ကောင်းကျိုးမပေးသော သမီးပျို P...

By FinToneLone

79.4K 9.6K 192

ရှန်ယန်ရှောင် Part 4 ရွန္ယန္ေရွာင္ Part 4 More

၅၉၉
၆၀၀
၆၀၁
၆၀၂
၆၀၃
၆၀၄
၆၀၅
၆၀၆
၆၀၇
၆၀၈
၆၀၉
၆၁၀
၆၁၁
၆၁၂
၆၁၃
၆၁၄
၆၁၅
၆၁၆
၆၁၇
၆၁၈
၆၁၉
၆၂၁
၆၂၂
၆၂၃
၆၂၄
၆၂၅
၆၂၆
၆၂၇
၆၂၈
၆၂၉
၆၃၀
၆၃၁
တောင်းပန်ပါတယ်ဗျို့
၆၃၂
၆၃၃
၆၃၄
၆၃၅

၆၂၀

1.8K 244 1
By FinToneLone

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၂၀)

“အော သူကိုး”
“သူနဲ့မတွေ့ရခင် ခဏတော့ ကျွန်တော်နဲ့နေပါဦးလေ မင်းတိုင်ပင်ကြီးလည်း ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကားတွေကို ကောင်းကောင်းကြီး နားလည်မယ်လို့ ထင်ပါတယ်”ဟုပြောလိုက်သော ရှန်ယန်ရှောင်က ညစ်ကျယ်ကျယ်ပြုံးပြလိုက်သည်။
ဖေးယွမ်ကတော့ အေးစက်စက်ဖြင့်သာ ဟင့်ကနဲလုပ်လိုက်သည်။
“ပူမနေပါနဲ့လေ ဘာပြောရမယ်ဆိုတာကို ငါနားလည်ပါတယ်”
မြို့ထဲမှာ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ရှိတာဖြစ်လို့ အိုးယန်ဟွမ်းယူကိုတောင် ဖေးယွမ်အနေနဲ့ စွန့်စားပြောဆိုခြင်းမျိုး မလုပ်ဝံ့ပါလေ။
“ဟိုဖက်ကိုကြွပေးပါနော်”လို့ ရှန်ယန်ရှောင်က ပြုံး၍ပြောလိုက်သည်။
ဖေးယွမ်က ရှန်ယန်ရှောင်ကို မျက်လုံးထောင့်စွန်းကနေ ကြည့်လိုက်ပြီးနောက် လမ်းလျှောက်လိုက်သည်။လောင်ယုက သူ့နောက်ကနေ ဆက်လိုက်သွားခဲ့ပြိး ရှန်ယန်ရှောင်အနားကိုရောက်တော့ ရပ်လိုက်ကာ ရှန်ယန်ရှောင်၏ မျက်နှာလေးကို သေချာကြည့်လိုက်သည်။
“ရှန်ယန်ရှောင် လင်းလက်တိုက်ပေါ်က နတ်ဆိုးတွေအားလုံး လူသားတွေနဲ့အတူတူ ငြိမ်းချမ်းစွာနေထိုင်လို့ရတဲ့နေ့ တစ်ကယ်ရောက်လာမှာလား”လို့ လောင်ယုကမေးသည်။
ရှန်ယန်ရှောင် နည်းနည်းတော့အံ့ဩသွားခဲ့သည်။လောင်ယုက သူမကို ဒီလိုမေးလာမယ်လို့ မထင်ထားခဲ့မိပါဘူး။သူမပြောလိုက်တဲ့စကားက ကလေးတစ်ယောက်ရဲ့ သိလိုစိတ်အတွက် ဖြေလိုက်တဲ့သဘောဖြစ်ပေမယ့် လောင်ယုရဲ့ပုံစံကတော့ ဒီကိစ္စကို လေးလေးနက်နက် တွေးထင်ထားပုံပါပဲ။မင်းသားဟာ ရှန်ယန်ရှောင်ရဲ့စကားကို တစ်ကယ်စဉ်းစားနေတဲ့ သဘောရပါသည်။
“ရှိလာနိုင်တာပေါ့ ဒါပေမဲ့ နတ်ဆိုးတွေက လက်နက်စွန့်လိုက်ချိန်မှာ လူတွေက သူတို့ကို လက်သင့်ခံမခံဆိုတာကလည်း ပြောလို့မရဘူးလေ။အမုန်းအာဃတတွေ အကြောက်တရားတွေက လူတွေရဲ့နှလုံးသားထက်မှာ စွဲထင်နေပြီဖြစ်လို့ တစ်ညတည်းနဲ့ ဖျောက်ဖျက်ပစ်လို့ရနိုင်တာမျိုး မဟုတ်ဘူး။ဒါပေမဲ့ အဲ့ဒီနေ့ကိုတော့ ကျွန်မ တစ်ကယ်မျှော်နေမိပါတယ်”လို့ ရှန်ယန်ရှောင်ဖြေလိုက်သည်။
တစ်မြေလုံးရှိသမျှ နတ်ဆိုးတွေဆိုတော့ ရှူ့စွမ်းအားတွေကို အချိန်မရွေး နေရာမရွေး ပြန်လည်ရရှိနိုင်ပြီဆိုတဲ့သဘောဖြစ်လို့ ရှင်းရှင်းပြောရရင် ရှန်ယန်ရှောင်ရဲ့ အိပ်မက်တစ်ခုပေါ့လေ...
လောင်ယုလည်း ခနတာနှုတ်ဆိတ်သွားပြီးနောက် ရှန်ယန်ရှောင်ကို လေးနက်စွာကြည့်လိုက်သည်။
“နောင်တစ်ချိန် ငါကိုယ်တော် ဧကရာဇ်ဖြစ်လာရင် နတ်ဆိုးတွေကို လူတွေက တဖြည်းဖြည်းနဲ့ လက်ခံလာစေဖို့လုပ်မယ်”
သူမရဲ့ မျှော်လင့်မှုအတွက် သူ ကြိုးစားကြည့်ချင်မိကာ သူ့အမြင်အရလည်း နတ်ဆိုးတွေနဲ့ လူသားတွေက အတူတကွငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်တယ်လို့ မြင်ပါသည်။တက်သစ်နေမြို့တော်က အကောင်းဆုံးဥပမာတစ်ခုပဲဖြစ်သည်လေ။
လေးနက်စွာပြောနေတဲ့ လောင်ယုကိုကြည့်ပြီးတော့ ရှန်ယန်ရှောင် ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ရှက်တတ်တဲ့မင်းသားလေးက သူ့ဘိုးတော်ထက်ပိုပြီးတော့ ချစ်ဖို့ကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းလှသား။
“အိုး ဒါဆိုရင် ကျွန်တော်မျိုးမလည်း မင်းသားလေး ဧကရာဇ်ဖြစ်တဲ့နေ့ကို စောင့်မျှော်နေပါ့မယ် မင်းသားလေးရဲ့ အုပ်စိုးမှုအောက်မှာ လောင်းရွှမ်အင်ပါယာကြီးလည်း ပိုမိုအင်အားတောင့်တင်းတဲ့တိုင်းပြည်ဖြစ်လာပြီး ကြွယ်ဝချမ်းသာသူတွေနဲ့ အပြည့်ဖြစ်လာဖို့ မျှော်လင့်ပါတယ်”
တိုင်းပြည်ဘဏ္ဍာတိုက်ထဲကို ရွှေတွေပြည့်လျှံထွက်မတတ် ထည့်ထားနိုင်ရင် အကောင်းဆုံးပဲ ငါလည်း တစ်ချက်တည်းနဲ့ ကောင်းကောင်းသိမ်းလို့ရတာပေါ့လို့ စောရလေးတွေးနေမိသည်။
“အင်း”
လောင်ယုလည်း ခေါင်းညိတ်လိုက်ရင်း ဧကရာဇ်ဖြစ်လာရင် ပြုလုပ်မယ့် ရည်ရွယ်ချက်ကြီးတစ်ခုကို ချလိုက်ပါတော့သည်။
အားပေးစကားတွေ ပြောကြားနေသူရဲ့ အတွေးထဲမှာ ယုတ်မာညစ်ပတ်တဲ့အကြံတွေ တွေးနေတဲ့အကြောင်းကိုတော့ သူမသိခဲ့ပါလေ။
ဖေးယွမ်နဲ့လောင်ယုတို့ အိုးယန်ဟွမ်းယူနဲ့ တွေ့နေကြပါပြီ။အိုးယန်ဟွမ်းယူ သံသယမဝင်စေဖို့ ရှန်ယန်ရှောင်တစ်ယောက် ရှောင်ပေးလိုက်ပြီး အခန်းထဲကထွက်သွားခဲ့သည်။လောင်ယုရဲ့ အသက်ကိုတော့ ဖေးယွမ်လောင်းကစားမထပ်ရဲမှာ သေချာပါသည်။ဒီတော့ ဖေးယွမ်တစ်ယောက် မပြောသင့်တဲ့စကားပြောမှာကိုတော့ သူမ ပူပန်ခြင်းမရှိပါလေ။
တစ်နာရီလောက်အကြာမှာတော့ ဖေးယွမ်နဲ့လောင်ယုတို့ အခန်းထဲကနေ ထွက်လာခဲ့ကြသည်။
ဖေးယွမ်က ရှန်ယန်ရှောင်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။ရှန်ယန်ရှောင်က ဘာမှမပြောတော့ လောင်ယုနဲ့အတူသူထွက်သွားလိုက်သည်။
အခန်းထဲမှာ အိုးယန်ဟွမ်းယူက ရှန်ယန်ရှောင်အား ပြုံး၍ကြည့်နေသည်။
“မင်းတိုင်ပင်နဲ့မင်းသားလေးတို့က တက်သစ်နေမြို့တော်ထဲမှာ နေထိုင်ရ အရမ်းအဆင်ပြေနေပုံပဲ။ဒီတော့ ငါလည်း ဧကရာဇ်ကို သတင်းပြန်ပို့လို့ကောင်းသွားတာပေါ့”
“ကျောင်းအုပ်ကြီးတော့ ပင်ပန်းသွားခဲ့ရပါပြီရှင်”လို့ ရှန်ယန်ရှောင်က လောကဝတ်စကားပြောလိုက်သည်။
“ကျောင်းအုပ်ကြီး ဘယ်တော့ပြန်မလဲမသိဘူးနော် ကျွန်မလူတွေကို ပြင်ဆင်ခိုင်းထားလိုက်မှ ကောင်းမယ်နဲ့တူတယ်။လောင်းရွှမ်ပြည်နဲ့ တက်သစ်နေမြို့တော်ရဲ့ အကွာအဝေးက မနည်းလှဘူးလေ ကျွန်မမှတ်မိတာတော့ ကျောင်းအုပ်ကြီးက မြင်းတစ်ကောင်စီးပြီး တစ်ယောက်ထဲလာခဲ့တာနော် ကျောင်းအုပ်ကြီးအတွက် လှည်းစီစဉ်ခိုင်းလိုက်ရမလားရှင့်”လို့ ရှန်ယန်ရှောင်က ချိုသာစွာပြောလိုက်ပေမယ့် အမှန်တစ်ကယ်ကတော့ ပြန်တော့ဆိုပြီး တံခါးပေါက်ကိုလက်ညှိုးထိုးပြနေတာပဲဖြစ်တော့သည်။
ပါးနပ်တဲ့မြေခွေးအိုကြီးတစ်ကောင် သူမနယ်မြေထဲမှာ အကြာကြီးရှိနေမှာကို သူမ မလိုလားပါဘူး။ဘယ်လိုစိတ်ကူးစိတ်သန်းတွေကြံစည်နေသလဲဆိုတာ သရဲပဲသိပါလိမ့်မယ်...

ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၂၀)

“ေအာ သူကိုး”
“သူနဲ႔မေတြ႕ရခင္ ခဏေတာ့ ကၽြန္ေတာ္နဲ႔ေနပါဦးေလ မင္းတိုင္ပင္ႀကီးလည္း ေျပာသင့္တဲ့စကားနဲ႔ မေျပာသင့္တဲ့စကားေတြကို ေကာင္းေကာင္းႀကီး နားလည္မယ္လို႔ ထင္ပါတယ္”ဟုေျပာလိုက္ေသာ ရွန္ယန္ေရွာင္က ညစ္က်ယ္က်ယ္ျပဳံးျပလိုက္သည္။
ေဖးယြမ္ကေတာ့ ေအးစက္စက္ျဖင့္သာ ဟင့္ကနဲလုပ္လိုက္သည္။
“ပူမေနပါနဲ႔ေလ ဘာေျပာရမယ္ဆိုတာကို ငါနားလည္ပါတယ္”
ၿမိဳ႕ထဲမွာ ဒ႑ာရီသတၱဝါရွစ္ေကာင္ရွိတာျဖစ္လို႔ အိုးယန္ဟြမ္းယူကိုေတာင္ ေဖးယြမ္အေနနဲ႔ စြန႔္စားေျပာဆိုျခင္းမ်ိဳး မလုပ္ဝံ့ပါေလ။
“ဟိုဖက္ကိုႂကြေပးပါေနာ္”လို႔ ရွန္ယန္ေရွာင္က ျပဳံး၍ေျပာလိုက္သည္။
ေဖးယြမ္က ရွန္ယန္ေရွာင္ကို မ်က္လုံးေထာင့္စြန္းကေန ၾကည့္လိုက္ၿပီးေနာက္ လမ္းေလၽွာက္လိုက္သည္။ေလာင္ယုက သူ႔ေနာက္ကေန ဆက္လိုက္သြားခဲ့ၿပိး ရွန္ယန္ေရွာင္အနားကိုေရာက္ေတာ့ ရပ္လိုက္ကာ ရွန္ယန္ေရွာင္၏ မ်က္ႏွာေလးကို ေသခ်ာၾကည့္လိုက္သည္။
“ရွန္ယန္ေရွာင္ လင္းလက္တိုက္ေပၚက နတ္ဆိုးေတြအားလုံး လူသားေတြနဲ႔အတူတူ ၿငိမ္းခ်မ္းစြာေနထိုင္လို႔ရတဲ့ေန႔ တစ္ကယ္ေရာက္လာမွာလား”လို႔ ေလာင္ယုကေမးသည္။
ရွန္ယန္ေရွာင္ နည္းနည္းေတာ့အံ့ဩသြားခဲ့သည္။ေလာင္ယုက သူမကို ဒီလိုေမးလာမယ္လို႔ မထင္ထားခဲ့မိပါဘူး။သူမေျပာလိုက္တဲ့စကားက ကေလးတစ္ေယာက္ရဲ့ သိလိုစိတ္အတြက္ ေျဖလိုက္တဲ့သေဘာျဖစ္ေပမယ့္ ေလာင္ယုရဲ့ပုံစံကေတာ့ ဒီကိစၥကို ေလးေလးနက္နက္ ေတြးထင္ထားပုံပါပဲ။မင္းသားဟာ ရွန္ယန္ေရွာင္ရဲ့စကားကို တစ္ကယ္စဥ္းစားေနတဲ့ သေဘာရပါသည္။
“ရွိလာနိုင္တာေပါ့ ဒါေပမဲ့ နတ္ဆိုးေတြက လက္နက္စြန႔္လိုက္ခ်ိန္မွာ လူေတြက သူတို႔ကို လက္သင့္ခံမခံဆိုတာကလည္း ေျပာလို႔မရဘူးေလ။အမုန္းအာဃတေတြ အေၾကာက္တရားေတြက လူေတြရဲ့ႏွလုံးသားထက္မွာ စြဲထင္ေနၿပီျဖစ္လို႔ တစ္ညတည္းနဲ႔ ေဖ်ာက္ဖ်က္ပစ္လို႔ရနိုင္တာမ်ိဳး မဟုတ္ဘူး။ဒါေပမဲ့ အဲ့ဒီေန႔ကိုေတာ့ ကၽြန္မ တစ္ကယ္ေမၽွာ္ေနမိပါတယ္”လို႔ ရွန္ယန္ေရွာင္ေျဖလိုက္သည္။
တစ္ေျမလုံးရွိသမၽွ နတ္ဆိုးေတြဆိုေတာ့ ရွူ႔စြမ္းအားေတြကို အခ်ိန္မေရြး ေနရာမေရြး ျပန္လည္ရရွိနိုင္ၿပီဆိုတဲ့သေဘာျဖစ္လို႔ ရွင္းရွင္းေျပာရရင္ ရွန္ယန္ေရွာင္ရဲ့ အိပ္မက္တစ္ခုေပါ့ေလ...
ေလာင္ယုလည္း ခနတာႏွုတ္ဆိတ္သြားၿပီးေနာက္ ရွန္ယန္ေရွာင္ကို ေလးနက္စြာၾကည့္လိုက္သည္။
“ေနာင္တစ္ခ်ိန္ ငါကိုယ္ေတာ္ ဧကရာဇ္ျဖစ္လာရင္ နတ္ဆိုးေတြကို လူေတြက တျဖည္းျဖည္းနဲ႔ လက္ခံလာေစဖို႔လုပ္မယ္”
သူမရဲ့ ေမၽွာ္လင့္မွုအတြက္ သူ ႀကိဳးစားၾကည့္ခ်င္မိကာ သူ႔အျမင္အရလည္း နတ္ဆိုးေတြနဲ႔ လူသားေတြက အတူတကြၿငိမ္းခ်မ္းစြာ ေနထိုင္နိုင္ဖို႔ဆိုတာ ျဖစ္နိုင္တယ္လို႔ ျမင္ပါသည္။တက္သစ္ေနၿမိဳ႕ေတာ္က အေကာင္းဆုံးဥပမာတစ္ခုပဲျဖစ္သည္ေလ။
ေလးနက္စြာေျပာေနတဲ့ ေလာင္ယုကိုၾကည့္ၿပီးေတာ့ ရွန္ယန္ေရွာင္ ဟက္ဟက္ပက္ပက္ ရယ္လိုက္မိသည္။ရွက္တတ္တဲ့မင္းသားေလးက သူ႔ဘိုးေတာ္ထက္ပိုၿပီးေတာ့ ခ်စ္ဖို႔ေကာင္းသလို စိတ္ဝင္စားစရာလည္း ေကာင္းလွသား။
“အိုး ဒါဆိုရင္ ကၽြန္ေတာ္မ်ိဳးမလည္း မင္းသားေလး ဧကရာဇ္ျဖစ္တဲ့ေန႔ကို ေစာင့္ေမၽွာ္ေနပါ့မယ္ မင္းသားေလးရဲ့ အုပ္စိုးမွုေအာက္မွာ ေလာင္းရႊမ္အင္ပါယာႀကီးလည္း ပိုမိုအင္အားေတာင့္တင္းတဲ့တိုင္းျပည္ျဖစ္လာၿပီး ႂကြယ္ဝခ်မ္းသာသူေတြနဲ႔ အျပည့္ျဖစ္လာဖို႔ ေမၽွာ္လင့္ပါတယ္”
တိုင္းျပည္ဘ႑ာတိုက္ထဲကို ေရႊေတြျပည့္လၽွံထြက္မတတ္ ထည့္ထားနိုင္ရင္ အေကာင္းဆုံးပဲ ငါလည္း တစ္ခ်က္တည္းနဲ႔ ေကာင္းေကာင္းသိမ္းလို႔ရတာေပါ့လို႔ ေစာရေလးေတြးေနမိသည္။
“အင္း”
ေလာင္ယုလည္း ေခါင္းညိတ္လိုက္ရင္း ဧကရာဇ္ျဖစ္လာရင္ ျပဳလုပ္မယ့္ ရည္ရြယ္ခ်က္ႀကီးတစ္ခုကို ခ်လိုက္ပါေတာ့သည္။
အားေပးစကားေတြ ေျပာၾကားေနသူရဲ့ အေတြးထဲမွာ ယုတ္မာညစ္ပတ္တဲ့အႀကံေတြ ေတြးေနတဲ့အေၾကာင္းကိုေတာ့ သူမသိခဲ့ပါေလ။
ေဖးယြမ္နဲ႔ေလာင္ယုတို႔ အိုးယန္ဟြမ္းယူနဲ႔ ေတြ႕ေနၾကပါၿပီ။အိုးယန္ဟြမ္းယူ သံသယမဝင္ေစဖို႔ ရွန္ယန္ေရွာင္တစ္ေယာက္ ေရွာင္ေပးလိုက္ၿပီး အခန္းထဲကထြက္သြားခဲ့သည္။ေလာင္ယုရဲ့ အသက္ကိုေတာ့ ေဖးယြမ္ေလာင္းကစားမထပ္ရဲမွာ ေသခ်ာပါသည္။ဒီေတာ့ ေဖးယြမ္တစ္ေယာက္ မေျပာသင့္တဲ့စကားေျပာမွာကိုေတာ့ သူမ ပူပန္ျခင္းမရွိပါေလ။
တစ္နာရီေလာက္အၾကာမွာေတာ့ ေဖးယြမ္နဲ႔ေလာင္ယုတို႔ အခန္းထဲကေန ထြက္လာခဲ့ၾကသည္။
ေဖးယြမ္က ရွန္ယန္ေရွာင္ကို အဓိပၸါယ္ပါပါၾကည့္လိုက္သည္။ရွန္ယန္ေရွာင္က ဘာမွမေျပာေတာ့ ေလာင္ယုနဲ႔အတူသူထြက္သြားလိုက္သည္။
အခန္းထဲမွာ အိုးယန္ဟြမ္းယူက ရွန္ယန္ေရွာင္အား ျပဳံး၍ၾကည့္ေနသည္။
“မင္းတိုင္ပင္နဲ႔မင္းသားေလးတို႔က တက္သစ္ေနၿမိဳ႕ေတာ္ထဲမွာ ေနထိုင္ရ အရမ္းအဆင္ေျပေနပုံပဲ။ဒီေတာ့ ငါလည္း ဧကရာဇ္ကို သတင္းျပန္ပို႔လို႔ေကာင္းသြားတာေပါ့”
“ေက်ာင္းအုပ္ႀကီးေတာ့ ပင္ပန္းသြားခဲ့ရပါၿပီရွင္”လို႔ ရွန္ယန္ေရွာင္က ေလာကဝတ္စကားေျပာလိုက္သည္။
“ေက်ာင္းအုပ္ႀကီး ဘယ္ေတာ့ျပန္မလဲမသိဘူးေနာ္ ကၽြန္မလူေတြကို ျပင္ဆင္ခိုင္းထားလိုက္မွ ေကာင္းမယ္နဲ႔တူတယ္။ေလာင္းရႊမ္ျပည္နဲ႔ တက္သစ္ေနၿမိဳ႕ေတာ္ရဲ့ အကြာအေဝးက မနည္းလွဘူးေလ ကၽြန္မမွတ္မိတာေတာ့ ေက်ာင္းအုပ္ႀကီးက ျမင္းတစ္ေကာင္စီးၿပီး တစ္ေယာက္ထဲလာခဲ့တာေနာ္ ေက်ာင္းအုပ္ႀကီးအတြက္ လွည္းစီစဥ္ခိုင္းလိုက္ရမလားရွင့္”လို႔ ရွန္ယန္ေရွာင္က ခ်ိဳသာစြာေျပာလိုက္ေပမယ့္ အမွန္တစ္ကယ္ကေတာ့ ျပန္ေတာ့ဆိုၿပီး တံခါးေပါက္ကိုလက္ညႇိုးထိုးျပေနတာပဲျဖစ္ေတာ့သည္။
ပါးနပ္တဲ့ေျမေခြးအိုႀကီးတစ္ေကာင္ သူမနယ္ေျမထဲမွာ အၾကာႀကီးရွိေနမွာကို သူမ မလိုလားပါဘူး။ဘယ္လိုစိတ္ကူးစိတ္သန္းေတြႀကံစည္ေနသလဲဆိုတာ သရဲပဲသိပါလိမ့္မယ္...

Continue Reading

You'll Also Like

789K 31.6K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
14.6K 449 32
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
2.9M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022