲမှာတယ်။ မင်းလည်းသိတာပဲ ကြည်သာမှ လာဗင်ဒါမကြိုက်တာ။ ဒါပေမယ့် သူက လာဗင်ဒါကိုတော့ အမြဲမှာနေတာ၊ ကိုကိုထွက်သွားပြီးနောက်ပိုင်းမှ သူက လာဗင်ဒါကို ကြိုက်သွားတာများလားပေါ့..."

"ဟင့်အင်း။ သူအခုထိ လာဗင်ဒါကို မကြိုက်ဘူး။ ကြိုက်တာက အဝန်း!!"

"မပြောနဲ့နော်။ ကြည်သာလည်း ကိုယ်တို့လို...."

"ကိုကိုမသိဘူး။ ကျွန်တော်သိတယ် ဒါပေမယ့် ယုံဖို့ ခက်နေတယ်။ တကယ်ပဲဆို အဝန်းကရော...ဟိုကောင်လေးကရော နောက်ဆုံး ကျွန်တော်ကရော ကိုကို။"

ဦးတည်ရာမဲ့နေတဲ့ သက်လျာရဲ့အကြည့်တွေမှာ ၊အတွေးတွေမှာ အပြည့်အနှက် နေရာယူလာသည်က အဝန်းအပေါ်မှာ လိုလေးသေးမရှိ ဂရုစိုက်ပါတဲ့ ကြည်သာ အပြုအမူတွေ။

အချိုမကြိုက်တတ်သူသည် နို့ဆီဗူးအထိပါ ဆောင်ထားတာတွေ၊ ကော်ဖီခွက်နှစ်ခုကို တယုတယကိုင်တွယ်နေပါတဲ့ မြင်ကွင်းတွေ၊ အဝန်းက ကလေးပဲကွာဆိုတဲ့ အပြောနဲ့ အဝန်းလုပ်သမျှကို အပြစ်မမြင်ပဲ ကြင်ကြင်နာနာနဲ့ပဲ ကြည့်နေတတ်တဲ့ ကြည်သာမျက်လုံးတွေ။ အို..နောက်ဆုံး လာဗင်ဒါအနံ့မကြိုက်တဲ့သူက အခုမနက်ခင်းမှာ လာဗင်ဒါတွေ လှိုင်ထနေအောင် ဆွတ်ဖြန်းထားတာတွေ။

"သက်လျာ...."

"ကျွန်တော် ဘာလုပ်ရင် ကောင်းမလဲဟင်၊ ကိုကို..."

ငြိမ်သက်နေပါတဲ့ သက်လျာရဲ့လက်တွေကို ဆုပ်ကိုင်ပြီး အားပေးတဲ့အကြည့်တွေနဲ့ ကြည့်လာတဲ့ ကိုကို့မျက်နှာကို မြင်တော့ သက်လျာလေ ကလေးတစ်ယောက်လိုပဲ ငိုကြွေးလိုက်ချင်တော့သည်။

"ကိုကို ဘာပြောရမှန်တောင် မသိတော့ဘူး သက်လျာရယ်။ ဒါပေမယ့် အရာရာကို သေချာမသိရသေးပဲနဲ့တော့...."

"မဟုတ်ဘူး ကိုကို။ ကျွန်တော်ထင်နေတယ်၊ ကြည်သာ ကြည်သာဆိုတဲ့သူက ရောင်နီဝန်းဆိုတဲ့ ကောင်လေးကို....."

"မဟုတ်တာတွေ မပြောနဲ့ သက်လျာ..."

ကြားလိုက်ရတဲ့ အသံကြောင့် အခန်းတံခါးဆီကို ကြည့်မိလိုက်တော့ တံခါးဝမှာ ရပ်နေပါတဲ့ ကြည်သာ့ကိုတွေ့လိုက်ရသည်။

"မဟုတ်ဘူးဆိုရင် မင်း..."

"တော်ပြီ သက်လျာ။ ကိုကိုရှိနေတာကို အားနာဦး။
ပြီးတော့ ကိုကိုက အခုမှပြန်ရောက်တာ။ ကိုကိုအရင်နားပါစေဦးလား...."

မချစ်တဲ့သူဆိုတော့ ဒီကိစ္စက သူ့အတွက်အေးအေးဆေးဆေးဖြစ်နေသလောက်၊ သက်လျာအတွက်တော့ ဒီကိစ္စကို အပူတပြင်းနဲ့ပဲ သေချာချင်နေတော့သည်။ ဒါကြောင့် အကိုအရင်းလို ယုံကြည်ပြီး ချစ်ခင်ရတဲ့ ကိုကို့ကို အပူကပ်နေခြင်းဖြစ်သည်။

"ကိုကိုနဲ့ ငါနဲ့ကိစ္စ မင်းဝင်မပါနဲ့..."

ဟုတ်တယ်။ ဒီကောင် လူကိုလာပြီးဆရာလုပ်နေတာ။ ကိုကိုနဲ့ပြောနေတာကို ကြားဖြတ်ဝင်ပြောပြီး အဖေလုပ်ချင်နေပါတဲ့ နှလုံးသားက မြတ်နိုးရတဲ့ သက်တန့်ကြည်သာ။

"ဒီနေ့ reportတင်ရမှာ။"

"အစောထဲက ပြောပါလားဟ။"

ကိုကို့နဲ့တွေ့တာနဲ့ reportတွေဘာတွေ အမှတ်မရတော့ပဲ အတန်းမတတ်ဖို့ စိတ်ကူးထားမိသည်က ကြည်သာ့ကြောင့် မသွားမဖြစ်ဆိုတာကို သိလိုက်ရတော့သည်။

လုပ်သမျှတင်ရနဲ့ reportဆိုတာကလည်း ဘာကြောင့်တင်လို့ တင်နေရမှန်းကို နားမလည်ချင်တော့ပါ။

"ကိုကို လိုက်ခဲ့မလား။ ကန်တင်းမှာ စောင့်လေ။"

"အေး လိုက်မယ်။ မဟုတ်လည်း သွားချင်နေတာ။"

သို့ဖြင့် ကြည်သာတို့သုံးယောက်သည် ကျောင်းဘက်ကို ဆိုင်ကယ်ဖြင့် လာကြသည်။ ကျောင်းသွားတဲ့လမ်းမှာ ကိုကိုက ကြည်သာ့ဆိုင်ကယ်နောက်ကလိုက်သည်။

"ခရီးထွက်ရင် ကိုကိုလိုက်ဦးမယ်မလား။"

"ဘယ်အချိန်လဲ..."

"ပိတ်မှလေ...ဘာလဲ ကိုကိုက ချက်ချင်းပြန်ပြေးမလို့လား။"

အခုမှ ပြန်လာတဲ့ ကိုကို့ပုံစံက ကြည်သာတို့နဲ့ကြာကြာမနေဘူးလို့ ထင်ရတာကြောင့် ကြည်သာစိတ်ထဲမကောင်းလှပါ။ ၅နှစ်ကျော်လောက် တွယ်တာခဲ့ရတဲ့ ကိုကိုက နိုင်ငံခြားမှာပဲ အခြေချတော့မည်ဟုဆိုတာကြောင့် ခဏလေးနဲ့တော့ ကြည်သာ ကိုကို့ကိုမခွဲချင်သေးပါ။

ဒါကြောင့် နှစ်တိုင်းသွားနေကြဖြစ်တဲ့ ခရီးကို ကိုကိုကို့လိုက်စေချင်သည်။ ခရီးမှာ ကိုကိုနဲ့ကျန်ရှိမယ့် အချိန်တွေကို အမှတ်တရအဖြစ်နှင့် သိမ်းထားချင်သည်။ နောက်ထပ် ကြည်သာသိမ်းထားချင်တဲ့ အခိုက်အတန့်တစ်ခုကလည်း သပ်သပ်ရှိသေးသည်။

ကျောင်းသားဘဝမှာ နောက်ဆုံးအကြိမ်သွားမယ့် ဒီခရီးမှာ အဝန်းနဲ့အတူရှိမယ့် အမှတ်တရတွေအတွက် ဖလင်လိပ်လေးတွေ စုစည်းထားမိသည်။ အသေအချာကို မှတ်တမ်းတင်ပြီး တယုတယနဲ့ထိန်းသိမ်းထားမှာက နေထွက်ချိန်တိုင်း ထုတ်ကြည့်ဖို့ပင်။

သူ့အနားမှာ ရောင်နီဝန်း မရှိတော့တဲ့အချိန်ရောက်ရင်တောင် နေထွက်နေသရွေ့၊ နေမင်းသာနေသရွေ့ကတော့ သူဟာ ရောင်နီဝန်းရဲ့ ပုံရိပ်တွေကိုပဲ မြင်ချင်၊ ကြည့်ချင်တာမို့ သူ့အချစ်တွေဟာ သိမ်ဆည်းထားသမျှ ဖလင်လိပ်လေးထဲမှာ တနင့်တပိုးနဲ့။

"ကိုကို ဒီမှာဆက်နေရင် သူလိုက်လာလိမ့်မယ်။"

နောက်ပါးဆီကနေထွက်လာတဲ့ ကိုကို့အသံက ကြည်လင်စွာနဲ့ပင်။ ကိုကိုတစ်ယောက် တကယ်ပဲ သူချစ်တဲ့သူနဲ့ စုံဖက်နိုင်ခဲ့ပြီ။ ကိုကိုက အောင်မြင်မှုနတ်ဘုရားရဲ့ အချစ်တော်လေးဖြစ်သည်။ ကိုကိုဆန္ဒရှိသမျှ အရာရာ အောင်မြင်နေတော့တာပဲ။

"ဒီလိုဆို ကောင်းတာပေါ့။ ကျွန်တော့်ကိုကို ချစ်တဲ့သူက ဘယ်လိုဘယ်ပုံဆိုတာကို ကျွန်တော်သိခွင့်ရတာပေါ့။"

"ကိုကို ချစ်တဲ့ သူက ယောကျာ်းတစ်ယောက် ကြည်သာ။ မင်းကြည်ဖြူပါ့မလား။"

တည်တံ့ကိုကိုဆိုတဲ့ နာမည်နဲ့လိုက်ပါတဲ့ ကိုကို့ရဲ့ ရွေးချယ်မှုကလည်း ယောကျာ်းတစ်ယောက်ဖြစ်နေသည်။ ကိုကိုလို ယောကျာ်းပီသတဲ့လူတစ်ယောက်က ယောကျာ်းတစ်ယောက်ကိုပဲ မြတ်မြတ်နိုးနိုးနဲ့ချစ်သည်တဲ့။ ကျွန်တော်ဒါကို လှောင်ပြောင်ရမလား။

လှောင်ပြောင်ဖို့ အခွင့်ရော ကျွန်တော့်မှာရှိပါလို့လား။ ကျွန်တော်ကိုယ်တိုင်ကလည်း ယောကျာ်းတစ်ယောက်ကို ပိုးမွေးသလိုဂရုတစိုက်နဲ့ကြင်ကြင်နာနာလေး ချစ်နေမိတာလေ။ ဒီတော့ ဒီကိစ္စကို မကြည်ဖြူနိုင်စရာ အကြောင်းဘာမှမရှိပါ။

"ကိုကို သိလား....တစ်ချို့အရာတွေကလေ မတူရင်လှမယ်လို့ ထင်ပေမယ့် တူညီနေရင်လည်း လိုက်ဖက်နေတတ်တာဗျ။"

"မင်းနဲ့ အဝန်းနဲ့လိုလား..."

"ဟင့်အင်း။ အဝန်းနဲ့ စန္ဒသော်ကအောင်လိုမျိုး။
သူတို့နှစ်ယောက် လိုက်ဖက်ညီတယ် အကို။ အဝန်းက သီချင်းသံညိမ့်ညောင်းတာကို သဘောကျတယ်။ သာယာလိုက်တဲ့ စန္ဒသော်ကအောင်ရဲ့အသံကလေ ကျွန်တော်တောင် အရှုံးပေးရတဲ့အထိပဲ။ အဝန်းက ကဗျာတွေ၊ သမိုင်းတွေကို ဝါသနာထုံတယ်။ ဟိုကောင်လေးကလည်း အကုန်သိနေတော့တာ။ ရှေ့သွားနောက်လိုက်ညီတယ်ဆိုတဲ့ စကားက သူတို့နှစ်ယောက်ကြောင့် ဖြစ်လာသလိုပဲ။"

"လာဗင်ဒါကြိုက်တဲ့ ကောင်လေးကို မင်းချစ်နေတယ်မဟုတ်လား။"

"ဟင့်အင်း။ ဒီတိုင်း သူသဘောကျတာကို ဖြည့်စည်းပေးချင်ရုံပါ။ ကျွန်တော် ဒီတိုင်းလေးပဲ သူလိုသမျှကို ဖြည်းစွမ်းပေးနိုင်ရုံနဲ့တင် လုံလောက်လွန်းနေပါပြီ။"

"သက်လျာကြောင့်လား..."

ကိုကို့မေးခွန်းက အရှိုက်ကို ဒဲ့ထိစေပါသည်။ သို့သော်လည်း......
"ကျွန်တော်က ကိုကို့လိုမှ ကံမကောင်းတာ။ ဒီလောက်နဲ့ပဲ ကောင်းလှပါပြီ။ နောက်ထပ် ဘာကိုမှ လောဘမရှိတာပိုပြီး စိတ်သက်သာရတယ်။"

"တစ်သက်လုံး ဒီတိုင်းနေနိုင်မှာ သေချာရဲ့လား ကြည်သာ။"

"ကျွန်တော်ပြောပြီးသားပဲ ကျွန်တော်က ကိုကို့လို ကံမကောင်းပါဘူးဆို။ ဒါနဲ့ ဒီနှစ်မှာကျွန်တော်တို့ ပုပ္ပါးကို သွားမှာနော်။"

"ကိုကို့ကို ဘာလို့ လိုက်စေချင်တာလဲ ကြည်သာ..."

"ကိုကို့ ကျောင်းသားဘဝရဲ့နောက်ဆုံးမှတ်ဉာဏ်တွေထဲမှာ ကျွန်တော်ပါခဲ့သလို၊ ကျွန်တော့်အလှည့်မှာလည်း ကိုကို့ကို ပါစေချင်တယ်။ "

"အဲ့ဒီအချိန်တုန်းက သက်တန့်ကြည်သာဆိုတဲ့ အရိုးခံလေးက အခုလိုယောကျာ်းကောင်းလေးအဖြစ်ကြီးပြင်းခဲ့တာပဲ"

"ကတုံးပေါက်ကေနဲ့ ကောင်လေးကို ပြန်မြင်ယောင်နေတာတော့ မဟုတ်ပါဘူးနော်။ ဟား ဟားးး......"

ကိုကိုတို့နောက်ဆုံးနှစ်က ကြည်သာ ကတုံးပေါက်ကေလေးနဲ့ ကလေးရုပ်လေး။ သက်လျာကလည်း ကြည်သာ့ကဲ့သို့ပင် ကလေးရုပ်လေးနဲ့ ဖွေးဖွေးသေးသေးလေး။ ဖြူစင်ခဲ့တဲ့ အတိတ်နေ့စွဲတို့အတွက် ဘေးမှာရှိနေပေးခဲ့တာ မောင့်သက်လျာဆိုသော ကြည်သာ့အချစ်ဆုံး သူငယ်ချင်းလေးပင်။

သို့သော်လည်း အကြင်နာပိုရသူက တော်လွန်း၊ထက်မြက်လွန်းတဲ့ အကြင်သူပဲဖြစ်ရသည်။

"ညနေကျရင် ငါ့အဆောင်ရှေ့ကစောင့်နေ။"

ရေတမာပင်အောက်ကို ရောက်လုနီးပြီဖြစ်တဲ့ စက်ဘီးလေးရှေ့မှာ ပိတ်ရပ်လိုက်ရင်း မျက်လုံးတွေတွန့်ချိုးထားကာ ခပ်ဆတ်ဆတ်ပြောလိုက်သည်။

ထိုအခါမှာ စက်ဘီးပေါ်မှ လူကလည်း...
"အင်း" ဟု တုန်ပြန်သည်။

"ဟေ့ကောင် စီနီယာကို မရိုသေတာလား။"

"ဟုတ်ကဲ့ ကိုသက်။ လာစောင့်နေပါ့မယ်။"

ဟုတ်ကဲ့ ကိုသက်သာပြောနေတာ။ သင်းမျက်နှာက နည်းနည်းလေးတောင်မှ ဒေါင့်မကျိုးပါ။ ဖြတ်ရိုက်လိုက်ရဖြင့် တွေးနေတုန်းမှာပဲ....
"သက်လျာရေ မြန်မြန်လာ..." ဆိုသော ကြည်သာအသံက သူ့နံဘေးမှ ဖြစ်နေသည်။

ဒီနှစ်ကောင်ကို မဆုံစေချင်သော်လည်း တစ်ကောင်ချင်းစီကိုတော့ သက်လျာဘေးမှာ ရှိစေချင်သည်။ နှစ်ကောင်လုံးက သက်လျာအတွက်တော့ သက်သာစေသည့် စက်ရုပ်လေးတွေပင်။

"သွားတော့မယ် အဝန်း။ ညနေမှတွေ့မယ်"

ချိုသာတဲ့ အပြုံးတွေနဲ့ နှုတ်ဆတ်ပါတဲ့ကြည်သာ့ကြောင့်...
"ဟေ့ကောင် အဲ့လိုမလုပ်နဲ့။ ဒီနားကို ပုရွက်ဆိတ်တွေအုံလာဦးမယ်။ ဒါထက် ညနေကျ မင်းတို့နှစ်ကောင်မဆုံရဘူး ရှင်းလား။ အဝန်း မင်းငါ့နောက်ပဲ လိုက်ရမယ်။"

"အို ကေ...."

"ဟွန်းးးး...."

အဝန်းရဲ့ အိုကေဆိုတဲ့ အသံနောက်မှာ ကြည်သာ့ရယ်သံက ခပ်ပါးပါပဲဖြစ်၏။

အဝန်းရဲ့အပြုအမူမှန်သမျှက ကြည်သာ့အတွက်တော့ ပြုံးနေရတာချည်းဆိုသလိုလားတော့ မသိပေမယ့် သက်လျာသိတာက အဝန်းစိတ်ဆိုးနေလျှင်တောင်မှ ကြည်သာက ပြုံးပြီးကြည့်နေတတ်တာ။

"သက်လျာ၊ သွားမယ်လေ...."

ဘေးချင်းယှဥ်ရပ်ထားရင်းမှ ကြည်သာသည် သက်လျာ၏ ပုခုံးကို ကိုင်ပြီး သတိပေးလိုက်သည်။ ထို့နောက် ကြည်သာနှင့် သက်လျာတို့၏ ဆိုင်ကယ်သည် ရေတမာပင် အောက်ကနေ ထွက်ခွာသွားကြသည်။

"အကို...."

ကြည်သာတို့ထွက်သွားသည့်တိုင် စက်ဘီးကို ဆက်မနင်းပဲ ရပ်တန့်နေပါတဲ့ အဝန်းကြောင့် နောက်မှာထိုင်နေတဲ့ သော်က အသံပေးလိုက်သည်။

"ပြောလေ သော်..."

"ဆက်သွားလေ..."

"အော် ။ မသွားသေးဘူးး။ ကိုယ်တို့ အတန်းချိန်မှ မနီးသေးပဲ ဒီမှာ ဒီတိုင်းလေး ရပ်နေရအောင်..."

စက်ဘီးကို ခြေ,ထောက်ရပ်ထားပါတဲ့ အကိုရယ်၊ အကို့စက်ဘီးနောက်ကနေ ထိုင်ပြီး ရေတမာပင်ရဲ့ သစ်ရွက်တွေကြားကနေ ထိုးထွက်လာတဲ့ နေရဲ့အလင်းတန်းကို မော့ကြည့်နေတဲ့ ကျွန်တော်ရယ်၊ လေအဝှေ့မှာ ကြွေကျလာတဲ့ ရွက်ဝါတွေရယ်.....

ဘာလို့မှန်းမသိ သစ်ရွက်တွေကို ကြည့်နေရင်းနဲ့ပဲ ကျွန်တော့်စိတ်ထဲ ချမ်းစိမ့်စိမ့်ဖြစ်လာပြီး အေးချင်လာသလို ခံစားရသည်။

"အကို့..."

ရုတ်တရပ် ထွက်ခွာပါတဲ့ အကို့ကြောင့် ကျွန်တော့်မှာ ပြုတ်ကျမလိုဖြစ်သွားပြီး အားကိုးတကြီးနဲ့ရေရွတ်မိသည်က အကို့ ဆိုသော အသုံးပင်။

"Sorry သော်...ကိုယ့်အတန်းချိန် နီးနေလို့။"

အကိုပြောမှပဲ လက်မှာ ပတ်ထားတဲ့ နာရီကို ကျွန်တော်ငုံ့ကြည့်မိတော့ ၉နာရီထိုးတော့မည်။ ဘာလိုလိုနဲ့ အကြောင်းပြချက်မရှိ သစ်ရွက်တွေနဲ့ နေပြောက်တွေကို ကြည့်နေသည်က နာရီဝက်ကျော်တောင် ကြာမြင့်သွားပြီ။

သြော်...အကိုနဲ့အတူရှိနေတော့လည်း အချိန်တွေက ခဏလေးလိုပါပဲလား။

"ဒါနဲ့ သော်...ကိုယ်တို့ စာကြည့်တိုက်သွားကြမလား။ သော်ရောက်ပြီးပြီလား စာကြည့်တိုက်ကို"

ကျောင်းဖွင့်တာ သုံးပတ်ပြည့်တော့မည်ဖြစ်သော်လည်း ကျွန်တော်တစ်ခါမှ မရောက်ဖြစ်သေးပါ။ သွားချင်ပါသော်လည်း အတန်းချိန်နီးပြီဖြစ်တဲ့ အကို့ကို ဒုက္ခမပေးချင်တာကြောင့်နဲ့...
"နောက်မှ၊ အကိုအားမှပဲ သွားကြမယ်လေ။ "

"ကိုယ်တို့ အတန်းလစ်ရအောင် သော်..."

ကျွန်တော်တို့အဆောင်ဆီမရောင်ခင် အဆောင်လမ်းကြားလေးထဲကို ကွေ့ချိုးဝင်သွားပြီးနောက် အကိုက စက်ဘီးဖင်ထိုင်ခုံဆီမှ ထ,ကာ စက်ဘီးကို အားထဲ့ကာနင်းသည်။

ခြေနင်းပြားပေါ်ကနေ ရပ်ပြီး ရွေ့လျာနင်းနေရသည်မို့၊ နေရောင်ရဲ့ပူပြင်မှုကြောင့်ရော..ရွေ့လျားစွမ်းအင်အတွက် အားအင်ထုတ်နေတာကြောင့်ရောနဲ့ အကို့ကျောပြင်ကျယ်ကျယ်မှာ ချွေးစို့လို့နေပြီကို အနောက်ကယ်ရီယာခုံက ကျွန်တော်က မျက်စိကျကာ မလွတ်တမ်းကို ကြည့်နေမိတော့တာ။

အကိုက ယောကျာ်းပီသလိုက်တာဗျာလို့ တွေးမိရင်း ကျွန်တော့်ကိုယ်ကျွန်တော် မိန်းကလေးတစ်ယောက်လိုမျိုးခံစားလာရသည်။ အကိုနဲ့ယှဥ်လျှင်တော့ ကျွန်တော်ကပဲ အခြောက်ဖြစ်နိုင်သည်။ ကျွန်တော်ကပဲ အကို့ကို စချစ်မိခဲ့ပြီး၊ ခန္ဓာကိုယ်အနေအထားကလည်း  အကို့လို ယောကျာ်းပီသနေတာမျိုးမဟုတ်ပဲ အခုမှကြီးအားယူဆဲ အရွယ်လို့ပဲ ပြောရမလား။ ကျွန်တော်ကပဲ ပိုလို့ သေးကွေးနေသည်မို့ ကျွန်တော်က တကယ်ပဲ မိန်းမလျာများလား။

ဟင့်အင်း။ ကျွန်တော်မှ မိန်းမ မဖြစ်ချင်ပဲ။ မိန်းမတွေလိုလည်း မဝတ်စားချင်၊အလှမပြင်ချင်ပါ။ ကျွန်တော်က အကို့ကိုပဲချစ်မိသွားတာ။ အဲ့လိုချစ်လို့ ကျွန်တော်က မိန်းမနေရာမှဖြစ်မယ်ဆိုရင်လည်း ကျွန်တော့်မှာ အကို့ကိုချစ်ရုံမှတစ်ပါး အခြား တတ်နိုင်တာမရှိ။

"ရောက်ပြီ သော်..."

နှစ်ထပ်ဆောင်၏ လှေကားဘေးတွင် အစီအရီနှင့်ထားရှိပါသော စက်ဘီများ၊ ဆိုင်ကယ်များက များပြားလှသည်။ ထိုနားတွင် လွတ်ကင်းရာနေရာမှာ အကိုက ရပ်လိုက်ပြီး ကျွန်တော့်ကို စက်ဘီးပေါ်ကနေ ဆင်းစေသည်။

"သွားမယ် သော်..."

စက်ဘီးကို တခြားဘိီးတွေနည်းတူ ထိုးရပ်ပြီးနောက်မှာ အကိုက ကျွန်တော့်လက်ကို ဆွဲ၍ စာကြည့်တိုက်ထဲကို ဝင်သည်။

"သော်လည်း librabry ကဒ်လုပ်ထားသင့်တယ်။ ဒီထဲမှာက စာအုပ်တွေစုံတယ်။"

လွယ်အိတ်ထဲက ပန်းရောင်ကဒ်ပြားလေးကို ထုတ်ပေးပြီး စားပွဲမှာထိုင်နေတဲ့ ဆရာမထံသို့ကမ်းပေးရင်း ကျွန်တော့်ကိုလှည့်ကြည့်ကာ ခပ်တိုးတိုးလေး ပြောတာဖြစ်သည်။

"အရင်နှစ်က ကဒ်နဲ့ ငှားလို့မရဘူးလေ အမောင်။ ရော့ ဒီမှာ စာရွက်ယူသွား။ ပါမောက္ခလက်မှတ်ထိုးနဲ့ လိုင်စင်ပုံ ကပ်ပြီး ပြန်လာခဲ့"

ဆရာမရဲ့ အပြောကြောင့် ဆရာကြီးရောင်နီဝန်းက ဇက်ကလေးပုသွားကာ လျှောက်လွှာစာရွက်ကို ယူပြီး...
"နောက်ထပ်တစ်ရွက် ထပ်ပေးပါဦး။ ဒီညီလေးလည်း ကဒ်လုပ်ချင်လို့တဲ့"

"ရော့..."

နောက်ထပ်တစ်ရွက် ကမ်းပေးတဲ့ စာရွက်ကိုပါယူပြီး ကျွန်တော့်လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ကာ  စာကြည့်တိုက်အပြင်ကို ပြန်ထွက်သည်။

အပြင်ကို ရောက်မှ အကိုက...
"ဟူး...ဟိုထဲမှာ တိုးတိုးလေးပြောရတာ ပင်ပန်းလိုက်တာ။" တဲ့။

စာဖတ်နေတဲ့ သူတွေရှိလို့ စည်းမျဥ်းအရ စာကြည့်တိုက်ထဲတွင် စကားကျယ်ကျယ်မပြောရပါ။ ဒါကြောင့် အစောက အကို့အသံတိုးနေတာဖြစ်သည်။

"အကို.."

"ဟမ်"

"ကျွန်တော့်လက်"

ကျွန်တော်ပြောလိုက်မှပဲ အကိုက ကျွန်တော့်လက်ကို လွှတ်ချသွားသည်။ ပြီးနောက် ဟိုကြည့်သလိုလို၊ ဒီကြည်သလိုလိုနဲ့ အမူအရာက သူရှက်နေတယ်ဆိုတဲ့ သဘောလား။

အကိုကလေ...သူကပဲ ရှက်နေရသည်လားတဲ့။

"သွား သွားမယ်လေ သော်...."

ရှေ့ဆက်သွားဖို့ ပြင်နေတဲ့ အကို့ရှေ့မှာ ကျွန်တော်ပိတ်ရပ်လိုက်ပြီး...
"ရှက်နေတာလား အကိုက" ဟု မေးလိုက်သည်။

အကို့မျက်နှာကို စေ့စေ့ကြည့်ပြီး ထိုသို့မေးလိုက်တော့ အကိုက မျက်နှာလွှဲသွားပြီးနောက်..
"မဟုတ်ပါဘူး"

အသံက စိတ်လှုပ်ရှားမှုတွေကို အတိုင်းသားပါဝင်နေတာကို သိသာပေါ်လွင်စေသည်။ မနက်ပိုင်းက လေးတင် ကျွန်တော့်ကို မျက်နှာမထားတတ်အောင်လုပ်ခဲ့သူက အခု ဘာမှမဟုတ်တာလေးကို မျက်နှာလွှဲထားရသည်အထိ အရှက်ပိုနေတာ ထူးဆန်းလွန်းသည်။

"အကိုတော့ ဟုတ်ပါတယ်နော်..."

အကို့လက်မောင်း အရင်းနားကို လက်ညှိုးလေးနဲ့ မနားတမ်း ထိုးထိပြီး မေးယူမိသည်။ တကယ်ကို အံ့သြနေလို့ပါ။ ကျွန်တော့်အကို ရှက်နေတယ်ဆိုတာ တကယ်များလား။ ကျွန်တော့်ရောင်နီဝန်းက ဒီလောက်နဲ့လည်း ရှက်တတ်သည်လားပေါ့။

"ဟိုမှာ ကြည့်လိုက်စမ်း သော်..."

ကျွန်တော့်ခန္ဓာကိုယ်ကို ပခုံးကနေကိုင်ကာ သူမျက်နှာမူရာဘက်သို့ လှည့်သည်။

"ကျောက်တုန်းလေ..."

ဟုတ်သည် အကိုကြည့်နေသည့်ဘက်မှာ ကျောက်တုန်းပဲ ရှိနေတာကြောင့် ကျောက်တုန်းလို့ပဲ ဖြေလိုက်သည်။

"မဟုတ်ပါဘူး။ သေချာကြည့်ပါ သော်ရ။ အဲ့တာလေ..."

ကျောက်တုန်းကိုပဲ လက်ညှိုးထိုးပြနေတဲ့ အကိုက ကျောက်တုန်းလို့ကျွန်တော်ပြောတာကို အမှားဖြေတယ်လို့ထင်နေရအောင်  ရူးနေတာလည်း မဟုတ်ပါဘူး။

အခုအခြေအနေကြီးမှာ ကျောက်တုန်း ကို ပါဠိလိုပြောပြီး ကြွယ်ပြမှာတော့ မဟုတ်လောက်ပါဘူးနော်။ တစ်ခါတစ်လေမှာ အရမ်းကို စူးရောက်လွန်းပါတဲ့ အကို့ရွှေဉာဏ်တော်ကြောင့် အကိုနဲ့ယှဥ်လျှင်  ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အားငယ်မိချင်မိသည်။

သို့သော်လည်း ကိုယ့်ကိုယ်ကိုပဲ ပြန်ဖြည့်တွေးပေးလိုက်ပါသည်။ ကျွန်တော်ကိုယ်တိုင်က ညံ့လို့မဟုတ်ပဲ အကိုကိုက ရွှေဉာဏ်တော်စူးရောက်လွန်းအားကြီးနေတာ။

"အကိုပဲ ပြောပါ။ အဲ့တာ ဘာများလဲ။"

ဖြေနေလည်း အကိုမေးတဲ့လိုရင်းကို ရောက်မှာ မဟုတ်တာမို့ အကို့ကိုပဲဖြေခိုင်းလိုက်တော့မည်။ ဒါက ကျွန်တော့်စိတ် သက်သာရာရသည်။

"သော်မြင်တဲ့ အတိုင်းပဲပြောလေ။ အဲ့တာဘာလဲ..."

"ရော် ခက်နေပြီ။ ကျောက်တုန်းလို့..."

"ဟွန်းး...ကိုယ့်အမြင်မှာ ပေါင်မုန့်လေးလားလို့။"

"ဟင် !!!"

အကိုတစ်ယောက် မျက်စိတွေများ မှောက်မှားသွားလေသလားလို့ ကျွန်တော့်မှာ ခန္ဓာကိုယ်ကိုအနည်းငယ်လှည့်ပြီး အကို့မျက်လုံးတွေကို လက်ဖြင့် ရွေ့လျားပြရင်းစမ်းသပ်ရသေးသည်။ မဆိုးဘူး ကျွန်တော့်လက်ရွေ့ရာဘက်ကို အကို့မျက်ဆံလေးတွေက လိုက်ပြီး ရွေ့လျားသည်ဆိုတော့ အကိုတစ်ယောက် မမြင်ရတာတော့မဟုတ်ပါဘူး။

ဒါဆို တကယ်စူးရောက်ဖြစ်သွားတာများလား။

"သော်နဲ့ ရှိနေလို့လေ။ သော်နဲ့ရှိနေလို့ မာကျောတဲ့ ကျောက်တုန်းကိုတောင် ပေါင်မုန့်လေးလိုပဲမြင်နေမိတာ။ How sweet it !!!"

ပြောပြီးနောက်မှာ မျက်စိတစ်ဖက်ကိုလည်း မှိတ်ပြသေးတာမို့ ကျွန်တော့်ပခုံးတွေကို အကို့လက်တွေဖြင့် ကိုင်ထားသည့် ကြားမှ ကျွန်တော့်တော့ နှုံးခွေကျချင်နေသည်။

"အကို..."

"အင်း"

"ကြည်စားပါ များသွားရင် လိပ်ပြာတောင် ပန်းပွင့်ကို တကယ်နမ်းရတာနော်။"

"နမ်းမှာလား မွှေးတယ်ရှင် ဆိုသလိုလား သော်..."

အကို့ရင်ခွင်ရှေ့ကနေ ရပ်နေတဲ့ ကျွန်တော့်ပခုံးတွေကို အကိုက ခပ်တင်းတင်းဖိကိုင်ထားပြီး၊ ကျွန်တော်ကိုယ်တိုင်ကလည်း နောက်မှာရပ်နေတဲ့ အကို့ဘက်ကိုဘေးစောင်းလှည့်ကြည့်နေတာမို့ 'နမ်းမှာလား မွှေးတယ်ရှင်'နဲ့တော့ ကိုက်နေပြီ။

ဒီအနေအထားမှာ စိတ်ထဲရှိတဲ့အတိုင်းပဲ...
"တကယ်နမ်းမှာလား" လို့ မေးလိုက်ချင်မိသည်။

"ဟင့်အင်း၊ ကိုယ်က သနပ်ခါးကိုပဲနမ်းချင်တာ ပါးကိုနမ်းချင်တာမဟုတ်ဘူး။"

"ဗျာ...ဟို ကျွန်တော် ထုတ်မေးလိုက်မိတာလား။ စိတ်ထဲမှာပဲ မေးတာကိုလေ...ပါးစပ်က"

တကယ်ပဲ ပါးစပ်ကနေ အသံထွက်ပြီး မေးလိုက်မိသည်တဲ့လား။ ကျစ် ရှက်စရာကောင်းလိုက်တာဗျာ။

"ဟွန်းးး...ကိုယ်ကလည်း စိတ်ထဲကပဲ ဖြေတာလေ။ သော် ကြားသွားတာလား၊ အို... Sorryကွာ။"

မချိုမချဥ်နဲ့ အကို့မျက်နှာကလေ တကယ်ပါပဲ။

နောက်ဆုံးတော့ ရှက်ပြီး အကို့ရှေ့ကနေ အမြန်လျှောက်သွားရသူက ကျွန်တော်ပဲ ဖြစ်ရတော့သည်။ ဒါတောင် အကိုက နောက်ကနေ ခြေလှမ်းအကျဲကြီးတွေနဲ့ လျှောက်လာခဲ့ပြီး...
"နမ်းမှာလား မွှေးတယ်ဗျာ။" ဆိုတဲ့ စကားကို ဂုဏ်တော်ပွားသလိုကို ရွတ်နေတော့တာ။

ဒီလိုနဲ့ စက်ဘီးကို စာကြည့်တိုက်ရှေ့မှာ ထားခဲ့လိုက်ပြီး လမ်းလေးအတိုင်း အရှေ့ကိုဆက်သွားနေတဲ့ ကျွန်တော့်နောက်မှာ အကို့ခြေသံတွေက ထပ်ချက်မကွာ ကပ်ပါလာသည်။

ဒီလမ်းသွယ်လေးမှာ ကျွန်တော်တို့ ရှက်မူပိုခဲ့ကြသည်။ အထူးသဖြင့် ကျွန်တော်ပေါ့။

__________________________


Zawgyi.....

"ဒါဆို တကယ္ေပါ့...."

ေကာ္ဖီခြက္ခ်ေပးရင္း ထပ္လို႔အတည္ျပဳပါတဲ့ သက္လ်ာကို ကိုကိုက ေခါင္းပဲၿငိမ့္ျပၿပီး အသံမထြက္လာေတာ့ သက္လ်ာကပဲ ေမးခြန္းဆက္ေမးရသည္။

"သူ႔နာမည္ကဘယ္သူ၊ ၿပီးေတာ့ အလုပ္အကိုင္၊ ဒါမွမဟုတ္ သူေက်ာင္းတတ္ေနတုန္းပဲလား။"

"နာမည္က Smith Amdarosa။ အလုပ္အကိုင္ကေတာ့ အားတဲ့အခ်ိန္ ေဘာလုံးကန္တာပဲ။ မအားတဲ့အခ်ိန္ဆိုတာက ကိုကို႔အနားမွာ ေနတဲ့အခ်ိန္ကို ေျပာတာ။"

"ဝိုးးးး...."

ကိုကို႔မ်က္ႏွာက တကယ္ကို ျမဴးႂကြေနတာေၾကာင့္ နားေထာင္ေနရတဲ့ သက္လ်ာပါ ေပ်ာ္႐ႊင္လာရသည္အထိပင္။

"ဒါနဲ႔ ဟိုေကာင္ေလးကို ၾကည့္ရတာ တစ္မ်ိဳးပဲ။"

"ကိုကိုနဲ႔ ကြၽန္ေတာ့္လိုမ်ိဳး တူညီတဲ့ခံစားခ်က္ကို ေျပာခ်င္တာလား...ဟြန္း..."

ကိုကိုေျပာတဲ့ ဟိုေကာင္ေလးဆိုတာ ေသာ့္ကိုရည္ၫႊန္းေျပာသည္မွန္း သက္လ်ာသိၿပီး တစ္မ်ိဳးပဲဆိုသည့္ အဓိပၸါယ္ကိုလည္း သက္လ်ာ သေဘာေပါက္သည္။ ထိုေၾကာင့္အဆုံးသတ္မွာ ေလွာင္ေထ့ေထ့ေလး ရယ္လိုက္မိတာ။

"မင္းေရာ..အေျခအေန"

"ကြၽန္ေတာ့္ဘက္ကေတာ့ ေျပာၿပီးသြားၿပီး၊ သိတဲ့အတိုင္း ၾကည္သာခ်စ္ေနတာက ကြၽန္ေတာ္ေတာ့ ဟုတ္မေနဘူး။ သူဘယ္သူ႔ကို ခ်စ္လဲ၊ ဒါမွမဟုတ္ သူတကယ္ပဲ မခ်စ္တတ္ေသးတာလား ဆိုတာကို ကြၽန္ေတာ္ေတာ့ ေဝခြဲမရဘူး...အဲ့တာေၾကာင့္ ကိုကို႔ကို အကူညီေတာင္းမလားလို႔"

"ေသခ်ာတာကေတာ့ ၾကည္သာ ခ်စ္ေနတာက လာဗင္ဒါကိုသေဘာက်တဲ့ သူပဲ။"

"ဟင္ !!!"

ကိုကို႔အေျပာက ထူးဆန္းသည္၊ ပိုင္ႏိုင္လြန္းအားႀကီးသည္။ ၾကည္သာခ်စ္ေနတာက လာဗင္ဒါကိုသေဘာက်တဲဲ့သူမွန္း ကိုကိုဘယ္လိုသိလဲေလ။

အခုမွ ျပန္ေတြ႕ရတာ နာရီပိုင္းပဲရွိေသးတဲ့ ကိုကိုက အနီးကပ္ေနခဲ့တဲ့ သက္လ်ာထက္ပိုၿပီးေတာ့ ၾကည္သာ့အေၾကာင္းကို သိေနသည္ဆိုတာကေတာ့ သက္လ်ာလက္မခံႏိုင္။ ငယ္ငယ္ထဲက အတူရွိခဲ့သူမို႔ ၾကည္သာ့အေၾကာင္း သူသာ အသိဆုံးျဖစ္ရမည္။

ထို႔ေၾကာင့္ မယုံၾကည္ႏိုင္သလို ျဖစ္ေနဆဲမွာပင္....

"ဒီလိုေလ။ ၾကည္သာ့ ကိုကို႔ဆီကိုဆက္သြယ္တိုင္းမွာ လာဗင္ဒါကို အၿမဲမွာတယ္။ မင္းလည္းသိတာပဲ ၾကည္သာမွ လာဗင္ဒါမႀကိဳက္တာ။ ဒါေပမယ့္ သူက လာဗင္ဒါကိုေတာ့ အၿမဲမွာေနတာ၊ ကိုကိုထြက္သြားၿပီးေနာက္ပိုင္းမွ သူက လာဗင္ဒါကို ႀကိဳက္သြားတာမ်ားလားေပါ့..."

"ဟင့္အင္း။ သူအခုထိ လာဗင္ဒါကို မႀကိဳက္ဘူး။ ႀကိဳက္တာက အဝန္း!!"

"မေျပာနဲ႔ေနာ္။ ၾကည္သာလည္း ကိုယ္တို႔လို...."

"ကိုကိုမသိဘူး။ ကြၽန္ေတာ္သိတယ္ ဒါေပမယ့္ ယုံဖို႔ ခက္ေနတယ္။ တကယ္ပဲဆို အဝန္းကေရာ...ဟိုေကာင္ေလးကေရာ ေနာက္ဆုံး ကြၽန္ေတာ္ကေရာ ကိုကို။"

ဦးတည္ရာမဲ့ေနတဲ့ သက္လ်ာရဲ႕အၾကည့္ေတြမွာ ၊အေတြးေတြမွာ အျပည့္အႏွက္ ေနရာယူလာသည္က အဝန္းအေပၚမွာ လိုေလးေသးမရွိ ဂ႐ုစိုက္ပါတဲ့ ၾကည္သာ အျပဳအမူေတြ။

အခ်ိဳမႀကိဳက္တတ္သူသည္ ႏို႔ဆီဗူးအထိပါ ေဆာင္ထားတာေတြ၊ ေကာ္ဖီခြက္ႏွစ္ခုကို တယုတယကိုင္တြယ္ေနပါတဲ့ ျမင္ကြင္းေတြ၊ အဝန္းက ကေလးပဲကြာဆိုတဲ့ အေျပာနဲ႔ အဝန္းလုပ္သမွ်ကို အျပစ္မျမင္ပဲ ၾကင္ၾကင္နာနာနဲ႔ပဲ ၾကည့္ေနတတ္တဲ့ ၾကည္သာမ်က္လုံးေတြ။ အို..ေနာက္ဆုံး လာဗင္ဒါအနံ႔မႀကိဳက္တဲ့သူက အခုမနက္ခင္းမွာ လာဗင္ဒါေတြ လႈိင္ထေနေအာင္ ဆြတ္ျဖန္းထားတာေတြ။

"သက္လ်ာ...."

"ကြၽန္ေတာ္ ဘာလုပ္ရင္ ေကာင္းမလဲဟင္၊ ကိုကို..."

ၿငိမ္သက္ေနပါတဲ့ သက္လ်ာရဲ႕လက္ေတြကို ဆုပ္ကိုင္ၿပီး အားေပးတဲ့အၾကည့္ေတြနဲ႔ ၾကည့္လာတဲ့ ကိုကို႔မ်က္ႏွာကို ျမင္ေတာ့ သက္လ်ာေလ ကေလးတစ္ေယာက္လိုပဲ ငိုေႂကြးလိုက္ခ်င္ေတာ့သည္။

"ကိုကို ဘာေျပာရမွန္ေတာင္ မသိေတာ့ဘူး သက္လ်ာရယ္။ ဒါေပမယ့္ အရာရာကို ေသခ်ာမသိရေသးပဲနဲ႔ေတာ့...."

"မဟုတ္ဘူး ကိုကို။ ကြၽန္ေတာ္ထင္ေနတယ္၊ ၾကည္သာ ၾကည္သာဆိုတဲ့သူက ေရာင္နီဝန္းဆိုတဲ့ ေကာင္ေလးကို....."

"မဟုတ္တာေတြ မေျပာနဲ႔ သက္လ်ာ..."

ၾကားလိုက္ရတဲ့ အသံေၾကာင့္ အခန္းတံခါးဆီကို ၾကည့္မိလိုက္ေတာ့ တံခါးဝမွာ ရပ္ေနပါတဲ့ ၾကည္သာ့ကိုေတြ႕လိုက္ရသည္။

"မဟုတ္ဘူးဆိုရင္ မင္း..."

"ေတာ္ၿပီ သက္လ်ာ။ ကိုကိုရွိေနတာကို အားနာဦး။
ၿပီးေတာ့ ကိုကိုက အခုမွျပန္ေရာက္တာ။ ကိုကိုအရင္နားပါေစဦးလား...."

မခ်စ္တဲ့သူဆိုေတာ့ ဒီကိစၥက သူ႔အတြက္ေအးေအးေဆးေဆးျဖစ္ေနသေလာက္၊ သက္လ်ာအတြက္ေတာ့ ဒီကိစၥကို အပူတျပင္းနဲ႔ပဲ ေသခ်ာခ်င္ေနေတာ့သည္။ ဒါေၾကာင့္ အကိုအရင္းလို ယုံၾကည္ၿပီး ခ်စ္ခင္ရတဲ့ ကိုကို႔ကို အပူကပ္ေနျခင္းျဖစ္သည္။

"ကိုကိုနဲ႔ ငါနဲ႔ကိစၥ မင္းဝင္မပါနဲ႔..."

ဟုတ္တယ္။ ဒီေကာင္ လူကိုလာၿပီးဆရာလုပ္ေနတာ။ ကိုကိုနဲ႔ေျပာေနတာကို ၾကားျဖတ္ဝင္ေျပာၿပီး အေဖလုပ္ခ်င္ေနပါတဲ့ ႏွလုံးသားက ျမတ္ႏိုးရတဲ့ သက္တန္႔ၾကည္သာ။

"ဒီေန႔ reportတင္ရမွာ။"

"အေစာထဲက ေျပာပါလားဟ။"

ကိုကို႔နဲ႔ေတြ႕တာနဲ႔ reportေတြဘာေတြ အမွတ္မရေတာ့ပဲ အတန္းမတတ္ဖို႔ စိတ္ကူးထားမိသည္က ၾကည္သာ့ေၾကာင့္ မသြားမျဖစ္ဆိုတာကို သိလိုက္ရေတာ့သည္။

လုပ္သမွ်တင္ရနဲ႔ reportဆိုတာကလည္း ဘာေၾကာင့္တင္လို႔ တင္ေနရမွန္းကို နားမလည္ခ်င္ေတာ့ပါ။

"ကိုကို လိုက္ခဲ့မလား။ ကန္တင္းမွာ ေစာင့္ေလ။"

"ေအး လိုက္မယ္။ မဟုတ္လည္း သြားခ်င္ေနတာ။"

သို႔ျဖင့္ ၾကည္သာတို႔သုံးေယာက္သည္ ေက်ာင္းဘက္ကို ဆိုင္ကယ္ျဖင့္ လာၾကသည္။ ေက်ာင္းသြားတဲ့လမ္းမွာ ကိုကိုက ၾကည္သာ့ဆိုင္ကယ္ေနာက္ကလိုက္သည္။

"ခရီးထြက္ရင္ ကိုကိုလိုက္ဦးမယ္မလား။"

"ဘယ္အခ်ိန္လဲ..."

"ပိတ္မွေလ...ဘာလဲ ကိုကိုက ခ်က္ခ်င္းျပန္ေျပးမလို႔လား။"

အခုမွ ျပန္လာတဲ့ ကိုကို႔ပုံစံက ၾကည္သာတို႔နဲ႔ၾကာၾကာမေနဘူးလို႔ ထင္ရတာေၾကာင့္ ၾကည္သာစိတ္ထဲမေကာင္းလွပါ။ ၅ႏွစ္ေက်ာ္ေလာက္ တြယ္တာခဲ့ရတဲ့ ကိုကိုက ႏိုင္ငံျခားမွာပဲ အေျခခ်ေတာ့မည္ဟုဆိုတာေၾကာင့္ ခဏေလးနဲ႔ေတာ့ ၾကည္သာ ကိုကို႔ကိုမခြဲခ်င္ေသးပါ။

ဒါေၾကာင့္ ႏွစ္တိုင္းသြားေနၾကျဖစ္တဲ့ ခရီးကို ကိုကိုကို႔လိုက္ေစခ်င္သည္။ ခရီးမွာ ကိုကိုနဲ႔က်န္ရွိမယ့္ အခ်ိန္ေတြကို အမွတ္တရအျဖစ္ႏွင့္ သိမ္းထားခ်င္သည္။ ေနာက္ထပ္ ၾကည္သာသိမ္းထားခ်င္တဲ့ အခိုက္အတန္႔တစ္ခုကလည္း သပ္သပ္ရွိေသးသည္။

ေက်ာင္းသားဘဝမွာ ေနာက္ဆုံးအႀကိမ္သြားမယ့္ ဒီခရီးမွာ အဝန္းနဲ႔အတူရွိမယ့္ အမွတ္တရေတြအတြက္ ဖလင္လိပ္ေလးေတြ စုစည္းထားမိသည္။ အေသအခ်ာကို မွတ္တမ္းတင္ၿပီး တယုတယနဲ႔ထိန္းသိမ္းထားမွာက ေနထြက္ခ်ိန္တိုင္း ထုတ္ၾကည့္ဖို႔ပင္။

သူ႔အနားမွာ ေရာင္နီဝန္း မရွိေတာ့တဲ့အခ်ိန္ေရာက္ရင္ေတာင္ ေနထြက္ေနသေ႐ြ႕၊ ေနမင္းသာေနသေ႐ြ႕ကေတာ့ သူဟာ ေရာင္နီဝန္းရဲ႕ ပုံရိပ္ေတြကိုပဲ ျမင္ခ်င္၊ ၾကည့္ခ်င္တာမို႔ သူ႔အခ်စ္ေတြဟာ သိမ္ဆည္းထားသမွ် ဖလင္လိပ္ေလးထဲမွာ တနင့္တပိုးနဲ႔။

"ကိုကို ဒီမွာဆက္ေနရင္ သူလိုက္လာလိမ့္မယ္။"

ေနာက္ပါးဆီကေနထြက္လာတဲ့ ကိုကို႔အသံက ၾကည္လင္စြာနဲ႔ပင္။ ကိုကိုတစ္ေယာက္ တကယ္ပဲ သူခ်စ္တဲ့သူနဲ႔ စုံဖက္ႏိုင္ခဲ့ၿပီ။ ကိုကိုက ေအာင္ျမင္မႈနတ္ဘုရားရဲ႕ အခ်စ္ေတာ္ေလးျဖစ္သည္။ ကိုကိုဆႏၵရွိသမွ် အရာရာ ေအာင္ျမင္ေနေတာ့တာပဲ။

"ဒီလိုဆို ေကာင္းတာေပါ့။ ကြၽန္ေတာ့္ကိုကို ခ်စ္တဲ့သူက ဘယ္လိုဘယ္ပုံဆိုတာကို ကြၽန္ေတာ္သိခြင့္ရတာေပါ့။"

"ကိုကို ခ်စ္တဲ့ သူက ေယာက်ာ္းတစ္ေယာက္ ၾကည္သာ။ မင္းၾကည္ျဖဴပါ့မလား။"

တည္တံ့ကိုကိုဆိုတဲ့ နာမည္နဲ႔လိုက္ပါတဲ့ ကိုကို႔ရဲ႕ ေ႐ြးခ်ယ္မႈကလည္း ေယာက်ာ္းတစ္ေယာက္ျဖစ္ေနသည္။ ကိုကိုလို ေယာက်ာ္းပီသတဲ့လူတစ္ေယာက္က ေယာက်ာ္းတစ္ေယာက္ကိုပဲ ျမတ္ျမတ္ႏိုးႏိုးနဲ႔ခ်စ္သည္တဲ့။ ကြၽန္ေတာ္ဒါကို ေလွာင္ေျပာင္ရမလား။

ေလွာင္ေျပာင္ဖို႔ အခြင့္ေရာ ကြၽန္ေတာ့္မွာရွိပါလို႔လား။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ေယာက်ာ္းတစ္ေယာက္ကို ပိုးေမြးသလိုဂ႐ုတစိုက္နဲ႔ၾကင္ၾကင္နာနာေလး ခ်စ္ေနမိတာေလ။ ဒီေတာ့ ဒီကိစၥကို မၾကည္ျဖဴႏိုင္စရာ အေၾကာင္းဘာမွမရွိပါ။

"ကိုကို သိလား....တစ္ခ်ိဳ႕အရာေတြကေလ မတူရင္လွမယ္လို႔ ထင္ေပမယ့္ တူညီေနရင္လည္း လိုက္ဖက္ေနတတ္တာဗ်။"

"မင္းနဲ႔ အဝန္းနဲ႔လိုလား..."

"ဟင့္အင္း။ အဝန္းနဲ႔ စႏၵေသာ္ကေအာင္လိုမ်ိဳး။
သူတို႔ႏွစ္ေယာက္ လိုက္ဖက္ညီတယ္ အကို။ အဝန္းက သီခ်င္းသံညိမ့္ေညာင္းတာကို သေဘာက်တယ္။ သာယာလိုက္တဲ့ စႏၵေသာ္ကေအာင္ရဲ႕အသံကေလ ကြၽန္ေတာ္ေတာင္ အရႈံးေပးရတဲ့အထိပဲ။ အဝန္းက ကဗ်ာေတြ၊ သမိုင္းေတြကို ဝါသနာထုံတယ္။ ဟိုေကာင္ေလးကလည္း အကုန္သိေနေတာ့တာ။ ေရွ႕သြားေနာက္လိုက္ညီတယ္ဆိုတဲ့ စကားက သူတို႔ႏွစ္ေယာက္ေၾကာင့္ ျဖစ္လာသလိုပဲ။"

"လာဗင္ဒါႀကိဳက္တဲ့ ေကာင္ေလးကို မင္းခ်စ္ေနတယ္မဟုတ္လား။"

"ဟင့္အင္း။ ဒီတိုင္း သူသေဘာက်တာကို ျဖည့္စည္းေပးခ်င္႐ုံပါ။ ကြၽန္ေတာ္ ဒီတိုင္းေလးပဲ သူလိုသမွ်ကို ျဖည္းစြမ္းေပးႏိုင္႐ုံနဲ႔တင္ လုံေလာက္လြန္းေနပါၿပီ။"

"သက္လ်ာေၾကာင့္လား..."

ကိုကို႔ေမးခြန္းက အရႈိက္ကို ဒဲ့ထိေစပါသည္။ သို႔ေသာ္လည္း......
"ကြၽန္ေတာ္က ကိုကို႔လိုမွ ကံမေကာင္းတာ။ ဒီေလာက္နဲ႔ပဲ ေကာင္းလွပါၿပီ။ ေနာက္ထပ္ ဘာကိုမွ ေလာဘမရွိတာပိုၿပီး စိတ္သက္သာရတယ္။"

"တစ္သက္လုံး ဒီတိုင္းေနႏိုင္မွာ ေသခ်ာရဲ႕လား ၾကည္သာ။"

"ကြၽန္ေတာ္ေျပာၿပီးသားပဲ ကြၽန္ေတာ္က ကိုကို႔လို ကံမေကာင္းပါဘူးဆို။ ဒါနဲ႔ ဒီႏွစ္မွာကြၽန္ေတာ္တို႔ ပုပၸါးကို သြားမွာေနာ္။"

"ကိုကို႔ကို ဘာလို႔ လိုက္ေစခ်င္တာလဲ ၾကည္သာ..."

"ကိုကို႔ ေက်ာင္းသားဘဝရဲ႕ေနာက္ဆုံးမွတ္ဉာဏ္ေတြထဲမွာ ကြၽန္ေတာ္ပါခဲ့သလို၊ ကြၽန္ေတာ့္အလွည့္မွာလည္း ကိုကို႔ကို ပါေစခ်င္တယ္။ "

"အဲ့ဒီအခ်ိန္တုန္းက သက္တန္႔ၾကည္သာဆိုတဲ့ အ႐ိုးခံေလးက အခုလိုေယာက်ာ္းေကာင္းေလးအျဖစ္ႀကီးျပင္းခဲ့တာပဲ"

"ကတုံးေပါက္ေကနဲ႔ ေကာင္ေလးကို ျပန္ျမင္ေယာင္ေနတာေတာ့ မဟုတ္ပါဘူးေနာ္။ ဟား ဟားးး......"

ကိုကိုတို႔ေနာက္ဆုံးႏွစ္က ၾကည္သာ ကတုံးေပါက္ေကေလးနဲ႔ ကေလး႐ုပ္ေလး။ သက္လ်ာကလည္း ၾကည္သာ့ကဲ့သို႔ပင္ ကေလး႐ုပ္ေလးနဲ႔ ေဖြးေဖြးေသးေသးေလး။ ျဖဴစင္ခဲ့တဲ့ အတိတ္ေန႔စြဲတို႔အတြက္ ေဘးမွာရွိေနေပးခဲ့တာ ေမာင့္သက္လ်ာဆိုေသာ ၾကည္သာ့အခ်စ္ဆုံး သူငယ္ခ်င္းေလးပင္။

သို႔ေသာ္လည္း အၾကင္နာပိုရသူက ေတာ္လြန္း၊ထက္ျမက္လြန္းတဲ့ အၾကင္သူပဲျဖစ္ရသည္။

"ညေနက်ရင္ ငါ့အေဆာင္ေရွ႕ကေစာင့္ေန။"

ေရတမာပင္ေအာက္ကို ေရာက္လုနီးၿပီျဖစ္တဲ့ စက္ဘီးေလးေရွ႕မွာ ပိတ္ရပ္လိုက္ရင္း မ်က္လုံးေတြတြန္႔ခ်ိဳးထားကာ ခပ္ဆတ္ဆတ္ေျပာလိုက္သည္။

ထိုအခါမွာ စက္ဘီးေပၚမွ လူကလည္း...
"အင္း" ဟု တုန္ျပန္သည္။

"ေဟ့ေကာင္ စီနီယာကို မ႐ိုေသတာလား။"

"ဟုတ္ကဲ့ ကိုသက္။ လာေစာင့္ေနပါ့မယ္။"

ဟုတ္ကဲ့ ကိုသက္သာေျပာေနတာ။ သင္းမ်က္ႏွာက နည္းနည္းေလးေတာင္မွ ေဒါင့္မက်ိဳးပါ။ ျဖတ္႐ိုက္လိုက္ရျဖင့္ ေတြးေနတုန္းမွာပဲ....
"သက္လ်ာေရ ျမန္ျမန္လာ..." ဆိုေသာ ၾကည္သာအသံက သူ႔နံေဘးမွ ျဖစ္ေနသည္။

ဒီႏွစ္ေကာင္ကို မဆုံေစခ်င္ေသာ္လည္း တစ္ေကာင္ခ်င္းစီကိုေတာ့ သက္လ်ာေဘးမွာ ရွိေစခ်င္သည္။ ႏွစ္ေကာင္လုံးက သက္လ်ာအတြက္ေတာ့ သက္သာေစသည့္ စက္႐ုပ္ေလးေတြပင္။

"သြားေတာ့မယ္ အဝန္း။ ညေနမွေတြ႕မယ္"

ခ်ိဳသာတဲ့ အၿပဳံးေတြနဲ႔ ႏႈတ္ဆတ္ပါတဲ့ၾကည္သာ့ေၾကာင့္...
"ေဟ့ေကာင္ အဲ့လိုမလုပ္နဲ႔။ ဒီနားကို ပု႐ြက္ဆိတ္ေတြအုံလာဦးမယ္။ ဒါထက္ ညေနက် မင္းတို႔ႏွစ္ေကာင္မဆုံရဘူး ရွင္းလား။ အဝန္း မင္းငါ့ေနာက္ပဲ လိုက္ရမယ္။"

"အို ေက...."

"ဟြန္းးးး...."

အဝန္းရဲ႕ အိုေကဆိုတဲ့ အသံေနာက္မွာ ၾကည္သာ့ရယ္သံက ခပ္ပါးပါပဲျဖစ္၏။

အဝန္းရဲ႕အျပဳအမူမွန္သမွ်က ၾကည္သာ့အတြက္ေတာ့ ၿပဳံးေနရတာခ်ည္းဆိုသလိုလားေတာ့ မသိေပမယ့္ သက္လ်ာသိတာက အဝန္းစိတ္ဆိုးေနလွ်င္ေတာင္မွ ၾကည္သာက ၿပဳံးၿပီးၾကည့္ေနတတ္တာ။

"သက္လ်ာ၊ သြားမယ္ေလ...."

ေဘးခ်င္းယွဥ္ရပ္ထားရင္းမွ ၾကည္သာသည္ သက္လ်ာ၏ ပုခုံးကို ကိုင္ၿပီး သတိေပးလိုက္သည္။ ထို႔ေနာက္ ၾကည္သာႏွင့္ သက္လ်ာတို႔၏ ဆိုင္ကယ္သည္ ေရတမာပင္ ေအာက္ကေန ထြက္ခြာသြားၾကသည္။

"အကို...."

ၾကည္သာတို႔ထြက္သြားသည့္တိုင္ စက္ဘီးကို ဆက္မနင္းပဲ ရပ္တန္႔ေနပါတဲ့ အဝန္းေၾကာင့္ ေနာက္မွာထိုင္ေနတဲ့ ေသာ္က အသံေပးလိုက္သည္။

"ေျပာေလ ေသာ္..."

"ဆက္သြားေလ..."

"ေအာ္ ။ မသြားေသးဘူးး။ ကိုယ္တို႔ အတန္းခ်ိန္မွ မနီးေသးပဲ ဒီမွာ ဒီတိုင္းေလး ရပ္ေနရေအာင္..."

စက္ဘီးကို ေျခ,ေထာက္ရပ္ထားပါတဲ့ အကိုရယ္၊ အကို႔စက္ဘီးေနာက္ကေန ထိုင္ၿပီး ေရတမာပင္ရဲ႕ သစ္႐ြက္ေတြၾကားကေန ထိုးထြက္လာတဲ့ ေနရဲ႕အလင္းတန္းကို ေမာ့ၾကည့္ေနတဲ့ ကြၽန္ေတာ္ရယ္၊ ေလအေဝွ႔မွာ ေႂကြက်လာတဲ့ ႐ြက္ဝါေတြရယ္.....

ဘာလို႔မွန္းမသိ သစ္႐ြက္ေတြကို ၾကည့္ေနရင္းနဲ႔ပဲ ကြၽန္ေတာ့္စိတ္ထဲ ခ်မ္းစိမ့္စိမ့္ျဖစ္လာၿပီး ေအးခ်င္လာသလို ခံစားရသည္။

"အကို႔..."

႐ုတ္တရပ္ ထြက္ခြာပါတဲ့ အကို႔ေၾကာင့္ ကြၽန္ေတာ့္မွာ ျပဳတ္က်မလိုျဖစ္သြားၿပီး အားကိုးတႀကီးနဲ႔ေရ႐ြတ္မိသည္က အကို႔ ဆိုေသာ အသုံးပင္။

"Sorry ေသာ္...ကိုယ့္အတန္းခ်ိန္ နီးေနလို႔။"

အကိုေျပာမွပဲ လက္မွာ ပတ္ထားတဲ့ နာရီကို ကြၽန္ေတာ္ငုံ႔ၾကည့္မိေတာ့ ၉နာရီထိုးေတာ့မည္။ ဘာလိုလိုနဲ႔ အေၾကာင္းျပခ်က္မရွိ သစ္႐ြက္ေတြနဲ႔ ေနေျပာက္ေတြကို ၾကည့္ေနသည္က နာရီဝက္ေက်ာ္ေတာင္ ၾကာျမင့္သြားၿပီ။

ေၾသာ္...အကိုနဲ႔အတူရွိေနေတာ့လည္း အခ်ိန္ေတြက ခဏေလးလိုပါပဲလား။

"ဒါနဲ႔ ေသာ္...ကိုယ္တို႔ စာၾကည့္တိုက္သြားၾကမလား။ ေသာ္ေရာက္ၿပီးၿပီလား စာၾကည့္တိုက္ကို"

ေက်ာင္းဖြင့္တာ သုံးပတ္ျပည့္ေတာ့မည္ျဖစ္ေသာ္လည္း ကြၽန္ေတာ္တစ္ခါမွ မေရာက္ျဖစ္ေသးပါ။ သြားခ်င္ပါေသာ္လည္း အတန္းခ်ိန္နီးၿပီျဖစ္တဲ့ အကို႔ကို ဒုကၡမေပးခ်င္တာေၾကာင့္နဲ႔...
"ေနာက္မွ၊ အကိုအားမွပဲ သြားၾကမယ္ေလ။ "

"ကိုယ္တို႔ အတန္းလစ္ရေအာင္ ေသာ္..."

ကြၽန္ေတာ္တို႔အေဆာင္ဆီမေရာင္ခင္ အေဆာင္လမ္းၾကားေလးထဲကို ေကြ႕ခ်ိဳးဝင္သြားၿပီးေနာက္ အကိုက စက္ဘီးဖင္ထိုင္ခုံဆီမွ ထ,ကာ စက္ဘီးကို အားထဲ့ကာနင္းသည္။

ေျခနင္းျပားေပၚကေန ရပ္ၿပီး ေ႐ြ႕လ်ာနင္းေနရသည္မို႔၊ ေနေရာင္ရဲ႕ပူျပင္မႈေၾကာင့္ေရာ..ေ႐ြ႕လ်ားစြမ္းအင္အတြက္ အားအင္ထုတ္ေနတာေၾကာင့္ေရာနဲ႔ အကို႔ေက်ာျပင္က်ယ္က်ယ္မွာ ေခြၽးစို႔လို႔ေနၿပီကို အေနာက္ကယ္ရီယာခုံက ကြၽန္ေတာ္က မ်က္စိက်ကာ မလြတ္တမ္းကို ၾကည့္ေနမိေတာ့တာ။

အကိုက ေယာက်ာ္းပီသလိုက္တာဗ်ာလို႔ ေတြးမိရင္း ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ မိန္းကေလးတစ္ေယာက္လိုမ်ိဳးခံစားလာရသည္။ အကိုနဲ႔ယွဥ္လွ်င္ေတာ့ ကြၽန္ေတာ္ကပဲ အေျခာက္ျဖစ္ႏိုင္သည္။ ကြၽန္ေတာ္ကပဲ အကို႔ကို စခ်စ္မိခဲ့ၿပီး၊ ခႏၶာကိုယ္အေနအထားကလည္း  အကို႔လို ေယာက်ာ္းပီသေနတာမ်ိဳးမဟုတ္ပဲ အခုမွႀကီးအားယူဆဲ အ႐ြယ္လို႔ပဲ ေျပာရမလား။ ကြၽန္ေတာ္ကပဲ ပိုလို႔ ေသးေကြးေနသည္မို႔ ကြၽန္ေတာ္က တကယ္ပဲ မိန္းမလ်ာမ်ားလား။

ဟင့္အင္း။ ကြၽန္ေတာ္မွ မိန္းမ မျဖစ္ခ်င္ပဲ။ မိန္းမေတြလိုလည္း မဝတ္စားခ်င္၊အလွမျပင္ခ်င္ပါ။ ကြၽန္ေတာ္က အကို႔ကိုပဲခ်စ္မိသြားတာ။ အဲ့လိုခ်စ္လို႔ ကြၽန္ေတာ္က မိန္းမေနရာမွျဖစ္မယ္ဆိုရင္လည္း ကြၽန္ေတာ့္မွာ အကို႔ကိုခ်စ္႐ုံမွတစ္ပါး အျခား တတ္ႏိုင္တာမရွိ။

"ေရာက္ၿပီ ေသာ္..."

ႏွစ္ထပ္ေဆာင္၏ ေလွကားေဘးတြင္ အစီအရီႏွင့္ထားရွိပါေသာ စက္ဘီမ်ား၊ ဆိုင္ကယ္မ်ားက မ်ားျပားလွသည္။ ထိုနားတြင္ လြတ္ကင္းရာေနရာမွာ အကိုက ရပ္လိုက္ၿပီး ကြၽန္ေတာ့္ကို စက္ဘီးေပၚကေန ဆင္းေစသည္။

"သြားမယ္ ေသာ္..."

စက္ဘီးကို တျခားဘိီးေတြနည္းတူ ထိုးရပ္ၿပီးေနာက္မွာ အကိုက ကြၽန္ေတာ့္လက္ကို ဆြဲ၍ စာၾကည့္တိုက္ထဲကို ဝင္သည္။

"ေသာ္လည္း librabry ကဒ္လုပ္ထားသင့္တယ္။ ဒီထဲမွာက စာအုပ္ေတြစုံတယ္။"

လြယ္အိတ္ထဲက ပန္းေရာင္ကဒ္ျပားေလးကို ထုတ္ေပးၿပီး စားပြဲမွာထိုင္ေနတဲ့ ဆရာမထံသို႔ကမ္းေပးရင္း ကြၽန္ေတာ့္ကိုလွည့္ၾကည့္ကာ ခပ္တိုးတိုးေလး ေျပာတာျဖစ္သည္။

"အရင္ႏွစ္က ကဒ္နဲ႔ ငွားလို႔မရဘူးေလ အေမာင္။ ေရာ့ ဒီမွာ စာ႐ြက္ယူသြား။ ပါေမာကၡလက္မွတ္ထိုးနဲ႔ လိုင္စင္ပုံ ကပ္ၿပီး ျပန္လာခဲ့"

ဆရာမရဲ႕ အေျပာေၾကာင့္ ဆရာႀကီးေရာင္နီဝန္းက ဇက္ကေလးပုသြားကာ ေလွ်ာက္လႊာစာ႐ြက္ကို ယူၿပီး...
"ေနာက္ထပ္တစ္႐ြက္ ထပ္ေပးပါဦး။ ဒီညီေလးလည္း ကဒ္လုပ္ခ်င္လို႔တဲ့"

"ေရာ့..."

ေနာက္ထပ္တစ္႐ြက္ ကမ္းေပးတဲ့ စာ႐ြက္ကိုပါယူၿပီး ကြၽန္ေတာ့္လက္ဖဝါးတစ္ဖက္ကို ဆုပ္ကိုင္ကာ  စာၾကည့္တိုက္အျပင္ကို ျပန္ထြက္သည္။

အျပင္ကို ေရာက္မွ အကိုက...
"ဟူး...ဟိုထဲမွာ တိုးတိုးေလးေျပာရတာ ပင္ပန္းလိုက္တာ။" တဲ့။

စာဖတ္ေနတဲ့ သူေတြရွိလို႔ စည္းမ်ဥ္းအရ စာၾကည့္တိုက္ထဲတြင္ စကားက်ယ္က်ယ္မေျပာရပါ။ ဒါေၾကာင့္ အေစာက အကို႔အသံတိုးေနတာျဖစ္သည္။

"အကို.."

"ဟမ္"

"ကြၽန္ေတာ့္လက္"

ကြၽန္ေတာ္ေျပာလိုက္မွပဲ အကိုက ကြၽန္ေတာ့္လက္ကို လႊတ္ခ်သြားသည္။ ၿပီးေနာက္ ဟိုၾကည့္သလိုလို၊ ဒီၾကည္သလိုလိုနဲ႔ အမူအရာက သူရွက္ေနတယ္ဆိုတဲ့ သေဘာလား။

အကိုကေလ...သူကပဲ ရွက္ေနရသည္လားတဲ့။

"သြား သြားမယ္ေလ ေသာ္...."

ေရွ႕ဆက္သြားဖို႔ ျပင္ေနတဲ့ အကို႔ေရွ႕မွာ ကြၽန္ေတာ္ပိတ္ရပ္လိုက္ၿပီး...
"ရွက္ေနတာလား အကိုက" ဟု ေမးလိုက္သည္။

အကို႔မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီး ထိုသို႔ေမးလိုက္ေတာ့ အကိုက မ်က္ႏွာလႊဲသြားၿပီးေနာက္..
"မဟုတ္ပါဘူး"

အသံက စိတ္လႈပ္ရွားမႈေတြကို အတိုင္းသားပါဝင္ေနတာကို သိသာေပၚလြင္ေစသည္။ မနက္ပိုင္းက ေလးတင္ ကြၽန္ေတာ့္ကို မ်က္ႏွာမထားတတ္ေအာင္လုပ္ခဲ့သူက အခု ဘာမွမဟုတ္တာေလးကို မ်က္ႏွာလႊဲထားရသည္အထိ အရွက္ပိုေနတာ ထူးဆန္းလြန္းသည္။

"အကိုေတာ့ ဟုတ္ပါတယ္ေနာ္..."

အကို႔လက္ေမာင္း အရင္းနားကို လက္ညႇိဳးေလးနဲ႔ မနားတမ္း ထိုးထိၿပီး ေမးယူမိသည္။ တကယ္ကို အံ့ၾသေနလို႔ပါ။ ကြၽန္ေတာ့္အကို ရွက္ေနတယ္ဆိုတာ တကယ္မ်ားလား။ ကြၽန္ေတာ့္ေရာင္နီဝန္းက ဒီေလာက္နဲ႔လည္း ရွက္တတ္သည္လားေပါ့။

"ဟိုမွာ ၾကည့္လိုက္စမ္း ေသာ္..."

ကြၽန္ေတာ့္ခႏၶာကိုယ္ကို ပခုံးကေနကိုင္ကာ သူမ်က္ႏွာမူရာဘက္သို႔ လွည့္သည္။

"ေက်ာက္တုန္းေလ..."

ဟုတ္သည္ အကိုၾကည့္ေနသည့္ဘက္မွာ ေက်ာက္တုန္းပဲ ရွိေနတာေၾကာင့္ ေက်ာက္တုန္းလို႔ပဲ ေျဖလိုက္သည္။

"မဟုတ္ပါဘူး။ ေသခ်ာၾကည့္ပါ ေသာ္ရ။ အဲ့တာေလ..."

ေက်ာက္တုန္းကိုပဲ လက္ညႇိဳးထိုးျပေနတဲ့ အကိုက ေက်ာက္တုန္းလို႔ကြၽန္ေတာ္ေျပာတာကို အမွားေျဖတယ္လို႔ထင္ေနရေအာင္  ႐ူးေနတာလည္း မဟုတ္ပါဘူး။

အခုအေျခအေနႀကီးမွာ ေက်ာက္တုန္း ကို ပါဠိလိုေျပာၿပီး ႂကြယ္ျပမွာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။ တစ္ခါတစ္ေလမွာ အရမ္းကို စူးေရာက္လြန္းပါတဲ့ အကို႔ေ႐ႊဉာဏ္ေတာ္ေၾကာင့္ အကိုနဲ႔ယွဥ္လွ်င္  ကြၽန္ေတာ္လည္း ကိုယ့္ကိုယ္ကို အားငယ္မိခ်င္မိသည္။

သို႔ေသာ္လည္း ကိုယ့္ကိုယ္ကိုပဲ ျပန္ျဖည့္ေတြးေပးလိုက္ပါသည္။ ကြၽန္ေတာ္ကိုယ္တိုင္က ညံ့လို႔မဟုတ္ပဲ အကိုကိုက ေ႐ႊဉာဏ္ေတာ္စူးေရာက္လြန္းအားႀကီးေနတာ။

"အကိုပဲ ေျပာပါ။ အဲ့တာ ဘာမ်ားလဲ။"

ေျဖေနလည္း အကိုေမးတဲ့လိုရင္းကို ေရာက္မွာ မဟုတ္တာမို႔ အကို႔ကိုပဲေျဖခိုင္းလိုက္ေတာ့မည္။ ဒါက ကြၽန္ေတာ့္စိတ္ သက္သာရာရသည္။

"ေသာ္ျမင္တဲ့ အတိုင္းပဲေျပာေလ။ အဲ့တာဘာလဲ..."

"ေရာ္ ခက္ေနၿပီ။ ေက်ာက္တုန္းလို႔..."

"ဟြန္းး...ကိုယ့္အျမင္မွာ ေပါင္မုန္႔ေလးလားလို႔။"

"ဟင္ !!!"

အကိုတစ္ေယာက္ မ်က္စိေတြမ်ား ေမွာက္မွားသြားေလသလားလို႔ ကြၽန္ေတာ့္မွာ ခႏၶာကိုယ္ကိုအနည္းငယ္လွည့္ၿပီး အကို႔မ်က္လုံးေတြကို လက္ျဖင့္ ေ႐ြ႕လ်ားျပရင္းစမ္းသပ္ရေသးသည္။ မဆိုးဘူး ကြၽန္ေတာ့္လက္ေ႐ြ႕ရာဘက္ကို အကို႔မ်က္ဆံေလးေတြက လိုက္ၿပီး ေ႐ြ႕လ်ားသည္ဆိုေတာ့ အကိုတစ္ေယာက္ မျမင္ရတာေတာ့မဟုတ္ပါဘူး။

ဒါဆို တကယ္စူးေရာက္ျဖစ္သြားတာမ်ားလား။

"ေသာ္နဲ႔ ရွိေနလို႔ေလ။ ေသာ္နဲ႔ရွိေနလို႔ မာေက်ာတဲ့ ေက်ာက္တုန္းကိုေတာင္ ေပါင္မုန္႔ေလးလိုပဲျမင္ေနမိတာ။ How sweet it !!!"

ေျပာၿပီးေနာက္မွာ မ်က္စိတစ္ဖက္ကိုလည္း မွိတ္ျပေသးတာမို႔ ကြၽန္ေတာ့္ပခုံးေတြကို အကို႔လက္ေတြျဖင့္ ကိုင္ထားသည့္ ၾကားမွ ကြၽန္ေတာ့္ေတာ့ ႏႈံးေခြက်ခ်င္ေနသည္။

"အကို..."

"အင္း"

"ၾကည္စားပါ မ်ားသြားရင္ လိပ္ျပာေတာင္ ပန္းပြင့္ကို တကယ္နမ္းရတာေနာ္။"

"နမ္းမွာလား ေမႊးတယ္ရွင္ ဆိုသလိုလား ေသာ္..."

အကို႔ရင္ခြင္ေရွ႕ကေန ရပ္ေနတဲ့ ကြၽန္ေတာ့္ပခုံးေတြကို အကိုက ခပ္တင္းတင္းဖိကိုင္ထားၿပီး၊ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ေနာက္မွာရပ္ေနတဲ့ အကို႔ဘက္ကိုေဘးေစာင္းလွည့္ၾကည့္ေနတာမို႔ 'နမ္းမွာလား ေမႊးတယ္ရွင္'နဲ႔ေတာ့ ကိုက္ေနၿပီ။

ဒီအေနအထားမွာ စိတ္ထဲရွိတဲ့အတိုင္းပဲ...
"တကယ္နမ္းမွာလား" လို႔ ေမးလိုက္ခ်င္မိသည္။

"ဟင့္အင္း၊ ကိုယ္က သနပ္ခါးကိုပဲနမ္းခ်င္တာ ပါးကိုနမ္းခ်င္တာမဟုတ္ဘူး။"

"ဗ်ာ...ဟို ကြၽန္ေတာ္ ထုတ္ေမးလိုက္မိတာလား။ စိတ္ထဲမွာပဲ ေမးတာကိုေလ...ပါးစပ္က"

တကယ္ပဲ ပါးစပ္ကေန အသံထြက္ၿပီး ေမးလိုက္မိသည္တဲ့လား။ က်စ္ ရွက္စရာေကာင္းလိုက္တာဗ်ာ။

"ဟြန္းးး...ကိုယ္ကလည္း စိတ္ထဲကပဲ ေျဖတာေလ။ ေသာ္ ၾကားသြားတာလား၊ အို... Sorryကြာ။"

မခ်ိဳမခ်ဥ္နဲ႔ အကို႔မ်က္ႏွာကေလ တကယ္ပါပဲ။

ေနာက္ဆုံးေတာ့ ရွက္ၿပီး အကို႔ေရွ႕ကေန အျမန္ေလွ်ာက္သြားရသူက ကြၽန္ေတာ္ပဲ ျဖစ္ရေတာ့သည္။ ဒါေတာင္ အကိုက ေနာက္ကေန ေျခလွမ္းအက်ဲႀကီးေတြနဲ႔ ေလွ်ာက္လာခဲ့ၿပီး...
"နမ္းမွာလား ေမႊးတယ္ဗ်ာ။" ဆိုတဲ့ စကားကို ဂုဏ္ေတာ္ပြားသလိုကို ႐ြတ္ေနေတာ့တာ။

ဒီလိုနဲ႔ စက္ဘီးကို စာၾကည့္တိုက္ေရွ႕မွာ ထားခဲ့လိုက္ၿပီး လမ္းေလးအတိုင္း အေရွ႕ကိုဆက္သြားေနတဲ့ ကြၽန္ေတာ့္ေနာက္မွာ အကို႔ေျခသံေတြက ထပ္ခ်က္မကြာ ကပ္ပါလာသည္။

ဒီလမ္းသြယ္ေလးမွာ ကြၽန္ေတာ္တို႔ ရွက္မူပိုခဲ့ၾကသည္။ အထူးသျဖင့္ ကြၽန္ေတာ္ေပါ့။


Continue Reading

You'll Also Like

618K 22.8K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
2.5K 389 37
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
219K 7.8K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
16.3K 622 41
အေတြးအပိုင္းအစကေလးမ်ား၊