မြွေသားရဲ၏ဇနီးသည် 【MM Transla...
By ShweLoon365
276K 38.9K 2.2K
Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More
(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)
(29)
4.5K 670 45
By ShweLoon365
(Unicode)
ရှုဟန်ယွီက ရှုကျင်ထျန်းပြောတာကို မကြားသလိုမျိုး ဘာမှမတုံ့ပြန်ပေ။
ရှုကျင်ထျန်း၏နှလုံးသားက ချဥ်စုတ်လာသည်။
"မြွေကြီး?"
ရှုဟန်ယွီကတော့ အရှိန်အဟုန်ဖြင့် ရှေ့သို့ဆက်ပြေးနေဆဲ။
ရှုကျင်ထျန်းက ခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်။
"မြွေကြီး၊ တကယ်တော့လေ... ငါ့အဝတ်တွေက ဂူထဲမှာ ရှိနေတုန်းပဲ"
ရှုဟန်ယွီက ခေတ္တရပ်လိုက်ပြီး ရှုကျင်ထျန်းကိုကြည့်ရန် ခေါင်းပြန်လှည့်လိုက်ရာ အဝတ်မပါသောခန္ဓာကိုယ်ကို မြင်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး ပေါ်လွင်နေပြီး သူ့အရေပြားမှာ စိုစွတ်နေကာ အပြာရောင်နဲ့ ခရမ်းရောင် အကွက်တွေရှိနေ၏။ သူဘယ်လောက်တောင် နစ်နာခဲ့ရလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ? မိန်းမပျိုလေးရဲ့လည်ပင်းမှာ နွယ်ပင်တစ်ပင်ကပ်ပါနေတာကို သတိထားမိတော့ ရှုဟန်ယွီက ပိုလို့တောင် ဒေါသဖြစ်သွားလေ၏။
"ငါ့မှာ အဲ့ဒီအဝတ်အစားတွေပဲ ရှိတာ"
ရှုကျင်ထျန်းက စကားပြောရင်း မြွေကြီး၏အမြီးကို ပွေ့ဖက်လိုက်သည်။ မြွေကြီးသည် အဝတ်အစားဝတ်ရမည်ဟူသော အသိမရှိသဖြင့် သဘောတူပါ့မလားမသိပေ။
ရှုဟန်ယွီက ချက်ချင်းပင် နောက်ပြန်လှည့်လိုက်သည်။ ရှုကျင်ထျန်းမှာလည်း သက်ပြင်းတစ်ချက်ချမိလေ၏။ မြွေကြီးက သူ့အပေါ် အလွန်ကောင်းနေသေးသည်။ အနည်းဆုံးတော့ သူတို့တွေမှာ မတူညီတဲ့ပြဿနာတွေရှိတယ်ဆိုတာ သူ(ဟန်ယွီ)ကနားလည်နိုင်သေးသည်။
ရှုဟန်ယွီသည် ရှုကျင်ထျန်းကို ကျောပေါ်တင်ကာ ဂူထဲသို့ပြန်ရောက်လာခဲ့သည်။ သူ့မသိစိတ်က ခွန်အားကိုဖြေလျှော့ပြီး မိန်းမပျိုလေးကို လွှတ်ပေးလိုက်သည်။
ဂူအတွင်း၌ ထူထပ်သော မြက်ခြောက်များ ဖုံးလွှမ်းနေပြီး သားရဲနှင့်ထျန်းထျန်း၏ ရနံ့များဖြင့် ပြည့်နှက်နေသည်။ ဂူထိပ်မျက်နှာကျက်ပေါ်တွင် တွဲလောင်းကျနေသော စပျစ်နွယ်ပင်တစ်ခုရှိပြီး ထျန်းထျန်းကို ချည်နှောင်ဖို့ အသုံးပြုသည်ဟု ယူဆနိုင်သည်။ ထျန်းထျန်းက ဒီနေရာရဲ့အဝေးကို ပြေးခဲ့လို့လား? ရှုဟန်ယွီ၏ စိတ်အခြေအနေက အနည်းငယ် တိုးတက်လာသည်။ ဒါပေမယ့် ဒီနည်းလမ်းက တော်တော်ကောင်းပုံရပြီး သူအပြင်သွားတဲ့အခါ စိတ်ပူစရာလည်းမလိုတော့ဘူး။
ရှုကျင်ထျန်းသည် နှစ်ရက်ကြာအောင် မလျှော်ဖွပ်ရသေးသည့် ထောင့်စွန်းတွင်ကျန်ခဲ့သောအ၀တ်များကိုယူလိုက်သည်။ သူ့အဝတ်အစားတွေက အခုထိစိုစွတ်နေသေးပြီး အထဲမှာပဲရှိနေခဲ့တော့ အနံ့ကနည်းနည်းဆိုးနေပြီ။ ရှုကျင်ထျန်းကတော့ အဲ့ဒါကိုခံနိုင်ရည်ရှိအောင်ကြိုးစားပြီး သူ့လက်ထဲမှာ ကိုင်ထားဆဲ။ သူ့မှာဒီဝတ်စုံပဲရှိလို့ ရွေးစရာမရှိတော့လို့လေ...
ရှုဟန်ယွီသည် ရှုကျင်ထျန်း၏လည်ပင်းတွင် ရစ်ပတ်ထားသော စပျစ်နွယ်ပင်ကို ကိုက်လိုက်ပြီး သူ၏အမြီးဖြင့်ချိတ်လိုက်ရာ စပျစ်နွယ်ပင်က မြှင့်တက်သွားလေ၏။ ပျော့ပျောင်းခိုင်ခံ့သော အစိမ်းရောင် စပျစ်နွယ်ပင်၏ အစွန်းနှစ်ဖက်ကို တစ်ချိန်တည်းမှာပင် ပြင်းထန်စွာ ဆွဲထုတ်လိုက်သည်။
"အင်း!"
ရှုကျင်ထျန်းက ညည်းညူလိုက်သည်။
ရှုဟန်ယွီသည် အလွန်သတိထားပြီး စပျစ်နွယ်ပင်ကို ချက်ချင်းပင် ဖြတ်တောက်လိုက်သော်လည်း စပျစ်နွယ်ပင်က ရှုကျင်ထျန်းလည်ပင်းကို ညှစ်ထားသလိုဖြစ်နေသည်။ သူ့လည်ပင်းတစ်ဝိုက်တွင် အနီရောင်အစင်းကြောင်းတစ်ခုက ချက်ချင်းပေါ်လာသည်။ ပွတ်တိုက်ခံရလို့ ကွဲသွားတဲ့ အရေပြားနေရာကို ပေါင်းထည့်လိုက်တာနဲ့ သူ့လည်ပင်းတစ်ခုလုံး အနီစက်ဝိုင်းအကွင်းများစွာပေါ်လာသည်။
ရှုဟန်ယွီသည် စိတ်ဆင်းရဲစွာဖြင့် မိန်းမပျိုလေး၏လည်ပင်းကို နမ်းလိုက်သော်လည်း သူ့လျှာဖျားမှာ သားရဲ၏ရနံ့ကိုသာရလိုက်၏။
မိန်းမပျိုလေးက သူ့အဝတ်အစားတွေ ယူသွားတာကိုမြင်တော့ ရှုဟန်ယွီက သူ့ကိုရစ်ပတ်ပြီး ပိုမြန်တဲ့ အရှိန်နဲ့ထွက်သွားလိုက်သည်။ ဤနေရာသည် သားရဲနှင့်မိန်းမပျိုလေးတို့၏ရနံ့များဖြင့် ပြည့်နှက်နေတာကြောင့် ဤနေရာ၌ နောက်ထပ်တစ်စက္ကန့်မျှ မနေချင်တော့ပေ။
ရှုဟန်ယွီသည် ခရီးလမ်းတစ်လျှောက်လုံး ရူးသွပ်စွာ ပြေးသွားကာ စိမ်းလန်းစိုပြေသော တောအုပ်ထဲတွင် လမ်းကြောင်းသစ်တစ်ခုဖွင့်လှစ်ပြီး မကြာမီ မြစ်ငယ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
မြစ်ကိုရောက်တဲ့အခါ ရှုဟန်ယွီက လုံးဝတုံ့နှေးမနေဘူး။ မိန်းမပျိုလေး၏ လန့်ဖျပ်သွားတဲ့ အော်သံနှင့်အတူ မြစ်ထဲသို့ တိုက်ရိုက်ပြေးဆင်းသွားခဲ့သည်။
"ဝူး!"
ရှုကျင်ထျန်းမှာ မြွေကြီး၏အရှိန်သည် ထူးဆန်းသည်ကို သဘောပေါက်ခဲ့ပြီး အသက်ရှုရပ်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း မြွေကြီးသည် မြစ်အောက်ခြေသို့ တိုက်ရိုက်ပြေးဆင်းသွားခဲ့သည်။
ရှုဟန်ယွီသည် မိန်းမပျိုလေးကိုကြည့်ရန် ရေထဲတွင် ခေါင်းကိုပြန်လှည့်လိုက်သည်။
ရေဆေးလိုက်! အကုန်လုံးကို ဆေးကြောပစ်လိုက်! ပျော့ပျောင်းသော မြွေကိုယ်ထည်သည် မိန်းမပျိုလေး၏ ပေါ့ပါးပြီးအဝတ်မပါသော ခန္ဓာကိုယ်ကို အဆက်မပြတ်ပွတ်သပ်ကာ ရှုကျင်ထျန်း၏ ခန္ဓာကိုယ်အနှံ့ကို ပွတ်တိုက်ပေးလေ၏။
ရှုကျင်ထျန်းသည်လည်း နှစ်ရက်တာဆုံတွေ့မှုကို သတိရပြီးအမြန်ပွတ်တိုက်လိုက်သည်။
ရှုကျင်ထျန်းက ရှုဟန်ယွီထက်ပင် ပြင်းထန်စွာပွတ်တိုက်နေသည်။ အရေပြားအလွှာတစ်ခုကို ပွတ်တိုက်ရန် လွယ်ကူသော်လည်း ၎င်းသည် မသန့်ရှင်းသေးဟု သူခံစားမိသည်။ သူ့ဆံပင်တွေကိုလည်း အတင်းဆွဲလိုက်သည်။ သူ၏ဆံပင်ကို ယခင်က ထိုသားရဲ၏စိုစွတ်သော လျှာဖြင့်နမ်းခဲ့ပြီးမှ ခြောက်သွားပြီးနောက်လည်း ထပ်၍နမ်းခဲ့သည်။ အခုပြန်သတိရလာတော့လည်း ရွံဖို့ကောင်းတုန်းပဲ...
အဆုံးမှာတော့ ရှုဟန်ယွီက အရင်ရပ်လိုက်သည်။ ရှုကျင်ထျန်းသည် သူ့ခန္ဓာကိုယ်တွင် ရနံ့တစ်ခုရှိသည်ဟုခံစားရပြီး သူ့ကိုယ်သူအနံ့ခံရန်ပင် မဝံ့မရဲဖြစ်နေသည်။
ရှုဟန်ယွီ အပေါ်ပြန်တက်ချင်နေတာတွေ့တော့ ရှုကျင်ထျန်းလည်း မဝံ့မရဲဖြစ်သွား၏။ သူ့အင်္ကျီက အခုထိ မလျှော်ရသေးတာမို့ ရေထဲမှာစိမ်ပြီး မြန်မြန် သန့်စင်လိုက်၏။ အဝတ်အစားတွေက ရွှံ့တွေနဲ့ကပ်နေကာ နှစ်ရက်ကျော် အထီးကျန်နေခဲ့ရတာကြောင့် သန့်ရှင်းဖို့ ခက်ခဲပေမယ့် ရှုကျင်ထျန်းအတွက်တော့ ဒီအင်္ကျီက သူ့ထက် ပိုသန့်ရှင်းနေသေးတယ်လို့ ခံစားမိနေတုန်းပဲ...
ရှုကျင်ထျန်းသည် မိန်းမပျိုလေးကို မြေပြင်ပေါ်ချကာ သူကိုယ်တိုင်လည်း လူသားအဖြစ်သို့ ပြောင်းလဲလိုက်သည်။
"ထျန်းထျန်းက ငါ့အပိုင်!"
ရှုဟန်ယွီ၏ ခြေလက်လေးချောင်းသည် ရှုကျင်ထျန်းကိုရစ်တွယ်နေလေ၏။ ကြောက်မက်ဖွယ်ကောင်းသည့် သွေးစွန်းနေသလိုရှိသော မျက်လုံးတစ်စုံသည် ရှုကျင်ထျန်းအား နီးကပ်စွာစိုက်ကြည့်နေပြီး အနာဂတ်မှာ သူ့(ကျင်ထျန်း)ကို
သူတစ်ယောက်တည်းသာမြင်နိုင်စေရန် သူ့မျက်လုံးထဲကို ဆွဲချချင်နေသလိုပင်။
"မင်း... ငါပျောက်သွားတာကို စိတ်မဆိုးဘူးလား"
ရှုကျင်ထျန်းသည် ရှုဟန်ယွီတွေးနေသည့်အရာကို နားမလည်နိုင်သော်လည်း သူ့(ဟန်ယွီ)အသွင်အပြင်မှာ အလွန်ထူးဆန်းနေပုံရသည်။
"ထျန်းထျန်းက ငါ့အပိုင်!"
ရှုဟန်ယွီ၏အကြည့်ထဲတွင် အရာအားလုံးကို မျိုချချင်နေသလို ပူလောင်နေသည်။ ရှုကျင်ထျန်းသည် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး အကူအညီမဲ့စွာဖြင့် အနည်းငယ်နောက်ဆုတ်မိသွားခဲ့သည်။ သို့သော်လည်း မကြာခင်မှာပဲ ရှုဟန်ယွီက သူ့ကို ပြင်းပြင်းထန်ထန်ဆောင့်ဆွဲပြီး တောင့်တင်းတဲ့သူ့ရင်ဘတ်နှင့်ကပ်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလေ၏။ သူတို့၏အရေပြားများက နီးကပ်စွာပေါင်းစပ်နေပြီး ကွာဟမှုမရှိဘဲ ရင်းနှီးဟန်တူသည်။ ရှုကျင်ထျန်းမှာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
"ဘာလို့ ပျောက်သွားတာလဲလို့ မမေးတော့ဘူးလား။ ငါထွက်ပြေးမှာကို မကြောက်ဘူးလား"
မြွေကြီးရဲ့အပြုအမူက သူ့ကိုထိတ်လန့်စေတာကြောင့် ရှုကျင်ထျန်းက ရှင်းပြဖို့ကိုအသာထားလိုက်ပြီး သူ့ကို စူးစမ်းလိုက်သည်။
"ထျန်းထျန်းက ငါ့အပိုင်၊ ဘယ်သူကမှ သူ့ကို ခေါ်သွားလို့မရဘူး။ ထျန်းထျန်း...မင်းလည်း မရဘူး။ မင်းက ငါ့အပိုင်ဖြစ်သရွေ့ မင်းလွတ်မြောက်ချင်သလားဆိုတာလည်း ငါဂရုမစိုက်ဘူး"
ရှုကျင်ထျန်းသည် ပြုစားခံနေရသလိုပင်။ “ထျန်းထျန်းက သူ့အပိုင်” ဆိုတာကလွဲလို့ တခြားဘာကိုမှ သူမတွေးနိုင်တော့ဘူး။
မြွေကြီးက သူလွတ်သွားတာကြောင့် ဒေါသအမျက်ကြီးစွာဖြင့် ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဟု တွေးထားခဲ့ပြီး ခုလိုလွယ်လွယ်နှင့် လွတ်မည်ဟု မထင်ခဲ့ပေ။ သို့သော် ရှုကျင်ထျန်းမှာတော့ ပို၍ပင်စိတ်မသက်မသာဖြစ်လာသည်။ အထူးသဖြင့် ထိုသွေးနှင့်တူသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည့် ဤမြွေကြီးသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
အခြားရှုထောင့်မှတွေးကြည့်တော့ မြွေကြီးရဲ့ပြောင်းလဲမှုက သူ့ကြောင့်ဖြစ်လာတာပင်။ ရှုကျင်ထျန်းမှာ သူ့နှလုံးသားရဲ့ အောက်ခြေကနေ တင်းကြပ်သွားခဲ့သည်။
ရှုဟန်ယွီသည် မိန်းမပျိုလေးကို ချီကာ ရေပြင်မှ ထွက်လာခဲ့သည်။ သူ၏ လူသားပုံစံဖြင့်ပင် သူတို့၏ အသိုက်အသစ်ဆီသို့ ဦးတည်သွားခဲ့သည်။
ရှုကျင်ထျန်းသည့် သူ့ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်များစွာရှိသော်လည်း အနည်းငယ်မျှပင် မတတ်နိုင်ခဲ့ပေ။ ဖာ့ခ် ဘာလို့ မင်းသမီးလေးလို ပွေ့ထားရတာလဲ? မြွေကြီးရဲ့ လူတွေကိုသယ်ဆောင်တဲ့ ကိုယ်ဟန်အနေအထားက ပိုပိုပြီး ထိတ်လန့်စရာကောင်းလာပြီ။
ရှုဟန်ယွီသည် တောင်ခြေမှတစ်ဆင့် အပေါ်သို့တက်လာခဲ့သည်။ ရှုကျင်ထျန်းလှိမ့်ဆင်းလာခဲ့သည့် ကုန်းစောင်းသည် မတ်စောက်ခြင်းမရှိပေ။ တောင်ရဲ့အလယ်လောက်ရောက်မှ ဒီတောင်ဟာ တကယ်ပဲ သူ လှိမ့်ဆင်းလာတဲ့တောင်ဆိုတာ သိလိုက်ရသည်။ ရှုဟန်ယွီသည် တောင်အနောက်မှ တက်လာသောကြောင့် အတိမ်းအစောင်းများက တဖြည်းဖြည်း ပို၍များပြားနေခြင်းဖြစ်သည်။
ပထမအကြိမ်ရောက်တုန်းက သူအိပ်ပျော်​​နေခဲ့သည်​။ မိုးသည်းထန်စွာရွာနေသဖြင့် မြွေကြီးက သူ့အား မည်သို့ခေါ်ဆောင်လာသည်ကို သူမသိ။ ရှုကျင်ထျန်းက ဒီအကြောင်းကို မေးချင်နေတာကြာပြီ။ ဒါပေမယ့် မေးဖို့အခွင့်အလမ်းမရှိဘဲ မတော်တဆမှု တော်တော်များများ ကြုံခဲ့ရတာကြောင့်  ဒီလိုအသေးအမွှားကိစ္စတွေကို ရိုးရှင်းစွာနဲ့ သူမတွေးမိတော့ဘူး။
"ဟန်ယွီ နောက်ဆုံးတစ်ခေါက်က မင်းငါ့ကို ဘယ်လိုခေါ်လာတာလဲ။ အဲဒီနေ့က မိုးတွေရွာနေသေးတာကို သတိရမိပေမယ့် ငါအိပ်ရာနိုးတာတော့ ငါ့တစ်ကိုယ်လုံး စိုစွတ်မနေဘူး”
ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏လည်ပင်းကို လက်နှစ်ဖက်လုံးဖြင့် သိုင်းဖက်ထားပြီး ခေါင်းကိုလည်း သူ့ရင်ဘတ်ပေါ်မှီကာ မေးလိုက်သည်။
"မင်းကို သစ်ရွက်နဲ့ ထုပ်ထားတာ"
ရှုဟန်ယွီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ရှုဟန်ယွီ၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်သွား၏။ မင်းကငါ့ကို ဇွန်ဘီတစ်ကောင်လိုဆက်ဆံတယ်!
(TN: သူ့ကိုဖက်နဲ့အထုပ်ခံလိုက်ရလို့ပါ။ သူတို့ဘက်မှာ ဖက်ထုပ်က ဇွန်ဘီကိုပြောတာထင်တာပါပဲ)
ရှုဟန်ယွီက အလွန်မကျေမနပ်ဖြစ်နေပြီး ထိုသားရဲ၏ရနံ့များက မိန်းမပျိုလေး၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားဆဲဖြစ်တာကြောင့် ပေါ့ဆစွာတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ဂူဆီသို့ရောက်သောအခါ ရှုဟန်ယွီက မိန်းမပျိုလေးကို ဂူထဲသို့ ခေါ်ဆောင်သွားချင်ခဲ့သည်။ သို့ပေသိ ရှုကျင်ထျန်းက အလျင်စလိုပြောလာသည်။
“ငါ့အဝတ်တွေ အခုထိ မခြောက်သေးဘူး။ မင်းငါ့ကို အရင်ချပေး"
ရှုကျင်ထျန်းကပြောပြီး ခုန်ဆင်းချင်လာသည်။ သို့သော် ရှုဟန်ယွီက မကျေမနပ်ဖြစ်နေပေမယ့် အဝတ်များကို အခြောက်လှန်းရန် သယ်သွားလေ၏။
ချုံပုတ်များရှိသော တောင်ဘက်သို့ လျှောက်သွားလိုပ်သောအခါ ရှုကျင်ထျန်းသည် လန့်ဖျတ်သွားလေသည်။ သူ့ကိုကြည့်ရတာ နောက်တစ်ကြိမ် ပြုတ်ကျမည်ကို ကြောက်နေသည့် ငှက်တစ်ကောင်နှင့်ပင် တူနေသေးသည်။ အဝတ်များလှန်းပြီးသောအခါ ရှုဟန်ယွီသည် မိန်းမပျိုလေးကို ဂူထဲသို့ပြန်သယ်သွားပြီး မြက်ခြောက်ပုံပေါ် တင်လိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံးကို ပွေ့ဖက်ပြီး သူ့ရနံ့များစွဲထင်စေရန် ပွတ်သပ်နေလေ၏။
ရှုကျင်ထျန်း၏ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်ပြီး ကြံ့ခိုင်မှုမရှိတော့ပေ။ မြွေကြီးသည် သူ့ကို မြက်ခင်းပြင်ပေါ်တွင် တင်လိုက်သောအခါတွင် သက်တောင့်သက်သာရှိသော အနေအထားကိုရှာပြီး အနားယူရန်ပြင်လိုက်သည်။ မြွေကြီးသည် သူ့ကို ဘယ်လိုပွေ့ဖက်ရစ်ပတ်နေမလဲဆိုတာ ဂရုမစိုက်တော့ပေ။
ရှုဟန်ယွီသည် မိန်းမပျိုလေးကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ကာ နေရာတိုင်းကိုနမ်းရှိုက်နေပြီး သူ့ရနံ့များဖြင့် တခြားယောက်ျား၏ ဆိုးရွားသောရနံ့များကို ဖုံးအုပ်ထားချင်သည်။
ထျန်းထျန်းရဲ့တစ်ကိုယ်လုံးမှာ တခြားသူ၏ရနံ့များ ပြည့်နေသည်ဟူသောအသိက ရှုဟန်ယွီကို ရူးသွပ်သွားစေနိုင်သည်။ သူသည် မိန်းမပျိုလေး၏ အစိတ်အပိုင်းတိုင်းကို စုပ်ယူနမ်းရှိုက်ချင်လာသည်။
ခဏအကြာတွင် ရှုကျင်ထျန်းက တစ်ခုခုမှားနေပြီဟု သိလိုက်ရသည်။ ဤသည်က မြွေကြီး သူ့အား ရစ်ပတ်လေ့ရှိသည်နှင့် ကွာခြားလွန်းသည်။ သူ့အပိုင်နယ်မြေကို အမှတ်အသားပြုဖို့ သူ့ရနံ့ကိုသုံးချင်သလို တစ်နေရာစီကို လိုက်နမ်းရှုံ့နေသည်။ ထိုအရာက ရိုင်းစိုင်းသောသားရဲ၏လျှာဖြင့် အနမ်းခံခဲ့ရသည့် အခြေအနေကို ချက်ချင်း ပြန်သတိရစေပြီး ဆံပင်များပင်ထောင်လာခဲ့သည်။
“အဲ့လိုမလျက်နဲ့။ နောက်ထပ် ရေဆေးလိုက်ရင် ကောင်းသွားမှာပါ”
ရှုကျင်ထျန်းသည် သူ့အပေါ်ရှိ မြွေကြီး၏ပိုင်ဆိုင်လိုမှုက အလွန်ပြင်းထန်သည်ဟု မထင်ထားခဲ့ပေ။ မြွေကြီးက သူ့ကိုယ်သင်းရနံ့အတွက်ပင် သီးသန့်အခွင့်အရေး လိုချင်နေခဲ့သည်။
"ထျန်းထျန်းက ငါ့အပိုင်!"
ရှုကျင်ထျန်းသည် အဲ့စာသားကို ပြန်ပြောပြီးနောက် ဆက်လက်နမ်းရှုံ့နေပြန်သည်။
ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ရင်ဘတ်မှတစ်ဆင့် ဝမ်းဗိုက်ဆီသို့လျှောဆင်းလာပြီး ဝမ်းဗိုက်မှတစ်ဆင့် ခြေထောက်ကြားအထိ ဆက်လက်လျှောဆင်းလာပြန်သည်။ သူ၏ခက်ရင်းခွသဏ္ဍာန်လျှာကို ထုတ်လိုက်ပြီးနောက် ရုတ်တရက် ဒေါသထွက်လာသည်။
"ဒီမှာတောင် ရှိသေးတယ်!"
ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ ခြေထောက်များကို ခွဲထုတ်လိုက်ပြီး ခြေနှစ်ချောင်း၏ အလယ်ဗဟိုဆီသို့ ချဉ်းကပ်သွားလေ၏။
ရှုကျင်ထျန်း၏ ခြေထောက်များ ရုတ်တရက် ကွဲထွက်သွားပြီး သူ့ကိုအလွန်ထိတ်လန့်စေခဲ့သည်။ ပါးလွှာသော အရေပြားနှင့် ထိလွယ်ရှလွယ်သော သူ၏ပါးလျသော ပေါင်အတွင်းပိုင်းများက အေးမြပြီးချောနေသော ဆံပင်များဖြင့် ထိတွေ့လိုက်မိရာ တုန်ယင်လာခြင်းကို ထိန်းထားနိုင်ခြင်းမရှိတော့ပေ။
"စိတ်မပူပါနဲ့ ရေဆေးပြီးရင် ကောင်းသွားမှာပါ"
ရှုဟန်ယွီသည် မိန်းမပျိုလေးကို လျစ်လျူရှုကာ အောက်ဘက်ရှိပန်းပွင့်ကို အနီးကပ် စိုက်ကြည့်နေသည်။ သူ့လျှာကိုထုတ်လိုက်သည်နှင့် သူ့အမူအရာက ချက်ချင်းပင် ရုပ်ဆိုးလာသည်။
"ထျန်းထျန်းက ငါ့အပိုင်!"
ရှုဟန်ယွီသည် သူ့ဒေါသကို အတင်းအကျပ်ထိန်းကာ တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် သူသည် အနီရောင်သမ်းနေသော ဂန္ဓမာပွင့်ချပ်လေးကို ပါးစပ်ဖြင့် ပြတ်ပြတ်သားသား စုပ်ယူလိုက်သည်။
“အာ့! မင်း ~ ရှုဟန်ယွီ မင်း ရူးနေပြီလား။ မြန်မြန်လွှတ်!”
ရှုကျင်ထျန်းက တုန်လှုပ်သွားပြီး ထိုင်နေရာမှထကာ ရုတ်တရက် တွန်းထုတ်လိုက်၏။ ရှုဟန်ယွီက ဘာမှဖြစ်မသွားဘဲ သူ့ကိုပြန်လှဲချလိုက်ရာ သူကသာလဲကျသွားလေ၏။
"ငါ့ကိုလွှတ်! အာ့…!”
ရှုကျင်ထျန်း စကားမဆုံးခင်မှာပဲ သူ့နောက်ပိုင်းက ရှုဟန်ယွီ၏ ဖိကိုက်ခြင်းခံလိုက်ရသည်။ သူ၏အထိမခံနိုင်သောနေရာလေးက နာကျင်သွားပြီး တကိုယ်လုံး တုန်ယင်သွားလေ၏။ ရှုကျင်ထျန်းမှာ ဘာမှမလုပ်နိုင်ခင်မှာပဲ သူ၏ခြေထောက်တစ်ဖက်က မြှောက်တင်ခံလိုက်ရသည်။ ဒီလိုလှုပ်ရှားမှုမျိုး တစ်ခါမှမလုပ်ဖူးတဲ့ ရှုကျင်ထျန်းက သူ့ပေါင်အတွင်းက ကြွက်သားတွေ ဆန့်ထွက်လာတာကို ခံစားလိုက်ရပြီး ချက်ချင်း မလှုပ်ရဲတော့ပေ။
ရုတ်တရက်လှုပ်ရှားမှုက  သတိပေးချက် တစ်ခုလိုပင်။ မြွေကြီးသည် အမြဲတမ်း ရက်စက်ကြမ်းကြုတ်သည်။ အကယ်၍သူသာ ဆက်လက်ခုခံနေပါက မြွေကြီး ဒေါသထွက်လာနိုင်သည်။ သို့သော်လည်း ရှုကျင်ထျန်းမှာ သည်းမခံနိုင်တော့ဘဲ တုန်လှုပ်နေလေ၏။
ရှုဟန်ယွီက သူ့ခေါင်းကိုမြှောက်လိုက်ပြီး နီနီရဲရဲမျက်လုံးအစုံဖြင့် ရှုကျင်ထျန်းကိုကြည့်ကာ ပြောလိုက်သည်။
"ထျန်းထျန်း မင်းက ငါ့အပိုင်ပဲ!"
ရှုဟန်ယွီက သူ့(ကျင်ထျန်း)ကို ပိုင်သွားသလိုမျိုး သူ့ဘာသာ ထပ်ခါထပ်ခါ ပြောနေသည်။ ရှုကျင်ထျန်းသည်ပင် ထိုစာကြောင်းကို ကျင့်သားရနေပြီ။ ရှုဟန်ယွီ၏ သွေးနီရောင်မျက်လုံးများကို မြင်လိုက်ရသောအခါ သူ့နှလုံးသားက နာကျင်သွားသည်။ ထို့ကြောင့် သူက အဲ့စကားကို သဘောတူသည့်အသံတစ်ခု ပြုလုပ်လိုက်မိသည်။
ရှုဟန်ယွီမှာတော့ အနည်းငယ် ရွှင်မြူးသွားလေ၏။ သူခွင့်ပြုချက် ရသွားသလိုပဲ။ ချက်ချင်းပင် ရှုကျင်ထျန်းရဲ့ ခြေထောက်ကိုမြှောက်ပြီး ပခုံးပေါ် တင်လိုက်သည်။
ရှုကျင်ထျန်းက မျက်မှောင်ကြုတ်ကာ မလှုပ်မယှက်ဖြစ်နေသည်။
ရှုဟန်ယွီ၏ ချောမွတ်သောလက်သည် နီရဲနေသည့် မိန်းမပျိုလေး၏ နောက်ပိုင်းလမ်းကြောင်းကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပင် လက်ချောင်းတစ်ချောင်းတိုးဝင်လိုက်သည်။
ရှုကျင်ထျန်း အေးခဲသွားသည်။ သူ အဲဒီနေရာကိုတောင် စစ်ဆေးချင်နေတာလား? ရှုကျင်ထျန်း၏မျက်နှာမှာ နီမြန်းလာတာကြောင့် ရှက်ရွံ့သောအမူအရာကို ဖုံးကွယ်ကာ မျက်လုံးများကို လက်တစ်ဖက်ဖြင့် အုပ်လိုက်သည်။
ခန္ဓာကိုယ်အတွင်းရှိ လက်ချောင်းက ချောမွတ်သွယ်လျပြီး ပိုမိုနက်ရှိုင်းစေရန် လွယ်ကူသည်။ ရှုကျင်ထျန်းသည် လက်ချောင်းလှုပ်ရှားသည်ကို ခံစားလိုက်ရပြီး မထင်မှတ်ပဲ နောက်တစ်ချောင်း ထပ်ထည့်ခြင်းခံလိုက်ရပြန်သည်။
"မြွေကြီး? မင်းဘာလုပ်ချင်နေတာလဲ။ အထဲကို သူ(ရန်ဇီ) မထိဘူး”
ရှုကျင်ထျန်း၏နှလုံးသားထဲမှာ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်တစ်ခု ပေါ်လာလေ၏။
(TN:ဒီအချိန်ထိ ဘာမှန်းမသိသေးတဲ့ ထျန်းထျန်းအတွက် မျက်ရည်နှစ်စက်::)
ရှုဟန်ယွီ၏အသက်ရှုသံများက အနည်းငယ်မြန်ဆန်လာပြီး လှုပ်ရှားမှုအရှိန်မြှင့်ကာ နောက်ထပ် လက်ချောင်းတစ်ချောင်း ထပ်ထည့်လိုက်ပြန်သည်။ တစ်ကြိမ်ဆန့်ထွက်လာသည့် အနောက်ပေါက်လေးသည် လက်သုံးချောင်းကို ချောမွေ့စွာလက်ခံခဲ့လေ၏။
ရှုကျင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ အလွန်စိတ်မကောင်းဖြစ်မိသည်။ သို့သော် သူသည် မြွေကြီးအားကြောက်ရွံ့ရပြီး သူ့(ဟန်ယွီ)ရှေ့တွင် အလွန်အတင့်ရဲသော သတ္တိမရှိပေ။ သူ့နှလုံးခုန်နှုန်းက အရမ်းမြန်နေတယ်။ ရှုကျင်ထျန်းက ထိန်းဖို့ကြိုးစားပေမယ့် သူ့နှလုံးခုန်နှုန်းက နည်းနည်းမှနှေးကွေးမသွားဘူး။
သူ့အတွင်းရှိ လက်ချောင်းများအားလုံးကို ဖယ်ထုတ်လိုက်သောအခါမှ ရှုကျင်ထျန်းက သက်သောင့်သက်သာရှိစွာ လေမှုတ်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ် ပြေလျော့သွားပြီ။
သူစိတ်လျော့လိုက်သည်နှင့် ရှုကျင်ထျန်း၏ နောက်ဘက်ဂန္ဓမာပန်းသည်လည်း ပြေလျော့သွားလေ၏။ သို့ပေမယ့် အကြာကြီးမလွတ်မြောက်သေးဘဲ သူ့အပေါက်ကို ပူနေတဲ့အရာဝတ္ထုတစ်ခုက ထပ်ဖိထားခြင်းခံလိုက်ရသည်။
ဟမ်? ရှုကျင်ထျန်းသည် သူ့ဂန္ဓမာပန်းကို တင်းကျပ်လိုက်သော်လည်း ထိုအရာသည် ရုတ်တရက် သူ့အပေါက်ထဲသို့ ဝင်သွားသည်။
“အား!”
ရှုကျင်ထျန်းက နာကျင်စွာအော်လိုက်သည်။ ဂရုတစိုက်ချဲထွင်ထားသော အပေါက်လေးက အများကြီး ဖြေလျော့နေပေမယ့် သွင်းလာသည့်အရာကိုတော့ လွယ်လွယ်နဲ့လက်မခံနိုင်သေးပေ။
ရှုကျင်ထျန်း၏ခန္ဓာကိုယ်က တောင့်တင်းလာကာ သူ၏အနောက်ပိုင်းကလည်း တင်းကြပ်လာသည်။
ရှုဟန်ယွီက ခေတ္တရပ်ပြီး မိန်းမပျိုလေးက လိုက်လျောညီထွေဖြစ်လာသည်ကို စောင့်ဆိုင်းနေသည်။
ရှုကျင်ထျန်းက သူ့မျက်နှာပေါ်က လက်ကိုဖယ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို တံတောင်ဆစ်နဲ့ ထောက်ပံ့ထားလိုက်သည်။ ခက်ခက်ခဲခဲ ခံနိုင်ရည်ရှိနေသည့် ရှုဟန်ယွီကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း တုန်တုန်ယင်ယင်အသံဖြင့် ပြောလိုက်သည်။
“မင်း… ငါ့ကို မိန်းမတစ်ယောက်လို ဆက်ဆံနေတာလား”
~~~~~~
12/11/21(5:15PM)
ဒန် တန် တန် ~~~
နောက်တစ်ပိုင်းမှာ တွေ့ကြမယ်😜😜
(Zawgyi)
"မြွေကြီး?"
"အင်း!"
"ဝူး!"