နေခြည်ထွေး၍ နွေးပါစေ(COMPLETE...

By Kattamkaung

851K 84.4K 4.8K

အချစ်ရဲ့ Timing , လူတွေရဲ့ ခံယူချက် အမျိုးမျိုးနဲ့ တိုးတက်မှုနှောင့်နှေးနေတဲ့ ဒေသတွေဆီ တစ်ခေါက်လောက် သွားကြည့... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter -30
Chapter-31
Chapter -32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter- 39
Chapter-40
Chapter-41
Chapter-42
Chapter - 43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Chapter-17

12.1K 1.4K 49
By Kattamkaung

Unicode

ချစ်နိုင်းကို သဘောကျတယ် ၃

ဇွက်ခနဲ ဇွက်ခနဲ နစ်ဝင်ခြင်းများ။
ကိုယ်နေဟန်ထားကို မပျက်အောင်ထိန်းရင်း
ရှေ့ဆက်ဖို့ကို အားစိုက်ယူနေရသည်။ တစ်ဖက်ခြေဖျားလွတ်သည်နှင့် နောက်တစ်ဖက်က ရွံတွေကြားနစ်ခနဲ။ တစ်လှမ်းချင်းလှမ်းနေရင်း ရှေ့ကိုကြည့်လိုက်ရင် ဗွက်အပြည့်နှင့်လမ်း၊ ဘေးကိုကြည့်ရင်တော့ ထူထဲလှသည့်တောအုပ်တွေ။

ရေတံခွန်စီးသံတဝေါဝေါက အဆက်မပြတ်ပေမဲ့ ဘယ်ကနေ ဘယ်လိုစီးနေသည်မမြင်ရပဲ အသံကိုသာကြားနေရသည်မို့ ရေဒီယိုနားထောင်နေရတာနှင့်တောင် ခပ်ဆင်ဆင်။

"လှမ်းလှမ်း.. ခြေလှမ်းကိုဆက်တိုက်လှမ်းဟေ့။ ရပ်လိုက်ရင် ဟန်ချက်ပျက်ပြီးလဲလိမ့်မယ်"
ကျယ်လောင်သော ဆော်ဩသံက ရေစီးသံတွေကိုပါထိုးဖောက်လို့သွား၏။ တောတွင်းငှက်သံတချို့ဆူပွက်သွားပြီးနောက် လူစုရဲ့ခြေလှမ်းတွေက ပြန်သွက်လာခဲ့သည်။

"ဆရာဦး ရရဲ့လား"
ချွေးများစွာထွက်လျက် ဟောဟဲလိုက်နေသောဘေးကလူကို ချစ်နိုင်းမေးလိုက်သည်။
လက်မောင်းတွေကိုကိုင်ပေးထားရင်း ဆရာဦးပင်ပန်းနေတာကို သူသေချာခံစားနိုင်နေသည်။ တဟူးဟူး အသက်ရှူသံနှင့်ရှေ့ဆက်နေတဲ့ဆရာဦးက ဘာပဲဖြစ်ဖြစ်လက်လျော့မည့်ပုံမပေါ်။ ခေါင်းငြိမ့်ပြရင်း
သူ့ခြေလှမ်းတွေကို အားထည့်ကာလျှောက်သည်။ သူ့ခေါင်းတွေက ရွံ့တွေကြားငုံ့ကြည့်လျက်။ မဆုံးနိုင်တဲ့ ရွံ့လမ်းကြီးကနေ အာရုံလွှဲချင်ပုံရသည်။

ကံထူးသူမောင်ရှင်တစ်သိုက်က ညဘက်မိုးရွာကောင်းသွားတာနှင့်မှ ကြုံလေခြင်း။

လမ်းရာသာဖော်ထားရသေးသော လမ်းက
မြေပြိုသွားသည်မို့ သူတို့ဆိုင်ကယ်တွေဟာအသုံးမဝင်တော့။ ပိုဆိုးတာက ရွံ့လမ်းမှာပေတေလျှောက်ရသည့်ကိစ္စ။ ကိုကိုနှင့် ချစ်နိုင်းကလွဲရင် ကျန်တာက လေးဆယ်ကျော်၊ငါးဆယ်နီးပါးလူတွေ။ ကျန်းမားရေးကောင်းပြီး အသွားလာအတွေ့ကြုံရှိကြသော်လည်း
ဒီခရီးမှာတော့ အတော်လေးပင်ပန်းကြရှာသည်။

မနက်စောစော နိုးနိုးချင်း မိုးသံတဖျောက်ဖျောက်ကြားတော့ ချစ်နိုင်းပျော်နေခဲ့သေးသည်။ ရာသီဥတုကတော့ အေးပြီပေါ့။
နောက် ဘေးကနေရှုံ့မဲ့နေသည့် ကိုကို့ကိုမြင်မှ ချစ်နိုင်းလဲရှုံ့မိသွား၏။ရာသီဥတုက မဟုတ်လဲအေးနေတာပဲ။သူတို့ခရီးသွားတာ အဟန့်တားဖြစ်သွားတာပဲပိုသည်။

မိုးဆဲလို့ သူတို့ပြန်ထွက်ခါနီးတော့ တာဝန်ခံကအမြန်လာသတိပေးသည်။ ရှေ့မှာ ၆ဖာလုံလောက် ဆိုင်ကယ်နဲ့သွားလို့မဖြစ်တာမို့၊ အရေးမကြီးလျှင် စခန်းမှာပဲရက်နည်းနည်းနေပါတဲ့လေ။ ဆရာဦးက ချက်ချင်းငြင်းခဲ့သည်။ ပစ္စည်းတွေရောက်နှင့်ပေမဲ့ ခေါင်လန်ဖူးကိုသွားဖို့ သူတို့စောင့်မနေနိုင်။ ဒီမှာထိုင်နေမဲ့အစား ဟိုရောက်မှတုန်းခနဲလှဲလိုက်ဖို့ ပိုအားသန်ကြောင်းပြော၏။ တခြားသူတွေကလဲအတူတူပင်။

ပြောမရတဲ့အဆုံး တာဝန်ခံက နီးစပ်ရာရွာမှ လားတစ်ချို့ငှားကာ ပစ္စည်းတွေကူပို့စေသည်။ ဆိုင်ကယ်တွေကိုထားခဲ့ခိုင်းကာ လမ်းအဆင်ပြေမှပြန်ပို့ပေးမည့်အကြောင်းရှင်းပြပြီး အဝတ်ထုပ်၊ကျောပိုးအိတ်တွေကို လားတွေပေါ်တင်ခိုင်းတော့သည်။

ခေါင်းမမာမိကြတာပဲ ကိုယ့်အဖွဲ့ကိုယ်ကျေးဇူးတင်ရမည်။ လမ်းကအတော်ပျက်သွားတာမို့ တော်တော်နှင့်ခရီးမတွင်။ ဆယ်နာရီကတည်းကထွက်လာတာ တစ်နာရီကျော်သည်အထိ ရွံ့လမ်းကမလွတ်။
ရှေ့ကကျော်တက်သွားသည့် လားတွေပင် ခပ်လှမ်းလှမ်းရောက်နေကြပြီ။ သူတို့ကတော့ အိပဲ့အိပဲ့လိုက်လို့ကောင်းတုန်းသာ။

သူတို့ထက်သွက်တာကတော့ လောင်နွန်တို့ဒေသခံအုပ်စုပင်။ ရွံ့တွေကြားလမ်းလျှောက်နိုင်မှုက တကယ်အံ့အားသင့်စရာ။ တချို့သစ်ကိုင်းများကိုခုတ်ချပြီး ရွံတွေပေါ်လှဲတင်စေသည်။ကချင်ဓားရှည်များဟာ လေထဲမှာလွှဲခနဲလွှဲခနဲ။လမ်းသင့်အောင်လုပ်ပေးနေကြသည်။ကြည့်ရတာ မိုးရွာပြီးပြီးချင်းလမ်းထွက်ကြတာ သူတို့အုပ်စုပထမဆုံးဖြစ်မည်။

လောင်နွန်တို့က လမ်းကြောင်းရှင်းတော့
ချစ်နိုင်းတို့က အချင်းချင်းတွဲကူရသည်။
ကိုဂျော်နီ၊ အန်ကယ်ဦးညီနှင့် ကိုကိုတို့က တစ်စု၊ ဆရာဦး၊ချစ်နိုင်းနှင့် အန်ကယ်သူရိန်ကတစ်အုပ်စုဖြစ်သွားသည်။သူတို့မှာ ရွံ့ထဲမလဲအောင် ရုန်းရင်းကန်ရင်းလျှောက်နေကြရတာမို့ ဘေးပတ်ဝန်းကျင်ကိုတောင် သေချာမငေးနိုင်။

တစ်ခါတစ်‌လေ ဒေသခံအုပ်စုဆီမှ သီချင်းညည်းသံတွေထွက်လာတတ်သည်။ ဗမာသီချင်းမဟုတ်၊ အားလုံးသံပြိုင်ညည်းတတ်တာကြောင့် သူတို့ရဲ့ရိုးရာသီချင်းဖြစ်မည်ဟု ခန့်မှန်းရသည်။ လမ်းရှင်းရတာကို အသားကျနေသလို ပေါ့ပေါ့ပါးပါးရှေ့ဆက်နေကြတာမြင်ရတော့ ချစ်နိုင်းတို့လဲခြေမနှေးနိုင်။ အားတင်းပြီး ရှေ့ဆက်ကြရသည်။

"ရှေ့ဆို ချောင်းရောက်ပြီဟေး။ မဝေးဝောာ့ဘူး မဝေးတော့ဘူး။ နောက်တစ်ချောင်းဆို
ခဏနားကြမယ်"

အားပေးသံကြောင့် ခြေလှမ်းတွေကသိုးသိုးသွက်သွက်ဖြစ်လာကြသည်။မောရကောင်းမှန်းမသိ။ ‌စိမ့်အေးကြည်လင်နေသော ချောင်းငယ်ကိုဖြတ်ရင်း ခြေထောက်တွေရေစိုကုန်တာလဲ ဂရုမစိုက်အား။ ပေခဲ့သမျှရွံ့တွေ ချောင်းရေနဲ့မြောသွားကာ သူတို့လည်းလန်းဆန်းသွားသလိုခံစားလိုက်ရသည်။

ချောင်းကိုကျော်လာတော့ လမ်းကထင်သလောက်မဆိုးတော့ပေ။ ခြေလှမ်းတွေပိုသွက်လာကာ ခရီးပိုတွင်လာသည်။ ဆရာဦးကလဲ အတွဲမခံတော့။ သူ့ရဲ့ ရွံ့ပေနေသောကုတ်အင်္ကျီရှည်ကြီးကို ခါးမှာပတ်ရင်း မြှောက်ကြွမြှောက်ကြွလျှောက်လို့သွား၏။
အခုမှပဲ ဆရာဦးမျက်နှာက ဝင်းပကြည်သွားတာဖြစ်သည်။ အစောက သူ့ခင်မျာပြိုတော့မည့်မိုးလို အားစိုက်ထုတ်ခဲ့ရသည်ကိုး။

"ဆရာလေး ဟိုမယ်သစ်ခွတွေ"
လောင်နွန်က ချစ်နိုင်းအနားရောက်လာ၏။
သူ့လက်ထဲတွင် ဓားရှည်တစ်လက်နှင့်။အစောက လမ်းကြောင်းယူပေးတဲ့အထဲ သူပါကူးနေပေးခဲ့တာဖြစ်သည်။

"အဝါလေးတွေ လှလိုက်တာ"

"ဒီတောထဲ သစ်ခွကတော့အစုံပဲ။
ဆရာလေးကြိုက်ရင် အပြန်လက်ဆောင်ပေးဖို့ ကျွန်တော်အပင်လိုက်ယူထားပေးမယ်နော့"
ခပ်ပိန်ပိန်ကိုယ်လေးက အားအပြည့်နှင့်။
ချစ်နိုင်းဘေးမှ ခပ်သွက်သွက်လျှောက်ရင်း
ပြောပြနေတာမို့ သဘောတကျရယ်လိုက်မိသည်။လောင်နွန်က ချစ်နိုင်းထက်ပင်တော်တော်ငယ်လိမ့်အုန်းမည်။အလွန်ဆုံးရှိလှ ပထမနှစ်အရွယ်ပေါ့။ သို့သော်သူ့ပုံစံက
ရဲရဲရင့်ရင့်လူကြီးလေးလိုဖြစ်နေရှာသည်။

"အပြန်လက်ဆောင်မပေးခင် ဒီတောအကြောင်းပြောပါအုန်း။ တောထဲမှာ အကောင်ကြီးတွေရှိလား"

"အကောင်ကြီး" လောင်နွန်က နားမလည်သလိုထပ်မေးသည်။ မျက်ဝန်းတွေက မှေးမကာ စူးရှနေ၏။

"ခြင်္သေ့ကြီးတွေ ကျားကြီးတွေပြောတာပါ"

"မတွေ့ဖူးဘူးနော့။ ရှိတော့ ရှိမယ်ထင်တာပဲ။
အိမ်ကျ အဖွားမေးကြည့်အုန်းမယ်"

"အဖွားရှိသေးတာလား"

"ရှိပါ့"

"ဟုတ်လား ဘယ်အရွယ်တုန်း"

"၈၀ကျော်ပေါ့"

"အသက်ရှည်လိုက်တာ ငါ့အဖွားကို ၇၀ကျော်ကတည်းက မရှိတော့ဘူး"

"သေပြီလားအေ့"

အ‌ဆီငေါ်မတည့်တဲ့အမေးကြောင့် ချစ်နိုင်းမပြုံးပဲမနေနိုင်။ တသိမ့်သိမ့်ရယ်တော့ လောင်နွန်ကခေါင်းကုတ်ရှာသည်။

"အေး ဆုံးသွားပြီ။ အခု အဖေပဲရှိတော့တယ်"

"ကောင်းတာပါ့။ ကျွန်တော့မှာဆို အဖေမရှိဘူး"

စိတ်မကောင်းဖြစ်စွာ ချစ်နိုင်းကြည့်လိုက်မိသည်။ ကလေးက ဒါကြောင့်ငယ်ငယ်လေးနဲ့ ဒီလိုခရီးတွေလိုက်နေရတာဖြစ်မည်။

"ဆရာလေးဆွဲကြိုးက လှသား"

"‌အင် ဒါလား"

"ဟုတ်ပါ့ အဲ့ဒါပယင်းကောင်းပဲ"

အညိုရောင် အင်္ကျီရင်ဘတ်ပေါ်တင်နေသည့်
ပယင်းဆွဲသီးလေးကို ချစ်နိုင်းကိုင်လိုက်မိသည်။လက်ထဲမှာနွေးနွေးလေး။ ကိုကိုပြောတဲ့ အပူချိန်ထိန်းပေးနိုင်တယ်ဆိုတာ တကယ်ဖြစ်မည်။ အအေးကြောက်သည့်ချစ်နိုင်းက ဒီရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်နေသေးသည်။

"အမယ် ရည်းစားပေးတာထင်ပါ့။ တယုတယကိုင်နေတာပဲနော့"

"အယ်..မဟုတ်...ဟုတ်တယ်ပြောရမလား။
ရည်းစားလို့ပြောရမှာပေါ့။ ဟိုက တရားဝင်တစ်ခွန်းမှ မပြောဖူးပေမဲ့။ ကြိုက်လားလဲမသိပါဘူး"

တွေတွေဝေဝေဖြစ်သွားသည့် ချစ်နိုင်း။
လောင်နွန်က မမေးသင့်သလိုတွေးသွားသည်ထင်။ ဆက်မမေးပဲ တောတစ်လျှောက်က အပင်တွေအကြောင်းသာ ဆက်ရှင်းပြသည်။
ကိုဒီးရမ်းမှာတဲ့အတိုင်း ချစ်နိုင်းကိုအပီပြင် ဂိုက်ပြနေသည့်ကောင်လေးက တာဝန်ကျေတာထက်ပိုသည်။

ချစ်နိုင်းကသာ တောတောင်ရေမြေကိုအာရုံလွတ်သွားခဲ့၏။ လမ်းလျှောက်တိုင်း ရင်ဘတ်ကိုတဘတ်ဘတ်လာထိသည့်
ပယင်းဆွဲသီးကလေးရဲ့ပိုင်ရှင်ကိုတွေးမိတာကြောင့်ပင်။လောင်နွန်က ချစ်နိုင်းအတွေးတွေကို ခပ်ဖွဖွထိုးဆွသွားခဲ့သည်။

နောက်မှာ ကိုကိုပါလာတာသိပေမဲ့ ရုတ်တရက်လှည့်မကြည့်ရဲ။ကိုကိုက ချစ်နိုင်းချစ်သူမဟုတ်ဖူး။ ရည်းစားလည်းမဟုတ်ဖူး။ ဘယ်တော့ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်လဲမပေးဖူးဘူး။ဒါတွေပဲ ဆက်တိုက်အတွေးထဲရောက်လာသည်။

နီးနီးလေးမှာရှိပေမဲ့ ဘယ်တော့မှမနီးစပ်ခဲ့ကြ။ကိုယ်ချင်းလုံးထွေးခဲ့ပေမဲ့ နှလုံးသားတွေဟာ မရောနှောနိုင်ခဲ့ကြ။ဒါကို ချစ်နိုင်းသိသည်။ သို့သော် အမြဲတမ်းသတိလက်လွတ်နေကာ မသိဟန်ဆောင်ထားတတ်စမြဲ။ မဟုတ်ဖူး ၊သေချာကို မသိချင်ယောင်ဆောင်ထားခဲ့တာဖြစ်သည်။

"ရှေ့မှာ ချောင်းတွေ့ပြီ..နားကြမယ်ဟေး"

ဆော်ဩသံဟာ အတွေးတွေကနေလက်တွေ့ကို ပြန်ဆွဲလို့ခေါ်သွား၏။ ချစ်နိုင်းဟာ တဝေါဝေါစီးဆင်းနေသည့် ချောင်းငယ်ကိုငေးကြည့်ရင်း ခြေလှမ်းတွေကိုအရှိန်တင်လိုက်မိသည်။ တစ်လှမ်း.. နှစ်လှမ်း.. သုံးလှမ်း
ချစ်နိုင်းရဲ့ ခြေလှမ်းတွေပိုကျဲလာသည်။
ခန္ဓာကိုယ်ကလည်း အရှိန်မပြတ်။

မြန်သထက်မြန်ဆန်လာသော ခြေလှမ်းတွေ။
ချောင်းဆီ ချစ်နိုင်းပြေးသွားမိသည်။
မျက်နှာကို လေတွေဖြတ်တိုက်လာတော့ ချစ်နိုင်းရယ်သံတွေဟာ တဟက်ဟက်နှင့်။
သဘောကျနေပါသလို၊ ဒါပေမဲ့ တကယ်ကြီးပျော်ရွှင်နေသလား ချစ်နိုင်းကိုယ်တိုင်တောင်မသိ။

"ငါလာပြီ..ဟေး..ဟူး.."

ချစ်နိုင်း ချောင်းဆီပြေးနေခဲ့တာလား။
ဒါမှမဟုတ် ကိုကို့ဆီကများပြေးနေခဲ့တာလား။

နောက်မှာကိုကို ကျန်နေခဲ့သည်။
ချစ်နိုင်းလှည့်မကြည့်မိ။
လူချင်းအကွာအဝေးကိုလုပ်ယူလို့ရပေမဲ့
နှလုးသားချင်း အကွာအဝေးကတော့ မရနိုင်။
ချစ်နိုင်း နှစ်ပေါင်းများစွာကြိုးစားခဲ့တာပဲလေ။ ခုတော့ ရှေ့ကချောင်းထဲဆင်းလိုက်မိရင် လန်းဆန်းသွားမဲ့အကြောင်းပဲ တွေးထားချင်သည်။

ခဏလောက်တော့..ဒီတစ်ရက်လောက်ပဲဖြစ်ဖြစ် ကိုကို့ကိုငေးပြီးမျှော်လင့်ရတာကို လက်လျှော့ထားလိုက်ချင်သည်။

..................................

လက်နှစ်ဖက်ဆန့်တန်းလို့ ချောင်းဆီတရှိန်ထိုးပြေးသွားသည့်ချစ်နိုင်းအောင်ကြောင့်
သျှမ်း ခြေလှမ်းတွေကိုအရှိန်တင်လိုက်သည်။
လမ်းက ရွံ့တွေမများတော့ပေမဲ့ချော်နေဆဲ။
ချော်လဲနိုင်တာကို ဒီကောင်လေးနားမလည်တာလား၊ ဂရုမစိုက်တာလား။

ချောင်းဆီရောက်တော့ ချစ်နိုင်းအောင်က
ရေထဲ‌မှာခြေထောက်တွေစိမ်ပြီး ဆော့နေပြီ။
သျှမ်းလာတာကို မော့မကြည့်။အတော်ကို ပျော်နေတာပါပဲ။ သျှမ်းကိုတောင် သတိမရအောင် သွားရလာရပျော်နေပုံရသည်။

ဒေသခံအုပ်စုက ကျောက်ပြားတွေပေါ်  ခြေပစ်လက်ပစ်ထိုင်နေကြတုန်း သူတို့နှစ်ယောက်ကချောင်းစပ်မှာ ခြေထောက်ရေစိမ်နေကြသည်။ဆရာဦးတို့က နောက်မှာအိပဲ့အိပဲ့နှင့် အခုထိအနားရောက်မလာကြသေး။
သျှမ်း ခြေထောက်ရေဆေးနေရင်း ချစ်နိုင်းအောင်ကိုကြည့်မိတော့ ခြေထောက်ဖွေးဖွေးမှာ အနီရဲရဲအကွက်တွေဟာမနည်းမနော။
လက်တွေဟာ ချစ်နိုင်းအောင်ရဲ့ပုခုံးဆီ အလိုလိုရောက်သွား၏။

"ဟိုပေါ်မှာထိုင်လိုက် ခြေထောက်ကိုကြည့်ရအောင်"

"ရတယ် ဘာမှမဖြစ်..အင့်"
ငြင်းဖို့လုပ်နေသူကို အနားကကျောက်တုံးမြင့်မြင့်ပေါ် ဖိချထိုင်ခိုင်းလိုက်တော့ အင့်ခနဲ။
မကြည်မသာမျက်နှာနဲ့ ဘာမှမဖြစ်ဖူးညာနေနိုင်သေးတယ်ပေါ့လေ။

"ဘာ ဘာမှမဖြစ်တာလဲ။ မင်းခြေထောက်တစ်ခုလုံး ရဲပတောင်းခတ်နေတာကို။ ကျွတ်တွေကိုက်တာများလား"

"ရတယ် ချစ်နိုင်း ဟိုရောက်မှဆေးလိမ်းလိုက်မယ်"
ရုန်းထွက်ဖို့ လုပ်နေတာကိုသျှမ်းစိတ်မရှည်တော့။ ခြေကျင်းဝတ်နှစ်‌ဖက်ကနေစုကိုင်ကာ
ပေါင်ကြားမှာ ညှပ်ထည့်ထားလိုက်သည်။
ခပ်ရဲရဲဖြစ်နေသောမျက်နှာက ရှုံ့တွလို့။
ဖြူဖွေးနေတတ်သောမျက်နှာဟာ ဘုတွေထနေသေးသည်။ တောထဲမှာ မှက်တွေခြင်တွေပေါပါဘိနဲ့။

"ဟာ...ကိုကို့ အင်္ကျီနဲ့သုတ်စရာလား။
ငရဲကြီးတော့မှာ ..မလုပ်နဲ့လို့"

"ကျစ် ...စိုစိစိုစိဆို ပိုဆိုးမှာပေါ့။
ဒီမှာ ငြိမ်ငြိမ်နေ။ မင်းလယ်ရှည်ဖိနပ်ကို  ‌အခြောက်လှန်းထားလိုက်မယ်။ ပြီးရင်ဆေးလိမ်းရမှာ ခြေထောက်ကို"

ချစ်နိုင်းအောင် ခြေထောက်ကိုသုတ်ပေးပြီး အင်္ကျီလက်ရှည်အပါးကို သျှမ်းခါးမှာပြန်ချည်လိုက်သည်။ဖိနပ်ကို နေကျသည့်ကျောက်တုံးပေါ်တင်လှန်းလိုက်ပြီး လားတွေနားနေရာသွားကာ ဆေးဘူးယူရသည်။ ပြန်လာတော့ ချစ်နိုင်းအောင်က ကျောက်တုံးပေါ်မှာငြိမ်ငြိမ်လေး။ ဒူးထောင်ထိုင်ထားရင်း သျှမ်းကိုလှမ်းကြည့်နေပုံရသည်။သို့သော် သျှမ်းပြန်ကြည့်တော့ ဆတ်ခနဲအကြည့်လွှဲ၏။ တစ်ခုခုကို စိတ်အလိုမကျတာ လုံးဝသေချာနေပါပြီ။

"ပေး ခြေထောက်ကို"

ကျောက်ဖျာပေါ်တက်ထိုင်လိုက်ပြီး
သျှမ်း‌ပေါင်ပေါ် သူ့ခြေထောက်တွေဆွဲတင်ကာ ဆေးလိမ်းပေးရသည်။ ခြေသလုံးတွေဟာ ရဲတွတ်လျက်။ ခြေမွှေးမီးမလောင် လက်မွှေး‌မီးမလောင်နေခဲ့ရသူဆိုတော့ တောဒဏ်တောင်ဒဏ်က ချက်ချင်းသိသာလာတာပါပဲ။

"ဒီမှာပဲ ထိုင်နေတော့။ နေ့လည်စာသွားယူခဲ့မယ်"

နေ့လည်စာအတွက် ကောက်ညှင်းထုပ်များနှင့် သျှမ်းတို့ပါသည့် အသင့်စားခေါက်ဆွဲဘူးများဖြင့်ဗိုက်ဖြည့်သည်။ ဆရာဦးတို့ကလည်း
ချစ်နိုင်းအောင်အနားက ကျောက်ဖျာပေါ်ထိုင်ကြတာမို့ အားလုံးအတွက်တစ်ခါထဲယူလာပေးလိုက်သည်။ ‌လောင်နွန်တို့အတွက်လဲ ခေါက်ဆွဲဘူးတွေဝေပေးပြီး ချစ်နိုင်းအောင်စားဖို့လည်း လုပ်ပေးရပြန်သည်။

မျက်နှာကသာ ဆူပုတ်နေပေမဲ့ အစားသောက်ကျလုံးဝမပျက်။ခေါင်းမဖော်တမ်းစားနေတာမို့ သေချာစားဖို့ပြောချင်သော်လည်း ဟိုတစ်ခါပြီးကတည်းက အစားသောက်ကိစ္စဆို လိုက်မဆူချင်တော့။ ဒါမျိုးဆို မှတ်မှတ်ထားပြီး စိတ်မကောင်းဖြစ်အောင် လုပ်တတ်သည့်ချစ်နိုင်းအောင်ကို
သျှမ်းလက်မြှောက်ထားသည်။

"ကိုကို ဘာလို့ချစ်နိုင်းကို လာဂရုစိုက်နေတာလဲ"

ကောက်ညှင်းထုပ်စားနေတုန်း မေးလာတဲ့မေးခွန်းက အဆက်စက်မရှိ။မျက်လုံးတွေကတော့ ခေါက်ဆွဲဘူးထဲဝင်တော့မလိုကြည့်နေကာ သျှမ်းကိုအဖတ်မလုပ်ပေ။ မျက်လုံးအောက်စွန်းကမှဲ့နက်ကလေးကိုသာ အသေချာမြင်နေရသည်။ပါးပေါ်မှာလဲ ဘုတစ်ချို့က အင်ပြင်သဖွယ်။

"အရင်ဆို ဂရုမစိုက်ပါဘူး"

ထပ်ပြောလာတဲ့စကားတွေ။ သူဘာဖြစ်ချင်နေသလဲ သျှမ်းနားမလည်။ ဒီတစ်ခါ မျက်ဝန်းညိုတွေ သျှမ်းဆီရောက်လာတာမို့
ငေးခနဲဖြစ်သွားကာ ချက်ချင်းစကားမတုန့်ပြန်နိုင်ခဲ့။

"ဂရုစိုက်ဖို့လိုလို့ပေါ့။မင်းတစ်ခုခုဆို လူကြီးတွေက ငါ့ပဲငြိုငြင်အုန်းမယ်။ မင်းအဖေကလည်း အများကြီးမှာလိုက်သေးတာကို"

"အော်..အွန်း အွန်း"
တုန့်ပြန်မှုက ဒီလောက်ပင်။ပန်းနုရောင်ခေါင်းက ပြန်ငုံ့သွားသည်။ ဘာလဲ သျှမ်းဘာမှားသွားလို့လဲ။ ဒီအဖြေကို ချစ်နိုင်းအောင်ကသဘောမကျဘူးလား။ စားလက်စ ကောက်ညှင်းထုပ်ကိုပင်ဆက်မစားနိုင်။
ချစ်နိုင်းအောင်မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေမိသည်။ ဘာလို့ ချစ်နိုင်းအောင်ကို ဒီလောက်ထိဂရုစိုက်နေမိတာလည်း။
သဘောကျတယ်လို့ ကိုယ့်ကိုယ်ကိုယ်လက်ခံလိုက်ရုံနဲ့ သူ့စိတ်မှာဗလောင်‌ဆူလို့။

"ဘာဖြစ်လို့လဲ မင်းနေမကောင်းဘူးလား"

နူးညံ့သည့် ပန်းရောင်ဆံပင်ပွပွတွေထက်မှ
နှဖူးပြင်ကိုစမ်းတော့နွေးမနေ။ ချွေးစနည်းနည်းသာရှိနေခဲ့သည်။

"ကောင်းပါတယ်"

"ဒါဆို မျက်နှာကဘာလို့ ဒီလိုဖြစ်နေတာလဲ"

"ချစ်နိုင်းက ဘာဖြစ်နေလို့လဲ"

"မင်းမျက်နှာက..ကျစ်..ငါ့ကိုစိတ်ဆိုးနေတာလား"

မျက်ဝန်းညိုတွေက ငြိမ်သက်နေရာမှ တလှုပ်လှုပ်ဖြစ်ကာသွားသည်။ ဒါဆို တကယ်ကြီးစိတ်ဆိုးနေတာလား။ သျှမ်း ဘာအမှားလုပ်မိလို့လဲ။ခေါင်းငုံ့သွားတော့ ပိုပြီးတောင်မနေတတ်တော့။ သူ့ရင်ထဲထိ ဆွဲနှိုက်ခံနေရသလို မခံချိမခံသာ။

"စားပြီးရင် သွားစို့ဟေး။ ရှေ့ဆိုရောက်ပြီ။
အားတင်းထားကြ"

"ဟေး!! ရောက်တော့မယ်ဟေး"
သံပြိုင်ဟစ်ကြွေးသံများနှင့် အားလုံးကခရီးဆက်ဖို့ပြင်ကြ၏။ ချစ်နိုင်းအောင်လည်း ထသွားတာမို့ မကုန်သေးသည့်ကောက်ညှင်းထုပ်ကိုဆွဲကာ ဖိနပ်စီးနေသူနောက်ကိုလိုက်ရပြန်သည်။ ဒီတိုင်းထားလိုက်လို့မဖြစ်။ ဘာတွေစိတ်ဆိုးနေသလဲမသိရရင် သျှမ်းပါစိတ်တိုလာတော့မည်။

"အဟမ်း.. မင်းလမ်းလျှောက်ရတာအဆင်ပြေလား" အမေးနှင့်အတူ
ချစ်နိုင်းအောင်ရဲ့ လက်မောင်းတွေကိုဆုပ်ကိုင်လျက်သား။တစ်ခါလောက် ချော့ကြည့်ရမည်။

"ပြေပါတယ် ချစ်နိုင်းခြေထောက်က ကျိုးတာမှမဟုတ်တာ"

"ဆရာလေးဘာဖြစ်လို့လဲ၊ တွဲရအုန်းမလား"
သွက်လက်စွာရောက်လာသောလောင်နွန်ကြောင့် သူတို့စကားစပြတ်တော့မလို့။မဖြစ်ပေ။

"မလို.."

"ရတယ်လောင်နွန်။ အစ်ကို သူ့ကိုတွဲလိုက်မယ်။ ဟိုးနောက်မှာ ဆရာဦးပါတယ်။ သူကအသက်ကြီးတော့ သူ့ကိုကူပေးပါအုန်း"
‌သျှမ်း ချက်ခြင်းအကြောင်းပြချက်ပေးကာ  နှစ်ယောက်ကြားအချိန်ယူလိုက်သည်။

လောင်နွန်က ဖင်ပေါ့စွာ ချက်ချင်းပြေးသွားရှာသည်။သျှမ်းကတော့ မော့ကြည့်လာတဲ့ မျက်ဝန်းညိုတွေကို မသိချင်ယောင်ဆောင်ရင်း တွဲလျှောက်လိုက်၏။တွန့်လိမ်တွန့်လိမ်ပါလာသူက သျှမ်းကိုနားမလည်သလိုကြည့်တာအခါခါ။

"စောစောက မေးတာပြန်ဖြေအုန်း။
ငါ့ကို စိတ်ဆိုးနေတာလား။ဘာလို့ဆိုးတာလဲ"

"ဘာလို့ အဲ့ဒါပဲမေးတာလည်း ကိုကိုရာ"

"မင်း မျက်နှာကဆူပုတ်နေတာကိုး"

"ဒီတိုင်းတွေးမိနေလို့ပါ"

"ဘာတွေတွေးတာလဲ"

"အကုန်သိချင်နေတာပဲ"
မျက်စောင်းထိုးပုံက အသည်းယားစရာ။
ဒီရက်ပိုင်း ချစ်နိုင်းအောင်ဘာလုပ်လုပ်
သျှမ်းကြိုက်သည်။ အရင်လို သပ်သပ်မဲ့လိုက်ဆိုးနေတယ် မြင်မရတော့။ သူကိုက အကုန်လိုက်ကြည့်ပြီး ငြိချင်နေတော့သည်။

"ပြောလို့ မင်းတွေးနေတာကို"

ပါးစပ်အဟောင်းသားဖြစ်နေပုံက ရယ်ချင်စရာ။ သူ အရစ်ခံရတော့အံ့ဩနေလိုက်တာများ။ သျှမ်းမှာ ပြုံးချင်တာကိုတောင် အောင့်ထားရသည်။ ချစ်နိုင်းအောင်ကို လိုက်ရှုပ်ရတာပျော်ဖို့သိပ်ကောင်းတာပဲ။

"ဖောက်ပြီးသားလမ်းရာပေါ်  မြေပြိုကျတော့ နှမြောလို့ပါ။ဒီလိုသာ ဖောက်လိုက်ပြိုလိုက်ဆို ဘယ်လိုပြီးမလဲ။အဲ့ဒါတွေးမိနေလို့"

"အဲ့ဒါ‌တွေးပြီးစိတ်ညစ်နေတာလား"

"အင်း အဲ့ဒါ"

"လုပ်ငန်းတွင်ကျယ်အောင် ဒီဘက်ကိုပစ္စည်းတွေအမြန်ရောက်ဖို့ပဲလိုတာ။ အခိုင်မာဖြစ်သွားပြီဆိုရင် ဒီလိုတွေမဖြစ်တော့ဘူး"

"မြေမပြိုတော့ဘူး‌လား"

"အဲ့ဒါတော့ ကျွမ်းကျင်တဲ့သူတွေကပိုသိမှာပေါ့။ ဒီ ဦးနှောက်သေးသေးလေးက စိတ်ပူမနေနဲ့ အဲ့ဒါတွေထိ။ သူ့နည်းသူ့ဟန်နဲ့ရှိပြီးသား"

ပန်းရောင်ဆံပင်တွေကြား လက်တွေထိုးဖွရင်းနှစ်သိမ့်ရသည်။ ခပ်ပြုံးပြုံးဖြစ်သွားတာမြင်လိုက်ရသည်မို့ သျှမ်းမှာဆုရသလို။

"ကိုကို့ဆီမှာ အဖြေမရှိတာကို မရှိဘူး။
ချစ်နိုင်းအတွက်အဖြေကလွဲရင် အကုန်ရှိနေတာပဲ"

ထိတ်ခနဲ ခံစားချက်။ ပြုံးနေသည့် ချစ်နိုင်းအောင်ကိုကြည့်ရတာမသက်သာ။သျှမ်းကိုယ်တိုင်လည်း စိတ်ထဲမှာပြောစရာတွေများနေပေမဲ့ ပါးစပ်ကဘာမှထွက်မလာခဲ့။ ဒီလိုစကားကို ဘယ်လိုဖြစ်ပြီးပေါ့ပေါ့ပါးပါးပြောနိုင်သလဲဆိုသည့် အတွေးတွေဆက်တိုက်ဝင်နေခဲ့သည်။

"ရောက်ပြီးဟေး ဆိုင်းဘုတ်တွေ့ပြီ"

"ရောက်ပြီ၊ ရောက်ပြီ!! ကိုကို..ဟိုးမယ်"
လက်တွေကိုလှုပ်ယမ်းလို့ ချစ်နိုင်းအောင်ကအော်သည်။ နီရဲရဲမျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်။ တစ်ခဏအတွင်းမှာ အရင်ကချစ်နိုင်းအောင်ကို ပြန်မြင်လိုက်ရသည်။

အောင်ပွဲခံသံတွေက ဝူးဝူးဝါးဝါး။
သျှမ်းအတွေးတွေကလည်း ဝေဝါးနေခဲ့သည်။ သူ့ကိုယ်က ချစ်နိုင်းအောင်ဆွဲခေါ်ရာဆီပါသွားပေမဲ့ စိတ်ကိုတော့အစိုးမရ။
တကယ့်ချစ်နိုင်းအောင်က ငြိမ်သက်နေတတ်တဲ့သူလား။ မျက်ဝန်းညိုတွေထဲမှာ စကားတွေအများကြီးရှိနေသည်။ အမြဲပြုံးရွှင်ပြီး
သျှမ်းကိုလိုက်ရှုပ်တတ်တဲ့ကောင်လေးနှင့်မတူ။

"ကိုကို ကြည့်ပါအုန်း ချစ်နိုင်းတို့ရောက်ပြီ!"
ဟောဟဲလိုက်မတတ် မောနေကြည့်ကြားမှ
ချိုမြိန်နေသည့်မျက်ဝန်းတွေ။ အပြုံးတွေဟာ
နူးညံ့သည့်နေရောင်ရောက်မှာ တောက်ပနေခဲ့သည်။စောစောကလို ရှုပ်ထွေးမနေ။ ပေါ့ပါးတဲ့ချစ်နိုင်းအောင်ကို သူမြင်နေရပြန်ပါပြီ။

"မြို့လေးက တအားလှတာပဲ။ ငိုတောင်ငိုချင်သွားတယ်"
မျက်ဝန်းညိုတွေက တကယ်မျက်ရည်ဝဲမတတ်။ ကြည်နူးမှုတွေကိုမြင်ရတဲ့အခါ
သျှမ်းရင်ထဲလှိုက်တက်လာသည်။
ဆုပ်ကိုင်ထားသည့် လက်တွေဟာ
တင်းကြပ်စွာ။

"ကိုကို ကြည့်လိုက်"
ချစ်နိုင်းအောင်၏ လက်ညှိုးညွှန်ရာတွင်
အလှဆုံး သဘာဝပန်းချီးကားတစ်ချပ်ရှိနေ၏။

'ခေါင်လန်ဖူးမြို့မှ ကြိုဆိုပါ၏'

ဆိုင်းဘုတ်၏နောက်တွင် တောင်ပေါ်မြို့ငယ်ကလေးက ငြိမ်သက်လျက်။ တိမ်စိုင်တွေဟာ မြို့ကလေးဘေးမှာ ဝန်းရံ‌ပြေးလွှားနေကြသည်။

သူတို့ တကယ်ရောက်လာကြပြီပဲ...။

…….…………………….….………..…….
စာရေးသူ၏ အမှာစာ:
ချစ်နိုင်းက အပြင်မှာပြုံးရွှင်သက်လက်နေပေမဲ့ စိတ်ထဲမှာအားလုံးရှိနေတတ်တဲ့ ကလေးပါ

ပေါ့ပေါးပါးပါးလေးလို့ထင်ရပေမဲ့
တအားလေးနက်ထားတဲ့အရာကြောင့်
အများကြီး ပြောင်းလဲနိုင်တဲ့ကလေးပါပဲ

၂၀ကျော်ရင် အပြောင်းလဲတွေအများကြီး
ကြုံရတာပါပဲနော့ ❤️

Zawgyi

ခ်စ္နိုင္းကို သေဘာက်တယ္ ၃

ဇြက္ခနဲ ဇြက္ခနဲ နစ္ဝင္ျခင္းမ်ား။
ကိုယ္ေနဟန္ထားကို မပ်က္ေအာင္ထိန္းရင္း
ေရွ႕ဆက္ဖို႔ကို အားစိုက္ယူေနရသည္။ တစ္ဖက္ေျခဖ်ားလြတ္သည္ႏွင့္ ေနာက္တစ္ဖက္က ႐ြံေတြၾကားနစ္ခနဲ။ တစ္လွမ္းခ်င္းလွမ္းေနရင္း ေရွ႕ကိုၾကည့္လိုက္ရင္ ဗြက္အျပည့္ႏွင့္လမ္း၊ ေဘးကိုၾကည့္ရင္ေတာ့ ထူထဲလွသည့္ေတာအုပ္ေတြ။

ေရတံခြန္စီးသံတေဝါေဝါက အဆက္မျပတ္ေပမဲ့ ဘယ္ကေန ဘယ္လိုစီးေနသည္မျမင္ရပဲ အသံကိုသာၾကားေနရသည္မို႔ ေရဒီယိုနားေထာင္ေနရတာႏွင့္ေတာင္ ခပ္ဆင္ဆင္။

"လွမ္းလွမ္း.. ေျခလွမ္းကိုဆက္တိုက္လွမ္းေဟ့။ ရပ္လိုက္ရင္ ဟန္ခ်က္ပ်က္ၿပီးလဲလိမ့္မယ္"
က်ယ္ေလာင္ေသာ ေဆာ္ဩသံက ေရစီးသံေတြကိုပါထိုးေဖာက္လို႔သြား၏။ ေတာတြင္းငွက္သံတခ်ိဳ႕ဆူပြက္သြားၿပီးေနာက္ လူစုရဲ႕ေျခလွမ္းေတြက ျပန္သြက္လာခဲ့သည္။

"ဆရာဦး ရရဲ႕လား"
ေခြၽးမ်ားစြာထြက္လ်က္ ေဟာဟဲလိုက္ေနေသာေဘးကလူကို ခ်စ္နိုင္းေမးလိုက္သည္။
လက္ေမာင္းေတြကိုကိုင္ေပးထားရင္း ဆရာဦးပင္ပန္းေနတာကို သူေသခ်ာခံစားနိုင္ေနသည္။ တဟူးဟူး အသက္ရႉသံႏွင့္ေရွ႕ဆက္ေနတဲ့ဆရာဦးက ဘာပဲျဖစ္ျဖစ္လက္ေလ်ာ့မည့္ပုံမေပၚ။ ေခါင္းၿငိမ့္ျပရင္း
သူ႕ေျခလွမ္းေတြကို အားထည့္ကာေလွ်ာက္သည္။ သူ႕ေခါင္းေတြက ႐ြံ႕ေတြၾကားငုံ႕ၾကည့္လ်က္။ မဆုံးနိုင္တဲ့ ႐ြံ႕လမ္းႀကီးကေန အာ႐ုံလႊဲခ်င္ပုံရသည္။

ကံထူးသူေမာင္ရွင္တစ္သိုက္က ညဘက္မိုး႐ြာေကာင္းသြားတာႏွင့္မွ ႀကဳံေလျခင္း။

လမ္းရာသာေဖာ္ထားရေသးေသာ လမ္းက
ေျမၿပိဳသြားသည္မို႔ သူတို႔ဆိုင္ကယ္ေတြဟာအသုံးမဝင္ေတာ့။ ပိုဆိုးတာက ႐ြံ႕လမ္းမွာေပေတေလွ်ာက္ရသည့္ကိစၥ။ ကိုကိုႏွင့္ ခ်စ္နိုင္းကလြဲရင္ က်န္တာက ေလးဆယ္ေက်ာ္၊ငါးဆယ္နီးပါးလူေတြ။ က်န္းမားေရးေကာင္းၿပီး အသြားလာအေတြ႕ႀကဳံရွိၾကေသာ္လည္း
ဒီခရီးမွာေတာ့ အေတာ္ေလးပင္ပန္းၾကရွာသည္။

မနက္ေစာေစာ နိုးနိုးခ်င္း မိုးသံတေဖ်ာက္ေဖ်ာက္ၾကားေတာ့ ခ်စ္နိုင္းေပ်ာ္ေနခဲ့ေသးသည္။ ရာသီဥတုကေတာ့ ေအးၿပီေပါ့။
ေနာက္ ေဘးကေနရႈံ႕မဲ့ေနသည့္ ကိုကို႔ကိုျမင္မွ ခ်စ္နိုင္းလဲရႈံ႕မိသြား၏။ရာသီဥတုက မဟုတ္လဲေအးေနတာပဲ။သူတို႔ခရီးသြားတာ အဟန႔္တားျဖစ္သြားတာပဲပိုသည္။

မိုးဆဲလို႔ သူတို႔ျပန္ထြက္ခါနီးေတာ့ တာဝန္ခံကအျမန္လာသတိေပးသည္။ ေရွ႕မွာ ၆ဖာလုံေလာက္ ဆိုင္ကယ္နဲ႕သြားလို႔မျဖစ္တာမို႔၊ အေရးမႀကီးလွ်င္ စခန္းမွာပဲရက္နည္းနည္းေနပါတဲ့ေလ။ ဆရာဦးက ခ်က္ခ်င္းျငင္းခဲ့သည္။ ပစၥည္းေတြေရာက္ႏွင့္ေပမဲ့ ေခါင္လန္ဖူးကိုသြားဖို႔ သူတို႔ေစာင့္မေနနိုင္။ ဒီမွာထိုင္ေနမဲ့အစား ဟိုေရာက္မွတုန္းခနဲလွဲလိုက္ဖို႔ ပိုအားသန္ေၾကာင္းေျပာ၏။ တျခားသူေတြကလဲအတူတူပင္။

ေျပာမရတဲ့အဆုံး တာဝန္ခံက နီးစပ္ရာ႐ြာမွ လားတစ္ခ်ိဳ႕ငွားကာ ပစၥည္းေတြကူပို႔ေစသည္။ ဆိုင္ကယ္ေတြကိုထားခဲ့ခိုင္းကာ လမ္းအဆင္ေျပမွျပန္ပို႔ေပးမည့္အေၾကာင္းရွင္းျပၿပီး အဝတ္ထုပ္၊ေက်ာပိုးအိတ္ေတြကို လားေတြေပၚတင္ခိုင္းေတာ့သည္။

ေခါင္းမမာမိၾကတာပဲ ကိုယ့္အဖြဲ႕ကိုယ္ေက်းဇူးတင္ရမည္။ လမ္းကအေတာ္ပ်က္သြားတာမို႔ ေတာ္ေတာ္ႏွင့္ခရီးမတြင္။ ဆယ္နာရီကတည္းကထြက္လာတာ တစ္နာရီေက်ာ္သည္အထိ ႐ြံ႕လမ္းကမလြတ္။
ေရွ႕ကေက်ာ္တက္သြားသည့္ လားေတြပင္ ခပ္လွမ္းလွမ္းေရာက္ေနၾကၿပီ။ သူတို႔ကေတာ့ အိပဲ့အိပဲ့လိုက္လို႔ေကာင္းတုန္းသာ။

သူတို႔ထက္သြက္တာကေတာ့ ေလာင္ႏြန္တို႔ေဒသခံအုပ္စုပင္။ ႐ြံ႕ေတြၾကားလမ္းေလွ်ာက္နိုင္မႈက တကယ္အံ့အားသင့္စရာ။ တခ်ိဳ႕သစ္ကိုင္းမ်ားကိုခုတ္ခ်ၿပီး ႐ြံေတြေပၚလွဲတင္ေစသည္။ကခ်င္ဓားရွည္မ်ားဟာ ေလထဲမွာလႊဲခနဲလႊဲခနဲ။လမ္းသင့္ေအာင္လုပ္ေပးေနၾကသည္။ၾကည့္ရတာ မိုး႐ြာၿပီးၿပီးခ်င္းလမ္းထြက္ၾကတာ သူတို႔အုပ္စုပထမဆုံးျဖစ္မည္။

ေလာင္ႏြန္တို႔က လမ္းေၾကာင္းရွင္းေတာ့
ခ်စ္နိုင္းတို႔က အခ်င္းခ်င္းတြဲကူရသည္။
ကိုေဂ်ာ္နီ၊ အန္ကယ္ဦးညီႏွင့္ ကိုကိုတို႔က တစ္စု၊ ဆရာဦး၊ခ်စ္နိုင္းႏွင့္ အန္ကယ္သူရိန္ကတစ္အုပ္စုျဖစ္သြားသည္။သူတို႔မွာ ႐ြံ႕ထဲမလဲေအာင္ ႐ုန္းရင္းကန္ရင္းေလွ်ာက္ေနၾကရတာမို႔ ေဘးပတ္ဝန္းက်င္ကိုေတာင္ ေသခ်ာမေငးနိုင္။

တစ္ခါတစ္‌ေလ ေဒသခံအုပ္စုဆီမွ သီခ်င္းညည္းသံေတြထြက္လာတတ္သည္။ ဗမာသီခ်င္းမဟုတ္၊ အားလုံးသံၿပိဳင္ညည္းတတ္တာေၾကာင့္ သူတို႔ရဲ႕ရိုးရာသီခ်င္းျဖစ္မည္ဟု ခန႔္မွန္းရသည္။ လမ္းရွင္းရတာကို အသားက်ေနသလို ေပါ့ေပါ့ပါးပါးေရွ႕ဆက္ေနၾကတာျမင္ရေတာ့ ခ်စ္နိုင္းတို႔လဲေျခမေႏွးနိုင္။ အားတင္းၿပီး ေရွ႕ဆက္ၾကရသည္။

"ေရွ႕ဆို ေခ်ာင္းေရာက္ၿပီေဟး။ မေဝးေဝာာ့ဘူး မေဝးေတာ့ဘူး။ ေနာက္တစ္ေခ်ာင္းဆို
ခဏနားၾကမယ္"

အားေပးသံေၾကာင့္ ေျခလွမ္းေတြကသိုးသိုးသြက္သြက္ျဖစ္လာၾကသည္။ေမာရေကာင္းမွန္းမသိ။ ‌စိမ့္ေအးၾကည္လင္ေနေသာ ေခ်ာင္းငယ္ကိုျဖတ္ရင္း ေျခေထာက္ေတြေရစိုကုန္တာလဲ ဂ႐ုမစိုက္အား။ ေပခဲ့သမွ်႐ြံ႕ေတြ ေခ်ာင္းေရနဲ႕ေျမာသြားကာ သူတို႔လည္းလန္းဆန္းသြားသလိုခံစားလိုက္ရသည္။

ေခ်ာင္းကိုေက်ာ္လာေတာ့ လမ္းကထင္သေလာက္မဆိုးေတာ့ေပ။ ေျခလွမ္းေတြပိုသြက္လာကာ ခရီးပိုတြင္လာသည္။ ဆရာဦးကလဲ အတြဲမခံေတာ့။ သူ႕ရဲ႕ ႐ြံ႕ေပေနေသာကုတ္အကၤ်ီရွည္ႀကီးကို ခါးမွာပတ္ရင္း ျမႇောက္ႂကြျမႇောက္ႂကြေလွ်ာက္လို႔သြား၏။
အခုမွပဲ ဆရာဦးမ်က္ႏွာက ဝင္းပၾကည္သြားတာျဖစ္သည္။ အေစာက သူ႕ခင္မ်ာၿပိဳေတာ့မည့္မိုးလို အားစိုက္ထုတ္ခဲ့ရသည္ကိုး။

"ဆရာေလး ဟိုမယ္သစ္ခြေတြ"
ေလာင္ႏြန္က ခ်စ္နိုင္းအနားေရာက္လာ၏။
သူ႕လက္ထဲတြင္ ဓားရွည္တစ္လက္ႏွင့္။အေစာက လမ္းေၾကာင္းယူေပးတဲ့အထဲ သူပါကူးေနေပးခဲ့တာျဖစ္သည္။

"အဝါေလးေတြ လွလိုက္တာ"

"ဒီေတာထဲ သစ္ခြကေတာ့အစုံပဲ။
ဆရာေလးႀကိဳက္ရင္ အျပန္လက္ေဆာင္ေပးဖို႔ ကြၽန္ေတာ္အပင္လိုက္ယူထားေပးမယ္ေနာ့"
ခပ္ပိန္ပိန္ကိုယ္ေလးက အားအျပည့္ႏွင့္။
ခ်စ္နိုင္းေဘးမွ ခပ္သြက္သြက္ေလွ်ာက္ရင္း
ေျပာျပေနတာမို႔ သေဘာတက်ရယ္လိုက္မိသည္။ေလာင္ႏြန္က ခ်စ္နိုင္းထက္ပင္ေတာ္ေတာ္ငယ္လိမ့္အုန္းမည္။အလြန္ဆုံးရွိလွ ပထမႏွစ္အ႐ြယ္ေပါ့။ သို႔ေသာ္သူ႕ပုံစံက
ရဲရဲရင့္ရင့္လူႀကီးေလးလိုျဖစ္ေနရွာသည္။

"အျပန္လက္ေဆာင္မေပးခင္ ဒီေတာအေၾကာင္းေျပာပါအုန္း။ ေတာထဲမွာ အေကာင္ႀကီးေတြရွိလား"

"အေကာင္ႀကီး" ေလာင္ႏြန္က နားမလည္သလိုထပ္ေမးသည္။ မ်က္ဝန္းေတြက ေမွးမကာ စူးရွေန၏။

"ျခေသၤ့ႀကီးေတြ က်ားႀကီးေတြေျပာတာပါ"

"မေတြ႕ဖူးဘူးေနာ့။ ရွိေတာ့ ရွိမယ္ထင္တာပဲ။
အိမ္က် အဖြားေမးၾကည့္အုန္းမယ္"

"အဖြားရွိေသးတာလား"

"ရွိပါ့"

"ဟုတ္လား ဘယ္အ႐ြယ္တုန္း"

"၈၀ေက်ာ္ေပါ့"

"အသက္ရွည္လိုက္တာ ငါ့အဖြားကို ၇၀ေက်ာ္ကတည္းက မရွိေတာ့ဘူး"

"ေသၿပီလားေအ့"

အ‌ဆီေငၚမတည့္တဲ့အေမးေၾကာင့္ ခ်စ္နိုင္းမၿပဳံးပဲမေနနိုင္။ တသိမ့္သိမ့္ရယ္ေတာ့ ေလာင္ႏြန္ကေခါင္းကုတ္ရွာသည္။

"ေအး ဆုံးသြားၿပီ။ အခု အေဖပဲရွိေတာ့တယ္"

"ေကာင္းတာပါ့။ ကြၽန္ေတာ့မွာဆို အေဖမရွိဘူး"

စိတ္မေကာင္းျဖစ္စြာ ခ်စ္နိုင္းၾကည့္လိုက္မိသည္။ ကေလးက ဒါေၾကာင့္ငယ္ငယ္ေလးနဲ႕ ဒီလိုခရီးေတြလိုက္ေနရတာျဖစ္မည္။

"ဆရာေလးဆြဲႀကိဳးက လွသား"

"‌အင္ ဒါလား"

"ဟုတ္ပါ့ အဲ့ဒါပယင္းေကာင္းပဲ"

အညိုေရာင္ အကၤ်ီရင္ဘတ္ေပၚတင္ေနသည့္
ပယင္းဆြဲသီးေလးကို ခ်စ္နိုင္းကိုင္လိုက္မိသည္။လက္ထဲမွာေႏြးေႏြးေလး။ ကိုကိုေျပာတဲ့ အပူခ်ိန္ထိန္းေပးနိုင္တယ္ဆိုတာ တကယ္ျဖစ္မည္။ အေအးေၾကာက္သည့္ခ်စ္နိုင္းက ဒီရာသီဥတုဒဏ္ကို ႀကံ့ႀကံ့ခံနိုင္ေနေသးသည္။

"အမယ္ ရည္းစားေပးတာထင္ပါ့။ တယုတယကိုင္ေနတာပဲေနာ့"

"အယ္..မဟုတ္...ဟုတ္တယ္ေျပာရမလား။
ရည္းစားလို႔ေျပာရမွာေပါ့။ ဟိုက တရားဝင္တစ္ခြန္းမွ မေျပာဖူးေပမဲ့။ ႀကိဳက္လားလဲမသိပါဘူး"

ေတြေတြေဝေဝျဖစ္သြားသည့္ ခ်စ္နိုင္း။
ေလာင္ႏြန္က မေမးသင့္သလိုေတြးသြားသည္ထင္။ ဆက္မေမးပဲ ေတာတစ္ေလွ်ာက္က အပင္ေတြအေၾကာင္းသာ ဆက္ရွင္းျပသည္။
ကိုဒီးရမ္းမွာတဲ့အတိုင္း ခ်စ္နိုင္းကိုအပီျပင္ ဂိုက္ျပေနသည့္ေကာင္ေလးက တာဝန္ေက်တာထက္ပိုသည္။

ခ်စ္နိုင္းကသာ ေတာေတာင္ေရေျမကိုအာ႐ုံလြတ္သြားခဲ့၏။ လမ္းေလွ်ာက္တိုင္း ရင္ဘတ္ကိုတဘတ္ဘတ္လာထိသည့္
ပယင္းဆြဲသီးကေလးရဲ႕ပိုင္ရွင္ကိုေတြးမိတာေၾကာင့္ပင္။ေလာင္ႏြန္က ခ်စ္နိုင္းအေတြးေတြကို ခပ္ဖြဖြထိုးဆြသြားခဲ့သည္။

ေနာက္မွာ ကိုကိုပါလာတာသိေပမဲ့ ႐ုတ္တရက္လွည့္မၾကည့္ရဲ။ကိုကိုက ခ်စ္နိုင္းခ်စ္သူမဟုတ္ဖူး။ ရည္းစားလည္းမဟုတ္ဖူး။ ဘယ္ေတာ့ျဖစ္လာမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္လဲမေပးဖူးဘူး။ဒါေတြပဲ ဆက္တိုက္အေတြးထဲေရာက္လာသည္။

နီးနီးေလးမွာရွိေပမဲ့ ဘယ္ေတာ့မွမနီးစပ္ခဲ့ၾက။ကိုယ္ခ်င္းလုံးေထြးခဲ့ေပမဲ့ ႏွလုံးသားေတြဟာ မေရာေႏွာနိုင္ခဲ့ၾက။ဒါကို ခ်စ္နိုင္းသိသည္။ သို႔ေသာ္ အၿမဲတမ္းသတိလက္လြတ္ေနကာ မသိဟန္ေဆာင္ထားတတ္စၿမဲ။ မဟုတ္ဖူး ၊ေသခ်ာကို မသိခ်င္ေယာင္ေဆာင္ထားခဲ့တာျဖစ္သည္။

"ေရွ႕မွာ ေခ်ာင္းေတြ႕ၿပီ..နားၾကမယ္ေဟး"

ေဆာ္ဩသံဟာ အေတြးေတြကေနလက္ေတြ႕ကို ျပန္ဆြဲလို႔ေခၚသြား၏။ ခ်စ္နိုင္းဟာ တေဝါေဝါစီးဆင္းေနသည့္ ေခ်ာင္းငယ္ကိုေငးၾကည့္ရင္း ေျခလွမ္းေတြကိုအရွိန္တင္လိုက္မိသည္။ တစ္လွမ္း.. ႏွစ္လွမ္း.. သုံးလွမ္း
ခ်စ္နိုင္းရဲ႕ ေျခလွမ္းေတြပိုက်ဲလာသည္။
ခႏၶာကိုယ္ကလည္း အရွိန္မျပတ္။

ျမန္သထက္ျမန္ဆန္လာေသာ ေျခလွမ္းေတြ။
ေခ်ာင္းဆီ ခ်စ္နိုင္းေျပးသြားမိသည္။
မ်က္ႏွာကို ေလေတြျဖတ္တိုက္လာေတာ့ ခ်စ္နိုင္းရယ္သံေတြဟာ တဟက္ဟက္ႏွင့္။
သေဘာက်ေနပါသလို၊ ဒါေပမဲ့ တကယ္ႀကီးေပ်ာ္႐ႊင္ေနသလား ခ်စ္နိုင္းကိုယ္တိုင္ေတာင္မသိ။

"ငါလာၿပီ..ေဟး..ဟူး.."

ခ်စ္နိုင္း ေခ်ာင္းဆီေျပးေနခဲ့တာလား။
ဒါမွမဟုတ္ ကိုကို႔ဆီကမ်ားေျပးေနခဲ့တာလား။

ေနာက္မွာကိုကို က်န္ေနခဲ့သည္။
ခ်စ္နိုင္းလွည့္မၾကည့္မိ။
လူခ်င္းအကြာအေဝးကိုလုပ္ယူလို႔ရေပမဲ့
ႏွလုးသားခ်င္း အကြာအေဝးကေတာ့ မရနိုင္။
ခ်စ္နိုင္း ႏွစ္ေပါင္းမ်ားစြာႀကိဳးစားခဲ့တာပဲေလ။ ခုေတာ့ ေရွ႕ကေခ်ာင္းထဲဆင္းလိုက္မိရင္ လန္းဆန္းသြားမဲ့အေၾကာင္းပဲ ေတြးထားခ်င္သည္။

ခဏေလာက္ေတာ့..ဒီတစ္ရက္ေလာက္ပဲျဖစ္ျဖစ္ ကိုကို႔ကိုေငးၿပီးေမွ်ာ္လင့္ရတာကို လက္ေလွ်ာ့ထားလိုက္ခ်င္သည္။

..................................

လက္ႏွစ္ဖက္ဆန႔္တန္းလို႔ ေခ်ာင္းဆီတရွိန္ထိုးေျပးသြားသည့္ခ်စ္နိုင္းေအာင္ေၾကာင့္
သွ်မ္း ေျခလွမ္းေတြကိုအရွိန္တင္လိုက္သည္။
လမ္းက ႐ြံ႕ေတြမမ်ားေတာ့ေပမဲ့ေခ်ာ္ေနဆဲ။
ေခ်ာ္လဲနိုင္တာကို ဒီေကာင္ေလးနားမလည္တာလား၊ ဂ႐ုမစိုက္တာလား။

ေခ်ာင္းဆီေရာက္ေတာ့ ခ်စ္နိုင္းေအာင္က
ေရထဲ‌မွာေျခေထာက္ေတြစိမ္ၿပီး ေဆာ့ေနၿပီ။
သွ်မ္းလာတာကို ေမာ့မၾကည့္။အေတာ္ကို ေပ်ာ္ေနတာပါပဲ။ သွ်မ္းကိုေတာင္ သတိမရေအာင္ သြားရလာရေပ်ာ္ေနပုံရသည္။

ေဒသခံအုပ္စုက ေက်ာက္ျပားေတြေပၚ  ေျခပစ္လက္ပစ္ထိုင္ေနၾကတုန္း သူတို႔ႏွစ္ေယာက္ကေခ်ာင္းစပ္မွာ ေျခေထာက္ေရစိမ္ေနၾကသည္။ဆရာဦးတို႔က ေနာက္မွာအိပဲ့အိပဲ့ႏွင့္ အခုထိအနားေရာက္မလာၾကေသး။
သွ်မ္း ေျခေထာက္ေရေဆးေနရင္း ခ်စ္နိုင္းေအာင္ကိုၾကည့္မိေတာ့ ေျခေထာက္ေဖြးေဖြးမွာ အနီရဲရဲအကြက္ေတြဟာမနည္းမေနာ။
လက္ေတြဟာ ခ်စ္နိုင္းေအာင္ရဲ႕ပုခုံးဆီ အလိုလိုေရာက္သြား၏။

"ဟိုေပၚမွာထိုင္လိုက္ ေျခေထာက္ကိုၾကည့္ရေအာင္"

"ရတယ္ ဘာမွမျဖစ္..အင့္"
ျငင္းဖို႔လုပ္ေနသူကို အနားကေက်ာက္တုံးျမင့္ျမင့္ေပၚ ဖိခ်ထိဳင္ခိုင္းလိုက္ေတာ့ အင့္ခနဲ။
မၾကည္မသာမ်က္ႏွာနဲ႕ ဘာမွမျဖစ္ဖူးညာေနနိုင္ေသးတယ္ေပါ့ေလ။

"ဘာ ဘာမွမျဖစ္တာလဲ။ မင္းေျခေထာက္တစ္ခုလုံး ရဲပေတာင္းခတ္ေနတာကို။ ကြၽတ္ေတြကိုက္တာမ်ားလား"

"ရတယ္ ခ်စ္နိုင္း ဟိုေရာက္မွေဆးလိမ္းလိုက္မယ္"
႐ုန္းထြက္ဖို႔ လုပ္ေနတာကိုသွ်မ္းစိတ္မရွည္ေတာ့။ ေျခက်င္းဝတ္ႏွစ္‌ဖက္ကေနစုကိုင္ကာ
ေပါင္ၾကားမွာ ညွပ္ထည့္ထားလိုက္သည္။
ခပ္ရဲရဲျဖစ္ေနေသာမ်က္ႏွာက ရႈံ႕တြလို႔။
ျဖဴေဖြးေနတတ္ေသာမ်က္ႏွာဟာ ဘုေတြထေနေသးသည္။ ေတာထဲမွာ မွက္ေတြျခင္ေတြေပါပါဘိနဲ႕။

"ဟာ...ကိုကို႔ အကၤ်ီနဲ႕သုတ္စရာလား။
ငရဲႀကီးေတာ့မွာ ..မလုပ္နဲ႕လို႔"

"က်စ္ ...စိုစိစိုစိဆို ပိုဆိုးမွာေပါ့။
ဒီမွာ ၿငိမ္ၿငိမ္ေန။ မင္းလယ္ရွည္ဖိနပ္ကို  ‌အေျခာက္လွန္းထားလိုက္မယ္။ ၿပီးရင္ေဆးလိမ္းရမွာ ေျခေထာက္ကို"

ခ်စ္နိုင္းေအာင္ ေျခေထာက္ကိုသုတ္ေပးၿပီး အကၤ်ီလက္ရွည္အပါးကို သွ်မ္းခါးမွာျပန္ခ်ည္လိုက္သည္။ဖိနပ္ကို ေနက်သည့္ေက်ာက္တုံးေပၚတင္လွန္းလိုက္ၿပီး လားေတြနားေနရာသြားကာ ေဆးဘူးယူရသည္။ ျပန္လာေတာ့ ခ်စ္နိုင္းေအာင္က ေက်ာက္တုံးေပၚမွာၿငိမ္ၿငိမ္ေလး။ ဒူးေထာင္ထိုင္ထားရင္း သွ်မ္းကိုလွမ္းၾကည့္ေနပုံရသည္။သို႔ေသာ္ သွ်မ္းျပန္ၾကည့္ေတာ့ ဆတ္ခနဲအၾကည့္လႊဲ၏။ တစ္ခုခုကို စိတ္အလိုမက်တာ လုံးဝေသခ်ာေနပါၿပီ။

"ေပး ေျခေထာက္ကို"

ေက်ာက္ဖ်ာေပၚတက္ထိုင္လိုက္ၿပီး
သွ်မ္း‌ေပါင္ေပၚ သူ႕ေျခေထာက္ေတြဆြဲတင္ကာ ေဆးလိမ္းေပးရသည္။ ေျခသလုံးေတြဟာ ရဲတြတ္လ်က္။ ေျခေမႊးမီးမေလာင္ လက္ေမႊး‌မီးမေလာင္ေနခဲ့ရသူဆိုေတာ့ ေတာဒဏ္ေတာင္ဒဏ္က ခ်က္ခ်င္းသိသာလာတာပါပဲ။

"ဒီမွာပဲ ထိုင္ေနေတာ့။ ေန႕လည္စာသြားယူခဲ့မယ္"

ေန႕လည္စာအတြက္ ေကာက္ညွင္းထုပ္မ်ားႏွင့္ သွ်မ္းတို႔ပါသည့္ အသင့္စားေခါက္ဆြဲဘူးမ်ားျဖင့္ဗိုက္ျဖည့္သည္။ ဆရာဦးတို႔ကလည္း
ခ်စ္နိုင္းေအာင္အနားက ေက်ာက္ဖ်ာေပၚထိုင္ၾကတာမို႔ အားလုံးအတြက္တစ္ခါထဲယူလာေပးလိုက္သည္။ ‌ေလာင္ႏြန္တို႔အတြက္လဲ ေခါက္ဆြဲဘူးေတြေဝေပးၿပီး ခ်စ္နိုင္းေအာင္စားဖို႔လည္း လုပ္ေပးရျပန္သည္။

မ်က္ႏွာကသာ ဆူပုတ္ေနေပမဲ့ အစားေသာက္က်လဳံးဝမပ်က္။ေခါင္းမေဖာ္တမ္းစားေနတာမို႔ ေသခ်ာစားဖို႔ေျပာခ်င္ေသာ္လည္း ဟိုတစ္ခါၿပီးကတည္းက အစားေသာက္ကိစၥဆို လိုက္မဆူခ်င္ေတာ့။ ဒါမ်ိဳးဆို မွတ္မွတ္ထားၿပီး စိတ္မေကာင္းျဖစ္ေအာင္ လုပ္တတ္သည့္ခ်စ္နိုင္းေအာင္ကို
သွ်မ္းလက္ျမႇောက္ထားသည္။

"ကိုကို ဘာလို႔ခ်စ္နိုင္းကို လာဂ႐ုစိုက္ေနတာလဲ"

ေကာက္ညွင္းထုပ္စားေနတုန္း ေမးလာတဲ့ေမးခြန္းက အဆက္စက္မရွိ။မ်က္လုံးေတြကေတာ့ ေခါက္ဆြဲဘူးထဲဝင္ေတာ့မလိုၾကည့္ေနကာ သွ်မ္းကိုအဖတ္မလုပ္ေပ။ မ်က္လုံးေအာက္စြန္းကမွဲ႕နက္ကေလးကိုသာ အေသခ်ာျမင္ေနရသည္။ပါးေပၚမွာလဲ ဘုတစ္ခ်ိဳ႕က အင္ျပင္သဖြယ္။

"အရင္ဆို ဂ႐ုမစိုက္ပါဘူး"

ထပ္ေျပာလာတဲ့စကားေတြ။ သူဘာျဖစ္ခ်င္ေနသလဲ သွ်မ္းနားမလည္။ ဒီတစ္ခါ မ်က္ဝန္းညိုေတြ သွ်မ္းဆီေရာက္လာတာမို႔
ေငးခနဲျဖစ္သြားကာ ခ်က္ခ်င္းစကားမတုန႔္ျပန္နိုင္ခဲ့။

"ဂ႐ုစိုက္ဖို႔လိုလို႔ေပါ့။မင္းတစ္ခုခုဆို လူႀကီးေတြက ငါ့ပဲၿငိဳျငင္အုန္းမယ္။ မင္းအေဖကလည္း အမ်ားႀကီးမွာလိုက္ေသးတာကို"

"ေအာ္..အြန္း အြန္း"
တုန႔္ျပန္မႈက ဒီေလာက္ပင္။ပန္းႏုေရာင္ေခါင္းက ျပန္ငုံ႕သြားသည္။ ဘာလဲ သွ်မ္းဘာမွားသြားလို႔လဲ။ ဒီအေျဖကို ခ်စ္နိုင္းေအာင္ကသေဘာမက်ဘဴးလား။ စားလက္စ ေကာက္ညွင္းထုပ္ကိုပင္ဆက္မစားနိုင္။
ခ်စ္နိုင္းေအာင္မ်က္ႏွာကို အရိပ္တၾကည့္ၾကည့္လုပ္ေနမိသည္။ ဘာလို႔ ခ်စ္နိုင္းေအာင္ကို ဒီေလာက္ထိဂ႐ုစိုက္ေနမိတာလည္း။
သေဘာက်တယ္လို႔ ကိုယ့္ကိုယ္ကိုယ္လက္ခံလိုက္႐ုံနဲ႕ သူ႕စိတ္မွာဗေလာင္‌ဆူလို႔။

"ဘာျဖစ္လို႔လဲ မင္းေနမေကာင္းဘူးလား"

ႏူးညံ့သည့္ ပန္းေရာင္ဆံပင္ပြပြေတြထက္မွ
ႏွဖူးျပင္ကိုစမ္းေတာ့ေႏြးမေန။ ေခြၽးစနည္းနည္းသာရွိေနခဲ့သည္။

"ေကာင္းပါတယ္"

"ဒါဆို မ်က္ႏွာကဘာလို႔ ဒီလိုျဖစ္ေနတာလဲ"

"ခ်စ္နိုင္းက ဘာျဖစ္ေနလို႔လဲ"

"မင္းမ်က္ႏွာက..က်စ္..ငါ့ကိုစိတ္ဆိုးေနတာလား"

မ်က္ဝန္းညိုေတြက ၿငိမ္သက္ေနရာမွ တလႈပ္လႈပ္ျဖစ္ကာသြားသည္။ ဒါဆို တကယ္ႀကီးစိတ္ဆိုးေနတာလား။ သွ်မ္း ဘာအမွားလုပ္မိလို႔လဲ။ေခါင္းငုံ႕သြားေတာ့ ပိုၿပီးေတာင္မေနတတ္ေတာ့။ သူ႕ရင္ထဲထိ ဆြဲႏွိုက္ခံေနရသလို မခံခ်ိမခံသာ။

"စားၿပီးရင္ သြားစို႔ေဟး။ ေရွ႕ဆိုေရာက္ၿပီ။
အားတင္းထားၾက"

"ေဟး!! ေရာက္ေတာ့မယ္ေဟး"
သံၿပိဳင္ဟစ္ေႂကြးသံမ်ားႏွင့္ အားလုံးကခရီးဆက္ဖို႔ျပင္ၾက၏။ ခ်စ္နိုင္းေအာင္လည္း ထသြားတာမို႔ မကုန္ေသးသည့္ေကာက္ညွင္းထုပ္ကိုဆြဲကာ ဖိနပ္စီးေနသူေနာက္ကိုလိုက္ရျပန္သည္။ ဒီတိုင္းထားလိုက္လို႔မျဖစ္။ ဘာေတြစိတ္ဆိုးေနသလဲမသိရရင္ သွ်မ္းပါစိတ္တိုလာေတာ့မည္။

"အဟမ္း.. မင္းလမ္းေလွ်ာက္ရတာအဆင္ေျပလား" အေမးႏွင့္အတူ
ခ်စ္နိုင္းေအာင္ရဲ႕ လက္ေမာင္းေတြကိုဆုပ္ကိုင္လ်က္သား။တစ္ခါေလာက္ ေခ်ာ့ၾကည့္ရမည္။

"ေျပပါတယ္ ခ်စ္နိုင္းေျခေထာက္က က်ိဳးတာမွမဟုတ္တာ"

"ဆရာေလးဘာျဖစ္လို႔လဲ၊ တြဲရအုန္းမလား"
သြက္လက္စြာေရာက္လာေသာေလာင္ႏြန္ေၾကာင့္ သူတို႔စကားစျပတ္ေတာ့မလို႔။မျဖစ္ေပ။

"မလို.."

"ရတယ္ေလာင္ႏြန္။ အစ္ကို သူ႕ကိုတြဲလိုက္မယ္။ ဟိုးေနာက္မွာ ဆရာဦးပါတယ္။ သူကအသက္ႀကီးေတာ့ သူ႕ကိုကူေပးပါအုန္း"
‌သွ်မ္း ခ်က္ျခင္းအေၾကာင္းျပခ်က္ေပးကာ  ႏွစ္ေယာက္ၾကားအခ်ိန္ယူလိုက္သည္။

ေလာင္ႏြန္က ဖင္ေပါ့စြာ ခ်က္ခ်င္းေျပးသြားရွာသည္။သွ်မ္းကေတာ့ ေမာ့ၾကည့္လာတဲ့ မ်က္ဝန္းညိုေတြကို မသိခ်င္ေယာင္ေဆာင္ရင္း တြဲေလွ်ာက္လိုက္၏။တြန႔္လိမ္တြန႔္လိမ္ပါလာသူက သွ်မ္းကိုနားမလည္သလိုၾကည့္တာအခါခါ။

"ေစာေစာက ေမးတာျပန္ေျဖအုန္း။
ငါ့ကို စိတ္ဆိုးေနတာလား။ဘာလို႔ဆိုးတာလဲ"

"ဘာလို႔ အဲ့ဒါပဲေမးတာလည္း ကိုကိုရာ"

"မင္း မ်က္ႏွာကဆူပုတ္ေနတာကိုး"

"ဒီတိုင္းေတြးမိေနလို႔ပါ"

"ဘာေတြေတြးတာလဲ"

"အကုန္သိခ်င္ေနတာပဲ"
မ်က္ေစာင္းထိုးပုံက အသည္းယားစရာ။
ဒီရက္ပိုင္း ခ်စ္နိုင္းေအာင္ဘာလုပ္လုပ္
သွ်မ္းႀကိဳက္သည္။ အရင္လို သပ္သပ္မဲ့လိုက္ဆိုးေနတယ္ ျမင္မရေတာ့။ သူကိုက အကုန္လိုက္ၾကည့္ၿပီး ၿငိခ်င္ေနေတာ့သည္။

"ေျပာလို႔ မင္းေတြးေနတာကို"

ပါးစပ္အေဟာင္းသားျဖစ္ေနပုံက ရယ္ခ်င္စရာ။ သူ အရစ္ခံရေတာ့အံ့ဩေနလိုက္တာမ်ား။ သွ်မ္းမွာ ၿပဳံးခ်င္တာကိုေတာင္ ေအာင့္ထားရသည္။ ခ်စ္နိုင္းေအာင္ကို လိုက္ရႈပ္ရတာေပ်ာ္ဖို႔သိပ္ေကာင္းတာပဲ။

"ေဖာက္ၿပီးသားလမ္းရာေပၚ  ေျမၿပိဳက်ေတာ့ ႏွေျမာလို႔ပါ။ဒီလိုသာ ေဖာက္လိုက္ၿပိဳလိုက္ဆို ဘယ္လိုၿပီးမလဲ။အဲ့ဒါေတြးမိေနလို႔"

"အဲ့ဒါ‌ေတြးၿပီးစိတ္ညစ္ေနတာလား"

"အင္း အဲ့ဒါ"

"လုပ္ငန္းတြင္က်ယ္ေအာင္ ဒီဘက္ကိုပစၥည္းေတြအျမန္ေရာက္ဖို႔ပဲလိုတာ။ အခိုင္မာျဖစ္သြားၿပီဆိုရင္ ဒီလိုေတြမျဖစ္ေတာ့ဘူး"

"ေျမမၿပိဳေတာ့ဘူး‌လား"

"အဲ့ဒါေတာ့ ကြၽမ္းက်င္တဲ့သူေတြကပိုသိမွာေပါ့။ ဒီ ဦးေႏွာက္ေသးေသးေလးက စိတ္ပူမေနနဲ႕ အဲ့ဒါေတြထိ။ သူ႕နည္းသူ႕ဟန္နဲ႕ရွိၿပီးသား"

ပန္းေရာင္ဆံပင္ေတြၾကား လက္ေတြထိုးဖြရင္းႏွစ္သိမ့္ရသည္။ ခပ္ၿပဳံးၿပဳံးျဖစ္သြားတာျမင္လိုက္ရသည္မို႔ သွ်မ္းမွာဆုရသလို။

"ကိုကို႔ဆီမွာ အေျဖမရွိတာကို မရွိဘူး။
ခ်စ္နိုင္းအတြက္အေျဖကလြဲရင္ အကုန္ရွိေနတာပဲ"

ထိတ္ခနဲ ခံစားခ်က္။ ၿပဳံးေနသည့္ ခ်စ္နိုင္းေအာင္ကိုၾကည့္ရတာမသက္သာ။သွ်မ္းကိုယ္တိုင္လည္း စိတ္ထဲမွာေျပာစရာေတြမ်ားေနေပမဲ့ ပါးစပ္ကဘာမွထြက္မလာခဲ့။ ဒီလိုစကားကို ဘယ္လိုျဖစ္ၿပီးေပါ့ေပါ့ပါးပါးေျပာနိုင္သလဲဆိုသည့္ အေတြးေတြဆက္တိုက္ဝင္ေနခဲ့သည္။

"ေရာက္ၿပီးေဟး ဆိုင္းဘုတ္ေတြ႕ၿပီ"

"ေရာက္ၿပီ၊ ေရာက္ၿပီ!! ကိုကို..ဟိုးမယ္"
လက္ေတြကိုလႈပ္ယမ္းလို႔ ခ်စ္နိုင္းေအာင္ကေအာ္သည္။ နီရဲရဲမ်က္ႏွာမွာ စိတ္လႈပ္ရွားမႈအျပည့္။ တစ္ခဏအတြင္းမွာ အရင္ကခ်စ္နိုင္းေအာင္ကို ျပန္ျမင္လိုက္ရသည္။

ေအာင္ပြဲခံသံေတြက ဝူးဝူးဝါးဝါး။
သွ်မ္းအေတြးေတြကလည္း ေဝဝါးေနခဲ့သည္။ သူ႕ကိုယ္က ခ်စ္နိုင္းေအာင္ဆြဲေခၚရာဆီပါသြားေပမဲ့ စိတ္ကိုေတာ့အစိုးမရ။
တကယ့္ခ်စ္နိုင္းေအာင္က ၿငိမ္သက္ေနတတ္တဲ့သူလား။ မ်က္ဝန္းညိုေတြထဲမွာ စကားေတြအမ်ားႀကီးရွိေနသည္။ အၿမဲၿပဳံး႐ႊင္ၿပီး
သွ်မ္းကိုလိုက္ရႈပ္တတ္တဲ့ေကာင္ေလးႏွင့္မတူ။

"ကိုကို ၾကည့္ပါအုန္း ခ်စ္နိုင္းတို႔ေရာက္ၿပီ!"
ေဟာဟဲလိုက္မတတ္ ေမာေနၾကည့္ၾကားမွ
ခ်ိဳၿမိန္ေနသည့္မ်က္ဝန္းေတြ။ အၿပဳံးေတြဟာ
ႏူးညံ့သည့္ေနေရာင္ေရာက္မွာ ေတာက္ပေနခဲ့သည္။ေစာေစာကလို ရႈပ္ေထြးမေန။ ေပါ့ပါးတဲ့ခ်စ္နိုင္းေအာင္ကို သူျမင္ေနရျပန္ပါၿပီ။

"ၿမိဳ႕ေလးက တအားလွတာပဲ။ ငိုေတာင္ငိုခ်င္သြားတယ္"
မ်က္ဝန္းညိုေတြက တကယ္မ်က္ရည္ဝဲမတတ္။ ၾကည္ႏူးမႈေတြကိုျမင္ရတဲ့အခါ
သွ်မ္းရင္ထဲလွိုက္တက္လာသည္။
ဆုပ္ကိုင္ထားသည့္ လက္ေတြဟာ
တင္းၾကပ္စြာ။

"ကိုကို ၾကည့္လိုက္"
ခ်စ္နိုင္းေအာင္၏ လက္ညွိုးၫႊန္ရာတြင္
အလွဆုံး သဘာဝပန္းခ်ီးကားတစ္ခ်ပ္ရွိေန၏။

'ေခါင္လန္ဖူးၿမိဳ႕မွ ႀကိဳဆိုပါ၏'

ဆိုင္းဘုတ္၏ေနာက္တြင္ ေတာင္ေပၚၿမိဳ႕ငယ္ကေလးက ၿငိမ္သက္လ်က္။ တိမ္စိုင္ေတြဟာ ၿမိဳ႕ကေလးေဘးမွာ ဝန္းရံ‌ေျပးလႊားေနၾကသည္။

သူတို႔ တကယ္ေရာက္လာၾကၿပီပဲ...။

…….…………………….….………..…….
စာေရးသူ၏ အမွာစာ:
ခ်စ္နိုင္းက အျပင္မွာၿပဳံး႐ႊင္သက္လက္ေနေပမဲ့ စိတ္ထဲမွာအားလုံးရွိေနတတ္တဲ့ ကေလးပါ

ေပါ့ေပါးပါးပါးေလးလို႔ထင္ရေပမဲ့
တအားေလးနက္ထားတဲ့အရာေၾကာင့္
အမ်ားႀကီး ေျပာင္းလဲနိုင္တဲ့ကေလးပါပဲ

၂၀ေက်ာ္ရင္ အေျပာင္းလဲေတြအမ်ားႀကီး
ႀကဳံရတာပါပဲေနာ့ ❤️

Continue Reading

You'll Also Like

98K 4.5K 60
ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ်ခြင်းပါပဲ ေယာက်ၤားေလးႏွစ္ေယာက္ၾကားက ႐ိုး႐ိုး႐ွင္း႐ွင္း ခ်စ္ျခင္းပါပဲ
713K 41.3K 49
Bl story မင်းဖြစ်နေလို့ ( complete)
10.6K 455 26
Hello everyone,🍁 ဒီ fictionလေးကအေးအေးငြိမ့်ငြိမ့်လေးနဲ့ ရေးသွားဖို့ရှိပါတယ်... မုန်တိုင်းနည်းပါမယ်... ကျေးလက်ရဲ့သဘာ၀အငွေ့သက်တွေပါမယ်... သာမန်မဟုတ်တဲ...