ကောင်းကျိုးမပေးသော သမီးပျို P...

By FinToneLone

79.4K 9.6K 192

ရှန်ယန်ရှောင် Part 4 ရွန္ယန္ေရွာင္ Part 4 More

၅၉၉
၆၀၀
၆၀၁
၆၀၂
၆၀၃
၆၀၄
၆၀၅
၆၀၆
၆၀၇
၆၀၈
၆၀၉
၆၁၀
၆၁၁
၆၁၂
၆၁၃
၆၁၄
၆၁၅
၆၁၆
၆၁၇
၆၁၈
၆၂၀
၆၂၁
၆၂၂
၆၂၃
၆၂၄
၆၂၅
၆၂၆
၆၂၇
၆၂၈
၆၂၉
၆၃၀
၆၃၁
တောင်းပန်ပါတယ်ဗျို့
၆၃၂
၆၃၃
၆၃၄
၆၃၅

၆၁၉

1.7K 240 0
By FinToneLone

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၉)

“နတ်ဆိုးတွေကရော...အခုမတိုင်ခင်အထိ ငါကိုယ်တော်ကြားဖူးထားတာတော့ နတ်ဆိုးတွေ ဟာ အရမ်းရက်စက်ကြမ်းကြုတ်ကြတဲ့ သတ္တဝါတွေတဲ့ ဒါပေမဲ့ တက်သစ်နေမြို့ထဲမှာ နတ်ဆိုးတွေ အများကြီးရှိနေတာပဲ ငါကိုယ်တော်ကိုတော့ တစ်ခါမှ အန္တရာယ်မပေးကြပါလား။ နောက်ပြီးတော့ မနေ့တုန်းကမှ အစ်ကိုကြီးကျားလန်က ကိုယ်တော့်အတွက် စားစရာတွေ အများကြီးပေးခဲ့သေးတယ် အဲ့စားစရာတွေက အရမ်းစားလို့ကောင်းတာပဲ”
လောင်ယုစိတ်ထဲ ဝေခွဲရခက်နေပါသည်။အခုကာအတွင်း သူတွေ့ကြုံနေခဲ့ရသမျှတွေဟာ သူသိထားတာတွေနဲ့ လုံးလုံးကြီးကိုဆန့်ကျင်သွေဖီနေတာကြောင့် သူ့အတွက် စဉ်းစားရခက်ခဲ စေသော ပုစ္ဆာတစ်ပုဒ်ဖြစ်နေပါသည်။
ဒီမေးခွန်းအား မည်သို့မည်ပုံဖြေဆိုရမည်ကို မသိဖြစ်သွားသောဖေးယွမ်လည်း နှုတ်ဆိတ်သွားခဲ့ရသည်။
တက်သစ်နေမြို့တော်ထဲက နတ်ဆိုးတွေဟာ အထူးထွေအဆန်းပြားဆုံးသော နတ်ဆိုးတွေ ဖြစ်နေပါသည်။သူတို့က လူသားတွေကို တစ်ခေါက်မှမတိုက်ခိုက်သလို လူသားလည်း မစားသုံးကြပါဘူး။နတ်ဆိုးတစ်ကောင်က လူသားစားနေတာကိုသာ သူမတွေ့ခဲ့ဖူးရင် လောင်ယုလိုမျိုး မေးခွန်းထုတ်မိမှာ သေချာပါသည်။
သို့ပေမဲ့ အခုအခါမှာတော့ သူတွန့်ဆုတ်တွေဝေသွားခဲ့ရပါသည်။
ရှန်ယန်ရှောင်က ဘယ်လိုလုပ်သလဲတော့ သူလည်းမသိပါဘူး သူမက ကြမ်းကြုတ်လှသော နတ်ဆိုးတွေကို သိမ်မွေ့ယဉ်ကျေးပြီး ဖော်ရွေလှသူတွေဖြစ်သွားအောင် စီမံနိုင်ခဲ့ပါသည်။သူ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်နေကြသော နတ်ဆိုးတွေနဲ့လူတွေကိုကြည့်ပြီး ရှိခဲ့ဖူးသော စိုးရိမ်မှုတွေ သံသယတွေ ပျောက်ကွယ်လာခဲ့ပါသည်။
နတ်ဆိုးနဲ့လူတို့က တစ်ကယ်ပဲ အတူနေထိုင်လို့ရသလား...
“ဒါက မတူဘူးလေ”ဆိုသော ရှန်ယန်ရှောင်ရဲ့စကားသံက အံ့အားသင့်ဖွယ် ထွက်ပေါ်လာသည်။
ဖေးယွမ်နဲ့လောင်ယုတို့ ခေါင်းလှည့်ပြီးကြည့်လိုက်ကြတော့ သူတို့ဆီကို လာနေသော ရှန်ယန်ရှောင်ကို တွေ့လိုက်ကြသည်။တက်သစ်နေမြို့ထဲ နေထိုင်နေစဉ်အတွင်း သူတို့အနေနဲ့ ရှန်ယန်ရှောင်ကို တွေ့ရခဲလှပြီး သူမအဖို့ သူတို့ရှိနေတာကိုတောင် မသိသလိုပုံပေါက်နေပါသည်။သူတို့တွေ နိစ္စဓူဝဘာလုပ်လုပ် စိုးရိမ်မှုမရှိတဲ့ အခြေအနေမျိုးလို့ ထင်ရလောက်သည်။
“ရှန်ယန်ရှောင်”
ရှန်ယန်ရှောင်ကိုတွေ့လိုက်ရတော့ လောင်ယုမျက်လုံးတွေက အနည်းငယ်အံ့ဩသွားဟန် ပေါက်နေခဲ့ပြီး ချစ်စဖွယ်ကောင်းလှသော ကောင်မလေးအား ဆက်ကြည့်နေရင်းနဲ့ သူ၏ ချောမောသောမျက်နှာက နီရဲတက်လာခဲ့သည်။
သူမရှေ့က မင်းသားငယ်အား တစ်ချက်ကြည့်ပြီးနောက် သတိတထားဖြစ်ဟန်ရှိနေသော ဖေးယွမ်ကို သူမဆက်ကြည့်လိုက်သည်။
“တက်သစ်နေမြို့ထဲကနတ်ဆိုးတွေနဲ့ မြို့ပြင်မှာရှိတဲ့ နတ်ဆိုးတွေက မတူကြဘူး။အပြင်က နတ်ဆိုးတွေနဲ့အတူသွားအတူလာ လုပ်ကြည့်ရဲရင်တော့ တစ်စက္ကန့်အတွင်းမှာပဲ တစ်ကိုယ်လုံး ဝါးမြိုစားသောက်ခံလိုက်ရမှာပဲ”
“အိုး”
လောင်ယု မင်သက်သွားခဲ့သည်။
ခပ်တောင့်တောင့်ဖြစ်သွားတဲ့ လောင်ယုမျက်နှာကြောင့် ရှန်ယန်ရှောင် အရမ်းရယ်ချင်သွားမိသည်။လောင်ယုလိုမင်းသားမျိုးကို သူမ တစ်ခါမှ မတွေ့ဖူးပါဘူး။သူမ သူ့ကိုတွေ့လိုက်တိုင်း ဒီကောင်လေးမှာ ရှက်တက်တက်အမူအယာရှိနေပါသည်။မရယ်ဘဲကို မနေနိုင်လောက်အောင်ပါပဲ။
“လင်းလက်တိုက်ပေါ်က နတ်ဆိုးအများစုက လူသားစားပြီးကြီးပြင်းလာခဲ့ကြတာ ဒါပေမဲ့ တစ်နေ့နေ့မှာ တက်သစ်နေမြို့က နတ်ဆိုးတွေလိုမျိုး သူတို့တွေလည်း လူသားစားဖို့ကို စိတ်ဝင်စားမှုမရှိတော့ဘဲ ဖြစ်လာမယ်လို့ ကျွန်မယုံကြည်တယ်”
အနက်ရောင်စွမ်းအင်တွေရဲ့အထောက်အပံ့နဲ့တောင် လူသားတွေကို စားချင်သောက်ချင်နေသေးရင်တော့ နတ်ဆိုးတွေက တစ်ကယ့်ကို သူမတူတဲ့ အရသာမျိုးကို ကြိုက်ကြတာပဲလို့ ပြောရုံပဲရှိပါသည်။
“တစ်နေ့နေ့ ဟုတ်လား...နတ်ဆိုးတွေက လူတွေကိုစားလာတာ နှစ်ထောင်ချီခဲ့ပြီလေ ဘယ်လိုလုပ်ပြီး အလွယ်တကူနဲ့ ပြောင်းလို့ရမလဲ”
ရှန်ယန်ရှောင်၏ မှတ်ချက်ကို ဖေးယွမ်ယုံကြည်မှုမရှိပါလေ။
“ဒါပေမဲ့ မင်းတိုင်ပင်ကြီးအရှေ့မှာပဲ ပြောင်းလဲနေတဲ့ နတ်ဆိုးတွေရှိနေတယ် မဟုတ်လား”
ရှန်ယန်ရှောင်က ကျောက်တုံးကျောက်ခဲတွေကို ကျောပေါ်တင်၍ သယ်နေကြသော အဆင့်နိမ့်နတ်ဆိုးတွေကို လက်ဖြင့်ညွှန်ပြပြီး ပြုံးကာပြောလိုက်သည်။
ဖေးယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။တက်သစ်နေမြို့က နတ်ဆိုးတွေကတော့ လောကပေါ်မှာ အရှားပါးဆုံးသော နတ်ဆိုးမျိုးတွေပါပဲလေ။
“မြို့ရှင်ကြီးက ကျွန်တော်တို့ဆီကို ဘာအတွက်လာခဲ့တာပါလဲ နတ်ဆိုးတွေ လူသားစားနေတဲ့ ကိစ္စအတွက် ဆွေးနွေးချင်လို့လား”
ရှန်ယန်ရှောင် ပုခုံးတွန့်လိုက်မိသည်။ဖေးယွမ်၏ အမြင်အရ ရှန်ယန်ရှောင် သူတို့အပေါ် လုပ်ခဲ့သမျှတို့အား လွယ်လွယ်နှင့်တော့ ခွင့်လွှတ်ပေးနိုင်မည်မဟုတ်ပေ။တစ်မြို့ထဲနေ အဆင့်မြင့်နတ်ဆိုးတွေနဲ့ ရယ်ကာမောကာပြောဆိုနေနိုင်ပြီဖြစ်ပေမယ့် သူမကို မြင်သည့်အခါတိုင်း ဖေးယွမ်မျက်နှာက မပျော်မရွှင်မျက်နှာပေး ဖြစ်သွားတတ်သည်။
“ဧကရာဇ်က မင်းတိုင်ပင်ကြီးတို့ဆီကို လူလွှတ်ထားတယ် ကျွန်တော်က လာခေါ်ပေးတာ”
“ဧကရာဇ်က လူလွှတ်ထားတယ် ဟုတ်လား ဘယ်သူများလဲ”လို့ ဖေးယွမ်ကမေးသည်။
“တော်ဝင်ရိုလန်ကျောင်း ကျောင်းအုပ်ကြီး အိုးယန်ဟွမ်းယူပဲ”

ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၁၉)

“နတ္ဆိုးေတြကေရာ...အခုမတိုင္ခင္အထိ ငါကိုယ္ေတာ္ၾကားဖူးထားတာေတာ့ နတ္ဆိုးေတြ ဟာ အရမ္းရက္စက္ၾကမ္းၾကဳတ္ၾကတဲ့ သတၱဝါေတြတဲ့ ဒါေပမဲ့ တက္သစ္ေနၿမိဳ႕ထဲမွာ နတ္ဆိုးေတြ အမ်ားႀကီးရွိေနတာပဲ ငါကိုယ္ေတာ္ကိုေတာ့ တစ္ခါမွ အႏၲရာယ္မေပးၾကပါလား။ ေနာက္ၿပီးေတာ့ မေန႔တုန္းကမွ အစ္ကိုႀကီးက်ားလန္က ကိုယ္ေတာ့္အတြက္ စားစရာေတြ အမ်ားႀကီးေပးခဲ့ေသးတယ္ အဲ့စားစရာေတြက အရမ္းစားလို႔ေကာင္းတာပဲ”
ေလာင္ယုစိတ္ထဲ ေဝခြဲရခက္ေနပါသည္။အခုကာအတြင္း သူေတြ႕ၾကဳံေနခဲ့ရသမၽွေတြဟာ သူသိထားတာေတြနဲ႔ လုံးလုံးႀကီးကိုဆန႔္က်င္ေသြဖီေနတာေၾကာင့္ သူ႔အတြက္ စဥ္းစားရခက္ခဲ ေစေသာ ပုစၧာတစ္ပုဒ္ျဖစ္ေနပါသည္။
ဒီေမးခြန္းအား မည္သို႔မည္ပုံေျဖဆိုရမည္ကို မသိျဖစ္သြားေသာေဖးယြမ္လည္း ႏွုတ္ဆိတ္သြားခဲ့ရသည္။
တက္သစ္ေနၿမိဳ႕ေတာ္ထဲက နတ္ဆိုးေတြဟာ အထူးေထြအဆန္းျပားဆုံးေသာ နတ္ဆိုးေတြ ျဖစ္ေနပါသည္။သူတို႔က လူသားေတြကို တစ္ေခါက္မွမတိုက္ခိုက္သလို လူသားလည္း မစားသုံးၾကပါဘူး။နတ္ဆိုးတစ္ေကာင္က လူသားစားေနတာကိုသာ သူမေတြ႕ခဲ့ဖူးရင္ ေလာင္ယုလိုမ်ိဳး ေမးခြန္းထုတ္မိမွာ ေသခ်ာပါသည္။
သို႔ေပမဲ့ အခုအခါမွာေတာ့ သူတြန႔္ဆုတ္ေတြေဝသြားခဲ့ရပါသည္။
ရွန္ယန္ေရွာင္က ဘယ္လိုလုပ္သလဲေတာ့ သူလည္းမသိပါဘူး သူမက ၾကမ္းၾကဳတ္လွေသာ နတ္ဆိုးေတြကို သိမ္ေမြ႕ယဥ္ေက်းၿပီး ေဖာ္ေရြလွသူေတြျဖစ္သြားေအာင္ စီမံနိုင္ခဲ့ပါသည္။သူ သဟဇာတျဖစ္စြာ အတူယွဥ္တြဲေနထိုင္ေနၾကေသာ နတ္ဆိုးေတြနဲ႔လူေတြကိုၾကည့္ၿပီး ရွိခဲ့ဖူးေသာ စိုးရိမ္မွုေတြ သံသယေတြ ေပ်ာက္ကြယ္လာခဲ့ပါသည္။
နတ္ဆိုးနဲ႔လူတို႔က တစ္ကယ္ပဲ အတူေနထိုင္လို႔ရသလား...
“ဒါက မတူဘူးေလ”ဆိုေသာ ရွန္ယန္ေရွာင္ရဲ့စကားသံက အံ့အားသင့္ဖြယ္ ထြက္ေပၚလာသည္။
ေဖးယြမ္နဲ႔ေလာင္ယုတို႔ ေခါင္းလွည့္ၿပီးၾကည့္လိုက္ၾကေတာ့ သူတို႔ဆီကို လာေနေသာ ရွန္ယန္ေရွာင္ကို ေတြ႕လိုက္ၾကသည္။တက္သစ္ေနၿမိဳ႕ထဲ ေနထိုင္ေနစဥ္အတြင္း သူတို႔အေနနဲ႔ ရွန္ယန္ေရွာင္ကို ေတြ႕ရခဲလွၿပီး သူမအဖို႔ သူတို႔ရွိေနတာကိုေတာင္ မသိသလိုပုံေပါက္ေနပါသည္။သူတို႔ေတြ နိစၥဓူဝဘာလုပ္လုပ္ စိုးရိမ္မွုမရွိတဲ့ အေျခအေနမ်ိဳးလို႔ ထင္ရေလာက္သည္။
“ရွန္ယန္ေရွာင္”
ရွန္ယန္ေရွာင္ကိုေတြ႕လိုက္ရေတာ့ ေလာင္ယုမ်က္လုံးေတြက အနည္းငယ္အံ့ဩသြားဟန္ ေပါက္ေနခဲ့ၿပီး ခ်စ္စဖြယ္ေကာင္းလွေသာ ေကာင္မေလးအား ဆက္ၾကည့္ေနရင္းနဲ႔ သူ၏ ေခ်ာေမာေသာမ်က္ႏွာက နီရဲတက္လာခဲ့သည္။
သူမေရွ႕က မင္းသားငယ္အား တစ္ခ်က္ၾကည့္ၿပီးေနာက္ သတိတထားျဖစ္ဟန္ရွိေနေသာ ေဖးယြမ္ကို သူမဆက္ၾကည့္လိုက္သည္။
“တက္သစ္ေနၿမိဳ႕ထဲကနတ္ဆိုးေတြနဲ႔ ၿမိဳ႕ျပင္မွာရွိတဲ့ နတ္ဆိုးေတြက မတူၾကဘူး။အျပင္က နတ္ဆိုးေတြနဲ႔အတူသြားအတူလာ လုပ္ၾကည့္ရဲရင္ေတာ့ တစ္စကၠန႔္အတြင္းမွာပဲ တစ္ကိုယ္လုံး ဝါးၿမိဳစားေသာက္ခံလိုက္ရမွာပဲ”
“အိုး”
ေလာင္ယု မင္သက္သြားခဲ့သည္။
ခပ္ေတာင့္ေတာင့္ျဖစ္သြားတဲ့ ေလာင္ယုမ်က္ႏွာေၾကာင့္ ရွန္ယန္ေရွာင္ အရမ္းရယ္ခ်င္သြားမိသည္။ေလာင္ယုလိုမင္းသားမ်ိဳးကို သူမ တစ္ခါမွ မေတြ႕ဖူးပါဘူး။သူမ သူ႔ကိုေတြ႕လိုက္တိုင္း ဒီေကာင္ေလးမွာ ရွက္တက္တက္အမူအယာရွိေနပါသည္။မရယ္ဘဲကို မေနနိုင္ေလာက္ေအာင္ပါပဲ။
“လင္းလက္တိုက္ေပၚက နတ္ဆိုးအမ်ားစုက လူသားစားၿပီးႀကီးျပင္းလာခဲ့ၾကတာ ဒါေပမဲ့ တစ္ေန႔ေန႔မွာ တက္သစ္ေနၿမိဳ႕က နတ္ဆိုးေတြလိုမ်ိဳး သူတို႔ေတြလည္း လူသားစားဖို႔ကို စိတ္ဝင္စားမွုမရွိေတာ့ဘဲ ျဖစ္လာမယ္လို႔ ကၽြန္မယုံၾကည္တယ္”
အနက္ေရာင္စြမ္းအင္ေတြရဲ့အေထာက္အပံ့နဲ႔ေတာင္ လူသားေတြကို စားခ်င္ေသာက္ခ်င္ေနေသးရင္ေတာ့ နတ္ဆိုးေတြက တစ္ကယ့္ကို သူမတူတဲ့ အရသာမ်ိဳးကို ႀကိဳက္ၾကတာပဲလို႔ ေျပာ႐ုံပဲရွိပါသည္။
“တစ္ေန႔ေန႔ ဟုတ္လား...နတ္ဆိုးေတြက လူေတြကိုစားလာတာ ႏွစ္ေထာင္ခ်ီခဲ့ၿပီေလ ဘယ္လိုလုပ္ၿပီး အလြယ္တကူနဲ႔ ေျပာင္းလို႔ရမလဲ”
ရွန္ယန္ေရွာင္၏ မွတ္ခ်က္ကို ေဖးယြမ္ယုံၾကည္မွုမရွိပါေလ။
“ဒါေပမဲ့ မင္းတိုင္ပင္ႀကီးအေရွ႕မွာပဲ ေျပာင္းလဲေနတဲ့ နတ္ဆိုးေတြရွိေနတယ္ မဟုတ္လား”
ရွန္ယန္ေရွာင္က ေက်ာက္တုံးေက်ာက္ခဲေတြကို ေက်ာေပၚတင္၍ သယ္ေနၾကေသာ အဆင့္နိမ့္နတ္ဆိုးေတြကို လက္ျဖင့္ညႊန္ျပၿပီး ျပဳံးကာေျပာလိုက္သည္။
ေဖးယြမ္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။တက္သစ္ေနၿမိဳ႕က နတ္ဆိုးေတြကေတာ့ ေလာကေပၚမွာ အရွားပါးဆုံးေသာ နတ္ဆိုးမ်ိဳးေတြပါပဲေလ။
“ၿမိဳ႕ရွင္ႀကီးက ကၽြန္ေတာ္တို႔ဆီကို ဘာအတြက္လာခဲ့တာပါလဲ နတ္ဆိုးေတြ လူသားစားေနတဲ့ ကိစၥအတြက္ ေဆြးေႏြးခ်င္လို႔လား”
ရွန္ယန္ေရွာင္ ပုခုံးတြန႔္လိုက္မိသည္။ေဖးယြမ္၏ အျမင္အရ ရွန္ယန္ေရွာင္ သူတို႔အေပၚ လုပ္ခဲ့သမၽွတို႔အား လြယ္လြယ္ႏွင့္ေတာ့ ခြင့္လႊတ္ေပးနိုင္မည္မဟုတ္ေပ။တစ္ၿမိဳ႕ထဲေန အဆင့္ျမင့္နတ္ဆိုးေတြနဲ႔ ရယ္ကာေမာကာေျပာဆိုေနနိုင္ၿပီျဖစ္ေပမယ့္ သူမကို ျမင္သည့္အခါတိုင္း ေဖးယြမ္မ်က္ႏွာက မေပ်ာ္မရႊင္မ်က္ႏွာေပး ျဖစ္သြားတတ္သည္။
“ဧကရာဇ္က မင္းတိုင္ပင္ႀကီးတို႔ဆီကို လူလႊတ္ထားတယ္ ကၽြန္ေတာ္က လာေခၚေပးတာ”
“ဧကရာဇ္က လူလႊတ္ထားတယ္ ဟုတ္လား ဘယ္သူမ်ားလဲ”လို႔ ေဖးယြမ္ကေမးသည္။
“ေတာ္ဝင္ရိုလန္ေက်ာင္း ေက်ာင္းအုပ္ႀကီး အိုးယန္ဟြမ္းယူပဲ”

Continue Reading

You'll Also Like

649K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
917K 68.5K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...
1.1M 89K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
2.9M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022