သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

379K 68.4K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၄|
|၁၅|
|၁၆|
|၁၇|
|၁၈|
|၁၉|
|၂၀|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၄|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၄၉|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၁|
|၆၃|
|၆၄|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၆၂|

3.9K 760 58
By Aoiyuki01

အခန္း(၆၂)လီေဆြ႕ေဆး႐ုံ

ညီအစ္ကိုႏွစ္ဦးသား ႐ုပ္ရွင္အတူတူထိုင္ၾကည့္ၾက
သည္။ေဖးယြီက်င့္မွာ မ်က္ခုံးတို႔တြန္႔ခ်ိဳးလ်က္
ခပ္တည္တည္မ်က္ႏွာျဖင့္ tabletႏွင့္
ေဝးႏိုင္သမွ်ေဝးေအာင္ ႀကိဳးစားေနသလို
ထိုင္ခုံကို ေနာက္မွီထားသည္။

ရွီက်င္းသည္ ဘယ္ေနရာကထြက္လာမွန္းမသိေသာ
ဖရဲေစ့တစ္ထုပ္ကိုထုတ္လိုက္သည္။သူဟာ
ဆိုဖာလက္တန္းကို ေပ်ာ့တိေပ်ာ့ေခြမွီရင္း
ဖရဲေစ့တျမဳံ႕ျမံဳ႕ျဖင့္ ဖန္သားျပင္ေပၚက
ေသြးသံတရဲရဲပုံရိပ္ကို ၾကည့္ေနသည္။
သူ႔မ်က္ႏွာက ေအးေဆးတည္ၿငိမ္ေနသည္သာမက
စိတ္အေႏွာင့္အယွက္အလြန္ျဖစ္ေအာင္လည္း
spoilerေတြ ထိုင္ေျပာေနျပန္သည္။

"အဲ့စားပြဲေအာက္ကိုၾကည့္လိုက္-အဲ့ေဘာပင္ကို
ေတြ႕တယ္မလား? ဒါက တကယ္ေတာ့
ေရွ႕ေျပးအရိပ္အေယာင္ျပတာ။ ေန႔ခင္းတုန္းက
လတ္လ်ားလတ္လ်ားေလွ်ာက္သြားေနတဲ့အဲ့ငတုံးက
ေသသြားၿပီ...ေရာင္စုံရွပ္အက်ႌတဲ့လူက
သတ္လိုက္တာ"

ထိုအခါ ေဖးယြီက်င့္သည္ ဖန္သားျပင္ကို
တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္ တြန္႔ကနဲ
ျဖစ္သြားကာ အၾကည့္ျပန္လႊဲလိုက္သည္။
စားပြဲေအာက္တြင္ရွိေနသည္က ေသြးစြန္းေနေသာ
လက္ရာမ်ားႏွင့္ ျပတ္ရွေနသည့္လက္ေခ်ာင္းမ်ား
ျဖစ္သည္။ အသက္ကိုျပင္းျပင္းရွဴကာ
အေနာက္ကို ျပန္မွီလိုက္သည္။

ဒီလိုျဖင့္ ႐ုပ္ရွင္ဟာ ေရွ႕ဆက္လ်က္ရွိသည္။
လူသတ္သမားက ဘယ္သူမွန္းဆိုတာ
ေဖးယြီက်င့္သိၿပီးသြားၿပီျဖစ္ရာ သဲလြန္စမ်ား
ဆက္ခန္႔မွန္းရွာေဖြစရာမလိုေတာ့သျဖင့္
သူ႔မ်က္ခုံးမ်ား အနည္းငယ္ေျဖေလ်ာ့သြားသည္။

"ၿပီးေတာ့ ဒီမွာ! အဲ့႐ုပ္ထုႀကီးက ထူးဆန္းေနတယ္လို႔
မထင္ဘူးလား? ဘာလို႔လဲဆို ေကာင္မေလးရဲ႕
အေလာင္းကို အဲ့ထဲမွာဖြက္ထားလို႔ေလ...
ဇာတ္လိုက္ ထိတ္လန္႔သြားလိမ့္မယ္
သနားစရာပဲ"

လုံေလာက္ၿပီ-တခဏၾကာေတာ့ ဇာတ္လိုက္က
ထို႐ုပ္ထုနားဆီေလွ်ာက္လာေသာအခါ ဤအရာက
တုန္ခါၿပီး အပိုင္းပိုင္းအစစၿပိဳကြဲသြားကာ
အထဲမွ ေသြးအလိမ္းလိမ္းေၾကာက္စရာျမင္ကြင္းကို
ျပသလိုက္သည္။

ေဖးယြီက်င့္ ေနာက္တစ္ႀကိမ္တုန္လႈပ္မိသြား
ေသာ္လည္း spoilerအရင္ႀကိဳမိထားသျဖင့္
သိပ္ေတာ့ မဆိုးသြားေပ။

"အို႔...ေနာက္တစ္ေယာက္က ေရပုံးကိုကန္လိမ့္မယ္
ၾကည့္ေန...ေနာက္တစ္စကၠန္႔အၾကာမွာပဲ
သူ႔ေခါင္းျပတ္ထြက္သြားမွာ။ ေသြးေတြကို
ၾကည့္လိုက္ဦး-တအားfakeဆန္တာပဲ
အခ်ဥ္ရည္ေတြဆိုတာ လုံးဝသိသာတယ္"

ဒုံး!

အေျမႇာက္စာဇာတ္ေကာင္C ေခါင္းျပဳတ္သြားၿပီး
အခ်ဥ္ရည္ေတြ...အယ္ မဟုတ္ပါဘူး ေသြးေတြက
နံရံေပၚ စင္ကုန္ေလသည္။

ေဖးယြီက်င့္သည္ နံရံတစ္ေလွ်ာက္စီးက်ေနေသာ
ေသြးမ်ားကိုၾကည့္လိုက္သည္။ တကယ္ဆို
ဒီဇာတ္ဝင္ခန္းက ေၾကာက္ဖို႔ေကာင္းရမွာျဖစ္ေပမဲ့
ေသြးေတြက အခ်ဥ္ရည္ေတြဆိုတာ သိလိုက္သည့္
အတြက္ ထိတ္လန္႔စရာေလထုအေနအထားက
လုံးလုံးေပ်ာက္ဆုံးသြားသည္။

တစ္ေအာင့္ၾကာေတာ့ သီခ်င္းသံက ႐ုတ္တရက္
က်ယ္ေလာင္လာသည္...ဇာတ္လိုက္က
အမွားလုပ္မိၿပီး လူသတ္သမားေထာင္ေခ်ာက္ထဲ
ဝင္မိသြားေလသည္။

ဇာတ္အိမ္အလွည့္အေျပာင္းတင္းမာမႈေၾကာင့္
ေဖးယြီက်င့္ ရင္တထိတ္ထိတ္ျဖစ္လာေတာ့သည္။

ထိုစဥ္ ရွီက်င္း၏တျမံဳ႕ျမံဳ႕ဝါးသံက ႐ုတ္တရက္
က်ယ္ေလာင္လာသည္။ ေရွ႕သို႔ကိုင္းကာ
သူတို႔ရဲ႕ႏို႔ခြက္မ်ားကို ထပ္ျဖည့္ရင္း
အာက်ယ္အာက်ယ္ေျပာသည္။

"ဝါး...ေနာက္ဆုံးပိတ္ ထိပ္တိုက္ရင္ဆိုင္ပြဲေပါ့။
ကိစၥေတြက စိတ္ဝင္စားဖို႔ေကာင္းလာၿပီ။
ဇာတ္လိုက္က လူသတ္သမားရဲ႕မ်က္ႏွာဖုံးကို
ဆြဲခြာၿပီး အႏိုင္ပိုင္းေတာ့မယ္"

တကၽြတ္ကၽြတ္ဝါးသံက sound effectမ်ားကို
ဖုံးသြားၿပီး ရွီက်င္းဟာႏြားႏို႔ေလာင္းထည့္ရင္း
ရႈပ္ယွက္ခတ္ေနတာေၾကာင့္ ဇာတ္လမ္း၏
အထြတ္အထိပ္က ေက်ာ္လြန္သြားၿပီျဖစ္သည္။
ေဖးယြီက်င့္ ဖန္သားျပင္ကို ထပ္ၾကည့္လိုက္ေသာအခါ
ဇာတ္လိုက္က သရဲအေယာင္ေဆာင္ထားေသာ
လူသတ္သမားကို သတ္ၿပီးသြားၿပီျဖစ္သည္။

ဒီလိုနဲ႔ အမွန္တရားႀကီးက ထြက္ေပၚလာခဲ့သည္:
႐ုပ္ရွင္ထဲတြင္ မည္သည့္သဘာဝလြန္ျဖစ္ရပ္မွ
ျဖစ္သြားခဲ့ျခင္းမဟုတ္၊ ေသလြန္သြားေသာသူမ်ားက
လည္း သရဲျဖစ္ၿပီး တျခားသူေတြကိူထိခိုက္ေအာင္
လုပ္ခဲ့တာမဟုတ္ဘဲ အားလုံးကလွည့္ကြက္တစ္ခု
သာျဖစ္ေလသည္။ လက္ေတြ႕မွာက
လူသတ္သမားဟာ ကၽြမ္းက်င္မႈမရွိဘဲ
ေပ်ာ့ညံ့သည့္သူရဲေဘာေၾကာင္သူတစ္ေယာက္သာ
ျဖစ္သည္။

"က်စ္! ဒီဇာတ္ကားက bad reviewsေတြခ်ည္းပဲ
ရတာမဆန္းပါဘူး...ဖန္တစ္ရာေတ
အပ္ေၾကာင္းထပ္ေနတဲ့ဇာတ္အိမ္ႀကီးပဲကို။
တျခားစိတ္ဝင္စားဖို႔ေကာင္းတာေလး ၾကည့္ရေအာင္"

ရွီက်င္းသည္ စိတ္မေက်နပ္သလိုေခါင္းခါၿပီး
ေျပာသည္။ ထို႔ေနာက္ ဖရဲေစ့ထုပ္ကို
ေဖးယြီက်င့္လက္ထဲထိုးထည့္ၿပီး ေနာက္ထပ္႐ုပ္ရွင္
ရွာရန္ tabletျဖင့္ အလုပ္ရႈပ္ေနသည္။

"အို႔.. ဒီတစ္ခုက ေကာင္းမဲ့ပုံပဲ-ဒါက
ေသြးသံရဲရဲဇာတ္ကားပဲ။ ဇာတ္အိမ္မရွိဘဲ
လူေတြက အမ်ိဳးမ်ိဳးဂယက္ထၿပီး အေသဆိုးနဲ႔
ေသကုန္တာလို႔ ကၽြန္ေတာ္ၾကားဖူးတယ္"

ေဖးယြီက်င့္သည္ ရွီက်င္းကိုယ္မွအေႏြးဓာတ္
ထင္က်န္ေနေသးေသာ သူ႔လက္ထဲကဖရဲေစ့ထုပ္ကို
ၾကည့္ၿပီး မ်က္ေမွာင္ၾကဳပ္လိုက္သည္။
လူငယ္ေလးမွာ အသစ္တစ္ထုပ္ထပ္ေဖာက္ေန
သည္ကို သူျမင္လိုက္ေသာအခါ တုံ႔ဆိုင္းမိသြားသည္။
သို႔ေသာ္လည္း အဆုံးက် ဘာမွမေျပာေတာ့သလို
သူ႔လက္ထဲကပထမအထုပ္ကိုလည္း
ျပန္မေပးလိုက္ေတာ့ေပ။

ေရႏွစ္ေသ၊ မီးေလာင္ေသ၊ ကားအက္ဆီးဒင့္၊
အဆိပ္မိျခင္း၊ အျမင့္မွျပဳတ္က်ျခင္း၊ အုတ္ခဲၿပိဳက်ျခင္း
...အစရွိေသာ ေသပုံေသနည္းေပါင္းစုံကို
ဖန္သားျပင္တြင္ ျမင္ေနရသည္။ ရွီက်င္းသည္
ၿငီးေငြ႕ေနဟန္ ဖရဲေစ့မ်ားကို ေထြးထုတ္လိုက္သည္။
သူဟာ ဒီေသြးကfakeႀကီး၊ ဟိုဓားက ေရာ္ဘာႀကီး၊
ဟိုမွာျမင္ေနရမွာက ဘာညာ..ကြိစိကြစေျပာကာ
ဆယ္စကၠန္႔ေလာက္ေတာင္ ပါးစပ္မပိတ္ႏိုင္ေပ။

အစပိုင္းမွာေတာ့ ဒီလို႐ုပ္ရွင္မ်ိဳးၾကည့္ရတာက
ညႇင္းပန္းနွိပ္စက္ဖြယ္ျဖစ္မည္ဟု ေဖးယြီက်င့္
ထင္ခဲ့ေသာ္လည္း ရွီက်င္း၏ေဝဖန္ခ်က္မ်ားေၾကာင့္
အႏွီးေၾကာက္ရြံ႕ဖြယ္ဇာတ္ကြက္မ်ားက
အမွန္တကယ္ကို ေၾကာက္စရာတစ္စက္မွ
မေကာင္းေပ။ သူသည္ ဖရဲေစ့တစ္ေစ့ကို
အလိုအေလ်ာက္ႏိႈက္ယူလိုက္ၿပီး ဖိေခ်ကာ
ပါးစပ္နား ေတ့လိုက္သည္။ စိတ္လြင့္ေနရင္း
ဒီလိုဖရဲေစ့အခြံခြာသည့္အသံကို နားေထာင္ျခင္းသည္
စိတ္ဖိစီးမႈကိုေလ်ာ့ခ်ႏိုင္ေၾကာင္း သူသတိရသြားေတာ့
သည္။

႐ုပ္ရွင္က ဆက္ျပလ်က္ရွိၿပီး ရွီက်င္း၏စီးခ်က္မွန္မွန္
ဝါးသံမ်ားႏွင့္ အျပစ္တင္ေျပာဆိုသံမ်ားကို
ဆက္ၾကားေနရသည္။ ေဖးယြီက်င့္ဟာ
သူ႔ေျပာစကားမ်ားကို နားေထာင္ေနဟန္ရွိေသာ္လည္း
ဖန္သားျပင္ကိုၾကည့္ေနေသာမ်က္လုံးမ်ားက
ဗလာသက္သက္ပင္။သူသည္ ႐ုပ္ရွင္ထက္
ဖရဲေစ့စားသည့္အေပၚ ပိုအာ႐ုံေရာက္ေနကာ
ခႏၶာကိုယ္တစ္ေလွ်ာက္တင္းမာမႈမ်ားလည္း
ျဖည္းျဖည္းခ်င္း ေျဖေလ်ာ့လာေတာ့သည္။

"အယ္...ဒါလည္း ပ်င္းစရာႀကီး။ တျခားဟာ
ၾကည့္ရေအာင္လား၊ ဥပမာ...ဒီဟာ! ဒါက
သရဲေျခာက္တဲ့အိမ္ေတြမွာ႐ိုက္တဲ့ရိႈး...
ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ လူေတြ
ေျပာၾကတယ္"

ရွီက်င္းဟာ ေနာက္ထပ္႐ုပ္ရွင္တစ္ခုကိုျပန္ေျပာင္း
လိုက္ျပန္သည္။ေအာ္ဟစ္သံမ်ားႏွင့္ေသြးမ်ား
ေပ်ာက္ကြယ္သြားၿပီး ဆန္းသစ္ေသာသီခ်င္းသံက
အစားဝင္ေရာက္လာသည္။ အဖြင့္သီခ်င္းၿပီးသြားၿပီး
ေနာက္ ဆြဲေဆာင္အားနည္းေသာအသံနိမ့္တစ္သံက
သရဲေျခာက္ေသာအိမ္ ဟုေခၚေသာပုံျပင္ကို
ျပန္ေျပာၾကေလသည္။

ယခင္ထိတ္လန္႔ဖြယ္ရာ႐ုပ္ရွင္မ်ားကို စိတ္စြဲၿပီးေနာက္
ဒီလိုတမင္တကာလွ်ိဳ႕ဝွက္ဆန္းၾကယ္သလို
ဇာတ္ေၾကာင္းေျပာေနသည္အား နားေထာင္ရင္း
ေဖးယြီက်င့္မွာ မေနႏိုင္စြာ အထင္ေသးဟန္
ႏွာမႈတ္လိုက္သည္။

သရဲတေစၧေတြ? ဒီလိုဟာမ်ိဳး ရွိေတာင္မရွိဘူး..
အခုေခတ္တီဗြီရိႈးေတြက ေနရာတကာနေမာ္နမဲ့နဲ႔
တျဖည္းျဖည္း ဦးေႏွာက္ပ်က္လာၾကပုံပဲ...

"ဘာႀကီးလား...ဒါကိုသရဲေျခာက္တယ္လို႔
ေခၚတာလား...ပ်င္းဖို႔ေကာင္းခ်က္"
ရွီက်င္း ေလွာင္ေျပာင္လိုက္သည္။

ထိုအခါ ေဖးယြီက်င့္လည္း သူ႔စိတ္ထဲ
အသံတိတ္ေျပာလိုက္မိသည္။

အမွန္ပဲ...ဆိုးဆိုးရြားရြားကို ပ်င္းဖို႔ေကာင္းခ်က္!

ရိႈးက အေတာ္ၿငီးေငြ႕စရာေကာင္းေနေသာ္ျငား
ရွီက်င္းဟာ ႐ုပ္ရွင္အသစ္တစ္ခုမေျပာင္းေတာ့ဘဲ
ဆိုဖာေပၚေခြေခါက္ကာ ဆက္ၾကည့္ေနလိုက္သည္။
ဖရဲေစ့ခြဲေနေသာသူ႔လက္မ်ားက တျဖည္းျဖည္း
ေႏွးေကြးလာၿပီး ခႏၶာကိုယ္ကလည္း ေလွ်ာခ်ကာ
မွတ္ခ်က္မ်ားအစား တဝါးဝါးသန္းလာေတာ့သည္။

ရွီက်င္းသန္းေဝေနသည္ကို ေဖးယြီက်င့္လည္း
ၾကားသည္။ သူသည္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ
ကိစၥမ်ားကို ပိုမိုစိတ္ဝင္စားစရာေကာင္းေအာင္
ႀကိဳးစားေျပာေနေသာဇာတ္ေၾကာင္းေျပာသူကို
သည္းခံၾကည့္ရင္း အလားတူသန္းေဝလိုက္မိသည္။
ထို႔ေနာက္ လက္ေျမႇာက္ကာ ႏွာ႐ိုးကို
ဖိနွိပ္ေနလိုက္သည္။

ဒီရိႈးက မယုံႏိုင္စရာေကာင္းေလာက္ေအာင္
ေတာ္ေတာ္ပ်င္းစရာေကာင္းတာပဲ...သူေတာင္
အိပ္ခ်င္လာၿပီ..

"အဲ့ဇာတ္ေၾကာင္းေျပာတဲ့လူက အရင္က
အစားအေသာက္ရိႈးေတြမွာ လုပ္ဖူးတယ္လို႔
ကၽြန္ေတာ္ၾကားဖူးတယ္။ အဲ့တာေတြက
ပိုေကာင္းမယ္လို႔ အစ္ကိုထင္လား?"

ရွီက်င္း ႐ုတ္တရက္ထေျပာသည္။သူသည္
ေျပာရင္းနဲ႔ ေဘးကိုေခါင္းငိုက္စိုက္ခ်သြားၿပီး
အိပ္ေပ်ာ္သြားေတာ့သည္။

ေဖးယြီက်င့္သည္ သူ႔ကို တစ္ခ်က္လွည့္ၾကည့္ကာ
ပိုစိတ္ရႈပ္သြားၿပီး သူၾကည့္ခဲ့ဖူးသမွ်
အစားအေသာက္ရိႈးမ်ားကို ျပန္စဥ္းစားလိုက္မိသည္။
အခ်ိန္ေတာ္ေတာ္ၾကာ သူအေပၚအရိပ္မဲႀကီး
စြဲထင္ခဲ့ေသာေသြးသံရဲရဲျမင္ကြင္းမ်ားဆီမွ
သူ႔အေတြးမ်ားဟာ မိုင္ေပါင္းေထာင္ခ်ီအေဝးေရာက္
သြားေလသည္။ ခပ္ေဖ်ာ့ေဖ်ာ့ႏို႔နံ႔ႏွင့္အတူ
ဖရဲေစ့တို႔ေၾကာင့္ သူ႔မ်က္ခြံမ်ားလည္း
တျဖည္းျဖည္း ေလးလံလာေတာ့သည္။

ရိႈးဟာ အဆုံးသတ္သြားၿပီျဖစ္ရာ ေနာက္ဗီဒီယို
တစ္ပုဒ္ဆီသို႔ အလိုအလ်ာက္ကူးေျပာင္းသြားသည္။
ဤသည္မွာ "သင့္စိတ္ကိုေျဖေလ်ာ့ေစေသာ
ေအးခ်မ္းသည့္သီခ်င္းေပါင္းခ်ဳပ္" ျဖစ္ေန၍
အိပ္ခ်ိန္မမွန္ေသာလူႀကီးႏွစ္ေယာက္အား
အိပ္ေပ်ာ္ေအာင္ ေခ်ာ့သိပ္ေနေလသည္။

မနက္အေစာပိုင္းအခ်ိန္တြင္ ရွီက်င္းကို
ေရွာင္စစ္ႏိႈးလိုက္သည္။ အခ်ိန္ကို ၾကည့္လိုက္ေတာ့
လ်န္ကၽြင္း ပုံမွန္ထေနက်အခ်ိန္ပိုေရာက္ေနၿပီ
ျဖစ္သျဖင့္ မ်က္လုံးကိုပြတ္သပ္ကာ
ေကာက္ထလိုက္သည္။ tabletသည္လည္း
ပါဝါကုန္သြားၿပီျဖစ္ရာ သူ႔အလိုလိုပိတ္သြားေလၿပီ။
ထိုအရာကို ေဘးဖယ္ကာ သူ႔ေဘးကဆိုဖာခုံတြင္
အိပ္ေမာက်ေနေသာေဖးယြီက်င့္ကို လွမ္းၾကည့္
လိုက္သည္။ *တစ္ပဲနိတန္ တစ္ေပါင္အတြက္-
သူ႔အစ္ကိုအား ပိုႀကီးသည့္ဆိုဖာေပၚသို႔ေရြ႕ကာ
ေစာင္ျခဳံေပးၿပီးမွ ထြက္သြားလိုက္သည္။

(တစ္ပဲနိက တစ္ေပါင္ရဲ႕ တစ္ရာပုံတစ္ပုံနဲ႔
ညီမွ်တယ္ေလ။ ဆိုလိုတာက ရွီက်င္းက
သူ႔အစ္ကိုကို မႏိုင္မနင္းသယ္ရတယ္ေပါ့)

သို႔ေသာ္ျငား ရွီက်င္း၏လႈပ္ရွားပုံမ်ားက
သိပ္မညင္သာသည့္အတြက္ ေဖးယြီက်င့္ႏိုးသြားသည္။
ရီေဝေဝနဲ႔ မ်က္လုံးဖြင့္ၾကည့္လိုက္ရာ ရွီက်င္း
မတ္တပ္ထကာ ထြက္သြားသည့္ျမင္ကြင္းကို
ျမင္လိုက္ရသည္။ သူသည္ ေတာင့္ခဲစြာ
ရွီက်င္း၏ေနာက္ေက်ာကို ဗလာသက္သက္ေငးၾကည့္
ေနမိၿပီးမွ ေစာင္ကိုဆြဲတင္ကာ မ်က္လုံးတို႔
ျပန္မွိတ္လိုက္ေလသည္။

ရွီက်င္း အခန္းဆီျပန္ေရာက္ေသာအခါ
လ်န္ကၽြင္းအိပ္ေပ်ာ္ေနတုန္းျဖစ္သည္။ထို႔ေၾကာင့္
သူသည္ ေျခဖ်ားေထာက္လမ္းေလွ်ာက္ၿပီး
တအားမတိုးေဝွ႕ဘဲ အိပ္ရာထဲကို ဂ႐ုတစိုက္
ဝင္လိုက္သည္။

"ဘယ္ေနရာမွာ မုန္႔သြားခိုးစားတာလဲ?
မင္းကိုယ္ေပၚက ဖရဲေစ့နံ႔ရတယ္"

လ်န္ကၽြင္းဟာ မ်က္လုံးပြင့္လာၿပီး သတိမေပး
ဘာမေပး ထေျပာသည္။သူ႔အသံမွာ ၾကည္လင္ေနရာ
အခုမွအိပ္ရာႏိုးလာပုံမေပၚေခ်။

ရွီက်င္းလန္႔ျဖန္႔ကာ ေအးခဲသြားသည္။လ်န္ကၽြင္းကို
စကၠန္႔ပိုင္းေလာက္ၾကည့္ေနၿပီးမွ ခုန္အုပ္ကာ
စိတ္အားထက္သန္ေသာအနမ္းမ်ား က်ဲခ်ေတာ့သည္။

တိုက္စစ္ထိုးခံလိုက္ရသျဖင့္ လ်န္ကၽြင္းအလန္႔တၾကား
ျဖစ္သြားၿပီး ရွီက်င္းကို ျမန္ျမန္ဆန္ဆန္ေပြ႕ဖက္လိုက္
သည္။ထို႔ေနာက္ မ်က္ခုံးတစ္ဖက္ပင့္လိုက္ရင္း

"ကိုယ့္ကို အာ႐ုံလႊဲဖို႔မႀကိဳးစားနဲ႔.....အြန္႔"

ရွီက်င္းသည္ လ်န္ကၽြင္းႏႈတ္ခမ္းကို
ေနာက္ဆုံးအႀကိမ္ တစ္တိတိကိုက္လိုက္ၿပီးမွ
ေနာက္ျပန္ဆုတ္ကာ

"ကၽြန္ေတာ္ႏိုးလာၿပီး ျပန္အိပ္လို႔မရေတာ့လို႔
လမ္းခဏထြက္ေလွ်ာက္တာ။ အဲ့အခ်ိန္မွာပဲ
ဧည့္ခန္းထဲမွာရွိတဲ့ေဖးယြီက်င့္နဲ႔တိုးေရာ...
သူ႔ၾကည့္ရတာ တစ္ေန႔တစ္ျခားပိုပိုဆိုးရြားလာၿပီး
ဒီအေျခအေနကို ကိုယ့္ဘာကိုယ္မေျဖရွင္းႏိုင္ပုံပဲ။
အဲ့တာနဲ႔ သူ႔ကိုသရဲကားၾကည့္ခိုင္းလိုက္တယ္"

လ်န္ကၽြင္းဟာ သူ႔ေမးဖ်ားကိုကိုင္ကာ ေခါင္းေမာ့ေစၿပီး
"မင္းက တအားစိတ္ေကာင္းရွိလြန္းမေနဘူးလား?"

"အသက္တစ္ေခ်ာင္း ကယ္ေကာင္းပါတယ္"

ရွီက်င္းသည္ လ်န္ကၽြင္းေပၚလွဲခ်ရင္း
"တကယ္ေတာ့ ကၽြန္ေတာ္အိပ္ခ်င္ေသးတယ္။
ညလုံးေပါက္ေနခဲ့တာေတြက ကၽြန္ေတာ့္အိပ္ခ်ိန္ကို
ကေမာက္ကမျဖစ္ေစတာပဲ"

"စကားေခါင္းစဥ္ေျပာင္းဖို႔ႀကိဳးစားေနလည္း
အသုံးမဝင္ဘူးေနာ္"

လ်န္ကၽြင္းသည္ ထိုသို႔ေျပာလိုက္ေသာ္လည္း
လူငယ္ေလးေက်ာျပင္ကို ႏူးညံ့ေသာသူ႔လက္ျဖင့္
ပြတ္ေပးေနသည္။

ရွီက်င္းစိတ္ေက်နပ္သြားၿပီး ထိုသူလက္ေမာင္းၾကားထဲ
သက္ေတာင့္သက္သာျဖစ္မည့္အေနအထားကိုရွာကာ
ေရဘဝဲတစ္ေကာင္လိုဖက္တြယ္ၿပီး ေနာက္တစ္ႀကိမ္
အိပ္ေပ်ာ္သြားေလသည္။

သူတို႔ႏိုးလာခ်ိန္တြင္ Old Ghostမွ
သတင္းအသစ္မ်ားပို႔ထားေၾကာင္း ေတြ႕လိုက္ရသည္။
ထိန္းသိမ္းခံထားရေသာPhantomအဖြဲ႕သားမ်ား
အားလုံးကို ျပန္လႊတ္ေပးမည္ဟု က်ိဳယန္ကတိေပး
လာသည္။ ဒါေပမဲ့ အေျခအေနတစ္ရပ္ေပၚ
မူတည္သည္- လ်န္ကၽြင္းကိုယ္တိုင္ ထိုသူတို႔ကို
လာေခၚရမည္။

"က်ိဳယန္က ေသခ်ာေပါက္အမွတ္သည္းေျခမရွိဘူးပဲ
အဲ့အ႐ူးက အခုထိစိတ္ကူးယဥ္ေနတုန္းပါလား"

Gua Erသည္ ထိုေတာင္းဆိုခ်က္ကိုၾကားေသာအခါ
စိတ္ပ်က္စြာ မ်က္လုံးလွန္ရင္း သေရာ္လိုက္သည္။

လူတိုင္း၏မ်က္ႏွာမ်ားလည္း ပ်က္ယြင္းကုန္သည္။
သူတို႔အားလုံးသည္ အႏွီးေကာက္က်စ္ယုတ္မာၿပီး
အၾကံႀကီးေသာက်ိဳယန္၏ေနာက္ဆုံးတစ္ေခါက္
လုပ္ရပ္တို႔ကို ေကာင္းေကာင္းႀကီးမွတ္မိေသးသည္။
ထိုသူမ်က္ႏွာျဖတ္႐ိုက္ခံရတာေတာင္ သိပ္မၾကာေသး၊
အခုလည္း တစ္ခုခုထပ္လုပ္ဖို႔ႀကိဳးစားေနျပန္သည္။

က်ိဳယန္တစ္ေယာက္ဘာေတြေတြးေနမွန္း
ရွီက်င္းလည္း နားမလည္ႏိုင္ေတာ့။

ၾကည့္ရတာ အဲ့လူတကယ္ႀကီး႐ူးသြားတာမ်ားလား?
ဒါေပမဲ့ ဒီလိုသိသာတဲ့ေထာင္ေခ်ာက္ထဲ
လ်န္ကၽြင္းလွမ္းဝင္လာဖို႔လုံးဝမျဖစ္ႏိုင္တာကို
အ႐ူးေတာင္ သိတယ္ေလ...လ်န္ကၽြင္းကို
သတ္ခ်င္လြန္းအားႀကီးၿပီး ဆင္ျခင္တုံတရားေတြ
အားလုံးကင္းမဲ့သြားတာမ်ားလား?

{သူက ငါနဲ႔မင္းၾကားဆက္ဆံေရး
စိတ္ဝမ္းကြဲေအာင္လုပ္ခ်င္ေနတာပဲ}

video callတစ္ဖက္ျခမ္းမွ Old Ghost၏
တည္ၿငိမ္ေသာအသံထြက္လာသည္။ တစ္ခ်ိန္လုံး
ဆိတ္ဆိတ္ေနလ်က္ရွိေသာလ်န္ကၽြင္းကိုၾကည့္ကာ
ဆက္ေျပာသည္။

{အဲ့ကိစၥေၾကာင့္နဲ႔ မင္းအေပၚအာဃာတထားဖို႔
ေလာက္ထိ ငါမ႐ူးမိုက္ေသးဘူးဆိုတာ
အာမခံပါတယ္ လ်န္ကၽြင္း။ က်ိဳယန္ဘက္က
ေကာင္းေကာင္းမြန္မြန္မညိႇ႔ႏိႈင္းခ်င္မွန္း သိသာတယ္၊
ရွင္းရွင္းေျပာရရင္ ငါ့လူေတြကို လႊတ္ေပးဖို႔
တကယ္စိတ္ရွိရဲ႕လားေတာင္ သံသယဝင္မိတယ္}

လ်န္ကၽြင္းလည္း အခ်ိန္တစ္ခုထိေတြးၾကည့္ၿပီးမွ
ထိုသူစကားမ်ားကို ျငင္းဆိုသည္။
"မဟုတ္ဘူး၊ သူ ခင္ဗ်ားလူေတြကိုလႊတ္ေပးလိမ့္မယ္။
က်ိဳယန္ ဒီလိုမ်ိဳးေတာင္းဆိုတာက စိတ္ဝမ္းကြဲေစဖို႔
မဟုတ္ဘဲ အခ်ိန္ဆြဲဖို႔အတြက္ပဲ"

{မင္းဘာကိုဆိုလိုတာလဲ?}
Old Ghost အံ့အားသင့္စြာ ေမးမိသည္။

"Nine Eaglesက လ်င္လ်င္ျမန္ျမန္ကို
တိုးတက္ဖြံ႕ၿဖိဳးလာခဲ့ေပမဲ့ ဆိုလိုတာက
သူတို႔ေအာက္ေျခအုတ္ျမစ္က မတည္ၿမဲေသးဘူး
ဆိုတာပဲ"

လ်န္ကၽြင္းရွင္းျပသည္။

"ခင္ဗ်ားသာ သူတို႔ကို ဒီလိုျပင္းျပင္းထန္ထန္
ထိုးစစ္ဆက္ဆင္ေနရင္ ၾကံ႕ၾကံ႕ခံႏိုင္ၾကမွာ
မဟုတ္ေတာ့ဘူး။ က်ိဳယန္လိုလူမ်ိဳးက ဒီစစ္ပြဲကေန
သူဘာအက်ိဳးအျမတ္မွမရဘဲ အျပတ္ျပတ္နဲ႔
ႏွာေခါင္းေသြးထြက္ေတာ့မွာကို သိလိုက္ရရင္
ဆုံးရႈံးမႈေလ်ာ့ေအာင္ ခင္ဗ်ားနဲ႔ၿငိမ္းခ်မ္းေရးယူဖို႔
အခြင့္အေရးကို အမိဖမ္းမွာပဲ။ဒါက အခု
သူလိုခ်င္တဲ့အရာလို႔ ေသခ်ာေပါက္ထင္ရေပမဲ့လို႔
သူ႔ပန္းတိုင္နဲ႔ဆန္႔က်င္ဘက္ျဖစ္ေနတဲ့
ဒီေတာင္းဆိုခ်က္က ေမးခြန္းထုတ္စရာျဖစ္သြားၿပီ။
သူဘာလို႔ ဒီလိုျပဳမူေနရတယ္လို႔ ခင္ဗ်ားထင္လဲ?"

ထိုအခါ Old Ghostသည္ ေစ့ေစ့ေတြးၿပီး
သူ႔အမူအရာမွာ ႐ုတ္တရက္ေျပာင္းသြားသည္။

{မဟုတ္မွလြဲေရာ ေကာင္းေကာင္းမြန္မြန္ေဆြးေႏြးဖို႔
သူ႔အတြက္မျဖစ္ႏိုင္ေတာ့လို႔လား? ငါ့လူေတြကို
သတ္ၿပီးသြားၿပီျဖစ္တာေၾကာင့္လား?}

သူ႔အသံမွာ လူသတ္ခ်င္ေသာအေငြ႕အသက္မ်ား
တေထာင္းေထာင္းထလ်က္ ဟိန္းေဟာက္ေတာ့သည္။

"မဟုတ္ဘူး-အစတည္းက ခင္ဗ်ားလူေတြ
သူ႔လက္ထဲမွာမရွိလို႔ လႊတ္ေပးမယ္ မလႊတ္ေပးဘူး
ဆိုၿပီး ဆုံးျဖတ္ပိုင္ခြင့္မရွိတာေၾကာင့္ျဖစ္မယ္။
စိတ္မပူပါနဲ႔...က်ိဳယန္ပဲျဖစ္ျဖစ္ Gunfireျဖစ္ျဖစ္
ခင္ဗ်ားလူေတြကို အလကားေနရင္းေတာ့ မသတ္ဘူး"

လ်န္ကၽြင္း ေျဖသိမ့္ေပးလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ သူတို႔က အေရးပါတဲ့
အေပးအယူဖဲခ်ပ္ေတြပဲေလ"

ထိုအခါမွ Old Ghostလည္း အနည္းငယ္
စိတ္ၿငိမ္သြားသည္။ လ်န္ကၽြင္းစကားမ်ားကို
စဥ္းစားရင္း မ်က္ေမွာင္ၾကဳပ္လိုက္သည္။

{အဲ့တာဆို မင္းေျပာပုံအရ Nine Eaglesက
ငါ့အဖဲြ႕သားေတြကိုျပန္ေပးၿပီး ဒီအျဖစ္အပ်က္ႀကီးကို
အဆုံးသတ္ခ်င္ေပမဲ့ အစတည္းက ငါ့လူေတြကို
ဖမ္းဆီးခဲ့တဲ့Gunfireက သေဘာမတူဘူး...
သူတို႔ သေဘာထားကြဲလြဲေနၾကတာလား?}

လ်န္ကၽြင္းေခါင္းညိတ္သည္။
"Gunfireက တည္ၿငိမ္တဲ့အုတ္ျမစ္ရွိၿပီး
နယ္ေျမမွာ ေျခကုပ္လက္ကုပ္နက္ရိႈင္းတဲ့
ေဒသခံအဖြဲ႕အစည္းတစ္ခု...၊
ငါတို႔လုပ္ေနက်အတိုင္း သူတို႔ကိုဆက္ေႏွာင့္ယွက္
ေနရင္ေတာင္ အဲ့ေလာက္အေလွ်ာ့ေပးမွာမဟုတ္ဘဲ
ျပန္ဖက္ကိုက္မွာ အေသအခ်ာပဲ။ ငါ့အထင္ေျပာရရင္
Nine Eaglesနဲ႔Gunfireက ငါတို႔ကို
တိုက္မယ္ မတိုက္ဘူး စိတ္မညီျဖစ္ေနၾကတာ။
Gunfireကို တ႐ုတ္ႏိုင္ငံမွာ အေျခခ်ႏိုင္ေအာင္
ကူညီဖို႔ Nine Eaglesရႈံးနိမ့္ခဲ့တာကိုပါ
ထပ္ေပါင္းရင္ သူတို႔ပူးေပါင္းမႈက ဟိုးအရင္တည္းက
ျပႆနာစတက္ေနၿပီ ထင္တယ္"

Old Ghostသည္ မေနႏိုင္စြာ စားပြဲကို
႐ိုက္ခ်ကာ ႀကိမ္းဝါးလိုက္သည္။

{ေကာင္းတယ္..ေခြးအခ်င္းခ်င္းကိုက္ၾကပေစ!}

လ်န္ကၽြင္းသည္ ထိုသူကိုတစ္ခ်က္ၾကည့္ၿပီး
သူ႔စိတ္ကို ေရေအးနဲ႔ေလာင္းခ်လိုက္သည္။

"သူတို႔မဟာမိတ္ဖြဲ႕တာက ျပႆနာရွိရင္ရွိမယ္
ဒါေပမဲ့ သူတို႔ပူးေပါင္းမႈၿပိဳကြဲသြားၿပီလို႔ မဆိုလိုဘူး။
အခု က်ိဳယန္က Gunfireနဲ႔ညိႇ႔ႏိႈင္းဖို႔ အခ်ိန္နဲ႔
အသက္ရွဴေပါက္လိုေနတယ္ အဲ့တာေၾကာင့္
ခင္ဗ်ားကို ဒီတိုင္းေလးၿငိမ္ၿငိမ္ေလးထိုင္ေနေစခ်င္တာ။
သူတို႔ေဆြးေႏြးၿပီးမွာနဲ႔ ဒီတိုက္ပြဲကစမွာ"

Old Ghostမ်က္ခုံးမ်ား တြန္႔ေကြးသြားသည္။
ခံစားခ်က္မ်ားထိန္းခ်ဳပ္ဖို႔ အသက္ျပင္းျပင္းရွဴလိုက္ၿပီး
ေမးသည္။

{အဲ့တာဆို ငါအခုဘာလုပ္သင့္လဲ?}

"တတ္ႏိုင္သမွ် ဖိအားဆက္ေပးေနလိုက္-
က်ိဳယန္ကိုအနားေပးဖို႔ အခြင့္လုံးဝမေပးနဲ႔
Gunfireနဲ႔ပဋိပကၡျဖစ္ဖို႔ တြန္းအားေပးေနလိုက္။
သူတို႔အခ်င္းခ်င္းကေတာက္ကဆျဖစ္လာရင္
ျဖစ္ႏိုင္ေျခရလဒ္က သုံးခုပဲရွိတယ္: ပထမ,
Gunfireက Nine Eaglesကိုလိုက္ေလ်ာေပးၿပီး
မင္းတိုက္ခိုက္မႈကိုတြန္းလွန္ႏိုင္ေအာင္ကူညီေပးမယ္
ၿပီးရင္ ငါတို႔နဲ႔ဆက္တိုက္ခိုက္ေနမယ္။ ဒုတိယ,
Nine Eaglesက Gunfireကိုနားခ်ႏိုင္ခဲ့ၿပီး
မင္းလူေတြကိုလႊတ္ေပးမယ္ ဒီအေျခအေနကို
ၿငိမ္းၿငိမ္းခ်မ္းခ်မ္းအၿပီးသတ္လိုက္မယ္။ တတိယ,
Nine Eaglesနဲ႔Gunfireႏွစ္ဖက္လုံး
သေဘာထားကြဲၿပီး မဟာမိတ္ၿပိဳကြဲမယ္။
ဘာပဲျဖစ္ျဖစ္ တစ္ခုမွ ငါတို႔အတြက္အက်ိဳးမရွိဘူး"

{တစ္ခုမွ? သူတို႔တိုက္ဖို႔ဆုံးျဖတ္ရင္ေတာင္လား?}
Old Ghost မႈန္ကုပ္ကုပ္ေမးလိုက္သည္။

"ေသခ်ာတာေပါ့။ Gunfireမွာ ရန္သူေတြ
မ်ားတယ္။ ငါတို႔က အဲ့အဖြဲ႕ကို
လုံလုံေလာက္ေလာက္အားယုတ္ေအာင္လုပ္ဖို႔ပဲ
ၿပီးရင္ တစ္ေယာက္ေယာက္က Gunfireကို
ဖိႏွင္းၿပီး ငါတို႔အစပ်ိဳးခဲ့တာကို ၿပီးေအာင္လုပ္ေပး
လိမ့္မယ္။ ဒီတိုက္ပြဲမွာ ငါတို႔ေရာ Gunfireပါ
ထိခိုက္မွာျဖစ္ေပမဲ့ ငါတို႔တိုက္ခိုက္မဲ့ဒီေနရာက
သူတို႔အုတ္ျမစ္ခ်ရာအိမ္ကြင္းေလ။ အဲ့တာေၾကာင့္
အဆုံးက် ငါတို႔ထက္ Gunfireက အမ်ားႀကီး
ပိုနစ္နာဆုံးရႈံးရမွာေလ"

သူ႔စကားလုံးမ်ားႏွင့္ Old Ghostကို
အျပတ္သိမ္းသြင္းႏိုင္ခဲ့သည္။

{ေကာင္းၿပီ..ဒါဆို ငါသူတို႔ကိုဆက္တိုက္မယ္!
ေက်းဇူးပါပဲ လ်န္ကၽြင္း}

လ်န္ကၽြင္းက သူ႔ေက်းဇူးတင္စကားကို
လက္မခံေပ။
"ငါတို႔ႏွစ္ေယာက္လုံးက ကိုယ္လိုအပ္တာကို
ယူေန႐ုံပါ_ဒါပါပဲ"

သို႔ေပမဲ့ Old Ghostကေတာ့ သေဘာမတူဟန္
လ်န္ကၽြင္းအား အလြန္ေလးနက္သိမ္ေမြ႕စြာ
ၾကည့္ကာ video callကို အဆုံးသတ္လိုက္သည္။
ဒီပဋိပကၡၾကားတြင္ Annihilationဆုံးရႈံးမႈ
နည္းႏိုင္သမွ်နည္းေအာင္ သူအေကာင္းဆုံးလုပ္ဖို႔
ဆုံးျဖတ္လိုက္ေတာ့သည္။

"ဘာႀကီးလား...အခုေလးတင္ ၾကည့္လိုက္တဲ့
သူ႔အၾကည့္ႀကီးက ၾကက္သီးထစရာႀကီး...ဂီး..."

Gua Erသည္ ပုံႀကီးခ်ဲ႕ေသာဟန္ျဖင့္
သူ႔လက္ေမာင္းမ်ားကို ပြတ္သပ္လိုက္သည္။

ထိုအခါ Gua Yiမွာ သတိေပးသလို
တစ္ခ်က္လွမ္းၾကည့္ၿပီး လ်န္ကၽြင္းဘက္လွည့္ကာ
"ကၽြန္ေတာ္တို႔ဘာဆက္လုပ္ရမလဲ ကၽြင္းေရွာက္?"

လ်န္ကၽြင္းသည္လည္း Gua Erကို
ၾကည့္လိုက္သည္။ ထိုသူတည္တည္တံ့တံ့ျဖစ္ေတာ့မွ
ျပန္ေျပာသည္။

"အခုေတာ့ အျပင္ဘက္ေဒသေတြမွာ
ရွင္းလင္းတာကိုရပ္မယ္။ က်ိဳယန္က
အပစ္အခတ္ရပ္စဲခ်င္လို႔ Old Ghostကို
ဆက္သြယ္လိုက္တာက Gunfireကို ေဒါသူပုန္ထ
ေစမွာပဲ-အဲ့တာေၾကာင့္ ငါတို႔ကိုျပန္တိုက္ရင္
အင္အားႏွစ္ဆထုတ္သုံးလာေလာက္မယ္။
အေရွ႕ေတာင္ပိုင္းက ငါတို႔တပ္ခြဲေတြကို
အားျဖည့္ခိုင္းထားၿပီး Lႏိုင္ငံက
Gunfireတပ္စုေတြကို စၿဖိဳဖို႔ လူစုထားေတာ့။
ဘယ္သူၾကည့္ၾကည့္ Gunfireဘက္ကို
လုံလုံေလာက္ေလာက္အားနည္းတဲ့အထိလုပ္ၿပီး
ျပည္ပနဲ႔ဆက္ႏြယ္ေနတဲ့စီးပြားေရးလမ္းေၾကာင္းေတြ
အကုန္လုံးကို ဖ်က္စီးပစ္လိုက္"

"အကုန္လုံးလား? လိွ်ဳ႕ဝွက္လမ္းေၾကာင္းေတြ
ေရာလား?"
Gua Yi ေသခ်ာျပန္ေမးသည္။

"အကုန္လုံးပဲ-မ်ားမ်ားစားစားမဆုံးရႈံးရင္
Gunfireက "အသိဉာဏ္"ရွိလာမွာမဟုတ္ဘူး"
လ်န္ကၽြင္းဆိုသည္။

အမိန္႔ကိုနာခံေၾကာင္း Gua Yiေခါင္းညိတ္သည္။
လ်န္ကၽြင္းမွ တျခားၫႊန္ၾကားစရာမရွိေတာ့ေၾကာင္း
ျမင္ေသာအခါ က်န္သူမ်ားကိုေခၚၿပီးထြက္သြားဖို႔
ျပင္လိုက္ေသာ္လည္း လ်န္ကၽြင္းက လွမ္းတား
လိုက္သည္။

"ခဏေလး-ဒီတစ္ခါေတာ့ ရွီက်င္းကိုပါ
ေခၚသြားလိုက္"
နံေဘးတြင္ထိုင္ကာ သူ႔အားစိုက္ၾကည့္လ်က္ရွိေသာ
လူငယ္ေလးကို သူမၾကည့္ဘဲ ဆက္ေျပာသည္။

"Gunfireထက္ လြန္ခဲ့တဲ့ႏွစ္ေတြထဲ လုံရွီ
ပုန္းခိုခဲ့တဲ့အဖြဲ႕အစည္းကိုလည္း သတိထားသင့္
တယ္။ ေသခ်ာဂ႐ုစိုက္-အဲ့လူစ႐ိုက္အရဆို
အဖြဲ႕အစည္းက ထူးျခားမႈတစ္ခုခုမရွိရင္
သူေရြးမွာမဟုတ္ဘူး ဒါေၾကာင့္
သတိမလစ္ဟင္းေစနဲ႔"

ခ်စ္သူအား တစ္ခုခုေျပာခ်င္ေနမွန္းထင္ရွားေသာ
ရွီက်င္းဆီ Gua Yiအၾကည့္ေရာက္သြားသည္။
ထို႔ေၾကာင့္ တျခားသူမ်ားကို မ်က္လုံးနဲ႔ခပ္ျမန္ျမန္
အခ်က္ျပကာ အရိပ္အကဲနားလည္စြာ အခန္းထဲမွ
ထြက္သြားလိုက္ၾကသည္။

အခန္းတံခါးပိတ္ဆို႔သြားသည္ႏွင့္ ရွီက်င္းသည္
လ်န္ကၽြင္းလက္ဖဝါးကို ဆုပ္ေထြးကာ

"လ်န္ကၽြင္း..ခင္ဗ်ား..."

"ဒါက မင္းအတြက္ ေလ့က်င့္ေရးေကာင္းတစ္ခု
ျဖစ္မွာပါ"

လူႀကီးဟာ သူ႔စကားကိုျဖတ္ေျပာၿပီး
မ်က္ႏွာခ်င္းဆိုင္လွည့္လာကာ

"ရွီက်င္း...မင္းကို ႀကီးထြားလာဖို႔အခြင့္အေရး
ေပးေနတာ ၿပီးေတာ့ ကိုယ္ကိုယ္တိုင္လည္း
က်င့္သားရေအာင္ အခ်ိန္ေပးေနတယ္။ Gua Yiနဲ႔
တျခားသူေတြဆီက ေကာင္းေကာင္းေလ့လာသင္ယူ။
ၿပီးေတာ့ ကိုယ္ ဒီဆုံးျဖတ္ခ်က္ခ်လိုက္တာကို
ေနာင္တရေအာင္ မလုပ္ပါနဲ႔"

အမ်ိဳးမ်ိဳးအဖုံဖုံခံစားခ်က္မ်ားက ရွီက်င္းရင္ထဲ
ျပည့္က်ပ္လာခဲ့သည္။

ၾကည့္ရတာ လ်န္ကၽြင္းေျပာခဲ့ေသာ
"ကိုယ့္ကို အခ်ိန္နည္းနည္းေပးပါ"ဆိုသည့္စကားက
သူ႔ကို ႏွစ္သိမ့္ခဲ့႐ုံသာ မဟုတ္ေတာ့ေပ။ ထိုသူဟာ
တကယ္ႀကီး သူတို႔ရဲ႕ဆက္ဆံေရးကို
ဘယ္လိုကိုင္တြယ္ရမလဲ ေသခ်ာအေလးအနက္
ထားခဲ့သည္။ သူတို႔ႏွစ္ဦးၾကား သေဘာထားကြဲလြဲ
ႏိုင္ေသာကိစၥရပ္တစ္ခုကို ရွာေဖြသြားေသာအခါ
ရွီက်င္းကိုလက္ေလ်ာ့ေအာင္ တိုက္တြန္းဖို႔
မႀကိဳးစားဘဲ ဒီျပႆနာကိုဘယ္လိုေျဖရွင္းရမလဲ
စဥ္းစားကာ အဆုံး၌ ကတိေပးဖို႔သာ
ေရြးခ်ယ္လိုက္သည္။

ရွီက်င္းႏွလုံးသားမွာ ေပါက္ကြဲထြက္မတတ္
ေဖာင္းကားလာရသည္-ဒီအမ်ိဳးသားက
တအားေလးနက္ၿပီး စဥ္းစားတတ္လြန္းတယ္...

"မင္းအရည္အခ်င္းေတြကို ငါ့အေပၚဂ႐ုစိုက္ရင္း
မျဖဳန္းတီးသင့္ဘူး-အဲ့လိုေတြလုပ္ေနတာက
မင္းစိတ္ကို ပင္ပန္းႏြမ္းနယ္ေစ႐ုံပဲရွိတာ။ ဒါက
ငါျမင္ခ်င္တဲ့အရာမဟုတ္ဘူး"

လ်န္ကၽြင္းၾကည့္ရတာ သူ႔ရင္ထဲကမုန္တိုင္းကို
သတိျပဳမိလိုက္ပုံရၿပီး တခဏေလးအတြင္း
သူ႔အမူအရာမွာ ႏူးညံ့သြားကာ ရွီက်င္းမ်က္ခြံေပၚသို႔
ဖိကပ္နမ္းလိုက္သည္။

"ရွီက်င္း..ျမန္ျမန္ေလး ရင့္က်က္ႀကီးထြားလာပါေတာ့။
ကိုယ္နဲ႔မင္း ေဘးခ်င္းယွဥ္ရင္ေဘာင္တန္းႏိုင္မဲ့ေန႔ကို
ကိုယ္ေစာင့္ေနတယ္"

ရွီက်င္းဟာ လ်န္ကၽြင္းကို တင္းတင္းမဖက္ဘဲ
မေနႏိုင္ေတာ့။ သူ႔ပါးျပင္ကို ထိုသူရင္ဘတ္ထံ
ပြတ္သပ္ရင္း

"ကၽြန္ေတာ္လုပ္ႏိုင္သမွ် အျမန္ဆုံးသင္ယူပါမယ္...
ကၽြန္ေတာ့္ကို ေစာင့္ေနပါ"

ငါက မၾကာမီမွာပဲ ငါပီသလာၿပီး ခင္ဗ်ားထမ္းေနတဲ့
ဝန္ထုပ္ဝန္ပိုးေတြကို ကူညီမွ်ေဝပါရေစ..

လ်န္ကၽြင္းလည္းျပဳံးကာ လူငယ္ေလးဆံပင္ကို
ပြတ္သပ္လိုက္သည္။

"ေကာင္းၿပီ ကိုယ္ေစာင့္ေနမယ္"

တစ္ဖက္က Old Ghostမွာလည္း လ်န္ကၽြင္းႏွင့္
စကားေျပာၿပီးေသာအခါ က်ိဳယန္၏ညိႇႏိႈင္းေသာ
ႀကိဳးပမ္းမႈကို လ်စ္လ်ဴရႈကာ Nine Eagles၏
လုပ္ငန္းမ်ားကို အရွိန္ျမႇင့္ကာ ဖ်က္ဆီးပစ္သည္။
အေရွ႕ေတာင္ေဒသက Nine Eaglesရဲ႕
စီးပြားေရးကြန္ရက္ႀကီးက တစစီျဖစ္ေတာ့မလို
ဆြဲၿဖဲခံေနရေလၿပီ။

ထိုအခါ က်ိဳယန္တစ္ေယာက္ ေဒါသထြက္လြန္းလို႔
႐ူးသြပ္ေနၿပီျဖစ္သည္။Nine Eagles၏
ေရွ႕တန္းကင္းစခန္းေနာက္တစ္ခုဖ်က္စီးခံရေၾကာင္း
သိရွိသြားခ်ိန္မွာ နားေထာင္ေနေသာနားၾကပ္ကို
ပစ္ခြဲကာ ေအာ္ဟစ္ေတာ့သည္။

"လိ့လို ေသာက္က်ိဳးနည္းGhost သူ႐ူးေနၿပီလား?!
ေနာက္လိုက္ေလးနည္းနည္းေလာက္နဲ႔
အေရွ႕ေတာင္ဘက္က သူ႔စီးပြားေရးေတြအားလုံးကို
စြန္႔လႊတ္လိုက္တယ္! ငါတို႔ကို သူနဲ႔အတူတူ
ေခ်ာက္ထဲျပဳတ္က်ခ်င္တာလား?!"

"Old Ghostလူေတြကို ျပန္ေပးလိုက္ရေအာင္လား
ေဘာ့စ္"

လက္ေထာက္ျဖစ္သူက ထပ္မံအၾကံဳျပဳလာသည္။
"အရင္တစ္ေခါက္က လ်န္ကၽြင္းကိုသတ္ဖို႔
ကၽြန္ေတာ္တို႔ရႈံးနိမ့္တာတင္မကဘူး အာဏာပိုင္ေတြ
ကိုပါ ေဒါကန္ေအာင္လုပ္မိလိုက္တယ္။
အဲ့တာေၾကာင့္ တ႐ုတ္မွာရွိတဲ့ကၽြန္ေတာ္တို႔
စီးပြားေရးေတြကို သူတို႔ဖိႏွိပ္ေနၿပီ...ဒီအေရွ႕ေတာင္က
အရာေတြပါ ဆိုးရြား႐ုန္ရင္ ကၽြန္ေတာ္တို႔ကြန္ရက္
တစ္ခုလုံး လုံးဝၿပိဳလဲသြားႏိုင္တယ္"

"ငါက အဲ့လူေတြကို လိ့မို႔လို႔ျပန္မေပးခ်င္ဘူးမ်ား
မင္းထင္ေနတာလား!? Gunfireက ငါ့ကို
ေသာက္က်ိဳးနည္းကစားေနလို႔ ငါဘာမွမလုပ္ႏိုင္ဘူး!"

က်ိဳယန္ခမ်ာ ေဒါသမီးမ်ားေတာက္ေလာင္ေနသည္။

လက္ေထာက္သည္ တစ္ေအာင့္မွ် တြန္႔ဆုတ္ကာ

"ဒါမွမဟုတ္ ကၽြန္ေတာ္တို႔ဘက္ေျပာင္းသင့္လား?
Phantom ဒီလိုတိုက္ရဲေနတာက
Annihilationအေထာက္အပံ့ရွိလို႔ေလ။
Gunfireဆီက သူ႔လူေတြျပန္ရေအာင္
Old Ghostကိုကူညီဖို႔ Annihilationနဲ႔
ပူးေပါင္းၿပီး အေပးအယူလုပ္လိုက္ရင္
ကၽြန္ေတာ္တို႔ ကိစၥေတြအေျခၿငိမ္ေအာင္လုပ္ႏိုင္ၿပီ
မဟုတ္လား?"

"မင္း ေစာက္႐ူးလား?!"

က်ိဳယန္သည္ ထိုသူ၏ေကာ္လံကိုဆုပ္ကိုင္ကာ
"ဒီအခ်ိန္မွာ ငါတို႔ Gunfireကိုသစၥာေဖာက္လိုက္ရင္
Gunfireက Nine Eaglesရဲ႕အဖြဲ႕ဝင္
တစ္ဦးစီတိုင္းကို ရွာၿပီးသတ္ပစ္မွာ...
ဒီလိုေၾကာက္ခ်ီးပါမေနနဲ႔၊ Annihilationက
အဲ့ေလာက္လန္႔စရာမေကာင္းပါဘူး!"

သူ႔ေဒါသႏွင့္ရင္ဆိုင္လိုက္ရေတာ့ လက္ေထာက္လည္း
ျပန္မျငင္းရဲေတာ့ဘဲ ပါးစပ္ပိတ္လိုက္ရသည္။
သို႔ေသာ္လည္း အတြင္းစိတ္ထဲတြင္
ကန္႔ကြက္လိုက္သည္။

လန္႔စရာမေကာင္းဘူးဆို ဘယ္လိုလုပ္လူတိုင္းက
ေခြးေတြလို အၿမဲအ႐ိုက္ခံေနရတာလဲ?

က်ိဳယန္သည္ ထိုသူေကာ္လံကိုလႊတ္ေပးကာ
အေဝးသို႔တြန္းထုတ္ၿပီး အခန္းထဲေရွ႕ေလွ်ာက္လိုက္
ေနာက္ေလွ်ာက္လိုက္ လုပ္ေနသည္။ဒီလိုနဲ႔
တစ္ဖန္စိတ္ၿငိမ္သြားေတာ့မွာ စားပြဲဆီ
ေလွ်ာက္သြားၿပီး ဖုန္းနံပါတ္တစ္ခုကိုႏွိပ္လိုက္သည္။

"ငါ တစ္ေယာက္ေယာက္ကိုမ်က္ေျခမျပတ္
ေစာင့္ၾကည့္ဖို႔လိုတယ္-ဒီႏွစ္ေတြ႕ဆုံပြဲကို
လ်န္ကၽြင္းေခၚလာတဲ့လူသစ္Gua Siဆိုတဲ့
တစ္ေယာက္...ဟုတ္တယ္။ သူ႔ကို ရွီက်င္းလို႔
ေခၚေနတာငါၾကားတယ္။ ၾကည့္ရတာ
သူ႔နာမည္အရင္းေနမယ္...ok , ၿပီးရင္ မင္းဆီ
ဓာတ္ပုံပို႔လိုက္မယ္"

ၿပီးသည္ႏွင့္ ဖုန္းခ်လိုက္သည္။

"အဲ့ကေလးလား? သူ႔ကိုဘာလို႔စိတ္ဝင္စားတာလဲ
ေဘာ့စ္?"

လက္ေထာက္မွာ ေၾကာင္ေတာင္ေတာင္ျဖစ္ကာ
ေမးေလသည္။
"သူ႔ၾကည့္ရတာ အခုမွရာထူးတိုးထားပုံပါပဲ။
လ်န္ကၽြင္းကိုယ္စား ဘာမွလုပ္တာလည္းမေတြ႕ဘူး
သူက ဒီတိုင္းလူသစ္ေလးတစ္ေယာက္ပဲေလ"

"လူသစ္ေလးတစ္ေယာက္ပဲ? လ်န္ကၽြင္းအတြက္
အဲ့"လူသစ္ေလး"က Gua Yiထက္ေတာင္
အေရးပါေနတယ္ကြ! အေတြ႕အၾကံဳမရွိေသးရင္
တျခားGuaေတြထက္ ပိုကိုင္တြယ္ရလြယ္တာေပါ့။
တခါတေလလည္း ဦးေႏွာက္ေလးဘာေလးသုံးဦး
ၾကားလား?"

က်ိဳယန္သည္ အထင္ေသးဟန္ ျပန္ေျပာသည္။
ရွီက်င္းႏွင့္လ်န္ကၽြင္းတို႔ၾကားဆက္ဆံပုံမ်ားကို
ျပန္ေတြးကာ သူ႔အမုန္းတရားတို႔အား
တစ္ေနရာရာတြင္ ေခ်ဖ်က္ႏိုင္ေၾကာင္းစဥ္းစားမိ
သြားသျဖင့္ ႀကိမ္းဝါးေလသည္။
"မင္းက ငါ့ကိုၿခိမ္းေျခာက္ႏိုင္မယ္လို႔ထင္ေနတာလား?
ေတြ႕ၾကေသးတာေပါ့!"

"ဟတ္ခ်ိဳး!"
ရွီက်င္းသည္ ႏွာေခါင္းကိုပြတ္ကာ
"ငါ့အေၾကာင္း တစ္ေယာက္ေယာက္ေျပာေနတာလား?"

ထိုစဥ္ Gua Erသည္ စားပြဲကိုေခါက္ကာ

"စိတ္လြင့္မေနနဲ႔၊ ငါေျပာလိုက္တာေတြ
မွတ္ထားရဲ႕လား? လက္နက္ကိုင္တိုက္ပြဲက
လွ်ိဳ႕ဝွက္မစ္ရွင္ေတြနဲ႔မတူဘူး-အေရးအႀကီးဆုံးက
ဆုံးျဖတ္ခ်က္ျပတ္သားဖို႔နဲ႔ အေျခအေနတစ္ရပ္လုံးကို
အခ်ိန္မေရြးသိေနဖို႔။မင္းအေတြးေတြပ်ံ႕လြင့္တတ္တဲ့
အဲ့အက်င့္ကိုေဖ်ာက္ဖို႔လိုတယ္"

ရွီက်င္းလည္း လက္ကိုခ်ကာ ျပန္ေျဖသည္။

"ကၽြန္ေတာ္အာ႐ုံမမ်ားပါဘူး...ခင္ဗ်ားေျပာတာ
မွန္သမွ် ကၽြန္ေတာ္ၾကားလည္းၾကားတယ္
မွတ္လည္းမွတ္မိတယ္။ ဒါနဲ႔ ကၽြန္ေတာ္က
ဘယ္သူ႔ေနာက္ကိုလိုက္ရမွာလဲ ေဆြးေႏြးၿပီးၿပီလား
ၿပီးေတာ့ ကၽြန္ေတာ့္ပထမဆုံးတာဝန္ကေရာ?"

"ေအး...ဆုံးျဖတ္ၿပီၿပီ။ မင္းက ငါနဲ႔Gua Sanဆီ
လိုက္ရမွာ။ မစ္ရွင္ရည္ရြယ္ခ်က္ကေတာ့-ဒီမွာ။
ေက်နပ္ၿပီလား? ေဖာက္သည္ေတာ္ေလးခင္ဗ်ာ"

Gua Erသည္ ဖိုင္တစ္ခုကိုဆြဲထုတ္ကာ
ကိုယ့္ဘာသာၾကည့္ရန္ ရွီက်င္းကိုကမ္းေပးသည္။

ရွီက်င္းလည္း လွမ္းယူကာ အထဲကအခ်က္မ်ားကို
အၾကမ္းဖ်င္းဖတ္လိုက္သည္။ သူတို႔သြားမည့္ေနရာရဲ႕
နာမည္ကိုျမင္ေတာ့ စိတ္ရႈပ္သြားကာ

"လီေဆြ႕? အဲ့တာက လုံရွီတစ္ခ်ိန္လုံးပုန္းခဲ့တဲ့
ေဆး႐ုံမလား?"

"ဟုတ္တယ္။ အဲ့အေၾကာင္းကို မင္းအၿမဲတမ္း
စိတ္ပူေနမွန္းငါသိတယ္။ ဒါေၾကာင့္
Gua Yiနဲ႔ေဆြးေႏြးၿပီး အဲ့ကိုအရင္သြားဖို႔
ငါတို႔ဆုံးျဖတ္လိုက္တယ္"

Gua Erသည္ ရွီက်င္းပုခုံးကိုပုတ္ကာ
ေျပာေလသည္။

"အဖြဲ႕ဝင္ေတြစုစည္းရတာက တစ္ရက္ထက္
ပိုမၾကာဘူး။ အဲ့ေဆး႐ုံဆီ မနက္ျဖန္မနက္
စထြက္မယ္...အဲ့တာေၾကာင့္ ဒီအခ်က္အလက္ေတြ
အေသးစိတ္ကိုရင္းႏွီးေအာင္ ျမန္ျမန္လုပ္ထားသင့္
တယ္ေနာ္"

ထိုအခါ ရွီက်င္းလည္း ကိစၥမရွိေၾကာင္း
ေခါင္းညိတ္ျပကာ ေက်းဇူးတင္လိုက္ၿပီး
စာရြက္စာတမ္းမ်ားကို ေသခ်ာစူးစိုက္ဖတ္ေနေတာ့
သည္။

ရွီက်င္းဒီလိုအလ်င္လိုေနသည္ကိုျမင္ေတာ့
Gua Erလည္း တနည္းနည္းနဲ႔အံ့ၾသမိသြား
ေသာ္လည္း အခုလိုလူငယ္ေလးစိုးရိမ္ေနသည့္
အေၾကာင္းအရင္းကို သတိရသြားကာ
သူ႔မ်က္ဝန္းထဲ ခံစားခ်က္ေနာက္တစ္မ်ိဳး
ေပၚေပါက္လာရသည္။ ထို႔ေၾကာင့္ ေရတစ္ခြက္
ေလာင္းထည့္ကာ ရွီက်င္းလက္လွမ္းမွီသည့္
ေနရာတြင္ထားေပးၿပီး ယာယီစာသင္ခန္းထဲမွ
တိတ္တဆိတ္ထြက္သြားလိုက္ေလသည္။

*********************

ဘာသာျပန္သူ၏ျပဇာတ္တို

ညီအငယ္ဆုံး အႏၲရာယ္စက္ဝန္းနား
နီးကပ္လာေၾကာင္း အစ္ကိုမ်ားအာ႐ုံရၿပီး
အစည္းအေဝးထိုင္ၾကေသာအခါ

အထက္စီးဆန္ေသာစီအီးအို
အစ္ကိုႀကီး : ေရွာင္က်င္းကို ဒုကၡေပးမဲ့သူရွိေနၿပီ!

လက္ေပါက္ကပ္ေသာအစ္ကိုႏွစ္: အဲ့မေကာင္းဆိုးဝါး
ေလးကို လာထိရဲတဲ့သူရွိေသးတယ္ေပါ့ေလ?

tsundere စူပါစတားအစ္ကိုသုံး: ဒီေလာင္ရွီး
အေၾကာင္း ေကာင္းေကာင္းမသိေသးပုံပဲ...
အဲ့ေကာင္စုတ္ေလးရဲ႕ဆံပင္တစ္ေမႊး
ကၽြတ္ရဲကၽြတ္ၾကည့္! သူ႔ကိုစိတ္ပူတာေတာ့
မဟုတ္ပါဘူး ငါတို႔ရွီမိသားစုကိုမခန္႔ေလးစားလုပ္လို႔!
ဟမ့္!

အားကိုးရေသာအစ္ကိုေလး: (တိတ္တဆိတ္
ေသနတ္က်ည္ျဖည့္ေန)

yandere အစ္ကိုငါး: ဘာမွေျပာမေနနဲ႔
ကၽြန္ေတာ့္ေဆး႐ုံကိုသာပို႔လိုက္ပါ..

လ်န္ကၽြင္း: [....]

က်ိဳယန္: ဟတ္ခ်ိဳး!!!

=============================

အခန်း(၆၂)လီဆွေ့ဆေးရုံ

ညီအစ်ကိုနှစ်ဦးသား ရုပ်ရှင်အတူတူထိုင်ကြည့်ကြ
သည်။ဖေးယွီကျင့်မှာ မျက်ခုံးတို့တွန့်ချိုးလျက်
ခပ်တည်တည်မျက်နှာဖြင့် tabletနှင့်
ဝေးနိုင်သမျှဝေးအောင် ကြိုးစားနေသလို
ထိုင်ခုံကို နောက်မှီထားသည်။

ရှီကျင်းသည် ဘယ်နေရာကထွက်လာမှန်းမသိသော
ဖရဲစေ့တစ်ထုပ်ကိုထုတ်လိုက်သည်။သူဟာ
ဆိုဖာလက်တန်းကို ပျော့တိပျော့ခွေမှီရင်း
ဖရဲစေ့တမြုံ့မြုံ့ဖြင့် ဖန်သားပြင်ပေါ်က
သွေးသံတရဲရဲပုံရိပ်ကို ကြည့်နေသည်။
သူ့မျက်နှာက အေးဆေးတည်ငြိမ်နေသည်သာမက
စိတ်အနှောင့်အယှက်အလွန်ဖြစ်အောင်လည်း
spoilerတွေ ထိုင်ပြောနေပြန်သည်။

"အဲ့စားပွဲအောက်ကိုကြည့်လိုက်-အဲ့ဘောပင်ကို
တွေ့တယ်မလား? ဒါက တကယ်တော့
ရှေ့ပြေးအရိပ်အယောင်ပြတာ။ နေ့ခင်းတုန်းက
လတ်လျားလတ်လျားလျှောက်သွားနေတဲ့အဲ့ငတုံးက
သေသွားပြီ...ရောင်စုံရှပ်အင်္ကျီတဲ့လူက
သတ်လိုက်တာ"

ထိုအခါ ဖေးယွီကျင့်သည် ဖန်သားပြင်ကို
တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တွန့်ကနဲ
ဖြစ်သွားကာ အကြည့်ပြန်လွှဲလိုက်သည်။
စားပွဲအောက်တွင်ရှိနေသည်က သွေးစွန်းနေသော
လက်ရာများနှင့် ပြတ်ရှနေသည့်လက်ချောင်းများ
ဖြစ်သည်။ အသက်ကိုပြင်းပြင်းရှူကာ
အနောက်ကို ပြန်မှီလိုက်သည်။

ဒီလိုဖြင့် ရုပ်ရှင်ဟာ ရှေ့ဆက်လျက်ရှိသည်။
လူသတ်သမားက ဘယ်သူမှန်းဆိုတာ
ဖေးယွီကျင့်သိပြီးသွားပြီဖြစ်ရာ သဲလွန်စများ
ဆက်ခန့်မှန်းရှာဖွေစရာမလိုတော့သဖြင့်
သူ့မျက်ခုံးများ အနည်းငယ်ဖြေလျော့သွားသည်။

"ပြီးတော့ ဒီမှာ! အဲ့ရုပ်ထုကြီးက ထူးဆန်းနေတယ်လို့
မထင်ဘူးလား? ဘာလို့လဲဆို ကောင်မလေးရဲ့
အလောင်းကို အဲ့ထဲမှာဖွက်ထားလို့လေ...
ဇာတ်လိုက် ထိတ်လန့်သွားလိမ့်မယ်
သနားစရာပဲ"

လုံလောက်ပြီ-တခဏကြာတော့ ဇာတ်လိုက်က
ထိုရုပ်ထုနားဆီလျှောက်လာသောအခါ ဤအရာက
တုန်ခါပြီး အပိုင်းပိုင်းအစစပြိုကွဲသွားကာ
အထဲမှ သွေးအလိမ်းလိမ်းကြောက်စရာမြင်ကွင်းကို
ပြသလိုက်သည်။

ဖေးယွီကျင့် နောက်တစ်ကြိမ်တုန်လှုပ်မိသွား
သော်လည်း spoilerအရင်ကြိုမိထားသဖြင့်
သိပ်တော့ မဆိုးသွားပေ။

"အို့...နောက်တစ်ယောက်က ရေပုံးကိုကန်လိမ့်မယ်
ကြည့်နေ...နောက်တစ်စက္ကန့်အကြာမှာပဲ
သူ့ခေါင်းပြတ်ထွက်သွားမှာ။ သွေးတွေကို
ကြည့်လိုက်ဦး-တအားfakeဆန်တာပဲ
အချဉ်ရည်တွေဆိုတာ လုံးဝသိသာတယ်"

ဒုံး!

အမြှောက်စာဇာတ်ကောင်C ခေါင်းပြုတ်သွားပြီး
အချဉ်ရည်တွေ...အယ် မဟုတ်ပါဘူး သွေးတွေက
နံရံပေါ် စင်ကုန်လေသည်။

ဖေးယွီကျင့်သည် နံရံတစ်လျှောက်စီးကျနေသော
သွေးများကိုကြည့်လိုက်သည်။ တကယ်ဆို
ဒီဇာတ်ဝင်ခန်းက ကြောက်ဖို့ကောင်းရမှာဖြစ်ပေမဲ့
သွေးတွေက အချဉ်ရည်တွေဆိုတာ သိလိုက်သည့်
အတွက် ထိတ်လန့်စရာလေထုအနေအထားက
လုံးလုံးပျောက်ဆုံးသွားသည်။

တစ်အောင့်ကြာတော့ သီချင်းသံက ရုတ်တရက်
ကျယ်လောင်လာသည်...ဇာတ်လိုက်က
အမှားလုပ်မိပြီး လူသတ်သမားထောင်ချောက်ထဲ
ဝင်မိသွားလေသည်။

ဇာတ်အိမ်အလှည့်အပြောင်းတင်းမာမှုကြောင့်
ဖေးယွီကျင့် ရင်တထိတ်ထိတ်ဖြစ်လာတော့သည်။

ထိုစဉ် ရှီကျင်း၏တမြုံ့မြုံ့ဝါးသံက ရုတ်တရက်
ကျယ်လောင်လာသည်။ ရှေ့သို့ကိုင်းကာ
သူတို့ရဲ့နို့ခွက်များကို ထပ်ဖြည့်ရင်း
အာကျယ်အာကျယ်ပြောသည်။

"ဝါး...နောက်ဆုံးပိတ် ထိပ်တိုက်ရင်ဆိုင်ပွဲပေါ့။
ကိစ္စတွေက စိတ်ဝင်စားဖို့ကောင်းလာပြီ။
ဇာတ်လိုက်က လူသတ်သမားရဲ့မျက်နှာဖုံးကို
ဆွဲခွာပြီး အနိုင်ပိုင်းတော့မယ်"

တကျွတ်ကျွတ်ဝါးသံက sound effectများကို
ဖုံးသွားပြီး ရှီကျင်းဟာနွားနို့လောင်းထည့်ရင်း
ရှုပ်ယှက်ခတ်နေတာကြောင့် ဇာတ်လမ်း၏
အထွတ်အထိပ်က ကျော်လွန်သွားပြီဖြစ်သည်။
ဖေးယွီကျင့် ဖန်သားပြင်ကို ထပ်ကြည့်လိုက်သောအခါ
ဇာတ်လိုက်က သရဲအယောင်ဆောင်ထားသော
လူသတ်သမားကို သတ်ပြီးသွားပြီဖြစ်သည်။

ဒီလိုနဲ့ အမှန်တရားကြီးက ထွက်ပေါ်လာခဲ့သည်:
ရုပ်ရှင်ထဲတွင် မည်သည့်သဘာဝလွန်ဖြစ်ရပ်မှ
ဖြစ်သွားခဲ့ခြင်းမဟုတ်၊ သေလွန်သွားသောသူများက
လည်း သရဲဖြစ်ပြီး တခြားသူတွေကိူထိခိုက်အောင်
လုပ်ခဲ့တာမဟုတ်ဘဲ အားလုံးကလှည့်ကွက်တစ်ခု
သာဖြစ်လေသည်။ လက်တွေ့မှာက
လူသတ်သမားဟာ ကျွမ်းကျင်မှုမရှိဘဲ
ပျော့ညံ့သည့်သူရဲဘောကြောင်သူတစ်ယောက်သာ
ဖြစ်သည်။

"ကျစ်! ဒီဇာတ်ကားက bad reviewsတွေချည်းပဲ
ရတာမဆန်းပါဘူး...ဖန်တစ်ရာတေ
အပ်ကြောင်းထပ်နေတဲ့ဇာတ်အိမ်ကြီးပဲကို။
တခြားစိတ်ဝင်စားဖို့ကောင်းတာလေး ကြည့်ရအောင်"

ရှီကျင်းသည် စိတ်မကျေနပ်သလိုခေါင်းခါပြီး
ပြောသည်။ ထို့နောက် ဖရဲစေ့ထုပ်ကို
ဖေးယွီကျင့်လက်ထဲထိုးထည့်ပြီး နောက်ထပ်ရုပ်ရှင်
ရှာရန် tabletဖြင့် အလုပ်ရှုပ်နေသည်။

"အို့.. ဒီတစ်ခုက ကောင်းမဲ့ပုံပဲ-ဒါက
သွေးသံရဲရဲဇာတ်ကားပဲ။ ဇာတ်အိမ်မရှိဘဲ
လူတွေက အမျိုးမျိုးဂယက်ထပြီး အသေဆိုးနဲ့
သေကုန်တာလို့ ကျွန်တော်ကြားဖူးတယ်"

ဖေးယွီကျင့်သည် ရှီကျင်းကိုယ်မှအနွေးဓာတ်
ထင်ကျန်နေသေးသော သူ့လက်ထဲကဖရဲစေ့ထုပ်ကို
ကြည့်ပြီး မျက်မှောင်ကြုပ်လိုက်သည်။
လူငယ်လေးမှာ အသစ်တစ်ထုပ်ထပ်ဖောက်နေ
သည်ကို သူမြင်လိုက်သောအခါ တုံ့ဆိုင်းမိသွားသည်။
သို့သော်လည်း အဆုံးကျ ဘာမှမပြောတော့သလို
သူ့လက်ထဲကပထမအထုပ်ကိုလည်း
ပြန်မပေးလိုက်တော့ပေ။

ရေနှစ်သေ၊ မီးလောင်သေ၊ ကားအက်ဆီးဒင့်၊
အဆိပ်မိခြင်း၊ အမြင့်မှပြုတ်ကျခြင်း၊ အုတ်ခဲပြိုကျခြင်း
...အစရှိသော သေပုံသေနည်းပေါင်းစုံကို
ဖန်သားပြင်တွင် မြင်နေရသည်။ ရှီကျင်းသည်
ငြီးငွေ့နေဟန် ဖရဲစေ့များကို ထွေးထုတ်လိုက်သည်။
သူဟာ ဒီသွေးကfakeကြီး၊ ဟိုဓားက ရော်ဘာကြီး၊
ဟိုမှာမြင်နေရမှာက ဘာညာ..ကွိစိကွစပြောကာ
ဆယ်စက္ကန့်လောက်တောင် ပါးစပ်မပိတ်နိုင်ပေ။

အစပိုင်းမှာတော့ ဒီလိုရုပ်ရှင်မျိုးကြည့်ရတာက
ညှင်းပန်းနှိပ်စက်ဖွယ်ဖြစ်မည်ဟု ဖေးယွီကျင့်
ထင်ခဲ့သော်လည်း ရှီကျင်း၏ဝေဖန်ချက်များကြောင့်
အနှီးကြောက်ရွံ့ဖွယ်ဇာတ်ကွက်များက
အမှန်တကယ်ကို ကြောက်စရာတစ်စက်မှ
မကောင်းပေ။ သူသည် ဖရဲစေ့တစ်စေ့ကို
အလိုအလျောက်နှိုက်ယူလိုက်ပြီး ဖိချေကာ
ပါးစပ်နား တေ့လိုက်သည်။ စိတ်လွင့်နေရင်း
ဒီလိုဖရဲစေ့အခွံခွာသည့်အသံကို နားထောင်ခြင်းသည်
စိတ်ဖိစီးမှုကိုလျော့ချနိုင်ကြောင်း သူသတိရသွားတော့
သည်။

ရုပ်ရှင်က ဆက်ပြလျက်ရှိပြီး ရှီကျင်း၏စီးချက်မှန်မှန်
ဝါးသံများနှင့် အပြစ်တင်ပြောဆိုသံများကို
ဆက်ကြားနေရသည်။ ဖေးယွီကျင့်ဟာ
သူ့ပြောစကားများကို နားထောင်နေဟန်ရှိသော်လည်း
ဖန်သားပြင်ကိုကြည့်နေသောမျက်လုံးများက
ဗလာသက်သက်ပင်။သူသည် ရုပ်ရှင်ထက်
ဖရဲစေ့စားသည့်အပေါ် ပိုအာရုံရောက်နေကာ
ခန္ဓာကိုယ်တစ်လျှောက်တင်းမာမှုများလည်း
ဖြည်းဖြည်းချင်း ဖြေလျော့လာတော့သည်။

"အယ်...ဒါလည်း ပျင်းစရာကြီး။ တခြားဟာ
ကြည့်ရအောင်လား၊ ဥပမာ...ဒီဟာ! ဒါက
သရဲခြောက်တဲ့အိမ်တွေမှာရိုက်တဲ့ရှိုး...
တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ လူတွေ
ပြောကြတယ်"

ရှီကျင်းဟာ နောက်ထပ်ရုပ်ရှင်တစ်ခုကိုပြန်ပြောင်း
လိုက်ပြန်သည်။အော်ဟစ်သံများနှင့်သွေးများ
ပျောက်ကွယ်သွားပြီး ဆန်းသစ်သောသီချင်းသံက
အစားဝင်ရောက်လာသည်။ အဖွင့်သီချင်းပြီးသွားပြီး
နောက် ဆွဲဆောင်အားနည်းသောအသံနိမ့်တစ်သံက
သရဲခြောက်သောအိမ် ဟုခေါ်သောပုံပြင်ကို
ပြန်ပြောကြလေသည်။

ယခင်ထိတ်လန့်ဖွယ်ရာရုပ်ရှင်များကို စိတ်စွဲပြီးနောက်
ဒီလိုတမင်တကာလျှို့ဝှက်ဆန်းကြယ်သလို
ဇာတ်ကြောင်းပြောနေသည်အား နားထောင်ရင်း
ဖေးယွီကျင့်မှာ မနေနိုင်စွာ အထင်သေးဟန်
နှာမှုတ်လိုက်သည်။

သရဲတစ္ဆေတွေ? ဒီလိုဟာမျိုး ရှိတောင်မရှိဘူး..
အခုခေတ်တီဗွီရှိုးတွေက နေရာတကာနမော်နမဲ့နဲ့
တဖြည်းဖြည်း ဦးနှောက်ပျက်လာကြပုံပဲ...

"ဘာကြီးလား...ဒါကိုသရဲခြောက်တယ်လို့
ခေါ်တာလား...ပျင်းဖို့ကောင်းချက်"
ရှီကျင်း လှောင်ပြောင်လိုက်သည်။

ထိုအခါ ဖေးယွီကျင့်လည်း သူ့စိတ်ထဲ
အသံတိတ်ပြောလိုက်မိသည်။

အမှန်ပဲ...ဆိုးဆိုးရွားရွားကို ပျင်းဖို့ကောင်းချက်!

ရှိုးက အတော်ငြီးငွေ့စရာကောင်းနေသော်ငြား
ရှီကျင်းဟာ ရုပ်ရှင်အသစ်တစ်ခုမပြောင်းတော့ဘဲ
ဆိုဖာပေါ်ခွေခေါက်ကာ ဆက်ကြည့်နေလိုက်သည်။
ဖရဲစေ့ခွဲနေသောသူ့လက်များက တဖြည်းဖြည်း
နှေးကွေးလာပြီး ခန္ဓာကိုယ်ကလည်း လျှောချကာ
မှတ်ချက်များအစား တဝါးဝါးသန်းလာတော့သည်။

ရှီကျင်းသန်းဝေနေသည်ကို ဖေးယွီကျင့်လည်း
ကြားသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော
ကိစ္စများကို ပိုမိုစိတ်ဝင်စားစရာကောင်းအောင်
ကြိုးစားပြောနေသောဇာတ်ကြောင်းပြောသူကို
သည်းခံကြည့်ရင်း အလားတူသန်းဝေလိုက်မိသည်။
ထို့နောက် လက်မြှောက်ကာ နှာရိုးကို
ဖိနှိပ်နေလိုက်သည်။

ဒီရှိုးက မယုံနိုင်စရာကောင်းလောက်အောင်
တော်တော်ပျင်းစရာကောင်းတာပဲ...သူတောင်
အိပ်ချင်လာပြီ..

"အဲ့ဇာတ်ကြောင်းပြောတဲ့လူက အရင်က
အစားအသောက်ရှိုးတွေမှာ လုပ်ဖူးတယ်လို့
ကျွန်တော်ကြားဖူးတယ်။ အဲ့တာတွေက
ပိုကောင်းမယ်လို့ အစ်ကိုထင်လား?"

ရှီကျင်း ရုတ်တရက်ထပြောသည်။သူသည်
ပြောရင်းနဲ့ ဘေးကိုခေါင်းငိုက်စိုက်ချသွားပြီး
အိပ်ပျော်သွားတော့သည်။

ဖေးယွီကျင့်သည် သူ့ကို တစ်ချက်လှည့်ကြည့်ကာ
ပိုစိတ်ရှုပ်သွားပြီး သူကြည့်ခဲ့ဖူးသမျှ
အစားအသောက်ရှိုးများကို ပြန်စဉ်းစားလိုက်မိသည်။
အချိန်တော်တော်ကြာ သူအပေါ်အရိပ်မဲကြီး
စွဲထင်ခဲ့သောသွေးသံရဲရဲမြင်ကွင်းများဆီမှ
သူ့အတွေးများဟာ မိုင်ပေါင်းထောင်ချီအဝေးရောက်
သွားလေသည်။ ခပ်ဖျော့ဖျော့နို့နံ့နှင့်အတူ
ဖရဲစေ့တို့ကြောင့် သူ့မျက်ခွံများလည်း
တဖြည်းဖြည်း လေးလံလာတော့သည်။

ရှိုးဟာ အဆုံးသတ်သွားပြီဖြစ်ရာ နောက်ဗီဒီယို
တစ်ပုဒ်ဆီသို့ အလိုအလျာက်ကူးပြောင်းသွားသည်။
ဤသည်မှာ "သင့်စိတ်ကိုဖြေလျော့စေသော
အေးချမ်းသည့်သီချင်းပေါင်းချုပ်" ဖြစ်နေ၍
အိပ်ချိန်မမှန်သောလူကြီးနှစ်ယောက်အား
အိပ်ပျော်အောင် ချော့သိပ်နေလေသည်။

မနက်အစောပိုင်းအချိန်တွင် ရှီကျင်းကို
ရှောင်စစ်နှိုးလိုက်သည်။ အချိန်ကို ကြည့်လိုက်တော့
လျန်ကျွင်း ပုံမှန်ထနေကျအချိန်ပိုရောက်နေပြီ
ဖြစ်သဖြင့် မျက်လုံးကိုပွတ်သပ်ကာ
ကောက်ထလိုက်သည်။ tabletသည်လည်း
ပါဝါကုန်သွားပြီဖြစ်ရာ သူ့အလိုလိုပိတ်သွားလေပြီ။
ထိုအရာကို ဘေးဖယ်ကာ သူ့ဘေးကဆိုဖာခုံတွင်
အိပ်မောကျနေသောဖေးယွီကျင့်ကို လှမ်းကြည့်
လိုက်သည်။ *တစ်ပဲနိတန် တစ်ပေါင်အတွက်-
သူ့အစ်ကိုအား ပိုကြီးသည့်ဆိုဖာပေါ်သို့ရွေ့ကာ
စောင်ခြုံပေးပြီးမှ ထွက်သွားလိုက်သည်။

(တစ်ပဲနိက တစ်ပေါင်ရဲ့ တစ်ရာပုံတစ်ပုံနဲ့
ညီမျှတယ်လေ။ ဆိုလိုတာက ရှီကျင်းက
သူ့အစ်ကိုကို မနိုင်မနင်းသယ်ရတယ်ပေါ့)

သို့သော်ငြား ရှီကျင်း၏လှုပ်ရှားပုံများက
သိပ်မညင်သာသည့်အတွက် ဖေးယွီကျင့်နိုးသွားသည်။
ရီဝေဝေနဲ့ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှီကျင်း
မတ်တပ်ထကာ ထွက်သွားသည့်မြင်ကွင်းကို
မြင်လိုက်ရသည်။ သူသည် တောင့်ခဲစွာ
ရှီကျင်း၏နောက်ကျောကို ဗလာသက်သက်ငေးကြည့်
နေမိပြီးမှ စောင်ကိုဆွဲတင်ကာ မျက်လုံးတို့
ပြန်မှိတ်လိုက်လေသည်။

ရှီကျင်း အခန်းဆီပြန်ရောက်သောအခါ
လျန်ကျွင်းအိပ်ပျော်နေတုန်းဖြစ်သည်။ထို့ကြောင့်
သူသည် ခြေဖျားထောက်လမ်းလျှောက်ပြီး
တအားမတိုးဝှေ့ဘဲ အိပ်ရာထဲကို ဂရုတစိုက်
ဝင်လိုက်သည်။

"ဘယ်နေရာမှာ မုန့်သွားခိုးစားတာလဲ?
မင်းကိုယ်ပေါ်က ဖရဲစေ့နံ့ရတယ်"

လျန်ကျွင်းဟာ မျက်လုံးပွင့်လာပြီး သတိမပေး
ဘာမပေး ထပြောသည်။သူ့အသံမှာ ကြည်လင်နေရာ
အခုမှအိပ်ရာနိုးလာပုံမပေါ်ချေ။

ရှီကျင်းလန့်ဖြန့်ကာ အေးခဲသွားသည်။လျန်ကျွင်းကို
စက္ကန့်ပိုင်းလောက်ကြည့်နေပြီးမှ ခုန်အုပ်ကာ
စိတ်အားထက်သန်သောအနမ်းများ ကျဲချတော့သည်။

တိုက်စစ်ထိုးခံလိုက်ရသဖြင့် လျန်ကျွင်းအလန့်တကြား
ဖြစ်သွားပြီး ရှီကျင်းကို မြန်မြန်ဆန်ဆန်ပွေ့ဖက်လိုက်
သည်။ထို့နောက် မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း

"ကိုယ့်ကို အာရုံလွှဲဖို့မကြိုးစားနဲ့.....အွန့်"

ရှီကျင်းသည် လျန်ကျွင်းနှုတ်ခမ်းကို
နောက်ဆုံးအကြိမ် တစ်တိတိကိုက်လိုက်ပြီးမှ
နောက်ပြန်ဆုတ်ကာ

"ကျွန်တော်နိုးလာပြီး ပြန်အိပ်လို့မရတော့လို့
လမ်းခဏထွက်လျှောက်တာ။ အဲ့အချိန်မှာပဲ
ဧည့်ခန်းထဲမှာရှိတဲ့ဖေးယွီကျင့်နဲ့တိုးရော...
သူ့ကြည့်ရတာ တစ်နေ့တစ်ခြားပိုပိုဆိုးရွားလာပြီး
ဒီအခြေအနေကို ကိုယ့်ဘာကိုယ်မဖြေရှင်းနိုင်ပုံပဲ။
အဲ့တာနဲ့ သူ့ကိုသရဲကားကြည့်ခိုင်းလိုက်တယ်"

လျန်ကျွင်းဟာ သူ့မေးဖျားကိုကိုင်ကာ ခေါင်းမော့စေပြီး
"မင်းက တအားစိတ်ကောင်းရှိလွန်းမနေဘူးလား?"

"အသက်တစ်ချောင်း ကယ်ကောင်းပါတယ်"

ရှီကျင်းသည် လျန်ကျွင်းပေါ်လှဲချရင်း
"တကယ်တော့ ကျွန်တော်အိပ်ချင်သေးတယ်။
ညလုံးပေါက်နေခဲ့တာတွေက ကျွန်တော့်အိပ်ချိန်ကို
ကမောက်ကမဖြစ်စေတာပဲ"

"စကားခေါင်းစဉ်ပြောင်းဖို့ကြိုးစားနေလည်း
အသုံးမဝင်ဘူးနော်"

လျန်ကျွင်းသည် ထိုသို့ပြောလိုက်သော်လည်း
လူငယ်လေးကျောပြင်ကို နူးညံ့သောသူ့လက်ဖြင့်
ပွတ်ပေးနေသည်။

ရှီကျင်းစိတ်ကျေနပ်သွားပြီး ထိုသူလက်မောင်းကြားထဲ
သက်တောင့်သက်သာဖြစ်မည့်အနေအထားကိုရှာကာ
ရေဘဝဲတစ်ကောင်လိုဖက်တွယ်ပြီး နောက်တစ်ကြိမ်
အိပ်ပျော်သွားလေသည်။

သူတို့နိုးလာချိန်တွင် Old Ghostမှ
သတင်းအသစ်များပို့ထားကြောင်း တွေ့လိုက်ရသည်။
ထိန်းသိမ်းခံထားရသောPhantomအဖွဲ့သားများ
အားလုံးကို ပြန်လွှတ်ပေးမည်ဟု ကျိုယန်ကတိပေး
လာသည်။ ဒါပေမဲ့ အခြေအနေတစ်ရပ်ပေါ်
မူတည်သည်- လျန်ကျွင်းကိုယ်တိုင် ထိုသူတို့ကို
လာခေါ်ရမည်။

"ကျိုယန်က သေချာပေါက်အမှတ်သည်းခြေမရှိဘူးပဲ
အဲ့အရူးက အခုထိစိတ်ကူးယဉ်နေတုန်းပါလား"

Gua Erသည် ထိုတောင်းဆိုချက်ကိုကြားသောအခါ
စိတ်ပျက်စွာ မျက်လုံးလှန်ရင်း သရော်လိုက်သည်။

လူတိုင်း၏မျက်နှာများလည်း ပျက်ယွင်းကုန်သည်။
သူတို့အားလုံးသည် အနှီးကောက်ကျစ်ယုတ်မာပြီး
အကြံကြီးသောကျိုယန်၏နောက်ဆုံးတစ်ခေါက်
လုပ်ရပ်တို့ကို ကောင်းကောင်းကြီးမှတ်မိသေးသည်။
ထိုသူမျက်နှာဖြတ်ရိုက်ခံရတာတောင် သိပ်မကြာသေး၊
အခုလည်း တစ်ခုခုထပ်လုပ်ဖို့ကြိုးစားနေပြန်သည်။

ကျိုယန်တစ်ယောက်ဘာတွေတွေးနေမှန်း
ရှီကျင်းလည်း နားမလည်နိုင်တော့။

ကြည့်ရတာ အဲ့လူတကယ်ကြီးရူးသွားတာများလား?
ဒါပေမဲ့ ဒီလိုသိသာတဲ့ထောင်ချောက်ထဲ
လျန်ကျွင်းလှမ်းဝင်လာဖို့လုံးဝမဖြစ်နိုင်တာကို
အရူးတောင် သိတယ်လေ...လျန်ကျွင်းကို
သတ်ချင်လွန်းအားကြီးပြီး ဆင်ခြင်တုံတရားတွေ
အားလုံးကင်းမဲ့သွားတာများလား?

{သူက ငါနဲ့မင်းကြားဆက်ဆံရေး
စိတ်ဝမ်းကွဲအောင်လုပ်ချင်နေတာပဲ}

video callတစ်ဖက်ခြမ်းမှ Old Ghost၏
တည်ငြိမ်သောအသံထွက်လာသည်။ တစ်ချိန်လုံး
ဆိတ်ဆိတ်နေလျက်ရှိသောလျန်ကျွင်းကိုကြည့်ကာ
ဆက်ပြောသည်။

{အဲ့ကိစ္စကြောင့်နဲ့ မင်းအပေါ်အာဃာတထားဖို့
လောက်ထိ ငါမရူးမိုက်သေးဘူးဆိုတာ
အာမခံပါတယ် လျန်ကျွင်း။ ကျိုယန်ဘက်က
ကောင်းကောင်းမွန်မွန်မညှိ့နှိုင်းချင်မှန်း သိသာတယ်၊
ရှင်းရှင်းပြောရရင် ငါ့လူတွေကို လွှတ်ပေးဖို့
တကယ်စိတ်ရှိရဲ့လားတောင် သံသယဝင်မိတယ်}

လျန်ကျွင်းလည်း အချိန်တစ်ခုထိတွေးကြည့်ပြီးမှ
ထိုသူစကားများကို ငြင်းဆိုသည်။
"မဟုတ်ဘူး၊ သူ ခင်ဗျားလူတွေကိုလွှတ်ပေးလိမ့်မယ်။
ကျိုယန် ဒီလိုမျိုးတောင်းဆိုတာက စိတ်ဝမ်းကွဲစေဖို့
မဟုတ်ဘဲ အချိန်ဆွဲဖို့အတွက်ပဲ"

{မင်းဘာကိုဆိုလိုတာလဲ?}
Old Ghost အံ့အားသင့်စွာ မေးမိသည်။

"Nine Eaglesက လျင်လျင်မြန်မြန်ကို
တိုးတက်ဖွံ့ဖြိုးလာခဲ့ပေမဲ့ ဆိုလိုတာက
သူတို့အောက်ခြေအုတ်မြစ်က မတည်မြဲသေးဘူး
ဆိုတာပဲ"

လျန်ကျွင်းရှင်းပြသည်။

"ခင်ဗျားသာ သူတို့ကို ဒီလိုပြင်းပြင်းထန်ထန်
ထိုးစစ်ဆက်ဆင်နေရင် ကြံ့ကြံ့ခံနိုင်ကြမှာ
မဟုတ်တော့ဘူး။ ကျိုယန်လိုလူမျိုးက ဒီစစ်ပွဲကနေ
သူဘာအကျိုးအမြတ်မှမရဘဲ အပြတ်ပြတ်နဲ့
နှာခေါင်းသွေးထွက်တော့မှာကို သိလိုက်ရရင်
ဆုံးရှုံးမှုလျော့အောင် ခင်ဗျားနဲ့ငြိမ်းချမ်းရေးယူဖို့
အခွင့်အရေးကို အမိဖမ်းမှာပဲ။ဒါက အခု
သူလိုချင်တဲ့အရာလို့ သေချာပေါက်ထင်ရပေမဲ့လို့
သူ့ပန်းတိုင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့
ဒီတောင်းဆိုချက်က မေးခွန်းထုတ်စရာဖြစ်သွားပြီ။
သူဘာလို့ ဒီလိုပြုမူနေရတယ်လို့ ခင်ဗျားထင်လဲ?"

ထိုအခါ Old Ghostသည် စေ့စေ့တွေးပြီး
သူ့အမူအရာမှာ ရုတ်တရက်ပြောင်းသွားသည်။

{မဟုတ်မှလွဲရော ကောင်းကောင်းမွန်မွန်ဆွေးနွေးဖို့
သူ့အတွက်မဖြစ်နိုင်တော့လို့လား? ငါ့လူတွေကို
သတ်ပြီးသွားပြီဖြစ်တာကြောင့်လား?}

သူ့အသံမှာ လူသတ်ချင်သောအငွေ့အသက်များ
တထောင်းထောင်းထလျက် ဟိန်းဟောက်တော့သည်။

"မဟုတ်ဘူး-အစတည်းက ခင်ဗျားလူတွေ
သူ့လက်ထဲမှာမရှိလို့ လွှတ်ပေးမယ် မလွှတ်ပေးဘူး
ဆိုပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိတာကြောင့်ဖြစ်မယ်။
စိတ်မပူပါနဲ့...ကျိုယန်ပဲဖြစ်ဖြစ် Gunfireဖြစ်ဖြစ်
ခင်ဗျားလူတွေကို အလကားနေရင်းတော့ မသတ်ဘူး"

လျန်ကျွင်း ဖြေသိမ့်ပေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့က အရေးပါတဲ့
အပေးအယူဖဲချပ်တွေပဲလေ"

ထိုအခါမှ Old Ghostလည်း အနည်းငယ်
စိတ်ငြိမ်သွားသည်။ လျန်ကျွင်းစကားများကို
စဉ်းစားရင်း မျက်မှောင်ကြုပ်လိုက်သည်။

{အဲ့တာဆို မင်းပြောပုံအရ Nine Eaglesက
ငါ့အဖွဲ့သားတွေကိုပြန်ပေးပြီး ဒီအဖြစ်အပျက်ကြီးကို
အဆုံးသတ်ချင်ပေမဲ့ အစတည်းက ငါ့လူတွေကို
ဖမ်းဆီးခဲ့တဲ့Gunfireက သဘောမတူဘူး...
သူတို့ သဘောထားကွဲလွဲနေကြတာလား?}

လျန်ကျွင်းခေါင်းညိတ်သည်။
"Gunfireက တည်ငြိမ်တဲ့အုတ်မြစ်ရှိပြီး
နယ်မြေမှာ ခြေကုပ်လက်ကုပ်နက်ရှိုင်းတဲ့
ဒေသခံအဖွဲ့အစည်းတစ်ခု...၊
ငါတို့လုပ်နေကျအတိုင်း သူတို့ကိုဆက်နှောင့်ယှက်
နေရင်တောင် အဲ့လောက်အလျှော့ပေးမှာမဟုတ်ဘဲ
ပြန်ဖက်ကိုက်မှာ အသေအချာပဲ။ ငါ့အထင်ပြောရရင်
Nine Eaglesနဲ့Gunfireက ငါတို့ကို
တိုက်မယ် မတိုက်ဘူး စိတ်မညီဖြစ်နေကြတာ။
Gunfireကို တရုတ်နိုင်ငံမှာ အခြေချနိုင်အောင်
ကူညီဖို့ Nine Eaglesရှုံးနိမ့်ခဲ့တာကိုပါ
ထပ်ပေါင်းရင် သူတို့ပူးပေါင်းမှုက ဟိုးအရင်တည်းက
ပြဿနာစတက်နေပြီ ထင်တယ်"

Old Ghostသည် မနေနိုင်စွာ စားပွဲကို
ရိုက်ချကာ ကြိမ်းဝါးလိုက်သည်။

{ကောင်းတယ်..ခွေးအချင်းချင်းကိုက်ကြပစေ!}

လျန်ကျွင်းသည် ထိုသူကိုတစ်ချက်ကြည့်ပြီး
သူ့စိတ်ကို ရေအေးနဲ့လောင်းချလိုက်သည်။

"သူတို့မဟာမိတ်ဖွဲ့တာက ပြဿနာရှိရင်ရှိမယ်
ဒါပေမဲ့ သူတို့ပူးပေါင်းမှုပြိုကွဲသွားပြီလို့ မဆိုလိုဘူး။
အခု ကျိုယန်က Gunfireနဲ့ညှိ့နှိုင်းဖို့ အချိန်နဲ့
အသက်ရှူပေါက်လိုနေတယ် အဲ့တာကြောင့်
ခင်ဗျားကို ဒီတိုင်းလေးငြိမ်ငြိမ်လေးထိုင်နေစေချင်တာ။
သူတို့ဆွေးနွေးပြီးမှာနဲ့ ဒီတိုက်ပွဲကစမှာ"

Old Ghostမျက်ခုံးများ တွန့်ကွေးသွားသည်။
ခံစားချက်များထိန်းချုပ်ဖို့ အသက်ပြင်းပြင်းရှူလိုက်ပြီး
မေးသည်။

{အဲ့တာဆို ငါအခုဘာလုပ်သင့်လဲ?}

"တတ်နိုင်သမျှ ဖိအားဆက်ပေးနေလိုက်-
ကျိုယန်ကိုအနားပေးဖို့ အခွင့်လုံးဝမပေးနဲ့
Gunfireနဲ့ပဋိပက္ခဖြစ်ဖို့ တွန်းအားပေးနေလိုက်။
သူတို့အချင်းချင်းကတောက်ကဆဖြစ်လာရင်
ဖြစ်နိုင်ခြေရလဒ်က သုံးခုပဲရှိတယ်: ပထမ,
Gunfireက Nine Eaglesကိုလိုက်လျောပေးပြီး
မင်းတိုက်ခိုက်မှုကိုတွန်းလှန်နိုင်အောင်ကူညီပေးမယ်
ပြီးရင် ငါတို့နဲ့ဆက်တိုက်ခိုက်နေမယ်။ ဒုတိယ,
Nine Eaglesက Gunfireကိုနားချနိုင်ခဲ့ပြီး
မင်းလူတွေကိုလွှတ်ပေးမယ် ဒီအခြေအနေကို
ငြိမ်းငြိမ်းချမ်းချမ်းအပြီးသတ်လိုက်မယ်။ တတိယ,
Nine Eaglesနဲ့Gunfireနှစ်ဖက်လုံး
သဘောထားကွဲပြီး မဟာမိတ်ပြိုကွဲမယ်။
ဘာပဲဖြစ်ဖြစ် တစ်ခုမှ ငါတို့အတွက်အကျိုးမရှိဘူး"

{တစ်ခုမှ? သူတို့တိုက်ဖို့ဆုံးဖြတ်ရင်တောင်လား?}
Old Ghost မှုန်ကုပ်ကုပ်မေးလိုက်သည်။

"သေချာတာပေါ့။ Gunfireမှာ ရန်သူတွေ
များတယ်။ ငါတို့က အဲ့အဖွဲ့ကို
လုံလုံလောက်လောက်အားယုတ်အောင်လုပ်ဖို့ပဲ
ပြီးရင် တစ်ယောက်ယောက်က Gunfireကို
ဖိနှင်းပြီး ငါတို့အစပျိုးခဲ့တာကို ပြီးအောင်လုပ်ပေး
လိမ့်မယ်။ ဒီတိုက်ပွဲမှာ ငါတို့ရော Gunfireပါ
ထိခိုက်မှာဖြစ်ပေမဲ့ ငါတို့တိုက်ခိုက်မဲ့ဒီနေရာက
သူတို့အုတ်မြစ်ချရာအိမ်ကွင်းလေ။ အဲ့တာကြောင့်
အဆုံးကျ ငါတို့ထက် Gunfireက အများကြီး
ပိုနစ်နာဆုံးရှုံးရမှာလေ"

သူ့စကားလုံးများနှင့် Old Ghostကို
အပြတ်သိမ်းသွင်းနိုင်ခဲ့သည်။

{ကောင်းပြီ..ဒါဆို ငါသူတို့ကိုဆက်တိုက်မယ်!
ကျေးဇူးပါပဲ လျန်ကျွင်း}

လျန်ကျွင်းက သူ့ကျေးဇူးတင်စကားကို
လက်မခံပေ။
"ငါတို့နှစ်ယောက်လုံးက ကိုယ်လိုအပ်တာကို
ယူနေရုံပါ_ဒါပါပဲ"

သို့ပေမဲ့ Old Ghostကတော့ သဘောမတူဟန်
လျန်ကျွင်းအား အလွန်လေးနက်သိမ်မွေ့စွာ
ကြည့်ကာ video callကို အဆုံးသတ်လိုက်သည်။
ဒီပဋိပက္ခကြားတွင် Annihilationဆုံးရှုံးမှု
နည်းနိုင်သမျှနည်းအောင် သူအကောင်းဆုံးလုပ်ဖို့
ဆုံးဖြတ်လိုက်တော့သည်။

"ဘာကြီးလား...အခုလေးတင် ကြည့်လိုက်တဲ့
သူ့အကြည့်ကြီးက ကြက်သီးထစရာကြီး...ဂီး..."

Gua Erသည် ပုံကြီးချဲ့သောဟန်ဖြင့်
သူ့လက်မောင်းများကို ပွတ်သပ်လိုက်သည်။

ထိုအခါ Gua Yiမှာ သတိပေးသလို
တစ်ချက်လှမ်းကြည့်ပြီး လျန်ကျွင်းဘက်လှည့်ကာ
"ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ ကျွင်းရှောက်?"

လျန်ကျွင်းသည်လည်း Gua Erကို
ကြည့်လိုက်သည်။ ထိုသူတည်တည်တံ့တံ့ဖြစ်တော့မှ
ပြန်ပြောသည်။

"အခုတော့ အပြင်ဘက်ဒေသတွေမှာ
ရှင်းလင်းတာကိုရပ်မယ်။ ကျိုယန်က
အပစ်အခတ်ရပ်စဲချင်လို့ Old Ghostကို
ဆက်သွယ်လိုက်တာက Gunfireကို ဒေါသူပုန်ထ
စေမှာပဲ-အဲ့တာကြောင့် ငါတို့ကိုပြန်တိုက်ရင်
အင်အားနှစ်ဆထုတ်သုံးလာလောက်မယ်။
အရှေ့တောင်ပိုင်းက ငါတို့တပ်ခွဲတွေကို
အားဖြည့်ခိုင်းထားပြီး Lနိုင်ငံက
Gunfireတပ်စုတွေကို စဖြိုဖို့ လူစုထားတော့။
ဘယ်သူကြည့်ကြည့် Gunfireဘက်ကို
လုံလုံလောက်လောက်အားနည်းတဲ့အထိလုပ်ပြီး
ပြည်ပနဲ့ဆက်နွယ်နေတဲ့စီးပွားရေးလမ်းကြောင်းတွေ
အကုန်လုံးကို ဖျက်စီးပစ်လိုက်"

"အကုန်လုံးလား? လျှို့ဝှက်လမ်းကြောင်းတွေ
ရောလား?"
Gua Yi သေချာပြန်မေးသည်။

"အကုန်လုံးပဲ-များများစားစားမဆုံးရှုံးရင်
Gunfireက "အသိဉာဏ်"ရှိလာမှာမဟုတ်ဘူး"
လျန်ကျွင်းဆိုသည်။

အမိန့်ကိုနာခံကြောင်း Gua Yiခေါင်းညိတ်သည်။
လျန်ကျွင်းမှ တခြားညွှန်ကြားစရာမရှိတော့ကြောင်း
မြင်သောအခါ ကျန်သူများကိုခေါ်ပြီးထွက်သွားဖို့
ပြင်လိုက်သော်လည်း လျန်ကျွင်းက လှမ်းတား
လိုက်သည်။

"ခဏလေး-ဒီတစ်ခါတော့ ရှီကျင်းကိုပါ
ခေါ်သွားလိုက်"
နံဘေးတွင်ထိုင်ကာ သူ့အားစိုက်ကြည့်လျက်ရှိသော
လူငယ်လေးကို သူမကြည့်ဘဲ ဆက်ပြောသည်။

"Gunfireထက် လွန်ခဲ့တဲ့နှစ်တွေထဲ လုံရှီ
ပုန်းခိုခဲ့တဲ့အဖွဲ့အစည်းကိုလည်း သတိထားသင့်
တယ်။ သေချာဂရုစိုက်-အဲ့လူစရိုက်အရဆို
အဖွဲ့အစည်းက ထူးခြားမှုတစ်ခုခုမရှိရင်
သူရွေးမှာမဟုတ်ဘူး ဒါကြောင့်
သတိမလစ်ဟင်းစေနဲ့"

ချစ်သူအား တစ်ခုခုပြောချင်နေမှန်းထင်ရှားသော
ရှီကျင်းဆီ Gua Yiအကြည့်ရောက်သွားသည်။
ထို့ကြောင့် တခြားသူများကို မျက်လုံးနဲ့ခပ်မြန်မြန်
အချက်ပြကာ အရိပ်အကဲနားလည်စွာ အခန်းထဲမှ
ထွက်သွားလိုက်ကြသည်။

အခန်းတံခါးပိတ်ဆို့သွားသည်နှင့် ရှီကျင်းသည်
လျန်ကျွင်းလက်ဖဝါးကို ဆုပ်ထွေးကာ

"လျန်ကျွင်း..ခင်ဗျား..."

"ဒါက မင်းအတွက် လေ့ကျင့်ရေးကောင်းတစ်ခု
ဖြစ်မှာပါ"

လူကြီးဟာ သူ့စကားကိုဖြတ်ပြောပြီး
မျက်နှာချင်းဆိုင်လှည့်လာကာ

"ရှီကျင်း...မင်းကို ကြီးထွားလာဖို့အခွင့်အရေး
ပေးနေတာ ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း
ကျင့်သားရအောင် အချိန်ပေးနေတယ်။ Gua Yiနဲ့
တခြားသူတွေဆီက ကောင်းကောင်းလေ့လာသင်ယူ။
ပြီးတော့ ကိုယ် ဒီဆုံးဖြတ်ချက်ချလိုက်တာကို
နောင်တရအောင် မလုပ်ပါနဲ့"

အမျိုးမျိုးအဖုံဖုံခံစားချက်များက ရှီကျင်းရင်ထဲ
ပြည့်ကျပ်လာခဲ့သည်။

ကြည့်ရတာ လျန်ကျွင်းပြောခဲ့သော
"ကိုယ့်ကို အချိန်နည်းနည်းပေးပါ"ဆိုသည့်စကားက
သူ့ကို နှစ်သိမ့်ခဲ့ရုံသာ မဟုတ်တော့ပေ။ ထိုသူဟာ
တကယ်ကြီး သူတို့ရဲ့ဆက်ဆံရေးကို
ဘယ်လိုကိုင်တွယ်ရမလဲ သေချာအလေးအနက်
ထားခဲ့သည်။ သူတို့နှစ်ဦးကြား သဘောထားကွဲလွဲ
နိုင်သောကိစ္စရပ်တစ်ခုကို ရှာဖွေသွားသောအခါ
ရှီကျင်းကိုလက်လျော့အောင် တိုက်တွန်းဖို့
မကြိုးစားဘဲ ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲ
စဉ်းစားကာ အဆုံး၌ ကတိပေးဖို့သာ
ရွေးချယ်လိုက်သည်။

ရှီကျင်းနှလုံးသားမှာ ပေါက်ကွဲထွက်မတတ်
ဖောင်းကားလာရသည်-ဒီအမျိုးသားက
တအားလေးနက်ပြီး စဉ်းစားတတ်လွန်းတယ်...

"မင်းအရည်အချင်းတွေကို ငါ့အပေါ်ဂရုစိုက်ရင်း
မဖြုန်းတီးသင့်ဘူး-အဲ့လိုတွေလုပ်နေတာက
မင်းစိတ်ကို ပင်ပန်းနွမ်းနယ်စေရုံပဲရှိတာ။ ဒါက
ငါမြင်ချင်တဲ့အရာမဟုတ်ဘူး"

လျန်ကျွင်းကြည့်ရတာ သူ့ရင်ထဲကမုန်တိုင်းကို
သတိပြုမိလိုက်ပုံရပြီး တခဏလေးအတွင်း
သူ့အမူအရာမှာ နူးညံ့သွားကာ ရှီကျင်းမျက်ခွံပေါ်သို့
ဖိကပ်နမ်းလိုက်သည်။

"ရှီကျင်း..မြန်မြန်လေး ရင့်ကျက်ကြီးထွားလာပါတော့။
ကိုယ်နဲ့မင်း ဘေးချင်းယှဉ်ရင်ဘောင်တန်းနိုင်မဲ့နေ့ကို
ကိုယ်စောင့်နေတယ်"

ရှီကျင်းဟာ လျန်ကျွင်းကို တင်းတင်းမဖက်ဘဲ
မနေနိုင်တော့။ သူ့ပါးပြင်ကို ထိုသူရင်ဘတ်ထံ
ပွတ်သပ်ရင်း

"ကျွန်တော်လုပ်နိုင်သမျှ အမြန်ဆုံးသင်ယူပါမယ်...
ကျွန်တော့်ကို စောင့်နေပါ"

ငါက မကြာမီမှာပဲ ငါပီသလာပြီး ခင်ဗျားထမ်းနေတဲ့
ဝန်ထုပ်ဝန်ပိုးတွေကို ကူညီမျှဝေပါရစေ..

လျန်ကျွင်းလည်းပြုံးကာ လူငယ်လေးဆံပင်ကို
ပွတ်သပ်လိုက်သည်။

"ကောင်းပြီ ကိုယ်စောင့်နေမယ်"

တစ်ဖက်က Old Ghostမှာလည်း လျန်ကျွင်းနှင့်
စကားပြောပြီးသောအခါ ကျိုယန်၏ညှိနှိုင်းသော
ကြိုးပမ်းမှုကို လျစ်လျူရှုကာ Nine Eagles၏
လုပ်ငန်းများကို အရှိန်မြှင့်ကာ ဖျက်ဆီးပစ်သည်။
အရှေ့တောင်ဒေသက Nine Eaglesရဲ့
စီးပွားရေးကွန်ရက်ကြီးက တစစီဖြစ်တော့မလို
ဆွဲဖြဲခံနေရလေပြီ။

ထိုအခါ ကျိုယန်တစ်ယောက် ဒေါသထွက်လွန်းလို့
ရူးသွပ်နေပြီဖြစ်သည်။Nine Eagles၏
ရှေ့တန်းကင်းစခန်းနောက်တစ်ခုဖျက်စီးခံရကြောင်း
သိရှိသွားချိန်မှာ နားထောင်နေသောနားကြပ်ကို
ပစ်ခွဲကာ အော်ဟစ်တော့သည်။

"လိ့လို သောက်ကျိုးနည်းGhost သူရူးနေပြီလား?!
နောက်လိုက်လေးနည်းနည်းလောက်နဲ့
အရှေ့တောင်ဘက်က သူ့စီးပွားရေးတွေအားလုံးကို
စွန့်လွှတ်လိုက်တယ်! ငါတို့ကို သူနဲ့အတူတူ
ချောက်ထဲပြုတ်ကျချင်တာလား?!"

"Old Ghostလူတွေကို ပြန်ပေးလိုက်ရအောင်လား
ဘော့စ်"

လက်ထောက်ဖြစ်သူက ထပ်မံအကြုံပြုလာသည်။
"အရင်တစ်ခေါက်က လျန်ကျွင်းကိုသတ်ဖို့
ကျွန်တော်တို့ရှုံးနိမ့်တာတင်မကဘူး အာဏာပိုင်တွေ
ကိုပါ ဒေါကန်အောင်လုပ်မိလိုက်တယ်။
အဲ့တာကြောင့် တရုတ်မှာရှိတဲ့ကျွန်တော်တို့
စီးပွားရေးတွေကို သူတို့ဖိနှိပ်နေပြီ...ဒီအရှေ့တောင်က
အရာတွေပါ ဆိုးရွားရုန်ရင် ကျွန်တော်တို့ကွန်ရက်
တစ်ခုလုံး လုံးဝပြိုလဲသွားနိုင်တယ်"

"ငါက အဲ့လူတွေကို လိ့မို့လို့ပြန်မပေးချင်ဘူးများ
မင်းထင်နေတာလား!? Gunfireက ငါ့ကို
သောက်ကျိုးနည်းကစားနေလို့ ငါဘာမှမလုပ်နိုင်ဘူး!"

ကျိုယန်ခမျာ ဒေါသမီးများတောက်လောင်နေသည်။

လက်ထောက်သည် တစ်အောင့်မျှ တွန့်ဆုတ်ကာ

"ဒါမှမဟုတ် ကျွန်တော်တို့ဘက်ပြောင်းသင့်လား?
Phantom ဒီလိုတိုက်ရဲနေတာက
Annihilationအထောက်အပံ့ရှိလို့လေ။
Gunfireဆီက သူ့လူတွေပြန်ရအောင်
Old Ghostကိုကူညီဖို့ Annihilationနဲ့
ပူးပေါင်းပြီး အပေးအယူလုပ်လိုက်ရင်
ကျွန်တော်တို့ ကိစ္စတွေအခြေငြိမ်အောင်လုပ်နိုင်ပြီ
မဟုတ်လား?"

"မင်း စောက်ရူးလား?!"

ကျိုယန်သည် ထိုသူ၏ကော်လံကိုဆုပ်ကိုင်ကာ
"ဒီအချိန်မှာ ငါတို့ Gunfireကိုသစ္စာဖောက်လိုက်ရင်
Gunfireက Nine Eaglesရဲ့အဖွဲ့ဝင်
တစ်ဦးစီတိုင်းကို ရှာပြီးသတ်ပစ်မှာ...
ဒီလိုကြောက်ချီးပါမနေနဲ့၊ Annihilationက
အဲ့လောက်လန့်စရာမကောင်းပါဘူး!"

သူ့ဒေါသနှင့်ရင်ဆိုင်လိုက်ရတော့ လက်ထောက်လည်း
ပြန်မငြင်းရဲတော့ဘဲ ပါးစပ်ပိတ်လိုက်ရသည်။
သို့သော်လည်း အတွင်းစိတ်ထဲတွင်
ကန့်ကွက်လိုက်သည်။

လန့်စရာမကောင်းဘူးဆို ဘယ်လိုလုပ်လူတိုင်းက
ခွေးတွေလို အမြဲအရိုက်ခံနေရတာလဲ?

ကျိုယန်သည် ထိုသူကော်လံကိုလွှတ်ပေးကာ
အဝေးသို့တွန်းထုတ်ပြီး အခန်းထဲရှေ့လျှောက်လိုက်
နောက်လျှောက်လိုက် လုပ်နေသည်။ဒီလိုနဲ့
တစ်ဖန်စိတ်ငြိမ်သွားတော့မှာ စားပွဲဆီ
လျှောက်သွားပြီး ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

"ငါ တစ်ယောက်ယောက်ကိုမျက်ခြေမပြတ်
စောင့်ကြည့်ဖို့လိုတယ်-ဒီနှစ်တွေ့ဆုံပွဲကို
လျန်ကျွင်းခေါ်လာတဲ့လူသစ်Gua Siဆိုတဲ့
တစ်ယောက်...ဟုတ်တယ်။ သူ့ကို ရှီကျင်းလို့
ခေါ်နေတာငါကြားတယ်။ ကြည့်ရတာ
သူ့နာမည်အရင်းနေမယ်...ok , ပြီးရင် မင်းဆီ
ဓာတ်ပုံပို့လိုက်မယ်"

ပြီးသည်နှင့် ဖုန်းချလိုက်သည်။

"အဲ့ကလေးလား? သူ့ကိုဘာလို့စိတ်ဝင်စားတာလဲ
ဘော့စ်?"

လက်ထောက်မှာ ကြောင်တောင်တောင်ဖြစ်ကာ
မေးလေသည်။
"သူ့ကြည့်ရတာ အခုမှရာထူးတိုးထားပုံပါပဲ။
လျန်ကျွင်းကိုယ်စား ဘာမှလုပ်တာလည်းမတွေ့ဘူး
သူက ဒီတိုင်းလူသစ်လေးတစ်ယောက်ပဲလေ"

"လူသစ်လေးတစ်ယောက်ပဲ? လျန်ကျွင်းအတွက်
အဲ့"လူသစ်လေး"က Gua Yiထက်တောင်
အရေးပါနေတယ်ကွ! အတွေ့အကြုံမရှိသေးရင်
တခြားGuaတွေထက် ပိုကိုင်တွယ်ရလွယ်တာပေါ့။
တခါတလေလည်း ဦးနှောက်လေးဘာလေးသုံးဦး
ကြားလား?"

ကျိုယန်သည် အထင်သေးဟန် ပြန်ပြောသည်။
ရှီကျင်းနှင့်လျန်ကျွင်းတို့ကြားဆက်ဆံပုံများကို
ပြန်တွေးကာ သူ့အမုန်းတရားတို့အား
တစ်နေရာရာတွင် ချေဖျက်နိုင်ကြောင်းစဉ်းစားမိ
သွားသဖြင့် ကြိမ်းဝါးလေသည်။
"မင်းက ငါ့ကိုခြိမ်းခြောက်နိုင်မယ်လို့ထင်နေတာလား?
တွေ့ကြသေးတာပေါ့!"

"ဟတ်ချိုး!"
ရှီကျင်းသည် နှာခေါင်းကိုပွတ်ကာ
"ငါ့အကြောင်း တစ်ယောက်ယောက်ပြောနေတာလား?"

ထိုစဉ် Gua Erသည် စားပွဲကိုခေါက်ကာ

"စိတ်လွင့်မနေနဲ့၊ ငါပြောလိုက်တာတွေ
မှတ်ထားရဲ့လား? လက်နက်ကိုင်တိုက်ပွဲက
လျှို့ဝှက်မစ်ရှင်တွေနဲ့မတူဘူး-အရေးအကြီးဆုံးက
ဆုံးဖြတ်ချက်ပြတ်သားဖို့နဲ့ အခြေအနေတစ်ရပ်လုံးကို
အချိန်မရွေးသိနေဖို့။မင်းအတွေးတွေပျံ့လွင့်တတ်တဲ့
အဲ့အကျင့်ကိုဖျောက်ဖို့လိုတယ်"

ရှီကျင်းလည်း လက်ကိုချကာ ပြန်ဖြေသည်။

"ကျွန်တော်အာရုံမများပါဘူး...ခင်ဗျားပြောတာ
မှန်သမျှ ကျွန်တော်ကြားလည်းကြားတယ်
မှတ်လည်းမှတ်မိတယ်။ ဒါနဲ့ ကျွန်တော်က
ဘယ်သူ့နောက်ကိုလိုက်ရမှာလဲ ဆွေးနွေးပြီးပြီလား
ပြီးတော့ ကျွန်တော့်ပထမဆုံးတာဝန်ကရော?"

"အေး...ဆုံးဖြတ်ပြီပြီ။ မင်းက ငါနဲ့Gua Sanဆီ
လိုက်ရမှာ။ မစ်ရှင်ရည်ရွယ်ချက်ကတော့-ဒီမှာ။
ကျေနပ်ပြီလား? ဖောက်သည်တော်လေးခင်ဗျာ"

Gua Erသည် ဖိုင်တစ်ခုကိုဆွဲထုတ်ကာ
ကိုယ့်ဘာသာကြည့်ရန် ရှီကျင်းကိုကမ်းပေးသည်။

ရှီကျင်းလည်း လှမ်းယူကာ အထဲကအချက်များကို
အကြမ်းဖျင်းဖတ်လိုက်သည်။ သူတို့သွားမည့်နေရာရဲ့
နာမည်ကိုမြင်တော့ စိတ်ရှုပ်သွားကာ

"လီဆွေ့? အဲ့တာက လုံရှီတစ်ချိန်လုံးပုန်းခဲ့တဲ့
ဆေးရုံမလား?"

"ဟုတ်တယ်။ အဲ့အကြောင်းကို မင်းအမြဲတမ်း
စိတ်ပူနေမှန်းငါသိတယ်။ ဒါကြောင့်
Gua Yiနဲ့ဆွေးနွေးပြီး အဲ့ကိုအရင်သွားဖို့
ငါတို့ဆုံးဖြတ်လိုက်တယ်"

Gua Erသည် ရှီကျင်းပုခုံးကိုပုတ်ကာ
ပြောလေသည်။

"အဖွဲ့ဝင်တွေစုစည်းရတာက တစ်ရက်ထက်
ပိုမကြာဘူး။ အဲ့ဆေးရုံဆီ မနက်ဖြန်မနက်
စထွက်မယ်...အဲ့တာကြောင့် ဒီအချက်အလက်တွေ
အသေးစိတ်ကိုရင်းနှီးအောင် မြန်မြန်လုပ်ထားသင့်
တယ်နော်"

ထိုအခါ ရှီကျင်းလည်း ကိစ္စမရှိကြောင်း
ခေါင်းညိတ်ပြကာ ကျေးဇူးတင်လိုက်ပြီး
စာရွက်စာတမ်းများကို သေချာစူးစိုက်ဖတ်နေတော့
သည်။

ရှီကျင်းဒီလိုအလျင်လိုနေသည်ကိုမြင်တော့
Gua Erလည်း တနည်းနည်းနဲ့အံ့သြမိသွား
သော်လည်း အခုလိုလူငယ်လေးစိုးရိမ်နေသည့်
အကြောင်းအရင်းကို သတိရသွားကာ
သူ့မျက်ဝန်းထဲ ခံစားချက်နောက်တစ်မျိုး
ပေါ်ပေါက်လာရသည်။ ထို့ကြောင့် ရေတစ်ခွက်
လောင်းထည့်ကာ ရှီကျင်းလက်လှမ်းမှီသည့်
နေရာတွင်ထားပေးပြီး ယာယီစာသင်ခန်းထဲမှ
တိတ်တဆိတ်ထွက်သွားလိုက်လေသည်။

*********************

ဘာသာပြန်သူ၏ပြဇာတ်တို

ညီအငယ်ဆုံး အန္တရာယ်စက်ဝန်းနား
နီးကပ်လာကြောင်း အစ်ကိုများအာရုံရပြီး
အစည်းအဝေးထိုင်ကြသောအခါ

အထက်စီးဆန်သောစီအီးအို
အစ်ကိုကြီး : ရှောင်ကျင်းကို ဒုက္ခပေးမဲ့သူရှိနေပြီ!

လက်ပေါက်ကပ်သောအစ်ကိုနှစ်: အဲ့မကောင်းဆိုးဝါး
လေးကို လာထိရဲတဲ့သူရှိသေးတယ်ပေါ့လေ?

tsundere စူပါစတားအစ်ကိုသုံး: ဒီလောင်ရှီး
အကြောင်း ကောင်းကောင်းမသိသေးပုံပဲ...
အဲ့ကောင်စုတ်လေးရဲ့ဆံပင်တစ်မွှေး
ကျွတ်ရဲကျွတ်ကြည့်! သူ့ကိုစိတ်ပူတာတော့
မဟုတ်ပါဘူး ငါတို့ရှီမိသားစုကိုမခန့်လေးစားလုပ်လို့!
ဟမ့်!

အားကိုးရသောအစ်ကိုလေး: (တိတ်တဆိတ်
သေနတ်ကျည်ဖြည့်နေ)

yandere အစ်ကိုငါး: ဘာမှပြောမနေနဲ့
ကျွန်တော့်ဆေးရုံကိုသာပို့လိုက်ပါ..

လျန်ကျွင်း: [....]

ကျိုယန်: ဟတ်ချိုး!!!

=============================

Continue Reading

You'll Also Like

730K 41.4K 26
Jk - Possessive type #Warning Cv_ Pinterest
352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...