"အဝန်း လာတော့..."
စိတ်မရှည်ပါတဲ့ ထိုအော်သံဟာ ကိုသက်ကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာတဲ့လဲဗျာ။
"လာပြီ..."
စာရွက်လေးကို အသေအချာပြန်ခေါက်ပြီး စာအိတ်ထဲပြန်ထည့်လိုက်ကာ အိတ်ကပ်ထဲကို ထည့်ခဲ့လိုက်သည်။
"ဒီမှာ ကြည့်လိုက်..."
အစောက အသံနှင့်မတူပဲ ကြည်နူးနေပါတဲ့ ကိုသက်ရဲ့ အသံနှင့် ဟန်ပန်တို့က ကလေးလေးတစ်ယောက်လိုပဲ။ သူလုပ်နိုင်ပါတယ် ဆိုတာကို ကြွားဝါချင်တဲ့ ကလေးလိုပဲ၊ ဖွေးဖွေးသေးသေးနဲ့ ကိုသက်ကလေ ဒီလိုဆိုတော့ တကယ်ကို ချစ်စရာကောင်းပါသည်။
"ကိုသက် တကယ်တော်တာ ကျွန်တော် သိသားပဲ။"
မတ်တပ်ရပ်နေတဲ့ ကိုသက်အနားက ခုံမှာ ထိုင်ရင်း ချီးကျူးစကားဆိုကာ မတိုးတကျယ်လက်ခုပ်လေးပါတီးပေးပြီး ဂုဏ်ပြုပေးဖြစ်သည်။
"မင်းကသာပြောတာပါကွာ ဆရာကြီးတွေကတော့ ငါ့လောက်လေးကို မမှုဘူးကွ။"
Skull ပိုင်းနောက်ထပ်တစ်ခုကို ယူပြီး လေ့ကျင့်နေတာကြောင့် သက်လျာနဲ့ အဝန်းတို့ ပြောနေကြသော စကားများကို ကြားသော်လည်း အဆုံးသတ်ခါနီးပြီမို့ အသေအချာ အာရုံစိုက်နေခြင်းဖြစ်သည်။ ဒါကို သက်လျာက ကလေးဆန်ဆန်နဲ့ ကြည်သာကို ငေါ့ပြောသည်။
"မဟုတ်တာ သက်လျာရာ။ မင်းတော်တာကို ငါသိပါတယ်"
သုံးလေးခါလောက် ဆက်တိုက်မေးဆတ်ပြပြီး ထိုပြောလိုက်တော့ သက်လျာက မျက်နှာမဲ့ပြသည်။
မယုံပါဘူး ဆိုတဲ့သဘောပင်။
"ကိုသက်ပြီးပြီဆို ကျွန်တော်ပြန်ရတော့မလားဟင်။"
စားပွဲပေါ်လေး လက်တင်ပြီး မေးထောက်လိုက်ကာ ထိုသို့ မေးတော့ ကိုသက်ဆိုတဲ့ ကိုအောင့်သက်သက်ကလေ စားပွဲခုံပေါ်က ကျွန်တော့်လက်ကို ရိုက်ချတယ်ဗျာ။
"နောက်တစ်ခု သွားယူလာခဲ့"
မေးထောက်ထားကို တွေ့လျက်နဲ့ လက်ကို ဖြတ်ရိုက်ချတော့ သိပ်အနာကြီးတော့မဟုတ်လှပေမယ့် ဟန်ချက်ပျက်တာကြောင့် စိတ်က တိုချင်လာသည်။ သို့သော် ကိုသက်ပေမို့ စိတ်တိုနေကြောင်းကိုလည်း ထုတ်ဖော်မပြရဲ။
"ကြားလား..မင်း"
"သွားပြီ သွားပြီ..."
အောက်နေ ခြေထောက်နဲ့ ပိတ်ကန်တော့မည်မို့ အဝန်း အမြန်ပဲထွက်လာခဲ့လိုက်သည်။
"ဒီကောင်တော့ လွတ်အောင်ရှောင်သွားပြန်ပြီ.."
"သက်လျာ မင်း အဝန်းကိုအရမ်းကြည့်မရတာပဲလားဟင်။"
ကပ်ကြေးကိုချပြီးနောက်မှာ မတ်တပ်ရပ်နေလျက်ကပင် သက်လျာကို စေ့စေ့ကြည့်ကာ မေးမိသည်။ တကယ်ဆို ချုပ်ရိုးကို ဖြတ်ပြီးပြီမို့ သက်လျာနဲ့အဝန်းရှိရာသို့ သူကြည့်နေမိတာ ကြာနေပါပြီ။ လက်ကလေးမေးထောက်ထားတာကို သိလျက်နဲ့ လက်ကိုဖြတ်ရိုက်လိုက်တဲ့ သက်လျာကြောင့်နဲ့ အခန့်မသင့်လို့ မေးနဲ့စားပွဲနဲ့ရိုက်သွားရင် ခံရမှာက အဝန်း။
ဒါနဲ့တင် အားမရသေး ခြေထောက်နဲ့ကန်ဖို့အထိပါ ရွယ်နေတာကြောင့် ကြည်သာ့ဘက်က စိတ်တိုမိတာအဆန်းတော့မဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် အဝန်းဆိုတာက ၁၅၀၀ဆိုတဲ့ မေတ္တာတွေနဲ့ ချစ်မြတ်နိုးရသူ၊ ၅၂၈ဆိုတဲ့ မေတ္တာနှင့် ဂဏန်းချင်းယှဥ်လျှင်တောင်မှ ပိုများသည်မို့ အခုလိုမျိုးအနေအထားမှာ သူ့ဘက်က သက်လျာကို စိတ်ထဲမကြည်ချင်တာ အဆန်းတော့မဟုတ်။
ထိုသို့စိတ်ထဲမကြည်ပါဘူး ဆိုမှ...သက်လျာရဲ့ ဖြေသံဟာ ကြည်သာကို ပိုလို့ စိတ်တိုစေသည်။
"အေး..."
"ဘာဖြစ်လို့လဲ..သူက မင်းကို ဘာမှမလုပ်ဘူးလေ။"
"မင်း ဂရုစိုက်နေလို့ ကြည့်မရတာ ရှင်းလား...."
"မဆိုင်ဘူးလေ..."
"ဆိုင်တာတွေ မဆိုင်တာတွေလာမပြောနဲ့၊ ငါ့စိတ်နဲ့ငါပဲ"
"ဒါဆို ငါလည်း ငါ့စိတ်နဲ့ငါလုပ်လို့ရသားပဲ။ ငါ အဝန်းကို မင်းနဲ့ဝေးရာမှာပဲ ထားတော့မယ် သက်လျာ။"
"ဟေ့ကောင်..."
ဒေါကြီးမောကြီးနဲ့ လက်ထဲက ညှပ်နှင့် ကပ်ကြေးကို မချမိပဲ ကြည်သာရှိရာသို့ သွားပြီး ကြည်သာ့လည်ပင်းကို ဆုပ်ကိုင်ထားသည်ကြောင့် ကပ်ကြေးနှင့်ညှပ်ဟာ ကြည်သာလည်ပင်း တစ်ဖက်တစ်ချက်မှာ ထိလုနီးနီး အနေအထားနှင့်နေရာယူထားသည်။
"မင်း ! မင်း...အဝန်းကို၊ မဟုတ်ဘူးမလား..."
နီရဲနေတဲ့ သက်လျာရဲ့မျက်လုံးတွေမှာ မျက်ရည်တွေက အိုင်ထွန်းလို့နေပြီ။
"စိတ်ကိုလျော့ သက်လျာ။ လျှောက်မတွေးစမ်းနဲ့..."
"ငါလျှောက်တွေးတာမဟုတ်ဘူး။ ငါလေ ငါ စဥ်းစားမိတယ်။ ငါကိုယ်တိုင်သာ ဟိုကောင်လေးကို ငါတို့နဲ့အတူသွားဖို့ မခေါ်ရင်၊ မင်းနဲ့သူ့ကိုသာ ဆုံစည်းခွင့်မပေးခဲ့ရင်....မင်းနဲ့သူ့ကို နှစ်ယောက်ထဲ လွှတ်မထားခဲ့ရင် ငါတို့အခုလိုတွေဖြစ်နေမှာမဟုတ်ဘူး။ ငါတို့နှစ်ယောက်ရဲ့ ဘဝထဲကို သူ့ကိုသာ ခေါ်မသွင်းခဲ့ရင် မင်းနဲ့ငါ...."
"မဟုတ်တာတွေ ပြောနေတာ ရပ်လိုက်တော့ သက်လျာ။ မင်းပြောနေတဲ့ပုံက အဝန်းက မိန်းကလေးဆိုလည်း ထားတော့.."
"မင်းမှ မိန်းကလေး မကြိုက်တာ.."
သက်လျာရဲ့ထိုစကားမှာ ကြည်သာရဲ့ မျက်နှာဟာ ပျက်ပျက်ယွင်းယွင်းဖြစ်သွားရသည်။
"ငါသိတယ်၊ မင်းလည်း ငါ့လိုပဲဆိုတာ...ဒါပေမယ့် ငါကြိုက်နေတာက မင်းဖြစ်ပြီး မင်းကြိုက်နေတာက အဝန်းဆိုတာကိုတော့ ငါအခုမှသိလိုက်ရတာ။ မှန်ရှိရင်ပြလိုက်ချင်ရဲ့..မင်းမျက်ဆံလေးတွေကလေ လှုပ်ခတ်နေပြီး..."
"တော်..တော်လိုက်တော့ သက်လျာ။ မင်းစကားတွေကို အဝန်းကြားသွားရင် မကောင်းဘူး။"
ထိုစကားကြောင့် ဗီရိုနောက်က အရိပ်ကလေးသည် နှုတ်ခမ်းလှုပ်ရုံမျှလေး ပြုံး၏။
"ဘယ်အချိန်ကလဲ ဘယ်အချိန်ကလဲလို့... ဟမ်"
"မင်းထင်နေတာတွေကို ရပ်လိုက်တော့ သက်လျာ။ မဟုတ်တာတွေအတွက်နဲ့ ငါအချိန်ကုန်မခံချင်ဘူး...."
ဒီအမှန်တရားအတွက် မင်းကိုလည်း စိတ်မဆင်းရဲစေချင်သလို၊ အဝန်းကိုလည်း ဝန်မပိစေချင်ပါဘူး။ ဒါကြောင့် ငါ့ဘာငါပဲ သည်းခံပါ့မယ်၊ မြိုသိပ်ပါ့မယ်၊ ငါပဲ ခံစားပါ့မယ်။ မင်းတို့နှစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်ပဲနေပေးပါ။ ဒီလောက်ဆို ငါခံစားရတာ တန်ပါတယ်ကွာ။
"မင်း လိမ်ထားဦးပေါ့ကွာ..."
ဆုပ်ကိုင်ထားရာကနေ စောင့်တွန်းချပြီး လွှတ်ပေးလိုက်တော့ ကြည်သာက ကြမ်းခင်းသို့ ဖင်ထိုင်လျက်လေး ကျသွားသည်။
"မျက်ရည်တွေ သုတ်ဦး သက်လျာ..."
ထိုင်လျက် လဲကျရာကနေ ထ,ပြီး အင်္ကျီအိတ်ကပ်ထဲက မိုးပြာရောင် လက်ကိုင်ပဝါလေးကို ထုတ်ပြီး သက်လျာဆီသို့ ကမ်းလင့်လိုက်သည်။
"မင်း အပူမပါဘူး ဟေ့ကောင်.."
ကမ်းလင့် ပါတဲ့ သက်လျာရဲ့ လက်ကို တွန်းဖယ်လိုက်ပြီး သူ့လက်ခုံနဲ့သူ သုတ်သည်။ ဒါကြောင့် သက်လျာလည်း မိုးပြာရောင် လက်ကိုင်ပဝါလေးကို ပြန်ခေါက်ပြီး အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။
"ဟိုကောင် အဝန်း၊ မင်း အရိုးခေါင်းဖြစ်နေလို့လားကွ။ ဒါလေးယူခိုင်းတာကို တစ်နှစ်လောက်ကြာနေတယ်။ ချီးတဲ့မှပဲ...."
မျက်ရည်တွေရော၊ ရှိုက်သံတွေရော ကင်းစင်သွားတဲ့ အချိန်အထိ ပြန်ရောက်မလာသေးတဲ့ အဝန်းကို သက်လျာက အားကြီးနဲ့ အော်ချသည်။
"လာပြီ လာပြီ ကိုသက်..."
တစ်ချိန်လုံး ဗီရိုနောက်မှာ ရပ်နေသူသည် အော်သံကြောင့် အမြန်ပဲ ပြေးထွက်ခဲ့တော့သည်။
"ဒီမှာ ကိုသက်.."
"အေး အဲ့တာ မင်းချုပ်.."
ခုံမှာ ထိုင်ပြီး နှိပ်စက်ပြန်တဲ့ သက်လျာကြောင့် အဝန်းသည် ကြည်သာ့နံဘေးသို့ ရောက်သွားကာ..
"ဘယ်လိုချုပ်ရတာလဲ သင်ပေးဦး အကိုကြီး..."
"အင်း။ "
ဘေးမှာ ရှိနေတဲ့ ဆီလီကွန်အရိုးခေါင်းနှစ်ခုကို စတင်၍ ကြိုးထည့်ကာ ချုပ်ပြတော့ အဝန်းကလည်း ကြည်သာ နောက်ကနေလိုက်လုပ်သည်။
"မှားနေပြီ..ဒီမှာလေ အကွာအဝေးက"
"အင်း..."
ကြိုးကို ပြန်ဖြည်ပြီး မှားတဲ့အဆင့်ကနေ ပြန်ချုပ်ရသည်။ နောက်ပိုင်းတော့ အဝန်းအမြန်မချုပ်ရဲတော့ပဲ တဖြည်းဖြည်းချင်း ကြည်သာ့နောက်က လိုက်ပြီး ချုပ်ရသည်။
"အကိုကြီး..."
"အင်း"
ကြည်သာကလည်း ချုပ်ရိုးကြောင်းကို စိတ်ဝင်စားနေချိန်မှာ အဝန်းဆီက ခေါ်သံကိုကြားသော်လည်း အဝန်းဘက်သို့ လှည့်မကြည့်နိုင်ပဲ ပြန်ထူးလိုက်သည်။
"Amazing grace ဆိုပြပါလား..."
ထိုအပြောကြောင့် ကြည်သာမျက်လုံးတို့ အဝန်းရှိရာဘက်သို့ ကြည့်မိသည်။ ချုပ်ရိုးကိုသာ အာရုံစိုက်နေပါတဲ့ အဝန်းက ကြည်သာကြည့်နေတာကို သတိမထားမိသော်လည်း ထိုအကြည့်တို့ တပ်ပြန်ခေါက်သည့်အချိန်မှာ သူ့ကဲ့သို့ အဝန်းကို ကြည့်နေပါတဲ့ သက်လျာနှင့် အကြည့်ချင်းစုံသည်။
"ဘာဖြစ်လို့ ဒီသီချင်းလဲ..."
သက်လျာကို ကြည့်နေရင်းကနေ အဝန်းကို မေးမိသည်။
အဝန်းကလည်း ချုပ်ရိုးကြောင်းဆီမှာ အာရုံစိုက်နေရင်းမှ...
"အခုတလော အမှားတွေဆက်တိုက် ကျူးလွန်ချင်မိတယ်။ ဘာလို့မှန်းမသိဘူး အချိန်တန်ရင် ပြန်ရမယ့် အိမ်ရှိတယ်လို့ ခံယူချင်မိတယ်။"
"ကိုယ့်ကိုယ်ကိုပဲ ယုံကြည်ချက်ထားရမယ်ဆို"
"မသိတော့ဘူးဗျာ.... တခြားတစ်ယောက်ကို အားကိုးပြီး ရှင်သန်လည်း ရတယ်လို့ ယူဆချင်မိနေတယ်။"
"မင်းကျူးလွန် ချင်နေတဲ့ အမှားက တော်တော်လေး ကြီးပုံပဲ။"
"အင်း...ကျွန်တော့်ကို ငြိမ်းချမ်းခွင့်မပေးမယ့် ကြိုးရှည်ရှည်တစ်ချောင်းကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်လိုမှမလွတ်မြောက်နိုင်အောင် အထပ်ထပ် ရစ်နှောင်ထားချင်မိနေတာ..."
"အကွေးအတွက်ရော မစဥ်းစားတော့ဘူးလား။"
"ကျွန်တော်တို့အကွေးက ကျွန်တော့်ကို နားလည်ပေးမှာလို့ပဲ ထင်နေမိတယ်။"
သူ့အထင်နဲ့သူ အားလုံးက အဆင်ပြေတယ်လို့ ယူဆနေတဲ့ အချိန်မှာပဲ သူနားဆင်ချင်နေတဲ့ သီချင်းက Amazing grace။ သူဟာ အခုချိန်မှာအရာအားလုံးကို အံ့သြဖွယ် ကျေးဇူးတော်ရဲ့ မေတ္တာအကူအညီနဲ့ ဖြတ်သန်းချင်နေသည်။
🎶Amazing grace, how sweet the sound.
အံ့သြဖွယ် ကျေးဇူးတော်၊ ဘယ်လောက်တောင်များ ချိုမြိန်တဲ့ အသံလဲ။
That saved a wretch like me.
ငါလို အပြစ်သား တစ်ယောက်ကို ကယ်တင်ပေးခဲ့တာ။
I once was lost, but now am found.
တစ်ချိန်က ငါပျောက်ဆုံးခဲ့ပေမယ့် အခုတော့ ငါရှာတွေ့ပြီ။
Was blind but now I see.
မမြင်ခဲ့ပေမယ့် အခုတော့ ပြန်မြင်ခဲ့ပြီ။
Was Grace that taught my heart to fear.
ထိုကျေးဇူးတော်ပါ၊ ငါ့နှလုံးသားကို ကြောက်တတ်အောင် သင်ပေးခဲ့တယ်။
And Grace, my fears relieved.
ပြီးတော့ ဂရုဏာတော်က ငါ့ကြောက်ရွံ့မှုကို စိတ်သက်သာရာ ရစေတယ်။
How precious did that Grace sppear.
အဲ့ဒီကျေးဇူးတော် ပေါ်ပေါက်ခဲ့တာ ဘယ်လောက်တောက်များ တန်ဖိုးရှိလိုက်သလဲ။
How...🎶
"ရပြီ အကိုကြီး...အဲ့ဒီအထိပဲ။"
ညှပ်ကို ချပြီးနောက် အဝန်းရဲ့ လက်က ကတ်ကြေးကို ကောက်ကိုင်လေသည်။ မျက်နှာကတော့ မော့မလာပဲ ငုံ့ထားစမြဲပင်။
"ငိုနေတာလား ဟေ့ကောင်..."
ထိုင်ရင်းကနေပြောတဲ့ သက်လျာရဲ့ အသံကြောင့် အဝန်းမျက်နှာက သက်လျာထံသို့ ကြည့်ကာ..
"ငိုရအောင် ကျွန်တော့်က ၃နှစ်သားလား"
ပုံမှန်အနေအထားအတိုင်းပဲ မျက်နှာက မပြောင်းမလဲပဲ တည်ငြိမ်နေပါတဲ့ ရောင်နီဝန်း။ နှာတချုံ့ချုံ့နဲ့ တသဲ့သဲ့ ရှိုက်ငင်ကာ မျက်တောင်တွေပုတ်ခက်ခက်ဖြစ်နေပါတဲ့ မောင့်သက်လျာနဲ့ သီချင်းကြောင့် ခံစားချက်တွေဝင်ကာ မျက်ရည်တွေ ရစ်သိုင်းဝဲကျန်နေဆဲပါတဲ့ သက်တန့်ကြည်သာ တို့ သုံးယောက်တွင် မည်သူသည် သီချင်းဆိုသံကြောင့် အခံစားရဆုံးဖြစ်ပါမည်နည်း။
အရာအားလုံးမှာ စိတ်နှင့်ရုပ်သည် အမြဲတစေထပ်တူပြနေသည်လို့တော့ ယူဆလို့ မရရိုးအမှန်ပါ။
"ကြည်သာရေ မင်းတို့ကို ဆေးရုံအုပ်ခေါ်နေတယ်။"
ငြိမ်သက်နေပါတဲ့ ပတ်ဝန်းကျင်ကို အသက်သွင်းသူက ဒေါက်တာ သီဟဟန်ဖြစ်သည်။
"ဟုတ်ကဲ့ လာပြီ ကိုသီဟ။"
ဂျူတီကုတ်ကို အမြန်ဝတ်လိုက်ပြီး သက်လျာအတွက်လည်း နားကျပ်ကို ကမ်းပေးလိုက်ရင်း ကြည်သာနှင့် သက်လျာသည် အခန်းကနေ ထွက်သွားလေသည်။
🎶 Amazing Grace,......🎶
တိုးတိုးဖွဖွနဲ့ ထိုနေရာလေးကိုပဲ အကြိမ်ပေါင်း ရာထောင်မက ရွတ်ဆိုရင်းဖြင့် ကျန်နေခဲ့သူက အားလုံးရဲ့ ရောင်နီဝန်း။
မနက်လင်းတော့ ခုံပေါ်ကနေ ဆတ်ခနဲ ခေါင်းထောင်ရင်း ဘေးဘီကို မော့ကြည့်လိုက်တော့..
"ကော်ဖီ သောက်မလား အဝန်း။"
ဆိုတဲ့ နူးညံ့ပါတဲ့ အသံကြောင့် အဝန်းပြုံးမိသွားသည်။
"လာဗင်ဒါ..."
"ခွေးလေးလိုပဲ မင်းက။ ဒီမှာ..."
လာဗင်ဒါအနံ့သင်းပျံ့နေသည်က ကြည်သာလက်ကောက်ဝတ် ဆီမှာအစပြုခြင်းဖြစ်သည်။
"ဘယ်ကရလဲ အကိုကြီး။ ထူးထူးဆန်းဆန်တွေနော်။ အကိုကြီးပဲ လာဗင်ဒါအနံ့မကြိုက်ဘူးဆို..."
"ဟိတ်ကောင်တွေ ဆူဆူညံညံမလုပ်စမ်းနဲ့"
စားပွဲခုံပေါ် ခေါင်းမှောက်အိပ်နေသူသည် မျက်လုံးထက်အရင် ဒေါသစိတ်တို့ဖြင့် ဖွင့်ထလာသည်။
"ကိုကို ပြန်ရောက်လာပြီ။"
"တကယ်လား..."
ချက်ချင်းပဲ ခေါင်းထောင်လာပါတဲ့ သက်လျာကြောင့် ကြည်သာက ပျော်ရွှင်မှုတွေ မဖုံးနိုင်မဖိနိုင်သည့်သဘောဖြင့် နှုတ်ခမ်းကို သွားဖြင့်ကိုက်ကာ ခေါင်းငြိမ့်ပြလေသည်။
ထိုအခါ သက်လျာ မျက်နှာကလည်း မျက်ထောင့်နီကြီးနှင့် ဒေါသတကြီးဖြစ်နေတတ်သည့် အမူအရာတို့ စိုးစဥ်းမျှ မကျန်နိုင်လောက်အောင်ကို ပြုံးပျော် သွားတော့သည်။
ထိုစဥ်မှာ ထွက်ပေါ်လာပါတဲ့ တံခါးခေါက်သံနှင့်အတူ သြရှရှ အသံတစ်ခုက....
"Hello guys !!!"
"ကိုကိုကွာ။ ငါ မင်းကို အရမ်းလွမ်းနေတာ..."
ထိုင်နေရာကနေ ချက်ချင်းထ,သွားပြီး ပြေးဖက်ပါတဲ့ သက်လျာကို တစ်ဖက်လူကလည်း ပခုံးကနေသိုင်းဖက်ထားပေးသည်။
ကိုသက် အခုလို ကြည်နူးရိပ်တွေနှင့် ကြိုဆိုရတဲ့သူက အကိုကြီးတို့ အရမ်းချစ်ကြပါတဲ့ တည်တံ့ကိုကိုကလွဲပြီး တခြား ဘယ်သူမှ မဖြစ်နိုင်။ အကိုကြီးတို့ထက် နှစ်နှစ်ကြီးပါတဲ့ တည်တံ့ကိုကိုက Scholarရပြီး နိုင်ငံခြားမှာ ပါရဂူဘွဲ့အတွက် ပညာသင်နေရာကနေ ပြန်လာသည်ပဲဖြစ်မှာလို့ တွေးမိသည်။
"ဂျူတီချိန်ရှိသေးလား မင်းတို့"
"မရှိတော့ဘူး..."
"ကောင်းတယ်။ ပြန်ရအောင်..."
ကိုကိုဆိုသည်၏ ဦးဆောင်မှုဖြင့် အဝန်းတို့ အားလုံးက အဆောင်ကို ပြန်လာခဲ့ကြသည်။
"ငါ့အိမ်လေးမှာ ဘယ်သူနေနေလဲ ကြည်သာ..."
"ကိုကို့အိမ်ကို သွားကြည့်ရင် သိမှာပေါ့ဗျ။"
"ဟွန်းး..ဟုတ်ပြီ။"
သက်လျာရဲ့ ဆံပင်တွေကို လက်ချောင်းတွေနဲ့ ထိုးဖွရင်း ငြင်ငြင်သာသာလေးဆက်ဆံတော့ သက်လျာက ကိုကို့ထံကို ပြုံးပြသည်။
ဒေါသကြီးတတ်ပါတဲ့ သက်လျာကလေ အခုလို ကိုကို့ရဲ့အပြုအမူတွေပေါ်မှာ ကြောင်ပေါက်လေးလိုပဲ တိုးဝှေ့ကာဖြင့် ပျော်မြူးနေသည်တဲ့။
"အကို ပြန်လာပြီလား...."
"သော်။"
"ဟုတ်.."
အကို့ဘေးမှာ ကိုကြည်သာနှင့် ကိုသက်အပြင် နောက်ထပ် လူတစ်ယောက်လည်း ပါလာသေးသည်။
"ဒါက.."
"တည်တံ့ကိုကိုတဲ့။ ညီလေးနေနေတဲ့ အိမ်က အရင်ကကိုကိုငှားနေခဲ့တာလေ။ အခုနှစ်မှ သူကဆက်မငှားတော့တာ။"
"ကိုယ် ဟိုမှာပဲ အခြေချမှာ သေချာသွားလို့ အိမ်ကို ဆက်မငှားတော့တာ။"
"တကယ်..."
ကိုသက်က တည်တံ့ကိုကို ဆိုသူကို မေးတော့ အသံက ကျယ်လွန်းတာကြောင့် ကျွန်တော့်မှာ လန့်သွားရသည်။ သူတို့ ဘယ်လိုတွေ့ဖြစ်ကြတယ်ဆိုတာ မသိသော်လည်း အခု ကိုသက်ပုံစံက ကျွန်တော် အရင်က မြင်နေကြပုံစံတွေလို မဟုတ်ပဲ တစ်ခုခု ဖြစ်နေသလိုပင်။
ဒေါသ ရိပ်တွေမရှိပဲ ပျော်ရွှင်ရိပ်တွေ သန်းနေပါတဲ့ ကိုသက် မျက်နှာက တည်တံ့ကိုကို ဆိုသူထံမှာ အသေအချာကို ကြည့်ပြီးဖြစ်ပေါ်လာလေသည်လား။
"I found love."
"ကိုကိုဗျာ။ ညီလေးတွေကို ထားခဲ့တော့မယ် ဆိုတော့ ပျော်နေတယ်မလား။"
"အင်း..."
"ကိုကိုနော်.."
ချစ်မျက်စောင်းလေး ဝံ့ပြီး ပြောဆိုနေပါတဲ့ ကိုသက်ကြောင့် ကျွန်တော် အကို့ထံသို့ကြည့်လိုက်တော့ အကိုကလည်း ခေါင်းသာ အသာ ရမ်းပြသည်။
"ကိုယ် သက်လျာတို့အဆောင်လိုက်သွားမယ်။"
"ကျွန်တော်တို့ ဆီမှာပဲ နေလေ ကိုကို။"
"မဟုတ်ဘူး။ ကိုယ် သက်လျာကို ပြောစရာတွေရှိသေးလို့။ မနက်ဖြန်မှပဲ ဒီဘက်ကို ပြန်လာခဲ့မယ်"
"အခုသွားတော့ မလို့လား။"
"အင်း..."
"ဒါဆို သွားမယ်လေ ကိုကို...."
ကိုကို ကိုကိုလို့ ပါးစပ်က မချစတမ်းခေါ်နေသူ၏ လက်ကိုဆွဲပြီး ကျွန်တော်တို့ ရှေ့ကနေထွက်သွားတဲ့ ကိုသက်ပုံစံက တကယ်ကို အပြစ်ကင်းစင်လွန်းပါသည်။ ဒေါသရိပ်တွေမရှိပဲ ပြုံးပျော်နေတဲ့ ကိုသက်က ကလေးတစ်ယောက်လိုပဲ။
"ကိုယ်လည်း သွားဦးမယ်။"
"အင်း...ကျွန်တော်ပြီးမှပဲ လာခဲ့တော့မယ်။"
ကိုသက်တို့ ထွက်သွားပြီး သိပ်မကြာဘူး ကိုကြည်သာကလည်း ကျွန်တော်တို့အနားကနေ ထွက်သွားလေသည်။ အခုတော့ အိမ်ရှေ့မှာ ကျွန်တော်နဲ့ အကိုသာ ကျန်တော့၏။
"အိမ်ထဲ ဝင်ရအောင်လေ သော်..."
"ဟုတ်။ ဒါနဲ့ အစောက ဘယ်သူလဲ အကို..."
"တည်တံ့ကိုကိုတဲ့။ အကိုကြီးတို့ထက် နှစ်နှစ်ကြီးတယ်။ ကိုယ်နဲ့တော့ အခုတစ်ခါဆုံဖူးတာပဲ။"
"အော်...ဒီလိုကြောင့် ကိုသက်က ကလေးလေးလိုဖြစ်နေတာကို။"
"ဒါနဲ့ သော် မနက်စာ စားပြီးပြီလား"
"ဟင့်အင်း။ အကိုက ဘာဖြစ်လို့ စာရွက်ကို စာအိတ်ထဲထည့် မပေးတာလဲဟင်..."
ထမင်းစားပြီးပြီလား မေးတာကို အိမ်သာခဏလို့ ပြောလိုက်သလိုပါပဲ။ အမေးနဲ့ ပြန်ပြီးပြောတဲ့စကားက နည်းနည်းလေးမှ မသက်ဆိုင်ပါ။
ထိုထက် ပိုလို့ ဆိုသည်က အကိုပြောပါတဲ့ စကား...
"ပုဂံကို ရှေးက ဘယ်လိုခေါ်တာလဲ သော်သိလား။ သော်မသိရင်......"
"ဟိုးတား အကို။ ကျွန်တော်သိတယ်...အကို သိအောင်ပြောထားရဦးမယ်။ အကို့ ညီလေးက လေ ပုပ္ပါးမှာ မွေးပြီး ကြီးလာတဲ့သူနော်။"
"ဟွန်း...ပြောပါ"
"အရိမဒ္ဒန..ရန်မျိုးနှိမ်မြို့လို့ အဓိပ္ပါယ်ရပါတဲ့ ပုဂံပါ။"
"ဒါဆို ပုပ္ပါးကနေပြီး ပဲခူးရိုးမကို ခြေလျင်လျှောက် သွားချင်လား သော်။ ပုပ္ပါးကနေ တောင်ဘက်ကို ဆက်သွားရင် ရောက်မှာပဲလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ပုပ္ပါးတောင်က ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြား ထိုးထွက်နေတာ။ အဲ့လိုဆိုတော့ တောင်ဘက်ကိုပဲ ဆက်ပြီး လျှောက်နေရင် တစ်နေ့တော့ ပဲခူးရိုးမတောထဲကို ရောက်မှာပဲ။ သော် တစ်နေ့ကို နည်းနည်းစီလျှောက်ပြီး ခရီးပန်းတိုင်ကို မရောက်ချင်ဘူးလား။"
"အကိုရယ် ရှည်ရှည်ဝေးဝေးတွေ ပြောနေပြန်ပြီ။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲလို့ ပြောရင် ဘာဖြစ်မှာကျလို့"
"အဲ့လောက် မရိုးရှင်းလို့ပေါ့ သော်ရဲ့။ သော်လျှောက်ရမယ့် လမ်းက ပုဂံလမ်းလို ဖုန်တွေသဲတွေပဲ ရှိတဲ့ လမ်းမဟုတ်ဘူးလေ။ ပခူးရိုးမတောလိုပဲ သော် မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့လမ်း။"
အကိုပြောတာကို ကျွန်တော် သဘောပေါက်သလိုလိုတော့ ရှိသည်။ ကျွန်တော် ဆက်လျှောက်ရမယ့် အကိုနဲ့နီးစပ်ဖို့ လမ်းခရီးမှာ အန္တရာယ်တွေ၊ အတားအဆီးတွေက သိပ်ကိုများသည်။
အကို ပြောတဲ့ ပဲခူးရိုးမဆီကို ခြေလျင် သွားမလားဆိုတဲ့ စကားက လက်တွေ့ဘဝမှာ ကျွန်တော်ဖြတ်သန်းရမယ့် အခက်အခဲတွေကို မီးမောင်းထိုးပြလိုက်သလိုပင်။
"ကျွန်တော် ကြိုးစားမယ်ဆိုရင်ရော..."
ဟုတ်တယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ ကျွန်တော် ကြိုးစားမယ်။ ကြိုးစားပြီးတော့ အကို့နှလုံးသား ကျွန်တော့်ခရီးပန်းတိုင်ဆီကို လျှောက်မယ်။ ဒီလို သာဆက်လျှောက်နေမယ်ဆိုရင် တစ်နေ့နေ့မှာတော့ ကျွန်တော်က အကို့နှလုံးဆီကို ရောက်မှာပါ။
ကျွန်တော်သာ ဇွဲမလျော့ဘူးဆိုရင် အကိုနဲ့ကျွန်တော် မနီးစပ်နိုင်ဖို့ အကြောင်းမရှိပါ။ ကျွန်တော်သာ ကြိုးစားမယ်ဆိုရင် အကိုတို့ ဘယ်တော့မှ ဝေးမှာမဟုတ်ဘူး။
သို့သော်လည်း တစ်ချို့ကိစ္စတွေက ကျွန်တော်တစ်ယောက်ထဲနဲ့ ပြီးဆုံးဖို့ မဖြစ်နိုင်သော်လည်း ဝေးဖို့အကြောင်းကတော့ အကိုတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့တင် ကုံလုံခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အကိုသဘောမကျတာကို ဘာမှမလုပ်ပါဘူးလို့ ကတိပေးထားခဲ့လို့လေ။
အကိုသဘောကျတာက ကျွန်တော်တို့ ဝေးဖို့ဆိုရင်.....
"မျက်ရည်တွေ မကျပါနဲ့ သော်....သော်သိလား ကိုယ်က ဥပမာပေးရုံပဲ။ တကယ်တမ်း ကိုယ်ကလေ ပဲခူးရိုးမလို မရွေ့လျားနိုင်တဲ့ တောကြီးမှမဟုတ်ပဲ။ ဒါကြောင့် ဒီလမ်းကို သော်တစ်ယောက်ထဲပဲ အပင်ပန်းခံလျှောက်ရမှာ မဟုတ်ပါဘူး။"
"ဟင့်အင်း မဟုတ်ဘူးအကို။ အကိုရှိရာကိုလာဖို့ ခြေလှမ်းတစ်ထောင်ရှိမယ်ဆိုရင်တောင် တစ်ထောင်လုံးကို ကျွန်တော်ကပဲအပြည့်လှမ်းလာမှာမို့ အကိုက ဒီတိုင်းလေးစောင့်နေပေးရုံနဲ့တင် ရပြီ။ အကို့ကို နည်းနည်းလေးတောင် မပင်ပန်းစေချင်ဘူး..."
"ကိုယ် ယုံပါတယ်။ သော့်မျက်လုံးတွေကို ကြည့်ရုံနဲ့တင် ကိုယ်ယုံတာမို့...."
ထိုသို့ ခပ်တွေတွေပြောကာ ကျွန်တော့် ပါးပြင်ကို ကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးနေရင်းမှ အကိုကလေ ကျွန်တော်မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်လာပြီး...
" ဒီလိုတွေကြောင့်ပဲ... သော်ကလေ ကိုယ့်အသဲကျော်လေး ဖြစ်လာတော့မှာ။"
"ဗျာ..."
ကန္တာရထဲမှာ မိုးဖြာဖြာ ရွာသွန်းပေးသလို အကို့ကြောင့်နဲ့ ခံစားချက်တွေပူလောင်နေတဲ့ ကျွန်တော့်ရင်ထဲမှာ အချစ်မိုးတွေ သွန်းဖြိုးလို့ စွေသွားတော့သည်။
"ကိုယ်လေ သော့်ဆီကို စာမရေးရရင် မနေနိုင်တော့ဘူး။ သော့်မျက်နှာကို မြင်နေရင်တောင်မှ ပြောမထွက်တဲ့ စကားတွေက တသီကြီးနဲ့၊ ဒါတွေကို စာရွက်ထဲချရေးလိုက်တော့လည်း စာရွက်မှာ ကိုယ်ဘာမြင်ရတယ် ထင်လဲ...."
အကိုမျက်နှာက ကျွန်တော်အနား တိုးလာပြီး အကို့နှုတ်ခမ်းထိပ်မှလေနွေးနွေးက ကျွန်တော့် နှာခေါင်းထိပ်တွေကို ရိုက်ခတ်သည်။
"...."
"သော်မျက်နှာကိုပဲ မြင်ယောင်နေမိတာ။"
"ဒါ ဒါဆို...."
"အွန်း အဲ့တာကြောင့်ပဲ အဲ့တာကြောင့် ကိုယ်ကလေ ကိုယ့်ကိုယ်ကို စည်းချတဲ့အနေနဲ့ သော့်ဆီကိုပေးတဲ့စာတွေကို စာအိတ်မသုံးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်စာတွေကို တခြားဖတ်လည်း အမြင့်တင့်ရအောင်၊ သော်ဖတ်ရင်လည်း မျက်နှာမပူရအောင်။ အခုလိုနည်းနဲ့ ကိုယ့်ကိုယ်ကို စည်းတားထားတာ။"
"ဟို....အကို့ဘက်က စည်းမတားထားလည်း ရနေ.."
"ဟင့်အင်း။ သော်လည်း စည်းမကျော်လာနဲ့နော်။ ကိုယ်တားထားတဲ့ စည်းတွေထဲမှာ ထမင်းရည်ပူ စည်းလည်း ပါသေးတယ်။ သော် ထမရည်ပူ(ထမင်းရည်ပူ) လောင်မယ်..ဟားဟားဟား"
မျက်နှာနှစ်ခု ကြားအကွာအဝေးက စကားပန်းတစ်ပွင်မျှသာ၊ ထိုသို့သော အနေအထားလေးမှာ ဤသို့ ကြွယ်ပြပြီး ရယ်ချလေတော့ မျက်နှာပူတာလိုလို၊ ရှက်တာလိုလို ဖြစ်လာရတာက ကျွန်တော်။
အကိုကလေ လူကို အနေခက်အောင်လုပ်ရတာကို သိပ်တတ်နိုင်လွန်း၊ သိပ်သဘောကျလွန်းရှိသည်။
"ဟား ! ဟား! ဟား!"
အရယ်မရပ်ပဲ အချိန်တိုးလို့ ရယ်ချနေတာကြောင့် မနေတတ်တော့သည့် အဆုံးမှာ ကျွန်တော်ကပဲ အကိုရှေ့ကနေ ထသွားပြီး....
"ကျောင်းသွားတော့မယ်။ အကိုလည်း ပြင်တော့..."
"ဟောဗျာ...အခုမှ ၇နာရီပဲကို။"
ကြည့်ကြည့် ဒါ တမင်လုပ်နေတာ။ ကျွန်တော် ရှက်နေလို့ ထ,ထွက်သွားတာကို သိလျက်နဲ့ ကျွန်တော့်ကို တမင်ကလိနေပါတဲ့ ကျွန်တော့်ချစ်ရသူ အကိုရောင်နီဝန်း။
"မသိဘူးဗျာ။ အကို အခုပြန်ပြီး ကျောင်းသွားဖို့လုပ်တော့....."
"ဘာဖြစ်လို့..."
"ကျောင်းသွားမို့..."
"မဟုတ်ပါဘူး။ သော် ရှက်နေလို့ပါ "
အကိုတစ်ယောက် အရယ်မရပ်ပဲ ကျွန်တော့်ကိုပဲ ကလိနေတော့သည်မို့...
"ရှက်နေတာ ဟုတ်တယ်။ ဘာလို့လဲ ဆိုတော့..."
" ကျောင်းရောက်မှပဲ မနက်စာစားရအောင်နော်....သော်။ ကိုယ်ပြန်ပြီ။"
ဒီလိုကျတော့ သိတယ်။ အကိုလူလည် !
သူ့အတွက်သူကျ ဘယ်လိုရှောင်ရမလဲဆိုတာသိတယ်။ ဘယ်လိုပဲ သိသိပါ။ တစ်နေ့နေ့တော့ အကို့ကို ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့်နှုတ်ကနေ...
"ချစ်တယ် !" လို့ ပြောဦးမည်။
ကျွန်တော့် အချစ်စက်ဝန်းကနေ အကိုဘယ်လိုမှ လွတ်အောင်ရှောင်လို့မရစေရ။ ဒါက ကျွန်တော် သန္ဓိဌာန်။
_______________________
Zawgyi.....
"အဝန္း လာေတာ့..."
စိတ္မရွည္ပါတဲ့ ထိုေအာ္သံဟာ ကိုသက္ကလြဲလို႔ ဘယ္သူျဖစ္ႏိုင္ဦးမွာတဲ့လဲဗ်ာ။
"လာၿပီ..."
စာ႐ြက္ေလးကို အေသအခ်ာျပန္ေခါက္ၿပီး စာအိတ္ထဲျပန္ထည့္လိုက္ကာ အိတ္ကပ္ထဲကို ထည့္ခဲ့လိုက္သည္။
"ဒီမွာ ၾကည့္လိုက္..."
အေစာက အသံႏွင့္မတူပဲ ၾကည္ႏူးေနပါတဲ့ ကိုသက္ရဲ႕ အသံႏွင့္ ဟန္ပန္တို႔က ကေလးေလးတစ္ေယာက္လိုပဲ။ သူလုပ္ႏိုင္ပါတယ္ ဆိုတာကို ႂကြားဝါခ်င္တဲ့ ကေလးလိုပဲ၊ ေဖြးေဖြးေသးေသးနဲ႔ ကိုသက္ကေလ ဒီလိုဆိုေတာ့ တကယ္ကို ခ်စ္စရာေကာင္းပါသည္။
"ကိုသက္ တကယ္ေတာ္တာ ကြၽန္ေတာ္ သိသားပဲ။"
မတ္တပ္ရပ္ေနတဲ့ ကိုသက္အနားက ခုံမွာ ထိုင္ရင္း ခ်ီးက်ဴးစကားဆိုကာ မတိုးတက်ယ္လက္ခုပ္ေလးပါတီးေပးၿပီး ဂုဏ္ျပဳေပးျဖစ္သည္။
"မင္းကသာေျပာတာပါကြာ ဆရာႀကီးေတြကေတာ့ ငါ့ေလာက္ေလးကို မမႈဘူးကြ။"
Skull ပိုင္းေနာက္ထပ္တစ္ခုကို ယူၿပီး ေလ့က်င့္ေနတာေၾကာင့္ သက္လ်ာနဲ႔ အဝန္းတို႔ ေျပာေနၾကေသာ စကားမ်ားကို ၾကားေသာ္လည္း အဆုံးသတ္ခါနီးၿပီမို႔ အေသအခ်ာ အာ႐ုံစိုက္ေနျခင္းျဖစ္သည္။ ဒါကို သက္လ်ာက ကေလးဆန္ဆန္နဲ႔ ၾကည္သာကို ေငါ့ေျပာသည္။
"မဟုတ္တာ သက္လ်ာရာ။ မင္းေတာ္တာကို ငါသိပါတယ္"
သုံးေလးခါေလာက္ ဆက္တိုက္ေမးဆတ္ျပၿပီး ထိုေျပာလိုက္ေတာ့ သက္လ်ာက မ်က္ႏွာမဲ့ျပသည္။
မယုံပါဘူး ဆိုတဲ့သေဘာပင္။
"ကိုသက္ၿပီးၿပီဆို ကြၽန္ေတာ္ျပန္ရေတာ့မလားဟင္။"
စားပြဲေပၚေလး လက္တင္ၿပီး ေမးေထာက္လိုက္ကာ ထိုသို႔ ေမးေတာ့ ကိုသက္ဆိုတဲ့ ကိုေအာင့္သက္သက္ကေလ စားပြဲခုံေပၚက ကြၽန္ေတာ့္လက္ကို ႐ိုက္ခ်တယ္ဗ်ာ။
"ေနာက္တစ္ခု သြားယူလာခဲ့"
ေမးေထာက္ထားကို ေတြ႕လ်က္နဲ႔ လက္ကို ျဖတ္႐ိုက္ခ်ေတာ့ သိပ္အနာႀကီးေတာ့မဟုတ္လွေပမယ့္ ဟန္ခ်က္ပ်က္တာေၾကာင့္ စိတ္က တိုခ်င္လာသည္။ သို႔ေသာ္ ကိုသက္ေပမို႔ စိတ္တိုေနေၾကာင္းကိုလည္း ထုတ္ေဖာ္မျပရဲ။
"ၾကားလား..မင္း"
"သြားၿပီ သြားၿပီ..."
ေအာက္ေန ေျခေထာက္နဲ႔ ပိတ္ကန္ေတာ့မည္မို႔ အဝန္း အျမန္ပဲထြက္လာခဲ့လိုက္သည္။
"ဒီေကာင္ေတာ့ လြတ္ေအာင္ေရွာင္သြားျပန္ၿပီ.."
"သက္လ်ာ မင္း အဝန္းကိုအရမ္းၾကည့္မရတာပဲလားဟင္။"
ကပ္ေၾကးကိုခ်ၿပီးေနာက္မွာ မတ္တပ္ရပ္ေနလ်က္ကပင္ သက္လ်ာကို ေစ့ေစ့ၾကည့္ကာ ေမးမိသည္။ တကယ္ဆို ခ်ဳပ္႐ိုးကို ျဖတ္ၿပီးၿပီမို႔ သက္လ်ာနဲ႔အဝန္းရွိရာသို႔ သူၾကည့္ေနမိတာ ၾကာေနပါၿပီ။ လက္ကေလးေမးေထာက္ထားတာကို သိလ်က္နဲ႔ လက္ကိုျဖတ္႐ိုက္လိုက္တဲ့ သက္လ်ာေၾကာင့္နဲ႔ အခန္႔မသင့္လို႔ ေမးနဲ႔စားပြဲနဲ႔႐ိုက္သြားရင္ ခံရမွာက အဝန္း။
ဒါနဲ႔တင္ အားမရေသး ေျခေထာက္နဲ႔ကန္ဖို႔အထိပါ ႐ြယ္ေနတာေၾကာင့္ ၾကည္သာ့ဘက္က စိတ္တိုမိတာအဆန္းေတာ့မဟုတ္။ ဘယ္လိုပဲျဖစ္ျဖစ္ အဝန္းဆိုတာက ၁၅၀၀ဆိုတဲ့ ေမတၱာေတြနဲ႔ ခ်စ္ျမတ္ႏိုးရသူ၊ ၅၂၈ဆိုတဲ့ ေမတၱာႏွင့္ ဂဏန္းခ်င္းယွဥ္လွ်င္ေတာင္မွ ပိုမ်ားသည္မို႔ အခုလိုမ်ိဳးအေနအထားမွာ သူ႔ဘက္က သက္လ်ာကို စိတ္ထဲမၾကည္ခ်င္တာ အဆန္းေတာ့မဟုတ္။
ထိုသို႔စိတ္ထဲမၾကည္ပါဘူး ဆိုမွ...သက္လ်ာရဲ႕ ေျဖသံဟာ ၾကည္သာကို ပိုလို႔ စိတ္တိုေစသည္။
"ေအး..."
"ဘာျဖစ္လို႔လဲ..သူက မင္းကို ဘာမွမလုပ္ဘူးေလ။"
"မင္း ဂ႐ုစိုက္ေနလို႔ ၾကည့္မရတာ ရွင္းလား...."
"မဆိုင္ဘူးေလ..."
"ဆိုင္တာေတြ မဆိုင္တာေတြလာမေျပာနဲ႔၊ ငါ့စိတ္နဲ႔ငါပဲ"
"ဒါဆို ငါလည္း ငါ့စိတ္နဲ႔ငါလုပ္လို႔ရသားပဲ။ ငါ အဝန္းကို မင္းနဲ႔ေဝးရာမွာပဲ ထားေတာ့မယ္ သက္လ်ာ။"
"ေဟ့ေကာင္..."
ေဒါႀကီးေမာႀကီးနဲ႔ လက္ထဲက ညႇပ္ႏွင့္ ကပ္ေၾကးကို မခ်မိပဲ ၾကည္သာရွိရာသို႔ သြားၿပီး ၾကည္သာ့လည္ပင္းကို ဆုပ္ကိုင္ထားသည္ေၾကာင့္ ကပ္ေၾကးႏွင့္ညႇပ္ဟာ ၾကည္သာလည္ပင္း တစ္ဖက္တစ္ခ်က္မွာ ထိလုနီးနီး အေနအထားႏွင့္ေနရာယူထားသည္။
"မင္း ! မင္း...အဝန္းကို၊ မဟုတ္ဘူးမလား..."
နီရဲေနတဲ့ သက္လ်ာရဲ႕မ်က္လုံးေတြမွာ မ်က္ရည္ေတြက အိုင္ထြန္းလို႔ေနၿပီ။
"စိတ္ကိုေလ်ာ့ သက္လ်ာ။ ေလွ်ာက္မေတြးစမ္းနဲ႔..."
"ငါေလွ်ာက္ေတြးတာမဟုတ္ဘူး။ ငါေလ ငါ စဥ္းစားမိတယ္။ ငါကိုယ္တိုင္သာ ဟိုေကာင္ေလးကို ငါတို႔နဲ႔အတူသြားဖို႔ မေခၚရင္၊ မင္းနဲ႔သူ႔ကိုသာ ဆုံစည္းခြင့္မေပးခဲ့ရင္....မင္းနဲ႔သူ႔ကို ႏွစ္ေယာက္ထဲ လႊတ္မထားခဲ့ရင္ ငါတို႔အခုလိုေတြျဖစ္ေနမွာမဟုတ္ဘူး။ ငါတို႔ႏွစ္ေယာက္ရဲ႕ ဘဝထဲကို သူ႔ကိုသာ ေခၚမသြင္းခဲ့ရင္ မင္းနဲ႔ငါ...."
"မဟုတ္တာေတြ ေျပာေနတာ ရပ္လိုက္ေတာ့ သက္လ်ာ။ မင္းေျပာေနတဲ့ပုံက အဝန္းက မိန္းကေလးဆိုလည္း ထားေတာ့.."
"မင္းမွ မိန္းကေလး မႀကိဳက္တာ.."
သက္လ်ာရဲ႕ထိုစကားမွာ ၾကည္သာရဲ႕ မ်က္ႏွာဟာ ပ်က္ပ်က္ယြင္းယြင္းျဖစ္သြားရသည္။
"ငါသိတယ္၊ မင္းလည္း ငါ့လိုပဲဆိုတာ...ဒါေပမယ့္ ငါႀကိဳက္ေနတာက မင္းျဖစ္ၿပီး မင္းႀကိဳက္ေနတာက အဝန္းဆိုတာကိုေတာ့ ငါအခုမွသိလိုက္ရတာ။ မွန္ရွိရင္ျပလိုက္ခ်င္ရဲ႕..မင္းမ်က္ဆံေလးေတြကေလ လႈပ္ခတ္ေနၿပီး..."
"ေတာ္..ေတာ္လိုက္ေတာ့ သက္လ်ာ။ မင္းစကားေတြကို အဝန္းၾကားသြားရင္ မေကာင္းဘူး။"
ထိုစကားေၾကာင့္ ဗီ႐ိုေနာက္က အရိပ္ကေလးသည္ ႏႈတ္ခမ္းလႈပ္႐ုံမွ်ေလး ၿပဳံး၏။
"ဘယ္အခ်ိန္ကလဲ ဘယ္အခ်ိန္ကလဲလို႔... ဟမ္"
"မင္းထင္ေနတာေတြကို ရပ္လိုက္ေတာ့ သက္လ်ာ။ မဟုတ္တာေတြအတြက္နဲ႔ ငါအခ်ိန္ကုန္မခံခ်င္ဘူး...."
ဒီအမွန္တရားအတြက္ မင္းကိုလည္း စိတ္မဆင္းရဲေစခ်င္သလို၊ အဝန္းကိုလည္း ဝန္မပိေစခ်င္ပါဘူး။ ဒါေၾကာင့္ ငါ့ဘာငါပဲ သည္းခံပါ့မယ္၊ ၿမိဳသိပ္ပါ့မယ္၊ ငါပဲ ခံစားပါ့မယ္။ မင္းတို႔ႏွစ္ေယာက္ကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲေနေပးပါ။ ဒီေလာက္ဆို ငါခံစားရတာ တန္ပါတယ္ကြာ။
"မင္း လိမ္ထားဦးေပါ့ကြာ..."
ဆုပ္ကိုင္ထားရာကေန ေစာင့္တြန္းခ်ၿပီး လႊတ္ေပးလိုက္ေတာ့ ၾကည္သာက ၾကမ္းခင္းသို႔ ဖင္ထိုင္လ်က္ေလး က်သြားသည္။
"မ်က္ရည္ေတြ သုတ္ဦး သက္လ်ာ..."
ထိုင္လ်က္ လဲက်ရာကေန ထ,ၿပီး အက်ႌအိတ္ကပ္ထဲက မိုးျပာေရာင္ လက္ကိုင္ပဝါေလးကို ထုတ္ၿပီး သက္လ်ာဆီသို႔ ကမ္းလင့္လိုက္သည္။
"မင္း အပူမပါဘူး ေဟ့ေကာင္.."
ကမ္းလင့္ ပါတဲ့ သက္လ်ာရဲ႕ လက္ကို တြန္းဖယ္လိုက္ၿပီး သူ႔လက္ခုံနဲ႔သူ သုတ္သည္။ ဒါေၾကာင့္ သက္လ်ာလည္း မိုးျပာေရာင္ လက္ကိုင္ပဝါေလးကို ျပန္ေခါက္ၿပီး အိတ္ကပ္ထဲ ထည့္ထားလိုက္သည္။
"ဟိုေကာင္ အဝန္း၊ မင္း အ႐ိုးေခါင္းျဖစ္ေနလို႔လားကြ။ ဒါေလးယူခိုင္းတာကို တစ္ႏွစ္ေလာက္ၾကာေနတယ္။ ခ်ီးတဲ့မွပဲ...."
မ်က္ရည္ေတြေရာ၊ ရႈိက္သံေတြေရာ ကင္းစင္သြားတဲ့ အခ်ိန္အထိ ျပန္ေရာက္မလာေသးတဲ့ အဝန္းကို သက္လ်ာက အားႀကီးနဲ႔ ေအာ္ခ်သည္။
"လာၿပီ လာၿပီ ကိုသက္..."
တစ္ခ်ိန္လုံး ဗီ႐ိုေနာက္မွာ ရပ္ေနသူသည္ ေအာ္သံေၾကာင့္ အျမန္ပဲ ေျပးထြက္ခဲ့ေတာ့သည္။
"ဒီမွာ ကိုသက္.."
"ေအး အဲ့တာ မင္းခ်ဳပ္.."
ခုံမွာ ထိုင္ၿပီး ႏွိပ္စက္ျပန္တဲ့ သက္လ်ာေၾကာင့္ အဝန္းသည္ ၾကည္သာ့နံေဘးသို႔ ေရာက္သြားကာ..
"ဘယ္လိုခ်ဳပ္ရတာလဲ သင္ေပးဦး အကိုႀကီး..."
"အင္း။ "
ေဘးမွာ ရွိေနတဲ့ ဆီလီကြန္အ႐ိုးေခါင္းႏွစ္ခုကို စတင္၍ ႀကိဳးထည့္ကာ ခ်ဳပ္ျပေတာ့ အဝန္းကလည္း ၾကည္သာ ေနာက္ကေနလိုက္လုပ္သည္။
"မွားေနၿပီ..ဒီမွာေလ အကြာအေဝးက"
"အင္း..."
ႀကိဳးကို ျပန္ျဖည္ၿပီး မွားတဲ့အဆင့္ကေန ျပန္ခ်ဳပ္ရသည္။ ေနာက္ပိုင္းေတာ့ အဝန္းအျမန္မခ်ဳပ္ရဲေတာ့ပဲ တျဖည္းျဖည္းခ်င္း ၾကည္သာ့ေနာက္က လိုက္ၿပီး ခ်ဳပ္ရသည္။
"အကိုႀကီး..."
"အင္း"
ၾကည္သာကလည္း ခ်ဳပ္႐ိုးေၾကာင္းကို စိတ္ဝင္စားေနခ်ိန္မွာ အဝန္းဆီက ေခၚသံကိုၾကားေသာ္လည္း အဝန္းဘက္သို႔ လွည့္မၾကည့္ႏိုင္ပဲ ျပန္ထူးလိုက္သည္။
"Amazing grace ဆိုျပပါလား..."
ထိုအေျပာေၾကာင့္ ၾကည္သာမ်က္လုံးတို႔ အဝန္းရွိရာဘက္သို႔ ၾကည့္မိသည္။ ခ်ဳပ္႐ိုးကိုသာ အာ႐ုံစိုက္ေနပါတဲ့ အဝန္းက ၾကည္သာၾကည့္ေနတာကို သတိမထားမိေသာ္လည္း ထိုအၾကည့္တို႔ တပ္ျပန္ေခါက္သည့္အခ်ိန္မွာ သူ႔ကဲ့သို႔ အဝန္းကို ၾကည့္ေနပါတဲ့ သက္လ်ာႏွင့္ အၾကည့္ခ်င္းစုံသည္။
"ဘာျဖစ္လို႔ ဒီသီခ်င္းလဲ..."
သက္လ်ာကို ၾကည့္ေနရင္းကေန အဝန္းကို ေမးမိသည္။
အဝန္းကလည္း ခ်ဳပ္႐ိုးေၾကာင္းဆီမွာ အာ႐ုံစိုက္ေနရင္းမွ...
"အခုတေလာ အမွားေတြဆက္တိုက္ က်ဴးလြန္ခ်င္မိတယ္။ ဘာလို႔မွန္းမသိဘူး အခ်ိန္တန္ရင္ ျပန္ရမယ့္ အိမ္ရွိတယ္လို႔ ခံယူခ်င္မိတယ္။"
"ကိုယ့္ကိုယ္ကိုပဲ ယုံၾကည္ခ်က္ထားရမယ္ဆို"
"မသိေတာ့ဘူးဗ်ာ.... တျခားတစ္ေယာက္ကို အားကိုးၿပီး ရွင္သန္လည္း ရတယ္လို႔ ယူဆခ်င္မိေနတယ္။"
"မင္းက်ဴးလြန္ ခ်င္ေနတဲ့ အမွားက ေတာ္ေတာ္ေလး ႀကီးပုံပဲ။"
"အင္း...ကြၽန္ေတာ့္ကို ၿငိမ္းခ်မ္းခြင့္မေပးမယ့္ ႀကိဳးရွည္ရွည္တစ္ေခ်ာင္းေၾကာင့္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဘယ္လိုမွမလြတ္ေျမာက္ႏိုင္ေအာင္ အထပ္ထပ္ ရစ္ေႏွာင္ထားခ်င္မိေနတာ..."
"အေကြးအတြက္ေရာ မစဥ္းစားေတာ့ဘူးလား။"
"ကြၽန္ေတာ္တို႔အေကြးက ကြၽန္ေတာ့္ကို နားလည္ေပးမွာလို႔ပဲ ထင္ေနမိတယ္။"
သူ႔အထင္နဲ႔သူ အားလုံးက အဆင္ေျပတယ္လို႔ ယူဆေနတဲ့ အခ်ိန္မွာပဲ သူနားဆင္ခ်င္ေနတဲ့ သီခ်င္းက Amazing grace။ သူဟာ အခုခ်ိန္မွာအရာအားလုံးကို အံ့ၾသဖြယ္ ေက်းဇူးေတာ္ရဲ႕ ေမတၱာအကူအညီနဲ႔ ျဖတ္သန္းခ်င္ေနသည္။
🎶Amazing grace, how sweet the sound.
အံ့ၾသဖြယ္ ေက်းဇူးေတာ္၊ ဘယ္ေလာက္ေတာင္မ်ား ခ်ိဳၿမိန္တဲ့ အသံလဲ။
That saved a wretch like me.
ငါလို အျပစ္သား တစ္ေယာက္ကို ကယ္တင္ေပးခဲ့တာ။
I once was lost, but now am found.
တစ္ခ်ိန္က ငါေပ်ာက္ဆုံးခဲ့ေပမယ့္ အခုေတာ့ ငါရွာေတြ႕ၿပီ။
Was blind but now I see.
မျမင္ခဲ့ေပမယ့္ အခုေတာ့ ျပန္ျမင္ခဲ့ၿပီ။
Was Grace that taught my heart to fear.
ထိုေက်းဇူးေတာ္ပါ၊ ငါ့ႏွလုံးသားကို ေၾကာက္တတ္ေအာင္ သင္ေပးခဲ့တယ္။
And Grace, my fears relieved.
ၿပီးေတာ့ ဂ႐ုဏာေတာ္က ငါ့ေၾကာက္႐ြံ႕မႈကို စိတ္သက္သာရာ ရေစတယ္။
How precious did that Grace sppear.
အဲ့ဒီေက်းဇူးေတာ္ ေပၚေပါက္ခဲ့တာ ဘယ္ေလာက္ေတာက္မ်ား တန္ဖိုးရွိလိုက္သလဲ။
How...🎶
"ရၿပီ အကိုႀကီး...အဲ့ဒီအထိပဲ။"
ညႇပ္ကို ခ်ၿပီးေနာက္ အဝန္းရဲ႕ လက္က ကတ္ေၾကးကို ေကာက္ကိုင္ေလသည္။ မ်က္ႏွာကေတာ့ ေမာ့မလာပဲ ငုံ႔ထားစၿမဲပင္။
"ငိုေနတာလား ေဟ့ေကာင္..."
ထိုင္ရင္းကေနေျပာတဲ့ သက္လ်ာရဲ႕ အသံေၾကာင့္ အဝန္းမ်က္ႏွာက သက္လ်ာထံသို႔ ၾကည့္ကာ..
"ငိုရေအာင္ ကြၽန္ေတာ့္က ၃ႏွစ္သားလား"
ပုံမွန္အေနအထားအတိုင္းပဲ မ်က္ႏွာက မေျပာင္းမလဲပဲ တည္ၿငိမ္ေနပါတဲ့ ေရာင္နီဝန္း။ ႏွာတခ်ဳံ႕ခ်ဳံ႕နဲ႔ တသဲ့သဲ့ ရႈိက္ငင္ကာ မ်က္ေတာင္ေတြပုတ္ခက္ခက္ျဖစ္ေနပါတဲ့ ေမာင့္သက္လ်ာနဲ႔ သီခ်င္းေၾကာင့္ ခံစားခ်က္ေတြဝင္ကာ မ်က္ရည္ေတြ ရစ္သိုင္းဝဲက်န္ေနဆဲပါတဲ့ သက္တန္႔ၾကည္သာ တို႔ သုံးေယာက္တြင္ မည္သူသည္ သီခ်င္းဆိုသံေၾကာင့္ အခံစားရဆုံးျဖစ္ပါမည္နည္း။
အရာအားလုံးမွာ စိတ္ႏွင့္႐ုပ္သည္ အၿမဲတေစထပ္တူျပေနသည္လို႔ေတာ့ ယူဆလို႔ မရ႐ိုးအမွန္ပါ။
"ၾကည္သာေရ မင္းတို႔ကို ေဆး႐ုံအုပ္ေခၚေနတယ္။"
ၿငိမ္သက္ေနပါတဲ့ ပတ္ဝန္းက်င္ကို အသက္သြင္းသူက ေဒါက္တာ သီဟဟန္ျဖစ္သည္။
"ဟုတ္ကဲ့ လာၿပီ ကိုသီဟ။"
ဂ်ဴတီကုတ္ကို အျမန္ဝတ္လိုက္ၿပီး သက္လ်ာအတြက္လည္း နားက်ပ္ကို ကမ္းေပးလိုက္ရင္း ၾကည္သာႏွင့္ သက္လ်ာသည္ အခန္းကေန ထြက္သြားေလသည္။
🎶 Amazing Grace,......🎶
တိုးတိုးဖြဖြနဲ႔ ထိုေနရာေလးကိုပဲ အႀကိမ္ေပါင္း ရာေထာင္မက ႐ြတ္ဆိုရင္းျဖင့္ က်န္ေနခဲ့သူက အားလုံးရဲ႕ ေရာင္နီဝန္း။
မနက္လင္းေတာ့ ခုံေပၚကေန ဆတ္ခနဲ ေခါင္းေထာင္ရင္း ေဘးဘီကို ေမာ့ၾကည့္လိုက္ေတာ့..
"ေကာ္ဖီ ေသာက္မလား အဝန္း။"
ဆိုတဲ့ ႏူးညံ့ပါတဲ့ အသံေၾကာင့္ အဝန္းၿပဳံးမိသြားသည္။
"လာဗင္ဒါ..."
"ေခြးေလးလိုပဲ မင္းက။ ဒီမွာ..."
လာဗင္ဒါအနံ႔သင္းပ်ံ႕ေနသည္က ၾကည္သာလက္ေကာက္ဝတ္ ဆီမွာအစျပဳျခင္းျဖစ္သည္။
"ဘယ္ကရလဲ အကိုႀကီး။ ထူးထူးဆန္းဆန္ေတြေနာ္။ အကိုႀကီးပဲ လာဗင္ဒါအနံ႔မႀကိဳက္ဘူးဆို..."
"ဟိတ္ေကာင္ေတြ ဆူဆူညံညံမလုပ္စမ္းနဲ႔"
စားပြဲခုံေပၚ ေခါင္းေမွာက္အိပ္ေနသူသည္ မ်က္လုံးထက္အရင္ ေဒါသစိတ္တို႔ျဖင့္ ဖြင့္ထလာသည္။
"ကိုကို ျပန္ေရာက္လာၿပီ။"
"တကယ္လား..."
ခ်က္ခ်င္းပဲ ေခါင္းေထာင္လာပါတဲ့ သက္လ်ာေၾကာင့္ ၾကည္သာက ေပ်ာ္႐ႊင္မႈေတြ မဖုံးႏိုင္မဖိႏိုင္သည့္သေဘာျဖင့္ ႏႈတ္ခမ္းကို သြားျဖင့္ကိုက္ကာ ေခါင္းၿငိမ့္ျပေလသည္။
ထိုအခါ သက္လ်ာ မ်က္ႏွာကလည္း မ်က္ေထာင့္နီႀကီးႏွင့္ ေဒါသတႀကီးျဖစ္ေနတတ္သည့္ အမူအရာတို႔ စိုးစဥ္းမွ် မက်န္ႏိုင္ေလာက္ေအာင္ကို ၿပဳံးေပ်ာ္ သြားေတာ့သည္။
ထိုစဥ္မွာ ထြက္ေပၚလာပါတဲ့ တံခါးေခါက္သံႏွင့္အတူ ၾသရွရွ အသံတစ္ခုက....
"Hello guys !!!"
"ကိုကိုကြာ။ ငါ မင္းကို အရမ္းလြမ္းေနတာ..."
ထိုင္ေနရာကေန ခ်က္ခ်င္းထ,သြားၿပီး ေျပးဖက္ပါတဲ့ သက္လ်ာကို တစ္ဖက္လူကလည္း ပခုံးကေနသိုင္းဖက္ထားေပးသည္။
ကိုသက္ အခုလို ၾကည္ႏူးရိပ္ေတြႏွင့္ ႀကိဳဆိုရတဲ့သူက အကိုႀကီးတို႔ အရမ္းခ်စ္ၾကပါတဲ့ တည္တံ့ကိုကိုကလြဲၿပီး တျခား ဘယ္သူမွ မျဖစ္ႏိုင္။ အကိုႀကီးတို႔ထက္ ႏွစ္ႏွစ္ႀကီးပါတဲ့ တည္တံ့ကိုကိုက Scholarရၿပီး ႏိုင္ငံျခားမွာ ပါရဂူဘြဲ႕အတြက္ ပညာသင္ေနရာကေန ျပန္လာသည္ပဲျဖစ္မွာလို႔ ေတြးမိသည္။
"ဂ်ဴတီခ်ိန္ရွိေသးလား မင္းတို႔"
"မရွိေတာ့ဘူး..."
"ေကာင္းတယ္။ ျပန္ရေအာင္..."
ကိုကိုဆိုသည္၏ ဦးေဆာင္မႈျဖင့္ အဝန္းတို႔ အားလုံးက အေဆာင္ကို ျပန္လာခဲ့ၾကသည္။
"ငါ့အိမ္ေလးမွာ ဘယ္သူေနေနလဲ ၾကည္သာ..."
"ကိုကို႔အိမ္ကို သြားၾကည့္ရင္ သိမွာေပါ့ဗ်။"
"ဟြန္းး..ဟုတ္ၿပီ။"
သက္လ်ာရဲ႕ ဆံပင္ေတြကို လက္ေခ်ာင္းေတြနဲ႔ ထိုးဖြရင္း ျငင္ျငင္သာသာေလးဆက္ဆံေတာ့ သက္လ်ာက ကိုကို႔ထံကို ၿပဳံးျပသည္။
ေဒါသႀကီးတတ္ပါတဲ့ သက္လ်ာကေလ အခုလို ကိုကို႔ရဲ႕အျပဳအမူေတြေပၚမွာ ေၾကာင္ေပါက္ေလးလိုပဲ တိုးေဝွ႔ကာျဖင့္ ေပ်ာ္ျမဴးေနသည္တဲ့။
"အကို ျပန္လာၿပီလား...."
"ေသာ္။"
"ဟုတ္.."
အကို႔ေဘးမွာ ကိုၾကည္သာႏွင့္ ကိုသက္အျပင္ ေနာက္ထပ္ လူတစ္ေယာက္လည္း ပါလာေသးသည္။
"ဒါက.."
"တည္တံ့ကိုကိုတဲ့။ ညီေလးေနေနတဲ့ အိမ္က အရင္ကကိုကိုငွားေနခဲ့တာေလ။ အခုႏွစ္မွ သူကဆက္မငွားေတာ့တာ။"
"ကိုယ္ ဟိုမွာပဲ အေျခခ်မွာ ေသခ်ာသြားလို႔ အိမ္ကို ဆက္မငွားေတာ့တာ။"
"တကယ္..."
ကိုသက္က တည္တံ့ကိုကို ဆိုသူကို ေမးေတာ့ အသံက က်ယ္လြန္းတာေၾကာင့္ ကြၽန္ေတာ့္မွာ လန္႔သြားရသည္။ သူတို႔ ဘယ္လိုေတြ႕ျဖစ္ၾကတယ္ဆိုတာ မသိေသာ္လည္း အခု ကိုသက္ပုံစံက ကြၽန္ေတာ္ အရင္က ျမင္ေနၾကပုံစံေတြလို မဟုတ္ပဲ တစ္ခုခု ျဖစ္ေနသလိုပင္။
ေဒါသ ရိပ္ေတြမရွိပဲ ေပ်ာ္႐ႊင္ရိပ္ေတြ သန္းေနပါတဲ့ ကိုသက္ မ်က္ႏွာက တည္တံ့ကိုကို ဆိုသူထံမွာ အေသအခ်ာကို ၾကည့္ၿပီးျဖစ္ေပၚလာေလသည္လား။
"I found love."
"ကိုကိုဗ်ာ။ ညီေလးေတြကို ထားခဲ့ေတာ့မယ္ ဆိုေတာ့ ေပ်ာ္ေနတယ္မလား။"
"အင္း..."
"ကိုကိုေနာ္.."
ခ်စ္မ်က္ေစာင္းေလး ဝံ့ၿပီး ေျပာဆိုေနပါတဲ့ ကိုသက္ေၾကာင့္ ကြၽန္ေတာ္ အကို႔ထံသို႔ၾကည့္လိုက္ေတာ့ အကိုကလည္း ေခါင္းသာ အသာ ရမ္းျပသည္။
"ကိုယ္ သက္လ်ာတို႔အေဆာင္လိုက္သြားမယ္။"
"ကြၽန္ေတာ္တို႔ ဆီမွာပဲ ေနေလ ကိုကို။"
"မဟုတ္ဘူး။ ကိုယ္ သက္လ်ာကို ေျပာစရာေတြရွိေသးလို႔။ မနက္ျဖန္မွပဲ ဒီဘက္ကို ျပန္လာခဲ့မယ္"
"အခုသြားေတာ့ မလို႔လား။"
"အင္း..."
"ဒါဆို သြားမယ္ေလ ကိုကို...."
ကိုကို ကိုကိုလို႔ ပါးစပ္က မခ်စတမ္းေခၚေနသူ၏ လက္ကိုဆြဲၿပီး ကြၽန္ေတာ္တို႔ ေရွ႕ကေနထြက္သြားတဲ့ ကိုသက္ပုံစံက တကယ္ကို အျပစ္ကင္းစင္လြန္းပါသည္။ ေဒါသရိပ္ေတြမရွိပဲ ၿပဳံးေပ်ာ္ေနတဲ့ ကိုသက္က ကေလးတစ္ေယာက္လိုပဲ။
"ကိုယ္လည္း သြားဦးမယ္။"
"အင္း...ကြၽန္ေတာ္ၿပီးမွပဲ လာခဲ့ေတာ့မယ္။"
ကိုသက္တို႔ ထြက္သြားၿပီး သိပ္မၾကာဘူး ကိုၾကည္သာကလည္း ကြၽန္ေတာ္တို႔အနားကေန ထြက္သြားေလသည္။ အခုေတာ့ အိမ္ေရွ႕မွာ ကြၽန္ေတာ္နဲ႔ အကိုသာ က်န္ေတာ့၏။
"အိမ္ထဲ ဝင္ရေအာင္ေလ ေသာ္..."
"ဟုတ္။ ဒါနဲ႔ အေစာက ဘယ္သူလဲ အကို..."
"တည္တံ့ကိုကိုတဲ့။ အကိုႀကီးတို႔ထက္ ႏွစ္ႏွစ္ႀကီးတယ္။ ကိုယ္နဲ႔ေတာ့ အခုတစ္ခါဆုံဖူးတာပဲ။"
"ေအာ္...ဒီလိုေၾကာင့္ ကိုသက္က ကေလးေလးလိုျဖစ္ေနတာကို။"
"ဒါနဲ႔ ေသာ္ မနက္စာ စားၿပီးၿပီလား"
"ဟင့္အင္း။ အကိုက ဘာျဖစ္လို႔ စာ႐ြက္ကို စာအိတ္ထဲထည့္ မေပးတာလဲဟင္..."
ထမင္းစားၿပီးၿပီလား ေမးတာကို အိမ္သာခဏလို႔ ေျပာလိုက္သလိုပါပဲ။ အေမးနဲ႔ ျပန္ၿပီးေျပာတဲ့စကားက နည္းနည္းေလးမွ မသက္ဆိုင္ပါ။
ထိုထက္ ပိုလို႔ ဆိုသည္က အကိုေျပာပါတဲ့ စကား...
"ပုဂံကို ေရွးက ဘယ္လိုေခၚတာလဲ ေသာ္သိလား။ ေသာ္မသိရင္......"
"ဟိုးတား အကို။ ကြၽန္ေတာ္သိတယ္...အကို သိေအာင္ေျပာထားရဦးမယ္။ အကို႔ ညီေလးက ေလ ပုပၸါးမွာ ေမြးၿပီး ႀကီးလာတဲ့သူေနာ္။"
"ဟြန္း...ေျပာပါ"
"အရိမဒၵန..ရန္မ်ိဳးႏွိမ္ၿမိဳ႕လို႔ အဓိပၸါယ္ရပါတဲ့ ပုဂံပါ။"
"ဒါဆို ပုပၸါးကေနၿပီး ပဲခူး႐ိုးမကို ေျခလ်င္ေလွ်ာက္ သြားခ်င္လား ေသာ္။ ပုပၸါးကေန ေတာင္ဘက္ကို ဆက္သြားရင္ ေရာက္မွာပဲေလ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ပုပၸါးေတာင္က ပဲခူး႐ိုးမရဲ႕ ေျမာက္ဘက္အစြန္းမွာ သီးျခား ထိုးထြက္ေနတာ။ အဲ့လိုဆိုေတာ့ ေတာင္ဘက္ကိုပဲ ဆက္ၿပီး ေလွ်ာက္ေနရင္ တစ္ေန႔ေတာ့ ပဲခူး႐ိုးမေတာထဲကို ေရာက္မွာပဲ။ ေသာ္ တစ္ေန႔ကို နည္းနည္းစီေလွ်ာက္ၿပီး ခရီးပန္းတိုင္ကို မေရာက္ခ်င္ဘူးလား။"
"အကိုရယ္ ရွည္ရွည္ေဝးေဝးေတြ ေျပာေနျပန္ၿပီ။ တစ္ေန႔တစ္လံ ပုဂံဘယ္ေျပးမလဲလို႔ ေျပာရင္ ဘာျဖစ္မွာက်လို႔"
"အဲ့ေလာက္ မ႐ိုးရွင္းလို႔ေပါ့ ေသာ္ရဲ႕။ ေသာ္ေလွ်ာက္ရမယ့္ လမ္းက ပုဂံလမ္းလို ဖုန္ေတြသဲေတြပဲ ရွိတဲ့ လမ္းမဟုတ္ဘူးေလ။ ပခူး႐ိုးမေတာလိုပဲ ေသာ္ မခန္႔မွန္းႏိုင္တဲ့ အႏၲရာယ္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့လမ္း။"
အကိုေျပာတာကို ကြၽန္ေတာ္ သေဘာေပါက္သလိုလိုေတာ့ ရွိသည္။ ကြၽန္ေတာ္ ဆက္ေလွ်ာက္ရမယ့္ အကိုနဲ႔နီးစပ္ဖို႔ လမ္းခရီးမွာ အႏၲရာယ္ေတြ၊ အတားအဆီးေတြက သိပ္ကိုမ်ားသည္။
အကို ေျပာတဲ့ ပဲခူး႐ိုးမဆီကို ေျခလ်င္ သြားမလားဆိုတဲ့ စကားက လက္ေတြ႕ဘဝမွာ ကြၽန္ေတာ္ျဖတ္သန္းရမယ့္ အခက္အခဲေတြကို မီးေမာင္းထိုးျပလိုက္သလိုပင္။
"ကြၽန္ေတာ္ ႀကိဳးစားမယ္ဆိုရင္ေရာ..."
ဟုတ္တယ္။ ဘယ္ေလာက္ပဲ ခက္ခဲပါေစ ကြၽန္ေတာ္ ႀကိဳးစားမယ္။ ႀကိဳးစားၿပီးေတာ့ အကို႔ႏွလုံးသား ကြၽန္ေတာ့္ခရီးပန္းတိုင္ဆီကို ေလွ်ာက္မယ္။ ဒီလို သာဆက္ေလွ်ာက္ေနမယ္ဆိုရင္ တစ္ေန႔ေန႔မွာေတာ့ ကြၽန္ေတာ္က အကို႔ႏွလုံးဆီကို ေရာက္မွာပါ။
ကြၽန္ေတာ္သာ ဇြဲမေလ်ာ့ဘူးဆိုရင္ အကိုနဲ႔ကြၽန္ေတာ္ မနီးစပ္ႏိုင္ဖို႔ အေၾကာင္းမရွိပါ။ ကြၽန္ေတာ္သာ ႀကိဳးစားမယ္ဆိုရင္ အကိုတို႔ ဘယ္ေတာ့မွ ေဝးမွာမဟုတ္ဘူး။
သို႔ေသာ္လည္း တစ္ခ်ိဳ႕ကိစၥေတြက ကြၽန္ေတာ္တစ္ေယာက္ထဲနဲ႔ ၿပီးဆုံးဖို႔ မျဖစ္ႏိုင္ေသာ္လည္း ေဝးဖို႔အေၾကာင္းကေတာ့ အကိုတစ္ေယာက္တည္းရဲ႕ ဆုံးျဖတ္ခ်က္နဲ႔တင္ ကုံလုံခဲ့သည္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္က အကိုသေဘာမက်တာကို ဘာမွမလုပ္ပါဘူးလို႔ ကတိေပးထားခဲ့လို႔ေလ။
အကိုသေဘာက်တာက ကြၽန္ေတာ္တို႔ ေဝးဖို႔ဆိုရင္.....
"မ်က္ရည္ေတြ မက်ပါနဲ႔ ေသာ္....ေသာ္သိလား ကိုယ္က ဥပမာေပး႐ုံပဲ။ တကယ္တမ္း ကိုယ္ကေလ ပဲခူး႐ိုးမလို မေ႐ြ႕လ်ားႏိုင္တဲ့ ေတာႀကီးမွမဟုတ္ပဲ။ ဒါေၾကာင့္ ဒီလမ္းကို ေသာ္တစ္ေယာက္ထဲပဲ အပင္ပန္းခံေလွ်ာက္ရမွာ မဟုတ္ပါဘူး။"
"ဟင့္အင္း မဟုတ္ဘူးအကို။ အကိုရွိရာကိုလာဖို႔ ေျခလွမ္းတစ္ေထာင္ရွိမယ္ဆိုရင္ေတာင္ တစ္ေထာင္လုံးကို ကြၽန္ေတာ္ကပဲအျပည့္လွမ္းလာမွာမို႔ အကိုက ဒီတိုင္းေလးေစာင့္ေနေပး႐ုံနဲ႔တင္ ရၿပီ။ အကို႔ကို နည္းနည္းေလးေတာင္ မပင္ပန္းေစခ်င္ဘူး..."
"ကိုယ္ ယုံပါတယ္။ ေသာ့္မ်က္လုံးေတြကို ၾကည့္႐ုံနဲ႔တင္ ကိုယ္ယုံတာမို႔...."
ထိုသို႔ ခပ္ေတြေတြေျပာကာ ကြၽန္ေတာ့္ ပါးျပင္ကို ကိုင္ၿပီး မ်က္ရည္ေတြကို သုတ္ေပးေနရင္းမွ အကိုကေလ ကြၽန္ေတာ္မ်က္လုံးေတြကို စူးစူးစိုက္စိုက္ၾကည့္လာၿပီး...
" ဒီလိုေတြေၾကာင့္ပဲ... ေသာ္ကေလ ကိုယ့္အသဲေက်ာ္ေလး ျဖစ္လာေတာ့မွာ။"
"ဗ်ာ..."
ကႏၲာရထဲမွာ မိုးျဖာျဖာ ႐ြာသြန္းေပးသလို အကို႔ေၾကာင့္နဲ႔ ခံစားခ်က္ေတြပူေလာင္ေနတဲ့ ကြၽန္ေတာ့္ရင္ထဲမွာ အခ်စ္မိုးေတြ သြန္းၿဖိဳးလို႔ ေစြသြားေတာ့သည္။
"ကိုယ္ေလ ေသာ့္ဆီကို စာမေရးရရင္ မေနႏိုင္ေတာ့ဘူး။ ေသာ့္မ်က္ႏွာကို ျမင္ေနရင္ေတာင္မွ ေျပာမထြက္တဲ့ စကားေတြက တသီႀကီးနဲ႔၊ ဒါေတြကို စာ႐ြက္ထဲခ်ေရးလိုက္ေတာ့လည္း စာ႐ြက္မွာ ကိုယ္ဘာျမင္ရတယ္ ထင္လဲ...."
အကိုမ်က္ႏွာက ကြၽန္ေတာ္အနား တိုးလာၿပီး အကို႔ႏႈတ္ခမ္းထိပ္မွေလေႏြးေႏြးက ကြၽန္ေတာ့္ ႏွာေခါင္းထိပ္ေတြကို ႐ိုက္ခတ္သည္။
"...."
"ေသာ္မ်က္ႏွာကိုပဲ ျမင္ေယာင္ေနမိတာ။"
"ဒါ ဒါဆို...."
"အြန္း အဲ့တာေၾကာင့္ပဲ အဲ့တာေၾကာင့္ ကိုယ္ကေလ ကိုယ့္ကိုယ္ကို စည္းခ်တဲ့အေနနဲ႔ ေသာ့္ဆီကိုေပးတဲ့စာေတြကို စာအိတ္မသုံးဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္စာေတြကို တျခားဖတ္လည္း အျမင့္တင့္ရေအာင္၊ ေသာ္ဖတ္ရင္လည္း မ်က္ႏွာမပူရေအာင္။ အခုလိုနည္းနဲ႔ ကိုယ့္ကိုယ္ကို စည္းတားထားတာ။"
"ဟို....အကို႔ဘက္က စည္းမတားထားလည္း ရေန.."
"ဟင့္အင္း။ ေသာ္လည္း စည္းမေက်ာ္လာနဲ႔ေနာ္။ ကိုယ္တားထားတဲ့ စည္းေတြထဲမွာ ထမင္းရည္ပူ စည္းလည္း ပါေသးတယ္။ ေသာ္ ထမရည္ပူ(ထမင္းရည္ပူ) ေလာင္မယ္..ဟားဟားဟား"
မ်က္ႏွာႏွစ္ခု ၾကားအကြာအေဝးက စကားပန္းတစ္ပြင္မွ်သာ၊ ထိုသို႔ေသာ အေနအထားေလးမွာ ဤသို႔ ႂကြယ္ျပၿပီး ရယ္ခ်ေလေတာ့ မ်က္ႏွာပူတာလိုလို၊ ရွက္တာလိုလို ျဖစ္လာရတာက ကြၽန္ေတာ္။
အကိုကေလ လူကို အေနခက္ေအာင္လုပ္ရတာကို သိပ္တတ္ႏိုင္လြန္း၊ သိပ္သေဘာက်လြန္းရွိသည္။
"ဟား ! ဟား! ဟား!"
အရယ္မရပ္ပဲ အခ်ိန္တိုးလို႔ ရယ္ခ်ေနတာေၾကာင့္ မေနတတ္ေတာ့သည့္ အဆုံးမွာ ကြၽန္ေတာ္ကပဲ အကိုေရွ႕ကေန ထသြားၿပီး....
"ေက်ာင္းသြားေတာ့မယ္။ အကိုလည္း ျပင္ေတာ့..."
"ေဟာဗ်ာ...အခုမွ ၇နာရီပဲကို။"
ၾကည့္ၾကည့္ ဒါ တမင္လုပ္ေနတာ။ ကြၽန္ေတာ္ ရွက္ေနလို႔ ထ,ထြက္သြားတာကို သိလ်က္နဲ႔ ကြၽန္ေတာ့္ကို တမင္ကလိေနပါတဲ့ ကြၽန္ေတာ့္ခ်စ္ရသူ အကိုေရာင္နီဝန္း။
"မသိဘူးဗ်ာ။ အကို အခုျပန္ၿပီး ေက်ာင္းသြားဖို႔လုပ္ေတာ့....."
"ဘာျဖစ္လို႔..."
"ေက်ာင္းသြားမို႔..."
"မဟုတ္ပါဘူး။ ေသာ္ ရွက္ေနလို႔ပါ "
အကိုတစ္ေယာက္ အရယ္မရပ္ပဲ ကြၽန္ေတာ့္ကိုပဲ ကလိေနေတာ့သည္မို႔...
"ရွက္ေနတာ ဟုတ္တယ္။ ဘာလို႔လဲ ဆိုေတာ့..."
" ေက်ာင္းေရာက္မွပဲ မနက္စာစားရေအာင္ေနာ္....ေသာ္။ ကိုယ္ျပန္ၿပီ။"
ဒီလိုက်ေတာ့ သိတယ္။ အကိုလူလည္ !
သူ႔အတြက္သူက် ဘယ္လိုေရွာင္ရမလဲဆိုတာသိတယ္။ ဘယ္လိုပဲ သိသိပါ။ တစ္ေန႔ေန႔ေတာ့ အကို႔ကို ကြၽန္ေတာ္ကိုယ္တိုင္ပဲ ကြၽန္ေတာ့္ႏႈတ္ကေန...
"ခ်စ္တယ္ !" လို႔ ေျပာဦးမည္။
ကြၽန္ေတာ့္ အခ်စ္စက္ဝန္းကေန အကိုဘယ္လိုမွ လြတ္ေအာင္ေရွာင္လို႔မရေစရ။ ဒါက ကြၽန္ေတာ္ သႏၶိဌာန္။