ကောင်းကျိုးမပေးသော သမီးပျို P...

Galing kay FinToneLone

79.4K 9.6K 192

ရှန်ယန်ရှောင် Part 4 ရွန္ယန္ေရွာင္ Part 4 Higit pa

၅၉၉
၆၀၀
၆၀၁
၆၀၂
၆၀၃
၆၀၄
၆၀၅
၆၀၆
၆၀၇
၆၀၈
၆၀၉
၆၁၀
၆၁၁
၆၁၂
၆၁၄
၆၁၅
၆၁၆
၆၁၇
၆၁၈
၆၁၉
၆၂၀
၆၂၁
၆၂၂
၆၂၃
၆၂၄
၆၂၅
၆၂၆
၆၂၇
၆၂၈
၆၂၉
၆၃၀
၆၃၁
တောင်းပန်ပါတယ်ဗျို့
၆၃၂
၆၃၃
၆၃၄
၆၃၅

၆၁၃

1.7K 240 0
Galing kay FinToneLone

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၃)

အိုးယန်ဟွမ်းယူဟာ သူ့ကိုယ်သူ အသားကျအောင် ပြင်ဆင်လိုက်ပြီးနောက် သူမဖက်သို့ လှည့်လိုက်ပြီး “လောင်းရွှမ်အင်ပါယာအနေနဲ့ စွန့်ပစ်နယ်မြေအတွင်းမှာ ကျရှုံးမှုများစွာကို ကြုံတွေ့ခဲ့ရတယ်။ဒီနေ့မှာ ခင်ဗျားအနေနဲ့ တက်သစ်နေမြို့တော်ကို အခုလိုထိ အောင်အောင်မြင်မြင်နဲ့ ပြန်လည်တည်ဆောက်နိုင်ခဲ့တာ တစ်ကယ့်ကို အသိအမှတ်ပြုစရာ ကောင်းလှပါတယ်။ဒါပေမယ့် ဒီကိစ္စက ခင်ဗျားလို ကလေးတစ်ယောက်အတွက်တော့ ပင်ပန်းလောက်တဲ့ အလုပ်တစ်ခုဖြစ်မှာပဲ။သိပ်မကြာခင်မှာဘဲ ခင်ဗျားရဲ့ ပုခုံးထက်မှာ ကိစ္စအတော်များများကို ထမ်းထားရမှာဖြစ်ပြီး တက်သစ်နေမြို့တော်မှာ နေထိုင်ဖို့အတွက် ခင်ဗျားအနေနဲ့ အတော်လေး ပင်ပန်းဆင်းရဲတော့မှာပဲ”လို့ ပြောလိုက်သည်။
ဂရုစိုက်စိုးရိမ်သောစကားတွေကို အိုးယန်ဟွမ်းယူက ပြောလိုက်တာဖြစ်သည်။
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိသည်။အိုးယန်ဟွမ်းယူက အခုလိုမျိုး စိုးရိမ်သောလေသံနဲ့ ပြောနေတာကို နားထောင်နေရတဲ့ သူမအနေနဲ့ တစ်ခုခုလွဲနေသလို ခံစားမိနေရတာ ဘာကြောင့်များလဲ့လို့ တွေးမိသွားသည်။
“ပြောရရင်တော့ ခင်ဗျားတော်ဝင်ရိုလန်ကျောင်းမှာရှိနေကတည်းက ခင်ဗျားကို ကျနော် တွေ့ချင်နေတာပါ။ခလုတ်ကန်သင်းတွေပေါများလှတဲ့ ဆင့်ခေါ်သူပညာရပ်ကို ဒီလောကထဲ က ဘယ်လိုလူကများ လျှောက်လှမ်းရဲတာလဲဆိုတာကို သိချင်နေမိတာ”လို့ အိုးယန်ဟွမ်းယူ က ရှန်ယန်ရှောင်အား စိတ်လိုနှစ်ရပြောလိုက်ခြင်းဖြစ်သလို သူ့မျက်ဝန်းတွေမှာလည်း စိတ်လက်ပေါ့ပါးသွားဟန်ကို မြင်တွေ့နေရပါသည်။
“လင်းလက်တိုက်သားတွေက ပြီးခဲ့တဲ့ဘေးဆိုးကြီးအပြီးမှာ ဆင့်ခေါ်သူတွေအပေါ်မှာ လုံးဝကို ဆန့်ကျင်လာခဲ့ကြတာ နောက်ပြီး ခင်ဗျားသိတဲ့အတိုင်းပဲ လောင်းရွှမ်တစ်ပြည်လုံးမှာ တော်ဝင်ရိုလန်ကျောင်းမှာသာ ဆင့်ခေါ်သူဌာနခွဲရှိတာလေ ဒါပေမဲ့လည်း ဒီလောက်နှစ်များစွာ ကြာပြီးသည့်တိုင် ဆင့်ခေါ်သူပညာရပ်ကို သင်ယူမယ့်ကျောင်းသား တစ်ယောက်တစ်လေ တောင် မရှိခဲ့ပါဘူး။ဆင့်ခေါ်သူလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကျောင်းသားတစ်ယောက် ရှိတယ်လို့ သိလိုက်ရတော့ ငါဘယ်လောက်တောင် စိတ်လှုပ်ရှားသွားခဲ့ရသလဲဆိုတာကို ခင်ဗျားသိလား။ ဒီတိုက်ကြီးပေါ်မှာ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို အရေးမစိုက်တဲ့ လူတွေရှိနေသေးတာပဲ လို့ အတွေးရခဲ့မိတာပေါ့ဗျာ”
“ကောင်းခြင်းဆိုးခြင်းက ပညာရပ်နဲ့မသက်ဆိုင်ပါဘူး လူပုဂ္ဂိုလ်အပေါ်မှာပဲဆိုင်တာပါ။အဲ့ဒီ ဆင့်ခေါ်သူတွေကနေ လူတွေအပေါ်ကျရောက်စေခဲ့တဲ့ အိပ်မက်ဆိုးကြီးတွေက ဆင့်ခေါ်သူပ ညာရပ်က လုပ်တာမှ မဟုတ်ဘဲကိုး”လို့ ပြန်ပြောလိုက်သော်လည်း အိုးယန်ဟွမ်းယူက ဒီကိစ္စကို ဘာလို့ပြောနေတာမှန်း သူမ နားမလည်သေးပါဘူး။
“ကောင်းခြင်းဆိုးခြင်းဆိုတာ လူတွေရဲ့လုပ်ဆောင်ချက်သာဖြစ်ပြီး ကျန်တာဘာနဲ့မှ မပတ်သက်ပါဘူး။ဒါပေမဲ့ ခင်ဗျား စွန့်ပစ်နယ်မြေထဲကို ခြေချပြီးကတည်းက ခင်ဗျားရဲ့ ဆင့်ခေါ်သူပညာရပ်ကပေးတဲ့ သက်ရောက်မှုကိုတော့ ရပြီးလောက်ပြီလို့ ငါယူဆတယ်”
ထို့နောက် အိုးယန်ဟွမ်းယူက ဆက်ပြောလိုက်ပြန်ပါသည်။
“ကျောင်းပေါင်းစုံပြိုင်ပွဲကြီးရဲ့ချန်ပီယံတွေဟာ စွန့်ပစ်နယ်မြေထဲမှာ မြို့တစ်မြို့ကို လက်ခံရရှိကြပြီး မြို့ပြန်တည်ဆောက်ချိန်မှာလည်း လောင်းရွှမ်ပြည်ရဲ့ ထောက်ပံ့မှုကောင်း ကောင်း ရရှိကြတာချည်းပဲ။ဒါပေမဲ့ ဧကရာဇ်က ခင်ဗျားရောက်ပြီးတာတောင် ဘာကိုမှ ထောက်ပံ့မပေးခဲ့ဘူး ဒါကဘာအဓိပ္ပါယ်လဲဆိုတာကိုတော့ ခင်ဗျားသဘောပေါက်မယ် ထင်ပါ တယ်”
ရှန်ယန်ရှောင် မျက်ခုံးတွန့်လိုက်မိသည်။ဧကရာဇ်ရဲ့ မမျှတစွာ ဆက်ဆံမှုကိုတော့ သူမ ကောင်းကောင်းကြီးသဘောပေါက်ပြီးသားပါ။ဒါပေမဲ့ သူမကတော့ ဂရုမစိုက်ခဲ့ပါဘူး။သူမ တည်ဆောက်ထားတဲ့မြို့ဟာ သူမနဲ့သာ သက်ဆိုင်တာဖြစ်ပြီး တစ်ယောက်ယောက်အပေါ်မှာ ကျေးဇူးကြွေးတင်မနေချင်ပါဘူး။
“ဧကရာဇ်မှာလည်း အကြောင်းပြချက်တော့ရှိမှာပါ ကျနော်တို့က ဒီလိုကိစ္စမျိုးကို ဆွေးနွေးလို့ ဘယ်ဖြစ်ပါ့မလဲ”
ရှန်ယန်ရှောင် စိတ်မရှည်လာတော့ပါဘူး အိုးယန်ဟွမ်းယူရဲ့ ပဟေဠိဆန်ဆန် စကားတွေက သူမကို တစ်ကယ်ပဲ ခေါင်းရှုပ်စေပါသည်။
“ဒါပေါ့လေ ပလ္လင်တော်ရဲ့ကြီးမြတ်မှုကိုး”လို့ပြောပြီး အိုးယန်ဟွမ်းယူက ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။ရှန်ယန်ရှောင်တစ်ယောက် စိတ်မရှည်တော့တာကို သူ သိသွားသလိုပါ ပဲ ဒါကြောင့် ရှင်းပြချက်တွေကို ရပ်လိုက်ပြီးတော့ ဆက်ပြောလိုက်ပါသည်။
“ခင်ဗျားလည်း ဒီအကြောင်းတွေကို ကောင်းကောင်းသဘောပေါက်ထားပြီးသားဆိုတော့ ငါလည်း ဘာမှဆက်ပြောစရာ မရှိတော့ပါဘူး။တစ်ကယ်တန်း စွန့်ပစ်နယ်မြေကို ငါ လာခဲ့ရတဲ့ အကြောင်းရင်းက ဧကရာဇ်ဆီက ဖိတ်ခေါ်ချက်ကြောင့်ပါ”
“ဧကရာဇ်ရဲ့ ဖိတ်ခေါ်ချက် ဟုတ်လား”
ရှန်ယန်ရှောင် တောင့်ကနဲဖြစ်သွားခဲ့သည်။ဧကရာဇ်က စွန့်ပစ်နယ်မြေကို စေလွှတ်ဖို့အတွက် အိုးယန်ဟွမ်းယူကို ဖိတ်ခေါ်လိုက်တာတဲ့လား...

ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၁၃)

အိုးယန္ဟြမ္းယူဟာ သူ႔ကိုယ္သူ အသားက်ေအာင္ ျပင္ဆင္လိုက္ၿပီးေနာက္ သူမဖက္သို႔ လွည့္လိုက္ၿပီး “ေလာင္းရႊမ္အင္ပါယာအေနနဲ႔ စြန႔္ပစ္နယ္ေျမအတြင္းမွာ က်ရွုံးမွုမ်ားစြာကို ၾကဳံေတြ႕ခဲ့ရတယ္။ဒီေန႔မွာ ခင္ဗ်ားအေနနဲ႔ တက္သစ္ေနၿမိဳ႕ေတာ္ကို အခုလိုထိ ေအာင္ေအာင္ျမင္ျမင္နဲ႔ ျပန္လည္တည္ေဆာက္နိုင္ခဲ့တာ တစ္ကယ့္ကို အသိအမွတ္ျပဳစရာ ေကာင္းလွပါတယ္။ဒါေပမယ့္ ဒီကိစၥက ခင္ဗ်ားလို ကေလးတစ္ေယာက္အတြက္ေတာ့ ပင္ပန္းေလာက္တဲ့ အလုပ္တစ္ခုျဖစ္မွာပဲ။သိပ္မၾကာခင္မွာဘဲ ခင္ဗ်ားရဲ့ ပုခုံးထက္မွာ ကိစၥအေတာ္မ်ားမ်ားကို ထမ္းထားရမွာျဖစ္ၿပီး တက္သစ္ေနၿမိဳ႕ေတာ္မွာ ေနထိုင္ဖို႔အတြက္ ခင္ဗ်ားအေနနဲ႔ အေတာ္ေလး ပင္ပန္းဆင္းရဲေတာ့မွာပဲ”လို႔ ေျပာလိုက္သည္။
ဂ႐ုစိုက္စိုးရိမ္ေသာစကားေတြကို အိုးယန္ဟြမ္းယူက ေျပာလိုက္တာျဖစ္သည္။
ရွန္ယန္ေရွာင္ မ်က္ခုံးပင့္လိုက္မိသည္။အိုးယန္ဟြမ္းယူက အခုလိုမ်ိဳး စိုးရိမ္ေသာေလသံနဲ႔ ေျပာေနတာကို နားေထာင္ေနရတဲ့ သူမအေနနဲ႔ တစ္ခုခုလြဲေနသလို ခံစားမိေနရတာ ဘာေၾကာင့္မ်ားလဲ့လို႔ ေတြးမိသြားသည္။
“ေျပာရရင္ေတာ့ ခင္ဗ်ားေတာ္ဝင္ရိုလန္ေက်ာင္းမွာရွိေနကတည္းက ခင္ဗ်ားကို က်ေနာ္ ေတြ႕ခ်င္ေနတာပါ။ခလုတ္ကန္သင္းေတြေပါမ်ားလွတဲ့ ဆင့္ေခၚသူပညာရပ္ကို ဒီေလာကထဲ က ဘယ္လိုလူကမ်ား ေလၽွာက္လွမ္းရဲတာလဲဆိုတာကို သိခ်င္ေနမိတာ”လို႔ အိုးယန္ဟြမ္းယူ က ရွန္ယန္ေရွာင္အား စိတ္လိုႏွစ္ရေျပာလိုက္ျခင္းျဖစ္သလို သူ႔မ်က္ဝန္းေတြမွာလည္း စိတ္လက္ေပါ့ပါးသြားဟန္ကို ျမင္ေတြ႕ေနရပါသည္။
“လင္းလက္တိုက္သားေတြက ၿပီးခဲ့တဲ့ေဘးဆိုးႀကီးအၿပီးမွာ ဆင့္ေခၚသူေတြအေပၚမွာ လုံးဝကို ဆန႔္က်င္လာခဲ့ၾကတာ ေနာက္ၿပီး ခင္ဗ်ားသိတဲ့အတိုင္းပဲ ေလာင္းရႊမ္တစ္ျပည္လုံးမွာ ေတာ္ဝင္ရိုလန္ေက်ာင္းမွာသာ ဆင့္ေခၚသူဌာနခြဲရွိတာေလ ဒါေပမဲ့လည္း ဒီေလာက္ႏွစ္မ်ားစြာ ၾကာၿပီးသည့္တိုင္ ဆင့္ေခၚသူပညာရပ္ကို သင္ယူမယ့္ေက်ာင္းသား တစ္ေယာက္တစ္ေလ ေတာင္ မရွိခဲ့ပါဘူး။ဆင့္ေခၚသူလုပ္ဖို႔ ဆုံးျဖတ္လိုက္တဲ့ ေက်ာင္းသားတစ္ေယာက္ ရွိတယ္လို႔ သိလိုက္ရေတာ့ ငါဘယ္ေလာက္ေတာင္ စိတ္လွုပ္ရွားသြားခဲ့ရသလဲဆိုတာကို ခင္ဗ်ားသိလား။ ဒီတိုက္ႀကီးေပၚမွာ ပတ္ဝန္းက်င္ရဲ့ သက္ေရာက္မွုကို အေရးမစိုက္တဲ့ လူေတြရွိေနေသးတာပဲ လို႔ အေတြးရခဲ့မိတာေပါ့ဗ်ာ”
“ေကာင္းျခင္းဆိုးျခင္းက ပညာရပ္နဲ႔မသက္ဆိုင္ပါဘူး လူပုဂၢိဳလ္အေပၚမွာပဲဆိုင္တာပါ။အဲ့ဒီ ဆင့္ေခၚသူေတြကေန လူေတြအေပၚက်ေရာက္ေစခဲ့တဲ့ အိပ္မက္ဆိုးႀကီးေတြက ဆင့္ေခၚသူပ ညာရပ္က လုပ္တာမွ မဟုတ္ဘဲကိုး”လို႔ ျပန္ေျပာလိုက္ေသာ္လည္း အိုးယန္ဟြမ္းယူက ဒီကိစၥကို ဘာလို႔ေျပာေနတာမွန္း သူမ နားမလည္ေသးပါဘူး။
“ေကာင္းျခင္းဆိုးျခင္းဆိုတာ လူေတြရဲ့လုပ္ေဆာင္ခ်က္သာျဖစ္ၿပီး က်န္တာဘာနဲ႔မွ မပတ္သက္ပါဘူး။ဒါေပမဲ့ ခင္ဗ်ား စြန႔္ပစ္နယ္ေျမထဲကို ေျခခ်ၿပီးကတည္းက ခင္ဗ်ားရဲ့ ဆင့္ေခၚသူပညာရပ္ကေပးတဲ့ သက္ေရာက္မွုကိုေတာ့ ရၿပီးေလာက္ၿပီလို႔ ငါယူဆတယ္”
ထို႔ေနာက္ အိုးယန္ဟြမ္းယူက ဆက္ေျပာလိုက္ျပန္ပါသည္။
“ေက်ာင္းေပါင္းစုံၿပိဳင္ပြဲႀကီးရဲ့ခ်န္ပီယံေတြဟာ စြန႔္ပစ္နယ္ေျမထဲမွာ ၿမိဳ႕တစ္ၿမိဳ႕ကို လက္ခံရရွိၾကၿပီး ၿမိဳ႕ျပန္တည္ေဆာက္ခ်ိန္မွာလည္း ေလာင္းရႊမ္ျပည္ရဲ့ ေထာက္ပံ့မွုေကာင္း ေကာင္း ရရွိၾကတာခ်ည္းပဲ။ဒါေပမဲ့ ဧကရာဇ္က ခင္ဗ်ားေရာက္ၿပီးတာေတာင္ ဘာကိုမွ ေထာက္ပံ့မေပးခဲ့ဘူး ဒါကဘာအဓိပၸါယ္လဲဆိုတာကိုေတာ့ ခင္ဗ်ားသေဘာေပါက္မယ္ ထင္ပါ တယ္”
ရွန္ယန္ေရွာင္ မ်က္ခုံးတြန႔္လိုက္မိသည္။ဧကရာဇ္ရဲ့ မမၽွတစြာ ဆက္ဆံမွုကိုေတာ့ သူမ ေကာင္းေကာင္းႀကီးသေဘာေပါက္ၿပီးသားပါ။ဒါေပမဲ့ သူမကေတာ့ ဂ႐ုမစိုက္ခဲ့ပါဘူး။သူမ တည္ေဆာက္ထားတဲ့ၿမိဳ႕ဟာ သူမနဲ႔သာ သက္ဆိုင္တာျဖစ္ၿပီး တစ္ေယာက္ေယာက္အေပၚမွာ ေက်းဇူးေႂကြးတင္မေနခ်င္ပါဘူး။
“ဧကရာဇ္မွာလည္း အေၾကာင္းျပခ်က္ေတာ့ရွိမွာပါ က်ေနာ္တို႔က ဒီလိုကိစၥမ်ိဳးကို ေဆြးေႏြးလို႔ ဘယ္ျဖစ္ပါ့မလဲ”
ရွန္ယန္ေရွာင္ စိတ္မရွည္လာေတာ့ပါဘူး အိုးယန္ဟြမ္းယူရဲ့ ပေဟဠိဆန္ဆန္ စကားေတြက သူမကို တစ္ကယ္ပဲ ေခါင္းရွုပ္ေစပါသည္။
“ဒါေပါ့ေလ ပလႅင္ေတာ္ရဲ့ႀကီးျမတ္မွုကိုး”လို႔ေျပာၿပီး အိုးယန္ဟြမ္းယူက က်ယ္ေလာင္စြာ ရယ္ေမာလိုက္ပါသည္။ရွန္ယန္ေရွာင္တစ္ေယာက္ စိတ္မရွည္ေတာ့တာကို သူ သိသြားသလိုပါ ပဲ ဒါေၾကာင့္ ရွင္းျပခ်က္ေတြကို ရပ္လိုက္ၿပီးေတာ့ ဆက္ေျပာလိုက္ပါသည္။
“ခင္ဗ်ားလည္း ဒီအေၾကာင္းေတြကို ေကာင္းေကာင္းသေဘာေပါက္ထားၿပီးသားဆိုေတာ့ ငါလည္း ဘာမွဆက္ေျပာစရာ မရွိေတာ့ပါဘူး။တစ္ကယ္တန္း စြန႔္ပစ္နယ္ေျမကို ငါ လာခဲ့ရတဲ့ အေၾကာင္းရင္းက ဧကရာဇ္ဆီက ဖိတ္ေခၚခ်က္ေၾကာင့္ပါ”
“ဧကရာဇ္ရဲ့ ဖိတ္ေခၚခ်က္ ဟုတ္လား”
ရွန္ယန္ေရွာင္ ေတာင့္ကနဲျဖစ္သြားခဲ့သည္။ဧကရာဇ္က စြန႔္ပစ္နယ္ေျမကို ေစလႊတ္ဖို႔အတြက္ အိုးယန္ဟြမ္းယူကို ဖိတ္ေခၚလိုက္တာတဲ့လား...

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

133K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
2.9M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?
916K 68.4K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...