Worship Me, I Can Make You Ri...

By XiaoMaoMao55

509K 95.9K 4K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 33 (U+Z)

6.9K 1.3K 81
By XiaoMaoMao55

-Unicode-

အခန်း ၃၃: ရုပ်ဆိုးတော့ရော ဘာဖြစ်သေးလဲ။ လက်နက်တန်ဆာပလာမပါတဲ့သူက ခွေးဖြစ်တာပဲ!

ဟုန်ရှစ်ကျွင်း အခု စိတ်ထဲမှာ ဘယ်လောက်တောင် ထိတ်ပျာပြီး ဗြောင်းဆန်နေလဲဆိုတာ ဘယ်သူမှမသိဘူး။

ချန်ကျင့်ရွှယ် ရှောင်ဖော့လန်#4 ကို ထုတ်လိုက်တာကိုမြင်တော့ သူ့ခေါင်းထဲမှာ 'ဇီ' ဆိုတဲ့အသံပဲ ကြားတော့တယ်။

ရှောင်ဖော့လန်#4 နဲ့ ရှောင်ဖော့လန်#1 က အလွန်ဆင်တူတယ်။ အဆုံးစွန်ဆုံးပြောရရင် သူတို့နှစ်ရုပ်စလုံးကို ရှောင်ဖော့လန်ကို အတုခိုးပြီး လုပ်ထားတာပဲ။ ဟုန်ရှစ်ကျွင်းအတွက် ဒါကို သတိမထားမိဖို့က မဖြစ်နိုင်ဘူး။

ရှောင်ဖော့လန်#4 မှာ ကွာခြားနေတဲ့ တစ်ခုတည်းသောအချက်က သူက အိုဟောင်း စုတ်ပြတ်နေရမဲ့အစား တော်တော်လေး သစ်လွင်နေတာပဲဖြစ်တယ်။ အဲဒါက ကျွမ်းကျိုးက ပစ္စည်းအစိတ်အပိုင်းအသစ်တွေ တော်တော်များများကို အသုံးပြုခဲ့လို့ပဲ။

အမှိုက်ဂြိုလ်ကနေ သူကောက်လာတဲ့ အပိုပစ္စည်းတွေက သိပ်မရှိတော့ဘူး။ မြို့တော်ဂြိုလ်မှာ ဒီလိုအမှိုက်မျိုးတွေ မရှိဘူး။ သူက အစိတ်အပိုင်းတစ်ခုခုလိုချင်ရင် ဝမ်ရှောင်းယွင်က အကုန်လုံး သူ့အတွက် ရှာပေးတယ်။ ဒါကြောင့် ရှောင်ဖော့လန်#4 က တော်တော်သစ်လွင်နေပုံရတယ်။

ဟုန်ရှစ်ကျွင်းရဲ့နှလုံးသားမှာ ကြောက်ရွံ့ခြင်းလှိုင်းလုံးကြီး ကြီးထွားလာတယ်။

သူနားမလည်တာက ချန်ကျင့်ရွှယ်မှာလည်း ဘာဖြစ်လို့ ဒီစက်ရုပ်လေး ရှိနေတာလဲ။

ချန်ကျင့်ရွှယ်နဲ့ စက်ရုပ်ကို ဒီဇိုင်းထွင်တဲ့ အဲဒီလူက ဘယ်လိုဆက်နွယ်မှုမျိုး ရှိနေကြလဲ။

ဒါမှမဟုတ်... ချန်ကျင့်ရွှယ်လည်း ဒီစက်ရုပ်ကို ဝယ်ထားတာလား။

မဟုတ်ဘူး။ ချန်ကျင့်ရွှယ်က သူ့ကို 'ရင်းနှီးနေလား' ဆိုပြီး မေးတယ်။ ဆိုတော့ ဒါက ဘာကို ဖော်ပြနေတာလဲ။

သူက ဟုန်ရှစ်ကျွင်းလည်း ဆင်တူ စက်ရုပ်တစ်ရုပ်ကို ဝယ်ထားတယ်ဆိုတာ သိနေတယ်လို့ ဖော်ပြနေတာပဲ။ အဲဒါကြောင့် သူက ရင်းနှီးနေသလား ဆိုပြီး မေးတာပဲဖြစ်မယ်။

ဟုန်ရှစ်ကျွင်းရဲ့ အသားအရေက ချက်ချင်း ကြည့်မကောင်းရှုမကောင်း ဖြစ်သွားတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုရှိနေတဲ့ ဘယ်သူကမှ သူ့အသားအရေကို ဂရုစိုက်မနေဘူး။ အားလုံးရဲ့အကြည့်တွေက မက်ခါနဲ့ ရှောင်ဖော့လန်#4 ကိုပဲ အသေစိုက်ကြည့်နေကြတယ်။

မက်ခါက အမြင့် ၅ မီတာရှိတယ်။ ၎င်းကို အဆင့်မြင့်စနစ်တွေနဲ့ လက်နက်တွေ တပ်ဆင်ထားတယ်။ သူ့ရဲ့အပြင်ပန်း အသွင်အပြင်ကို အကဲဖြတ်ရုံနဲ့တင် အပြတ်သားနားကာ ခမ်းနားထည်ဝါပြီး အထင်ကြီးစရာကောင်းနေပြီ။

သူ့အရှေ့မှာတော့ ရှောင်ဖော့လန်#4 က ချန်ကျင့်ရွှယ်ရဲ့ ခါးလောက်ပဲမြင့်တယ်။ သူ့ကိုကြည့်ရတာ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ စက်ရုပ်လေးနဲ့တူနေတယ်။ ဒီလို အထင်ကြီးစရာကောင်းပြီး စွမ်းအားမြင့်မက်ခါတစ်စီးရှေ့မှာ သူက ပိုပြီး သေးငယ်ကာ ချစ်စရာကောင်းနေတယ်။

ပရိသတ်တွေအကုန်လုံးကို မပြောနဲ့ဦး၊ ဟုန်ရှစ်ကျွင်းရဲ့မက်ခါကို အစမ်းမောင်းနှင်နေတဲ့ ဖိုက်တာတောင်မှ နည်းနည်း မသေမချာဖြစ်နေတယ်။

"ဒုဗိုလ်ချုပ်ချန်၊ ဒါ... ကျွန်တော်တို့တွေ တကယ်ကြီး တိုက်ခိုက်ကြမှာလား" ဖိုက်တာက နည်းနည်း မရေမရာသံပေါက်နေတယ်။ သူက မက်ခါကို ခြေတစ်ဖက်မြှောက်အောင် ထိန်းချုပ်လိုက်ရုံနဲ့တင် စက်ရုပ်လေးကို ပန်ကိတ်တစ်ချပ်လို ချက်ချင်း အပြားလိုက်လုပ်မိသွားမှာ စိုးရိမ်နေတယ်။

နောက်ပြီး အပျော်တမ်းလက်ရည်ယှဉ်ပွဲက ဟုန်ရှစ်ကျွင်းတည်ဆောက်ထားတဲ့ ဒီချန်ပီယံမက်ခါရဲ့ လက်တွေ့အသုံးဝင်ပုံနဲ့ လုပ်ဆောင်ချက်တွေကို ပြသဖို့ပဲ။ အပျော်တမ်းအတွက်ဆိုပေမဲ့ ဒီလိုမျိုး ဖျော်ဖြေမှုမျိုးအတွက်ကတော့ မဖြစ်နိုင်ဘူးလေ။

အနည်းဆုံးတော့ တကယ့်မက်ခါအစစ်ကို ထုတ်လာစမ်းပါ။

မက်ခါ Vs စက်ရုပ်၊ စက်ရုပ်မှာမှ စက်ရုပ်အသေးစားလေ။ ဒါက သက်သက် လှောင်ပြောင်မှုအကြီးစားကြီးမဟုတ်ဘူးလား။

အကျယ်ကြီး ပြုံးလိုက်ပြီးနောက် ချန်ကျင့်ရွှယ်က ရှောင်ဖော့လန်#4 ရဲ့ စက်ရုပ်ခေါင်းကို ထိပြီး ပြောလိုက်တယ်: "4.0 သူက မင်းကို အထင်သေးနေတဲ့ပုံပဲ"

ခဏတန့်သွားပြီးနောက် ချန်ကျင့်ရွှယ်က ပြောတယ်: "အားလုံးကို ပြောဖို့မေ့နေတယ်။ ကျွန်တော့်မိသားစုရဲ့ 4.0က ဘယ်လောက်သေးလဲဆိုတာကိုပဲ မကြည့်ပါနဲ့၊ ဒါက စက်ရုပ်တစ်ရုပ်လို့ တကယ်တမ်း ယူဆလို့မရဘူး။ ဒါက တိုက်ခိုက်မှုစနစ်တွေ တပ်ဆင်ထားတဲ့ အသေးစား မက်ခါလေးပဲ။ ကျေးဇူးပြုပြီး သတိထားကြပါ၊ ဟုတ်ပြီလား~"

"မဖြစ်နိုင်ဘူး။ ဒါက မက်ခါတစ်စီးဆိုရင်တောင် သူက သေးလွန်းတယ်။ ဒုဗိုလ်ချုပ်ချန်က ဒါကို ဘယ်လိုလုပ် မောင်းမှာလဲ"

ချန်ကျင့်ရွှယ်က ပြုံးပြီး ဆက်ပြောတယ်: "စောင့်ကြည့်နေလိုက်ပါ"

သူ စကားပြောပြီးသွားတယ်။ အခုရှိနေတဲ့ ပရိသတ်တွေနဲ့ အွန်လိုင်းကနေ ကြည့်နေတဲ့သူတွေက တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။ တစ်ချိန်လုံး မလှုပ်မရှားဘဲရပ်နေတဲ့ ရှောင်ဖော့လန်#4 က နောက်ဆုံးတော့ စတင် လှုပ်ရှားလာတယ်။

အပြင်မှာ အပူလှိုင်းတစ်လုံး ပေါက်ကွဲထွက်လာတယ်။ #4 ရဲ့ စက်ရုပ်ခြေထောက်အောက်ကနေ အပြာရောင်အလင်းတန်း စတင်လောင်ကျွမ်းနေတယ်။ ပန်ကာတွေ လည်ပတ်လာပြီး #4 ဟာ ရုတ်ခြည်း လေထဲကို ပျံတက်သွားတယ်။ သူ့ရဲ့ စက်ရုပ်လက်ပေါ်မှာ နောက်ထပ် အလင်းတန်းတစ်တန်းက ထွန်းလင်းလာတယ်။

ပရိသတ်အကုန်လုံးက ထိတ်လန့်သွားတယ်: "ဒါက အလင်းမှုန်အမြောက်ဆန်ပဲ"

စကတည်းက အလင်းမှုန်အမြောက်ဆန်ကို ချက်ချင်းအသုံးပြုလိုက်တယ်ဆိုတော့ ဒါက နည်းနည်းလေး ရန်လိုလွန်းတယ်မလား။

'အေးခဲနှင်း' ကို အစမ်းမောင်းနှင်နေတဲ့ ဖိုက်တာမှာ အလွန်လျင်မြန်တဲ့ တုံ့ပြန်မှုမျိုးရှိတယ်။ သူက ခုခံတဲ့ဒိုင်းအကာကို အလျင်အမြန် ညှိယူလိုက်ပြီး တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။

ဒီစက်ရုပ်လေးက စက်ရုပ်မဟုတ်ဘဲ မက်ခါတစ်စီးဆိုတာ သိရင်တောင်မှ ပရိသတ်တွေအကုန်လုံးက ဒီလောက် သေးငယ်တဲ့မက်ခါလေးက တောင်တစ်လုံးလိုမက်ခါ 'အေးခဲနှင်း' ကို လှုပ်ခတ်နိုင်လိုက်မယ်လို့ မယုံသေးဘူး။

ဟုတ်တယ်။ ရှောင်ဖော့လန်#4 ရှေ့မှာ ဟုန်ရှစ်ကျွင်းတီထွင်ထားတဲ့ မက်ခါ အေးခဲနှင်းက တောင်တစ်လုံးလို မြင့်မားနေပုံပေါက်တယ်။

အလင်းမှုန်ရောင်ခြည်တန်းက အေးခဲနှင်းရဲ့ ဒိုင်းအကာပေါ်ကျသွားတယ်။ ဒိုင်းအကာက ပုံပြင်တွေထဲကလို မမျှော်လင့်ထားသလို ပျောက်ကွယ်သွားတာမျိုး မဟုတ်ဘူး။ အရင်က စစ်ဆေးသုံးသပ်ချက်ရလဒ်အတိုင်းပဲ အေးခဲနှင်းရဲ့ ခံစစ်အချက်အလက်တွေက A+ ဖြစ်တယ်။

အေးခဲနှင်းက စတင်၍ တန်ပြန်တိုက်ခိုက်လာတယ်။ သူ့ရဲ့လက်နက်ကိရိယာတွေကလည်း လက်ရှိဈေးကွက်ထဲမှာ ရနိုင်တဲ့ အလွန်အဆင့်မြင့်တဲ့လက်နက်စနစ်ပဲဖြစ်တယ်။ သူ့ရဲ့တိုက်စစ်အားက AA အဆင့်ထိရှိတယ်။ လူအများစုရဲ့ အမြင်မှာ ယင်းက ဒုံးကျည်တစ်လုံးပစ်လွှတ်လိုက်ရုံနဲ့ #4 ကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ဖို့လုံလောက်နေပြီ။

ဒါပေမဲ့ အေးခဲနှင်းက ပစ်မှတ်ကို လွဲသွားတယ်။

#4 ရဲ့အလျင်က အလွန်မြန်ဆန်တယ်။ ထို့နောက် သူ့ခန္ဓာကိုယ်အရွယ်အစားက အလွန်သေးငယ်တယ်ဆိုတဲ့ အချက်ကို ထည့်ပေါင်းလိုက်တော့ အေးခဲနှင်းကို မောင်းနှင်နေတဲ့ ဖိုက်တာက ရှင်းရှင်းလင်းလင်း မမြင်ရတော့တာတင်မကဘူး။ ပရိသတ်တွေဆိုရင် သူ့အရိပ်ကိုတောင် မမြင်ရတော့ဘူး။

သူနောက်တစ်ခါ အရှိန်နှေးလိုက်တဲ့အခါမှ သူ့လက်ပေါ်က အလင်းမှုန်အမြောက်ဆန်ရဲ့ အားပြန်ဖြည့်ချိန်ကလည်း ကုန်သွားပြီးဖြစ်တယ်။ အလင်းမှုန်ရောင်ခြည်တန်းက ထပ်ပြီး ပစ်လာတယ်။

ဒီမြင်ကွင်းကို တွေ့တော့ မက်ခါခန်းထဲက ဖိုက်တာက အလျင်အမြန် ခံစစ်စနစ်ကို အသက်သွင်းလိုက်ပြီး ကြားဖြတ်တိုက်ဖို့ ဒိုင်းကာကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူ့လက်ရဲ့အလျင်က 0.05 စက္ကန့်လောက် နှေးနေပြီး ဒိုင်းကာ လုံးလုံး မဖွင့်ရသေးခင် 'ဘုံး' ဆိုတဲ့အသံနဲ့အတူ အလင်းရောင်ခြည်တန်းက သူ့ပစ်မှတ်ကို မှန်သွားပြီ။

ဒါတင်မကသေးဘူး။ ဒုတိယရောင်ခြည်တန်းကလည်း ပထမရောင်ခြည်တန်းမှန်သွားတဲ့ နေရာကို ၁၀၀ ရာခိုင်နှုန်း တိကျမှုမျိုးနဲ့ ကွက်တိ ထိမှန်သွားတာများ နည်းနည်းလေးတောင် နေရာမရွေ့သွားဘူးဆိုတာကို ဖိုက်တာက အံ့ဩတကြီး တွေ့လိုက်ရတယ်။

ဒီတစ်ခေါက်မှာတော့ မက်ခါရဲ့ဒိုင်းကာက အပြင်းအထန် ခါယမ်းသွားတယ်။ ဖိုက်တာရဲ့ရင်ထဲမှာလည်း တစ်ချိန်တည်းမှာ တုန်ခါသွားတယ်။

ဒီလောက်တိကျတဲ့ ထိန်းချုပ်မှု၊ ဒီလောက် တိကျတဲ့ ပစ်မှတ်ချိန်တွယ်မှုမျိုး။

တကယ်တမ်း သူ့လက်ရဲ့အလျင်ကတော့ အလွန်လျင်မြန်တယ်လို့ သက်မှတ်လို့ရတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့အတွေးက အမြဲတမ်း သူတို့လက်ထက် ပိုလျင်မြန်တယ်။ လူတစ်ယောက်ရဲ့ကိုယ်ကို ဦးနှောက်ရဲ့အတွေးနဲ့ ထိန်းချုပ်ထားတယ်။ ခြေလက်လေးဖက်ကို သတင်းပြန်ပို့ပြီးနောက် အတွေးတွေက အရှိန်နှေးသွားပြီးပြီ။

သူတို့ ဒီမီနီမက်ခါလေးကို အထင်သေးမိတယ်ဆိုတာကို ပရိသတ်က တဖြည်းဖြည်းချင်း သိလာတယ်။ တကယ်တမ်း အခုလက်ရှိ အရေးနိမ့်နေတာ မက်ခါ အေးခဲနှင်းဖြစ်နေလိမ့်မယ်လို့ ဘယ်သူကမှ တစ်ခါမှ မတွေးဖူးဘူး။

တိုက်ရိုက်ကြည့်ရှုနေတဲ့ ချက်စခရင်ပေါ်မှာ စကားလုံးတွေနဲ့ လုံးဝ ဖုံးကာသွားတယ်:

"အိုး လခွမ်း ဘာတွေဖြစ်နေတာလဲ! ဒီမီနီမက်ခါလေးက တကယ်ကြီး အရမ်း စွမ်းအားကြီးတာပဲ"

"ဒီမက်ခါ အေးခဲနှင်းက ဘာတွေဖြစ်နေတာလဲ၊ ဒီလောက် တုံ့ပြန်မှုနှေးကွေးရသလား။ အစမ်းမောင်းနေတဲ့ ပိုင်းလော့က မတော်လို့လား"

"အစမ်းမောင်းတဲ့ ပိုင်းလော့ကို မစော်ကားကြစမ်းနဲ့၊ ဒီအေးခဲနှင်းကလည်း အရမ်း တုံ့ပြန်မှု နှေးလွန်းနေတာ မဟုတ်ဘူး။ အဲဒီမက်ခါလေးက လှုပ်ရှားတာ အရမ်းမြန်နေတာ"

"ဒီမက်ခါလေးကို တစ်ယောက်ယောက်က မောင်းနှင်နေတာမဟုတ်ဘူးလား။ ကွန်ပျူတာကိုက အလိုအလျောက် တိုက်ခိုက်ဖို့၊ ခုခံဖို့ ထည့်သွင်းထားတာလား"

"မဖြစ်နိုင်ဘူး။ အလိုအလျောက် တိုက်ခိုက်တာနဲ့ ခုခံတဲ့ ကစားကွက်တွေက ဒီလောက် မမြန်နိုင်ဘူး"

"အပေါ်ကလူပြောတာ မှန်တယ်။ မက်ခါတွေက ဘာဖြစ်လို့ မောင်းနှင်သူလိုအပ်တာလဲ။ ရုတ်တရက် ဆုံးဖြတ်ချက်အပြောင်းအလဲတွေ အများကြီး လုပ်ရလို့မလား။ လူသားတွေက လက်ရှိအခြေအနေရဲ့ အချက်အလက်တွေကို သုံးသပ်ပြီး ဆုံးဖြတ်နိုင်ပေမဲ့ မက်ခါတွေကတော့ ကြိုတင်ပရိုဂရမ်ထည့်သွင်းထားတဲ့ လမ်းညွှန်ချက်တွေကိုပဲ သုံးပြီးတော့ လေ့လာသုံးသပ်နိုင်တယ်။ လုပ်ဆောင်တဲ့လမ်းစဉ်က ဒီလောက် မမြန်နိုင်ဘူး"

"အပေါ်ကလူက တကယ်ရယ်ရတာပဲ။ မင်းတို့ကောင်တွေက ကွန်ပျူတာရဲ့ဦးနှောက်က မင်းတို့လောက် မမြန်ဘူးလို့ ပြောနေတာလား"

"ရယ်ရတာက မင်းကွ၊ မင်းရဲ့ စိတ်စွမ်းအားအဆင့်က B အောက်မှာပဲဖြစ်ရမယ်။ လူတစ်ယောက်ရဲ့ စိတ်စွမ်းအားအဆင့်က A+ အဆင့်ရောက်သွားတာနဲ့ လူသားအသွင်ကွန်ပျူတာတွေ ဖြစ်သွားတယ်ဆိုတာ မင်းမသိဘူးလား"

"အမှန်ပဲ။ မဟုတ်လို့ရှိရင် မက်ခါမောင်းနှင်တဲ့နေရာမှာ ဘာကိစ္စ စိတ်စွမ်းအားကို လိုအပ်တယ်လို့ ထင်လဲ။ စိတ်စွမ်းအားအဆင့်မြင့်လေလေ၊ လက်အလျင်က ပိုမြန်တာ ဘာလို့လဲကွ"

"အားးး မင်းတို့တွေ ဆက်ပြီး ငြင်းခုံနေလိုက်၊ ငါကတော့ ဒီရန်လိုပေမဲ့ ချစ်စရာကောင်းတဲ့ မက်ခါလေးကိုပဲ အထင်ကြီးလေးစားပါရစေ၊ အရမ်းစွမ်းအားကြီးတာပဲ။ ဘယ်မှာဒီလိုတစ်ရုပ်လောက် ဝယ်လို့ရလဲ တကယ်သိချင်တယ်"

နေရာမှာလက်ရှိရှိနေတဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက်ကြည့်ရှုနေတဲ့လူတွေအားလုံးက အတူတူ တက်ကြွစွာ ဆွေးနွေးနေကြတယ်။ ကယ်လုအန်းလည်း မှတ်ချက်ချလိုက်တယ်: "သူငယ်ချင်းလေး ရှောင်ဖော့လန်#4 ကို ဒီလိုမျိုး ပြင်ဆင်ဖို့ ဘယ်လိုစဉ်းစားလိုက်တာလဲ။ သူ့ရဲ့ လက်နက်စနစ်အတွက် ဒီဇိုင်းကရောဘာလဲ။ ငါသိသလောက် အလင်းမှုန်အမြောက်ဆန်ရဲ့ ကျည်အရွယ်အစားက ရှောင်ဖော့လန်#4 ရဲ့ ခေါင်းလောက်တောင်ရှိတယ်။ အဲဒါကို ဘယ်လိုချုံ့လိုက်တာလဲ"

ကျွမ်းကျိုးက ချက်ချင်း ကြွားဝါလိုက်တယ်: "ဝမ်ရှောင်းယွင် ကျွန်တော့်အတွက် သီးသန့်လုပ်ပေးထားတာ။ သူ့ကို ကျွန်တော့်ရဲ့ အတွေးပြောပြလိုက်တော့ တစ်ရက်အတွင်း ယူလာပေးတာပဲ"

ကယ်လုအန်းက ဝမ်ရှောင်းယွင်ကို ကြည့်လိုက်တယ်။

ဝမ်ရှောင်းယွင်က တည်ငြိမ်မှုအပြည့်နဲ့ : "အင်း စစ်တပ်က တီထွင်မှုအသစ်လေ၊ ရှေ့တန်းက လက်နက်တွေရဲ့အလေးချိန်ကို လျှော့ချဖို့ သူတို့ကို ချုံ့ထားတာ။ ဒါပေမဲ့ ပါဝါနဲ့ အင်အားကတော့ ဒီလိုပဲ အရင်ထက်ပိုပြင်းထန်တယ်"

ကယ်လုအန်းက အားကျစွာ ပြောလိုက်တယ်: "ငါပြန်ရောက်ရင် ငါလည်း နည်းနည်းလျှောက်ထားရမယ်"

သူနဲ့ ကျွမ်းကျိုးက အတူတူမဟုတ်ဘူး။ သူက စစ်တပ်နဲ့ အဆက်အသွယ်လုံးဝမရှိဘူး။ သူက စစ်တပ်ကနေ သူတို့အတွက် မက်ခါတီထွင်ပေးဖို့ အမှာစာရမှသာ မက်ခါတွေမှာ တပ်ဆင်ဖို့ စစ်တပ်ကနေ လက်နက်ကိရိယာကို လျှောက်ရတာဖြစ်တယ်။

သူတို့အတွက် မက်ခါလုပ်ပေးဖို့အတွက်ပဲလေ။ သေချာပေါက် မက်ခါမှာတပ်ဆင်ဖို့ လက်နက်တွေပေးဖို့ မငြင်းပယ်လောက်ပါဘူး။

စတိတ်စင်ပေါ်က တိုက်ပွဲက အထွတ်အထိပ်ရောက်နေပြီ။ တိုးတက်မှုကို ကြည့်နေတဲ့ ကျွမ်းကျိုးကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေတယ်။

သူက ရှောင်ဖော့လန်ကို ကောက်ယူလိုက်ပြီး တောက်ပပြီး တလက်လက်ထနေတဲ့ မျက်လုံးတွေနဲ့ ပြောတယ်: "ရှောင်ဖော့လန်၊ #4 ကို အရှေ့မှာ သွားအားပေးရအောင်"

"ကျိုးကျိုးရေ" ဝမ်ရှောင်းယွင်က သူ့ကို မျက်ခုံးတွေ အနည်းငယ် တွန့်ချိုးလျက် ခေါ်လိုက်တယ်။

ကျွမ်းကျိုးက သူ့ကို ပြုံးပြလိုက်တယ်: "မစိုးရိမ်ပါနဲ့ အရှေ့မှာ တစ်ချက်သွားကြည့်ပြီး ပြန်လာမှာပါ။ ရှောင်ဖော့လန်ကို #4 က ဘယ်လောက်အင်အားကြီးလဲဆိုတာ ပြဖို့ အခွင့်အရေးကောင်းပဲ"

ရှောင်ဖော့လန်: "........."

ဟက်၊ ငါက တကယ် အဲဒါကို ကြည့်ချင်တယ်လို့ ထင်နေတာလား။

#4 ရဲ့ အလှဆင်ထားတဲ့ပုံစံက သောက်ရမ်းရုပ်ဆိုးလွန်းတယ်။

နောက်ပြီး လက်နက်စနစ်တဲ့လား။

ဟားဟား ငါ့လိုမျိုးမိစ္ဆာက ဒီလိုပစ္စည်းမျိုးကို လုံးဝတန်ဖိုးမထားပါဘူးနော်။

ငါတကယ်သောက်ရမ်း.....

ငါလည်း ဒီလိုကိရိယာမျိုးနဲ့ ပုံစံအသစ်အနေနဲ့ ပြန်တည်ဆောက်ခံချင်တာပဲလေ!! (T/N သူပဲအမျိုးမျိုး)

ရုပ်ဆိုးတော့ရော ဘာဖြစ်သေးလဲ။ လက်နက်တန်ဆာပလာမပါတဲ့သူက ခွေးဖြစ်တာပဲ!

ကျွမ်းကျိုးမျက်လုံးထဲမှာ မျှော်လင့်နေတဲ့အရိပ်အယောင်တွေ ပြည့်နေတာကိုတွေ့တော့ ဝမ်ရှောင်းယွင်က သူ့ကို ထပ်ပြီး မတားတော့ဘူး။

ဒါပေမဲ့ ကျွမ်းကျိုး စတိတ်စင်ကို ပြေးသွားပြီးနောက် သူ လက်ဟန်ပြလိုက်တယ်။ လူအုပ်စုကြီးထဲမှာ လူတချို့က ကျွမ်းကျိုးရဲ့ လက်လှမ်းမီရာနေရာအထိ အမူအရာကင်းမဲ့စွာ တိုးကပ်သွားကြတယ်။

စတိတ်စင်ပေါ်က ဘေးကင်းတဲ့နေရာ

သူထွင်ထားတဲ့မက်ခါ ခက်ခဲတဲ့အခြေအနေအထိ ထိုးကျသွားတာကို မြင်ရပြီး ရှောင်ဖော့လန်#4 ရဲ့အင်အားအရာမှာ ဖိနှိပ်ခံထားရတာကို တွေ့တော့ ဟုန်ရှစ်ကျွင်းရဲ့ မျက်နှာအမူအရာက ပိုပိုပြီး ဆိုးရွားလာတယ်။

အဆုံးမှာတော့ ရှောင်ဖော့လန်#4 က သေချာပေါက် အနိုင်ရနိုင်တာကို မြင်တော့ ချန်ကျင့်ရွှယ်က #4 နဲ့ စိတ်စွမ်းအားချိတ်ဆက်ထားတာကို လွှတ်ပေးလိုက်ပြီး #4 ကို သူ့ဘာသာ မောင်းနှင်ခွင့်ပေးလိုက်တယ်။

ဒါပေမဲ့ စတိတ်စင်ပေါ်မှာ ဒီအတိုင်း ရပ်နေရတာ ပျင်းနေတော့ ဘာလုပ်ရမလဲ။

ချန်ကျင့်ရွှယ်က နောက်လှည့်ကြည့်လိုက်တယ်။ ဟုန်ရှစ်ကျွင်းရဲ့ ဖြူဖျော့နေတဲ့အသားအရေနဲ့ မျက်နှာပေါ် ချွေးအေးတွေ အလုံးလိုက်စီးကျလာတာကို ကြည့်ပြီး ချန်ကျင့်ရွှယ်က ပြုံးပြီးပြောတယ်: "အိုင်းယား မိတ်ဆွေ မကြောက်ပါနဲ့ မကြောက်ပါနဲ့၊ ဒါက အပျော်တမ်းပြိုင်ပွဲပါပဲ၊ တစ်ယောက်ယောက်သေသွားတာမှ မဟုတ်ပဲ ဟုတ်တယ်မလား"

ဟုန်ရှစ်ကျွင်းရဲ့ မျက်နှာအမူအရာက ပိုပြီး ဆိုးရွားလာတယ်။ သူက ပင့်သက်တစ်ချက်ရှိုက်သွင်းလိုက်ပြီး ဖိကြိတ်ထားတဲ့အသံနဲ့ ပြောတယ်: "ဒုဗိုလ်ချုပ်ချန်... ဘာ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ"

ချန်ကျင့်ရွှယ်က အပြစ်ကင်းစွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်: "ငါက ဘာစီစဉ်ထားလို့လဲ။ မိတ်ဆွေ မင်းဘာတွေ ပြောနေတာလဲ ငါနားမလည်ဘူး"

သူ့သွားကြားကနေ လိမ်ညာပြောနေတာကို တွေ့တော့ ဟုန်ရှစ်ကျွင်းက စိတ်ထဲမှာ ချောက်ချားလာသလို စိတ်လည်းတိုလာတယ်။

တစ်ဖက်လူက သေချာပေါက် သိထားပြီးပြီ။ သူ့ရဲ့စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်က စက်ရုပ်တီထွင်တဲ့ လူတစ်ယောက်တည်းကနေ လာတယ်ဆိုတာ သိထားတယ်။ သူက စတိတ်စင်ပေါ်ကို တက်လာလာချင်း ခြိမ်းခြောက်ပြသနေပြီးမှ အခုမှ တုံးအချင်ယောင်ဆောင်နေတာလား။

ဟုန်ရှစ်ကျွင်းက အံကြိတ်လိုက်တယ်။ ဒါပေမဲ့ ပြိုင်ပွဲက ပြီးခါနီးနေပြီ။ သူက ချန်ကျင့်ရွှယ် စတိတ်စင်ပေါ်တက်လာပြီး ဘာလုပ်ဖို့ စီစဉ်ထားတာလဲ သူမသိဘူး။ ချန်ကျင့်ရွှယ် စီစဉ်ထားတဲ့အတိုင်း မလုပ်နိုင်ခင် ဒီခန့်မှန်းလို့မရတဲ့အချက်ကို သူဖယ်ရှားပစ်ရမယ်။

လူတွေအများကြီးအရှေ့မှာ ဟုန်ရှစ်ကျွင်းက ဘာတစ်ခုမှ အလွန်အကျွံမလုပ်ရဲဘူး။ သူက ချန်ကျင့်ရွှယ်အရှေ့ကို လျှောက်သွားပြီး သူ့အသံကို ပိုပြီး နှိမ့်ချပြောလိုက်တယ်: "ဒုဗိုလ်ချုပ်ချန် ကျွန်တော်က ဘယ်လိုအဆင့်အတန်းမျိုးလဲဆိုတာ ခင်ဗျားသိမှာပါ"

ချန်ကျင့်ရွှယ်က တည်ငြိမ်လေးနက်စွာနဲ့ ပြောတယ်: "သေချာပေါက် သိတာပေါ့"

ဟုန်ရှစ်ကျွင်းက လေးလံတဲ့အသံနဲ့ ပြောတယ်: "ကျွန်တော့်ရဲ့ဟုန်မိသားစုက ထင်ပေါ်ကျော်ကြားတဲ့ မှူးမျိုးမတ်နွယ်တွေပဲ၊ ကျွန်တော့်အန်တီက ဘယ်ရွန်ကတော်ပေါ်သွင့်ပဲ။ မြို့စားကြီးရဲ့ ညီငယ်လေးကလည်း ပထမတပ်ဖွဲ့က တပ်ဖွဲ့မှူး။ ဒါက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်တယ်မလား"

ချန်ကျင့်ရွှယ်က မျက်တောင်ခတ်လိုက်တယ်: "အော် ဘာများဆိုလိုတာပါလိမ့်"

သူတုံးအချင်ယောင်ဆောင်နေတာကို ကြည့်ပြီး ဟုန်ရှစ်ကျွင်း စိတ်ထဲကနေ မုန်းတီးလာတယ်။ ဒါပေမဲ့ ခေါင်းမာစွာနဲ့ ပြောလိုက်သေးတယ်: "ခင်ဗျားမေ့သွားပြီလား၊ အခုဆို ဝမ်ရှောင်းယွင် စွမ်းအင်ဓာတ်ရောင်ခြည်သင့်ခံထားရတယ်။ သူ့စိတ်စွမ်းအားက ဆက်တိုက်ကျနေတာ၊ တတိယတပ်ဖွဲ့ အဖွဲ့မှူးနေရာမှာ ကြာကြာထိုင်ရမှာ မဟုတ်တော့ဘူး။ သူဒီနေရာမှာ အခုထိရှိနေသေးတဲ့ အကြောင်းရင်းက အင်းဆက်ဘုရင်မကို သတ်တဲ့နေရာမှာ ဂုဏ်ထူးဆောင်ထားလို့ပဲ၊ ဆိုတော့ အခုလက်ရှိ ဘာအစီအစဉ်မှ မရှိဘူး"

ချန်ကျင့်ရွှယ်မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်: "အိုး အဲဒီတော့ ဘာလဲ"

ဟုန်ရှစ်ကျွင်းက ချန်ကျင့်ရွှယ် သူပြောနေတာကို နားထောင်လာပြီလို့ ထင်ပြီး အေးစက်စက် လှောင်လိုက်တယ်: "ဒုဗိုလ်ချုပ်ချန် စဉ်းစားကြည့်ဖူးလား။ ခင်ဗျားက ဝမ်ရှောင်းယွင်ရဲ့ ဒုဗိုလ်ချုပ်၊ တတိယတပ်ဖွဲ့ရဲ့ ဒုတပ်မှူး။ ဝမ်ရှောင်းယွင်ထွက်သွားတာနဲ့ ခင်ဗျားက တတိယတပ်ဖွဲ့မှာ အားအကြီးဆုံးသူဖြစ်သွားပြီ။ ခင်ဗျား ဒီနေရာကို မလိုချင်ဘူးလား၊ ဒါမှမဟုတ် တခြားကြုံရာတစ်ယောက်ကို လွှဲပေးလိုက်ပြီး တပ်ဖွဲ့မှူးဖြစ်စေချင်နေတာလား။ ခင်ဗျား စကားတစ်ခွန်းပဲပြောလိုက် ဟုန်မိသားစုက ခင်ဗျားကို ထောက်ပံ့ပေးလို့ရတယ်။ ဘယ်ရွန်ပေါ်သွင့်ရဲ့ ညီလေး၊ ပထမတပ်ဖွဲ့က တပ်ဖွဲ့မှူးကလည်း ခင်ဗျားအဲဒီနေရာမှာ အတည်တကျထိုင်နိုင်အောင် ထောက်ပံ့ပေးမှာပါ"

ချန်ကျင့်ရွှယ်က တဟားဟားနဲ့ နှစ်ကြိမ်တိုင် ရယ်လိုက်တယ်: "ကြည့်ရတာ ဟုန်သခင်လေးရဲ့ ဂုဏ်သတင်းက အရမ်းခမ်းနားတာပဲ။ မင်းစကားတစ်ခွန်းနဲ့တင် ဘယ်ရွန်ပေါ်သွင့်နဲ့ ပထမတပ်ဖွဲ့ တပ်ဖွဲ့မှူးက ကျွန်တော့်ကို ထောက်ပံ့ပေးမှာလား"

ဟုန်ရှစ်ကျွင်းက ဆိုတယ်: "သေချာတာပေါ့၊ ခင်ဗျားလုပ်ချင်လား၊ မလုပ်ချင်ဘူးလားဆိုတာမှာပဲ မူတည်တယ်"

ခဏရပ်လိုက်ပြီးနောက် ဟုန်ရှစ်ကျွင်းက ဆက်ပြောတယ်: "ဗိုလ်ချုပ်ကြီးဝမ်က အမှိုက်ဂြိုလ်က ဓာတ်ရောင်ခြည်အောက်မှာ အကာအကွယ်မရှိဘဲ အကြာကြီး လုံးဝ ထိတွေ့လာခဲ့တာလို့ ကြားတယ်။ သူတွေ့ကြုံခဲ့တဲ့ ညစ်ညမ်းမှုတွေက နည်းမှာမဟုတ်ဘူး။ ရက်အနည်းငယ်အတွင်းမှာ SSS အဆင့်ကနေ S အဆင့်ကို ကျသွားပြီ။ နောက်နှစ်လဆိုရင် သူ့စိတ်စွမ်းအားက S အဆင့်တောင် ရှိပါတော့မလား။ ခင်ဗျားက လူတိုင်းထက် ပိုနားလည်ပါတယ်။ ဆိုးဆိုးရွားရွား အဆိပ်သင့်ထားတဲ့သူတွေက အသုံးမကျတဲ့အမှိုက်တစ်စလို ဘဝဆုံးသွားတာမဟုတ်ရင် အခြေခံအားဖြင့်တော့ သေဖို့ စောင့်နေတာပဲ။ သူက အသုံးမကျတဲ့ အမှိုက်တစ်စဖြစ်သွားတာနဲ့ ဒါမှမဟုတ် သူသေသွားတာနဲ့၊ တတိယတပ်ဖွဲ့က အားလုံး ခင်ဗျားအပိုင်ဖြစ်သွားမှာမလား--"

သေချာတာပေါ့ အဲဒီအတွက် ကြိုတင်သတ်မှတ်ချက်ကတော့ ချန်ကျင့်ရွှယ်က ဒီနေ့စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်နဲ့ ပတ်သက်တဲ့အကြောင်းကို သူ့ဗိုက်ထဲမှာပဲ လုံးဝ ပုပ်သိုးသွားအောင် သိမ်းထားရမှာပေါ့။

ကျွမ်းကျိုးက ရှောင်ဖော့လန်#4 က ဟုန်ရှစ်ကျွင်းလုပ်ထားတဲ့ မက်ခါကို လုံးဝတစ်ဖက်သတ် အပြတ်အသတ်ကျွေးနေတာကို မြင်ချင်တာ။ အရင်က သူကအနောက်ဘက် အဝေးကြီးမှာ ထိုင်နေတော့ စခရင်ကြီးမှာပဲ ကြည့်လို့ရတယ်။ အခု သူ့ရဲ့တန်ခိုးအာရုံကို ဖြန့်ကျက်လိုက်ပြီး ပြိုင်ပွဲခန်းမတစ်ခုလုံးကို သူ့ရဲ့တန်ခိုးအာရုံနဲ့ လွှမ်းခြုံလိုက်တယ်။ ဒီနည်းနဲ့ဆိုရင် ရှောင်ဖော့လန်#4 ရဲ့ လှုပ်ရှားမှုအသေးစိတ်အကုန်လုံးကို သူရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်။

မမျှော်လင့်စွာနဲ့ သူက ပြိုင်ပွဲစတိတ်စင်အောက်ကနေ ဖြတ်အသွား ဟုန်ရှစ်ကျွင်းရဲ့ စကားတွေကို ကြားလိုက်တယ်။

ကျွမ်းကျိုးရဲ့ ပြုံးနေတဲ့ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားတယ်။

ဒီလူက ဝမ်ရှောင်းယွင်အကြောင်း ဒီလို ပြောရဲတယ်ပေါ့!

ပြီးတော့ ဒီလောက်ပြင်းထန်တဲ့ မိစ္ဆာစိတ်ပုပ်စိတ်ယုတ်တွေနဲ့!

ဒီတစ်ခါတော့ သူတကယ်ကို စိတ်တိုနေပြီ!

ဟုန်ရှစ်ကျွင်းရဲ့ မတူတဲ့အယူတွေ မျိုးစေ့ချပေးဖို့ ကြိုးစားနေတာကို ကြားတော့ ချန်ကျင့်ရွှယ်က ပိုပိုပြီး ရွံရှာစက်ဆုပ်လာတယ်။ သူက ရှောင်ဖော့လန်#4 ကို ပြန်ခေါ်ပြီး ဟုန်ရှစ်ကျွင်းကို နေရာမှာတင် အပုပ်တွေဖော်ဖို့ လုပ်တော့မယ့်အချိန်မှာပဲ ရုတ်တရက် သူ့ခေါင်းထဲမှာ အသံတစ်သံ ကြားလိုက်ရတယ်။

"ချန်ကျင့်ရွှယ် ခင်ဗျား သူလုပ်ထားတဲ့ မက်ခါကို နည်းနည်းချင်းစီ အပိုင်းအစဖြစ်အောင် လုပ်စေချင်တယ်!"

ချန်ကျင့်ရွှယ်က ရုတ်တရက် ထခုန်လိုက်မိတယ်။ ဒီအသံက ကျွမ်းကျိုးအသံပဲ ဒါပေမဲ့ သူ့ခေါင်းထဲမှာ ပြတ်ပြတ်သားသားကြီး ပဲ့တင်ထပ်နေတယ်။

သူ့ဘေးက ဘယ်သူကမှ ဒါကို မကြားလိုက်ဘူးဆိုတာ သူအရမ်းသေချာသိနေတယ်။ သူတစ်ယောက်ပဲကြားတယ်။ ကျိုးကျိုး ဒါဘယ်လိုလုပ်လိုက်တာလဲ။

ချန်ကျင့်ရွှယ်မှာ ဒါကို အချိန်ယူစဉ်းစားနေချိန်မရဘူး။ ကျိုးကျိုးက ဒါကို ပြောပြီးသွားတာနဲ့ သူ့နှလုံးသားထဲမှာ နှိုးဆော်မှုတစ်ခု လှိုက်တက်လာတာကို သိလိုက်ရတယ်: ကျိုးကျိုးပြောတဲ့အတိုင်း သူလုပ်ရမယ်။ ဒီတာဝန်ကို ပြီးအောင်လုပ်ရမယ်! သူ့ကို စိတ်ပျက်စေလို့ မရဘူး!

သူက ရှောင်ဖော့လန်#4 နဲ့ စိတ်ဆက်သွယ်လိုက်ပြီး ဒီဖျော်ဖြေရေးပွဲရဲ့ အရှိန်ကို ပြောင်းလိုက်တယ်။ ပြိုင်ပွဲမြင်ကွင်းကလည်း ဒါကြောင့် ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်လျှမ်းသွားတယ်။

ကျိုးကျိုးစိတ်ထဲကနေ ပြောလိုက်တဲ့ စကားလုံးတွေလိုပဲ ပရိသတ်တွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေသူတွေအားလုံးက မက်ခါအသေးလေးက ဟုန်ရှစ်ကျွင်းထွင်ထားတဲ့ သူ့ထက် အဆပေါင်းများစွာကြီးမားတဲ့ မက်ခါကြီး 'အေးခဲနှင်း' ကို ဖြည်းဖြည်းချင်း အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် တစ်စစီဖြုတ်နေတာကို မျက်လုံးပြူးပြီး ကြည့်နေကြတယ်။

ပရိသတ်တွေအကုန်လုံးက ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။

အဲဒီအချိန်မှာ အေးခဲနှင်း တစ်စစီမဖြစ်သွားခင်လေးတင် ဟုန်ရှစ်ကျွင်းက တစ်ခုခုသိလိုက်ပုံရတယ်။ သူက ပြိုင်ပွဲကို ရပ်ဖို့ အော်လိုက်ချင်ပေမဲ့ ရုတ်တရက် သူက အသံတစ်သံတောင် မထွက်နိုင်ဘူးဆိုတာ သိလိုက်ရတယ်။

သူ့လည်ချောင်းမှာ တစ်ခုခုတစ်ဆို့နေပုံရပြီး သူဘာတစ်ခွန်းမှ မပြောနိုင်ဘူး။

ကျွမ်းကျိုးက တိတ်တိတ်လေး ရေရွတ်လိုက်တယ်: "ဒီလောက် ဆိုးရွားတဲ့စကားတွေကို ပြောနေမှတော့ စကားလုံးဝ မပြောခိုင်းရုံပဲ၊ ကြားနေရရုံနဲ့တင် စိတ်တိုအောင်လုပ်တယ်!"

ဘယ်သူကမှ ဝမ်ရှောင်းယွင်ကို ဒီလိုမျိုး ပြောခွင့်မပေးနိုင်ဘူး!

သူခွင့်မပြုဘူး!

ဟုန်ရှစ်ကျွင်းက ပြိုင်ပွဲကို ရပ်တန့်ပေးဖို့ မပြောနိုင်ဘူး။ ပရိသတ်တွေနဲ့ ဒိုင်တွေက အားလုံး မက်ခါ အေးခဲနှင်းမှာ မကိုင်တွယ်ရသေးတဲ့ ဝှက်ဖဲတစ်ခု ရှိနေသေးတယ်လို့ ယူဆလိုက်ပြီး တွေးနေကြတယ်: သေချာပေါက် ဟုန်ရှစ်ကျွင်းက ဒီပြိုင်ပွဲကို မရပ်ခိုင်းသေးလောက်ဘူး။

ဒါနဲ့ အားလုံးက မက်ခါ အေးခဲနှင်း အပိုင်းအစတွေအဖြစ် စုတ်ဖြဲခံလိုက်ရတာကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ဟုန်ရှစ်ကျွင်းကတော့ အစကနေ အဆုံးအထိ ဘာမှ မပြောလာဘူး။

ဆန့်ကျင်ဘက်အနေနဲ့ သူ့မျက်နှာက နီရဲလာပြီး လည်ပင်းကို စိတ်ဆိုးမာန်ဆိုးနဲ့ ဆုပ်ကိုင်ထားကာ ရှက်လွန်းလို့ ဒေါသူပုန်ထနေသလိုမျိုး နေရာအနှံ့မှာ ခုန်ပေါက်နေတော့တယ်။

ပရိတ်သတ်တွေရဲ့ မျက်စိအောက်မှာပဲ အေးခဲနှင်းက ရှုံးနိမ့်သွားတယ်!

ခါးအမြင့်လောက်ပဲရှိတဲ့ မီနီမက်ခါလေးကို ရှုံးသွားတယ်!

ပရိသတ်တွေအားလုံးက လုံးဝကြီး ငြိမ်ကျသွားတယ်။

ဒါပေမဲ့ အလွန်လျင်မြန်စွာပင် အားလုံး ပြန်ကောင်းလာကြတယ်။ အရှုံးက အရှုံးပဲ။ အေးခဲနှင်းရဲ့ ထိတ်လန့်စရာကောင်းတဲ့ တန်ဖိုးက သူ့ရဲ့တိုက်စစ်စွမ်းရည်မှမဟုတ်ပဲ။ ဓာတ်ရောင်ခြည်အားလုံးကို ကာရံထားနိုင်တဲ့ တပ်ဆင်စနစ်ပဲလေ။

အစီအစဉ်မှူးက ကသိကအောက်ဖြစ်စွာနဲ့ ရှေ့တိုးကာ ပြိုင်ပွဲရလဒ်ကို ကြေညာဖို့ လုပ်နေချိန်မှာပဲ ရှောင်ဖော့လန်#4 က စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကို ကြမ်းပေါ်က အပျက်အစီးပုံကြားကနေ လှန်ထုတ်လာတယ်။

"အဲဒါက အေးခဲနှင်းရဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ပဲ! သူက ဘာလုပ်ဖို့ ကိုင်ထားတာလဲ!"

"ဘုရားရေ၊ သူက ခိုးဖို့များ ကြိုးစားနေတာလား"

"ဒါကို ခိုးယူလည်း အသုံးမဝင်ဘူးလေ၊ ဒါက ဟုန်မိသားစုရဲ့ သခင်လေးက မူပိုင်ခွင့်တင်ထားတဲ့ဟာဆိုတာ လူတိုင်းသိတာပဲ။ ခိုးလည်း အသုံးမဝင်ဘူး။ နောက်ပြီး ဒုဗိုလ်ချုပ်ချန်က ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ ပြောစရာတောင်မလိုဘူး"

ဆွေးနွေးနေတဲ့ စကားသံတွေက မရပ်တန့်သွားဘူး။ အဲဒီမှာ ပရိသတ်တွေက ရုတ်တရက်ကြီး မီနီမက်ခါလေးက စတိတ်စင်ပေါ်မှာ သူ့ကိုယ်သူ တစ်စစီဖြုတ်လိုက်တာကို တွေ့လိုက်ရတယ်။

ပရိသတ်အားလုံး: "???"

အခု ဘာတွေဖြစ်နေတာလဲ။

#4က သူ့ခေါင်းထိပ်က အကာကို ဖွင့်လိုက်ပြီး အထဲက ဓာတ်ရောင်ခြည်အရင်းအမြစ်တပ်ဆင်စနစ်ကို ဖွင့်ပြီး ချန်ကျင့်ရွှယ်ကို ပြောတယ်:

"သခင် ဒါက ကျွန်တော့်ရဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ပါ။ ဒီလူသားက သူခိုးပါ"

ဒီစကားတွေကိုကြားတော့ ပရိသတ်တွေအားလုံး ထိတ်လန့်သွားတယ်။

ဒီမက်ခါလေးက ဘာဆိုလိုတာလဲ။

သူ့ရဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်လား။

ဟုန်ရှစ်ကျွင်းရဲ့မျက်နှာက မဲပြာပြီး ရဲတွတ်နေတယ်။ သူက နေရာမှာပဲ ကျယ်လောင်စွာ ခြေဆောင့်ကာ တစ်ခုခုကို ပြောချင်နေပေမဲ့ အဆုံးအထိ အသံတစ်သံမှ မထွက်နိုင်ဘူး။ သူက အလွန်စိတ်ဆိုးလွန်းလို့ သွေးတစ်ပွက်တောင် အန်ထုတ်လိုက်တယ်။

ချန်ကျင့်ရွှယ်က #4 ရဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကို ယူလိုက်ပြီး သူ့ခေါင်းကို ပြုံးပြီး ပုတ်ပေးလိုက်တယ်။ အဲဒီနောက် သူက မက်ခါပြိုင်ပွဲရဲ့ အစီအစဉ်မှူးကို မျက်နှာမူလိုက်ပြီး အသံမြှင့်ကာ ပြောတယ်: "ဆရာကြီးတွေအားလုံးကို ကျွန်တော် တိုင်ကြားလိုပါတယ်။ ဒီ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်က ကျွန်တော်တို့ရဲ့ မူပိုင်ခွင့်ပါ။ ဟုန်ရှစ်ကျွင်းက ကျွန်တော်တို့နည်းလမ်းကို ခိုးယူတုပထားတာပါ"

အခုဆို ပရိသတ်တွေက ထိတ်လန့်ရုံသာမက မက်ခါဒီဇိုင်နာ အကဲဖြတ်ဒိုင် ဆရာသမားတွေတောင်မှ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘူး။

"ဒု ဒုဗိုလ်ချုပ်ချန်... သက်သေရှိလား"

ဟုန်မိသားစုက တစ်ယောက်က စတိတ်စင်ပေါ်ကို တိုက်ရိုက် ခုန်တက်လာတယ်: "ဒီလို တာဝန်မဲ့တဲ့ မှတ်ချက်မျိုး မလုပ်ပါနဲ့ ဒုဗိုလ်ချုပ်ချန် ခင်ဗျားမှာ သက်သေမရှိရင် ရမ်းသမ်းပြီး မဟုတ်တာတွေ မပြောပါနဲ့! ဒါက ကျွန်တော်တို့မိသားစုရဲ့ သခင်လေး ထွင်ထားတာပါ!"

ဒီလိုပြောရင်းနဲ့ အဲဒီလူက ဟုန်ရှစ်ကျွင်းဘက်ကို လှည့်လိုက်တယ်: "သခင်လေး မြန်မြန် သူတို့ကို ရှင်းပြလိုက်လေ"

ဒါပေမဲ့ ဟုန်ရှစ်ကျွင်းရဲ့အသံက ပိတ်ဆို့နေပြီး တစ်ခွန်းမှ မပြောနိုင်ဘူး။ သူက ချောက်ချားလွန်းလို့ မျက်လုံးတွေတောင် အနောက်ကို လန်နေပြီ။

ချန်ကျင့်ရွှယ်မှာ သေချာပေါက် သက်သေပြင်ဆင်ထားတာပေါ့။ သူ စတိတ်စင်ပေါ်မှာ လက်ရည်ယှဉ်တဲ့ ရည်ရွယ်ချက်က အေးခဲနှင်းရဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကို ဖော်ထုတ်ဖို့ပဲ။

ချန်ကျင့်ရွှယ်က သူ့ရဲ့သက်သေကို ကမ်းပေးလိုက်တယ်။

"ဒါက မစ္စတာဟုန်ရှစ်ကျွင်း ကျွန်တော့်... ကျွန်တော့်မိတ်ဆွေဆိုင်ကနေ စက်ရုပ်တစ်ရုပ်ဝယ်သွားတဲ့ အမှာစာမှတ်တမ်းပါ။ ပစ္စည်းရဲ့ ပုံတွေနဲ့ အချက်အလက်တွေက ဒီမှာရှိပါတယ်။ ဒါက ကျွန်တော့်ရဲ့ 4.0 နဲ့ အတူတူပါပဲ၊ နောက်ပြီး...."

သူက ခဏရပ်လိုက်ပြီး အေးအေးသက်သာနဲ့ ပြောတယ်: "ခင်ဗျားတို့ မယုံဘူးဆိုရင် 4.0 ကို စစ်ဆေးကြည့်လို့ရပါတယ်"

ဒိုင်တွေက သက်သေကို ကြည့်လိုက်ပြီးနောက် သူတို့မျက်နှာတွေက ပိုလို့တောင် ပုပ်သိုးလာတယ်။

ချန်ကျင့်ရွှယ်က အနည်းဆုံးတော့ စစ်တပ်က တော်တော်လေး လူသိများတဲ့သူတစ်ဦးလေ။ သူက ဒီလိုကိစ္စမျိုးနဲ့ လှောင်ပြောင်မှာတော့မဟုတ်ဘူး။

ဒါကြောင့် သက်သေကို ကြည့်ပြီးနောက်မှာ သူတို့ချက်ချင်း 4.0 ကို စတင်စစ်ဆေးတယ်။

သူတို့ ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံထားတဲ့ ရလဒ်ကို တွေ့တော့ အားလုံးက ပင့်သက်ရှိုက်သွင်းလိုက်တယ်။

အမှာစာနဲ့ 4.0 ကို ဥပမာအနေနဲ့ကြည့်လိုက်ရတော့ ဒိုင်တွေအဖို့ ဒီစွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကို ဟုန်ရှစ်ကျွင်းတီထွင်ထားတာဆိုတာကို ဆက်ယုံပေးဖို့ အလွန်ခက်ခဲသွားတယ်။

လူထုက စတင်ပြီး ဆူပွက်နေတဲ့အိုးတစ်လုံးလို ပေါက်ကွဲထွက်လာတဲ့အချိန်မှာ ချန်ကျင့်ရွှယ်က နောက်ထပ် ဗုံးတစ်လုံးကို ခွဲလိုက်ပြန်တယ်: "အိုး အားလုံးက အခုလေးတင် သိချင်နေကြတယ်မလား 4.0 က လူသားမောင်းနှင်မှုမရှိဘဲ အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်တယ်ဆိုတာကိုလေ။ တကယ်တော့ ခင်ဗျားတို့အားလုံး မှားနေကြတာ။ ကျွန်တော်က ဒီ4.0 ကို တစ်ချိန်လုံး ထိန်းချုပ်ထားတာပါ"

"မဖြစ်နိုင်ဘူး" မက်ခါဒီဇိုင်နာဆရာတစ်ယောက်က တွေးတောင်မတွေးဘဲ ပြောတယ်: "မက်ခါရဲ့ ယာဉ်မောင်းနေရာကိုတောင် မဝင်ဘဲနဲ့ နောက်ပြီး...."

သူက 4.0 ကို တစ်ချက်ကြည့်လိုက်တယ် ဒီလောက်သေးငယ်တဲ့ မက်ခါ။ သူ့မှာ ယာဉ်မောင်းနေရာပါတယ်ဆိုရင်တောင် လူသားတွေ ဝင်လို့မရဘူး။

ချန်ကျင့်ရွှယ်က သူ့အသံကို မြှင့်ပြီး ရယ်လိုက်တယ်: "အဲဒါက ကျွန်တော်ရဲ့ စိတ်စွမ်းအားကိုသုံးပြီး ထိန်းချုပ်နေလို့ပါ"

ပရိတ်သက်အားလုံး: "???!!!"

သူဘာပြောလိုက်တာလဲ။ စိတ်စွမ်းအားနဲ့ ထိန်းချုပ်တာလား။

အိုး လခွမ်း လခွမ်းပဲ။ ဒါက သူတို့ထင်ထားသလို ဆိုလိုတာလား!

အဲဒီအချိန်မှာပဲ မင်းမျိုးနွယ်ဝင်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်: "ဒါ အဲဒီဆရာသခင်လေးပဲ"

ဒီစကားတွေကိုကြားတော့ တခြားမင်းမျိုးနွယ်ဝင်တွေအားလုံးလည်း စတင်တုံ့ပြန်လာကြတယ်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဒါက အဲဒီဆရာသခင်လေးဖြစ်ရမယ်၊ အဲဒီတုန်းက ဆရာကြီး ကယ်လုအန်းက ပြောတယ်: ဆရာသခင်လေးက စိတ်သန္တာန်မက်ခါတွေ တီထွင်နိုင်တယ်တဲ့"

"၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံထားတဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကိုလည်း သူပဲ တီထွင်ထားမယ်လို့ ဘယ်သူထင်ထားမှာလဲ"

"ဒါက သိသာနေတာပဲ။ ဆရာသခင်လေးက စိတ်သန္တာန်မက်ခါတွေတောင်မှ လုပ်နိုင်တယ်! ဟုန်မိသားစုက ဒီလူက တကယ်ကြီး လိမ်ညာနေတာပဲ"

"ဆရာသခင်လေးထွင်ထားတဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကိုတောင် တကယ်ကြီးယူပြီး ပြိုင်ပွဲလာပြိုင်တယ်၊ သူ့ဟာလို့တောင်မှ ကြေညာလိုက်သေးတယ်"

"XXX မက်ခါထုတ်လုပ်တဲ့ကုမ္ပဏီက သူနဲ့ စာချုပ်ချုပ်ပြီးသွားတဲ့ပုံပဲ။ သူတို့က ပိုက်ဆံအပုံလိုက် ပေးပြီးသွားပြီလို့ ပြောတယ်။ သူတို့အခု ဒေါသထွက်လွန်းလို့ သေတော့မှာမလား"

အာဏာရှိ အခွင့်ထူးခံ မင်းမျိုးနွယ်ဝင်တွေအားလုံးက ဝမ်ရှောင်းယွင် အမှိုက်ဂြိုလ်မှာရှိတုန်းကတည်းက "ဆရာသခင်လေး" ဆိုသူရဲ့ တည်ရှိမှုကို သိထားပြီးပြီ။ ဆရာကြီးကယ်လုအန်းက ဒီလူက စိတ်သန္တာန်မက်ခါလို့ လူသိကြတဲ့ စိတ်စွမ်းအားနဲ့ ဆက်သွယ်နိုင်တဲ့ မက်ခါတွေလုပ်နိုင်တယ်ဆိုတာ တရားဝင်အသိအမှတ်ပြုချက်ပေးပြီးသားဖြစ်တယ်။

ဒါပေမဲ့ သူတို့နေရာတကာ ရှာခဲ့ပေမဲ့ ဒီ "ဆရာသခင်လေး" ဘယ်သူလဲဆိုတာ ဘယ်သူမှ မတွေ့ကြဘူး။ သူတို့မှာ ကယ်လုအန်းဆီကရထားတဲ့ အချက်အလက်သေးသေးလေးပဲ သိကြတယ်။

ဒီလူက ငယ်ရွယ်တယ်ဆိုတာပဲ။

ဒါပေမဲ့ ဒီစကြဝဠာထဲမှာ လူငယ်တွေအများကြီးရှိတယ်။ ဒီလူက ဘယ်သူများလဲ။

သူတို့ ဒီမဟာမက်ခါပြိုင်ပွဲမှာ ချန်ကျင့်ရွှယ်ဆီက သူ့သတင်းကြားရမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားဘူး။

စတိတ်စင်အောက်မှာ ကျွမ်းကျိုးက လူတွေ သူ့အကြောင်း အားကြိုးမာန်တက် ဆွေးနွေးနေတာကို ကြားပြီး ချက်ချင်း စိတ်အားတက်ကြွသွားတယ်။ သူ့ရဲ့ရင်ဘတ်လေးကို မာန်တက်စွာနဲ့ ရှေ့ကိုမောက်ထားသေးတယ်။

ငါကွ!

သူက စတိတ်စင်ပေါ်တက်တော့မဲ့အချိန်မှာပဲ မရေမတွက်နိုင်တဲ့ မက်ခါထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ စတိတ်စင်ပေါ် တိုးတက်လာကာ ချန်ကျင့်ရွှယ်ကို တင်းကျပ်စွာ ဝန်းရံလိုက်တာကို တွေ့လိုက်ရတယ်။ လူတိုင်းက တစ်ချိန်တည်းမှာ စကားတွေပြောနေကြတယ်။ ချန်ကျင့်ရွှယ်ကို ဆရာသခင်လေးရဲ့နာမည် ဒါမှမဟုတ် ဆက်သွယ်ရမဲ့ အသေးစိတ်ကို ပြောပြဖို့ တောင်းပန်နေကြတယ်။

တချို့လူတွေဆိုရင် ချန်ကျင့်ရွှယ် ထွက်ပြေးသွားမှာ စိုးရွံ့လို့ သူ့ပေါင်ကို တိုက်ရိုက် ဖက်ထားကြပြီး ငိုယိုမြည်တမ်းကာ ဆရာသခင်လေးကို ဆက်သွယ်ရမယ့်နည်းလမ်း ပြောဖို့ တောင်းပန်နေတဲ့ သူတွေတောင် ရှိတယ်။

ဒီအခြေအနေကို တွေ့တော့ ကြွယ်ဝခြင်းနတ်ဘုရားလေးက တောင့်တင်းသွားတယ်။ ရှောင်ဖော့လန်ကို အလျင်အမြန်ပွေ့ချီလိုက်ပြီး ဝမ်ရှောင်းယွင်ဆီကို ချက်ချင်း ပြန်ပြေးတော့တယ်။

တအားကြောက်စရာကောင်းတာပဲ။ ပြန်ရမယ်၊ ပြန်ရမယ်။ (T/N ဘာအခုမှ ကြောက်ပါပြီလဲ XD)

ဝမ်ရှောင်းယွင်ရဲ့ဘေးကို တစ်လျှောက်လုံး အပြေးပြန်လာပြီး ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ကို ရုတ်ခြည်း ဆွဲကာ ထပ်ပြေးပြန်တယ်။

"သွားစို့ သွားစို့၊ လူသိမခံရစေနဲ့"

ဒီလူတွေအကုန်လုံး သူ့ပေါင်ကို ဖက်တွယ်ထားတာ သူလုံးဝ မလိုချင်ပါဘူးနော်!

သူ့သူငယ်ချင်းလေးရဲ့ ချစ်စရာကောင်းတဲ့အပြုအမူကို ကြွေကျသွားပြီး ဝမ်ရှောင်းယွင်က သူ့မျက်နှာပေါ်က အပြုံးကို သိုဝှက်မထားနိုင်အောင် ဖြစ်သွားတယ်။

နောက်တစ်နေ့မှာ။

ကြယ်စုကွန်ရက်ပေါ်မှာ နောက်တစ်ခေါက်ထပ်ပြီး သတင်းတွေပွလာပြန်ပြီ။

စိတ်သန္တာန်မက်ခါတွေ မွေးဖွားလာတဲ့သတင်းက ကြယ်စုကွန်ရက်တစ်ခုလုံးရဲ့ နောက်ဆုံးပေါ်သတင်းတွေအားလုံးကို ပြင်းထန်စွာ ဖောက်ခွဲလိုက်သလိုပဲ။

မက်ခါပြိုင်ပွဲက ဖျော်ဖြေရေးပြိုင်ပွဲဗီဒီယိုဟာ မရေမတွက်နိုင်တဲ့လူတွေရဲ့ ဆွဲထုတ်လာခြင်းကို ခံရပြီး ဆယ်ချီ ရာချီပြီး အကြိမ်ပေါင်းများစွာ ထပ်ကာတလဲလဲ ကြည့်ကြတယ်။ ရှောင်ဖော့လန်#4 က တကယ့် စိတ်သန္တာန်မက်ခါတစ်စီး မဟုတ်သေးပေမဲ့ သူ့ရဲ့သန်မာမှုက လူတိုင်းကို အံ့ဩဘနန်း ရေရွတ်အောင် လုပ်နိုင်လောက်အောင် ထိတ်လန့်စရာကောင်းတယ်။

ပြောစရာတောင်မလိုဘူး ဒါက တကယ်ကို စိတ်စွမ်းအားနဲ့ ထိန်းချုပ်ရတဲ့မက်ခါပဲလေ။ (*အပေါ်မှာ ပြောထားတာက #4က တကယ့် မက်ခါတွေလို အကြီးကြီးမဟုတ်ဘူး၊ သူက မီနီမက်ခါလေး၊ ဒါပေမဲ့သီအိုရီအရတော့ စိတ်နဲ့ထိန်းချုပ်တဲ့ မက်ခါပဲ)

စကြဝဠာတစ်ခုလုံးမှာ ပထမဆုံး စိတ်သန္တာန်မက်ခါပဲ။

ချန်ကျင့်ရွှယ်က အာဏာပိုင်တွေရဲ့ မြောက်မြားလှတဲ့ ဆန်းစစ်ချက်တွေမှာ ပူးပေါင်းပါဝင်ပြီး ဒါက တကယ့် စစ်မှန်တဲ့ စိတ်သန္တာန်မက်ခါဆိုတာကို သက်သေပြခဲ့တယ်။ အကဲဖြတ်ချက်ရလဒ်တွေ ထွက်လာတာနဲ့ ကြယ်စုကွန်ရက်တစ်ခုလုံးက အေးခဲပြီး ပြိုလဲသွားတော့မတတ်ပဲ။

ဒီအကြောင်းအရာရဲ့ နာမည်ကြီးမှုက အရင်က ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံထားနိုင်တဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်သတင်းတွေကိုတောင် ကျော်လွန်သွားတယ်။

ဒါပေမဲ့ ဒီနည်းပညာနှစ်ခုစလုံးကို လူတစ်ယောက်တည်းက တီထွင်ထားတာပဲ!

အဲဒါကြောင့် စိတ်ထက်သန်မှုက မရပ်နားဘဲ ထိုးတက်နေကာ "ဆရာသခင်လေးက ဘယ်သူလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းက စကြဝဠာတစ်ခုလုံးမှာ ရွှန်းရွှန်းဝေနေတော့တယ်။

လက်ရှိ သူတို့သိထားသမျှ အချက်အလက်က --

ဒီထူးခြားဆန်းကြယ်တဲ့ ဆရာသခင်လေးက ချန်ကျင့်ရွှယ်ရဲ့ မိတ်ဆွေဖြစ်တယ်။ နောက်ပြီး တတိယတပ်ဖွဲ့အတွက် စိတ်သန္တာန်စက်ရုပ်နှစ်ရုပ်နဲ့ မက်ခါတစ်စီး တည်ဆောက်ပေးထားတယ်။

ချန်ကျင့်ရွှယ်ရဲ့ နာမည်ကျော်ကြားမှုက ဒီရေအလားမြင့်တက်သွားတယ်။ နေ့တိုင်း မရေမတွက်နိုင်တဲ့ မက်ဆေ့တွေနဲ့ ဖုန်းကောတွေက နှောင့်ယှက်လာတယ်။

သူက မရင်းနှီးတဲ့ မက်ဆေ့တွေနဲ့ ဖုန်းကောတွေအကုန်လုံးကို ပိတ်ပင်ဖို့အပြင် မတတ်နိုင်ဘူး။

သို့ပေမဲ့ ဒီမရင်းနှီးတဲ့ မက်ဆေ့တွေနဲ့ ဖုန်းကောတွေကို ပိတ်ထားတာလည်း အသုံးမဝင်ပြန်ဘူး။ ဘာလို့လဲဆိုတော့ မြောက်မြားစွာသော ရင်းနှီးတဲ့သူတွေ အများကြီး အများကြီး အများကြီးကလည်း သူ့ကို မေးနေကြလို့ပဲ။

အဲဒီအချိန်မှာ ကျွမ်းကျိုးတစ်ယောက်ကတော့ အပီ ပူပန်စရာမရှိတဲ့ ဘဝကို စိတ်လွတ်ကိုယ်လွတ်နေနေတယ်။

နာမည်ဆိုတာက ကိုယ်စားပြုမှုတစ်ခုပဲလေ။ အဆုံးမှာတော့ အကျိုးအမြတ်ထွက်သွားတာက သူကိုယ်တိုင်ပဲ။ 'ဆရာသခင်လေး' ကို ကိုးကွယ်နေတဲ့သူတွေရဲ့ ယုံကြည်မှုတွေကလည်း နောက်ဆုံးတော့ သူပိုင်တာပဲလေ။ သူ့ရဲ့ယုံကြည်မှုက ပိုပိုပြီး ကြီးထွားလာတယ်။

သူလေ!

အပျင်းကြီးလာပြီ!

သူအခုဆိုရင် ဝယ်သူတိုးအောင်မလုပ်တာ ညအနည်းငယ်ရှိနေပြီ!

အဲဒါတောင်မှပဲ သူနည်းနည်းလေးတောင် ထိတ်လန့်တာမျိုး မခံစားရဘူး!

အခုဆိုကြည့်ပါလား၊ ဥပမာ ဝမ်ရှောင်းယွင်က သူ့ကို တတိယတပ်ဖွဲ့အနှံ့ လိုက်ပြပေးနေတယ်။ သူတို့ စိတ်အေးချမ်းသာ နေရာအနှံ့ လျှောက်ပတ်ကြည့်နေတယ်။

ကျွမ်းကျိုးက စပ်စုစိတ်နဲ့ လျှောက်ပတ်ကြည့်နေတယ်။ သူက တတိယတပ်ဖွဲ့က တပ်သားအများအပြားကို တွေ့ဖူးတယ်။ ဒီလူတွေကလည်း အားလုံးသူ့ကို ချောင်းကြည့်နေကြတယ်။ သူလှမ်းကြည့်လိုက်တာနဲ့ ချက်ချင်းဆိုသလို သူတို့က အတည်ပေါက်ကြီး လေ့ကျင့်ခန်းလုပ်နေသလို ဟန်ဆောင်ကြတယ်။

ကျွမ်းကျိုးကလည်း ဒီနေရာကို တစ်ကယ်ကို ကြိုက်တယ်: "ခင်ဗျား ဒီမှာနေ့တိုင်း အလုပ်လုပ်တာလား"

ဝမ်ရှောင်းယွင်က 'အင်း' ဆိုပြီး အသိအမှတ်ပြုလိုက်တယ်: "နောက်ဆို အိမ်မှာ ပျင်းရင် ဒီကိုလာရှာလို့ရတယ်"

ကျွမ်းကျိုးကဆိုတယ်: "ကောင်းပြီလေ"

"ဗိုလ်ချုပ်ကြီး ဒုဗိုလ်ကြီးချိန်က တွေ့ခွင့်တောင်းနေပါတယ်။ သူက အစည်းအဝေးခန်းမှာ ရှိပါတယ်" စစ်သားတစ်ယောက်က သတင်းလာပို့တယ်။

ဝမ်ရှောင်းယွင်က ခေါင်းညိတ်လိုက်တယ်: "ငါနားလည်ပြီ"

သူခေါင်းလှည့်လိုက်ပြီး ကျွမ်းကျိုးကို မေးလိုက်တယ်: "ကိုယ်နဲ့ အတူတူသွားချင်လား"

ကျွမ်းကျိုးက ဘာကိုမဆို စပ်စုချင်နေတာဖြစ်လို့ ချက်ချင်း သဘောတူလိုက်တယ်။

အဲဒါနဲ့ ဝမ်ရှောင်းယွင်က သူ့ကို အစည်းအဝေးခန်းကို လမ်းပြခေါ်သွားတယ်။

ကျွမ်းကျိုးက အရှေ့မှာလျှောက်နေတဲ့ ဝမ်ရှောင်းယွင်ကို ကြည့်လိုက်တယ်၊ အဲဒီနောက် ခေါင်းငုံ့ပြီး သူ့လက်ကိုကြည့်လိုက်တယ်။ သူ့မျက်ခုံးလေးတွေက မသိမသာ တွန့်ကွေးသွားတယ်။

ဘယ်လိုဖြစ်လို့.... ဝမ်ရှောင်းယွင်က သူ့လက်ကို မကိုင်တော့တာလဲ။

ခဏလောက် တွေးလိုက်ပြီးနောက် သူက ချက်ချင်း အပြေးလေးလှမ်းသွားပြီး ဝမ်ရှောင်းယွင်ရဲ့လက်ကို လှမ်းဆွဲလိုက်တယ်။

ဝမ်ရှောင်းယွင်က သူ့ကို လှမ်းကြည့်လိုက်တယ်: "ဘာဖြစ်လို့လဲ"

ကျွမ်းကျိုးက နည်းနည်း အပြစ်မကင်းသလိုမျိုးလေး အကြည့်လွှဲလိုက်တယ်: "ကျွန်တော် လမ်းပျောက်မှာကြောက်လို့"

ဝမ်ရှောင်းယွင် သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အသံခပ်အောအောနဲ့ ပြောတယ်: "စိတ်မပူနဲ့ ကိုယ်ရှိတယ်။ လမ်းမပျောက်ပါဘူး"

ကျွမ်းကျိုး နားရွက်တွေက နည်းနည်းလေး နီမြန်းလာတယ်: "အင်း အင်း"

လူနှစ်ယောက်က အစည်းအဝေးခန်းမကို ရောက်လာတယ်။ အထဲမှာ ဒုဗိုလ်ကြီးချိန်အပြင် လူငယ်လေးတစ်ယောက်လည်း ရှိသေးတယ်။

သို့ပေမဲ့ ဒီလူငယ်လေးက အညိုအမဲစွဲနေတဲ့နှာခေါင်းနဲ့ ယောင်ကိုင်းနေတဲ့ မျက်နှာတွေနဲ့ တော်တော်လေးမှ ဝမ်းနည်းစရာကောင်းနေတယ်။

ကျွမ်းကျိုးက လှမ်းကြည့်လိုက်ပြီး နည်းနည်း ရင်းနှီးသလို ခံစားလိုက်ရတယ်: "ဟမ်!"

ဒုဗိုလ်ကြီးချိန်က အလျင်စလို ထရပ်လိုက်ပြီး ဂါရဝပြုတယ်: "ဗိုလ်ချုပ်ကြီး၊ မစ္စတာ ကျွမ်း"

သူကစကားပြောရင်းနဲ့ ဘေးက လူငယ်လေးကိုလည်း ဆောင့်ဆွဲလိုက်တယ်: "ဒါက ကျွန်တော့်သား ချိန်ကျန့်ရှန်ပါ၊ ကျန့်ရှန် မြန်မြန် ဗိုလ်ချုပ်ကြီးကို နှုတ်ဆက်လိုက်"

"ဗိုလ်ချုပ်ကြီး ကျွန်တော် အရင်က သူ့အကြောင်း ပြောဖူးပါတယ်၊ ကျွန်တော့်သားက အရမ်း ပါရမီထူးတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်စွမ်းအားက နှစ်ခုစလုံး S အဆင့်ပါ။ သူက တတိယတပ်ဖွဲ့ကို ဝင်ချင်နေတာ ကြာလှပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကိစ္စတချို့ဖြစ်သွားပြီး ဆေးရုံမှာ နှစ်ရက်လောက် နေလိုက်ရပါတယ်။ သူ့ဒဏ်ရာတွေကတော့ အခုမှ ပျောက်ကာစပါပဲ။ သူဆေးရုံဆင်းတာနဲ့ ချက်ချင်း တွေ့ဖို့ ခေါ်လာတာပါ"

ချိန်ကျင့်ရှန်က ကသောကမျော သူ့ခုံကနေ ထရပ်လိုက်တယ်: "မင်္ဂလာပါ ဗိုလ်ချုပ်ကြီး၊ ကျွန်တော်က...."

သူက စကားတောင်ပြီးအောင် မပြောရသေးဘူး၊ သူ့ခေါင်းပေါ်က မီးဆိုင်းက သူ့ပေါ်ကို ရုတ်တရက် ပြုတ်ကျလာတယ်။

ချိန်ကျန့်ရှန်က အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်တယ်။ သို့ရာတွင် သူက ကြီးကြီးမားမား ထိခိုက်မှုကို ရှောင်လိုက်နိုင်ပေမဲ့ သူ့ပခုံးကိုတော့ ရိုက်မိသွားတယ်။ ခွက်ခနဲ သူ့လက်မောင်းက ကျိုးသွားတယ်။

ချိန်ကျန့်ရှန်က ကြမ်းပေါ်ကနေ ထုံကျဉ်စွာနဲ့ ထရပ်လိုက်ဖို့ ကြိုးစားလိုက်တယ်။ သူတောင် မတ်မတ်မရပ်နိုင်သေးဘူး၊ သူ့ခြေထောက်ဟာ မီးဆိုင်းက ဝိုင်ယာကြိုးတွေလား၊ ဘာလားမသိနဲ့ ငြိသွားလား မပြောတတ်၊ သူ့တစ်ကိုယ်လုံးဟာ အရှေ့ကိုငိုက်ကျသွားကာ မြေကြီးနဲ့ မျက်နှာ​ရိုက်မိသွားတော့တယ်။

ဒါ့အပြင် သူက အကျမတော်လိုက်ဘူး။ သူ့ခေါင်းက သံဘုတစ်ခုပေါ်တန်းတန်းမတ်မတ် ကျသွားပြီး ခေါင်းပေါက်သွားကာ ချက်ချင်း နေရာတိုင်းမှာ သွေးချင်းချင်းနီသွားတော့တယ်။

ဒုဗိုလ်ကြီးချိန်: "........."

ဝမ်ရှောင်းယွင်: "........."

ကျွမ်းကျိုးကသာ ရုတ်တရက် အမှတ်ရသွားတယ်: "အိုး!"

ဒါ သူပဲ!

သူ့ကို မကောင်းဆိုးဝါးလို့ ပြောတဲ့သူ၊ သူ အဲဒီလူရဲ့အိပ်မက်ထဲမှာ စကားစမြည်သွားပြောရာကနေ ငတုံးဆိုပြီး အခေါ်ခံလိုက်ရတယ်လေ။

ကျွမ်းကျိုး: "ဝါး!"

သူ့ပတ်ဝန်းကျင်မှာ ကံဆိုးခြင်းတိမ်တိုက်တွေ အများကြီးပါပဲလား။

ဒါက နည်းနည်း ဝမ်းနည်းစရာမကောင်းလွန်းဘူးလား။

သူ့ခေါင်းကို ဖိထားရင်းနဲ့ ချိန်ကျန့်ရှန်က အားအင်ချည့်နဲ့စွာ ပြောတယ်: "ဗိုလ်ချုပ်ကြီး ကျွန်တော်အရင်ဆုံး အရေးပေါ်ခန်းကို သွားပြီးတော့မှ ပြန်လာပြီး သေချာနှုတ်ဆက်ပါ့မယ်...."

ဒုဗိုလ်ကြီးချိန်: "........."

ဝမ်ရှောင်းယွင်: "........."

...............xxx.................

စာရေးသူမှာ ပြောစရာရှိပါတယ်: PS--

ကျွမ်းကျိုး: ဝါး ဒါက တကယ့်ကို ဝမ်နည်းစရာကောင်းလွန်းပါတယ်! ငါ့ကိုယ်ငါတောင် မဆူငေါက်ရဲတော့ဘူး!

ချိန်ကျန့်ရှန်: ........

Aki - ဒီအပိုင်းက စာမျက်နှာများလိုက်တာ၊ ပြန်ထားတာ မရှင်းရင်လဲ ပြောပါ၊ အဆင်ပြေမယ်ထင်တာပါပဲ <3

-Zawgyi-

အခန္း ၃၃: ႐ုပ္ဆိုးေတာ့ေရာ ဘာျဖစ္ေသးလဲ။ လက္နက္တန္ဆာပလာမပါတဲ့သူက ေခြးျဖစ္တာပဲ!

ဟုန္႐ွစ္ကၽြင္း အခု စိတ္ထဲမွာ ဘယ္ေလာက္ေတာင္ ထိတ္ပ်ာၿပီး ေျဗာင္းဆန္ေနလဲဆိုတာ ဘယ္သူမွမသိဘူး။

ခ်န္က်င့္႐ႊယ္ ေ႐ွာင္ေဖာ့လန္#4 ကို ထုတ္လိုက္တာကိုျမင္ေတာ့ သူ႔ေခါင္းထဲမွာ 'ဇီ' ဆိုတဲ့အသံပဲ ၾကားေတာ့တယ္။

ေ႐ွာင္ေဖာ့လန္#4 နဲ႔ ေ႐ွာင္ေဖာ့လန္#1 က အလြန္ဆင္တူတယ္။ အဆံုးစြန္ဆံုးေျပာရရင္ သူတို႔ႏွစ္႐ုပ္စလံုးကို ေ႐ွာင္ေဖာ့လန္ကို အတုခိုးၿပီး လုပ္ထားတာပဲ။ ဟုန္႐ွစ္ကၽြင္းအတြက္ ဒါကို သတိမထားမိဖို႔က မျဖစ္ႏိုင္ဘူး။

ေ႐ွာင္ေဖာ့လန္#4 မွာ ကြာျခားေနတဲ့ တစ္ခုတည္းေသာအခ်က္က သူက အိုေဟာင္း စုတ္ျပတ္ေနရမဲ့အစား ေတာ္ေတာ္ေလး သစ္လြင္ေနတာပဲျဖစ္တယ္။ အဲဒါက ကၽြမ္းက်ိဳးက ပစၥည္းအစိတ္အပိုင္းအသစ္ေတြ ေတာ္ေတာ္မ်ားမ်ားကို အသံုးျပဳခဲ့လို႔ပဲ။

အမႈိက္ၿဂိဳလ္ကေန သူေကာက္လာတဲ့ အပိုပစၥည္းေတြက သိပ္မ႐ွိေတာ့ဘူး။ ၿမိဳ႕ေတာ္ၿဂိဳလ္မွာ ဒီလိုအမႈိက္မ်ိဳးေတြ မ႐ွိဘူး။ သူက အစိတ္အပိုင္းတစ္ခုခုလိုခ်င္ရင္ ဝမ္ေ႐ွာင္းယြင္က အကုန္လံုး သူ႔အတြက္ ႐ွာေပးတယ္။ ဒါေၾကာင့္ ေ႐ွာင္ေဖာ့လန္#4 က ေတာ္ေတာ္သစ္လြင္ေနပံုရတယ္။

ဟုန္႐ွစ္ကၽြင္းရဲ႕ႏွလံုးသားမွာ ေၾကာက္႐ြံ႕ျခင္းလႈိင္းလံုးႀကီး ႀကီးထြားလာတယ္။

သူနားမလည္တာက ခ်န္က်င့္႐ႊယ္မွာလည္း ဘာျဖစ္လို႔ ဒီစက္႐ုပ္ေလး ႐ွိေနတာလဲ။

ခ်န္က်င့္႐ႊယ္နဲ႔ စက္႐ုပ္ကို ဒီဇိုင္းထြင္တဲ့ အဲဒီလူက ဘယ္လိုဆက္ႏြယ္မႈမ်ိဳး ႐ွိေနၾကလဲ။

ဒါမွမဟုတ္... ခ်န္က်င့္႐ႊယ္လည္း ဒီစက္႐ုပ္ကို ဝယ္ထားတာလား။

မဟုတ္ဘူး။ ခ်န္က်င့္႐ႊယ္က သူ႔ကို 'ရင္းႏွီးေနလား' ဆိုၿပီး ေမးတယ္။ ဆိုေတာ့ ဒါက ဘာကို ေဖာ္ျပေနတာလဲ။

သူက ဟုန္႐ွစ္ကၽြင္းလည္း ဆင္တူ စက္႐ုပ္တစ္႐ုပ္ကို ဝယ္ထားတယ္ဆိုတာ သိေနတယ္လို႔ ေဖာ္ျပေနတာပဲ။ အဲဒါေၾကာင့္ သူက ရင္းႏွီးေနသလား ဆိုၿပီး ေမးတာပဲျဖစ္မယ္။

ဟုန္႐ွစ္ကၽြင္းရဲ႕ အသားအေရက ခ်က္ခ်င္း ၾကည့္မေကာင္း႐ႈမေကာင္း ျဖစ္သြားတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အခု႐ွိေနတဲ့ ဘယ္သူကမွ သူ႔အသားအေရကို ဂ႐ုစိုက္မေနဘူး။ အားလံုးရဲ႕အၾကည့္ေတြက မက္ခါနဲ႔ ေ႐ွာင္ေဖာ့လန္#4 ကိုပဲ အေသစိုက္ၾကည့္ေနၾကတယ္။

မက္ခါက အျမင့္ ၅ မီတာ႐ွိတယ္။ ၎ကို အဆင့္ျမင့္စနစ္ေတြနဲ႔ လက္နက္ေတြ တပ္ဆင္ထားတယ္။ သူ႔ရဲ႕အျပင္ပန္း အသြင္အျပင္ကို အကဲျဖတ္႐ံုနဲ႔တင္ အျပတ္သားနားကာ ခမ္းနားထည္ဝါၿပီး အထင္ႀကီးစရာေကာင္းေနၿပီ။

သူ႔အေ႐ွ႕မွာေတာ့ ေ႐ွာင္ေဖာ့လန္#4 က ခ်န္က်င့္႐ႊယ္ရဲ႕ ခါးေလာက္ပဲျမင့္တယ္။ သူ႔ကိုၾကည့္ရတာ ႏူးညံ့ၿပီး ခ်စ္စရာေကာင္းတဲ့ စက္႐ုပ္ေလးနဲ႔တူေနတယ္။ ဒီလို အထင္ႀကီးစရာေကာင္းၿပီး စြမ္းအားျမင့္မက္ခါတစ္စီးေ႐ွ႕မွာ သူက ပိုၿပီး ေသးငယ္ကာ ခ်စ္စရာေကာင္းေနတယ္။

ပရိသတ္ေတြအကုန္လံုးကို မေျပာနဲ႔ဦး၊ ဟုန္႐ွစ္ကၽြင္းရဲ႕မက္ခါကို အစမ္းေမာင္းႏွင္ေနတဲ့ ဖိုက္တာေတာင္မွ နည္းနည္း မေသမခ်ာျဖစ္ေနတယ္။

"ဒုဗိုလ္ခ်ဳပ္ခ်န္၊ ဒါ... ကၽြန္ေတာ္တို႔ေတြ တကယ္ႀကီး တိုက္ခိုက္ၾကမွာလား" ဖိုက္တာက နည္းနည္း မေရမရာသံေပါက္ေနတယ္။ သူက မက္ခါကို ေျခတစ္ဖက္ေျမွာက္ေအာင္ ထိန္းခ်ဳပ္လိုက္႐ံုနဲ႔တင္ စက္႐ုပ္ေလးကို ပန္ကိတ္တစ္ခ်ပ္လို ခ်က္ခ်င္း အျပားလိုက္လုပ္မိသြားမွာ စိုးရိမ္ေနတယ္။

ေနာက္ၿပီး အေပ်ာ္တမ္းလက္ရည္ယွဥ္ပြဲက ဟုန္႐ွစ္ကၽြင္းတည္ေဆာက္ထားတဲ့ ဒီခ်န္ပီယံမက္ခါရဲ႕ လက္ေတြ႕အသံုးဝင္ပံုနဲ႔ လုပ္ေဆာင္ခ်က္ေတြကို ျပသဖို႔ပဲ။ အေပ်ာ္တမ္းအတြက္ဆိုေပမဲ့ ဒီလိုမ်ိဳး ေဖ်ာ္ေျဖမႈမ်ိဳးအတြက္ကေတာ့ မျဖစ္ႏိုင္ဘူးေလ။

အနည္းဆံုးေတာ့ တကယ့္မက္ခါအစစ္ကို ထုတ္လာစမ္းပါ။

မက္ခါ Vs စက္႐ုပ္၊ စက္႐ုပ္မွာမွ စက္႐ုပ္အေသးစားေလ။ ဒါက သက္သက္ ေလွာင္ေျပာင္မႈအႀကီးစားႀကီးမဟုတ္ဘူးလား။

အက်ယ္ႀကီး ၿပံဳးလိုက္ၿပီးေနာက္ ခ်န္က်င့္႐ႊယ္က ေ႐ွာင္ေဖာ့လန္#4 ရဲ႕ စက္႐ုပ္ေခါင္းကို ထိၿပီး ေျပာလိုက္တယ္: "4.0 သူက မင္းကို အထင္းေသးေနတဲ့ပံုပဲ"

ခဏတန္႔သြားၿပီးေနာက္ ခ်န္က်င့္႐ႊယ္က ေျပာတယ္: "အားလံုးကို ေျပာဖို႔ေမ့ေနတယ္။ ကၽြန္ေတာ့္မိသားစုရဲ႕ 4.0က ဘယ္ေလာက္ေသးလဲဆိုတာကိုပဲ မၾကည့္ပါနဲ႔၊ ဒါက စက္႐ုပ္တစ္႐ုပ္လို႔ တကယ္တမ္း ယူဆလို႔မရဘူး။ ဒါက တိုက္ခိုက္မႈစနစ္ေတြ တပ္ဆင္ထားတဲ့ အေသးစား မက္ခါေလးပဲ။ ေက်းဇူးျပဳၿပီး သတိထားၾကပါ၊ ဟုတ္ၿပီလား~"

"မျဖစ္ႏိုင္ဘူး။ ဒါက မက္ခါတစ္စီးဆိုရင္ေတာင္ သူက ေသးလြန္းတယ္။ ဒုဗိုလ္ခ်ဳပ္ခ်န္က ဒါကို ဘယ္လိုလုပ္ ေမာင္းမွာလဲ"

ခ်န္က်င့္႐ႊယ္က ၿပံဳးၿပီး ဆက္ေျပာတယ္: "ေစာင့္ၾကည့္ေနလိုက္ပါ"

သူ စကားေျပာၿပီးသြားတယ္။ အခု႐ွိေနတဲ့ ပရိသတ္ေတြနဲ႔ အြန္လိုင္းကေန ၾကည့္ေနတဲ့သူေတြက တံု႔ျပန္ခ်ိန္ေတာင္ မရလိုက္ဘူး။ တစ္ခ်ိန္လံုး မလႈပ္မ႐ွားဘဲရပ္ေနတဲ့ ေ႐ွာင္ေဖာ့လန္#4 က ေနာက္ဆံုးေတာ့ စတင္ လႈပ္႐ွားလာတယ္။

အျပင္မွာ အပူလႈိင္းတစ္လံုး ေပါက္ကြဲထြက္လာတယ္။ #4 ရဲ႕ စက္႐ုပ္ေျခေထာက္ေအာက္ကေန အျပာေရာင္အလင္းတန္း စတင္ေလာင္ကၽြမ္းေနတယ္။ ပန္ကာေတြ လည္ပတ္လာၿပီး #4 ဟာ ႐ုတ္ျခည္း ေလထဲကို ပ်ံတက္သြားတယ္။ သူ႔ရဲ႕ စက္႐ုပ္လက္ေပၚမွာ ေနာက္ထပ္ အလင္းတန္းတစ္တန္းက ထြန္းလင္းလာတယ္။

ပရိသတ္အကုန္လံုးက ထိတ္လန္႔သြားတယ္: "ဒါက အလင္းမႈန္အေျမာက္ဆန္ပဲ"

စကတည္းက အလင္းမႈန္အေျမာက္ဆန္ကို ခ်က္ခ်င္းအသံုးျပဳလုိက္တယ္ဆိုေတာ့ ဒါက နည္းနည္းေလး ရန္လိုလြန္းတယ္မလား။

'ေအးခဲႏွင္း' ကို အစမ္းေမာင္းႏွင္ေနတဲ့ ဖိုက္တာမွာ အလြန္လ်င္ျမန္တဲ့ တံု႔ျပန္မႈမ်ိဳး႐ွိတယ္။ သူက ခုခံတဲ့ဒိုင္းအကာကို အလ်င္အျမန္ ညွိယူလိုက္ၿပီး တိုက္ခိုက္မႈကို ထိပ္တုိက္ရင္ဆိုင္လိုက္တယ္။

ဒီစက္႐ုပ္ေလးက စက္႐ုပ္မဟုတ္ဘဲ မက္ခါတစ္စီးဆိုတာ သိရင္ေတာင္မွ ပရိသတ္ေတြအကုန္လံုးက ဒီေလာက္ ေသးငယ္တဲ့မက္ခါေလးက ေတာင္တစ္လံုးလိုမက္ခါ 'ေအးခဲႏွင္း' ကို လႈပ္ခတ္ႏိုင္လိုက္မယ္လို႔ မယံုေသးဘူး။

ဟုတ္တယ္။ ေ႐ွာင္ေဖာ့လန္#4 ေ႐ွ႕မွာ ဟုန္႐ွစ္ကၽြင္းတီထြင္ထားတဲ့ မက္ခါ ေအးခဲႏွင္းက ေတာင္တစ္လံုးလို ျမင့္မားေနပံုေပါက္တယ္။

အလင္းမႈန္ေရာင္ျခည္တန္းက ေအးခဲႏွင္းရဲ႕ ဒိုင္းအကာေပၚက်သြားတယ္။ ဒိုင္းအကာက ပံုျပင္ေတြထဲကလို မေမွ်ာ္လင့္ထားသလို ေပ်ာက္ကြယ္သြားတာမ်ိဳး မဟုတ္ဘူး။ အရင္က စစ္ေဆးသံုးသပ္ခ်က္ရလဒ္အတိုင္းပဲ ေအးခဲႏွင္းရဲ႕ ခံစစ္အခ်က္အလက္ေတြက A+ ျဖစ္တယ္။

ေအးခဲႏွင္းက စတင္၍ တန္ျပန္တိုက္ခိုက္လာတယ္။ သူ႔ရဲ႕လက္နက္ကိရိယာေတြကလည္း လက္႐ွိေဈးကြက္ထဲမွာ ရႏိုင္တဲ့ အလြန္အဆင့္ျမင့္တဲ့လက္နက္စနစ္ပဲျဖစ္တယ္။ သူ႔ရဲ႕တုိက္စစ္အားက AA အဆင့္ထိ႐ွိတယ္။ လူအမ်ားစုရဲ႕ အျမင္မွာ ယင္းက ဒုံးက်ည္တစ္လံုးပစ္လႊတ္လိုက္႐ံုနဲ႔ #4 ကို အပိုင္းပိုင္းအစစျဖစ္ေအာင္ လုပ္ဖို႔လံုေလာက္ေနၿပီ။

ဒါေပမဲ့ ေအးခဲႏွင္းက ပစ္မွတ္ကို လြဲသြားတယ္။

#4 ရဲ႕အလ်င္က အလြန္ျမန္ဆန္တယ္။ ထို႔ေနာက္ သူ႔ခႏၶာကိုယ္အ႐ြယ္အစားက အလြန္ေသးငယ္တယ္ဆိုတဲ့ အခ်က္ကို ထည့္ေပါင္းလိုက္ေတာ့ ေအးခဲႏွင္းကို ေမာင္းႏွင္ေနတဲ့ ဖိုက္တာက ႐ွင္း႐ွင္းလင္းလင္း မျမင္ရေတာ့တာတင္မကဘူး။ ပရိသတ္ေတြဆိုရင္ သူ႔အရိပ္ကိုေတာင္ မျမင္ရေတာ့ဘူး။

သူေနာက္တစ္ခါ အ႐ွိန္ေႏွးလိုက္တဲ့အခါမွ သူ႔လက္ေပၚက အလင္းမႈန္အေျမာက္ဆန္ရဲ႕ အားျပန္ျဖည့္ခ်ိန္ကလည္း ကုန္သြားၿပီးျဖစ္တယ္။ အလင္းမႈန္ေရာင္ျခည္တန္းက ထပ္ၿပီး ပစ္လာတယ္။

ဒီျမင္ကြင္းကို ေတြ႕ေတာ့ မက္ခါခန္းထဲက ဖိုက္တာက အလ်င္အျမန္ ခံစစ္စနစ္ကို အသက္သြင္းလိုက္ၿပီး ၾကားျဖတ္တိုက္ဖို႔ ဒိုင္းကာကို ဖြင့္လိုက္တယ္။ ဒါေပမဲ့ သူ႔လက္ရဲ႕အလ်င္က 0.05 စကၠန္႔ေလာက္ ေႏွးေနၿပီး ဒိုင္းကာ လံုးလံုး မဖြင့္ရေသးခင္ 'ဘံုး' ဆိုတဲ့အသံနဲ႔အတူ အလင္းေရာင္ျခည္တန္းက သူ႔ပစ္မွတ္ကို မွန္သြားၿပီ။

ဒါတင္မကေသးဘူး။ ဒုတိယေရာင္ျခည္တန္းကလည္း ပထမေရာင္ျခည္တန္းမွန္သြားတဲ့ ေနရာကို ၁၀၀ ရာခိုင္ႏႈန္း တိက်မႈမ်ိဳးနဲ႔ ကြက္တိ ထိမွန္သြားတာမ်ား နည္းနည္းေလးေတာင္ ေနရာမေ႐ြ႕သြားဘူးဆိုတာကို ဖိုက္တာက အံ့ဩတႀကီး ေတြ႕လိုက္ရတယ္။

ဒီတစ္ေခါက္မွာေတာ့ မက္ခါရဲ႕ဒိုင္းကာက အျပင္းအထန္ ခါယမ္းသြားတယ္။ ဖိုက္တာရဲ႕ရင္ထဲမွာလည္း တစ္ခ်ိန္တည္းမွာ တုန္ခါသြားတယ္။

ဒီေလာက္တိက်တဲ့ ထိန္းခ်ဳပ္မႈ၊ ဒီေလာက္ တိက်တဲ့ ပစ္မွတ္ခ်ိန္တြယ္မႈမ်ိဳး။

တကယ္တမ္း သူ႔လက္ရဲ႕အလ်င္ကေတာ့ အလြန္လ်င္ျမန္တယ္လို႔ သက္မွတ္လို႔ရတယ္။ ဒါေပမဲ့ လူတစ္ေယာက္ရဲ႕အေတြးက အၿမဲတမ္း သူတို႔လက္ထက္ ပိုလ်င္ျမန္တယ္။ လူတစ္ေယာက္ရဲ႕ကိုယ္ကို ဦးေႏွာက္ရဲ႕အေတြးနဲ႔ ထိန္းခ်ဳပ္ထားတယ္။ ေျခလက္ေလးဖက္ကို သတင္းျပန္ပို႔ၿပီးေနာက္ အေတြးေတြက အ႐ွိန္ေႏွးသြားၿပီးၿပီ။

သူတို႔ ဒီမီနီမက္ခါေလးကို အထင္ေသးမိတယ္ဆိုတာကို ပရိသတ္က တျဖည္းျဖည္းခ်င္း သိလာတယ္။ တကယ္တမ္း အခုလက္႐ွိ အေရးနိမ့္ေနတာ မက္ခါ ေအးခဲႏွင္းျဖစ္ေနလိမ့္မယ္လို႔ ဘယ္သူကမွ တစ္ခါမွ မေတြးဖူးဘူး။

တိုက္႐ိုက္ၾကည့္႐ႈေနတဲ့ ခ်က္စခရင္ေပၚမွာ စကားလံုးေတြနဲ႔ လံုးဝ ဖံုးကာသြားတယ္:

"အိုး လခြမ္း ဘာေတြျဖစ္ေနတာလဲ! ဒီမီနီမက္ခါေလးက တကယ္ႀကီး အရမ္း စြမ္းအားႀကီးတာပဲ"

"ဒီမက္ခါ ေအးခဲႏွင္းက ဘာေတြျဖစ္ေနတာလဲ၊ ဒီေလာက္ တံု႔ျပန္မႈေႏွးေကြးရသလား။ အစမ္းေမာင္းေနတဲ့ ပိုင္းေလာ့က မေတာ္လို႔လား"

"အစမ္းေမာင္းတဲ့ ပိုင္းေလာ့ကို မေစာ္ကားၾကစမ္းနဲ႔၊ ဒီေအးခဲႏွင္းကလည္း အရမ္း တံု႔ျပန္မႈ ေႏွးလြန္းေနတာ မဟုတ္ဘူး။ အဲဒီမက္ခါေလးက လႈပ္႐ွားတာ အရမ္းျမန္ေနတာ"

"ဒီမက္ခါေလးကို တစ္ေယာက္ေယာက္က ေမာင္းႏွင္ေနတာမဟုတ္ဘူးလား။ ကြန္ပ်ဴတာကိုက အလိုအေလ်ာက္ တိုက္ခိုက္ဖို႔၊ ခုခံဖို႔ ထည့္သြင္းထားတာလား"

"မျဖစ္ႏိုင္ဘူး။ အလိုအေလ်ာက္ တိုက္ခိုက္တာနဲ႔ ခုခံတဲ့ ကစားကြက္ေတြက ဒီေလာက္ မျမန္ႏိုင္ဘူး"

"အေပၚကလူေျပာတာ မွန္တယ္။ မက္ခါေတြက ဘာျဖစ္လို႔ ေမာင္းႏွင္သူလိုအပ္တာလဲ။ ႐ုတ္တရက္ ဆံုးျဖတ္ခ်က္အေျပာင္းအလဲေတြ အမ်ားႀကီး လုပ္ရလို႔မလား။ လူသားေတြက လက္႐ွိအေျခအေနရဲ႕ အခ်က္အလက္ေတြကို သံုးသပ္ၿပီး ဆံုးျဖတ္ႏိုင္ေပမဲ့ မက္ခါေတြကေတာ့ ႀကိဳတင္ပ႐ိုဂရမ္ထည့္သြင္းထားတဲ့ လမ္းညႊန္ခ်က္ေတြကိုပဲ သံုးၿပီးေတာ့ ေလ့လာသံုးသပ္ႏိုင္တယ္။ လုပ္ေဆာင္တဲ့လမ္းစဥ္က ဒီေလာက္ မျမန္ႏိုင္ဘူး"

"အေပၚကလူက တကယ္ရယ္ရတာပဲ။ မင္းတို႔ေကာင္ေတြက ကြန္ပ်ဴတာရဲ႕ဦးေႏွာက္က မင္းတို႔ေလာက္ မျမန္ဘူးလို႔ ေျပာေနတာလား"

"ရယ္ရတာက မင္းကြ၊ မင္းရဲ႕ စိတ္စြမ္းအားအဆင့္က B ေအာက္မွာပဲျဖစ္ရမယ္။ လူတစ္ေယာက္ရဲ႕ စိတ္စြမ္းအားအဆင့္က A+ အဆင့္ေရာက္သြားတာနဲ႔ လူသားအသြင္ကြန္ပ်ဴတာေတြ ျဖစ္သြားတယ္ဆိုတာ မင္းမသိဘူးလား"

"အမွန္ပဲ။ မဟုတ္လို႔႐ွိရင္ မက္ခါေမာင္းႏွင္တဲ့ေနရာမွာ ဘာကိစၥ စိတ္စြမ္းအားကို လိုအပ္တယ္လို႔ ထင္လဲ။ စိတ္စြမ္းအားအဆင့္ျမင့္ေလေလ၊ လက္အလ်င္က ပိုျမန္တာ ဘာလို႔လဲကြ"

"အားးး မင္းတို႔ေတြ ဆက္ၿပီး ျငင္းခံုေနလိုက္၊ ငါကေတာ့ ဒီရန္လိုေပမဲ့ ခ်စ္စရာေကာင္းတဲ့ မက္ခါေလးကိုပဲ အထင္ႀကီးေလးစားပါရေစ၊ အရမ္းစြမ္းအားႀကီးတာပဲ။ ဘယ္မွာဒီလိုတစ္႐ုပ္ေလာက္ ဝယ္လို႔ရလဲ တကယ္သိခ်င္တယ္"

ေနရာမွာလက္႐ွိရွိေနတဲ့ ပရိသတ္ေတြနဲ႔ တိုက္႐ိုက္ၾကည့္႐ႈေနတဲ့လူေတြအားလံုးက အတူတူ တက္ႂကြစြာ ေဆြးေႏြးေနၾကတယ္။ ကယ္လုအန္းလည္း မွတ္ခ်က္ခ်လိုက္တယ္: "သူငယ္ခ်င္းေလး ေ႐ွာင္ေဖာ့လန္#4 ကို ဒီလိုမ်ိဳး ျပင္ဆင္ဖို႔ ဘယ္လိုစဥ္းစားလိုက္တာလဲ။ သူ႔ရဲ႕ လက္နက္စနစ္အတြက္ ဒီဇိုင္းကေရာဘာလဲ။ ငါသိသေလာက္ အလင္းမႈန္အေျမာက္ဆန္ရဲ႕ က်ည္အ႐ြယ္အစားက ေ႐ွာင္ေဖာ့လန္#4 ရဲ႕ ေခါင္းေလာက္ေတာင္႐ွိတယ္။ အဲဒါကို ဘယ္လိုခ်ံဳ႕လိုက္တာလဲ"

ကၽြမ္းက်ိဳးက ခ်က္ခ်င္း ႂကြားဝါလုိက္တယ္: "ဝမ္ေ႐ွာင္းယြင္ ကၽြန္ေတာ့္အတြက္ သီးသန္႔လုပ္ေပးထားတာ။ သူ႔ကို ကၽြန္ေတာ့္ရဲ႕ အေတြးေျပာျပလိုက္ေတာ့ တစ္ရက္အတြင္း ယူလာေပးတာပဲ"

ကယ္လုအန္းက ဝမ္ေ႐ွာင္းယြင္ကို ၾကည့္လုိက္တယ္။

ဝမ္ေ႐ွာင္းယြင္က တည္ၿငိမ္မႈအျပည့္နဲ႔ : "အင္း စစ္တပ္က တီထြင္မႈအသစ္ေလ၊ ေ႐ွ႕တန္းက လက္နက္ေတြရဲ႕အေလးခ်ိန္ကို ေလွ်ာ့ခ်ဖို႔ သူတို႔ကို ခ်ံဳ႕ထားတာ။ ဒါေပမဲ့ ပါဝါနဲ႔ အင္အားကေတာ့ ဒီလိုပဲ အရင္ထက္ပိုျပင္းထန္တယ္"

ကယ္လုအန္းက အားက်စြာ ေျပာလိုက္တယ္: "ငါျပန္ေရာက္ရင္ ငါလည္း နည္းနည္းေလွ်ာက္ထားရမယ္"

သူနဲ႔ ကၽြမ္းက်ိဳးက အတူတူမဟုတ္ဘူး။ သူက စစ္တပ္နဲ႔ အဆက္အသြယ္လံုးဝမ႐ွိဘူး။ သူက စစ္တပ္ကေန သူတို႔အတြက္ မက္ခါတီထြင္ေပးဖို႔ အမွာစာရမွသာ မက္ခါေတြမွာ တပ္ဆင္ဖို႔ စစ္တပ္ကေန လက္နက္ကိရိယာကို ေလွ်ာက္ရတာျဖစ္တယ္။

သူတို႔အတြက္ မက္ခါလုပ္ေပးဖို႔အတြက္ပဲေလ။ ေသခ်ာေပါက္ မက္ခါမွာတပ္ဆင္ဖို႔ လက္နက္ေတြေပးဖို႔ မျငင္းပယ္ေလာက္ပါဘူး။

စတိတ္စင္ေပၚက တိုက္ပြဲက အထြတ္အထိပ္ေရာက္ေနၿပီ။ တိုးတက္မႈကို ၾကည့္ေနတဲ့ ကၽြမ္းက်ိဳးကလည္း အလြန္အမင္း စိတ္လႈပ္႐ွားေနတယ္။

သူက ေ႐ွာင္ေဖာ့လန္ကို ေကာက္ယူလိုက္ၿပီး ေတာက္ပၿပီး တလက္လက္ထေနတဲ့ မ်က္လံုးေတြနဲ႔ ေျပာတယ္: "ေ႐ွာင္ေဖာ့လန္၊ #4 ကို အေ႐ွ႕မွာ သြားအားေပးရေအာင္"

"က်ိဳးက်ိဳးေရ" ဝမ္ေ႐ွာင္းယြင္က သူ႔ကို မ်က္ခံုးေတြ အနည္းငယ္ တြန္႔ခ်ိဳးလ်က္ ေခၚလိုက္တယ္။

ကၽြမ္းက်ိဳးက သူ႔ကို ၿပံဳးျပလိုက္တယ္: "မစိုးရိမ္ပါနဲ႔ အေ႐ွ႕မွာ တစ္ခ်က္သြားၾကည့္ၿပီး ျပန္လာမွာပါ။ ေ႐ွာင္ေဖာ့လန္ကို #4 က ဘယ္ေလာက္အင္အားႀကီးလဲဆိုတာ ျပဖို႔ အခြင့္အေရးေကာင္းပဲ"

ေ႐ွာင္ေဖာ့လန္: "........."

ဟက္၊ ငါက တကယ္ အဲဒါကို ၾကည့္ခ်င္တယ္လို႔ ထင္ေနတာလား။

#4 ရဲ႕ အလွဆင္ထားတဲ့ပံုစံက ေသာက္ရမ္း႐ုပ္ဆိုးလြန္းတယ္။

ေနာက္ၿပီး လက္နက္စနစ္တဲ့လား။

ဟားဟား ငါ့လိုမ်ိဳးမိစၦာက ဒီလိုပစၥည္းမ်ိဳးကို လံုးဝတန္ဖိုးမထားပါဘူးေနာ္။

ငါတကယ္ေသာက္ရမ္း.....

ငါလည္း ဒီလိုကိရိယာမ်ိဳးနဲ႔ ပံုစံအသစ္အေနနဲ႔ ျပန္တည္ေဆာက္ခံခ်င္တာပဲေလ!! (T/N သူပဲအမ်ိဳးမ်ိဳး)

႐ုပ္ဆိုးေတာ့ေရာ ဘာျဖစ္ေသးလဲ။ လက္နက္တန္ဆာပလာမပါတဲ့သူက ေခြးျဖစ္တာပဲ!

ကၽြမ္းက်ိဳးမ်က္လံုးထဲမွာ ေမွ်ာ္လင့္ေနတဲ့အရိပ္အေယာင္ေတြ ျပည့္ေနတာကိုေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္က သူ႔ကို ထပ္ၿပီး မထားေတာ့ဘူး။

ဒါေပမဲ့ ကၽြမ္းက်ိဳး စတိတ္စင္ကို ေျပးသြားၿပီးေနာက္ သူ လက္ဟန္ျပလိုက္တယ္။ လူအုပ္စုႀကီးထဲမွာ လူတခ်ိဳ႕က ကၽြမ္းက်ိဳးရဲ႕ လက္လွမ္းမီရာေနရာအထိ အမူအရာကင္းမဲ့စြာ တိုးကပ္သြားၾကတယ္။

စတိတ္စင္ေပၚက ေဘးကင္းတဲ့ေနရာ

သူထြင္ထားတဲ့မက္ခါ ခက္ခဲတဲ့အေျခအေနအထိ ထိုးက်သြားတာကို ျမင္ရၿပီး ေ႐ွာင္ေဖာ့လန္#4 ရဲ႕အင္အားအရာမွာ ဖိႏွိပ္ခံထားရတာကို ေတြ႕ေတာ့ ဟုန္႐ွစ္ကၽြင္းရဲ႕ မ်က္ႏွာအမူအရာက ပိုပိုၿပီး ဆိုး႐ြားလာတယ္။

အဆံုးမွာေတာ့ ေ႐ွာင္ေဖာ့လန္#4 က ေသခ်ာေပါက္ အႏိုင္ရႏိုင္တာကို ျမင္ေတာ့ ခ်န္က်င့္႐ႊယ္က #4 နဲ႔ စိတ္စြမ္းအားခ်ိတ္ဆက္ထားတာကို လႊတ္ေပးလိုက္ၿပီး #4 ကို သူ႔ဘာသာ ေမာင္းႏွင္ခြင့္ေပးလိုက္တယ္။

ဒါေပမဲ့ စတိတ္စင္ေပၚမွာ ဒီအတိုင္း ရပ္ေနရတာ ပ်င္းေနေတာ့ ဘာလုပ္ရမလဲ။

ခ်န္က်င့္႐ႊယ္က ေနာက္လွည့္ၾကည့္လိုက္တယ္။ ဟုန္႐ွစ္ကၽြင္းရဲ႕ ျဖဴေဖ်ာ့ေနတဲ့အသားအေရနဲ႔ မ်က္ႏွာေပၚ ေခၽြးေအးေတြ အလံုးလိုက္စီးက်လာတာကို ၾကည့္ၿပီး ခ်န္က်င့္႐ႊယ္က ၿပံဳးၿပီးေျပာတယ္: "အိုင္းယား မိတ္ေဆြ မေၾကာက္ပါနဲ႔ မေၾကာက္ပါနဲ႔၊ ဒါက အေပ်ာ္တမ္းၿပိဳင္ပြဲပါပဲ၊ တစ္ေယာက္ေယာက္ေသသြားတာမွ မဟုတ္ပဲ ဟုတ္တယ္မလား"

ဟုန္႐ွစ္ကၽြင္းရဲ႕ မ်က္ႏွာအမူအရာက ပိုၿပီး ဆိုး႐ြားလာတယ္။ သူက ပင့္သက္တစ္ခ်က္႐ႈိက္သြင္းလိုက္ၿပီး ဖိႀကိတ္ထားတဲ့အသံနဲ႔ ေျပာတယ္: "ဒုဗိုလ္ခ်ဳပ္ခ်န္... ဘာ ဘာလုပ္ဖို႔ စီစဥ္ထားတာလဲ"

ခ်န္က်င့္႐ႊယ္က အျပစ္ကင္းစြာ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္တယ္: "ငါက ဘာစီစဥ္ထားလို႔လဲ။ မိတ္ေဆြ မင္းဘာေတြ ေျပာေနတာလဲ ငါနားမလည္ဘူး"

သူ႔သြားၾကားကေန လိမ္ညာေျပာေနတာကို ေတြ႕ေတာ့ ဟုန္႐ွစ္ကၽြင္းက စိတ္ထဲမွာ ေခ်ာက္ခ်ားလာသလို စိတ္လည္းတိုလာတယ္။

တစ္ဖက္လူက ေသခ်ာေပါက္ သိထားၿပီးၿပီ။ သူ႔ရဲ႕စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္က စက္႐ုပ္တီထြင္တဲ့ လူတစ္ေယာက္တည္းကေန လာတယ္ဆိုတာ သိထားတယ္။ သူက စတိတ္စင္ေပၚကို တက္လာလာခ်င္း ၿခိမ္းေျခာက္ျပသေနၿပီးမွ အခုမွ တံုးအခ်င္ေယာင္ေဆာင္ေနတာလား။

ဟုန္႐ွစ္ကၽြင္းက အံႀကိတ္လိုက္တယ္။ ဒါေပမဲ့ ၿပိဳင္ပြဲက ၿပီးခါနီးေနၿပီ။ သူက ခ်န္က်င့္႐ႊယ္ စတိတ္စင္ေပၚတက္လာၿပီး ဘာလုပ္ဖို႔ စီစဥ္ထားတာလဲ သူမသိဘူး။ ခ်န္က်င့္႐ႊယ္ စီစဥ္ထားတဲ့အတိုင္း မလုပ္ႏိုင္ခင္ ဒီခန္႔မွန္းလို႔မရတဲ့အခ်က္ကို သူဖယ္႐ွားပစ္ရမယ္။

လူေတြအမ်ားႀကီးအေ႐ွ႕မွာ ဟုန္႐ွစ္ကၽြင္းက ဘာတစ္ခုမွ အလြန္အကၽြံမလုပ္ရဲဘူး။ သူက ခ်န္က်င့္႐ႊယ္အေ႐ွ႕ကို ေလွ်ာက္သြားၿပီး သူ႔အသံကို ပိုၿပီး ႏွိမ့္ခ်ေျပာလုိက္တယ္: "ဒုဗိုလ္ခ်ဳပ္ခ်န္ ကၽြန္ေတာ္က ဘယ္လိုအဆင့္အတန္းမ်ိဳးလဲဆိုတာ ခင္ဗ်ားသိမွာပါ"

ခ်န္က်င့္႐ႊယ္က တည္ၿငိမ္ေလးနက္စြာနဲ႔ ေျပာတယ္: "ေသခ်ာေပါက္ သိတာေပါ့"

ဟုန္႐ွစ္ကၽြင္းက ေလးလံတဲ့အသံနဲ႔ ေျပာတယ္: "ကၽြန္ေတာ့္ရဲ႕ဟုန္မိသားစုက ထင္ေပၚေက်ာ္ၾကားတဲ့ မွဴးမ်ိဳးမတ္ႏြယ္ေတြပဲ၊ ကၽြန္ေတာ့္အန္တီက ဘယ္႐ြန္ကေတာ္ေပၚသြင့္ပဲ။ ၿမိဳ႕စားႀကီးရဲ့ ညီငယ္ေလးကလည္း ပထမတပ္ဖြဲ႕က တပ္ဖြဲ႕မႉး။ ဒါက ဘာကိုဆိုလိုတယ္ဆိုတာ ႐ွင္း႐ွင္းလင္းလင္း နားလည္တယ္မလား"

ခ်န္က်င့္႐ႊယ္က မ်က္ေတာင္ခတ္လိုက္တယ္: "ေအာ္ ဘာမ်ားဆိုလိုတာပါလိမ့္"

သူတံုးအခ်င္ေယာင္ေဆာင္ေနတာကို ၾကည့္ၿပီး ဟုန္႐ွစ္ကၽြင္း စိတ္ထဲကေန မုန္းတီးလာတယ္။ ဒါေပမဲ့ ေခါင္းမာစြာနဲ႔ ေျပာလိုက္ေသးတယ္: "ခင္ဗ်ားေမ့သြားၿပီလား၊ အခုဆို ဝမ္ေ႐ွာင္းယြင္ စြမ္းအင္ဓာတ္ေရာင္ျခည္သင့္ခံထားရတယ္။ သူ႔စိတ္စြမ္းအားက ဆက္တိုက္က်ေနတာ၊ တတိယတပ္ဖြဲ႕ အဖြဲ႕မွဴးေနရာမွာ ၾကာၾကာထိုင္ရမွာ မဟုတ္ေတာ့ဘူး။ သူဒီေနရာမွာ အခုထိ႐ွိေနေသးတဲ့ အေၾကာင္းရင္းက အင္းဆက္ဘုရင္မကို သတ္တဲ့ေနရာမွာ ဂုဏ္ထူးေဆာင္ထားလို႔ပဲ၊ ဆိုေတာ့ အခုလက္႐ွိ ဘာအစီအစဥ္မွ မ႐ွိဘူး"

ခ်န္က်င့္႐ႊယ္မ်က္ႏွာေပၚက အၿပံဳးက တျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားတယ္: "အိုး အဲဒီေတာ့ ဘာလဲ"

ဟုန္႐ွစ္ကၽြင္းက ခ်န္က်င့္႐ႊယ္ သူေျပာေနတာကို နားေထာင္လာၿပီလို႔ ထင္ၿပီး ေအးစက္စက္ ေလွာင္လိုက္တယ္: "ဒုဗိုလ္ခ်ဳပ္ခ်န္ စဥ္းစားၾကည့္ဖူးလား။ ခင္ဗ်ားက ဝမ္ေ႐ွာင္းယြင္ရဲ႕ ဒုဗိုလ္ခ်ဳပ္၊ တတိယတပ္ဖြဲ႕ရဲ႕ ဒုတပ္မွဴး။ ဝမ္ေ႐ွာင္းယြင္ထြက္သြားတာနဲ႔ ခင္ဗ်ားက တတိယတပ္ဖြဲ႕မွာ အားအႀကီးဆံုးသူျဖစ္သြားၿပီ။ ခင္ဗ်ား ဒီေနရာကို မလိုခ်င္ဘူးလား၊ ဒါမွမဟုတ္ တျခားႀကံဳရာတစ္ေယာက္ကို လႊဲေပးလိုက္ၿပီး တပ္ဖြဲ႕မွဴးျဖစ္ေစခ်င္ေနတာလား။ ခင္ဗ်ား စကားတစ္ခြန္းပဲေျပာလိုက္ ဟုန္မိသားစုက ခင္ဗ်ားကို ေထာက္ပံ့ေပးလို႔ရတယ္။ ဘယ္႐ြန္ေပၚသြင့္ရဲ႕ ညီေလး၊ ပထမတပ္ဖြဲ႕က တပ္ဖြဲ႕မွဴးကလည္း ခင္ဗ်ားအဲဒီေနရာမွာ အတည္တက်ထိုင္ႏိုင္ေအာင္ ေထာက္ပံ့ေပးမွာပါ"

ခ်န္က်င့္႐ႊယ္က တဟားဟားနဲ႔ ႏွစ္ႀကိမ္တိုင္ ရယ္လိုက္တယ္: "ၾကည့္ရတာ ဟုန္သခင္ေလးရဲ႕ ဂုဏ္သတင္းက အရမ္းခမ္းနားတာပဲ။ မင္းစကားတစ္ခြန္းနဲ႔တင္ ဘယ္႐ြန္ေပၚသြင့္နဲ႔ ပထမတပ္ဖြဲ႕ တပ္ဖြဲ႕မွဴးက ကၽြန္ေတာ့္ကို ေထာက္ပံ့ေပးမွာလား"

ဟုန္႐ွစ္ကၽြင္းက ဆိုတယ္: "ေသခ်ာတာေပါ့၊ ခင္ဗ်ားလုပ္ခ်င္လား၊ မလုပ္ခ်င္ဘူးလားဆိုတာမွာပဲ မူတည္တယ္"

ခဏရပ္လိုက္ၿပီးေနာက္ ဟုန္႐ွစ္ကၽြင္းက ဆက္ေျပာတယ္: "ဗိုလ္ခ်ဳပ္ႀကီးဝမ္က အမႈိက္ၿဂိဳလ္က ဓာတ္ေရာင္ျခည္ေအာက္မွာ အကာအကြယ္မ႐ွိဘဲ အၾကာႀကီး လံုးဝ ထိေတြ႕လာခဲ့တာလို႔ ၾကားတယ္။ သူေတြ႕ႀကံဳခဲ့တဲ့ ညစ္ညမ္းမႈေတြက နည္းမွာမဟုတ္ဘူး။ ရက္အနည္းငယ္အတြင္းမွာ SSS အဆင့္ကေန S အဆင့္ကို က်သြားၿပီ။ ေနာက္ႏွစ္လဆိုရင္ သူ႔စိတ္စြမ္းအားက S အဆင့္ေတာင္ ႐ွိပါေတာ့မလား။ ခင္ဗ်ားက လူတိုင္းထက္ ပိုနားလည္ပါတယ္။ ဆိုးဆိုး႐ြား႐ြား အဆိပ္သင့္ထားတဲ့သူေတြက အသံုးမက်တဲ့အမႈိက္တစ္စလို ဘဝဆံုးသြားတာမဟုတ္ရင္ အေျခခံအားျဖင့္ေတာ့ ေသဖို႔ ေစာင့္ေနတာပဲ။ သူက အသံုးမက်တဲ့ အမႈိက္တစ္စျဖစ္သြားတာနဲ႔ ဒါမွမဟုတ္ သူေသသြားတာနဲ႔၊ တတိယတပ္ဖြဲ႕က အားလံုး ခင္ဗ်ားအပိုင္ျဖစ္သြားမွာမလား--"

ေသခ်ာတာေပါ့ အဲဒီအတြက္ ႀကိဳတင္သတ္မွတ္ခ်က္ကေတာ့ ခ်န္က်င့္႐ႊယ္က ဒီေန႔စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္နဲ႔ ပတ္သက္တဲ့အေၾကာင္းကို သူ႔ဗိုက္ထဲမွာပဲ လံုးဝ ပုပ္သိုးသြားေအာင္ သိမ္းထားရမွာေပါ့။

ကၽြမ္းက်ိဳးက ေ႐ွာင္ေဖာ့လန္#4 က ဟုန္႐ွစ္ကၽြင္းလုပ္ထားတဲ့ မက္ခါကို လံုးဝတစ္ဖက္သတ္ အျပတ္အသတ္ေကၽြးေနတာကို ျမင္ခ်င္တာ။ အရင္က သူကအေနာက္ဘက္ အေဝးႀကီးမွာ ထိုင္ေနေတာ့ စခရင္ႀကီးမွာပဲ ၾကည့္လို႔ရတယ္။ အခု သူ႔ရဲ႕တန္ခိုးအာ႐ံုကို ျဖန္႔က်က္လိုက္ၿပီး ၿပိဳင္ပြဲခန္းမတစ္ခုလံုးကို သူ႔ရဲ႕တန္ခိုးအာ႐ံုနဲ႔ လႊမ္းၿခံဳလိုက္တယ္။ ဒီနည္းနဲ႔ဆိုရင္ ေ႐ွာင္ေဖာ့လန္#4 ရဲ႕ လႈပ္႐ွားမႈအေသးစိတ္အကုန္လံုးကို သူ႐ွင္း႐ွင္းလင္းလင္း ျမင္ရလိမ့္မယ္။

မေမွ်ာ္လင့္စြာနဲ႔ သူက ၿပိဳင္ပြဲစတိတ္စင္ေအာက္ကေန ျဖတ္အသြား ဟုန္႐ွစ္ကၽြင္းရဲ႕ စကားေတြကို ၾကားလိုက္တယ္။

ကၽြမ္းက်ိဳးရဲ႕ ၿပံဳးေနတဲ့ မ်က္ႏွာထားက ခ်က္ခ်င္း ေျပာင္းလဲသြားတယ္။

ဒီလူက ဝမ္ေ႐ွာင္းယြင္အေၾကာင္း ဒီလို ေျပာရဲတယ္ေပါ့!

ၿပီးေတာ့ ဒီေလာက္ျပင္းထန္တဲ့ မိစၦာစိတ္ပုပ္စိတ္ယုတ္ေတြနဲ႔!

ဒီတစ္ခါေတာ့ သူတကယ္ကို စိတ္တိုေနၿပီ!

ဟုန္႐ွစ္ကၽြင္းရဲ႕ မတူတဲ့အယူေတြ မ်ိဳးေစ့ခ်ေပးဖို႔ ႀကိဳးစားေနတာကို ၾကားေတာ့ ခ်န္က်င့္႐ႊယ္က ပိုပိုၿပီး ႐ြံ႐ွာစက္ဆုပ္လာတယ္။ သူက ေ႐ွာင္ေဖာ့လန္#4 ကို ျပန္ေခၚၿပီး ဟုန္႐ွစ္ကၽြင္းကို ေနရာမွာတင္ အပုပ္ေတြေဖာ္ဖို႔ လုပ္ေတာ့မယ့္အခ်ိန္မွာပဲ ႐ုတ္တရက္ သူ႔ေခါင္းထဲမွာ အသံတစ္သံ ၾကားလိုက္ရတယ္။

"ခ်န္က်င့္႐ႊယ္ ခင္ဗ်ား သူလုပ္ထားတဲ့ မက္ခါကို နည္းနည္းခ်င္းစီ အပိုင္းအစျဖစ္ေအာင္ လုပ္ေစခ်င္တယ္!"

ခ်န္က်င့္႐ႊယ္က ႐ုတ္တရက္ ထခုန္လိုက္မိတယ္။ ဒီအသံက ကၽြမ္းက်ိဳးအသံပဲ ဒါေပမဲ့ သူ႔ေခါင္းထဲမွာ ျပတ္ျပတ္သားသားႀကီး ပဲ့တင္ထပ္ေနတယ္။

သူ႔ေဘးက ဘယ္သူကမွ ဒါကို မၾကားလုိက္ဘူးဆိုတာ သူအရမ္းေသခ်ာသိေနတယ္။ သူတစ္ေယာက္ပဲၾကားတယ္။ က်ိဳးက်ိဳး ဒါဘယ္လိုလုပ္လိုက္တာလဲ။

ခ်န္က်င့္႐ႊယ္မွာ ဒါကို အခ်ိန္ယူစဥ္းစားေနခ်ိန္မရဘူး။ က်ိဳးက်ိဳးက ဒါကို ေျပာၿပီးသြားတာနဲ႔ သူ႔ႏွလံုးသားထဲမွာ ႏႈိးေဆာ္မႈတစ္ခု လႈိက္တက္လာတာကို သိလိုက္ရတယ္: က်ိဳးက်ိဳးေျပာတဲ့အတိုင္း သူလုပ္ရမယ္။ ဒီတာဝန္ကို ၿပီးေအာင္လုပ္ရမယ္! သူ႔ကို စိတ္ပ်က္ေစလို႔ မရဘူး!

သူက ေ႐ွာင္ေဖာ့လန္#4 နဲ႔ စိတ္ဆက္သြယ္လိုက္ၿပီး ဒီေဖ်ာ္ေျဖေရးပြဲရဲ႕ အ႐ွိန္ကို ေျပာင္းလိုက္တယ္။ ၿပိဳင္ပြဲျမင္ကြင္းကလည္း ဒါေၾကာင့္ ေျပာင္းလဲသြားၿပီး ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ ျပည့္လွ်မ္းသြားတယ္။

က်ိဳးက်ိဳးစိတ္ထဲကေန ေျပာလိုက္တဲ့ စကားလံုးေတြလိုပဲ ပရိသတ္ေတြနဲ႔ တိုက္႐ိုက္ထုတ္လႊင့္မႈကိုၾကည့္ေနသူေတြအားလံုးက မက္ခါအေသးေလးက ဟုန္႐ွစ္ကၽြင္းထြင္ထားတဲ့ သူ႔ထက္ အဆေပါင္းမ်ားစြာႀကီးမားတဲ့ မက္ခါႀကီး 'ေအးခဲႏွင္း' ကို ျဖည္းျဖည္းခ်င္း အစိတ္အပိုင္းေသးေသးေလးေတြအျဖစ္ တစ္စစီျဖဳတ္ေနတာကို မ်က္လံုးျပဴးၿပီး ၾကည့္ေနၾကတယ္။

ပရိသတ္ေတြအကုန္လံုးက ခ်က္ခ်င္း ႐ုတ္႐ုတ္သဲသဲျဖစ္သြားတယ္။

အဲဒီအခ်ိန္မွာ ေအးခဲႏွင္း တစ္စစီမျဖစ္သြားခင္ေလးတင္ ဟုန္႐ွစ္ကၽြင္းက တစ္ခုခုသိလိုက္ပံုရတယ္။ သူက ၿပိဳင္ပြဲကို ရပ္ဖို႔ ေအာ္လိုက္ခ်င္ေပမဲ့ ႐ုတ္တရက္ သူက အသံတစ္သံေတာင္ မထြက္ႏိုင္ဘူးဆိုတာ သိလိုက္ရတယ္။

သူ႔လည္ေခ်ာင္းမွာ တစ္ခုခုတစ္ဆို႔ေနပံုရၿပီး သူဘာတစ္ခြန္းမွ မေျပာႏိုင္ဘူး။

ကၽြမ္းက်ိဳးက တိတ္တိတ္ေလး ေရ႐ြတ္လိုက္တယ္: "ဒီေလာက္ ဆိုး႐ြားတဲ့စကားေတြကို ေျပာေနမွေတာ့ စကားလံုးဝ မေျပာခိုင္း႐ံုပဲ၊ ၾကားေနရ႐ံုနဲ႔တင္ စိတ္တိုေအာင္လုပ္တယ္!"

ဘယ္သူကမွ ဝမ္ေ႐ွာင္းယြင္ကို ဒီလိုမ်ိဳး ေျပာခြင့္မေပးႏိုင္ဘူး!

သူခြင့္မျပဳဘူး!

ဟုန္႐ွစ္ကၽြင္းက ၿပိဳင္ပြဲကို ရပ္တန္႔ေပးဖို႔ မေျပာႏိုင္ဘူး။ ပရိသတ္ေတြနဲ႔ ဒိုင္ေတြက အားလံုး မက္ခါ ေအးခဲႏွင္းမွာ မကိုင္တြယ္ရေသးတဲ့ ဝွက္ဖဲတစ္ခု ႐ွိေနေသးတယ္လို႔ ယူဆလိုက္ၿပီး ေတြးေနၾကတယ္: ေသခ်ာေပါက္ ဟုန္႐ွစ္ကၽြင္းက ဒီၿပိဳင္ပြဲကို မရပ္ခိုင္းေသးေလာက္ဘူး။

ဒါနဲ႔ အားလံုးက မက္ခါ ေအးခဲႏွင္း အပိုင္းအစေတြအျဖစ္ စုတ္ျဖဲခံလိုက္ရတာကို မ်က္လံုးအဝိုင္းသားနဲ႔ ၾကည့္ေနၾကတယ္။ အဲဒီအခ်ိန္မွာ ဟုန္႐ွစ္ကၽြင္းကေတာ့ အစကေန အဆံုးအထိ ဘာမွ မေျပာလာဘူး။

ဆန္႔က်င္ဘက္အေနနဲ႔ သူ႔မ်က္ႏွာက နီရဲလာၿပီး လည္ပင္းကို စိတ္ဆိုးမာန္ဆိုးနဲ႔ ဆုပ္ကိုင္ထားကာ ႐ွက္လြန္းလို႔ ေဒါသူပုန္ထေနသလိုမ်ိဳး ေနရာအႏွံ႔မွာ ခုန္ေပါက္ေနေတာ့တယ္။

ပရိတ္သတ္ေတြရဲ႕ မ်က္စိေအာက္မွာပဲ ေအးခဲႏွင္းက ႐ႈံးနိမ့္သြားတယ္!

ခါးအျမင့္ေလာက္ပဲ႐ွိတဲ့ မီနီမက္ခါေလးကို ႐ႈံးသြားတယ္!

ပရိသတ္ေတြအားလံုးက လံုးဝႀကီး ၿငိမ္က်သြားတယ္။

ဒါေပမဲ့ အလြန္လ်င္ျမန္စြာပင္ အားလံုး ျပန္ေကာင္းလာၾကတယ္။ အ႐ႈံးက အ႐ႈံးပဲ။ ေအးခဲႏွင္းရဲ႕ ထိတ္လန္႔စရာေကာင္းတဲ့ တန္ဖိုးက သူ႔ရဲ႕တိုက္စစ္စြမ္းရည္မွမဟုတ္ပဲ။ ဓာတ္ေရာင္ျခည္အားလံုးကို ကာရံထားႏိုင္တဲ့ တပ္ဆင္စနစ္ပဲေလ။

အစီအစဥ္မွဴးက ကသိကေအာက္ျဖစ္စြာနဲ႔ ေ႐ွ႕တိုးကာ ၿပိဳင္ပြဲရလဒ္ကို ေၾကညာဖို႔ လုပ္ေနခ်ိန္မွာပဲ ေ႐ွာင္ေဖာ့လန္#4 က စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကို ၾကမ္းေပၚက အပ်က္အစီးပံုၾကားကေန လွန္ထုတ္လာတယ္။

"အဲဒါက ေအးခဲႏွင္းရဲ႕ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ပဲ! သူက ဘာလုပ္ဖို႔ ကိုင္ထားတာလဲ!"

"ဘုရားေရ၊ သူက ခိုးဖို႔မ်ား ႀကိဳးစားေနတာလား"

"ဒါကို ခိုးယူလည္း အသံုးမဝင္ဘူးေလ၊ ဒါက ဟုန္မိသားစုရဲ႕ သခင္ေလးက မူပိုင္ခြင့္တင္ထားတဲ့ဟာဆိုတာ လူတိုင္းသိတာပဲ။ ခိုးလည္း အသံုးမဝင္ဘူး။ ေနာက္ၿပီး ဒုဗိုလ္ခ်ဳပ္ခ်န္က ဒီလိုလူမ်ိဳးမဟုတ္ဘူးဆိုတာ ေျပာစရာေတာင္မလိုဘူး"

ေဆြးေႏြးေနတဲ့ စကားသံေတြက မရပ္တန္႔သြားဘူး။ အဲဒီမွာ ပရိသတ္ေတြက ႐ုတ္တရက္ႀကီး မီနီမက္ခါေလးက စတိတ္စင္ေပၚမွာ သူ႔ကိုယ္သူ တစ္စစီျဖဳတ္လိုက္တာကို ေတြ႕လိုက္ရတယ္။

ပရိသတ္အားလံုး: "???"

အခု ဘာေတြျဖစ္ေနတာလဲ။

#4က သူ႔ေခါင္းထိပ္က အကာကို ဖြင့္လိုက္ၿပီး အထဲက ဓာတ္ေရာင္ျခည္အရင္းအျမစ္တပ္ဆင္စနစ္ကို ဖြင့္ၿပီး ခ်န္က်င့္႐ႊယ္ကို ေျပာတယ္:

"သခင္ ဒါက ကၽြန္ေတာ့္ရဲ႕ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ပါ။ ဒီလူသားက သူခိုးပါ"

ဒီစကားေတြကိုၾကားေတာ့ ပရိသတ္ေတြအားလံုး ထိတ္လန္႔သြားတယ္။

ဒီမက္ခါေလးက ဘာဆိုလိုတာလဲ။

သူ႔ရဲ႕ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္လား။

ဟုန္႐ွစ္ကၽြင္းရဲ႕မ်က္ႏွာက မဲျပာၿပီး ရဲတြတ္ေနတယ္။ သူက ေနရာမွာပဲ က်ယ္ေလာင္စြာ ေျခေဆာင့္ကာ တစ္ခုခုကို ေျပာခ်င္ေနေပမဲ့ အဆံုးအထိ အသံတစ္သံမွ မထြက္ႏိုင္ဘူး။ သူက အလြန္စိတ္ဆိုးလြန္းလို႔ ေသြးတစ္ပြက္ေတာင္ အန္ထုတ္လိုက္တယ္။

ခ်န္က်င့္႐ႊယ္က #4 ရဲ႕ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကို ယူလိုက္ၿပီး သူ႔ေခါင္းကို ၿပံဳးၿပီး ပုတ္ေပးလိုက္တယ္။ အဲဒီေနာက္ သူက မက္ခါၿပိဳင္ပြဲရဲ႕ အစီအစဥ္မွဴးကို မ်က္ႏွာမူလိုက္ၿပီး အသံျမွင့္ကာ ေျပာတယ္: "ဆရာႀကီးေတြအားလံုးကို ကၽြန္ေတာ္ တိုင္ၾကားလိုပါတယ္။ ဒီ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္က ကၽြန္ေတာ္တို႔ရဲ႕ မူပိုင္ခြင့္ပါ။ ဟုန္႐ွစ္ကၽြင္းက ကၽြန္ေတာ္တို႔နည္းလမ္းကို ခိုးယူတုပထားတာပါ"

အခုဆို ပရိသတ္ေတြက ထိတ္လန္႔႐ံုသာမက မက္ခါဒီဇိုင္နာ အကဲျဖတ္ဒိုင္ ဆရာသမားေတြေတာင္မွ ၿငိမ္ၿငိမ္ထုိင္မေနႏိုင္ေတာ့ဘူး။

"ဒု ဒုဗိုလ္ခ်ဳပ္ခ်န္... သက္ေသ႐ွိလား"

ဟုန္မိသားစုက တစ္ေယာက္က စတိတ္စင္ေပၚကို တုိက္႐ုိက္ ခုန္တက္လာတယ္: "ဒီလို တာဝန္မဲ့တဲ့ မွတ္ခ်က္မ်ိဳး မလုပ္ပါနဲ႔ ဒုဗိုလ္ခ်ဳပ္ခ်န္ ခင္ဗ်ားမွာ သက္ေသမ႐ွိရင္ ရမ္းသမ္းၿပီး မဟုတ္တာေတြ မေျပာပါနဲ႔! ဒါက ကၽြန္ေတာ္တို႔မိသားစုရဲ႕ သခင္ေလး ထြင္ထားတာပါ!"

ဒီလုိေျပာရင္းနဲ႔ အဲဒီလူက ဟုန္႐ွစ္ကၽြင္းဘက္ကို လွည့္လိုက္တယ္: "သခင္ေလး ျမန္ျမန္ သူတို႔ကို ႐ွင္းျပလိုက္ေလ"

ဒါေပမဲ့ ဟုန္႐ွစ္ကၽြင္းရဲ႕အသံက ပိတ္ဆို႔ေနၿပီး တစ္ခြန္းမွ မေျပာႏိုင္ဘူး။ သူက ေခ်ာက္ခ်ားလြန္းလို႔ မ်က္လံုးေတြေတာင္ အေနာက္ကို လန္ေနၿပီ။

ခ်န္က်င့္႐ႊယ္မွာ ေသခ်ာေပါက္ သက္ေသျပင္ဆင္ထားတာေပါ့။ သူ စတိတ္စင္ေပၚမွာ လက္ရည္ယွဥ္တဲ့ ရည္႐ြယ္ခ်က္က ေအးခဲႏွင္းရဲ႕ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကို ေဖာ္ထုတ္ဖို႔ပဲ။

ခ်န္က်င့္႐ႊယ္က သူ႔ရဲ႕သက္ေသကို ကမ္းေပးလိုက္တယ္။

"ဒါက မစၥတာဟုန္႐ွစ္ကၽြင္း ကၽြန္ေတာ့္... ကၽြန္ေတာ့္မိတ္ေဆြဆိုင္ကေန စက္႐ုပ္တစ္႐ုပ္ဝယ္သြားတဲ့ အမွာစာမွတ္တမ္းပါ။ ပစၥည္းရဲ႕ ပံုေတြနဲ႔ အခ်က္အလက္ေတြက ဒီမွာ႐ွိပါတယ္။ ဒါက ကၽြန္ေတာ့္ရဲ႕ 4.0 နဲ႔ အတူတူပါပဲ၊ ေနာက္ၿပီး...."

သူက ခဏရပ္လိုက္ၿပီး ေအးေအးသက္သာနဲ႔ ေျပာတယ္: "ခင္ဗ်ားတို႔ မယံုဘူးဆိုရင္ 4.0 ကို စစ္ေဆးၾကည့္လုိ႔ရပါတယ္"

ဒုိင္ေတြက သက္ေသကို ၾကည့္လိုက္ၿပီးေနာက္ သူတို႔မ်က္ႏွာေတြက ပိုလို႔ေတာင္ ပုပ္သိုးလာတယ္။

ခ်န္က်င့္႐ႊယ္က အနည္းဆံုးေတာ့ စစ္တပ္က ေတာ္ေတာ္ေလး လူသိမ်ားတဲ့သူတစ္ဦးေလ။ သူက ဒီလိုကိစၥမ်ိဳးနဲ႔ ေလွာင္ေျပာင္မွာေတာ့မဟုတ္ဘူး။

ဒါေၾကာင့္ သက္ေသကို ၾကည့္ၿပီးေနာက္မွာ သူတို႔ခ်က္ခ်င္း 4.0 ကို စတင္စစ္ေဆးတယ္။

သူတို႔ ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံထားတဲ့ ရလဒ္ကို ေတြ႕ေတာ့ အားလံုးက ပင့္သက္႐ႈိက္သြင္းလိုက္တယ္။

အမွာစာနဲ႔ 4.0 ကို ဥပမာအေနနဲ႔ၾကည့္လိုက္ရေတာ့ ဒိုင္ေတြအဖို႔ ဒီစြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကို ဟုန္႐ွစ္ကၽြင္းတီထြင္ထားတာဆိုတာကို ဆက္ယံုေပးဖို႔ အလြန္ခက္ခဲသြားတယ္။

လူထုက စတင္ၿပီး ဆူပြက္ေနတဲ့အိုးတစ္လံုးလို ေပါက္ကြဲထြက္လာတဲ့အခ်ိန္မွာ ခ်န္က်င့္႐ႊယ္က ေနာက္ထပ္ ဗံုးတစ္လံုးကို ခြဲလိုက္ျပန္တယ္: "အိုး အားလံုးက အခုေလးတင္ သိခ်င္ေနၾကတယ္မလား 4.0 က လူသားေမာင္းႏွင္မႈမ႐ွိဘဲ အလြန္လ်င္ျမန္စြာ တံု႔ျပန္ႏိုင္တယ္ဆိုတာကိုေလ။ တကယ္ေတာ့ ခင္ဗ်ားတို႔အားလံုး မွားေနၾကတာ။ ကၽြန္ေတာ္က ဒီ4.0 ကို တစ္ခ်ိန္လံုး ထိန္းခ်ဳပ္ထားတာပါ"

"မျဖစ္ႏိုင္ဘူး" မက္ခါဒီဇိုင္နာဆရာတစ္ေယာက္က ေတြးေတာင္မေတြးဘဲ ေျပာတယ္: "မက္ခါရဲ႕ ယာဥ္ေမာင္းေနရာကိုေတာင္ မဝင္ဘဲနဲ႔ ေနာက္ၿပီး...."

သူက 4.0 ကို တစ္ခ်က္ၾကည့္လိုက္တယ္ ဒီေလာက္ေသးငယ္တဲ့ မက္ခါ။ သူ႔မွာ ယာဥ္ေမာင္းေနရာပါတယ္ဆိုရင္ေတာင္ လူသားေတြ ဝင္လို႔မရဘူး။

ခ်န္က်င့္႐ႊယ္က သူ႔အသံကို ျမွင့္ၿပီး ရယ္လိုက္တယ္: "အဲဒါက ကၽြန္ေတာ္ရဲ႕ စိတ္စြမ္းအားကိုသံုးၿပီး ထိန္းခ်ဳပ္ေနလို႔ပါ"

ပရိတ္သက္အားလံုး: "???!!!"

သူဘာေျပာလုိက္တာလဲ။ စိတ္စြမ္းအားနဲ႔ ထိန္းခ်ဳပ္တာလား။

အိုး လခြမ္း လခြမ္းပဲ။ ဒါက သူတို႔ထင္ထားသလို ဆိုလိုတာလား!

အဲဒီအခ်ိန္မွာပဲ မင္းမ်ိဳးႏြယ္ဝင္တစ္ေယာက္က က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္တယ္: "ဒါ အဲဒီဆရာသခင္ေလးပဲ"

ဒီစကားေတြကိုၾကားေတာ့ တျခားမင္းမ်ိဳးႏြယ္ဝင္ေတြအားလံုးလည္း စတင္တံု႔ျပန္လာၾကတယ္။

"ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ ဒါက အဲဒီဆရာသခင္ေလးျဖစ္ရမယ္၊ အဲဒီတုန္းက ဆရာႀကီး ကယ္လုအန္းက ေျပာတယ္: ဆရာသခင္ေလးက စိတ္သႏၱာန္မက္ခါေတြ တီထြင္ႏိုင္တယ္တဲ့"

"၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံထားတဲ့ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကုိလည္း သူပဲ တီထြင္ထားမယ္လို႔ ဘယ္သူထင္ထားမွာလဲ"

"ဒါက သိသာေနတာပဲ။ ဆရာသခင္ေလးက စိတ္သႏၱာန္မက္ခါေတြေတာင္မွ လုပ္ႏိုင္တယ္! ဟုန္မိသားစုက ဒီလူက တကယ္ႀကီး လိမ္ညာေနတာပဲ"

"ဆရာသခင္ေလးထြင္ထားတဲ့ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကိုေတာင္ တကယ္ႀကီးယူၿပီး ၿပိဳင္ပြဲလာၿပိဳင္တယ္၊ သူ႔ဟာလို႔ေတာင္မွ ေၾကညာလိုက္ေသးတယ္"

"XXX မက္ခါထုတ္လုပ္တဲ့ကုမၸဏီက သူနဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီးသြားတဲ့ပံုပဲ။ သူတို႔က ပိုက္ဆံအပံုလိုက္ ေပးၿပီးသြားၿပီလို႔ ေျပာတယ္။ သူတို႔အခု ေဒါသထြက္လြန္းလို႔ ေသေတာ့မွာမလား"

အာဏာ႐ွိ အခြင့္ထူးခံ မင္းမ်ိဳးႏြယ္ဝင္ေတြအားလံုးက ဝမ္ေ႐ွာင္းယြင္ အမႈိက္ၿဂိဳလ္မွာ႐ွိတုန္းကတည္းက "ဆရာသခင္ေလး" ဆိုသူရဲ႕ တည္႐ွိမႈကို သိထားၿပီးၿပီ။ ဆရာႀကီးကယ္လုအန္းက ဒီလူက စိတ္သႏၱာန္မက္ခါလို႔ လူသိၾကတဲ့ စိတ္စြမ္းအားနဲ႔ ဆက္သြယ္ႏိုင္တဲ့ မက္ခါေတြလုပ္ႏိုင္တယ္ဆိုတာ တရားဝင္အသိအမွတ္ျပဳခ်က္ေပးၿပီးသားျဖစ္တယ္။

ဒါေပမဲ့ သူတို႔ေနရာတကာ ႐ွာခဲ့ေပမဲ့ ဒီ "ဆရာသခင္ေလး" ဘယ္သူလဲဆိုတာ ဘယ္သူမွ မေတြ႕ၾကဘူး။ သူတို႔မွာ ကယ္လုအန္းဆီကရထားတဲ့ အခ်က္အလက္ေသးေသးေလးပဲ သိၾကတယ္။

ဒီလူက ငယ္႐ြယ္တယ္ဆိုတာပဲ။

ဒါေပမဲ့ ဒီစၾကဝဠာထဲမွာ လူငယ္ေတြအမ်ားႀကီး႐ွိတယ္။ ဒီလူက ဘယ္သူမ်ားလဲ။

သူတို႔ ဒီမဟာမက္ခါၿပိဳင္ပြဲမွာ ခ်န္က်င့္႐ႊယ္ဆီက သူ႔သတင္းၾကားရမယ္လို႔ ဘယ္သူမွ မေမွ်ာ္လင့္ထားဘူး။

စတိတ္စင္ေအာက္မွာ ကၽြမ္းက်ိဳးက လူေတြ သူ႔အေၾကာင္း အားႀကိဳးမာန္တက္ ေဆြးေႏြးေနတာကို ၾကားၿပီး ခ်က္ခ်င္း စိတ္အားတက္ႂကြသြားတယ္။ သူ႔ရဲ႕ရင္ဘတ္ေလးကို မာန္တက္စြာနဲ႔ ေ႐ွ႕ကိုေမာက္ထားေသးတယ္။

ငါကြ!

သူက စတိတ္စင္ေပၚတက္ေတာ့မဲ့အခ်ိန္မွာပဲ မေရမတြက္ႏိုင္တဲ့ မက္ခါထုတ္လုပ္တဲ့ကုမၸဏီေတြဟာ စတိတ္စင္ေပၚ တိုးတက္လာကာ ခ်န္က်င့္႐ႊယ္ကို တင္းက်ပ္စြာ ဝန္းရံလိုက္တာကို ေတြ႕လိုက္ရတယ္။ လူတိုင္းက တစ္ခ်ိန္တည္းမွာ စကားေတြေျပာေနၾကတယ္။ ခ်န္က်င့္႐ႊယ္ကို ဆရာသခင္ေလးရဲ႕နာမည္ ဒါမွမဟုတ္ ဆက္သြယ္ရမဲ့ အေသးစိတ္ကို ေျပာျပဖို႔ ေတာင္းပန္ေနၾကတယ္။

တခ်ိဳ႕လူေတြဆိုရင္ ခ်န္က်င့္႐ႊယ္ ထြက္ေျပးသြားမွာ စိုး႐ြံ႕လို႔ သူ႔ေပါင္ကို တိုက္႐ိုက္ ဖက္ထားၾကၿပီး ငိုယုိျမည္တမ္းကာ ဆရာသခင္ေလးကို ဆက္သြယ္ရမယ့္နည္းလမ္း ေျပာဖို႔ ေတာင္းပန္ေနတဲ့ သူေတြေတာင္ ႐ွိတယ္။

ဒီအေျခအေနကို ေတြ႕ေတာ့ ႂကြယ္ဝျခင္းနတ္ဘုရားေလးက ေတာင့္တင္းသြားတယ္။ ေ႐ွာင္ေဖာ့လန္ကို အလ်င္အျမန္ေပြ႕ခ်ီလိုက္ၿပီး ဝမ္ေ႐ွာင္းယြင္ဆီကို ခ်က္ခ်င္း ျပန္ေျပးေတာ့တယ္။

တအားေၾကာက္စရာေကာင္းတာပဲ။ ျပန္ရမယ္၊ ျပန္ရမယ္။ (T/N ဘာအခုမွ ေၾကာက္ပါၿပီလဲ XD)

ဝမ္ေ႐ွာင္းယြင္ရဲ႕ေဘးကို တစ္ေလွ်ာက္လံုး အေျပးျပန္လာၿပီး ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ကို ႐ုတ္ျခည္း ဆြဲကာ ထပ္ေျပးျပန္တယ္။

"သြားစို႔ သြားစို႔၊ လူသိမခံရေစနဲ႔"

ဒီလူေတြအကုန္လံုး သူ႔ေပါင္ကို ဖက္တြယ္ထားတာ သူလံုးဝ မလိုခ်င္ပါဘူးေနာ္!

သူ႕သူငယ္ခ်င္းေလးရဲ႕ ခ်စ္စရာေကာင္းတဲ့အျပဳအမူကို ေႂကြက်သြားၿပီး ဝမ္ေ႐ွာင္းယြင္က သူ႔မ်က္ႏွာေပၚက အၿပံဳးကို သိုဝွက္မထားႏိုင္ေအာင္ ျဖစ္သြားတယ္။

ေနာက္တစ္ေန႔မွာ။

ၾကယ္စုကြန္ရက္ေပၚမွာ ေနာက္တစ္ေခါက္ထပ္ၿပီး သတင္းေတြပြလာျပန္ၿပီ။

စိတ္သႏၱာန္မက္ခါေတြ ေမြးဖြားလာတဲ့သတင္းက ၾကယ္စုကြန္ရက္တစ္ခုလံုးရဲ႕ ေနာက္ဆံုးေပၚသတင္းေတြအားလံုးကို ျပင္းထန္စြာ ေဖာက္ခြဲလုိက္သလိုပဲ။

မက္ခါၿပိဳင္ပြဲက ေဖ်ာ္ေျဖေရးၿပိဳင္ပြဲဗီဒီယိုဟာ မေရမတြက္ႏိုင္တဲ့လူေတြရဲ႕ ဆြဲထုတ္လာျခင္းကို ခံရၿပီး ဆယ္ခ်ီ ရာခ်ီၿပီး အႀကိမ္ေပါင္းမ်ားစြာ ထပ္ကာတလဲလဲ ၾကည့္ၾကတယ္။ ေ႐ွာင္ေဖာ့လန္#4 က တကယ့္ စိတ္သႏၱာန္မက္ခါတစ္စီး မဟုတ္ေသးေပမဲ့ သူ႔ရဲ႕သန္မာမႈက လူတိုင္းကို အံ့ဩဘနန္း ေရ႐ြတ္ေအာင္ လုပ္ႏိုင္ေလာက္ေအာင္ ထိတ္လန္႔စရာေကာင္းတယ္။

ေျပာစရာေတာင္မလိုဘူး ဒါက တကယ္ကို စိတ္စြမ္းအားနဲ႔ ထိန္းခ်ဳပ္ရတဲ့မက္ခါပဲေလ။ (*အေပၚမွာ ေျပာထားတာက #4က တကယ့္ မက္ခါေတြလို အႀကီးႀကီးမဟုတ္ဘူး၊ သူက မီနီမက္ခါေလး၊ ဒါေပမဲ့သီအိုရီအရေတာ့ စိတ္နဲ႔ထိန္းခ်ဳပ္တဲ့ မက္ခါပဲ)

စၾကဝဠာတစ္ခုလံုးမွာ ပထမဆံုး စိတ္သႏၱာန္မက္ခါပဲ။

ခ်န္က်င့္႐ႊယ္က အာဏာပိုင္ေတြရဲ႕ ေျမာက္ျမားလွတဲ့ ဆန္းစစ္ခ်က္ေတြမွာ ပူးေပါင္းပါဝင္ၿပီး ဒါက တကယ့္ စစ္မွန္တဲ့ စိတ္သႏၱာန္မက္ခါဆိုတာကို သက္ေသျပခဲ့တယ္။ အကဲျဖတ္ခ်က္ရလဒ္ေတြ ထြက္လာတာနဲ႔ ၾကယ္စုကြန္ရက္တစ္ခုလံုးက ေအးခဲၿပီး ၿပိဳလဲသြားေတာ့မတတ္ပဲ။

ဒီအေၾကာင္းအရာရဲ႕ နာမည္ႀကီးမႈက အရင္က ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံထားႏိုင္တဲ့ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္သတင္းေတြကိုေတာင္ ေက်ာ္လြန္သြားတယ္။

ဒါေပမဲ့ ဒီနည္းပညာႏွစ္ခုစလံုးကို လူတစ္ေယာက္တည္းက တီထြင္ထားတာပဲ!

အဲဒါေၾကာင့္ စိတ္ထက္သန္မႈက မရပ္နားဘဲ ထိုးတက္ေနကာ "ဆရာသခင္ေလးက ဘယ္သူလဲ" ဆိုတဲ့ ေခါင္းစဥ္နဲ႔ သတင္းက စၾကဝဠာတစ္ခုလံုးမွာ ႐ႊန္း႐ႊန္းေဝေနေတာ့တယ္။

လက္႐ွိ သူတို႔သိထားသမွ် အခ်က္အလက္က --

ဒီထူးျခားဆန္းၾကယ္တဲ့ ဆရာသခင္ေလးက ခ်န္က်င့္႐ႊယ္ရဲ႕ မိတ္ေဆြျဖစ္တယ္။ ေနာက္ၿပီး တတိယတပ္ဖြဲ႔အတြက္ စိတ္သႏၱာန္စက္႐ုပ္ႏွစ္႐ုပ္နဲ႔ မက္ခါတစ္စီး တည္ေဆာက္ေပးထားတယ္။

ခ်န္က်င့္႐ႊယ္ရဲ႕ နာမည္ေက်ာ္ၾကားမႈက ဒီေရအလားျမင့္တက္သြားတယ္။ ေန႔တိုင္း မေရမတြက္ႏိုင္တဲ့ မက္ေဆ့ေတြနဲ႔ ဖုန္းေကာေတြက ေႏွာင့္ယွက္လာတယ္။

သူက မရင္းႏွီးတဲ့ မက္ေဆ့ေတြနဲ႔ ဖုန္းေကာေတြအကုန္လံုးကို ပိတ္ပင္ဖို႔အျပင္ မတတ္ႏိုင္ဘူး။

သို႔ေပမဲ့ ဒီမရင္းႏွီးတဲ့ မက္ေဆ့ေတြနဲ႔ ဖုန္းေကာေတြကို ပိတ္ထားတာလည္း အသံုးမဝင္ျပန္ဘူး။ ဘာလို႔လဲဆိုေတာ့ ေျမာက္ျမားစြာေသာ ရင္းႏွီးတဲ့သူေတြ အမ်ားႀကီး အမ်ားႀကီး အမ်ားႀကီးကလည္း သူ႔ကို ေမးေနၾကလို႔ပဲ။

အဲဒီအခ်ိန္မွာ ကၽြမ္းက်ိဳးတစ္ေယာက္ကေတာ့ အပီ ပူပန္စရာမ႐ွိတဲ့ ဘဝကို စိတ္လြတ္ကိုယ္လြတ္ေနေနတယ္။

နာမည္ဆိုတာက ကိုယ္စားျပဳမႈတစ္ခုပဲေလ။ အဆံုးမွာေတာ့ အက်ိဳးအျမတ္ထြက္သြားတာက သူကိုယ္တိုင္ပဲ။ 'ဆရာသခင္ေလး' ကို ကိုးကြယ္ေနတဲ့သူေတြရဲ႕ ယံုၾကည္မႈေတြကလည္း ေနာက္ဆံုးေတာ့ သူပိုင္တာပဲေလ။ သူ႔ရဲ႕ယံုၾကည္မႈက ပိုပိုၿပီး ႀကီးထြားလာတယ္။

သူေလ!

အပ်င္းႀကီးလာၿပီ!

သူအခုဆိုရင္ ဝယ္သူတိုးေအာင္မလုပ္တာ ညအနည္းငယ္႐ွိေနၿပီ!

အဲဒါေတာင္မွပဲ သူနည္းနည္းေလးေတာင္ ထိတ္လန္႔တာမ်ိဳး မခံစားရဘူး!

အခုဆိုၾကည့္ပါလား၊ ဥပမာ ဝမ္ေ႐ွာင္းယြင္က သူ႔ကို တတိယတပ္ဖြဲ႕အႏွံ႔ လိုက္ျပေပးေနတယ္။ သူတို႔ စိတ္ေအးခ်မ္းသာ ေနရာအႏွံ႔ ေလွ်ာက္ပတ္ၾကည့္ေနတယ္။

ကၽြမ္းက်ိဳးက စပ္စုစိတ္နဲ႔ ေလွ်ာက္ပတ္ၾကည့္ေနတယ္။ သူက တတိယတပ္ဖြဲ႕က တပ္သားအမ်ားအျပားကို ေတြ႕ဖူးတယ္။ ဒီလူေတြကလည္း အားလံုးသူ႔ကို ေခ်ာင္းၾကည့္ေနၾကတယ္။ သူလွမ္းၾကည့္လိုက္တာနဲ႔ ခ်က္ခ်င္းဆိုသလို သူတို႔က အတည္ေပါက္ႀကီး ေလ့က်င့္ခန္းလုပ္ေနသလို ဟန္ေဆာင္ၾကတယ္။

ကၽြမ္းက်ိဳးကလည္း ဒီေနရာကို တစ္ကယ္ကို ႀကိဳက္တယ္: "ခင္ဗ်ား ဒီမွာေန႔တိုင္း အလုပ္လုပ္တာလား"

ဝမ္ေ႐ွာင္းယြင္က 'အင္း' ဆိုၿပီး အသိအမွတ္ျပဳလိုက္တယ္: "ေနာက္ဆို အိမ္မွာ ပ်င္းရင္ ဒီကိုလာ႐ွာလို႔ရတယ္"

ကၽြမ္းက်ိဳးကဆိုတယ္: "ေကာင္းၿပီေလ"

"ဗိုလ္ခ်ဳပ္ႀကီး ဒုဗိုလ္ႀကီးခ်ိန္က ေတြ႕ခြင့္ေတာင္းေနပါတယ္။ သူက အစည္းအေဝးခန္းမွာ ႐ွိပါတယ္" စစ္သားတစ္ေယာက္က သတင္းလာပို႔တယ္။

ဝမ္ေ႐ွာင္းယြင္က ေခါင္းညိတ္လိုက္တယ္: "ငါနားလည္ၿပီ"

သူေခါင္းလွည့္လုိက္ၿပီး ကၽြမ္းက်ိဳးကို ေမးလုိက္တယ္: "ကိုယ္နဲ႔ အတူတူသြားခ်င္လား"

ကၽြမ္းက်ိဳးက ဘာကိုမဆို စပ္စုခ်င္ေနတာျဖစ္လို႔ ခ်က္ခ်င္း သေဘာတူလိုက္တယ္။

အဲဒါနဲ႔ ဝမ္ေ႐ွာင္းယြင္က သူ႔ကို အစည္းအေဝးခန္းကို လမ္းျပေခၚသြားတယ္။

ကၽြမ္းက်ိဳးက အေ႐ွ႕မွာေလွ်ာက္ေနတဲ့ ဝမ္ေ႐ွာင္းယြင္ကို ၾကည့္လိုက္တယ္၊ အဲဒီေနာက္ ေခါင္းငံု႔ၿပီး သူ႔လက္ကိုၾကည့္လိုက္တယ္။ သူ႔မ်က္ခံုးေလးေတြက မသိမသာ တြန္႔ေကြးသြားတယ္။

ဘယ္လိုျဖစ္လို႔.... ဝမ္ေ႐ွာင္းယြင္က သူ႔လက္ကို မကိုင္ေတာ့တာလဲ။

ခဏေလာက္ ေတြးလိုက္ၿပီးေနာက္ သူက ခ်က္ခ်င္း အေျပးေလးလွမ္းသြားၿပီး ဝမ္ေ႐ွာင္းယြင္ရဲ႕လက္ကို လွမ္းဆြဲလိုက္တယ္။

ဝမ္ေ႐ွာင္းယြင္က သူ႔ကို လွမ္းၾကည့္လိုက္တယ္: "ဘာျဖစ္လို႔လဲ"

ကၽြမ္းက်ိဳးက နည္းနည္း အျပစ္မကင္းသလိုမ်ိဳးေလး အၾကည့္လႊဲလိုက္တယ္: "ကၽြန္ေတာ္ လမ္းေပ်ာက္မွာေၾကာက္လို႔"

ဝမ္ေ႐ွာင္းယြင္ သူ႔လက္ကို တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္ၿပီး အသံခပ္ေအာေအာနဲ႔ ေျပာတယ္: "စိတ္မပူနဲ႔ ကိုယ္႐ွိတယ္။ လမ္းမေပ်ာက္ပါဘူး"

ကၽြမ္းက်ိဳး နား႐ြက္ေတြက နည္းနည္းေလး နီျမန္းလာတယ္: "အင္း အင္း"

လူႏွစ္ေယာက္က အစည္းအေဝးခန္းမကို ေရာက္လာတယ္။ အထဲမွာ ဒုဗိုလ္ႀကီးခ်ိန္အျပင္ လူငယ္ေလးတစ္ေယာက္လည္း ႐ွိေသးတယ္။

သို႔ေပမဲ့ ဒီလူငယ္ေလးက အညိဳအမဲစြဲေနတဲ့ႏွာေခါင္းနဲ႔ ေယာင္ကိုင္းေနတဲ့ မ်က္ႏွာေတြနဲ႔ ေတာ္ေတာ္ေလးမွ ဝမ္းနည္းစရာေကာင္းေနတယ္။

ကၽြမ္းက်ိဳးက လွမ္းၾကည့္လိုက္ၿပီး နည္းနည္း ရင္းႏွီးသလို ခံစားလိုက္ရတယ္: "ဟမ္!"

ဒုဗိုလ္ႀကီးခ်ိန္က အလ်င္စလို ထရပ္လုိက္ၿပီး ဂါရဝျပဳတယ္: "ဗိုလ္ခ်ဳပ္ႀကီး၊ မစၥတာ ကၽြမ္း"

သူကစကားေျပာရင္းနဲ႔ ေဘးက လူငယ္ေလးကိုလည္း ေဆာင့္ဆြဲလုိက္တယ္: "ဒါက ကၽြန္ေတာ့္သား ခ်ိန္က်န္႔႐ွန္ပါ၊ က်န္႔႐ွန္ ျမန္ျမန္ ဗိုလ္ခ်ဳပ္ႀကီးကို ႏႈတ္ဆက္လိုက္"

"ဗိုလ္ခ်ဳပ္ႀကီး ကၽြန္ေတာ္ အရင္က သူ႔အေၾကာင္း ေျပာဖူးပါတယ္၊ ကၽြန္ေတာ့္သားက အရမ္း ပါရမီထူးတယ္။ သူ႔ရဲ႕ ခႏၶာကိုယ္ႀကံ႕ခိုင္မႈနဲ႔ စိတ္စြမ္းအားက ႏွစ္ခုစလံုး S အဆင့္ပါ။ သူက တတိယတပ္ဖြဲ႕ကို ဝင္ခ်င္ေနတာ ၾကာလွပါၿပီ။ ဒါေပမဲ့ လြန္ခဲ့တဲ့ရက္အနည္းငယ္က ကိစၥတခ်ိဳ႕ျဖစ္သြားၿပီး ေဆး႐ံုမွာ ႏွစ္ရက္ေလာက္ ေနလိုက္ရပါတယ္။ သူ႔ဒဏ္ရာေတြကေတာ့ အခုမွ ေပ်ာက္ကာစပါပဲ။ သူေဆး႐ံုဆင္းတာနဲ႔ ခ်က္ခ်င္း ေတြ႕ဖို႔ ေခၚလာတာပါ"

ခ်ိန္က်င့္႐ွန္က ကေသာကေမ်ာ သူ႔ခုံကေန ထရပ္လိုက္တယ္: "မဂၤလာပါ ဗိုလ္ခ်ဳပ္ႀကီး၊ ကၽြန္ေတာ္က...."

သူက စကားေတာင္ၿပီးေအာင္ မေျပာရေသးဘူး၊ သူ႔ေခါင္းေပၚက မီးဆိုင္းက သူ႔ေပၚကို ႐ုတ္တရက္ ျပဳတ္က်လာတယ္။

ခ်ိန္က်န္႔႐ွန္က အလြန္လ်င္ျမန္စြာ တံု႔ျပန္လိုက္တယ္။ သို႔ရာတြင္ သူက ႀကီးႀကီးမားမား ထိခိုက္မႈကို ေ႐ွာင္လိုက္ႏိုင္ေပမဲ့ သူ႔ပခံုးကိုေတာ့ ႐ိုက္မိသြားတယ္။ ခြက္ခနဲ သူ႔လက္ေမာင္းက က်ိဳးသြားတယ္။

ခ်ိန္က်န္႔႐ွန္က ၾကမ္းေပၚကေန ထုံက်ဥ္စြာနဲ႔ ထရပ္လိုက္ဖို႔ ႀကိဳးစားလုိက္တယ္။ သူေတာင္ မတ္မတ္မရပ္ႏိုင္ေသးဘူး၊ သူ႔ေျခေထာက္ဟာ မီးဆိုင္းက ဝိုင္ယာႀကိဳးေတြလား၊ ဘာလားမသိနဲ႔ ၿငိသြားလား မေျပာတတ္၊ သူ႔တစ္ကိုယ္လံုးဟာ အေ႐ွ႕ကိုငိုက္က်သြားကာ ေျမႀကီးနဲ႔ မ်က္ႏွာ​႐ိုက္မိသြားေတာ့တယ္။

ဒါ့အျပင္ သူက အက်မေတာ္လိုက္ဘူး။ သူ႔ေခါင္းက သံဘုတစ္ခုေပၚတန္းတန္းမတ္မတ္ က်သြားၿပီး ေခါင္းေပါက္သြားကာ ခ်က္ခ်င္း ေနရာတိုင္းမွာ ေသြးခ်င္းခ်င္းနီသြားေတာ့တယ္။

ဒုဗိုလ္ႀကီးခ်ိန္: "........."

ဝမ္ေ႐ွာင္းယြင္: "........."

ကၽြမ္းက်ိဳးကသာ ႐ုတ္တရက္ အမွတ္ရသြားတယ္: "အိုး!"

ဒါ သူပဲ!

သူ႔ကို မေကာင္းဆိုးဝါးလို႔ ေျပာတဲ့သူ၊ သူ အဲဒီလူရဲ႕အိပ္မက္ထဲမွာ စကားစျမည္သြားေျပာရာကေန ငတံုးဆိုၿပီး အေခၚခံလိုက္ရတယ္ေလ။

ကၽြမ္းက်ိဳး: "ဝါး!"

သူ႔ပတ္ဝန္းက်င္မွာ ကံဆိုးျခင္းတိမ္တိုက္ေတြ အမ်ားႀကီးပါပဲလား။

ဒါက နည္းနည္း ဝမ္းနည္းစရာမေကာင္းလြန္းဘူးလား။

သူ႔ေခါင္းကို ဖိထားရင္းနဲ႔ ခ်ိန္က်န္႔႐ွန္က အားအင္ခ်ည့္နဲ႔စြာ ေျပာတယ္: "ဗိုလ္ခ်ဳပ္ႀကီး ကၽြန္ေတာ္အရင္ဆံုး အေရးေပၚခန္းကို သြားၿပီးေတာ့မွ ျပန္လာၿပီး ေသခ်ာႏႈတ္ဆက္ပါ့မယ္...."

ဒုဗိုလ္ႀကီးခ်ိန္: "........."

ဝမ္ေ႐ွာင္းယြင္: "........."

...............xxx.................

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္: PS--

ကၽြမ္းက်ိဳး: ဝါး ဒါက တကယ့္ကို ဝမ္နည္းစရာေကာင္းလြန္းပါတယ္! ငါ့ကိုယ္ငါေတာင္ မဆူေငါက္ရဲေတာ့ဘူး!

ခ်ိန္က်န္႔႐ွန္: ........

Aki - ဒီအပိုင္းက စာမ်က္ႏွာမ်ားလိုက္တာ၊ ျပန္ထားတာ မ႐ွင္းရင္လဲ ေျပာပါ၊ အဆင္ေျပမယ္ထင္တာပါပဲ <3

Continue Reading

You'll Also Like

128K 20.9K 44
Novelနှင့်သက်ဆိုင်သည့်အချက်အလက်အားလုံးကို Description တွင် ထည့်ထားပါသည်။ Start Date - 9.12.2022 End date - ~Just Fan translation ~
723K 31.9K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
202K 5K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
118K 20K 43
Associated Name - 自從我把生意失敗的男神撿回家後 Author(s) - Shao Nu Jiang, 少女醬 Eng Translator - Chrysanthemum Garden (Dera) Chapters - 40 Parts + 10 Extras Myanmar...