ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၈)
လောင်းရွှမ်ပြည်ရဲ့ အောက်ဆုံးအဆင့်မှာရှိသော အခြေခံလူတန်းစား ပြည်သူတွေကိုတော့ အခုမှသာ မျက်မြင်တွေ့ဖူးဆက်ဆံဖူးတာဖြစ်သည်။ပုံမှန်အားဖြင့်ဆို သူမမြင်မကြားရမယ့် လူတွေနဲ့အကြောင်းအရာတွေက သူ့မျက်စိရှေ့မှာ ရှိနေပါသည်။
“မင်းတိုင်ပင်ကြီး တက်သစ်နေမြို့တော်သားတွေက ဖခမည်းတော်ပြောသလို ယဉ်ကျေးမှုမရှိ ကြတာလည်း မဟုတ်ပါလား သူတို့က အရမ်းအားနာကြပြီးတော့ စိတ်နှလုံးကောင်းတွေ ရှိကြတာပဲ”
နှစ်လတာအတွင်း သူတို့တွေနဲ့ ပြောဆိုဆက်ဆံပြီးတဲ့နောက် လောင်ယုတစ်ယောက် ဒီသာမန်ပြည်သူတွေအပေါ်မှာ တစ်ဖြည်းဖြည်းခြင်း နှစ်သက်သဘောကျလာခဲ့ပါသည်။သူ မြင်တွေ့နေကြလူတွေလို ဒီပြည်သူတွေက ဖားခြင်းမြှောက်ပင့်ပြောဆိုခြင်းတွေ မလုပ်ကြသလို သူအမိန့်ပေးသမျှကိုလည်း မဆင်မခြင်နဲ့ နာခံလုပ်ဆောင်ခြင်း မရှိကြပေမဲ့ သူ့နေရေးထိုင်ရေး စားရေးသောက်ရေးအတွက်တော့ အရမ်းစိုးရိပ်ပူပန်ကြပါသည်။
ဒီအလုပ်မအားမလပ်ရှိနေကြသူတွေက ညနေခင်းတိုင်းမှာ ဝိုင်းဖွဲ့အနားယူရင်းနဲ့ စကားပြောကြဆိုကြပါသည်။သူတို့ပြောတာတွေကနေပြီး သူတို့ရဲ့အကြောင်းတွေနဲ့ ကြေးစားတို့ ရင်ဆိုင်ခဲ့ကြဖူးသော စွန့်စားခန်းတွေကို လောင်ယုကြားသိခဲ့ရသည်။
သူ့ကိုယ်သူမင်းသားဖြစ်တာတောင်မေ့လျော့သွားခဲ့ပြီးတော့ ဒီလူတွေကြားမှာ သာမန်လူတစ် ယောက်လိုပဲ ရယ်မောတတ်လာခဲ့ပါပြီ။သို့ပေမဲ့ ရုပ်ဆိုးပန်းဆိုးနတ်ဆိုးတွေကတော့ သူ့အနားက ဖြတ်သွားတိုင်း သတိတထားနဲ့သွားလာကြတုန်းပါပဲ။လူသစ်တွေက သူတို့အပေါ် လုံးလုံးလျားလျားလက်သင့်မခံနိုင်ကြသေးမှန်းကို သူတို့သိနေကြတဲ့ပုံပါ။
ဘာပဲဖြစ်ဖြစ် ဒီကလူတွေရော နတ်ဆိုးတွေရော လောင်ယုနဲ့ဖေးယွမ်တို့ကို ထိခိုက်နာကျင်အောင် မပြုလုပ်ခဲ့ကြပါဘူး။
ပစ္စည်းအမျိုးမျိုးကို မြို့ရဲ့နေရာစုံသို့ သယ်ယူပို့ဆောင်နေကြသော နတ်ဆိုးတွေကိုကြည့်ရင်း လောင်ယုရဲ့ကြောက်စိတ်လည်း တစ်ဖြည်းဖြည်းနဲ့လျော့ပါးပျောက်ကွယ်လာခဲ့ပါပြီ။
ဒီအူတူတူအတတနတ်ဆိုးတွေက ချစ်ဖို့တောင်ကောင်းကြတယ်လို့ သူထင်နေမိပါသည်။
“မယဉ်ကျေးကြဘူး...ဒီက ပြည်သူတွေအားလုံး လူယဉ်ကျေးတွေချည်းပါပဲ။သူတို့တွေက ဘယ်တုန်းကမှ မရိုင်းစိုင်းခဲ့ကြဖူးဘူး။သူတို့တွေက စိတ်ရှည်သည်းခံကြပြီးတော့ ဘုရင့်အာ ဏာစက်ကိုလည်း ကြောက်ရွံ့ကြတယ်လေ။မင်းသားလေးနဲ့အရှင်မင်းကြီးတို့ကတော့ ဒီသာမန်ပြည်သူတွေကို နားလည်ချင်မှနားလည်နိုင်ပါလိမ့်မယ်။တစ်ကယ်ကတော့ သူတို့ဟာ အရမ်းကိုရိုးစင်းတဲ့ စားနိုင်သောက်နိုင်နေရင်ကို ကျေနပ်နှစ်သိမ့်နေကြသူတွေပါ။သူတို့မှာ ရည်မှန်းချက်အကြီးကြီးတွေမရှိကြသလို အကြံသမားတွေလည်း မဟုတ်ကြပါဘူး။နေ့တိုင်း အလုပ်ရှုပ်နေကြရင်တောင် ပျော်နေကြသူတွေဖြစ်ပါတယ်"
မင်းသားကိုပြောလိုက်သော ဖေးယွမ်၏ မျက်ဝန်းတွေဟာ သိမ်မွေ့နူးညံ့နေသည်။ဖေးယွမ်ရဲ့ နောက်ခံရာဇဝင်က သူကောင်းမျိုးရိုးကမဟုတ်ဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ဒီအဆင့်အတန်းထိ တက်လှမ်းနိုင်ခဲ့တာဖြစ်သည်။ဒါကြောင့် တစ်ခြားသော နန်းတွင်းသူနန်းတွင်းသားတွေထက် ဖေးယွမ်က သာမန်ပြည်သူတို့အကြောင်းကို ပိုနားလည်ပါသည်။ဧကရာဇ်စီစဉ်သော လောင်ယုရဲ့ သင်ကြားရေးအပိုင်းမှာ တစ်ချို့နေရာတွေ လစ်ဟာနေတာကို သူသိထားသည်။
သို့သော်လည်း တက်သစ်နေမြို့မှာ သူတို့နေထိုင်ခဲ့ရတဲ့ နေ့ရက်တွေက အဆိုပါလစ်ဟာမှုတွေ ကို ဖြည့်ဆည်းပေးသွားခဲ့ပါပြီ။
ဒီအတွက်တော့ ဖေးယွမ်လည်း ဝမ်းသာရမလား ဝမ်းနည်းရမလားကို မဝေခွဲတတ်အောင် ဖြစ် သွားခဲ့သည်။ရှန်ယန်ရှောင်က သူတို့အား ခြေချုပ်ဖြင့်ထားသော်လည်း လောင်ယုကို ပြည်သူ တွေနှင့်အတူ နေထိုင်ရသော အတွေ့အကြုံကောင်းတစ်ခုအား ပေးအပ်ခဲ့ပြီး နောင်မှာ သူ့ပြည် သူတွေ ဘယ်လိုခံစားတွေးတောကြမည်ကို အတွေ့အကြုံရရှိပြီးသား ဖြစ်သွားစေခဲ့သည်။
အရင့်အရင်ဧကရာဇ်အားလုံးဟာ မညှာတာသူတွေချည်းသာဖြစ်ပြီး လက်ရှိဧကရာဇ်လည်း အပါအဝင်ဖြစ်ပြီး မကြာခဏဆိုသလို ဆုံးဖြတ်ချက်ချတဲ့အခါ ပြည်သူတွေအတွက် ထည့်သွင်း စဉ်းစားပေးခြင်းမရှိလှဘဲ တစ်ခါတစ်ရံမှာ ဖေးယွမ်က ဝင်ရောက်ဖျောင်းဖျရင်လည်း အသုံးမ ဝင်ခဲ့ပါဘူး။
လောင်ယုရဲ့တွေးခေါ်မှုတွေ ပြောင်းလဲလာတာကိုကြည့်ပြီး ဖေးယွမ်ရင်ထဲမှာ မသိမသာလေး ကျေနပ်နေမိသည်။
“ပြည်သူတွေဟာ မယဉ်ကျေးကြသူတွေလို့ ဖခမည်းတော်က အမြဲတမ်းပြောတယ်။သူတို့က လောဘကြီးပြီး ပျင်းရိကြသလို ရိုင်းစိုင်းကြတယ်တဲ့။ကိုယ်တော်လည်း ဖခမည်းတော်ရဲ့ စကားတွေကို ယုံကြည်တာပေါ့လေ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သံသယတွေ ဖြစ်လာခဲ့ရပြီ။ မင်းတိုင်ပင်ကြီးဖေးယွမ်ရေ လောင်းရွှမ်အင်ပါယာရဲ့ ပြည်သူတွေကရော ဒီတက်သစ်နေ မြို့သားတွေလိုမျိုး ချစ်စရာကောင်းကြသလား”
လောင်ယုမင်းသားဟာ မရင့်ကျက်သေးငယ်ရွယ်သေးသူဖြစ်လို့ သူ့စိတ်ကူးတွေက နည်းနည်းလေးတော့ ရိုးအနေပါသေးသည်။
“အတူတူပါပဲ ချစ်စရာကောင်းကြတာပေါ့”လို့ ဖေးယွမ်က ပြုံး၍ဖြေလိုက်သည်။
ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၁၈)
ေလာင္းရႊမ္ျပည္ရဲ့ ေအာက္ဆုံးအဆင့္မွာရွိေသာ အေျခခံလူတန္းစား ျပည္သူေတြကိုေတာ့ အခုမွသာ မ်က္ျမင္ေတြ႕ဖူးဆက္ဆံဖူးတာျဖစ္သည္။ပုံမွန္အားျဖင့္ဆို သူမျမင္မၾကားရမယ့္ လူေတြနဲ႔အေၾကာင္းအရာေတြက သူ႔မ်က္စိေရွ႕မွာ ရွိေနပါသည္။
“မင္းတိုင္ပင္ႀကီး တက္သစ္ေနၿမိဳ႕ေတာ္သားေတြက ဖခမည္းေတာ္ေျပာသလို ယဥ္ေက်းမွုမရွိ ၾကတာလည္း မဟုတ္ပါလား သူတို႔က အရမ္းအားနာၾကၿပီးေတာ့ စိတ္ႏွလုံးေကာင္းေတြ ရွိၾကတာပဲ”
ႏွစ္လတာအတြင္း သူတို႔ေတြနဲ႔ ေျပာဆိုဆက္ဆံၿပီးတဲ့ေနာက္ ေလာင္ယုတစ္ေယာက္ ဒီသာမန္ျပည္သူေတြအေပၚမွာ တစ္ျဖည္းျဖည္းျခင္း ႏွစ္သက္သေဘာက်လာခဲ့ပါသည္။သူ ျမင္ေတြ႕ေနၾကလူေတြလို ဒီျပည္သူေတြက ဖားျခင္းေျမႇာက္ပင့္ေျပာဆိုျခင္းေတြ မလုပ္ၾကသလို သူအမိန႔္ေပးသမၽွကိုလည္း မဆင္မျခင္နဲ႔ နာခံလုပ္ေဆာင္ျခင္း မရွိၾကေပမဲ့ သူ႔ေနေရးထိုင္ေရး စားေရးေသာက္ေရးအတြက္ေတာ့ အရမ္းစိုးရိပ္ပူပန္ၾကပါသည္။
ဒီအလုပ္မအားမလပ္ရွိေနၾကသူေတြက ညေနခင္းတိုင္းမွာ ဝိုင္းဖြဲ႕အနားယူရင္းနဲ႔ စကားေျပာၾကဆိုၾကပါသည္။သူတို႔ေျပာတာေတြကေနၿပီး သူတို႔ရဲ့အေၾကာင္းေတြနဲ႔ ေၾကးစားတို႔ ရင္ဆိုင္ခဲ့ၾကဖူးေသာ စြန႔္စားခန္းေတြကို ေလာင္ယုၾကားသိခဲ့ရသည္။
သူ႔ကိုယ္သူမင္းသားျဖစ္တာေတာင္ေမ့ေလ်ာ့သြားခဲ့ၿပီးေတာ့ ဒီလူေတြၾကားမွာ သာမန္လူတစ္ ေယာက္လိုပဲ ရယ္ေမာတတ္လာခဲ့ပါၿပီ။သို႔ေပမဲ့ ႐ုပ္ဆိုးပန္းဆိုးနတ္ဆိုးေတြကေတာ့ သူ႔အနားက ျဖတ္သြားတိုင္း သတိတထားနဲ႔သြားလာၾကတုန္းပါပဲ။လူသစ္ေတြက သူတို႔အေပၚ လုံးလုံးလ်ားလ်ားလက္သင့္မခံနိုင္ၾကေသးမွန္းကို သူတို႔သိေနၾကတဲ့ပုံပါ။
ဘာပဲျဖစ္ျဖစ္ ဒီကလူေတြေရာ နတ္ဆိုးေတြေရာ ေလာင္ယုနဲ႔ေဖးယြမ္တို႔ကို ထိခိုက္နာက်င္ေအာင္ မျပဳလုပ္ခဲ့ၾကပါဘူး။
ပစၥည္းအမ်ိဳးမ်ိဳးကို ၿမိဳ႕ရဲ့ေနရာစုံသို႔ သယ္ယူပို႔ေဆာင္ေနၾကေသာ နတ္ဆိုးေတြကိုၾကည့္ရင္း ေလာင္ယုရဲ့ေၾကာက္စိတ္လည္း တစ္ျဖည္းျဖည္းနဲ႔ေလ်ာ့ပါးေပ်ာက္ကြယ္လာခဲ့ပါၿပီ။
ဒီအူတူတူအတတနတ္ဆိုးေတြက ခ်စ္ဖို႔ေတာင္ေကာင္းၾကတယ္လို႔ သူထင္ေနမိပါသည္။
“မယဥ္ေက်းၾကဘူး...ဒီက ျပည္သူေတြအားလုံး လူယဥ္ေက်းေတြခ်ည္းပါပဲ။သူတို႔ေတြက ဘယ္တုန္းကမွ မရိုင္းစိုင္းခဲ့ၾကဖူးဘူး။သူတို႔ေတြက စိတ္ရွည္သည္းခံၾကၿပီးေတာ့ ဘုရင့္အာ ဏာစက္ကိုလည္း ေၾကာက္ရြံ့ၾကတယ္ေလ။မင္းသားေလးနဲ႔အရွင္မင္းႀကီးတို႔ကေတာ့ ဒီသာမန္ျပည္သူေတြကို နားလည္ခ်င္မွနားလည္နိုင္ပါလိမ့္မယ္။တစ္ကယ္ကေတာ့ သူတို႔ဟာ အရမ္းကိုရိုးစင္းတဲ့ စားနိုင္ေသာက္နိုင္ေနရင္ကို ေက်နပ္ႏွစ္သိမ့္ေနၾကသူေတြပါ။သူတို႔မွာ ရည္မွန္းခ်က္အႀကီးႀကီးေတြမရွိၾကသလို အႀကံသမားေတြလည္း မဟုတ္ၾကပါဘူး။ေန႔တိုင္း အလုပ္ရွုပ္ေနၾကရင္ေတာင္ ေပ်ာ္ေနၾကသူေတြျဖစ္ပါတယ္"
မင္းသားကိုေျပာလိုက္ေသာ ေဖးယြမ္၏ မ်က္ဝန္းေတြဟာ သိမ္ေမြ႕ႏူးညံ့ေနသည္။ေဖးယြမ္ရဲ့ ေနာက္ခံရာဇဝင္က သူေကာင္းမ်ိဳးရိုးကမဟုတ္ဘဲ ကိုယ္စြမ္းကိုယ္စနဲ႔ ဒီအဆင့္အတန္းထိ တက္လွမ္းနိုင္ခဲ့တာျဖစ္သည္။ဒါေၾကာင့္ တစ္ျခားေသာ နန္းတြင္းသူနန္းတြင္းသားေတြထက္ ေဖးယြမ္က သာမန္ျပည္သူတို႔အေၾကာင္းကို ပိုနားလည္ပါသည္။ဧကရာဇ္စီစဥ္ေသာ ေလာင္ယုရဲ့ သင္ၾကားေရးအပိုင္းမွာ တစ္ခ်ိဳ႕ေနရာေတြ လစ္ဟာေနတာကို သူသိထားသည္။
သို႔ေသာ္လည္း တက္သစ္ေနၿမိဳ႕မွာ သူတို႔ေနထိုင္ခဲ့ရတဲ့ ေန႔ရက္ေတြက အဆိုပါလစ္ဟာမွုေတြ ကို ျဖည့္ဆည္းေပးသြားခဲ့ပါၿပီ။
ဒီအတြက္ေတာ့ ေဖးယြမ္လည္း ဝမ္းသာရမလား ဝမ္းနည္းရမလားကို မေဝခြဲတတ္ေအာင္ ျဖစ္ သြားခဲ့သည္။ရွန္ယန္ေရွာင္က သူတို႔အား ေျခခ်ဳပ္ျဖင့္ထားေသာ္လည္း ေလာင္ယုကို ျပည္သူ ေတြႏွင့္အတူ ေနထိုင္ရေသာ အေတြ႕အၾကဳံေကာင္းတစ္ခုအား ေပးအပ္ခဲ့ၿပီး ေနာင္မွာ သူ႔ျပည္ သူေတြ ဘယ္လိုခံစားေတြးေတာၾကမည္ကို အေတြ႕အၾကဳံရရွိၿပီးသား ျဖစ္သြားေစခဲ့သည္။
အရင့္အရင္ဧကရာဇ္အားလုံးဟာ မညႇာတာသူေတြခ်ည္းသာျဖစ္ၿပီး လက္ရွိဧကရာဇ္လည္း အပါအဝင္ျဖစ္ၿပီး မၾကာခဏဆိုသလို ဆုံးျဖတ္ခ်က္ခ်တဲ့အခါ ျပည္သူေတြအတြက္ ထည့္သြင္း စဥ္းစားေပးျခင္းမရွိလွဘဲ တစ္ခါတစ္ရံမွာ ေဖးယြမ္က ဝင္ေရာက္ေဖ်ာင္းဖ်ရင္လည္း အသုံးမ ဝင္ခဲ့ပါဘူး။
ေလာင္ယုရဲ့ေတြးေခၚမွုေတြ ေျပာင္းလဲလာတာကိုၾကည့္ၿပီး ေဖးယြမ္ရင္ထဲမွာ မသိမသာေလး ေက်နပ္ေနမိသည္။
“ျပည္သူေတြဟာ မယဥ္ေက်းၾကသူေတြလို႔ ဖခမည္းေတာ္က အျမဲတမ္းေျပာတယ္။သူတို႔က ေလာဘႀကီးၿပီး ပ်င္းရိၾကသလို ရိုင္းစိုင္းၾကတယ္တဲ့။ကိုယ္ေတာ္လည္း ဖခမည္းေတာ္ရဲ့ စကားေတြကို ယုံၾကည္တာေပါ့ေလ ဒါေပမဲ့ ဒီတစ္ေခါက္မွာေတာ့ သံသယေတြ ျဖစ္လာခဲ့ရၿပီ။ မင္းတိုင္ပင္ႀကီးေဖးယြမ္ေရ ေလာင္းရႊမ္အင္ပါယာရဲ့ ျပည္သူေတြကေရာ ဒီတက္သစ္ေန ၿမိဳ႕သားေတြလိုမ်ိဳး ခ်စ္စရာေကာင္းၾကသလား”
ေလာင္ယုမင္းသားဟာ မရင့္က်က္ေသးငယ္ရြယ္ေသးသူျဖစ္လို႔ သူ႔စိတ္ကူးေတြက နည္းနည္းေလးေတာ့ ရိုးအေနပါေသးသည္။
“အတူတူပါပဲ ခ်စ္စရာေကာင္းၾကတာေပါ့”လို႔ ေဖးယြမ္က ျပဳံး၍ေျဖလိုက္သည္။