Unicode
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
[အိုး!.. စာကြောင်းတွေကို ကျပန်း လျှောက်မပြောင်းနဲ့လေ! ]
ထိုတောင်းဆိုမှုကို ကြားသောအခါ စုယန် အေးခဲသွားသည်။
သူ့ကို ရှာတွေ့သွားတာလား?
"သခင်ငယ်လေး.. သင် စောစောက လှုပ်ရှားမှုတွေ အများကြီး လုပ်မိသွားတယ်"
သူ့ရဲ့ ပန်းလက်ထောက်က သတိပေးလိုက်သည်။
ဒါက အဓိပ္ပာယ်ရှိတယ်။
ဤကမ္ဘာသည် စိတ်ကူးယဉ်ဆန်သော်လည်း သိုင်းပညာ အစုံအလင်ရှိသည်။ ဤကမ္ဘာရှိ သိုင်းပညာရှင်တို့သည် စိတ်အားထက်သန်ပြီး သတိရှိကြသည်။ သစ်ပင်အောက်က သူကတော့ အံ့အားသင့်စရာ ကောင်းတဲ့ ပါရမီရှင်ကုဖေးတိပင်။
ထိတ်လန့်တုန်လှုပ်နေသည့် အခိုက်အတန့်တွင် သူထရပ်ကာ သစ်ကိုင်းတစ်ကိုင်းကို ကိုင်လိုက်မိတဲ့အတွက် ကုဖေးတိ သတိပြုမိသည်မှာ ကျိုးကြောင်းဆီလျော်ပါသည်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီဇာတ်ကွက်ဟာ ပရမ်းပတာဖြစ်လာမှာ သေချာသည်။
အခုခေါင်းစားစရာကတော့ သူ့ကိုယ်သူ ပြသင့်သလား မပြသင့်ဘူးလား ဆိုတာပင်။
ဝါးစရာဘာမှမရှိတဲ့အတွက် စုယန်သည် သူ့လက်သည်းတွေကိုသာ ကိုက်နေလိုက်သည်။ သူတွေးမိတာက ဒီဇာတ်ကွက်က တကယ်ပဲ ဇာတ်ညွှန်းနဲ့ သိပ်လွဲနေမှာ မဟုတ်လောက်ဘူး.. ဟုတ်တယ်မလား?
ဇာတ်ညွှန်းတွင် မိစ္ဆာဂိုဏ်း၏ သခင်ငယ်၊ ဇာတ်လိုက်၏ ရန်သူအဖြစ် သူသည် ကျောက်စိမ်းအိမ်တော်၏ တရားဝင် ဝင်ခွင့်လက်မှတ်ဖြစ်သည့် ကျောက်စိမ်း ခေါင်းလောင်းအတွက် ကုဖေးတိကို ရင်ဆိုင်ရမည် ဖြစ်သည်။ သူသည် ကုဖေးတိကို အကျပ်အတည်းကြား ရောက်စေရန် သူ့လက်ထောက်နဲ့အတူ ပူးပေါင်း တိုက်ခိုက်မည်ဖြစ်သည်။ ထို့နောက်တွင်တော့ နာမည်ကြီး ဇာတ်ညွှန်းတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း
သူ စကားတွေအများကြီး လျှောက်ပြောပြီး ဇာတ်လိုက်ကိုကယ်မယ့်လူတွေ လာတဲ့အချိန်ထိ အချိန်ဆွဲထားလိုက်မည်။
လက်ရှိတွင်မူ သူသည် ဇာတ်လိုက်ကို အကျပ်အတည်း အခြေအနေသို့ အတင်းအကြပ် မတွန်းပို့ရင်တောင် ရနေပြီဖြစ်သည်။
သူ ဒီကနေ ခုန်ဆင်းသွားလိုက်ပြီး စကားတစ်ခွန်း နှစ်ခွန်း ပြောလိုက်တာနဲ့တင် ကုဖေးတိရဲ့ ဆရာတူညီမလေးက စစ်ကူတွေနဲ့ရောက်လာလောက်ပြီ။ ဇာတ်ညွှန်းအရ သူမက မကြာခင် ခမ်းနားစွာ ပေါ်လာတော့မှာ မဟုတ်လား?
ထိုသစ်ပင်ဘက်က လှုပ်ရှားလာခြင်းမရှိသော်လည်း ကုဖေးတိသည် သူ၏ ကိုယ်ဟန်အနေအထားကို လျှော့မထားပါ။
လူငယ်လေးသည် ဓားသွားကို အားပျော့စွာ ဆုပ်ကိုင်လိုက်ကာ သစ်ပင်၏ပင်စည်ကို အမှီပြုလျက် မတ်တပ်ရပ်လိုက်ပြီး ဂုဏ်သိက္ခာရှိသော အသွင်ကို ဆောင်လိုက်သည်။
သန်မာချင်ယောင်ဆောင်နေသေးသော ကုဖေးတိကို စုယန် သည်းမခံနိုင်ပါချေ။
စုယန် ဘာလုပ်ရမည်ကို ဆုံးဖြတ်ချက်မချတတ်တော့၍
လှည့်ပြီး သူ၏ ပန်းလက်ထောက်ကို အကူအညီ တောင်းလိုက်သည်။
"ငါတို့တွေ့ပြီဆိုကတည်းက အောက်ဆင်းဖို့ကလွဲလို့ တခြားဘာလုပ်စရာရှိသေးလို့လဲ.. ဇာတ်ညွှန်းကိုဖတ်ပြီး ဇာတ်လမ်းအတိုင်းဆက်သွားရမယ်။ ဒီတော့ ငါဆင်းသွားပြီး မျက်နှာပြလိုက်ရင်လဲ သိပ်အရေးမကြီးဘူး မဟုတ်လား?"
ပန်းလက်ထောက်သည် လွန်ခဲ့သည့်ငါးရက်ကတည်းက သခင်ငယ် လျှောက်ပြောနေသော ထူးထူးဆန်းဆန်း စကားများကို လျစ်လျူရှုလိုက်ကာ လေးလေးစားစား ပြန်ပြောလိုက်သည်။
"သခင်ငယ်လေး စိတ်ချမ်းသာရာ ဘာမဆိုလုပ်ပါ"
စုယန်သည် အပြုသဘောဆောင်သော အတည်ပြုချက်ကို ရရှိပြီးနောက် အတွင်းပိုင်း၌ သက်သာရာရသွားပါသည်။
လက်ကိုမြှောက်ပြီး သူ့ဆံပင်တွေကို ဖိချလိုက်သည်။ တကယ်တော့ ဒီအပြုအမူက သူ့ခေါင်းက ဆံပင်တွေဟာ အနက်ရောင် ဆံပင်တုဟုတ်မဟုတ် အမြဲစစ်ဆေးတဲ့ အလေ့အကျင့် တစ်ခုပင်။ ပထမဆုံးအကြိမ် ဆံပင်တုမဟုတ်ဘူးဆိုတာ သိလိုက်ရပြီးနောက် သူ့ကိုယ်သူ ရယ်မောလိုက်မိပါတော့သည်။ ထို့နောက် သူ၏ အတွင်းစွမ်းအားကို အသုံးချပြီး မြင့်မားသော သစ်ကိုင်းမှ ခုန်ဆင်းလာခဲ့သည်။
သူ့အစီအစဉ်ကတော့ ဤကဲ့သို့ပင်။
သိုင်းပညာများစွာအနက် မိစ္ဆာဂိုဏ်း၏ ထင်ရှား ကျော်ကြားသော အမှတ်အသားတစ်ခုဖြစ်သည့်
'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း' ကိုယ်ဖော့ပညာကို သုံးကာ ကုဖေးတိ၏ အရှေ့၌ ကြွကြွယွယွလေး ဆင်းသက်မည်။ ထိုကလေးစုတ်သည် သူ၏ မိစ္ဆာဂိုဏ်းဝတ်စုံကို မြင်၍ ထိတ်လန့်တုန်လှုပ်နေသည့် အခါ သူသည် မိစ္ဆာဂိုဏ်း၏ သခင်ငယ်ရဲ့ ယောက်ျားဆန်သော အသွင်အပြင်ကို ထုတ်ဖော်၍ ဇာတ်ညွှန်းထဲက သူရွတ်ရမယ့် စာသားတွေကို တရစပ်ရွတ်ပေးလိုက်မည်။
ထို့အပြင် ကုဖေးတိသည် သူ့အား စိတ်ဝင်တစား ရှိစေရန်အတွက် သူသည် သူ၏သရုပ်ဆောင်စွမ်းရည်ကို ထိုလူငယ်ရှေ့၌ အစွမ်းကုန်ချပြကာ အလေးနက်ဆုံးသော အထင်ကြီးမှုကို ချန်ခဲ့မည်ဖြစ်သည်။
အစီအစဥ်သည် သူ့ခေါင်းထဲတွင် လုံးဝ အပြစ်အနာအဆာ မရှိသော်လည်း သူ ထည့်သွင်းမစဉ်းစားမိသည်မှာ ဤကိုယ်ခန္ဓာ၏ အတွင်းစွမ်းအားနှင့် သိုင်းပညာကို အပြည့်အဝ မကျွမ်းကျင်ခြင်းပင်ဖြစ်သည်။
သူဆင်းလာသည်နှင့်အမျှ သူ တဖြည်းဖြည်း နောင်တရလာသည်။
အင်အား အလွန်အကျွံသုံးမိသောကြောင့် မြေပြင်သို့ ခြေချမိသောအခါတွင် သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လွန်သွားခဲ့သည်။
စုယန်သည် သစ်ပင်အောက်တွင် ရပ်နေဆဲဖြစ်သော ကုဖေးတိအား တရင်းတနှီး ဝင်တိုက်တော့မည်ကို သိတဲ့အခါ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို ထိန်းကျောင်းရန်နှင့် သူ့အရှိန်ကို လျှော့ချရန် အတွက် 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း' ကို ထပ်အသုံးပြုလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ တည်ငြိမ်စေရန် ကုဖေးတိ၏ နားရွက်ဘေးရှိ သစ်ပင်၏ ပင်စည်ပေါ်တွင် လက်ဖဝါးကို ထောက်လိုက်သည်..။
ထိုအနေအထားက သူသည် ကုဖေးတိကို သစ်ပင်မှာကပ်ပြီး ပိတ်ထားမိသလို ဖြစ်နေသည်။
စုယန် "....."
ငလူး! သောက်တလွဲတွေ ဖြစ်ကုန်ပြီ။
သစ်ပင်နောက်မှာ ပုန်းအောင်းနေဆဲဖြစ်တဲ့ ပန်းလက်ထောက်အပါအဝင် သူတို့သုံးယောက်လုံး ခဏတာ အံ့သြသွားကြသည်။
သစ်ပင်ပင်စည်ကို ထောက်ထားလျက် စုယန်သည် အနည်းငယ် အဆင်မပြေဖြစ်ပြီး ရှက်စရာကောင်းသည့် အခြေအနေတွင် ရှိနေသည်။ သူ့စာကြောင်းတွေကို ရွတ်ရမလား ဒါမှမဟုတ် ဒီထူးဆန်းတဲ့ အနေအထားကို အရင်ပြင်ရမလား။ သူဘယ်ဟာအရင်လုပ်သင့်လဲ?
မိစ္ဆာဂိုဏ်း၏ သခင်ငယ်ရဲ့ အကျင့်စရိုက်အရ သူ့အောက်မှာ ပိတ်မိနေသူကို အလွတ်ပေးရိုး ထုံးစံမရှိချေ။ သို့သော် ဇာတ်ညွှန်းတွင် ဇာတ်လိုက်ကို ရန်သူက သစ်ပင်မှာကပ်ပြီး ပိတ်ထားတာနှင့် ပတ်သတ်၍ မည်သည့်အရာမှမရှိခဲ့သလို သူကလည်း ကြံကြံဖန်ဖန် မလုပ်ရဲပေါင်။
ဤအနေအထားနှင့် ဇာတ်ညွှန်းရှိ မူရင်းစာကြောင်း များကို ပြောဆိုခြင်းသည် အနည်းငယ် ထူးဆန်းနေမည် မဟုတ်လော။
သူ၏ အတွေးများသည် လျှပ်စီးကြောင်းကဲ့သို့ ရွေ့လျားနေချိန်တွင် ထိုလူငယ်သည် သစ်ပင်၏ ပင်စည်ကို မှီလျက် အဖြေမထုတ်နိုင်မီမှာပဲ ရုတ်တရက် သွေးတစ်ပွက် ချောင်းဆိုးလာသည်ကို သူတွေ့လိုက်ရသည်။
ကုဖေးတိသည် စုယန်ကိုကြည့်ကာ သူ့မျက်လုံးများက အနည်းငယ် ထိတ်လန့်နေသည်။ သူ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း..."
သိုင်းလောကမှလူများသည် နံပါတ်တစ်ကိုယ်ဖော့ပညာ ဖြစ်သော 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း' သည် မိစ္ဆာဂိုဏ်းမှ ဆင်းသက်လာသည်ကို သိကြသည်။ ၎င်းသည် ဂိုဏ်း၏ အကောင်းဆုံးအရည်အသွေး လျှို့ဝှက်လှုပ်ရှားမှုဖြစ်ပြီး တိုက်ရိုက်တပည့်များကို လက်ဆင့်ကမ်းပေးခြင်းမှလွဲ၍ မည်သည့် အကြောင်းကြောင့်မှ အပြင်သို့ ပေါက်ကြားခြင်းမရှိချေ။
ကုဖေးတိသည် 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း' ကို မှတ်မိသွားပြီး စုယန်၏ မျက်နှာပေါ်သို့ သူ့အကြည့်များ ကျဆင်းသွားသည်။ သူက စုယန်ရဲ့ မျက်နှာကို ခဏလောက် စိုက်ကြည့်နေပြီး နောက်ဆုံးမှာတော့ ခါးသီးတဲ့ အပြုံးကို ထုတ်ယူလိုက်သည်။
"မင်းပဲကိုး.."
သိုင်းလောကတခွင်တွင် မိစ္ဆာဂိုဏ်း၏ သခင်ငယ်သည် ဆိုးသွမ်းရက်စက်သော်လည်း သူ့တွင် အလွန် ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိသည့် ရုပ်ရည်ရှိသည်ဟု ဆိုကြသည်။ သူ့ရဲ့ မျက်လုံး ထောင့်စွန်းလေးတွေက အနည်းငယ်မြင့်တက်နေပြီး မျက်ဝန်းထောင့်မှ မှဲ့နီလေးသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်လာခြင်းမှ စင်ကျန်ရစ်ခဲ့သော သွေးစက်နီလေး ကဲ့သို့ပင်။
သိုင်းလောကတွင် မိစ္ဆာဂိုဏ်း၏ သခင်ငယ်သည် ကောက်ကျစ်သော စိတ်ထားရှိပြီး ဆုပ်ကိုင်ရခက်သော၊ မှန်းဆမရသော စရိုက်ရှိသူဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်နေသည်။
ထိုသခင်ငယ်သည် အသက်နှစ်ဆယ်ပင် မပြည့်သေးသော်လည်း 'မရဏပန်းခြောက်ပွင့်' ကျင့်စဉ်ကို လေ့ကျင့်ခဲ့သောကြောင့် သူ၏ အတွင်းစွမ်းအားသည် အနှစ်နှစ်ဆယ်ကျော်လောက် သိုင်းပညာတွင်နစ်မြုပ်ခဲ့သည့် လူတစ်ယောက်ကဲ့သို့ပင် အစွမ်းထက်လေသည်။ သူသည် 'နတ်ကြာပွင့်ဓားသိုင်း' ကို သူ၏ ပါးလွှာ၍ ကြာပွတ်နှင့်တူသော ဓားဖြင့် ပြောင်မြောက်စွာလှည့်စားကာ ပြိုင်ဘက်များကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
သိုင်းလောကရှိ မျိုးဆက်သစ် လူငယ်သိုင်းပညာရှင် များတွင် ဝူလင်မဟာမိတ်ခေါင်းဆောင်၏သားဖြစ်သူ ကုဖေးတိ တစ်ဦးတည်းကသာလျှင် မိစ္ဆာဂိုဏ်း၏ သခင်ငယ်စုယန်နှင့် ယှဉ်ပြိုင်နိုင်သည်ဟု ဆိုကြသည်။
ဒါပေမယ့် အဲဒါက သူတို့ နှစ်ယောက်လုံး အထွတ်အထိပ် အခြေအနေမှာ ရှိနေတာကို ဆိုလိုခြင်းဖြစ်သည်။
ယခု ဒဏ်ရာပြင်းထန်စွာရခဲ့သော ကုဖေးတိသည် သူ၏ရန်သူ မောပန်းနွမ်းနယ်သည့်အချိန်ထိ အေးအေးဆေးဆေး စောင့်ဆိုင်းနေသော စုယန်နှင့် ရင်ဆိုင်ရလေသည်။ ကုဖေးတိသည် တိုက်ပွဲဝင်ဖို့ နေနေသာသာ လှုပ်ရှားမှုတစ်ခု လုပ်ဖို့တောင် မဖြစ်နိုင်ပါချေ။ သူသည် ဤနေရာ၌ပင် သေဆုံးသွားနိုင်သည်။
ကုဖေးတိသည် စုယန် ဘယ်သူဘယ်ဝါဆိုတာကို အတည်ပြုပြီးနောက် သူ့ရဲ့ တင်းမာနေသည့် အကြည့်များက မှောင်မိုက်သွား၏။ သူသည် မျက်လုံးများကို အနည်းငယ် မှေးစင်းထားကာ ကူကယ်ရာမဲ့လျက် ခါးသီးမှုနှင့် စိတ်ပျက် အားငယ်မှုများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုကဲ့သို့ နီးနီးကပ်ကပ်ရှိနေသော စုယန်သည် သူ့လက်တစ်ဖက်ဖြင့် ပိတ်နှောင်ထားဆဲဖြစ်သော လူငယ်က ခုခံရန် စွန့်လွှတ်လိုက်သည်ဟူသော အချက်ကို သတိပြုမိလိုက်သည်။ ကုဖေးတိ၏ စူးရှသော မျက်လုံးများတွင် 'သူ့ကံကြမ္မာကို လက်ခံခြင်း' ဟူသော အဓိပ္ပာယ်တစ်ခု သက်ရောက်နေသည်။
စုယန်သည် ကုဖေးတိ ဒီလိုတုံ့ပြန်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ဇာတ်ညွှန်းတွင် ကုဖေးတိသည် ကောင်းကင်နှင့် မြေကြီးရှိ မည်သည့်အရာကိုမျှ မကြောက်ရွံ့သူ ဖြစ်သည်။ ဘယ်လိုအခြေအနေမျိုးပဲ ကြုံလာပါစေ သတ္တိရှိရှိ ရင်ဆိုင်လိမ့်မည် ဖြစ်ပေသည်။ သူ့မှာ နောက်ဆုံးထွက်သက်တစ်ခုပဲ ကျန်ခဲ့ရင်တောင်
ဒီလို... နုနယ်တဲ့အမူအရာမျိုးကို ဘယ်တော့မှ ပြသမှာမဟုတ်ပေ။
ထိုအခိုက်အတန့်မှာ စုယန်သည် သူ့ရှေ့မှာ ရပ်နေတဲ့ ကုဖေးတိဟာ ဇာတ်ညွှန်းထဲက ကုဖေးတိထက် အသွေးအသားရှိတဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးတစ်ယောက်နဲ့ ပိုတူသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူသည် စိတ်အားထက်သန်ပြီး စိတ်ဓာတ်ကြံ့ခိုင် သော်လည်း သူ ခုခံနိုင်စွမ်းမရှိသောရန်သူများနှင့် ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှုအချို့လည်း ကြုံရပေမည်။
စုယန်က ကုဖေးတိရဲ့ ပုခုံးကို ရွှတ်နောက်နောက် ပုတ်ပြီး
'မကြောက်ပါနဲ့ ညီငယ်လေး.. ငါ့နောက်ကို လိုက်ခဲ့.. ငါ မင်းကို ကာကွယ်ပေးမယ်!' ဟူ၍ ပြောထွက်လုနီးနီး ဖြစ်သွားသည်။
သခင်ငယ်၏ရုပ်ပုံအား အပိုင်းပိုင်းပြိုပျက်သွားစေမည့် ဤကဲ့သို့သော အတွေးမျိုးတွေးမိခြင်းသည် သူ့အား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
'မဟုတ်ဘူး.. ရပ်တော့! ငါ့အတွေးတွေကို လမ်းလွဲအောင် မလုပ်နိုင်ဘူး။ နောက်ထပ်အမှားတွေ ထပ်မလုပ်မိခင် ငါ့စာကြောင်းတွေကို မြန်မြန်ရွတ်ရမယ်'
သူသည် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သခင်ငယ်ရဲ့ ဆိုးရွားသောစရိုက်အသွင်အပြင်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ကုဖေးတိအား ပြုံးပြလိုက်၏။
"အာ.. ဒါက ဒဏ္ဍာရီလာ 'သိုင်းလောက၏ ကျားငယ်'၊ 'ဖြောင့်မတ်သော လူငယ်သူရဲကောင်း' မဟုတ်လား.. တရားမျှတတဲ့ ဂိုဏ်းအားလုံးရဲ့ မျှော်လင့်ချက် ကြီးကြီးမားမားကို သယ်ဆောင်ထားတဲ့ မင်းက ကျောက်စိမ်းအိမ်တော်ရဲ့ အမွေဆက်ခံမှုကိုလည်း စိတ်ဝင်စားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
သူစကားပြောပြီးသည်နှင့် တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။ ဒါသည် ထူထပ်သော တောအုပ်၌ ကုဖေးတိကို ပထမဆုံးတွေ့သောအခါ သူပြောရမည့် စကားတစ်ခွန်းဖြစ်သည်။
ထိုသို့ပြောပြီးလျှင် သူတို့ ကျောက်စိမ်းခေါင်းလောင်း အတွက် တိုက်ပွဲဝင်ကြသည်။ ဇာတ်ညွှန်းတွင် သူတို့တိုက်ခိုက်သော အခါ၌ သူသည် အဓိပ္ပါယ်မဲ့သော စကားများကို တောင်စဉ်ရေမရ ရွတ်ဆိုရမည်ဖြစ်ပြီး ကုဖေးတိကို ဆိုးဆိုးရွားရွား ဒဏ်ရာရစေကာ တောအုပ်တစ်ခုလုံးကို ပတ်ပြီး လိုက်ဖမ်းရမှာဖြစ်သည်။ ဒါ့အပြင် ကုဖေးတိနှင့် နောက်ပြောင်ရန် စာကြောင်းများစွာ ကျန်ရှိသေးသည်။
သို့သော် ယခု၌မူ ကုဖေးတိသည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး ပြန်မတိုက်နိုင်တော့တဲ့အတွက် သူ အဘယ့်ကြောင့် ဒီစာကြောင်းကို စတင်ရမည်နည်း? သခင်ငယ်က ကုဖေးတိကို ထောင့်တစ်နေရာမှာ ချောင်ပိတ်လိုက်သည့် အချိန်မှ စတင်သင့်သည် မဟုတ်လား!
စုယန် သူ့လျှာသူ ကိုက်လိုက်သည်။
'ငါ အတွက်မှားသွားတာ'
သူမျက်တောင်ခတ်လိုက်ပြီး သူတို့နှစ်ဦး တိုက်ပွဲအခန်းက ဒိုင်ယာလော့တွေကို ကျော်သွားလိုက်ကာ နောက်ဆုံးခန်းဆီသို့ ခုန်ဆင်းသွားလိုက်သည်။
"ဘာလဲ... အားမရှိတော့ဘူးလား?"
သူ့စကားဆုံးသွားတော့ တွေးလိုက်မိသည်။
'ဟူး.. ကပ်သီးလေး ကယ်တင်လိုက်နိုင်ပေလို့!"
ဇာတ်ညွှန်း၏ မူရင်းအသုံးအနှုန်းမှာ 'လွတ်မြောက်ဖို့ စွမ်းအင်မရှိတော့ဘူးလား?' ဟူ၍ ဖြစ်သည်။ သို့သော်
ယခုမူ ပြေးလွှားနေသည့် ဇာတ်ကွက်ကို ကျော်လိုက်ရတဲ့ အတွက် စာကြောင်းများကို သဘာဝအတိုင်း ပြောင်းလဲ
ပေးရမည်ဖြစ်သည်။
ကုဖေးတိသည် သူ၏ ထူးဆန်းသောအမူအရာအား တုံ့ပြန်ခြင်းမရှိသည်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားကာ နောက်ထပ်စာကြောင်းကို ထပ်ရွတ်ဆိုလိုက်သည်။
"ငါ ဆက်ပြီး..."
မင်းနဲ့တိုက်ချင်သေးတယ်....
..ဟိုးထား! စာကြောင်းရဲ့ နောက်အပိုင်းက မမှန်ဘူး။
သူက ကုဖေးတိနဲ့ လုံးဝ မတိုက်ခဲ့တာမို့ ဘာမှ ဆက်တိုက်ဖို့ မလိုဘူးလေ!
သူသည် အလျင်အမြန် လက်ရှိအခြေအနေနဲ့ ကိုက်ညီတာကို ထုတ်ပြောလိုက်သည်။
"...မင်းရဲ့ လှပတဲ့ မျက်နှာလေးကို ကြည့်ချင်သေးတယ်"
ဇာတ်ညွှန်းသည် စက်ဝိုင်းအတိုင်း ပြန်လည်ပတ်နေပြီး မိစ္ဆာဂိုဏ်း၏ သခင်ငယ်ရဲ့ ကိုယ်ရည်ကိုယ်သွေးသည် ရှုပ်ပွနေသောအမှိုက်ပုံထဲတွင် မရှိပေ။ အပြောင်းအလဲတိုင်းကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်တဲ့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို သူလေးစားမိသည်။
ဒါပေမယ့် သူစဉ်းစားကြည့်တော့ နည်းနည်း ထူးဆန်းနေသေးသလားလို့။
ဘာလဲ.. အားမရှိတော့ဘူးလား? ငါဆက်ပြီး မင်းရဲ့ လှပတဲ့ မျက်နှာလေးကို ကြည့်ချင်သေးတယ်။
ကုဖေးတိက စုယန်ရဲ့မျက်လုံးတွေကို အကြည့်စူးစူးရဲရဲတွေနဲ့ စိုက်ကြည့်နေသည်။ ဒေါသတစ်ခုက သူ့မျက်နှာတစ်ပြင်လုံး ပျံ့နှံ့သွားကာ ဓားမြှောင်ကဲ့သို့ စူးရှနေ၏။
"မင်း.. ငါ့ကိုသတ်ချင်သတ်လိုက်လေ.. ဘာလို့ လာစော်ကားနေရတာလဲ!" ကုဖေးတိက အံကြိတ်ကာ ပြောလိုက်သည်။
စုယန် "....."
ကောင်းပြီ။ ဘာမှားသွားတာလဲဆိုတာ သူသိပြီ။
ကုဖေးတိသည် သူစာကြောင်းများ မမှန်မကန် ရွတ်နေသောကြောင့် ဒေါသထွက်သွားသည်မှာ အံ့သြစရာမဟုတ်ပေ။
သူသည် အချိန်အတော်ကြာ ပြောစရာစကားလုံးများ ပျောက်ဆုံးနေပြီး အနည်းငယ် စိတ်တိုလျက် တွေးတောလိုက်သည်။
'ဒီဇာတ်ကွက်က ပျက်စီးသွားတယ်လို့ ယူဆလို့မရဘူး ဟုတ်တယ်မလား? ဇာတ်လိုက်က ငါ့ကြောင့် စာကြောင်းတွေ မှားပြောရပေမယ့် သူပြောသမျှက ငါ့အပေါ် ရန်ငြိုးတွေနဲ့ ပြည့်နှက်နေတယ်လေ.. အခြေခံအားဖြင့်တော့ မပျက်စီးသွားလောက်ဘူးလို့ ပြောလို့ရတယ်'
စုယန်သည် သူ့ကိုယ်သူ အောင်မြင်သည်ဟု ယူဆလိုက်ပြီး ဇာတ်ညွှန်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
"တကယ်တော့ မင်း အချည်းနှီး ဖြစ်မသွားပါဘူး" စုယန်က ပြုံးပြီး ဆက်ပြောလိုက်သည်။
"ကျောက်စိမ်းအိမ်တော်က တံခါးဖွင့်တိုင်း
ကျောက်စိမ်းခေါင်းလောင်း ခြောက်ဆယ့်ခြောက်လုံးက မေ့ကျူးတောင်ပေါ်မှာ ပြန့်ကျဲနေလိမ့်မယ်။
ကျောက်စိမ်းခေါင်းလောင်းနဲ့ တံခါးဝကို အောင်အောင်မြင်မြင် ရောက်ရှိလာတဲ့လူတွေကသာ တရားဝင် အကဲဖြတ်ခြင်းခံရပြီး ဝင်ရောက်နိုင်တယ်။ ဒီတော့ မင်းမှာရှိနေတဲ့ ကျောက်စိမ်းခေါင်းလောင်းကို ငါ့ဆီလွှဲပြီး တခြားလူတစ်ယောက်ဆီက ကျောက်စိမ်းခေါင်းလောင်းကို မင်းပြန်ယူလိုက်.. ဒီတောထဲမှာ မင်းနှစ်ချက်လှုပ်ရှားလိုက်ရုံနဲ့ ဖြုတ်ချနိုင်တဲ့ လူတွေ အများကြီးရှိတယ်.. အဲ့တာကို ကာကွယ်ရတာ ထိုက်တန်ရဲ့လား..."
"မင်းက ကျောက်စိမ်းခေါင်းလောင်းကိုပဲ လိုချင်တာလား"
စုယန် ပြောလို့မပြီးခင်မှာပဲ ကုဖေးတိက သူ့ကို ဖြတ်ပြောလိုက်၏။
ကုဖေးတိက သိသိသာသာ အသက်ရှူမဝတော့ပေမယ့် သူ တောင့်ခံထားဆဲဖြစ်ပြီး လဲကျမသွားပေ။ သူသည် သူ၏ သွေးစွန်းနေသော မျက်နှာနှင့် စုယန်ကို မော့ကြည့်ကာ ခေါင်းမာမာဖြင့် ထပ်မေးလိုက်သည်။
"ကျောက်စိမ်းခေါင်းလောင်းကိုပဲ လိုချင်တာလား?"
စုယန် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ?
ကုဖေးတိရဲ့ ဂန္တဝင်အဖြေက 'ငါဒီမှာ မြေမြှုပ်ခံရရင်တောင် ကျောက်စိမ်းခေါင်းလောင်းကို မိစ္ဆာဂိုဏ်းက တစ်ယောက်ယောက်ဆီ လွှဲမပေးနိုင်ဘူး!' ဖြစ်ရမှာ မဟုတ်ဘူးလား?
အို.. ဒီက ညီငယ်လေးရဲ့.. မင်းက ဇာတ်လိုက်ဖြစ်တဲ့အတွက် မင်းရဲ့စာကြောင်းတွေကို ကျပန်း လျှောက်ပြောင်းလို့ မရဘူးလေ!
_17.11.21
စာရေးဆရာမှာ ပြောစရာရှိပါတယ်:
စုယန်: မင်းဒီလို ဆက်လုပ်နေမယ်ဆိုရင် ငါဇာတ်လမ်းကို ရှေ့ဆက်လို့ရမှာ မဟုတ်တော့ဘူး!
Thanks for reading ❣️
Zawgyi
အခန္း-၂ စာေၾကာင္းေတြကို မွတ္ရတာ ခက္လိုက္တာ။
[အိုး!.. စာေၾကာင္းေတြကို က်ပန္း ေလွ်ာက္မေျပာင္းနဲ႕ေလ! ]
ထိုေတာင္းဆိုမႈကို ၾကားေသာအခါ စုယန္ ေအးခဲသြားသည္။
သူ႕ကို ရွာေတြ႕သြားတာလား?
"သခင္ငယ္ေလး.. သင္ ေစာေစာက လႈပ္ရွားမႈေတြ အမ်ားႀကီး လုပ္မိသြားတယ္"
သူ႕ရဲ႕ ပန္းလက္ေထာက္က သတိေပးလိုက္သည္။
ဒါက အဓိပၸာယ္ရွိတယ္။
ဤကမာၻသည္ စိတ္ကူးယဥ္ဆန္ေသာ္လည္း သိုင္းပညာ အစုံအလင္ရွိသည္။ ဤကမာၻရွိ သိုင္းပညာရွင္တို႔သည္ စိတ္အားထက္သန္ၿပီး သတိရွိၾကသည္။ သစ္ပင္ေအာက္က သူကေတာ့ အံ့အားသင့္စရာ ေကာင္းတဲ့ ပါရမီရွင္ကုေဖးတိပင္။
ထိတ္လန႔္တုန္လႈပ္ေနသည့္ အခိုက္အတန႔္တြင္ သူထရပ္ကာ သစ္ကိုင္းတစ္ကိုင္းကို ကိုင္လိုက္မိတဲ့အတြက္ ကုေဖးတိ သတိျပဳမိသည္မွာ က်ိဳးေၾကာင္းဆီေလ်ာ္ပါသည္။
ဒီအတိုင္းသာ ဆက္သြားေနမယ္ဆိုရင္ ဒီဇာတ္ကြက္ဟာ ပရမ္းပတာျဖစ္လာမွာ ေသခ်ာသည္။
အခုေခါင္းစားစရာကေတာ့ သူ႕ကိုယ္သူ ျပသင့္သလား မျပသင့္ဘူးလား ဆိုတာပင္။
ဝါးစရာဘာမွမရွိတဲ့အတြက္ စုယန္သည္ သူ႕လက္သည္းေတြကိုသာ ကိုက္ေနလိုက္သည္။ သူေတြးမိတာက ဒီဇာတ္ကြက္က တကယ္ပဲ ဇာတ္ၫႊန္းနဲ႕ သိပ္လြဲေနမွာ မဟုတ္ေလာက္ဘူး.. ဟုတ္တယ္မလား?
ဇာတ္ၫႊန္းတြင္ မိစာၦဂိုဏ္း၏ သခင္ငယ္၊ ဇာတ္လိုက္၏ ရန္သူအျဖစ္ သူသည္ ေက်ာက္စိမ္းအိမ္ေတာ္၏ တရားဝင္ ဝင္ခြင့္လက္မွတ္ျဖစ္သည့္ ေက်ာက္စိမ္း ေခါင္းေလာင္းအတြက္ ကုေဖးတိကို ရင္ဆိုင္ရမည္ ျဖစ္သည္။ သူသည္ ကုေဖးတိကို အက်ပ္အတည္းၾကား ေရာက္ေစရန္ သူ႕လက္ေထာက္နဲ႕အတူ ပူးေပါင္း တိုက္ခိုက္မည္ျဖစ္သည္။ ထို႔ေနာက္တြင္ေတာ့ နာမည္ႀကီး ဇာတ္ၫႊန္းေတြရဲ႕ လုပ္ရိုးလုပ္စဥ္အတိုင္း
သူ စကားေတြအမ်ားႀကီး ေလွ်ာက္ေျပာၿပီး ဇာတ္လိုက္ကိုကယ္မယ့္လူေတြ လာတဲ့အခ်ိန္ထိ အခ်ိန္ဆြဲထားလိုက္မည္။
လက္ရွိတြင္မူ သူသည္ ဇာတ္လိုက္ကို အက်ပ္အတည္း အေျခအေနသို႔ အတင္းအၾကပ္ မတြန္းပို႔ရင္ေတာင္ ရေနၿပီျဖစ္သည္။
သူ ဒီကေန ခုန္ဆင္းသြားလိုက္ၿပီး စကားတစ္ခြန္း ႏွစ္ခြန္း ေျပာလိုက္တာနဲ႕တင္ ကုေဖးတိရဲ႕ ဆရာတူညီမေလးက စစ္ကူေတြနဲ႕ေရာက္လာေလာက္ၿပီ။ ဇာတ္ၫႊန္းအရ သူမက မၾကာခင္ ခမ္းနားစြာ ေပၚလာေတာ့မွာ မဟုတ္လား?
ထိုသစ္ပင္ဘက္က လႈပ္ရွားလာျခင္းမရွိေသာ္လည္း ကုေဖးတိသည္ သူ၏ ကိုယ္ဟန္အေနအထားကို ေလွ်ာ့မထားပါ။
လူငယ္ေလးသည္ ဓားသြားကို အားေပ်ာ့စြာ ဆုပ္ကိုင္လိုက္ကာ သစ္ပင္၏ပင္စည္ကို အမွီျပဳလ်က္ မတ္တပ္ရပ္လိုက္ၿပီး ဂုဏ္သိကၡာရွိေသာ အသြင္ကို ေဆာင္လိုက္သည္။
သန္မာခ်င္ေယာင္ေဆာင္ေနေသးေသာ ကုေဖးတိကို စုယန္ သည္းမခံနိုင္ပါေခ်။
စုယန္ ဘာလုပ္ရမည္ကို ဆုံးျဖတ္ခ်က္မခ်တတ္ေတာ့၍
လွည့္ၿပီး သူ၏ ပန္းလက္ေထာက္ကို အကူအညီ ေတာင္းလိုက္သည္။
"ငါတို႔ေတြ႕ၿပီဆိုကတည္းက ေအာက္ဆင္းဖို႔ကလြဲလို႔ တျခားဘာလုပ္စရာရွိေသးလို႔လဲ.. ဇာတ္ၫႊန္းကိုဖတ္ၿပီး ဇာတ္လမ္းအတိုင္းဆက္သြားရမယ္။ ဒီေတာ့ ငါဆင္းသြားၿပီး မ်က္ႏွာျပလိုက္ရင္လဲ သိပ္အေရးမႀကီးဘူး မဟုတ္လား?"
ပန္းလက္ေထာက္သည္ လြန္ခဲ့သည့္ငါးရက္ကတည္းက သခင္ငယ္ ေလွ်ာက္ေျပာေနေသာ ထူးထူးဆန္းဆန္း စကားမ်ားကို လ်စ္လ်ဴရႈလိုက္ကာ ေလးေလးစားစား ျပန္ေျပာလိုက္သည္။
"သခင္ငယ္ေလး စိတ္ခ်မ္းသာရာ ဘာမဆိုလုပ္ပါ"
စုယန္သည္ အျပဳသေဘာေဆာင္ေသာ အတည္ျပဳခ်က္ကို ရရွိၿပီးေနာက္ အတြင္းပိုင္း၌ သက္သာရာရသြားပါသည္။
လက္ကိုျမႇောက္ၿပီး သူ႕ဆံပင္ေတြကို ဖိခ်လိဳက္သည္။ တကယ္ေတာ့ ဒီအျပဳအမူက သူ႕ေခါင္းက ဆံပင္ေတြဟာ အနက္ေရာင္ ဆံပင္တုဟုတ္မဟုတ္ အၿမဲစစ္ေဆးတဲ့ အေလ့အက်င့္ တစ္ခုပင္။ ပထမဆုံးအႀကိမ္ ဆံပင္တုမဟုတ္ဘူးဆိုတာ သိလိုက္ရၿပီးေနာက္ သူ႕ကိုယ္သူ ရယ္ေမာလိုက္မိပါေတာ့သည္။ ထို႔ေနာက္ သူ၏ အတြင္းစြမ္းအားကို အသုံးခ်ၿပီး ျမင့္မားေသာ သစ္ကိုင္းမွ ခုန္ဆင္းလာခဲ့သည္။
သူ႕အစီအစဥ္ကေတာ့ ဤကဲ့သို႔ပင္။
သိုင္းပညာမ်ားစြာအနက္ မိစာၦဂိုဏ္း၏ ထင္ရွား ေက်ာ္ၾကားေသာ အမွတ္အသားတစ္ခုျဖစ္သည့္
'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း' ကိုယ္ေဖာ့ပညာကို သုံးကာ ကုေဖးတိ၏ အေရွ႕၌ ႂကြႂကြယြယြေလး ဆင္းသက္မည္။ ထိုကေလးစုတ္သည္ သူ၏ မိစာၦဂိုဏ္းဝတ္စုံကို ျမင္၍ ထိတ္လန႔္တုန္လႈပ္ေနသည့္ အခါ သူသည္ မိစာၦဂိုဏ္း၏ သခင္ငယ္ရဲ႕ ေယာက္်ားဆန္ေသာ အသြင္အျပင္ကို ထုတ္ေဖာ္၍ ဇာတ္ၫႊန္းထဲက သူ႐ြတ္ရမယ့္ စာသားေတြကို တရစပ္႐ြတ္ေပးလိုက္မည္။
ထို႔အျပင္ ကုေဖးတိသည္ သူ႕အား စိတ္ဝင္တစား ရွိေစရန္အတြက္ သူသည္ သူ၏သ႐ုပ္ေဆာင္စြမ္းရည္ကို ထိုလူငယ္ေရွ႕၌ အစြမ္းကုန္ခ်ျပကာ အေလးနက္ဆုံးေသာ အထင္ႀကီးမႈကို ခ်န္ခဲ့မည္ျဖစ္သည္။
အစီအစဥ္သည္ သူ႕ေခါင္းထဲတြင္ လုံးဝ အျပစ္အနာအဆာ မရွိေသာ္လည္း သူ ထည့္သြင္းမစဥ္းစားမိသည္မွာ ဤကိုယ္ခႏၶာ၏ အတြင္းစြမ္းအားႏွင့္ သိုင္းပညာကို အျပည့္အဝ မကြၽမ္းက်င္ျခင္းပင္ျဖစ္သည္။
သူဆင္းလာသည္ႏွင့္အမွ် သူ တျဖည္းျဖည္း ေနာင္တရလာသည္။
အင္အား အလြန္အကြၽံသုံးမိေသာေၾကာင့္ ေျမျပင္သို႔ ေျခခ်မိေသာအခါတြင္ သူသည္ ေရွ႕သို႔ ေျခလွမ္းအနည္းငယ္ လြန္သြားခဲ့သည္။
စုယန္သည္ သစ္ပင္ေအာက္တြင္ ရပ္ေနဆဲျဖစ္ေသာ ကုေဖးတိအား တရင္းတႏွီး ဝင္တိုက္ေတာ့မည္ကို သိတဲ့အခါ ခ်က္ခ်င္းပင္ သူ႕ခႏၶာကိုယ္ကို ထိန္းေက်ာင္းရန္ႏွင့္ သူ႕အရွိန္ကို ေလွ်ာ့ခ်ရန္ အတြက္ 'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း' ကို ထပ္အသုံးျပဳလိုက္သည္။ ထို႔ေနာက္ သူ႕ကိုယ္သူ တည္ၿငိမ္ေစရန္ ကုေဖးတိ၏ နား႐ြက္ေဘးရွိ သစ္ပင္၏ ပင္စည္ေပၚတြင္ လက္ဖဝါးကို ေထာက္လိုက္သည္..။
ထိုအေနအထားက သူသည္ ကုေဖးတိကို သစ္ပင္မွာကပ္ၿပီး ပိတ္ထားမိသလို ျဖစ္ေနသည္။
စုယန္ "....."
ငလူး! ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ။
သစ္ပင္ေနာက္မွာ ပုန္းေအာင္းေနဆဲျဖစ္တဲ့ ပန္းလက္ေထာက္အပါအဝင္ သူတို႔သုံးေယာက္လုံး ခဏတာ အံ့ၾသသြားၾကသည္။
သစ္ပင္ပင္စည္ကို ေထာက္ထားလ်က္ စုယန္သည္ အနည္းငယ္ အဆင္မေျပျဖစ္ၿပီး ရွက္စရာေကာင္းသည့္ အေျခအေနတြင္ ရွိေနသည္။ သူ႕စာေၾကာင္းေတြကို ႐ြတ္ရမလား ဒါမွမဟုတ္ ဒီထူးဆန္းတဲ့ အေနအထားကို အရင္ျပင္ရမလား။ သူဘယ္ဟာအရင္လုပ္သင့္လဲ?
မိစာၦဂိုဏ္း၏ သခင္ငယ္ရဲ႕ အက်င့္စရိုက္အရ သူ႕ေအာက္မွာ ပိတ္မိေနသူကို အလြတ္ေပးရိုး ထုံးစံမရွိေခ်။ သို႔ေသာ္ ဇာတ္ၫႊန္းတြင္ ဇာတ္လိုက္ကို ရန္သူက သစ္ပင္မွာကပ္ၿပီး ပိတ္ထားတာႏွင့္ ပတ္သတ္၍ မည္သည့္အရာမွမရွိခဲ့သလို သူကလည္း ႀကံႀကံဖန္ဖန္ မလုပ္ရဲေပါင္။
ဤအေနအထားႏွင့္ ဇာတ္ၫႊန္းရွိ မူရင္းစာေၾကာင္း မ်ားကို ေျပာဆိုျခင္းသည္ အနည္းငယ္ ထူးဆန္းေနမည္ မဟုတ္ေလာ။
သူ၏ အေတြးမ်ားသည္ လွ်ပ္စီးေၾကာင္းကဲ့သို႔ ေ႐ြ႕လ်ားေနခ်ိန္တြင္ ထိုလူငယ္သည္ သစ္ပင္၏ ပင္စည္ကို မွီလ်က္ အေျဖမထုတ္နိုင္မီမွာပဲ ႐ုတ္တရက္ ေသြးတစ္ပြက္ ေခ်ာင္းဆိုးလာသည္ကို သူေတြ႕လိုက္ရသည္။
ကုေဖးတိသည္ စုယန္ကိုၾကည့္ကာ သူ႕မ်က္လုံးမ်ားက အနည္းငယ္ ထိတ္လန႔္ေနသည္။ သူ႕ႏႈတ္ခမ္းေတြ တဆတ္ဆတ္တုန္ကာ တိုးတိုးေလး ေျပာလိုက္သည္။ "ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း..."
သိုင္းေလာကမွလူမ်ားသည္ နံပါတ္တစ္ကိုယ္ေဖာ့ပညာ ျဖစ္ေသာ 'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း' သည္ မိစာၦဂိုဏ္းမွ ဆင္းသက္လာသည္ကို သိၾကသည္။ ၎သည္ ဂိုဏ္း၏ အေကာင္းဆုံးအရည္အေသြး လွ်ို႔ဝွက္လႈပ္ရွားမႈျဖစ္ၿပီး တိုက္ရိုက္တပည့္မ်ားကို လက္ဆင့္ကမ္းေပးျခင္းမွလြဲ၍ မည္သည့္ အေၾကာင္းေၾကာင့္မွ အျပင္သို႔ ေပါက္ၾကားျခင္းမရွိေခ်။
ကုေဖးတိသည္ 'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း' ကို မွတ္မိသြားၿပီး စုယန္၏ မ်က္ႏွာေပၚသို႔ သူ႕အၾကည့္မ်ား က်ဆင္းသြားသည္။ သူက စုယန္ရဲ႕ မ်က္ႏွာကို ခဏေလာက္ စိုက္ၾကည့္ေနၿပီး ေနာက္ဆုံးမွာေတာ့ ခါးသီးတဲ့ အၿပဳံးကို ထုတ္ယူလိုက္သည္။
"မင္းပဲကိုး.."
သိုင္းေလာကတခြင္တြင္ မိစာၦဂိုဏ္း၏ သခင္ငယ္သည္ ဆိုးသြမ္းရက္စက္ေသာ္လည္း သူ႕တြင္ အလြန္ ၾကည့္ေကာင္းၿပီး ဆြဲေဆာင္မႈရွိသည့္ ႐ုပ္ရည္ရွိသည္ဟု ဆိုၾကသည္။ သူ႕ရဲ႕ မ်က္လုံး ေထာင့္စြန္းေလးေတြက အနည္းငယ္ျမင့္တက္ေနၿပီး မ်က္ဝန္းေထာင့္မွ မွဲ႕နီေလးသည္ တစ္စုံတစ္ေယာက္ကို သတ္ျဖတ္လာျခင္းမွ စင္က်န္ရစ္ခဲ့ေသာ ေသြးစက္နီေလး ကဲ့သို႔ပင္။
သိုင္းေလာကတြင္ မိစာၦဂိုဏ္း၏ သခင္ငယ္သည္ ေကာက္က်စ္ေသာ စိတ္ထားရွိၿပီး ဆုပ္ကိုင္ရခက္ေသာ၊ မွန္းဆမရေသာ စရိုက္ရွိသူျဖစ္ေၾကာင္း ေကာလဟာလမ်ား ထြက္ေပၚေနသည္။
ထိုသခင္ငယ္သည္ အသက္ႏွစ္ဆယ္ပင္ မျပည့္ေသးေသာ္လည္း 'မရဏပန္းေျခာက္ပြင့္' က်င့္စဥ္ကို ေလ့က်င့္ခဲ့ေသာေၾကာင့္ သူ၏ အတြင္းစြမ္းအားသည္ အႏွစ္ႏွစ္ဆယ္ေက်ာ္ေလာက္ သိုင္းပညာတြင္နစ္ျမဳပ္ခဲ့သည့္ လူတစ္ေယာက္ကဲ့သို႔ပင္ အစြမ္းထက္ေလသည္။ သူသည္ 'နတ္ၾကာပြင့္ဓားသိုင္း' ကို သူ၏ ပါးလႊာ၍ ၾကာပြတ္ႏွင့္တူေသာ ဓားျဖင့္ ေျပာင္ေျမာက္စြာလွည့္စားကာ ၿပိဳင္ဘက္မ်ားကို ေၾကာက္႐ြံ႕တုန္လႈပ္ေစခဲ့သည္။
သိုင္းေလာကရွိ မ်ိဳးဆက္သစ္ လူငယ္သိုင္းပညာရွင္ မ်ားတြင္ ဝူလင္မဟာမိတ္ေခါင္းေဆာင္၏သားျဖစ္သူ ကုေဖးတိ တစ္ဦးတည္းကသာလွ်င္ မိစာၦဂိုဏ္း၏ သခင္ငယ္စုယန္ႏွင့္ ယွဥ္ၿပိဳင္နိုင္သည္ဟု ဆိုၾကသည္။
ဒါေပမယ့္ အဲဒါက သူတို႔ ႏွစ္ေယာက္လုံး အထြတ္အထိပ္ အေျခအေနမွာ ရွိေနတာကို ဆိုလိုျခင္းျဖစ္သည္။
ယခု ဒဏ္ရာျပင္းထန္စြာရခဲ့ေသာ ကုေဖးတိသည္ သူ၏ရန္သူ ေမာပန္းႏြမ္းနယ္သည့္အခ်ိန္ထိ ေအးေအးေဆးေဆး ေစာင့္ဆိုင္းေနေသာ စုယန္ႏွင့္ ရင္ဆိုင္ရေလသည္။ ကုေဖးတိသည္ တိုက္ပြဲဝင္ဖို႔ ေနေနသာသာ လႈပ္ရွားမႈတစ္ခု လုပ္ဖို႔ေတာင္ မျဖစ္နိုင္ပါေခ်။ သူသည္ ဤေနရာ၌ပင္ ေသဆုံးသြားနိုင္သည္။
ကုေဖးတိသည္ စုယန္ ဘယ္သူဘယ္ဝါဆိုတာကို အတည္ျပဳၿပီးေနာက္ သူ႕ရဲ႕ တင္းမာေနသည့္ အၾကည့္မ်ားက ေမွာင္မိုက္သြား၏။ သူသည္ မ်က္လုံးမ်ားကို အနည္းငယ္ ေမွးစင္းထားကာ ကူကယ္ရာမဲ့လ်က္ ခါးသီးမႈႏွင့္ စိတ္ပ်က္ အားငယ္မႈမ်ားကို ဖုံးကြယ္ရန္ ႀကိဳးစားလိုက္သည္။
သို႔ေသာ္ ထိုကဲ့သို႔ နီးနီးကပ္ကပ္ရွိေနေသာ စုယန္သည္ သူ႕လက္တစ္ဖက္ျဖင့္ ပိတ္ေႏွာင္ထားဆဲျဖစ္ေသာ လူငယ္က ခုခံရန္ စြန႔္လႊတ္လိုက္သည္ဟူေသာ အခ်က္ကို သတိျပဳမိလိုက္သည္။ ကုေဖးတိ၏ စူးရွေသာ မ်က္လုံးမ်ားတြင္ 'သူ႕ကံၾကမၼာကို လက္ခံျခင္း' ဟူေသာ အဓိပၸာယ္တစ္ခု သက္ေရာက္ေနသည္။
စုယန္သည္ ကုေဖးတိ ဒီလိုတုံ႕ျပန္လိမ့္မည္ဟု လုံးဝမထင္ထားခဲ့ေပ။
ဇာတ္ၫႊန္းတြင္ ကုေဖးတိသည္ ေကာင္းကင္ႏွင့္ ေျမႀကီးရွိ မည္သည့္အရာကိုမွ် မေၾကာက္႐ြံ႕သူ ျဖစ္သည္။ ဘယ္လိုအေျခအေနမ်ိဳးပဲ ႀကဳံလာပါေစ သတၱိရွိရွိ ရင္ဆိုင္လိမ့္မည္ ျဖစ္ေပသည္။ သူ႕မွာ ေနာက္ဆုံးထြက္သက္တစ္ခုပဲ က်န္ခဲ့ရင္ေတာင္
ဒီလို... ႏုနယ္တဲ့အမူအရာမ်ိဳးကို ဘယ္ေတာ့မွ ျပသမွာမဟုတ္ေပ။
ထိုအခိုက္အတန႔္မွာ စုယန္သည္ သူ႕ေရွ႕မွာ ရပ္ေနတဲ့ ကုေဖးတိဟာ ဇာတ္ၫႊန္းထဲက ကုေဖးတိထက္ အေသြးအသားရွိတဲ့ အသက္ဆယ့္ေျခာက္ႏွစ္အ႐ြယ္ လူငယ္ေလးတစ္ေယာက္နဲ႕ ပိုတူသည္ဟု ႐ုတ္တရက္ ခံစားလိုက္ရသည္။
သူသည္ စိတ္အားထက္သန္ၿပီး စိတ္ဓာတ္ႀကံ့ခိုင္ ေသာ္လည္း သူ ခုခံနိုင္စြမ္းမရွိေသာရန္သူမ်ားႏွင့္ ရင္ဆိုင္ရာတြင္ ေၾကာက္႐ြံ႕မႈအခ်ိဳ႕လည္း ႀကဳံရေပမည္။
စုယန္က ကုေဖးတိရဲ႕ ပုခုံးကို ႐ႊတ္ေနာက္ေနာက္ ပုတ္ၿပီး
'မေၾကာက္ပါနဲ႕ ညီငယ္ေလး.. ငါ့ေနာက္ကို လိုက္ခဲ့.. ငါ မင္းကို ကာကြယ္ေပးမယ္!' ဟူ၍ ေျပာထြက္လုနီးနီး ျဖစ္သြားသည္။
သခင္ငယ္၏႐ုပ္ပုံအား အပိုင္းပိုင္းၿပိဳပ်က္သြားေစမည့္ ဤကဲ့သို႔ေသာ အေတြးမ်ိဳးေတြးမိျခင္းသည္ သူ႕အား ထိတ္လန႔္တုန္လႈပ္ေစခဲ့သည္။
'မဟုတ္ဘူး.. ရပ္ေတာ့! ငါ့အေတြးေတြကို လမ္းလြဲေအာင္ မလုပ္နိုင္ဘူး။ ေနာက္ထပ္အမွားေတြ ထပ္မလုပ္မိခင္ ငါ့စာေၾကာင္းေတြကို ျမန္ျမန္႐ြတ္ရမယ္'
သူသည္ စိတ္တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္ၿပီး သခင္ငယ္ရဲ႕ ဆိုး႐ြားေသာစရိုက္အသြင္အျပင္ကို အေကာင္အထည္ေဖာ္ရန္ ဆုံးျဖတ္လိုက္သည္။ သူ႕မ်က္လုံးေတြကို က်ဥ္းေျမာင္းလိုက္ၿပီး ကုေဖးတိအား ၿပဳံးျပလိုက္၏။
"အာ.. ဒါက ဒ႑ာရီလာ 'သိုင္းေလာက၏ က်ားငယ္'၊ 'ေျဖာင့္မတ္ေသာ လူငယ္သူရဲေကာင္း' မဟုတ္လား.. တရားမွ်တတဲ့ ဂိုဏ္းအားလုံးရဲ႕ ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမားကို သယ္ေဆာင္ထားတဲ့ မင္းက ေက်ာက္စိမ္းအိမ္ေတာ္ရဲ႕ အေမြဆက္ခံမႈကိုလည္း စိတ္ဝင္စားလိမ့္မယ္လို႔ ငါ မေမွ်ာ္လင့္ထားဘူး"
သူစကားေျပာၿပီးသည္ႏွင့္ တစ္ခုခုမွားေနၿပီဟု ႐ုတ္တရက္ ခံစားလိုက္ရသည္။ ဒါသည္ ထူထပ္ေသာ ေတာအုပ္၌ ကုေဖးတိကို ပထမဆုံးေတြ႕ေသာအခါ သူေျပာရမည့္ စကားတစ္ခြန္းျဖစ္သည္။
ထိုသို႔ေျပာၿပီးလွ်င္ သူတို႔ ေက်ာက္စိမ္းေခါင္းေလာင္း အတြက္ တိုက္ပြဲဝင္ၾကသည္။ ဇာတ္ၫႊန္းတြင္ သူတို႔တိုက္ခိုက္ေသာ အခါ၌ သူသည္ အဓိပၸါယ္မဲ့ေသာ စကားမ်ားကို ေတာင္စဥ္ေရမရ ႐ြတ္ဆိုရမည္ျဖစ္ၿပီး ကုေဖးတိကို ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရေစကာ ေတာအုပ္တစ္ခုလုံးကို ပတ္ၿပီး လိုက္ဖမ္းရမည္ျဖစ္သည္။ ဒါ့အျပင္ ကုေဖးတိႏွင့္ ေနာက္ေျပာင္ရန္ စာေၾကာင္းမ်ားစြာ က်န္ရွိေသးသည္။
သို႔ေသာ္ ယခု၌မူ ကုေဖးတိသည္ ဒဏ္ရာ ျပင္းျပင္းထန္ထန္ရၿပီး ျပန္မတိုက္နိုင္ေတာ့တဲ့အတြက္ သူ အဘယ့္ေၾကာင့္ ဒီစာေၾကာင္းကို စတင္ရမည္နည္း? သခင္ငယ္က ကုေဖးတိကို ေထာင့္တစ္ေနရာမွာ ေခ်ာင္ပိတ္လိုက္သည့္ အခ်ိန္မွ စတင္သင့္သည္ မဟုတ္လား!
စုယန္ သူ႕လွ်ာသူ ကိုက္လိုက္သည္။
'ငါ အတြက္မွားသြားတာ'
သူမ်က္ေတာင္ခတ္လိုက္ၿပီး သူတို႔ႏွစ္ဦး တိုက္ပြဲအခန္းက ဒိုင္ယာေလာ့ေတြကို ေက်ာ္သြားလိုက္ကာ ေနာက္ဆုံးခန္းဆီသို႔ ခုန္ဆင္းသြားလိုက္သည္။
"ဘာလဲ... အားမရွိေတာ့ဘူးလား?"
သူ႕စကားဆုံးသြားေတာ့ ေတြးလိုက္မိသည္။
'ဟူး.. ကပ္သီးေလး ကယ္တင္လိုက္နိုင္ေပလို႔!"
ဇာတ္ၫႊန္း၏ မူရင္းအသုံးအႏႈန္းမွာ 'လြတ္ေျမာက္ဖို႔ စြမ္းအင္မရွိေတာ့ဘူးလား?' ဟူ၍ ျဖစ္သည္။ သို႔ေသာ္
ယခုမူ ေျပးလႊားေနသည့္ ဇာတ္ကြက္ကို ေက်ာ္လိုက္ရတဲ့ အတြက္ စာေၾကာင္းမ်ားကို သဘာဝအတိုင္း ေျပာင္းလဲ
ေပးရမည္ျဖစ္သည္။
ကုေဖးတိသည္ သူ၏ ထူးဆန္းေသာအမူအရာအား တုံ႕ျပန္ျခင္းမရွိသည္ကို ျမင္လိုက္ရသျဖင့္ စိတ္သက္သာရာရသြားကာ ေနာက္ထပ္စာေၾကာင္းကို ထပ္႐ြတ္ဆိုလိုက္သည္။
"ငါ ဆက္ၿပီး..."
မင္းနဲ႕တိုက္ခ်င္ေသးတယ္....
..ဟိုးထား! စာေၾကာင္းရဲ႕ ေနာက္အပိုင္းက မမွန္ဘူး။
သူက ကုေဖးတိနဲ႕ လုံးဝ မတိုက္ခဲ့တာမို႔ ဘာမွ ဆက္တိုက္ဖို႔ မလိုဘူးေလ!
သူသည္ အလ်င္အျမန္ လက္ရွိအေျခအေနနဲ႕ ကိုက္ညီတာကို ထုတ္ေျပာလိုက္သည္။
"...မင္းရဲ႕ လွပတဲ့ မ်က္ႏွာေလးကို ၾကည့္ခ်င္ေသးတယ္"
ဇာတ္ၫႊန္းသည္ စက္ဝိုင္းအတိုင္း ျပန္လည္ပတ္ေနၿပီး မိစာၦဂိုဏ္း၏ သခင္ငယ္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးသည္ ရႈပ္ပြေနေသာအမွိုက္ပုံထဲတြင္ မရွိေပ။ အေျပာင္းအလဲတိုင္းကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပဳလုပ္နိုင္တဲ့ သူ႕ရဲ႕ ကိုယ္ပိုင္စြမ္းရည္ကို သူေလးစားမိသည္။
ဒါေပမယ့္ သူစဥ္းစားၾကည့္ေတာ့ နည္းနည္း ထူးဆန္းေနေသးသလားလို႔။
ဘာလဲ.. အားမရွိေတာ့ဘူးလား? ငါဆက္ၿပီး မင္းရဲ႕ လွပတဲ့ မ်က္ႏွာေလးကို ၾကည့္ခ်င္ေသးတယ္။
ကုေဖးတိက စုယန္ရဲ႕မ်က္လုံးေတြကို အၾကည့္စူးစူးရဲရဲေတြနဲ႕ စိုက္ၾကည့္ေနသည္။ ေဒါသတစ္ခုက သူ႕မ်က္ႏွာတစ္ျပင္လုံး ပ်ံ့ႏွံ႕သြားကာ ဓားျမႇောင္ကဲ့သို႔ စူးရွေန၏။
"မင္း.. ငါ့ကိုသတ္ခ်င္သတ္လိုက္ေလ.. ဘာလို႔ လာေစာ္ကားေနရတာလဲ!" ကုေဖးတိက အံႀကိတ္ကာ ေျပာလိုက္သည္။
စုယန္ "....."
ေကာင္းၿပီ။ ဘာမွားသြားတာလဲဆိုတာ သူသိၿပီ။
ကုေဖးတိသည္ သူစာေၾကာင္းမ်ား မမွန္မကန္ ႐ြတ္ေနေသာေၾကာင့္ ေဒါသထြက္သြားသည္မွာ အံ့ၾသစရာမဟုတ္ေပ။
သူသည္ အခ်ိန္အေတာ္ၾကာ ေျပာစရာစကားလုံးမ်ား ေပ်ာက္ဆုံးေနၿပီး အနည္းငယ္ စိတ္တိုလ်က္ ေတြးေတာလိုက္သည္။
'ဒီဇာတ္ကြက္က ပ်က္စီးသြားတယ္လို႔ ယူဆလို႔မရဘူး ဟုတ္တယ္မလား? ဇာတ္လိုက္က ငါ့ေၾကာင့္ စာေၾကာင္းေတြ မွားေျပာရေပမယ့္ သူေျပာသမွ်က ငါ့အေပၚ ရန္ၿငိဳးေတြနဲ႕ ျပည့္ႏွက္ေနတယ္ေလ.. အေျခခံအားျဖင့္ေတာ့ မပ်က္စီးသြားေလာက္ဘူးလို႔ ေျပာလို႔ရတယ္'
စုယန္သည္ သူ႕ကိုယ္သူ ေအာင္ျမင္သည္ဟု ယူဆလိုက္ၿပီး ဇာတ္ၫႊန္းအတိုင္း ဆက္လက္လုပ္ေဆာင္ရန္ ဆုံးျဖတ္လိုက္သည္။
"တကယ္ေတာ့ မင္း အခ်ည္းႏွီး ျဖစ္မသြားပါဘူး" စုယန္က ၿပဳံးၿပီး ဆက္ေျပာလိုက္သည္။
"ေက်ာက္စိမ္းအိမ္ေတာ္က တံခါးဖြင့္တိုင္း
ေက်ာက္စိမ္းေခါင္းေလာင္း ေျခာက္ဆယ့္ေျခာက္လုံးက ေမ့က်ဴးေတာင္ေပၚမွာ ျပန႔္က်ဲေနလိမ့္မယ္။
ေက်ာက္စိမ္းေခါင္းေလာင္းနဲ႕ ဂိတ္ဝကို ေအာင္ေအာင္ျမင္ျမင္ ေရာက္ရွိလာတဲ့လူေတြကသာ တရားဝင္ အကဲျဖတ္ျခင္းခံရၿပီး ဝင္ေရာက္နိုင္တယ္။ ဒီေတာ့ မင္းမွာရွိေနတဲ့ ေက်ာက္စိမ္းေခါင္းေလာင္းကို ငါ့ဆီလႊဲၿပီး တျခားလူတစ္ေယာက္ဆီက ေက်ာက္စိမ္းေခါင္းေလာင္းကို မင္းျပန္ယူလိုက္.. ဒီေတာထဲမွာ မင္းႏွစ္ခ်က္လႈပ္ရွားလိုက္႐ုံနဲ႕ ျဖဳတ္ခ်နိဳင္တဲ့ လူေတြ အမ်ားႀကီးရွိတယ္.. အဲ့တာကို ကာကြယ္ရတာ ထိုက္တန္ရဲ႕လား..."
"မင္းက ေက်ာက္စိမ္းေခါင္းေလာင္းကိုပဲ လိုခ်င္တာလား"
စုယန္ ေျပာလို႔မၿပီးခင္မွာပဲ ကုေဖးတိက သူ႕ကို ျဖတ္ေျပာလိုက္၏။
ကုေဖးတိက သိသိသာသာ အသက္ရႉမဝေတာ့ေပမယ့္ သူ ေတာင့္ခံထားဆဲျဖစ္ၿပီး လဲက်မသြားေပ။ သူသည္ သူ၏ ေသြးစြန္းေနေသာ မ်က္ႏွာႏွင့္ စုယန္ကို ေမာ့ၾကည့္ကာ ေခါင္းမာမာျဖင့္ ထပ္ေမးလိုက္သည္။
"ေက်ာက္စိမ္းေခါင္းေလာင္းကိုပဲ လိုခ်င္တာလား?"
စုယန္ မ်က္ေတာင္ တဖ်တ္ဖ်တ္ ခတ္လိုက္သည္။
ဘာေတြျဖစ္ေနတာလဲ?
ကုေဖးတိရဲ႕ ဂႏၲဝင္အေျဖက 'ငါဒီမွာ ေျမျမႇုပ္ခံရရင္ေတာင္ ေက်ာက္စိမ္းေခါင္းေလာင္းကို မိစာၦဂိုဏ္းက တစ္ေယာက္ေယာက္ဆီ လႊဲမေပးနိုင္ဘူး!' ျဖစ္ရမွာ မဟုတ္ဘူးလား?
အို.. ဒီက ညီငယ္ေလးရဲ႕.. မင္းက ဇာတ္လိုက္ျဖစ္တဲ့အတြက္ မင္းရဲ႕စာေၾကာင္းေတြကို က်ပန္း ေလွ်ာက္ေျပာင္းလို႔ မရဘူးေလ!
_17.11.21
စာေရးဆရာမွာ ေျပာစရာရွိပါတယ္:
စုယန္: မင္းဒီလို ဆက္လုပ္ေနမယ္ဆိုရင္ ငါဇာတ္လမ္းကို ေရွ႕ဆက္လို႔ရမွာ မဟုတ္ေတာ့ဘူး!
Thanks for reading ❣️