သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

379K 68.4K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၄|
|၁၅|
|၁၆|
|၁၇|
|၁၈|
|၁၉|
|၂၀|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၄|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၄၉|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၂|
|၆၃|
|၆၄|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၆၁|

4K 798 39
By Aoiyuki01

အခန္း(၆၁)အဆိပ္ကိုဆိပ္နဲ႔တိုက္ထုတ္

"ဟင္း..."

ရွီက်င္းသည္ ဧည့္ခန္းထဲရွိ ဆိုဖာေပၚတြင္
ေျခပစ္လက္ပစ္လွဲေလွာင္းရင္း ပူပန္ေသာက
ေရာက္ဟန္ သက္ျပင္းမ်ားလိမ့္ခ်ေနသည္။

ထို႔ေၾကာင့္ ေရွာင္စစ္လည္း စိုးရိမ္စြာျဖင့္
<က်င္းက်င္း ဘာမ်ားျဖစ္လို႔လဲ?>

"႐ုံးပိုင္းဆိုင္ရာအခ်စ္ဇာတ္လမ္းရဲ႕ေကာင္းက်ိဳး
ဆိုးက်ိဳးကို ပိုင္းျခားစိတ္ျဖာေနတာ"

ရွီက်င္းဟာ သက္ျပင္းႀကီးစြာခ်ရင္း ျပန္ေျပာသည္။

ေရွာင္စစ္ အူလည္လည္ျဖစ္သြားေလသည္။
<႐ုံးပိုင္း? က်င္းက်င္းက ႐ုံးခန္းတစ္ခု
လိုခ်င္လို႔လား?>

"ခ်က္က်လက္က်ေျပာရရင္ ငါက အလုပ္လက္မဲ့
ကေလကဝတစ္ေကာင္ေလ—ငါက ဘာကိစၥ
႐ုံးခန္းလိုခ်င္ရမွာလဲ?"

ရွီက်င္းသည္ ကိုယ္ကိုလွိမ့္ကာ ေမွာက္လ်က္
အေနအထားျဖင့္ ျပတင္းေပါက္အျပင္ဘက္မွ
မိုးစရြာေတာ့မည့္ဟန္ တဖြဲဖြဲက်ဆင္းလာေသာ
မိုးစက္ေလးမ်ားကို ၾကည့္ေနမိၿပီး
မိႈင္ေတြေတြေျပာသည္။

"လ်န္ကၽြင္းက ငါ့အလုပ္ရွင္ေဘာ့စ္ျဖစ္ခဲ့တယ္:
ငါက သူ႔အတြက္အလုပ္လုပ္ေပးၿပီး သူက ငါ့ကို
လုပ္အားခေပးတယ္—အဲ့တာက လူတိုင္းနားလည္တဲ့
ျပတ္ျပတ္သားသားလဲလွယ္မႈတစ္ခုပဲ။ အခုက်
ငါတို႔ႏွစ္ဦးၾကားဆက္ဆံေရးက ေခါင္းစဥ္ေျပာင္း
သြားေတာ့ သူ႔ဘက္က လစာဆက္ေပးေနတာေတာင္
မသိစိတ္အရ ငါ့ကိုအလုပ္မလုပ္ေစခ်င္ေတာ့ဘူး...
ေျပာခ်င္တာက ငါအခ်ဳပ္ေႏွာင္ခံေနရၿပီဆိုတဲ့
သေဘာလား?ေကာင္းၿပီ၊ သူ႔ဘက္က အဲ့လိုဆိုလိုတာ
မဟုတ္ဘူးဆိုတာသိေပမဲ့လည္း"

ရွီက်င္း၏ေကာက္ခ်က္မွာ မွန္ကန္သည္ဟု
ေရွာင္စစ္မထင္ပါ။ ထို႔ေၾကာင့္ ျငင္းဆန္လိုက္သည္။

<ဒါေပမဲ့ က်င္းက်င္းအလုပ္လုပ္ေနတာပဲေလ—
က်င္းက်င္းရဲ႕အလုပ္က ဒါလင္နဲ႔အတူရွိေနၿပီး
ကာကြယ္ေပးဖို႔လို႔ သူေျပာခဲ့တာပဲမလား?
သူနဲ႔ေန႔တိုင္းအတူစားတယ္ နွိပ္ေပးတယ္
ဂ႐ုစိုက္ေပးတယ္...ၿပီးေတာ့ က်င္းက်င္း
ေသခ်ာအေကာင္းဆုံးလုပ္ေပးလို႔ ဒါလင္လည္း
ကိုယ္အေလးခ်ိန္တက္လာၿပီေလ>

ရွီက်င္း အံ့အားတႀကီး ႏႈတ္ဆိတ္သြားသည္။
ေရွာင္စစ္ေျပာစကားမ်ားက အဓိပၸါယ္ရွိပါေပသည္။
သူဟာ 'Gua Si'ဟူသည့္ေနရာကို
လက္ခံရရွိတည္းက သူ႔တာဝန္မွာ လ်န္ကၽြင္းနဲ႔
အတူရွိေနေပးဖို႔ဆိုၿပီး ေျပာခဲ့တာပဲမဟုတ္လား?
အဲ့လိုရႈေထာင့္မ်ိဳးက ၾကည့္လွ်င္ သူက
ေသခ်ာေပါက္ မရပ္မနားအလုပ္လုပ္ေနတာပဲပင္။

ဒါေပမဲ့....ဒါက သိပ္မမွန္ေသးဘူးလို႔ ခံစားေနရတယ္

သူသည္ မ်က္ေမွာင္ၾကဳပ္လ်က္
ပက္လက္လွန္လိုက္ျပန္သည္။ တခဏေလာက္
ေတြးေတာၿပီးမွ ခ်က္ခ်င္းဆိုသလို မတ္မတ္ထထိုင္ကာ

"မဟုတ္ဘူး မွားေနၿပီ—ငါ ဒီလိုေတြအားလုံး
လုပ္ေပးေနတာက သူ႔ကိုခ်စ္လို႔ေလ။ တာဝန္ေၾကာင့္မွ
မဟုတ္တာ။ သူ႔ကိုဂ႐ုစိုက္ေပးတဲ့ကိစၥကို
ဘယ္လိုလုပ္အလုပ္တစ္ခုလို သတ္မွတ္ရမွာလဲ?"

ထိုအခါ ေရွာင္စစ္သည္ တြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္
လွမ္းေျပာသည္။

<ဒါေပမဲ့...က်င္းက်င္းနဲ႔ဒါလင္တို႔ ခ်စ္သူေတြ
မျဖစ္ခင္ကတည္းက က်င္းက်င္းလုပ္ေပးခဲ့တာပဲ။
အဲ့တာက က်င္းက်င္းအလုပ္မို႔လို႔ေလ...ဟို...
က်င္းက်င္း ဘာကိုဝိေရာဓိျဖစ္ေနမွန္း ေရွာင္စစ္ေတာ့
တကယ္နားမလည္ေတာ့ဘူးေရာ္..>

ေရွာင္စစ္စကားမ်ားကို ျပန္မေခ်ပႏိုင္ေတာ့သျဖင့္
ရွီက်င္ပါးစပ္ပိတ္သြားသည္။ အခ်ိန္ေတာ္ေတာ္ၾကာ
သည္အထိ စြံ႕အစြာ ေတာင့္ေတာင့္ႀကီးထိုင္ေနမိ
သည္။ တစ္ေအာင့္ေနမွ ဆိုဖာေပၚ ေပ်ာ့ေခြစြာ
ျပန္မွီရင္း သက္ျပင္းခ်ျပန္သည္။

"ငါတို႔ခ်စ္သူေတြမျဖစ္ခင္အထိကေတာ့ ဒါက
အဆင္ေျပတယ္...အခုက ခ်စ္သူေတြျဖစ္လ်က္နဲ႔
သူ႔ကိုဂ႐ုစိုက္တဲ့လုပ္အားခရေနတာႀကီးက
ဟုတ္မေန... ၿပီးေတာ့ ဒီကိစၥႀကီးကိုအသာထားဦး
ငါက ဒီတိုင္း သူကိုပိုကူညီခ်င္တယ္—သူကိုယ္တိုင္
ေအာက္ေျခထိအလုပ္လုပ္ေနရေတာ့ စိုးရိမ္စရာေတြ
အမ်ားႀကီးရွိမွာပဲေလ..."

ဥပမာ အခုဆို Gua Yiႏွင့္က်န္သူမ်ား၏
အဖြဲ႕အစည္းေလးခုကိုဖ်က္ဆီးမည့္အလုပ္ေၾကာင့္
လ်န္ကၽြင္း လြန္စြာအစြန္းေရာက္ေနသည္။
အစည္းအေဝးၿပီးသည္ႏွင့္ Gua Jiuကိုေခၚကာ
သတင္းအခ်က္အလက္ခိုင္မာေစရန္ႏွင့္
အေပါင္းအပါေလးေယာက္၏အလုပ္မ်ားကို
ကူညီေပးရန္ ေျပာလိုက္သည္။ လ်န္ကၽြင္းသည္
အလုပ္မ်ားလြန္းလို႔ ေန႔လယ္စာေတာင္ထမစားေတာ့ဘဲ
စားပြဲတြင္သာ ျဖစ္သလိုတစ္ခုခုစားသည္။

Gua Yiတို႔မွာအဆင္သင့္ျဖစ္ရန္ ေယာက္ယက္ခတ္
အလုပ္ရႈပ္ေနၾကသည္။ အဖြဲ႕အစည္းေလးခုမွာ
လုံးဝမတူညီေသာဦးတည္ဘက္တစ္ခုစီမွာရွိၾကၿပီး
တစ္ဖြဲ႕ဆိုလွ်င္ နယ္စပ္အေက်ာ္တြင္ရွိေနသည္။
သူတို႔သည္ လိုအပ္ေသာပစၥည္းကိရိယာ
အေထာက္အပံမ်ားအားလုံးကို ျပင္ဆင္ၿပီး
လူအင္အားစုစည္းျခင္း၊ ရန္သူ၏အခ်က္အလက္မ်ားႏွင့္
ရင္ႏွီးေအာင္လုပ္ျခင္း၊ တည္ေနရာကို အလ်င္အျမန္
သြားေရာက္ၿပီး တိုက္ခိုက္ေရးအစီအစဥ္ေရးဆြဲရန္ျဖင့္
လူတိုင္းနီးပါးအလုပ္ရႈပ္ေနၾကသည့္ၾကားတြင္
ရွီက်င္းတစ္ေယာက္ကသာ ဘာမွအကူအညီမေပးႏိုင္
ျဖစ္ေနသည္။ ထို႔ေၾကာင့္ သူ၏အားလပ္ခ်ိန္မ်ားကို
'႐ုံးပိုင္းအခ်စ္ဇာတ္လမ္း'အေၾကာင္း ေတြးေတာရင္း
ျမဳပ္ႏွံထားေလသည္။

"ငါက တကယ္အသုံးမက်တာပဲ"
သူသည္ သက္ျပင္းခ်လ်က္ ပါးစပ္မွရြတ္ဆိုလိုက္သည္။

"ကိုယ့္ကိုယ္ကိုယ္ေတာ့ သေဘာေပါက္သားပဲ"

ဘယ္အခ်ိန္တည္းက ဧည့္ခန္းထဲေရာက္ေနမွန္း
မသိေသာေဖးယြီက်င့္မွ သေရာ္လိုက္ေလသည္။

ရွီက်င္း ထိုသူကို ေမာ့ၾကည့္လိုက္သည္။
အနည္းငယ္စိုစြတ္ေနေသာဆံပင္ႏွင့္ ဝတ္စုံေပၚမွ
မိုးေရမ်ားကိုျမင္လိုက္ရ၍ အခုေလးတင္
အျပင္ကျပန္ေရာက္လာမွန္း ခန္႔မွန္းမိလိုက္သည္။
မ်က္လုံးေအာက္ညိဳမဲေနသည္ကိုလည္း သတိထားမိရာ
လႊတ္ကနဲ ေျပာမိလိုက္သည္။

"မေန႔ညက ေကာင္းေကာင္းအိပ္မေပ်ာ္တဲ့ပုံပဲ—
အိမ္မက္ဆိုးေတြ မက္လို႔လား?"

ဒီလိုဗီလာကျမင္ကြင္းမ်ိဳးကို ျမင္လိုက္ရသည့္
သာမန္လူဘယ္သူမဆို အနည္းဆုံးတစ္ႀကိမ္ေလာက္
အအိပ္ပ်က္ႏိုင္သည္။ ေဖးယြီက်င့္၏မ်က္ကြင္းမ်ားက
အလြန္ညိဳမဲေနသျဖင့္ ညက ေကာင္းေကာင္းအိပ္မရ
ျဖစ္ခဲ့သည္မွာ ေသခ်ာသည္။

ေဖးယြီက်င့္ ေတာင့္ခဲသြားကာ

"မင္းလိုမ်ား ထင္ေနလား?"
ထိုသို႔ သေရာ္ေျပာေျပာၿပီးေနာက္ ပုံမွန္ထက္
ခပ္ျမန္ျမန္ေလွ်ာက္ကာ လွည့္ထြက္သြားေတာ့သည္။

ရွီက်င္းလည္း ထိုသူအား တိတ္တဆိတ္ၾကည့္ကာ
အစ္ကို၏ေခါင္းေၾကာမာပုံေၾကာင့္ စြံ႕အမိလ်က္
က်န္ခဲ့သည္။ ထို႔ေနာက္ ျပတင္းေပါက္ဘက္သို႔
ေခါင္းလွည့္ကာ မိုးေရမ်ားၾကားတြင္ ယာဥ္တန္းမ်ား
စီစဥ္ေနေသာGua Sanအဖြဲ႕သားမ်ားကို
လွမ္းၾကည့္လိုက္သည္။ထိုစဥ္
ဗီလာကအျဖစ္ဆိုးႀကီးကိုျပန္ေတြးမိကာ
စိတ္မေအးႏိုင္ေတာ့ေခ်။

မ်က္လုံးတစ္လုံးအတြက္ မ်က္လုံးတစ္လုံး
ဒါေပါ့ အရမ္းစိတ္လႈပ္ရွားစရာေကာင္းတာေပါ့...
ဒါေပမဲ့ Annihilationဘက္က ျပန္တိုက္ရင္လည္း
ဒီဘက္ကလူေတြ ဘယ္သူမွမထိခိုက္ဘူးဆိုတာ
မျဖစ္ႏိုင္ဘူး...မေတာ္လို႔ ေသေတာင္ေသႏိုင္...

ကနဦးျပင္ဆင္မႈမ်ားၿပီးစီးသြားၿပီျဖစ္ရာ Gua Yiႏွင့္
က်န္သုံးဦးမွာ သူတို႔လူကိုယ္စီေခၚေဆာင္ကာ
တာဝန္က်ေသာမစ္ရွင္ဦးတည္ရာပန္းတိုင္ဆီသို႔
ထြက္ခြာၾကေတာ့သည္။

လ်န္ကၽြင္းႏွင့္ရွီက်င္းတို႔သည္ ထိုသူတို႔ကို
အတူတကြထြက္ပို႔ၾကၿပီး ကားတန္းမ်ား
လမ္းတစ္ေလွ်ာက္ေကြ႕ေမာင္းေပ်ာက္ကြယ္သြား
သည္အထိ ၾကည့္ေနမိသည္။

"ရွီက်င္း...မင္းက ကိုယ့္ခ်စ္သူမကလို႔ ကိုယ့္ရဲ႕ထူးခၽြန္
ေျပာင္ေျမာက္တဲ့လက္ေအာက္ငယ္သားေတြထဲက
တစ္ေယာက္ဆိုတာ မေမ့ပါဘူး။ မင္းကို
ကိုယ့္ေဘးမွာပဲခ်ဳပ္ေႏွာင္ၿပီး တိုးတက္ႀကီးထြားခြင့္
မျပဳဘဲ မင္းအရည္အခ်င္းေတြ အလဟႆျဖစ္ဖို႔
မရည္ရြယ္ပါဘူး"

လ်န္ကၽြင္းသည္ ရွီက်င္းလက္ကိုဆြဲကိုင္ကာ
လမ္းအဆုံးဆီသို႔ ေငးၾကည့္ေနရင္း တိုးတိုးဆိုသည္။

"ကိုယ္ကိုယ္တိုင္ မင္းကို တိုက္ပြဲေျမျပင္ဆီ
လႊတ္ၿပီး မင္းဒီလိုထြက္သြားမဲ့ပုံမ်ိဳးကိုျမင္ရဖို႔
ခံႏိုင္ရည္မရွိလို႔ပါ။ အႀကီးစားတိုက္ပြဲ
အရႈပ္အေထြးေတြကိုကိုင္တြယ္ေျဖရွင္းဖို႔
မင္းအေတြ႕အၾကဳံမရွိေသးသလို ကိုယ့္စိတ္ကလည္း
အဲ့အတြက္အဆင္သင့္မျဖစ္ေသးဘူး။
ေလာေလာဆယ္ေတာ့ မင္းကို အႏၲရာယ္ေတြၾကားထဲ
မပို႔ႏိုင္ဘူး—ကိုယ္တို႔ အသင့္မျဖစ္ေသးဘူး...
မင္းေရာ ကိုယ္ေရာ...အဲ့တာေၾကာင့္ ကိုယ့္ကို
ေက်းဇူးျပဳၿပီး အခ်ိန္နည္းနည္းေလာက္ေပးႏိုင္မလား
ရွီက်င္း?"

ရွီက်င္းေအးခဲမိသြားသည္။လ်န္ကၽြင္းကိုၾကည့္ရင္း
မသိစိတ္အရ ထိုသူလက္ကို ခပ္တင္းတင္းဖိဆုပ္
မိသည္။

"လ်န္ကၽြင္း..."

"ကိုယ့္ကို အဲ့လိုမ်ိဳးေခၚတာ တကယ္သေဘာက်တယ္"
လ်န္ကၽြင္းသည္ ရွီက်င္းကိုေမာ္ၾကည့္ရင္း
လက္ဖမိုးေလးကို နမ္း႐ွိဳက္လိုက္သည္။

"ကိုယ္တို႔ဆက္ဆံေရး ေရရွည္တည္ၿမဲခ်င္တယ္ဆိုရင္
အတူတူလက္တြဲလုပ္ကိုင္ဖို႔ေလ့လာတာက
မျဖစ္မေနလိုအပ္တယ္။ကိုယ္က တအားအလုပ္မ်ားလို႔
တခ်ိဳ႕အခ်ိန္ေတြမွာ အေရးႀကီးတဲ့ကိစၥေတြကိုေတာင္
လစ္ဟင္းမိတယ္။ အဲ့လိုေတြမင္းအေပၚလုပ္မိရင္
ကိုယ့္ကိုေျပာပါ—မင္းစိတ္မခ်မ္းသာတာမ်ိဳး
ကိုယ္မလိုခ်င္ဘူး"

သူဒီလိုေျပာတာကို ၾကားလိုက္ရေသာအခါ
ရွီက်င္းႏွလုံးသားမွာလည္း တဟုန္ခ်င္းႏူးညံ့သြားရသည္။

ဒီအမ်ိဳးသားဟာ ဘယ္လိုလုပ္ အဲ့ေလာက္ညင္သာၿပီး
ေတြးေခၚတတ္ရတာလဲ?

ရွီက်င္းဘက္က တစ္ခါေလးပဲေမးခဲ့ဖူးၿပီး ေနာက္ပိုင္း
အနည္းငယ္စိတ္ဓာတ္က်ခဲ့ေသာ္လည္း လ်န္ကၽြင္း
သတိမထားမိေအာင္ ဒီကိစၥကို တမင္တကာ
ေရွာင္တိမ္းေနခဲ့သည္။ အဲ့တာေတာင္ လ်န္ကၽြင္းက
ရိပ္မိခဲ့ၿပီး အေရးတႀကီးအလုပ္ကိစၥမ်ား
ၿပီးျပတ္သည္ႏွင့္ သူ႔ခံစားခ်က္မ်ားကို ရွီက်င္းအား
ေလးေလးနက္နက္ရွင္းျပေပးသည္။

ဒါေၾကာင့္ သူ မေနႏိုင္စြာ ကိုယ္ကိုကိုင္းၿပီး
သူ႔ခ်စ္သူအား ေပြ႕ဖက္လိုက္ေတာ့သည္။

"ကၽြန္ေတာ္ နည္းနည္းေတာ့မေပ်ာ္ေပမဲ့ အဲ့တာက
ခင္ဗ်ားေၾကာင့္မဟုတ္ပါဘူး။ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္
အားမရလို႔။ ခင္ဗ်ားကိုဘာမွအကူအညီမေပးႏိုင္သလို
ခံစားရတယ္...ေတာင္းပန္ပါတယ္ ခင္ဗ်ားက
ဒီေလာက္အလုပ္မ်ားေနတာကို ကၽြန္ေတာ့္အတြက္
စိတ္ပူေအာင္ပါ လုပ္မိသြားတယ္"

"မင္းအတြက္ စိတ္ပူတာက ကိုယ့္ဆႏၵပါ"
လ်န္ကၽြင္းဟာ သူ႔ဆံပင္မ်ားကိုပြတ္သပ္ေပးရင္း
ေခ်ာ့ေျပာသည္။

"ကိုယ့္အနားမွာ မင္းရွိတာကိုက အႀကီးမားဆုံး
အကူအညီျဖစ္ေနျပီ"

အို....ခင္ဗ်ားမွာ ပါးစပ္ခ်ိဳခ်ိဳေလးရွိတာပဲ

ရွီက်င္း၏မ်က္ခုံးမ်ား ျပန္လည္ေခ်ာေမြ႕သြားကာ
ဝမ္းနည္းေနေသာစိတ္သည္လည္း အစအနတစ္ခု
မက်န္ ေပ်ာက္ရွသြားသည္။ ျပဳံးခ်င္စိတ္ႏွင့္
အားငယ္မႈၾကား လြန္ဆြဲေနရၿပီး လ်န္ကၽြင္းဟာ
ယခုအခ်ိန္တြင္ သူ႔ကို ႏွစ္သိမ့္ေပးေနမွန္း
ေကာင္းေကာင္းႀကီးသိေသာ္လည္း သူ႔ကိုယ္သူ
နွစ္သိမ့္ခြင့္ေပးရန္ အျပည့္အဝဆႏၵရွိေနဆဲပင္။

အခ်စ္ဟာ လူေတြကို ႐ူးႏွမ္းေစတယ္လို႔ေျပာၾကတယ္
ၾကည့္ရတာ သူလည္းခၽြင္းခ်က္မရွိဘူးထင္တယ္...

ဒါမွမဟုတ္ အခ်စ္က လူကို႐ူးသြပ္ေအာင္လုပ္တာ
မဟုတ္ဘဲ လူေတြကိုက သူတို႔ခ်စ္ရသူေတြကို
ဝန္ထုပ္ဝန္ပိုးထပ္မေပးခ်င္တာေၾကာင့္
သူတို႔ကိုယ္တိုင္ အ႐ူးျဖစ္ဖို႔ ဆႏၵရွိေနၾကတာျဖစ္မယ္

ညစာစားၿပီးခ်ိန္မွာ ေလးေယာက္သားဆီမွ
ပထမဆုံးမက္ေဆ့ခ်္ေရာက္လာသည္—ရန္သူ၏
ဌာနခ်ဳပ္အနီးသို႔ ေရာက္ရွိၿပီး တပ္ဖြဲ႕ဝင္မ်ားႏွင့္
လက္နက္အင္အားစုစည္းလ်က္ရွိေၾကာင္း
Gua Er သတင္းပို႔လာသည္။

ႏွစ္နာရီၾကာၿပီးေနာက္ Gua Sanႏွင့္Gua Wu
တို႔လည္း အေၾကာင္းၾကားလာသည္။လ်န္ကၽြင္းသည္
သူတို႔အေျခအေနမ်ားကိုေမးျမန္းၿပီး
အားလုံးအဆင္ေျပသည္ဆိုမွ ဘာမွထပ္မေျပာေတာ့ဘဲ
နည္းဗ်ဴဟာအစီအစဥ္မ်ားျပဳလုပ္သည့္အေပၚ
အာ႐ုံစိုက္ရန္သာ မွာသည္။

ဒီလိုႏွင့္ ညသန္းေခါင္အခ်ိန္မွ လမ္းခရီးအရွည္ဆုံး
သြားရေသာGua Yiမွ သတင္းပို႔လာေတာ့သည္။
ဦးတည္ရာပန္းတိုင္ကိုေရာက္ရွိၿပီး အဖြဲ႕ဝင္မ်ား
ခ်ိန္ညွိ႔ျခင္းႏွင့္ လႈပ္ရွားမႈမ်ားျပင္ဆင္ဖို႔
Annihilationေဒသခံဌာနခြဲျဖင့္ ပူးေပါင္း
ေဆာင္ရြက္ေနသည္။

အခုအခ်ိန္ထိေတာ့ ဘာအတားအဆီးမွမရွိေသးေပ။
သတင္းအခ်က္အလက္မ်ားဖလွယ္ၿပီးေနာက္
ေလးေယာက္စလုံးမွာ တူညီေသာအစီအစဥ္ကို
မတုံ႔ဆိုင္းစြာ ေရြးခ်ယ္ၾကသည္—တပ္ဖြဲ႕ဝင္မ်ား
ေနရာတက်ျဖစ္သည္ႏွင့္ လွ်ပ္တစ္ျပက္တိုက္ခိုက္ၿပီး
ရန္သူကိုဖမ္းဆီးမည္။

လ်န္ကၽြင္းလည္း သူတို႔၏နည္းဗ်ဴဟာစီစဥ္မႈမ်ားအေပၚ
ၾကားဝင္မကန္႔ကြက္ဘဲ သတင္းေကာင္းေစာင့္ေနမည္
ဟူ၍သာ ဆိုသည္။

ဤညကေတာ့ အိပ္ေရးပ်က္ဖို႔ ကံပါလာေလသည္။

Annihilation၏အင္အားသည္ သံသယဝင္စရာ
မရွိပါ။ မနက္တစ္ခ်က္ထိုးေက်ာ္ခ်ိန္ေလာက္တြင္
တိုက္ပြဲေခၚသံကို ပထမဆုံးတီးခတ္သူမွာ
Gua Erျဖစ္သည္။သူသည္ လ်န္ကၽြင္းႏွင့္
တစ္ခ်ိန္လုံးဆက္သြယ္ေနၿပီး တိုက္႐ိုက္ထုတ္လႊင့္
အစီရင္ခံသည္။ Gua Erေျပာပုံအရ
သူ႔တပ္ဖြဲ႕သည္ ရန္သူအဖြဲ႕အစည္းကို
ဖိႏွပ္နင္းေျခႏိုင္ခဲ့ၿပီး ေခါင္းေဆာင္ကို
အရွင္ဖမ္းမိ႐ုံသာမက ေငြစာရင္းစာအုပ္မ်ားအစရွိေသာ
လွ်ိဳ႕ဝွက္မီးခံေသတၱာကိုပါ ရွာေတြ႕ေလသည္။
ဒါဟာ ႀကီးမားေသာအျမတ္ရမႈပင္။

ၿပီးေနာက္ မၾကာမွာပဲ Gua Sanႏွင့္Gua Wuတို႔
လည္း လႈပ္ရွားၿပီး ရန္သူအားထိုနည္းအတိုင္း
ေခ်မႈန္းေလသည္။ သို႔ေပမဲ့ Gua Sanသည္
ေခါင္းေဆာင္ျဖစ္သူအား အမိမရခဲ့ေခ်။
ထိုသူသည္ ရႈံးေတာ့မည္ဆိုတာေသခ်ာသည္ႏွင့္
ကိုယ့္အသက္ကိုယ္ ႏုတ္ယူပစ္ခဲ့တာေၾကာင့္ျဖစ္သည္။

Gua Yiကေတာ့ ေနာက္ဆုံးမွလႈပ္ရွားေလသည္။
သူတာဝန္ယူထားေသာအဖြဲ႕အစည္းမွာ
Gunfireအတြက္ လြန္စြာအေရးပါသည့္အတြက္
စခန္းတည္ေဆာက္ပုံႏွင့္ ခုခံအားတို႔မွာ
တိုက္ခိုက္ရ အလြန္ခဲယဥ္းလွသည္။
Gua Yiသည္လည္း သတိရွိပါသည္—
ရန္သူခံစစ္စည္း၏အားနည္းေသာအခ်က္ကို
ဦးစြာခ်ိဳးဖ်က္ကာ သူ႔တည္ေနရာကိုလုံျခဳံေစၿပီးမွ
အလုံးစုံထိုးစစ္ကို စတင္လိုက္သည္။

ထို႔ေၾကာင့္ Gua Yi၏တိုက္ပြဲက ပိုမိုၾကာရွည္ခဲ့ၿပီး
မနက္အ႐ုဏ္တက္ခ်ိန္မွသာ ၿပီးဆုံးေလသည္။
သူသည္လည္း ရန္သူကိုေခ်မႈန္းႏိုင္ၿပီး ေခါင္းေဆာင္ကို
ကိုယ့္ကိုယ္ကိုယ္သတ္ေသသည္မွတားဆီးႏိုင္ကာ
အရွင္ဖမ္းမိခဲ့သည္။

ဒီလိုနဲ႔ပဲ လ်န္ကၽြင္းစီစဥ္ေသာမစ္ရွင္လည္း
ၿပီးစီးသြားသည္။ဒါဟာ တစ္ရက္ပင္ မၾကာလိုက္၊
သက္ေရာက္မႈက အံ့ၾသသင့္စရာပင္။

ရွီက်င္းဟာ လ်န္ကၽြင္းကိုအေဖာ္ျပဳေပးေန၍
ျဖစ္စဥ္တစ္ခုလုံးကို မ်က္ျမင္ေတြ႕ေနရေပသည္။
လ်န္ကၽြင္း သူ႔ကို ဒီတစ္ႀကိမ္မလႊတ္လိုက္တာ
မွန္လွသည္ဟု အၿမီႇးကုပ္ကာ ဝန္ခံမိသည္။
သူရဲ႕လက္ရွိခြန္အားႏွင့္အေတြ႕အၾကံဳအရ
Gua Erႏွင့္ တျခားသူမ်ားလုပ္ေဆာင္သလို
သူတကယ္မစြမ္းေဆာင္ႏိုင္ေသးေပ။

သာမန္ရာထူးနိမ့္ရဲဝန္ထမ္းတစ္ဦးႏွင့္ ဘဝ၌
အဆုံးအစမဲ့ေသာစစ္ပြဲမ်ားရင္ဆိုင္္ေနရသည့္
ေျမေအာက္ေလာက၏ဂိုဏ္းသားမ်ားၾကား
ခြန္အားကြာဟမႈသည္ ေလ့က်င့္မႈအနည္းငယ္ႏွင့္
အလုပ္နည္းနည္းလုပ္႐ုံျဖင့္ ေက်ာ္လႊားႏိုင္သည့္အရာ
မဟုတ္ေပ။

"တစ္ခါတည္း တပ္ဆုတ္လာခဲ့၊ Gunfireမိတာ
မခံရေစနဲ႔။ တပ္ဆုတ္တာကို ကာဗာလုပ္ဖို႔
တစ္ေယာက္ေယာက္လႊတ္ေပးမယ္ ဘာပဲျဖစ္ျဖစ္
ဂ႐ုစိုက္ဦး"

လ်န္ကၽြင္းသည္ ေနာက္ဆုံးေသာအမိန္႔ကို
ထုတ္ေျပာၿပီးေနာက္ ဝွီးခ်ဲကိုမွီခ်ကာ ႏွာ႐ိုးကို
နွိပ္နယ္ေနမိသည္။

ထိုအခါမွ ရွီက်င္းလည္း အေတြးထဲမွႏိုးထကာ
သူ႔ေဘးသို႔အျမန္ေရြ႕သြားၿပီး စိုးရိမ္တႀကီးေမးသည္။

"အနားယူခ်င္လား ကၽြင္းေရွာက္? တညလုံး
အလုပ္ေတြမ်ားခဲ့တာေလ"

လ်န္ကၽြင္းသည္ လက္ျပန္ခ်ကာ ရွီက်င္းကို
ၾကည့္လိုက္သည္။သူ႔မ်က္ႏွာထက္က
ပင္ပန္းႏြမ္းနယ္မႈမ်ား အနည္းငယ္လြင့္ပါးသြားကာ

"မင္းက လုပ္စရာမလိုဘဲနဲ႔ေတာင္ ကိုယ့္ေဘးမွာ
တစ္ခ်ိန္လုံးေနေပးခဲ့တာေလ။ ကိုယ္က သူတို႔
တပ္ဆုတ္တာကို ေစာင့္ၾကည့္ေနဖို႔လိုေသးတယ္
မင္းကေတာ့ သြားအိပ္ေတာ့။ Gua Jiuကို
အစားဝင္ဖို႔ ေခၚလိုက္မယ္ေလ"

လူငယ္ေလးပါးျပင္ကို ပြတ္သပ္ေပးရင္း
ေျပာေလသည္။

"ကၽြန္ေတာ့္တာဝန္က ကၽြင္းေရွာက္အနားရွိဖို႔ပါ။
အဲ့တာေၾကာင့္ ကၽြန္ေတာ္က ကိုယ့္အလုပ္ကိုယ္လုပ္႐ုံ
ပါပဲ"

ရွီက်င္းမွ အတည္ေပါက္ႀကီး အမွားျပင္ေပးသည္။
လ်န္ကၽြင္းလက္ကိုဖမ္းကိုင္ကာ အနမ္းတစ္ပြင့္ေပးၿပီး
အျပဳံးေလးျဖင့္ ဆိုသည္။

"ၾကည့္ရတာ ကၽြန္ေတာ္တို႔ နည္းနည္းၾကာၾကာ
ထပ္ေနရမဲ့ပုံပဲ။ ခဏေစာင့္ေနာ္...
ကၽြင္းေရွာက္ႏိုးႏိုးၾကားၾကားျဖစ္ေအာင္
ကၽြန္ေတာ္ ေသာက္စရာတစ္ခုခု ယူလာေပးမယ္"

လ်န္ကၽြင္းလည္း မတတ္ႏိုင္စြာ သူ႔နည္းသူ႔ဟန္ျဖင့္
ျပဳံးကာ ျပန္ေျဖလိုက္သည္။လူငယ္ေလးလက္ကို
ဖိဆုပ္ရင္း သေဘာတူဟန္ေခါင္းညိတ္ျပၿပီး
ရွီက်င္းကို အနားယူဖို႔ ထပ္မတိုက္တြန္းေတာ့ေပ။

မနက္ခင္းမိုးေသာက္ခ်ိန္၏ဦးစြာေသာ
အေငြ႕အသက္မ်ားက အေရွ႕ဘက္မိုးကုပ္စက္ဝိုင္းကို
ျဖတ္ေက်ာ္ကာ စတင္ထိုးေဖာက္ဝင္ေရာက္လာခ်ိန္
ျဖစ္ေလရာ လူတိုင္းနီးပါး အိပ္ေမာက်ေနဆဲ
ျဖစ္သည္။ ရွီက်င္းသည္ မီးဖိုေခ်ာင္ကို
တိတ္တိတ္ေလး ခပ္သုတ္သုတ္သြားကာ
ႏို႔တစ္ခြက္အပူေပးၿပီး သေရစာတခ်ိဳ႕ႏွင့္အတူ
လင္ဗန္းထဲထည့္ယူလာသည္။

ဧည့္ခန္းမွျဖတ္ေလွ်ာက္ေသာအခါ ျပတင္းေပါက္အနီးမွ
တစ္ေယာက္ထိုင္ဆိုဖာခုံေပၚတြင္ တစ္စုံတစ္ေယာက္
မွီတြယ္ေနေၾကာင္း သတိထားမိသြားသည္။
ရွီက်င္းလန္႔ျဖန္႔ကာ အနီးကပ္ၾကည့္ရန္ ထိုေနရာသို႔
ေကြ႕ပတ္ေလွ်ာက္သြားၿပီး ႏွစ္ခါေလာက္ေသခ်ာ
ျပန္ၾကည့္ေတာ့မွ မထင္မွတ္ထားစြာ ေဖးယြီက်င့္
ျဖစ္ေနခဲ့သည္။ ညဝတ္အက်ႌျဖင့္ ထိုသူ၏မ်က္ႏွာမွာ
အရင္ေန႔ကထက္ေတာင္ ပို၍ဆိုးရြားလာသည္။
မ်က္လုံးမ်ားမွိတ္ထားေသာ္လည္း မ်က္ခုံးမ်ား
တြန္႔ေကြးေနကာ အနက္ေရာင္မ်က္ကြင္းမ်ားမွာလည္း
ပိုမိုမဲေမွာင္ေနသည္။ သူ႔အေျခအေနကိုၾကည့္႐ုံနဲ႔
ဘာျဖစ္ေနသလဲဆိုတာ ခန္႔မွန္းရလြယ္ပါသည္။

"အိပ္မက္ဆိုးေတြ ထပ္မက္ျပန္ၿပီလား?"
ရွီက်င္း ေမးလိုက္သည္။

႐ုတ္တရက္ထြက္လာေသာအသံေၾကာင့္ လန္႔သြားကာ
ေဖးယြီက်င့္မ်က္လုံးမ်ား ခ်က္ခ်င္းပြင့္လာသည္။

"မဟုတ္ဘူး၊ ဒီတိုင္း ေစာေစာႏိုးလာလို႔
ေလေကာင္းေလသန္႔ထြက္ရွဴေနတာ"

ထိုသူသည္ ဝန္ခံဖို႔ ျငင္းဆန္ဆဲပင္။

အနည္းဆုံး ျပတင္းတစ္ေပါက္ေလာက္ဖြင့္ထားခဲ့ရင္
ခင္ဗ်ားေျပာတာက နည္းနည္းပိုယုတၱိရွိမွာေပါ့လို႔....

ဒါေပမဲ့ ရွီက်င္းထုတ္မေျပာခဲ့ပါ။ ထို႔ေနာက္တြင္မူ
လင္ဗန္းကိုတစ္ခ်က္ခ်ကာ ေဘးစားပြဲမွ
တစ္ခါသုံးခြက္ကိုယူၿပီး ႏို႔ေလာင္းထည့္ေပးလိုက္သည္။
ဗန္းထဲကမုန္႔နည္းနည္းခြဲေပးၿပီး ေျပာသည္။

"ႀကိတ္သည္းခံေနတာက သက္သာလာမွာမဟုတ္ဘူး
ဆိုတာ ခင္ဗ်ားသိပါတယ္။ အိပ္မေပ်ာ္ဘူးဆို
ညေနပိုင္းမွာ ႏြားႏို႔ပူပူေလးတစ္ခြက္ေသာက္လိုက္၊
အားကစားနဲ႔ေဖ်ာ္ေျဖေရးကလည္း စိတ္အပန္းေျဖ
ေစတာပဲေလ...ၿပီးေတာ့ အိပ္ရာမဝင္ခင္
စိတ္ဖိစီးမႈမ်ားတဲ့အလုပ္ေတြကိုလည္း ေရွာင္ဦး။
အဲ့အစား သူငယ္ခ်င္းတစ္ေယာက္နဲ႔စကားေျပာ
ရင္ဖြင့္ပစ္လိုက္—ဒါကို တစ္ေယာက္တည္း
ႀကိတ္ေျဖရွင္းေနတာထက္ေတာ့ ပိုေကာင္းတာေပါ့။
အခုလိုအတိုင္းသာ က်ပ္က်ပ္ဆက္လုပ္ေနရင္ေတာ့
စိတ္ေရာဂါရလာမွာ အေသအခ်ာပဲ"

"မင္း ငါ့ကိုက်ိန္ဆဲေနတာလား?"
ေဖးယြီက်င့္သည္ မ်က္ခုံးတို႔တြန္႔ခ်ိဳးလ်က္
ေမးလိုက္သည္။

သူ႔အစ္ကိုရဲ႕ဦးေႏွာက္အလုပ္လုပ္ပုံကို
ရွီက်င္း ဘယ္ေတာ့မွနားလည္မွာမဟုတ္ေၾကာင္း
ခံစားမိလိုက္ရသည္။ ထို႔ေၾကာင့္
အ႐ူးတစ္ေယာက္ကို ၾကည့္သလိုသာၾကည့္ရင္း
ဗန္းကိုေကာက္မကာ ေျပာလိုက္သည္။

"ဟုတ္တယ္ က်ိန္ဆဲေနတာ"
ၿပီးသည္ႏွင့္ ရွီက်င္းဟာ ထိုသူ႐ူးနဲ႔
အခ်ိန္ဆက္မျဖဳန္းခ်င္ေတာ့ဟန္ ဧည့္ခန္းထဲမွ
ထြက္သြားေတာ့သည္။

ရွီက်င္း၏ေနာက္ဆုံးအၾကည့္ေၾကာင့္
ေဖးယြီက်င့္ အသက္ရွဴက်ပ္မတတ္ျဖစ္သြားရသည္။
လူငယ္ေလးေနာက္ေက်ာကို ေငးၾကည့္ရင္းနဲ႔
ေဘးစားပြဲေပၚမွ ခ်ိဳေမႊးေသာရနံ႔ရွိသည့္မုန္႔ခ်ိဳမ်ားႏွင့္
အေငြ႕တေထာင္းေထာင္းထြက္ေနေသာႏြားႏို႔ဆီ
အၾကည့္ေရာက္သြားသည္။ သည္းမခံႏိုင္သည့္ႏွယ္
မ်က္ေမွာင္ၾကဳပ္ရင္း ဆိုဖာကိုျပန္မွီကာ
မ်က္လုံးတစ္စုံကို ျပန္လည္ပိတ္လိုက္ေလသည္။

မနက္ဆယ္နာရီတြင္ Gua Yiတို႔သည္
လုံျခဳံေသာေနရာဆီသို႔ တပ္ဆုတ္ခဲ့ၿပီျဖစ္ေၾကာင္း
အေၾကာင္းၾကားလာေတာ့သည္။ ထိုအခါမွ
လ်န္ကၽြင္းလည္း စိတ္သက္သာရာရသြားကာ
Gua Jiuကိုေခၚၿပီး တပ္ဆုတ္ျခင္း၏ေနာက္ဆက္တြဲ
အပိုင္းမ်ားကို မ်က္ေျခမျပတ္ဆက္ေစာင့္ၾကည့္ဖို႔
ေျပာသည္။ ထို႔ေနာက္ ရွီက်င္းကိုေခၚေဆာင္ကာ
သူ႔အခန္းဆီသို႔ ျပန္လာၾကေလသည္။

လ်န္ကၽြင္းကိုယ္လက္သန္႔စင္ၿပီးသည္အထိ
ရွီက်င္းေစာင့္ေပးကာ အိပ္ရာထက္ေနရာခ်ေပးၿပီးမွ
ထြက္သြားဖို႔ ျပင္လိုက္သည္။

သို႔ေသာ္လည္း မတိုင္မီမွာပဲ လ်န္ကၽြင္းက
သူ႔လက္ကိုဖမ္းလိုက္ကာ
"မအိပ္ဘူးလား?"

"အိပ္မွာပါ..အရင္ဆုံးေတာ့ ေရခ်ိဳးရမယ္ေလ"

လ်န္ကၽြင္းသည္ သူ႔အတြက္ေနရာလုပ္ေပးသည့္ဟန္
ကုတင္တစ္ဖက္သို႔ ေရြ႕ကာ
"ကိစၥမရွိဘူး လာခဲ့ေခ်"

တကယ္ေတာ့ ရွီက်င္းဟာ သူ႔အခန္းသူျပန္အိပ္ဖို႔
စီစဥ္ထားေၾကာင္း ေျပာခ်င္ေန၍ ပါးစပ္ဟလိုက္
ေသာ္ျငား ခ်စ္ခင္ျမတ္ႏိုးစြာေလးနက္မႈအျပည့္ရွိေသာ
လ်န္ကၽြင္းမ်က္ဝန္းမ်ားႏွင့္ ရင္ဆိုင္လိုက္ရေသာအခါ
သူ႔စကားမ်ားကို ျပန္ၿမိဳခ်လိုက္ေတာ့သည္။
ထို႔ေနာက္ နာခံစြာနဲ႔ ကုတင္ေပၚတက္လာကာ
သူတို႔အေပၚေစာင္ဆြဲတင္ရင္း ေျပာလိုက္သည္။

"အိပ္ေတာ့"

သို႔ေပမဲ့ လ်န္ကၽြင္းဟာ သူ႔အနားတိုးကာ
နမ္း႐ွိဳက္လာသည္။

ရွီက်င္းလည္း ႐ုတ္တရက္မို႔ လန္႔သြားမိေပမဲ့
လ်န္ကၽြင္း၏ေလးနက္ေသာအမူအရာကို
ဖ်တ္ကနဲျမင္လိုက္ရၿပီး စိတ္ပါလက္ပါရွိလွေသာ
အနမ္း၏သိမ္ေမြ႕မႈကို ခံစားမိေလရာ သူ႔မ်က္လုံးတို႔
မွိတ္ခ်ၿပီး လ်န္ကၽြင္းကိုသိုင္းဖက္လိုက္သည္။

ဒီလိုျဖင့္ ညစာစားခ်ိန္အထိ သူတို႔မႏိုးလာခဲ့ေပ။
Gua Yiတို႔က ေန႔ခင္းပိုင္းတည္းက
ျပန္ေရာက္လာၾကၿပီး အိပ္စက္အနားယူေနၾက
ေလသည္။ထို႔ေၾကာင့္ လ်န္ကၽြင္းသည္
Gua Jiuကိုသာေခၚၿပီး ထိခိုက္ဒဏ္ရာရသူရွိလား
ေမးျမန္းလိုက္သည္။ ေလးေယာက္စလုံး
မထိခိုက္ေၾကာင္း သိရွိရၿပီးမွ စိတ္ေအးစြာ
အလုပ္ျပန္လုပ္ေတာ့သည္။

Gua Erႏွင့္တျခားသူမ်ားသည္ ညဆယ္နာရီတြင္
ႏိုးလာၿပီး သူတို႔အစီရင္ခံစာမ်ားတင္ျပရန္
လ်န္ကၽြင္းကို လာရွာၾကသည္။

ေခါင္းေဆာင္သုံးဦးအရွင္ဖမ္းမိၿပီး သူတို႔၏
အေရးပါဆုံးေသာလက္ေအာက္ငယ္သားမ်ားကို
Annihilation၏စခန္းတစ္ခုစီတြင္
ခြဲျခားထိန္းသိမ္းထားသည္။ ေတြ႕ရွိလာေသာ
သတင္းအခ်က္အလက္အားလုံးကိုယူလာၿပီး
Gua Jiuက အေျဖထုတ္ေနသည္။

တခ်ိဳ႕အေသးစိတ္အခ်က္မ်ားကို လ်န္ကၽြင္း
စစ္ေဆးၿပီးေနာက္ Gua Yiႏွင့္က်န္သုံးေယာက္
ကိုင္ကြယ္ရမည့္တျခားအဖြဲ႕အစည္းမ်ားနာမည္ကို
ေျပာၾကားလိုက္သည္။

ရွီက်င္း စိတ္ရႈပ္မိသြားသည္—Gunfire၏
လက္ေအာက္ခံအဖြဲ႕မ်ားရွင္းလင္းေရးဟာ
second roundရွိလိမ့္မည္ဟု သူမေတြးထားခဲ့။
ထိုေလးဦးကေတာ့ ဒီအေၾကာင္းကိုခန္႔မွန္းၿပီးသား
ျဖစ္ပုံရသည္။သူတို႔တာဝန္မ်ားကို လက္ခံရရွိသည္ႏွင့္
ခ်က္ခ်င္းထြက္ခြာသြားၾကသည္။

ဒီတစ္ႀကိမ္မွာေတာ့ သူ႔အတြက္ တစ္ခုေတာင္းဖို႔
ေလာက္ထိ ရွီက်င္းမ႐ူးမိုက္ေသးေပ။
ထိုသူတို႔အလွ်ိဳလွ်ိဳထြက္သြားသည္ကိုၾကည့္ၿပီးေနာက္
ေမးလိုက္သည္။

"ဒါဆို ကၽြင္းေရွာက္က ဆက္တိုက္ဖို႔
ရည္ရြယ္ထားတာေပါ့?"

"ေသခ်ာတာေပါ့၊ Gunfireဘက္က ေဆြးေႏြး
ညိႇ႔ႏိႈင္းဖို႔လာရွာေတာ့မွ ရပ္မွာ"
လ်န္ကၽြင္း ခြန္းတုံ႔ျပန္သည္။

"အဲ့အခ်ိန္တုန္းက..."

ရွီက်င္း ထိုစကားကိုၾကားလိုက္ေသာအခါ
ေတြ႕ဆုံပြဲ၏အဆုံးသတ္တြင္ ျဖစ္ပ်က္ခဲ့သည္မ်ားကို
ျပန္သတိရသြားေလသည္။က်ိဳယန္ဟာ လုံရွီကို
အသုံးခ်ၿပီး လ်န္ကၽြင္းကိုအက်ပ္ကိုင္ခ်င္ေသာ္လည္း
ထိုအစား လ်န္ကၽြင္းေထာင္ေခ်ာက္ထဲသာ
က်ဆင္းသြားခဲ့ရသည္။ ယခုအေျခအေနကလည္း
ထိုအခ်ိန္ကအျဖစ္အပ်က္ႏွင့္ အနည္းငယ္ဆင္တူ
ေနသည္ဟု ရွီက်င္း႐ုတ္တရက္ေတြးမိသည္။

လ်န္ကၽြင္းလုပ္ေဆာင္ပုံနည္းလမ္းမ်ားကို
သူနားလည္သြားၿပီလို႔ ခံစားရတယ္—ရန္သူရဲ႕
လႊမ္းမိုးႏိုင္စြမ္းကို လ်စ္လ်ဴရႈထားၿပီး မိမိဘက္က
အသာစီးရႏိုင္မဲ့နည္းလမ္းကိုသာ ရွာထားလိုက္။
အဲ့လိုသာလုပ္ထားသေရြ႕ မင္းက တိုက္ပြဲတစ္ဝက္ကို
ေအာင္ႏိုင္ၿပီးသားျဖစ္လိမ့္မယ္။

ဒီလိုသံသရာအလည္အပတ္ႀကီးက ေနာက္တပတ္
အခ်ိန္အထိဆက္သြားေနခဲ့သည္။Gua Erတို႔
ထြက္သြားၾကသည္—သူတို႔တာဝန္ယူရေသာ
အဖြဲ႕အစည္းမ်ားကိုရွင္းပစ္သည္—"ဌာနခ်ဳပ္"ကို
တပ္ျပန္ဆုတ္လာသည္—အလုပ္အသစ္ထပ္ရျပန္သည္
—ထပ္ထြက္သြားၾကရျပန္၏။

တည္ၿငိမ္ေသာအရွိန္အဟုတ္ျဖင့္ သူတို႔သည္
အေရွ႕ေတာင္ပိုင္းေဒသတစ္ခုလုံးရွိ Gunfire၏
လက္ေအာက္ခံအဖြဲ႕မ်ားကို ဖယ္ရွားခဲ့ၿပီး ၎၏
စီးပြားေရးကြန္ရက္ကို ၿဖိဳခြဲဖ်က္ဆီးပစ္ခဲ့သည္။

ရက္အနည္းငယ္ၾကာသည့္အခါ Gunfireဘက္မွ
လည္း အဆုံးက်ျပန္လည္တုံ႔ျပန္တိုက္ခိုက္လာေတာ့
သည္။ ထိုအခ်ိန္တြင္ Gua Erႏွင့္က်န္သူမ်ားမွာ
"ဌာနခ်ဳပ္သို႔ ဆုတ္ခြာျခင္း"အပိုင္းကို ေရွ႕တန္းတင္
သြားၾကၿပီျဖစ္ေလသည္။ အဖြဲ႕အစည္းတစ္ခုကို
ဖ်က္ဆီးၿပီးေနာက္ အေဝးမွမွာၾကားေသာ
အမိန္႔အသစ္မ်ားကိုရရွိ၍ ပစ္မွတ္အသစ္ဆီ
ဦးတည္ၾကသည္။

တိုက္ခိုက္မႈအရွိန္ႏႈန္းျမင့္လာေသာေၾကာင့္
လ်န္ကၽြင္း ညလုံးေပါက္ေနေသာရက္မ်ားကလည္း
မၾကာမၾကာျဖစ္လာသည္။ သူ႔မ်က္ႏွာမွာ
လြန္စြာျဖဴေဖ်ာ့လာခဲ့ၿပီး ကိုယ္အေလးခ်ိန္လည္း
ထပ္မံက်ဆင္းသြားျပန္သည္။ထိုအေၾကာင္းေၾကာင့္
ရွီက်င္းလည္း ေတာ္ေတာ္စိတ္ေသာကေရာက္ရ၍
တတ္ႏိုင္သမွ် လ်န္ကၽြင္းေဘးကမခြာဘဲ
ဘယ္အခ်ိန္မဆို စားခိုင္းအိပ္ခိုင္းၿပီး
သူ႔ကိုယ္သူဒုကၡေရာက္ေအာင္လုပ္ေနသည္အား
အစြမ္းကုန္ႀကိဳးစားတားဆီးေနရသည္။

ဤအခ်ိန္ကာလတစ္ေလွ်ာက္အတြင္း ရွီက်င္း၏
အိပ္ခ်ိန္မွာလည္း အလြန္အခ်ိန္မမွန္ျဖစ္လာခဲ့သျဖင့္
ပုံမွန္မဟုတ္ေသာအခ်ိန္အမ်ိဳးမ်ိဳးတြင္ ေဖးယြီက်င့္ကို
ဧည္ခန္းထဲစေတြ႕လာေတာ့သည္။ ေရွ႕ေနျဖစ္သူ
လဲက်သြားပါက လူတိုင္းအလုပ္ေႏွာင့္ေႏွးသြားမည္
စိုးတာေၾကာင့္ ထိုသူကိုေတြ႕ေသာအခ်ိန္တိုင္း
ႏို႔တစ္ခြက္ႏွင့္ "အိပ္မေပ်ာ္ေရာဂါႏွင့္အိပ္မက္ဆိုးမ်ားကို
မည္သို႔ကိုင္ကြယ္ေျဖရွင္းသလဲ"မိန္႔ခြန္းကို
ေပးေလ့ရွိသည္။

ေဖးယြီက်င့္က သူ႔ကိုျမင္ရတာ စိတ္ကုန္ေနပုံရသည္။
သူ႔သေဘာထားသည္ ကနဦးကဲ့ရဲ႕ျခင္းမွ
စိတ္အေႏွာင့္အယွက္ျဖစ္ျခင္းဆီသို႔ ေျပာင္းလဲလာၿပီး
ရွီက်င္းကို လုံးဝလ်စ္လ်ဴရႈထားသည္။ ဒီတစ္ခါတြင္
သူတအားစိတ္တိုလာ၍ အခန္းဆီထျပန္သြားေတာ့
သည္။

ရွီက်င္းဟာ ထိုသူထြက္သြားတာကိုၾကည့္ရင္း
စိတ္ေက်နပ္စြာ ႏႈတ္ခမ္းကိုဖ်တ္ကနဲပုတ္ၿပီး
ေမးသည္။

"ငါ သူ႔ကိုေဒါသျဖစ္ေအာင္လုပ္လိုက္မိတာမလား!?"

ေရွာင္စစ္သည္ ေဖးယြီက်င့္အား အနည္းငယ္သနားမိ
လာသျဖင့္
<အင္း သူ႔ၾကည့္ရတာ ေတာ္ေတာ္စိတ္ဆိုးသြားတာ။
သူ႔ကို ဘာလို႔အႏိုင္က်င့္ေနရတာလဲ က်င္းက်င္း?>

ဒါက တကယ္အႏိုင္က်င့္ေနတာပင္။ တျခားဘယ္သူမွ
မေျပာႏိုင္ေပမဲ့ ရွီက်င္းလုပ္ေနတာက သူ႔အစ္ကိုကို
တမင္တကာမဲေနမွန္း စစ္စတန္သိသည္။

ရွီက်င္းဟာ တျခားသူမ်ားႏွင့္ေပါင္းသင္းဆက္ဆံရာတြင္
အၿမဲလိမ္မာပါးနပ္မေနေသာ္လည္း ဒီလိုမ်ိဳးမိုက္မဲၿပီး
စိတ္အေႏွာင့္အယွက္ျဖစ္စရာလည္းမေကာင္းခဲ့ဖူးေခ်။

"အႏိုင္က်င့္တယ္? ငါက သူ႔ကိုစိတ္ပူေနတာ
မင္းသိရဲ႕လား? သူက ငါ့ကိုအၿမဲေအးစက္စက္
ဆက္ဆံေပမဲ့ ငါကေတာ့မ်က္ႏွာတစ္ဖက္လွည့္ၿပီး
သူ႔အတြက္စိတ္ပူေနတုန္းပဲ—ငါက လူေကာင္းေလး
မဟုတ္လား?"

ရွီက်င္းသည္ မ်က္ႏွာေသႀကီးျဖင့္ ေမးလာခဲ့သည္။

ဒီအေျဖကို ေရွာင္စစ္ေျဖလိုက္လွ်င္ သူ႔host
စိတ္မေက်နပ္ျဖစ္လွ်င္ျဖစ္ ဒါမွမဟုတ္
သူ႔အသိစိတ္ေလးနာက်င္သြားမွာျဖစ္သျဖင့္
ပါးစပ္သာပိတ္ေနလိုက္သည္။

အိပ္ေရးပ်က္ေသာညမ်ား တစ္ရက္ၿပီးတစ္ရက္
ျဖတ္ေက်ာ္လာခဲ့သည္။ Annihilationႏွင့္
အစိုးရဘက္တြင္ စစ္တပ္အင္အားစုစည္းလာသည္
ႏွင့္အမွ် Old Ghost၏Nine Eaglesကို
ရင္ဆိုင္သည့္စီးပြားေရးတိုက္ပြဲကလည္း တစ္စတစ္စ
ျပင္းထန္လာခဲ့၍ အေရွ႕ေတာင္ပိုင္းေဒသ
အေျခအေနႀကီးက တျဖည္းျဖည္းမုန္တိုင္းထန္လာ
သည္။ ေဒသခံအဖြဲ႕အစည္းအားလုံးကလည္း
ေလတိုက္ႏႈန္းေျပာင္းသြားၿပီကိုသိလိုက္ၿပီး
သူတို႔အာ႐ုံမ်ားမွာ ပစ္မွတ္ထားခံရေသာGunfireဆီ
ေရာက္သြားၿပီး ျပႆနာေမႊရွာဖို႔အသင့္ျဖစ္
ေနၾကသည္။

ရွင္းလင္းေရးေနာက္တစ္သုတ္ၿပီးသြားကာ
ဤရာသီတြင္ ရွားရွားပါးပါးေနေရာင္ျခည္ေတာက္ပ
ေနေသာရက္တစ္ရက္၌ Gua Erတို႔အေပါင္း
ျပန္ေရာက္လာၾကသည္။Gunfireလက္ေအာက္ခံ
အဖြဲ႕မ်ားသုတ္သင္သည္ကို ယခုရပ္တန္႔ထားဖို႔
အမိန္႔က်ေသာေၾကာင့္ျဖစ္သည္။

ရွီက်င္း အံ့ၾသသြားကာ
"Gunfireက ကၽြန္ေတာ္တို႔နဲ႔ေဆြးေႏြးဖို႔
ေတာင္းဆိုလို႔လား?"

"မဟုတ္ဘူး၊ က်ိဳယန္ေတာင္းဆိုတာ..
Old Ghostကို ဆက္သြယ္လိုက္တယ္ဆိုပဲ"

Gua Erသည္ အေမႊးငုတ္တိုမ်ားမွ ပါးသိုင္းေမႊး
ျဖစ္လာေသာေမးေစ့ကိုကုတ္ကာ သန္းေဝရင္း
ေျပာသည္။

"အားယား...အရင္ရက္ေတြက တအားစိတ္လႈပ္ရွား
စရာေကာင္းခဲ့တာပဲ...ငါအရွိန္ေလွ်ာ့ဖို႔လိုၿပီ။
သြားအိပ္ေတာ့မယ္ကြာ—ငါ့ကိုအေဖာ္ျပဳခ်င္လား
က်င္းက်င္းေလး?"

ရွီက်င္းဟာ ျငင္းဆန္သည့္အေနနဲ႔ ေျခလွမ္းတစ္လွမ္း
ေနာက္ဆုတ္ကာ ထိုသူအေနာက္ဘက္ကို
တိတ္တဆိတ္လက္ညွိဳးထိုးျပလိုက္သည္။

ထိုစဥ္တခဏ Gua Erရင္ထဲ နိမိတ္မေကာင္းေသာ
ခံစားခ်က္ႀကီးဝင္ေရာက္လာကာ ေအးခဲသြားသည္။
အေနာက္သို႔ ျဖည္းျဖည္းခ်င္းလွည့္ၾကည့္လိုက္ရာ
လ်န္ကၽြင္းသည္ တစ္ခ်ိန္ခ်ိန္က သူ႔အေနာက္တြင္
ေပၚလာၿပီး ယခုဆို နက္နဲေသာမ်က္ႏွာထားျဖင့္
သူ႔အားၾကည့္ေနသည္။ ေက်ာ႐ိုးတစ္ေလွ်ာက္
ဆိမ့္ကနဲေအးသြားသလိုခံစားလိုက္ရ၍
ခပ္သြက္သြက္ရွင္းျပေတာ့သည္။

"ကၽြန္ေတာ္က ဒီတိုင္း စလိုက္တာပါ..တကယ္..
ဟာသေလးတစ္ခုပါပဲ"
ၿပီးသည္ႏွင့္ ေနာက္ဆုတ္ကာ တန္းေျပးေတာ့သည္။

ထိုအခါ Gua Jiuသည္ laptopဆီမွ
ေခါင္းေတာင္ေမာ့မၾကည့္ဘဲ
"သူ႔မွာ ေရႊငါးတစ္ေကာင္ရဲ႕မွတ္ဉာဏ္ေလာက္ပဲ
ရွိတာေျပာရဲတယ္—မစ္ရွင္ရွည္ႀကီးတစ္ခုၿပီးလို႔
ျပန္လာတဲ့အခ်ိန္တိုင္း အဲ့စည္းမရွိတဲ့
ပါးစပ္ေပါက္ေၾကာင့္ အႀကိမ္ေပါင္းမနည္းအျပစ္ေပး
ခံေနရေရာ...သူနဲ႔တန္ပါတယ္"

ထိုစကားေၾကာင့္ ရွီက်င္းဝက္ဝက္ကြဲထရယ္ေတာ့သည္။

လ်န္ကၽြင္းသည္ ႐ုပ္တည္ႀကီးျဖင့္ ရွီက်င္းကိုဆြဲခ်ကာ
ပါးစပ္ကို ဆိတ္ဆြဲလိုက္သည္။

အားလုံးထဲမွာ မင္းက ဒါကိုရယ္ရဲတယ္?

ညေရာက္ေသာအခါ လ်န္ကၽြင္းက
လြန္စြာသဘာဝက်စြာ သူ႔အခန္းထဲတြင္
ရွီက်င္းကိုထပ္မံအိပ္ခိုင္းျပန္သည္။ရွီက်င္းသည္
တစ္ခါမွမအိပ္ရေသးေသာသူ႔ကိုယ္ပိုင္အခန္းကို
ေတြးၿပီး လ်န္ကၽြင္း၏မလိမ့္တပတ္မ်ားကို
သတိမထားမိသလို ဟန္ေဆာင္ကာ
ေဘးတြင္ အလိုက္တသိလွဲေလ်ာင္းလိုက္ေလသည္။

သူေလ့လာေတြ႕ရွိထားသည့္အတိုင္း
အခ်ိဳ႕ကုတင္မ်ားသည္ တက္ရလြယ္ခဲ့ေသာ္လည္း
ျပန္႐ုန္းကန္ဆင္းဖို႔က် အလြန္ခက္ခဲေနသည္။

ရွီက်င္းမွာ လြန္ခဲ့ေသာရက္ေတြတည္းက
ညဇီးကြက္ျဖစ္ခဲ့သျဖင့္ အခုဆို မနက္အေစာႀကီး
ႏိုးလာၿပီး ျပန္အိပ္လို႔မရေတာ့ေခ်။လ်န္ကၽြင္းကိုလည္း
မေႏွာင့္ယွက္ခ်င္တာေၾကာင့္ တိတ္တိတ္ေလးထၿပီး
အေလ့အထအတိုင္း ဧည့္ခန္းထဲကို
ေလွ်ာက္ဝင္သြားလိုက္သည္။

ထင္ထားသည့္အတိုင္း ေဖးယြီက်င့္သည္
ထိုေနရာတြင္ရွိေနခဲ့ၿပီး တစ္ေယာက္ထိုင္ဆိုဖာတြင္
မွီေနၿမဲျဖစ္သည္။ မ်က္ႏွာထက္ကအမူအရာမ်ားကို
ဖုံးကြယ္ေစေသာအရိပ္ က်ေရာက္ေနလ်က္ရွိသည္။

"ညတိုင္းသာ ဒီလိုဆက္ျဖစ္ေနရင္ အိပ္ေရးပ်က္လို႔
တကယ္ေသသြားႏိုင္တယ္ေနာ္"

ရွီက်င္းသည္ မ်က္ေမွာင္ၾကဳပ္ရင္း ထိုသူေရွ႕တြင္
ရပ္လိုက္သည္။

ဤသည္မွာ တပတ္ေက်ာ္ၿပီျဖစ္သည္။ထိုအတိုင္းသာ
ဆက္ျဖစ္ေနပါက ေဖးယြီက်င့္ေဆး႐ုံေရာက္ေတာ့မွာ
ျမင္ေယာင္ေနၿပီ။

ေဖးယြီက်င္းမွာ အေလာင္းေကာင္ႀကီးအလား
ၿငိမ္သက္ေနေလသည္။
ရွီက်င္းလည္း သူ႔ကို တစ္ေအာင့္ေလာက္
ေသခ်ာၾကည့္ရႈစစ္ေဆးၿပီးမွ လွည့္ထြက္သြားသည္။

ေျခသံမ်ားကိုနားေထာင္ရင္း ေဖးယြီက်င့္လက္ေခ်ာင္းတို႔
တြန္႔ေကြးသြားေသာ္လည္း မ်က္လုံးဖြင့္မၾကည့္ခဲ့ေပ။

ဆယ္မိနစ္ေလာက္လည္းၾကာေတာ့ ရွီက်င္းဟာ
ႏို႔ပူပူႏွင့္သေရစာမုန္႔မ်ားႏွင့္အတူ ျပန္ေရာက္လာသည္။
ဧည့္ခန္းမီးကိုဖြင့္ၿပီး ေကာ္ဖီစားပြဲေပၚ လင္ဗန္းကို
တင္လိုက္သည္။ထို႔ေနာက္ စားပြဲေသးတစ္ခုကို
ေဖးယြီက်င့္ေရွ႕ဆီ ဆြဲယူလာၿပီး ထိုင္ခုံေနာက္တစ္လုံး
ခ်လိုက္သည္။ ေနရာမ်ားအစီတက်ခ်ၿပီးၿပီျဖစ္ရာ
ဗန္းကို စားပြဲေသးေလးဆီေရြ႕ၿပီး ေဖးယြီက်င့္ႏွင့္
မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္ေတာ့သည္။

ထိုအခါမွ လူႀကီးမ်က္လုံးပြင့္လာၿပီး သူ႔ကို
လွမ္းၾကည့္သည္။

"ရွီက်င္း မင္းဘာေတြေလွ်ာက္လုပ္ေနတာလဲ?"
သူ႔အသံမွာ တကယ္ကိုရွားရွားပါးပါးတည္ၿငိမ္ေနသည္။

ရွီက်င္းက သူ႔ကိုတစ္ခ်က္လွမ္းၾကည့္ကာ
tabletကိုထုတ္လိုက္သည္။
"ဘာကိုလဲ? ကၽြန္ေတာ္က တညလုံးမအိပ္တာကို
က်င့္သားရသြားလို႔ အိပ္မေပ်ာ္ေတာ့ဘူးေလ။
အဲ့တာေၾကာင့္ ႐ုပ္ရွင္ၾကည့္မလို႔"

"တျခားေနရာမွာ သြားၾကည့္"
ေဖးယြီက်င့္သည္ သူ႔ကိုေမာင္းထုတ္ဖို႔ႀကိဳးစားေလသည္။

ရွီက်င္းကေတာ့ tabletတစ္လုံးျဖင့္
ဟိုလိုလိုသည္လိုလိုလုပ္ကာ အစ္ကိုျဖစ္သူကို
လ်စ္လ်ဴရႈေနသည္။

"ဟင့္အင္း ကၽြန္ေတာ္ ဒီေနရာကိုအႀကိဳက္ဆုံးပဲ။
ခင္ဗ်ားစိတ္အေႏွာင့္အယွက္ျဖစ္ရင္ ထြက္သြားေပါ့"

ၿပီးတာႏွင့္ movie iconကိုနွိပ္လိုက္ေလသည္။

“အားးးးးး—!!!”

ဆိတ္ၿငိမ္ေနေသာညအခ်ိန္တြင္ စူးရွေသာအာေခါင္ျခစ္
ေအာ္သံႀကီးက tabletစပီကာမွ က်ယ္ေလာင္စြာ
ထြက္လာသည္။ေဖးယြီက်င့္မွာ လန္႔လြန္းလို႔
ထခုန္မတတ္ျဖစ္သြားရသည္။ ထို႔ေၾကာင့္
မ်က္ႏွာႀကီးေမွာင္မဲကာ အံကိုႀကိတ္ရင္း
ေျပာေတာ့သည္။

"မင္း ေသာက္က်ိဳးနည္းဘာေတြလုပ္ေနတာလဲ
ရွီက်င္း!"

"႐ုပ္ရွင္ၾကည့္ပါမယ္လို႔ ေျပာေနတယ္ေလ"
ရွီက်င္း ျပန္ေျပာသည္။ထိုစဥ္တခဏ ရွီက်င္း၏
အမူအရာမွာပေဟဠိဆန္သြားၿပီး ဆက္ေျပာသည္။

"ခင္ဗ်ားမသိလို႔ ကၽြန္ေတာ္ Annihilationကို
စေရာက္တုန္းကဆို အရာအားလုံးကိုေၾကာက္ခဲ့တာ။
ေသနတ္သံေတြေၾကာင့္ တစ္ပတ္ေလာက္အိပ္မေပ်ာ္
ခဲ့ဘူး။ အဲ့တာနဲ႔ အဖြဲ႕အစည္းထဲကဆရာဝန္ႀကီးက
နည္းလမ္းတစ္ခုေျပာျပခဲ့တယ္။ တကယ္လည္း
အလုပ္ျဖစ္ၿပီး ေသနတ္သံေတြကိုမေၾကာက္ေတာ့သလို
အိပ္လည္းအိပ္ႏိုင္သြားတယ္"

ေဖးယြီက်င့္သည္ ရွီက်င္းအား တကယ္ကို
လ်စ္လ်ဴရႉၿပီး ေမာင္းထုတ္ပစ္ခ်င္ခဲ့ေသာ္လည္း
အိပ္မက္ဆိုးမ်ားႏွင့္အိပ္မေပ်ာ္သည့္ဒဏ္က
ဆယ္ရက္နီးပါးနွိပ္စက္ေနသျဖင့္ သူ႐ူးခ်င္သလို
ေတာင္ျဖစ္ေနၿပီျဖစ္သည္။ သူလုပ္ဖို႔လိုေသးေသာ
အလုပ္ကိစၥမ်ားကိုျပန္ေတြးၿပီး တစ္ေအာင့္မွ်
ဒြိဟျဖစ္ေနေသာ္လည္း အဆုံးက်လက္ေလွ်ာ့ဖို႔
ဆုံးျဖတ္လိုက္ေလသည္။ အသံေတာင့္ေတာင့္ႀကီးျဖင့္
ကိုးရိုးကားရားေမးၾကည့္လိုက္သည္။

"ဘာနည္းလမ္းလဲ?"

"အဆိပ္ကို အဆိပ္နဲ႔တိုက္ထုတ္တာ"
ရွီက်င္းသည္ ေဖးယြီက်င့္ေဘးကို ထိုင္ခုံဆြဲယူလာၿပီး
tabletထဲက ႐ုပ္ပုံကို အက်ယ္ခ်ဲ႕ျပသည္။

"အႀကိမ္ေတာ္ေတာ္မ်ားမ်ားၾကည့္လိုက္ရင္
ေၾကာက္စရာမေကာင္းေတာ့ဘူး။ ဒီေန႔က
လကြယ္ေန႔ေလ—သရဲကားၾကည့္ဖို႔အတြက္
လုံးဝအခ်ိန္ေကာင္းလို႔ မထင္ဘူးလား?"

ေဖးယြီက်င့္သည္ ဖန္သားျပင္ေပၚမွ ေသြးမ်ား
စြန္းထင္ေနေသာေၾကာက္စရာမ်က္ႏွာႀကီးကို
လွမ္းၾကည့္ကာ မ်က္လုံးမ်ားဖ်တ္ကနဲပိတ္မိသည္။
ပထမဆုံးအႀကိမ္အေနနဲ႔ ရွီက်င္းေပးထားေသာ
ႏို႔ခြက္ဆီလက္လွမ္းကာ တစ္က်ိဳက္တည္း
ေမာ့ေသာက္လိုက္ေတာ့သည္။

***************

[က်င္းက်င္းနဲ႔ အာ့ေကာတို႔ရဲ႕relationship
စၿပီး developျဖစ္ပါၿပီ ဟီးဟီး]
 

=============================

အခန်း(၆၁)အဆိပ်ကို အဆိပ်နဲ့တိုက်ထုတ်

"ဟင်း..."

ရှီကျင်းသည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်
ခြေပစ်လက်ပစ်လှဲလှောင်းရင်း ပူပန်သောက
ရောက်ဟန် သက်ပြင်းများလိမ့်ချနေသည်။

ထို့ကြောင့် ရှောင်စစ်လည်း စိုးရိမ်စွာဖြင့်
<ကျင်းကျင်း ဘာများဖြစ်လို့လဲ?>

"ရုံးပိုင်းဆိုင်ရာအချစ်ဇာတ်လမ်းရဲ့ကောင်းကျိုး
ဆိုးကျိုးကို ပိုင်းခြားစိတ်ဖြာနေတာ"

ရှီကျင်းဟာ သက်ပြင်းကြီးစွာချရင်း ပြန်ပြောသည်။

ရှောင်စစ် အူလည်လည်ဖြစ်သွားလေသည်။
<ရုံးပိုင်း? ကျင်းကျင်းက ရုံးခန်းတစ်ခု
လိုချင်လို့လား?>

"ချက်ကျလက်ကျပြောရရင် ငါက အလုပ်လက်မဲ့
ကလေကဝတစ်ကောင်လေ—ငါက ဘာကိစ္စ
ရုံးခန်းလိုချင်ရမှာလဲ?"

ရှီကျင်းသည် ကိုယ်ကိုလှိမ့်ကာ မှောက်လျက်
အနေအထားဖြင့် ပြတင်းပေါက်အပြင်ဘက်မှ
မိုးစရွာတော့မည့်ဟန် တဖွဲဖွဲကျဆင်းလာသော
မိုးစက်လေးများကို ကြည့်နေမိပြီး
မှိုင်တွေတွေပြောသည်။

"လျန်ကျွင်းက ငါ့အလုပ်ရှင်ဘော့စ်ဖြစ်ခဲ့တယ်:
ငါက သူ့အတွက်အလုပ်လုပ်ပေးပြီး သူက ငါ့ကို
လုပ်အားခပေးတယ်—အဲ့တာက လူတိုင်းနားလည်တဲ့
ပြတ်ပြတ်သားသားလဲလှယ်မှုတစ်ခုပဲ။ အခုကျ
ငါတို့နှစ်ဦးကြားဆက်ဆံရေးက ခေါင်းစဉ်ပြောင်း
သွားတော့ သူ့ဘက်က လစာဆက်ပေးနေတာတောင်
မသိစိတ်အရ ငါ့ကိုအလုပ်မလုပ်စေချင်တော့ဘူး...
ပြောချင်တာက ငါအချုပ်နှောင်ခံနေရပြီဆိုတဲ့
သဘောလား?ကောင်းပြီ၊ သူ့ဘက်က အဲ့လိုဆိုလိုတာ
မဟုတ်ဘူးဆိုတာသိပေမဲ့လည်း"

ရှီကျင်း၏ကောက်ချက်မှာ မှန်ကန်သည်ဟု
ရှောင်စစ်မထင်ပါ။ ထို့ကြောင့် ငြင်းဆန်လိုက်သည်။

<ဒါပေမဲ့ ကျင်းကျင်းအလုပ်လုပ်နေတာပဲလေ—
ကျင်းကျင်းရဲ့အလုပ်က ဒါလင်နဲ့အတူရှိနေပြီး
ကာကွယ်ပေးဖို့လို့ သူပြောခဲ့တာပဲမလား?
သူနဲ့နေ့တိုင်းအတူစားတယ် နှိပ်ပေးတယ်
ဂရုစိုက်ပေးတယ်...ပြီးတော့ ကျင်းကျင်း
သေချာအကောင်းဆုံးလုပ်ပေးလို့ ဒါလင်လည်း
ကိုယ်အလေးချိန်တက်လာပြီလေ>

ရှီကျင်း အံ့အားတကြီး နှုတ်ဆိတ်သွားသည်။
ရှောင်စစ်ပြောစကားများက အဓိပ္ပါယ်ရှိပါပေသည်။
သူဟာ 'Gua Si'ဟူသည့်နေရာကို
လက်ခံရရှိတည်းက သူ့တာဝန်မှာ လျန်ကျွင်းနဲ့
အတူရှိနေပေးဖို့ဆိုပြီး ပြောခဲ့တာပဲမဟုတ်လား?
အဲ့လိုရှုထောင့်မျိုးက ကြည့်လျှင် သူက
သေချာပေါက် မရပ်မနားအလုပ်လုပ်နေတာပဲပင်။

ဒါပေမဲ့....ဒါက သိပ်မမှန်သေးဘူးလို့ ခံစားနေရတယ်

သူသည် မျက်မှောင်ကြုပ်လျက်
ပက်လက်လှန်လိုက်ပြန်သည်။ တခဏလောက်
တွေးတောပြီးမှ ချက်ချင်းဆိုသလို မတ်မတ်ထထိုင်ကာ

"မဟုတ်ဘူး မှားနေပြီ—ငါ ဒီလိုတွေအားလုံး
လုပ်ပေးနေတာက သူ့ကိုချစ်လို့လေ။ တာဝန်ကြောင့်မှ
မဟုတ်တာ။ သူ့ကိုဂရုစိုက်ပေးတဲ့ကိစ္စကို
ဘယ်လိုလုပ်အလုပ်တစ်ခုလို သတ်မှတ်ရမှာလဲ?"

ထိုအခါ ရှောင်စစ်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
လှမ်းပြောသည်။

<ဒါပေမဲ့...ကျင်းကျင်းနဲ့ဒါလင်တို့ ချစ်သူတွေ
မဖြစ်ခင်ကတည်းက ကျင်းကျင်းလုပ်ပေးခဲ့တာပဲ။
အဲ့တာက ကျင်းကျင်းအလုပ်မို့လို့လေ...ဟို...
ကျင်းကျင်း ဘာကိုဝိရောဓိဖြစ်နေမှန်း ရှောင်စစ်တော့
တကယ်နားမလည်တော့ဘူးရော်..>

ရှောင်စစ်စကားများကို ပြန်မချေပနိုင်တော့သဖြင့်
ရှီကျင်ပါးစပ်ပိတ်သွားသည်။ အချိန်တော်တော်ကြာ
သည်အထိ စွံ့အစွာ တောင့်တောင့်ကြီးထိုင်နေမိ
သည်။ တစ်အောင့်နေမှ ဆိုဖာပေါ် ပျော့ခွေစွာ
ပြန်မှီရင်း သက်ပြင်းချပြန်သည်။

"ငါတို့ချစ်သူတွေမဖြစ်ခင်အထိကတော့ ဒါက
အဆင်ပြေတယ်...အခုက ချစ်သူတွေဖြစ်လျက်နဲ့
သူ့ကိုဂရုစိုက်တဲ့လုပ်အားခရနေတာကြီးက
ဟုတ်မနေ... ပြီးတော့ ဒီကိစ္စကြီးကိုအသာထားဦး
ငါက ဒီတိုင်း သူကိုပိုကူညီချင်တယ်—သူကိုယ်တိုင်
အောက်ခြေထိအလုပ်လုပ်နေရတော့ စိုးရိမ်စရာတွေ
အများကြီးရှိမှာပဲလေ..."

ဥပမာ အခုဆို Gua Yiနှင့်ကျန်သူများ၏
အဖွဲ့အစည်းလေးခုကိုဖျက်ဆီးမည့်အလုပ်ကြောင့်
လျန်ကျွင်း လွန်စွာအစွန်းရောက်နေသည်။
အစည်းအဝေးပြီးသည်နှင့် Gua Jiuကိုခေါ်ကာ
သတင်းအချက်အလက်ခိုင်မာစေရန်နှင့်
အပေါင်းအပါလေးယောက်၏အလုပ်များကို
ကူညီပေးရန် ပြောလိုက်သည်။ လျန်ကျွင်းသည်
အလုပ်များလွန်းလို့ နေ့လယ်စာတောင်ထမစားတော့ဘဲ
စားပွဲတွင်သာ ဖြစ်သလိုတစ်ခုခုစားသည်။

Gua Yiတို့မှာအဆင်သင့်ဖြစ်ရန် ယောက်ယက်ခတ်
အလုပ်ရှုပ်နေကြသည်။ အဖွဲ့အစည်းလေးခုမှာ
လုံးဝမတူညီသောဦးတည်ဘက်တစ်ခုစီမှာရှိကြပြီး
တစ်ဖွဲ့ဆိုလျှင် နယ်စပ်အကျော်တွင်ရှိနေသည်။
သူတို့သည် လိုအပ်သောပစ္စည်းကိရိယာ
အထောက်အပံများအားလုံးကို ပြင်ဆင်ပြီး
လူအင်အားစုစည်းခြင်း၊ ရန်သူ၏အချက်အလက်များနှင့်
ရင်နှီးအောင်လုပ်ခြင်း၊ တည်နေရာကို အလျင်အမြန်
သွားရောက်ပြီး တိုက်ခိုက်ရေးအစီအစဉ်ရေးဆွဲရန်ဖြင့်
လူတိုင်းနီးပါးအလုပ်ရှုပ်နေကြသည့်ကြားတွင်
ရှီကျင်းတစ်ယောက်ကသာ ဘာမှအကူအညီမပေးနိုင်
ဖြစ်နေသည်။ ထို့ကြောင့် သူ၏အားလပ်ချိန်များကို
'ရုံးပိုင်းအချစ်ဇာတ်လမ်း'အကြောင်း တွေးတောရင်း
မြုပ်နှံထားလေသည်။

"ငါက တကယ်အသုံးမကျတာပဲ"
သူသည် သက်ပြင်းချလျက် ပါးစပ်မှရွတ်ဆိုလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ်တော့ သဘောပေါက်သားပဲ"

ဘယ်အချိန်တည်းက ဧည့်ခန်းထဲရောက်နေမှန်း
မသိသောဖေးယွီကျင့်မှ သရော်လိုက်လေသည်။

ရှီကျင်း ထိုသူကို မော့ကြည့်လိုက်သည်။
အနည်းငယ်စိုစွတ်နေသောဆံပင်နှင့် ဝတ်စုံပေါ်မှ
မိုးရေများကိုမြင်လိုက်ရ၍ အခုလေးတင်
အပြင်ကပြန်ရောက်လာမှန်း ခန့်မှန်းမိလိုက်သည်။
မျက်လုံးအောက်ညိုမဲနေသည်ကိုလည်း သတိထားမိရာ
လွှတ်ကနဲ ပြောမိလိုက်သည်။

"မနေ့ညက ကောင်းကောင်းအိပ်မပျော်တဲ့ပုံပဲ—
အိမ်မက်ဆိုးတွေ မက်လို့လား?"

ဒီလိုဗီလာကမြင်ကွင်းမျိုးကို မြင်လိုက်ရသည့်
သာမန်လူဘယ်သူမဆို အနည်းဆုံးတစ်ကြိမ်လောက်
အအိပ်ပျက်နိုင်သည်။ ဖေးယွီကျင့်၏မျက်ကွင်းများက
အလွန်ညိုမဲနေသဖြင့် ညက ကောင်းကောင်းအိပ်မရ
ဖြစ်ခဲ့သည်မှာ သေချာသည်။

ဖေးယွီကျင့် တောင့်ခဲသွားကာ

"မင်းလိုများ ထင်နေလား?"
ထိုသို့ သရော်ပြောပြောပြီးနောက် ပုံမှန်ထက်
ခပ်မြန်မြန်လျှောက်ကာ လှည့်ထွက်သွားတော့သည်။

ရှီကျင်းလည်း ထိုသူအား တိတ်တဆိတ်ကြည့်ကာ
အစ်ကို၏ခေါင်းကြောမာပုံကြောင့် စွံ့အမိလျက်
ကျန်ခဲ့သည်။ ထို့နောက် ပြတင်းပေါက်ဘက်သို့
ခေါင်းလှည့်ကာ မိုးရေများကြားတွင် ယာဉ်တန်းများ
စီစဉ်နေသောGua Sanအဖွဲ့သားများကို
လှမ်းကြည့်လိုက်သည်။ထိုစဉ်
ဗီလာကအဖြစ်ဆိုးကြီးကိုပြန်တွေးမိကာ
စိတ်မအေးနိုင်တော့ချေ။

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး
ဒါပေါ့ အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပေါ့...
ဒါပေမဲ့ Annihilationဘက်က ပြန်တိုက်ရင်လည်း
ဒီဘက်ကလူတွေ ဘယ်သူမှမထိခိုက်ဘူးဆိုတာ
မဖြစ်နိုင်ဘူး...မတော်လို့ သေတောင်သေနိုင်...

ကနဦးပြင်ဆင်မှုများပြီးစီးသွားပြီဖြစ်ရာ Gua Yiနှင့်
ကျန်သုံးဦးမှာ သူတို့လူကိုယ်စီခေါ်ဆောင်ကာ
တာဝန်ကျသောမစ်ရှင်ဦးတည်ရာပန်းတိုင်ဆီသို့
ထွက်ခွာကြတော့သည်။

လျန်ကျွင်းနှင့်ရှီကျင်းတို့သည် ထိုသူတို့ကို
အတူတကွထွက်ပို့ကြပြီး ကားတန်းများ
လမ်းတစ်လျှောက်ကွေ့မောင်းပျောက်ကွယ်သွား
သည်အထိ ကြည့်နေမိသည်။

"ရှီကျင်း...မင်းက ကိုယ့်ချစ်သူမကလို့ ကိုယ့်ရဲ့ထူးချွန်
ပြောင်မြောက်တဲ့လက်အောက်ငယ်သားတွေထဲက
တစ်ယောက်ဆိုတာ မမေ့ပါဘူး။ မင်းကို
ကိုယ့်ဘေးမှာပဲချုပ်နှောင်ပြီး တိုးတက်ကြီးထွားခွင့်
မပြုဘဲ မင်းအရည်အချင်းတွေ အလဟဿဖြစ်ဖို့
မရည်ရွယ်ပါဘူး"

လျန်ကျွင်းသည် ရှီကျင်းလက်ကိုဆွဲကိုင်ကာ
လမ်းအဆုံးဆီသို့ ငေးကြည့်နေရင်း တိုးတိုးဆိုသည်။

"ကိုယ်ကိုယ်တိုင် မင်းကို တိုက်ပွဲမြေပြင်ဆီ
လွှတ်ပြီး မင်းဒီလိုထွက်သွားမဲ့ပုံမျိုးကိုမြင်ရဖို့
ခံနိုင်ရည်မရှိလို့ပါ။ အကြီးစားတိုက်ပွဲ
အရှုပ်အထွေးတွေကိုကိုင်တွယ်ဖြေရှင်းဖို့
မင်းအတွေ့အကြုံမရှိသေးသလို ကိုယ့်စိတ်ကလည်း
အဲ့အတွက်အဆင်သင့်မဖြစ်သေးဘူး။
လောလောဆယ်တော့ မင်းကို အန္တရာယ်တွေကြားထဲ
မပို့နိုင်ဘူး—ကိုယ်တို့ အသင့်မဖြစ်သေးဘူး...
မင်းရော ကိုယ်ရော...အဲ့တာကြောင့် ကိုယ့်ကို
ကျေးဇူးပြုပြီး အချိန်နည်းနည်းလောက်ပေးနိုင်မလား
ရှီကျင်း?"

ရှီကျင်းအေးခဲမိသွားသည်။လျန်ကျွင်းကိုကြည့်ရင်း
မသိစိတ်အရ ထိုသူလက်ကို ခပ်တင်းတင်းဖိဆုပ်
မိသည်။

"လျန်ကျွင်း..."

"ကိုယ့်ကို အဲ့လိုမျိုးခေါ်တာ တကယ်သဘောကျတယ်"
လျန်ကျွင်းသည် ရှီကျင်းကိုမော်ကြည့်ရင်း
လက်ဖမိုးလေးကို နမ်းရှိုက်လိုက်သည်။

"ကိုယ်တို့ဆက်ဆံရေး ရေရှည်တည်မြဲချင်တယ်ဆိုရင်
အတူတူလက်တွဲလုပ်ကိုင်ဖို့လေ့လာတာက
မဖြစ်မနေလိုအပ်တယ်။ကိုယ်က တအားအလုပ်များလို့
တချို့အချိန်တွေမှာ အရေးကြီးတဲ့ကိစ္စတွေကိုတောင်
လစ်ဟင်းမိတယ်။ အဲ့လိုတွေမင်းအပေါ်လုပ်မိရင်
ကိုယ့်ကိုပြောပါ—မင်းစိတ်မချမ်းသာတာမျိုး
ကိုယ်မလိုချင်ဘူး"

သူဒီလိုပြောတာကို ကြားလိုက်ရသောအခါ
ရှီကျင်းနှလုံးသားမှာလည်း တဟုန်ချင်းနူးညံ့သွားရသည်။

ဒီအမျိုးသားဟာ ဘယ်လိုလုပ် အဲ့လောက်ညင်သာပြီး
တွေးခေါ်တတ်ရတာလဲ?

ရှီကျင်းဘက်က တစ်ခါလေးပဲမေးခဲ့ဖူးပြီး နောက်ပိုင်း
အနည်းငယ်စိတ်ဓာတ်ကျခဲ့သော်လည်း လျန်ကျွင်း
သတိမထားမိအောင် ဒီကိစ္စကို တမင်တကာ
ရှောင်တိမ်းနေခဲ့သည်။ အဲ့တာတောင် လျန်ကျွင်းက
ရိပ်မိခဲ့ပြီး အရေးတကြီးအလုပ်ကိစ္စများ
ပြီးပြတ်သည်နှင့် သူ့ခံစားချက်များကို ရှီကျင်းအား
လေးလေးနက်နက်ရှင်းပြပေးသည်။

ဒါကြောင့် သူ မနေနိုင်စွာ ကိုယ်ကိုကိုင်းပြီး
သူ့ချစ်သူအား ပွေ့ဖက်လိုက်တော့သည်။

"ကျွန်တော် နည်းနည်းတော့မပျော်ပေမဲ့ အဲ့တာက
ခင်ဗျားကြောင့်မဟုတ်ပါဘူး။ကျွန်တော့်ကိုယ်ကျွန်တော်
အားမရလို့။ ခင်ဗျားကိုဘာမှအကူအညီမပေးနိုင်သလို
ခံစားရတယ်...တောင်းပန်ပါတယ် ခင်ဗျားက
ဒီလောက်အလုပ်များနေတာကို ကျွန်တော့်အတွက်
စိတ်ပူအောင်ပါ လုပ်မိသွားတယ်"

"မင်းအတွက် စိတ်ပူတာက ကိုယ့်ဆန္ဒပါ"
လျန်ကျွင်းဟာ သူ့ဆံပင်များကိုပွတ်သပ်ပေးရင်း
ချော့ပြောသည်။

"ကိုယ့်အနားမှာ မင်းရှိတာကိုက အကြီးမားဆုံး
အကူအညီဖြစ်နေပြီ"

အို....ခင်ဗျားမှာ ပါးစပ်ချိုချိုလေးရှိတာပဲ

ရှီကျင်း၏မျက်ခုံးများ ပြန်လည်ချောမွေ့သွားကာ
ဝမ်းနည်းနေသောစိတ်သည်လည်း အစအနတစ်ခု
မကျန် ပျောက်ရှသွားသည်။ ပြုံးချင်စိတ်နှင့်
အားငယ်မှုကြား လွန်ဆွဲနေရပြီး လျန်ကျွင်းဟာ
ယခုအချိန်တွင် သူ့ကို နှစ်သိမ့်ပေးနေမှန်း
ကောင်းကောင်းကြီးသိသော်လည်း သူ့ကိုယ်သူ
နှစ်သိမ့်ခွင့်ပေးရန် အပြည့်အဝဆန္ဒရှိနေဆဲပင်။

အချစ်ဟာ လူတွေကို ရူးနှမ်းစေတယ်လို့ပြောကြတယ်
ကြည့်ရတာ သူလည်းချွင်းချက်မရှိဘူးထင်တယ်...

ဒါမှမဟုတ် အချစ်က လူကိုရူးသွပ်အောင်လုပ်တာ
မဟုတ်ဘဲ လူတွေကိုက သူတို့ချစ်ရသူတွေကို
ဝန်ထုပ်ဝန်ပိုးထပ်မပေးချင်တာကြောင့်
သူတို့ကိုယ်တိုင် အရူးဖြစ်ဖို့ ဆန္ဒရှိနေကြတာဖြစ်မယ်

ညစာစားပြီးချိန်မှာ လေးယောက်သားဆီမှ
ပထမဆုံးမက်ဆေ့ခ်ျရောက်လာသည်—ရန်သူ၏
ဌာနချုပ်အနီးသို့ ရောက်ရှိပြီး တပ်ဖွဲ့ဝင်များနှင့်
လက်နက်အင်အားစုစည်းလျက်ရှိကြောင်း
Gua Er သတင်းပို့လာသည်။

နှစ်နာရီကြာပြီးနောက် Gua Sanနှင့်Gua Wu
တို့လည်း အကြောင်းကြားလာသည်။လျန်ကျွင်းသည်
သူတို့အခြေအနေများကိုမေးမြန်းပြီး
အားလုံးအဆင်ပြေသည်ဆိုမှ ဘာမှထပ်မပြောတော့ဘဲ
နည်းဗျူဟာအစီအစဉ်များပြုလုပ်သည့်အပေါ်
အာရုံစိုက်ရန်သာ မှာသည်။

ဒီလိုနှင့် ညသန်းခေါင်အချိန်မှ လမ်းခရီးအရှည်ဆုံး
သွားရသောGua Yiမှ သတင်းပို့လာတော့သည်။
ဦးတည်ရာပန်းတိုင်ကိုရောက်ရှိပြီး အဖွဲ့ဝင်များ
ချိန်ညှိ့ခြင်းနှင့် လှုပ်ရှားမှုများပြင်ဆင်ဖို့
Annihilationဒေသခံဌာနခွဲဖြင့် ပူးပေါင်း
ဆောင်ရွက်နေသည်။

အခုအချိန်ထိတော့ ဘာအတားအဆီးမှမရှိသေးပေ။
သတင်းအချက်အလက်များဖလှယ်ပြီးနောက်
လေးယောက်စလုံးမှာ တူညီသောအစီအစဉ်ကို
မတုံ့ဆိုင်းစွာ ရွေးချယ်ကြသည်—တပ်ဖွဲ့ဝင်များ
နေရာတကျဖြစ်သည်နှင့် လျှပ်တစ်ပြက်တိုက်ခိုက်ပြီး
ရန်သူကိုဖမ်းဆီးမည်။

လျန်ကျွင်းလည်း သူတို့၏နည်းဗျူဟာစီစဉ်မှုများအပေါ်
ကြားဝင်မကန့်ကွက်ဘဲ သတင်းကောင်းစောင့်နေမည်
ဟူ၍သာ ဆိုသည်။

ဤညကတော့ အိပ်ရေးပျက်ဖို့ ကံပါလာလေသည်။

Annihilation၏အင်အားသည် သံသယဝင်စရာ
မရှိပါ။ မနက်တစ်ချက်ထိုးကျော်ချိန်လောက်တွင်
တိုက်ပွဲခေါ်သံကို ပထမဆုံးတီးခတ်သူမှာ
Gua Erဖြစ်သည်။သူသည် လျန်ကျွင်းနှင့်
တစ်ချိန်လုံးဆက်သွယ်နေပြီး တိုက်ရိုက်ထုတ်လွှင့်
အစီရင်ခံသည်။ Gua Erပြောပုံအရ
သူ့တပ်ဖွဲ့သည် ရန်သူအဖွဲ့အစည်းကို
ဖိနှပ်နင်းခြေနိုင်ခဲ့ပြီး ခေါင်းဆောင်ကို
အရှင်ဖမ်းမိရုံသာမက ငွေစာရင်းစာအုပ်များအစရှိသော
လျှို့ဝှက်မီးခံသေတ္တာကိုပါ ရှာတွေ့လေသည်။
ဒါဟာ ကြီးမားသောအမြတ်ရမှုပင်။

ပြီးနောက် မကြာမှာပဲ Gua Sanနှင့်Gua Wuတို့
လည်း လှုပ်ရှားပြီး ရန်သူအားထိုနည်းအတိုင်း
ချေမှုန်းလေသည်။ သို့ပေမဲ့ Gua Sanသည်
ခေါင်းဆောင်ဖြစ်သူအား အမိမရခဲ့ချေ။
ထိုသူသည် ရှုံးတော့မည်ဆိုတာသေချာသည်နှင့်
ကိုယ့်အသက်ကိုယ် နုတ်ယူပစ်ခဲ့တာကြောင့်ဖြစ်သည်။

Gua Yiကတော့ နောက်ဆုံးမှလှုပ်ရှားလေသည်။
သူတာဝန်ယူထားသောအဖွဲ့အစည်းမှာ
Gunfireအတွက် လွန်စွာအရေးပါသည့်အတွက်
စခန်းတည်ဆောက်ပုံနှင့် ခုခံအားတို့မှာ
တိုက်ခိုက်ရ အလွန်ခဲယဉ်းလှသည်။
Gua Yiသည်လည်း သတိရှိပါသည်—
ရန်သူခံစစ်စည်း၏အားနည်းသောအချက်ကို
ဦးစွာချိုးဖျက်ကာ သူ့တည်နေရာကိုလုံခြုံစေပြီးမှ
အလုံးစုံထိုးစစ်ကို စတင်လိုက်သည်။

ထို့ကြောင့် Gua Yi၏တိုက်ပွဲက ပိုမိုကြာရှည်ခဲ့ပြီး
မနက်အရုဏ်တက်ချိန်မှသာ ပြီးဆုံးလေသည်။
သူသည်လည်း ရန်သူကိုချေမှုန်းနိုင်ပြီး ခေါင်းဆောင်ကို
ကိုယ့်ကိုယ်ကိုယ်သတ်သေသည်မှတားဆီးနိုင်ကာ
အရှင်ဖမ်းမိခဲ့သည်။

ဒီလိုနဲ့ပဲ လျန်ကျွင်းစီစဉ်သောမစ်ရှင်လည်း
ပြီးစီးသွားသည်။ဒါဟာ တစ်ရက်ပင် မကြာလိုက်၊
သက်ရောက်မှုက အံ့သြသင့်စရာပင်။

ရှီကျင်းဟာ လျန်ကျွင်းကိုအဖော်ပြုပေးနေ၍
ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့နေရပေသည်။
လျန်ကျွင်း သူ့ကို ဒီတစ်ကြိမ်မလွှတ်လိုက်တာ
မှန်လှသည်ဟု အမြှီးကုပ်ကာ ဝန်ခံမိသည်။
သူရဲ့လက်ရှိခွန်အားနှင့်အတွေ့အကြုံအရ
Gua Erနှင့် တခြားသူများလုပ်ဆောင်သလို
သူတကယ်မစွမ်းဆောင်နိုင်သေးပေ။

သာမန်ရာထူးနိမ့်ရဲဝန်ထမ်းတစ်ဦးနှင့် ဘဝ၌
အဆုံးအစမဲ့သောစစ်ပွဲများရင်ဆိုင်နေရသည့်
မြေအောက်လောက၏ဂိုဏ်းသားများကြား
ခွန်အားကွာဟမှုသည် လေ့ကျင့်မှုအနည်းငယ်နှင့်
အလုပ်နည်းနည်းလုပ်ရုံဖြင့် ကျော်လွှားနိုင်သည့်အရာ
မဟုတ်ပေ။

"တစ်ခါတည်း တပ်ဆုတ်လာခဲ့၊ Gunfireမိတာ
မခံရစေနဲ့။ တပ်ဆုတ်တာကို ကာဗာလုပ်ဖို့
တစ်ယောက်ယောက်လွှတ်ပေးမယ် ဘာပဲဖြစ်ဖြစ်
ဂရုစိုက်ဦး"

လျန်ကျွင်းသည် နောက်ဆုံးသောအမိန့်ကို
ထုတ်ပြောပြီးနောက် ဝှီးချဲကိုမှီချကာ နှာရိုးကို
နှိပ်နယ်နေမိသည်။

ထိုအခါမှ ရှီကျင်းလည်း အတွေးထဲမှနိုးထကာ
သူ့ဘေးသို့အမြန်ရွေ့သွားပြီး စိုးရိမ်တကြီးမေးသည်။

"အနားယူချင်လား ကျွင်းရှောက်? တညလုံး
အလုပ်တွေများခဲ့တာလေ"

လျန်ကျွင်းသည် လက်ပြန်ချကာ ရှီကျင်းကို
ကြည့်လိုက်သည်။သူ့မျက်နှာထက်က
ပင်ပန်းနွမ်းနယ်မှုများ အနည်းငယ်လွင့်ပါးသွားကာ

"မင်းက လုပ်စရာမလိုဘဲနဲ့တောင် ကိုယ့်ဘေးမှာ
တစ်ချိန်လုံးနေပေးခဲ့တာလေ။ ကိုယ်က သူတို့
တပ်ဆုတ်တာကို စောင့်ကြည့်နေဖို့လိုသေးတယ်
မင်းကတော့ သွားအိပ်တော့။ Gua Jiuကို
အစားဝင်ဖို့ ခေါ်လိုက်မယ်လေ"

လူငယ်လေးပါးပြင်ကို ပွတ်သပ်ပေးရင်း
ပြောလေသည်။

"ကျွန်တော့်တာဝန်က ကျွင်းရှောက်အနားရှိဖို့ပါ။
အဲ့တာကြောင့် ကျွန်တော်က ကိုယ့်အလုပ်ကိုယ်လုပ်ရုံ
ပါပဲ"

ရှီကျင်းမှ အတည်ပေါက်ကြီး အမှားပြင်ပေးသည်။
လျန်ကျွင်းလက်ကိုဖမ်းကိုင်ကာ အနမ်းတစ်ပွင့်ပေးပြီး
အပြုံးလေးဖြင့် ဆိုသည်။

"ကြည့်ရတာ ကျွန်တော်တို့ နည်းနည်းကြာကြာ
ထပ်နေရမဲ့ပုံပဲ။ ခဏစောင့်နော်...
ကျွင်းရှောက်နိုးနိုးကြားကြားဖြစ်အောင်
ကျွန်တော် သောက်စရာတစ်ခုခု ယူလာပေးမယ်"

လျန်ကျွင်းလည်း မတတ်နိုင်စွာ သူ့နည်းသူ့ဟန်ဖြင့်
ပြုံးကာ ပြန်ဖြေလိုက်သည်။လူငယ်လေးလက်ကို
ဖိဆုပ်ရင်း သဘောတူဟန်ခေါင်းညိတ်ပြပြီး
ရှီကျင်းကို အနားယူဖို့ ထပ်မတိုက်တွန်းတော့ပေ။

မနက်ခင်းမိုးသောက်ချိန်၏ဦးစွာသော
အငွေ့အသက်များက အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကို
ဖြတ်ကျော်ကာ စတင်ထိုးဖောက်ဝင်ရောက်လာချိန်
ဖြစ်လေရာ လူတိုင်းနီးပါး အိပ်မောကျနေဆဲ
ဖြစ်သည်။ ရှီကျင်းသည် မီးဖိုချောင်ကို
တိတ်တိတ်လေး ခပ်သုတ်သုတ်သွားကာ
နို့တစ်ခွက်အပူပေးပြီး သရေစာတချို့နှင့်အတူ
လင်ဗန်းထဲထည့်ယူလာသည်။

ဧည့်ခန်းမှဖြတ်လျှောက်သောအခါ ပြတင်းပေါက်အနီးမှ
တစ်ယောက်ထိုင်ဆိုဖာခုံပေါ်တွင် တစ်စုံတစ်ယောက်
မှီတွယ်နေကြောင်း သတိထားမိသွားသည်။
ရှီကျင်းလန့်ဖြန့်ကာ အနီးကပ်ကြည့်ရန် ထိုနေရာသို့
ကွေ့ပတ်လျှောက်သွားပြီး နှစ်ခါလောက်သေချာ
ပြန်ကြည့်တော့မှ မထင်မှတ်ထားစွာ ဖေးယွီကျင့်
ဖြစ်နေခဲ့သည်။ ညဝတ်အင်္ကျီဖြင့် ထိုသူ၏မျက်နှာမှာ
အရင်နေ့ကထက်တောင် ပို၍ဆိုးရွားလာသည်။
မျက်လုံးများမှိတ်ထားသော်လည်း မျက်ခုံးများ
တွန့်ကွေးနေကာ အနက်ရောင်မျက်ကွင်းများမှာလည်း
ပိုမိုမဲမှောင်နေသည်။ သူ့အခြေအနေကိုကြည့်ရုံနဲ့
ဘာဖြစ်နေသလဲဆိုတာ ခန့်မှန်းရလွယ်ပါသည်။

"အိပ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီလား?"
ရှီကျင်း မေးလိုက်သည်။

ရုတ်တရက်ထွက်လာသောအသံကြောင့် လန့်သွားကာ
ဖေးယွီကျင့်မျက်လုံးများ ချက်ချင်းပွင့်လာသည်။

"မဟုတ်ဘူး၊ ဒီတိုင်း စောစောနိုးလာလို့
လေကောင်းလေသန့်ထွက်ရှူနေတာ"

ထိုသူသည် ဝန်ခံဖို့ ငြင်းဆန်ဆဲပင်။

အနည်းဆုံး ပြတင်းတစ်ပေါက်လောက်ဖွင့်ထားခဲ့ရင်
ခင်ဗျားပြောတာက နည်းနည်းပိုယုတ္တိရှိမှာပေါ့လို့....

ဒါပေမဲ့ ရှီကျင်းထုတ်မပြောခဲ့ပါ။ ထို့နောက်တွင်မူ
လင်ဗန်းကိုတစ်ချက်ချကာ ဘေးစားပွဲမှ
တစ်ခါသုံးခွက်ကိုယူပြီး နို့လောင်းထည့်ပေးလိုက်သည်။
ဗန်းထဲကမုန့်နည်းနည်းခွဲပေးပြီး ပြောသည်။

"ကြိတ်သည်းခံနေတာက သက်သာလာမှာမဟုတ်ဘူး
ဆိုတာ ခင်ဗျားသိပါတယ်။ အိပ်မပျော်ဘူးဆို
ညနေပိုင်းမှာ နွားနို့ပူပူလေးတစ်ခွက်သောက်လိုက်၊
အားကစားနဲ့ဖျော်ဖြေရေးကလည်း စိတ်အပန်းဖြေ
စေတာပဲလေ...ပြီးတော့ အိပ်ရာမဝင်ခင်
စိတ်ဖိစီးမှုများတဲ့အလုပ်တွေကိုလည်း ရှောင်ဦး။
အဲ့အစား သူငယ်ချင်းတစ်ယောက်နဲ့စကားပြော
ရင်ဖွင့်ပစ်လိုက်—ဒါကို တစ်ယောက်တည်း
ကြိတ်ဖြေရှင်းနေတာထက်တော့ ပိုကောင်းတာပေါ့။
အခုလိုအတိုင်းသာ ကျပ်ကျပ်ဆက်လုပ်နေရင်တော့
စိတ်ရောဂါရလာမှာ အသေအချာပဲ"

"မင်း ငါ့ကိုကျိန်ဆဲနေတာလား?"
ဖေးယွီကျင့်သည် မျက်ခုံးတို့တွန့်ချိုးလျက်
မေးလိုက်သည်။

သူ့အစ်ကိုရဲ့ဦးနှောက်အလုပ်လုပ်ပုံကို
ရှီကျင်း ဘယ်တော့မှနားလည်မှာမဟုတ်ကြောင်း
ခံစားမိလိုက်ရသည်။ ထို့ကြောင့်
အရူးတစ်ယောက်ကို ကြည့်သလိုသာကြည့်ရင်း
ဗန်းကိုကောက်မကာ ပြောလိုက်သည်။

"ဟုတ်တယ် ကျိန်ဆဲနေတာ"
ပြီးသည်နှင့် ရှီကျင်းဟာ ထိုသူရူးနဲ့
အချိန်ဆက်မဖြုန်းချင်တော့ဟန် ဧည့်ခန်းထဲမှ
ထွက်သွားတော့သည်။

ရှီကျင်း၏နောက်ဆုံးအကြည့်ကြောင့်
ဖေးယွီကျင့် အသက်ရှူကျပ်မတတ်ဖြစ်သွားရသည်။
လူငယ်လေးနောက်ကျောကို ငေးကြည့်ရင်းနဲ့
ဘေးစားပွဲပေါ်မှ ချိုမွှေးသောရနံ့ရှိသည့်မုန့်ချိုများနှင့်
အငွေ့တထောင်းထောင်းထွက်နေသောနွားနို့ဆီ
အကြည့်ရောက်သွားသည်။ သည်းမခံနိုင်သည့်နှယ်
မျက်မှောင်ကြုပ်ရင်း ဆိုဖာကိုပြန်မှီကာ
မျက်လုံးတစ်စုံကို ပြန်လည်ပိတ်လိုက်လေသည်။

မနက်ဆယ်နာရီတွင် Gua Yiတို့သည်
လုံခြုံသောနေရာဆီသို့ တပ်ဆုတ်ခဲ့ပြီဖြစ်ကြောင်း
အကြောင်းကြားလာတော့သည်။ ထိုအခါမှ
လျန်ကျွင်းလည်း စိတ်သက်သာရာရသွားကာ
Gua Jiuကိုခေါ်ပြီး တပ်ဆုတ်ခြင်း၏နောက်ဆက်တွဲ
အပိုင်းများကို မျက်ခြေမပြတ်ဆက်စောင့်ကြည့်ဖို့
ပြောသည်။ ထို့နောက် ရှီကျင်းကိုခေါ်ဆောင်ကာ
သူ့အခန်းဆီသို့ ပြန်လာကြလေသည်။

လျန်ကျွင်းကိုယ်လက်သန့်စင်ပြီးသည်အထိ
ရှီကျင်းစောင့်ပေးကာ အိပ်ရာထက်နေရာချပေးပြီးမှ
ထွက်သွားဖို့ ပြင်လိုက်သည်။

သို့သော်လည်း မတိုင်မီမှာပဲ လျန်ကျွင်းက
သူ့လက်ကိုဖမ်းလိုက်ကာ
"မအိပ်ဘူးလား?"

"အိပ်မှာပါ..အရင်ဆုံးတော့ ရေချိုးရမယ်လေ"

လျန်ကျွင်းသည် သူ့အတွက်နေရာလုပ်ပေးသည့်ဟန်
ကုတင်တစ်ဖက်သို့ ရွေ့ကာ
"ကိစ္စမရှိဘူး လာခဲ့ချေ"

တကယ်တော့ ရှီကျင်းဟာ သူ့အခန်းသူပြန်အိပ်ဖို့
စီစဉ်ထားကြောင်း ပြောချင်နေ၍ ပါးစပ်ဟလိုက်
သော်ငြား ချစ်ခင်မြတ်နိုးစွာလေးနက်မှုအပြည့်ရှိသော
လျန်ကျွင်းမျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရသောအခါ
သူ့စကားများကို ပြန်မြိုချလိုက်တော့သည်။
ထို့နောက် နာခံစွာနဲ့ ကုတင်ပေါ်တက်လာကာ
သူတို့အပေါ်စောင်ဆွဲတင်ရင်း ပြောလိုက်သည်။

"အိပ်တော့"

သို့ပေမဲ့ လျန်ကျွင်းဟာ သူ့အနားတိုးကာ
နမ်းရှိုက်လာသည်။

ရှီကျင်းလည်း ရုတ်တရက်မို့ လန့်သွားမိပေမဲ့
လျန်ကျွင်း၏လေးနက်သောအမူအရာကို
ဖျတ်ကနဲမြင်လိုက်ရပြီး စိတ်ပါလက်ပါရှိလှသော
အနမ်း၏သိမ်မွေ့မှုကို ခံစားမိလေရာ သူ့မျက်လုံးတို့
မှိတ်ချပြီး လျန်ကျွင်းကိုသိုင်းဖက်လိုက်သည်။

ဒီလိုဖြင့် ညစာစားချိန်အထိ သူတို့မနိုးလာခဲ့ပေ။
Gua Yiတို့က နေ့ခင်းပိုင်းတည်းက
ပြန်ရောက်လာကြပြီး အိပ်စက်အနားယူနေကြ
လေသည်။ထို့ကြောင့် လျန်ကျွင်းသည်
Gua Jiuကိုသာခေါ်ပြီး ထိခိုက်ဒဏ်ရာရသူရှိလား
မေးမြန်းလိုက်သည်။ လေးယောက်စလုံး
မထိခိုက်ကြောင်း သိရှိရပြီးမှ စိတ်အေးစွာ
အလုပ်ပြန်လုပ်တော့သည်။

Gua Erနှင့်တခြားသူများသည် ညဆယ်နာရီတွင်
နိုးလာပြီး သူတို့အစီရင်ခံစာများတင်ပြရန်
လျန်ကျွင်းကို လာရှာကြသည်။

ခေါင်းဆောင်သုံးဦးအရှင်ဖမ်းမိပြီး သူတို့၏
အရေးပါဆုံးသောလက်အောက်ငယ်သားများကို
Annihilation၏စခန်းတစ်ခုစီတွင်
ခွဲခြားထိန်းသိမ်းထားသည်။ တွေ့ရှိလာသော
သတင်းအချက်အလက်အားလုံးကိုယူလာပြီး
Gua Jiuက အဖြေထုတ်နေသည်။

တချို့အသေးစိတ်အချက်များကို လျန်ကျွင်း
စစ်ဆေးပြီးနောက် Gua Yiနှင့်ကျန်သုံးယောက်
ကိုင်ကွယ်ရမည့်တခြားအဖွဲ့အစည်းများနာမည်ကို
ပြောကြားလိုက်သည်။

ရှီကျင်း စိတ်ရှုပ်မိသွားသည်—Gunfire၏
လက်အောက်ခံအဖွဲ့များရှင်းလင်းရေးဟာ
second roundရှိလိမ့်မည်ဟု သူမတွေးထားခဲ့။
ထိုလေးဦးကတော့ ဒီအကြောင်းကိုခန့်မှန်းပြီးသား
ဖြစ်ပုံရသည်။သူတို့တာဝန်များကို လက်ခံရရှိသည်နှင့်
ချက်ချင်းထွက်ခွာသွားကြသည်။

ဒီတစ်ကြိမ်မှာတော့ သူ့အတွက် တစ်ခုတောင်းဖို့
လောက်ထိ ရှီကျင်းမရူးမိုက်သေးပေ။
ထိုသူတို့အလျှိုလျှိုထွက်သွားသည်ကိုကြည့်ပြီးနောက်
မေးလိုက်သည်။

"ဒါဆို ကျွင်းရှောက်က ဆက်တိုက်ဖို့
ရည်ရွယ်ထားတာပေါ့?"

"သေချာတာပေါ့၊ Gunfireဘက်က ဆွေးနွေး
ညှိ့နှိုင်းဖို့လာရှာတော့မှ ရပ်မှာ"
လျန်ကျွင်း ခွန်းတုံ့ပြန်သည်။

"အဲ့အချိန်တုန်းက..."

ရှီကျင်း ထိုစကားကိုကြားလိုက်သောအခါ
တွေ့ဆုံပွဲ၏အဆုံးသတ်တွင် ဖြစ်ပျက်ခဲ့သည်များကို
ပြန်သတိရသွားလေသည်။ကျိုယန်ဟာ လုံရှီကို
အသုံးချပြီး လျန်ကျွင်းကိုအကျပ်ကိုင်ချင်သော်လည်း
ထိုအစား လျန်ကျွင်းထောင်ချောက်ထဲသာ
ကျဆင်းသွားခဲ့ရသည်။ ယခုအခြေအနေကလည်း
ထိုအချိန်ကအဖြစ်အပျက်နှင့် အနည်းငယ်ဆင်တူ
နေသည်ဟု ရှီကျင်းရုတ်တရက်တွေးမိသည်။

လျန်ကျွင်းလုပ်ဆောင်ပုံနည်းလမ်းများကို
သူနားလည်သွားပြီလို့ ခံစားရတယ်—ရန်သူရဲ့
လွှမ်းမိုးနိုင်စွမ်းကို လျစ်လျူရှုထားပြီး မိမိဘက်က
အသာစီးရနိုင်မဲ့နည်းလမ်းကိုသာ ရှာထားလိုက်။
အဲ့လိုသာလုပ်ထားသရွေ့ မင်းက တိုက်ပွဲတစ်ဝက်ကို
အောင်နိုင်ပြီးသားဖြစ်လိမ့်မယ်။

ဒီလိုသံသရာအလည်အပတ်ကြီးက နောက်တပတ်
အချိန်အထိဆက်သွားနေခဲ့သည်။Gua Erတို့
ထွက်သွားကြသည်—သူတို့တာဝန်ယူရသော
အဖွဲ့အစည်းများကိုရှင်းပစ်သည်—"ဌာနချုပ်"ကို
တပ်ပြန်ဆုတ်လာသည်—အလုပ်အသစ်ထပ်ရပြန်သည်
—ထပ်ထွက်သွားကြရပြန်၏။

တည်ငြိမ်သောအရှိန်အဟုတ်ဖြင့် သူတို့သည်
အရှေ့တောင်ပိုင်းဒေသတစ်ခုလုံးရှိ Gunfire၏
လက်အောက်ခံအဖွဲ့များကို ဖယ်ရှားခဲ့ပြီး ၎င်း၏
စီးပွားရေးကွန်ရက်ကို ဖြိုခွဲဖျက်ဆီးပစ်ခဲ့သည်။

ရက်အနည်းငယ်ကြာသည့်အခါ Gunfireဘက်မှ
လည်း အဆုံးကျပြန်လည်တုံ့ပြန်တိုက်ခိုက်လာတော့
သည်။ ထိုအချိန်တွင် Gua Erနှင့်ကျန်သူများမှာ
"ဌာနချုပ်သို့ ဆုတ်ခွာခြင်း"အပိုင်းကို ရှေ့တန်းတင်
သွားကြပြီဖြစ်လေသည်။ အဖွဲ့အစည်းတစ်ခုကို
ဖျက်ဆီးပြီးနောက် အဝေးမှမှာကြားသော
အမိန့်အသစ်များကိုရရှိ၍ ပစ်မှတ်အသစ်ဆီ
ဦးတည်ကြသည်။

တိုက်ခိုက်မှုအရှိန်နှုန်းမြင့်လာသောကြောင့်
လျန်ကျွင်း ညလုံးပေါက်နေသောရက်များကလည်း
မကြာမကြာဖြစ်လာသည်။ သူ့မျက်နှာမှာ
လွန်စွာဖြူဖျော့လာခဲ့ပြီး ကိုယ်အလေးချိန်လည်း
ထပ်မံကျဆင်းသွားပြန်သည်။ထိုအကြောင်းကြောင့်
ရှီကျင်းလည်း တော်တော်စိတ်သောကရောက်ရ၍
တတ်နိုင်သမျှ လျန်ကျွင်းဘေးကမခွာဘဲ
ဘယ်အချိန်မဆို စားခိုင်းအိပ်ခိုင်းပြီး
သူ့ကိုယ်သူဒုက္ခရောက်အောင်လုပ်နေသည်အား
အစွမ်းကုန်ကြိုးစားတားဆီးနေရသည်။

ဤအချိန်ကာလတစ်လျှောက်အတွင်း ရှီကျင်း၏
အိပ်ချိန်မှာလည်း အလွန်အချိန်မမှန်ဖြစ်လာခဲ့သဖြင့်
ပုံမှန်မဟုတ်သောအချိန်အမျိုးမျိုးတွင် ဖေးယွီကျင့်ကို
ဧည်ခန်းထဲစတွေ့လာတော့သည်။ ရှေ့နေဖြစ်သူ
လဲကျသွားပါက လူတိုင်းအလုပ်နှောင့်နှေးသွားမည်
စိုးတာကြောင့် ထိုသူကိုတွေ့သောအချိန်တိုင်း
နို့တစ်ခွက်နှင့် "အိပ်မပျော်ရောဂါနှင့်အိပ်မက်ဆိုးများကို
မည်သို့ကိုင်ကွယ်ဖြေရှင်းသလဲ"မိန့်ခွန်းကို
ပေးလေ့ရှိသည်။

ဖေးယွီကျင့်က သူ့ကိုမြင်ရတာ စိတ်ကုန်နေပုံရသည်။
သူ့သဘောထားသည် ကနဦးကဲ့ရဲ့ခြင်းမှ
စိတ်အနှောင့်အယှက်ဖြစ်ခြင်းဆီသို့ ပြောင်းလဲလာပြီး
ရှီကျင်းကို လုံးဝလျစ်လျူရှုထားသည်။ ဒီတစ်ခါတွင်
သူတအားစိတ်တိုလာ၍ အခန်းဆီထပြန်သွားတော့
သည်။

ရှီကျင်းဟာ ထိုသူထွက်သွားတာကိုကြည့်ရင်း
စိတ်ကျေနပ်စွာ နှုတ်ခမ်းကိုဖျတ်ကနဲပုတ်ပြီး
မေးသည်။

"ငါ သူ့ကိုဒေါသဖြစ်အောင်လုပ်လိုက်မိတာမလား!?"

ရှောင်စစ်သည် ဖေးယွီကျင့်အား အနည်းငယ်သနားမိ
လာသဖြင့်
<အင်း သူ့ကြည့်ရတာ တော်တော်စိတ်ဆိုးသွားတာ။
သူ့ကို ဘာလို့အနိုင်ကျင့်နေရတာလဲ ကျင်းကျင်း?>

ဒါက တကယ်အနိုင်ကျင့်နေတာပင်။ တခြားဘယ်သူမှ
မပြောနိုင်ပေမဲ့ ရှီကျင်းလုပ်နေတာက သူ့အစ်ကိုကို
တမင်တကာမဲနေမှန်း စစ်စတန်သိသည်။

ရှီကျင်းဟာ တခြားသူများနှင့်ပေါင်းသင်းဆက်ဆံရာတွင်
အမြဲလိမ်မာပါးနပ်မနေသော်လည်း ဒီလိုမျိုးမိုက်မဲပြီး
စိတ်အနှောင့်အယှက်ဖြစ်စရာလည်းမကောင်းခဲ့ဖူးချေ။

"အနိုင်ကျင့်တယ်? ငါက သူ့ကိုစိတ်ပူနေတာ
မင်းသိရဲ့လား? သူက ငါ့ကိုအမြဲအေးစက်စက်
ဆက်ဆံပေမဲ့ ငါကတော့မျက်နှာတစ်ဖက်လှည့်ပြီး
သူ့အတွက်စိတ်ပူနေတုန်းပဲ—ငါက လူကောင်းလေး
မဟုတ်လား?"

ရှီကျင်းသည် မျက်နှာသေကြီးဖြင့် မေးလာခဲ့သည်။

ဒီအဖြေကို ရှောင်စစ်ဖြေလိုက်လျှင် သူ့host
စိတ်မကျေနပ်ဖြစ်လျှင်ဖြစ် ဒါမှမဟုတ်
သူ့အသိစိတ်လေးနာကျင်သွားမှာဖြစ်သဖြင့်
ပါးစပ်သာပိတ်နေလိုက်သည်။

အိပ်ရေးပျက်သောညများ တစ်ရက်ပြီးတစ်ရက်
ဖြတ်ကျော်လာခဲ့သည်။ Annihilationနှင့်
အစိုးရဘက်တွင် စစ်တပ်အင်အားစုစည်းလာသည်
နှင့်အမျှ Old Ghost၏Nine Eaglesကို
ရင်ဆိုင်သည့်စီးပွားရေးတိုက်ပွဲကလည်း တစ်စတစ်စ
ပြင်းထန်လာခဲ့၍ အရှေ့တောင်ပိုင်းဒေသ
အခြေအနေကြီးက တဖြည်းဖြည်းမုန်တိုင်းထန်လာ
သည်။ ဒေသခံအဖွဲ့အစည်းအားလုံးကလည်း
လေတိုက်နှုန်းပြောင်းသွားပြီကိုသိလိုက်ပြီး
သူတို့အာရုံများမှာ ပစ်မှတ်ထားခံရသောGunfireဆီ
ရောက်သွားပြီး ပြဿနာမွှေရှာဖို့အသင့်ဖြစ်
နေကြသည်။

ရှင်းလင်းရေးနောက်တစ်သုတ်ပြီးသွားကာ
ဤရာသီတွင် ရှားရှားပါးပါးနေရောင်ခြည်တောက်ပ
နေသောရက်တစ်ရက်၌ Gua Erတို့အပေါင်း
ပြန်ရောက်လာကြသည်။Gunfireလက်အောက်ခံ
အဖွဲ့များသုတ်သင်သည်ကို ယခုရပ်တန့်ထားဖို့
အမိန့်ကျသောကြောင့်ဖြစ်သည်။

ရှီကျင်း အံ့သြသွားကာ
"Gunfireက ကျွန်တော်တို့နဲ့ဆွေးနွေးဖို့
တောင်းဆိုလို့လား?"

"မဟုတ်ဘူး၊ ကျိုယန်တောင်းဆိုတာ..
Old Ghostကို ဆက်သွယ်လိုက်တယ်ဆိုပဲ"

Gua Erသည် အမွှေးငုတ်တိုများမှ ပါးသိုင်းမွှေး
ဖြစ်လာသောမေးစေ့ကိုကုတ်ကာ သန်းဝေရင်း
ပြောသည်။

"အားယား...အရင်ရက်တွေက တအားစိတ်လှုပ်ရှား
စရာကောင်းခဲ့တာပဲ...ငါအရှိန်လျှော့ဖို့လိုပြီ။
သွားအိပ်တော့မယ်ကွာ—ငါ့ကိုအဖော်ပြုချင်လား
ကျင်းကျင်းလေး?"

ရှီကျင်းဟာ ငြင်းဆန်သည့်အနေနဲ့ ခြေလှမ်းတစ်လှမ်း
နောက်ဆုတ်ကာ ထိုသူအနောက်ဘက်ကို
တိတ်တဆိတ်လက်ညှိုးထိုးပြလိုက်သည်။

ထိုစဉ်တခဏ Gua Erရင်ထဲ နိမိတ်မကောင်းသော
ခံစားချက်ကြီးဝင်ရောက်လာကာ အေးခဲသွားသည်။
အနောက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ရာ
လျန်ကျွင်းသည် တစ်ချိန်ချိန်က သူ့အနောက်တွင်
ပေါ်လာပြီး ယခုဆို နက်နဲသောမျက်နှာထားဖြင့်
သူ့အားကြည့်နေသည်။ ကျောရိုးတစ်လျှောက်
ဆိမ့်ကနဲအေးသွားသလိုခံစားလိုက်ရ၍
ခပ်သွက်သွက်ရှင်းပြတော့သည်။

"ကျွန်တော်က ဒီတိုင်း စလိုက်တာပါ..တကယ်..
ဟာသလေးတစ်ခုပါပဲ"
ပြီးသည်နှင့် နောက်ဆုတ်ကာ တန်းပြေးတော့သည်။

ထိုအခါ Gua Jiuသည် laptopဆီမှ
ခေါင်းတောင်မော့မကြည့်ဘဲ
"သူ့မှာ ရွှေငါးတစ်ကောင်ရဲ့မှတ်ဉာဏ်လောက်ပဲ
ရှိတာပြောရဲတယ်—မစ်ရှင်ရှည်ကြီးတစ်ခုပြီးလို့
ပြန်လာတဲ့အချိန်တိုင်း အဲ့စည်းမရှိတဲ့
ပါးစပ်ပေါက်ကြောင့် အကြိမ်ပေါင်းမနည်းအပြစ်ပေး
ခံနေရရော...သူနဲ့တန်ပါတယ်"

ထိုစကားကြောင့် ရှီကျင်းဝက်ဝက်ကွဲထရယ်တော့သည်။

လျန်ကျွင်းသည် ရုပ်တည်ကြီးဖြင့် ရှီကျင်းကိုဆွဲချကာ
ပါးစပ်ကို ဆိတ်ဆွဲလိုက်သည်။

အားလုံးထဲမှာ မင်းက ဒါကိုရယ်ရဲတယ်?

ညရောက်သောအခါ လျန်ကျွင်းက
လွန်စွာသဘာဝကျစွာ သူ့အခန်းထဲတွင်
ရှီကျင်းကိုထပ်မံအိပ်ခိုင်းပြန်သည်။ရှီကျင်းသည်
တစ်ခါမှမအိပ်ရသေးသောသူ့ကိုယ်ပိုင်အခန်းကို
တွေးပြီး လျန်ကျွင်း၏မလိမ့်တပတ်များကို
သတိမထားမိသလို ဟန်ဆောင်ကာ
ဘေးတွင် အလိုက်တသိလှဲလျောင်းလိုက်လေသည်။

သူလေ့လာတွေ့ရှိထားသည့်အတိုင်း
အချို့ကုတင်များသည် တက်ရလွယ်ခဲ့သော်လည်း
ပြန်ရုန်းကန်ဆင်းဖို့ကျ အလွန်ခက်ခဲနေသည်။

ရှီကျင်းမှာ လွန်ခဲ့သောရက်တွေတည်းက
ညဇီးကွက်ဖြစ်ခဲ့သဖြင့် အခုဆို မနက်အစောကြီး
နိုးလာပြီး ပြန်အိပ်လို့မရတော့ချေ။လျန်ကျွင်းကိုလည်း
မနှောင့်ယှက်ချင်တာကြောင့် တိတ်တိတ်လေးထပြီး
အလေ့အထအတိုင်း ဧည့်ခန်းထဲကို
လျှောက်ဝင်သွားလိုက်သည်။

ထင်ထားသည့်အတိုင်း ဖေးယွီကျင့်သည်
ထိုနေရာတွင်ရှိနေခဲ့ပြီး တစ်ယောက်ထိုင်ဆိုဖာတွင်
မှီနေမြဲဖြစ်သည်။ မျက်နှာထက်ကအမူအရာများကို
ဖုံးကွယ်စေသောအရိပ် ကျရောက်နေလျက်ရှိသည်။

"ညတိုင်းသာ ဒီလိုဆက်ဖြစ်နေရင် အိပ်ရေးပျက်လို့
တကယ်သေသွားနိုင်တယ်နော်"

ရှီကျင်းသည် မျက်မှောင်ကြုပ်ရင်း ထိုသူရှေ့တွင်
ရပ်လိုက်သည်။

ဤသည်မှာ တပတ်ကျော်ပြီဖြစ်သည်။ထိုအတိုင်းသာ
ဆက်ဖြစ်နေပါက ဖေးယွီကျင့်ဆေးရုံရောက်တော့မှာ
မြင်ယောင်နေပြီ။

ဖေးယွီကျင်းမှာ အလောင်းကောင်ကြီးအလား
ငြိမ်သက်နေလေသည်။
ရှီကျင်းလည်း သူ့ကို တစ်အောင့်လောက်
သေချာကြည့်ရှုစစ်ဆေးပြီးမှ လှည့်ထွက်သွားသည်။

ခြေသံများကိုနားထောင်ရင်း ဖေးယွီကျင့်လက်ချောင်းတို့
တွန့်ကွေးသွားသော်လည်း မျက်လုံးဖွင့်မကြည့်ခဲ့ပေ။

ဆယ်မိနစ်လောက်လည်းကြာတော့ ရှီကျင်းဟာ
နို့ပူပူနှင့်သရေစာမုန့်များနှင့်အတူ ပြန်ရောက်လာသည်။
ဧည့်ခန်းမီးကိုဖွင့်ပြီး ကော်ဖီစားပွဲပေါ် လင်ဗန်းကို
တင်လိုက်သည်။ထို့နောက် စားပွဲသေးတစ်ခုကို
ဖေးယွီကျင့်ရှေ့ဆီ ဆွဲယူလာပြီး ထိုင်ခုံနောက်တစ်လုံး
ချလိုက်သည်။ နေရာများအစီတကျချပြီးပြီဖြစ်ရာ
ဗန်းကို စားပွဲသေးလေးဆီရွေ့ပြီး ဖေးယွီကျင့်နှင့်
မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်တော့သည်။

ထိုအခါမှ လူကြီးမျက်လုံးပွင့်လာပြီး သူ့ကို
လှမ်းကြည့်သည်။

"ရှီကျင်း မင်းဘာတွေလျှောက်လုပ်နေတာလဲ?"
သူ့အသံမှာ တကယ်ကိုရှားရှားပါးပါးတည်ငြိမ်နေသည်။

ရှီကျင်းက သူ့ကိုတစ်ချက်လှမ်းကြည့်ကာ
tabletကိုထုတ်လိုက်သည်။
"ဘာကိုလဲ? ကျွန်တော်က တညလုံးမအိပ်တာကို
ကျင့်သားရသွားလို့ အိပ်မပျော်တော့ဘူးလေ။
အဲ့တာကြောင့် ရုပ်ရှင်ကြည့်မလို့"

"တခြားနေရာမှာ သွားကြည့်"
ဖေးယွီကျင့်သည် သူ့ကိုမောင်းထုတ်ဖို့ကြိုးစားလေသည်။

ရှီကျင်းကတော့ tabletတစ်လုံးဖြင့်
ဟိုလိုလိုသည်လိုလိုလုပ်ကာ အစ်ကိုဖြစ်သူကို
လျစ်လျူရှုနေသည်။

"ဟင့်အင်း ကျွန်တော် ဒီနေရာကိုအကြိုက်ဆုံးပဲ။
ခင်ဗျားစိတ်အနှောင့်အယှက်ဖြစ်ရင် ထွက်သွားပေါ့"

ပြီးတာနှင့် movie iconကိုနှိပ်လိုက်လေသည်။

“အားးးးးး—!!!”

ဆိတ်ငြိမ်နေသောညအချိန်တွင် စူးရှသောအာခေါင်ခြစ်
အော်သံကြီးက tabletစပီကာမှ ကျယ်လောင်စွာ
ထွက်လာသည်။ဖေးယွီကျင့်မှာ လန့်လွန်းလို့
ထခုန်မတတ်ဖြစ်သွားရသည်။ ထို့ကြောင့်
မျက်နှာကြီးမှောင်မဲကာ အံကိုကြိတ်ရင်း
ပြောတော့သည်။

"မင်း သောက်ကျိုးနည်းဘာတွေလုပ်နေတာလဲ
ရှီကျင်း!"

"ရုပ်ရှင်ကြည့်ပါမယ်လို့ ပြောနေတယ်လေ"
ရှီကျင်း ပြန်ပြောသည်။ထိုစဉ်တခဏ ရှီကျင်း၏
အမူအရာမှာပဟေဠိဆန်သွားပြီး ဆက်ပြောသည်။

"ခင်ဗျားမသိလို့ ကျွန်တော် Annihilationကို
စရောက်တုန်းကဆို အရာအားလုံးကိုကြောက်ခဲ့တာ။
သေနတ်သံတွေကြောင့် တစ်ပတ်လောက်အိပ်မပျော်
ခဲ့ဘူး။ အဲ့တာနဲ့ အဖွဲ့အစည်းထဲကဆရာဝန်ကြီးက
နည်းလမ်းတစ်ခုပြောပြခဲ့တယ်။ တကယ်လည်း
အလုပ်ဖြစ်ပြီး သေနတ်သံတွေကိုမကြောက်တော့သလို
အိပ်လည်းအိပ်နိုင်သွားတယ်"

ဖေးယွီကျင့်သည် ရှီကျင်းအား တကယ်ကို
လျစ်လျူရှူပြီး မောင်းထုတ်ပစ်ချင်ခဲ့သော်လည်း
အိပ်မက်ဆိုးများနှင့်အိပ်မပျော်သည့်ဒဏ်က
ဆယ်ရက်နီးပါးနှိပ်စက်နေသဖြင့် သူရူးချင်သလို
တောင်ဖြစ်နေပြီဖြစ်သည်။ သူလုပ်ဖို့လိုသေးသော
အလုပ်ကိစ္စများကိုပြန်တွေးပြီး တစ်အောင့်မျှ
ဒွိဟဖြစ်နေသော်လည်း အဆုံးကျလက်လျှော့ဖို့
ဆုံးဖြတ်လိုက်လေသည်။ အသံတောင့်တောင့်ကြီးဖြင့်
ကိုးရိုးကားရားမေးကြည့်လိုက်သည်။

"ဘာနည်းလမ်းလဲ?"

"အဆိပ်ကို အဆိပ်နဲ့တိုက်ထုတ်တာ"
ရှီကျင်းသည် ဖေးယွီကျင့်ဘေးကို ထိုင်ခုံဆွဲယူလာပြီး
tabletထဲက ရုပ်ပုံကို အကျယ်ချဲ့ပြသည်။

"အကြိမ်တော်တော်များများကြည့်လိုက်ရင်
ကြောက်စရာမကောင်းတော့ဘူး။ ဒီနေ့က
လကွယ်နေ့လေ—သရဲကားကြည့်ဖို့အတွက်
လုံးဝအချိန်ကောင်းလို့ မထင်ဘူးလား?"

ဖေးယွီကျင့်သည် ဖန်သားပြင်ပေါ်မှ သွေးများ
စွန်းထင်နေသောကြောက်စရာမျက်နှာကြီးကို
လှမ်းကြည့်ကာ မျက်လုံးများဖျတ်ကနဲပိတ်မိသည်။
ပထမဆုံးအကြိမ်အနေနဲ့ ရှီကျင်းပေးထားသော
နို့ခွက်ဆီလက်လှမ်းကာ တစ်ကျိုက်တည်း
မော့သောက်လိုက်တော့သည်။

***************

[ကျင်းကျင်းနဲ့ အာ့ကောတို့ရဲ့relationship
စပြီး developဖြစ်ပါပြီ ဟီးဟီး]
 

========================

Continue Reading

You'll Also Like

471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
1.1M 65.5K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
238K 17.1K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...